4 619
订阅者
+324 小时
+317 天
+25530 天
帖子存档
4 619
၁၈။ Log in ဝင်မရပါက / Invalid Log in ပြနေပါက ဘယ်လိုလုပ်ရမလဲ ။
Log in ဝင်မရပါက / Invalid Log in ပြနေပါက
1. ID (လုံးဝ မမှားယွင်းရန်)
2. E mail (လျှောက်လွှာတွင်ဖြည့်ခဲ့သည့်)
3. မှတ်ပုံတင်နောက်ဆုံး (၄) လုံး (လျှောက်လွှာတွင်ဖြည့်ခဲ့သည့်)
တို့ကို လုံးဝမမှားယွင်းစေဘဲ ရေးသား၍
enquiry@be.moeedu.org
ဆီသို့ Email ပေးပို့ပါ။
Admin Team မှ Password Reset ပြုလုပ်ပြီး ငါးရက်အတွင်း ဖြည့်သွင်းထားခဲ့သည့် Email ဆီသို့ Password အသစ် ပြန်ပို့ပေးပါလိမ့်မည်။
4 619
📢 📢 📢 📢 📢
(31.7.2023)
"၂၀၂၃ ခုနှစ် ၊ ဒုတိယအကြိမ် အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (BECA) အတွက် နမူနာ (Sample) မေးခွန်းများကို စတင်ဖြေဆိုလေ့ကျင့်နိုင်ပြီဖြစ်ကြောင်း ကြေညာခြင်း"
https://fb.watch/m7t0gIVePn/?mibextid=Nif5oz
--------------------
4 619
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် (၁၀/၂၀၂၃)
၂၀၂၃ ခုနှစ်၊ မေလ (၃၁) ရက်
"၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍
အသိအမှတ်ပြုလက်မှတ်တွင် ထုတ်ပြန်ပေးမည့်ရမှတ်အဆင့်များကို
အများပြည်သူသို့ အသိပေးကြေညာခြင်း"
4 619
https://m.facebook.com/story.php?story_fbid=pfbid06d9iDVS22tvEgx6U1LKvRQQBBJBF5LEvRsD1agc4ERi2ykjfG7wxsxF6HgrEoY7gl&id=100068877497564&mibextid=Nif5oz
"၂၀၂၃ ခုနှစ်၊ တော်လှန်ရေးကာလအတွင်း အခြေခံပညာရေးကဏ္ဍဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍
ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူမိဘများသို့ အသိပေးတိုက်တွန်း နှိုးဆော်ချက်"
ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မေလ (၂၈) ရက်နေ့
(၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ နေအိမ်အခြေပြုသင်ယူနိုင်ရန်
Myanmar Basic Education Home (MBEH Bluemark Official Page) Link >>
https://www.facebook.com/BE.moeNUG/
(၂) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုလက်မှတ်ရရှိထား သော ပြည်သူ့အခြေပြုအခြေခံပညာရေးကျောင်းများ
https://moe.nugmyanmar.org/be/onlineschools
“ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ”
“အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးတိုင် ကျဆုံးရမည်”
“အရေးတော်ပုံ အောင်ရမည်”
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#NUG #NUGMOE #MBEH
4 619
၂၀။ "စာရင်းသွင်းရမည့်ရက် ကျော်လွန်သွားပါပြီ"လို့ ပြနေပါတယ် ၊ လျှောက်ထားခွင့် ဘယ်လိုစာရင်းသွင်းရပါမလဲ ။
https://mes.moeedu.org
Link ကိုဝင်ပြီး
၁။ အပေါ်ဘယ်ဘက်ထောင့်မှာ
ပေါ်လာတဲ့ NUG MOE လိုဂိုဘေးက မျဉ်းသုံးကြောင်းကိုနှိပ်ပါ
၂။ စာရင်းသွင်းရန်ကိုရွေးပါ
၃။ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းအတွက် စာရင်းသွင်းပါကို နှိပ်ပါ
၄။ စာရင်းဖြည့်ပါ
4 619
၁၉။ BECA ဖြေဆိုခွင့် မလျှောက်ထားလိုက်ရသော ကျောင်းသားများ ဖြေဆိုခွင့် ဘယ်လိုလျှောက်ထားရမလဲ ။
အဖြေ
📌📌 ပထမအကြိမ်လျှောက်ထားပြီး၍ ကျောင်းသားနံပါတ်နှင့် လျှို့ဝှက်ကုဒ် ရရှိထားပြီးသည့် ကျောင်းသားများ ထပ်မံလျှောက်ထားရန် မလိုအပ်ပါ
🚫🚫🚫🚫🚫
BECA ဖြေဆိုခွင့် လျှောက်ထားနည်း Link >>
(ဖောင်မဖြည့်မီ ဗီဒီယို အစအဆုံး သေချာကြည့်ပါ ၊ မှတ်သားထားပါရန်)
https://fb.watch/grxl3412ki/
------------------
BECA ဖြေဆိုခွင့် လျှောက်ထားရန် link >>
https://mes.moeedu.org
4 619
"အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] အသိပေးနှိုးဆော်ခြင်း"
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က စတင်ဖွင့်လှစ်ပေးထားခဲ့သည့် ''အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)'' ပထမအကြိမ် ဖြေဆိုခွင့်သည် လာမည့် "၂၀၂၃ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့" မှာ သုံးလတာဖြေဆိုခွင့် သတ်မှတ်ကာလပြည့်ပြီဖြစ်သောကြောင့် ပထမအကြိမ် ဖြေဆိုနိုင်ခွင့် ခေတ္တရပ်ဆိုင်းတော့မည်ဖြစ်ပါသဖြင့်
BECA ဖြေဆိုရန် စာရင်းတင်သွင်းထားသော ပြည်သူ့ကျောင်းသား၊ ကျောင်းသူများ သတိပြုမိနိုင်ရန် ကြိုတင်အသိပေးနှိုးဆော်အပ်ပါသည် ။
#NUG #MOENUG #MBEH
#HomeBasedLearning #Myanmar
4 619
၁၈။ အသိအမှတ်ပြုအသိအမှတ်ပြုလက်မှတ်ကရော ဘယ်တော့ရမလဲ။
အဖြေ
📌 ပထအကြိမ်နှင့် ဒုတိယအကြိမ် ၂ ကြိမ်လုံးဖြေပြီးချိန် ရလဒ်များကို စိစစ်၍ ထုတ်ပေးရန် စီစဉ်ထားပါသည်။ ထုတ်ယူလို့ ရနိုင်ပါက တရားဝင် ကြေညာပေးသွားပါမည်။
4 619
၁၇။ Grading သတ်မှတ်ချက်ကို ဘယ်လိုသိရမလဲ။
အဖြေ
📌 ပညာရေးဝန်ကြီးဌာန၏ တရားဝင်ကြေညာချက်ကို အမြဲမပြတ် စောင့်ကြည့်နေပေးပါ။
4 619
၁၆။ ဖြေထားတဲ့အမှတ်တွေကို မမြင်ရတာက ဘာဖြစ်တာလဲ။
အဖြေ
📌 အင်တာနက်လိုင်းကိုစစ်ပါ။ VPN ဖြုတ်ပါ။ Refresh လုပ်ပြီးပြန်၀င်ကြည့်ပါ။ အမှတ်က Profile ရဲ့ Grade မှာလည်းကြည့်လို့ရပါတယ်။
📌 လိုင်းအခြေအနေကြောင့်လည်းဖြစ်နိုင်ပါတယ်။ Sample Test မှာ နှစ်ကြိမ်ထက်ပိုဖြေတဲ့ အမှတ်တွေက Override တွေဖြစ်တတ်ပါတယ်။
📌 System ထဲမှာသိမ်းထားပြီးဖြစ်တဲ့အတွက် ပြန်ဖြေစရာမလိုပါ။ Result များမပျောက်နိုင်ပါ။
4 619
၁၅။ ဖြေပြီးသားမေးခွန်းအစုံရဲ့ အမှတ်ကို ဘယ်နေရာမှာ ကြည့်ရမလဲ။
အဖြေ
📌 Moodle site ရဲ့ ညာဘက်အပေါ်ထောင့်နားမှာ Profile ဆိုတာ ရှိပါတယ်။ Profile အောက်မှာ Grade ကိုနှိပ်ပြီး အမှတ်ပြန်ကြည့်နိုင်ပါတယ်။
4 619
၁၄။ အကုန်ဖြေပြီးတာကို ဘာလို့ 0% 50% ပဲပြနေတာလဲ ။
အဖြေ
📌 ဖြေထားတဲ့ အမှတ်ကို တွေ့ရတယ်ဆိုရင် ပြဿနာမရှိပါဘူး။ “မေးခွန်းကိုဖြေရန်နှိပ်ပါ” ဆိုတဲ့နေရာလေးမှာ make as done ဆိုတာလေးကိုနှိပ်လို့ done လို့ပေါ်ရင် Complete ဆိုတာလေးပေါ်ပါတယ်။
4 619
၁၃။ မြန်မာစာဖောင့် အမှန်မပေါ်ရင် ဘယ်လိုလုပ်ရမလဲ။
အဖြေ
📌 မိမိဖုန်းရဲ့ Setting မှာ Unicode ပြောင်းရပါမည်။
📌 တစ်ချို့ဖုန်းတွေရဲ့ Setting မှာ Unicode/Zaw Gyi ဆိုပြီး နှစ်မျိုးဖြစ်နေရင် Unicode တစ်မျိုးသာ ထားပေးပါ။
4 619
၁၂။ Web-camera ပွင့်သော်လည်း Black Screen ဖြစ်နေ၍ Attempt နှိပ်မရတဲ့ ဖုန်းအမျိုးအစားတွေ ရှိလား။
အဖြေ
📌 Camera ပွင့်သော်လည်း Black Screen ဖြစ်နေ၍ Attempt နှိပ်မရသည့် ဖုန်းအမျိုးအစားများမှာ Redmi9, Oppo a5s, Redmi 9C, Redmi note 9pro, Redmi 6a, Xiaomi, iOS တို့ဖြစ်ပါတယ်။
📌 ဖော်ပြပါ ဖုန်းအမျိုးအစားထဲက ဖြစ်နေပါက Browser ပြောင်းဖြေကြည့်ပါ။
📌 Browser ပြောင်းဖြေ၍ မရပါက ဖုန်းပြောင်းပြီးမှ ဖြေရပါမည်။
4 619
၁၁။ Undefine လို့ပေါ်နေတာ ဘာကြောင့်လဲ။
အဖြေ
📌 Website link address ( http://lms.moeedu.org) ကို ဝင်ထားလို့ပါ ။
📌https://lms.moeedu.org ကို ဝင်ပြီးဖြေပါ ။ https ရဲ့နောက်မှာ s ပါတဲ့ link ကနေ ဝင်ဖြေပါ။
4 619
၁၀။ Face not found လို့ပြနေတာဘာကြောင့်လဲ။
အဖြေ
📌 မျက်နှာကို ကြည်လင်ပြတ်သားစွာထားပြီး အလင်းအမှောင်ချိန်ညှိပါ။
📌ဖုန်းနဲ့ဖြေတဲ့အခါမှာ စစချင်း camera access တောင်းတဲ့အချိန်မှာ camera မှာ မျက်နှာပေါ်အောင် တစ်ခါတည်းချိန်ထားပါ။ အတတ်နိုင်ဆုံး camera မှာ မျက်နှာ ပေါ်နိုင်သည့် အနေအထားကို ချိန်၍ ဖြေဆိုပါ။ ဖုန်းကိုခုံပေါ်တင်၍ ဖြေဆိုခြင်း မျက်နှာအောက်သို့ ဖုန်းကိုချ၍ ဖြေဆိုခြင်းများမပြုလုပ်သင့်ပါ။
4 619
၉။ Internet Connection ကြောင့် Camera ပိတ်သွားပြီး Next Page လည်း နှိပ်မရတာမျိုးဆို ဘယ်လိုလုပ်ရမလဲ။
အဖြေ
📌 Moodle က ထွက်ပြီး ပြန်ဝင်ကြည့်ပါ။ အချိန်တိုအတွင်းဝင်လိုရတယ်ဆိုရင် ဖြေလက်စ မေးခွန်းဆက်လက်ဖြေဆိုပါ။
📌 ပြန်ဝင်လိုမရပါက သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းပါ။
(enquiry@be.moeedu.org / beca.info@be.moeedu.org)
4 619
၈။ ဖြေနေရင်း အင်တာနက်ပြတ်သွားရင် ဘယ်လိုလုပ်ရမလဲ။ / အင်တာနက်အခက်အခဲကြောင့် ဖြေဆိုမှုအခက်အခဲဖြစ်သွားရင် နောက်တစ်ကြိမ်ဖြေဆိုခွင့် ဘယ်လိုတောင်းမလဲ?
အဖြေ
📌 အင်တာနက်ကို (၁၅) မိနစ်အတွင်းပြန်ချိတ်လို့ရပါက ချက်ချင်း အင်တာနက် ချိတ်ပြီး မိမိဖြေလက်စ မေးခွန်းကနေ ဆက်ဖြေပါ။
📌 (၁၅) မိနစ်ထက် ကျော်လွန်ပြီး ဖြေဆိုရန်မေးခွန်းများစွာ ကျန်သေးပါက ဒုတိယအကြိမ် (2nd Attempt) ကို ဖြေဆိုနိုင်ပါသည်။
📌 ကျောင်းသား/သူ၏
၁။ Student ID
၂။ Moodle ID
၃။ မှတ်ပုံတင်နံပါတ် နောက်ဆုံး(၄) လုံး
၄။ မွေးသက္ကရာဇ်
၅။ ဖြေဆိုလိုသည့်ဘာသာရပ် တို့ကို
beca.lms@be.moeedu.org သို့ Email ပေးပို့အကြောင်းကြားပါ။
4 619
၇။ Sample Test မဖြေဘဲ Official Test ဖြေလို့ရလား။
အဖြေ
📌 Official Test ကို အရင်ဖြေမိလို့ အမှတ်မပေးတာမျိုး မရှိပေမယ့် အမှားနည်းစေရန်နှင့် မေးခွန်းပုံစံကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန် တတ်နိုင်သမျှ Sample Test ကို လေ့ကျင့် ဖြေဆိုပြီးမှသာ Official Test ကို ဖြေဆိုသင့်ပါတယ်။
4 619
၆။ Menu တွင် ဘာသာရပ်အားလုံးမပေါ်ရင် ဘယ်လိုလုပ်ရမလဲ။
အဖြေ
📌 အများအားဖြင့် Connection ကြောင့် ဖြစ်တတ်ပါတယ်။ အရင်ဆုံး Internet Connection ကောင်းရဲ့လား ပြန်စစ်ပါ။
📌 ဖုန်းကို Airplane တင်တာ၊ restart ချတာ လုပ်ပြီး ပြန်ဝင်ကြည့်ပါ။
📌 My courses မှာ show ရှိ 12 အစား all ကို နှိပ်ပါ။
📌All ရှိ Remove from view မှာ English Course ကိုတွေ့ပါလိမ့်မယ် အစက် ၃ စက်ကို နှိပ်ပြီး Restore to View ကို နှိပ်ပါ
