ch
Feedback
Book4U.MM

Book4U.MM

前往频道在 Telegram

Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်

显示更多
5 533
订阅者
-324 小时
-277
-7330
帖子存档
အင်ဂျင်နီယာများအတွက် ဒီဇိုင်းရေးဆွဲခြင်းပညာ ===================== အဆောက်အဦးဒီဇိုင်းများနှင့်စက်အစိတ်အပိုင်းများကိုအင်ဂျင်နီယာ
အင်ဂျင်နီယာများအတွက် ဒီဇိုင်းရေးဆွဲခြင်းပညာ ===================== အဆောက်အဦးဒီဇိုင်းများနှင့်စက်အစိတ်အပိုင်းများကိုအင်ဂျင်နီယာဗိသုကာပညာရှင်များကဲ့သို့ရေးဆွဲနိုင်ရန်ရှင်းလင်းပြတ်သားစွာဖော်ပြထားပါသည်။ --------------------------------- စာရေးသူ-မင်းငြိမ်း တန်ဖိုး-၈၀၀၀ စာမျက်နှာ-၁၅၂ ------------------------------------------------- Book4U ရဲ့ တယ်လီဂရမ်အကောင့် ချန်နယ်ကို Follow လုပ်ထားနိုင်ပါပြီ။ t.me/Book4Umm ------------------------------- 📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။

လက်ကျန်လရောင် 👉အလွမ်းပြေ...(📕မြကျေးရုံတို့ ပုဂံရွှေပြည်) စာအုပ်လေးကို (Book4U) ဆိုင်တွင် 👉မှာယူသူအမည်...။ 👉ဖုန်းနံပါတ်...
လက်ကျန်လရောင် 👉အလွမ်းပြေ...(📕မြကျေးရုံတို့ ပုဂံရွှေပြည်) စာအုပ်လေးကို (Book4U) ဆိုင်တွင် 👉မှာယူသူအမည်...။ 👉ဖုန်းနံပါတ်...။ 👉နေရပ်လိပ်စာအပြည့်အစုံ...။ ဖြင့် Pre-order တင်ထားနိုင်ပါပြီဖြစ်တဲ့ အကြောင်း Customer များအားအသိပေးအပ်ပါသည်။ စာအုပ်ထွက်မဲ့ ရက်လေးကတော့ (ဇန်နဝါရီ လဆန်းပိုင်း)လောက်ထွက်ပါမယ်ရှင့်...🥰 ✓မြကျေးရုံတို့ ပုဂံရွှေပြည် (တန်ဖိုး 36000 ကျပ်) ✓လက်ကျန်လရောင် (တန်ဖိုး 23000 ကျပ်) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။ ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်

📙အမျိုးသမီးများအတွက် စီမံခန့်ခွဲမှုအနုပညာ ✍ခင်ငြိမ်းစံ စာမျက်နှာ - ၁၄၃ တန်ဖိုး -10000 ks #စာညွှန်း - ဒီစာအုပ်လေးထဲမှာရှိတဲ့
📙အမျိုးသမီးများအတွက် စီမံခန့်ခွဲမှုအနုပညာ ✍ခင်ငြိမ်းစံ စာမျက်နှာ - ၁၄၃ တန်ဖိုး -10000 ks #စာညွှန်း - ဒီစာအုပ်လေးထဲမှာရှိတဲ့ စာမျက်နှာတိုင်းဟာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘဝကို စီမံခန့်ခွဲရတဲ့အခါ တတ်အားသရွေ့ လမ်းညွှန်ပေးမယ့် အင်အားတွေချည်း ဖြစ်ပါတယ်။ ဒီစာအုပ်လေးကနေတစ်ဆင့် စာဖတ်သူတစ်ဦးချင်းစီအတွက် ဘာတွေ ရရှိနိုင်မလဲလို့ မေးရင် ကျွန်မ ရိုးရိုးသားသားပဲ ဖြေပေးလိုက်ချင်ပါတယ်။ ▪️ ကိုယ့်ကိုယ်ကိုယ် ပိုပြီးနားလည်လာနိုင်မယ်။ ▪️ လက်ရှိအခြေအနေအပေါ် စီမံခန့်ခွဲလာနိုင်မယ်။ ▪️ စဉ်းစားပုံ နည်းနာအသစ်တွေ လေ့လာမိလာမယ်။ ဒီစာအုပ်လေးကနေ ပေးနိုင်တဲ့အရာဟာ ဒီလောက်လေးပါပဲ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်စိတ်၊ ကိုယ့်မိသားစု၊ ကိုယ့်ငွေကြေး၊ ကိုယ့်အချိန်နဲ့ ကိုယ့်အလုပ်ကို အနုပညာမြောက်စွာ၊ လိုက်လျောညီထွေရှိစွာ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ဘဝဟာ အနည်းငယ်တော့ နေချင်စရာ ဖြစ်လာနိုင်မယ်လို့ ယူဆမိပါတယ်။ ▪️ ဒီစာအုပ်လေးဟာ... စာဖတ်သူရဲ့ ဉာဏ်တံခါးကို ဖွင့်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ▪️ ဒီစာအုပ်လေးဟာ... စာဖတ်သူရဲ့ စီမံခန့်ခွဲမှုကို အနုပညာမြောက်စေလိမ့်မယ်လို့ ထင်ပါတယ်။

📖ဂျက်မား နှင့်အလီဘာဘာ (ထပ်မံပြင်ဆင် ဖြည့်စွက်ချက်များ ပါဝင်သည်) ~~~~~~~~~~~ ကျောင်းဆရာလေး တစ်ယောက်ရဲ့ ကမ္ဘာကျော် အင်တာနက်ကုမ
📖ဂျက်မား နှင့်အလီဘာဘာ (ထပ်မံပြင်ဆင် ဖြည့်စွက်ချက်များ ပါဝင်သည်) ~~~~~~~~~~~ ကျောင်းဆရာလေး တစ်ယောက်ရဲ့ ကမ္ဘာကျော် အင်တာနက်ကုမ္ပဏီကြီးတစ်ခု ဖြစ်ပေါ်လာအောင် ဖန်တီးခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းများ… ✍ဗန်းမော်သိန်းဖေ(မြန်မာပြန်) တန်ဖိုး-၇၀၀၀ စာမျက်နှာ-၂၂၅

လောကမှာ အောင်နိုင်ဖို့ အခက်ခဲဆုံး ရန်သူဟာ အပြင်မှာ မရှိပါဘူး။ သင့်ရဲ့ အတွင်းစိတ်ထဲမှာသာ ရှိနေပါတယ်။ ကျွန်မတို့အားလုံးဟာ ရှေ့ဆ
လောကမှာ အောင်နိုင်ဖို့ အခက်ခဲဆုံး ရန်သူဟာ အပြင်မှာ မရှိပါဘူး။ သင့်ရဲ့ အတွင်းစိတ်ထဲမှာသာ ရှိနေပါတယ်။ ကျွန်မတို့အားလုံးဟာ ရှေ့ဆက်တက်လှမ်းချင်ကြတယ်။ ပျော်ရွှင်ချင်ကြတယ်။ အောင်ပြင်ချင်ကြတယ်။ ဒါပေမယ့်... ကိုယ့်ခြေလှမ်းတွေကို ကိုယ်တိုင်ပြန်ဆွဲထားမိမှန်း ပသိလိုက်ဘဲ ဖြစ်နေတတ်တယ်။ ကိုယ့်လမ်းကို ကိုယ်တိုင် ပိတ်ဆို့နေမိတတ်တယ်။ ဒါကို "Self-sabotage" လို့ ခေါ်ပါတယ်။ သင့်ဘဝရဲ့တိုးတက်မှုကို ပိတ်ဆို့ထားတဲ့ အကြီးမားဆုံး တောင်တန်းကြီးဟာ တခြားဘယ်သူမှ ပဟုတ်ပါဘူး။ အဲဒါဟာ "သင်ကိုယ်တိုင်" ပါပဲ။ ဒီစာအုပ်ဟာ * သင့်ကိုယ်သင် ဘာကြောင့် ပြန်လည်နှောင့်ယှက်နေမိသလဲ ဆိုတာကို နားလည်စေဖို့ ... * သင့်အတွင်းစိတ်ထဲက စိတ်ဒဏ်ရာတွေ၊ အကြောက်တရားတွေနဲ့ အဆိုးမြင်စိတ်တွေကို ရင်ဆိုင်ကျော်လွှားဖို့ … * အပြင်ပန်းအောင်မြင်မှုတွေထက် ပိုတန်ဖိုးကြီးမားတဲ့ "ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ခြင်းဆိုတဲ့ အမြင့်မားဆုံးသော အောင်နိုင်ခြင်း" ကို ဘယ်လိုရယူပိုင်ဆိုင်ရမလဲဆိုတာလမ်းညွှန်ပေးနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ 📓အမြင့်မားဆုံးသော အောင်နိုင်ခြင်း ✍TEAM NYANA (ဘာသာပြန်) တန်ဖိုး-၁၆၀၀၀ စာ-၂၀၁

မင်းက ကန္တာရပင်တွေလိုပဲ ခက်ခဲတဲ့နေရာတွေမှာတောင် ဝေဝေဆာဆာ ရှင်သန်နိုင်တယ် ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ ကန္တာရဆူးလိုတော့ တခြားသူတွေ
မင်းက ကန္တာရပင်တွေလိုပဲ ခက်ခဲတဲ့နေရာတွေမှာတောင် ဝေဝေဆာဆာ ရှင်သန်နိုင်တယ် ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ ကန္တာရဆူးလိုတော့ တခြားသူတွေကို ထိခိုက်နာကျင်စေတဲ့အထိ အဆိပ်မပြင်းစေနဲ့ ... ( မြကျေးရုံ ) ကျွန်တော် ရှင်သန်ဖို့ခက်ခဲတဲ့နေရာဆိုလို့ တစ်နေရာပဲရှိပါတယ် .. ခြောက်သွေ့လွန်းလို့တော့ မဟုတ်ဘူး အမြစ်စွဲ ကုပ်တွယ်လို့ မရနိုင်လောက်အောင် နူးညံ့လွန်းလို့... ( ရန်ပြေအေး ) တန်ဖိုး-23000 ✍ပုညခင် စာမျက်နှာ-434 ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။ ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်

ဆရာမြသန်းတင့်စာအုပ်များ.... စာပို့ဆက်သွယ်ရန် https://www.facebook.com/book4u.mm ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။ ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်

ယခုစာအုပ်တွင် ဆမ်ဆောင်းရေခဲသေတ္တာများဖြစ်သည့် One Door နှင့် 2 Doors ရေခဲသေတ္တာများကို တပ်ဆင်အသုံးပြုနည်း၊ ရေခဲသေတ္တာအတွင်း အ
ယခုစာအုပ်တွင် ဆမ်ဆောင်းရေခဲသေတ္တာများဖြစ်သည့် One Door နှင့် 2 Doors ရေခဲသေတ္တာများကို တပ်ဆင်အသုံးပြုနည်း၊ ရေခဲသေတ္တာအတွင်း အစားအစာများ သိမ်း ဆည်းနည်း၊ ရေခဲသေတ္တာရှိ အစိတ်အပိုင်းများ၊ ရေခဲသေတ္တာတွင် တပ်ဆင်ထားသည့် ဆားကစ်များနှင့် ဖြစ်ပေါ်လာသည့် ချို့ယွင်းမှုများအလိုက် ပြုပြင်နည်းတို့ကို အသေးစိတ် ရေးသားထားပါသည်။ ဆမ်ဆောင်း ရေခဲသေတ္တာများရှိ အစိတ်အပိုင်းများ၊ ရေခဲသေတ္တာများတွင် တပ် ဆင်ထားသည့်ဆားကစ်များ၊ ရေခဲသေတ္တာများရှိ အစိတ်အပိုင်းများ ဖြုတ်ယူခြင်းနှင့် တပ် : Freezer Sensor । Refrigerator Sensor । Defrost Sensor। Ambient Sensor ၊ Freezer Fan ၊ F DEF Heater ၊ ဆမ်ဆောင်း ရေခဲသေတ္တာ စက်ဖွင့်မရလျှင် စစ်ဆေးပြု ပြင်ခြင်း၊ Compressor အလုပ်မလုပ်လျှင် စစ်ဆေးပြုပြင်ခြင်းတို့ကို ဖြုတ်ယူခြင်းနှင့် တပ် ဆင်ခြင်းတို့ကို ပုံများနှင့်တကွ အသေးစိတ်ရေးသားထားပါသည်။ ယခုစာအုပ်သည် နေအိမ်များတွင် ဆမ်ဆောင်းရေခဲသေတ္တာ တပ်ဆင်အသုံးပြု နေသူများ၊ ရေခဲသေတ္တာနည်းပညာ လေ့လာလိုသူများနှင့် ရေခဲသေတ္တာလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ရေးသားထားပါသည်။ ကိုအောင်ကျော်(အီလက်ထရောနစ်) တန်ဖိုး-၁၀၀၀၀

ယခုစာအုပ်တွင် မိုင်ဒီယာ အဝတ်လျှော်စက်များဖြစ်သည့် Front Loading Drum Type Top Loading Type နှင့် Portable တို့တွင် လျှပ်စစ်ဝါ
ယခုစာအုပ်တွင် မိုင်ဒီယာ အဝတ်လျှော်စက်များဖြစ်သည့် Front Loading Drum Type Top Loading Type နှင့် Portable တို့တွင် လျှပ်စစ်ဝါယာကြိုးများ ချိတ်ဆက်တပ်ဆင် ခြင်း၊ ဆားကစ်များ၊ အဝတ်လျှော်စက်များတွင် ဖြစ်ပေါ်တတ်သည့် ချို့ယွင်းကုတ်များနှင့် သက်ဆိုင်ရာ ချို့ယွင်းကုတ်များအလိုက် စစ်ဆေးခြင်းနှင့် ပြုပြင်နည်း၊ အဝတ်လျှော်စက် အစိတ်အပိုင်းများအား ဖြုတ်ယူနည်း၊ တပ်ဆင်နည်းတို့ကို ပုံများနှင့်တကွ အသေးစိတ် ရေးသားထားပါသည်။ ယခုစာအုပ်သည် နေအိမ်တွင် မိုင်ဒီယာ အဝတ်လျှော်စက်တပ်ဆင် ထားသူများ၊ အဝတ်လျှော်စက် နည်းပညာ လေ့လာလိုသူများနှင့် အဝတ်လျှော်စက် လုပ် ငန်းခွင်တွင်လုပ်ကိုင်နေသူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ရေးသားထား ပါသည်။ မိုင်ဒီယာ အဝတ်လျှော်စက်များ ပြုပြင်နည်းနှင့် ချို့ယွင်းကုတ်များ ======================== စာရေးသူ–ကိုအောင်ကျော်(အီလက်ထရောနစ်) တန်ဖိုး–10000 စာမျက်နှာ–140 ----------------------------------------------

“ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ဖို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းကိုချဲ့ချင်လို့ပဲဖြစ်ဖြစ် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ငွေကြေးအရင်းအနှီးဘယ်လိ
“ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ဖို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းကိုချဲ့ချင်လို့ပဲဖြစ်ဖြစ် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ငွေကြေးအရင်းအနှီးဘယ်လိုရှာဖွေလို့ရနိုင်မလဲဆိုတာကို သိရှိနားလည်ဖို့အအရေးကြီးပါတယ် ။ သင့်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုလည်ပတ်နေတယ်၊ တချို့လုပ်ငန်းတွေ ကျရှုံးနေချိန်မှာ တချို့က ဘာကြောင့် အောင်မြင်နေတယ်ဆိုတာတွေကို တွေးဖူးပါသလား။ ဒါတွေအားလုံးက အရင်းအနှီးကြောင့် ပါပဲ။ ငွေအရင်းအနှီး မလုံလောက်မှုကြောင့် လုပ်ငန်းအများအပြားဟာ ကျဆုံးခဲ့ရပါတယ်။ ဒါ့ကြောင့် ရင်းနှီးငွေ မြှင့်တင်ခြင်းဟာ လုပ်ငန်းချဲ့ထွင်လိုသူတိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။ ဒီစာအုပ်ထဲမှာ တည်ထောင်စ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ရင်းနှီးငွေကို ဘယ်လိုနည်းစနစ်တွေနဲ့ ရှာဖွေရမယ်၊ ရင်းနှီးငွေရဲ့အရေးပါပုံ၊ ရှယ်ယာနဲ့ ကြွေးမြီစာချုပ်စာတမ်းတွေနဲ့ ရင်းနှီးငွေမြှင့်တင်ပုံ၊ လုပ်ငန်းမော်ဒယ် အမျိုးအစားတွေ၊ ယှဉ်ပြိုင်မှု အားသာချက်ရအောင်ဘယ် လိုဆောင်ရွက်ရမယ်ဆိုတာတွေ၊ ဆုံးရှုံးနိုင်‌ခြေနဲ့ အကျိုးအမြတ်ပြန်ရချက် စတာတွေ၊ စတော့အိတ်ချိန်းကို စာရင်းဝင်ခြင်းနဲ့ ထွက်ခွာမှု မဟာဗျူဟာ စတာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ သက်ထွန်းဦး ၁၆,၀၀၀ ကျပ်

Joel Osteen (ဂျိုးလ် အိုစတင်းန်) ဘာသာပြန်ထားသည့် စာအုပ်(၁၂)အုပ် Book4U စာအုပ်ဆိုင်တွင်မှာယူရရှိနိုင်ပါတယ် ✅✅(တချို့စာအုပ်များ
Joel Osteen (ဂျိုးလ် အိုစတင်းန်) ဘာသာပြန်ထားသည့် စာအုပ်(၁၂)အုပ် Book4U စာအုပ်ဆိုင်တွင်မှာယူရရှိနိုင်ပါတယ် ✅✅(တချို့စာအုပ်များအုပ်ရေအနည်းငယ်သာရှိပါသည်)။ ================ ၁။ သင်လုပ်နိုင်တယ် (၈၀၀၀ကျပ်) ၂။ ကစားပွဲထဲဆက်ရှိနေပါ (၅၀၀၀ကျပ်) ၃။ ထားရှိသောငြိမ်သက်ခြင်း (၆၀၀၀)ကျပ် ၄။ ကြွယ်ဝခြင်းစိတ်ထား (၆၀၀၀ကျပ်) ၅။ နောက်တစ်ဆင့်အတွေး (၈၀၀၀ကျပ်) ၆။ ယုံကြည်ပါ(၆၀၀၀ကျပ်) ၇။ကောင်းချီးမဂ်လာပြောပါ(၈၀၀၀) ၈။ရဲရဲတောင်း(၈၀၀၀) ၉။နှုက်ပြောစကား(၆၀၀၀) ၁၀။ရှင်းလင်းထုတ်ပစ်နက်ဂတစ်ဖ်(၆၀၀၀) ၁၁။အောင်မြင်စိုးစံသောအသက်တာ(၁)-၇၀၀၀ ကျပ် ၁၂။ခြားနားသော်သူ(၇၀၀၀)အသစ်ထွက် ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။ ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်

#နှစ်သစ်အတွက်စာအုပ်သစ် New year New me လောကကြီးက ကြမ်းတမ်းတယ်။ ဒါပေမဲ့ မင်းက "ပိုကြမ်း" ရမယ်။ "New Year, New Me - ပိုကြမ်းတဲ့
#နှစ်သစ်အတွက်စာအုပ်သစ် New year New me လောကကြီးက ကြမ်းတမ်းတယ်။ ဒါပေမဲ့ မင်းက "ပိုကြမ်း" ရမယ်။ "New Year, New Me - ပိုကြမ်းတဲ့ငါ" စာညွှန်း ▪️"ငါ ဘာလုပ်ချင်မှန်း မသိတော့ဘူး။" ▪️"ငါ့ရဲ့ ကြင်နာမှုတွေကို သူတို့က အခွင့်အရေးအဖြစ် မြင်လာကြတယ်။" ▪️"သူများတွေ အောင်မြင်နေချိန်မှာ ငါတစ်ယောက်တည်း နောက်ကျကျန်ခဲ့သလို ခံစားရတယ်။" ဒီလို ခံစားချက်မျိုး စာဖတ်သူလေးမှာ ရှိနေဖူးလား။ နှစ်သစ်ရောက်တိုင်း "New Year, New Me" လို့ ကြွေးကြော်ခဲ့ပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ Old Me (ပုံစံဟောင်း) ရဲ့ အကျင့်ဆိုးတွေ၊ ကြောက်စိတ်တွေ၊ သံသယတွေအောက်မှာ ပြန်လည် နစ်မြုပ်သွားဖူးသလား။ ဒါဆိုရင်တော့ ဒီစာအုပ်က စာဖတ်သူလေးအတွက်ပါပဲ။ ဒီစာအုပ်ဟာ သာမန် "စိတ်ဓာတ်ခွန်အားပေး" စာအုပ်တစ်အုပ် မဟုတ်ပါဘူး။ ဒါဟာ စစ်မှန်တဲ့ လူငယ်တွေရဲ့ ရင်ဖွင့်သံပေါင်းများစွာကနေ မွေးဖွားလာတဲ့ "လက်တွေ့ကျတဲ့ လမ်းညွှန်မြေပုံ" တစ်ခုပါ။ တန်ဖိုး-၁၁၀၀၀ စာရေးသူ-အက္ခရာ

"လက်နဲ့ထိရင်ရွှေ" ကို ဖတ်ရှုခြင်းအားဖြင့် သင်ဟာ သာမန်လူတွေ မသိတဲ့ ဘီလီယံနာတွေရဲ့တွေးခေါ်ပုံကို သင်ယူခွင့်ရရှိမှာပါ။ ဒီစာအုပ်ဟ
"လက်နဲ့ထိရင်ရွှေ" ကို ဖတ်ရှုခြင်းအားဖြင့် သင်ဟာ သာမန်လူတွေ မသိတဲ့ ဘီလီယံနာတွေရဲ့တွေးခေါ်ပုံကို သင်ယူခွင့်ရရှိမှာပါ။ ဒီစာအုပ်ဟာ ကမ္ဘာ့အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးနှစ်ဦး ဒေါ်နယ်လ်ထရမ့် နဲ့ ရောဘတ်ကီယိုဆာကီတိုရဲ့ ဉာဏ်ပညာ၊ ဗျူဟာတွေနဲ့ ဘီလီယံနာဖြစ်အောင် လုပ်တဲ့ အတွေးအခေါ်တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားပါတယ်။ သူတိုရဲ့ထူးခြားတဲ့ စီးပွားရေး အတွေးအခေါ်တွေ၊ ဆုံးဖြတ်ချက်ချပုံတွေ၊ အခက်အခဲတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပုံတွေနဲ့ အင်ပါယာ တည်ဆောက်ပုံ လျှို့ဝှက်ချက်တွေကို ဒီစာအုပ်တစ်အုပ်တည်းမှာ ပွင့်ပွင့်လင်းလင်း ဖော်ပြထားပါတယ်။ ဒီစာအုပ်ကို ဖတ်လိုက်တာနဲ့ သင်ဟာ ဘီလီယံနာတွေရဲ့ ဦးနှောက်ထဲကို တိုက်ရိုက်ဝင်ရောက်ပြီး သူတို့ ဘယ်လိုတွေးတယ်၊ ဘယ်လိုဆုံးဖြတ်တယ်၊ ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်တယ်ဆိုတာကို အနီးကပ် လေ့လာခွင့်ရပါလိမ့်မယ်။ သင် ထိလိုက်တဲ့အရာတိုင်းဟာ ရွှေအဖြစ်ပြောင်းလဲသွားသလို သင့်ရဲ့ကြိုးစားမှု တိုင်းဟာ အောင်မြင်မှုတွေနဲ့ အမြတ်အစွန်းတွေအဖြစ် ပြန်ရလာပါလိမ့်မယ်။ ဒီစာအုပ်ဟာ လက်တွေ့ကျကျ အသုံးချနိုင်တဲ့ နည်းဗျူဟာတွေနဲ့ ပြည့်နှက်နေတဲ့ လက်စွဲစာအုပ်တစ်အုပ်ပါ။ 18000 ကျပ်

အရေပြားဆိုသည်မှာ လူ့ခန္ဓာကိုယ်၏ အပြင်ဆုံးအလွှာဖြစ်သောကြောင့် လူမှု ဆက်ဆံရေး နယ်ပယ်တွင် လွန်စွာအရေးပါလှပါသည်။ အရေပြားအရောင်ပေါ
အရေပြားဆိုသည်မှာ လူ့ခန္ဓာကိုယ်၏ အပြင်ဆုံးအလွှာဖြစ်သောကြောင့် လူမှု ဆက်ဆံရေး နယ်ပယ်တွင် လွန်စွာအရေးပါလှပါသည်။ အရေပြားအရောင်ပေါ် မူတည်ပြီး လူဖြူ၊ လူမည်းဟူ၍ ခွဲခြားဆက်ဆံသော ဓလေ့မှာ ကမ္ဘာ့သမိုင်းတွင် ဆိုးဝါးစွာ ရှိခဲ့ဖူးပါသည်။ သမင်ဖြူရောဂါ ဖြစ်နေသူ အများစုမှာ လူမြင်မှာစိုး၍ ဖုံးကွယ်လို့ရသလောက် အဝတ်အစားတို့ဖြင့် ဖုံးကွယ်လေ့ရှိသော်လည်း မျက်နှာနှင့် ခြေလက်များကဲ့သို့ ဖုံးကွယ်ရန် မလွယ်ကူသည့် နေရာများတွင်ဖြစ်ပါက လူကြားသူကြားသို့ သွားလာရန် မဝံ့မရဲ ဖြစ်တတ်ပါသည်။ ဤစာအုပ်တွင် သမင်ဖြူရောဂါမှာ ကူးစက်ရောဂါ မဟုတ်ကြောင်း၊ အဆိုပါ ရောဂါဖြစ်နေသူ အနေနှင့် မည်သည့်အမှားမှ ကျူးလွန်ထားခြင်းမရှိ၍ ရှက်ကြောက်နေရန် မလိုအပ်ကြောင်းနှင့် ရောဂါကို ပျောက်ကင်းအောင်လည်း ကုသနိုင်ပြီဖြစ်ကြောင်း သိစေလိုသည့် ဆန္ဒဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။ တန်ဖိုး-30000 ကျပ်

ဆရာ ကျော်ဌေး ရေးသားသည့် [Forex Trading] ဆိုင်ရာ စာအုပ်များ (Book4U) တွင်မှာယူရရှိနိုင်ပါပြီ။ ✅ရရှိနိုင်မည့် စာအုပ်စာရင်းများ.
ဆရာ ကျော်ဌေး ရေးသားသည့် [Forex Trading] ဆိုင်ရာ စာအုပ်များ (Book4U) တွင်မှာယူရရှိနိုင်ပါပြီ။ ✅ရရှိနိုင်မည့် စာအုပ်စာရင်းများ....📚✅ ------------------------------------ ၁။ အင်ဒီကေတာနည်းစနစ်များ ( Indicator Strategies) (ကျော်ဌေး) တန်ဖိုး- ၁၀၀၀၀ ကျပ် . ၂။ ဈေးကွက်ကိုစနစ်တကျအနိုင်ယူနည်း (ကျော်ဌေး) တန်ဖိုး–၁၆၀၀၀ ကျပ် ၃။ နိုင်ငံတကာငွေကြေးဈေးကစားခြင်း၊ (ကျော်ဌေး) ၁၅၀၀၀ ကျပ်၊ . ၄။ အဆင့်မြင့်ဈေးကစားနည်း (ကျော်ဌေး) တန်ဖိုး ၂၀၀၀၀ ကျပ် ၅။ မော်ဒန်ဈေးကစားနည်း (ကျော်ဌေး) တန်ဖိုး ၁၅၀၀၀ ကျပ်၊ . ၆။ ပရိုဖက်ရှင်နယ်ဈေးကစားနည်း (ကျော်ဌေး) ၁၆၀၀၀ ကျပ်၊ . ၇။ ပရိုက်စ် အက်ရှင်နည်းစနစ်များ (ကျော်ဌေး) ၉၀၀၀ ကျပ်၊ . ၈။ ဂျပန်စျေးကစားနည်း (ကျော်ဌေး) တန်ဖိုး- ၁၀၀၀၀ ကျပ်၊ ၉။မော်ဒန်ဈေးကစားနည်း (အတွဲ-၂)(ကျော်ဌေး) တန်ဖိုး - ၁၆၀၀၀ ကျပ် ၁၀။ အက်(စ်)အမ်စီနည်းစနစ် Smart Money Concept(ကျော်ဌေး) တန်ဖိုး - ၁၈၅၀၀ ကျပ် ၁၁။အိုင်စီတီနည်းစနစ်များ(ကျော်ဌေး) တန်ဖိုး-၁၈၀၀၀ ✔️💸စုစုပေါင်း=၁၆၃,၅ဝဝ ကျပ် -----------------------------------------------------

𝐏𝐫𝐞 𝐎𝐫𝐝𝐞𝐫 𝐍𝐨𝐰!! 📕 ဘ၀ဥပဒေ-၅၀ (မောရိသျှ) •ထွက်မည့်ရက် - 𝟑𝟏.𝟏𝟐.𝟮𝟬𝟮𝟰 • တန်ဖိုး - 𝟐𝟐,𝟬𝟬𝟬 (𝐏𝐚𝐠𝐞 𝟒𝟑𝟏
𝐏𝐫𝐞 𝐎𝐫𝐝𝐞𝐫 𝐍𝐨𝐰!! 📕 ဘ၀ဥပဒေ-၅၀ (မောရိသျှ) •ထွက်မည့်ရက် - 𝟑𝟏.𝟏𝟐.𝟮𝟬𝟮𝟰 • တန်ဖိုး - 𝟐𝟐,𝟬𝟬𝟬 (𝐏𝐚𝐠𝐞 𝟒𝟑𝟏) “ဘဝဥပဒေ-၅၀” (The 50th Law) သည် ရက်ပ်အဆိုကျော် စွန့်စားစီးပွားရေးသမား 50 Cent နဲ့ နာမည်ကျော်ကြား လူသိများတဲ့ The 48 Laws of Power (အာဏာစက် နည်းဥပဒေသ ၄၈ ရပ်) စာအုပ်ရဲ့ မူရင်း စာရေးသူကြီး ရောဘတ်ဂရင်း (Robert Greene) တို့ ပူးတွဲရေးသားထားတဲ့ New York Times အရောင်းရဆုံး စာရင်းဝင် စာအုပ်ဖြစ်ပါတယ်။ သမိုင်းဝင် ဖြစ်စဉ် ဖြစ်ရပ်တွေနဲ့ 50 Cent ရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းတွေကို ခွဲခြမ်းစိတ်ဖြာ နှိုင်းယှဉ်သုံးသပ်ထားမှုတွေအပေါ် အခြေခံထားတဲ့ လက်တွေ့အသုံးကျ ဘဝလမ်းညွှန် မဟာဗျူဟာများဆိုင်ရာ စာအုပ်ဖြစ်ပါတယ်။ “အကြောက်အရွံ့ကင်းခြင်း” ကို ကျောရိုးပြု တင်ပြထားပြီး၊ အခန်းပေါင်း (၁၀) ခန်းနဲ့ ဖွဲ့စည်း တင်ပြထားပါတယ်။ 50 Cent ရဲ့ ဘဝအတွေ့အကြုံ ဖြတ်သန်းမှုတွေဖြစ်တဲ့ ရပ်ကွက်လူမိုက်ဘဝမှသည် ဂီတလောကနဲ့ စီးပွားရေးလောကအတွင်း အောင်မြင်မှုတွေ၊ Abraham Lincoln၊ Sun Tzu၊ Napoleon Bonaparte၊ Malcolm X နဲ့ Miles Davis လိုမျိုး သမိုင်းဝင် အကျော်အမော်တွေရဲ့ သမိုင်းတင်ဖြစ်ရပ်တွေကို ဥပမာပြု သာဓကထား သုံးသပ်ပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။

စာအုပ်မှာ အခန်း ၃ ခန်းနဲ့ ဖွဲ့စည်းထားတာ တွေ့ ရပါ တယ်။ အခန်း ၁ မှာ ဘာသာတရားရဲ့ အခန်းကဏ္ဍကို အဓိက ဖော်ပြရင်း စိတ်ပညာနဲ့ သက်ဆိုင
စာအုပ်မှာ အခန်း ၃ ခန်းနဲ့ ဖွဲ့စည်းထားတာ တွေ့ ရပါ တယ်။ အခန်း ၁ မှာ ဘာသာတရားရဲ့ အခန်းကဏ္ဍကို အဓိက ဖော်ပြရင်း စိတ်ပညာနဲ့ သက်ဆိုင်တဲ့ အပိုင်းတွေကို အစဆွဲထုတ်ပြသွားတာတွေ့ရတယ်။ အခန်း၂ မှာတော့ စိတ်ပညာရဲ့ အခန်းကဏ္ဍကို ဖော်ပြရင် နှီးနွှယ်ပတ်သက်မှုတချို့ကို လှစ်ဟပြသွားပြန်တယ်။ အခန်း ၃ ကတော့ ဘာသာ တရားနယ်ပယ်အတွက် အသုံးချစိတ်ပညာအပိုင်းလို့ ပြောလို့ရမယ်ထင်ပါတယ်။ ဘာသာပြန်မဟုတ်ဘဲ ကိုယ်တိုင်ရှာဖွေဖတ်မှတ်လေ့လာထားသမျှကို စုဆောင်းပြုစုပြီးမျှဝေရေးသားတင်ပြချက်မျိုးဖြစ်တဲ့အတွက် အကြောင်းအရာ က လေးပင်ပေမဲ့ ရေးသားတင်ပြပုံကတော့ ချောမွေ့နေတာသတိပြုမိပါတယ်။ သုတေသနစာတွေမှာလို footnote, endnote တွေ မသုံးဘဲ စာသားထဲမှာပဲ အကိုးအကား အထောက်အထားကိုရော ညှပ်ဖော်ပြပေးထားတဲ့ “in-text citation” ပုံစံကလည်း စာဖတ်သူတွေအတွက် ကိုးကားချက်တွေကို တန်းခနဲ လွယ်လွယ်သိစေနိုင်လို့ အဆင်ပြေပါတယ်။ ခြုံပြီးကောက်ချက်ချရရင် စိတ်ပညာနယ်ပယ်နဲ့ အကျွမ်းတဝင်မရှိလှ တဲ့သူတွေအတွက်တော့ မြန်မာလိုရေးထားတဲ့ နယ်ပယ်သစ်၊ အကြောင်းအရာ သစ်၊ စိတ်ဝင်စားမှုအသစ်၊ သုတအသစ်၊ ခံစားမှုရသအသစ်နဲ့ အတွေးအမြင် သစ်ကိုပေးနိုင်မယ့် စာအုပ်တစ်အုပ်လို့ ဆိုချင်ပါတယ်။ 15000 ကျပ်

Book4U ရဲ့ Page လေးကို Like & Follow လုပ်ပေးကြပါအုံးနော်.. https://www.facebook.com/book4u.mm

AutoCAD DRAWING FOR M&E Service(DVDအခွေမပါတော့ပါ) ဒီစာအုပ်ကို လေ့လာရာမှာ Basics Operations Tools တွေကဘာ၊ Precision Tools, Dra
AutoCAD DRAWING FOR M&E Service(DVDအခွေမပါတော့ပါ) ဒီစာအုပ်ကို လေ့လာရာမှာ Basics Operations Tools တွေကဘာ၊ Precision Tools, Drawing and Drafting Tools, Editing Tools တွေကဘာဆိုတာမျိုး မစီစဉ်ထားပဲနဲ. သင်တန်းတက်ရာမှာ ဆရာတစ်ဦးက သင်သလို လိုအပ်ချက် အဆင့်တိုင်းအစီအစဉ်အလိုက် ရေးသားသွားဖို. ရည်ရွယ်ထားပါတယ်။ AutoCAD ကို အခုမှ စာလေ့လာမဲ့ သူတွေက အပိုင်း ၁။ ပြီးမှ အပိုင်း ၂ အဆင့်လိုက် လေ့လာ သင့်ပါတယ်။ AutoCAD ကို ရင်းနှီးပြီးသား သူတွေကတော့ အပိုင်း ၂ M&E Drawings ပိုင်း ကျော်ပြီးလေ့လာလို.လဲ ရပါတယ်။ အခန်းတွေ ကတော့ ကျွန်တော်တို. စီစဉ်ထားတဲ့ အတိုင်းသာ ဆက်ပြီး လေ့ကျင့် သွားပေးပါ။ အခန်းစဉ်တွေ အားလုံး ပြီးရင်တော့ AutoCAD Software ကို ကောင်းမွန်စွာ အသုံးချ နိုင်သွားပြီး၊ M&E Drawings ပိုင်းအတွက် လုပ်ငန်းခွင် ဝင်ဖို. အဆင်သင့် ဖြစ်နေပါပြီ။ AutoCAD Software ကိုတော့ စလေ့လာမဲ့ သူတွေ အတွက် အကောင်းဆုံး ဖြစ်တဲ့ 2010 Version နဲ. အသုံးပြုထားပါတယ်။ ========= ✍U Thet Win Soe တန်ဖိုး–35000

စွန့်လွှတ်ခြင်းနဲ့ အနစ်နာခံခြင်းမှာ ဘယ်အရာက အလေးချိန်ပိုသာ သလဲ လို့ မမေးပါနဲ့တော့ ဒုက္ခတွေ လှေကြုံစီးတဲ့အခါ လှိုင်းပုတ်ခံရတာခ
စွန့်လွှတ်ခြင်းနဲ့ အနစ်နာခံခြင်းမှာ ဘယ်အရာက အလေးချိန်ပိုသာ သလဲ လို့ မမေးပါနဲ့တော့ ဒုက္ခတွေ လှေကြုံစီးတဲ့အခါ လှိုင်းပုတ်ခံရတာချင်း တူပါတယ်။ နိုဘယ်လ်ရေ လောကဓံမှာ ပန်းတွေပွင့်ရင် ချစ်တဲ့သူတွေ ဘယ်တော့မှ မဝေးကြဘူး။ 📖ချစ်သူခြေတော်ရင်းဝယ် ကံ့ကော်ပန်းတွေတဖြုတ်ဖြုတ် ကြွေကျတုန်းက ✍သက်ဦးညို တန်ဖိုး-၅၀၀၀ စာမျက်နှာ-၄၈