ch
Feedback
V Tech Guide

V Tech Guide

前往频道在 Telegram
6 453
订阅者
-524 小时
-537
-18030
帖子存档
Tourist Visa ကို ​Walk-In Visa Extension လုပ်မယ်ဆိုရင် အောက်ပါ စာရွက်စာတမ်းများ လိုပါမယ်။ ၁။ Passport စာအုပ်မူရင်း ၂။ Passpor
Tourist Visa ကို ​Walk-In Visa Extension လုပ်မယ်ဆိုရင် အောက်ပါ စာရွက်စာတမ်းများ လိုပါမယ်။ ၁။ Passport စာအုပ်မူရင်း ၂။ Passport စာအုပ်မိတ္တူ ( Main Page + Tourist Visa တုံးထုစာမျက်နှာ) ၃။ ဓာတ်ပုံ ၄။ TM30 ၅။ TM7 ( Immigration ရုံးက Information ကောင်တာမှာ ထုတ်ယူရန် သို့မဟုတ် အွန်လိုင်းမှ ဒေါင်းလုပ်ဆွဲပြီး ကြိုတင်ဖြည့်လဲရ) ၆။ ၁၉၀၀ ဘတ် ( ငွေသားသီးသန့်သာ ၊ Online Payment/Scan မရပါ) လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံပြီဆိုရင်တော့ Immigration ရုံးကိုသွားပြီး ကိုယ်တိုင် သက်တမ်းတိုးနိုင်ပါပြီ။ ရုံးကိုရောက်တာနဲ့ Token ကောင်တာမှာ Visa Extension လို့ပြောပြီး Token ယူရမှာ ဖြစ်ပါတယ်။ Token ယူပြီးပြီဆိုတာနဲ့ မိမိအလှည့်ကို ခေါ်မယ့်အချိန်စောင့်ပြီး သက်တမ်းတိုးရုံဘဲ ဖြစ်ပါတယ်။ Walk-In Visa Extension ဟာ E-Visa Extension ထက်လည်း အကုန်အကျ ပိုမိုသက်သာပါတယ်။ ဒါဆိုရင်တော့ Tourist Visa Extension 30 Days ကို ကိုယ်တိုင် Walk-In Visa Extension တိုးနိုင်မယ့် နည်းလမ်းကို သဘောပေါက်ပြီလို့ ယူဆပါတယ်။ အသေးစိတ်ကိုလည်း ဆော့ဝဲလ်ထဲမှာညွှန်ပြထားပါသေးတယ်။ Thailand Nomad Guide ဆော့ဝဲလ်လေးကိုဒေါင်းထားပါ။ ဆော့ဝဲလ်လင့်- https://mm.nextworm.com/archives/3254

Repost from Victor Movie Zone
ဂျပန်တစ်နိူင်ငံလုံးကို အသေးစိတ်ကြည့်လို့ရမယ့် မြေပုံပါ ဂျပန်ရောက်ရွှေမြန်မာများအတွက် ဂျပန်မှာရောက်နေပြီး ဘယ်နေရာရောက်နေလဲသိနိ
ဂျပန်တစ်နိူင်ငံလုံးကို အသေးစိတ်ကြည့်လို့ရမယ့် မြေပုံပါ ဂျပန်ရောက်ရွှေမြန်မာများအတွက် ဂျပန်မှာရောက်နေပြီး ဘယ်နေရာရောက်နေလဲသိနိုင်ဖို့ ဂျပန်တစ်နိုင်ငံလုံးကို လမ်းကြိုလမ်းကြား၊ကားမှတ်တိုင် ၊ ရထားဘူတာ ၊ ဟိုတယ်၊ တည်းခိုခန်း ၊အထင်ကရ နေရာ တွေကို Zoom ဆွဲကြည့်နိုင်တဲ့အပြင် မြေပုံမှာ ရုပ်ထွက်ကို အထူးပြည့်စုံအောင် ဖန်တီးထားတာကြောင့် ဝါးသွားခြင်းမရှိပဲ ကြည်လင်ပြတ်သားခြင်း ကိုယ်ရောက်နေတဲ့ နေရာကို လည်း အလွယ်တကူမှတ်သားရှာဖွေနိုင်ပြီး Offline အနေနဲ့ ကြည့်လို့ရမယ့် ဆော့ဝဲကောင်းလေးကို မျှဝေပေးလိုက်ပါတယ်ဗျ။ မိတ်ဆွေအနေနဲ့ အခုမှဂျပန်ကို စရောက်တယ်ဆိုရင် တော့ ဒီဆော့ဝဲလေးက မိတ်ဆွေကို အထောက်အကူပြု စေမယ့် မိတ်ဆွေကောင်း App လေးတစ်ခုပါဗျ၊ အားလုံးလိုရာပန်းတိုင် အမြန်ဆုံးရောက်နိုင်ကြပါစေ၊ ဆော့ဝဲလ်လင့် For Android - https://mm.nextworm.com/archives/3030 For IOS - https://mm.nextworm.com/archives/3032

Repost from Victor Movie Zone
မလေးရှားရောက်ရွှေမြန်မာများ ဒီဆော့ဝဲလ်ရှိရင် ရထားမစီးတတ်စရာအကြောင်းမရှိတော့ဘူး မလေးရှားမှာ ရထားစီးဖိုအတွက် ရထားလမ်းပြမြေပုံဆေ
မလေးရှားရောက်ရွှေမြန်မာများ ဒီဆော့ဝဲလ်ရှိရင် ရထားမစီးတတ်စရာအကြောင်းမရှိတော့ဘူး မလေးရှားမှာ ရထားစီးဖိုအတွက် ရထားလမ်းပြမြေပုံဆော့ဝဲတစ်ခု တော့လိုအပ်ပါတယ်။ Bus ကားကတော့ ကဒ်ရှိမှာ စီးလိုရမှာဖြစ်ပြီး ရထားကတော့ ရထားဘူတာမှာ ကဒ်လုပ်ပြီးစီးနိုင်သလို ရထားလတ်မှတ်ဝယ်ပြီးလည်းစီးနိုင်ပါတယ်။( ရထားနဲ့ဆို အတော်လေး ပိုက်ဆံကုန်သက်သာပါတယ် ) ဒီဆော့ဝဲကို ဆောင်ထားလိုက်မယ်ဆိုရင် ကိုယ်သွားချင်တဲ့ ခရီးကို ထောက်လိုက်တာနဲ့ ဘယ်ဘူတာကနေပြီးတော့ စီးရမယ် စသည်ဖြင့် ပြပေးပါတယ်။မလိုအပ်ပဲနဲ့ ငွေကုန်ကြေးကျ မများပဲ ခရီးရောက်မယ့်အထောက်ကူပြု ဆော့ဝဲဖြစ်တာကြောင့် မလေးက ရွှေမြန်မာတွေအနေနဲ့ ဆောင်ထားသင့်ပါတယ်။ ရထားမြေပုံဆော့ဝဲ ‌ရယူရန် နှိပ်ပါ - For Android - https://mm.nextworm.com/archives/2884 For IOS -https://mm.nextworm.com/archives/2889

အိမ်ငှားခ‌ဈေးတက်သွားလို ဂေဟာမှာပြောင်းနေတဲ့ ရှီချီး . အပိုင်း ( ၁ ကနေ ၅ ထိ ကြည့်လိုရပါပြီနော် ) ( Group ကို Join ပြီး အခမဲ့ကြ
အိမ်ငှားခ‌ဈေးတက်သွားလို ဂေဟာမှာပြောင်းနေတဲ့ ရှီချီး . အပိုင်း ( ၁ ကနေ ၅ ထိ ကြည့်လိုရပါပြီနော် ) ( Group ကို Join ပြီး အခမဲ့ကြည့်ရှုနိုင်ပါတယ် ) Join ရန်လင့် - https://t.me/yoyarVegas/203 ......................................................... တစ်ခြားသော ရှီချီးဇာတ်လမ်းပေါင်းများစွာကိုလဲ Facebook မှာလည်းကြည့်လိုရပါပြီနော် 👇👇👇 ( https://web.facebook.com/profile.php?id=61555713030394&_rdc=10&_rdr ) ..........................................................................................................

Meta Performance Bonus ပိုရအောင် ဘယ်လိုလုပ်မလဲ? Meta က Professional Profile Mode နဲ့ Page တွေအတွက် Performance Bonus Program
Meta Performance Bonus ပိုရအောင် ဘယ်လိုလုပ်မလဲ? Meta က Professional Profile Mode နဲ့ Page တွေအတွက် Performance Bonus Program ကို Region အလိုက် စပြီး ဖွင့်ပေးခဲ့တာ မတ်လ အလယ်လောက်ထဲက ဖြစ်ပါတယ်။ Performance Bonus ရဲ့ Pay rate တွေကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူဘဲ အစပိုင်းမှာ အရမ်းနည်းလွန်းတာဖြစ်လို့ အချို့ကလည်း စိတ်မဝင်စားကြပါဘူး။ ဒါပေမယ့် Performance Bonus ကလည်း Trick လေးတွေရှိပါသေးတယ်။ Original Content ရေးသားဖန်တီးသူတွေဆိုရင်တော့ ၂ပတ် သို့မဟုတ် တစ်လ ဝန်းကျင်ခန့်ဆိုရင် Bonus Rate ကို ဆပွားစနစ်နဲ့ တိုးပေးပါတယ်။ ဆပွားစနစ်ဆိုတာ အရင်ထက် ပေးတဲ့ Rate ထက် 2x, 4x စသဖြင့် ဖြစ်ပါတယ်။ ဒါကြောင့် အစပိုင်းမှာ rate အရမ်းနည်းပေမယ့် Original Content ဆိုရင်တော့ နောက်ပိုင်းမှာ Bonus Rate များလာမှာ ဖြစ်ပါတယ်။ Bonus ရရခြင်းမှာတော့ ပေးတာ အရမ်းနည်းတာ မှန်ပါတယ်။ ဒါပေမယ့် Original Content ကိုဘဲ ပုံမှန်တင်ဖြစ်နေရင်တော့ နောက်ပိုင်းမှာ အခုပုံမှာ ပြထားသလိုဘဲ 2x, 4X တွေ ပေးပါလိမ့်မယ်။ ပိုစ့်တစ်ပုဒ်ထဲနဲ့ $200 နီးပါးလည်း ဖြစ်နိုင်သလို ပိုစ့် ၁၀ ပုဒ်ရေးမှ တစ်ပုဒ် $1 မပြည့်တာလည်း ဖြစ်နိုင်ပါတယ်။ အခု ရထားသလောက်နဲ့ စမ်းသပ်ထားသလောက် ဒေတာအရဆိုရင် အင်တာနက်က ဒေါင်းလုပ်ထားတဲ့ပုံမဟုတ်ဘဲ ကိုယ်တိုင်ဖန်တီးထားတဲ့ ပုံတွေ၊ ကိုယ်တိုင်ရိုက်ထားတဲ့ပုံတွေမှာ Bonus ပိုများနေပါသေးတယ်။ အဓိကကတော့ Original Content အပေါ်မှာဘဲ အာရုံစိုက်ဖန်တီးမယ်ဆိုရင် 2X, 4X Bonus ရနိုင်တယ်ဆိုတာပါဘဲ။ လက်ရှိ တင်နေတဲ့ reach + engagement မှာ $10 ဆိုပါတော့။ အကယ်၍ 2x performance ရမယ်ဆိုရင် ယခင် engagement အတိုင်းနဲ့ဘဲတွက်မယ်ဆိုရင် $20 ဖြစ်သွားနိုင်ပြီး 4X offer ရခဲ့မယ်ဆိုရင်တော့ $40 ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Meta Performance Bonus ရဲ့ Rate အနည်းအများဆိုတာ Original Content အပေါ်ဘဲ မူတည်ပြီး ပေးတာဖြစ်လို့ လက်ရှိ 1x bonus ဘဲ ရနေသူများအနေနဲ့ ဒီထက်ပိုကောင်းတဲ့ ဆပွား Bonus ကို ရဖို့အတွက် Origianl Content ကိုသာ ဆက်လက်အားထုတ်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အားလုံးသိချင်နေတဲ့ Performance Bonus ရဲ့ပေးပုံ ပေးနည်းလေးအကြောင်းကို သဘောပေါက်ပြီထင်ပါတယ်။ အားလုံးဘဲ Original Content တွေ ဖန်တီးရင်း 2x, 4x, 6x တွေ ရကြပါစေ... 👌👌👌

ထိုင်းမှာ Developer လုပ်မယ်ဆိုရင် Skill ကို Senior Level အထိ မြှင့်ထားပါ။ (Junior Level ကို မခန့်ပါ။ ခန့်မယ်ဆိုရင်တောင် သူတို့ လူမျိုးပဲ ခန့်ပါလိမ့်မယ်) Senior Level ဆိုတာ ဘယ်လိုမျိုးလဲ။ - English စာကို အတိုင်းအတာ တစ်ခုအထိ ပြောနိုင်ဖို့လိုပါတယ်။ အဓိက အားဖြင့် ငြင်းနိုင်ခုန်နိုင်တဲ့ အဆင့်အထိ ရှိဖို့ လိုပါတယ်။ ထိုင်းစာပါ တတ်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ထိုင်းစာဆိုရင်လဲ ငြင်းနိုင်ခုန်နိုင်တဲ့ အဆင့်အထိ ပြောနိုင်ဖို့ လိုပါတယ်။ (ငြင်းနိုင်ခုန်နိုင်တဲ့အဆင့်အထိ မတတ်ဘူးဆိုရင်တော့ သူတို့ပြောသမျှ ဘာမှပြန်မပြောပဲ Yes, I can လောက်နဲ့ ပြီးနေပါလိမ့်မယ်) - အမှန်တကယ် လည်ပတ်နေတဲ့ Business Application Development ထဲမှာ အနည်းဆုံး တစ်နှစ် နှစ်နှစ်လောက် ဝင်ရေးဖူးဖို့ လိုပါတယ်။ အဲဒီ Business Application တွေကလဲ တော်ရိရော်ရိတွေ​ ဖြစ်လို့မရပါဘူး။ အဲဒီလို မရေးဖူးဘူးဆိုရင်လဲ Portfolio တစ်ခုအနေနဲ့ Application တွေကို အစအဆုံး ရေးဖူးထားဖို့လိုပါတယ်။ အဲဒါလဲ တော်ရီရော်ရိ ဖြစ်လို့မရပါဘူး။ - Concept Level အထိ တတ်ထားဖို့ လိုပါတယ်။ လက်တွေ့ Application​ တွေမှာလဲ​ အသုံးချဖူးဖို့ လိုပါတယ်။ တစ်ချို့ Concept တွေဆိုတာ ဓားနဲ့လက် တစ်သားတည်း ကျသလို ထမင်းစားရေသောက် ဖြစ်နေဖို့ လိုပါတယ်။ - Code Test တွေကို ဖြေနိုင်ဖို့ လိုပါတယ်။ ကိုယ်ရေးလိုက်တဲ့ ကုဒ်က ဘယ်လောက်အထိ စဉ်းစားပြီး ဖြေထားလဲဆိုတာ မေးတဲ့သူက ကြည့်လိုက်တာနဲ့ တန်းသိပါတယ်။ အဲဒီ Code Test တွေမှာတင် ဒီလူက ဘယ်အဆင့်ဆိုတာ တန်းပြီး သိပြီးသားပါ။ Senior Level ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာလဲ အဖြေထွက်ပြီးသား ဖြစ်ပါတယ်။ အခုလက်ရှိအနေအထားကတော့ Layoff တွေများနေပါတယ်။ များနေပါတယ်ဆိုတာ အတော့်ကို များပါတယ်။ အဲဒီ Layoff အလုပ်ခံရတဲ့သူတွေက မတော်လို့ မတတ်လို့ မဟုတ်ပါဘူး။ အခုမှ ဝင်လာမယ့် သူတွေအနေနဲ့ သူတို့တွေ ကိုယ့်ရှေ့မှာ ရှိနေမယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။ အဲဒီအပြင် စုပုံပြီး တိုးနေကြတယ်ဆိုတာလဲ သတိပြုဖို့ လိုပါတယ်။ ဒါပေမယ့် ထိုင်းက အိုင်တီ Business ကို ကောင်းကောင်း နားလည်ပုံရပါတယ်။ အဲဒီအခွင့်အလမ်းကိုလဲ ဘယ်လို ဖမ်းဆုတ်ရမလဲဆိုတာ ကောင်းကောင်း သိပုံရပါတယ်။ တစ်နှစ်လောက် အတွင်းမှာ ပြန်ပြီး အရှိန်ပြန်ကောင်းလာမယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါကတော့ ကျွန်တော် မြင်သလောက် ရေးပေးတာပါ။

ကိုယ်ချစ်မိတဲ့သူက ကိုယ့်အစ်ကိုဖြစ်နေသောအခါ . အပိုင်း ( ၁ ကနေ ၅ ထိ ကြည့်လိုရပါပြီနော် ) ( Group ကို Join ပြီး အခမဲ့ကြည့်ရှုနို
ကိုယ်ချစ်မိတဲ့သူက ကိုယ့်အစ်ကိုဖြစ်နေသောအခါ . အပိုင်း ( ၁ ကနေ ၅ ထိ ကြည့်လိုရပါပြီနော် ) ( Group ကို Join ပြီး အခမဲ့ကြည့်ရှုနိုင်ပါတယ် ) Join ရန်လင့် - https://t.me/+BPfSYmEfl4AzYmI1 ......................................................... တစ်ခြားသော ရှီချီးဇာတ်လမ်းပေါင်းများစွာကိုလဲ Facebook မှာလည်းကြည့်လိုရပါပြီနော် 👇👇👇 ( https://web.facebook.com/profile.php?id=61555713030394&_rdc=10&_rdr ) ..........................................................................................................

ထိုင်းဆင်းကဒ်သုံးသူတိုင်း ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်များ 📶 ✅ DTAC ၊ AIS ကိုင်ဆောင်သူများ ကိုယ်အသုံးပြုတဲ့ဆင်းကဒ်ရဲ့ဆော့ဝဲလ်ကို
ထိုင်းဆင်းကဒ်သုံးသူတိုင်း ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်များ 📶 ✅ DTAC ၊ AIS ကိုင်ဆောင်သူများ ကိုယ်အသုံးပြုတဲ့ဆင်းကဒ်ရဲ့ဆော့ဝဲလ်ကို ဆောင်ထားသင့်ပါတယ်။ ဒီဆော့ဝဲလ်မှာ ဖုန်းဘေချေးတာ ၊ ဖုန်းစမတ်တာ ၊ အင်တာနက်စမတ်တာတွေပြုလုပ်နိုင်တဲ့အပြင် မြန်မာပြည်ဖုန်းခေါ်နည်းတွေဘေလွဲနည်းတွေ လစဉ် Bonus တွေ Points တွေလည်း free ရယူနိုင်ပါတယ်။ ဆင်းကဒ်နဲ့ပတ်သတ်တဲ့ အခြားအသုံးပြုနိုင်တာတွေလည်းရှိသေးတာမို့ မရှိသေးတဲ့သူများဆောင်ထားသင့်ပါတယ်။ Dtac ဒီမှာဒေါင်းယူပါ - https://mm.nextworm.com/archives/3113 Dtac IOS ဒီမှာဒေါင်းယူပါ - https://mm.nextworm.com/archives/3115 AIS ဒီမှာဒေါင်းယူပါ - https://mm.nextworm.com/archives/3124 AIS IOS ဒီမှာဒေါင်းယူပါ - https://mm.nextworm.com/archives/3126 ထိုင်းရောက်ရွှေမြန်မာများ အစစအရာရာ အဆင်ပြေကြပါစေ။

Practice make perfect လို့ပြောကြပေမယ့် Perfect ဆိုတာကြီးက ရှိကိုမရှိနေဘူး Practice များများလုပ်ရင် အရင်ဆုံး presentable သူများကို ဘာလုပ်နိုင်လဲဆိုတာပြလာနိုင်မယ် နောက်တစ်ဆင့်အနေနဲ့ profession အချိန်မရွေးနေရာမရွေး skill ကိုသုံးတတ်လာမယ် နောက်ဆုံးအနေနဲ့ Mastery level ရောက်သွားဖို့ပဲရှိတယ် လေ့ကျင့်သင်ကြားပြီး တစ်ခုခုကို ပြီးဆုံးအောင်လုပ်နိုင်တဲ့သူဖြစ်ဖို့ကအရေးကြီးတယ် ✌🏻

အမေရိကန် Asylum အကြောင်း ရောက်တတ်ရာရာ (၈) **************************************************** ✅EAD လျှောက်ထားတာ Approved လဲ
အမေရိကန် Asylum အကြောင်း ရောက်တတ်ရာရာ (၈) **************************************************** ✅EAD လျှောက်ထားတာ Approved လဲ ဖြစ်နေပီ ကဒ်က ရောက်မလာသေးဘူး ဘယ်လို ဖြစ်တာလဲ ? EAD Approved ဖြစ်တဲ့နောက်မှာ Status က တဆင့်ချင်းစီ ပြောင်းပါတယ် Approve ဖြစ်ပြီးတဲ့နောက်မှာ Card was produced ဆိုပြီး ပြောင်းပါတယ် ကိုယ်ရဲ့ case ဝင်ကြည့်တဲ့ အချိန် Case approve ပဲ ပြနေသေးတယ်ဆိုရင် Card Produce ဖြစ်တဲ့ အဆင့် ရယ် Card Was Delivered ဖြစ်တဲ့ အချိန်ရယ်စောင့်ရပါအုံးမယ်။ ဒါက ပုံမှန် Process ဖြစ်လို့ စိတ်ပူစရာ မရှိပါဘူး စိတ်ရှည် လက်ရှည်နဲ့ စောင့်နေလိုက်ပါ။ ✅Case approve ကနေ Card was produced ဖြစ်တဲ့ အချိန်ဟာ တခါတရံ့ တပတ်လောက်ကြာတတ်ပြိး တခါတရံ ၂ ပတ်ဝန်းကျင် ကြာသွားတတ်တာမျိုးရှိတတ်ပါတယ်၊ Card Was Produced ကနေ Card was Delivered ဆိုတဲ့ ပို့လိုက်တဲ့ အဆင့်ကတော့ တပတ် ဝန်းကျင်လောက်ကြာတတ်ပါတယ်။ ✅Card was delivered ဆိုတဲ့ အဆင့် ရောက်ရင်တော့ Status မှာ USPS Tracking number ပါ တခါထဲ ထည့်‌ပေးထားလို့ ဘယ်ရက်ရောက်မယ်ဆိုတာ ကြည့်နိုင်ပါတယ်။ ကြာသင့်တာထက် ပိုကြာနေတယ်ဆို ရင် USPS Tracking မှာလဲ Delivered လို့ ပြထားတယ် ကဒ်က mailbox ထဲမှာ မရှိဘူးဆိုရင်တော့ မိမိအိမ်က တယောက်ယောက်က စာအိတ်ယူထားမိသလား သေချာ မေးရပါမယ်။ ✅အိမ်သားတွေလဲ ယူတာ မရှိဘူး ကဒ်ကလဲ ရောက်မလာဘူး USPS Tracking မှာလဲ Delivered လို့ ပြနေတယ်ဆိုရင် USCIS Call center ကို ခေါ်ပြီး ကဒ်ရောက်မလာတဲ့ အကြောင်းကို။ ချက်ချင်း အကြောင်းကြားရပါမယ်။

🌏 CNN ကဓာတ်ပုံဆရာ Anil Prabhakar ဟာအင်ဒိုနီးရှားတောအုပ်ထဲမှာ လွန်ခဲ့ တဲ့ ၂နှစ်က ဓာတ်ပုံတစ်ပုံ ရိုက်ခဲ့တယ်။ ရွှံ့ရေကန်ထဲ ပြုတ
🌏 CNN ကဓာတ်ပုံဆရာ Anil Prabhakar ဟာအင်ဒိုနီးရှားတောအုပ်ထဲမှာ လွန်ခဲ့ တဲ့ ၂နှစ်က ဓာတ်ပုံတစ်ပုံ ရိုက်ခဲ့တယ်။ ရွှံ့ရေကန်ထဲ ပြုတ်ကျ သွားတဲ့ ဘူမိဗေဒပညာရှင်တစ်ဦး ကို ကူညီ ဖို့ သူ့ရဲ့လက်ကို ဆန့်ထုတ် ပေးတဲ့လူဝံကြီးတစ်ကောင်ရဲ့ (လက်ရှိမှာ မျိုးတုန်းဖို့ ခြိမ်းခြောက်ခံနေရ)ပုံ ပါ။ ဓာတ်ပုံဆရာက📷 အဲသည့်ဓာတ်ပုံကို စာတန်းတစ်ခု ထိုးပြီးတင်လိုက်တယ် ... 💥'' လူတွေရဲ့လူသားဆန်မူ့ ကျင့်ဝတ်တွေမရှိတော့တဲ့အချိန်မှာ..တိရစ္ဆာန်တွေက ဦးဆောင်ပြီး လူ့ကျင့်ဝတ်တွေကို လမ်းပြသွားလိမ့်မယ် "💥 မူးမြင့်အောင် ၇ မေ ၂၀၂၄ Credit@🌏

စကားပြောတတ်ဖိုသင်ယူရတာ ၂ နှစ်ပဲကြာခဲ့တယ် ပါးစပ်ပိတ်ပြီး စကားမပြောဖြစ်အောင် နေဖိုသင်တာတော့ နှစ် ၆၀ ကြာသွားတယ် - Ernest Hemingw
စကားပြောတတ်ဖိုသင်ယူရတာ ၂ နှစ်ပဲကြာခဲ့တယ် ပါးစပ်ပိတ်ပြီး စကားမပြောဖြစ်အောင် နေဖိုသင်တာတော့ နှစ် ၆၀ ကြာသွားတယ် - Ernest Hemingway

80/20 rules ကိုလက်တွေ့ဘဝမှာ ဘယ်လိုအသုံးချလဲဆိုတော့ 🟡 ကျန်းမာရေး ၈၀% သော focus ကို ကိုယ်ဘာတွေစားသောက်သလဲ ဘယ်လိုအချိန်တွေ စားသလဲပေါ်မှာထားတယ်။ ကျန်တဲ့ ၂၀% ကိုသာ အားကစားလုပ်တဲ့ ပေါ်မှာထားတယ်။ ဇွတ်တွေ အားကစားလုပ်ပြီး ဝိတ်မတက်ဘူး ဝိတ်မကျဘူးဆိုတာ အစားအသောက်ပုံမှားနေလို့။ 🟡 လူမှုဆက်ဆံရေး ဆက်ဆံရေးကောင်းမွန်တဲ့သူတွေကြည့်ရင် သေချာဂရုတစိုက်နားထောင်ပြီးမှ ပြောတဲ့သူတွေများတယ်။ ဒါကြောင့် ၈၀% နားထောင် ၂၀% ပဲပြန်ပြော။ အများကြီးပြောတဲ့သူက သိပြီးသားတွေပဲအပ်ကြောင်းထပ်တယ် အသစ်သိပ်မသိရဘူး 🟡 Relationship အပေးအယူမျှရင် RS တွေက ပိုတည်မြဲတယ်ပြောတယ်။ တချို့က ကိုယ်က အပြည့်ပေး ဘာမှ မမျှော်လင့်နဲ့ပြောတယ်။ ယူကြီးပဲနေရတဲ့ ဘက်ကိုနေကြည့် သိမ်ငယ်စေတယ်။ ပေးကြီးပဲနေရင်လဲ ပင်ပန်းတယ်။ ၅၀/၅၀ ဆိုရင်လဲ အမြဲတွက်ချက်နေရတာနဲ့ အဆင်မပြေဘူ။ ကိုယ့်ဘက်က ၈၀% ပေး သူပြန်ပေးတာကိုလဲ ၂၀% လက်ခံ။ ၂ ယောက်လုံးက အဲ့လိုစိတ်ရှိရင် ၂ ယောက်လုံးပျော်ရတယ် 🟡 အောင်မြင်မှု အိမ်မက်တွေကြီးနေယုံနဲ့ မပြီးဘူး လက်တွေ့ကြိုးစားအားထုတ်မှလဲရတယ်။ အိမ်မက်ကို ၂၀% လောက်မက်ပြီး ကြိုးစားအားထုတ်မှုကို ၈၀% လောက်ထားနိုင်မှ အိမ်မက်ကနေ result မြင်လာလိမ့်မယ် 🟡 ကိုယ်ရည်ကိုယ်သွေး သင်ယူနေတာနဲ့တိုင်ပတ်နေလို့မရဘူး လက်တွေ့လုပ်ဖို့လိုတယ် သင်ယူမှုက် လက်တွေ့ကို အားစိုက်နိုင်မှကို အတွေ့အကြုံနဲ့ result ကိုမြင်နိုင်မယ်။ ၂၀% သင်ယူ ၈၀% ကိုလက်တွေ့ချ ။ အလုပ်မဖြစ်တာတွေကို ပယ် အလုပ်ဖြစ်တာတွေ များများလုပ်

နေ့ရက်တိုင်းက စာမေးပွဲတွေကြီးပဲ ကိုယ့်ရဲ့ ယုံကြည်မှုတွေ ကိုယ့်ရဲ့ သီလနဲ့ သမာဓိတွေ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ်က ဘယ်လိုလူဆိုတာကို အချိန်တိုင်း test လုပ်ခံနေရတာပါပဲ ဉာဏ်နဲမိရင် ရွေးချယ်မှုအမှားတွေကနေတဆင့် ရလဒ်ဆိုးတွေ အဖြစ်ဆိုးတွေနဲ့ကြုံရနိုင်တယ် အချိန်တိုင်း သတိလေးကပ်ပြီးနေနိုင်မှ တော်ရုံကျမယ်မိတ်ဆွေ @thelapyae

ဖုန်းပြောတဲ့အခါ အရေးကြီးစကားတွေကို အသံဖမ်းယူ ထားနည်း။
+3
ဖုန်းပြောတဲ့အခါ အရေးကြီးစကားတွေကို အသံဖမ်းယူ ထားနည်း။

မလေးရှားမှာ ဒီဆော့ဝဲကို သုံးမယ်ဆိုရင် လိုင်းကားမစီးတတ်စရာအကြောင်းမရှိပါဘူး။ ဒီဆော့ဝဲရဲ့ အားသာချက်ကတော့ မလေးရှားနိုင်ငံတွင်းက
မလေးရှားမှာ ဒီဆော့ဝဲကို သုံးမယ်ဆိုရင် လိုင်းကားမစီးတတ်စရာအကြောင်းမရှိပါဘူး။ ဒီဆော့ဝဲရဲ့ အားသာချက်ကတော့ မလေးရှားနိုင်ငံတွင်းက ကားလမ်းကြောင်းတွေ ရထားလမ်းကြောင်းတွေကိုပါ တစ်ပါတည်းပြထားတာ ဖြစ်ပါတယ်။ ကိုယ်သွားမယ့်နေရာကိုထောက်လိုက်ရုံနဲ့ ဘယ်ချိန်မှာ ဘယ်လိုင်းကားလာမယ်၊ ဘယ်လိုင်းကားက ဘယ်ကိုရောက်လဲကအစ အသေးစိတ်ပြပေးထားပါတယ်။ မလေးရှားကို လာရောက်လည်ပတ်တဲ့လူတွေ သုံးကြတဲ့ ဆော့ဝဲတွေထဲမှာ Top Tenစရင်းဝင် ဆော့ဝဲဖြစ်တာကြောင့် သုံးတတ်သလိုအကျိုးရှိမှာ ဖြစ်ပါတယ်။ မလေးမှာ ငွေအများကြီး ရှာကာ အိမ်ပိုနိုင်ကြပါစေနော်။ ဆော့ဝဲကို ဒီမှာဒေါင်းယူပါ - https://mm.nextworm.com/archives/2113 နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023

Repost from V Tech Guide
မလေးရှားမှာရှိတဲ့ Wifi တွေကို free ချိတ်ဆက်အသုံးပြုလိုရမယ့်ဆော့ဝဲလ် PW မသိလည်း ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် မလေးရောက်ရွှေမြ
မလေးရှားမှာရှိတဲ့ Wifi တွေကို free ချိတ်ဆက်အသုံးပြုလိုရမယ့်ဆော့ဝဲလ် PW မသိလည်း ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် မလေးရောက်ရွှေမြန်မာများ ကုန်ကျစရိတ်သက်သာစေရန်မျှဝေလိုက်ပါတယ်။ ဆော့ဝဲလ်လင့် For Android - https://mm.nextworm.com/archives/3380 For IOS - https://mm.nextworm.com/archives/3384 နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023

ကိုယ်ကယ်တင်ထားမိတဲ့ကောင်လေးက ကိုယ့်ရဲ့အလုပ်ရှင်ဖြစ်လာသောအခါ . ( ထွက်ထားတဲ့အထိ ) . အပိုင်း ( ၁ ကနေ ၅ ထိ ကြည့်လိုရပါပြီနော် ) .
ကိုယ်ကယ်တင်ထားမိတဲ့ကောင်လေးက ကိုယ့်ရဲ့အလုပ်ရှင်ဖြစ်လာသောအခါ . ( ထွက်ထားတဲ့အထိ ) . အပိုင်း ( ၁ ကနေ ၅ ထိ ကြည့်လိုရပါပြီနော် ) . ( Group ကို Join ပြီး အခမဲ့ကြည့်ရှုနိုင်ပါတယ် ) . Join ရန်လင့် - https://t.me/+xZ_dEcb0PNoyMDhl ......................................................... တစ်ခြားသော ရှီချီးဇာတ်လမ်းပေါင်းများစွာကိုလဲ Facebook မှာလည်းကြည့်လိုရပါပြီနော် 👇👇👇 ( https://web.facebook.com/profile.php?id=61555713030394&_rdc=10&_rdr ) ..........................................................................................................

ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်က မြန်မာပြည်ရဲ့ အကြီးဆုံးဂူဖြစ်တဲ့ ကျောက်ခေတ်လူသားများ နေထိုင်ခဲ့ရာ ပြဒါးလင်းဂူ သို့ ကျောက်
+5
ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်က မြန်မာပြည်ရဲ့ အကြီးဆုံးဂူဖြစ်တဲ့ ကျောက်ခေတ်လူသားများ နေထိုင်ခဲ့ရာ ပြဒါးလင်းဂူ သို့ ကျောက်ခတ်ပန်းဆွဲတွေပေါ်ကို အလင်းကျတဲ့အခါ ပြဒါးကဲ့သို့အရောင်တွေ တလက်လက်နဲ့ဖြစ်နေတဲ့ သဘာဝထုံးကျောက်ဂူ... ဂူရဲ့အကျယ်ဆုံးနေရာ ပေ ၃၀၀ခန့် အမြင့်မှာ ပေ၉၀ခန့် ... Photo by Than Zaw Htoo

ခဏခဏ ကိုယ့်ကိုယ်ကို သတိပေးတဲ့စကားထဲမှာ "မင်းဒီနေရာကိုရောက်အောင်လုပ်ခဲ့တဲ့ ကြိုးစားအားထုတ်မှု၊ စဉ်းစားတဲ့ပုံစံ ၊ လုပ်နေတဲ့ အမူအကျင့်နဲ့တော့ မင်းဒီထက်ပိုကောင်းတဲ့နေရာကို ရောက်လာစရာအကြောင်းမရှိဘူး" ဆိုတာက ထိပ်ဆုံးကပါတယ် ပြောင်းလဲမှုတွေလုပ်မှ ပြောင်းလဲတဲ့ ရလဒ်ဆိုတာ ရောက်လာတာမဟုတ်လားဗျ