6 260
订阅者
-624 小时
-197 天
-1630 天
帖子存档
လူဖြစ်တဲ့ အတွက် စိတ်ဓာတ်ကျတဲ့အချိန်တွေရှိမယ်။
လမ်းပျောက်တဲ့ အချိန်တွေရှိမယ်။
ချစ်ရတဲ့ သူတွေဆုံးရှုံးလိုက်ရတဲ့ အချိန်တွေရှိမယ်။
စီးပွါးရေးတွေ ဆုံးရှုံးသွား တဲ့ အချိန်တွေရှိမယ်။
သစ္စာဖောက်ခံရတဲ့ အချိန်တွေရှိမယ်။
အရာအားလုံး ဆုံးရှုံး သွားတဲ့ အချိန်တွေ ရှိမယ်။
ထုတ်ပြောတာနဲ့ မပြောတာပဲ ကွာတယ်။
ကြုံတာတော့ တစ်ခုမဟုတ် တစ်ခု ကြုံကြရမှာပဲ။
ကြုံလာခဲ့ရင် ဝမ်းနည်းပက်လက်ဖြစ်လို့ရတယ်။
ဒါပေမယ့် ဝမ်းနည်းလျှက် ရှေ့ဆက်နေရမယ်။
လုပ်စရာရှိတာလုပ်ရင်း ရှေ့ဆက်နေရမယ်။
အတိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေတဲ့သူတွေက
အောင်မြင်ဖို့ခက်တယ်။
အတိတ်ကို ထားခဲ့ပြီး ပစ္စုပန်ကို အာရုံစိုက်တဲ့သူတွေကပဲ
အောင်မြင်သွားကြတာပါ။#crd
ပညာသားပါပါ စကားပြောနည်း
-------------------------------------
အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။
အရေးမကြီးသည့်ကိစ္စ - ဟာသနှော၍ ပြောပါ။
မပိုင်နိုင်သောကိစ္စ - ဆင်ဆင်ခြင်ခြင် ပြောပါ။
ပိုင်နိုင်သောကိစ္စ - အကိုးအကားနှင့် ပြောပါ။
ပျော်ရွှင်ဖွယ်ကိစ္စ - အချိန်နှင့် အခါကို ကြည့်ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ - လူနှင့် နေရာကို ကြည့်ပြောပါ။
သူတစ်ပါးကိစ္စ - သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ - သူများပြောတာ နားထောင်ပါ။
မဖြစ်ပျက်သေးသည့်ကိစ္စ - လက်လွတ်စပယ်မပြောသင့်။
မလုပ်နိုင်သေးသည့်ကိစ္စ - ကတိလွယ်လွယ်မပေးသင့်။
အကျိုးယု၊တ်မည့်ကိစ္စ - လုံးဝမပြောသင့်။
မသိနိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မဖြစ်နိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မကူနိုင်သည့်ကိစ္စ - လမ်းပြပါ။
မတတ်နိုင်သည့်ကိစ္စ - အရှုံ၊းပေးပါ။
သူတစ်ပါးစကားမှားသော် - ဖော့ပေးပါ။
မိမိစကားမှားသော် - ထောက်ခိုင်းပါ။
သူတစ်ပါးစကားလမ်းလွဲသော် - ပြန်တည့်ပေးပါ။
မိမိစကားလမ်းလွဲသော် - တောင်းပန်ပါ
#foryoupageシforyou #foryoupagereels #foryoupageシ #စာအုပ်စာပေလူ့မိတ်ဆွေ #စာပေ #foodlover #credit #funny #Amazing #crd
❝ တစ်ဘဝ တစ်ခါ ❞
တစ်သက်မှာတစ်ခါပဲရတဲ့အခွင့်အရေးနဲ့
မင်းကို ငါချစ်တယ် …
ဒါဟာဝဋ်ကြွေးတစ်ခုဆိုရင်
အဲ့ဒီဝဋ်ကြွေးကို ငါကျေနပ်တယ်။
ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ …
ဘဝမှာတစ်ခါပဲရွေးချယ်ခွင့်ရှိရင်တောင်
မင်းရှိရာအရပ်ကို ငါရွေးမယ်။
ငါ့ရဲ့ရွေးချယ်မှု လွဲမှားခဲ့ရင် …
ကမ္ဘာကြီးက ပြောင်းလဲခဲ့ရင် …
မေတ္တာတရားက ကျောသား၊ ရင်သားခွဲခြားခဲ့ရင် …
ငါတို့ဟာ မဆုံနိုင်တဲ့မျဉ်းဖြောင့်နှစ်ကြောင်းဖြစ်ခဲ့ရင် …
နောင်တမရှိဘဲ ငါရှင်သန်နိုင်တယ်။
မင်းရဲ့ အမည်နာမက
ငါ့ရဲ့နေ့စဉ်သုံးဘာသာစကား …
မျှော်လင့်မထားဘဲ သတိရတတ်သွားတာ
ငါ့ရဲ့ အမူအကျင့် …
နတ်ပြည်နဲ့ ငရဲ
ဘယ်အရာကိုရွေးမလဲလို့မေးခဲ့ရင် …
မင်းဘယ်မှာရှိမလဲလို့ ငါအရင်မေးမယ်။
ဘဝမှာတစ်ခါပဲ ချစ်ခွင့်ရမယ်ဆို …
တစ်သက်မှာတစ်ယောက်ပဲ ချစ်ခဲ့ရမယ်ဆို …
ကမ္ဘာကြီးက ပြောင်းလဲခဲ့မယ်ဆို …
မင်းကိုချစ်တဲ့စိတ်က
ဘယ်အခါမှ မပြောင်းလဲပါဘူး။
#အကြည်တော်
အဆင့်တန်းရှိရှိ အနိုင်ယူပါ
<><><><><><><><><>
🍂 မင်းကို မုန်းတဲ့သူတွေအရှေ့မှာ
ပျော်ပျော်ရွှင်ရွှင် နေပြလိုက်စမ်းပါ။
🍂 မင်းကို မနာလိုသူတွေအရှေ့မှာ
ယုံကြည်မှု့ရှိရှိ နေပြလိုက်စမ်းပါ။
🍂 မင်းကို စွန့်ခွာသွားသူအရှေ့မှာ
" အေးဆေးပါ အပြုံးမပျက်ဘူး "လို့
သိအောင် နေပြလိုက်စမ်းပါ။
🍂 မင်း မေတ္တာကို စော်ကားသွားသူအရှေ့မှာ
အေးချမ်းတည်ငြိမ်စွာ နေပြလိုက်စမ်းပါ။
🍂 မင်းကို တိုက်ခိုက်နေသူတွေအရှေ့မှာ
ပြုံးဖြစ်အောင် လှိုက်လှိုက်လှဲလှဲ
ပြုံးပြလိုက်စမ်းပါ။
🍂 မင်းကို အထင်သေးပြီး လူရာမသွင်းခဲ့တဲ့
လူတွေအရှေ့မှာ လက်မထောင်နိုင်တဲ့ ဘဝကို
ပိုင်ဆိုင်နေပြီဆိုတာ လက်တွေ့ပြလိုက်စမ်းပါ။
🍂 မင်း မကောင်းသတင်းပြောနေတဲ့
လူတွေနဲ့မျက်နှာချင်းဆိုင် တွေ့ ခဲ့ရင်
မလုံမလဲ မဝံ့မရဲ ဖြစ်မနေပါနဲ့
အေးဆေးပါဆိုတဲ့ ပုံစံနဲ့ ကြည်ဖြူစွာ
ပြုံးပြလိုက်ပါ။
🍂 မင်း ဘဝစုတ်ပြတ်သတ်သွားတာကို
မြင်ချင်သူတွေ အရှေ့မှာ
ခန့်ညားထည်ဝါစွာ တည်တည်ငြိမ်ငြိမ်
နေပြလိုက်စမ်းပါ။
🍂 အဲ့ဒါက မင်းကို မုန်းတီးနေသူတွေကို
လှလှပပ အဆင့်တန်းရှိရှိ အနိုင်ယူခြင်းပဲ။
