ရဲဝံ့စွန့်စား ပြည်ချစ်သား
前往频道在 Telegram
တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ဒီ Channel ကနေ သင်တို့အား ကြိုဆိုပါတယ်။
显示更多📈 Telegram 频道 ရဲဝံ့စွန့်စား ပြည်ချစ်သား 的分析概览
频道 ရဲဝံ့စွန့်စား ပြည်ချစ်သား (@pctmm11) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 17 402 名订阅者,在 新闻与媒体 类别中位列第 12 559,并在 缅甸 地区排名第 7 745 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 17 402 名订阅者。
根据 21 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -394,过去 24 小时变化为 -24,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 7.67%。内容发布后 24 小时内通常能获得 6.05% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 1 336 次浏览,首日通常累积 1 054 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 30。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ဒီ Channel ကနေ သင်တို့အား ကြိုဆိုပါတယ်။”
凭借高频更新(最新数据采集于 22 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。
17 402
订阅者
-2424 小时
-907 天
-39430 天
帖子存档
+1
ပြည်သူကိုဗဟိုပြုသည့် လွှတ်တော်အဖြစ် ပိုမိုပီပြင်စွာ ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြော
နေပြည်တော်၊ စက်တင်ဘာ ၂၂
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူ့လိုအပ်ချက်များကို လက်တွေ့ကျကျ ညှိနှိုင်းအဖြေရှာပေးနိုင်သည့် ပြည်သူကိုဗဟိုပြုသော လွှတ်တော်အဖြစ် ပိုမိုပီပြင်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လွှတ်တော်အနေဖြင့် ပြည်သူ့အသံကို နားထောင်သည့် လွှတ်တော်၊ နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် ဆက်စပ်၍ ပြည်သူ့အရေးများကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးသည့် လွှတ်တော်နှင့် ပြည်သူ့လိုအပ်ချက်များကို လက်တွေ့ကျကျ ညှိနှိုင်းအဖြေရှာပေးသည့် လွှတ်တော်အဖြစ် ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့။
+4
ကလေးမြို့တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ စောင့်ရှောက်မှုပေး
**
ကလေးကျန်းမာရေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာထုတ်သည့် အငြိမ်းစားများကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရပါတယ်။
ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်
🌾 လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့
“လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် လယ်ယာကဏ္ဍကို မိရိုးဖလာထုတ်လုပ်မှုစနစ်မှ ခေတ်မီ၊ ထိရောက်ပြီး ရေရှည်တည်တံ့သည့် ထုတ်လုပ်မှုစနစ်သို့ ပြောင်းလဲဖော်ဆောင်ရေး၊ ကုန်ထုတ်စွမ်းအားနှင့် ထုတ်ကုန်အရည်အသွေး မြှင့်တင်ရေးတို့ကို အလေးထားဆွေးနွေးခဲ့သည်။
🌱 လယ်ယာထွက်ကုန် → ကုန်ကြမ်း → ပြုပြင်ထုတ်လုပ်မှု → တန်ဖိုးမြှင့်ထုတ်ကုန် → စက်မှုလုပ်ငန်း → ပြည်တွင်းစားသုံးမှု → ပြည်ပပို့ကုန်
လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် ကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းတို့မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဖော်ဆောင်ကာ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆွေးနွေးခဲ့သည်။
လယ်ယာကဏ္ဍမှ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ပိုကုန်ဈေးကွက်အထိ ချိတ်ဆက်ဆောင်ရွက်ရန်လို
“လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” ဟူသည့် ရည်မှန်းချက်သည် လယ်ယာကဏ္ဍတစ်ခုတည်းကို ဖွံဖြိုးတိုးတက်စေရန်ပြောကြားခြင်းမဟုတ်ဘဲ လယ်ယာထွက်ကုန်မှ ကုန်ကြမ်း၊ ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်၊ ပိုကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ပြီး နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးကို ရည်မှန်းသည့် မူဝါဒဦးတည်ချက်တစ်ရပ်လည်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က “လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ထိုပြင် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ နည်းပညာကဏ္ဍနှင့် ဈေးကွက်ရရှိရေးတိုအကြား အပြန်အလှန်ချိတ်ဆက်မှုကို ခိုင်မာအောင် တည်ဆောက်ပြီး ယခင်တန်ဖိုးထက် ပိုမိုမြင့်မားလာအောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
+2
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ တပ်မတော်အရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား
🔸 တပ်မတော်အရာရှိကြီးများအနေဖြင့် မိမိတို့၏တပ်ဖွဲ့နှင့် သက်ဆိုင်သည့် ဘာသာရပ်များနှင့် လုပ်ငန်းများကိုလည်း Professional ကျကျ ကျွမ်းကျင်ပိုင်နိုင်အောင် အမြဲမပြတ်လေ့လာဆည်းပူးနေကြရန်လိုကြောင်း၊
🔸 ကမ္ဘာ့ရေးရာ၊ ဒေသတွင်းနှင့် နိုင်ငံရေးဆိုင်ရာတို့ကို အမြဲလေ့လာနေ၍ တပ်မတော်နှင့် မိမိတို့၏ တပ်ဖွဲ့များအတွက် အကျိုးဖြစ်စေမည့် အရာများကို စူးစမ်းလေ့လာပြီး ကြိုတင်ဆောင်ရွက်နိုင်သည့် အရာများကို အကြံပြုဆွေးနွေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
🔸သဘာဝဘေးနှင့် ပတ်သက်၍လည်း မျက်ခြေမပြတ်စောင့်ကြည့် သတိပြုရန်လိုကြောင်း၊
🔸သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဖွဲ့စည်းထားရှိရန်လိုကြောင်း။
+2
နိုင်ငံတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံသားကောင်းရတနာများဖြစ်သော ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅) မှ ပြည်သူ့စစ်မှုထမ်းများ၏ ဂုဏ်ယူဖွယ်အိမ်ပြန်ခရီးအား မိဘဆွေမျိုးမိသားစုဝင်များသာမက ဒေသခံပြည်သူလူထုကပါ ဝမ်းမြောက်ဝမ်းသာ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆို
အဖြူရောင်ရွှေစေးများမှသည် အိပ်မက်များဆီသို့
အပိုင်း(၂)
မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပသို့ ရာဘာတင်ပို့မှုအခြေအနေ
🌿 ရာဘာ — “အဖြူရောင်ရွှေ” ဟု တင်စားရသည့် အဖိုးတန်ကုန်ကြမ်း
ကမ္ဘာ့စီးပွားရေးနှင့် လူမှုဘဝများတွင် ရာဘာ သည် မရှိမဖြစ်အရေးပါသော ကုန်ကြမ်းပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။
🚗 သယ်ယူပို့ဆောင်ရေးယာဉ်များ၏ တာယာများ
🏥 ဆေးဘက်ဆိုင်ရာပစ္စည်းများ
🏭 စက်မှုလုပ်ငန်းသုံးပစ္စည်းများ
စသည့် ကဏ္ဍပေါင်းများစွာတွင် ရာဘာကို အဓိကအသုံးပြုလျက်ရှိပါတယ်။
ဒါကြောင့် “အဖြူရောင်ရွှေ” လို့ တင်စားခေါ်ဝေါ်ကြတဲ့ ရာဘာကုန်ကြမ်းကို အရည်အသွေးမြှင့်တင်ခြင်း၊ Value Added Products များအဖြစ် ထပ်မံထုတ်လုပ်ခြင်းတို့မှတစ်ဆင့် ပြည်တွင်းစီးပွားရေးတိုးတက်မှုနဲ့ လူမှုစီးပွားဘဝများကို ပိုမိုအကျိုးပြုစေနိုင်ပါတယ်။
📊 ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာဘာစုစုပေါင်း ၈၉၆.၃၃၃၃၆၇ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး၊ နိုင်ငံတော်အတွက် ပြည်ပဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁၉ ဒသမ ၈၃၉ သန်း ရှာဖွေပေးနိုင်ခဲ့ပါတယ်။
+2
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးအပ်
အကြမ်းဖက်ဖြစ်စဉ်များကြောင့် (၂)နှစ်နီးပါး ရပ်နားထားသည့် ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာများ ပြန်လည်ထုတ်ပေးနေပြီဖြစ်
+9
🎖 ဗန်းမော်မြေမှ အောင်ပွဲရ သူရဲကောင်းများ ပြန်လည်ရောက်ရှိ
▪️ ဗန်းမော်ဒေသအတွင်း KIA နှင့် PDF အကြမ်းဖက်သမားများကို ချေမှုန်းသုတ်သင်ခဲ့ပြီး အောင်ပွဲနှင့်အတူ ပြန်လည်ရောက်ရှိလာကြသည့် နိုင်ငံ့သားကောင်း သူရဲကောင်းများ
🇲🇲🕊❤️
🌾🚜လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေးဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှာကြား
-ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန် အောက်ပါအချက်များကို မှာကြားခဲ့ပါသည်-
၁။ မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများနှင့် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍတွင် လုပ်ကိုင်သူများပြားသဖြင့် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဆောင်ရွက်ကာ ကုန်ထုတ်လုပ်မှုနှင့် ကျေးလက်ဝင်ငွေ တိုးတက်စေရန် အလေးထားရန် လိုအပ်ပါကြောင်း
၂။ မိရိုးဖလာစိုက်ပျိုးရေးမှ စီးပွားဖြစ်လယ်ယာစိုက်ပျိုးရေးသို့ ကူးပြောင်းပြီး “မျိုး၊ မြေ၊ ရေ၊ နည်း” အခြေခံအချက်များ ပြည့်စုံစေရန်၊ လယ်ယာသုံးစက်ကိရိယာအသုံးပြုမှု၊ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရေးနှင့် ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးတို့ကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း
၃။ လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဆင့်ဖြင့်သာ မရောင်းချဘဲ ကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းတို့မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲရန် လိုအပ်ပါကြောင်း
၄။ ဝါကို ဝါဂွမ်း၊ ချည်၊ ချည်ထည်နှင့် အဝတ်အထည်အထိ၊ ဝါးကို စက္ကူ၊ ပရိဘောဂနှင့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များအထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖော်ဆောင်နိုင်ရေး အလေးထားရန် လိုအပ်ပါကြောင်း
၅။ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် အခြားမွေးမြူရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုစနစ်၊ အစာစရိတ်၊ နည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း
၆။ ဒေသထွက် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးလာပါက ဒေသတွင်းအလုပ်အကိုင်၊ ဝင်ငွေနှင့် စီးပွားရေးလည်ပတ်မှု တိုးတက်နိုင်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကဏ္ဍများကို တန်ဖိုးကွင်းဆက်တစ်ခုအဖြစ် ချိတ်ဆက်ဖော်ဆောင်ရန် လိုအပ်ပါကြောင်း
၇။ Digital Agriculture၊ Precision Agriculture နှင့် Artificial Intelligence နည်းပညာများကို မြေယာ၊ ရေ၊ ရာသီဥတု၊ သီးနှံနှင့် ဈေးကွက်အချက်အလက်များအပေါ် အခြေခံ၍ လက်တွေ့အသုံးချရန် လိုအပ်ပါကြောင်း
၈။ အစိုးရ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်၍ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် မူဝါဒနှင့် လုပ်ငန်းစီမံချက်များ ထွက်ပေါ်လာစေရန် ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
📶 မကြာမီကာလတွင် 5G စနစ်များ စတင်အသုံးပြုနိုင်တော့မည်
▪️ မကြာမီကာလအတွင်း 5G စနစ်များကို စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က စက်တင်ဘာ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဟံသာဝတီရုံး၌ မိုဘိုင်းတယ်လီဖုန်း အော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့။
▪️ အဆိုပါတွေ့ဆုံပွဲတွင် ရန်ကုန်မြို့ရှိ ရှုပ်ထွေးနေသော ကေဘယ်လ်များကို အဆင့်လိုက် ရှင်းလင်းဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပြီး၊ Mytel ရုံးရှိ ဒေတာစင်တာလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
▪️ ထို့ပြင် စက်တင်ဘာ ၂၀ ရက်ကလည်း သန်လျင်မြို့နယ်ရှိ ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်း၊ ပုဇွန်တောင်မြို့နယ် ဆက်သွယ်ရေးသင်တန်းကျောင်းနှင့် ဗိုလ်တထောင်မြို့နယ်ရှိ ဗဟိုပစ္စည်းသိုလှောင်ရေးစခန်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် - “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်မိန့်ခွန်း ပြောကြား
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၉/၂၀၂၆)
+3
မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ အကြိမ် (၂,၅၉၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော် သီတင်းကျွတ်လဆန်း (၁၀)ရက်နေ့မှ လပြည့်ကျော် (၁၄)ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်
