Spring Development Bank
前往频道在 Telegram
📈 Telegram 频道 Spring Development Bank 的分析概览
频道 Spring Development Bank (@springdevbank) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 17 284 名订阅者,在 经济与金融 类别中位列第 6 935,并在 缅甸 地区排名第 7 835 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 17 284 名订阅者。
根据 26 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -411,过去 24 小时变化为 -12,整体触达仍然可观。
- 认证状态: 已认证(Telegram 官方确认)
- 互动率 (ER): 平均受众互动率为 5.90%。内容发布后 24 小时内通常能获得 3.05% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 1 021 次浏览,首日通常累积 528 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 53。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“Discover the First Neo Bank for Myanmar.”
凭借高频更新(最新数据采集于 27 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 经济与金融 类别中的关键影响点。
17 284
订阅者
-1224 小时
-757 天
-41130 天
帖子存档
17 284
နွေဦးပျားလေးတွေအတွက် ပိုင်ဆိုင်ထားတဲ့ Pollen တွေနဲ့ တန်ဖိုးရှိတဲ့ Digital Gold ကို လဲလှယ်ရယူနိုင်မယ့် အထူးမုန့်ဖိုး အခွင့်အရေးလေးကို HoneyDrop မှာ မကြာခင် ရရှိတော့မှာ ဖြစ်ပါတယ်။ 🐝
ဒီအခွင့်အရေးလေးကို အရယူနိုင်ဖို့အတွက် အခုပဲ မိမိရဲ့ @SpringDevBank Account ကို @SpringBeesbySDB နဲ့ ကြိုတင်ချိတ်ဆက်ထားပြီး ရွှေစုနိုင်မယ့် အထူးမုန့်ဖိုး အစီအစဉ်လေး အတွက် အသင့်ပြင်ထားလိုက်ကြရအောင်နော်။ ✨
#SpringBees #HoneyDrop #DigitalGold #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
17 284
ရွှေစုချင်ပေမယ့် အပြင်မှာသိမ်းထားဖို့အတွက် အခက်အခဲရှိနေရင်တော့ SDB Digital Gold က အကောင်းဆုံး ခေတ်မီရွေးချယ်စရာပါ။ ✨
SDB Digital Gold ဝယ်ယူခြင်းရဲ့ အဓိက အားသာချက် (၃) ချက်ကတော့ -
✅ လုံခြုံမှုရှိခြင်း - ရွှေအစစ်လို ကိုယ်တိုင်သိမ်းဆည်းစရာမလိုတာကြောင့် ပျောက်ရှ၊ ခိုးယူခံရမယ့် စိုးရိမ်စိတ်ကင်းပါတယ်။
✅ ငွေအနည်းငယ်ဖြင့် စတင်နိုင်ခြင်း - တခါတည်း ငွေအများကြီး ပေးချေပြီး စုဆောင်းစရာမလိုဘဲ မိမိတတ်နိုင်တဲ့ ပမာဏကနေ စတင်ဝယ်ယူနိုင်ပါတယ်။
✅ အလွယ်တကူ စီမံနိုင်ခြင်း - SDB App မှတဆင့် အချိန်မရွေး နေရာမရွေး၊ ရွှေဝယ်ယူ၊ ရောင်းချမှုတွေကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ပါတယ်။
ခေတ်မီပြီး လုံခြုံတဲ့ SDB Digital Gold နဲ့ အခုပဲ ရွှေစုဆောင်းလိုက်ကြပါစို့။ 📱💛
📌 သတိပြုရန် - ရွှေဈေးနှုန်း အတက်အကျ ရှိနိုင်တာကြောင့် ဝယ်ယူခြင်းမပြုမီ SDB App ထဲက လက်ရှိနှုန်းထားကို သတိပြုပါ။
#SDBDigitalGold #DigitalGold #SDBGold #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
17 284
+7
SDBVerse Comics (Part 2)
Digital Gold တွေဝယ်ပြီး ဘာလုပ်လို့ရလဲ? ✨🪙
နှစ်ပတ်တကြိမ် ပေါ့ပေါ့ပါးပါးနဲ့ အပန်းပြေဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍလေး ပြန်လည်ရောက်ရှိလို့ လာပါပြီ။✨
ဒီတပတ်မှာတော့ Digital Gold တွေ ဝယ်ယူတဲ့အခါ ဘာတွေလုပ်လို့ရလဲ၊ ဘယ်လိုအားသာချက်လေးတွေရှိလဲဆိုတာကို ရယ်မောပျော်ရွှင်ဖွယ် ဖြစ်ရပ်လေးတွေနဲ့ ဘယ်လိုပုံဖော်ထားလဲဆိုတာ အခုပဲ အတူတူ ဖတ်ရှုကြည့်လိုက်ရအောင်နော်။ 💛
#SDBVerse #SDBComics #DigitalGold #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
17 284
+6
SDBVerse Comics (Part 1)
Digital Gold တွေဝယ်ပြီး ဘာလုပ်လို့ရလဲ? ✨🪙
နှစ်ပတ်တကြိမ် ပေါ့ပေါ့ပါးပါးနဲ့ အပန်းပြေဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍလေး ပြန်လည်ရောက်ရှိလို့ လာပါပြီ။✨
ဒီတပတ်မှာတော့ Digital Gold တွေ ဝယ်ယူတဲ့အခါ ဘာတွေလုပ်လို့ရလဲ၊ ဘယ်လိုအားသာချက်လေးတွေရှိလဲဆိုတာကို ရယ်မောပျော်ရွှင်ဖွယ် ဖြစ်ရပ်လေးတွေနဲ့ ဘယ်လိုပုံဖော်ထားလဲဆိုတာ အခုပဲ အတူတူ ဖတ်ရှုကြည့်လိုက်ရအောင်နော်။ 💛
#SDBVerse #SDBComics #DigitalGold #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
17 284
နွေဦးပြည်သူ တဦးတယောက်ချင်းစီရဲ့ နှလုံးသားမှာ မေတ္တာအလင်းရောင်များ လင်းလက်ပြီး ချစ်ရသူတွေနဲ့အတူ နွေးထွေးကြည်နူးဖွယ် သီတင်းကျွတ်လပြည့်နေ့လေးကို ဖြတ်သန်းနိုင်ကြပါစေလို့ @SpringDevBank မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🏮
နွေးထွေးတဲ့ မေတ္တာတွေကို အဝေးကနေ အနီးဆုံးသို့ ပို့ဆောင်နိုင်ဖို့ SDB အချင်းချင်း ချစ်ရသူ ၁၀ ဦးထံ အနည်းဆုံး မြန်မာငွေ ၅,၀၀၀ စီ သီတင်းကျွတ်မုန့်ဖိုးလေးတွေ မျှဝေပြီး Digital Gold ဆုလက်ဆောင် ကံထူးခွင့်ကိုလည်း အောက်တိုဘာ ၃၁ မတိုင်မီ အရယူလိုက်ပါဦးနော်။ 💕
#Thadingyut #SpringDevelopmentBank #RealBankRealFreedom #ChooseSDB #ThadingyutMotePhoe #ThadingyutPocketMoney
17 284
+3
ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအိပ်မက်တွေ ဆက်လက်ရှင်သန်နိုင်ဖို့ ရည်ရွယ်ကျင်းပတဲ့ “Keep Their Dreams Alive” သီတင်းကျွတ်ဂီတညခင်းမှာ ပါဝင်အားဖြည့်ပေးကြတဲ့ နွေဦးပြည်သူများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ 💛
Live အစီအစဉ်အတွင်း Lucky Draw မှာ ကံထူးခဲ့ကြသူများကို အထူးဝမ်းမြောက် ဂုဏ်ပြုရင်း SpringBees၊ နွေဦးထီနဲ့ Super 4 ဆုလက်ဆောင်များကို လက်မှတ်ဝယ်ယူစဉ် အသုံးပြုထားတဲ့ Email များမှတဆင့် မကြာမီ ဆက်သွယ်ချီးမြှင့်ပေးသွားမှာ ဖြစ်ကြောင်း သတင်းကောင်းအပ်ပါတယ်နော်။ 🎉
#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund #သီတင်းကျွတ် #thadingyut #charity_concert #revolution #sdb #scf
17 284
Canteen Chitchat – Episode 3 🎙️
💝 သီတင်းကျွတ်နဲ့ ပံ့သကူ 💝
အပတ်စဉ် သောကြာနေ့တိုင်းအတွက် ပိုမိုလန်းဆန်းတက်ကြွတဲ့ Canteen Chitchat စကားဝိုင်း အစီအစဉ်လေးကို နွေဦးပြည်သူရှေ့မှောက် ပြန်လည်တင်ဆက် ခေါ်ဆောင်လာပါပြီ။ 🎉
ဒီတပတ်မှာတော့ July နဲ့ Eric တို့အတူ သီတင်းကျွတ်ရဲ့ နွေးထွေးတဲ့ အမှတ်တရတွေနဲ့ ပံ့သကူရဲ့ ချစ်စရာကောင်းတဲ့ အလှူဒါနဓလေ့လေးတွေအကြောင်း ဘယ်လိုတွေ ပြောဖြစ်ကြမလဲဆိုတာ အတူတူ ပြန်လည်နားဆင်ကြရအောင်နော်။ 🎧
#SDBCanteenChitchat #SDBPodcastSeries #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
17 284
ဒီနေ့ကတော့ “Keep Their Dreams Alive” Concert ကျင်းပမယ့်နေ့လေးသို့ ရောက်ရှိလာပါပြီ။ ⏳
ညနေ မြန်မာချိန် ၇ နာရီမှာ Spring CrowdFund - နွေဦးလူထုရန်ပုံငွေ နဲ့ Spring Development Bank တို့နဲ့အတူ ဂီတသံစဉ်တွေ နားဆင်ရင်း ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်လေးတွေရဲ့ ပညာရေးအိပ်မက်တွေအတွက် အတူတူ ဖြည့်ဆည်းကြရအောင်နော်။ 🎶
ပွဲမစမီ မြန်မာစံတော်ချိန် ၆ နာရီမှာ လက်မှတ်အရောင်း ပိတ်သိမ်းမှာဖြစ်တဲ့အတွက် မပါဝင်ရသေးတဲ့သူများ အမြန်လေး လက်မှတ်ဝယ်ယူလိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။ ဒီနေ့ ဝယ်ယူလိုက်တဲ့ လက်မှတ်များကို ပွဲမစမီ သက်ဆိုင်ရာ email များသို့လည်း အချိန်မီ ပို့ပေးသွားမှာ ဖြစ်ပါတယ်။ 📣
ပွဲချိန်အမီ Live ကို တိုက်ရိုက်မကြည့်ရှုနိုင်ခဲ့ရင်လည်း စိတ်မပူပါနဲ့။ အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး ဝယ်ယူထားတဲ့ လက်မှတ်ပေါ်က QR Code ကို အသုံးပြုပြီး ပြန်လည်ကြည့်ရှုနိုင်မှာ ဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါတယ်။ ▶️
#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund #သီတင်းကျွတ် #thadingyut #charity_concert #revolution #sdb #scf
17 284
မိမိရဲ့ SDB Account မှ ချစ်ရသူ ၁၀ ဦးထံ တဦးလျှင် အနည်းဆုံး 0.1 Gold စီ မျှဝေလွှဲပို့ရုံနဲ့ Pollen 2,000 တောင် ရယူနိုင်မယ့် အထူးအခွင့်အရေးကို SpringBees မှာ ရရှိနိုင်ပြီနော်။ 🐝
“ဆတိုးမျှဝေ ရွှေလက်ဆောင်၊ အပိုင်ရယူ Pollen 2000” Mission မှာ သတ်မှတ်ချက်များနဲ့ ကိုက်ညီတဲ့ ပထမဆုံး ပါဝင်သူ အယောက် ၂၀၀ ကို Pollen 2,000 စီ ချီးမြှင့်ပေးသွားမှာဖြစ်လို့ အောက်တိုဘာ ၃၁ ရက်နေ့ မတိုင်မီ အပြေးလေးရယူ ဆွတ်ခူးလိုက်ကြပါစို့။ 🍯
#Thadingyut #SpringDevelopmentBank #ThadingyutMotePhoe #SpringBees #SDBGold #GoldGift #SpringBeesbySDB
17 284
မနက်ဖြန်ညမှာ အတူတူ ပါဝင်အားဖြည့်ဖို့ လက်မှတ်ဝယ်ပြီးကြပြီလား။ ✨
“Keep Their Dreams Alive” Concert စဖို့ ၂၄ နာရီပဲ ကျန်ပါတော့တယ်။
စစ်ဘေးကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကရင်နီဒေသက ကလေးငယ်လေးတွေအတွက် ပညာရေးလမ်းကြောင်း ဆက်လက်ဖွင့်ထားနိုင်ဖို့ အားလုံးရဲ့ ဝိုင်းဝန်းကူညီမှုက အရေးကြီးပါတယ်။ ကိုယ့်အတွက် သေးငယ်တယ်လို့ ထင်ရတဲ့ အကူအညီလေးတခုဟာ သူတို့လေးတွေအတွက်တော့ ရှေ့ဆက်နိုင်မယ့် အဖိုးတန် ခွန်အားတရပ် ဖြစ်ပါတယ်။ 💛
Abnormal Band၊ Extant Band နဲ့ The Circle တို့ရဲ့ ဖျော်ဖြေမှုတွေနဲ့အတူ မနက်ဖြန်ညမှာ ဂီတကို အတူတူနားဆင်ရင်း ကလေးငယ်လေးတွေရဲ့ ပညာရေးအတွက် ရန်ပုံငွေဖြည့်ဆည်းပေးနိုင်မယ့် ဒီအခွင့်အရေးမှာ ကိုယ်လည်း ပါဝင်အားဖြည့်လိုက်ကြရအောင်နော်။ 🎶
လက်မှတ်မဝယ်ရသေးရင် အခုပဲ ဝယ်ယူပြီး မဝယ်ယူရသေးတဲ့ အသိမိတ်ဆွေတွေကိုလည်း အားဖြည့်ဝယ်ယူဖို့ အချင်းချင်းတိုက်တွန်း ဖိတ်ခေါ်လိုက်ရအောင်။ 🤝
#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund #သီတင်းကျွတ် #thadingyut #charity_concert #revolution #sdb #scf
17 284
Extant Band နဲ့ Abnormal Band တို့မှ ကရင်နီစစ်ဘေးရှောင် ကလေးငယ်များအတွက် ပညာရေးရန်ပုံငွေပွဲ ပြုလုပ်ကျင်းပမယ့် Keep Their Dreams Alive Thadingyut Charity Concert 2026 မှာ အတူလက်တွဲ အားဖြည့်ဖျော်ဖြေသွားမယ့် အကြောင်းလေးကို အခုပဲ နားဆင်ကြည့်လိုက်ရအောင်။ 🎶
#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund #thadingyut #charity_concert #revolution #sdb #scf
17 284
+7
နှစ်ပတ်တကြိမ် အင်္ဂါနေ့တိုင်းမှာ တင်ဆက်ပေးသွားမယ့် The Counter Corner comic အစီအစဉ်သစ်လေးကို နွေဦးပြည်သူများထံ မကြာမီ ခေါ်ဆောင်လာတော့မှာပါ။ 😍
ဒီ comic ကဏ္ဍလေးမှာ ဘယ်လိုဇာတ်ကောင်တွေ ပါဝင်မှာလဲ၊ ဘယ်လို အကြောင်းအရာတွေ ခံစားဖတ်ရှုနိုင်မှာလည်းဆိုတာ မြည်းစမ်းနိုင်ဖို့အတွက် ဒီမိတ်ဆက်အပိုင်းလေးကို အခုပဲအတူ လိုက်ကြည့်လိုက်ရအောင်။ 👀
#TheCounterCorner #SDBVerse #2DComics #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
17 284
“Keep Their Dreams Alive” သီတင်းကျွတ် ပညာရေးရန်ပုံငွေပွဲမှာ လက်မှတ်ဝယ်ယူအားဖြည့်ရင်း ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်လေးတွေရဲ့ ပညာရေးအိပ်မက်တွေကို အတူတူ ပံ့ပိုးပေးလိုက်ကြရအောင်။ 🎶
လက်မှတ်ဝယ်ယူအားဖြည့်ထားသူများအတွက် Live ပွဲအတွင်း Lucky Draw အစီအစဉ်ကနေ @SpringBeesbySDB Pollen၊ @NwayOoHti နဲ့ Super 4 တို့ကို SpinWheel လှည့်ပြီး ကံစမ်းရယူနိုင်မယ့်အပြင် ဝယ်ယူလိုက်တဲ့ လက်မှတ်တစောင်တိုင်းအတွက် @SIFinstitute Scholarship Coupon တစောင်စီလည်း ရရှိဦးမှာဖြစ်ပါတယ်။ ✨
မနက်ဖြန်ည မြန်မာချိန် ၇ နာရီမှာ ဂီတသံစဉ်တွေနဲ့အတူ ပညာရေးအိပ်မက်တွေကို အတူတူ ပံ့ပိုးနိုင်ဖို့အတွက် ဆုများဝေဆာတဲ့ ပညာဓာန ရန်ပုံငွေပွဲ လက်မှတ်များကို အချိန်မီ ဝယ်ယူအားဖြည့်လိုက်ကြပါစို့။ 💛
#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund #သီတင်းကျွတ် #thadingyut #charity_concert #revolution #sdb #scf #SpringBeesbySDB
17 284
သီတင်းကျွတ်မုန့်ဖိုးပေးရင်း Pollen 600 ထပ်ဆောင်းယူကြမယ်! 🍯
SDB ရဲ့ “မျှဝေဆတိုး သီတင်းကျွတ်မုန့်ဖိုး” အထူးအစီအစဉ်မှာ ချစ်ရသူ ၁၀ ဦးထံ တဦးလျှင် အနည်းဆုံး မြန်မာငွေ ၅,၀၀၀ ကျပ်စီ လွှဲပို့ကာ Form ဖြည့်သွင်းပြီး ပါဝင်ပါ။ 💛
ပါဝင်ပြီးနောက် မိမိရဲ့ @SpringBeesbySDB အကောင့်ထဲရှိ Mission မှာ Pollen 600 ကို အပိုဆောင်း လက်ဆောင်ရယူနိုင်ပါတယ်။ 🐝
ပထမဆုံး ပါဝင်သူ ၁,၀၀၀ ဦးသာ ရရှိမှာဖြစ်လို့ ဒီအထူးအခွင့်အရေးကို လက်လွတ်မခံပဲ သီတင်းကျွတ်မုန့်ဖိုးပေးရင်း ရွှေလက်ဆောင်ကံထူးခွင့်နဲ့အတူ Pollen လက်ဆောင်ကိုပါ နှစ်ထပ်ကွမ်း အရယူလိုက်ပါ။ 🎁
မျှဝေဆတိုး သီတင်းကျွတ်မုန့်ဖိုးမှာ ပါဝင်ရန် https://www.facebook.com/share/p/1DAiQwNqVu SpringBees ကမ္ဘာသို့ဝင်ရောက်ရန် https://springbees.io#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund #သီတင်းကျွတ် #thadingyut #charity_concert #revolution #sdb #scf #SpringBeesbySDB
17 284
🎶 “Keep Their Dreams Alive” Charity Concert အတွက် လက်မှတ်ကို ဘယ်လိုဝယ်ရမလဲ သိပြီးပြီလား? 🥰
ဒီ Video လေးမှာတော့ လက်မှတ်ဝယ်ယူနိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ Dolpha Pay ကို @SIFInstitute ရဲ့ Hotaru လေးက ပြောပြပေးသွားမှာဖြစ်လို့ လက်မှတ်ဝယ်နည်းအဆင့်ဆင့်ကို အတူတူ လိုက်ကြည့်လိုက်တော့နော်။ 🪔
#SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge #KeepTheirDreamsAlive
17 284
လာမယ့် သောကြာနေ့ညလေးမှာ အတူတူ ပါဝင်ကြဖို့ အဆင်သင့်ဖြစ်နေကြပြီလား 💛
@SpringCrowdFund နဲ့ @SpringDevBank တို့ရဲ့ “Keep Their Dreams Alive” Concert ကျင်းပဖို့ ၂ ရက်ပဲ လိုပါတော့တယ်နော်။
ကလေးတစ်ယောက်ရဲ့ အနာဂတ်မှာ ပညာရေးက ဘယ်လောက်အရေးကြီးလဲဆိုတာ အားလုံး သိကြပေမဲ့ ကရင်နီဒေသမှာ စစ်ဘေးကြောင့် နေ့စဉ်ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကလေးငယ်လေးတွေအတွက်တော့ ကျောင်းဆက်တက်နိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ 🪔
သူတို့လေးတွေလည်း တခြားကလေးတွေလိုပဲ သင်ယူခွင့်ရဖို့၊ အနာဂတ်အတွက် အိပ်မက်မက်ခွင့်ရဖို့ ထိုက်တန်ပါတယ်။ ဒီပွဲလေးကနေ ပညာရေးရန်ပုံငွေအတွက် ကိုယ်တတ်နိုင်သလောက် ပါဝင်အားဖြည့်ရင်း သူတို့ရဲ့ အနာဂတ်အတွက် အတူတူ အားဖြည့်ပေးကြရအောင်နော်။ ✨
Abnormal Band၊ Extant Band နဲ့ Ko Aung Myint Myat ပါဝင်တဲ့ The Circle တို့ရဲ့ ဖျော်ဖြေမှုတွေကိုလည်း အတူတူ ခံစားနိုင်မှာဖြစ်လို့ ကျန်ရှိတဲ့ ၂ ရက်အတွင်းမှာ အခုပဲ အချိန်မီ ဝယ်ယူလိုက်ကြပါစို့။ 🫶🏻
#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund #သီတင်းကျွတ် #thadingyut #charity_concert #revolution #sdb #scf
17 284
“Keep Their Dreams Alive” Thadingyut Charity Concert ကျင်းပဖို့ရန် ၃ ရက်ပဲ လိုတော့တာကြောင့် ပွဲမတိုင်မီ ဒီသီတင်းကျွတ် ပညာရေးအလှူလေး အထမြောက်ဖို့ရန် ကရင်နီစစ်ဘေးရှောင် ကလေးငယ်တွေရဲ့ ပညာသင်ယူခွင့်နဲ့ အနာဂတ်အိပ်မက်တွေ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် လက်မှတ်ဝများ ဝယ်ယူအားဖြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🎶💛
ကိုယ်တိုင်ပါဝင်အားဖြည့်ရင်း အသိမိတ်ဆွေတွေကိုလည်း လက်တို့စကားပါးပြီး အတူတူပါဝင်လှူဒါန်းဖို့ ဖိတ်ခေါ်ရင်း တဖက်တလမ်းမှ ကလေးငယ်တွေရဲ့ ပညာရေးအတွက် ဒီသီတင်းကျွတ်မှာ အားလုံးလက်တွဲဝန်းရံ ပံ့ပိုးပေးလိုက်ကြပါစို့။ 🫶🏻
#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund #သီတင်းကျွတ် #thadingyut #charity_concert #revolution #sdb #scf
17 284
အားဖြည့်အနုပညာရှင် Ko Novem Htoo ပါဝင်တဲ့ Extant Band မှ ကရင်နီစစ်ဘေးရှောင် ကလေးငယ်များအတွက် ပညာရေးရန်ပုံငွေပွဲ ပြုလုပ်ကျင်းပမယ့် Keep Their Dreams Alive Thadingyut Charity Concert 2026 မှာ အချိန်မီ ပါဝင်အားဖြည့်ကြဖို့ တိုက်တွန်းထားတာဖြစ်လို့ အခုပဲအတူ နားဆင်လိုက်ကြရအောင်။ 🎶
#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund #thadingyut #charity_concert #revolution #sdb #scf
17 284
+3
အိမ်ရှေ့လမ်းတလျှောက် ဖယောင်းတိုင်မီးလေးတွေ ထိန်ထိန်လင်းလို့၊ ဖယောင်းနံ့သင်းသင်းလေးတွေနဲ့ နွေးထွေးခဲ့ရတဲ့ သီတင်းကျွတ်ညတွေ… လူကြီးမိဘတွေကို ကန်တော့ပြီး မုန့်ဖိုးလေးရဖို့ ရင်ခုန်ခဲ့ရတဲ့ ငယ်ဘဝအမှတ်တရတွေ… 🕯️💛
အခုတော့ အိမ်နဲ့ဝေးနေကြပေမယ့် ဒီသီတင်းကျွတ်မှာ ကိုယ်ချစ်ရတဲ့သူတွေဆီ မုန့်ဖိုးလက်ဆောင်လေးတွေ ပို့ပေးရင်း၊ ကျေးဇူးတရားနဲ့ မေတ္တာတွေကို အဝေးကနေ အနီးဆုံးသို့ မျှဝေလိုက်ကြရအောင်။ 🪔
အောက်တိုဘာ ၂၀ ရက်နေ့မှ ၃၁ ရက်နေ့ အတွင်း မိမိရဲ့ SDB Account မှ ချစ်ရတဲ့သူ ၁၀ ဦးကို အနည်းဆုံး မြန်မာငွေ ၅,၀၀၀ သီတင်းကျွတ်မုန့်ဖိုး လွှဲပို့ပြီး အောက်ပါ Form မှာ ဖြည့်သွင်းလိုက်ပါ။ 👇
✍️ https://bit.ly/TDGmotephoeForm
သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ပါဝင်သူတွေထဲက ကံထူးရှင် ၂၀ ဦးအတွက် လာမယ့် Community Call Live မှာ အားလုံးနဲ့အတူ ကျပန်းရွေးချယ်သွားမှာဖြစ်ပြီး တယောက်လျှင် USD 15 တန်ဖိုးရှိ Digital Gold ဆုလက်ဆောင် ရရှိမှာဖြစ်ပါတယ်။ 🎁
SDB နဲ့အတူ အိမ်ကိုလွမ်းတဲ့စိတ်တွေကို နွေးထွေးတဲ့ မေတ္တာများအဖြစ် ပြောင်းလဲမျှဝေလိုက်ပါ။ 💕
#SDB #Thadingyut #ThadingyutPocketMoney #သီတင်းကျွတ် #သီတင်းကျွတ်မုန့်ဖိုး
17 284
ကရင်နီစစ်ဘေးရှောင် ကလေးငယ်များအတွက် ပညာရေးရန်ပုံငွေပွဲ ပြုလုပ်ကျင်းပမယ့် Keep Their Dreams Alive Thadingyut Charity Concert 2026 တွင် ပါဝင်အားဖြည့်သွားမယ့် အနုပညာရှင် တဦးဖြစ်သူ Ko Aung Myint Myat - The Circle ရဲ့ တိုက်တွန်းဖိတ်ခေါ်သံကို အခုပဲ နားဆင်လိုက်ပါစို့။ 🎶
#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund #thadingyut #charity_concert #revolution #sdb #scf
