ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 484 名订阅者,在 新闻与媒体 类别中位列第 15 956,并在 缅甸 地区排名第 10 069

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 484 名订阅者。

根据 26 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -236,过去 24 小时变化为 1,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 9.67%。内容发布后 24 小时内通常能获得 5.62% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 208 次浏览,首日通常累积 702 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 27 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 484
订阅者
+124 小时
-317
-23630
帖子存档
ဤပုံရိပ်သည် အစ္စရေးနိုင်ငံတွင် သတင်းအချက်အလက် ထိန်းချုပ်ပိတ်ပင်မှုများ မည်သို့လုပ်ဆောင်သည်ကို ဖော်ထုတ်ပြသနေသည်။ ၎င်းတို့၏ တပ်
ဤပုံရိပ်သည် အစ္စရေးနိုင်ငံတွင် သတင်းအချက်အလက် ထိန်းချုပ်ပိတ်ပင်မှုများ မည်သို့လုပ်ဆောင်သည်ကို ဖော်ထုတ်ပြသနေသည်။ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ အသတ်ခံရပြီးနောက် ထိခိုက်သေဆုံးမှု အထောက်အထားများကို ဖယ်ရှားရှင်းလင်းရန် ကြိုးပမ်းကြသည်။ ဤနေရာတွင် ဓာတ်ပုံဆရာများနှင့် ဗီဒီယိုရိုက်ကူးသူများအနေဖြင့် နောက်ဆက်တွဲအခြေအနေများကို မှတ်တမ်းမတင်နိုင်စေရန်အတွက် ဇီယွန်ဝါဒီအလောင်းတစ်ခု၏ ဘေးရှိ သွေးကွက်များကို လူတစ်ဦးက လိုက်လံသုတ်သင်နေခြင်း ဖြစ်သည်။ NOM

+1
အီရတ်ကမ်းလွန်တွင် ရေနံတင်သင်္ဘောနှစ်စီး တိုက်ခိုက်ခံရ၍ မီးလောင်ကျွမ်းလျက်ရှိ ဆာဘာရင်းနယူးစ်သတင်းဌာန​၏ ဖော်ပြချက်အရ အီရတ်နိုင်ငံ၊ အယ်လ်ဖောဆိပ်ကမ်းမှ ၂၂ မိုင်အကွာတွင် ရေနံတင်သင်္ဘောနှစ်စီးတိုက်ခိုက်ခံရရ၍ မီးလောင်ကျွမ်းနေကြောင်းသိရသည်။ NOM

အီရန်နိုင်ငံ၊ တီဟီရန်မြို့ရှိ 'Sepah' ဘဏ်ကို အစ္စရေးနှင့် အမေရိကန်တို့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘဏ်ဝန်ထမ်းအချို့ သေဆုံးခဲ့သည်။ ထိုဖြစ်ရပ်နောက်ပိုင်း ဘဏ်များကို ပြန်လည်ပစ်မှတ်ထားမည်ဟု အီရန်က သတိပေးလိုက်ပြီးနောက် ဒူဘိုင်းရှိ Citi ဘဏ်နှင့် ကာတာရှိ HSBC ဘဏ်တို့အပါအဝင် ဒေသတွင်းရှိ ဘဏ်အတော်များများတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်နေကြသည်။ NOM

စက်သုံးဆီရောင်းချမှုများအပေါ် စိစစ်ကြပ်မတ်နိုင်ရေးဆောင်ရွက်သွားမည့်အစီအမံ အသိပေးထုတ်ပြန်ခြင်း မတ်လ ၁၁၊ ၂၀၂၆ NOM
+3
စက်သုံးဆီရောင်းချမှုများအပေါ် စိစစ်ကြပ်မတ်နိုင်ရေးဆောင်ရွက်သွားမည့်အစီအမံ အသိပေးထုတ်ပြန်ခြင်း မတ်လ ၁၁၊ ၂၀၂၆ NOM

+1
ကြည်လင်ပြတ်သားမှုအားနည်းသော ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ အီရန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း ဒူဘိုင်းလေဆိပ်ရှိ ရေဒါမျှော်စင်တစ်ခု ပျက်စီးသွားဖွယ်ရှိကြောင်း သိရသည်။ NOM

အီရန်စစ်ပွဲအတွင်း လက်ရှိအချိန်ထိဒဏ်ရာရသူ ၁၄၀ ဦးရှိကြောင်း အမေရိကန်ကြေညာ အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရတို့၏ ပူးပေါင်းကျူးကျော်မှုအတွင်း ဒဏ်ရာရရှိခဲ့သည့် အမေရိကန်စစ်သည်အရေအတွက်မှာ ၁၄၀ ဦးရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခုတွင် ကြေညာခဲ့သည်။ NOM

အီရန်ကသတိပေးနေသည့်ကြားမှ ဟော်မုဇ်ရေလက်ကြားကို တင်းဖြတ်ရန်ကြိုးစားသည့် ထိုင်းကုန်တင်သင်္ဘော အသေခံဒရုန်းလှေစာမိသွား ယနေ့နံနက်ပိ
+3
အီရန်ကသတိပေးနေသည့်ကြားမှ ဟော်မုဇ်ရေလက်ကြားကို တင်းဖြတ်ရန်ကြိုးစားသည့် ထိုင်းကုန်တင်သင်္ဘော အသေခံဒရုန်းလှေစာမိသွား ယနေ့နံနက်ပိုင်းတွင် အီရန်၏ လမ်းညွှန်စနစ်ပါ အသေခံဒရုန်းလှေဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသော "MAYUREE NAREE Bangkok" ကုန်တင်သင်္ဘော၏ ဓာတ်ပုံများ အွန်လိုင်းတွင် ပျံ့နှံ့လာခဲ့သည်။ အဆိုပါသင်္ဘောသည် ဒူဘိုင်းမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခြင်းမပြုရန် အီရန်၏ သတိပေးချက်များကို လျစ်လျူရှုခဲ့ကြောင်းသိရသည်။ သင်္ဘောသားများသည် သင်္ဘောကို စွန့်ခွာသွားခဲ့ကြပြီဖြစ်သည်။ NOM

စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးတဲ့ ပြည်သူ့စစ်မှုထမ်းများအတွက် သတင်းကောင်း။ NOM
စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးတဲ့ ပြည်သူ့စစ်မှုထမ်းများအတွက် သတင်းကောင်း။ NOM

လွန်ခဲ့သည့် နာရီပိုင်းအတွင်းက အီရန်၏ လမ်းညွှန်စနစ်ပါ ဒရုန်းလှေများ (Guided drone-boats) (သို့မဟုတ်) သင်္ဘောဖျက်ဒုံးကျည်များဖြ
+2
လွန်ခဲ့သည့် နာရီပိုင်းအတွင်းက အီရန်၏ လမ်းညွှန်စနစ်ပါ ဒရုန်းလှေများ (Guided drone-boats) (သို့မဟုတ်) သင်္ဘောဖျက်ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် သင်္ဘော ၃ စီး (ရေနံတင်သင်္ဘော (သို့မဟုတ်) ကုန်တင်သင်္ဘောများ ဖြစ်နိုင်ခြေရှိ) ထိမှန်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများသည် Ras Al Khaimah မှ ရေမိုင် ၂၅ မိုင်၊ အိုမန်မှ ရေမိုင် ၁၁ မိုင် နှင့် ဒူဘိုင်းမှ ရေမိုင် ၅၀ မိုင် အကွာအဝေးများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း UKMTO ၏ ထုတ်ပြန်ချက်အရ သိရသည်။ NOM

Repost from U Kyaw Soe Oo
သောင်းကျန်းသူ AA က ဖမ်းဆီးခံခဲ့ရတဲ့ တပ်မတော်သားတွေကို သံလှောင်အိမ်ထဲမှာ ခြေကျင်းဒေါက် ခါးဒေါက်ထည့်ပြီး ရက်ရက်စက်စက် မီးရှို့
+3
သောင်းကျန်းသူ AA က ဖမ်းဆီးခံခဲ့ရတဲ့ တပ်မတော်သားတွေကို သံလှောင်အိမ်ထဲမှာ ခြေကျင်းဒေါက် ခါးဒေါက်ထည့်ပြီး ရက်ရက်စက်စက် မီးရှို့ သတ်ဖြတ်ပစ်လိုက်တယ်။ သံလှောင်အိမ်ထဲထည့်ပြီး ခါးဒေါက် ခြေကျင်းဒေါက်ပါထည့်ပြီး နုတ်ပိတ် သတ်ဖြတ်လိုက်တာ။ နောက်ပြီး ရခိုင်ပြည်နယ် တိုက်ပွဲအတွင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ တပ်မတော်သား မိသားစုဝင်တွေ မှီခိုတွေ ကလေးငယ်တွေကိုပါ ယနေ့အထိ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားဆဲပါ။ ဒါက စစ်ပွဲထဲမှ တိုက်ရိုက်၍ သွယ်ဝိုက်၍ မသက်ဆိုင်တဲ့သူတွေကို ဖမ်းဆီးမှုက စစ်ရာဇဝတ်မှု ကျူးလွန်တာပါ။ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ဗိုဒ်ထဲက ကလေးငယ်ပါ ဖမ်းဆီးထားတာ ယနေ့ အထိပါ။ AA အဖွဲ့ နှင့် အပေါင်းအပါ နောက်လိုက်အုပ်စုများကို ရေစာကျွေးရုံမှ လွဲ၍ အခြားမရှိတော့ပါ။

တရားမဝင် လက်နက် ကိုင်ဆောင်မှုဖြင့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် မင်းအုပ်စိုး ဖမ်းဆီးခံရ NOM၊မတ်လ ၁၁၊၂၀၂၆ ရန်ကုန်တိုင်း၊ တွံ
တရားမဝင် လက်နက် ကိုင်ဆောင်မှုဖြင့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် မင်းအုပ်စိုး ဖမ်းဆီးခံရ NOM၊မတ်လ ၁၁၊၂၀၂၆ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တို X–ray ပူပေါင်းစစ်ဆေးရေး၌ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် မင်းအုပ်စိုးကို မတ်လ ၉ရက်နေ့ ၁၀နာရီခန့်က လက်နက်ဥပဒေဖြင့် ဖမ်းဆီးကြောင်း သိရသည်။ ဖြစ်စဉ်မှာ"ဂိတ်တွင် ပူးပေါင်းအဖွဲ့သည် X-ray ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ဖြတ်သန်းသွားလာသည့် ယာဉ်များအား ရပ်တန့်စစ်ဆေးရှာဖွေစဉ် ဒလမြို့နယ်ဘက်မှ တွံတေးမြို့နယ်ဘက်သို့ ဒလ-တွံတေးကားလမ်း အတိုင်း ယာဉ်မောင်း အောင်နိုင်ထွန်း(ခ)မင်းအုပ်စိုး မောင်းနှင်လာသည့် ယာဉ်အမှတ် YGN-8 7S-.... အနက်ရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် CZ 75D COMPACT 9X19 ပစ္စတို သေနတ်(1)လက်နှင့် ကျည်ဆံ(၇)တောင့်ပါ ကျည်အိမ်တစ်ခု တပ်လျက်တို့အား ရှာဖွေစစ်ဆေး တွေ့ရှိရ၍ ဖမ်းဆီးအရေးယူဆောင်ရွက်ထားသည်။ မင်းအုပ်စိုးက၄င်း၏ ကာကွယ်ခုခံပိုင်ခွင့် အတွက် ကိုင်ဆောင်ထားခြင်း ဖြစ်ကြောင်း ပြောသော်လည်း လက်နက်ကိုင်ဆောင်ခွင့်အထောက်အထားမပြနိုင်သဖြင့် ဦးအောင်နိုင်ထွန်း(ခ)မင်းအုပ်စိုးအားလက်နက်ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

AA အကြမ်းဖက်အဖွဲ့ရဲ့ လူမဆန်တဲ့ လုပ်ရပ်နှင့် ဝါဒဖြန့်သတင်းက ယုတ္တိရှိရဲ့လား လေယာဉ်ဗုံးကျတယ်ဆိုပေမယ့် လေယာဉ်ဗုံးကျလို ပေါက်ကွဲထ
AA အကြမ်းဖက်အဖွဲ့ရဲ့ လူမဆန်တဲ့ လုပ်ရပ်နှင့် ဝါဒဖြန့်သတင်းက ယုတ္တိရှိရဲ့လား လေယာဉ်ဗုံးကျတယ်ဆိုပေမယ့် လေယာဉ်ဗုံးကျလို ပေါက်ကွဲထားတဲ့ ပုံစံမျိုး မတွေ့ရပါ- ၁။ ဗုံးကွဲမှုကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးထိခိုက်ထားမှု မရှိ ၂။ ဗုံးကွဲမှုကြောင့် ပတ်ဝန်းကျင်အနေအထားတွင် ဗုံးကျင်းနှင့် ဖွာလန်ကျဲနေသည့် မြေအနေအထား မရှိ ၃။ မီးလောင်ကျွမ်းမှုမရှိထားသည့် ရုပ်အလောင်းများမှာလည်း ဗုံးစထိမှန်သေဆုံးသည့် ဒဏ်ရာအနေအထား တစ်ခုမျှ မရှိ ၄။ အနီးပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ဗုံးစထိမှန်ထားသည့် အနေအထားများ မရှိ - စသည့်အချက်များကြောင့် AA အကြမ်းဖက်အဖွဲများအနေဖြင့် ဖမ်းစီးရမိထားသည့် သုံးပန်းများအား ရည်ရွယ်ချက်ရှိစွာဖြင့် လူမဆန်စွာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ပြီး တပ်မတော်မှ ဗုံးကြဲချေမှုန်းခဲ့ခြင်းဖြစ်တယ် ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ၎င်းတို့ရဲ့ ရက်စက်မှုတွေကို ဖုံးဖိလိုသည့်လုပ်ရပ်ပဲ ဖြစ်ပါတယ်။ - ဒီလို လူမဆန်တဲ့ AA အကြမ်းဖက်အဖွဲကို ဘာလုပ်သင့်သလဲဆိုတာကတော့ နိုင်ငံတော်တာဝန်ရှိသူတွေနဲ့ တပ်မတော်က တာဝန်ရှိသူတွေအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်ပြီး အကောင်အထည်ဖော်ပါလိမ့်မယ်လို မျှော်လင့်ပါတယ်။ တိုက်ပွဲသတင်းစုံ NOM

🚨🇮🇷- အီရန်၏ ပစ်မှတ်အသစ်များစာရင်းတွင် အမေရိကန် နည်းပညာကုမ္ပဏီကြီးများ ပါဝင်လာ အီရန်နိုင်ငံ၏ တက်စ်နင် သတင်းဌာနက အစ္စရေးနှင့် ဆက်နွှယ်မှုရှိပြီး စစ်ဘက်ဆိုင်ရာတွင် နည်းပညာများ ပံ့ပိုးပေးနေသည့် အမေရိကန် နည်းပညာကုမ္ပဏီကြီးများ၏ ရုံးခွဲများနှင့် အခြေခံအဆောက်အအုံ စာရင်းကို ထုတ်ပြန်လိုက်ပြီး ၎င်းတို့ကို "အီရန်၏ ပစ်မှတ်အသစ်များ" အဖြစ် ဖော်ပြခဲ့သည်။ ဒေသတွင်းစစ်ပွဲသည် အခြေခံအဆောက်အအုံများကို တိုက်ခိုက်သည့် စစ်ပွဲအသွင်သို့ ကူးပြောင်းလာသည်နှင့်အမျှ အီရန်၏ တရားဝင်တိုက်ခိုက်ခွင့်ရှိသော ပစ်မှတ်များမှာလည်း ပိုမိုကျယ်ပြန့်လာပြီဖြစ်သည် ဟု သတင်းဌာနက ဆိုသည်။ အဆိုပါစာရင်းတွင် ကမ္ဘာကျော် ကုမ္ပဏီကြီးများဖြစ်သည့် Google, Microsoft, Palantir, IBM, Nvidia နှင့် Oracle တို့ ပါဝင်သည်။ ပစ်မှတ်ထားခံရမည့် ရုံးခွဲများနှင့် Cloud ဝန်ဆောင်မှု အခြေခံအဆောက်အအုံများသည် အစ္စရေးနိုင်ငံအတွင်းရှိ မြို့ကြီးများ သာမက ပင်လယ်ကွေ့နိုင်ငံ အချို့တွင်လည်း တည်ရှိနေသည်။ NOM

🚨- အီရတ်နိုင်ငံရှိ အမေရိကန်သံတမန်ရေးရာ အဆောက်အအုံတစ်ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း သတင်းများ ထွက်ပေါ်လာသည်။ အီရတ်လက်နက်
🚨- အီရတ်နိုင်ငံရှိ အမေရိကန်သံတမန်ရေးရာ အဆောက်အအုံတစ်ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း သတင်းများ ထွက်ပေါ်လာသည်။ အီရတ်လက်နက်ကိုင်အဖွဲ့များ လွှတ်တင်လိုက်သော ဒရုန်းတစ်စင်းသည် ဘဂ္ဂဒက်လေဆိပ်အနီးရှိ အမေရိကန်သံတမန်များ နေထိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး အဆောက်အအုံတစ်ခုကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း ဝါရှင်တန်ပို့စ်သို့ အမေရိကန်လုံခြုံရေးအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ ယနေ့အစောပိုင်းကလည်း ဘဂ္ဂဒက်လေဆိပ်အနီးရှိ အမေရိကန်၏ Victoria အခြေစိုက်စခန်းကို အီရတ်လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း အီရတ်သတင်းဌာနများတွင် ဖော်ပြထားသည်။ အကဲခတ်သူများက ယခုသံတမန်အဆောက်အအုံ တိုက်ခိုက်ခံရမှုသည် အဆိုပါစခန်းတိုက်ခိုက်မှုနှင့် ဆက်စပ်နိုင်သည်ဟု ယူဆနေကြသည်။ NOM

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပ
+2
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး မတ် ၁၁၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ (၁၁) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မေးခွန်းနှင့် အဖြေလွှာလုံခြုံရေး အထူးဂရုစိုက်ရန်နှင့် ကျောင်းကျန်းမာရေးဆိုင်ရာလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန(၉၁)ခုရှိပြီး အတွင်းဖြေကျောင်းသား/သူ(၂၂၆၉၂)ဦး၊ အပြင်ဖြေ ကျောင်းသား/သူ(၅၃၇၄)ဦးနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၄၃၈)ဦး စုစုပေါင်းတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူကျောင်းသား/သူ(၂၈၅၀၄)ဦး မတ်လ(၁၁)ရက်နေ့မှစ၍ စိတ်အေး ချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြို့နယ်(၂၈)မြို့နယ်ရှိ စာစစ်ဌာန(၉၁)ခု၌ စာမေးပွဲဖြေဆိုပြီးချိန်တွင် ကျောင်းသား/သူများအား ဌာနဆိုင်ရာများ၊ မြို့မ/မြို့ဖများက အအေးဗူးများ၊ မုန့်များ ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။ NOM

"တကောင်းမြို့ ရှင်းတမ်း" ========= ◾️ နွေဦးတော်လှန်ရေးကြီး အောင်မြင်ဖို့… လိုတဲ့ပိုက်ဆံအတွက် ခွက်ခေါက်ရအောင်က လည်း ကြည်ပြာအမှုနဲ့ ကျော်မိုးထွန်းအမှုမှာတင် NUG က တိုင်ပတ်နေချိန်မှာ… “တကောင်းမြို့”ကိုပါ လက်လွှတ်လိုက်ရတာက စစ်ရေးမှာ NUG အတွက် ဘာကိုမှ လက်ဆုပ်လက်ကိုင် မပြနိုင်တော့တဲ့ အခြေအနေမျိုးအထိ ရောက်သွားစေခဲ့တယ်။ မတ္တရာ အထက်ပိုင်းကို သိမ်းထားတဲ့ကာလမှာ “မန္တလေးကို သိမ်းမယ်။ ဘယ်နတ်ဘုရားမှ တားမရဘူး” ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ ပြောခဲ့ကြ၊ ရေးခဲ့ကြသူတွေက ရွှေတွင်းလုပ် ကွက်နဲ့ အခွန် ဆက်ကြေးတွေကြားမှာ သာယာသွားကြလေတော့…ဒီတော်လှန်ရေး ကျရှုံး ရတာ ဆန်းသလားပေါ့။ ------ ◾️ တပ်ရင်းပေါင်း ၅၀၀ ကျော်လောက် ဖွဲ့စည်းထားပါတယ်ဆိုပြီး ထောက်ခံသူတွေကို False Hope တွေပေးပြီး အလှူခံကြတယ်။ ဒါပေမယ့် စစ်ကို စစ်နဲ့တူအောင် တူတူ တန်တန် တိုက်မယ့် မြေပြင် စစ်ခေါင်းဆောင်က အောက်ခြေမှာမရှိဘူး။ ပြည်ပမှာ နွေဦး တော်လှန်ရေးကို အကြောင်းပြပြီး Show ပွဲတွေဆိုကြပြီး ရုပ်ရှင်တွေပြစားကြပေမယ့် လက်တွေ့မြေပြင် မှာကြတော့ EAO တွေနဲ့လည်း နိုင်ငံရေးအရ ဆွေးနွေး နိုင်တဲ့ အဆင့် အတန်းမရှိနေတဲ့ အနေအထားမှာ…ကိုးကန့်က လားရှိုးကို ပြန်အပ်ချိန်မျိုး၊ ပလောင်က မိုးကုတ်-မိုးမိတ် ကိုပြန်ပေးပြီး အပစ်အခတ်ရပ်ထားရချိန်မှာ နီပေါတွေက EAO တွေကို သစ္စာမရှိဘူး ဆိုပြီး ရန်ပြန်လုပ်သတဲ့။ တပ်မတော်က သူ့အလုပ်သူလုပ်နေချိန်မှာ NUG က ပုလဲနယ်မှာ အခွန်ဆက်ကြေး မဝေမျှချင်လို့၊ ဗိုလ်နဂါးလို တပ်ကို တိုက်နေတဲ့ Local Pdf တွေကိုတောင် အချင်းချင် အပြတ်ရှင်းနေချိန်မှာ…မတ္တရာကအစပြုတဲ့ စစ်ပွဲက တကောင်းအထိ ဆက်တိုက် ရှုံးသွားတာ ဘာများ ဆန်းကျယ်လို့လဲပေါ့။ ---------- ◾️ ရွေးကောက်ပွဲကာလမှာ ပြည်သူတွေ အကျပ်အတည်းဖြစ်အောင် မြို့သိမ်းတိုက်ပွဲတွေ ဆိုပြီး အကောင်အထည်ဖော်ကြတယ်။ အကျိုးဆက်က ပြည်သူတွေ ပြေးကြရသလို အောက်ခြေက PDF တွေကလည်း မြေဇာပင်အဖြစ်ခံပြီး သေပေးကြရတာပါပဲ။ ဒီ(၅)နှစ်တာကာလအတွင်း တော်လှန်ရေးက ဘာအကျိုးအမြတ်ရှိသလဲလို့မေးရင်…NUG ဝန်ကြီးတွေကသာ မိသားစု တွေနဲ့ ပြည်ပမှာ ဘေးမသီရန်မခ နေကြရတာပဲ မဟုတ်ဘူး လား။ တော်လှန်ရေးက အခန့်အသင့်ရင် နောင် နှစ်(၅၀)လည်း ကြာသွားနိုင်ပါတယ်တဲ့။ ဘယ်သူပြောတာလဲဆိုတော့…နေဘုန်းလတ်လိုမျိုး ပြည်ပမှာ နေတဲ့သူက ပြောတာ။ ----------- ◾️ စစ်ကို စစ်နဲ့တူအောင် မတိုက်ဘူးလို့ ဘာလို့ပြောနိုင်သလဲဆိုတော့…ဒီကာလမှာ ပြည်မကနေ တိုင်းနဲ့ ပြည်နယ်ဆီတွေကို ပို့တဲ့ ဆီကားတွေကို NUG ခွင့်ပြုချက်ရမှ သယ်ဆောင်ခွင့်ပြုမယ် ဆိုတဲ့ အမိန့်ညွှန်ကြားချက်မျိုးကိုပဲ တစ်ချက် ပြန်လေ့လာ ဆန်းစစ် ကြည့်ကြပေါ့။ ဝါးတား ဂိတ်တွေနဲ့ အခွန်ဆက်ကြေးတွေကြားမှာ …NUG ဆိုတာက ဘယ်လောက် နစ်မွန်းနေသလဲ တွေ့နိုင်တာပဲ။ --------- ◾️ တကောင်းပြီးရင်တော့ မြတောင်-ထီးချိုင့်ကနေ ကသာ အထိ တပ်မတော်စစ်ကြောင်း တွေက ဆက်မထိုးဘူးလို့ အာမမခံနိုင်တော့ဘူး။ အဲ့ဒီအခါ မောင်ဂွမ်မော်ရဲ့ K သုံးလုံး အိပ်မက်ကိုလည်း တပ်မတော်က တဆင့်ပြီးတဆင့် ရိုက်ချိုးလာဦးမှာပါ။ ဧရာဝတီ မြစ်ကမ်းဘေးက မြို့တွေလည်း တပ်မတော်ထိန်းချုပ်မှုအောက်ကို ပြန်ရောက်လာပြီ ဆိုတော့….ဝါဆို၊ ဝါခေါင် မြစ်ရေတက်ချိန်ရောက်ရင်…စစ်သင်္ဘောတွေ ဆန်တက်လာ ဦးမှာကိုလည်း အလှကြည့်ကြဦးပေါ့။ -------- ◾️ တကယ်တော့ နွေဦးတော်လှန်ရေးကြီး ကျရှုံးသွားပြီဆိုတာက မြေပြင်အရှိတရားကြီးပါ။ တကောင်းမြို့ကြီးဆီကို တပ်မတော်စစ်ကြောင်း ဦးတည်လာနေတာကို သိသိရက်နဲ့ တောင် ခံစစ် လုံးလုံးမပြင်နိုင်တဲ့ အနေအထား။ မြေပြင်က PDF တွေအတွက် ကယ်သူမရှိ၊ မဟာမိတ် EAO မရှိ၊ ဦးဆောင်သူ Commander မရှိ။ တကယ်တော့ တကောင်းမြို့ကြီး ကျရှုံးတယ်ဆိုတာထက် NUG ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်နိုင်မှု အခန်းကဏ္ဍက ဘယ်မှာ လဲလို့ မေးခွန်းထုတ်ရမယ့် အချိန်ရောက်ပြီလို့သာ ဆိုကြရတော့မှာပါ။ (နရီမိုး) https://t.me/Nyemoee

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် NOM
+2
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် NOM

မိတ္ထီလာမြို့နယ်၌ ၂ဝ၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆို မတ် ၁၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ၂ဝ၂၆ ခုနှ
မိတ္ထီလာမြို့နယ်၌ ၂ဝ၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆို မတ် ၁၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပရာ မြို့နယ်အတွင်းရှိစာစစ်ဌာနကိုးခုတွင် ကျောင်းသူကျောင်းသား ၄ဝဝဝ ကျော် ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။ အဆိုပါစာစစ်ဌာန ကိုးခုဖြစ်သည့် အထက(၁)၊ ထက(၂) ၊အထက(၃)၊ အထက(၄)၊ အထက(၅)၊ အထက(၆)၊ အထက(‌ရေဝေ)၊ အထက(တောမ)နှင့် အထက(အလည်ရွာ)တို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသူကျောင်းသား ၄ဝဝဝ ကျော်က မြန်မာဘာသာရပ်ကို ယနေ့စတင်ဖြေဆိုကြသည်။ စာစစ်ဌာနများအလိုက် ကျောင်းသူကျောင်းသားများ အဆင်ချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲလုံခြုံရေး ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက စာစစ်ဌာနများအလိုက် ကြည့်ရှုစစ်ဆေးကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။ NOM

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့(မြန်မာစာ) စတင်ဖြေဆို (ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း)
+2
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့(မြန်မာစာ) စတင်ဖြေဆို (ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း)

🚨 - "အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာများကို ပစ်မှတ်ထားပြီး ဖော့စဖရပ်ဖြူ (White Phosphorus) များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် မှတ်တမ်းဗီဒီယိုဖိုင်များ ထွက်ပေါ်လာသည်။" White Phosphorus (ဖော့စဖရပ်ဖြူ)- ၎င်းသည် လေထုနှင့် ထိတွေ့ပါက အလွန်ပူပြင်းသော အပူချိန်ဖြင့် တောက်လောင်တတ်ပြီး လူကို ပြင်းထန်သော မီးလောင်ဒဏ်ရာများ ရရှိစေနိုင်သည့်အပြင် အသက်ရှူလမ်းကြောင်းကိုလည်း ထိခိုက်စေနိုင်သည့် ဓာတုပစ္စည်းတစ်မျိုး ဖြစ်သည်။ စစ်ဥပဒေ- အရပ်သားများရှိရာ နေရာများတွင် ဤဓာတုလက်နက်ကို အသုံးပြုခြင်းအား နိုင်ငံတကာ ဥပဒေများက တင်းကျပ်စွာ တားမြစ်ထားပါသည်။ ဒါမျိုးကျ လူ့အခွင့်ရေးသမားတွေ ဘယ်နားသွားသေနေကြလဲ????? NOM