ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 411 名订阅者,在 新闻与媒体 类别中位列第 15 966,并在 缅甸 地区排名第 10 118

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 411 名订阅者。

根据 08 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -223,过去 24 小时变化为 -13,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.65%。内容发布后 24 小时内通常能获得 6.02% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 950 次浏览,首日通常累积 747 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 09 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 411
订阅者
-1324 小时
-677
-22330
帖子存档
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+8
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ နေပြ
+1
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ နေပြည်တော်၊ ဇန်နဝါရီ ၆

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၆၃၁ လုံး စနစ်တကျဖြိုချဖျက်
+9
KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၆၃၁ လုံး စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ် နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+1
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ နေပြည်တော်၊ ဇန်နဝါရီ - ၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကမောကချူးကျေးရွာတွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူစိုးရိမ် ထိတ်လန့်စေရန်ရည်ရွယ်၍ အသံမိုင်းထောင်ဖောက်ခွဲမှုလုပ်ဆောင် NOM ဇန်နဝါရီ ၆၊ ၂၀၂၆ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကမော့ကချူးကျေးရွာတွင် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ အဆိုပါကျေးရွာရှိ လှိုင်းဘွဲ့-ပိုင်းကျုံးကားလမ်း၏ယာဘက် ပေ ၅၀ ခန့်အကွာ လျှပ်စစ်မီးတိုင်အနီးတွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူစိုးရိမ် ထိတ်လန့်စေရန်ရည်ရွယ်၍ အသံမိုင်းတစ်လုံးအား ဖောက်ခွဲသွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။ News Of Myanmar NOM

ဇန်နဝါရီလ၆ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဘိုလီးဗီးယားသမ္မတဟောင်းအီဗိုမိုရာလက်စ်ကအမေရိကန်သမ္မတသည်နိုင်ငံတစ်ခုအပေါ်ရာဇဝတ်မှုကျ
+1
ဇန်နဝါရီလ၆ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဘိုလီးဗီးယားသမ္မတဟောင်းအီဗိုမိုရာလက်စ်ကအမေရိကန်သမ္မတသည်နိုင်ငံတစ်ခုအပေါ်ရာဇဝတ်မှုကျူးလွန်ခဲ့သဖြင့်တစ်ကမ္ဘာလုံးကဝိုင်းဝန်းအရေးယူရန်တောင်းဆိုလိုက်သည်။(ဓါတ်ပုံ) ၂။တရုတ်ကစစ်ဖက်အရပ်ဖက်နှစ်ခုစလုံးတွင်သုံးနိုင်သောပစ္စည်းများဂျပန်သို့ရောင်းချခြင်းကိုပိတ်ပင်လိုက်သည်။ပိတ်ပင်မှုကိုရှောင်လွဲရန်တတိယနိုင်ငံတစ်ခုမှတစ်ဆင့်ရောင်းချပါကတရုတ်ဥပဒေအရအရေးယူခံရမည်ဟုလည်းကြေညာလိုက်သည်။ ၃။ယနေ့ဒေသစံတော်ချိန်ညနေ၆း၁၇နာရီတွင်ထိုင်ဝမ်လေတပ်မှF-16တိုက်လေယာဥ်သည်လေ့ကျင့်ပျံသန်းစဥ်ပျက်ကျခဲ့ပြီးလေယာဥ်မှူးကိုသွားရောက်ကယ်ဆယ်လျက်ရှိသည်။(ဓါတ်ပုံ) ၄။ဗင်နီဇွဲလားကိုကျူးကျော်တိုက်ခိုက်ပြီးသမ္မတကိုပြန်ပေးဆွဲသည့်အ​မေရိကန်၏လုပ်ရပ်ကိုတရုတ်၊စပိန်၊ဥရောပသမဂ္ဂ၊ဂရိ၊ဘရာဇီး၊ကိုလံဘီယာ၊မက္ကဆီကို၊ချီလီ၊ဂူယာနာ၊ကျူးဘားနိုင်ငံတို့ကပြစ်တင်ရှုံ့ချကြသည်။ ၅။ဒေးလီးမေးသတင်းစာကဗင်နီဇွဲလားဒုတိယသမ္မတသည်သမ္မတမာရူဒိုကိုဖယ်ရှားရန်လွန်ခဲ့သည့်လကကာတာနိုင်ငံတွင်အမေရိကန်ကိုယ်စားလှယ်များဖြင့်လျို့ဝှက်ဆွေးနွေးခဲ့သည်ဟုဖော်ပြလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၉ / ၂၀၂၆) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော်
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၉ / ၂၀၂၆) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၆ ရက် ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ၎င်းတို့ဖမ်းဆီးခေါ်ဆောင်လာသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို ဓါးဖြ
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ၎င်းတို့ဖမ်းဆီးခေါ်ဆောင်လာသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို ဓါးဖြင့်ထိုးခုတ်သတ်ဖြတ် NOM ဇန်နဝါရီ ၆၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကြီးနီကျေးရွာရှိ မီးရထားဘူတာရုံအနီးတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်၌ ဓားဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်၌ အဆိုပါကျေးရွာနေ ကိုဇော်နိုင်ဝင်း (၂၆) နှစ်သည် ၎င်း၏ဇနီးဖြစ်သူ နေထိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဗိုလ်ကုန်းကျေးရွာရှိ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကြီးနီကျေးရွာရှိ မီးရထားဘူတာရုံအနီးတွင် ဓားဖြင့်ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ကိုဇော်နိုင်ဝင်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
အမေရိကန်အထက်လွှတ်တော်ရဲ့ ကူးသန်းရောင်းဝယ်ရေးဥက္ကဌဖြစ်သူ ရီပတ်ဘလစ်ကန်ပါတီက Ted Cruz က Somaliland ကို အစ္စရေးက အသိအမှတ်ပြုပြီးန
အမေရိကန်အထက်လွှတ်တော်ရဲ့ ကူးသန်းရောင်းဝယ်ရေးဥက္ကဌဖြစ်သူ ရီပတ်ဘလစ်ကန်ပါတီက Ted Cruz က Somaliland ကို အစ္စရေးက အသိအမှတ်ပြုပြီးနောက် အမေရိကန်ကလည်း အသိအမှတ်ပြုဖို့အတွက် ဒေါ်နယ်ထရမ့်ကို တိုက်တွန်းနေပါတယ်။ ဒီလိုမျိုး အသိအမှတ်ပြုမှုဟာ အမေရိကရဲ့ လုံခြုံရေး အကျိုးစီးပွားတွေနဲ့ America First ဆိုတဲ့ အယူဝါဒနဲ့ ကိုက်ညီတယ်လို့လည်း X မှာ သူက ရေးသားခဲ့ပါတယ်။ Somaliland ဟာ အာဖရိကဦးချိုဒေသမှာ တည်ရှိပြီး အေဒင်ပင်လယ်ကွေ့ရဲ့ တောင်ဘက်ကမ်းရိုးတန်း၊ အနောက်မြောက်မှာ ဂျီဘူတီနိုင်ငံ၊ တောင်ဘက်နဲ့ အနောက်ဘက်မှာ အီသီယိုးပီးယားနဲ့ အရှေ့ဘက်မှာ ဆိုမာလီယာတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ NOM

Repost from NOM
အီရန်မှာ အဓိကရုဏ်းနဲ့ ဆန္ဒပြပွဲတွေ အားကောင်းမှုဟာ တဖြည်းဖြည်းနဲ့ ကျဆင်းသွားပြီလို့ လွတ်လပ်တဲ့ အရင်းအမြစ်၊ အချက်အလက်တွေအရ သိရပါတယ်။ မနေ့က တနေ့တည်းမှာပဲ အီရန်လူဦးရေ သန်း ၉၀ မှာ အပြင်ထွက်ဆန္ဒပြသူဟာ ၁၄၁၁ ဦးသာ ရှိတော့တယ်လို့ ဆိုပါတယ်။ NOM

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဌာနဆိုင်ရာလုပ်ငန်းညှိနှိင်းအစည်းအဝေး အမှတ်စဉ် (၁/၂ဝ၂၆) နှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကျင်းပ ဇန်နဝါရီ ၆၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂ဝ၂၆) နှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ မဲစာရင်းအမှတ်စဉ်များကို မဲဆန္ဒရှင်ပြည်သူများ ကြိုတင်သိရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြရန်၊ အပိုင်းလိုက် ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက အဆင့်ဆင့်အလေးထားပူးပေါင်းဆောင်ရွက်ရန်၊ လုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာအကြီးများအနေဖြင့် လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက်စာတမ်းလုံခြုံရေးများကို ပေါ့လျော့မှုမရှိစေရေးအတွက် လက်အောက်ဌာနများကို အထူးဂရုပြုကြီးကြပ်ဆောင်ရွက်ကြရန်နှင့် ထူးခြားဖြစ်စဉ် သတင်းများရှိလာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြရန်စသည်တို့ကို ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်နိုင်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများနှင့် တက်ရောက်လာကြသူများက ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပူပေါင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကာ ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂ဝ၂၆) နှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂ဝ၂၆) နှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဆေးခန်းပြရန်အတွက် နေအိမ်မှ ထွက်ခွာလာသည့် အပြစ်မဲ့အမျိုးသမီးတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဆေးခန်းပြရန်အတွက် နေအိမ်မှ ထွက်ခွာလာသည့် အပြစ်မဲ့အမျိုးသမီးတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွား NOM ဇန်နဝါရီ ၆၊ ၂၀၂၆ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဆက်သွယ်ကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ်ကားလမ်းဘေးရှိ ရာဘာခြံအတွင်း၌ ဇန်နဝါရီလ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ သံဖြူဇရပ်မြို့နယ်၊ ဝဲရက်ရွာသစ်ကျေးရွာနေ ဒေါ်ထက်ထက်မိုးဦး (၃၄) နှစ်သည် ဝဲရက်ကျေးရွာမှ သံဖြူဇရပ်မြို့သို့ ဆေးခန်းပြရန် ထွက်ခွာလာစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသူရထွန်းကို PDF အကြမ်းဖက်သမား ၂၀ ဦးခန့်က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၆၊ ၂၀၂၆ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ (၃) ရပ်ကွက်နေ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသူရထွန်း (၅၈) နှစ်သည် ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်၌ ကျောင်းရွာကျေးရွာမှ မုဒုံမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာနှင့် အောင်သပြေကျေးရွာကြားအရောက် PDF အကြမ်းဖက်သမား ၂၀ ဦးခန့်က ဆိုင်ကယ်အား တားဆီးရပ်တန့်ခိုင်းကာ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

photo content
+1

အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် Expressကားတစ်စီး မီးလောင်မှုဖြစ်ပွား NOM၊ဇန်နဝါရီ၆၊၂၀၂၆ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်းတွင် Expressကားတစ်စီး ယနေ့(ဇန်နဝါရီ၆ရက်) နံနက် ၃း၄၄နာရီ ကမီးလောင်မှုဖြစ်ပွားကြောင်းမီးသတ် တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ "ကားကတော့အတော်လေးပျက်စီးသွားတယ် လူထိခိုက် မှုတော့မရှိပါဘူး ဘာကြောင့်ဖြစ်တယ်ဆိုတာတော့အတိကျ မသိဘူးကားကရပ်ထားတာပါ"ဟု အောင်မင်္ဂလာအဝေးပြေး ကားဝင်းအတွင်းမီးလောင်မှုကိုတွေ့ရှိခဲ့သူတစ်ဦးကပြော သည်။ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၈ မိနစ်တွင်မီးငြိမ်းသွား ကြောင်းသိရသည်၊၊

photo content

ရွေးကောက်ပွဲအပိုင်း(၁)ထက်အပိုင်း(၂)နှင့်(၃) တို့ကိုပိုမို ကောင်းမွန် အောင်ဆောင်ရွက်သွားမည်ဟု ရွေးကောက် ပွဲကော်မရှင်ဥက္ကဌ ပြော NOM၊ဇန်နဝါရီ၆၊၂၀၂၅ ရွေးကောက်ပွဲအပိုင်း(၁)ထက်အပိုင်း(၂)နှင့်(၃) တို့ကိုပိုမိုကောင်း မွန် အောင်ဆောင်ရွက်သွားမည်ဟု ရွေးကောက် ပွဲကော်မရှင်ဥက္ကဌ ဦးသန်းစိုးက ယမန်နေ့ဇန်နဝါရီ၅ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီများတွေ့ဆုံပွဲ ၌ပြောကြားခဲ့သည်။ လက်ရှိနိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲအပိုင်း(၁)တွင်ကြို တင်မဲနှင့်ပတ်သက်ပြီးပွင့်လင်မြင်သာမှုမရှိသည့် အတွက် အကြံပြုချက်များပေးပို့ထားသည့်အတွက်ရွေးကောက်ပွဲကော်မရှင်က ယခုလိုနိုင်ငံရေးပါတီများအားလုံးကိုခေါ်ယူပြီး တွေ့ဆုံဆွေနွေခဲ့ကြောင်းကိုနိုင်ငံရေးပါတီအချို့မှသိရသည်။ "သူတို့ခေါ်တွေ့တဲ့အဓိကအကြောင်းရင်းကတော့ ရွေးကောက်ပွဲအပိုင်း(၁)ထက် အပိုင်း(၂) ကို ပိုပြီးကောင်းမွန်အောင်လုပ်မယ်ဆိုတာတွေ၊ ပြီးတော့ကြိုတင်မဲနဲ့ပက်သတ်ပြီး ပါတီအချို့အကြံပြုစာပို့ထားတာတွေကို အပိုင်း(၂) မှာ ကြိုတင်မဲရေတွက်တဲ့အခါ ပါတီကိုယ်စားလှယ်တွေကိုထပ် ပြီးခေါ်မယ်ဆိုတဲ့အကြောင်းတွေကိုသူတို့ကဆွေးနွေခဲ့တာပါ ကျွန်တော်တို့ပါတီကတော့ပြန်ပြီးဆွေးနွေခဲ့တာမရှိပါဘူး" ဟု ပြည့်သူရှေ့ဆောင်ပါတီမှ ဒုဥက္ကဌ ဦးစောဟန်အေးက ပြောသည်။ တွေ့ဆုံပွဲတွင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ရွေးကောက် ပွဲအပိုင်း(၁)ကိုေအာင်မြင်စွာကျင်းပနိုင်ခဲ့ပြီးအပိုင်း(၂) နှင့်(၃ )ကို ဆက်လက်ကျင်းပနိုင်ရေးဆောင်ရွက်နေကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာစု ဝေးဟောပြောခြင်း၊မဲဆွယ်စည်းရုံခြင်းများဆက်လက်ဆောင်ရွက်နိုင်ရန် နေ့ရက်များကိုလည်းသက်မှတ် ခွင့်ပြုပေးခဲ့ကြောင်းနှင့်ကြိုတင်ဆန္ဒာမဲပေးခြင်းနှင့် ပက်သတ်၍ဥပဒေ၊ နည်းဥပဒေ လုပ်လုထုံးနည်းများနှင့်အညီပွင့်လင်မြင်သာ အောင်ဆောင်ရွက် ခဲ့သည့်လုပ်ငန်းစဉ်အသေးစိတ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။

Repost from NOM
အီရန် အဓိကရုဏ်းတွေဟာ ဒုတိယမြောက်နေ့အဖြစ် ကျဆင်းလာပြီး ဇန်နဝါရီ ၃ ရက်နေ့က အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့တာကို မြင်တွေ့ရမှာပါ။ ပြီ
+1
အီရန် အဓိကရုဏ်းတွေဟာ ဒုတိယမြောက်နေ့အဖြစ် ကျဆင်းလာပြီး ဇန်နဝါရီ ၃ ရက်နေ့က အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့တာကို မြင်တွေ့ရမှာပါ။ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း အဓိကရုဏ်းတွေက ပိုမိုမြင့်တက်လာမယ့်အစား လျော့ကျလာခဲ့တာလည်း ဖြစ်ပါတယ်။ NOM