ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 488 名订阅者,在 新闻与媒体 类别中位列第 15 956,并在 缅甸 地区排名第 10 069

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 488 名订阅者。

根据 26 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -236,过去 24 小时变化为 1,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 9.67%。内容发布后 24 小时内通常能获得 5.62% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 208 次浏览,首日通常累积 702 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 27 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 488
订阅者
+124 小时
-317
-23630
帖子存档
+2
ဖူဂျေရာ (Fujairah) ရှိ လောင်စာဆီ သိုလှောင်ကန်များသည် မီးလောင်ကျွမ်းနေဆဲ ဖြစ်သည်။ အီရန်သည် ပင်မပိုက်လိုင်းအတွက် ထိန်းချုပ်စနစ်များကိုလည်း ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် ဆိပ်ကမ်း ၁ နှင့် ၂ တို့သည် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားပြီဖြစ်သည်။ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ ADNOC ကုမ္ပဏီသည် ဖူဂျေရာမှတစ်ဆင့် မည်သည့် ရေနံတင်ပို့မှုကိုမျှ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပေ။ NOM

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ နိုင်ငံအချို့မှ သင်္ဘောများသည် အီရန်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဟော်မုဇ် ရေလက်ကြား ကို ဖြတ်သန်းသွားလာခဲ့ကြကြောင်း အတည်ပြုပြောကြားခဲ့သည်။ မကြာသေးမီက အိန္ဒိယနှင့် တူရကီပိုင် သင်္ဘောအချို့ကို အီရန်အာဏာပိုင်များက ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သတင်းများအရ သိရသည်။ NOM

စစ်ကိုင်းမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးဒဏ်ရာရ NOM မတ် ၁၆၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအ
စစ်ကိုင်းမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးဒဏ်ရာရ NOM မတ် ၁၆၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီအချိန်၌ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာနေ ဦးနိုင်ထွန်း (၄၅) နှစ် သည် မင်းကွန်းကျေးရွာမှ ရွာသာယာကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် မင်းကွန်းကျေးရွာ ၏အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာအရောက် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ခြေထောက်ပြတ်ထွက်ဒဏ်ရာရ NOM မတ် ၁၆၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်၌ နောင်ချိုမြို့နယ်၊ ဉာဏ်တောကျေးရွာနေ ကိုရန်မျိုးအောင် (၂၃) နှစ်သည် နောင်လင်ကျေးရွာအနီးရှိ ကြံစိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ခြေထောက်ပြတ်ထွက်ဒဏ်ရာနှင့် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သ
+1
ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးဒဏ်ရာရ NOM မတ် ၁၆၊ ၂၀၂၆ မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၈ နာရီခွဲအချိန်၌ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာနေ ကိုသန့်ဇော်ဦး (၂၅) နှစ်နှင့် ကိုကံထူး (၂၂) နှစ်တို့သည် ကျေးရွာရှိ ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

အကြမ်းဖက်မိုင်းကြောင့် နောက်ထပ်အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ NOM
အကြမ်းဖက်မိုင်းကြောင့် နောက်ထပ်အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ NOM

အမေရိကန်/အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ပွဲ ဆင်နွှဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင်အကျပ်အတည်းက တောင်အာရှတစ်ဝှမ်း ကိုစတင်ထိခိုက်လာပြီဖြစ်လို့အိန္ဒိယမှာ စားသောက်ဆိုင်တွေက ကြော်ထားတဲ့ အစားအစာတွေကို ရပ်တန့်နေကြပြီး မီးသင်္ဂြိုဟ်ရာနေရာတွေမှာလည်း အလောင်းတွေကို မီးရှို့ဖို့ ဓာတ်ငွေ့တွေ ပြတ်လပ်လာနေတယ်လို့ Financial Times ကဖော်ပြထားပါတယ်။

အစ္စရေးကအရံတပ်အင်အားလေးသိန်းခွဲအထိခေါ်ယူပြီးနောက်လက်ဘနွန်နိုင်ငံအတွင်းမြေပြင်ထိုးစစ်စတင်ကြောင်းကြေညာလိုက်သည်။

အီရန်ပဲ့ထိန်းဒုံးကျည် အစ္စရေးနိုင်ငံတယ်လ်အဗစ်မြို့ကိုထိမှန်စဉ်

မြန်မာ့လက်ရွှေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင် လက်ရွေးစင်အသင်းမှ အနားယူမည်ဟု အသိပေး NOM၊မတ်၁၆၊၂၀၂၆ မြန်မာ့လက်ရွှေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင် သည် လက် ရွေးစင်အသင်းမှ အနားယူရန်ဆုံးဖြတ်လိုက်ကြောင်း ယမန်နေ့ မတ်လ (၁၅)ရက်ကသူ၏ လူမှုကွန်ရက်စာ မျက်နှာမှအသိပေးထား ကြောင်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀)ရက်က မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ခု ဖြစ်သည့် Yangon United FC နှင့် Yadanar bon FC အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပွဲ၌ ပထမပိုင်း ပြီးဆုံး ပြီးနောက် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်သည် ပရိတ်သတ်အမျိုးသမီးကြီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် ဖြစ်စဉ်အပေါ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ပြစ်ဒဏ်ချမှတ်ခဲ့သည်။ "ဒီဆုံးဖြတ်ချက်ကို ကျွန်တော် အလွယ်တကူ ချမှတ်ခဲ့တာ မဟုတ်ပါဘူး။ ညလုံးပေါက် စဉ်းစားပြီးမှ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါ။ ဒီလိုဘဝတစ်ခု ရဖို့အတွက် ကျွန်တော့်ဘဝရဲ့ လက်ရှိအသက်ရဲ့ သုံးပုံနှစ်ပုံလောက်ကို ဘောလုံးအတွက် ပြေးလွှား ကြိုးစားခဲ့ရပါတယ်လူမျိုးရေးခွဲခြားစော်ကားမှုတွေ၊ မိဘတွေကိုပါ ကိုင်ဆဲစော်ကားမှုတွေကို ခံရတဲ့ အချိန်မှာ စိတ်ခံစားချက်တုံ့ပြန်မိခဲ့တာကြောင့် ၆လ ပွဲကစားခွင့်ပိတ်ခံရပါတယ် ဒါကြောင့်အကာအကွယ် မရဘူးလို့ ခံစားရတဲ့အတွက် စိတ်မကောင်းစွာနဲ့မြန်မာ့လက် ရွှေး စင်အသင်းကနေ နားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်"ဟု မြန်မာ့လက်ရွှေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်ကသူ၏ လူမှုကွန်ရက်စာ မျက်နှာတွင် အသိပေးထား ကြောင်းသိရသည်။ မောင်မောင်လွင်သည် ၂၀၁၅ ခုနှစ် FIFA ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်မှစတင်ကာ ထိုင်းလိဂ်-၁ ကလပ်အသင်းဖြစ်သည့် လန်ဖွန်ဝေါရီယာ (Lamphun Warriors) တွင် ပါဝင်ကစားခဲ့သည့်အပြင်လန်ဖန်အသင်းနှင့်လည်းအတူ ထိုင်းလိဂ်-၂ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သဖြင့် နိုင်ငံခြားကလပ်အသင်းတစ်ခုတွင် ဆုဖလားရရှိသည့် ပထမဆုံးသော မြန်မာဘောလုံးသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူနိုင်သည့်အပြင်၂၀၂၅ ခုနှစ်တွင် မောင်မောင်သည် ASEAN All-Stars အသင်းအတွက် တစ်ဂိုးတည်းသာ သွင်းယူကာ Manchester United F.C. အသင်းကို ၁-၀ ဖြင့် အနိုင်ရစေခဲ့သည့်သူတစ်ဦးဖြစ်သည်

ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိဆီလှောင်င်ကန်သည်ယနေ့နံနက်ကအီရန်ဒုံးကျည်ထိမှန်ပြီးမီးလောင်လျက်ရှိသည်။ထိုဖြစ်ရပ်ကြောင့်ဒူဘိုင်းစတော့အိပ်ချိနိးသည်၃%တန်ဘိုးလျော့ကျသွားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့အားရွေးချယ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဦးခင်ရီအားရွ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့အားရွေးချယ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဦးခင်ရီအားရွေးချယ်တင်မြှောက်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ပြန်ကြားရေပြည်ထောင်စုဝန့်ကြီး မောင်မောင်အုန်း အားရွေးချယ်တင်​မြှောက်။

အီရန်ဒုံးကျည်ရန်ကြောင့် အမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စင်း မူလတပ်စွဲထားရာနေရာများမှ ရွှေ့ပြောင်း အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက
အီရန်ဒုံးကျည်ရန်ကြောင့် အမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စင်း မူလတပ်စွဲထားရာနေရာများမှ ရွှေ့ပြောင်း အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်း USS Abraham Lincoln (CVN-72) သည် အီရန်ကမ်းရိုးတန်းမှ ဝေးရာသို့ ရွှေ့ပြောင်းသွားပြီး ယခုအခါ အိုမန်နိုင်ငံ၊ ဆာလာလာမြို့အနီး ကမ်းရိုးတန်းတောင်တန်းများ၏ နောက်ကွယ်တွင် ရောက်ရှိနေသည်။ အဆိုပါ လေယာဉ်တင်သင်္ဘောသည် ယခင်က ကမ်းရိုးတန်းမှ ၃၅၀ ကီလိုမီတာခန့်အကွာတွင် ရှိနေခဲ့သော်လည်း ယခုအခါ အီရန်နှင့် ၁,၁၀၀ ကီလိုမီတာကျော် အကွာအဝေးသို့ ရောက်ရှိသွားပြီဖြစ်သည်။ လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျရယ်လ် အာရ် ဖော့ဒ် USS Gerald R. Ford (CVN-78) သည်လည်း နေရာပြောင်းရွှေ့ခဲ့ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဂျက်ဒါ မြို့ကမ်းရိုးတန်းအနီး ပင်လယ်နီတောင်ပိုင်းသို့ ရောက်ရှိနေသည်။ အစောပိုင်းတွင် အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က လေယာဉ်တင်သင်္ဘောများ အာရပ်ပင်လယ်အတွင်းမှ ဆုတ်ခွာသွားသည်ဆိုသော အီရန်၏ပြောကြားချက်ကို ငြင်းဆိုခဲ့သည်။ သို့သော်လည်း အများပြည်သူကြည့်ရှုနိုင်သည့် (Open-source) ဂြိုဟ်တုဓာတ်ပုံများအရ လေယာဉ်တင်သင်္ဘောနှစ်စင်းလုံးသည် နေရာပြောင်းရွှေ့သွားကြပြီး အီရန်ဒုံးကျည်များ၏ လက်လှမ်းမီရာ အကွာအဝေးပြင်ပသို့ ရောက်ရှိသွားကြောင်းပြသနေသည်။ NOM

❗️သြစတြေးလျအစိုးရမှ ခိုလှုံခွင့်ပေးထားသော အီရန်အမျိုးသမီးဘောလုံးသမား ၇ ဦးအနက် ၅ ဦးသည် သြစတြေးလျ၏ ဓာတ်ဆီဈေးနှုန်းများ မြင့်တက်လာမှုကို မြင်တွေ့ပြီးနောက် ကမ်းလှမ်းချက်ကို ငြင်းဆိုပြီး အီရန်သို့ ဆန္ဒအလျောက် ပြန်သွားခဲ့ကြသည်။

တတိယအကြိမ်ပြည်သူ့လွှတ်တော်ကိုနေပြည်တော်တွင်မတ်လ၁၆ရက်၊ယနေ့စတင်ကျင်းပလျက်ရှိသည်။
တတိယအကြိမ်ပြည်သူ့လွှတ်တော်ကိုနေပြည်တော်တွင်မတ်လ၁၆ရက်၊ယနေ့စတင်ကျင်းပလျက်ရှိသည်။

အသစ်ဖွဲ့စည်းမည့်အစိုးရသစ်နှင့်ပတ်သက်ပြီးတာဝန်ယူမည့်ခန့်မှန်းစာရင်းအချို့ထွက်ပေါ် NOM၊မတ်၁၆၊၂၀၂၆ အသစ်ဖွဲ့စည်းမည့်လွှတ်တော်နှစ်ရပ်နှင့်အစိုးရအဖွဲ့ဝင်များ၏ခန့်မှန်းအမည်စာရင်းအချို့အောက်ပါအတိုင်းထွက်ပေါ်လျက်ရှိသည်။ သမ္မတ- ဦးမင်းအောင်လှိုင် ဒုသမ္မတ(၁) ဦးညိုစော ဒုသမ္မတ(၂) ဒေါ်ဒွဲဘူ ပြည်သူ့ လွှတ်တော် ဥက္ကဌ- ဦးခင်ရီ ဒုဥက္ကဌ-ဦးမောင်မောင်အုန်း အမျိုးသားလွှတ်တော်ဥက္ကဌ- ဦးအောင်လင်းဒွေး ဒုဥက္ကဌ - ဦးနော်တောင် ကာကွယ်ရေးဦးစီးချုပ်( ကြည်း/ ရေ/လေ) - ဗခမကစိုးဝင်း သမ္မတရုံးဝန်ကြီး-ဦးစိုးသိန်း နယ်စပ်ရေးရာဝန်ကြီး-ဒုဗခကနီလင်းအောင် ပြန်ကြားရေးဝန်ကြီး-ဗိုလ်ချုပ်ဇော်မင်းထွန်း ဒုဝန်ကြီး-ဦးသက်ဆွေ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်-ဦးအောင်နိုင်သူ ကယားပြည်နယ်ဝန်ကြီးချုပ်-ဦးအံ့မော် ဧရာဝတီတိုင်းဝန်ကြီးချုပ်-ဦးအေးကျော် မကွေးတိုင်းဝန်ကြီးချုပ်-ဦးတင်ကိုကို

ထရမ့်ကနေတိုးကိုခြိမ်းခြောက် အမေရိကန်နှင့်အီရန်ဖြစ်နေသောစစ်ပွဲတွင်နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံများကအမေရိကန်ဘက်မှကူတိုက်မပေး
ထရမ့်ကနေတိုးကိုခြိမ်းခြောက် အမေရိကန်နှင့်အီရန်ဖြစ်နေသောစစ်ပွဲတွင်နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံများကအမေရိကန်ဘက်မှကူတိုက်မပေးပါကနေတိုးသည်ဆိုးဝါးသောအနာဂတ်နှင့်တွေ့ကြုံရမည်ဟုအမေရိကန်သမ္မတထရမ့်ကခြိမ်းခြောက်လိုက်သည်။

သတင်းထောက် - "ကွယ်လွန်သွားခဲ့ရတဲ့ စစ်မှုထမ်း (၆) ဦး (KC-135 ဝေဟင်ဆီဖြည့်လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသူများ) နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးချင်တာမျိုး ရှိပါသလား?" ထရမ့် - (မေးခွန်းကို ဥပေက္ခာပြုလျက်) "နောက်ထပ် မေးဖို့ဘယ်သူရှိသေးလဲ?" NOM

MNDAA အကြမ်းဖက်အဖွဲ့​၏ သုတ်သင်ခြင်းခံလိုက်ရသည့် TNLA အကြမ်းဖက်အဖွဲ့ဝင်တစ်ချို့။ NOM
+1
MNDAA အကြမ်းဖက်အဖွဲ့​၏ သုတ်သင်ခြင်းခံလိုက်ရသည့် TNLA အကြမ်းဖက်အဖွဲ့ဝင်တစ်ချို့။ NOM

ဖလမ်းမြို့နယ်၊ ခွာကျေးရွာအတွင်းသို့ CDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့်
ဖလမ်းမြို့နယ်၊ ခွာကျေးရွာအတွင်းသို့ CDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM မတ် ၁၆၊ ၂၀၂၆ ချင်းပြည်နယ်၊ ဟားခါး မြို့နယ်ရှိ ဟားခါးပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ်လ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ဖလမ်းမြို့နယ်၊ ခွာကျေးရွာနေ ဒေါ်ကျုံးနွမ်အုပ် (၃၇) နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ်နေအိမ်အနီးသို့ CDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM