ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 483 名订阅者,在 新闻与媒体 类别中位列第 15 995,并在 缅甸 地区排名第 10 066

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 483 名订阅者。

根据 25 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -245,过去 24 小时变化为 -7,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 10.08%。内容发布后 24 小时内通常能获得 5.41% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 259 次浏览,首日通常累积 676 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 26 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 483
订阅者
-724 小时
-427
-24530
帖子存档
အီရန်ဒုံးကျည်ပညာရှင်ကိုအစ္စရေးကလေကြောင်းမှတိုက်ခိုက််သတ်ဖြတ် NOM ဒေါက်တာ Saeed Shamkhdari ဟု လူသိများသော အီရန် ဒုံးကျည်ကျွမ်း
အီရန်ဒုံးကျည်ပညာရှင်ကိုအစ္စရေးကလေကြောင်းမှတိုက်ခိုက််သတ်ဖြတ် NOM ဒေါက်တာ Saeed Shamkhdari ဟု လူသိများသော အီရန် ဒုံးကျည်ကျွမ်းကျင်သူသည် တီဟီရန်မြို့ရှိ ၎င်း၏နေအိမ်တွင် ရှိစဉ်အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့်မိသားစုဝင်အချို့နှင့်အတူ သေဆုံးကြောင်း သတင်းများအရ သိရသည်။

Repost from NOM.World News
နယူးယောက်မြို့က LaGuardia လေဆိပ်မှာ Air Canada Express လေယာဉ်ဟာ မြေပြင်ယာဉ်တစီးနဲ့ တိုက်မိခဲ့ရာကနေ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ သေဆုံးခဲ့တယ်လို့ NBC က ဖော်ပြခဲ့ပါတယ်။ ခရီးသည် ၇၆ ဦး လိုက်ပါလာတဲ့ လေယာဉ်ဟာ လေဆိပ်ကို ဆင်းသက်ချိန်မှာ မီးသတ်ကားတစီးနဲ့ တိုက်မိခဲ့ပြီး လေဆိပ်ကိုလည်း အရေးပေါ်ပိတ်လိုက်ရတယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ News Of Myanmar NOM

တက္ကီဆီကါးများဆီဆိုင်နှင့်ပေါင်းပြီးအကြိမ်ကြိမ်ဆီထည့်နေ NOM၊မတ်၂၃၊၂၀၂၆ ဆီရောင်းချသည့်စနစ်ကိုမည်သို့ပြင်စေကါမူတက္ကဆီအငှါးကါးများနှင့်ဆီဆိုင်ဝန်ထမ်းများပေါင်းပြီးတစ်နေ့အတွင်းအကြိမ်ကြိမ်တန်းစီကါဆီထုတ်ရောင်းစားနေကြောင်းယနေ့မျက်မြင်တွေ့လာသူတစ်ဦးက NOMသို့ဆက်သွယ်သတင်းပေးပို့လာသည်။ “ဆီဆိုင်တွေမှာဆီထည့်ရင်ကါးဝှီးတက်ကိုစကင်ဖတ်ရတယ်။ဒါပေမယ့်ဆီဆိုင်ဝန်ထမ်းကိုတစ်သောင်းပေးလိုက်ရင်အဲဒီကါးကိုစကင်မဖတ်ပဲထည့်ပေးလိုက်တယ်။ဒီတော့တက္ကဆီတွေကလူမဆွဲတော့ပဲအကြိမ်ကြိမ်တန်းစီပြီးဆီထုတ်စားနေကြတယ်။တစ်နေ့ကိုငါးကြိမ်တန်းစီပြီးထည့်ရင်တစ်နေ့အမြတ်ကနှစ်သိန်းခွဲရှိတယ်။ဒီတော့ဆိုင်တွေမှာကါးတန်းကြီးတွေကလျော့မသွားတော့ဘူး၊တက္ကဆီတွေချည်းဖြစ်နေတယ်”ဟုပြောသည်။ ရန်ကုန်တွင်တက္ကဆီအငှါးယာဉ်ခြောက်သောင်းခန့်ရှိပြီးလိုင်စင်မဲ့ကါးများကိုနံပါတ်တူပွါးထားသည်မှာလည်းသုံးသောင်းခန့်ရှိကြောင်းသိရသည်။ကါးများကိုစကင်မဖတ်ပဲဆီထည့်ပေးနေသဖြင့်လိုင်စင်မဲ့ကါးများပါဆီထည့်ခွင့်ရနေသည်။ နိုင်ငံတော်မှာကမ္ဘာ့လောင်စာဆီအကျပ်အတည်းကါလတွင်နိုင်ငံအတွင်းလောင်စာဆီမပြတ်တောက်ရန်မျိုးစုံစဉ်းစားစီစဉ်နေသော်လည်းအောက်ခြေဝန်ထမ်းတစ်စုကလုပ်စားနေသဖြင့်ဆီဆိုင်များတွင်ကါးတန်းကြီးလည်းမလျော့၊ဆီများလည်းကုန်ကျမှုမလျော့ပဲလည်သူစားစတမ်းဖြစ်နေသည်ကိုသက်ဆိုင်ရာများမှကြတ်မတ်ပေးနိုင်ပါရန်အသိပေးအပ်ပါသည်။

ရန်ကုန်၌ တစ်ပတ်အတွင်း ဓါတ်ဆီတစ်လီတာဈေး ကျပ် ၈၀၀ နီးပါးနှင့် ဒီဇယ်ဆီတစ်လီတာဈေး ကျပ် ၁,၂၀၀ ကျော်အထိ တက်လာ Bar Code နှင့် QR Cod
ရန်ကုန်၌ တစ်ပတ်အတွင်း ဓါတ်ဆီတစ်လီတာဈေး ကျပ် ၈၀၀ နီးပါးနှင့် ဒီဇယ်ဆီတစ်လီတာဈေး ကျပ် ၁,၂၀၀ ကျော်အထိ တက်လာ Bar Code နှင့် QR Code စနစ် အတွင်းထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည် NOM မတ် ၂၃ ၊ ၂၀၂၆ ပြီးခဲ့သည့်တစ်ပတ်အတွင်းတစ်ရိပ်ရိပ် တက်လာသည့် စက်သုံးဆီ ဈေးနှုန်းများအရ ရန်ကုန်၌ ဓါတ်ဆီတစ်လီတာဈေး ကျပ် ၈၀၀ နီးပါးနှင့် ပရီမီယံဒီဇယ်ဆီ တစ်လီတာဈေး ကျပ် ၁,၂၀၀ ကျော်အထိ တက်လာ ကြောင်း စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ နေ့စဉ် ထုတ်ပြန်သော စာရင်းများအရ သိရသည်။ မတ် ၁၆ ရက်နေ့ (တနင်္လာနေ့)က ရန်ကုန်တွင် ၉၂ ရွန် တစ်လီတာ ကျပ် ၂,၈၃၀ ၊ ၉၅ ရွန် တစ်လီတာ ကျပ် ၂,၉၃၀၊ ဒီဇယ်ဆီတစ်လီတာ ကျပ် ၃,၂၀၅ နှင့် ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၃,၅၆၀ ရှိခဲ့သည်။ ထိုနောက်ပိုင်း မတ် ၂၀ ရက် (သောကြာနေ့) မှ စ၍ စက်သုံးဆီဈေးများတက်မဟုတ်ခြင်း ထိုးတက်သွားပြီး ၉၂ ရွန် တစ်လီတာ ကျပ် ၃,၆၁၀၊ ၉၅ ရွန် တစ်လီတာ ကျပ် ၃,၈၅၀၊ ဒီဇယ်ဆီတစ်လီတာ ကျပ် ၄,၃၉၀ နှင့် ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၄,၈၂၀ ဖြစ်ခဲ့သည်။ အဆိုပါ ဈေးနှုန်းများသည် ယနေ့ မတ်လ ၂၃ ရက်နေ့အထိ ရှိနေဆဲဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများအပါအဝင် နယ်မြို့အသီးသီးရှိ စက်သုံးဆီဆိုင် အများစုတွင် ဆီထည့်မည့် ကားများ ရှည်လျားစွာ တန်းစီရမှုများရှိနေပြီး တစ်ခါတစ်ရံတစ်နေကုန်နီးပါး တန်းစီစောင့်ဆိုင်းနေရမှုများ ရှိ နေကြောင်း ကားအသုံးပြုများထံကသိရသည်။ ထို့အတူ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့် ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ် အတွင်းထည့် သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၂၂ ရက် ညပိုင်း၌ အသိပေးထုတ်ပြန်ထား‌ကြောင်းသိရသည်။ NOM

ပုဂ္ဂလိက ဆန်စပါးလုပ်ငန်း နယ်ပယ်တစ်ခုလုံးတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှု (Rice Industry Cashless Ecosystem) အစီအစဉ်သစ်ကို စတင်‌မည် NOM၊မတ် ၂၃၊၂၀၂၆ မြန်မာ့ဆန်စပါးကဏ္ဍရှိ ပုဂ္ဂလိကဆန်စပါးလုပ်ငန်းနယ်ပယ်တစ်ခုလုံးတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှု (Rice Industry Cashless Ecosystem) အစီအစဉ်သစ်ကို စတင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရသည်။ ထိုသို့ဆောင်ရွက်ရခြင်းသည် ပုဂ္ဂလိက ဆန်စပါးလုပ်ငန်းနယ်ပယ်တစ်ခုလုံးတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်များ ပိုမိုထွန်းကားလာစေရန်နှင့် ခေတ်မီဘဏ်ဝန်ဆောင်မှုများကို ကျယ်ပြန့်စွာအသုံးချနိုင်စေရန် ရည်ရွယ်၍ “MRF RICE - Rice Industry Cashless Ecosystem” အစီအစဉ်သစ်ကို စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ငွေပေးချေမှုအစီအစဉ်သည်နိုင်ငံတော်၏ မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ - ၂၀၃၀ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဆန်စပါးတန်ဖိုးကွင်းဆက် (Rice Value Chain) တစ်လျှောက်တွင် ပါဝင်ပတ်သက်နေကြသော တောင်သူလယ်သမားများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်တင်ပို့ရောင်းချသူများနှင့် အကျိုးဆောင်ပွဲစားများအားလုံးကို ဘဏ်စနစ်အတွင်းသို့ ပိုမိုလာရောက်စေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းသိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တက် ကားခများခရီးသည်တစ်ဦးကို ကျပ်၂၀၀၀မြင့်တက်လာ NOM မတ်၂၃၊ ၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ
ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တက် ကားခများခရီးသည်တစ်ဦးကို ကျပ်၂၀၀၀မြင့်တက်လာ NOM မတ်၂၃၊ ၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး တောင်တက်ကားခများကို ယနေ့ (မတ်၂၃ ရက်) နေ့မှစ၍ လူတစ်ဦးလျှင် ခေါင်းခန်း ကျပ် ၁၁,၀၀ဝ နှင့်နောက်ခန်း ကျပ် ၉,၀၀ဝ ဖြင့် ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ကြောင်း တောင်တက်ကားမောင်းနှင်သူတစ်ဦးကပြောသည်။ ယခင်က ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တက်ကားခများကို ခရီးသည်တစ်ဦးလျှင် ခေါင်းခန်း ကျပ် ၉,၀၀ဝ နှင့် နောက်ခန်း ကျပ် ၇,၀၀ဝ ဖြင့် ပြေးဆွဲပေးနေသော်လည်း လက်ရှိကြုံတွေ့နေရသည့် ဆီပြဿနာအခက်အခဲများကြောင့် တောင်တက်ကားခများကို လူတစ်ဦးလျှင် ခေါင်းခန်း ကျပ် ၁၁,၀၀ဝ နှင့် နောက်ခန်း ကျပ် ၉,၀၀ဝ ဖြင့် ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက် ကြောင်းသိရသည်။ "အခုလို စျေးတက်သွားတာကလည်း ကိုယ်ကဖန်တီးယူလို့ဖြစ်တာမဟုတ်ဘူး။ စက်သုံးဆီ ခက်ခဲမှုတွေကြောင့်ဖြစ်ရတာပါ။ အခုလိုစျေးကြီးပေးဝယ်ပြီး လိုသလောက် ရရင် အဆင်ပြေနိုင်တယ်။ အခုက လိုသလောက်လည်းမရဘူးဆိုတော့ ဘာလုပ်မလဲ နားမလား၊ ဆက်သွားမလားဆိုတာဘဲ စဉ်းစားရမယ်။ ဆက်သွားရင်တော့ စျေးတက်ရမယ်ဆိုတာ ကားသမားတွေတင်ပြခဲ့လို့ အသင်းကခွင့်ပြုပေးခဲ့တာပါ"ဟု တောင်တက်ကားမောင်းနှင်သူတစ်ဦးကပြောသည်။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးအား ဖူးမြော်ရန်အတွက် လာရောက်ကြသော ဘုရားဖူးမိဘပြည်သူများအား လက်ရှိဆီပြဿနာ အခက်အခဲများကြောင့် တောင် တက်ကားခများကို မတ် ၂၃ ရက်တွင် စျေးနှုန်း ပြင်ဆင်သက်မှတ်ထားသော်လည်း ၂၂ ရက်နေ့တွင် တက်သွားသော ဘုရား ဖူးများအနေဖြင့် ပြန်အဆင်းတွင် ယခင်ပုံမှန်ဈေးနှုန်းဖြင့်သာ ပြန်လည်ပေးဆောင်ရမည် ဖြစ်ကြောင်းအသိပေးထားသည်။ NOM

🇮🇷 ရန်သူ (အမေရိကန်နှင့်အပေါင်းအပါများ) က ကမ်းရိုးတန်း ဒါမှမဟုတ် ကျွန်းစုတွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းလာမယ်ဆိုရင် အီရန်နိုင်ငံအနေနဲ့ ပါရှန်ကွေ့အတွင်းက ရေကြောင်းလမ်းအားလုံးမှာ မိုင်းထောင်သွားမှာဖြစ်တယ်လို့ အီရန်ကာကွယ်ရေးကောင်စီက ပြောကြားလိုက်ပါတယ်။ NOM

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်​၏ ကျန်းမာ​ရေးအ​ခြေအ​နေထုတ်ပြန်ချက် NOM
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်​၏ ကျန်းမာ​ရေးအ​ခြေအ​နေထုတ်ပြန်ချက် NOM

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) ဖွင့်ပွဲပုံရိပ်များ။ NOM
+8
တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) ဖွင့်ပွဲပုံရိပ်များ။ NOM

ဖုန်းနှင့် ဘေးတွဲဆိုင်ကယ်အား လုယက်ထွက်ပြေးသူယာဉ်မတော်တဆမှုဖြစ်ပွားပြီး ​သေဆုံးသွား NOM၊မတ်၂၃၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင
ဖုန်းနှင့် ဘေးတွဲဆိုင်ကယ်အား လုယက်ထွက်ပြေးသူယာဉ်မတော်တဆမှုဖြစ်ပွားပြီး ​သေဆုံးသွား NOM၊မတ်၂၃၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁) ရပ်ကွက်အတွင်း ယမန်နေ့ မတ်လ ၂၂ ရက်ညနေပိုင်းက ဖုန်းနှင့် ဘေးတွဲဆိုင်ကယ်အား လုယက်ထွက်ပြေးသူအမျိုးသားတစ်ဦး ယာဉ်မတော်တဆမှုဖြစ်ပွားကာ ​သေဆုံးသွား ကြောင်းသွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာအမျိုးသားတစ်ဦးသည်လမ်းတွင်ဖုန်းများလုယက်လာပြီးလမ်းဘေးတွင်ရပ်ထားသည့်ဘေးတွဲဆိုင်ကယ်အားလုယက်ယူဆောင်ကာ အရှိန်ပြင်းစွာဖြင့် မောင်းနှင်ထွက်ပြေးစဉ် အခြားဘေးတွဲဆိုင်ကယ်တစ်စီးအား ဝင်တိုက်မိခဲ့ပြီးနောက် လမ်းဘေးရှိ လျှပ်စစ်ဓာတ်တိုင်ကိုပါ ထပ်မံတိုက် မိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ အဆိုပါ တိုက်မိမှုကြောင့် လုယက်သူမှာဦးခေါင်းတွင် ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့သည့်အပြင် ၎င်းနှင့် တိုက်မိခဲ့သည့် အခြားဘေးတွဲဆိုင်ကယ် မောင်းနှင်သူမှာလည်း ညာဘက်ခြေသလုံးတွင် အရိုးကျိုးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ ဒဏ်ရာရရှိသူ ကို လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ဝါရှင်တန်မှာ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးသွယ်ရှိပေမဲ့ အားလုံးဟာ အမေရိကန်အတွက် ဆိုးကျိုးတွေပဲ ရှိနေ သည်အီကိုနောမစ် (The Economist) မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ပုဒ်မှာ အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ဝါရှင်တန်မှာ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးသွယ်ရှိပေမဲ့ အားလုံးဟာ အမေရိကန်အတွက် ဆိုးကျိုးတွေပဲ ရှိနေတယ်လို့ ရေးသားဖော်ပြထားပါတယ်။ "အမေရိကန်ဟာ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိမ့်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းဖို့ ပျက်ကွက်ခဲ့တာကနေစပြီး မှားယွင်းတဲ့ မဟာဗျူဟာနဲ့ ဒီစစ်ပွဲထဲကို ဝင်ရောက်လာခဲ့တာဟာ လူတိုင်းအတွက် အထင်အရှားပါပဲ။ အခုဆိုရင် တိုက်ပွဲတွေက စတုတ္ထမြောက်ပတ်ထဲကို ရောက်ရှိလာပြီဖြစ်လို့ သမ္မတ ထရမ့်အနေနဲ့ ရှေ့ဆက်ဖို့ ရွေးချယ်စရာ လမ်းလေးသွယ် ရှိနေပါတယ်။ အဲဒါတွေကတော့ ဆွေးနွေးညှိနှိုင်းခြင်း၊ ဆုတ်ခွာခြင်း၊ ဆက်လက်တိုက်ခိုက်ခြင်း ဒါမှမဟုတ် စစ်ရှိန်မြှင့်တင်ခြင်း တို့ပဲ ဖြစ်ပါတယ်။ သူ အခုထိ တစ်ခုခုကို မရွေးချယ်ရသေးတာဟာ ဘယ်နည်းလမ်းကမှ အခြေအနေကောင်းမွန်ခြင်း မရှိလို့ပဲ ဖြစ်ပါတယ်" လို့ အဆိုပါဆောင်းပါးမှာ ဖော်ပြထားပါတယ်။ သည်အီကိုနောမစ် ရဲ့ သုံးသပ်ချက်အရ ဆွေးနွေးညှိနှိုင်းမှုတွေဟာ အပြန်အလှန် မယုံကြည်မှုတွေနဲ့ တောင်းဆိုချက်တွေ မြင့်မားလွန်းတာကြောင့် ရှုပ်ထွေးနေပါတယ်။ ပဋိပက္ခကို အခုချက်ချင်း ရပ်တန့်ခြင်းကလည်း ယူရေနီယံနဲ့ စွမ်းအင်ဆိုင်ရာ အန္တရာယ်တွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ စစ်ရေးအရ ဆက်လက်ဆောင်ရွက်ခြင်းကလည်း အောင်မြင်ဖို့ အာမခံချက် မရှိသလို စစ်ရှိန်မြှင့်တင်ခြင်းဟာလည်း ကုန်းကြောင်းစစ်ဆင်ရေးတွေ လိုအပ်လာနိုင်ပြီး ဒေသတွင်း စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ NOM

Repost from NOM.World News
အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် လောင်စာဆီစျေးနှုန်းတွေ မြင့်တက်လာချိန်မှာ စျေးနှုန်းသတ်မှတ်မှု မြှင့်တင်ဖို့နဲ့ ရေနံထုတ်ကုန
အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် လောင်စာဆီစျေးနှုန်းတွေ မြင့်တက်လာချိန်မှာ စျေးနှုန်းသတ်မှတ်မှု မြှင့်တင်ဖို့နဲ့ ရေနံထုတ်ကုန်တွေကို ရပ်တန့်ဖို့ ပူးပေါင်းကြံစည်ခဲ့တဲ့ ရေနံချက်စက်ရုံ ၄ ခုရဲ့ ရုံးခန်းတွေကို တောင်ကိုရီးယားအာဏာပိုင်တွေက ဒီနေ့မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ SK Energy Co., GS Caltex Corp., S-Oil Corp., နဲ့ HD Hyundai Oilbank Co. တို့အပြင် ကိုရီးယား ရေနံအသင်းတို့ရဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ Yonhap သတင်းဌာနက ဖော်ပြခဲ့တာပါ။ အများပြည်သူ စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ ရေနံချက်စက်ရုံတွေနဲ့ ဓါတ်ဆီဆိုင်တွေရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို နှိမ်နှင်းဖို့ သမ္မတ လီမြောင်ဂျေးက တောင်းဆိုပြီးနောက် ဒီလိုမျိုး စီးနင်းမှုတွေကို စတင်လိုက်တာ ဖြစ်ပါတယ်။ News Of Myanmar NOM

LaGuardia လေဆိပ်၌ Air Canada ခရီးစဉ် ၈၆၄၆ နှင့် မီးသတ်ယာဉ် တိုက်မိ၊ ဒဏ်ရာရသူများစွာ ရှိ မတ် ၂၃၊ ၂၀၂၆ – နယူးယောက် (LGA) နယူးယောက်မြို့ရှိ LaGuardia လေဆိပ် (LGA) ၌ မတ်လ ၂၂ ရက် (တနင်္ဂနွေနေ့) ညနှောင်းပိုင်းက Air Canada Express ခရီးစဉ်အမှတ် ၈၆၄၆ နှင့် လေဆိပ်မီးသတ်ယာဉ်တစ်စီးတို့ ပြင်းထန်စွာ တိုက်မိခဲ့ရာ ခရီးသည်၊ လေယာဉ်မှူးနှင့် မီးသတ်သမား ဒါဇင်နှင့်ချီ၍ ဒဏ်ရာများ ရရှိခဲ့ကြောင်း အာဏာပိုင်များထံမှ သိရသည်။ ခရီးသည် ၁၀၀ ခန့် တင်ဆောင်လာသည့် CRJ-900 အမျိုးအစား လေယာဉ်သည် မွန်ထရီးယားမြို့မှ ဆိုက်ရောက်စဉ် ပြေးလမ်းအမှတ် ၄ အနီး၌ လေဆိပ်ဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင် (Port Authority) ပိုင် မီးသတ်ယာဉ် (Truck 1) နှင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ တိုက်မိချိန်၌ လေယာဉ်၏ အရှိန်မှာ တစ်နာရီ ၂၄ မိုင်ခန့်ရှိပြီး မိုးရွာသွန်းနေသည့် ရာသီဥတုအတွင်း ဆင်းသက်ပြီးနောက် လမ်းကြောင်းပြောင်းနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦး သတင်းများတွင် ဖော်ပြထားသည်။ ဒဏ်ရာရရှိမှုနှင့် ကယ်ဆယ်ရေး လေယာဉ်ရှေ့ပိုင်းသည် ပြင်းထန်စွာ ပျက်စီးသွားပြီး လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ မီးသတ်ယာဉ်ပေါ်ရှိ မီးသတ်သမား ၄ ဦးမှ ၅ ဦးခန့်မှာလည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ဆေးရုံတင်ပို့ချက်များအရ သိရသည်။ စုစုပေါင်း ဒဏ်ရာရသူဦးရေမှာ ၇၀ ဝန်းကျင်ရှိနိုင်ပြီး အချို့မှာ သေးငယ်သည့် ဒဏ်ရာများသာ ရရှိခဲ့ကြောင်း ကနဦး ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။ သေဆုံးသူရှိ/မရှိကိုမူ ဆိပ်ကမ်းအာဏာပိုင် (Port Authority) နှင့် ဗဟိုလေကြောင်းစီမံခန့်ခွဲမှုဌာန (FAA) တို့က အတည်မပြုရသေးပေ။ လေဆိပ်ပိတ်သိမ်းမှုနှင့် စုံစမ်းစစ်ဆေးမှု မတော်တဆမှုဖြစ်ပွားပြီးနောက် LaGuardia လေဆိပ်အား ချက်ချင်း ပျံသန်းမှုအားလုံးရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး လေဆိပ်တစ်ခုလုံးကို ပိတ်သိမ်းထားသည်။ အနည်းဆုံး မတ်လ ၂၃ ရက် (တနင်္လာနေ့) နေ့လယ်အထိ ပြန်လည်ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း လေဆိပ်အာဏာပိုင်များက ထုတ်ပြန်ထားသည်။ လေကြောင်းထိန်းသိမ်းရေးမျှော်စင် (ATC) ၏ အသံဖမ်းတိပ်ခွေများတွင် မီးသတ်ယာဉ်အား “ရပ်၊ ရပ်၊ ရပ်” ဟု ထိန်းသိမ်းရေးဝန်ထမ်းများက အကြိမ်ကြိမ် အော်ဟစ်သတိပေးနေသည်ကို ကြားရပြီး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များကြား မြေပြင်ဆက်သွယ်ရေး ချို့ယွင်းမှုရှိခဲ့သည်ဟုလည်း ကနဦးယူဆချက်များ ရှိနေသည်။ အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးအန္တရာယ် စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ (NTSB) က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖြစ်ရပ်မြေသို့ စေလွှတ်ထားပြီး ဖြစ်စဉ်အကြောင်းရင်းနှင့် လေယာဉ်နှင့် ယာဉ်တို့၏ ရွေ့လျားမှုအသေးစိတ်တို့ကို ဆန်းစစ်လျက်ရှိသည်။ --- မှတ်ချက်။ ။ ဖော်ပြပါသတင်းမှာ လက်ရှိဖြစ်ပေါ်နေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူအရေအတွက်နှင့် လေဆိပ်ပြန်ဖွင့်မည့်အချိန်တို့ကို တရားဝင်သတင်းရင်းမြစ်များတွင် ဆက်လက်စောင့်ကြည့်ရန် လိုအပ်ပါသည်။

photo content

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၆၈ ဦးအား ထပ်မံဖော်ထုတ်ခဲ့ကာ ပြည်နှ
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၆၈ ဦးအား ထပ်မံဖော်ထုတ်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၆၂ ဦးအား အပြစ်ပေးအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ NOM

🇺🇸 ❌ 🇮🇷- အိမ်ဖြူတော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ယခုအချိန်အထိ အဖြစ်နိုင်ဆုံးဟု ယူဆရသော အမေရိကန်၏ စစ်ရေးစီမံချက်ကို
🇺🇸 ❌ 🇮🇷- အိမ်ဖြူတော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ယခုအချိန်အထိ အဖြစ်နိုင်ဆုံးဟု ယူဆရသော အမေရိကန်၏ စစ်ရေးစီမံချက်ကို Axios သို့ ပြောကြားခဲ့သည်။ အဆိုပါ စီမံချက်တွင် အီရန်၏ စစ်ရေးစွမ်းရည်ကို လျှော့ချရန်အတွက် တစ်လကြာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် ပါဝင်ပြီး ထို့နောက်တွင် အီရန်ကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်လာစေရန် ဖိအားပေးရန်အတွက် အီရန်ပိုင် ခါ့ဂ် Kharg ကျွန်းကို သိမ်းပိုက်မည့် အစီအစဉ်များ ပါဝင်သည်။ ဝါရှင်တန်သည် ယခုအခါ "ရေရှည်" စစ်ပွဲအတွက် ပြင်ဆင်နေသည်။ NOM

အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် ပေါင်းသင်းခဲ့သော တရုတ်နိုင်ငံသားနှင့် ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူတို့ကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ် မတ် ၂၂၊ ၂၀၂၆ အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် ပေါင်းသင်းခဲ့သော တရုတ်နိုင်ငံသားနှင့် ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူတို့ကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကုက္ကိုတန်းကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေ တရုတ်နိုင်ငံမှ ခေတ္တပြန်လာသူ မသဲသဲဦးက တရုတ်ယောကျ်ားနှင့် ပေါင်းသင်းနေထိုင်ပါက ယွမ် ၈၀၀၀၀ ရမည်၊ ကောင်းမွန်စွာ နေထိုင်စားသောက် ဝတ်ဆင်ရမည်ဟု စည်းရုံးပြောဆိုပြီး Wechat အကောင့်ဖွင့်ပေး၍ တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ကြောင်း၊ တစ်လခန့်အကြာ Wechat မှတစ်ဆင့် ဆက်သွယ်လာခဲ့ပြီး အမျိုးသမီးနှင့် ပေါင်းသင်းနေထိုင်ရမည့် တရုတ်အမျိုးသားကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာမည်ဖြစ်၍ မန္တလေးလေဆိပ်တွင် လာရောက်စောင့်ကြိုရန် ပြောကြားသဖြင့် သွားရောက်စောင့်ကြိုခဲ့ရာ မသဲသဲဦးနှင့်အတူ တရုတ်နိုင်ငံသား လင်းဟုန်း (LIN HONG) ကို တွေ့ရှိခဲ့ရသည်။ ထို့နောက် တရုတ်နိုင်ငံသား လင်းဟုန်း (LIN HONG) နှင့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် နှစ်ရက်ခန့်ပေါင်းသင်းနေထိုင်ပြီးနောက် ရွာရှိနေအိမ်သို့ပြန်လာ၍ ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်ခအဖြစ် မသဲသဲဦးက အမျိုးသမီးကို ငွေကျပ် သိန်း ၁၂၀ ပေးခဲ့ပြီး ၎င်းမှ ယွမ် ၂၀၀၀ ရယူခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (မိတ္ထီလာ) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ သာစည်မြို့မရဲစခန်း (ပ) ၃၁/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မတ် ၁၉ ရက်တွင် မိတ္ထီလာခရိုင်တရားရုံးမှ တရားခံ တရုတ်နိုင်ငံသား လင်းဟုန်း (LIN HONG) နှင့် မသဲသဲဦးတို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထို့အတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ မိန်းကလေးတစ်ဦးသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မိခင်ဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး မန္တလေးမြို့ရှိ “မေ” တည်းခိုခန်းတွင် တည်းခိုနေထိုင်စဉ် လူမှုကွန်ရက် Telegram (အမည်မမှတ်မိ) အကောင့်ပိုင်ရှင် မယမင်းထွေးက တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း ၁၀၀ ရရှိမည်၊ လမ်းစရိတ်ကုန်ကျခံ၍ ခေါ်ပေးမည်ဟု ရေးသားထားသည်ကို တွေ့ရှိရသဖြင့်ဆက်သွယ်ရာ တည်းခိုခန်းသို့ မယမင်းထွေး စေလွှတ်လိုက်သည့် မူဆယ်မြို့ ဟိုနားရပ်ကွက်နေ မောင်ရဲမာန်အောင် (ခ) ရဲမာန်က လာရောက်ခေါ်ဆောင်ပြီး ဆေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ အဝတ်အစားများဝယ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံသို့ပို့ဆောင်ရန် မန္တလေးမှလားရှိုးသို့ ခေါ်ဆောင်လာစဉ် ပြင်ဦးလွင် မြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသဖြင့် အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင်နယ်မြေ ရဲစခန်း (ပ) ၆၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ပို့ခဲ့ပြီး မတ် ၁၉ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံးမှ တရားခံ ရဲမာန်အောင် (ခ) ရဲမာန်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန်နှင့် တိမ်းရှောင်တရားခံ မယမင်းထွေးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ကျင့် ၅၁၂ အရ ကျင့် ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။ NOM

အမေရိကန်နိုင်ငံသားများကို ထိန်းသိမ်းထားသည့် အကျဉ်းထောင်အပါအဝင် အကျဉ်းထောင်အနည်းဆုံး ၇ ခုကို အမေရိကန်-အစ္စရေးတို့က လေကြောင်းတိ
+1
အမေရိကန်နိုင်ငံသားများကို ထိန်းသိမ်းထားသည့် အကျဉ်းထောင်အပါအဝင် အကျဉ်းထောင်အနည်းဆုံး ၇ ခုကို အမေရိကန်-အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ ဝေါစထရိ ဂျာနယ် (Wall Street Journal) ၏ စုံစမ်းစစ်ဆေးမှုအရ အမေရိကန်-အစ္စရေး လေကြောင်းတိုက်ခိုက်မှုများအတွင်း အီရန်အကျဉ်းထောင် အနည်းဆုံး ၇ ခု ထိမှန်ခဲ့ကြောင်း သိရသည်။ ကင်ဆာဝေဒနာရှင် ကမ်ရန် ဟက်ခ်မာတီ (Kamran Hekmati) နှင့် ဂျာနယ်လစ် ရီဇာ ဗာလီဇာဒေး (Reza Valizadeh) အပါအဝင် အမေရိကန်နိုင်ငံသား အနည်းဆုံး ၃ ဦး ထိန်းသိမ်းခံထားရသည့် အီဗင် (Evin) အကျဉ်းထောင်မှာလည်း တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့သည်။ အီရန်နိုင်ငံအတွင်း အမေရိကန်၏ အကျိုးစီးပွားများကို ကိုယ်စားပြုဆောင်ရွက်ပေးနေသည့် ဆွစ်ဇာလန်သံတမန်များသည်လည်း မတ်လ ၃ ရက်နေ့တွင် အီရန်မှ ထွက်ပြေးသွားကြပြီဖြစ်သဖြင့် အဆိုပါအကျဉ်းသားများအတွက် မြေပြင်တွင် ကူညီဆောင်ရွက်ပေးမည့်သူ တစ်ဦးမျှ မရှိတော့ပေ။ အကျဉ်းထောင်များ တိုက်ခိုက်မခံရမီ တစ်ပတ်အလို မတ်လ ၁၅ ရက်နေ့တွင် CBS သတင်းဌာန၏ Face the Nation အစီအစဉ်က အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီ Araghchi ကို "အီဗင်အကျဉ်းထောင်ထဲက အမေရိကန်တွေ ဘေးကင်းရဲ့လား" ဟု တိုက်ရိုက်မေးမြန်းခဲ့သည်။ သူ၏ အဖြေမှာ- "အကယ်၍ အမေရိကန်နဲ့ အစ္စရေးက ကျွန်တော်တို့ရဲ့ အကျဉ်းထောင်တွေကို မတိုက်ခိုက်ဘူးဆိုရင်တော့ သူတို့ ဘေးကင်းမယ်လို့ ထင်ပါတယ်" ဟူ၍ဖြစ်သည်။ မိမိကိုယ်ကို ပြန်မေးကြည့်ပါ- အဘယ်ကြောင့် ထိုမေးခွန်းကို ထိုနေ့ရက်တွင်မှ တိတိကျကျ မေးမြန်းခဲ့ရသနည်း။ အကယ်၍ အမေရိကန်-အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်အကျဉ်းထောင်အတွင်းရှိ အမေရိကန်ဓားစာခံတစ်ဦး သေဆုံးသွားခဲ့လျှင် မည်သူ့တွင် တာဝန်ရှိသနည်း (သို့မဟုတ်) မည်သူ့ကို အပြစ်ပုံချကြမည်နည်း?။ NOM

တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေး၌ ငွေကျပ် ၂ ဒသမ ၀၈ ဘီလီယံ ခန့်တန်းဖိုးရှိ အိုက်စ် ၂၆ဝ ကီလိုဂရမ်ခန့် ဖမ်းဆ
+1
တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေး၌ ငွေကျပ် ၂ ဒသမ ၀၈ ဘီလီယံ ခန့်တန်းဖိုးရှိ အိုက်စ် ၂၆ဝ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိ မတ် ၂၂၊ ၂၀၂၆ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များအသုံးပြုပြီး ပြည်သူလူထုနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၂ နာရီ ၃၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေးရှိ မြေထိန်းနံရံ တည်ဆောက်နေသည့်နေရာ၌ မသင်္ကာဖွယ်ရာ လူတစ်စု အနက်ရောင်အိတ်များအား မြေထိန်းနံရံကိုကျော်၍ ကြိုးဖြင့်ချိတ်ဆွဲချကာ မယ်ဆိုင်ချောင်းကိုဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ပို့ရန် ဆောင်ရွက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရှာဖွေရာ စိုင်းမောင်ဝမ်း (ခ) ဝမ်းဝမ်းနှင့်အတူ အိတ်အနက်ရောင်ဖြင့် တစ်ထပ်၊ ဆာလာအိတ်အစင်းကြားဖြင့်တစ်ထပ်၊ Golden Leaf စာတန်းပါ ရွှေအိုရောင်/အဖြူရောင်/ခဲရောင် အိတ်များဖြင့် တစ်ထပ်၊ ၉၉၉ ပလပ် စတစ်အကြည်ရောင်ဖြင့် တစ်ထပ်ထုပ်ပိုးထားသည့် အိတ် ၁ လုံးလျှင် အထုပ် ၂၀ နှုန်းဖြင့် အိုက်စ် ၂၀ ကီလိုဂရမ်ခန့်ပါ အိတ် ၁၃ လုံးအတွင်းမှ အိုက်စ် ၂၆၀ ကီလိုဂရမ်ခန့် (ခန့်မှန်းငွေကျပ် ၂ ဒသမ ၀၈ ဘီလီယံခန့်) တန်ဖိုးရှိ မူးယစ်ဆေးဝါး (အိုက်စ်) များအား ဖမ်းဆီးရမိခဲ့သည်။ သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိတရားခံအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး အမှုဖွင့်ဆောင်ရွက်ထားရှိကာ ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်သည့်သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။ NOM

အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က အခုလို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အီရန်ရဲ့ စွမ်းအင်ကဏ္ဍကို အမေရိကန်ကသာ တိုက်ခိုက်လာမ
+4
အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က အခုလို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အီရန်ရဲ့ စွမ်းအင်ကဏ္ဍကို အမေရိကန်ကသာ တိုက်ခိုက်လာမယ်ဆိုရင် ဒေသတွင်းက အခြေခံအဆောက်အအုံတွေကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကတော့ - 🇸🇦 ဆော်ဒီအာရေးဗီးယား - ရတ်စ် အယ်လ်ခိုင်ယာ (Ras Al-Khair) ရေငန်သန့်စင်စက်ရုံနဲ့ ရှုအိုင်ဘာ (Shuaibah) လျှပ်စစ်ဓာတ်အားပေးစက်ရုံ။ 🇶🇦 ကာတာ - အယ်လ် ခါဆာ (Al Kharsaah) လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ရတ်စ် လာဖန် (Ras Laffan C) ရေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ။ 🇦🇪 ယူအေအီး - တာဝီလာ (Taweelah) ရေငန်သန့်စင်စက်ရုံနဲ့ ဘာရာကာ (Barakah) နျူကလီးယားဓာတ်အားပေးစက်ရုံ။ 🇧🇭 ဘာရိန်း - အယ်လ်ဒေါ (Al Dawr) လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ အယ်လ်ဇူး (Al-Zour) ရေငန်သန့်စင်စက်ရုံ။ 🇰🇼 ကူဝိတ် - မြောက်ပိုင်း ဇူး (North Zour) လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ အယ်လ်ဇူး (Al-Zour) ရေငန်သန့်စင်စက်ရုံ။ 🇯🇴 ဂျော်ဒန် - အာကာဘာ (Aqaba) အပူပေးဓာတ်အားပေးစက်ရုံနဲ့ ဆမ်ရာ (Samra) လျှပ်စစ်ဓာတ်အားပေးစက်ရုံ။ NOM