ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 485 名订阅者,在 新闻与媒体 类别中位列第 15 905,并在 缅甸 地区排名第 10 046

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 485 名订阅者。

根据 30 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -219,过去 24 小时变化为 -6,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 9.80%。内容发布后 24 小时内通常能获得 6.61% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 224 次浏览,首日通常累积 825 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 01 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 485
订阅者
-624 小时
-117
-21930
帖子存档
အမေရိကန်အဆင့်မြင့် စစ်ဘက်အရာရှိကြီးများတည်းခိုလေ့ရှိတဲ့ ဘာရိန်းနိုင်ငံရှိ ဟိုတယ်တစ်ခုကို အီရန်က အသေခံဒရုန်းဖြင့်တိုက်ခိုက် ဘာရိန်းနိုင်ငံ၊ မနားမားမြို့မှာရှိတဲ့ အဆောက်အအုံတစ်ခုကို အီရန်နိုင်ငံထုတ်အသေခံဒရုန်းတစ်စင်းထိမှန်တဲ့ ဗီဒီယိုထွက်ပေါ်လာပါတယ်။ အဆိုပါ အဆောက်အအုံမှာ ဂရန်းအဲဟိုတယ် ဖြစ်ပြီး ၎င်းဟိုတယ်ဟာ အမေရိကန် အဆင့်မြင့်စစ်ဘက်အရာရှိကြီးတွေ မကြာခဏ တည်းခိုလေ့ရှိတဲ့နေရာဖြစ်သလို အမေရိကန်ရေတပ် အမှတ် (၅) စစ်ဌာနချုပ်နဲ့လည်း နီးကပ်စွာ တည်ရှိတာဖြစ် ပါတယ်။ NOM

🇧🇭 - ဘာရိန်းနိုင်ငံ​၏ မြို့တော် မနားမားရှိ အဆောက်အဦတစ်ခုကို အီရန်အသေခံဒရုန်း တိုက်ရိုက်ထိမှန်ပေါက်ကွဲသည့် ဗီဒီယို။ NOM

🇧🇭 - ဘာရိန်းနိုင်ငံအတွင်းသို့ နောက်ထပ် အီရန်ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲ NOM

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် (Georgia) ကနေ ရွေးကောက်ခံထားရတဲ့ အောက်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး သမ္မတထရန့်ရဲ့အမာခံထော
+1
အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် (Georgia) ကနေ ရွေးကောက်ခံထားရတဲ့ အောက်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး သမ္မတထရန့်ရဲ့အမာခံထောက်ခံသူတစ်ဦးလည်းဖြစ်တဲ့ မာဂျိုရီ တေလာ ဂရင်း (Marjorie Taylor Greene) ဟာ အီရန်စစ်ပွဲနဲ့ပတ်သက်ပြီး ခုလိုပြောကြားခဲ့ပါတယ်။ "နိုင်ငံရပ်ခြားစစ်ပွဲတွေ မလုပ်တော့ဘူး။ အစိုးရအပြောင်းအလဲတွေ မလုပ်တော့ဘူး။" လို့ ကျွန်မတို့ ပြောခဲ့ကြတယ်။ မဲဆွယ်စင်မြင့်တိုင်း၊ မိန့်ခွန်းတိုင်းမှာ ဒါကိုပဲ ပြောခဲ့တာပါ။ ထရန့် ရော၊ ဗန့်စ်ရော၊ တစ်ဖွဲ့လုံးက "အမေရိကကို ပထမဦးစားပေးမယ် (America FIRST)" နဲ့ "အမေရိကကို ပြန်လည်ကြီးကျယ်စေရမယ် (MAGA)" ဆိုတဲ့ ကတိတွေနဲ့ မဲဆွယ်ခဲ့ကြတာပါ။ ဒါပေမဲ့ ကျွန်မတို့မျိုးဆက်ဟာ အစိုးရရဲ့ အလွဲသုံးစားလုပ်တာနဲ့ လှည့်ဖြားတာကို တစ်သက်လုံး ခံခဲ့ရပြီး အခုဆိုရင် ကျွန်မတို့ရဲ့ သားသမီးမျိုးဆက်တွေပါ အပစ်ပယ်ခံနေရပါပြီ။ အဓိပ္ပာယ်မရှိတဲ့ နိုင်ငံရပ်ခြားစစ်ပွဲတွေကြောင့် ကျွန်မတို့မျိုးဆက်က အမေရိကန်နိုင်ငံသား ထောင်ပေါင်းများစွာ သေကြေဒဏ်ရာရခဲ့လို့ "တော်ပြီ" လို့ ပြောခဲ့ကြတာပါ။ ဒါပေမဲ့ အခုတော့ အီရန်ပြည်သူတွေကိုသွားပြီး လွတ်မြောက်အောင် လုပ်ပေးနေကြပြန်ပြီ။ အီရန်မှာ လူဦးရေ ၉၃ သန်းရှိတယ်။ သူတို့ဘာသာသူတို့ လွတ်မြောက်အောင် လုပ်ပါစေ။ "အီရန်က နျူကလီးယားလက်နက်ရတော့မယ်" ဆိုတဲ့ စကားကို ကျွန်မတို့ နားပူအောင် ကြားခဲ့ရတာ ဆယ်စုနှစ်နဲ့ချီနေပါပြီ။ ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း ထရန့် က ဗုံးကြဲလိုက်လို့ အကုန်ပျက်သွားပြီလို့ ပြောခဲ့သေးတယ်။ ဒါတွေဟာ အမြဲတမ်း လိမ်ညာမှုတွေဖြစ်ပြီး "အမေရိကကို နောက်ဆုံးထား (America Last)" တဲ့ လုပ်ရပ်တွေပါပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ တကယ်ကို အဆိုးဝါးဆုံး သစ္စာဖောက်ခံရသလို ခံစားရတယ်။ ဘာလို့လဲဆိုတော့ "ငါတို့က တခြားသူတွေနဲ့ မတူဘူး။ စစ်မတိုက်တော့ဘူး။" လို့ ပြောခဲ့တဲ့သူတွေဆီက ဖြစ်နေလို့ပါ။ ၂၀၂၄ အောင်ပွဲဟာ အမေရိကန်လူထုကို ပထမဦးစားပေးမယ့် အချိန် လို့ ထင်ခဲ့ကြတာ။ အထက်တန်းလွှာတွေအတွက်မဟုတ်ဘဲ သာမန် အမေရိကန်သားတွေနဲ့ သူတို့ရဲ့ သားသမီးတွေအတွက်လို့ ထင်ခဲ့တာ။ အမေရိကန်တွေ ဒုက္ခရောက် နေတာကို သူတို့ ဂရုမစိုက်ကြဘူး။ ကိုဗစ် (Covid) ကန့်သတ်ချက်တွေကြောင့် အမေရိကန်အသေးစားလုပ်ငန်းရှင် ထောင်ပေါင်းများစွာ ဘဝပျက်ခဲ့ရတယ်။ ဒါဟာ ထရန့် လက်ထက်မှာ စတင်ခဲ့ပြီး ဘိုင်ဒင်နဲ့ ဒီမိုကရက်တွေလက်ထက်မှာ ဆက်ဖြစ်ခဲ့တာပါ။ သူတို့ကြားမှာ ဘာမှမထူးခြားပါဘူး။ ကာကွယ်ဆေးကြောင့် ထိခိုက်မှုတွေ၊ သေဆုံးမှုတွေ၊ ပညာရေးနှောင့်နှေးမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုတွေ စံချိန်တင်များနေချိန်မှာ ဆေးဝါးကုမ္ပဏီကြီးတွေကတော့ အမြတ်တွေ အဆမတန် ရနေကြတယ်။ MAGA အစိုးရကတော့ ဘာတာဝန်ယူမှုမှမရှိဘဲ စစ်တိုက်ဖို့ပဲ လုပ်နေကြတယ်။ ပြဿနာကို သူတို့ပဲဖန်တီး၊ ဖြေရှင်းနည်းကိုလည်း သူတို့ပဲရောင်းပြီး အမြတ်ထုတ်နေကြတာပေါ့။ ဒါလား MAGA! အက်ပ်စတိုင်း (Epstein) ဖိုင်တွေကို ချပြဖို့၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် တရားမျှတမှုဖော်ဆောင်ဖို့ ကျွန်မတို့ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့တယ်။ ဒါကိုလုပ်ဖို့ ထရန့်ကိုတောင် ပြန်တိုက်ခိုက်ခဲ့ရသေးတယ်။ ဒါပေမဲ့ အခုထိ ဘယ်သူမှ အဖမ်းမခံရသေးဘူး။ တရားမျှတမှုလည်း မရှိသေးဘူး။ အဲဒီအစား အစ္စရေးအတွက် အီရန်နဲ့ စစ်ဖြစ်ပေးပြီး အီရန်မှာ အစိုးရအပြောင်းအလဲလုပ်ဖို့ ကြိုးစားနေကြတယ်။ နိုင်ငံခြားသားတွေအတွက် နောက်ထပ် နိုင်ငံရပ်ခြားစစ်ပွဲတစ်ခုပေါ့။ ဘာအတွက်လဲ? ဒါက ကျွန်မတို့နိုင်ငံရဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချပေးမှာလား? ဆယ်စုနှစ်နဲ့ချီပြီး အဂတိလိုက်စားတဲ့ အစိုးရအသုံးစရိတ်တွေကြောင့် အခုဆို ဒေါ်လာ ၄၀ ထရီလီယံ ကြွေးမြီတွေနဲ့ ကျွန်ဖြစ်နေရပြီ။ အီရန်နဲ့ စစ်ဖြစ်တာက ကုန်ဈေးနှုန်းကို မကျစေသလို လူနေမှုစရိတ်ကိုလည်း သက်သာမလာစေပါဘူး။ အီရန်နဲ့ စစ်ဖြစ်တာက ကျန်းမာရေးစနစ်ကို ပြုပြင်ပေးမှာလား? မလုပ်ပေးနိုင်ပါဘူး။ MAGA အစိုးရနဲ့ ရီပတ်ဘလစ်ကန်တွေက ဒါကို အလေးအနက် မလုပ်ဆောင်ကြဘူး။ အီရန်နဲ့ စစ်ဖြစ်တာက AI ကြောင့် မင်းအလုပ်ပြုတ်မှာကို တားဆီးပေးမှာလား? မတားပေးနိုင်ပါဘူး။ အိမ်ဝယ်နိုင်အောင် ကူညီမှာလား? မကူညီပါဘူး။ ဒါပေမဲ့ ဂါဇာ (Gaza) ကို ပြန်လည်တည်ဆောက်တဲ့အခါ တိုက်ခန်းကောင်းကောင်းတွေကိုတော့ TikTok မှာ မြင်ရပါလိမ့်မယ်။ အမေရိကက မူးယစ်ဆေးပြဿနာနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို ကူညီမှာလား? အမေရိကန် မိသားစုတွေ ရပ်တည်နိုင်အောင် ကူညီမှာလား? လုံးဝ မဟုတ်ပါဘူး။ အီရန်နဲ့ စစ်ဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ အပြစ်မဲ့ကျောင်းသူလေး ၄၀ ကျော် အစ္စရေးဗုံးကြောင့် သေဆုံးခဲ့ရတယ်။ ဂါဇာမှာလည်း ကလေးထောင်ပေါင်းများစွာ သေခဲ့ရတာကို ဒီ "ငြိမ်းချမ်းရေးလိုလားပါတယ်" ဆိုတဲ့ အစိုးရက ဂရုမစိုက်ခဲ့ဘူး။ သူတို့က အမေရိကရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်သလို ကျွန်မတို့ရဲ့ ကလေးတွေကိုလည်း ဂရုမစိုက်တာ သိသာပါတယ်။ အခုတော့ "ငြိမ်းချမ်းရေး" သမ္မတနဲ့ အစိုးရက အာဏာရပြီး တစ်နှစ်အတွင်းမှာပဲ စစ်တိုက်ရတဲ့ "မြင့်မြတ်တဲ့" အကြောင်းပြချက်တွေကို လူထုကို ရိုက်သွင်းပါတော့မယ်။ ခေါင်းတောင် မူးချင်စရာပဲ၊ ဒါပေမဲ့ ဒါက MAGA တဲ့။" NOM

🇮🇶 ❤️ ✅- အီရတ်နိုင်ငံကောင်းကင်ယံကို ဖြတ်သန်းပြီး အစ္စရေးနိုင်ငံ (ဇီယွန်ဝါဒီအဖွဲ့အစည်း) သို့ ဦးတည်ပျံသန်းနေတဲ့ အီရန်ဒုံးကျည်တွေကို အီရတ်ပြည်သူတွေက အခုလိုပဲ ဝမ်းမြောက်ဝမ်းသာဆုမွန်တောင်းခဲ့ကြပါတယ် - "ဘေးကင်းလုံခြုံတဲ့ ခရီးစဉ်ဖြစ်ပါစေ" NOM

🚀- ဒူဘိုင်းမြို့က ကမ္ဘာ့အမြင့်ဆုံး ဘာ့ဂျ်ခါလီဖာ မိုးမျှော်အဆောက်အအုံကြီးအနီး အီရန်ရှာဟစ်-၁၃၆ အသေခံဒရုန်းကျရောက်ပေါက်ကွဲ NOM

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) သို့ တက်ရောက်ခဲ့သော တပ်မတော် (ရေ) မှ စစ်ရေယာဉ် (အောင်ဇေယျ) ပြန်လည်ရောက်ရှိ ဖေဖော်ဝါရီလ ၂၈၊ ၂၀၂၆ အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၌ ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သော နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ International Fleet Review-2026 (IFR-2026) နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) များသို့ တက်ရောက်ခဲ့သည့် တပ်မတော် (ရေ) မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ကျော်စွာထက် ဦးဆောင်သော စစ်ရေယာဉ် (အောင်ဇေယျ) သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၄) ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည်ရောက်ရှိရာ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထူးနှင့် တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။ နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) များသို့ တက်ရောက်ရန် စစ်ရေယာဉ် (အောင်ဇေယျ) သည် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာခဲ့ရာ အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့သို့ ဖေဖော်ဝါရီလ ၁၄ ရက်၊ နေ့လယ်ပိုင်းတွင် ရောက်ရှိခဲ့သည်။ နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) အခမ်းအနားသို့ အိန္ဒိယသမ္မတ ဒရူပါဒီမာမူ (Droupadi Murmu) တက်ရောက်ခဲ့ပြီး မြန်မာ့တပ်မတော် (ရေ) မှ အဖွဲ့ခေါင်းဆောင်အဖြစ် စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ပါဝင် တက်ရောက်သည်။ အခမ်းအနားသို့ နိုင်ငံပေါင်း ၇၄ နိုင်ငံမှ အဆင့်မြင့်ရေတပ်အရာရှိကြီးများ၊ နိုင်ငံတကာရေတပ်များ၊ ဒေသတွင်းရေတပ်များနှင့် အိမ်နီးချင်းရေတပ်များမှ စစ်ရေယာဉ်များ စုပေါင်းတက်ရောက်ကြသည်။ အဆိုပါအခမ်းအနားများနှင့် တစ်ဆက်တစ်စပ်တည်းပြုလုပ်သည့် အိန္ဒိယသမုဒ္ဒရာရေတပ်ဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် ဂိုအာပင်လယ်ရေကြောင်းဆိုင်ရာသီးသန့်ဆွေးနွေးပွဲများသို့လည်း တပ်မတော် (ရေ) မှ စစ်ဦးစီးအရာရှိချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ပါဝင်တက်ရောက်သည်။ ဖရီဂိတ်စစ်ရေယာဉ် (အောင်ဇေယျ) သည် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြုလုပ်သော နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026)တွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သော နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) ၏ ဖွင့်ပွဲအခမ်း အနားသို့တက်ရောက်ခြင်း၊ ဆိပ်ကမ်းအခြေပြုစဉ် International Maritime Seminar သို့ နိုင်ငံပေါင်း ၇၄ နိုင်ငံနှင့်အတူ တက်ရောက်ခြင်း၊ စစ်ရေယာဉ်များပေါ်သို့ အပြန်အလှန်လေ့လာလည်ပတ်ခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခြင်း၊ ရေအောက်နစ်မြုပ်မှုရှာဖွေရေးရေယာဉ်စနစ်သရုပ်ပြမှုအား သွားရောက်လေ့လာခြင်း၊ မြို့တွင်းလေ့လာရေးခရီးသွားရောက်ခြင်း၊ နိုင်ငံတကာတပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အရာရှိငယ်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ၌ ပါဝင်ဆင်နွှဲခြင်း၊ Agra မြို့နှင့် ဗုဒ္ဓဂါယာသို့ သွားရောက်ဖူးမြော်လေ့လာခြင်း၊ ညစာစားပွဲအခမ်းအနားတွင် ရိုးရာယဉ်ကျေးမှုအကပဒေသာများဖြင့် ကပြဖျော်ဖြေရာတွင် ပါဝင်ဆင်နွှဲခြင်းများဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတကာစစ်ရေယာဉ်များနှင့်ပူးပေါင်း၍ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခဲ့ကြသည်။ နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) သို့တက်ရောက်ခဲ့သည့် စစ်ရေယာဉ် (အောင်ဇေယျ) ၏ ရန်ကုန်-အိန္ဒိယ-ရန်ကုန်ခရီးစဉ်နှင့် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းများတွင် မောင်းနှင်ခဲ့သည့် စုစုပေါင်းရေမိုင်မှာ ၂၃၇၇.၄ မိုင်ရှိကြောင်း သတင်းရရှိသည်။ NOM

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) သို့ တက်ရောက်ခဲ့သော တပ်မတော
+2
နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) သို့ တက်ရောက်ခဲ့သော တပ်မတော် (ရေ) မှ စစ်ရေယာဉ် (အောင်ဇေယျ) ပြန်လည်ရောက်ရှိ

🇮🇷 🔥 🇮🇱 - အီရန်က အစ္စရေးအား ဒုံးကျည်များဖြင့် တစ်လှိုင်းပြီးတစ်လှိုင်းတိုက်ခိုက်နေ ယခုလည်း နောက်ထပ်ဒုံးကျည်များ အစ္စရေးသို့ ဦးတည်ပျံသန်းလျက်ရှိ NOM

အီရန်က ဒူဘိုင်းအား ရှာဟစ်-၁၃၆ အသေခံဒရုန်းဖြင့်တိုက်ခိုက်သည့် ဗီဒီယို။ NOM

🚨 Breaking News 🇮🇷 - အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရေတပ်က ၎င်းတို့၏ VHF ရေဒီယ
🚨 Breaking News 🇮🇷 - အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရေတပ်က ၎င်းတို့၏ VHF ရေဒီယိုဆက်သွယ်ရေးမှတစ်ဆင့် မည်သည့်သင်္ဘောမျှ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်းနှင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ NOM

🇮🇷 - ယနေ့ အီရန်လက်ချက်မိသွားသည့် အမေရိကန်တို့​၏ အဆင့်မြင့်ရေဒါ NOM
🇮🇷 - ယနေ့ အီရန်လက်ချက်မိသွားသည့် အမေရိကန်တို့​၏ အဆင့်မြင့်ရေဒါ NOM

🚨Breaking News ကွန်းမြို့မှ ဟိုက်ပါဆိုးနစ်ဒုံးကျည်ပစ်လွှတ် လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ အီရန်နိုင်ငံ ကွန်း (Qom) မြို့ရှိ အခြေစ
+1
🚨Breaking News ကွန်းမြို့မှ ဟိုက်ပါဆိုးနစ်ဒုံးကျည်ပစ်လွှတ် လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ အီရန်နိုင်ငံ ကွန်း (Qom) မြို့ရှိ အခြေစိုက်စခန်းတစ်ခုကနေ အသံထက် ၅ ဆကျော်မြန်တဲ့ Hypersonic (ဟိုက်ပါဆိုးနစ်) ဒုံးကျည်တစ်စင်းကို စတင်ပစ်လွှတ်လိုက်ပြီဖြစ်ကြောင်း မီဒီယာတွေမှာ သတင်းတွေ ထွက်ပေါ်လာပါတယ်။ NOM

🇮🇷 🚀အီရန်ရှာဟစ် အသေခံမောင်းသူမဲ့ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကူဝိတ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် ထိခိုက်ပျက်စီး
🇮🇷 🚀အီရန်ရှာဟစ် အသေခံမောင်းသူမဲ့ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကူဝိတ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် ထိခိုက်ပျက်စီး။ NOM

🇦🇪 - ဒူဘိုင်းလည်း ဒုံးကျည်ထပ်ထိ NOM

ဘာရိန်းရှိ အမေရိကန်စစ်သားများ အခြေစိုက်စခန်းများမှ စွန့်ခွာထွက်ပြေး ဘာရိန်းနိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းများသို့ အီရန်၏ ဒုံးကျည်များ အကြိမ်ကြိမ် ကျရောက်ထိမှန်ခဲ့ပြီးနောက် အမေရိကန်စစ်သားများ သေဆုံးထိခိုက်မှုများရှိကာ အခြေစိုက်စခန်းများမှ စွန့်ခွာထွက်ပြေးခဲ့သည်။ NOM

🇮🇱 🇺🇸 - အစ္စရေးနှင့် အမေရိကန်ကလည်း အီရန်ဒုံးကျည်စခန်းများကို လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်။

အီရန် ရှာဟစ်-၁၃၆ အသေခံမောင်းသူမဲ့ ဒရုန်းများ အစ္စရေးနိုင်ငံအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာ NOM

အီရန်နိုင်ငံက "ရန်သူ့အခြေစိုက်စခန်းများဆီသို့" ဦးတည်ပြီး အီရန်တော်လှန်ရေးအစောင့်တပ်​၏ "အစွမ်းထက် ဒုံးကျည်များ" ပစ်လွှတ်နေသည့် ရုပ်သံမှတ်တမ်းထုတ်ဖော်ပြသ။ NOM

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတ
+1
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။ NOM

News Of Myanmar - Telegram 频道 @newsofmyanmar 的统计与分析