ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 408 名订阅者,在 新闻与媒体 类别中位列第 15 958,并在 缅甸 地区排名第 10 126

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 408 名订阅者。

根据 09 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -203,过去 24 小时变化为 0,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.90%。内容发布后 24 小时内通常能获得 5.95% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 980 次浏览,首日通常累积 739 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 10 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 408
订阅者
无数据24 小时
-587
-20330
帖子存档
ဒီ ၄ နှစ်မှာ တပ်မိသားစု တွေ အသတ်ခံရတာ အများကြီးပဲ။ ဘယ်သူသတ်လဲ မေးရင် NLD ထောက်ခံတဲ့ အသိုင်းအဝိုင်းကပဲ အများစု သတ်ခဲ့ကြတယ်ပေါ့
ဒီ ၄ နှစ်မှာ တပ်မိသားစု တွေ အသတ်ခံရတာ အများကြီးပဲ။ ဘယ်သူသတ်လဲ မေးရင် NLD ထောက်ခံတဲ့ အသိုင်းအဝိုင်းကပဲ အများစု သတ်ခဲ့ကြတယ်ပေါ့။ တပ်မိသားစု ဆိုတဲ့ အထဲမှာ တာဝန်ထမ်းဆောင်ဆဲ သူတွေ အပါအဝင် ၊ မိသားစုအနွယ်ဝင်တွေ၊ စစ်မှုထမ်းဟောင်း တွေ အများကြီး အသတ်ခံခဲ့ကြရတယ်။ ဒီကြားထဲ USDP ပါတီဝင် တွေလည်း အသတ်ခံရတာ အများကြီး ။ ဒလံ ခေါင်းစဉ်အောက်မှာ အုပ်ချုပ်ရေးမှူးတွေလည်း ထောင်နဲ့ ချီပြီး အသတ်ခံခဲ့ကြရတယ်။ ကြားနေပြည်သူလူထုတောင် နီပိန်းရပ်ကွက်ထဲမှာ သံပုံးမတီးလို ဆိုတဲ့ အကြောင်းပြချက်နဲ့ ရက်ရက်စက်စက် ဓားနဲ့ ထိုးသတ်ခဲ့ကြတယ်။ ဒီလို အနေအထားကို ဖြတ်သန်းခဲ့ကြရတဲ့ တပ်မိသားစုအတွက်၊ USDP ကို မဲပေးဖို ဖိအားပေးခံရတယ်ဆိုတာ ဖြစ်နိုင်ပါ့ဦးမလား။ အမုန်းတရားနဲ့ တက်လာတဲ့ အစိုးရသာ မဖြစ်စေဖို ဆုတောင်းကြရမှာပါ။ (နရီမိုး)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ကျေးရွာအတွင်းဝင်ရောက်ကာ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက
+1
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ကျေးရွာအတွင်းဝင်ရောက်ကာ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသေဆုံးကာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ပြည်သူတစ်ဦးတို့ ထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၂၉၊ ၂၀၂၅ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝါးပိုင်းကျေးရွာသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီအချိန်၌ PDF အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ) ရောက်လာပြီး လက်နက်ငယ်များဖြင့် ဆင်ခြင်တုံတရားမဲ့စွာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်သွား ခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးစိုးမင်းထွန်း (၃၅) နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦး (၄၅) နှစ်နှင့် ၎င်းကျေးရွာသို့ ရောက်ရှိနေသည့် ဝါးပြန်ကုန်းကျေးရွာနေ ဦးကျော်မင်းစိုး (၃၇) နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ ဒဏ်ရာရရှိသူများအား ပဲခူးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

အလားတူ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်၌ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းဝင်းအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးသီး များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျောင်းတွင်ရောက်ရှိနေသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ မဟန်နီ (၁၈) နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့၍ အဆိုပါကျောင်းဝင်းအတွင်း၌ ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ အလားတူ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်၌ ခင်ဦးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးဝင်းအတွင်းရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းအနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်ကာ  Drone ယာဉ်အသုံးပြု၍ ပစ်ချလိုက်သည့် Drop Bomb များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဝန်ထမ်းနေအိမ်လိုင်းခန်း ၄ လုံးရှိ အမိုးသွပ် ၆၈ ချပ်တို့ ဗုံးသီးပေါက်ကွဲစထိမှန်ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။ အလားတူ ည ၈ နာရီ ၄၀ မိနစ်အချိန်၌ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ည ၆ နာရီခွဲအချိန်၌ ရေတာရှည်မြို့နယ်၊ တခွဲကျဲကျေးရွာနေ ဒေါ်လှလှသီ (၄၃) နှစ်သည် ကျေးရွာ၏မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ လယ်ကွင်းများဘက်မှ ၎င်း၏နွားနှစ်ကောင်အားမောင်းနှင်၍ နေအိမ်သို့ပြန်လာစဉ် ၎င်းအနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာ များရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

မြို့နယ်အချို့၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များကရပ်ကွက်/ကျေးရွာများအတွင်းသို့ Drone အသုံးပြု၍ Drop Bomb များ၊ ရှော့တိုက်ဒုံးများနှင့် လက်နက်ကြီးများဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင် NOM ဒီဇင်ဘာ ၂၉၊ ၂၀၂၅ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်၌ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာနှင့် အောင်မြေသာစံမြို့နယ်၊ အမရဌာနီ (အရှေ့) ရပ်ကွက်များအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမရဌာနီ (အရှေ့) ရပ်ကွက်နေ ဦးဖြိုးကိုကို (၃၂) နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မထားထားဦး (၃၆) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။ အလားတူ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဇရစ်ရပ်ကွက်ရှိ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် ကျောက်မော်ရပ်ကွက်ရှိ ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်ကာ Drone ယာဉ်အသုံးပြု၍ ပစ်ချလိုက်သည့် Drop Bomb များကျရောက် ပေါက်ကွဲခဲ့မှုကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ သုံးထပ်ဆောင်အဆောက်အဦ၏ မျက်နှာကြက်များပြုတ်ကျပျက်စီးဆုံးရှုံးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင်တွင် ယာလက်ဖျံပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိခဲ့၍ အဆိုပါရုံး၌ဆေးဝါးကုသမှုဆောင်ရွက်ထားရှိကြောင်းသိရသည်။ အလားတူ နံနက် ၈ နာရီ ၂၅ မိနစ်အချိန်၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ မင်္ဂလာ ရပ်ကွက်၊ ရွှေတောင်ရပ်ကွက်နှင့် နမ့်ဘော်ဝမ်(ခ)ရပ်ကွက်များသို့ KNPP အကြမ်းဖက်အဖွဲ့နှင့် KNDF/PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးသီးများကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုများကြောင့် လူနှင့် အဆောက်အဦထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။ အလားတူ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်၌ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်ကာ Drone ယာဉ်အသုံးပြု၍ ပစ်ချလိုက်သည့် Drop Bomb များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၏ ပြတင်းတံခါးမှန် ၇ ချပ်တို့ ဗုံးသီးပေါက်ကွဲစထိမှန်ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းသိရသည်။ အလားတူ မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မြို့မရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ ခြံစည်းရိုးအပြင်ဘက် လမ်းမပေါ်သို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် စိန်ပြောင်းဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးရောက်ရှိနေသည့် ရန်အောင်မြေရပ်ကွက်နေ ဒေါ်လှခိုင် (၅၆) နှစ်နှင့် ဒေါ်နွယ်(၆၇)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။   အလားတူ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်၌ ရွှေဘိုမြို့နယ်၊ အမှတ် (၂) ရပ်ကွက်နေ ဒေါ်မာမာအေး (၅၁) နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်ကာ  Drone ယာဉ်အသုံးပြု၍ ပစ်ချလိုက်သည့် Drop Bomb များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်းနှင့် ၎င်းနေရာအနီးဝန်းကျင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ အမှတ် (၈) ရပ်ကွက်နေ ဒေါ်ညိုအိ (၆၀) နှစ်၏နေအိမ်ခြံဝင်း အတွင်းမှ ပျက်ကျနေသည့် Fixed Wing အမျိုးအစား Drone တစ်စင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ အလားတူ မွန်းလွဲ ၁ နာရီခွဲအချိန်၌ တမူးမြို့နယ်၊ စော်ဘွားအင်းရပ်ကွက်နေ ဦးတင်ကျော် (၅၁) နှစ် ၏နေအိမ်ပေါ်သို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်ကာ  Drone ယာဉ်အသုံးပြု၍ ပစ်ချလိုက်သည့် Drop Bomb များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်အမိုးသွပ် ၃ ပေပတ်လည်ခန့်ပေါက်ပြဲပျက်စီးကာ ၁၀၀၀ လီတာဆန့် ပလပ်စတစ် ရေတိုင်ကီတစ်လုံးပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းသိရသည်။

photo content
+3

မြို့နယ်အချို့၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များကရပ်ကွက်/ကျေးရွာများအတွင်းသို့ Drone အသုံးပြု၍ Drop Bomb များ၊ ရှော့တိုက်ဒုံးမ
+9
မြို့နယ်အချို့၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များကရပ်ကွက်/ကျေးရွာများအတွင်းသို့ Drone အသုံးပြု၍ Drop Bomb များ၊ ရှော့တိုက်ဒုံးများနှင့် လက်နက်ကြီးများဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင် NOM ဒီဇင်ဘာ ၂၉၊ ၂၀၂၅

နိုင်ငံတကာအဆင့်မှီလေဆိပ်အဖြစ် ထားဝယ်လေဆိပ်အဆင့်မြှင့်တင် NOM၊ဒီဇင်ဘာ၂၉၊၂၀၂၅ နိုင်ငံတကာလေယာဉ်ကြီးများဆင်းသက်နိုင်ရန်အဓိကထားပြီး အဆင့်မြှင့်တင်သွားမည့် ထားဝယ်လေဆိပ်၊ လေယာဉ်ပြေးလမ်းအပါအဝင် အဆောက်အဦးများပါ အဆင့်တိုးမြှင့်တည်ဆောက်နေပြီ ဖြစ်‌ကြောင်း‌ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှသိရသည်။ ကုန်တင်လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန်ရည်ရွယ်တည် ဆောက်မည့်လက်ရှိထားဝယ်လေဆိပ်သည်ပြေးလမ်းအရှည် ပေ ၁၂,၀၀၀၊ အကျယ်ပေ ၁၀၀ ရှိကာ လေဆိပ်ဧရိယာစုစုပေါင်း ၃၆၄.၆၇၇ ဧကခန့် ရှိကြောင်း အချက်အလက်များအရ သိရသည်။ ထားဝယ်လေဆိပ်သည်ပြည်တွင်းလေယာဉ် ၅ စီးခန့် တပြိုင်တည်းရပ်နားနိုင်ပြီး ပေ ၂၀၀ အကျယ် ရပ်နားကွင်း ၂ ကွင်း၊ ပေ ၆၀၀ × ၃၀၀ အကျယ်ရှိ ရပ်နားကွင်း ၁ ကွင်းစီရှိသော လေဆိပ် ဖြစ်ကြောင်းသိရသည်။

+1
ဒီဇင်ဘာလ၂၉ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်သမ္မတထရမ့်နှင့်ယူကရိန်းသမ္မတဇလင်စကီးတို့သည်နှစ်နာရီကြာတံခါးပိတ်အစည်းအဝေးပြုလုပ်ခဲ့သည်။(ဗီဒီယို) ၂။အမေရိကန်သမ္မတထရမ့်ကလူပေါင်းများစွာနေ့စဥ်သေဆုံးနေသောယူကရိန်းစစ်ကိုလျင်မြန်စွာရပ်တန့်သင့်သည်ဟုမီဒီယာများကိုပြောလိုက်သည်။ ၃။ယူကရိန်းသမ္မတဇလင်စကီးကအမေရိကန်ထံမှလုံခြုံရေးအာမခံချက် ကို၁၅နှစ်အစားနှစ်၅၀တောင်းလိုက်သည်။ ၄။ထိုင်းနိုင်ငံကကမ္ဘောဒီးယားသည်ဒရုန်းအစင်း၂၅၀ဖြင့်အပစ်အခတ်ရပ်စဲရေးကိုချိုးဖောက်ကတိုက်ခိုက် သည်ဟုစွပ်စွဲလိုက်သည်။ ၅။ထိုင်ဝမ်ကျွန်းပတ်လည်နေရာငါးနေရာတွင်တရုတ်ကကျည်အစစ်များသုံးပြီးယနေ့မှစ၍ Justice Mission 2025 အမည် ပေးထားသည့်စစ်ရေးလေ့ကျင့်မှုလုပ်နေသည်။(ဓါတ်ပုံ)

Repost from NOM
ထိုင်ဝမ်ရေတပ်ဟာ ထိုင်ဝမ်အနောက်တောင်ပိုင်း Zuoying မှာရှိတဲ့ အခြေစိုက်စခန်းက HF-2 နဲ့ HF-3 သင်္ဘောဖျက်ဒုံးကျည်စနစ်တွေကို ဖြန့်
+1
ထိုင်ဝမ်ရေတပ်ဟာ ထိုင်ဝမ်အနောက်တောင်ပိုင်း Zuoying မှာရှိတဲ့ အခြေစိုက်စခန်းက HF-2 နဲ့ HF-3 သင်္ဘောဖျက်ဒုံးကျည်စနစ်တွေကို ဖြန့်ကျက်လိုက်ပါတယ်။ တရုတ်တပ်မတော်က Jusitce Mission စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်နေပြီလို့ ကြေညာခဲ့ပြီးနောက်မှာ သူတို့ရဲ့ ဖျက်ဒုံးကျည်စနစ်တွေကို ထိုင်ဝမ်က ဖြန့်ကျက်လာခဲ့တာပါ။ NOM

Repost from NOM
Donetsk ဒေသက Dibrova ကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ Dibrov
Donetsk ဒေသက Dibrova ကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ Dibrova ဟာ ကိယက်ဗ်တပ်တွေအတွက် အဓိကဗဟိုချက်နေရာဖြစ်ပြီး ရုရှားဘက်က ထိုးစစ်ဆင်ကာ သိမ်းပိုက်နိုင်ခဲ့ပြီး လွတ်မြောက်စေခဲ့ပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။ NOM

ရန်ကုန်တိုင်း၌ ရွေးကောက်ပွဲအပိုင်း (၂) အား မဲရုံ (၁,၁၇၁) ဖွင့်လှစ်ကျင်းပမည် NOM၊ဒီဇင်ဘာ၂၉၊၂၀၂၅ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်း (၂) အဖြစ်ဆက် လက်ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း ရန်ကုန်တိုင်း ဒေသကြီးရှိ ဗဟန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ လှိုင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ကိုကိုးကျွန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် မဲရုံ (၁,၁၇၁) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၁ ) ရန်ကုန်တိုင်းအတွင်း ပြည်ခိုင်ဖြိုးပါတီမှအများဆုံးနိုင် NOM၊ဒီဇင်ဘာ၂၉၊၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ အပိုင်း ( ၁ ) ရန်ကုန်တိုင်း ၁၂မြို့အတွင်းပြည်ခိုင်ဖြိုးပါတီမှ အများဆုံး နိုင်ခဲ့ကြောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ကပြောကြားခဲ့သည်ဟုပါတီတစ်ခုမှတာဝန်ရှိသူတစ် ဦးကပြောသည်။ "မနေ့ညကမဲစရင်းတွေကမပြီးဘူး၊ ဒီနေ့မှအကုန်သိရမှာပါ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကလည်း ဒီနေ့ နေ့လည်မှာ ပါတီတွေကိုခေါ်ထားလို့ကျွန်တော် သွားခဲ့ပါတယ်ဟိုရောက်တော့ ကျွန်တော် ယှဉ်ပြိုင်တဲ့အလုံမြို့နယ်မှာ ပြည်ခိုင်ဖြိုးကဘဲအကုန်နိုင်ပါတယ်၊ လောလောဆယ်အသိပေးတာပါ၊တရားဝင် ကိုတော့ရွေးကောက်ပွဲ၃ပိုင်းလုံးပြီးမှ ကြေညာမှာပါဆိုပြီးပြောတယ် ဒါနဲ့ကျန်တဲ့မြို့နယ်တွေက ကျွန်တော်တို့ဆီကကိုယ်စား လှယ်လောင်းတွေမေးတော့ သူတို့ဆီမှာလည်းဒီအတိုင်း ဘဲခေါ်ပြောပါတယ်"ဟု ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့်ပါတီတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိရန်ကုန်တိုင်းအတွင်း အပိုင်း၁အဖြင့် ကမာရွက်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မဂ်လာဒုံ၊ မှော်ဘီ၊ သက်န်းကျွန်း၊ သန်လျင်၊ အလုံစသည့်မြို့နယ်များတွင် ပြည်ခိုင်ဖြိုးပါတီမှာ အားလုံးနီးပါအနိုင်ရခဲ့ပြီး မှော်ဘီမြို့နယ်တွင်ပြည်သူ့လွှတ် တော်နေရာ၌ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးဆောင်နေသော် လည်းအငြင်းပွားမှုများလည်းရှိနေကြောင်းသိရသည်။ "မဲရလဒ်ကတော့ သေချာတော့မသိသေးပါဘူး ဒါပေမဲ့ကြားရသလောက်တော့ ရန်ကုန်တိုင်းအတွင်းမှာတော့ မှော်ဘီကတစ်နေရာကလွဲကျန်တာ နိုင်တယ်ဆိုတာတော့မကြားရသေးပါဘူး အခုမှော်ဘီကနိုင်တဲ့နေရာမှာလည်းအငြင်းပွားမှုတွေတော့ဖြစ်နေတယ် ဘယ်လိုကြောင့်လဲ ဆိုတာတော့သေချာမသိသေးပါဘူး"ဟု ppp ပါတီမှဒုဥက္ကဌ ဦးစောဟန်းအေးကပြောသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီစုံဒီမို ကရေစီအထွေထွေရွေး ကောက်ပွဲ အပိုင်း ( ၁ ) ၌ ပါဝင်သည့် မြို့နယ် ( ၁၀၂ ) မြို့နယ်တွင်ကျင်းပခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်တွင်ရွေးကောက်ပွဲ အပိုင်း ( ၂ ) ၌ ပါဝင်သည်မြို့နယ် ( ၁၀၀ ) ကိုကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။

ထားဝယ်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကိုအကြမ်းဖက်များကDrop ဗုံးချတိုက်ခိုက် NOM၊ဒီဇင်ဘာ၂၉၊၂၀၂၅ တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြတ်မှုကော်မီရုံးခန်းဖွင့်လှစ်ထားသောထားဝယ်မြို့ရှိတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသုံးထပ်ဆောင်အစည်းအဝေးခန်းမနှင့်ကျောက်မော်ရပ်ကွက်၊အာဇာနည်လမ်းရှိခရိုင်အုပ်ချုပ်ရေးမှူးရုံးကိုအကြမ်းဖက်သောင်းကျန်းသူများကဒီဇင်ဘာလ၂၈ရက်နံနက်၇း၄၅နာရီအချိန်တွင်Drop ဗုံးများချပြီးတိုက်ခိုက်ခဲ့ကြောင်းသိရသည်။Drop ဗုံးချတိုက်ခိုက်မှုကြောင့်တိုင်းဒေသကြီးလူဝင်မှုကြီးကြတ်ရေးပြည်သူ့အင်အားဦးစီးဌာန၊တိုင်းဦးစီးမှူးမစိုးရိမ်ရဒဏ်ရာရခဲ့သည်။

ချောင်းဆုံမြို့နယ် နှစ်နေရာတွင် မဲရေတွက်မှုစာရင်းများအရ မွန်ညီညွတ်ရေးပါတီ အသာရနေ ဟုဆို NOM၊ဒီဇင်ဘာ၂၉၊၂၀၅ မွန်ပြည်နယ်၊ ချောင်း
ချောင်းဆုံမြို့နယ် နှစ်နေရာတွင် မဲရေတွက်မှုစာရင်းများအရ မွန်ညီညွတ်ရေးပါတီ အသာရနေ ဟုဆို NOM၊ဒီဇင်ဘာ၂၉၊၂၀၅ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်တွင် ယနေ့(ဒီဇင်ဘာ ၂၉ရက်)နေ့ထိမဲရေတွက်မှုအရ မွန်ညီညွတ်ရေးပါတီမှနှစ်နေရာဆက်လက်ဦးဆောင်နေ ကြောင်းပါတီဥက္ကဌ နိုင်လဝီအောင်ကပြောသည်။ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သည့်  မင်းစိုးသူနှင့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့်  နိုင်အမ်ချမ်းမွန်(ခ)မင်းစိုးခိုင်တို့က လက်ရှိမဲရေတွက်မှုအရ ဦးဆောင်နေကြောင်းသိရသည်။ "မဲရေတွက်မှုတွေကတော့မပြီးသေးပါဘူး ဒါကြောင့်ကျန်တဲ့နယ်မြေတွေရဲ့အခြေနေတွေလည်းပြောလို့မရသေးပါဘူးချောင်းဆုံကတော့ဦးဆောင်နေပါတယ် ဒါပေမဲ့ညနိုင်ပြီးမနက်မှာရှူံးသွားတဲ့ဥပမာတွေလည်းရှိနေတော့နောက်ဆုံးအချိန်ထိတော့စောင့်ကြည့်ရမှာပါ"ဟု မွန်ညီညွတ်ရေးပါတီ ဥက္ကဌ နိုင်လဝီအောင်ကပြောသည်။ မွန်ပြည်နယ်တွင်ဒီဇင်ဘာ၂၈ရက်က ရွေးကောက်ပွဲအပိုင်း(၁)အဖြစ် ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်၊သထုံစသည့်မြို့နယ်များတွင်ရွေးကောက်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဆ
+7
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးက
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရသူနှစ်ဦးအား သွားရောက်အားပေးပြီး ထောက်ပံ့ငွေများပေးအပ်

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၇)သင်တန်းဆင်
+9
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၇)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ။

အလောင်း/လက်နက် များသိမ်းဆည်းရရှိ ဒီ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ရှိန်းမကား- ကျောက်မြောင်းလမ်းကြောင်းအား ရှင်းလင်းရန်ချ
+5
အလောင်း/လက်နက် များသိမ်းဆည်းရရှိ ဒီ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ရှိန်းမကား- ကျောက်မြောင်းလမ်းကြောင်းအား ရှင်းလင်းရန်ချီတက်လျှက်ရှိသည့် စစ်ကြောင်းအား PDF အကြမ်းဖက်သမား ၃၀ ဦးခန့်မှ စတင်တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများ တောင်ဘက်သို့ ထွက်ပြေးသွားခဲ့၊ ဖြစ်စဉ်အတွင်းမိမိဘက်မှ စစ်သည် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီးအကြမ်းဖက်သမားများထံမှ အောက်ပါအလောင်း/လက်နက်များသိမ်းဆည်းရရှိခဲ့ပါသည် (က) အရပ်ဝတ် ကျားအလောင်း(၅)လောင်း ( ခ ) လက်လုပ်ပြောင်းရှည်သေနတ် (၄)လက် ( ဂ ) လက်လုပ်မိုင်း ၁၁ လုံး တို့အားသိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးဆက်လက်ဆာင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ - တိုက်ပွဲသတင်းစုံ

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၇) သင်တန်းဆင်းပ
+9
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၇) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ပြီး အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိုင်းမှူးတို့ တက်ရောက်ဂုဏ်ပြုခဲ့။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၉ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၇)သင်တန်းဆ
+7
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၉ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၇)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ။