ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 390 名订阅者,在 新闻与媒体 类别中位列第 15 945,并在 缅甸 地区排名第 10 125

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 390 名订阅者。

根据 11 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -201,过去 24 小时变化为 -9,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.96%。内容发布后 24 小时内通常能获得 5.70% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 987 次浏览,首日通常累积 707 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 14

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 12 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 390
订阅者
-924 小时
-567
-20130
帖子存档
ဒီဇင်ဘာလ၁၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဆစ်ဒနီကမ်းခြေတွင်ကျင်းပနေသောဂျူးပွဲတော်သို့သေနတ်သမားကဝင်ရောက်ပစ်ခတ်ရာလူ၁၅ဦးသေဆုံးပ
ဒီဇင်ဘာလ၁၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဆစ်ဒနီကမ်းခြေတွင်ကျင်းပနေသောဂျူးပွဲတော်သို့သေနတ်သမားကဝင်ရောက်ပစ်ခတ်ရာလူ၁၅ဦးသေဆုံးပြီးနောက်သြစတေလျဝန်ကြီးချုပ်ကပိုမိုတင်းကြတ်သည့်လက်နက်ဥပဒေကိုအဆိုပြုလိုက်သည်။ ၂။ထိုင်းစစ်တပ်ထံမှ နယ်စပ်တိုက်ပွဲများအတွင်း သိမ်းပိုက်ရရှိခဲ့သည့် BTR-3E1 စစ်ယာဉ်ကိုကမ္ဘောဒီးယားကပြသခဲ့သည်။(ဓါတ်ပုံ) ၃။ပယ်မီယာဒေသတွင်ကင်းလှည့်နေသောဆီးရီးယားစစ်တပ်ကိုISအကြမ်းဖက်အဖွဲ့ကယနေ့ခြုံခိုတိုက်ခိုက်ရာဆီးရီးယားစစ်သားလေးဦးသေသည်။ယမန်နေ့ကလည်းအမေရိကန်စစ်သားသုံးဦးသေဆုံးပြီးဖြစ်သည်။ ၄။ရေကြီးမှုကြောင့်မိုရိုကိုကမ်းရိုးတန်းမြို့များတွင်လူ၃၇ဦးသေသည်။ ၅။ယူကရိန်းသည် ရက် ၁၀၀ အတွင်း ရွေးကောက်ပွဲကျင်းပရန် နှင့် နေတိုး အဖွဲ့သို့ ဝင်ရောက်ရန် တောင်းဆိုခြင်းကို စွန့်လွှတ်မည်ဖြစ်ကြောင်း ဂျာမန်သတင်းစာဘိုင်းဒ်ကဖော်ပြသည်။

အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော တံတားများအား မိဘပြည်သူများသွားလာကူးသန်းမှု့အဆင်ပြေစေရန် အချိန်မှီပြန်လည်ပြုပြင်တည်ဆောက်ပေးနေသော တပ်မတော်သားများ - တိုက်ပွဲသတင်းစုံ

Repost from NOM
ဘွန်ဒီကမ်းခြေမှာ သေနတ်သမားဆီကနေ သေနတ်ကို သွားလုခဲ့ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ အသက် ၄၃ နှစ်အရွယ်၊ ကလေး ၂ ဦးဖခင်က
ဘွန်ဒီကမ်းခြေမှာ သေနတ်သမားဆီကနေ သေနတ်ကို သွားလုခဲ့ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ အသက် ၄၃ နှစ်အရွယ်၊ ကလေး ၂ ဦးဖခင်ကို ဆုကြေးငွေချီးမြှင့်ဖို့အတွက် စုဆောင်းထားမှုဟာ ဒေါ်လာ ၁ သန်းကျော်အထိ ရှိလာတယ်လို့ သိရပါတယ်။ Ahmed el Ahmed ဟာ သေနတ်သမားဆီ မသွားခင် သူ့ရဲ့ ဝမ်းကွဲညီအကိုဖြစ်သူကို “ငါ သေချင် သေသွားလိမ့်မယ်၊ လူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ငါလုပ်ခဲ့တာလို့ ငါ့မိသားစုကို ပြောပေး” ဆိုပြီး မှာခဲ့တယ်လို့ Daily Mail က ဆိုပါတယ်။ သူဟာ သေနတ်ကို အောင်မြင်စွာနဲ့ လုယူနိုင်ခဲ့ပြီး သေနတ်သမားကို ထွက်ပြေးစေခဲ့ပါတယ်။ အခုအခါမှာ သူ့အတွက် ဆုကြေးပေးအပ်ဖို့ GoFundMe ကတဆင့် ကမ်ပိန်းလုပ်ခဲ့ရာမှာ လှူဒါန်းသူပေါင်း ၁၈၀၀၀ အထိ ရှိခဲ့ကာ ဒေါ်လာ ၁ သန်းအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ သူ့ကို နယူးဆောက်ဝေးလ်ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆေးရုံအထိ လိုက်ကာ သတင်းမေးပြီး ချီးကျူးဂုဏ်ပြုခဲ့ကာ သူရဲကောင်းလို့လည်း ခေါ်ဝေါ်ခဲ့ပါတယ်။ NOM

မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနှင့် ထိုင်းရေပိုင်နက်သို့ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား
+5
မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနှင့် ထိုင်းရေပိုင်နက်သို့ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၃၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန်နှင့် ကက်တမင်း ၁ ဒသမ ၈ တန်ကျော်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော် ဒီဇင်ဘာ ၁၅

မူဆယ်မြို့တွင် လမ်းလျောက်နေသူများကို ကျောက်ကားမှဝင်တိုက် နှစ်ဦးသေဆုံးရှစ်ဦးဒဏ်ရာရ NOM၊ဒီဇင်ဘာ၁၅၊၂၀၂၅ ရှမ်းပြည်နယ် မြောက်ပို
မူဆယ်မြို့တွင် လမ်းလျောက်နေသူများကို ကျောက်ကားမှဝင်တိုက် နှစ်ဦးသေဆုံးရှစ်ဦးဒဏ်ရာရ NOM၊ဒီဇင်ဘာ၁၅၊၂၀၂၅ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မူဆယ် - ၁၀၅ မိုင်အနီး ပြည်ထောင်စုလမ်းမပေါ် တွင်ယမန်နေ့ဒီဇင်ဘာလ ၁၄ ရက်မွန်းလွဲ ၂ နာရီခွဲခန့်က လမ်းလျောက်နေသူများကို ကျောက်ကားမှဝင်တိုက်ခဲ့ရာ နှစ်ဦးသေဆုံ ရှစ်ဦဒဏ်ရာ ရရှိခဲ့ ကြောင်းဒေသခံလူမှုကူညီရေးအသင်းတစ်ခုမှသိရသည်။ ဖြစ်စဉ်မှာ မူဆယ် - ၁၀၅ မိုင်အနီး ပြည်ထောင်စုလမ်းမပေါ်တွင်ကျောက်များတင် ဆောင်လာသည့် ၆ ဘီးကား ဘရိတ်ပေါက်ပြီး လမ်းဘေးတွင်သွားလာနေသည့်ပြည်သူများအားတိုက်သွားပြီး လမ်းဘေးတွင်တိမ်းမှောက်ခဲ့သည့်အတွက်လူနှစ်ဦးသေဆုံပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။ "အခုဖြစ်တဲ့နေရာကစစ်ဆေးရေးဂိတ်တစ်ခုဖြစ်ပါတယ် အဲဒီဂိတ်ရောက်ရင်ကားပေါ်ပါလာသည့် ခရီးသည်များအားလုံးဆင်ပြီးဂိတ်ကိုလမ်းလျှောက်ရတာပြီးတော့မှတ်ပုံတင်ပြပြီးကားပေါ်ပြန်တက်ရတာဆိုတော့ သူတို့ လမ်းလျောက်နေတဲ့အချိန်မှဘဲ ကျောက်ကားကဘရိတ် ပေါက်ပြီးလူတွေကို တိုက်မိပြီးကားကတိမ်မှောက် သွားတာပါ"ဟု ဒေသ ခံလူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) သင်တန်းဖွင့်ပွဲ ပြုလုပ်
+5
ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) သင်တန်းဖွင့်ပွဲ ပြုလုပ်

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနား။
+5
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနား။

ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းတွင် ကားပစ္စည်းဂိုဒေါင် မီးလောင် NOM၊ဒီဇင်ဘာ၁၅၊၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ န
ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းတွင် ကားပစ္စည်းဂိုဒေါင် မီးလောင် NOM၊ဒီဇင်ဘာ၁၅၊၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်းရှိကားပစ္စည်းဂိုဒေါင်တစ်ခု ဒီဇင်ဘာ ၁၅ ရက် နံနက် ၅း၄၆နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့‌ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ အဆိုပါမီးလောင်မှုကို Level 1 ယာဉ်အုပ်စုဖြင့် ငြှိမ်းသတ်ခဲ့ရ၍ လူမှုကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ခဲ့ကြပြီး မနက် ၆ နာရီ ၁၀ မိနစ်တွင် မီးထိန်းနိုင်ကါ ၆း၁၇ နာရီ ၌ မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် ဂိုဒေါင်ထဲတွင်ရှိသည့် ကားအင်ဂျင်များ၊ကားပစ္စည်းများ မီးလောင်ဆုံးရှုံးသွားပြီးမီးလောင်ရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စိစစ်နေဆဲဖြစ်‌ကြောင်းသိရသည်။

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျက်ဆီး NOM၊ဒီဇင်ဘာ၁၅၊၂၀၂၅ မန္တလေးတ
အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျက်ဆီး NOM၊ဒီဇင်ဘာ၁၅၊၂၀၂၅ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့က ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။ အဆိုပါအကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက် ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပစ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေအကျယ်(၁၅) ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတာအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ် သန်း သွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျက်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Repost from NOM
ဘွန်ဒီကမ်းခြေမှာ သေနတ်သမားဆီကနေ သေနတ်ကို ဝင်ရောက်လုယူခဲ့ပြီး ဟီးရိုးတဦးအဖြစ် ကျော်ကြားခဲ့တဲ့ အမျိုးသားကို ဂျူးလူမျိုး သူဌေးတဦ
ဘွန်ဒီကမ်းခြေမှာ သေနတ်သမားဆီကနေ သေနတ်ကို ဝင်ရောက်လုယူခဲ့ပြီး ဟီးရိုးတဦးအဖြစ် ကျော်ကြားခဲ့တဲ့ အမျိုးသားကို ဂျူးလူမျိုး သူဌေးတဦးဖြစ်တဲ့ Bill Ackman က ဒေါ်လာ ၁ သိန်း ပေးအပ်ခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ သူဟာ အမေရိကန်ရဲ့ အချမ်းသာဆုံး သူဌေးတွေထဲက တဦးဖြစ်ပြီး ဒေါ်လာ ၉.၅ ဘီလျံအထိ ကြွယ်၀သူဖြစ်ပါတယ်။ NOM

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၆ လုံး ထပ်မံဖြိုချဖျက်ဆီး၊ မြဝတ
+9
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၆ လုံး ထပ်မံဖြိုချဖျက်ဆီး၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်မှုမရှိစေရေး ဆက်လက်ရှာဖွေစစ်ဆေး

Repost from NOM
အကြမ်းဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဘွန်ဒီကမ်းခြေအနီးက မွတ်စလင်သုဿန်ထဲကို ဝက်ခေါင်းတွေ ပစ်ထည့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ N
အကြမ်းဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဘွန်ဒီကမ်းခြေအနီးက မွတ်စလင်သုဿန်ထဲကို ဝက်ခေါင်းတွေ ပစ်ထည့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ NOM

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းများအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရ
+3
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းများအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိ NOM ဒီဇင်ဘာ ၁၅၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့ည ၅ နာရီအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးသုံးဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ္တရာမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေသူများဖြစ်ကြသည့် မချောအိဝင်း (၂၅) နှစ်၊ မအေးသန္တာကျော် (၂၆) နှစ်နှင့် ဒေါ်ခိုင်မာလင်း (၄၅) နှစ်တို့သည် ဇီးဖြူကုန်းကျေးရွာ အနောက်ဘက်ရှိ ကွမ်းခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့သုံးဦးတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အလားတူ ည ၆ နာရီ ၁၅ မိနစ်အချိန်၌ မတ္တရာမြို့နယ်၊ ဝန်စုကျေးရွာနေ ဦးစိုးဝင်း (၅၈) နှစ် သည် ဝန်စုကျေးရွာ၏အရှေ့ဘက်ရှိ ယာတောမှ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် ကျေးရွာအနီး တောလမ်းကြားအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် အမှိုက်ပုံအ
+2
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် အမှိုက်ပုံအနီး အဟောင်းပစ္စည်းများကောက်ယူနေသည့် အပြစ်မဲ့ပြည်သူသုံးဦး မိုင်းစထိမှန်ဒဏ်ရာများရ NOM ဒီဇင်ဘာလ ၁၅၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာလ ၁၃ ရက်နေ့ည ၆ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ရောက်ရှီနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၈ နာရီခွဲအချိန်၌ တောင်သာမြို့နယ်၊ အင်းတဲကျေးရွာနေသူများဖြစ်ကြသည့် ဦးစိုးအောင် (၃၀) နှစ်၊ ဒေါ်လှဌေး (၄၈) နှစ်နှင့် မနွယ်ဝင်းခိုင် (၁၀) နှစ်တို့သည် အင်းတဲကျေးရွာနှင့် နတ်စောင့်ကျေးရွာကြား ချောင်းကမ်းဘေးရှိ အမှိုက်ပုံအနီး အဟောင်းပစ္စည်းများကောက်ယူနေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား မနွယ်ဝင်းခိုင်မှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့သုံးဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ဒီဇင်ဘာလ၁၄ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဂျာမနီသည်ပိုလန်နှင့်အတူရုရှားနှင့်ဘယ်လာရုစ်နယ်စပ်တွင်ဆက်သွယ်​ရေးတူးမြောင်းများတူးခြ
ဒီဇင်ဘာလ၁၄ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဂျာမနီသည်ပိုလန်နှင့်အတူရုရှားနှင့်ဘယ်လာရုစ်နယ်စပ်တွင်ဆက်သွယ်​ရေးတူးမြောင်းများတူးခြင်း၊တင့်ကားအတားအဆီးများချထားခြင်းတို့လုပ်ဆောင်နေသည်။ ၂။ဆီးရီးယားနိုင်ငံပါမီယာဒေသတွင်လုံခြုံရေးအစည်းအဝေးပြုလုပ်နေသောအမေရိကန်နှင့်ဆီးရီးယားစစ်တပ်ကို ဆီးရီးယားစစ်သားတစ်ဦးကပစ်ခတ်ရာအမေရိကန်စစ်သားနှစ်ဦးအရပ်သားကန်ထရိုက်တစ်ဦးသေဆုံးပြီးဆီးရီးယားစစ်သားနှစ်ဦးသေဆုံးသည်။ပထမသတင်းထုတ်ပြန်မှုတွင်ISအကြမ်းဖက်သမားဟုမှားယွင်းထုတ်ပြန်ခဲ့သည်။ ၃။ယူကရိန်းကပြင်ဆင်တင်ပြသောငြိမ်းချမ်းရေးအဆိုပြုချက်တွင်ဒွန်းဘတ်စ်ဒေသကိုစွန့်လွှတ်ခြင်းမပြုရန်နှင့်ယူကရိန်းကိုနေတိုးသို့ဝင်ခွင့်ပေးရန်တောင်းဆိုထားသည်။ ၄။ထိုင်းလေတပ်၏F-16တိုက်လေယာဥ်သည်က မ္ဘောဒီးယားနယ်စပ်ရှိကာဆီနိုရုံသို့သွားသည့်တံတားကိုပဲ့ထိန်းဗုံးဖြင့်ပစ်ခတ်ဖျက်ဆီးလိုက်သည်။(ဓါတ်ပုံ) ၅။သြစတေလျကမ်းခြေတွင်လူဆယ်ဦးကျော် သေဆုံးသောဂျူးပွဲတော်သို့ဝင်ရောက်ပစ်ခတ်မှုကိုနောက်ကွယ်မှစီစဥ်သူမှာအီရန်ဟုအစ္စရေးထောက်လှမ်းရေးကပြောသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှ
+2
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ နေပြည်တော် ဒီဇင်ဘာ ၁၄

ညောင်ဦးမြို့နယ်၊ ပုလင်းကြီးကျေးရွာရှိ ပုလင်းကမ်းသာယာ ဆင်စခန်းတွင် တာဝန်ထမ်းဆောင်နေသော သစ်တောဝန်ထမ်းသုံးဦးနှင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို မော်တော်ယာဉ်တစ်စီးနှင့်အတူ PDF အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၁၄၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုလင်းကြီးကျေးရွာရှိ ပုလင်းကမ်းသာယာ ဆင်စခန်းသို့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်အချိန်၌ PDF အကြမ်းဖက်သမားခြောက်ဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး အဆိုပါဆင်စခန်း၌ တာဝန်ထမ်းဆောင်နေသော ညောင်ဦးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်နေသူများ ဖြစ်ကြသည့် မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက်မန်နေဂျာဖြစ်သူ ဦးချစ်ကိုကို (၄၂) နှစ်နှင့် သစ်အုပ် ဖြစ်သူ ဦးသောင်းကြည် (၅၀) နှစ်၊ အမှတ် (၂) ရပ်ကွက်နေ နေ့စားလုပ်သား ဦးစောလင်း (၆၃) နှစ်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ (ည) ရပ်ကွက်နေ ဦးချစ်ကိုကို၏ဇနီးဖြစ်သူ ဒေါ်စန္ဒာဝင်းတို့အား ဦးချစ်ကိုကိုပိုင်ဆိုင်သည့် JJ/8634 MARK II အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တစ်စီးနှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ညောင်ပင်စုကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်သွား NOM ဒီဇင်ဘာ ၁၄၊ ၂၀၂၅ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ကျောင်းစုကျေးရွာနေ ဦးသန်းဇော် (၅၃) နှစ်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်၌ ကျောင်းစုကျေးရွာမှ သဲကုန်းမြို့နယ်၊ ညောင်ပင်စုကျေးရွာသို့သွားစဉ် ညောင်ပင်စုကျေးရွာ၏ ရွာလယ်လမ်းမအရောက် PDF အကြမ်းဖက်သမားခြောက်ဦးခန့်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

Repost from MyanmarDigitalNews
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ

Repost from NOM
BREAKING: Bondi ကမ်းခြေပစ်ခတ်မှုမှာ သေဆုံးသူ ၁၂ ဦးအထိ တိုးမြှင့်လာပြီး ကလေးတဦးပါဝင်ခဲ့တယ်လို့ သိရပါတယ်။ - သေနတ်သမားနှစ်ဦးကို ရဲတွေက မဖမ်းဆီးနိုင်ခင် အရပ်သားတဦးက သေနတ်သမားတဦးဆီက သေနတ်ကို ဝင်ရောက်လုယူခဲ့ပါတယ်။ - သေနတ်သမားတဦး နေရာမှာတင် သေဆုံးခဲ့ပြီး ဒုတိယတဦးကိုတော့ ဒဏ်ရာနဲ့ ဖမ်းမိခဲ့ပါတယ်။ သူတို့ယူဆောင်လာတဲ့ ကားတစီးပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေပါဝင်လာတယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်နေပြီး စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ NOM