ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 481 名订阅者,在 新闻与媒体 类别中位列第 15 940,并在 缅甸 地区排名第 10 072

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 481 名订阅者。

根据 30 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -219,过去 24 小时变化为 -6,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 9.80%。内容发布后 24 小时内通常能获得 6.61% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 224 次浏览,首日通常累积 825 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 01 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 481
订阅者
-624 小时
-117
-21930
帖子存档
ခင်ပွန်း ၃ ယောက်တောင်လား?
ခင်ပွန်း ၃ ယောက်တောင်လား?

Repost from NOM.World News
"အိန္ဒိယနိုင်ငံ၊ ဂျာခန်ပြည်နယ်တွင် လူနာတင်လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် လူ ၇ ဦး သေဆုံး" အိန္ဒိယနိုင်ငံ၊ ဂျာခန်ပြည်နယ်တွင် လူနာတင်လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ လေယာဉ်အမှုထမ်း ၂ ဦး၊ လူနာတစ်ဦးနှင့် လူနာ၏ဆွေမျိုးများ အပါအဝင် အဆိုပါ Beechcraft C90 လေယာဉ်ပေါ်ပါရှိသူ ၇ ဦးစလုံးသည် လေယာဉ်ပျံတက်ပြီး မကြာမီအချိန်အတွင်း ရေဒါအဆက်အသွယ်ပြတ်တောက်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ NOM

ဒလတံတား ပေါ်တွင် YBS ကားပေါ်က ကလေးငယ် ပြုတ်ကျသေဆုံး NOM၊ဖေဖော်ဝါရီ၂၄၊၂၀၂၆ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တိုးဂိတ်အနီ
ဒလတံတား ပေါ်တွင် YBS ကားပေါ်က ကလေးငယ် ပြုတ်ကျသေဆုံး NOM၊ဖေဖော်ဝါရီ၂၄၊၂၀၂၆ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တိုးဂိတ်အနီးတွငယမန်နေဖေဖော်ဝါရီ ၂၃ ရက်ညနေ ၄နာရီခွဲခန့်ကYBS ယာဉ်ပေါ်မှ အသက် (၅) နှစ်အရွယ် ကလေးတစ်ဦး ပြုတ်ကျပြီး သေဆုံး သွား ကြောင်းလူမှုကူညီရေးအသင်းတစ် ခုမှသိရသည်။ ဖြစ်စဥ်မှာ ဒလမြို့နယ်မှ ရန်ကုန်မြို့တွင်း သို့ အဒေါ် ဖြစ်သူ နှင့်အတူ မုန့်ဝယ်ပြီး အပြန် YBS ကားစီးလာရာ ဒလတိုးဂိတ် အရောက် Slow down အဖြတ် တွင် ကားခုန် ပြီး YBS ကြမ်းခင်း ပေါက်နေသော နေရာမှ ကလေးမှာ ပြုတ်ကျ၍ နောက်ဘီးဖြစ် ကျိတ်မိရာ နေရာတွင် ပွဲချင်းပြီး ဦးခေါင်းခွံကွဲ ဒဏ်ရာ ဖြင့် သေ ဆုံးသွား ကြောင်းသိရသည်။ "အခုဖြစ်စဉ်နဲ့ပက်သက်ပြီးယာဉ်မောင်းကိုတော့ မော်တော်ယာဉ်ဥပဒေအတိုင်းအရေးယူမှာပေါ့။ ပြီးတော့ ကျွန်တော်တို့ YBPC ကုမ္မဏီပါ။ အာမခံကိစ္စတွေ ကျန်တဲ့ လျော်ကြေးပေးတဲ့ကိစ္စတွေစီစဉ်နေပါတယ် ကလေးမိဘတွေဆီကုမ္မဏီကလည်းလိုက်ပါဆောင်ရွက်ပေးနေပါတယ်"ဟုဦးလျန်ကျင့်မန်ကပြောသည်။ အဆိုပါ သေဆုံးသူကလေးငယ်၏ရုပ်အလောင်းအား ဒလ ပြည်သူဆေးရုံမှ စစ်ချက်ယူ၍ ကြီးလေးကြီးအသင်းမှ သုသာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဇင်ယော်ရေယာဉ်များ အကြီးစားပြင်ဆင်ပြီးစီးမှု လှည့်လည်ကြည့်ရှုစစ်ဆေး ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ လူဝင်
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဇင်ယော်ရေယာဉ်များ အကြီးစားပြင်ဆင်ပြီးစီးမှု လှည့်လည်ကြည့်ရှုစစ်ဆေး ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် Yangon Innovation Centre (YIC) ရှေ့ရှိ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသော ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ဌာနပိုင်ဇင်ယော်ရေယာဉ်များကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အကြီးစားပြင်ဆင်ပြီးဖြစ်သည့် ဇင်ယော်ရေယာဉ် (၁)၊ (၂)၊ (၃) စသည့် ရေယာဉ်သုံးစင်းပေါ်သို့ တက်ရောက်ကာ ရေယာဉ်တစ်စင်းချင်းအလိုက် ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု၊ ရေယာဉ်စက်ခန်းနှင့် တက်မခန်းများအခြေအနေ၊ ရေယာဉ်လူဝင်မှုစစ်ဆေးရေးတာဝန် ထမ်းဆောင်မည့် ကုန်းပတ်များနှင့် ဝန်ထမ်းများအနေဖြင့် ရေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ထားရှိမှု၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေး စိစစ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးအား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် ရေဆိပ်တာဝန်ခံအရာရှိက ဇင်ယော်ရေယာဉ်များ အကြီးစားပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ လက်ရှိ ရေဆိပ်လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဇင်ယော်ရေယာဉ်များရှေ့ရှိ ဆိပ်ခံတံတား၌ ရေယာဉ်ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်သည့် ဝန်ထမ်းများအားတွေ့ဆုံ၍ ယခု အခါ ဇင်ယော်ရေယာဉ်သုံးစင်းကို အကြီးစားပြင်ဆင်ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း ဆက်စပ်ဌာနများနှင့်ပေါင်းစပ်ကာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဓိကထားဆောင်ရွက်ကြရန်လိုကြောင်း၊ ဇင်ယော်ရေယာဉ်များဖြင့် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့် ရေကြောင်းဆိုင်ရာနှင့် သင်္ဘောသားဆိုင်ရာ ပညာရပ်များလေ့လာဆည်းပူးကာ လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေး အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အကြီးစားပြင်ဆင်ပြီးဖြစ်သည့် ဇင်ယော်ရေယာဉ်များ အမြဲကြံ့ခိုင်ကောင်းမွန်မှုရှိစေရေး၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး၊ ဝန်ထမ်းများနှင့် ရေယာဉ်များလုံခြုံမှုရှိစေရေး၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ် မဖြစ်ပွားစေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က အမြဲကြပ်မတ် စစ်ဆေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတကာမှ ဆိုက်ကပ်လာသည့် ပင်လယ်ကူးသင်္ဘောများအတွက် ရေကြောင်းဆိုင်ရာ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီစစ်ဆေး၍ ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှုပေးကြရန်လိုကြောင်း ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-Conference Workshop) ကျင်းပ ဖ
(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-Conference Workshop) ကျင်းပ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ (၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-Conference Workshop) အဖြစ်  (၁၀) ကြိမ်မြောက်၊ သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ် လေ့ကျင့်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်၊ သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ်လေ့ကျင့်ရေးဌာနတွင်ကျင်းပပြုလုပ်ခဲ့သည်။ NOM

🇺🇸🍕အမေရိကန် စစ်ဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် က ပန်တဂွန် စစ်ဌာနချုပ်ရဲ့ ပီဇာအော်ဒါတွေကို စောင့်ကြည့်ပြီး စစ်ရေးလှုပ်ရှားမှုတွေကို ခန့်မှန်းနေတဲ့ X (ယခင် တွစ်တာ) ဆိုရှယ်မီဒီယာအကောင့်နဲ့ ပတ်သက်လို့ အခုလိုပြောကြားခဲ့ပါတယ်။ 👇 "အဲဒီအကောင့်အကြောင်း ကျွန်တော် သိပါတယ်။ ကျွန်တော်ကတော့ ထမင်းစားဆောင်သွားဖို့ထက် လူတိုင်းကို မျက်စိလည်သွားအောင် ကျပန်းညတွေမှာ ပီဇာတွေအများကြီး အော်ဒါမှာဖို့ စဉ်းစားထားတယ်။ တစ်ခါတလေ သောကြာနေ့ညမျိုးမှာ ဒိုမီနို (Domino) ပီဇာအော်ဒါတွေ အများကြီးတွေ့ရင် ဒါဟာ စောင့်ကြည့်စနစ်တစ်ခုလုံးကို ကမောက်ကမဖြစ်အောင် ကျွန်တော်ကိုယ်တိုင် အက်ပလီကေးရှင်း (App) ထဲကနေ မှာနေတာလည်း ဖြစ်နိုင်ပါတယ်" 🔎🍕ဘာကြောင့် လူတွေက ပန်တဂွန်ရဲ့ ပီဇာအော်ဒါတွေကို စောင့်ကြည့်ကြတာလဲ?? ဒါကို "The Pizza Meter" (ပီဇာတိုင်းတာချက်) လို့ ခေါ်ပါတယ်။ ဒါဟာ သိပ္ပံနည်းကျ အချက်အလက်ထက် လက်တွေ့ကျတဲ့ အခြေအနေတွေအပေါ် အခြေခံပြီး ခန့်မှန်းကြတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အစိုးရရုံးတွေဟာ ညနေပိုင်းမှာ ပိတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ စစ်ရေးလှုပ်ရှားမှု ဒါမှမဟုတ် နိုင်ငံတကာ အကျပ်အတည်းတစ်ခုခု (ဥပမာ- စစ်ပွဲစတော့မယ့် အခြေအနေ) ဖြစ်လာရင် အရာရှိကြီးတွေနဲ့ ဝန်ထမ်းတွေဟာ ညဘက်အထိ ရုံးမှာ အလုပ်လုပ်ကြရပါတယ်။ အဲဒီလို အလုပ်များနေတဲ့အချိန်မှာ အပြင်ထွက်စားဖို့ အချိန်မရှိသလို၊ ရုံးတွင်းကန်တင်းတွေကလည်း ပိတ်နေတတ်တဲ့အတွက် အလွယ်တကူ မှာစားလို့ရတဲ့ "ပီဇာ" ကို အများအပြားမှာယူကြပါတယ်။ ပန်တဂွန်စစ်ဌာနချုပ်လို နေရာမျိုးကို ပီဇာအော်ဒါတွေ ပုံမှန်ထက် ထူးထူးခြားခြား ပိုရောက်နေပြီဆိုရင် - "တစ်ခုခုတော့ ထူးခြားနေပြီ၊ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ခုခုအတွက် ပြင်ဆင်နေပြီ" လို့ သတင်းထောက်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေက တွက်ဆကြတာ ဖြစ်ပါတယ်။ ဒါဟာ ထောက်လှမ်းရေးလောကမှာ OSINT (Open Source Intelligence) လို့ခေါ်တဲ့ လူတိုင်းမြင်နိုင်တဲ့ အချက်အလက်တွေကနေတစ်ဆင့် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ NOM

မြစ်ကြီးနားလေဆိပ် လေယာဥ်ခရီးစဥ်များအမြန်ဆုံးပြန် လည်ပြေးဆွဲနိုင်ရန်ဆောင်ရွက်နေ NOM၊ဖေဖော်ဝါရီ၂၄၊၂၀၂၆ အများပြည်သူခရီးသွားလာရေး
မြစ်ကြီးနားလေဆိပ် လေယာဥ်ခရီးစဥ်များအမြန်ဆုံးပြန် လည်ပြေးဆွဲနိုင်ရန်ဆောင်ရွက်နေ NOM၊ဖေဖော်ဝါရီ၂၄၊၂၀၂၆ အများပြည်သူခရီးသွားလာရေးနှင့်ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးတို့အတွက် မြစ်ကြီးနားလေဆိပ် ပုံမှန်အတိုင်းလေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေးအတွက် တာဝန်ရှိသူများက အမြန်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာ ကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးခဲ့ကြောင်း သိရသည်။

✈️🇺🇸 အလက်စကာပြည်နယ်၊ အန်ကာရေ့ချ်ရှိ အယ်လ်မန်ဒေါ့ဖ် ရစ်ချက်ဆန် (Elmentdorf-Richardson) ပူးတွဲစစ်အခြေစိုက်စခန်းမှ F-22 "Rapto
✈️🇺🇸 အလက်စကာပြည်နယ်၊ အန်ကာရေ့ချ်ရှိ အယ်လ်မန်ဒေါ့ဖ် ရစ်ချက်ဆန် (Elmentdorf-Richardson) ပူးတွဲစစ်အခြေစိုက်စခန်းမှ F-22 "Raptor" ဝေဟင်စိုးမိုးရေး တိုက်လေယာဉ် အမြောက်အမြား ပျံတက်သွားခဲ့သည်။ လွန်ခဲ့သည့် ခြောက်နာရီအတွင်း အဆိုပါစခန်းမှ F-22 တိုက်လေယာဉ်များ အစုလိုက်အပြုံလိုက် ဒုတိယအကြိမ်မြောက် ပျံတက်သွားခြင်းလည်း ဖြစ်သည်။ NOM

ထရန့် အခြေအနေထိုးဆင်းသွားပြီ - အမေရိကန်လူမျိုး ၆၀% က "လုံးဝလက်မခံနိုင်ဘူး" ဟု ဆိုကြသည်။ အသစ်ထွက်ပေါ်လာသည့် လူထုသဘောထားစစ်တမ်းတစ်ခုအရ အမေရိကန်လူမျိုး ၆၀% သည် ထရန့်၏ လုပ်ဆောင်ချက်များအပေါ် မကျေနပ်ကြကြောင်း ပြသနေသည်။ ၎င်းမှာ လူထုအနေဖြင့် အမှားအမှန်ကို ကိုယ်တိုင်မြင်တွေ့ကြားသိနေရ၍ ဖြစ်ပုံရသည်။ အခြားသူများကို "အလွန်ဆိုးရွားသောနေ့တစ်နေ့" ဖြစ်စေမည်ဟု ကတိပေးခဲ့သည့် သမ္မတကြီးမှာ ယခုအခါ ပျက်စီးယိုယွင်းနေသော လူထုထောက်ခံမှုနှုန်းထားများနှင့်အတူ ၎င်းကိုယ်တိုင်ပင် ထိုအခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ NOM

အလောင်း/လက်နက်များ ရရှိ (ရေး) ဖေ ၂၃ ရက် မနက်ပိုင်းအချိန်က ရေးမြို့နယ်၊ မော့ကနင်ရွာ၏ အနောက်မြောက်ဘက် မီတာ ၁၇၀၀၀ ခန့်အကွာတွင် န
+3
အလောင်း/လက်နက်များ ရရှိ (ရေး) ဖေ ၂၃ ရက် မနက်ပိုင်းအချိန်က ရေးမြို့နယ်၊ မော့ကနင်ရွာ၏ အနောက်မြောက်ဘက် မီတာ ၁၇၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ ၀ (၁) အကြမ်းဖက် ၂ လောင်း (၂) လက်နက်မျိုးစုံ ၃ လက် - M(4) သေနတ် ၂ လက် - ပစ္စတို ၁ လက် (၃) အကျည်မျိုးစုံ ၄၁ တောင့် (၄) ကျည်အိမ် ၃ ခု (၅) ကျည်ကာဦးထုပ် ၂ လုံး (၆) ကျည်ကာအင်္ကျီ ၂ ထည် တို့အား သိမ်းပိုက်ရရှိခဲ့သည်။ - တိုက်ပွဲသတင်းစုံ NOM

ကယားပြည်နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade-9 နှစ်ဆုံးစာမေးပွဲ အေးချမ်းစ
ကယားပြည်နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade-9 နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာဖြေဆို ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကယားပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade-9 နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။ ထိုသို့ ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန်၊ ကျောင်းအတွင်း တည်ဆောက်ဆဲ စာသင်‌ဆောင်၊ ကျောင်းဆောင်များကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရန်တို့ကို မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် အဆိုပါ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး စာဖတ်ဝိုင်းသို့သွားရောက်၍ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံကာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို အောင်မြင်နိုင်ရေး ပြင်းပြသော ဆန္ဒများနှင့်အတူ ဇွဲသတ္တိအပြည့် ဖြင့်အောင်မြင်အောင် ကြိုးစားကြရန် အားပေးစကားပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် လွိုင်ကော်တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လွိုင်ကော် တက္ကသိုလ်အဆောက်အအုံများ ပြင်ဆင်‌ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေပေးအပ်သည်။ ဆက်လက်၍ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကယားသဇင်ခန်းမတွင် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်လည်းကောင်း၊ ကယားပြည်နယ် ပညာရေးမှူးရုံး ပညာဗိမာန်ခန်းမတွင် အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဆရာ အတတ်ပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်နယ်ပညာရေးမှူး၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ၊ အရာထမ်း အမှုထမ်းများနှင့်လည်းကောင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သင်ကြားသင်ယူရေးနှင့် စီမံရေးဆိုင်ရာပညာရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားပြီး တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆွေးနွေးဖြေကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
ပြင်သစ်မှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုဖို့ ပျက်ကွက်ခဲ့တဲ့ အမေရိကန်သံအမတ် Ch
ပြင်သစ်မှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုဖို့ ပျက်ကွက်ခဲ့တဲ့ အမေရိကန်သံအမတ် Charles Kushner ကို အစိုးရအဖွဲ့ဆီ ဝင်ခွင့် ပိတ်ပင်သင့်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်သူ Jared Kushner ရဲ့ ဖခင် Kushner ကို တနင်္လာနေ့ ညနေပိုင်းမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot နဲ့ တွေ့ဆုံဖို့ ဆင့်ခေါ်ခဲ့ပေမယ့် တက်ရောက်ခဲ့ခြင်း မရှိတာလို့ သိရပါတယ်။ အဲဒီအစား သူဟာ သံရုံးက ဒုတိယသံတမန်တဦးကိုသာ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံခြားရေး၀န်ကြီးဌာနက ဒီအပေါ်မှာ ဒေါသထွက်ခဲ့ပြီး Kushner ကို အစိုးရအဖွဲ့ဆီ ဝင်ရောက်ခွင့် ပိတ်ပင်သင့်တယ်လို့ ပြောဆိုခဲ့တာပါ။ News Of Myanmar NOM

😂😂😂
😂😂😂

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ အိုက်စလန်နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ရန် သဘောတူပြီးဖြစ်သော
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ အိုက်စလန်နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ရန် သဘောတူပြီးဖြစ်သော ဦးကိုကိုလတ်၏ ခန့်အပ်လွှာကိုလက်ခံ၍ အသိအမှတ်ပြုစာချွန်လွှာ ပြန်လည်ပေးအပ် ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိုက်စလန်နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော ဦးကိုကိုလတ်၏ ခန့်အပ်လွှာကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံ၍ ၎င်းအား အသိအမှတ်ပြုစာချွန်လွှာ ပြန်လည်ပေးအပ်သည်။ NOM

မက္ကဆီကိုနိုင်ငံရှိ အင်အားကြီးမူးယစ်ဂိုဏ်းနှစ်ခုအနက် တစ်ခုဖြစ်သော ဟာလစ္စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (CJNG) ခေါင်းဆောင် အယ်လ်
မက္ကဆီကိုနိုင်ငံရှိ အင်အားကြီးမူးယစ်ဂိုဏ်းနှစ်ခုအနက် တစ်ခုဖြစ်သော ဟာလစ္စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (CJNG) ခေါင်းဆောင် အယ်လ်မန်ချို၏ လက်ရုံးဖြစ်သူ "အယ်လ်တူလီ" နှင့် ၎င်း​၏တပည့်အချို့ကို မက္ကဆီကိုလုံခြုံရေးတပ်ဖဲံ့များက အသေပစ်ခတ်ဖမ်းဆီးခဲ့သည့် ဓါတ်ပုံ NOM

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် တွေအတွက် တတိယအကြိမ်ရဲ့ ပထမဆုံး ပုံမှန်အစည်းအဝေးတွေကို မတ် ၁၆၊ ၁၈နဲ့ ၂၀ ရက်တွေ ဆိုပြီး ကျင်းပဖို့ ခေါ်ယူလိုက်ပါပြီ။ ဒါက နိုင်ငံတကာကို မြန်မာနိုင်ငံမှာ တပ်မတော်အုပ်ချုပ်ရေးကုန်ပြီလို့ မက်ဆေချ့်ပေးလိုက်တာပါပဲ။ ----- လွှတ်တော်ခေါ်ယူလိုက်တာနဲ့ ပထမဆုံး လုပ်ရတဲ့ အလုပ်က သမ္မတ ရွေးချယ်မှု ဖြစ်လို့ ဒီလွှတ်တော်ခေါ်ယူမှုက အတော်လေးစိတ်ဝင်စားမှု မြင့်တက်နေမှာပါ။ သမ္မတ အပြင် မကြာသေးခင်က ပြဌာန်းလိုက်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကလည်း စောင့်ကြည့်ချင်စရာဖြစ်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲအပြင် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေလည်း သွေးသစ်လောင်းနိုင်တာဖြစ်လို့ ဒီလွှတ်တော်ခေါ်ယူမှု မတိုင်ခင် မှာတင် ကြီးကြီးမားမား အပြောင်းအလဲတွေ မြင်တွေ့နိုင်ပါသေးတယ်။ ------ သမ္မတ ရွေးချယ်မှုကတဆင့် စုဖွဲ့လာမယ့် အခင်းအကျင်းဟာ စုစည်းမှုအားကောင်းတဲ့ အစိုးရတစ်ရပ်အဖြစ် ပုံဖော်လာကြဦးမှာပါ။ ဘယ်လိုပဲ ဝေဖန်၊ ကန့်ကွက်နေကြ ပါစေ။ အာဏာ ထိန်းအစိုးရကနေ “ရွေးကောက်ခံ/အသွင်ကူးပြောင်းရေး အစိုးရ”အဖြစ် ပုံဖော် သွားပါလိမ့်မယ်။ ဒီတော့…အာဆီယံအနေနဲ့လည်း ရွေးကောက်ပွဲအရ ပေါ်ပေါက် လာတဲ့ လွှတ်တော်နဲ့ အစိုးရသစ်ကို လက်တွေ့ကျတဲ့ နိုင်ငံရေးအရ မဖြစ်မနေ ဆက်ဆံဖို့ လိုလာ တော့မှာပါ။ ဒါက အရှိတရားဖြစ်ပါတယ်။ ------ တစ်ခုရှိတာက ထုံးစံအတိုင်း နိုင်ငံတကာဖိအားလျော့ကျဖို့ဆိုတဲ့ ကိစ္စတွေ ရှိနေလေတော့ ငြိမ်းချမ်းရေးကိစ္စတွေမှာ လူထု ဆန္ဒနဲ့တော့ သိပ်ထပ်တူကျဖို့ဆိုတာ ခန့်မှန်းရခက်နေဦး မှာပါ။ တစ်ဖက်မှာလည်း လွှတ်တော်ပေါ်ပေါက်လာတဲ့ အခန်းကဏ္ဍအရ NCA အားကောင်းဖို့ လည်း ကြိုးစားကြဦးမှာပါ။ ရေတို/ရေရှည်အရ ရက်(၁၀၀)အတွင်းမှာ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေက လူထုကြိုက်တဲ့ အရာတွေ၊ လူထုမျှော်လင့်ချက် တွေနဲ့ ထပ်တူကျခဲ့ရင်တော့…NUG ရဲ့ အခန်းကဏ္ဍကို မေ့ထားလိုက်လို့ ရနိုင်ပါပြီ။ ကုန်ဈေးနှုန်းတွေ ချပေးနိုင်ရင်၊ လုပ်ခလစာတွေ တိုးမြှင့်ပေးနိုင်ရင်၊ လျှပ်စစ်မှန်ဖို့အတွက် အာမခံချက်ပေးနိုင်ရင်၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေ ပြောင်းလိုက်လို့ ကားဈေးနှုန်းတွေ ဆွဲချနိုင်ခဲ့ရင်၊ လူထုအတွက် စီးပွားရေးအခွင့်အလမ်းတွေရှိလာမယ်။ နိုင်ငံရေးအရ တည်ငြိမ်မှုတွေ ရှိလာရင်…ဒေသခံ PDF တွေဆိုတာ…ကိုယ့်လက်နက်ကိုယ်ဖြုတ်သိမ်းပြီး နွေဦးတော်လှန်ရေးကို စွန့်ခွာသွား ဖို့ ရာခိုင်နှုန်းများသွားပါလိမ့်မယ်။ ------ ဒါ့အပြင် NUG မပါ၊ ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းတွေကို “နိုင်ငံရေးအရ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ဥပဒေအရ အရေးယူမှု” လုံးဝ မလုပ်ပါဘူး” ဆိုတဲ့ ကမ်းလှမ်းချက် မျိုးနဲ့သာ အစိုးရသစ်က ကမ်းလှမ်းလာခဲ့ရင်… နွေဦးတော်လှန်ရေးအရှိန်က လုံးဝကျဆင်းသွား ပါလိမ့် မယ်။ ဘယ်လိုပဲဖြစ်ဖြစ် EAO ကိုရော၊ ဒေသခံ PDF တွေကို ရော “နိုင်ငံရေးအရ အပေးအယူ လုပ်နိုင်ခွင့်”ဆိုတဲ့ Legitimacy ဆိုတာ အစိုးရသစ်ကသာ စွမ်းနိုင်တဲ့ နိုင်ဖဲ လည်း ဖြစ်ပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင်….ကျော်မိုးထွန်းခိုးသွားတဲ့ ဒေါ်လာ၂.၆ သန်းကိစ္စ၊ မကြည်ပြာရဲ့ ဒေါ်လာ ၈၀၀၀၀၊ ဇောဝေစိုးရဲ့ ဖုန်းအစုတ်၊ အဝတ်မဝယ်နိုင်တဲ့ အခြေအနေ နဲ့ ဗိုလ်နဂါးကို အင်အားသုံးဖြေရှင်းမှုဆိုတဲ့ ကိစ္စတွေကြား တိုင်ပတ်နေတဲ့ NUG ကို နွေဦးရာဇဝတ်ထဲ မှာ ထားခဲ့ရစ်လို့ ရနိုင်လောက်ပါပြီ။ (နရီမိုး)

ရွှေကုက္ကိုလ်မှ ထွက်ပြေးပြီးထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၀ ဦးကို ထိုင်းတာဝန်ရှိသူများက ဖမ
+1
ရွှေကုက္ကိုလ်မှ ထွက်ပြေးပြီးထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၀ ဦးကို ထိုင်းတာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်း ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိရွှေကုက္ကိုလ်မြို့သစ်မှ ထွက်ပြေးလာပြီး ထိုင်းနိုင်သံအတွင်းသို့ ကို တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၀ ဦးကို ဖေဖော်ဝါရီလာ ၂၃ ရက်နေ့ နံနက်အချိန်၌ ထိုင်းတာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အဆိုပါတရုတ်နိုင်ငံသားများသည် သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း ဝင်ရောက်လာစဥ် မဲဆောက်မြို့နယ်၊ မဲပါဒေသ ဘန်ဝမ်ကွေကျေးရွာအနီးတွင် ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ NOM

🇺🇸🏛အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို သည် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ခေါင်းဆောင်များကို အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရန်အတွက် မနက်ဖြန် မွန်းလွဲ ၃ နာရီတွင် အိမ်ဖြူတော်၌ အထူးအစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ NOM

🇺🇸🔥🇮🇷 "အီရန်နှင့် စစ်ဖြစ်ပွားရန် ဗိုလ်ချုပ်ကြီး Daniel Caine က ကန့်ကွက်နေသည်ဟူသော မီဒီယာများ၏ ဖော်ပြချက်မှာ ၁၀၀ ရာခိုင်
🇺🇸🔥🇮🇷 "အီရန်နှင့် စစ်ဖြစ်ပွားရန် ဗိုလ်ချုပ်ကြီး Daniel Caine က ကန့်ကွက်နေသည်ဟူသော မီဒီယာများ၏ ဖော်ပြချက်မှာ ၁၀၀ ရာခိုင် နှုန်းမှားယွင်းသည် ဟု ဒေါ်နယ်ထရန့်က ၎င်း​၏လူမှုမီဒီယာတွင်ရေးသား" အီရန်နှင့် စစ်ဖြစ်ပွားရန် ဗိုလ်ချုပ်ကြီး ဒန်နီရယ်ကိန်းက ကန့်ကွက်နေသည်ဟူသော မီဒီယာများ၏ ဖော်ပြချက်မှာ "၁၀၀ ရာခိုင်နှုန်း မှားယွင်းသည်" ဟု ဒေါ်နယ်ထရန့်က လူမှုမီဒီယာတွင် ရေးသားလိုက်ပြီး အမိန့်ပေးလာပါက ကိန်း အနေဖြင့် စစ်ရေးအရ အရေးယူမှုကို ထောက်ခံမည်ဖြစ်သလို အလွယ်တကူ အောင်နိုင်မည်ဟုလည်း ယုံကြည်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ အဆုံးအဖြတ်ကို မိမိတစ်ဦးတည်းကသာ ပြုလုပ်မည်ဖြစ်ပြီး အီရန်နှင့် သဘောတူညီချက်ရယူရန်သာ ပိုမိုနှစ်သက်သော်လည်း အကယ်၍ သဘောတူညီချက် မရရှိပါက အီရန်နိုင်ငံအတွက် "အလွန်ဆိုးရွားသောနေ့" ဖြစ်လာလိမ့်မည်ဟု ထရန့်က သတိပေးခဲ့သည်။ အဆိုပါ ရေးသားချက်မှာ အီရန်ကို တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကိန်းက ထရန့်နှင့် အဆင့်မြင့်အရာရှိကြီးများအား သီးသန့်သတိပေးခဲ့သည်ဟူသော အမေရိကန်မီဒီယာ အများအပြား၏ ဖော်ပြချက်များအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ သတင်းများ၏အဆိုအရ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌဖြစ်သူ ကိန်းက အစ္စရေးနှင့် ယူကရိန်းတို့ကို ထောက်ပံ့မှုများကြောင့် အမေရိကန်၏ လက်နက်ခဲယမ်း အရန်အင်အားများ လျော့နည်းနေကြောင်း၊ အီရန်အား ကြီးမားသော စစ်ဆင်ရေးတစ်ခု ဆင်နွှဲခြင်းမှာ ရှုပ်ထွေးပြီး အမေရိကန်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိလာနိုင်ကြောင်းနှင့် မဟာမိတ်များ၏ အကန့်အသတ်ရှိသော ထောက်ခံမှုက ပိုမိုစိုးရိမ်စရာဖြစ်စေကြောင်း သတိပေးခဲ့သည်ဟု ဆိုသည်။ ကိန်း ၏ ရုံးအဖွဲ့ကမူ ၎င်းသည် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ တာဝန်အရ သမ္မတအား စစ်ရေးဆိုင်ရာ ရွေးချယ်စရာများနှင့် ဆက်နွှယ်နေသည့် အန္တရာယ်များကို လျှို့ဝှက်စွာ တင်ပြပေးရသူဖြစ်ကြောင်း ပြောကြားခဲ့သည်။ NOM

🇲🇽🔥🏴‍☠️"မက္ကစီကိုနိုင်ငံ၏ အင်အားကြီး မူးယစ်ဂိုဏ်း CJNG တွင် ခေါင်းဆောင်သစ် တက်လာခြင်း" မျှော်လင့်ထားကြသည့်အတိုင်းပင် အယ်လ
🇲🇽🔥🏴‍☠️"မက္ကစီကိုနိုင်ငံ၏ အင်အားကြီး မူးယစ်ဂိုဏ်း CJNG တွင် ခေါင်းဆောင်သစ် တက်လာခြင်း" မျှော်လင့်ထားကြသည့်အတိုင်းပင် အယ်လ်မန်ချို နှင့် သူ၏လက်ရုံး အယ်လ်တူလီ တို့ သေဆုံးသွားပြီးနောက် ဟာလစ္စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (Jalisco New Generation Cartel) (CJNG) ၏ ခေါင်းဆောင်မှုကဏ္ဍကို အသတ်ခံလိုက်ရသည့် ဂိုဏ်းချုပ်၏ မွေးစားသား ဟွမ် ကားလို့စ် ဂွန်ဇာလက်စ် ဗလန်းစီးယား (ခေါ်) "El 03" က ဆက်ခံလိုက်ပြီဖြစ်သည်။ El 03 သည် အဆိုပါ မူးယစ်ဂိုဏ်းအတွင်း အကြမ်းဖက်နှိမ်နင်းရေးနှင့် တိုက်ခိုက်ရေးကဏ္ဍကို အဓိကတာဝန်ယူထားသူဖြစ်သည်။ ၎င်းသည် ဗလန်းစီးယား မိသားစု၏ ငွေကြေးကွန်ရက်နှင့် သွေးသားတော်စပ်မှုရှိခြင်းကြောင့် ဂိုဏ်းအတွင်းပိုင်း စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေပြီး အာဏာကို အပြည့်အဝချုပ်ကိုင်နိုင်မည့် အလားအလာရှိနေသည်။ ၎င်းသည် လွန်ခဲ့သော လအနည်းငယ်ကမှ ထောင်မှလွတ်မြောက်လာသည့် မိခင်ဖြစ်သူ ရိုဆာလင်ဒါ ဂွန်ဇာလက်စ် ဗလန်းစီးယားနှင့်အတူ ဂိုဏ်း၏ အဓိကငွေကြေးခဝါချမှုလုပ်ငန်းစု လော့စ်ကွီနစ်စ် နှင့် ဆက်နွှယ်နေသော ဆွေမျိုးများဖြင့် ပူးတွဲအုပ်ချုပ်သွားမည်ဟု ခန့်မှန်းရသည်။ လက်ရှိတွင် ဝါရှင်တန်အစိုးရက သူ့ကိုဖမ်းဆီးရန် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅ သန်း ထုတ်ပြန်ထားသော်လည်း ယခုအခြေအနေများကြောင့် ဆုကြေးငွေမှာ ပိုမိုတိုးမြင့်လာဖွယ်ရှိသည်။ ယခုအခါ ပိုမိုရည်မှန်းချက်ကြီးသည့် မျိုးဆက်သစ်လူငယ်များက CJNG ဂိုဏ်းကို စတင်ဦးဆောင်နေပြီဖြစ်သည်။ El 03 ၏ နောက်ခံအင်အားနှင့် မိသားစုပံ့ပိုးမှုတို့ကြောင့် မက္ကစီကို၏ မူးယစ်ဆေးဝါး ကုန်သွယ်မှုလောကနှင့် အစိုးရတပ်ဖွဲ့များအကြား ထိပ်တိုက်ရင်ဆိုင်မှုများမှာ ယခင်ကထက် ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိနေပါသည်။ NOM