ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 497 名订阅者,在 新闻与媒体 类别中位列第 16 044,并在 缅甸 地区排名第 10 054

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 497 名订阅者。

根据 23 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -266,过去 24 小时变化为 -1,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 10.24%。内容发布后 24 小时内通常能获得 5.31% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 279 次浏览,首日通常累积 664 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 24 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 497
订阅者
-124 小时
-597
-26630
帖子存档
ယူအေအီး (UAE) ကမ်းလွန်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ ကူဝိတ်နိုင်ငံပိုင် အယ်လ် ဆလ်မီ "Al Salmi" သင်္ဘောကြီး။ NOM
+1
ယူအေအီး (UAE) ကမ်းလွန်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ ကူဝိတ်နိုင်ငံပိုင် အယ်လ် ဆလ်မီ "Al Salmi" သင်္ဘောကြီး။ NOM

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ကင်ဆာရောဂါကုဆေး၊ မေ့ဆေးနဲ့ အထူးရောဂါကုဆေးတွေ ထုတ်လုပ်ပေးနေတဲ့ အီရန်ရဲ့ အဓိက ဆ
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ကင်ဆာရောဂါကုဆေး၊ မေ့ဆေးနဲ့ အထူးရောဂါကုဆေးတွေ ထုတ်လုပ်ပေးနေတဲ့ အီရန်ရဲ့ အဓိက ဆေးဝါးကုမ္ပဏီကြီးတစ်ခု ပျက်စီးသွားပြီး ဆေးထုတ်လုပ်မှုပိုင်းမှာ အတော်လေး ထိခိုက်သွားပါတယ်။ အီရန်ဟာ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အရေးကြီးတဲ့ ဆေးဝါးတွေကို ကိုယ်တိုင်ထုတ်လုပ်နေရတာပါ။ NOM

Repost from NOM.World News
အင်ဒိုနီးရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်သွားမယ့် ရုရှားရေတပ်သင်္ဘောတွေဟာ ဂျာကာတာမှာ ဆိုက်ကပ်ခဲ့ပြီလို့ သိရပါတယ်။
အင်ဒိုနီးရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်သွားမယ့် ရုရှားရေတပ်သင်္ဘောတွေဟာ ဂျာကာတာမှာ ဆိုက်ကပ်ခဲ့ပြီလို့ သိရပါတယ်။ ရေငုပ်သင်္ဘောတစင်းအပါအဝင် ရုရှားရေတပ်ရဲ့ ယူနစ်တခုက ဒီနေ့မှာ ဆိုက်ကပ်ခဲ့ပြီး ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေကို ပူးတွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ News Of Myanmar NOM

အမေရိကန်နှင့်အစ္စရေးတို့စစ်ရာဇဝတ်မှူကျူးလွန် NOM ကင်ဆာ၊ မေ့ဆေးနှင့် အထူးရောဂါဆေးဝါးများတွင် အထူးပြုသည့် အဓိက အီရန်ဆေးဝါးစက်ရု
အမေရိကန်နှင့်အစ္စရေးတို့စစ်ရာဇဝတ်မှူကျူးလွန် NOM ကင်ဆာ၊ မေ့ဆေးနှင့် အထူးရောဂါဆေးဝါးများတွင် အထူးပြုသည့် အဓိက အီရန်ဆေးဝါးစက်ရုံကြီးတစ်ခုကို အမေရိကန်-အစ္စရေး တို့ကစစ်ရာဇဝတ်မှုကျူးလွန်ပြီးတိုက်ခိုက်ခဲ့သည်။

ပိုလန်၏ပက်ထရီယော့ဒုံးခွင်းဒုံးစနစ်နှစ်ခုအနက်တစ်ခုကိုအမေရိကန်ကမေတ္တာရပ်ခံတောင်းခံခြင်းအပေါ်ပိုလန်ကမပေးနိုင်ဟုဆိုကါပယ်ချလိုက်သည
ပိုလန်၏ပက်ထရီယော့ဒုံးခွင်းဒုံးစနစ်နှစ်ခုအနက်တစ်ခုကိုအမေရိကန်ကမေတ္တာရပ်ခံတောင်းခံခြင်းအပေါ်ပိုလန်ကမပေးနိုင်ဟုဆိုကါပယ်ချလိုက်သည်။

အီရန်- အမေရိကန်နှင့် အစ္စရေးစစ်ပွဲကြောင့် လက်ရှိတွင် အစ္စရေးနိုင်ငံသား ၅,၅၀၀ ကျော် အိမ်ခြေမဲ့ဖြစ်သွား အစ္စရေးစစ်တပ်ရေဒီယိုရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးတွေအတွက် အရေးကြီးတဲ့ ပါတ်စိုဗာ (Passover) ဘာသာရေးပွဲတော်အကြိုကာလမှာ စစ်ပွဲကြောင့် အိမ်ခြေမဲ့ဖြစ်သွားရတဲ့ အစ္စရေးနိုင်ငံသား ၅,၅၀၀ ကျော် ရှိနေပါတယ်။ အခုလို အရေးကြီးတဲ့ ဘာသာရေးပွဲတော်ကာလမှာ အိုးမဲ့အိမ်မဲ့ဖြစ်ရတာဟာ အစ္စရေးတွေအတွက် လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာအရ တော်တော်လေး ရိုက်ခတ်မှုရှိနေပါတယ်။ NOM

+1
အီရန်က မနေ့ညက အစ္စဖာဟန် (Isfahan) မြို့မှာ MQ-9 ဒရုန်းနှစ်စင်းကို ပစ်ချလိုက်ပါတယ်။ အဲဒီဒရုန်း တစ်စင်းချင်းစီရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ရှိပါတယ်။ NOM

တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေရန် ငွေကြေးအကျိုးအမြတ်ရယူသူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅နှစ်ချမှတ် NOM၊မတ်၃၁၊၂၀၂၆ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင် တရားရုံးမှအမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်း သင်းစေကာ ရရှိသော ငွေကြေးအကျိုးအမြတ်ရယူ ခဲ့သည့်မအိမူမူအောင် (ခ) မသဲသဲကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီးကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မကျီးပင်စောက်ကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး အလုပ်လုပ်ကိုင်ရန် လေယာဉ်ဖြင့် ကျိုင်းတုံမြို့သို့ ရောက်ရှိနေစဉ် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ယန်းခမ်းကားကြီးဝင်းနေ မအိမူမူအောင် (ခ) မသဲသဲက မိုင်းပေါက်မြို့ရှိ ပွဲစားဒေါ်အိနှင့် ချိတ်ဆက်ပေးမည်၊ တရုတ်အငှားမယားလုပ်မည်ဆိုပါက မိုင်းပေါက်မြို့သို့ သွားရောက်ရမည်၊ တင်တောင်းငွေ ယွမ် ၁၅၀၀၀ ရရှိမည်ဖြစ် ကြောင်း ပြောဆိုစည်းရုံးခဲ့သဖြင့် သဘောတူပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် မအိမူမူအောင် (ခ) မသဲသဲက ကျိုင်းတုံမှ မိုင်းပေါက်မြို့သို့ ပို့ဆောင်ခဲ့ရာ ပွဲစား ဒေါ်အိထံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ထိုနောက် ဒေါ်အိက တရုတ်ပွဲစားများထံ ၎င်း၏ ဓာတ်ပုံများ ပို့ပေးခဲ့ရာမှ လာရောက်ကြည့်ရှုကြပြီး တရုတ်ပွဲစားများက ဒေါ်အိကို တရုတ်ငွေများပေးနေသည်ကို တွေ့ရှိရ ကြောင်း၊ မည်မျှပေးသည်ကို မသိရှိကြောင်း၊ တရုတ်ပြည်ရှိ တရုတ်အမျိုးသားနှင့် လက်ထပ်ပြီးပါက တင်တောင်းငွေ တရုတ်ယွမ် ၁၅၀၀၀ ရရှိမည်ဟု ဒေါ်အိ နှင့်မအိမူမူအောင် (ခ) မသဲသဲတို့က ပြောဆိုခဲ့ပြီး တရုတ်ပွဲစားများနှင့်အတူ တောလမ်းများမှ သွားရောက်ခဲ့ရာ တရုတ်ပြည်ရှိ အမည်မသိရွာတစ်ရွာသို့ ရောက်ရှိခဲ့ကြောင်းထိုရွာရှိ တရုတ်နိုင်ငံသား “ဝ”အမျိုးသား အဲကားဆိုသူနှင့် လက်ထပ်ခဲ့ရကြောင်း၊ တင်တောင်းငွေမရသဖြင့် သားမယားအဖြစ် နေထိုင်ရန်ပြောဆိုမှုကို ငြင်းဆန် ခဲ့ရာ ပွဲစားများထံမှ ဝယ်ယူပြီးဖြစ်၍ ကလေးမွေးပြီးမှသာ ပြန်ခိုင်းမည်ဖြစ်ကြောင်း ပြောဆို၍ သားမယားအဖြစ် နေထိုင်ခဲ့ကြောင်း၊ သားမယားအဖြစ်နေထိုင်ရန် ငြင်းဆန် သည့်နေ့များတွင် အခန်းတွင်း တံခါးပိတ်ပြီး ခြေဖြင့်ကန်ခြင်း၊ ကြိုးဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အဲကားတောင်ယာသို့သွားစဉ် နေအိမ်မှ ထွက်ပြေးပြီး လျန်စန်းရဲစခန်းသို့ ရောက်ရှိကာ တရားမဝင် ဝင်ရောက်မှုအတွက် ထောင်ဒဏ် နှစ်လနှင့် နှစ်ရက် ချမှတ်ခံခဲ့ရပြီး မြန်မာနိုင်ငံနယ်စပ်သို့ ပြန်လည်လွှဲပြောင်းပေးရာတွင်် အမှုဖွင့်ခဲ့ကြောင်းသိရသည်။ အမှုစိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ကျိုင်းတုံ) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ကျိုင်းတုံမြို့မရဲစခန်း(ပ) ၁၆၇/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်တရား စွဲတင်ခဲ့ပြီး မတ် ၂၆ ရက်တွင် ကျိုင်းတုံခရိုင် တရားရုံးမှ မအိမူမူအောင် (ခ) မသဲသဲကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဒေါ်အိကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ကျင့် ၅၁၂ အရ ကျင့် ၈၇/၈၈ ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဦးညိုစောအား နိုင်ငံတော် ဒုတိယသမ္မတ အဖြစ် ရွှေးချယ်။ NOM
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဦးညိုစောအား နိုင်ငံတော် ဒုတိယသမ္မတ အဖြစ် ရွှေးချယ်။ NOM

🚨 အစ္စရေးမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဟိုင်ဖာမြို့မှာရှိတဲ့ ရမ်ဘမ် (Rambam) ဆေးရုံတစ်ခုတည်းတင် အခုချိန်ထိ ဒဏ်ရာရထားတဲ့ အစ္စရေးစစ်သား ၅၀ ကျော် ရောက်ရှိလာတယ်လို့ သိရပါတယ်။ ၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းမှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ/အီရန်တို့ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။ ဟိုင်ဖာ (Haifa) မြို့မှာရှိတဲ့ ရမ်ဘမ်ဆေးရုံဟာ အစ္စရေးမြောက်ပိုင်းက ဒဏ်ရာရစစ်သားတွေကို အဓိက ကုသပေးနေတဲ့ နေရာဖြစ်ပါတယ်။ မတ်လ ၃၁ ရက် (ယနေ့) သတင်းများအရ လစ်ဗျားတောင်ပိုင်း တိုက်ပွဲများတွင် အစ္စရေးစစ်သားအချို့ ထပ်မံသေဆုံးမှုများ ရှိနေကြောင်း သိရပါတယ်။ NOM

ဥရောပတွင်လေယာဉ်ဆီစျေးသုံးဆတက် NOM အီရန်စစ်ပွဲနှင့်ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကြောင့်ဥရောပရှိဂျက်လေယာဉ်ဆီသည်ယမန်နှစ်စျေးထက်သု
ဥရောပတွင်လေယာဉ်ဆီစျေးသုံးဆတက် NOM အီရန်စစ်ပွဲနှင့်ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကြောင့်ဥရောပရှိဂျက်လေယာဉ်ဆီသည်ယမန်နှစ်စျေးထက်သုံးဆတက်လာသည်။

အမျိုးသားလွှတ်‌တော်မှ ရွေးချယ်သည့် ဒုတိယသမ္မတ မှာဘားအံ ပြည်နယ်ကြံ့ခိုင်ရေးဥက္ကဌဒေါ်နန်းနီနီအေးဖြစ် NOM အမျိုးသားလွှတ်တော်အစည်
အမျိုးသားလွှတ်‌တော်မှ ရွေးချယ်သည့် ဒုတိယသမ္မတ မှာဘားအံ ပြည်နယ်ကြံ့ခိုင်ရေးဥက္ကဌဒေါ်နန်းနီနီအေးဖြစ် NOM အမျိုးသားလွှတ်တော်အစည်း အဝေး တွင် သမ္မတလောင်း အမည်စာရင်းတင်သွင်းထားသည့် (၂) ဦးအားယနေ့ နံနက်ပိုင်းက မဲပေးရွေးချယ်ကြရာ ကရင်ပြည် နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌလည်းဖြစ် ဘားအံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် နန်းနီနီအေးသည် အမျိုးသားလွှတ် တော်က ရွေးချယ်ရာတွင်၁၁၇မဲဖြင့် ဒုတိယသမ္မတ ဖြစ်လာသည်။

အမျိုးသားလွှတ်တော်တွင် ဒေါ်နန်းနီနီအေးအား  ဒုသမ္မတအဖြစ် ရွေးကောက်တင်မြှောက်။ NOM

ပြည်သူ့လွှတ်တော်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုသမ္မတ အဖြစ် မဲအဆုံးအဖြတ်ဖြင့်ရွေးချယ်။ ဆန္ဒမဲ ၂၆၀ တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ဆန္ဒမဲ ၂၄၇ မဲ၊ ဒေါက်တာကျော်ဆွေ မှ ဆန္ဒမဲ ၁၀ မဲ၊ ပယ်မဲ ၃ မဲဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်သူ့လွှတ်တော်မှ တင်သွင်းသည့် ဒုသမ္မတ ဖြစ်လာသည်။ NOM

တောင်ငူမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် မတ် ၃၀၊၂၀၂၆ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့
တောင်ငူမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် မတ် ၃၀၊၂၀၂၆ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ဗဟိုမဏ္ဍပ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှူများ၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ DJ နှင့် နာမည်ကြီးအဆိုတော်များဖြင့် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ တောင်ငူမြို့၌ မန္တလေးမြေငလျင်ကြီးကြောင့် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အေးသင်္ကြန်အဖြစ် ဆင်နွှဲခဲ့ပြီး ယခုနှစ်တွင် ယိမ်းအဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရေး သင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြရန် ရပ်ကွက်ကျေးရွာအုပ်စုများ၌ ကြိုတင် လေ့ကျင့်လျက်ရှိသည်။ အကယိမ်းဖွဲ့များကို သင်္ကြန်ဝတ်စုံများ စီစဉ်ဆောင်ရွက်ပေးထားပြီး ဖျော်ဖြေရေးအစီအစဉ်များတွင် DJ နှင့် ဒေသခံအဆိုတော်များအပြင် နိုင်ငံကျော်အဆိုတော်များ ဖျော်ဖြေကြမည်ဖြစ်သည်။ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ရေရရှိရေး၊ ရေလာရောက်ကစားမည့်သူများ အဆင်ပြေချောမွေ့စေရေးနှင့် အလှူရှင်များက စတုဒိသာအလှူများဖြင့် ကျွေးမွေးနိုင်ရေး ကြိုတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း တောင်ငူမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်ထံမှ သိရသည်။ NOM

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြိ
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ။

နယူးယောက်ပို့စ် (NYP) သတင်းအရ အသက် ၂၅ နှစ်အရွယ် သမ္မတဟောင်းဘိုင်ဒန်ရဲ့ ဝန်ထမ်းဟောင်း နေရှင်ဝုဒ် (Nation Wood) ဟာ ရေချိုးခန်းထ
နယူးယောက်ပို့စ် (NYP) သတင်းအရ အသက် ၂၅ နှစ်အရွယ် သမ္မတဟောင်းဘိုင်ဒန်ရဲ့ ဝန်ထမ်းဟောင်း နေရှင်ဝုဒ် (Nation Wood) ဟာ ရေချိုးခန်းထဲမှာ သူ့ရဲ့ချစ်သူကို မတော်တဆ သေနတ်ပစ်မိခဲ့လို့ "လူသေမှု" နဲ့ တရားစွဲဆိုခံထားရပါတယ်။ NOM

အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ပေးပို့လှူဒါန်းသည့် ငလျင်အပြီး အဆောက်အအုံများစစ်ဆေးရန် အသုံးပြုမ
အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ပေးပို့လှူဒါန်းသည့် ငလျင်အပြီး အဆောက်အအုံများစစ်ဆေးရန် အသုံးပြုမည့်ကိရိယာများ လွှဲပြောင်းပေးအပ် မတ် ၃၀၊ ၂၀၂၆ အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ပေးပို့လှူဒါန်းသည့် ငလျင်အပြီး အဆောက်အအုံများ စစ်ဆေးရန် အသုံးပြုမည့် ကိရိယာများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ လှိုင်မြို့နယ် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရှိ Function Hall၌ ကျင်းပသည်။ ဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Abhay Thakurက အမှာစကား ပြောကြားသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဆန်းကြူက လှူဒါန်းသည့် အဆောက်အအုံစစ်ဆေးခြင်းအတွက် စက်ပစ္စည်းအသုံးပြုမှုနည်းပညာဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပစ္စည်းကိရိယာများနှင့် စာရွက်စာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ကာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရှိ မြန်မာနိုင်ငံငလျင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်ဆန်းက နိဂုံးချုပ်အမှာစကားပြောကြားသည်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဌေးက “ဒီနေ့လှူဒါန်းတဲ့ပစ္စည်းတွေကို အိန္ဒိယကနေ ရန်ကုန်ဆိပ်ကမ်းရောက်အောင် သံရုံးအစီအစဉ်နဲ့ ဆောင်ရွက်ပေးခဲ့တာပါ။ မတ် ၂၄ ရက်မှာ ကျွန်တော်တို့ အင်ဂျင်နီယာအသင်းချုပ်ရုံးကို ရောက်ပါတယ်။ လှူဒါန်းတဲ့ပစ္စည်းက ၁၁ မျိုးပါဝင်ပြီး တန်ဖိုးက အိန္ဒိယရူပီး သန်းပေါင်း ၂၀ ကျော်ဖြစ်ပြီး မြန်မာငွေတန်ဖိုးအနေနဲ့ ကျပ်သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိပါတယ်။ အခုလိုလှူဒါန်းပေးတဲ့အတွက် အိန္ဒိယသမ္မတ နိုင်ငံနဲ့ အိန္ဒိယပြည်သူပြည်သားတွေ၊ သံအမတ်ကြီးနဲ့တကွ သံရုံးက တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အဓိပ္ပာယ်ရှိတဲ့ ပံ့ပိုးကူညီမှုဟာ စေတနာကောင်းကိုသာမက မြန်မာနိုင်ငံနဲ့ အိန္ဒိယနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ မိတ်ဖက်ဆက်ဆံရေးကိုလည်း ထင်ဟပ်စေပါတယ်” ဟု ပြောသည်။ ယနေ့ လှူဒါန်းသည့် စက်ယန္တရားနှင့် ပစ္စည်းကိရိယာများတွင် မြေကြီးထိုးဖောက်စစ်ဆေး ရေး ရေဒါစက် (Ground Penetr-ation Radar)၊ Lidar စကန်နာပါသော တက်ပလက် (Tablet / iPad with Lidar Scanner)၊ လေဗယ်တိုင်းတာရေး လေဆာစက် (Levelling Laser)၊ ဒစ်ဂျစ်တယ်ရေညှိတန်းတိုင်းကိရိယာ (၁ မီတာ) ( Digital Spirit Level 1M Length)၊ အတိုင်းအတာတိုင်း ကိရိယာ (Vernier Clipper)၊ အကွာအဝေးတိုင်းတာရေး လေဆာစက် အများဆုံးအကွာအဝေး(Distance Laser Max)၊ ကွန်ကရစ်ခိုင်ခံ့မှုစမ်းသပ်ဟမ်မာ (Rebound Hammer)၊ တိုင်းတာရေးစက် (Total Station)၊ ကွန်ပျူတာ (Computer)နှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ပြီး ဘေးအန္တရာယ်မတိုင်မီနှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အဆောက်အအုံအကဲဖြတ်ခြင်းများအတွက် အသုံးပြုနိုင်သည့် စက်ယန္တရားနှင့် ပစ္စည်းကိရိယာများဖြစ်ကြောင်း သိရသည်။ NOM

တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေကာ ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ် ရယူဆောင်ရွက်ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ် မတ် ၃၀၊ ၂၀၂၆ အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေကာ ရရှိသော ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူ ဆောင်ရွက်ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မကျီးပင်စောက်ကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး အလုပ်လုပ်ကိုင်ရန် လေယာဉ်ဖြင့် ကျိုင်းတုံမြို့သို့ ရောက်ရှိနေစဉ် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ယန်းခမ်းကားကြီးဝင်းနေ မအိမူမူအောင် (ခ) မသဲသဲက မိုင်းပေါက်မြို့ရှိ ပွဲစားဒေါ်အိနှင့် ချိတ်ဆက်ပေးမည်၊ တရုတ်အငှားမယားလုပ်မည်ဆိုပါက မိုင်းပေါက်မြို့သို့ သွားရောက်ရမည်၊ တင်တောင်းငွေ ယွမ် ၁၅၀၀၀ ရရှိမည်ဖြစ် ကြောင်း ပြောဆိုစည်းရုံးခဲ့သဖြင့် သဘောတူပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် မအိမူမူအောင် (ခ) မသဲသဲက ကျိုင်းတုံမှ မိုင်းပေါက်မြို့သို့ ပို့ဆောင်ခဲ့ရာ ပွဲစား ဒေါ်အိထံသို့ ရောက်ရှိ ခဲ့ကြောင်း။ ဒေါ်အိက တရုတ်ပွဲစားများထံ ၎င်း၏ ဓာတ်ပုံများ ပို့ပေးခဲ့ရာမှ လာရောက်ကြည့်ရှုကြပြီး တရုတ်ပွဲစားများက ဒေါ်အိကို တရုတ်ငွေများပေးနေသည်ကို တွေ့ရှိရ ကြောင်း၊ မည်မျှပေးသည်ကို မသိရှိကြောင်း၊ တရုတ်ပြည်ရှိ တရုတ်အမျိုးသားနှင့် လက်ထပ်ပြီးပါက တင်တောင်းငွေ တရုတ်ယွမ် ၁၅၀၀၀ ရရှိမည်ဟု ဒေါ်အိ နှင့် မအိမူမူအောင် (ခ) မသဲသဲတို့က ပြောဆိုခဲ့ကြကြောင်း။ ယင်းနောက် တရုတ်ပွဲစားများနှင့်အတူ တောလမ်းများမှ သွားရောက်ခဲ့ရာ တရုတ်ပြည်ရှိ အမည်မသိရွာတစ်ရွာသို့ ရောက်ရှိခဲ့ပြီး ထိုရွာရှိ တရုတ်နိုင်ငံသား “ဝ”အမျိုးသား အဲကားဆိုသူနှင့် လက်ထပ်ခဲ့ရကြောင်း၊ တင်တောင်းငွေမရသဖြင့် သားမယားအဖြစ် နေထိုင်ရန်ပြောဆိုမှုကို ငြင်းဆန်ခဲ့ရာ ပွဲစားများထံမှ ဝယ်ယူပြီးဖြစ်၍ ကလေးမွေးပြီးမှသာ ပြန်ခိုင်းမည်ဖြစ်ကြောင်း ပြောဆို၍ သားမယားအဖြစ် နေထိုင်ခဲ့ကြောင်း၊ သားမယားအဖြစ်နေထိုင်ရန် ငြင်းဆန်သည့်နေ့များတွင် အခန်းတွင်း တံခါးပိတ်ပြီး ခြေဖြင့်ကန်ခြင်း၊ ကြိုးဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အဲကားတောင်ယာသို့သွားစဉ် နေအိမ်မှ ထွက်ပြေးပြီး လျန်စန်းရဲစခန်းသို့ ရောက်ရှိကာ တရားမဝင် ဝင်ရောက်မှုအတွက် ထောင်ဒဏ် နှစ်လနှင့် နှစ်ရက် ချမှတ်ခံခဲ့ရပြီး မြန်မာနိုင်ငံနယ်စပ်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၈) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ကျိုင်းတုံ) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ကျိုင်းတုံမြို့မရဲစခန်း(ပ) ၁၆၇/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်တရား စွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်တွင် ကျိုင်းတုံခရိုင် တရားရုံးမှ မအိမူမူအောင် (ခ) မသဲသဲကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဒေါ်အိကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ကျင့် ၅၁၂ အရ ကျင့် ၈၇/၈၈ ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။ NOM

အီရန်အား တိုက်ခိုက်မှုမတိုင်မီ စစ်ရေးဆိုင်ရာ ရန်ပုံငွေများ ဝယ်ယူရန် စစ်ဝန်ကြီး ဟက်ဂ်ဆက်သ်၏ ပွဲစားက ကြိုးပမ်းခဲ့ကြောင်း FT သတင
အီရန်အား တိုက်ခိုက်မှုမတိုင်မီ စစ်ရေးဆိုင်ရာ ရန်ပုံငွေများ ဝယ်ယူရန် စစ်ဝန်ကြီး ဟက်ဂ်ဆက်သ်၏ ပွဲစားက ကြိုးပမ်းခဲ့ကြောင်း FT သတင်းဌာနဖော်ပြ အီရန်အား တိုက်ခိုက်မှု မဖြစ်ပွားခင်လေးမှာပဲ အမေရိကန် စစ်ဝန်ကြီး (Secretary of War) ဟက်ဂ်ဆက်သ် (Hegseth) ရဲ့ ပွဲစားဟာ ကာကွယ်ရေးဆိုင်ရာ ရန်ပုံငွေတွေကို ဝယ်ယူဖို့ ကြိုးစားခဲ့တယ်လို့ ဖိုင်နန်ရှယ်တိုင်းမ် (Financial Times - FT) သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံဖို့အတွက် ဘလက်ရော့ခ် (BlackRock) ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကို ချဉ်းကပ်ခဲ့ပေမဲ့ အကောင်အထည်ဖော်ခြင်းတော့ မရှိခဲ့ပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး ပန်တဂွန် (Pentagon) စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ် (Sean Parnell) ကတော့ ဒီသတင်းဟာ "မှားယွင်းနေတယ်" လို့ ငြင်းဆိုလိုက်ပြီး သတင်းကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။ NOM