ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 546 名订阅者,在 新闻与媒体 类别中位列第 16 068,并在 缅甸 地区排名第 10 064

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 546 名订阅者。

根据 17 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -265,过去 24 小时变化为 -4,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.37%。内容发布后 24 小时内通常能获得 10.05% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 925 次浏览,首日通常累积 1 262 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 16

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 18 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 546
订阅者
-424 小时
-517
-26530
帖子存档
ကာတာနိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို အပြီးသတ် ဆွေးနွေးဖို့အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ခ်ချီ (Abbas Araqchi) နဲ့ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကီယာ ကာလီဘတ်ဖ် (Mohammad Baqer Qalibaf) တို့ဟာ ဒိုဟာမြို့ကို ရောက်ရှိလာကြပါတယ်။ အဓိက ဆွေးနွေးမယ့် အကြောင်းအရာတွေထဲက တစ်ခုကတော့ ကာတာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်ထဲမှာ ပိတ်ဆို့ထိန်းချုပ်ခံထားရတဲ့ အီရန်နိုင်ငံရဲ့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကိစ္စ ဖြစ်ပါတယ်။ NOM

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo) တွင် အီဘိုလာသံသယလူနာ ၉၀၀ ကျော်ရှိပြီး ၁၀၁ ဦးတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း WHO
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo) တွင် အီဘိုလာသံသယလူနာ ၉၀၀ ကျော်ရှိပြီး ၁၀၁ ဦးတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း WHO ထုတ်ပြန် လူဦးရေ ၅ သန်းနီးပါးရှိပြီး လေးပုံတစ်ပုံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည့် အီတူရီ (Ituri) ပြည်နယ်တွင် စတင်ခဲ့သော အဆိုပါရောဂါကူးစက်ပြန့်ပွားမှုသည် ယခုအခါ ပြည်နယ်သုံးခုအထိ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ရောဂါပိုးရှိသူများနှင့် ထိတွေ့မိခဲ့သူများကို လိုက်လံရှာဖွေဖော်ထုတ်ရန် ပျက်ကွက်နေကြောင်း သိရသည်။

မိုးကြိုးစက်ကွင်းမိ၍ သေဆုံးသွားသည့်နွား ပိုင်ရှင်များအား KBZ Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့မှ ကူညီထေ
မိုးကြိုးစက်ကွင်းမိ၍ သေဆုံးသွားသည့်နွား ပိုင်ရှင်များအား KBZ Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့မှ ကူညီထောက်ပံ့ ပေးမည် NOM၊မေ၂၅၊၂၀၂၆ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လွယ်ပွတ်အုပ်စု ကောင်ဝါးတောင် ကျေးရွာတွင် မိုးကြိုးစက်ကွင်းမိ၍ နွားများသေဆုံးခဲ့ သည့်အတွက် နွာပိုင်ရှင်များအား KBZ Foundation နှင့်ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် မှထောက်ပံ့မှုများပြုလုပ်ပေးသွားမည်ဟုအဆိုပါကွန်ယက်မှတာဝန်ရှိသူ တစ်ဦးကပြောသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လွယ်ပွတ်အုပ်စု ကောင်ဝါးတောင် ကျေးရွာတွင်မေ၂၁ရက်နေ့က မိုးကြိုးစက်ကွင်းမိ၍ နွားအ ကောင်း၅၀ သေဆုံးခဲ့မှုအား ဆုံးရှုံးခဲ့ကြရသည့် ကျေးရွာပြည်သူတို့ကို ကူညီထောက်ပံ့မှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေး နိုင်ရန်အတွက် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် အဖွဲ့ဝင်များသည် ကောင်ဝါးတောင်ရွာသို့ ရောက်ရှိပြီး ကျေးရွာဥက္ကဋ္ဌနှင့်ကျေးရွာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာအိမ်ထောင်စု ( ၁၇ )စုမှပိုင်ဆိုင်သော နွားထီး ၁၄ ကောင် ၊နွားမ ၃၆ကောင် စုစုပေါင်း နွားကောင်ရေ အကြီးအငယ်(၅၀) ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

ရုရှားဓာတ်ငွေ့တင်သင်္ဘောကိုယ်ထည်တွင် မိုင်းထောင်ထားသည်ကို အချိန်မီတွေ့ရှိခဲ့ ဘယ်လ်ဂျီယံနိုင်ငံ အန့်တွပ် (Antwerp) ဆိပ်ကမ်းမှ
+1
ရုရှားဓာတ်ငွေ့တင်သင်္ဘောကိုယ်ထည်တွင် မိုင်းထောင်ထားသည်ကို အချိန်မီတွေ့ရှိခဲ့ ဘယ်လ်ဂျီယံနိုင်ငံ အန့်တွပ် (Antwerp) ဆိပ်ကမ်းမှ ပြန်လာသည့် ရုရှားဓာတ်ငွေ့တင်သင်္ဘောကိုယ်ထည်တွင် မိုင်းထောင်ထားသည်ကို တွေ့ရှိခဲ့ပြီး အဆိုပါ အကြမ်းဖက်တိုက်ခိုက်မည့် လုပ်ရပ်ကို ရုရှားနိုင်ငံ​၏ ပြည်တွင်းလုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့ (FSB) က ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့သည်။ အဆိုပါ သံလိုက်မိုင်း (Magnetic mines) များမှာ နေတိုး (NATO) အဖွဲ့ဝင် နိုင်ငံတစ်ခုခုမှ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ အဆိုပါသင်္ဘောသည် ဘယ်လ်ဂျီယံ ဆိပ်ကမ်းတွင် တစ်ရက်ထိန်းသိမ်းခံခဲ့ရသည်။ NOM

ရေစကြိုမြို့နယ်၌ ပညာရေးကဏ္ဍကို နှောက်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ PDF အကြမ်းဖက်အဖွဲ့က ကျောင်းသုံးစာရေးကိရိယာများအား အကြမ်းဖက်ခြိမ်းခြောက်ကာ လုယက်ယူဆောင် မေ ၂၅၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နေ စည်သာ (ခ) ဆားတောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမ (-) သည် မေလ ၂၄ ရက်နေ့ နံနက် ၆ နာရီအချိန်၌ အဆိုပါကျောင်းအတွက် လိုအပ်သည့် ၂၀၂၆/ ၂၀၂၇ ပညာသင်နှစ်ကျောင်းသုံးစာရေးကိရိယာများအား "သလ္လာဝတီ" ခရီးသည်တင်ယာဉ်လိုင်းဖြင့် တင်ဆောင်၍ ရေစကြိုမြို့မှစည်သာ (ခ) ဆားထောင်ကျေးရွာသို့ ထွက်ခွာလာစဉ် နံနက် ၇ နာရီအချိန်၌ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်က မော်တော်ယာဉ်အား တားဆီးကာ ဗလာစာအုပ် ၅၀ ဒါဇင်ထည့်ထားသည့် ဆာလာအိတ် ၃ အိတ် ၆၀၀ အုပ်( ၁ အုပ်လျှင် ၁၂,၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၇၂၀,၀၀၀ ကျပ်)၊ ဗလာစာအုပ် ၆ ဒါဇင်ပါ ၁ အိတ် (တန်ဖိုး ၈၆,၄၀၀ ကျပ်)၊ ခဲတံ ၁၃၉ ဒါဇင် ၈ ချောင်းပါ ၁ အိတ် ၁၆၇၆ ချောင်း (၁ ချောင်းလျှင် ၆၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၁,၀၀၅,၆၀၀ ကျပ်)၊ ဘောပင် ၆၈ ဒါဇင် ၄ချောင်းပါ ဆာလာအိတ် ၁ အိတ် ၈၂၀ ချောင်း (၁ ချောင်းလျှင် ၇၀၀ ကျပ်နှုန်း ဖြင့် တန်ဖိုး ၅၇၄,၀၀၀ ကျပ်)၊ အချိန်ပိုင်းကျောင်းခေါ်ချိန်မှတ်တမ်း စာအုပ် ၂၃ အုပ်(၁ အုပ်လျှင်၂,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၄၆,၀၀၀ ကျပ်)၊ နေ့စဉ်မှတ်တမ်းစာအုပ် ၄၃ အုပ်(၁ အုပ်လျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး၈၆,၀၀၀ ကျပ်)၊ နိုင်ငံတော်အလံ ၂ ခု (၁ ခုလျှင် ၇၀,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၁၄၀,၀၀၀ ကျပ်)၊ စုစုပေါင်းတန်ဖိုး၂,၆၅၈,၀၀၀ ကျပ်တို့အား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက် ယူဆောင်သွားခဲ့ကြောင်းသိရသည်။ NOM

လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ငွေကျပ် ၈,၆၆၅.၆၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ မေ ၂၅၊ ၂၀၂၆ မေလ ၂၁ ရက်နေ့ ၁၄၃
လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ငွေကျပ် ၈,၆၆၅.၆၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ မေ ၂၅၊ ၂၀၂၆ မေလ ၂၁ ရက်နေ့ ၁၄၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံ - ကျောက်တန်း - တောင်ကြီးသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဟန်ထူးအောင် မောင်းနှင်ပြီး မျိုးသူကို လိုက်ပါလာသည့် TOYOTA FORTUNER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး ၂၇၂ တုံး၊ အလေးချိန် ၉၅.၂ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၈,၅၆၈ သိန်း)၊ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၀၀၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁၀၀.၆၅ သိန်း)၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် မြန်မာငွေကျပ် ၁၅ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဟန်ထူးအောင်(၄၈)နှစ် နှင့် မျိုးသူကို(၂၄)နှစ်တို့အား ပင်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေသည့်အခြေအနေများအား ပြည်သူများသို့ အသိပေးတင်ပြခြင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြ
+6
လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေသည့်အခြေအနေများအား ပြည်သူများသို့ အသိပေးတင်ပြခြင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများ လျှပ်စစ်နှင့် စွမ်းအင်ကို ကြောင့်ကြကင်းစွာ အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် စီမံကိန်းများအနက် အချို့သည် အမျိုးမျိုးသော နှောင့်ယှက်ဟန့်တားမှု၊ ပယောဂများကြောင့် အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိဘဲ ပြည်သူလူထုလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်။ တစ်ဖက်တွင်လည်း ပြည်သူလူထု၏ သုံးစွဲလိုမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ဖြစ်ရာ ဝန်နှင့်အား မမျှတော့ဘဲ ရုန်းကန်နေရသည့်အခြေအနေ ဖြစ်ပါသည်။ လျှပ်စစ်ထုတ်လုပ်မှု၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံများတွင် ပြန်လည်အသုံးပြုရပြီး ၄ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ရှည်လျားစွာ သွယ်တန်းထားရသည့် မဟာဓာတ်အားလိုင်းကြီးများတစ်လျှောက် အလိုအလျောက် ဆုံးရှုံးသွားသဖြင့် သုံးစွဲသူပြည်သူများထံသို့ ရောက်ရှိချိန်တွင် ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းခန့်သည် သဘောသဘာဝအရ လျော့နည်းနေမည်ဖြစ်ပါသည်။ ထို့အပြင် အချို့သော ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်များ၊ ဓာတ်အားခွဲရုံများ မဟာဓာတ်အားလိုင်းကြီးများသည် အကြမ်းဖက်ဖျက်ဆီးခံထားရသဖြင့် အပြည့်အဝအသုံးပြုနိုင်မှုမရှိတော့သည့်အတွက် ကျန်ရှိသည့် ဓာတ်အားခွဲရုံများနှင့် မဟာဓာတ်အားလိုင်းကြီးများသည် ဝန်ပိုများ ထမ်းဆောင်နေကြရသည်ဖြစ်ရာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုကွန်ရက်ကြီးသည် နည်းပညာဆိုင်ရာ စွန့်စားရမှုများစွာနှင့်အတူ ပြည်သူများ၏ လိုအပ်ချက်ကို ကြိုးစားဖြည့်ဆည်း နေရသည့်အခြေအနေဖြစ်ပါသည်။ ဖျက်ဆီးခံရမှုများကို မြန်မာ့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအစောင့်အရှောက်နှင့် ပြည်သူများ၏ အကူအညီများရယူ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများသည် စွန့်လွှတ်စွန့်စားသော စိတ်ဓာတ်များနှင့် ရာသီအချိန်မရွေး ပြင်ဆင်ပေးလျက်ရှိနေကြပါ သည်။ ယင်းသို့ ပြင်ဆင်သည့်အချိန်များတွင်လည်း သွားရောက်ရာလမ်းတစ်လျှောက် မိုင်းထောင်ထားခြင်း၊ ပြင်ဆင်နေစဉ်လာရောက် နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ပြင်ဆင်ပြီး ပြန်မည့်လမ်းတစ်လျှောက်တွင် မိုင်းများ ထောင်ထားခြင်းတို့ကြောင့် အချို့ဝန်ထမ်းများ သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါသည်။ ယင်းသို့ဖြစ်ပေါ်နေသည့် အခက်အခဲများကြားမှပင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နည်းပညာဆိုင်ရာအခက်အခဲများကို ဖြေရှင်းကျော်လွှားခြင်း၊ မသမာမှုဆောင်ရွက်နေခြင်းများကို ဖော်ထုတ်ဖြေရှင်းခြင်းတို့ကို အလေးထားဆောင်ရွက်နေသည့်အတွက် ရေလှောင်တမံများ၏ သိုလှောင်ထားမှုအမှတ် အနိမ့်ဆုံးရောက်ရှိနေသည့် ယခုအချိန်ကာလများတွင်ပင် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်လျက်ရှိပါသည်။ နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်အရင်းအမြစ်များ၊ အခြေခံအဆောက်အအုံများသည် နိုင်ငံတစ်ဝန်း ဖြန့်ကြက်တည်ရှိနေသည်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ခြင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သည့် အသိပေးတင်ပြချက်များအား ဖတ်ရှု၍ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးတင်ပြအပ်ပါသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သော ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့တို့၌ ပြန်လည်ထူထောင်ရေး ဆောင်ရွက် မေ
+2
ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သော ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့တို့၌ ပြန်လည်ထူထောင်ရေး ဆောင်ရွက် မေ ၂၄၊ ၂၀၂၆ တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည့် ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့တို့၌ ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ရှိသူများ စုဖွဲ့၍ နယ်မြေဒေသများအရောက် သွားရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြန်လည်ပြုပြင်တည်ဆောက်ရမည့် လုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံအစရှိသည့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှလည်းကောင်း၊ နေရပ်များသို့ ပြန်လည်ဝင်နေထိုင်သည့် ပြည်သူများသို့ ထောက်ပံ့မည့် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်းများ ပါဝင်သည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို နေပြည်တော်မှလည်းကောင်း ယနေ့နံနက်ပိုင်းက တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။ ယနေ့တွင် ဘိလပ်မြေ ၁၀ တန်၊ အမိုးသွပ် ၁၀ တန်၊ လိုအပ်သော သွပ်ရိုက်သံ ၁၂၃ ပိဿာကျော်နှင့် ကယ်ဆယ်ထောက်ပံ့ပစ္စည်း ၃ တန်ကျော်တို့ကို ပေးပို့ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ဖြန့်ခွဲထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ဒေသ၏လိုအပ်ချက်များအပေါ် မူတည်ပြီး ဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ် Garden Grove မြို့ရှိ မြန်မာနိုင်ငံသားများအရေးပေါ် ရွှေ့ပြောင်းရန် လိုအပ်ပါက သတ်မှတ်ထားသော ကယ်ဆယ်ရေးစခ
ကယ်လီဖိုးနီးယားပြည်နယ် Garden Grove မြို့ရှိ မြန်မာနိုင်ငံသားများအရေးပေါ် ရွှေ့ပြောင်းရန် လိုအပ်ပါက သတ်မှတ်ထားသော ကယ်ဆယ်ရေးစခန်း များသို့ဆက်သွယ် ရွှေ့ပြောင်းနိုင် NOM အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် Garden Grove မြို့ရှိ စက်ရုံတစ်ခုတွင် ဓာတုပစ္စည်း ပါသော မီးလောင်မှုဖြစ်ပွား၍ အရေးပေါ်အခြေအနေကြေညာ၊ ထားသည့်အတွက် ယင်ဒေသရှိ မြန်မာနိုင်ငံသားများအရေးပေါ် ရွှေ့ပြောင်းရန် လိုအပ်ပါက သတ်မှတ်ထားသော ကယ်ဆယ်ရေးစခန်း များသို့ဆက်သွယ်ရွှေ့ပြောင်းနိုင်သည့်ဟု လော့စ်အိန်ဂျလိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကထုတ်ပြန်ထားသည်။

🇺🇸/🇮🇷 အီရန် Tasnim သတင်းဌာန၏ ဖော်ပြချက်အရ – အမေရိကန်နှင့် နားလည်မှုစာချွန်လွှာ (MoU) ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အီရန်နိုင်ငံ၏ ထိန်းချုပ်ပိတ်ဆို့ခံထားရသော ပိုင်ဆိုင်မှုများအနက် အနည်းဆုံး ထက်ဝက်ကို ကြိုတင်၍ ပြန်လည်လွှတ်ပေးရမည်ဖြစ်ပြီး ၎င်းတို့ကို အီရန်နိုင်ငံဘက်မှ ချက်ချင်း အသုံးပြုခွင့်ရရှိရမည်ဖြစ်သည်။ – နျူကလီးယားဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အီရန်နိုင်ငံဘက်မှ မည်သည့်ကတိကဝတ်မျှ ပေးထားခြင်းမရှိပါ။ – လက်ဘနွန်နိုင်ငံရှိ အပစ်အခတ်ရပ်စဲရေးသည် ချိုးဖောက်မှုများ လုံးဝမရှိဘဲ စစ်ပွဲကို အပြီးတိုင် ရပ်တန့်ခြင်း ဖြစ်ရမည်။ NOM

ဩစတြီးယားနိုင်ငံတွင် ပါရာဂလိုက်ဒါ (စက်မဲ့လေထီး) စီးနင်းသူတစ်ဦးကို လေယာဉ်တစ်စင်းက ဝင်တိုက်မိသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ NOM

မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် အမဲလိုက်မ
မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် အမဲလိုက်မုဆိုးတစ်ဦး ထိခိုက်ဒဏ်ရာရ မေ ၂၄၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ မေလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၈ နာရီခွဲအချိန်၌ မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာနေ ဦးလှကြိုင် (၄၀) နှစ်သည် ကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခွဲခန့် အကွာရှိ တောအတွင်း၌ အမဲလိုက်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် တော
ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် တောင်ယာလုပ်ကိုင်နေသည့် အပြစ်မဲ့အမျိုးသမီးတစ်ဦး ဒဏ်ရာရ မေ ၂၄၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာနေ ဒေါ်နန်းခင်ဦး (၄၃) နှစ်သည် မေလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ ကျေးရွာ၏ တောင်ဘက်ရှိ တောင်ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက် အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒေါ်နန်းခင်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး စံကားတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထား ရှိကြောင်းသိရသည်။ NOM

ပြင်သစ်သမ္မတ မက်ခရွန်က ရုရှား၏ 'အိုရက်ရှ်နစ်' (Oreshnik) ဒုံးကျည်များဖြင့် လက်တုံ့ပြန်မှုကို ပြစ်တင်ရှုတ်ချသော်လည်း ကျောင်းသာ
ပြင်သစ်သမ္မတ မက်ခရွန်က ရုရှား၏ 'အိုရက်ရှ်နစ်' (Oreshnik) ဒုံးကျည်များဖြင့် လက်တုံ့ပြန်မှုကို ပြစ်တင်ရှုတ်ချသော်လည်း ကျောင်းသားများ အိပ်ပျော်နေစဉ် သေဆုံးခဲ့ရသည့် စတာရိုဘဲလ်စ် (Starobelsk) အဆောင်အပေါ် ယူကရိန်း၏ တိုက်ခိုက်မှုကိုမူ လျစ်လျူရှုထား ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာလပ်စ်က ရုရှား၏ တုံ့ပြန်မှုကို 'နိုင်ငံရေးအရ ခြောက်လှန့်သည့် နည်းဗျူဟာ' ဟု ခေါ်ဆိုခဲ့ပြီး ဖိအားများ ပိုမိုလုပ်ဆောင်သွားမည်ဟု ကတိပြု မက်ခရွန်ကဲ့သို့ပင် သူမသည်လည်း လူဂန့်စ်ပြည်သူ့သမ္မတနိုင်ငံ (LPR) အတွင်း ဖြစ်ပွားခဲ့သော ထိုဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်း မရှိပေ။ NOM

ဂျာမနီနိုင်ငံက ဆီးရီးယားဒုက္ခသည်များ မိမိရပ်ရပ်ထံ ဆန္ဒအလျောက် ပြန်ကြရန် ယူရို ,၀၀၀ (အပိုဆုကြေး) ပေးအပ်ဖို့ စဉ်းစားနေ ၎င်းပမာဏသည် လက်ရှိပေးအပ်နေသော ယူရို ၁,၀၀၀ ထက် သိသိသာသာ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ ဂျာမနီနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် မရသေးဘဲ နေထိုင်နေကြသည့် ဆီးရီးယားနိုင်ငံသား ၉ သိန်းကျော် ရှိနေဆဲဖြစ်ပြီး၊ ဘာလင်အစိုးရအနေဖြင့် ၎င်းတို့အား မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ကြရန် ပိုမိုလိုလားနေသည်။ NOM

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တာချီလိတ်မြို့ရှိ ကုန်သွယ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး မေ ၂၃၊ ၂၀၂၆ စီးပွားရေးနှင့်ကူးသန်းရောင
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တာချီလိတ်မြို့ရှိ ကုန်သွယ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး   မေ ၂၃၊ ၂၀၂၆   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ်(၂)ကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ One Stop Service ( OSS) အဖွဲ့များနှင့် တွေ့ဆုံ၍ ပို့ကုန်၊ သွင်းကုန် လုပ်ထုံးလုပ်နည်းများ အတိုင်းဆောင်ရွက်ရန်၊ လိုင်စင်တွင်ပါသည့် အမျိုးအစား၊ တန်ချိန်အတိုင်းဖြစ်စေရေး ကြပ်မတ်ရန်နှင့် တရားမဝင်တင်ပို့တင်သွင်းခြင်းများမရှိစေရေး အလေးထားဆောင်ရွက်ကြရန်မှာကြားသည်။   ထို့နောက် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဆွတ်ဆိုင်ကျေးရွာရှိ Moon HL Trading ကုမ္ပဏီ၏ ပြောင်းဂိုဒေါင်သို့ သွားရောက်၍ ပြောင်းဆန်များသိုလှောင်ထားရှိမှုနှင့် တင်ပို့မည့်အခြေအနေကိုလည်းကောင်း၊ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ရောက်ရှိပြီး OSS အဖွဲ့ဖြင့် ဆိပ်ကမ်း၌ ကုန်တင်ကုန်ချဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။   ယင်းနောက် တာချီလိတ်မြို့ Lord Eagle Hotel အစည်းအဝေးခန်းမ၌ ပို့ကုန်၊ သွင်းကုန်လုပ်ငန်း ရှင်များနှင့် OSS အဖွဲ့ဝင်များအား တွေ့ဆုံ၍ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ပူးပေါင်း ဆောင်ရွက်ကြရန်၊ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များနှင့်အညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများအနေဖြင့် အဂတိကင်းရှင်းစွာ ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး တာချီလိတ် ကုန်သွယ်ရေးစခန်း(မယ်ယန်း)၌ ပို့ကုန်၊ သွင်းကုန်ယာဉ်များပေါ်ရှိ ကုန်ပစ္စည်းများစစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၂၇ ဦး ထပ်မံဖော်ထုတ်ထိန
+3
အွန်လိုင်းလိမ်လည်မှု (Telecom  Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၂၇ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ မေ ၂၄၊ ၂၀၂၆ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် တရုတ်နိုင်ငံသား ၂၇ ဦး ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၈၅ ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကိုစစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၅၂၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၆၄ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ နိုင်ငံသား ၆၆၂ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၅၀၂ ဦးတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။ NOM

ပေါင်းတည်မြို့နယ်၊ ရှမ်းစပ်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟု စွပ်စွဲသတ်ဖြတ် မေ ၂၄၊ ၂၀၂၆ ပဲခ
ပေါင်းတည်မြို့နယ်၊ ရှမ်းစပ်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟု စွပ်စွဲသတ်ဖြတ် မေ ၂၄၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ရှမ်းစပ်ကျေးရွာနေ ဦးမြင့်အေး (၆၅) နှစ်သည် မေလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားသုံးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးမြင့်အေးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

+3
ယူကရိန်းစစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ညတွင်းချင်း အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုတွင် အိုရက်ရှ်နစ် (ORESHNIK) ဒုံးကျည်များကို အသုံးပြုခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု ရုရှားနိုင်ငံအတွင်းရှိ အရပ်သားပြည်သူများအပေါ် ကိဗ် (ယူကရိန်း) ဘက်က အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဖြစ်သည်။ စစ်ဌာနချုပ်များ၊ လေတပ်အခြေစိုက်စခန်းများနှင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းစုများ အပါအဝင် သတ်မှတ်ထားသည့် ပစ်မှတ်အားလုံးကို အောင်မြင်စွာ ထိမှန်ဖျက်ဆီးနိုင်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများတွင် အဆင့်မြင့်ဆုံး နောက်ဆုံးပေါ် ဒုံးကျည်အမျိုးအစား အမြောက်အမြားကို အသုံးပြုခဲ့သည်။ NOM

+1
ပါကစ္စတန်နိုင်ငံ၊ ကွက်တာမြို့ (Quetta) တွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဘလိုချီစတန် လွတ်မြောက်ရေးတပ်မတော် (BLA) က ဝန်ခံပြောကြားလိုက်သည်။ အဆိုပါ ရထားဗုံးခွဲတိုက်ခိုက်မှုသည် အလွန်ပြင်းထန်လှသဖြင့် ပတ်ဝန်းကျင်ရှိ နေအိမ်များပါ ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးနှင့် ဒဏ်ရာရရှိသူပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။ NOM