ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 379 名订阅者,在 新闻与媒体 类别中位列第 15 949,并在 缅甸 地区排名第 10 127

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 379 名订阅者。

根据 12 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -219,过去 24 小时变化为 -14,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 8.12%。内容发布后 24 小时内通常能获得 5.53% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 005 次浏览,首日通常累积 684 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 14

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 13 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 379
订阅者
-1424 小时
-587
-21930
帖子存档
ယာမက်ကိုနိုင်ငံပြင်ပထွက်ခွင့်ပိတ် NOM အဂတိမှုဖြင့်ရာထူးမှနှုတ်ထွက်လိုက်ရသည့်သမ္မတရုံးဝန်ကြီးဟောင်းယာမက်ကိုနိုင်ငံတွင်းမှထွက်ခွာခွင့်မပြုရန်နယ်ခြားစောင့်တပ်များထံအမိန့်ရောက်လာကြောင်းယူကရိန်းမီဒီယာများကဖော်ပြသည်။

နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းများကို သင်ခန်းစာယူ၍ အနာဂတ်တွင် ခေတ်မီဖွံဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့်
+4
နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းများကို သင်ခန်းစာယူ၍ အနာဂတ်တွင် ခေတ်မီဖွံဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကိုပုံဖော် တည်ဆောက်ကြရန်ယာယီသမ္မတပြောကြား နေပြည်တော်၊ ဒီဇင်ဘာ - ၁

ရုရှားရေနံတင်သင်္ဘောများကိုမတိုက်ခိုက်ရန်အက်စ်တိုးရီးယားကသတိပေး NOM အက်စတိုးနီးယားERR သတင်းဌာန၏ ဖော်ပြချက်အရ ရုရှား၏ ရေနံတင်
ရုရှားရေနံတင်သင်္ဘောများကိုမတိုက်ခိုက်ရန်အက်စ်တိုးရီးယားကသတိပေး NOM အက်စတိုးနီးယားERR သတင်းဌာန၏ ဖော်ပြချက်အရ ရုရှား၏ ရေနံတင် သင်္ဘောများကို တူရကီနှင့် နီးကပ်သော နေရာတွင် မကြာသေးမီက တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဘောလ်တစ်ပင်လယ်အတွင်းရှိ ရုရှားသင်္ဘောများကို မထိခိုက်စေရန် ယူကရိန်းအားအက်စ်တိုးနီးယားနိုင်ငံခြား ရေး ဝန်ကြီးက တိုက်တွန်းခဲ့သည်။ ဝန်ကြီး မာဂတ်စ် ဆက်ခနာက ထိုသို့သော လုပ်ရပ်များသည် "မပြတ်သားသော လုပ်ရပ်ဖြစ်မည်" ဖြစ်ပြီး ဒေသတွင်း အန္တရာယ်ရှိသော အရှိန်မြှင့်တင်မှုကို ဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။ သူက ရုရှား၏ ဓာတ်ငွေ့နှင့် ရေနံပြည်ပပို့ကုန် ၆၀ ရာခိုင်နှုန်းကျော်သည် ဖင်လန်ပင်လယ်ကွေ့မှတစ်ဆင့် ရွေ့လျားနေပြီး ထိုကျဉ်း မြောင်း သော ရေလမ်းကြောင်းသည် ရေမိုင် ၆ မိုင်ခန့်သာ ကျယ်ဝန်းကြောင်း မှတ်ချက်ပြုခဲ့သည်။ ထိုနေရာတွင် ရုရှားရေနံတင် သင်္ဘောများကို တိုက်ခိုက်ပါက ဘောလ်တစ်ဒေသအတွင်း အခြေအနေ ရုတ်တရက် ပြင်းထန်စွာ အရှိန်မြှင့်တင်သွားနိုင်ကြောင်း သူသတိပေးခဲ့သည်။

ယူကရိန်း၏နံမည်ကျော်အဂတိမှုစတင်စစ်ဆေးနေသော်လည်းတရားခံမှာတိုင်းပြည်မှထွက်ပြေးပြီဖြစ် NOM ယူကရိန်းတရားရုံးတစ်ခုသည် နိုင်ငံတော်မှ
ယူကရိန်း၏နံမည်ကျော်အဂတိမှုစတင်စစ်ဆေးနေသော်လည်းတရားခံမှာတိုင်းပြည်မှထွက်ပြေးပြီဖြစ် NOM ယူကရိန်းတရားရုံးတစ်ခုသည် နိုင်ငံတော်မှ ထွက်ပြေးသွားသော စီးပွားရေးလုပ်ငန်းရှင် တီမူရ် မင်ဒစ်အတွက် ကြားကာလ ပြစ်ဒဏ် ရွေးချယ်ရန်လုပ်ထုံးလုပ်နည်းများကို စတင်ခဲ့သည်။ မင်ဒစ်အတွက် နိုင်ငံတော်က ခန့်အပ်ထားသော ရှေ့နေတစ်ဦးက ကိုယ်စားပြုသည်။ ထိုရှေ့နေက သူ့အမှုသည်ကိုဆက်သွယ်၍မရကြောင်း ဝန်ခံခဲ့သည်။ ယူကရိန်းမီဒီယာများက မင်ဒစ်သည် အစ္စရေးသို့ ထွက်ပြေးသွားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ စုံစမ်းစစ်ဆေးသူများက သူ့ကို စွမ်းအင်နှင့် ကာကွယ်ရေးကဏ္ဍများတွင် ကြီးမားသောအဂတိလိုက်စားမှု စီမံကိန်းများ၏ အဓိက စီစဉ်သူအဖြစ် စွပ်စွဲထား သည်။

ကျောက်ဆည်မြို့နယ်၊ မြောင်းဦးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ် NOM ဒီဇင်ဘာ ၁၊ ၂၀၂၅ မန္တလေးတိုင်း
ကျောက်ဆည်မြို့နယ်၊ မြောင်းဦးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ် NOM ဒီဇင်ဘာ ၁၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၊ မြောင်းဦးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဝေ (၅၉) နှစ်သည် နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၆ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်မှ ကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာရှိလယ်ကွင်းသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားရောက်စဉကျေးရွာ၏အနောက်မြောက်ဘက် ၁ ဖာလုံခန့်အကွာ အရောက် PDF အကြမ်းဖက်အဖွဲ့ က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမြင့်ဝေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ဟောင်ကောင်နှင့် မကာအိုအထူးဒေသသို ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးရမည့်ရက် ထုတ်ပြန်
ဟောင်ကောင်နှင့် မကာအိုအထူးဒေသသို ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးရမည့်ရက် ထုတ်ပြန်

+1
ဒီဇင်ဘာလ၁ရက်နိုင်ငံတကာသတင်းများ NOM ၁။ပုပ်ရဟန်းမင်းကြီးလီယိုသည်ယနေ့လက်ဘနွန်နိုင်ငံဘေရွတ်မြို့သို့ရောက်ရှိသည်။(ဓါတ်ပုံ) ၂။၁၂ရက်စစ်ပွဲအတွင်းအီရန်ဒုံးပျံထိမှန်သွား သောအစ္စရေး သိပ္ပံနှင့်သုတေသနအဆောက်အဦပုံကိုမီဒီယာတွင်ဖော်ပြသည်။(ဗီဒီယို) ၃။ယူကရိန်းစစ်ဦးစီးချုပ်ဟောင်းလက်ရှိဗြိတိန်သံအမတ်ကြီးဇလူဇနီကနျူကလီးယားလက်နက်သည်သာယူကရိန်းနိုင်ငံလုံခြုံရေးကိုအာမခံချက်ပေးလိမ့်မည်ဟုပြောသည်။ ၄။အင်ဒိနီးရှားနိုင်ငံဆုမတြားကျွန်းမြောက်ပိုင်းတွင်မိုးသည်းထန်မှု​ေကြောင့်ျရကြီးပြီးမြေပြိုသဖြင့်လူ၆၀၀သေဆုံးပြီး၄၆၈ဦးပျောက်ဆုံးနေသည်။ ၅။ဗင်နီဇွဲလားသမ္မတမာဒူရိုကအမေရိကန်၏ခြိမ်းခြောက်မှုကိုကာကွယ်ပေးပါရန်ရေနံထုတ်လုပ်ရောင်းချသူများအဖွဲ့အိုပက်ကိုအကူအညီတောင်းလိုက်သည်။

Fahd Saleem နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး Mr. Zhou Zhen Jian နှင့် တာဝန်ရှိသူများ၊ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  မြန်မာနိုင်ငံမှ  တာဝန်ရှိသူ တို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်း ပေးအပ်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၉၄၅ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၁၉၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၇၅၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)လုပ်ငန်းများအား ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၃၁ ဦးနှင့် ပါကစ္စတန် နိုင်ငံသား ၃၀ ဦး တို့အားသက်ဆိုင်ရာနိုင်ငံများသို့  ထပ်မံလွှဲပြောင်းပေးအပ်   နေပြည်တော်၊ ဒီဇင်ဘာ ၁ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်  နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင်  ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၆၁ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံ လွှဲပြောင်း ပေးခဲ့ပြီး ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စစ်ဆေးခြင်းလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၏ ကြီးကြပ်မှုဖြင့် အမှတ်(၄၄၂)၊ နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မော်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးပိုင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကွပ်ကဲရေးရုံးမှ ဗိုလ်မှူးအဆင့်ရှိ နိုင်မောင်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာတွင် အခြေပြု၍၁၈-၁၁-၂၀၂၅ ရက်နေ့မှ ယနေ့ထိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့တွင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းနှင့်ဆက်နွယ်သော အဆောက်အဦ ၆၁ လုံးအားစစ်ဆေးခဲ့ရာ ၂ လုံးမှာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းသုံး အဆောက်အဦများဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းအဆောက်အဦများတွင် နေထိုင်မှု မရှိတော့ဘဲ ကြိုတင်ထွက်ပြေးသွားသည်ကို တွေ့ရှိရကာ ကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဖုန်း ဟန်းဆက်များကိုလည်း တွေ့ရှိခဲ့ခြင်းမရှိဘဲ တစ်ပါတည်း ဖြုတ်သိမ်းယူဆောင်သွားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဆက်လက်ပြီး ၁၈-၁၁-၂၀၂၅ ရက်နေ့မှ ၁-၁၂-၂၀၂၅ ရက်နေ့ထိ အဆောက်အဦ ၆၉၁ လုံး နှင့် ဂိုဒေါင် ၃ လုံးတို့အား စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းအဆောက်အဦများနှင့် ဂိုဒေါင်အတွင်းမှ ကွန်ပျူတာ/ မော်နီတာ ၃၃၁၀ လုံး၊ မိုဘိုင်းဖုန်း ဟန်းဆက် ၂၁၈၇၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက်မှ ၂၂-၁၁-၂၀၂၅ ရက်နေ့တွင် ကွန်ပျူတာ/ မော်နီတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ဟန်းဆက် ၂၁၇၅၀ လုံးနှင့် ၂၈-၁၁-၂၀၂၅ ရက်နေ့ တွင် ပိုင်လော့မိန် KTV ၌ ကာစီနိုလောင်းကစားခုံ ၆၃ လုံးအား ဖျက်ဆီးခဲ့ပြီးဖြစ်၍ ကွန်ပျူတာ ၆၅၇ လုံး၊ မိုဘိုင်းဖုန်း ဟမ်းဆက် ၁၂၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂လုံး တို့အား ထိန်းသိမ်းထားရှိသည်။ ဆက်လက်၍ ၁၈-၁၁-၂၀၂၅ ရက်နေ့မှ ၁-၁၂-၂၀၂၅ ရက်နေ့ထိ အဆောက်အဦ ၆၉၁ လုံးနှင့် ဂိုဒေါင်  ၃ လုံးတို့အား စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွင် အသုံးပြုခဲ့သော စုစုပေါင်းအဆောက်အဦ ၁၄၁လုံးအား ချိတ်ပိတ်သိမ်းဆည်း ဆောင်ရွက်ခဲ့ပြီး ကျန်အဆောက်အဦများ ချိတ်ပိတ်သိမ်းဆည်းခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ် နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင်  ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၃၁ ဦး နှင့် ပါကစ္စတန်နိုင်ငံသား ၃၀ ဦးစုစုပေါင်း ပြည်ပနိုင်ငံသား ၁၆၁ တို့အား ယနေ့တွင်မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှ တစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေ လုပ်ထုံး လုပ်နည်း များနှင့်အညီ ထပ်မံ လွှဲပြောင်းပေးသည်။ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများစနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့ စေရေးအတွက် မြဝတီ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊အချက်အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံရုံးမှ First  Secretary  Mr.

photo content
+5

ထိုင်း-မြန်မာ‌နယ်စပ် လှေဂိတ်များကမ်းကူးခများမြင့်တက် NOM၊ဒီဇင်ဘာ၁၊၂၀၂၅ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်ကြောရှိ လှေဂိတ် များအားလုံး တစ်ပတ်ပိတ်ရမည်ဟုသတင်းထွက်ပြီးနောက် ကမ်းကူးခများမြင့်တက်သွား ကြောင်းကိုမြဝတီမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။ "မနေ့ကတော့ထိုင်းဘက်ကလှေဂိတ်တွေပိတ်ခိုင်ထားတယ် ဆိုတာတော့ကြားတယ်၊ဒီမနက်ကျတော့မပိတ်ဘူးလှေတွေထွက်နေတယ်ဒါနဲ့ကျွန်တော်လည်းသွားမေးတာလှေစီးလာတဲ့သူတစ်ဦးကပြောတာကသွားလိုတော့ရတယ်ဒါပေမဲ့ဘတ် ၁၀၀ လောက်စျေးတက်သွားပါတယ်လို့ပြောသွားပါတယ်"ဟု မြဝတီမြို့မှ​ ဒေသခံတစ်ဦးကပြော သည်။ ထိုင်း-မြန်မာ နယ်စပ်ရှိ လှေဂိတ်များအားလုံးကို (၇) ရက် အကြာ ယာယီပိတ်ထားရန် ထိုင်းစစ်တပ်က ညွှန်ကြားထား ကြောင်းသတင်းများထွက် ပေါ်ခဲ့သော်လည်းယနေ့ဒီဇင် ဘာ ၁ရက်နေ့မှစပြီးကမ်းကူခများကိုယခင်ကလူတစ်ဦးလျှင်ဘတ် ၈၀၀ခန့်ယူသော် လည်းယခုဘတ်၉၀၀ခန့်တောင်းယူနေကြကြောင်းသိရသည်။

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၅/၂၀၂၅) --------------------------------------------------------------- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက် ======================================= (က) အားကောင်းသောမုန်တိုင်းငယ် အခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း-ပူဒူချယ်ရီကမ်းခြေနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ် နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မြန်မာ နိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၇၅၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ (Puducherry)၏ အရှေ့မြောက်ဘက် ရေမိုင် ၇၅ မိုင်ခန့်နှင့် ချင်းနိုင်မြို့ (Chennai)၏ အရှေ့တောင်ဘက် ရေမိုင် ၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (၂) အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။ (ခ) အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၂.၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၀.၆ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ နှုန်းခန့် ဖြစ်ပါသည်။   (ဂ) နောက် ၁၂ နာရီအတွင်းခန့်မှန်းချက် အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း-ပူဒူချယ်ရီကမ်းခြေနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့နှင့်အပြိုင် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ (ဃ) သတိပေးနှိုးဆော်ချက်  အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်း အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။ အကြံပြုချက်  သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ # မိုး/ဇလ

အုတ်တွင်းမြို့နယ်တွင် ခပေါင်းချောင်းထဲခုန်ချသွားသောအမျိုးသားအားရှာဖွေမှုဆက်လုပ်နေ NOM၊ဒီဇင်ဘာ၁၊၂၀၂၅ တောင်ငူခရိုင်၊ အုတ်တွင်းမ
အုတ်တွင်းမြို့နယ်တွင် ခပေါင်းချောင်းထဲခုန်ချသွားသောအမျိုးသားအားရှာဖွေမှုဆက်လုပ်နေ NOM၊ဒီဇင်ဘာ၁၊၂၀၂၅ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ခပေါင်းကျောင်းရှစ်ဆယ်ကျော်ရွာ မှအသက်၇၀ အရွယ်အမျိုးသားတစ်ဦး ခပေါင်းချောင်းထဲသို့ ခုန်ချသွားခဲ့ရာယနေ့ဒီဇင်ဘာ လ၁ရက်နံနက်၁၁နာရီထိရှာဖွေနေသော်လည်းမတွေ့သေးကြောင်းSave The Trees Rescue Team မှတာဝန်ရှိသူတစ်ဦးကပြောသည်။ "ခပေါင်းချောင်းထဲသို့ ခုန်ချသွားတဲ့သူကကျွန်တော်တို့ရွာကပါသူကဆိုင်ကယ် ကယ်ရီမောင်းပါတယ်သူ့မိန်းမကလည်းလေဖြက်နေတော့သူမှာစားစရိတ်တွေ၊ ဆေးဖိုးတွေကလည်းရှိနေတော့သူတို့ရဲ့စီးပွားရေးကလည်းအဆင်မပြေဘူးဒါကြောင့်သူစိတ်တွေညစ်ပြီးကိုယ်ကိုယ်ကိုအဆုံး စီရင်တာဘဲဖြစ်ပါလိမ့်မယ်"ဟု Save The Trees Rescue Team မှတာဝန်ရှိသူတစ်ဦးကပြော သည်။ ခပေါင်းကျောင်းရှစ်ဆယ်ကျော်ရွာမှအသက်(၇၀)အရွယ်အမျိုးသားတစ်ဦးသည်ယမန်နေ့နိုဝင်ဘာ လ၃၀ရက်မွန်းလွဲ၃နာရီခန့်က ခပေါင်းချောင်းထဲသို့ ခုန်ချသွား၍ ပရဟိတအသင်းများ ပူးပေါင်းရှာဖွေခဲ့ သော်လည်း မိုးချုပ်သည့်အထိရှာမတွေ့သောကြောင့်ရှာဖွေမှုကိုရပ် ဆိုင်းခဲ့ပြီးယနေ့နံနက်ပိုင်းတွင်ဆက်လက်ရှာဖွေမှုများပြု လုပ်နေကြောင်းသိရသည်။

လှိုင်သာယာတွင်ကလေးငယ်တစ်ဦး ကားတိုက်ခံရသေဆုံး NOM၊ဒီဇင်ဘာ ၁၊၂၀၂၅ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ BOC
လှိုင်သာယာတွင်ကလေးငယ်တစ်ဦး ကားတိုက်ခံရသေဆုံး NOM၊ဒီဇင်ဘာ ၁၊၂၀၂၅ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ BOC မီးပွိုင့်တွင် တောင်းရမ်းစားသောက်သူ ကလေးငယ် တစ်ဦးကို နိုဝင်ဘာ ၃၀ ရက်နေ့ ည ၁၁နာရီခန့်က ကားတိုက်ခံရကြောင်း သိရသည်။ အဆိုပါ တောင်းရမ်းစားသောက်သော အသက် ၁၀နှစ်ခန့် အမျိုးသမီး ကလေးငယ် တစ်ဦးဖြစ်ပြီးကလေးငယ်၏ ဦးခေါင်းပြားသွားကာ ယာဉ်မောင်းတိုက်ပြီး မောင်းပြေးသွား၍ ရုပ်အလောင်းကို ခွန်အားသစ် လူမှုကူညီရေးအသင်းမှ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။ ယင်းထွက်ပြေးသွားသည့် ယာဉ်မောင်းကို အမှုဖွင့်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့က စုံစမ်းရှာဖွေလျှက်ရှိကြောင်း သိရသည်။

ဘုန်းကြီးကျောင်းဝင်းအတွင်း PDF အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် သံပုရာသီးခူးနေသည့် အမျိုးသမီးင
ဘုန်းကြီးကျောင်းဝင်းအတွင်း PDF အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် သံပုရာသီးခူးနေသည့် အမျိုးသမီးငယ်တစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရ NOM ဒီဇင်ဘာ ၁၊ ၂၀၂၅ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့ပြည်သူ့ဆေးရုံသို့ နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာရှိထားသည့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ပုလောမြို့နယ်၊ ဆင်ထိုးကြီးကျေးရွာနေ မနန္ဒာစိုး (၂၀) နှစ်သည် နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်၌ ဆင်ထိုးကြီးကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း သံပရာသီးများခူးနေစဉ် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင်မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ထိုင်းရောက်မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်မည့်ရက် အသိပေး ဒီဇင်ဘာ၁၊၂၀၂၅
ထိုင်းရောက်မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်မည့်ရက် အသိပေး ဒီဇင်ဘာ၁၊၂၀၂၅

Repost from NOM
ကယ်လီဖိုးနီးယားက မိသားစု တွေ့ဆုံပွဲတခုမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကလေး ၃ ဦးအပါအဝင် ၄ ဦးအထိ သေဆုံးခဲ့တယ်လိ
ကယ်လီဖိုးနီးယားက မိသားစု တွေ့ဆုံပွဲတခုမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကလေး ၃ ဦးအပါအဝင် ၄ ဦးအထိ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အသက် ၈ နှစ်၊ ၉ နှစ်နဲ့ ၁၄ နှစ်အရွယ် ကလေးငယ်တွေဖြစ်ကာ နောက်တဦးက ၂၁ နှစ်အရွယ်လို့ ဆိုပါတယ်။ Stockton မြို့က စားသောက်ဆိုင်တခုမှာ ကလေးမွေးနေ့ပါတီ ကျင်းပနေချိန် ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အခြား ၁၁ ဦးအထိလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီမတိုင်ခင် ဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူကတော့ လွတ်မြောက်နေဆဲဖြစ်ပြီး တမင် ပစ်မှတ်ထားကာ ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားကာ Stockton မြို့တော်ဝန်ကတော့ ဒါဟာ လက်မခံနိုင်စရာလုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ NOM

ထိုင်းနိုင်ငံရှိ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်နေရာများမှ Cl သက်တမ်းတိုးလျှောက်ထားရမည့်သူများ မည်သည့်စခန်းများတွင်မဆို သွားရော
ထိုင်းနိုင်ငံရှိ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်နေရာများမှ Cl သက်တမ်းတိုးလျှောက်ထားရမည့်သူများ မည်သည့်စခန်းများတွင်မဆို သွားရောက်ဆောင်ရွက်နိုင် ဒီဇင်ဘာ၁၊၂၀၂၅

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)လုပ်ငန်းများအား ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသား ၃၀ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ နေပြည်တော်၊ နိုဝင်ဘာ ၃၀ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ သက်ဆိုင်ရာ နိုင်ငံများသို့  ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိရာ ရွှေကုက္ကိုလ် နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စစ်ဆေးခြင်းလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၏ ကြီးကြပ်မှုဖြင့် အမှတ်(၄၄၂)၊ နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှု အဖွဲ့မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မော်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးပိုင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ် (BGF) လုံခြုံရေး နှင့် စည်းကမ်းထိန်းသိမ်းရေး ကွပ်ကဲရေးရုံးမှ ဗိုလ်မှူးအဆင့်ရှိ နိုင်မောင်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာတွင် အခြေပြု၍၁၈-၁၁-၂၀၂၅ ရက်နေ့မှ ယနေ့ထိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အွန်လိုင်း လိမ်လည်မှု လုပ်ငန်းနှင့်ဆက်နွယ်သော အဆောက်အဦ ၉၈ လုံးအားစစ်ဆေးခဲ့ရာ ၅ လုံးမှာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းသုံး အဆောက်အဦများဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်း အဆောက်အဦများတွင် နေထိုင်မှုမရှိတော့ဘဲ ကြိုတင်ထွက်ပြေးသွားသည်ကို တွေ့ရှိရကာကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဖုန်းဟန်းဆက်များကိုလည်း တွေ့ရှိခဲ့ခြင်းမရှိဘဲ တစ်ပါတည်း ဖြုတ်သိမ်းယူဆောင်သွားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဆက်လက်ပြီး ၁၈-၁၁-၂၀၂၅ ရက်နေ့မှ ၃၀-၁၁-၂၀၂၅ ရက်နေ့ထိ အဆောက်အဦ ၆၃၀ လုံး နှင့် ဂိုဒေါင် ၃ လုံးတို့အား စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းအဆောက်အဦများနှင့် ဂိုဒေါင်အတွင်းမှ ကွန်ပျူတာ/ မော်နီတာ ၃၃၁၀ လုံး၊ မိုဘိုင်းဖုန်း ဟန်းဆက် ၂၁၈၇၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက်မှ ၂၂-၁၁-၂၀၂၅ ရက်နေ့တွင် ကွန်ပျူတာ/ မော်နီတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ဟန်းဆက် ၂၁၇၅၀ လုံးနှင့် ၂၈-၁၁-၂၀၂၅ ရက်နေ့ တွင် ပိုင်လော့မိန် KTV ၌ ကာစီနိုလောင်းကစားခုံ ၆၃ လုံးအား ဖျက်ဆီးခဲ့ပြီးဖြစ်၍ ကွန်ပျူတာ ၆၅၇ လုံး၊ မိုဘိုင်းဖုန်း ဟမ်းဆက် ၁၂၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ တို့အား ထိန်းသိမ်းထားရှိသည်။ ဆက်လက်၍ ၁၈-၁၁-၂၀၂၅ ရက်နေ့မှ ၂၉-၁၁-၂၀၂၅ ရက်နေ့ထိ စစ်ဆေးဆောင်ရွက် ပြီးစီးခဲ့သည့် အဆောက်အဦ ၆၃၀ လုံးနှင့် ဂိုဒေါင်  ၃ လုံးတို့အနက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွင် အသုံးပြုခဲ့သော စုစုပေါင်းအဆောက်အဦ ၁၁၉လုံးအား ချိတ်ပိတ်သိမ်းဆည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်အဆောက်အဦများအား ဆက်လက်ရှာဖွေစီးနင်းခြင်းနှင့် စစ်ဆေးတွေ့ရှိသူ များအား အသေးစိတ်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဆက်လက်ပြီး ရွှေကုက္ကိုလ်နယ်မြေမှ မြဝတီမြို့သို့ထွက်ပြေးတိမ်းရှောင်လာကြသည့် ပြည်ပနိုင်ငံသား ၃၀ ဦးကိုယနေ့တွင် ထပ်မံဖော်ထုတ်ထိန်းသိမ်းပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၉၄၅ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၀၂၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၉၁၆ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။