ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 435 名订阅者,在 新闻与媒体 类别中位列第 15 924,并在 缅甸 地区排名第 10 098

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 435 名订阅者。

根据 05 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -222,过去 24 小时变化为 -12,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.30%。内容发布后 24 小时内通常能获得 5.44% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 908 次浏览,首日通常累积 677 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 06 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 435
订阅者
-1224 小时
-607
-22230
帖子存档
ကျောက်ကြီးမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေ
ကျောက်ကြီးမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဟင်းရွက်ခူးရန်သွားသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၂၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာနေ ဒေါ်ရွှေမိ (၅၇) နှစ်သည် ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်မှ မုန်းချောင်းအနီးရှိ လယ်ကွင်းသို့ ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်စဉ် မုန်းချောင်းအနီးအရောက် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)
+4
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ Army Operation Center၊ Neighboring Countries Coordination Center (NCCC) ဌာန၏အကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဇန်နဝါရီ - ၂၂

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)
+1
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ Army Operation Center၊ Neighboring Countries Coordination Center (NCCC) ဌာန၏အကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဇန်နဝါရီ - ၂၂

ကော့ကရိတ်မြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေ
ကော့ကရိတ်မြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် ထင်းခုတ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၂၊ ၂၀၂၆ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ် (၅) စစ်မြေပြင်ဆေးတပ်ရင်း၊ တပ်ခွဲ (၂) သို့ ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်၌ ကော့ကရိတ်မြို့နယ်၊ ကြက်မသွန်ကုန်းကျေးရွာနေ ဦးဆန်းဝင်းကြည် (၄၂) နှစ်သည် ပတ္တမြားကွင်းကျေးရွာအနီးရှိ ရာဘာတောအတွင်း ထင်းခုတ်နေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးဆန်းဝင်းကြည် တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

သထုံမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည်ထိမှန်မှု
သထုံမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည်ထိမှန်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၂၊ ၂၀၂၆ မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၇ နာရီအချိန်၌ သထုံမြို့နယ်၊ ကမာစိုင် ကျေးရွာနေ ဦးဇော်နိုင်ဦး (၅၆) နှစ်သည် ဒေါင်းကျေးရွာရှိ မိတ်ဆွေဖြစ်သူ ဦးကျော်မြင့်၏နေအိမ်တွင်ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် လာရောက်ထိမှန်ခဲ့မှုကြောင့် ဦးဇော်နိုင်ဦးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ News Of Myanmar NOM

တောင်တွင်းကြီးမြို့နယ်၊ တလုပ်ကုန်းကျေးရွာနေ ဇနီးမောင်နှံနှစ်ဦးကို PDF အကြမ်းဖက်သမားငါးဦးက ဒလန် ဟုစွပ်စွဲသတ်ဖြတ်ပြီး နေအိမ်မှ
တောင်တွင်းကြီးမြို့နယ်၊ တလုပ်ကုန်းကျေးရွာနေ ဇနီးမောင်နှံနှစ်ဦးကို PDF အကြမ်းဖက်သမားငါးဦးက ဒလန် ဟုစွပ်စွဲသတ်ဖြတ်ပြီး နေအိမ်မှ ငွေကျပ် ၁၅၅ သိန်းနှင့် ရွှေထည်ပစ္စည်းများလုယက်ယူဆောင်သွား NOM ဇန်နဝါရီ ၂၂၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တလုပ်ကုန်းကျေးရွာနေ ဦးမြင့်စိန် (၆၄) နှစ် သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်လှကြည် (၆၃) နှစ်နှင့်အတူ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်၌ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး "ဒလန်" ဟုစွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ လက်ကိုင်ဖုန်း ၃ လုံး၊ ငွေကျပ် ၁၅၅ သိန်း၊ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀ ကျပ်သားခန့်တို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

အလင်းဝင် PDF များအား နမခတိုင်းမှူးနှင့်တိုင်းဝန်ကြီးချုပ်တို့မှ မိဘများထံအပ်နှံ မုံရွာ ၊ ဇန်နဝါရီ ၂၂ ရက် ဒီနေ့ နေ့လယ်ပိုင်းမှ
+3
အလင်းဝင် PDF များအား နမခတိုင်းမှူးနှင့်တိုင်းဝန်ကြီးချုပ်တို့မှ မိဘများထံအပ်နှံ မုံရွာ ၊ ဇန်နဝါရီ ၂၂ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ PDF အကြမ်းဖက်အဖွဲ့ထဲအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိသွားပြီး အမြင်မှန်ရ၍ တပ်မတော်ထံအလင်းဝင်ရောက်လာသော မုံရွာမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့မှ သေနတ် (၃)လက်နှင့်အတူအမျိုးသား (၂၂)ဦး၊ အမျိုးသမီး (၂)ဦး ပေါင်း ၂၄ဦးတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့မှ ခမ်းနားသိုက်မြိုက်စွာဖြင့် ကြိုဆိုခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ကာ အုပ်ထိန်းသူမိဘများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ ဇေယျာ (ကျွန်းလှမီးအိမ်ရှင်)

photo content
+9

သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ ၅ နေရာအား ထပ်မံဖော်ထုတ်သိမ်းဆည်းရမိ နေပြည်တော်၊
+3
သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ ၅ နေရာအား ထပ်မံဖော်ထုတ်သိမ်းဆည်းရမိ နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၂

+3
ဇန်နဝါရီလ၂၂ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။လက်ဘနွန်တောင်ပိုင်းရှိရွာများကိုအစ္စရေးစစ်တပ်က နေ့စဥ်လေကြောင်းမှတိုက်ခိုက်လျက်ရှိသည်။(ဗီဒီယို) ၂။ဆီးရီးယားစစ်တပ်ကကျောထောက်နောက်ခံပေးထားသောHTSအကြမ်းဖက်အဖွဲ့ကကာ့ဒ်လူမျိုးဦးဆောင်သည့်ဆီးရီးယားဒီမိုကရက်တစ်သူပုန်များ၏သင်္ချိုင်းများကိုဖျက်ဆီးလျက်ရှိသည်။(ဗီဒီယို) ၃။ဆီးရီးယားစစ်တပ်၏မဟာမိတ်HTSအကြမ်းဖက်အဖွဲ့ကအယ်ကာရာမာမြို့ကိုသိမ်းပြီးနောက်ISISအကြမ်းဖက်အလံကိုလွှင့်ထူအောင်ပွဲခံနေကြသည်။(ဗီဒီယို) ၄။ဂျာမနီ၊ပြင်သစ်နှင့်ဗြိတိန်လေတပ်မှယူရိုဖိုက်တာတိုက်လေယာဥ်များသည်ဆိုက်ပရပ်စ်မှဂျော်ဒန်သို့ပြောင်းရွှေ့နေပြီးအမေရိကန်နှင့်အတူအီရန်ကိုတိုက်ခိုက်ရန်ပြင်ဆင်လျက်ရှိသည်။(ဓါတ်ပုံ) ၅။မလေးရှားစစ်ဦးစီးချုပ်ဟောင်းနှင့်ဇနီးတို့ကိုဒေါ်လာ၅၄၀၀၀၀ငွေကြေးခဝါချမှုလေးမှုဖြင့်အဂတိတိုက်ဖျက်ရေးအဖွဲ့ကယနေ့စွဲချက်တင်လိုက်သည်။

မုံရွာ စစ်ကိုင်း လမ်းမဘေး ဒေသအခေါ် ရေပိုးစားဘုန်းကြီးကျောင်းနား ပိုက်ဆံတောင်းနေတဲ့ ပဒက်အဖွဲ့ကို သတင်းအရ တပ်မတော်၊ရဲတပ်ဖွဲ့၊ပြ
မုံရွာ စစ်ကိုင်း လမ်းမဘေး ဒေသအခေါ် ရေပိုးစားဘုန်းကြီးကျောင်းနား ပိုက်ဆံတောင်းနေတဲ့ ပဒက်အဖွဲ့ကို သတင်းအရ တပ်မတော်၊ရဲတပ်ဖွဲ့၊ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်း။ ဇေယျာ (ကျွန်းလှမီးအိမ်ရှင်) တိုက်ပွဲသတင်းစုံ

Repost from NOM
အများပြည်သူတွေ ကြုံတွေ့နေရသလိုမျိုး သူလည်း လျှပ်စစ်မီး အသုံးပြုဖို့ ခက်ခဲနေတယ်ဆိုတာကို ပြသဖို့အတွက် လုပ်ခဲ့တဲ့ ဇယ်လင်စကီးရဲ့
အများပြည်သူတွေ ကြုံတွေ့နေရသလိုမျိုး သူလည်း လျှပ်စစ်မီး အသုံးပြုဖို့ ခက်ခဲနေတယ်ဆိုတာကို ပြသဖို့အတွက် လုပ်ခဲ့တဲ့ ဇယ်လင်စကီးရဲ့ အဖြစ်အပျက်ကို ယူကရိန်းမှာတောင် လှောင်ပြောင်နေကြပါတယ်။ ဇယ်လင်စကီးက အမှောင်ထဲမှာ ထိုင်နေပြီး လျှပ်စစ်မီးမရဘူးလို့ ယူဆရပေမယ့် သူ့ရဲ့ ကွန်ပျူတာကို အသုံးပြုနေတာပါ။ video call မှာ ပါဝင်တဲ့ အခြားသော အရာရှိတွေကတော့ မီးတွေလင်းထိန်နေကြပါတယ်။ လွှတ်တော်အမတ်တဦးဖြစ်တဲ့ Goncharenko က “မင်းအပေါ် ငါတို့ယုံကြည်စေချင်တယ်ဆိုရင် လက်ပ်တော့ ဒါမှမဟုတ် ဖုန်းကို အသုံးပြုသင့်တယ်” လို့ လှောင်ပြောင်ခဲ့ပါတယ်။ NOM

+9
တောင်ကြီးမြို့နယ် နောင်ကားစံပြကျေးရွာမှာ ပအိုဝ်းတိုင်းရင်းသားတွေ ကျင်းပနေတဲ့ အားကစားပြိုင်ပွဲ။ ပအိုဝ်းနယ်မြေတွေမှန်သမျှ အကုန်အေးချမ်းတယ်။ ဒေသခံပြည်သူတွေ ပျော်ရွှင်ကြရတယ်။ ဘာကြောင့်သူတို့တွေ ပျော်ရွှင်ကြတာလည်းဆိုတော့ သူတို့ဒေသမှာ အကြမ်းဖက် PDF တွေမရှိလို့ပဲ။ သူတို့ဒေသတွေမှာလည်းအကြမ်းဖက်သမားတွေမရှိအောင် သူတို့တွေ နိုင်ငံအပေါ်မှာ သစ္စာရှိခဲ့ကြတယ်။ ဒါတောင် KNPPနဲ့ KNDF အဖွဲ့တွေကို ပအိုဝ်းနယ်မြေတွေကို စစ်ပွဲထဲဆွဲသွင်းခဲ့သေးတာ။ ​ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ဉာဏ်​ရည်ဉာဏ်သွေးကောင်းမှု၊ စည်းလုံးမှုကြောင့် အကြမ်းဖက်သမားတွေကို ရှင်းထုတ်နိုင်ခဲ့တာ။ PDF မရှိရင် ပြည်သူတွေတကယ်ပျော်ကြရပါတယ် မှိုင်းဝေ

ပြင်ဦးလွင်မြို့တွင် ကျောင်းသာများနေသည့်ပြင်ပအဆောင် တစ်ဆောင်မီးလောင်မှုဖြစ်ပွားခဲ့ NOM၊ဇန်နဝါရီ၂၂၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ပ
ပြင်ဦးလွင်မြို့တွင် ကျောင်းသာများနေသည့်ပြင်ပအဆောင် တစ်ဆောင်မီးလောင်မှုဖြစ်ပွားခဲ့ NOM၊ဇန်နဝါရီ၂၂၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)တွင် ယနေ့ (ဇန်နဝါရီ၂၂ရက်) မွန်လွဲ၁နာရီ၂၀မိနစ် ကျောင်းသာများနေသည့်ပြင်အဆောင်တစ်ဆောင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းပြင်ဦးလွင်မြို့နယ်မီးသတ် တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)ပြည်သာယာလမ်းနှင့် ရတနာလမ်းကြားရှိ ကျောင်းသားများနေထိုင်းသည့် ပြင်ပအဆောင်တွင် ယာယီသွယ်တန်ထားသည့်လျှပ်စစ်မီးကြိုးမှာလျော့ဖြစ်ပြီး မျက်နှာကြက်ကိုမီးစတင်လောင်ကျွမ်းရာမှမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာမွန်လွဲ၁နာရီ၃၈မိနစ်တွင်မီးငြိမ်း သွားကြောင်းသိရသည်

ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်ပြု ပရဟိတအသင်း ဥက္ကဋ္ဌ အဓမ္မပြုကျင့် မှုဖြင့်ဖမ်းဆီခံရ NOM၊ဇန်နဝါရီ၂၂၊၂၀၂၆ ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသို
ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်ပြု ပရဟိတအသင်း ဥက္ကဋ္ဌ အဓမ္မပြုကျင့် မှုဖြင့်ဖမ်းဆီခံရ NOM၊ဇန်နဝါရီ၂၂၊၂၀၂၆ ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်ပြု ပရဟိတအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြတ်စံ(ခ)ဆရာစိုင်းမြအောင်သည်ပရဟိတအသင်းတစ်သင်း၏ အဖွဲ့ဝင်ဖြစ်သူ အသက် ၁၇ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ခဲ့သည့်အတွက်ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊မြို့မရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့်ထားကြောင်းသိရသည်။ ဖြစ်စဉ်မှာ ပရဟိတအသင်းတစ်သင်း၏အဖွဲ့ဝင်ဖြစ်သူ အသက် ၁၇ နှစ်အရွယ် မိန်းကလေးအား ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်ပြု ပရဟိတအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြတ်စံ(ခ)ဆရာစိုင်းမြအောင်မှ ဇန်နဝါရီ ၁ ရက်၊နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၅)ရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌ အလိုမတူပဲ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဦးမြတ်စံ(ခ)ဆရာစိုင်းမြအောင်ကို လှိုင်သာယာမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက်တွင် သွားရောက်ဖမ်းဆီးခဲ့ပြီးဒဂုံဆိပ်ကမ်းမြို့နယ်၊မြို့မရဲစခန်းတွင် ပုဒ်မ ၃၇၆၊ပုဒ်မ ၃၆၃ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

မနေ့က ရှမ်းတောင်နဲ့ ‌ရှမ်းရှေ့ ဆက်တဲ့ တံတားတစ်စင်းကို ယာယီသမ္မတ ကိုယ်တိုင် တက်ဖွင့်လာခဲ့တယ်။ ဒါက အတော်လေး ထူးခြားတယ်။ ပုံမှန်အချိန်ဆိုတော့ တာဆန်း တံတားက သိပ်အရေးပါလာဦးမယ် မထင်ပါဘူး။ ကြည့်ရတာ....အနာဂတ် ပလန်က ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်ကို Skip ချင်တာများလားဆိုတဲ့ အတွေး ပေါ်လာစေမိတယ်။ မည်သို့‌ဆိုစေပေါ့လေ။ မူလ အခြေအနေအထိ ပြန်မရောက်မချင်း ၁၀၅ မိုင်က လုပ်လာမယ့် ကုန်သွယ်ရေးကို ရှမ်းရှေ့ကနေ ရှမ်းတောင် -တောင်ကြီး၊ တောင်ကြီးကနေ မန္တလေး- နေပြည်တော် ဆိုတဲ့ အရွေ့ကို သွားဖို့ မြင်နေရပြီ။ ကူမင်း- ကျောက်ဖြူ က မူလ အခြေအနေ ပြန်မရောက်မခြင်း မျောထားမယ့် သဘောပါပဲ။ ဒီလမ်းကို စ ‌ေးချင်ရင် ကိုယ်ရွှေ့ထားတဲ့ အကွက် ကိုယ်ပြန်ရုတ်သိမ်းမှပဲ ရမယ်။ ပလောင်နဲ့ ကိုးကန့်လည်း နယ်စပ်ကုန်သွယ်ရေးမှ ပြန်မစရင် ခွေး မျှော်ရသလို အနေအထားပဲ ရှိမှာပါ။ တစ်ခုတော့ ရှိတာပေါ့။ တပ်ဟာ မူဆယ်လောက်နဲ့ မတင်းတိမ်ဘဲ တရုတ်နဲ့ ပြည်မကြားမှာ အတိုင်းအတာ တစ်ရပ်အထိ နယ်မြေ စိုးမိုးနိုင်ရင်တော့ ပလောင်လည်း ခါးဆက် ပြတ်မယ့် သဘောပဲ။ ---- ခုဟာက ဒီနယ်ခြားတွေ မထိန်းနိုင်သေးလို့ နမ္မတူက ထွက်တဲ့ သတ္တုတွေက ကွတ်ခိုင်-သိန်းနီကနေ တရုတ်ဆီ ထွက်နေနိုင်တာပေါ့။ ဆိုတော့ လမ်းကြောင်းသစ်ကလည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း အသစ်စဖို့ ပွင့်အောင် လုပ်ရမှာပါပဲ။ Plan B လို့ပဲ ပြောရမလား။ တဖြည်းဖြည်းတော့ Strategy တွေ မြင်နေရသလို ခံစားမိတယ်။ (နရီမိုး)

လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင်မော်တော်ယာဉ်တစ်စီးမီးလောင်မှုဖြစ် NOM၊ဇန်နဝါရီ၂၂၊၂၀၂၆ ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၅/၇)တွင်ယနေ့(ဇန်နဝါရီ၂၂ရက်)နံနက် ၈နာရီခန့်က အိမ်စီးကားတစ်စီးမီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း မီးသတ် တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ မော်တော်ယာဉ် တစ်စီးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် ထွက်ခွာငြှိမ်းသတ် ခဲ့ရာနံနက်၈နာရီ၁၀မိနစ်တွင်မီးငြိမ်းသွားကြောင်းသိရသည်။

မိုးကုတ်မြို့နေပြည်သူများမှ အစိုးရဌာနများမြို့ထဲပြန်လည်ဝင်ရောက်လာသည်ကိုသောင်းသောင်းဖြဖြကြိုဆိုကြသည့်မြင်ကွင်း။ တိုက်ပွဲသတင်းစုံ

Repost from NOM
ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် အရူးအမူးတွေ ဖြစ်နေတဲ့ ထရမ့်ကို ဘယ်လ်ဂျီယံဝန်ကြီးချုပ်က “အရမ်းဆာလောင်ငတ်မွတ်နေတဲ့
ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် အရူးအမူးတွေ ဖြစ်နေတဲ့ ထရမ့်ကို ဘယ်လ်ဂျီယံဝန်ကြီးချုပ်က “အရမ်းဆာလောင်ငတ်မွတ်နေတဲ့ ခူကောင် (ပိုးလောင်း)” လို့ ခေါ်ဆိုလိုက်ပြီး ဒီ ပိုးလောင်းကို တွန်းလှန်ဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။ NOM

Repost from NOM
ကနေဒါဟာ ရာစုနှစ်တခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ရဲ့ စစ်ရေးကျူးကျော်မှုကို တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကနေဒါလ
ကနေဒါဟာ ရာစုနှစ်တခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ရဲ့ စစ်ရေးကျူးကျော်မှုကို တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကနေဒါလူမျိုးတွေဟာ ပြောက်ကျားစစ်ပွဲအတွက် ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကနေဒါစစ်တပ်ဟာ အမေရိကန်ရဲ့ စစ်ရေးကျူးကျော်မှုကို တုံ့ပြန်မယ့်ပုံစံတခုကို ဖန်တီးနေပါတယ်။ ဒီ ဖန်တီးမှုမှာ ပုံပန်းသွင်ပြင်နဲ့ အရွယ်အစားမတူညီတဲ့ စစ်ပွဲ၊ ဒရုန်းတွေ၊ ဖျက်ဆီးရေးတွေနဲ့ ဥရောပမဟာမိတ်တွေဆီက အကူအညီတောင်းခံခြင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဂရင်းလန်းကို အမေရိကန်ရဲ့ ကျူးကျော်မှုက မဖြစ်နိုင်ဘူးလို့ ယူဆရပေမယ့် ထရမ့်နဲ့ ဆက်ဆံရေးတင်းမာနေတာ၊ ကနေဒါက အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်ဖြစ်တယ်လို့ ပြောဆိုနေမှုတွေနဲ့ ဂရင်းလန်းကို ခြိမ်းခြောက်မှုတွေကြောင့် ဒီလိုပြင်ဆင်ဖို့ တွန်းအားပေးလာခဲ့တာပါ။ ဒါဟာ ကာကွယ်ရေးကို အားကောင်းစေပြီး ဒီလိုအခြေအနေတွေပြုမူခြင်းအားဖြင့် အနည်းဆုံးခြိမ်းခြောက်မှုကိုတောင်မှ ဟန့်တားဖို့ ကူညီပေးနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ NOM