ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 447 名订阅者,在 新闻与媒体 类别中位列第 15 917,并在 缅甸 地区排名第 10 085

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 447 名订阅者。

根据 04 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -222,过去 24 小时变化为 -10,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.33%。内容发布后 24 小时内通常能获得 6.47% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 912 次浏览,首日通常累积 805 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 05 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 447
订阅者
-1024 小时
-347
-22230
帖子存档
🇮🇱 ဂျူးဘုန်းကြီးတစ်ပါး ဝတ်ပြုဆုတောင်းနေသည့် ဗီဒီယို News Of Myanmar NOM

မြောက်ဥက္ကလာပမြို့နယ်တွင် Level 1 အဆင့်မီးလောင်မှုဖြစ်ပွား NOM၊ဇန်နဝါရီ၂၈၊၂၀၂၆ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဃ ရပ်ကွက
မြောက်ဥက္ကလာပမြို့နယ်တွင် Level 1 အဆင့်မီးလောင်မှုဖြစ်ပွား NOM၊ဇန်နဝါရီ၂၈၊၂၀၂၆ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဃ ရပ်ကွက်၊ ဝေပုလ္လ(၆)လမ်းတွင်ယနေ့(ဇန်နဝါရီ၂၈ရက်)မွန်လွဲ၁၂နာရီ ၂၀မိနစ်က Level 1 အဆင့်မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားရခြင်းကို အတိကျမသိရသော်လည်းမီးစတင်လောင်ကျွမ်းသည့်အိမ်မှာ ဂစ်တာများကိုပြုလုပ်ရောင်းဝယ်သည့်အိမ်ဖြစ်ပြီး မီးလောင်မှုကြောင်းဘေးအိမ်များကိုကူးစက်သည့်အတွက် Level 1 ယာဉ်အုပ်စုများကိုခေါ်လိုက်ကြောင်းသိရသည်။ မီးလောင်မှုသတင်းအရ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပမှ မီးငြှိမ်းသတ်ယာဉ်များ၊ မြောက်ဥက္ကလာပမြို့ နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာပြီး၁၂နာရီ ၂၅မိနစ်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာ ငြှိမ်းသက်ခဲ့ရာ ၁၂နာရီ၄၅မိနစ်တွင်မီးငြိမ်းသွားကြောင်း သိရသည်။

🇷🇺☄ 💥 🛬 🇺🇦 "ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ချခြင်းခံလိုက်ရသည့် ယူကရိန်းတိုက်ခိုက်ရေးလေယာဉ်တစ်စီး" ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းစစ်မြေပြင်တနေရာတွင် ရုရှား R-37M ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ချခြင်းခံလိုက်ရသည့် ယူကရိန်းလေတပ်မှ Su-25 တိုက်ခိုက်ရေးလေယာဉ်တစ်စင်း​၏နောက်ဆုံးမှတ်တမ်းဗီဒီယို News Of Myanmar NOM

လားရှိုးမြို့တွင် ဆရာတော်တစ်ပါးကို အကြမ်းဖက်သမားတစ်စုက ငယ်ထိပ်ကို တူဖြင့်ထုရိုက်သတ်ရုံမက ဝမ်းဗိုက်ကိုပါ ဓားဖြင့် (၁၂) ချက်ထိုးကာ သတ်ဖြတ်သွား NOM ဇန်နဝါရီ ၂၈၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ် (၄) ရပ်ကွက်၊ မန်းလေးလမ်း၊ ရေကန်လမ်းဆုံ မီးပွိုင့်အနီးရှိ မဟာဗောဓရုံကျောင်းတိုက်က ဆရာတော်တစ်ပါးကို အကြမ်းဖက်သမားတစ်စုက ငယ်ထိပ်ကို တူဖြင့်ထုရိုက်သတ်ရုံမက ဝမ်းဗိုက်ကိုပါ ဓားဖြင့် (၁၂) ချက်ထိုးကာ သတ်ဖြတ်သွားကြောင်းသိရသည်။ News Of Myanmar NOM

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်တွင် 100 KVA ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးတပ်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရနည်းပညာ အထက်တန်း ကျောင်း (စစ်တွေ)တွင် 50 KVA ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးတပ်ဆင်ထားရှိမှု အားလည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) တို့တွင် 100 KVA ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးတပ်ဆင်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေသို့ လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးသုံးပစ္စည်းများ ရောက်ရှိလာမှုကြည့်ရှုစစ်ဆေး ဇန်နဝါရီ ၂၈၊ ၂၀၂၆ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ အဓိပဓိပြည်တွင်း၊ ပြည်ပသာသနာပြုဓမ္မကထိက၊ ရတနာမာရ်အောင်တောရ ဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယကချုပ် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မာဋ္ဌာနာစရိယ မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒအား သွားရောက်ဖူးမြော်ပြီး ဆရာတော်ကြီး၏ သာသနာပြုခရီးစဉ်အတွက် ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် မြောက်ဦးဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေး ခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် မြောက်ဦး ဆရာတော်ကြီးမှ ဆက်လက်လှူဒါန်းမည့် ဆန်နှင့် ပဲများ ထုတ်ပိုးထားရှိမှုကို ကြည့်ရှုကြသည်။ မြောက်ဦးဆရာတော်ကြီး၏ စစ်တွေမြို့ သာသနာပြုခရီးစဉ်တွင် အလှူရှင်များက လှူဒါန်းသော ဆန်နှင့်ပဲများကို စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ၊ လိုအပ်ချက်ရှိသောပြည်သူများ အိမ်ထောင်စု(၅၀၀၀)တို့ကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြရာ ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်မိုးက စီမံကိန်းလုပ်ငန်းများအပေါ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများအား ဖြည့်စွက်ရှင်းလင်းတင်ပြီး ပြည်နယ် အစိုးရအဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ကဆွေးနွေးပေးပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးလုပ်ငန်းများဖြစ်သည့် လမ်းလုပ်ငန်းများ၊ ရေမြောင်းလုပ်ငန်းများ၊ ပလက်ဖောင်းလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ ဈေးများပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း၊ မြို့ဥပဓိရုပ် ကောင်းမွန်စေရေး လုပ်ငန်းများ၊ မြို့ဝင်မုခ်ဦးတည် ဆောက်ခြင်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများအတွက် အကောင် အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းများ ခွင့်ပြုထားရှိ ပြီးဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ကုန်ဆုံးမည် ဖြစ်သည့်အတွက် လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျကြတ်မတ်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အချိန်မီပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဘက်စုံသုံးဆိပ်ကမ်းတွင် ရခိုင်ပြည်နယ်သို့ MV- Royal Venus သင်္ဘောဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ဖောင်တော်ကြီး)သို့သွားရောက်ပြီး အမ်ဗွီရွှေအိမ်သည်သင်္ဘောဖြင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိလာမှုနှင့်အတင်အချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုသည်။ စစ်တွေမြို့တွင် ကုန်တင်ကုန်ချပြုလုပ်နေသော MV- Royal Venus သင်္ဘောတွင် ဆန်နှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများ တန်ချိန် ၃၅၄၄ ဒသမ ၅ တန်တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီရွှေအိမ်သည်သင်္ဘောတွင် တည်ဆောက်ရေးသုံးငန်းများပစ္စည်းတန်ချိန် ၃၃၀၅ တန်တင်ဆောင်၍ စစ်တွေမြို့သို့ရောက်ရှိလာခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေသို့ လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးသုံးပစ္စည်းများ ရောက်ရှိလာမှုကြည့်ရှုစစ်ဆေး ဇန်နဝါရီ ၂
+4
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေသို့ လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးသုံးပစ္စည်းများ ရောက်ရှိလာမှုကြည့်ရှုစစ်ဆေး ဇန်နဝါရီ ၂၈၊ ၂၀၂၆

ယူကရိန်းနိုင်ငံ၊ ခါကော့(ဗ်)ဒေသ၊ ရှီးကော(ဗ်)ကာ အနီးတွင် အခိုင်အမာခံတပ်အဆောက်အဦတစ်ခုအတွင်းရှိသော ယူကရိန်းမောင်းသူမဲ့ဒရုန်းများထိန်းချုပ်ရာစင်တာတစ်ခုကို ရုရှားကင်းထောက်တပ်ဖွဲ့များက တွေ့ရှိသွားပြီးနောက် ပစ်မှတ်များကိုတိကျစွာပစ်ခတ်နိုင်သည့် ခရာစနိုပိုးလ် လေဆာလမ်းညွှန်စနစ်သုံးအမြောက်စနစ်ဖြင့် ပစ်ခတ်ချေမှုန်းခဲ့သည့် ဗီဒီယို ဇန်နဝါရီ ၂၈၊ ၂၀၂၆ News Of Myanmar NOM

နတ်မင်းကြီး ၄ပါး ကန်အတွင်းသို့ အမျိုးသားတစ်ဦး အရက်မူးပြီးပြုတ်ကျ သေဆုံး NOM၊ဇန်နဝါရီ၂၈၊၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရေးလမ်း၊ နတ်မင်းကြီး ၄ပါး ကန်တွင် ယမန်နေ့ဇန်နဝါရီ ၂၇ရက်ညနေ၅နာရီ၂၅မိနစ်က အမျိုးသားတစ်ဦး ခြေချောပြီးကန် အတွင်းပြုက်ကျကာသေဆုံခဲ့ကြောင်း ဇဗ္ဗူသီရိ လူမှုကူညီရေးအသင်း မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ အသက်၃၀ ဝန်ကျင်ရှိအမျိုးသားတစ်ဦးသည်အရက်မူးပြီး နတ်မင်းကြီး ၄ပါး ကန်ေဘာင် ပေါ်မှလမ်းလျောက်လာစဉ် ခြေချော်ပြီးကန်အတွင်းသို့ပြုက်ကျခဲ့ပြီးရေနစ်သေဆုံးခဲ့ကြောင်းသိရသည်။ "ကျွန်တော်တို့အသင်းကို အမျိုးသားတစ်ဦးရေနစ်နေတယ်ဆိုပြီးအကူညီလှမ်းတောင်လို့ သွားရောက်ကူညီပေးခဲ့တာပါကျွန်တော်တို့ရောက်တော့မီးသတ်တပ်ဖွဲ့တွေလည်းရောက်နေပါတယ်ကျွန်တော်တို့လည်းသူတို့နဲ့အတူပူးပေါင်ရှာဖွေ ခဲ့တာ ညနေ ၅နာရီ ၄၀မိနစ်တွင်ရေနစ်တဲ့အမျိုးသားကိုသေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ပါတယ်"ဟု ဇဗ္ဗူသီရိ လူမှုကူညီရေးအသင်း မှတာဝန်ရှိသူတစ်ဦးကပြောသည်။ လူတစ်ဦး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် ထားဝယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းသားများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ပြီး သေဆုံးသူအမျိုးသား DBကို ဇဗ္ဗူသီရိ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ထားဝယ်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

Repost from NOM
🇮🇷 ☠️ 🇮🇱အီရန်နိုင်ငံတွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်စောစော ဆုတောင်းဝတ်ပြုပွဲများပြုလုပ်ပြီးချင်း ချက်ချင်း အီရန်တရားရေးဌာနက အစ္စရေးထောက်လှမ်းရေး မော့ဆက်အတွက် သူလျှိုလုပ်ပေးခဲ့သည့် သစ္စာဖောက်တစ်ဦးကို ကြိုးပေးကွပ်မျက်ခဲ့သည်။ NOM

ဘောလခဲပြည်သူ့ဆေးရုံ ပြည်လည်ဖွင့်လှစ်နိုင်ရေး သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဘိုးဘွားများအား ဆန်နှင့် ဆေးဝါးများထောက်ပံ့ ဇန်န
+3
ဘောလခဲပြည်သူ့ဆေးရုံ ပြည်လည်ဖွင့်လှစ်နိုင်ရေး သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဘိုးဘွားများအား ဆန်နှင့် ဆေးဝါးများထောက်ပံ့ ဇန်နဝါရီ ၂၈၊ ၂၀၂၆ ကယားပြည်နယ်၊ ဘောလခဲမြိုနယ်၌ ယနေ့နံနက်ပိုင်းက နယ်မြေဒေသအခက်အခဲများကြောင့် ယာယီပိတ်ထားသည့် မြို့နယ်ပြည်သူ့ဆေးရုံပြည်လည်ဖွင့်လှစ်နိုင်ရေးနိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်သည်။ မြို့နယ်ပြည်သူ့ဆေးရုံ၌ သန့်ရှင်းရေးပြုလုပ်ရာတွင် ဆေးရုံအတွင်း ဆေးပေးခန်း၊ လူနာဆောင်များ၊ စတိုခန်းများ၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရွံနွံများဆေးကြောခြင်းနှင့် ဆေးရုံပတ်ဝန်းကျင်အတွင်း အမှိုက်များရှင်းလင်းခြင်းတို့ ပြုလုပ်ကြသည်။ အဆိုပါ ပြည်သူ့ဆေးရုံသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်းကို ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြသည်။ ထို့နောက် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရှမ်းပိုင်းနှင့် ကယားပိုင်းရပ်ကွက်များတွင် နေထိုင်သည့် အသက် (၈၀) ကျော် အဘိုးအဘွားများအား ဆန်နှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

Repost from NOM
ဘ၀ရှင်မင်းတရားကြီးသဖွယ်မျိုး လုပ်ဆောင်နေတဲ့ ဒေါ်နယ်ထရမ့်က သူ ရာသက်ပန် ဦးဆောင်မယ့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ပါဝင်မယ့် နိုင်င
ဘ၀ရှင်မင်းတရားကြီးသဖွယ်မျိုး လုပ်ဆောင်နေတဲ့ ဒေါ်နယ်ထရမ့်က သူ ရာသက်ပန် ဦးဆောင်မယ့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ပါဝင်မယ့် နိုင်ငံတွေစာရင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ပါဝင်နိုင်ငံတွေထဲမှာတော့ ထရမ့်ကို ထောက်ခံမှုနဲ့ ထင်ရှားတဲ့ Bukele ရဲ့ အယ်လ်ဆာဗေဒို၊ Milei ရဲ့ အာဂျင်တီးနား၊ Orban ရဲ့ ဟန်ဂေရီ၊ ထရမ့်သက်တမ်းအတွင်း အမေရိကန်နဲ့ ဒေါ်လာထရီလီယံတန်ဖိုးရှိတဲ့ ရင်းနှီးမြုပ်နှံမှု သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့တဲ့ ကာတာ၊ ဆော်ဒီတို့ ပါဝင်နေပါတယ်။ ဖိတ်ခေါ်မခံရတဲ့ ဆူဒန်ကလွဲရင် အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးရှိတဲ့ အာရပ်နိုင်ငံအားလုံး ပါဝင်ခဲ့ပြီး အထင်အရှား မပါဝင်ခဲ့တဲ့ နိုင်ငံတွေကတော့ ဖိတ်ခေါ်မှုကို တရားဝင်ငြင်းပယ်ခဲ့တဲ့ အနောက်ဥရောပနိုင်ငံအများအပြားနဲ့ နှုတ်ဆိတ်နေတဲ့ ရုရှား၊ တရုတ်တို့ ဖြစ်ပါတယ်။ ပါဝင်တဲ့နိုင်ငံတွေကတော့ - အယ်လ်ဘေးနီးယား အာဂျင်တီးနား အာမေးနီးယား အဇာဘိုင်ဂျန် ဘာရိန်း ဘယ်လာရုစ် ဘူလ်ဂေးရီးယား ကမ္ဘောဒီးယား အီဂျစ် အယ်လ်ဆာဗေဒို ဟန်ဂေရီ အင်ဒိုနီးရှား ဂျော်ဒန် ကာဇက်စတန် ကိုဆိုဗို ကူဝိတ် မွန်ဂိုလီးယား မော်ရိုကို ပါကစ္စတန် ပါရာဂွေး ကာတာ ဆော်ဒီ တူရကီ ယူအေအီး ဥဇဘက်ကစ္စတန် ဗီယက်နမ် NOM

"ရန်ကုန်-မန္တလေးအမြန်လမ်းသုံးစွဲသည့် ပြည်သူများသို့ ပန်ကြားချက်ထုတ်ပြန်" ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ၂၈-၃-၂၀၂၅ မန္တလေးငလျင်ကြီးကြောင့် ၁၆၅မိုင် ၁ဖာလုံ နှင့် ၁၆၅မိုင်၃ဖာလုံ အတွင်းရှိဆွာချောင်းတံတား မှာ အကြီးစားထိခိုက်ပျက်စီးခဲ့ရပြီး နေပြည်တော် မှ ရန်ကုန် သို့သွားသောလမ်းပေါ် ရှိတံတားကို အသစ်ပြန်လည်တည်ဆောက်လျက်ရှိပါသည်။ ရန်ကုန်မှနေပြည်တော်သို့သွားသောလမ်းပေါ်ရှိ တံတားမှာလည်းအရေးပေါ်ယာယီအသုံးပြုနိုင်ရန် တံတားအောက်မှဒေါက်များထောက်ခြင်း၊ တံတားအပေါ်၌ ဘေလီသံပေါင် များ တပ်ဆင်ခြင်းများပြုလုပ်၍ သုံးစွဲလျက်ရှိရာ တံတားကိုအသစ် ပြန်လည်တည်ဆောက်ပြီးစီးမည့် ၂၀၂၆ မတ်လကုန်အထိ အန္တရာယ်ကင်းစွာသုံးစွဲနိုင်ရေးအတွက် ယာဥ် ၁ စီးလျှင် ခရီးသည်+ကုန် (၂၃) တန်အထိသာ ဖြတ်သန်းခွင့်ပြုထားပါသည်။ အမြန်လမ်းတိုးဂိတ်ကတ္တားများ၌ ခရီးသည်တင် မှန်လုံယာဥ်ကြီးများနှင့် ခွင့်ပြုကုန်စည်တင်ယာဥ်များကို ယာဥ်+ခရီးသည်/ပစ္စည်း (၂၃) တန် အထိ အများဆုံးသယ်ဆောင်ခွင့်ပြုထားပါသည်။ ကညနမှခွင့်ပြုထားသောယာဥ်အမျိုးအစားအလိုက်သယ်ဆောင်ခွင့်ပြုထားသောယာဥ်+ခရီးသည်/ကုန်သတ်မှတ်တန်ချိန် များကိုလည်း ဇယားဖြင့်တိကျရှင်းလင်းစွာဖော်ပြထားပါသည်။ စုစုပေါင်းအလေးချိန် (၂၃) တန်ထက်ပိုသော ယာဥ်များအနေဖြင့် အမြန်လမ်းကို (လုံးဝ) သုံးစွဲခွင့်ပြုမည်မဟုတ်ဘဲ အခြားလမ်းများမှသွားလာရမည်ဖြစ်ပါကြောင်း ခရီးသွား ပြည်သူများအား အသိပေးပန်ကြားအပ်ပါသည်။ - (အမြန်လမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့)

မန္တလေးတွင် ရောက်ရှိနေသော စစ်ဘေးရှောင်များမိုးကုတ်မြို့သို့ ပြန်ရန် ကားအခမဲ့ပို့ဆောင်ပေး NOM၊ဇန်နဝါရီ၂၈၊၂၀၂၆ မိုးကုတ်မြို့မှ
မန္တလေးတွင် ရောက်ရှိနေသော စစ်ဘေးရှောင်များမိုးကုတ်မြို့သို့ ပြန်ရန် ကားအခမဲ့ပို့ဆောင်ပေး NOM၊ဇန်နဝါရီ၂၈၊၂၀၂၆ မိုးကုတ်မြို့မှ မန္တလေးတွင် ရောက်ရှိနေသော စစ်ရှောင်များ နေရပ်ပြန်ရန်အတွက် အခမဲ့ပို့ဆောင်ပေးမည့် ခရီးစဥ်ကို၃ရက်ခြားတစ်ခေါက်ဖြင့် ၆ခေါက်ပြေးဆွဲပေးရန်စီစဉ်ထားသည့်ဟုမန္တလေးရောက် မိုးကုတ်လူငယ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မိုးကုတ်လူငယ်ပရဟိတအဖွဲ့မှ စစ်ရှောင်များနေရပ်ပြန်ရန် ကားအခမဲ့ပို့ ဆောင်ပေးမည့် ခရီးစဥ်ကို လိုက်ပါမည့်သူများကိုစုရပ်အဖြစ် ၇၈လမ်းနှင့် ၃၄ လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာရှေ့တွင် ယမန်နေ့(ဇန်နဝါရီ ၂၇ရက်) နံနက်ပိုင်းတွင်ပထမအကြိမ်တစ်ကြောင်းပြေးဆွဲခဲ့ပြီး ဒုတိယအကြိမ်ကိုဇန်နဝါရီ၃၀ရက်နေ့တွင်ထပ်မံပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိမိုးကုတ်မြို့တွင်တိုက်ပွဲဖြစ်ပွားမှုမရှိတော့သည့်အတွက်မန္တလေးရောက်စစ်ရှောင်များ နေရပ်ပြန်မည်ဆိုပါက အခမဲ့ပြန်နိုင်ရန်အတွက် ဖုန်းနံပါတ် ၀၉၉၈၂၂၊၅၀၃၆၃သို့ ကြိုတင်ဆက်သွယ်စာရင်းပေးပို့နိုင်ကြောင်း သိရသည်။

ကိုယ့်နိုင်ငံသားလည်း မဟုတ်။ အင်္ဂလိပ်ခေတ်မှာ စပါးစိုက်ဖို့ ခေါ်သွင်းလာရင်းနဲ့ ကျွင်းကျန်ရစ်တဲ့ သူတွေ။ မြန်မာနိုင်ငံ လွတ်လပ်ရေ
ကိုယ့်နိုင်ငံသားလည်း မဟုတ်။ အင်္ဂလိပ်ခေတ်မှာ စပါးစိုက်ဖို့ ခေါ်သွင်းလာရင်းနဲ့ ကျွင်းကျန်ရစ်တဲ့ သူတွေ။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတော့ ပြည်တွင်းစစ်က ထဖြစ်ချိန်။ အစိုးရတောင် ရနိကုန်အစိုးရလို့ သမုတ်ခံရချိန်မှာ ရခိုင်ကလည်း ရခိုင်သူပုန်နဲ့ မူကျာဟစ်တွေ သိမ်းတာ ခံရတာပဲ။ အဲ့ဒီတုန်းကလည်း ဒီမောင်တော ပတ်ဝနိးကျင်ပဲ။ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းကစလို့ မြို့ပေါင်း ၄၀ ကျော်လောက်က KNDOနဲ့ ဗကပ လက်ထဲ ကျနေချိန်၊ ယင်းမာပင်၊ ပျော်ဘွယ်ကအစ ရန်သူလက်အောက်ကျနေချိန်မှာ ရခိုင်ဆိုတာ နယ်မြေရှင်းဖို့ စိတ်ကူးထဲတောင် မထည့်နိုင်ခဲ့ဘူး။ မျက်လုံးထဲ မြင်အောင်ပြရရင် ခုခေတ်လိုပဲ။ တပ်ဟာ ကချင်၊ ရခိုင်၊ ရှမ်းမြောက်နဲ့ ဧရာဝတီ တွေမှာ တပ်ဖြန့် စစ်ကစားရတော့ စစ်ဘောင်ကျယ်လွန်းနေချိန်မျိုးမှာ ကူမင်းဆွေးနွေးချက်အရ နိုင်ငံရေးအပေးအယူသဘောမျိုး အပစ်အခတ်ရပ်မှာပဲ။ ဒါမှ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် ကျယ်မှာကိုး။ ဦးနု ဖဆပလမှာလည်း ဒီလို ပုံစံတူဖြစ်ခဲ့လို့ ရွေးကောက်ပွဲဟာ ရက်ပေါင်း ၂၀၀ လောက်အထိ အလီလီ ကျင်းပခဲ့ရတာ။ ပြောချင်တာက....မူဂျာဟစ်တွေ သိမ်းထားတဲ့ မောင်တောဒေသဟာ ဦးနေဝင်း အစိုးရ ဖြစ်တော့မှပဲ နယ်မြေရှင်းခံရတော့တယ်။ ကြားထဲ သန့်ရှင်း ဖဆပလ အတွက် အစိုးရ အယုံအကြည် မရှိကြောင်း အဆိုတင်သွင်းချိန်၊ ရခိုင်အမတ်တွေရဲ့ မဲကို ယူပြီး ရခိုင်ပြည်နယ် သတ်မှတ်ပေးဖို့ အပေးအယူလုပ်ခဲ့ရတာ တစ်ကြောင်း၊ မူဂျာဟစ်တွေ လက်နက်ချလို့ အသံလွှင့်ဌာနမှာ ရိုဟင်ဂျာဆိုပြီး ကြေညာခဲ့တာ တစ်ကြောင်း။ ဆိုတော့ ...မူဂျာဟစ်တွေကလည်း အဲ့ဒီကာလ ကတည်းက နယ်မြေတောင်းခဲ့တဲ့ အနေအထား ရှိခဲ့တာ တွေ့ရတယ်။ ရခိုင်မှာ ခိုးဝင် အခြေချတယ်။ တအိမ်ထောင်ကို အယောက် ၇၀ လောက် သားဖောက်ထားတော့ ရခိုင်မြောက်ဘက်မှာ ဘင်္ဂလီ ၁၀၀ ရှိရင် ရခိုင် ၂၀ လောက်ပဲ ပမာဏ ကျန်တော့တယ်။ ခုပြောနေတာက ဘာသာရေးကိုးကွယ်မှုကို ကန့်ကွက်တာမဟုတ်ဘူး။ နိုင်ငံသားမဟုတ်တဲ့ ခိုးဝင်တွေက ရည်ရွယ်ချက် ရှိရှိ သားဖောက်ကျူးကျော်ပြီး ရခိုင်တကျပ်၊ ဗမာ တကျပ် ဆိုတာတွေ ပြောနေခဲ့ကြပြီ။ ကိုယ့်နိုင်ငံသားလည်း မဟုတ်သလို တိုင်းရင်းသား မျိုးနွယ်စုထဲလည်း မပါဘူး။ စစ်တကောင်းနွယ် ဘင်္ဂလီစကားပြောတဲ့သူတွေက ရုပ်ဆင်း အင်္ဂါနဲ့ ယဉ်ကျေးမှုတွေ ချွတ်စွတ် တူတာတောင် ဘင်္ဂလားဒေရှ့်ရဲ့ လူမျိုးစု စာရင်းမှာ ရိုဟင်ဂျာ ဆိုတာ မရှိဘဲ မြန်မာနိုင်ငံ၊ ရခိုင်ပြည်ထဲမှာပဲ ဒီလူမျိုးက သီးသန့်ကွက်ရှိသတဲ့။ ဘာ နိုင်ငံတကာ ဖိအားမှ စိုးရိမ်ပြီး လက်သင့်ခံစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။ အမေရိကန်မှာတောင် ခိုးဝင်‌တွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်‌နေချိန်၊ ဘင်္ဂလီ တွေအနေနဲ့ မြန်မာနိုင်ငံသား ဖြစ်ချင်ရင် သတ်မှတ်ထားတဲ့ ဥပဒေရှိပါတယ်။ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ကိုက်ညီမှသာ နိုင်ငံသား ဖြစ်ခွင့် ပြုရမှာ ဖြစ်ပါတယ်။ (နရီမိုး)

မြန်မာ့မီးရထားအနေဖြင့် ရထားလက်မှတ်ဝယ်ယူရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ်ဖြင့် ရှေ့ပြေးစမ်းသပ
မြန်မာ့မီးရထားအနေဖြင့် ရထားလက်မှတ်ဝယ်ယူရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ်ဖြင့် ရှေ့ပြေးစမ်းသပ်မှုစတင် ဇန်နဝါရီ ၂၈၊ ၂၀၂၆ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ရထားလက်မှတ်ဝယ်ယူရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရထားလက်မှတ်များကို Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ် (Online Railways Ticketing and Payment System – ORTP) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပြင်ဆင်ပေးလျက်ရှိသည်။ အဆိုပါစနစ် ရှေ့ပြေးစမ်းသပ်မှုအစီအစဉ် (Pilot Project) အဖြစ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ဖေဖော်ဝါရီ ၇ ရက်တွင် ပြေးဆွဲပေးမည့် အမှတ်(၁၁)အဆန်/ (၁၂)အစုန် (ရန်ကုန် - မန္တလေး - ရန်ကုန်) လူစီးအမြန်ရထား၊ အမှတ်(၇)အဆန်/ (၈)အစုန် (ရန်ကုန် - နေပြည်တော် - ရန်ကုန်) DEMU အမြန်ရထား၊ အမှတ်(၃၁)အဆန်/ (၃၂)အစုန် (ရန်ကုန် - နေပြည်တော် - ရန်ကုန်) DEMU အမြန်ရထားနှင့် အမှတ်(၂၇)အဆန်/ (၂၈)အစုန် (မန္တလေး - နေပြည်တော် - မန္တလေး) လူစီးအမြန်ရထား ခရီးစဉ်များ၏ ရထားလက်မှတ်များကို ယခုလာမည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမည်ဖြစ်သည်။ ORTP စနစ်ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်းရှိ လူစီးအမြန်ရထားများ စီးနင်းလိုက်ပါရန် လက်မှတ်များဝယ်ယူရာတွင် ခရီးစဉ်အစအဆုံး စီးနင်းလိုက်ပါလိုပါက (၇)ရက်ကြိုတင်၍လည်းကောင်း၊ ကြားဘူတာများမှ စီးနင်းလိုက်ပါလိုပါက (၃)ရက်ကြိုတင်၍လည်းကောင်း ဝယ်ယူနိုင်ပြီး ရထားထွက်ခွာ ဆိုက်ရောက်ချိန်များ၊ ရပ်တန့်ဘူတာများ၊ လက်မှတ်ခနှုန်းထားများမှာ ယခင်အတိုင်းဖြစ်သည်။ အဆိုပါစနစ်ကို အသုံးပြုမည်ဆိုပါက မိမိအသုံးပြုလိုသည့် Browser တစ်ခုခုကိုဖွင့်ပြီး ortp.railways.gov.mm ဆိုသည့် Link အား ရိုက်နှိပ်၍ စနစ်သို့ လွယ်ကူစွာ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထို့အပြင် စနစ်အတွင်းသို့ လွယ်ကူစွာဝင်ရောက်နိုင်ရန် ပြုလုပ်ထားသော QR Code ကို မိမိလက်ကိုင်ဖုန်းဖြင့် Scan ဖတ်၍လည်း ဝင်ရောက်နိုင်သည်။ စနစ်အား အသုံးပြုပုံအဆင့်ဆင့် အသိပညာပေးခြင်းအစီအစဉ်နှင့် စနစ်သို့ဝင်ရောက်နိုင်သည့် Link နှင့် QR Code တို့ကို မြန်မာ့ရုပ်မြင်သံကြား၊ နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့မီးရထား Website နှင့် ဘူတာရုံအသီးသီးတို့တွင် ကြေညာအသိပေးထားပြီးဖြစ်သည်။ ခရီးသွားပြည်သူများအနေဖြင့် Online မှ လက်မှတ်များဝယ်ယူရန် အခက်အခဲတစ်စုံတစ်ရာရှိပါကလည်း သက်ဆိုင်ရာဘူတာရုံ/ လက်မှတ်ရုံများသို့ လာရောက်၍လည်း အဆိုပါစနစ်အသုံးပြုပြီး ဝယ်ယူရရှိနိုင်ရန် စီစဉ်ပေးထားသည်။ ORTP စနစ်ဖြင့် လက်မှတ်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက မြန်မာ့မီးရထား၏ Hotline ဖုန်းအမှတ် - ၁၁၈၈ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်းသိရသည်။

Repost from NOM
🇮🇷🇮🇶 🔫🇺🇸အီရန်နှင့် အမေရိကန်စစ်ဖြစ်ခဲ့ပါက အီရန်ဘက်မှ အသေခံဝင်တိုက်ခိုက်ပေးရန်အတွက် အီရတ်ခါတာအီ(ပ်)ဟစ်(ဇ်)ဘိုလာပြည်သူ့စစ
+2
🇮🇷🇮🇶 🔫🇺🇸အီရန်နှင့် အမေရိကန်စစ်ဖြစ်ခဲ့ပါက အီရန်ဘက်မှ အသေခံဝင်တိုက်ခိုက်ပေးရန်အတွက် အီရတ်ခါတာအီ(ပ်)ဟစ်(ဇ်)ဘိုလာပြည်သူ့စစ်တပ်ဖွဲ့မှ ရာနှင့်ချီသောတိုက်ခိုက်ရေးသမားများသည် စာရင်းပေးလျက်ရှိသည်။ ခါတာအီ(ပ်)ဟစ်(ဇ်)ဘိုလာအဖွဲ့သည် အီရတ်ရှိသက်တမ်းအရင့်ဆုံးနှင့် အကြီးမားဆုံးရှီးဟိုက်ပြည်သူ့စစ်တပ်ဖွဲ့များအနက်တစ်ခုဖြစ်ပြီး အီရန်နိုင်ငံနှင့် အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီတို့အတွက် အသေခံခုခံတိုက်ခိုက်သွားမည်ဟု ကတိပြုထားသည်။ NOM

Repost from NOM
“အိမ်နီချင်းနိုင်ငံတွေက ကျနော်တို့နဲ့ အဆင်ပြေပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ နယ်မြေ၊ လေပိုင်နက် ဒါမှမဟုတ် ရေပိုင်နက်တွေကို အီရန်ကို
“အိမ်နီချင်းနိုင်ငံတွေက ကျနော်တို့နဲ့ အဆင်ပြေပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ နယ်မြေ၊ လေပိုင်နက် ဒါမှမဟုတ် ရေပိုင်နက်တွေကို အီရန်ကို ဆန့်ကျင်ဖို့အတွက် အသုံးပြုမယ်ဆိုရင် ရန်လိုတဲ့နိုင်ငံတွေအဖြစ် သတ်မှတ်မှာပါ၊ ဒီသတင်းစကားကို ဒေသတွင်းအဖွဲ့အစည်းတွေဆီ ပေးပို့ထားပါတယ်” - အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ရေတပ်ကွန်မန်ဒါ Alireza Tangsiri NOM

🇮🇷⚔️ 🇺🇸"အမေရိကန်ဟာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ အီရန်ကို တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ဒေသတွင်းမှာ တပ်အင်အား မလုံလောက်တာနဲ့ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက် မရှင်းလင်းသေးတာကြောင့် နောက်ဆုံးအချိန်မှာပဲ အဆိုပါတိုက်ခိုက်မှုကို ရပ်ဆိုင်းလိုက်ရပါတယ်" လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စအားလုံးထဲမှာ အရေးကြီးဆုံးအချက်ကို မလျစ်လျူရှုနိုင်ပါဘူး။ အဲဒီအချက်က စစ်ဆင်ရေးကို နောက်ရွှေ့ဖို့ ဆုံးဖြတ်စေခဲ့တဲ့ အရေးကြီးဆုံး အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဇန်နဝါရီ ၁၄ ရက်ညမှာ အီရန်က သူ့ရဲ့ လေကြောင်းပိုင်နက်(airspace) ကို ပိတ်လိုက်ပါတယ်။ အဲဒါက တိုက်ခိုက်မှုတစ်ခု လာမယ်ဆိုတာကို သူတို့ သိထားပြီးသား ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တိုက်ခိုက်မှု မလွဲမသွေ ဖြစ်လာတော့မယ်ဆိုတာကို ၁၀၀% ယုံကြည်စေတဲ့ အချက်အလက်များ (signals) ကို သူတို့ ရရှိထားတာကြောင့်သာ လေပိုင်နက်ကိုပိတ်ခဲ့တာဖြစ်ပါတယ်။ ဒီအချက်က ၁၂ ရက်ကြာ အီရန်-အစ္စရေးစစ်ပွဲ အချိန်ထက် (အဲဒီတုန်းကတော့ လုံးဝမမျှော်လင့်ထားဘဲ NOTAM တစ်ခုတောင် မထုတ်ခဲ့တဲ့ အချိန်) အခုအချိန်မှာ အီရန်ဟာတိုက်ခိုက်မှုအတွက် ပိုပြီး အသင့် ဖြစ်နေပြီဆိုတာကို ပြသနေပါတယ်။ ဒီတစ်ခါမှာတော့ ရန်သူရဲ့ စီမံချက်ကို အကောင်အထည်ဖော်မလုပ် ခင်တင် အီရန်က ကြိုတင်သိရှိသွားနိုင်ခဲ့ပြီး၊ ဒါက ထရမ့်က စစ်ဆင် ရေးကို နောက်ရွှေ့ဖို့ဆုံးဖြတ်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ခဲ့တယ်လို့ ထင်ရပါတယ်။ အမေရိကန်က တိုက်ခိုက်ရေးအစီအစဉ်ကို လျှို့ဝှက်ထားနိုင်ပြီး မမျှော်လင့်ဘဲ ရုတ်တရက် တိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင် အင်အားနည်းနည်းပဲ လိုအပ်မယ်ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ အီရန်ဘက်က စောင့်ကြည့်နေပြီး ပြင်ဆင်ပြီးသား ဖြစ်တာကို သိတဲ့အတွက် အမေရိကန်အနေနဲ့တိုက်ခိုက်မှု အောင်မြင်ဖို့ စစ်အင်အားပိုမိုလိုအပ်လာတာ ဖြစ်ပါတယ်။ - အရှေ့အလယ်ပိုင်းအရေးလေ့လာသုံးသပ်သူတစ်ဦး​၏ သုံးသပ်ချက် News Of Myanmar NOM

အမေရိကန်တွင်နှင်းမုန်တိုင်းကြောင့်၃၀ဦးသေဆုံး NOM အမေရိကန်နိုင်ငံရှိ ပြည်နယ်များစွာကို ထိခိုက်ခဲ့သော ပြင်းထန်သည့် နှင်းမုန်တိ
အမေရိကန်တွင်နှင်းမုန်တိုင်းကြောင့်၃၀ဦးသေဆုံး NOM အမေရိကန်နိုင်ငံရှိ ပြည်နယ်များစွာကို ထိခိုက်ခဲ့သော ပြင်းထန်သည့် နှင်းမုန်တိုင်းကြောင့် လူအနည်းဆုံး ၃၀ ဦး သေဆုံးခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။ သေဆုံးသူများအနက် နှင်းဖယ်ရှားရေး ယာဉ်များက တိုက်မိ၍ သေဆုံးသူ ၂ ဦး ပါဝင်သလို၊ နှင်းလျှောကစားနေစဉ် မတော်တဆမှုကြောင့် သေဆုံးခဲ့သော လူငယ်များလည်း ရှိသည်။ ထို့အပြင် ကန်းဆက် ပြည်နယ်တွင် နှင်းထဲမှ ကိုယ်ခန္ဓာအလောင်း တွေ့ရှိခဲ့သော အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။ နယူးယောက်ပြည်နယ်တွင် အပတ်ကုန်အတွင်း လမ်းမပေါ်တွင် အေးခဲသေဆုံးခဲ့သော လူ ၈ ဦးကို တွေ့ရှိခဲ့သည်။