ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 11 422 名订阅者,在 新闻与媒体 类别中位列第 16 330,并在 缅甸 地区排名第 9 947 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 11 422 名订阅者。

根据 27 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -136,过去 24 小时变化为 -9,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 5.67%。内容发布后 24 小时内通常能获得 4.32% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 648 次浏览,首日通常累积 493 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 10。

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

凭借高频更新(最新数据采集于 28 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

11 422
订阅者
-924 小时
-317 天
-13630 天
帖子存档
ရွှေကူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သည့်
+5
ရွှေကူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှု ကြောင့် ကလေးတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ NOM အောက်တိုဘာ ၁၅၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံ၌ အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်၍ သေဆုံး/ ဒဏ်ရာရရှိထားသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် ရွှေကူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှု ကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် မောင်ထက်ရှားကျော် (၉) နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်မျိုးမြင့်ဇော် (၇) နှစ်၊ ဦးအောင်ကျော်ထွန်း (၃၃) နှစ်၊ ဦးမင်းအောင် (၆၀) နှစ်၊ မနုနုဝင်း (၂၈) နှစ်နှင့် မတင်တင်ထွေး (၁၈) နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
15 10月, 12:25

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား
+1
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် အောက်တိုဘာလ ၁၄၊ ၂၀၂၆ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၅ ထပ်အဆောက်အအုံ ၁ လုံးအား ဆက်လက် ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ ၉၄ ရာခိုင်နှုန်း ဖြိုချ ဖျက်ဆီးပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ၅ ထပ်အဆောက်အအုံ ၁ လုံးအား ဖြိုချဖျက်ဆီးမှုမှာ ယနေ့အထိ ၄၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းနှင့် ၁၃ ထပ် အဆောက်အအုံ ၁လုံးအားလည်း ယမ်းပြင်ယမ်းကပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၆၃ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်း ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားပြီး စနစ်တကျဖြိုချ ဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့်အဆောက်အအုံ ၄ လုံးအနက် ၃ လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖြိုချဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ ၆၀ ကိုလည်း ဆက်လက်၍စနစ်တကျ ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု (Online Scam) များ ပပျောက်စေရေးအတွက် နိုင်ငံတော်အစိုးရက အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ အပြီးတိုင်လုံးဝပပျောက်သွားစေရေး အထူးအလေးထား နှိမ်နင်းလျက်ရှိကြောင်း သိရှိရသည်။
15 10月, 11:16

ယီမင်မှ ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ဆော်ဒီအာရေဗျနိုင်ငံ၊ အဘ်ဟာလေဆိပ် (Abha) အားထိမှန်ခဲ့မှုကို ပြသသည့် CCTV လုံခြုံရေးကင်မရာ ဗီဒီယိုဖိုင်။
15 10月, 11:15

လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျာဇန်လေဆိပ် (Jazan Airport) အား ဟူသီတို့ ပစ်လွှတ်လိုက်သည့် ဒုံးကျည်/ ဒရုန်း တိုက်ရိုက်ထိမှန်ခဲ့မှုအဖြစ်အပျက်ကို ပြသသည့် CCTV လုံခြုံရေးကင်မရာ ဗီဒီယိုဖိုင်။
15 10月, 11:12

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ နိုင်ငံတော်သမ္မတ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်လှိုင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပေးပို့သည့် အဖွင့်မိန့်ခွန်း
15 10月, 11:10

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံ NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသည့်
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံ NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက လာရောက်ဂါရဝပြုတွေ့ဆုံ   NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံ လာရောက်ဂါရဝပြုတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေး ရယူပြီးနောက် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပါဝင်လိုပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ကြောင်း၊ သာမန်အရပ်သားပြည်သူများကဲ့သို့လည်း ဥပဒေ အကာအကွယ်ဖြင့် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ကြောင်း ပြောကြားခဲ့သည်။
15 10月, 11:07

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ NCA (၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် Video Message ဖြင့် မိန့်ခွန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ NCA (၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် Video Message ဖြင့် မိန့်ခွန်းပြောကြား NCA (၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက Video Message ဖြင့် မိန့်ခွန်းပြောကြားသည်။ နိုင်ငံတော်သမ္မတက ပြည်နယ်တစ်ခုသည် လူမျိုး တစ်မျိုးတည်း၏ ပိုင်ဆိုင်မှု မဟုတ်ဘဲ အဆိုပါဒေသတွင် နေထိုင်ကြသည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်သည်ဟူသည့် သဘောထားကို အလေးထားရန်လိုကြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည် နိုင်ငံတော် နှင့် တိုင်းရင်းသားပြည်သူများအတွက် ဆုံးရှုံးနစ်နာမှုများကိုသာ ဖြစ်ပေါ်စေခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများကိုလည်း ထိခိုက်စေခဲ့ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ် ဖြစ်ကြောင်း ပြောကြားသည်။
15 10月, 11:06

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA(၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက လာရောက်ဂါရဝပြုတွေ့ဆုံ
15 10月, 11:05

ယီမင်နိုင်ငံတွင် ဟူသီလက်နက်ကိုင် တပ်ဖွဲ့များက ဆော်ဒီအာရေဗျ၏ ယူရိုဖိုက်တာ တိုင်ဖွန်း 'Eurofighter Typhoon' တိုက်လေယာဉ်တစ်စင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဗီဒီယိုဖိုင်ကို ထုတ်ပြန်လိုက်သည်။ လေယာဉ်ကို ပစ်ချနိုင်သည်အထိ နီးစပ်ခဲ့သော်လည်း ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့ပြီး လေယာဉ်မှာ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ဖွယ်ရှိသည်။ ဗီဒီယိုဖိုင်ပါ အချက်အလက်များအရ အနီးကပ်ပေါက်ကွဲစေတတ်သော ဒုံးကျည်ပါရှိသည့် အီရန်နိုင်ငံထုတ် လေကြောင်းရန်ကာကွယ်ရေး (AD) စနစ်တစ်မျိုးကို အသုံးပြုခဲ့ကြောင်း (လေယာဉ်ကို တိုက်ရိုက်မထိဘဲ အနီးနားတွင် ပေါက်ကွဲစေခဲ့ကြောင်း) ကောက်ချက်ချနိုင်သည်။
15 10月, 11:05

နယ်စပ်ရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီးခန့်အပ်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီးခန့်အပ်
15 10月, 10:54

အစ္စရေးသမ္မတမိန့်ခွန်းပြောစဉ်သပိတ်မှောက်ထွက်ခွါ NOM အဇာဘိုင်ဂျန်နိုင်ငံဘာကူမြို့တွင် ကျင်းပလျက်ရှိသော CICA (အာရှယုံကြည်မှုတည်ဆောက်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့) ထိပ်သီးအစည်းအဝေး၌ အစ္စရေးသမ္မတ အိုင်ဆက် ဟာဇော့ဂ် စကားပြောကြားရန် စတင်စဉ် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၊ အီရန်၊ တူရကီ၊ ကူဝိတ်နှင့် ပါကစ္စတန်တို့မှကိုယ်စားလှယ် အဖွဲ့များသည် ယနေ့တွင် ခန်းမအတွင်းမှ သပိတ်မှောက်ထွက်ခွာသွားခဲ့ကြသည်။
15 10月, 10:49

ချောင်းဦးမြို့နယ်၊ ချောင်းဦးတောင်ရပ်ကွက်နေ အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟုစွပ်စွဲသတ်ဖြတ် NOM အောက်
ချောင်းဦးမြို့နယ်၊ ချောင်းဦးတောင်ရပ်ကွက်နေ အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟုစွပ်စွဲသတ်ဖြတ် NOM အောက်တိုဘာ ၁၅၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးတောင်ရပ်ကွက်နေ ဦးအေးမင်းထွန်း (၃၅) နှစ်သည် အောက်တိုဘာလ ၁၄ ရက်နေ့ည ၇ နာရီခွဲအချိန်၌ ၎င်း၏ဇနီးဖြစ်သူ မခိုင်ဇင်ဖြိုး (၂၈) နှစ်နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်”ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM
15 10月, 08:14

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားအဖွဲ့ချုပ်များသို့ ယွမ်နှစ်သိန်းလှူဒါန်း NOM၊အောက်တိုဘာ၁၅၊၂၀၂၆ မြန်မာ-တရုတ်ချစ်ကြည်ရေးအထိမ်းအမှတ် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားအဖွဲ့ချုပ်များသို့ အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက တာမွေမြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည်။ ဦးစွာ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia က အလှူငွေ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့အား သံအမတ်ကြီးကအဖွဲ့ချုပ်တစ်ခုလျှင် ယွမ်(၅)သောင်းကိုအဖွဲ့ချုပ်လေးခုအတွက် ယွမ်(၂)သိန်း အလှူငွေများပေးအပ်ရာ အဖွဲ့ချုပ် တာဝန်ရှိသူတို့က လက်ခံရယူကြပြီး အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား အား ကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက သံအမတ်ကြီးအား ဂုဏ်ပြုမှတ် တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။
15 10月, 04:47

ရန်ကုန် -မန္တလေးအမြန်လမ်းတွင် ခရီးသည်တင် Express ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ LIGHT TRUCK ယာဉ်အားဝင်တိုက်မိ NOM၊အောက်တိုဘာ၁၅၊၂၀
ရန်ကုန် -မန္တလေးအမြန်လမ်းတွင် ခရီးသည်တင် Express ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ LIGHT TRUCK ယာဉ်အားဝင်တိုက်မိ NOM၊အောက်တိုဘာ၁၅၊၂၀၂၆ ရန်ကုန် -မန္တလေးအမြန်လမ်းတွင် ယမန်နေ့(အောက်တိုဘာ၁၄ရက်)ရက်မွန်းလွဲ၂နာရီခွဲခန့်က ဂန္ထဝင် ခရီးသည်တင်Express ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှသွားနေသည့် LIGHT TRUCKယာဉ်အားဝင်တိုက်ခဲ့ရာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ ဖြစ်စဉ်မှာ ရန်ကုန် -မန္တလေးအမြန်လမ်းပေါ်တွင်ခရီးသည်အမျိုးသား ၁၂ဦး၊ အမျိုးသမီး၁၀ဦးစုစုပေါင်းခရီးသည်၂၂ဦးလိုက်ပါလာသည့် YUTONG အမျိုးအစား ဂန္ထဝင် ခရီးသည်တင်ယာဉ်သည် ရန်ကုန်မှ‌ နေပြည်တော်သို့သွားနေစဉ် မိုင်တိုင် ၇၇/၄ တွင် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှသွားနေသည့် LIGHT TRUCKယာဉ်အားဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ "ဂန္ထဝင် ခရီးသည်တင်ယာဉ်ပေါ်ကခရီးသည်တွေကတော့ဘာမှမဖြစ်ပါဘူး LIGHT TRUCKယာဉ် ပေါ်ကအမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးတို့ဒဏ်ရာရရှိခဲ့ပါတယ်"ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
15 10月, 00:59

အမေရိကန် အက်ဖ်ဘီအိုင် (FBI) ဒါရိုက်တာ ကက်ရှ်ပတယ် သည် ရုရှားဖက်ဒရယ် လုံခြုံရေးဝန်အေဂျင်စီ (FSB) ဒါရိုက်တာနှင့် တွေ့ဆုံရန် ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်သို့ ရောက်ရှိလာသည်။
14 10月, 13:39

ဘူဂေးရီးယားတွင် စတားလင့်ခ် (Starlink) အင်တာနက်အင်တာနာ ၁၁ ခု မီးရှို့ဖျက်ဆီးခံရ NOM ဘူဂေးရီးယားနိုင်ငံ၊ ဆိုဖီယာမြို့ (Sofia) အနီးရှိ ကန့်သတ်နေရာတစ်ခုတွင် တပ်ဆင်ထားသည့် စတားလင့်ခ် ဂြိုဟ်တုဆက်သွယ်ရေး အင်တာနာ ၁၇ ခုအနက် ၁၁ ခုကို မျက်နှာဖုံးစွပ်ထားသူ အမျိုးသားနှစ်ဦးက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ မီးရှို့ခံရသည့်နေရာမှာ Vivacom ကုမ္ပဏီမှ လုပ်ကိုင်ဆောင်ရွက်နေသော Plana ဂြိုဟ်တုဆက်သွယ်ရေးစခန်း ဖြစ်ကြောင်း ဘူဂေးရီးယား မီဒီယာများက ဖော်ပြကြသည်။ ထိုစက်ပစ္စည်းများသည် ယူကရိန်းတပ်ဖွဲ့များ သုံးစွဲနေသည့် ဂြိုဟ်တုဆက်သွယ်ရေးစနစ်များကိုလည်း အထောက်အကူပြုပေးနေသည့် ပစ္စည်းများဖြစ်သည်။ ဘူဂေးရီးယားဝန်ကြီးချုပ်က အဆိုပါ မီးရှို့မှုကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေပြီး လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံတကာ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။ ဤဖြစ်စဉ်သည် ယူကရိန်းစစ်တပ်၏ စစ်ဆင်ရေးများပေါ် သက်ရောက်မှုရှိစေသည့် စတားလင့်ခ်အသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်များ ပိုမိုတင်းကြပ်လာချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သော်လည်း အဆိုပါအကြောင်းအရာနှစ်ခုအကြား ဆက်စပ်မှုရှိမရှိကိုမူ အတည်မပြုနိုင်သေးသလို ကျူးလွန်သူများနှင့် ၎င်းတို့၏ ရည်ရွယ်ချက်များကိုမူ မသိရှိရသေးပေ။
14 10月, 13:05

ဗြိတိန်နိုင်ငံနှင့်ပတ်သက်ပြီးအစ္စရေးဝန်ကြီးချုပ်၏ပြောကြားချက် NOM အောက်ပါအတိုင်း မြန်မာဘာသာသို့ ဆီလျော်အောင် ဘာသာပြန်ဆိုပေးထားပါသည်။ ဗြိတိန်နိုင်ငံနှင့် ပတ်သက်၍နေတန်ယာဟုက "အစ္စလာမ်ဘာသာကွန်ရက် လွှမ်းမိုးမှုအောက် ကျရောက်သွားတဲ့ ဗြိတိန်နိုင်ငံမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ခင်ဗျားတို့ သိကြရဲ့လား။ ဗြိတိန်မှာ လူပေါင်း သုံးထောင်ခန့်ဟာ လူမှုကွန်ရက်ပေါ်မှာ ရေးသားတင်ပြချက်တွေကြောင့် ဖမ်းဆီး တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒါဟာ ဘက်တစ်ဖက်တည်းကိုပဲ ပစ်မှတ်ထားခဲ့တာပါ။ လက်ဝဲ-လက်ယာအုပ်စုတွေထဲက လက်ယာယိမ်းအုပ်စု (Right-wing) ဘက်ကိုပဲ သီးသန့် ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။"
14 10月, 12:52

အိုမန်ပင်လယ်ကွေ့အတွင်း အခြားသင်္ဘောတစ်စီးဖြစ်သည့် ‘CAPE DAO’ မှာ လည်းတိုက်ခိုက်ခံရပြီးနစ်မြုပ်သွားသည်။
14 10月, 12:20

ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်တင်သင်္ဘောတစ်စီးဖြစ်သည့် 'GPS PRIDE' ကို အီရန်နိုင်ငံက နစ်မြုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
14 10月, 11:35

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအောင်အား ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြ
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအောင်အား ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေး
14 10月, 11:19