ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 402 名订阅者,在 新闻与媒体 类别中位列第 15 937,并在 缅甸 地区排名第 10 119

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 402 名订阅者。

根据 10 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -199,过去 24 小时变化为 -8,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 8.26%。内容发布后 24 小时内通常能获得 5.89% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 024 次浏览,首日通常累积 731 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 11 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 402
订阅者
-824 小时
-577
-19930
帖子存档
photo content
+3

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် MNDAA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူစ
+1
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် MNDAA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူစိုးရိမ်ထိတ်လန့်စေရန်ရည်ရွယ်၍ လက်လုပ်မိုင်းထောင်ဖောက်ခွဲမှုများလုပ်ဆောင် NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ လူနေထိုင်ခြင်း မရှိသော ခြံဝင်းအတွင်းရှိ မြေကွက်လပ်တွင် MNDAA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက် သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူစိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍ လက်လုပ်မိုင်းတစ်လုံးအား ဖောက်ခွဲသွားခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။ အလားတူ ည ၆ နာရီ ၅ မိနစ်အချိန်၌ လားရှိုးမြို့နယ်၊ အောင်မေတ္တာရပ်ကွက်တွင် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ လူနေထိုင်ခြင်းမရှိသော ခြံဝင်းအတွင်းရှိ မြေကွက်လပ်တွင် MNDAA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူစိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍ လစ်ပိုအချိုရည်ပုလင်းအတွင်း ဘောစိများထည့်၍ ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား ဖောက်ခွဲသွားခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။ News Of Myanmar NOM

Repost from MWD News
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေမှုများ တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးသည်။ တာချီလိတ် ဒီဇင်ဘာလ ၂၂ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ထောင်ထားသည့် လက်လုပ်
+4
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲ NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅ ဒီဇင်ဘာလ၂၁ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး (အနောက်) ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ အထက်ပန်းဆိုးတန်းလမ်းအမှတ် ၈၄ လမ်းနှင့် ၈၆ လမ်းကြားတွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ PVC ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းအား အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲခဲ့မှုကြောင့် လမ်းဘေးတွင် ရပ်တန့်ထားသော YGN-18 1E/7972 NISSAN TIIDA LATIO မော်တော်ယာဉ်တွင် ဝဲ/ယာဘက်မှန်တံခါး ၄ ချပ်နှင့် ယာဘက်ရှေ့/နောက်တံခါးများ၏ သံပြားအကာတို့တွင် မိုင်းပေါက်ကွဲစထိမှန်ပျက်စီးခဲ့ပြီး ဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။ News Of Myanmar NOM

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်တွင် မူလတန်းပြကျောင်းဆရာတစ်ဦးနှင့် ကျောင်းအုပ်ဆရာကြီးတစ်ဦးတို့ကို PDF အကြမ်းဖက်သမားများ
+1
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်တွင် မူလတန်းပြကျောင်းဆရာတစ်ဦးနှင့် ကျောင်းအုပ်ဆရာကြီးတစ်ဦးတို့ကို PDF အကြမ်းဖက်သမားများက သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွား NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ မြေခြားကျေးရွာနေ ဂွေးတောက်ကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြကျောင်းဆရာဖြစ်သူ ဦးသန်းအောင် (၅၇) နှစ်နှင့် အုံတုံကျေးရွာနေ ဂွေးတောက်ကန်ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဖြစ်သူ ဦးအောင်ကျော်ဦး (၆၂) နှစ်တို့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ ၎င်းတို့၏နေအိမ်အသီးသီးတွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်က ဆိုင်ကယ်လေးစီးဖြင့်ရောက်လာပြီး သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် PDF အကြမ်းဖက်သမားများက ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် PDF အကြမ်းဖက်သမားများက ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်နေ ဦးစိုးလှိုင်(၃၈)နှစ်သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ) ရောက်လာပြီးကျေးရွာအတွင်းလက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ဦးစိုးလှိုင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် PDF အကြမ်းဖက်သမားများက ရပ်ကွက်/ကျေးရွာစာရေးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် PDF အကြမ်းဖက်သမားများက ရပ်ကွက်/ကျေးရွာစာရေးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ ငွေကျပ် ၈ သိန်းခန့်နှင့် ဆိုင်ကယ်တစ်စီးတို့အား လုယက်ယူဆောင် NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅ ဒီဇင်ဘာလ၂၁ ရက်နေ့ ည ၆ နာရီ ၅၅ မိနစ်အချိန်၌ PDF အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာနေ ရပ်ကွက်/ကျေးရွာစာရေးဖြစ်သူ ဦးအောင်ကြိုင် (၆၃) နှစ်အား ၎င်း၏ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ယုတ်မာရိုင်းစိုင်းစွာ ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိငွေကျပ် ၈ သိန်းခန့်နှင့် ဆိုင်ကယ်တစ်စီးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးအောင်ကြိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် PDF အကြမ်းဖက်သမားများက ကျေးရွာခွဲတာဝန်ခံ/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် PDF အကြမ်းဖက်သမားများက ကျေးရွာခွဲတာဝန်ခံ/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်တစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်၌ PDF အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြားအကြောက်တရားလွှမ်းမိုးစေရန်နှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်ဖျက်ဆီးရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ခိုတောင်ကျေးရွာနေ ကျေးရွာခွဲတာဝန်ခံ/ကဘင်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်ဖြစ်သူ ဦးမင်းမင်းနိုင် (ခ) မင်းမင်း (၃၇) နှစ်အား ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်ရောက်လာပြီး "ရွေးကောက်ပွဲကိစ္စရပ်များတွင် ကူညီဆောင်ရွက်လုပ်ဆောင်သည်" ဟုပြောဆို၍ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ ခိုတောင်ကျေးရွာ၏ အနောက်ဘက် ၄ ဖာလုံခန့်အကွာရှိ ဒီရေတောအစပ်တွင် သေနတ်ဖြင့် ယုတ်မာရိုင်းစိုင်းစွာ ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမင်းမင်းနိုင် (ခ) မင်းမင်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် လမ်းဘေးမိုင်းတစ်လု
+1
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် လမ်းဘေးမိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် စျေးဝယ်ပြီးနေအိမ်သို့ လမ်းလျှောက်ပြန်လာသည့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိ NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီအချိန်၌ ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်နေသူများဖြစ်ကြသည့် ဦးစိုးလင်း (၄၀) နှစ်နှင့် ဦးမောင်ကြီး (၆၅) နှစ်တို့သည် အဆိုပါရပ်ကွက်ရှိ ဖားကန့်မြို့ စုပေါင်းရုံးအနီးမှ ဈေးဝယ်၍ ၎င်းတို့၏နေအိမ်သို့လမ်းလျှောက်ပြန်လာစဉ် ရပ်ကွက်လမ်းမပေါ် အရောက် လမ်းဘေးမှ KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်း အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ရုရှားဒုတိယဗိုလ်ချုပ်ကြီးကားဗုံးခွဲသတ်ဖြတ်ခံရ NOM ရုရှားစစ်ဆင်ရေးကြိုတင်ပြင်ဆင်ရေးဌာနအကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးဖန်နေဆာဗာယော့
+1
ရုရှားဒုတိယဗိုလ်ချုပ်ကြီးကားဗုံးခွဲသတ်ဖြတ်ခံရ NOM ရုရှားစစ်ဆင်ရေးကြိုတင်ပြင်ဆင်ရေးဌာနအကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးဖန်နေဆာဗာယော့ဗ်သည်မော်စကိုတောင်ပိုင်းတွင်ကားဗုံးခွဲတိုက်ခိုက်ခံရပြီးယနေ့သေဆုံးသွားသည်။

ဒီဇင်ဘာလ၂၂ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်ကဗင်နီဇွဲလား၏တတိယမြောက် ရေနံတင်သင်္ဘောကိုဖမ်းလိုက်သည့်အပေါ်ဘရာဇီးသမ္မတအပါအဝ
+2
ဒီဇင်ဘာလ၂၂ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်ကဗင်နီဇွဲလား၏တတိယမြောက် ရေနံတင်သင်္ဘောကိုဖမ်းလိုက်သည့်အပေါ်ဘရာဇီးသမ္မတအပါအဝင်နိုင်ငံများစွာကပင်လယ်ဓါးပြဆန်သောလုပ်ရပ်ဟုဝေဖန်ရှုံ့ချကြသည်။(ကာတွန်း) ၂။ရုရှားနိုင်ငံမော်စကိုမြို့တော်တွင်လက်လုပ်ဗုံးတစ်စီးကားအောက်တွင်​ပေါက်ကွဲသဖြင့်ကားမောင်းသူဒဏ်ရာရသည်။(ဓါတ်ပုံ) ၃။ဆီးရီးယားသူပုန်များကတူရကီကျောထောက်နောက်ခံသူပုန်များကိုဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည့်ရုပ်သံကိုထုတ်လွှင့်ပြသခဲ့သည်။(ဗီဒီယို) ၄။ရုရှား၏နောက်ဆုံးပေါ် Su-57တိုက်လေယာဥ်တွင် ပဥ္စမမျိုးဆက်အင်ဂျင်အသစ်ပြောင်းလဲတပ်ဆင်ပျံသန်း သည်ကိုရုရှားကထုတ်ဖော်ပြသခဲ့သည်။(ဗီဒီယို) ၅။အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည်မလေးရှားတွင်ယနေ့တွေ့ဆုံပြီးထိုင်းနှင့်ကမ္ဘောဒီးယားပပစ်အခတ်ရပ်စဲရေးဆွေးနွေးကြသည်။ဒုတိယအကြိမ်တိုက်ခိုက်မှုအတွင်းထိုင်းမှ၂၂ဦးက မ္ဘောဒီးယားမှ၁၉ဦးသေပြီးနှစ်ဖက်ပြည်သူကိုးသိန်းစစ်ဘေးရှောင်နေကြရသည်။

ပြည်သူ့ပါတီ ရန်ကုန်တိုင်းဌာနချုပ်ရုံရှိသည့်တိုက် အောက်တွင်ဗုံပေါက်ကွဲမှုဖြစ်ပွား NOM၊ဒီဇင်ဘာ၂၂၊၂၀၂၅ ပြည်သူ့ပါတီ ရန်ကုန်တိုင်းဌာနချုပ် ရုံး ရှိသည့် တိုက်အောက်ထပ် တွင်ယမန်နေ့(ဒီဇင်ဘာ၂၁ရက်) ည၇နာရီ၂၀မိနစ်တွင်ဗုံပေါက် ကွဲမှုဖြစ်ပွားခဲ့ပြီး လမ်းဘေးတွင်ရပ်ထားသည့်ကားတစ်စီးဗုံးစများထိမှန်ပြီးပျက်စီးခဲ့ကြောင်း ပြည်သူ့ပါတီမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီရုံးမှာပထမထပ်တွင်ရှိပြီး ယခုပေါက်ကွဲမှုဖြစ်သောနေရာမှာ အောက်ထပ်ရှိဘေလမ်းကြားတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။ "ပေါက်ကွဲမှုဖြစ်တဲ့အချိန်ကလမ်းပေါ်လူသွားလူတော့မရှိပါဘူးဒါကြောင့်ထိခိုက်မှုလည်းမရှိပါဘူး လမ်းပေါ်ရပ်ထားတဲ့ကားတစ် စီးပျက်စိးခဲ့တယ် ပြီးတော့ကျွန်တော်တို့ပါတီကထောင်ထား တဲ့ရွေးကောက်ပွဲဗီနိုင်းလည်းပျက်စီးသွားပါတယ်"ဟုပြည်သူ့ပါတီမှတာဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်၍ ပါတီမှသတင်းစာရှင်းလင်းပွဲလုပ် မလုပ်ကိုအတည်ပြု၍မရသေးကြောင်းကိုလည်းယင်ကထပ်မံပြောကြားခဲ့သည်

လက်ဖက်ရည်ဆိုင် အတွင်းသို့ ဘောက်ကားတစ်စီး အရှိန်လွန် ဝင်တိုက်ခဲ့ရာဆိုင်အတွင်းရှိလက်ဖက်ရည်ထိုင်းသောက်နေသူတစ်ဦးသေဆုံးပြီး အမျို
လက်ဖက်ရည်ဆိုင် အတွင်းသို့ ဘောက်ကားတစ်စီး အရှိန်လွန်  ဝင်တိုက်ခဲ့ရာဆိုင်အတွင်းရှိလက်ဖက်ရည်ထိုင်းသောက်နေသူတစ်ဦးသေဆုံးပြီး အမျိုးသားလေးဦးဒဏ်ရာရ NOM၊ဒီဇင်ဘာ၂၂၊၂၀၂၅ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက် တွင်ယမန်နေ့ဒီဇင် ဘာ၂၁ ရက် ညနေ၄နာရီခွဲခန့်ကလက်ဖက်ရည်ဆိုင်တစ်ဆိုင် အတွင်းသို့ ဘောက်ကားတစ်စီးအရှိန် လွန်  ဝင်ရောက်ခဲ့ရာဆိုင်အတွင်းရှိလက်ဖက်ရည်ထိုင်း သောက်နေသူတစ်ဦးသေဆုံးပြီး အမျိုးသားလေးဦးဒဏ်ရာရရှိခဲ့သည်ဟု သုဇိတာပရ ဟိတလူမှုအထောက် အကူပြုအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်၊ သုဇိတာလမ်းမကြီးနှင့် သီတာလမ်းထိပ်ရှိ လဖက်ရည်ဆိုင်တစ်ဆိုင် အတွင်းသို့ ဘောက်ကားတစ်စီးသည့်ကွေ့ကြောကိုအရှိန် ဖြင့်ကွေ့ပြီးစီယာတိုင်ပြန်မဖြောင့်သည့်အ တွက် ကွေ့တွင်ဖွင့်ထားသည့်လဖက်ရည်ဆိုင်အတွင်းသို့ဝင်ရောက်တိုက်မိခဲ့ကြောင်းသိရသည်။ "ဆိုင်ကနိမ့်တယ် ဘောက်ကားကမြင့်တော့ တစ်ဆိုင်လုံးအမိုးကအစပျက်စီးသွားပါတယ် ဆိုင်ထဲမှာရှိတဲ့အမျိုးသားငါးယောက်ဒဏ်ရာရရှိခဲ့ပါတယ် တစ်ဦးကတော့ဒဏ်ရာပြင်းထန်ပါတယ် သူကတော့ညကဆေးရုံမှာ ဆုံးသွားပြီ ဆိုတာတော့ကြား ရပါတယ်"ဟုသုဇိတာပရဟိတလူမှုကူညီရေးအသင်းကပြောသည်။

အကြမ်းဖက်သမားတွေ ဖျက်ဆီးသွားသည့် ရှမ်းမြောက်ဒေသအတွင်းမှ တံတားတစ်စင်းအား တပ်မတော်သားများက ပြန်လည်ပြင်ဆင်နေမှု - တိုက်ပွဲသတင်းစုံ

Repost from NOM
+2
မော်စကိုမှာ အကြမ်းဖက်တိုက်ခိုက်မှုလို့ ယူဆရတဲ့ ကားပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ပဏာမသတင်းတွေအရ လက်လုပ်ကိရိယာတခုကြောင့် ပေါက်ကွဲခဲ့တယ်လို့ ယူဆရပြီး KIA Sorento ကားအောက်မှာ ဒီတိုနေတာကို တပ်ဆင်ခဲ့ပြီး ကားရွေ့ပြီး ခဏအကြာမှာပဲ ပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် အသက် ၅၆ နှစ်အရွယ် အမျိုးသားတဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ အတည်မပြုနိုင်သေးတဲ့ အစီရင်ခံစာအရ ဒဏ်ရာရသူဟာ အဆင့်မြင့် အရာရှိတဦးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ NOM

Repost from ရွှေဘ
RCSS က ယွက်ဆစ်ကြီးပြောသလို PDF တွေဟာ သူခိုး၊ ဓားပြတွေပဲဖြစ်လာလိမ့်မယ်ဆိုတာ မှန်နေပြီ...အခုဆိုရင် PDF အကြမ်းဖက်တွေက ငွေလိုလာရင
RCSS က ယွက်ဆစ်ကြီးပြောသလို PDF တွေဟာ သူခိုး၊ ဓားပြတွေပဲဖြစ်လာလိမ့်မယ်ဆိုတာ မှန်နေပြီ...အခုဆိုရင် PDF အကြမ်းဖက်တွေက ငွေလိုလာရင် ပြည်သူတွေကို ဖမ်းဆီးပြန်ပေးဆွဲငွေညှစ်ပြီး မပေးရင် သတ်ပစ်တာတွေအထိ လုပ်လာကြပြီ...ပြီးခဲ့တဲ့ရက်ကလည်း ပုဂံဘုရားဖူးသွားတဲ့ ပြည်သူတွေိကို PDF အကြမ်းဖက်တွေက ဖမ်းဆီးပြန်ပေးဆွဲပြီး သိန်း ၅၀၀၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ သိရပါတယ်...အရင်တုန်းက ရပ်ရွာထဲမှာ ကြုံရာကျပန်းလုပ်ခဲ့ရတဲ့ဟာတွေက တော်လှန်ရေးခေါင်းစဉ်တပ် လက်နက်ကိုင်ကာ PDF ဖြစ်လာပြီးနောက်ပိုင်း အခုလိုမျိုး ဖမ်းဆီးပြန်ပေးဆွဲ ခြိမ်းခြောက်ဆက်ကြေးကောက်လုပ်စားနေကြတာကြောင့် PDF မိသားစုတော်တော်များများ ကြီးပွားချမ်းသာနေကြပြီဆိုပဲ...

Repost from NOM
ဒေါ်နယ်ထရမ့်ဟာ သံအမတ်ကြီးအဆင့်အပါအဝင် အခြားသော အကြီးတန်းသံရုံးအရာရှိပေါင်း ၃၀ နီးပါးကို ပြန်လည်ခေါ်ယူလိုက်ပြီး ပြည်ပနိုင်ငံတွ
ဒေါ်နယ်ထရမ့်ဟာ သံအမတ်ကြီးအဆင့်အပါအဝင် အခြားသော အကြီးတန်းသံရုံးအရာရှိပေါင်း ၃၀ နီးပါးကို ပြန်လည်ခေါ်ယူလိုက်ပြီး ပြည်ပနိုင်ငံတွေနဲ့ အမေရိကန်သံတမန်အနေအထားကို ပြန်လည်ပုံဖော်ဖို့ အားထုတ်နေပါပြီ။ သူပြန်လည်ခေါ်ယူခဲ့တဲ့ သံအမတ်နဲ့ အရာရှိတွေအားလုံးဟာ ဘိုင်ဒင်လက်ထက်က အဆိုပါရာထူးကို ရယူခဲ့တဲ့ သူတွေလည်းဖြစ်တယ်လို့ သိရပါတယ်။ NOM

Repost from NOM
တရုတ်နိုင်ငံ၊ ကွမ်ကျိုးပြည်နယ်အတွင်းက Guiyang မြို့မှာ အဆောက်အဦ ၁၀ ခုပေါ် ကို ဖြတ်သန်းကာ ဆောက်လုပ်ထားတဲ့ ကားလမ်းဖြစ်ပါတယ်။ NOM

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပုဂံ-ညောင်ဦးလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ကြည့်ရှုစစ်ဆေး နေပြည်တော် ဒီဇင်ဘာ ၂၁ ပို
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပုဂံ-ညောင်ဦးလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ကြည့်ရှုစစ်ဆေး နေပြည်တော် ဒီဇင်ဘာ ၂၁ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံ-ညောင်ဦး လေဆိပ်သို့ရောက်ရှိရာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပုဂံ-ညောင်ဦးလေဆိပ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား အဆင့်လိုက်ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လေယာဉ်ပြေးလမ်းဘေးနှစ်ဖက်သို့ ၂၅ ပေစီ တိုးချဲ့ခြင်း၊ တိုးချဲ့ပြီး လေယာဉ်ပြေးလမ်းနှင့် မူလလေယာဉ်ပြေးလမ်းအား နိုင်လွန်ကတ္တရာခင်းခြင်းနှင့် လေယာဉ်ရပ်နားရန် နေရာတိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းများကို ရေးဆွဲထားသည့် အချိန်ဇယားအတိုင်း ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားသည်။ ယင်းနောက် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ခရီးသည်နားနေဆောင်၊ မြန်မာမှုအနုလက်ရာများ ပြုပြင်မွမ်းမံမှု၊ လေဆိပ်ရှိရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ခရီးသည်များကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ရန်မှာကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ရွေးကောက်ပွဲကျင်းပရန် ၆ ရက်သာ လိုတော့သည်။
ရွေးကောက်ပွဲကျင်းပရန် ၆ ရက်သာ လိုတော့သည်။