ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 464 名订阅者,在 新闻与媒体 类别中位列第 15 923,并在 缅甸 地区排名第 10 081

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 464 名订阅者。

根据 02 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -216,过去 24 小时变化为 -9,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 9.95%。内容发布后 24 小时内通常能获得 6.72% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 241 次浏览,首日通常累积 838 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 03 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 464
订阅者
-924 小时
-217
-21630
帖子存档
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမည့် အစီအစဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ စက်မှု/လက်မှု လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဖေဖော်ဝါရီ ၆၊ ၂၀၂၆ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရဲရွာ ခန်းမ၌ LNG မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည့်အစီအစဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ စက်မှု/လက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံ သည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတရေးရာဝန်ကြီးများ၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းအမှုဆောင်အရာရှိချုပ်၊ ဌာနကြီးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ စက်မှု/လက်မှုလုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြ သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့ နိုင်ငံ၏ ပကတိအခြေအနေအရ စိုက်ပျိုးရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ (Agro - Based Industries) ကို အားပေးမြှင့်တင်ရန် ခိုင်မာသည့်မူဝါဒများ ချမှတ်၍ အရှိန်အဟုန်ဖြင့် အကောင် အထည်ဖော်လျက် ရှိကြောင်း၊ ထိုသို့ ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝလည်ပတ်နိုင်ရေးအတွက် အဓိက လိုအပ်သည့် အခြေခံအဆောက်အအုံသည် လျှပ်စစ်ဓာတ်အားဖြစ်သည့်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာထုတ်လုပ်ပေးနိုင်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်ပေးနိုင်ရေး အလေးထားစီမံဆောင် ရွက်လျက်ရှိကြောင်း၊ နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဖျက်ဆီးခံ ရသည့် ဓာတ်အားလိုင်းများနှင့် ခွဲရုံများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသကဲ့သို့ LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် ဈေးနှုန်းကြီးမြင့်သော်လည်း လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေး စက်မှုဇုန်များမှ အချိန်ပြည့် ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အချိန်တိုအတွင်းရရှိမည့် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင် ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ LNG ဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု ကုန်ကျ စရိတ် မျှတစေရန်အတွက် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ “စီးပွားရေးနှုန်းထား (Economic Rate)” တစ်ခုသတ်မှတ်ပြီး ယခုဖေဖော်ဝါရီလ အသုံးမှစ၍ ဓာတ်အားခနှုန်းထားသစ် ၉၀၀ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ် သည့်အတွက် ဇန်နဝါရီလအသုံး ယူနစ်များကို မီတာဖတ်သူနှင့် သုံးစွဲသူ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးသွားရန် လိုအပ်ကြောင်း။ ဓာတ်အားခနှုန်းထား တိုးမြှင့်သွားသော်လည်း လုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှုဝန်းကျင်ကောင်းတစ်ခုကို ဖန်တီး ပေးခြင်းဖြစ်သဖြင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအနေဖြင့် မိမိတို့လုပ်ငန်းများ အောင်မြင်စွာ တိုးချဲ့ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ပြည်သူလူထု သုံးစွဲနေသော ဓာတ်အားခနှုန်းထားများအနေဖြင့် ယခင်နှုန်းထား အတိုင်း ပြောင်းလဲမှုမရှိကြောင်း၊ ယခင် စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စက်မှု လုပ်ငန်းရှင်များက အားလုံးလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမည့် အစီအစဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များ
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမည့် အစီအစဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ စက်မှု/လက်မှု လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

"မိမိကိုယ်ကိုမိမိသတ်သေသွားသောခဲ့လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်း၏ အီးမေးလ်မှတ်တမ်းများအရ ၎င်းကို "ဂျူးခွေး" ဟု သတိထားရန် တ
"မိမိကိုယ်ကိုမိမိသတ်သေသွားသောခဲ့လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်း၏ အီးမေးလ်မှတ်တမ်းများအရ ၎င်းကို "ဂျူးခွေး" ဟု သတိထားရန် တရုတ်သံတမန်များ အချင်းချင်း သတိပေးခဲ့ကြောင်း ဖော်ပြ" မကြာသေးမီက ထွက်ပေါ်လာသည့် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) ၏ အီးမေးလ်ဖိုင်များထဲမှ တစ်ခုတွင် အက်ပ်စတိန်းက သူနှင့်အတူရှိနေသော တရုတ်သံတမန်များအကြောင်းကို ပြန်လည်ပြောပြထားသည်။ ထိုသံတမန်များက ၎င်း (အက်ပ်စတိန်း) ကို ရည်ညွှန်းပြီး "ဒီဂျူးခွေးကို သတိထားကြ" ဟု အချင်းချင်း သတိပေးပြောဆိုခဲ့ကြကြောင်း ဖော်ပြပါရှိသည်။ News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတို
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပိုသည့် သဝဏ်လွှာ News Of Myanmar NOM

ဆုတံဆိပ်ရရှိခဲ့သည့်မြန်မာအားကစားအဖွဲ့များအားနိုင်ငံတော်ကဂုဏ်ပြုပွဲကျင်းပ NOM၊ဖေဖော်ဝါရီ၇၊၂၀၂၆ ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများ
ဆုတံဆိပ်ရရှိခဲ့သည့်မြန်မာအားကစားအဖွဲ့များအားနိုင်ငံတော်ကဂုဏ်ပြုပွဲကျင်းပ NOM၊ဖေဖော်ဝါရီ၇၊၂၀၂၆ ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများ၊၃၃ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့်၁၃ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများတွင်ဆုတံဆိပ်ရရှိခဲ့သည့်မြန်မာအားကစားအဖွဲ့များအားနိုင်ငံတော်ကဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကိုယနေ့ဖေဖော်ဝါရီလ၇ရက်နံနက်ကနေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း A ဆောင်တွင်ကျင်းပရာနိုင်ငံတော်ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ချီးမြှင့်ပြီးဆုငွေများပေးအပ်ခဲ့ကြောင်းသိရသည်။ ရွှေတံဆိပ်တစ်ဆုလျင် ကျပ်သိန်း၃၀၀၊ငွေတံဆိပ်တစ်ခုလျင်ကျပ်သိန်း၂၀၀၊ကြေးတံဆိပ်တစ်ခုလျင်ကျပ်သိန်း၁၀၀ဖြင့်စုစုပေါင်းကျပ်၃၆၆၉၀သိန်းချီးမြှင့်ခံ့ကြောင်းသိရသည်။

🇱🇾 🇬🇧 🇫🇷"လစ်ဗျားခေါင်းဆောင်ဟောင်း မူအမ်မာ ကဒါဖီ၏သားဖြစ်သူ လုပ်ကြံခံရမှုတွင် ပြင်သစ်နှင့် ဗြိတိန်တို့ ပါဝင်ပတ်သက်နေကြောင
🇱🇾 🇬🇧 🇫🇷"လစ်ဗျားခေါင်းဆောင်ဟောင်း မူအမ်မာ ကဒါဖီ၏သားဖြစ်သူ လုပ်ကြံခံရမှုတွင် ပြင်သစ်နှင့် ဗြိတိန်တို့ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်" နေတိုး (NATO) ကျောထောက်နောက်ခံပြု ပုန်ကန်မှုများအပြီး လစ်ဗျားနိုင်ငံကို ပြန်လည်စုစည်းပေးနိုင်မည့်သူဟု ရှုမြင်ခြင်းခံရသည့် လစ်ဗျားသမ္မတဟောင်း မူအမ်မာ ကဒါဖီ၏ ထင်ရှားသောသားဖြစ်သူ ဆေ့ဖ် အယ်လ်-အစ္စလမ် ကဒါဖီ (Saif al-Islam Gaddafi) ကို လုပ်ကြံသတ်ဖြတ်မှုတွင် ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်ပတ်သက်နေကြောင်း သတင်းများက ဖော်ပြနေကြသည်။ News Of Myanmar NOM

Repost from NOM
ထရမ့်ဟာ ရွေးကောက်ပွဲလိမ်လည်မှုအကြောင်း ဗီဒီယိုတခုကို Truth Social မှာ တင်ခဲ့ပြီး ဗီဒီယိုရဲ့ အဆုံးသတ်မှာတော့ အိုဘားမားမိသားစုကို မျောက်တွေအဖြစ်နဲ့ ပြသထားခဲ့ပါတယ်။ သမ္မတဟောင်းအိုဘာားမားနဲ့ သူ့ရဲ့ ဇနီးသည်ကို မျောက်တွေအဖြစ် သရုပ်ဖော်ထားတဲ့ ဗီဒီယိုကို နောက်ပိုင်းမှာ ထရမ့်က ပြန်ဖျက်ခဲ့ပါတယ်။ ဗီဒီယိုဟာ သူ့ရဲ့ အကောင့်မှာ ၁၂ နာရီကျော်ကြာ ရှိနေခဲ့ပြီး Like လုပ်သူ ၄၅၀၀ ခန့်နဲ့ repost ၁၅၀၀ အထိ ရရှိခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ အဆိုပါပို့စ်ကို မှားယွင်းစွာ ဖော်ပြခဲ့မိတာလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ News Of Myanmar NOM

Repost from NOM
အီရန်နဲ့ ဘယ်လိုကုန်ပစ္စည်းကိုမဆို ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီး ဖြစ်ဖြစ် ဝယ်ယူတင်သွင်းနေတဲ့ န
အီရန်နဲ့ ဘယ်လိုကုန်ပစ္စည်းကိုမဆို ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီး ဖြစ်ဖြစ် ဝယ်ယူတင်သွင်းနေတဲ့ နိုင်ငံတွေကို အခွန်ကောက်ခံမယ့် အမိန့်ကို ထရမ့်က လက်မှတ်ရေးထိုးလိုက်ပါတယ်။ ကောက်ခံမယ့်နှုန်းထားကို ဖော်ပြထားခြင်းမရှိပေမယ့် ၂၅%ကို ဥပမာထား ဖော်ပြထားပြီး အိုမန်မှာ အမေရိကန်နဲ့ အီရန်တို့ကြား ဆွေးနွေးပွဲတွေ လုပ်နေချိန်မှာ ဒီအမိန့်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ “အီရန်နဲ့ စီးပွားရေးလုပ်ကိုင်တဲ့ ဘယ်နိုင်ငံမဆို အမေရိကန်နဲ့ လုပ်ဆောင်မယ့် ဘယ်လိုစီးပွားရေးလုပ်ငန်းအတွက် မဆို အခွန် ၂၅% ကောက်ခံရမယ်” အမိန့်မှာ ထည့်သွင်းရေးသားထားပါတယ်။ News Of Myanmar NOM

Repost from NOM
ဖလော်ရီဒါက ကားလမ်းမအလည်တည့်တည့်မှာ ကားတစီးပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ News Of Myanmar NOM

"ဖာပွန်လာမထိနဲ့၊ ငါတို့သေမှရမည်" Congratulations ပါ ဖာပွန်မြေမှ သူရဲကောင်းစစ်သည်တော်များ - ၂၄ လောင်း၊ ၁၄ လက်၊ Drone ၁ စီး သိမ
+9
"ဖာပွန်လာမထိနဲ့၊ ငါတို့သေမှရမည်" Congratulations ပါ ဖာပွန်မြေမှ သူရဲကောင်းစစ်သည်တော်များ - ၂၄ လောင်း၊ ၁၄ လက်၊ Drone ၁ စီး သိမ်းပိုက်ရရှိ။ - KT NOM

🇮🇷🔫❗️❗️"အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဖြစ်ပေါ်လာနိုင်တဲ့ ဘယ်လိုကျူးကျော်မှုမျိုးကိုမဆို တုန့်ပြန်ဖို့ အမြင့်ဆုံးအဆင့် အသင့်အနေအထားမှာ ရှိနေဆဲဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေချိန်အတွင်းမှာတောင် ကျွန်တော်တို့အနေနဲ့ ဒီအတိုင်း ငြိမ်နေလို့မရဘူးဆိုတာကို တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်" — အီရန်နိုင်ငံခြားရေးဝန်ကြီး၊ အဘတ်စ် အာရတ်ချီ (Abbas Araqchi) News Of Myanmar NOM

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအာ
+3
ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား စတုတ္ထအသုတ်အဖြစ် ၂၆၇ ဦး ထပ်မံ ပြန်လည်ခေါ်ဆောင် ဖေဖော်ဝါရီ ၆၊ ၂၀၂၆ News Of Myanmar NOM

တပ်မတော်အစိုးရလက်ထက်က စဉ်ပြိုင်အစိုးရဖွဲ့ခဲ့သည် NUGUB ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်း (စုကြည် မဲသူခိုးမနဲ့ မောင်နှစ်မဝမ်းကွဲတော
+1
တပ်မတော်အစိုးရလက်ထက်က စဉ်ပြိုင်အစိုးရဖွဲ့ခဲ့သည် NUGUB ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်း (စုကြည် မဲသူခိုးမနဲ့ မောင်နှစ်မဝမ်းကွဲတော်စပ်သူ) ကွယ်လွန် Credit: Ko Chit (MDY)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သီတဂူ စက္ခုဒါနဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး၊ သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညို ဖေဖော်ဝါရီ ၆၊ ၂၀၂၆ News Of Myanmar NOM

🇮🇷 "အီရန်နိုင်ငံခြားရေးဝန်ကြီး​၏ ထုတ်ပြန်ကြေညာချက်" အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ (Abbas Araqchi) က အမေရိကန်နှင့် ဆွေးနွေးမှုများသည် ကောင်းမွန်သော်လည်း ယခင်က အမေရိကန်​၏ သစ္စာဖောက်ဖျက်မှုများကြောင့် အမေရိကန်အပေါ် "ကြီးမားသော ယုံကြည်မှု ကင်းမဲ့မှု" များ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာရတ်ချီ၏ ပြောကြားချက်အရ အကယ်၍ လက်ရှိချဉ်းကပ်ပုံအတိုင်း ဆက်လက်သွားမည်ဆိုပါက အနာဂတ်တွင် ပြုလုပ်မည့် အစည်းအဝေးတစ်ခု၌ အီရန်နှင့် အမေရိကန်တို့သည် ဆွေးနွေးပွဲဆိုင်ရာ မူဘောင် တစ်ခုကို သဘောတူညီနိုင်ဖွယ်ရှိကြောင်း သိရသည်။ အခြားလေ့လာစောင့်ကြည့်သူများ သုံးသပ်ထားသကဲ့သို့ပင် ယခုအဆင့်သည် ဆွေးနွေးပွဲများအတွက် ထပ်မံဆွေးနွေးခြင်း သာဖြစ် သည်။ အဓိကကျသော အကြောင်းအရာအချက်အလက်များကိုမူ ယခုအချိန်အထိ ဆွေးနွေးခြင်း မရှိသေးကြောင်း Araqchi က အတည်ပြုပြောကြားခဲ့သည်။ News Of Myanmar NOM

🇮🇷🇺🇸"အီရန်နှင့် အမေရိကန်တို့ သံတမန်ရေးရာနည်းလမ်းဖြင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်သဘောတူ" အီရန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် သံတမန်ရေးရာနည်းလမ်းဖြင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ မကြာမီတွင် အစည်းအဝေးသစ်တစ်ခု ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။ လတ်တလောတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များသည် ၎င်းတို့၏ နိုင်ငံအသီးသီးသို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်သည်။ News Of Myanmar NOM

🇮🇷🇺🇸🇴🇲"အိုမန်နိုင်ငံတွင် ပြုလုပ်လျက်ရှိသည့် အမေရိကန်/ အီရန်/ အိုမန် ဆွေးနွေးပွဲများပြီးဆုံး" လတ်တလောတွင် ဆွေးနွေးပွဲများ ပြီးဆုံးသွားပြီဖြစ်ကာ ဆွေးနွေးပွဲအသစ်များ ပြုလုပ်ရန် အစီအစဉ်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။ ကိုယ်စားလှယ်အဖွဲ့များသည် ယနေ့ညတွင် ၎င်းတို့၏ တည်းခိုရာနေရာများသို့ အသီးသီးပြန်ကြရန် ဆုံးဖြတ်ခဲ့ကြပြီး တတိယအကြိမ်မြောက် အပြန်အလှန်ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်တော့မည် မဟုတ်ပါ။ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီ (Araqchi) သည် ယနေ့ည (သို့မဟုတ်) မနက်ဖြန်တွင် တီဟီရန်မြို့သို့ ပြန်လာဖွယ်ရှိပါသည်။ News Of Myanmar NOM

+1
🇵🇰 💣 ပါကစ္စတန်နိုင်ငံ၊ မြို့တော် အစ္စလာမာဘတ်ရှိ ရှီးဟိုက်ဗလီတစ်ခုအား အမျိုးသမီးအသေခံဗုံးခွဲသမားတစ်ဦးက ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် လူ ၃၁ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။ News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသန ညီလာခံ နှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား ဖေဖော်ဝါရီ ၅၊ ၂၀၂၆ News Of Myanmar NOM

ရုရှား ဒုတိယဗိုလ်ချုပ်ကြီး ဗလာဒီမာ အလက်ဆီးဗ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခံရမှုကြောင့် မော်စကိုတွင် ဆေးရုံတင်ထားရ ရုရှားဒုတိယဗ
ရုရှား ဒုတိယဗိုလ်ချုပ်ကြီး ဗလာဒီမာ အလက်ဆီးဗ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခံရမှုကြောင့် မော်စကိုတွင် ဆေးရုံတင်ထားရ ရုရှားဒုတိယဗိုလ်ချုပ်ကြီး ဗလာဒီမာ အလက်ဆီးဗ် (Lt. Gen. Vladimir Alekseev) ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတစ်ခုဖြစ် ပွားခဲ့ပြီး လက်ရှိတွင် ၎င်းမှာ မော်စကိုမြို့၌ ဆေးရုံတက်ရောက်ကုသနေရသည်။ သေနတ်သမားတစ်ဦးသည် လူနေအဆောက်အအုံတစ်ခုအတွင်း၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်လှစ်ထားပြီး သံသယရှိသူအား လိုက်လံရှာဖွေလျက်ရှိသည်။ News Of Myanmar NOM