ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 539 名订阅者,在 新闻与媒体 类别中位列第 16 068,并在 缅甸 地区排名第 10 064

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 539 名订阅者。

根据 17 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -265,过去 24 小时变化为 -4,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.37%。内容发布后 24 小时内通常能获得 10.05% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 925 次浏览,首日通常累积 1 262 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 16

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 18 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 539
订阅者
-424 小时
-517
-26530
帖子存档
လက်ဘနွန်တောင်ပိုင်းတွင် ဟစ်ဘိုလာ၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေး ၈၀ ရာခိုင်နှုန်းခန့် ရပ်တန့်လုနီးပါ
လက်ဘနွန်တောင်ပိုင်းတွင် ဟစ်ဘိုလာ၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေး ၈၀ ရာခိုင်နှုန်းခန့် ရပ်တန့်လုနီးပါးဖြစ်နေကြောင်း အစ္စရေးအခြေစိုက် KAN ရုပ်သံလွှင့်ဌာနက ထုတ်ဖော်ပြောကြားလိုက်သည်။ ဟစ်ဘိုလာအဖွဲ့၏ စဉ်ဆက်မပြတ် လုပ်ဆောင်နေသော ဒရုန်းစစ်ဆင်ရေးများသည် လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးစစ်တပ်၏ လွတ်လပ်စွာ စစ်ဆင်ရေးဆင်နွှဲနိုင်စွမ်းကို သိသိသာသာ ထိခိုက်လျက်ရှိကြောင်း အဆိုပါ သတင်းဌာနက ဝန်ခံထားသည်။ ဒရုန်းများ၏ အန္တရာယ်ကြီးမားမှုကြောင့် အစ္စရေးစစ်တပ်အနေဖြင့် အချို့သော စစ်ဆင်ရေးများကို နေ့ခင်းဘက်တွင် လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ အချို့ကိုမူ လုံးဝဖျက်သိမ်းလိုက်ရသည့်အတွက် စစ်သားများ အကျအဆုံး ပိုမိုများပြားလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ NOM

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးကျင်းပ မေ ၁၉၊ ၂၀၂၆ နိုင်ငံခြားသား အမြဲနေထ
နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးကျင်းပ   မေ ၁၉၊ ၂၀၂၆   နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။   ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားပြီး လုပ်ငန်းတာဝန်ခံက လက်ရှိ PR လျှောက်ထားသူ မိသားစုအပါအဝင် ၃၆ ဦး၏ ကိုယ်ရေးအချက်အလက်များ၊ တစ်ဦးချင်းအမှတ်ပေးစနစ်ဖြင့် စိစစ်ထားရှိမှု၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခင်လူတွေ့စစ်ဆေးခံယူရန် ပျက်ကွက်ခဲ့သူများအနက် သုံးကြိမ်နှင့်အထက် ပျက်ကွက်ခဲ့သူများအခြေအနေ၊ လုပ်ငန်းကော်မတီမှ စိစစ်အကြံပြုချက်များ၊ ဗဟိုကော်မတီမှ စိစစ်ပြီးပါက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။   ယင်းနောက် တက်ရောက်လာကြသည့် ဗဟိုကော်မတီအတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင်များက လူတွေ့စစ်ဆေးမှုခေါ်ယူရာတွင် ပျက်ကွက်မှုများအတွက် ဆက်လက်ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းသုံးသပ်အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဗဟိုကော်မတီမှ အတည်ပြုပြီးသူများကို လူတွေ့စစ်ဆေးအကဲဖြတ်မှု ဆက်လက်ဆောင်ရွက်နိုင်ရေး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများက CDF ၊ CNA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် တွန်းဇံမြို့
+5
တပ်မတော်စစ်ကြောင်းများက CDF ၊ CNA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် တွန်းဇံမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၊ တပ်မတော်မှ ချင်းပြည်နယ် မြောက်ပိုင်းဒေသတစ်ခုလုံးအား အလုံးစုံထိန်းချုပ် မေ ၂၀၊ ၂၀၂၆

ဟင်္သာတမြို့တွင် ဗိုလ်မောင်စိန်တိုက်တန်းမီးလောင်မှု အခန်း ၁၂ ခန်းမီးလောင်ဆုံးရှူံး NOM၊မေ၂၀၊၂၀၂၆ ဟင်္သာတမြို့နယ်၊ ပတ္တမြားရပ်
ဟင်္သာတမြို့တွင်  ဗိုလ်မောင်စိန်တိုက်တန်းမီးလောင်မှု အခန်း ၁၂ ခန်းမီးလောင်ဆုံးရှူံး NOM၊မေ၂၀၊၂၀၂၆ ဟင်္သာတမြို့နယ်၊ ပတ္တမြားရပ်ကွက်၊ ဗိုလ် အောင်ကျော်လမ်းတွင် ယမန်နေ့ မေ(၁၉)ရက်၊ ည ၁၁နာရီခွဲခန် ခန်က  ဗိုလ်မောင်စိန်တိုက်တန်းမီးလောင်မှုဖြစ်ပွားခဲ့ပြီးအခန်း ၁၂ခန်းမီးလောင်ဆုံးရှူံး ခဲ့ကြောင်း ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မီးလောင်မှုကြောင့်  သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း အခန်း၁၂ ခန်းပါ နှစ်ထပ် ဗိုလ်မောင်စိန်တိုက်တန်းအဆောက်အဦးတစ်လုံးမီးလောင်ဆုံးရှူံးခဲ့ပြီး မီးလောင်ရာသို့မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းများ၊ ဒေသခံများဖြင့် ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ရာယနေ့ မေ၂၀ရက် နံနက်၂နာရီခန့်တွင် မီးကြွင်းမီးကျန်များအားလုံးငြိမ်းသတ်ခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်၌ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို လက်ရှိမီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

အမေရိကန်-အစ္စရေး အများပြည်သူဆိုင်ရာရေးရာ ကော်မတီ (AIPAC) ကို နိုင်ငံခြားအကျိုးဆောင်အဖြစ် မှတ်ပုံတင်ခိုင်းဖို့ ကြိုးပမ်းခဲ့တဲ့
အမေရိကန်-အစ္စရေး အများပြည်သူဆိုင်ရာရေးရာ ကော်မတီ (AIPAC) ကို နိုင်ငံခြားအကျိုးဆောင်အဖြစ် မှတ်ပုံတင်ခိုင်းဖို့ ကြိုးပမ်းခဲ့တဲ့ ကွန်ဂရက်အမတ် ရာထူးကနေ ဖယ်ရှားခံရ အမေရိကန်-အစ္စရေး အများပြည်သူဆိုင်ရာရေးရာ ကော်မတီ (AIPAC) ကို "နိုင်ငံခြားအကျိုးဆောင် မှတ်ပုံတင်ခြင်းအက်ဥပဒေ" (FARA) အရ မှတ်ပုံတင်ဖို့ ဥပဒေကြမ်းတင်သွင်းခဲ့သူ၊ စစ်ပွဲများကို ဆန့်ကျင်သူ၊ အီရန်စစ်ပွဲကို ကန့်ကွက်သူနှင့် အက်ပ်စတိန်း (Epstein) ဖိုင်တွဲများ ချပြရေးကို ထောက်ခံသူ ကင်တပ်ကီပြည်နယ် ကွန်ဂရက်အမတ် သောမတ်စ် မက်ဆီ (Thomas Massie) သည် ပါတီတွင်း ပဏာမမဲခွဲပွဲ (Primary) တွင် ရှုံးနိမ့်သွားခဲ့သည်။ ၎င်းသည် သမ္မတ ထရမ့်နှင့် AIPAC တို့ ကျောထောက်နောက်ခံပေးထားသည့် ရေတပ်အထူးကွန်မန်ဒို (Navy SEAL) ဟောင်းအား ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကြော်ငြာလှိုင်းလုံးကြီးကို အစ္စရေးလိုလားသော အဖွဲ့အစည်းများက ငွေကြေးအမြောက်အမြား စိုက်ထုတ်ပံ့ပိုးခဲ့ကြသည်။ မက်ဆီ ကျူးလွန်ခဲ့သည်ဆိုသော အပြစ်များမှာ- * အစ္စရေးသို့ ကူညီထောက်ပံ့မည့် အစီအစဉ်ကို ကန့်ကွက်မဲပေးခဲ့ခြင်း * အီရန်နှင့် စစ်ဖြစ်ပွားမည့်အရေးကို ဆန့်ကျင်ခြင်း * ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) ၏ လျှို့ဝှက်ဖိုင်တွဲများကို ချပြရန် တွန်းအားပေးခြင်း * ၎င်း၏ ရာထူးသက်တမ်း နောက်ဆုံးရက်များတွင် AIPAC ကို နိုင်ငံခြားလော်ဘီအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရန် အဆိုပြုခဲ့ခြင်း တို့ ဖြစ်သည်။ အစ္စရေး​၏ တုံ့ပြန်မှုကတော့ မြန်ဆန်၊ ပြတ်သားပြီး ငွေကြေးအမြောက်အမြား အသုံးပြုသွားခဲ့သည်-The Times of Israel သတင်းစာ၏ ဖော်ပြချက်အရ AIPAC၊ ရီပတ်ဘလစ်ကန် ဂျူးမဟာမိတ်အဖွဲ့ (RJC) နှင့် အစ္စရေးအတွက် ခရစ်ယာန်များအဖွဲ့ (CUFI) တို့အားလုံးသည် မက်ဆီ၏ ပြိုင်ဘက်ကို ဝိုင်းဝန်းကျောထောက်နောက်ခံပြုပေးခဲ့ကြပြီး ငွေကြေးအမြောက်အမြား "ပုံအော သုံးစွဲခဲ့ကြ"သည်။ ဒါဟာ အမေရိကန်နိုင်ငံရေးအတွင်း နိုင်ငံခြားစွက်ဖက်မှုအခြေအနေမှန်ကို သတိပြုမိသွားတဲ့ ကွန်ဂရက်အမတ်တစ်ယောက်ကို နိုင်ငံခြားလိုလားတဲ့ အုပ်စုက ငွေကြေးအင်အားသုံးပြီး ဖယ်ရှားလိုက်တာလို့ပဲ ဆိုရပါလိမ့်မည်။ NOM

ချောက်မြို့တွင်ကုမ္ပဏီအရောင်းကါးမှဝန်ထမ်းနှစ်ဦးကိုစစ်မှုထမ်းရန်ဆ်ုကါရဲကဖမ်း NOM၊မေ၂၀၊၂၀၂၆ ယနေ့မေလ၂၀ရက်နေ့နံနက်၁၁း၀၀နာရီကချောက
ချောက်မြို့တွင်ကုမ္ပဏီအရောင်းကါးမှဝန်ထမ်းနှစ်ဦးကိုစစ်မှုထမ်းရန်ဆ်ုကါရဲကဖမ်း NOM၊မေ၂၀၊၂၀၂၆ ယနေ့မေလ၂၀ရက်နေ့နံနက်၁၁း၀၀နာရီကချောက်မြို့အထွက်Famous ဓာတ်ဆီဆိုင်ရှေ့တွင်ကုမ္ပဏီအရောင်းကါးကိုထွေအုပ်နှင့်ရဲကတားပြီးကါးပေါ်ပါကုမ္ပဏီအရောင်းဝန်ထမ်းနှစ်ဦးကိုစစ်မှူထမ်းရမည့်အရွယ်ဟုဆိုကာဖမ်းဆီးသွားကြောင်းသိရသည်။ ရန်ကုန်ရှိကုမ္ပဏီရုံးကအဆိုပါဖမ်းဆီးခံရသူနှစ်ဦးသည်ကုမ္ပဏီဝန်ထမ်းများဖြစ်ကြောင်းဝန်ထမ်းကတ်လည်းပါသလိုကုမ္ပဏီယူနီဖောင်းဖြင့်ကုမ္ပဏီကါးမောင်းကါနယ်လှည့်အရောင်းဝန်ထမ်းများဖြစ်ကြောင်းရဲကိုဆက်သွယ်ပြောဆိုသော်လည်းရဲကထွေအုပ်ကိုသာပြောပါဆိုသဖြင့်ထွေအုပ်သို့ဆက်သွယ်ရာရဲကိုသာပြောပါဟုအပြန်အလှန်ဘောလီဘောပုတ်နေကြသည်။လက်ရှိတွင်ကုမ္ပဏီအရောင်းကါးကိုချောက်မြို့ထွေအုပ်ရုံးရှေ့တွင်ရပ်ထားကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီးသည်ဖြတ်သန်းသွားလာသောကါးများပေါ်မှလူငယ်များကိုပြည်သူ့စစ်မှုထမ်းဆောင်ရန်ဟုခေါ်ကါကါးပေါ်မှဆွဲချဖမ်းဆီးရာတွင်နံမည်ကြီးသောတိုင်းဒေသကြီးဖြစ်သည်။ပြီးခဲ့သည့်လကလည်းပဲခူးတိုင်းဒေသကြီးမှရိုးရာလက်ဝှေ့ကစားသမားတစ်ဦးကိုမကွေးမြို့တွင်ကါးပေါ်မှဆွဲချဖမ်းဆီးသဖြင့်သက်ဆိုင်ရာအဖွဲ့အစည်းများကလိုက်လံထုတ်ယူရမှုဖြစ်ပွါးခဲ့သေးကြောင်းသိရသည်။

ဗြိတိန်နိုင်ငံသည် တတိယနိုင်ငံများတွင် ရုရှားရေနံမှတစ်ဆင့် ထုတ်လုပ်ထားသော ဒီဇယ်နှင့် လေယာဉ်ဆီများကို ကန့်သတ်ချက်မရှိဘဲ အကန့်အသ
ဗြိတိန်နိုင်ငံသည် တတိယနိုင်ငံများတွင် ရုရှားရေနံမှတစ်ဆင့် ထုတ်လုပ်ထားသော ဒီဇယ်နှင့် လေယာဉ်ဆီများကို ကန့်သတ်ချက်မရှိဘဲ အကန့်အသတ်မရှိ ကာလအထိ တင်သွင်းခွင့် ပြုလိုက်သည်။ NOM

အီရန်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများအတွက် လွှတ်တော်၏ အတည်ပြုချက်ရယူရန် လိုအပ်သည့် စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်မဲခွဲဆုံးဖြတ်မှု (War Powers Vote) ကို အမေရိကန် အထက်လွှတ်တော်က ဆက်လက်လုပ်ဆောင်ရန် အတည်ပြုလိုက်ပြီဖြစ်သည်။ ခုနစ်ကြိမ်တိုင်တိုင် ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘဲ သတ္တမအကြိမ်မြောက်ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ်အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှု အောင်မြင်ခဲ့ခြင်းဖြစ်ပြီးသမ္မတ ထရမ့်၏ စစ်ပွဲဆိုင်ရာ အုပ်ချုပ်ရေးအာဏာကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းလည်းဖြစ်သည်။ War Powers Vote - အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက စစ်တပ်ကို စေလွှတ်နိုင်သော်လည်း တရားဝင် စစ်ကြေညာပိုင်ခွင့်နှင့် စစ်စရိတ်အတည်ပြုပိုင်ခွင့်မှာ လွှတ်တော်တွင်သာရှိသည်။ ထို့ကြောင့် သမ္မတ၏ စစ်ပွဲဆင်နွှဲမည့် လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် သို့မဟုတ် ခွင့်ပြုရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ခြင်း ဖြစ်သည်။ NOM

အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များ
+2
အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များ

ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်စခန်းဌာနချုပ်နှင့် လှို
ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်စခန်းဌာနချုပ်နှင့် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာ   မေ ၁၉၊ ၂၀၂၆   ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) စခန်းပေါင်းစုံမှ သင်တန်းသား/သင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်စခန်းဌာနချုပ်သို့ လေ့လာရေးခရီးသွားရောက်ကြသည်။   ဦးစွာ လေကြောင်းနှင့်အာကာသသိပ္ပံပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့်သက်ဆိုင်သော အထွေထွေဗဟုသုတများ၊ တပ်မတော်(လေ)တွင် အသုံးပြုလျက်ရှိသော လေယာဉ်/ရဟတ်ယာဉ်များအကြောင်းကို တပ်မတော်(လေ)မှ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။   ထို့နောက် ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများသည် မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်စခန်းဌာနချုပ်ရှိ တပ်မတော်လေယာဉ်များ၏ စွမ်းပကားနှင့် အခြားသိသင့်သိထိုက်သည်များကို စိတ်ပါဝင်စားစွာလေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။   နေ့လယ်ပိုင်းတွင် ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။   ထို့နောက် လေ့လာရေးခရီးလာရောက်ကြသော ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများအား ပြခန်းခန်းမဆောင်၌ ပြသထားသော နျူကလီးယားနည်းပညာအသုံးပြု၍ ရောဂါရှာဖွေမှု(တိုမိုဂရမ်) နမူနာပုံစံ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုအမျိုး အစားတစ်ခုဖြစ်သော RITM-200 ၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အလုပ်လုပ်ပုံပြနမူနာပုံစံ၊ ခန္တာကိုယ်၏ ဓာတ်ရောင်ခြည်ပမာဏကို တိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္တုပစ္စည်းများတွင်ပါရှိသော ဓာတ်ရောင်ခြည်ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊ နျူကလီးယားနည်းပညာဆိုင်ရာ အခြေခံအကြောင်းအရာများကို မေးခွန်းများမေး၍ ဖြေကြားနိုင်သည့် ပဟေဠိဂိမ်းစနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေစသည့်သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္တုများတွင် ထွက်ရှိလျက်ရှိသော ရေဒီယိုသတ္တိကြွမှုကို တိုင်းတာဖော်ပြပေးသည့်စက်၊ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံကို 3D Virtual နည်းပညာဖြင့် ပုံဖော်ပြသထားသည့်ပုံစံငယ်နှင့် လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Wind Turbine နမူနာပုံစံငယ်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားသည်။   ယင်းနောက် ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများသည် ဗွီဒီယိုပြခန်းမဆောင်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော်ပြသထားသည့်သီချင်း MTV ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုများ၏အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုတည်ဆောက်မှုအတွေ့အကြုံများ ရှင်းလင်းတင်ပြမှု ဗွီဒီယိုပြကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အခြေခံအကြောင်းအရာများကို မြန်မာဘာသာဖြင့် ရှင်းလင်းပြောကြားထားသည့် ပြကွက်များ၊ ပိုစတာပြခန်းတွင် နျူကလီးယားနည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍအသီးသီးတို့တွင် လက်တွေ့ကျကျအသုံးပြုနေခြင်းဆိုင် ရာပိုစတာများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်
မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်

ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ
ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ

၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန်။ ၆ နှစ်အရွယ် ကလေးများကို ပထမတန်း (Grade 1) သို့ အပ်နှံရန်။
၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန်။ ၆ နှစ်အရွယ် ကလေးများကို ပထမတန်း (Grade 1) သို့ အပ်နှံရန်။

“နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”
“နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”

photo content
+8

photo content
+9

တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော မေ
+9
တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော မောတောင်မြို့အား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများ ပြန်လည်ဆောင်ရွက်နိုင်တော့မည်ဖြစ် မေ ၁၉၊ ၂၀၂၆

သမ္မတ ပူတင် ပေကျင်းသို့ ရောက်ရှိလာပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကြိုဆိုနှုတ်ဆက်။ မေ ၁၉၊ ၂၀၂၆

ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia အား လက်ခံတွေ့ဆုံ။ မေ ၁၉၊ ၂၀၂၆
+2
ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia အား လက်ခံတွေ့ဆုံ။ မေ ၁၉၊ ၂၀၂၆

တာမွေ၌ အခမဲ့ဆေးကုသမှု လာရောက်ခံယူများပြား NOM၊မေ၁၉၊၂၀၂၆ ရန်ကုန်မြို့ရှိ ဆေးရုံကြီး(၆)ရုံနှင့် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး
တာမွေ၌ အခမဲ့ဆေးကုသမှု လာရောက်ခံယူများပြား NOM၊မေ၁၉၊၂၀၂၆ ရန်ကုန်မြို့ရှိ ဆေးရုံကြီး(၆)ရုံနှင့် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းပြီးမေ၁၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ တာမွေ မြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင်အခမဲ့ဆေးကုသမှု ပြုလုပ်ရာပြည်သူ၂၀၀၀။ ကျော်လာ‌ရောက်ပြသခဲ့‌ ကြောင်းသိရသည်။ အဆိုပါကွင်းဆင်းကုသပေးမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးရောဂါကုဆေးရုံကြီး၊ ရန်ကင်းကလေး ဆေးရုံ ကြီး၊ မျက်စိဆေးရုံကြီး၊ နား၊ နှာခေါင်း၊ လည်ပင်းနှင့်ဦးခေါင်းဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီးနှင့် အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်‌သည်။ ယင်းလာရောက်ကုသပေးရာတွင် အထွေထွေအထူးကုသမားတော်၊ ဆီးချိုနှင့်ဟော်မုန်းအထူးကုသမား တော်၊ ခွဲစိတ် အထူးကု၊ အရိုးအထူးကု၊ စိတ်ကျန်းမာရေးအထူးကု၊ အရေပြားအထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုများပါဝင်ပြီး အမျိုးသမီး သားဖွားမီးယပ်ရောဂါများပြသနိုင်‌ ကြောင်းသိရသည်။ တာမွေမြို့နယ်တွင်အခမဲ့ဆေးကုသပေးမှုကို ပထမဆုံးအကြိမ် လာရောက် ပြသူ၁၄၀၀ကျော်လောက်ရှိပြီး ယခုဒုတိယ အကြိမ်တွင် လာရောက်ပြသသူ ၇၀၀ကျော် ရှိကြောင်း သိရသည်။