548
订阅者
-124 小时
-57 天
-1330 天
数据加载中...
吸引订阅者
九月 '26
九月 '26
+1
在0个频道中
八月 '260
在0个频道中
Get PRO
七月 '260
在0个频道中
Get PRO
六月 '26
+1
在0个频道中
Get PRO
五月 '260
在0个频道中
Get PRO
四月 '26
+2
在0个频道中
Get PRO
三月 '26
+1
在0个频道中
Get PRO
二月 '260
在0个频道中
Get PRO
一月 '26
+2
在0个频道中
Get PRO
十二月 '250
在0个频道中
Get PRO
十一月 '25
+2
在0个频道中
Get PRO
十月 '25
+2
在0个频道中
Get PRO
九月 '250
在0个频道中
Get PRO
八月 '250
在0个频道中
Get PRO
七月 '250
在0个频道中
Get PRO
六月 '25
+4
在0个频道中
Get PRO
五月 '250
在0个频道中
Get PRO
四月 '25
+3
在0个频道中
Get PRO
三月 '25
+3
在0个频道中
Get PRO
二月 '25
+2
在0个频道中
Get PRO
一月 '25
+2
在0个频道中
Get PRO
十二月 '24
+1
在0个频道中
Get PRO
十一月 '24
+4
在0个频道中
Get PRO
十月 '240
在0个频道中
Get PRO
九月 '24
+1
在0个频道中
Get PRO
八月 '24
+2
在0个频道中
Get PRO
七月 '24
+26
在0个频道中
Get PRO
六月 '24
+32
在0个频道中
Get PRO
五月 '24
+22
在0个频道中
Get PRO
四月 '24
+12
在0个频道中
Get PRO
三月 '24
+11
在0个频道中
Get PRO
二月 '24
+9
在0个频道中
Get PRO
一月 '24
+12
在0个频道中
Get PRO
十二月 '23
+1 299
在0个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 23 九月 | 0 | |||
| 22 九月 | 0 | |||
| 21 九月 | 0 | |||
| 20 九月 | 0 | |||
| 19 九月 | 0 | |||
| 18 九月 | 0 | |||
| 17 九月 | 0 | |||
| 16 九月 | 0 | |||
| 15 九月 | 0 | |||
| 14 九月 | 0 | |||
| 13 九月 | 0 | |||
| 12 九月 | 0 | |||
| 11 九月 | 0 | |||
| 10 九月 | 0 | |||
| 09 九月 | 0 | |||
| 08 九月 | 0 | |||
| 07 九月 | +1 | |||
| 06 九月 | 0 | |||
| 05 九月 | 0 | |||
| 04 九月 | 0 | |||
| 03 九月 | 0 | |||
| 02 九月 | 0 | |||
| 01 九月 | 0 |
频道帖子
Repost from Ko Thet
Online လောင်းကစားကွန်ရက် ဦးဆောင်နေသည့် Senior Agent ၇ ဦး ဖော်ထုတ်ဖမ်းဆီး၊ ဖုန်း ၁၃ လုံးနှင့် ယာဉ် ၃ စီး သိမ်းဆည်းရမိတရားမဝင် Online လောင်းကစားဂိမ်းများကို Agent အဆင့်ဆင့်ဖြင့် ဦးစီးလုပ်ကိုင်နေသည့် Senior Agent များအနက် တရားခံ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၇ ဦးကို ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး Online လောင်းကစားလုပ်ငန်းတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၁၃ လုံး၊ Laptop ၁ လုံး၊ Tablet ၁ လုံးနှင့် မော်တော်ယာဉ် ၃ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များအရ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် Ibet 789 Online လောင်းကစားဂိမ်း Senior Agent ဖြိုးသိင်္ဂီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခခြင်းဖြစ်သည်။ အလားတူ Senior Agent နှင်းဝတ်ရည်ကျော် အပါအဝင် တရားခံ ၃ ဦးကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)၊ အိမ်အမှတ်(၆၇၀)၌ လက်ကိုင်ဖုန်း ၈ လုံး၊ Laptop ၁ လုံး၊ Tablet ၁ လုံးနှင့် မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် စက်တင်ဘာ ၄ ရက်တွင် Online လောင်းကစားဂိမ်း Senior Agent ကျော်စိုးလင်းကို လှိုင်သာယာမြို့နယ်၊ ရေအုပ်ကန်ရပ်ကွက်ရှိ Mandarin Hotel ၌ လက်ကိုင်ဖုန်း ၂ လုံး၊ မော်တော်ယာဉ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူ Online လောင်းကစား Senior Agent ယဉ်ယဉ်နုကိုလည်း သာကေတမြို့နယ်၊ အနော်မာ(၁)ရပ်ကွက်၊ လမ်းသစ်(၁)လမ်း၊ အမှတ်(၆၆/က)၌ လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ Senior Agent ဖြိုးသိင်္ဂီသည် ၂၀၂၃ ခုနှစ်မှစတင်၍ Ibet 789၊ 555 Mix၊ Sports နှင့် Xzone Website များတွင် Online Agent အဖြစ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ Senior Agent နှင်းဝတ်ရည်ကျော်သည် ၂၀၂၂ ခုနှစ်မှစတင်၍ Ibet 789 Website တွင် Online လောင်းကစား Agent အဖြစ် လုပ်ကိုင်ခဲ့ပြီး ကောင်းခန့်ညီ၊ ချစ်နှင်းဝေနှင့် ဇင်ငြိမ်းသူတို့က ၎င်း၏လက်အောက်တွင် ကူညီလုပ်ကိုင်ခဲ့ကြောင်း စိစစ်သိရှိရသည်။ ထို့အပြင် Senior Agent ကျော်စိုးလင်းသည် ၂၀၂၁ ခုနှစ်မှစတင်၍ Ibet 789 Website တွင် Online လောင်းကစား Agent အဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် Sport 899 နှင့် 555 Mix လောင်းကစားဂိမ်းများကို ထပ်မံတိုးချဲ့လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ၎င်း၏ဇနီးဖြစ်သူ ယဉ်ယဉ်နုမှာလည်း ၂၀၂၃ ခုနှစ်မှစတင်၍ Online လောင်းကစား Senior Agent အဖြစ် လုပ်ကိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟုဆိုသည်။ ဖြစ်စဉ်တွင် Online လောင်းကစားလုပ်ငန်း လုပ်ကိုင်သူ တရားခံ ၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ Online လောင်းကစား Agent လုပ်ငန်းတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၁၃ လုံး၊ Laptop ၁ လုံး၊ Tablet ၁ လုံးနှင့် မော်တော်ယာဉ် ၃ စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အမှုဖွင့်လှစ်ကာ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ KT Sep 13
| 2 | တရားမဝင် Online လောင်းကစားဂိမ်း ဦးဆောင်လုပ်ကိုင်သူ (Senior Agent) များအား ဖော်ထုတ်ဖမ်းဆီး အရေးယူသည်။ ရန်ကုန်၊ စက်တင်ဘာလ- ၁၃ ရက်။
KT Sep 13 | 44 |
| 3 | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဖနွမ်းပင်မြို့၊ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ စက်တင်ဘာလ ၁၁ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ ဖနွမ်းပင်မြို့ရှိ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား လေဆိပ်၌ ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး၊စစ်သံမှူး၊မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် ဂုဏ်ပြုတပ်ဖွဲဖြင့် နွေးထွေးစွာကြိုဆိုကြသည်။
ထို့ပြင် ကမ္ဘောဒီးယားပြည်သူများက လေဆိပ်ရှိလျှောက်လမ်းများတစ်လျှောက်၌ နှစ်နိုင်ငံအလံများ၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ဓာတ်ပုံများ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။
KT Sep 11 | 68 |
| 4 | တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံ ကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန်သွားလမ်းကြောင်းအား နယ်မြေစိုးမိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်၊ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲများ ဖျက်ဆီးခဲ့သော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်တည်ဆောက်
- | 71 |
| 5 | တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံ ကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန်သွားလမ်းကြောင်းအား နယ်မြေစိုးမိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်၊ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲများ ဖျက်ဆီးခဲ့သော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်တည်ဆောက်
- | 49 |
| 6 | ၉.၉.၂၀၂၆ ရက်နေ့
ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအနောက်ရပ်ကွက် ၃၄ လမ်း ၈၅x၈၆ လမ်းကြားတွင် သစ်ပင်လဲရာမှ ရပ်ထားသောကားအားပိမိ၍ လူတစ်ဦးပိ
CKK
KT Sep 9 | 43 |
| 7 | မြောက်ကိုရီးယား နယ်စပ်လှုပ်ရှားမှုတွေကို တောင်ကိုရီးယား အထူးစောင့်ကြည့်နေ
မြောက်ကိုရီးယားတပ်ဖွဲ့တွေရဲ့ နယ်စပ်လှုပ်ရှားမှုတွေ ပိုမိုများပြားလာတာကြောင့် တောင်ကိုရီးယားစစ်ဘက်က DMZ အပါအဝင် နယ်စပ်တစ်လျှောက် အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်လာရင် တုံ့ပြန်နိုင်ဖို့ စစ်ရေးအသင့်အနေအထား ထားရှိတယ်လို့ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
-
မြောက်ကိုရီးယားဘက်က နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းတွေ ထပ်မံတပ်ဆင်တာ၊ အကာအကွယ်တံတိုင်းတွေ တည်ဆောက်တာနဲ့ စစ်ဘက်အခြေခံအဆောက်အအုံတွေ တိုးချဲ့နေတာတွေ ရှိတယ်လို့ တောင်ကိုရီးယား JCS က ပြောပါတယ်။
-
အရင်လတွေကလည်း မြောက်ကိုရီးယားစစ်သည်တချို့ နယ်စပ်စည်းကို ခေတ္တဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တာကြောင့် တောင်ကိုရီးယားဘက်က သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။
-
KT Sep 9 | 30 |
| 8 | လူနာ ၆ ဦးအား နှလုံးစက်အသုံးပြုခြင်းမရှိဘဲ နှလုံးသွေးကြောအစားထိုးဖြတ်ကျော်ဆက်သွယ်ခြင်းဖြင့် ခွဲစိတ်ကုသပေးခဲ့
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ Yida Hospital၊ Shanghai University Medical School မှ Chairman and Professor of Department of Cardiovascular Surgery Center ဒေါက်တာ Feng Wan ဦးဆောင်သည့် အဖွဲ့ဝင် ၅ ဦးပါအဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့် ပူးပေါင်း၍ ဩဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ နှလုံးသွေးကြောပိတ်ရောဂါ လူနာ ၆ ဦးအား နှလုံးစက်အသုံးပြုခြင်းမရှိဘဲ နှလုံးသွေးကြောအစားထိုးဖြတ်ကျော်ဆက်သွယ်ခြင်း (Off-Pump Coronary Artery Bypass Surgery) ဖြင့် ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ခွဲစိတ်ကုသမှုခံယူခဲ့သည့် လူနာ ၆ ဦးအား မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနတွင် လိုအပ်သည့် ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
KT Sep 9 | 25 |
| 9 | သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်မည်
🔹နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟာ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
🔹ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဟာ ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ (ယာယီနိုင်ငံတော်အကြီးအကဲ) နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်သလို၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံဆွေးနွေးသွားမယ်လို့ အသိပေးထားပါတယ်။
KT Sep 9 | 37 |
| 10 | ဗဒုံမျိုးဆက်တို့စစ်ချီပြီ
ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြီး ဆက်လက် တည်တံ့နေဖို့အရေး ဆူးဝင်နေတဲ့ ဆူး တစ်ချောင်းကို နှုတ်ရမယ်ဆိုရင်တော့ AA ဆိုတဲ့ ဆူး လဲပါတယ်။
==================
ထွန်းမြတ်နိုင် ဆိုတဲ့ ငစနူ က "မြန်မာမြေမှာမွေး မြန်မာရေကိုသောက် မြန်မာသင်ပေးတဲ့ပညာကိုသင်ပြီး မြန်မာကိုပြန်ပုန်ကန်တဲ့" ခွေးတောင် မလုပ်တဲ့ အလုပ်ကိုလုပ်တဲ့ ကောင်ရယ်။
==================
ဒီငနဲသား က ရခိုင်တိုင်းရင်းသားတွေရဲ့ စိတ်ကို ဆွဲကိုင်ဖို့ "မင်းဘာကြီး ဘာညာဘာညာ" ဆိုတာနဲ့ စည်းရုံးတယ်။ အဓိက ရခိုင်တွေရဲ့ မျိုးချစ်စိတ်ကို ဘုံတည်လိုက်တာ။
===================
ရခိုင်တိုင်းရင်းသားတွေဟာ မျိုးချစ်စိတ်ပြင်းထန်တယ်။ ဒါကြောင့်မို့လို့ ဘဂ်လီ တွေကျူးကျော်မှုကို ကြံ့ကြံ့ခံထားနိုင်တာ။ ဒါက သူတို့ရဲ့ အတုယူရမဲ့ စိတ်။
====================
အဲ့နောက်မှာမှ "သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါ်ထိုင်ပြီး Resource ခွဲတာ နည်းတယ်" ဆိုတဲ့ အရာလေးကပ်ပေးလိုက်တယ်။ ပြည်ထောင်စု ဆိုရင် Finicial Management ဘယ်လို Cash Flow ဘယ်လိုဆိုတာ ကို မသိတဲ့ သာမာန်ပြည်သူ တွေဟာ ထွန်းမြတ်နိုင် ရဲ့ တော်ကီကြောမှာ မျောကုန်တာပေါ့။
==================
တိုတိုပြောရရင်တော့ ရခိုင် မှာ ထွန်းမြတ်နိုင် ရဲ့ ပရောဂ နဲ့ သူပုန်ထခဲ့ကြတယ်။ ၂၀၂၁ နောက်ပိုင်း တပ်စစ်မီးဝိုင်းနေတဲ့အချိန် AA ဟာ ရခိုင်ရဲ့ တချို့နယ်မြေတွေကို ထိန်းသိမ်းနိုင်ခဲ့တယ်။
===================
သို့ပေသိ ပြသနာက မြို့ ၃ မြို့သည် ဘယ်လိုမှ သိမ်းရမပဲ ကျန်ရစ်ခဲ့တယ်။ AA အနေနဲ့ ဘယ်လောက်တောင် လူပါးဝလဲဆိုတော့ မကွေးနယ်စပ်တို့ ဘာတို့ထိပါ ကျူးကျော်လာတာ။
====================
ဘယ်လိုကျူးကျော်လဲဆိုတော့ ဗမာသူပုန် PDF ကို ခိုင်းစားပြီး ကျူးလာတာ။ ဒါကို ဗမာလူငယ် PDF တွေကလဲ အသုံးချခံခဲ့တာ ရင်နာစရာပါ။
=====================
ထွန်းမြတ်နိုင် ပါးစပ်က ခဏခဏပြောတဲ့ "ဗမာတွေက မတရားသိမ်းထားတယ်" ဆိုရင် "မအိမ်လုံးရဲ့ ဘဂ်လားနဲ့ စစ်တကောင်းကလဲ မင်းတို့ ရခိုင်တွေပိုင်ခဲ့တာပဲ။ ၄ မို့လို့ မတိုက်တာလား" လို့မေးရမယ်။
=====================
ဘယ်တိုက်ရဲမလဲ... ဘဂ်လား ဆိုတာ မြန်မာလိုမဟုတ်ဘူး။ သူပုန်မရှိဘူး။ သွားတိုက်ရင် ခွေးဖြစ်ကုန်မှာလေ။
=====================
ဒီနေရာမှာ ကျွန်တော်တို့ မြန်မာ တွေ ဘယ်လောက်ထိ ပုံမလာလဲဆိုတာ ခံပြင်းမိတယ်။ ကိုယ့်အချင်းချင်းသာ ညီနေရင် ဘယ်သူပုန်မှ မထနိုင်ဘူး။ ခုများတော့ သူတို့ ပြည်နယ် လွတ်လပ်ရေးရဖို့ အသေတောင်ခံပေးကြသေးတာ။ နိုင်ငံရေးသမားတွေရဲ့ စနက်တွေ။
====================
စစ်တိုက်တယ်ဆိုတာ အင်အားချင်း၊ လက်နက်ချင်း၊ ဦးနှောက်ချင်း တိုက်ရုံမဟုတ်ဘူး။ Resource ချင်းလဲ တိုက်ကြရတာလေ။ ကြာလာတော့ AA တိုင်ပတ်လာရော။
=====================
တပ် က ခုဆို နေရာအနှံ့မှာ တိုက်စစ်တွေဖွင့်နေပြီ။ ဒီနေရာမှာ အရင်က AA ကို ဘာလို့ မတိုက်သေးတာလဲ မတိုက်သေးတာလဲဆိုပြီး အတော်များများက မေးကြတယ်။
===================
"စစ်တိုက်စရာမလိုဘူး။ ဝိုင်းသာပိတ်ထား။ သူ့ဘာသာနဲ့သူသေလိမ့်မယ်" ဆိုတဲ့ အမြင်ရှိတဲ့ သူလဲ ရှိတာပေါ့။
==================
၂၀၂၆ ခုနှစ် နှစ်စပိုင်းမှာ တပ်မတော် အနေနဲ့ ရခိုင်ဒေသ ကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ်။ တပ်မတော်အကြီးအကဲ ပြောင်းပြီးချိန်မှာပိုစိတ်လာတယ်။ နောက်တစ်ခုက အရင်ကဆို တစ်စီးစ နှစ်စီးစနဲ့ လေကြောင်း တိုက်တာ။ ခုက အုပ်လိုက်ကို တက်တာ။
================
အဲ့အချိန်ကတည်းက စာရေးသူထင်ပြီးသားပါ။ မကြာခင် တိုက်တော့မယ်ဆိုတာ။ ဆောင်းပါးတွေမှာလဲ သုံးသပ်ရေးသားခဲ့ဖူးပါတယ်။
=================
ဟော... ခု စ ထိုးစစ်ဆင်ပြီတဲ့။ ဝမ်းသာလိုက်သည်ဖြစ်ခြင်း။ ဘာလို့ဝမ်းသာလဲဆိုတော့ "ပြည်ထောင်စုနယ်မြေတွေအဝှမ်း နိုင်ငံတော်အလံ ပြန်လွှမ်းဖို့ လုပ်နေပြီဆိုတဲ့အသိ" ကြောင့်ဝမ်းသာတာ။
==================
ဒီနေရာမှာ ဘယ်သူ့ ဘယ်သူမှ ချစ်ခြင်းမုန်းခြင်းမရှိသလို အညိုးလဲမရှိပါဘူး။ ပြည်ထောင်စုမပြိုကွဲဖို့ စစ်တိုက်တယ်ပဲမြင်တယ်။ AA အနေနဲ့ စောစီး လက်နက်ချရင်တော့ပိုကောင်းတာပေါ့။ နှစ်ဖက်တပ်တွေ အထိအခိုက်နည်းတာပေါ့။ ဘယ်သူ ထိထိ မြန်မာထိတာ။
================
အေး လက်နက်မချနိုင်ဖူးဆိုရင်တော့ ဘယ်တတ်နိုင်မလဲ။ တိုက်ကြရုံပဲရှိတာပေါ့။
===============
"ဗဒုံမျိုးဆက်တို့စစ်ချီပြီ
ရခိုင်ပြည်နယ် တစ်ဝှမ်း နိုင်ငံတော်အလံလွှမ်းမည်
တရားသောစစ်အောင်ပါစေ"
Credit
မင်းထက်ကျော်ဇော
#UNION_Politics_News
t.me/unionpoliticsnews | 55 |
| 11 | တော်တော်မှ အီဆိမ့်ရဲ့လား အကြမ်းဖက် AA သူပုန်တွေ။
-
အချီကြီး ထပ်လာဦးမှာ မပူနဲ့...
KT Sep 6 | 53 |
| 12 | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၄-၉-၂၀၂၆ မှ ၆-၉-၂၀၂၆ ထိ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုး ၏ ဖြေကြားချက်
PPIB
KT Sep 6 | 55 |
| 13 | ကရင်မလင်မှာတွေ့တော့ သမ္မတပူတင်က...".သမ္မတကြီးဆီမှာ အလုပ်တွေ အများကြီးပါလာတာ ခန့်မှန်းမိတယ်။ ဒီခရီးစဉ်အတွင်းမှာ ဒီလုပ်ငန်းစုတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ပါစေလို့" ပြောလိုက်တယ်။
အဓိက စွမ်းအင်လုံခြုံရေးအပိုင်းမှာ မြန်မာကို ဗဟိုချက်လုပ်ပြီး ရုရှားရဲ့ ရေနံစိမ်းတွေကို တချက်ခုတ် နှစ်ချက်ပြတ်လုပ်လို့ရတယ်။ အဓိက ဆွဲဆောင်နေတာကလည်း ထားဝယ်ပဲ။ ထားဝယ်သာ ဝုန်းဒိုင်းကြဲ ပြီး ဝင်လာရင် အရှေ့တောင်အာရှရဲ့ စွမ်းအင်ကွန်ရက်က မြန်မာကို မဖြစ်မနေ ဗဟိုချက် လုပ်လာရဖို့ ရှိလာမယ်။ အနည်းဆုံးတော့ အနောက်ဘက်မှာ ဘင်းရှိတယ်။ ထိုင်းရှိမယ်။ ဒါ့ကြောင့် ထိုင်းကလည်း ပူပူနွေးနွေး ရုရှားသွားထားချိန်မှာ မဆီမဆိုင် ထားဝယ်စီမံကိန်းကို မျက်စိကျနေတာဆိုတာမျိုး ပြောလာခဲ့တာပဲ။
စွမ်းအင်နဲ့ပတ်သက်ပြီး သမ္မတကြီးကိုယ်တိုင် တချို့စီမံကိန်းတွေကို အနီးကပ်ပြောပြီး ဆွေးနွေးနေတာလည်းရှိတယ်။ ရုရှားကတော့ ထုံးစံအတိုင်း အကျိုးအမြတ်ရရင် လုပ်မှာပဲ။ ဥရောပမှာက ယူကရိန်းစစ်က ဘယ်လိုအဆုံးသတ်နိုင်မလဲ မသိရသေးခင်မှာ စွမ်းအင်နဲ့ပတ်သက်ပြီး မြန်မာကို အာဆီယံ ဗဟိုချက် လုပ်နိုင်ခွင့်ရှိနေသေးတယ်။ ဒါက ပူတင် လိုလားတဲ့ အရှေ့ဖျား ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အင်ဒို-ပစိတ်ဖိတ်ဒေသ ဩဇာလွှမ်းမိုးရေးရဲ့ Main Target လည်း ဖြစ်တယ်။ ဒါကို သိတဲ့ သမ္မတကြီးက ရုရှား- မြန်မာ ပူးပေါင်းဆောင်ရွက်ရေးမှာ အပြန်အလှန် ယုံကြည်စိတ်ချရတဲ့ နိုင်ငံ ဖြစ်တဲ့အကြောင်း ထပ်ပြီး ကတိစကားဆိုခဲ့တယ်။
ရက် ၁၀၀ ကျော်ဆိုတဲ့ ကာလအတွင်းမှာ နိုင်ငံ ၅ ခုကို ရက် ၂၀ ကို တနိုင်ငံနှုန်း နဲ့ သွားပြတာက နိုင်ငံတကာ ဆက်ဆံရေးမှာတော့ အမြင့်ဆုံး နှုန်းထားတစ်ရပ်ပဲ။ ဘယ်သူ့လက်ထက်မှာမှ ဒါမျိုး မရှိခဲ့ဘူး။ ရုရှား ခရီးစဉ်က အပြန်မှာလည်း ကမ္ဘောဒီးယားကို ထပ်သွားမယ် ဆိုတဲ့ အသံတွေကြားနေရတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်၊ အိန္ဒိယနဲ့ ရုရှား ဆိုတဲ့ CIR နိုင်ငံကြီး ၃ ခုကို မဟာမိတ်ဆက်ဆံရေးတည်ဆောက်ထားနိုင်ခဲ့သလို လျန်ချန်း- မဲခေါင်ထဲက လာအို၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနဲ့ ဗီယမ်နမ်ကိုလည်း ဆက်သွားနိုင်တဲ့ အခင်းအကျင်းမျိုး မြင်နေရတယ်။
တရုတ်နဲ့ပူးပေါင်းဆောင်ရွက်ရေးမှာ ရှန်ဟိုင်းနဲ့ လျန်ချန်း- မဲခေါင်၊ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ရေးမှာ BRICS ၊ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ရေးမှာ ဘင်းစတပ် ဆိုတဲ့ အနေအထားကြီးက " အာဆီယံ ကို ပြည်တွင်းရေး လာမစွက်ဖက်နဲ့၊ Special Envoy မလိုတော့ဘူး" ဆိုတာ အလကားပြောခဲ့တာ မဟုတ်ဘူးဆိုတာ မြင်သာစေခဲ့ပြီ။ သေချာတာကတော့....အာဆီယံ လေသံမာနိုင်ဦးမလား ဆိုတာ ကြည့်ရတော့မယ်။ မြန်မာအစိုးရကတော့ သူ့ ပလန်နဲ့ သူ အလုပ်ဖြစ်နေပြီလို့ ပြောလို့ရနေပြီ။
(နရီမိုး)
တိုက်ပွဲသတင်းစုံ | 102 |
| 14 | ပြည်ထာင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်နိုင်ငံဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ဩဂုတ် - ၁၈
နိုင်ငံအစိုးရတို့အကြား “ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပ အာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ သဘောတူညီချက်” ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဂြိုဟ်တုနှင့်အာကာသ သိပ္ပံ နည်းပညာဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာ အာကာသ ယာဉ်မှူးများအာကာသခရီးစဉ်တွင် ပါဝင်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်း ရွေးချယ်လေ့ကျင့်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ အသေး စားနျူကလီးယားလျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအပါအဝင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေးနှင့် ရေထွက် ပစ္စည်းများ ယခုထက်ပိုမိုတင်ပို့နိုင်ရေးအပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter) | 99 |
| 15 | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ဩဂုတ် - ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့၊ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲကျင်းပမည့် ကရင်မလင်နန်းတော်သို့ ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတက ရင်းရင်းနှီးနှီး ခရီးဦးကြိုဆိုနှုတ်ဆက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးသည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter) | 67 |
| 16 | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးသည့် မှတ်တမ်း
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter) | 32 |
| 17 | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်
နေပြည်တော် ဩဂုတ် ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အပြီးတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ဆက်လက်သွားရောက်မည်ဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်၊ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ဘယ်လာရုစ်အစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။ နိုင်ငံတော်သမ္မတအနေဖြင့် မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေး သွားမည်ဖြစ်သည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မင့်စ်မြို့၌ မြန်မာသံရုံး ဖွင့်လှစ်ခြင်းအခမ်းအနားနှင့် မြန်မာ - ဘယ်လာရုစ် စီးပွားရေးဖိုရမ်တို့သို့လည်း တက်ရောက်သွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားမည်ဖြစ်သည်။
https://t.me/iprdrnd/205211
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd | 45 |
| 18 | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကာဇက်စတန်သမ္မတနိုင်ငံ၊ အာမတီ မြို့တော်ဝန် နှင့်တွေ့ဆုံဆွေးနွေး | 43 |
| 19 | ဒီနေ့ ဩဂုတ်လ ၆ ရက် မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံရဲ့ ပူးတွဲကြေညာချက်မှာ အဓိက အချက် (၅) ချက်ကို တွေ့ရတယ် -
💯 ငြိမ်းချမ်းရေးနဲ့ အာဆီယံအရေး - မြန်မာနိုင်ငံက ကိုယ်တိုင်ဦးဆောင်ပြီး ဖြေရှင်းနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိုင်းနိုင်ငံဘက်က အပြည့်အဝ ထောက်ခံကြိုဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံယန္တရားတွေမှာ တန်းတူညီမျှ ပြန်လည်ပါဝင်ခွင့်ရဖို့ကိုလည်း ထိုင်းက ဆက်လက် ကူညီပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။ ဒီလို အပြုသဘောဆောင်တဲ့ ရပ်တည်ချက်အတွက် မြန်မာနိုင်ငံဘက်ကလည်း ကျေးဇူးတင်စကား ဆိုထားပါတယ်။
💯ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု - နှစ်နိုင်ငံကြားသာမကဘဲ အာဆီယံ၊ ဘင်းမ်စတက် (BIMSTEC)၊ ACMECS နဲ့ မဲခေါင်ဒေသ စတဲ့ ဒေသတွင်း အဖွဲ့အစည်းတွေကနေတစ်ဆင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ စီးပွားရေးတွေ ပိုမိုတိုးတက်လာအောင် လက်တွဲလုပ်ဆောင်သွားကြဖို့ သဘောတူခဲ့ကြပါတယ်။
💯 ACMECS ထိပ်သီးအစည်းအဝေး - မကြာခင်မှာ မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကျင်းပမယ့် (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့ကိုလည်း ထိုင်းနိုင်ငံက အပြည့်အဝ ထောက်ခံအားပေးထားပါတယ်။
💯 ချစ်ကြည်ရေး ပိုမိုခိုင်မာလာမှု - နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ အခု တရားဝင်သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးကို ပိုပြီး ခိုင်မာအားကောင်းသွားစေခဲ့ပြီး ရှေ့ဆက်ပြီးတော့လည်း အဆင့်တိုင်းမှာ နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်သွားကြဖို့ သဘောတူခဲ့ကြပါတယ်။
💯 ကျေးဇူးတင်စကား - ခရီးစဉ်တစ်လျှောက်လုံးမှာ နွေးနွေးထွေးထွေးနဲ့ ဧည့်ဝတ်ကျေပွန်စွာ လက်ခံတွေ့ဆုံပေးခဲ့တဲ့ ထိုင်းတော်ဝင်အစိုးရကို သမ္မတကြီးက လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်းကိုလည်း ပူးတွဲကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
-
ဒီပူးတွဲကြေညာချက်ကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံအတွက် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ အလွန်အရေးပါတဲ့ "သံတမန်ရေးရာ တံတားတစ်စင်း" အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ပေးနေတာကို တွေ့ရပါတယ်။
-
မြန်မာ့ကိုယ်ပိုင်နည်းလမ်းနဲ့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို ထိုင်းက အသိအမှတ်ပြုလိုက်ခြင်းဟာ မြန်မာအစိုးရရဲ့ ပြည်တွင်းရေး ဖြေရှင်းမှုပုံစံအပေါ် အိမ်နီးချင်းနိုင်ငံက ယုံကြည်မှုရှိကြောင်းနဲ့ ဝင်ရောက်စွက်ဖက်ခြင်းကင်းတဲ့ အိမ်နီးချင်းကောင်း ပေါ်လစီကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။
-
ဒါ့အပြင် အာဆီယံမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ အကန့်အသတ်တချို့ ရှိနေချိန်မှာ ACMECS နဲ့ BIMSTEC လို အခြားဒေသတွင်း ယန္တရားတွေကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးကို ပြန်လည်သက်ဝင်လှုပ်ရှားလာစေဖို့ နှစ်နိုင်ငံ ပူးပေါင်းကြိုးပမ်းလာတာကို မြင်ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မယ့် ACMECS အစည်းအဝေးကို ထိုင်းက ထောက်ခံပေးတာဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ သံတမန်ရေးရာ အောင်ပွဲတစ်ခုလို့ ဆိုနိုင်ပါတယ်။
-
အချုပ်ဆိုရသော် နိုင်ငံတော်သမ္မတရဲ့ ယခုထိုင်းနိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်နိုင်ခဲ့ရုံသာမကဘဲ ဒေသတွင်း ပူးပေါင်းပါဝင်မှု (Regional Integration) နဲ့ နိုင်ငံတကာ မျက်နှာစာအတွက် အလွန်အရေးပါတဲ့ ခြေလှမ်းသစ်တစ်ရပ်ကို အောင်မြင်စွာ စတင်နိုင်ခဲ့ပြီလို့ သုံးသပ်ရပါတယ်။
KT August 6 | 72 |
| 20 | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို တက်ရောက်မိန့်ခွန်းပြောကြားသည့် ရုပ်သံမှတ်တမ်း
KT August 6 | 53 |
