ch
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

前往频道在 Telegram
803
订阅者
+424 小时
+167
+4630
帖子存档
#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု) အပိုင်း (၁၃) ***** အဆောင်ထဲမှာနှစ်ယောက်တည်းကျန်ခဲ့တာမို့ လွတ်လွတ်လပ်လပ်ပြောဆိုလိုက်ကြပြီး နှစ်ယောက်လုံး အံ့ဩဆွံ့အကာငြိမ်သက်သွားမိကြတယ်။ဦးစွာမေမိုးစက်သတိဝင်လာခဲ့ပြီး သူမအခန်းရှိရာကိုပြေးသွားလိုက်တယ်။ မြယွန်းမီမှာ မီးဖိုခန်းထဲမှာ ငူငူငေါင်ငေါင်နဲ့ ကျန်နေခဲ့မိပြီး မေမိုးစက်ကို ပြောလိုက်ခြင်းအတွက် နောင်တတွေရနေမိတယ်။ ~~~~ "ဒေါက် ..ဒေါက် " မြယွန်းမီအခန်းတံခါးကိုခေါက်လိုက်တော့ မေမိုးစက်ရဲ့ အခန်းတံခါးက ခပ်ဟဟပွင့်လာခဲ့ပြီး မျက်ရည်တွေရွှဲနေတဲ့မျက်နှာနဲ့ မေမိုးစက်ကို မြယွန်းမီတွေ့လိုက်ရတယ်။ မြယွန်းမီသက်ပြင်းသဲ့သဲ့ ကိုချလိုက်ပြီး တောင်းပန်စကားပြောလိုက်တယ်။ "တို့ပြောတာလွန်သွားတယ် ...တောင်းပန်ပါတယ်နော်မိုးစက် ... ပြီးတော့ မိုးစက်ရင်ထဲက ခံစားချက်ကို အထင်လဲမသေးသလိုအပြစ်လဲမပြောပါဘူး...တို့အစ်ကိုနဲ့တို့က အဆင်မပြေတာသိတယ်မဟုတ်လား ... သူနဲ့ ပတ်သက်ပြီးတို့ ဘာမှမသိချင်ဘူး " ပြောပြီးတာနဲ့ မြယွန်းမီ ကျောခိုင်းထွက်ခဲ့လိုက်တယ်။သယ်သူ့အချစ်ရေးကိုမှ သူမဝင်ရောက်ပြောဆိုခြင်းမပြုလိုတော့ပါ။ ဒီလိုကိစ္စက တခြားသူကနားချလို့ရတဲ့ကိစ္စမျိုးမဟုတ်ဘဲ ကိုယ်တိုင်ဒုက္ခကြုံမှသိမဲ့ကိစ္စမျိုး မဟုတ်ပါလား။ ~~~~~~~ အလုပ်ကကောင်မလေးကို အဖော်ခေါ်ပြီး ဆိုင်ဖွင့်ပွဲဆီကိုသွားဖို့လုပ်ထားတာမို့ မေမိုးစက်အလှအပလေး နည်းနည်းပြင်လိုက်တယ်။ "ဘယ်အချိန်သွားမှာလဲ " မေးသံကြောင့် မေမိုးစက် လှည့်ကြည့်လိုက်တော့ မြယွန်းမီ ကို တွေ့လိုက်ရတာမို့ အံ့ဩရင်တုန်သွားရတယ်။ "ဟို ...ဟို .. ခဏနေရင်သွားမလို့ပါ " "ပြင်ပြီးရင်ထွက်လာခဲ့လေ... စောင့်နေမယ် " မြယွန်းမီရဲ့စကားကြောင့် မေမိုးစက် ထခုန်မိမတတ်ဝမ်းသာသွားမိကာ အမြန်ဆုံးပြင်ဆင်လိုက်တယ်။ ~~~~~~ နောက်ကြည့်မှန်ထဲကတဆင့်မြင်နေရတဲ့ စူပုတ်ပုတ်မျက်နှာလေးကို ဟန်နေထူးမသိမသာနဲ့ လှမ်းခိုးကြည့်လိုက်တယ်။ သူလိုနာမည်ကြီးတစ်ယောက်က မဖိတ်တဲ့ပွဲကိုလိုက်လာမိတာက ဒီတစ်ကြိမ်ပထမဆုံးပွဲလို့ပဲပြောရမလား။ သူတို့အုပ်စုတွေ ပြင်ဆင်ပြီးထွက်လာတော့မှ လိုက်ပို့မယ်ဆိုပြီးကားနဲ့ ဇွတ်တင်ခေါ်လာခဲ့လိုက်တာ။ အားလုံးက ကျေကျေနပ်နပ်နဲ့ သူ့ကားပေါ် ကိုတက်လာခဲ့ကြတော့ သူမလဲစူပုတ်ပုတ်မျက်နှာနဲ့ပါလာရတာပေါ့။မျက်နှာကြည့်ရတာတော့ သိပ်ကြည်ပုံမရ။ ကားပေါ်ရောက်ကတည်းကစာအုပ်ဖတ်ပြီး ငြိမ်ငြိမ်သက်သက်နဲ့လိုက်ပါလာခဲ့တယ်။ ဖိတ်စာကတ်ထဲကလိပ်စာ ရှေ့ကိုရောက်တဲ့အခါ သပ်ရပ်သန့်ရှင်းတဲ့ "အမေ့အိမ် '' ဆိုတဲ့ဆိုင်လေးကို သူတို့အားလုံးတွေ့လိုက်ရတယ်။ဆိုင်ရှေ့ရောက်တော့ ဟန်နေထူးကားပေါ်ကနေ သွက်လက်စွာဆင်းလိုက်ပြီးနောက်ကလူတွေလဲ လိုက်ဆင်းကြပေမဲ့ မြယွန်းမီတစ်ယောက်သာနောက်ဆုံးမှာ ကျန်ခဲ့တယ်။ ~~~~~ ဆိုင်ထဲဝင်လာတဲ့ လေးငါးယောက်အုပ်စုကိုကြည့်ပြီး လင်း မြတ်ဇင်ဖြုန်းခနဲတော့ ကြောင်အနေမိတယ်။နောက်မှ မေမိုးစက် ဆိုတဲ့ မိန်းခလေးကို မှတ်မိသွားပြီး စိတ်ထဲထိတ်ခနဲဖြစ်သွားမိတယ်။သူတို့အုပ်စုတွေရဲ့ နောက်ဆုံးမှာ မှုန်ကုပ်ကုပ်မျက်နှာလေးနဲ့လိုက်လာတဲ့ ညီမဖြစ်သူကိုမြင်လိုက်ရတော့ စိတ်ထဲလှိုက်ခနဲ ပျော်သွားရပြီး မိခင်ကိုလှမ်းကြည့်လိုက်မိတယ်။မိခင်ဖြစ်သူဒေါ်မြစန္ဒာကလဲ မျက်စိလျင်သူမို့သမီးဖြစ်သူကိုပါမြင်လိုက်ပြီး ဧည့်သည်တွေကို ကြိုဆိုလိုက်တယ်။ "လာကြပါကွယ် ...ထိုင်ကြပါ ...သမီးနဲ့အလုပ်တူလုပ်ကြတဲ့ သူငယ်ချင်းတွေထင်တယ်...အန်တီက မြယွန်းမီရဲ့အမေဒေါ်မြစန္ဒာပါ ... သူကတော့ဒီဆိုင်ရဲ့စာဖိုးမှူးလင်းမြတ်ဇင်တဲ့ ...မြယွန်းမီရဲ့အစ်ကိုပေါ့...ကလေးတို့ အားမနာနဲ့ စားကြနော် " ဒေါ်မြစန္ဒာက ဧည့်ဝတ်ပြုကြိုဆိုရင်းမှ အုပ်စုထဲမှာ ယောကျာ်းသားနှစ်ယောက်ဖြစ်တဲ့ ဟန်နေထူးနဲ့ ဝန်ထမ်းကောင်လေးကို သေချာကြည့်လိုက်တယ်။ အထူးသဖြင့် ဟန်နေထူးကို ဒေါ်မြစန္ဒာကသေချာကြည့်နေမိတယ်။ " လိုတာရှိရင်ပြောကြပါနော် ... ဒီမှာက နောက်ရက်တွေဆိုတရုတ်အစားအစာနဲ့မြန်မာထမင်းဟင်းစုံရပါတယ် " လင်းမြတ်ဇင်က အားလုံးကို နှုတ်ဆက်ပြီး ညီမဖြစ်သူရှေ့ကို ဝက်ချိုချဉ်ပွဲနဲ့ ဟင်းချိုပန်းကန်လေး သီးသန့်ထက်ချပေးလိုက်တယ်။နှစ် (၂၀) ကျော်တူတူနေလာခဲ့သူမို့ ညီမဖြစ်သူရဲ့အကြိုက်တွေကို လင်းမြတ်ဇင်သိပြီးသားပါ။ ညီမငယ်ရဲ့ အကြိုက်ဟင်းပွဲတွေကို ညီမငယ်ရဲ့ရှေ့မှာချပေးလိုက်တယ်။ " မင်္ဂလာပါ အစ်ကို ... ကျွန်တော်က မြယွန်းမီတို့နဲ့ လက်ရှိအလုပ်အတူတူတွဲလုပ်နေတဲ့သူပါ နာမည်ကဟန်နေထူးလို့ခေါ်ပါတယ် ...အွန်လိုင်းမှာ ကြော်ငြာလေးတွေလဲ ရိုက်ပါတယ် ...အစ်ကိုလက်ခံမယ်ဆိုရင် ... အစ်ကို့ဆိုင်ကိုလဲ ကျွန်တော်ကြော်ငြာပေးချင်ပါတယ် " ဟန်နေထူးရဲ့ စကားကြောင့် မိခင်ဖြစ်သူနဲ့ညီမငယ်ကို လင်းမြတ်ဇင်ဖျတ်ခန် လှမ်းကြည့်လိုက်မိတယ်။ဒီအခါ မိခင်ဖြစ်သူရဲ့မျက်နှာပေါ်မှာ စိုးရိမ်စိတ်တွေ ဖြစ်ပေါ် သွားတာကို မြင်လိုက်ရတာမို့

"ယွန်း..ယွန်းရယ် ပြောရက်လိုက်တာ ....ယွန်းဘာကိုရည်ရွယ်ပြီး ပြောတာလဲဆိုတာကိုမိုးစက် သိပါတယ်...ယွန်းကိုညီမရင်းတစ်ယောက်လို မိုးစက်ချစ်တာပါ ..ယွန်းပြောတာတွေကို မိုးစက် စိတ်မဆိုးပါဘူး...ဒါပေမဲ့မိုးစက် ရှင်းပြတာကိုလဲယွန်းနားထောင်ပေးပါနော် ....မိုး..မိုးစက်ကအဲ့ဒီလိုမိန်းမမျိုးမဟုတ်ရပါဘူးကွာ ...မိုးစက်အားလုံးကိုခင်တတ်ပါတယ်..မိုးစက်ဘ၀မှာ ဘယ်ယောကျာ်းကိုမှ လိုတာထက်ပိုပြီး အရောမဝင်ခဲ့ပါဘူး...အားလုံးကိုအစ်ကိုတွေမောင်တွေလိုပဲ သဘောထားခဲ့တာပါ...မိုးစက်ပြောပြမယ် ကိုတေဇကမိုးစက်ကိုချစ်ခွင့်ပန်ခဲ့ပါတယ် .. မိုးစက်ငြင်းပစ်ပြီး သူငယ်ချင်းလိုပဲသဘောထားခဲ့တာပါ ...ပြီးတော့ ကိုဟန်နေထူးနဲ့ လိုတာထက်ပိုပြီး စကားပြောမိတာကလဲ သူကယွန်းအကြောင်းတွေလာလာမေးနေလို့ စကားပြောဖြစ်တာပါ....ကိုဟန်နေထူးက စိတ်ထားလေးကောင်းလို့ ယွန်းနဲ့သဘောတူမိတယ်...အဲ့ဒါကြောင့် ယွန်းကြိုက်တတ်တာလေးတွေကို သူ့ကိုပြောပြမိတယ် ဒီထက်မပိုပါဘူး.... မိုး..မိုးစက်လေ ဒီနေ့အချိန်ထိဘယ်ယောကျာ်းနဲ့မှ အရောတဝင်မနေခဲ့ပါဘူးယွန်းရယ် ...ယွန်းခုနမေးတယ်မဟုတ်လား...ယွန်းရဲ့ အစ်ကိုဆိုင်ဖွင့်ပွဲကို မိုးစက်ကဘာပတ်သက်လို့သွားရမှာလဲဆိုတဲ့ မေးခွန်းကိုလေ ... မိုးစက်အမှန် တိုင်းဖြေရမလား...မိုးစက်လေ ယွန်းကိုချစ်သလိုပဲ ...ယွန်းရဲ့ အစ်ကိုကိုလဲ မြင်မြင်ချင်းချစ်သွားမိလို့ပဲ ... ဒါကိုယွန်းမကြိုက်ဘူးဆိုရင် မိုးစက်အလုပ်ထွက်ပြီးနယ်ကိုပြန်ပါတော့မယ် " ဒီတစ်ခါ ကြက်သေသေသွားရသူက မြယွန်းမီဖြစ်တယ်။မေမိုးစက်ရဲ့မျက်နှာကို အံ့ဩထိတ်လန့် စွာငေးကြည့်နေမိပြီး ဆွံ့အနေခဲ့မိတယ်။ @@@@@@@@@@@@@@@@@@@@@@@@@@ အပိုင်း (၁၃) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

ပန်းသွေးချယ်က ဒေါ်ထူးထူးမော်ကို စနောက်လိုက်ရင်း အိမ်အခြေအနေကို အကဲခတ်လိုက်တယ်။အခြေအနေကြည့်ရတာတော့ အတော်လေးချမ်းသာကြပုံပင်။ဒီလိုချမ်းသာတဲ့သူတွေက ညီမ၀မ်းကွဲဖြစ်သူပိုးအိကို လိုလိုလားလားနဲ့ချွေးမတော်ချင်နေကြတာကို စိတ်ထဲကမလိုသလိုပင်ဖြစ်လာမိတယ်။ဒီအချိန်မှာပဲဧည့်ခန်းထဲကို ဝင်လာတဲ့ ဟန်နေထူးကို မြင်လိုက်ရတယ်။ဟန်နေထူးကို မြင်လိုက်ရချိန်မှာတော့ ပန်းသွေးချယ်ရင်ထဲကလောဘကပိုပြီးတိုးပွားလာခဲ့ရတော့တယ်။ "သားဒီကိုခဏလာပါအုံး...ပိုးအိ အစ်မနဲ့မိတ်ဆက်ပေးမလို့ " မိခင်ရဲ့ဆန္ဒကိုမလွန်ဆန်ချင်တာကြောင့် ဟန်နေထူးစိတ်မပါလက်မပါနဲ့ မိခင်ရဲ့ဘေးမှာဝင်ထိုင်လိုက်ရတယ်။ " ကိုထူးမှတ်ထားအုံးနော် .. ဒီမှာ ပိုးအိရဲ့အစ်မဝမ်းကွဲလေ မမပန်းသွေးချယ်တဲ့ .." "တွေ့ရတာဝမ်းသာပါတယ်နော် မောင်လေး.... လမ်းတွေ့ရင်လဲ ခေါ် ပေါ့ " ပန်းသွေးချယ်ဟန်မပျက် နှုတ်ဆက်လိုက်ရင်း ဟန်နေထူးကို မသိမသာခိုးကြည့်နေလိုက်တယ်။ပုံထဲ၊ ဗီဒီယိုထဲမှာထက် အပြင်မှာ ပိုကြည့်ကောင်းတဲ့ ဟန်နေထူးရဲ့ပုံစံက ပန်းသွေးချယ်အတွက် ရင်ခုန်ချင်စရာဖြစ်နေခဲ့တယ်။ "ကျွန်တော် ဆိုင်သွားတော့မယ် အမေ " "နေအုံးလေ သားရဲ့ ..သမီးပိုးအိတို့လဲ သားနဲ့အတူလိုက်မလို့တဲ့ " မိခင်ရဲ့စကားကြောင့် ဟန်နေထူးစိတ်ရှုပ်သွားရတယ်။ ငြင်းဆန်လိုက်ဖို့ ပြင်လိုက်တဲ့အချိန်မှာ မိခင်ကခပ်စူးစူးတစ်ချက်လှမ်းကြည့်တာမို့ စိတ်ကိုလျှော့ပြီး ကားထဲဝင်ထိုင်နေလိုက် တယ်။ဟန်နေထူးလဲ ခေတ်လူငယ်တစ်ယောက်ပါပဲ။ခေတ်လူငယ်ပီပီ မိန်းမတွေရဲ့အတွင်းစိတ်ကို အနည်းငယ်အကဲခတ်နိုင်တယ်လို့ပဲပြောရမလား။ပိုးအိနဲ့အစ်မ၀မ်းကွဲဆိုသူကို ဟန်နေထူးစိတ်ထဲလုံးဝကိုသဘောမတွေ့မိတာအမှန်။ ''အားနာလိုက်တာကွာ ... မမလိုက်ရှုပ်သလိုများဖြစ်နေပြီလားဟင် " ပန်းသွေးချယ်က ကားပေါ်တက်တာနဲ့ ဟန်နေထူးကို ကြည့်ပြီးပြောလိုက်တယ်။ဟန်နေထူးတစ်ချက်ပြုံးလိုက်ပြီး "ကိစ္စမရှိပါဘူး ...မပန်းသွေးချယ်... ကျွန်တော့်အမေရဲ့ မိတ်ဆွေတွေကို ကျွန်တော်လိုက်ပို့ပေးနေကြပါ ....အမေကဒီလိုပါပဲ သားယောကျာ်းလေးတစ်ယောက်တည်းမွေးထားတော့ ...မိန်းခလေးတွေတွေ့တိုင်းကိုခင်မင်နေတော့တာပဲ ...ကောင်းတာဆိုးတာတွေ ခွဲခြားနေတာမဟုတ်ဘူး " ဟန်နေထူးရဲ့ စကားကြောင့် ပိုးအိနဲ့ပန်းသွေးချယ်တို့မျက်နှာပျက်သွားကြပြီး ပိုးအိကဟန်မဆောင်နိုင်ဘဲထပြောလိုက်တယ်။ "ကိုထူးပြောပုံက မသိရင် ...ပိုးအိတို့ကပဲ တစ်မျိုးဖြစ်နေသလားလို့ ...ကိုထူးနော် အန်တီမော်နဲ့ ပြန်တိုင်ပစ်မှာ သိလား" "သဘောပါဗျာ...သွေးထက်တော့ ရေပိုမပျစ်နိုင်ပါဘူး ... ဒါမှမင်းစကားကို ပိုယုံကြည်တော့လဲ ငါ့ကံပေါ့ " ဟန်နေထူးနဲ့ ပိုးအိတို့ရဲ့ အခြေအနေကို အကဲဆတ်ပြီး ပန်းသွေးချယ်ပြုံးလိုက်မိတယ်။ဒီအခြေအနေလောက်ဆိုရင်ဖြင့် ညီမဖြစ်သူကို အသာလေးအနိုင် ပိုင်းနိုင်တာကို ပန်းသွေးချယ်သဘောပေါက်လိုက်တယ်။မိန်းမတစ်ယောက်က ဘယ်လောက်ပဲ လှလှ မာယာကြွယ်တဲ့မိန်းမတွေကိုမယှဉ်နိုင်ဘူးဆိုတာကို ပန်းသွေးချယ်ကအသိဆုံးပဲလေ။ ~~~~ "ယွန်းအစ်ကိုရဲ့ ဆိုင်ဖွင့်ပွဲကို မသွားဘူးလား ...မိုးစက်တော့ကိုထူးဆီမှာ ခွင့်ကိုင်ထားတယ် ...မိုးစက်တို့ခဏလောက်သွားရအောင်လေ " မေမိုးစက်ရဲ့ စကားကြောင့် မြယွန်းမီး ထမင်းပေါင်းအိုကို လက်ထဲကချလိုက်ပြီး မေမိုးစက်ကို ခပ်စူးစူးလှည့်ကြည့်ပစ်လိုက်တယ်။ "ဒီမှာမိုးစက် ...မင်းကတို့အစ်ကိုရဲ ဆိုင်ဖွင့်ပွဲကို ဘာပတ်သက်လို့ သွားမှာလဲ ... တို့အစ်ကိုနဲ့ မင်းနဲ့ ဘယ်နှစ်ခါတွေ့ဖူးလို့ သွားမှာလဲ .. ပြောပါအုံး ." မြယွန်းမီရဲ့ အေးစက်စက် အမေးကြောင့် မေမိုးစက်အံ့ဩတုန်လှုပ်ပြီး မြယွန်းမီကို မော့ကြည့်လိုက်မိတယ်။ ဒီအခါ ဒေါသမျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတဲ့ မြယွန်းမီရဲ့ မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်ရတာမို့ မေမိုးစက် အထိတ်ထိတ်အလန့်လန့်နဲ့ ပြန်ရှင်းပြလိုက်မိတယ်။ "မိုး...မိုးစက်က ယွန်းကိုသွားစေချင်လို့ယွန်းနဲ့ အဖော်လိုက်ပေးချင်လို့ပါ " မျက်နှာငယ်လေးနဲ့ ရှင်းပြနေတဲ့ မေမိုးစက်ကို မြယွန်းမီကြည့်လိုက်ပြီး "ဒီမှာ မိုးစက် ... တို့ဘ၀မှာ မိုးစက်ကို ပထမဆုံးနဲ့နောက်ဆုံးသူငယ်ချင်းအဖြစ် တို့စိတ်ထဲမှာ တကယ်ကိုခင်မင်ခဲ့မိတာ သိရဲ့လား ... တို့လေလျှပ်ပေါ်လော်လည်တဲ့လူတွေကို သိပ်ရွံသိပ်မုန်းတယ်သိလား...အထူးသဖြင့် မိန်းမတစ်ယောက်က ယောကျာ်းလေးတိုင်းနဲ့ အရောတဝင်နေလွန်းတာကို မုန်းတယ် ... မိန်းခလေးတစ်ယောက်က သူချစ်ခင်တဲ့ယောကျာ်းတစ်ယောက်ကိုအရောဝင်လို့ရတယ်..ရေလာမြောင်းပေးလုပ်လို့ရတယ်..ဒီလောက်တော့တို့လဲ နားလည်တယ်...ဒါပေမဲ့ လာသမျှယောကျာ်းတိုင်းကို အဲဒီလိုလုပ်နေရင်တော့ အဲ့ဒါအချစ်မဟုတ်တော့ဘူး တဏှာဖြစ်သွားပြီး ....အဲ့ဒီလိုမိန်းမတွေကြောင့် ပျက်စီးခဲ့ရတဲ့ မိသားစုတွေအများကြီးပဲ " မြယွန်းမီရဲ့ စကားတွေကို မေမိုးစက်နားထောင်နေရင်း အသက်ရှူရပ်သွားသလိုပင်ခံစား လိုက်ရပြီး ငိုချလိုက်မိကာ တုန်တုန်ယင်ယင်နဲ့ ပြန်ပြောလိုက်မိတယ်။

"ဟို ...ဟိုဒီကအစ်ကိုရှင့် ...ယွန်းက သူ့မအားလို့ မိုးစက်ကို လွှတ်လိုက်တာပါ ..အားနာပါတယ်ရှင် " " ဟုတ်ကဲ့ ... ညီမလေးမအားဘူးလား ... အားနာပါတယ်ခင်ဗျာ ... ထမင်းချိုင့်နဲ့ ဒီအထုပ်လေး ပေးခဲ့ပါရစေ...." "ရ..ရပါတယ်ရှင့် ကို ... " " ကျွန်တော့်နာမည်လင်းမြတ်ဇင် ပါ ...ဒီကညီမက ညီမလေးရဲ့လုပ်ဖော်ကိုင်ဖက်ထင်တယ်...ညီမတို့အတွက်ပါ ကျွန်တော်ဟင်းတွေပိုချက်လာခဲ့ပါတယ် " အားနာသံလေးနဲ့ ပြောနေတဲ့ သူ့ကိုကြည့်ပြီး မေမိုးစက်မှာကြားထဲက အားနာသွားမိပြီးမဆီမဆိုင်သနားစိတ်ပါဖြစ်သွားမိတယ်။ သူ့ခမျာနေ့တိုင်းထမင်းချိုင့်လာပို့ပေးနေရတာကို မာနကြီးတစ်ခွဲသားနဲ့နေနေတဲ့ မြယွန်းမီကိုပါ စိတ်ခုချင်သလိုဖြစ်သွားရတယ်။ "ဘာလို့ ဟင်းတွေပိုချက်လာရတာလဲ ကိုလင်းမြတ်ဇင်ရယ် ..မိန်းမတွေဆိုတာ ကို့ချစ်သူချက်တဲ့ဟင်းကို ...ကိုယ်တစ်ယောက်ပဲစားချင်တာရှင့် ... တစ်ခြားသူကိုကျွေးချင်တာမဟုတ်ဘူး " "ဗျာ " မေမိုးစက်ရဲ့စကားကြောင့် လင်းမြတ်ဇင်မျက်လုံးပြူးသွားရပြီး "ဟို ..ဟိုမှားနေပြီ ညီမရဲ့ ... ကျွန်တော်က မြယွန်းမီရဲ့အစ်ကို အရင်းပါဗျာ... လွန်ခဲ့တဲ့တစ်ပတ်ကျော်ကမှ နိုင်ငံခြားကပြန်ရောက်လာတာပါ...ညီမလေးယွန်းက ..ကျွန်တော့်ကိုစိတ်ဆိုးနေလို့ သူကြိုက်တဲ့ဟင်းတွေချက်ပြီး စိတ်ဆိုးပြေအောင်ချော့နေရတာပါ ...ဒါပေမဲ့နောက်သုံးလေးရက် နေရင် ကျွန်တော်လဲဆိုင်ဖွင့်ရတော့မှာမို့ ထမင်းချိုင့်ကိုကိုယ်တိုင်လာမပို့နိုင်တော့ပါဘူး " "ရှင် .. ဟုတ်.... ဟုတ်လား ...ကန်...ကန်တော့ပါနော် ... မိုးစက်တောင်းပန်ပါတယ် ကိုလင်းမြတ်ဇင် ... မိုးစက်မသိလို့ပြောလိုက်မိတာပါ " မေမိုးစက်တောင်းပန်စကားပြောလိုက်ရင်း ရင်ထဲမှာ လှိုက်ခနဲခုန်သွားမိတယ်။စိတ်ဓါတ်ကျနေရင်းကနေ ချက်ချင်းမြူးတူးလာမိပြီး စိတ်ထဲမှာတလှိုက်လှိုက်နဲ့ပျော်ရွှင်လာမိတယ်။ " ကိုလင်းမြတ်ဇင်က ဘာဆိုင်ဖွင့်မှာလဲ ...ယွန်းကိုရအောင်ခေါ်လာပြီး မိုးစက်တို့လာအားပေးပါ့မယ်ရှင် ... မိုးစက်နာမည်က မေမိုးစက်ပါရှင် ... ယွန်းနဲ့ တစ်ဖွဲ့တည်းပါ " " ဟုတ်ကဲ့တွေ့ရတာ ဝမ်းသာပါတယ် ညီမ ... အစ်ကိုကစားသောက်ဆိုင်ဖွင့်မှာပါ ... ဖွင့်ပွဲနေ့မှာ ညီမတို့အဖွဲ့တွေကိုဖိတ်ပါတယ်...ဒီမှာ ဖိတ်စာကတ်ပါ ...ညီမလေးအတွက်ကတော့ သူ့အိတ်ထဲမှာ ထည့်ထားပေးပါတယ် ... ကျွန်တော့်ကို ပြန်ခွင့်ပြုပါအုံး " နှုတ်ဆက်ပြီးပြန်သွားတဲ့ လင်းမြတ်ဇင်ကိုကြည့်ပြီး မေမိုးစက်ရင်တွေတသိမ့်သိမ့်ခုန်ကာ ကျန်ခဲ့တယ်။ ~~~~ "ဘာတွေငေးနေတာလဲ ကိုထူး " ငူငူငေါင်ငေါင်နဲ့ထိုင်နေပြီး မြယွန်းမီအလုပ်လုပ်နေတာကို ငေးကြည့်နေတဲ့ဟန်နေထူးကို မေမိုးစက်မသိဟန်ဆောင်ပြီး မေးလိုက်တယ်။ပြီးတော့ ဟန်နေထူးဘေးကခုံမှာဝင်ထိုင်လိုက်တယ်။ " အခုတလော သူဌေးကိုကြည့်ရတာသိပ်မရွှင်ဘူးပဲ ...ဘာဖြစ်လို့လဲဟင်.....မိုးစက်တို့အလုပ်လုပ်တာကို စိတ်တိုင်းမကျလို့လား " "ဟာ ..မဟုတ်ပါဘူးမိုးစက်ရယ် ...အဆင်ပြေပါတယ် ...အားလုံးတော်ကြပါတယ် " "ဒါဆိုဘာကို စိတ်တိုင်းမကျလို့လဲ ကိုထူးရဲ့ ..လိုင်းပေါ်မှာလဲကို ထူးအလုပ်တွေက အောင်မြင်နေတာပဲကို " " ဒီလိုပါပဲဗျာ ....ဒါနဲ့ဟိုတစ်ယောက်ရော သူ့ချစ်သူနဲ့အဆင်ပြေသွားပြီလား....." ဟန်နေထူးက ဘုဆတ်ဆတ်အသံနဲ့ မေးလိုက်တာမို့ မေမိုးစက်ရယ်ချင်စိတ်ကို မနည်းမျိုသိပ်လိုက်ရတယ်။ "ယွန်းမှာချစ်သူမရှိပါဘူး ကိုထူးရဲ့ ... ဘာတွေပြောနေတာလဲ " " ဘာလို့မရှိရမှာလဲဗျာ ... ထမင်းချိုင့်လာပို့နေတဲ့တစ်ယောက်လေ ..." "ဪ ....မဟုတ်ပါဘူး...သူက ယွန်းရဲ့အစ်ကိုရင်းတဲ့.. နိုင်ငံခြားမှာ အလုပ်လုပ်ပြီးဟိုတလောကမှ ပြန်လာတာတဲ့လေ ... သူ့ညီမစိတ်ဆိုးနေလို့ ဟင်းတွေလာပို့ပြီး ချော့နေတာတဲ့ ....." "ဗျာ ...တ...တကယ်လား " ဟန်နေထူးဝမ်းသာသွားတဲ့ စိတ်ကို မထိန်းချုပ်နိုင်ဘဲ လွှတ်ခနဲမေးလိုက်မိတယ်။ "တကယ်ပါကိုထူးရဲ့ ... သူ့နာမည်ကလင်းမြတ်ဇင်တဲ့ ...သူရဲ့စားသောက်ဆိုင်ဖွင့်ပွဲကိုလာဖို့ ဖိတ်စာ တောင်ပေးသွားသေးတယ် ..ဒီမှာကြည့်ပါလား " မေမိုးစက် ပိုက်ဆံအိတ်ထဲမှာ တယုတယသိမ်းထားတဲ့ ဖိတ်စာလေးကို မထိရက်မကိုင်ရက်နဲ့ ဟန်နေထူးကို ပြလိုက်တယ်။ "ခဏနော်မိုးစက် .. ကျွန်တော်ဓါတ်ပုံရိုက်ယူထားမလို့ " ဟန်နေထူးက ဖုန်းကို ထုတ်ပြီး ဖိတ်စာလေးကို ဓါတ်ပုံရိုက်ယူလိုက်တယ်။ ~~~~ ခုံမှာနှစ်ယောက်သားထိုင်ပြီး တွတ်ထိုးနေကြတဲ့ ဟန်နေထူးနဲ့ မေမိုးစက်ကိုကြံည့်ပြီး မြယွန်းမီမျက်နှာလွှဲပစ်လိုက်တယ်။ကိုယ်လုပ်စရာရှိတာကိုလုပ်ပြီး သူတို့ရှိရာကိုအာရုံမရောက်မိအောင် နေလိုက်တယ်။ ~~~~~ "မမပန်းသွေးချယ်က ..... အမေ့အစ်မတစ်ဝမ်းကွဲကမွေးတာလေ အန်တီမော် ... ပိုးအိနဲ့ဆိုညီမနှစ်ဝမ်းကွဲပေါ့ " ပိုးအိကပန်းသွေးချယ်ကို ဒေါ်ထူးထူးမော်နဲ့ မိတ်ဆက်ပေးလိုက်တယ် ။ "သမီးပိုးအိတို့ အမျိုးတွေက အချောတွေပဲနော် ... သမီးပန်းသွေးချယ်က အိမ်ထောင်ကျပြီလား " "မကျသေးပါဘူး အန်တီ ... အိမ်ထောင်ရေးလဲ စိတ်မဝင်စားပါဘူး အန်တီရယ် ...အပျိုကြီးလုပ်မလား တွေးနေတာ "

မေမိုးစက်ရဲ့အချစ်အဖူးအပွင့်လေးက ငုံကာစမှာပင် ကျိုးပြတ်ရပါလေပြီ။ပိုင်ရှင်ရှိတဲ့သူကို မှခုန်မိတဲ့ အလိုက်မသိတဲ့ကိုယ့်နှလုံးသားကို ဆဲရေးတိုင်းထွာပစ်လိုက်ရင်း သူငယ်ချင်းမလေး မြယွန်းမီကိုမျက်နှာချင်း မဆိုင်ရဲဖြစ်နေမိတယ်။သူငယ်ချင်းမလေးကတော့ မေမိုးစက်ရဲ့အဖြစ်ကိုမသိပေမဲ့ ကိုယ့်အကြောင်းကိုယ်သိနေတဲ့ မေမိုးစက်မှာ ဆင်ဖြူ့မျက်နှာဆင်မည်းမကြည့်ဝံ့သလို ဖြစ်နေမိတယ်။မသိစိတ်ကဖြစ်ပေါ်လာမိတဲ့ ခံစားချက်တွေအတွက် မေမိုးစက်မျက်နှာပူပြီး မြယွန်းမီကို မခေါ်ရဲသလိုဖြစ်နေမိတာ။ မြယွန်းမီတိုက်ထဲပြန်ဝင်ခဲ့ချိန်မှာ ၀န်ထမ်းလေးတွေရဲ့ မျက်လုံးတွေက သူမကိုစူးစမ်းသလိုကြည့်နေတာကိုသတိထားလိုက်မိတယ်။ မေမိုးစက်ကိုလှမ်းကြည့်လိုက်တော့ မျက်နှာလွှဲသွားတာကို သတိထားလိုက်မိတယ်။ထမင်းချိုင့်ကိုစားပွဲမှာ ချခဲ့လိုက်ကာ အထုပ်ကိုကျောပိုးအိတ်နားမှာထားခဲ့လိုက်ပြီး ဆေးသေတ္တာထားတဲ့နေရာကို လျှောက်သွားလိုက်တယ်။ ဆေးပလာစတာကို မြယွန်းမီထုတ်ယူလိုက်ပြီး လက်မှာကပ်ဖို့ လုပ်လိုက်ချိန်မှာပဲ အနားကိုဟန် နေထူးဖျတ်ခနဲရောက်လာပြီး ဆေးပလာစတာကို ဆွဲယူလိုက်တယ်။ "ငြိမ်ငြိမ်နေ ကပ်ပေးမယ် " တုံးတိတိအသံနဲ့ ပြောရင်း လက်ကိုဆွဲယူလိုက်တဲ့ ဟန်နေထူးကြောင့် လူကလန့်သွားပေမဲ့မရုန်းမိလိုက်ပါ။လက်ကိုညှစ်ဆေးထည့်လိုက်ပြီး ပလာစတာကပ်ပေးနေတဲ့ သူ့မျက်နှာကို မြယွန်းမီငေးမောကြည့်နေမိတယ်။ဟန်နေထူးကလဲ ခေါင်းကိုဖျတ်ခနဲမော့အကြည့်မှာ နှစ်ယောက်သားအကြည့်ချင်းဆုံသွားမိကြတယ်။ " မင်းချစ်သူကချောသားပဲ" ဟန်နေထူးနှုတ်က အေးစက်စက်ထွက်ကျလာတဲ့ စကားသံကြောင့် မြယွမ်းမီအံ့သြသွားမိပြီးမှ ဘာမှပြန်ဖြေရှင်းမနေတော့ဘဲနှုတ်ဆိတ်နေလိုက်တယ်။ ~~~~~ "သားရယ် ...ဟော်တယ်တစ်ခုခုမှာ အလုပ်ရအောင်ဝင်လုပ်ပါလားကွယ်...အမေတော့ဆိုင်မဖွင့်စေချင်ဘူး " ဒေါ်မြစန္ဒာ သားဖြစ်သူကို ကြည့်ပြီး စိုးရိမ်စိတ်နဲ့ ပြောလိုက်မိတယ်။ "ဘာဖြစ်လို့လဲ အမေ .. ဆိုင်ဖွင့်ပြီးမှ အခြေအနေမကောင်းရင် ကျွန်တော်စိတ်ဓါတ်ကျမှာစိုးလို့လား " လင်းမြတ်ဇင် မိခင်ကို အကျိုးအကြောင်းပြန်မေးလိုက်တော့ ခေါ်မြစန္ဒာအဖြေရခက်စွာ သက်ပြင်းချလိုက်ပြီးမှ "သားလက်ရာနဲ့ဆိုရင် ဆိုင်ကဖြစ်မှာကို အမေယုံပါတယ် ... ဒါပေမဲ့ ဟိုမိန်းမတွေ လာနှောက်ယှက်မှာကို အမေစိုးရိမ်နေမိတယ်...ဖြစ်နိုင်ရင် သားပြန်ရောက်နေတာကိုသူတို့သိသွားမှာကိုကြောက်နေမိတာ" လင်းမြတ်ဇင်မှာ စိတ်ပူနေတဲ့မိခင်နားကို ထသွားလိုက်ပြီး " စိတ်မပူပါနဲ့ အမေရယ်... ကျွန်တော်ကလေးမဟုတ်တော့ပါဘူး ..ပြဿနာဖြစ်လာရင်လဲ ရင်ဆိုင်နိုင်ပါတယ်....ကျွန်တော်တို့မှာ သူတို့ကိုကြောက်ပြီးရှောင်နေစရာအကြောင်းမှမရှိတာ '' "ရှောင်နေကြောက်နေစရာတော့ မလိုဘူးပေါ့သားရယ်...ဒါပေမဲ့သူတို့က ဆိုးသွမ်းတဲ့အဆင့်ကိုကျော်ပြီး...ယုတ်မာတဲ့လူမျိုးတွေပဲသားရဲ့ ..သူတို့မှာအရှက်တရားရော အကြောက်တရားပါမရှိဘူး ... အမှန်တိုင်းပြောရရင် အမေသူတို့ကိုကြောက်တယ်... သူတို့နဲ့တစ်နိုင်ငံစီဝေးတဲ့နေရာမှာပဲ နေချင်တော့တယ်...အဲ့ဒါကြောင့် သားလဲဆိုင်ဖွင့်ရင် ကြေငြာပါနဲ့နော် .. တတ်နိုင်သလောက်သားမျက်နှာကိုလိုင်းပေါ်မတင်ပါနဲ့ သိုသိုသိပ်သိပ်ပဲ နေပါကွယ် " "ဟုတ်ကဲ့ပါ အမေ ... စိတ်ချပါ ဆိုင်ကြေငြာရင် ကျွန်တော်ပုံမပါစေရပါဘူး " ~~~~~~ " ကိုထူးနဲ့ မမိုးကိုကြည့်ရတာတစ်မျိုးပဲနော် ..နှစ်ယောက်လုံးမျက်နှာတွေမရွှင်ကြဘူး ... စိတ်ကောက်နေကြတာလား မသိဘူ " " အေးဟဲ့ ..စကားကို မနားတမ်းပြောတတ်တဲ့မမိုးပါးစပ်ပိတ်နေတာတော့ အရမ်းသိသာတယ်...ကိုထူးလဲ မျက်နှာကြီးတင်းနေတာပဲ သိလား... " ပရိဘောဂတွေကို နေရာချရင်း ခပ်တိုးတိုးပြောနေကြတဲ့ အုပ်စုကို မြယွန်းမီခပ်တင်းတင်းတစ်ချက်လှမ်းကြည့်လိုက်ပြီး "အဲ့ဒီစားပွဲနေရာချထားတာစောင်းနေတာမမြင်ဘူးလား အလုပ်ကို သေချာလုပ်ကြအုံး ...စကားတွေပဲ များမနေကြနဲ့ " မပြောစဖူး အသံမာမာနဲ့ ထအော်ပြောလိုက်တဲ့ မြယွန်းမီကို အားလုံး တအံ့တဩနဲ့ လှမ်းကြည့်ကြတယ်။တခြားသူတစ်ယောက်ကို အဖက်လုပ်ပြီးဆူပြောတာမျိုးကို မြယွန်းမီကလုံးဝလုပ်လေ့မရှိတဲ့သူမျိုးလေ။အမှားတစ်ခုခုတွေ့ရင်လဲ တစ်ဖက်လူကိုဘာမှပြောမနေဘဲ ကိုယ်တိုင်ထလုပ်ပစ်တဲ့သူမျိုးမဟုတ်လား။ "မယွန်း ထမင်းချိုင့်လာပို့နေတယ် " အ၀နားမှာ အလုပ်လုပ်နေတဲ့ ကောင်လေးရဲ့အသံကြောင့် မြယွန်းမီစိတ်ညစ်သွားမိပြီး မေမိုးစက်ကို လှမ်းကြည့်လိုက်တယ်။ မေမိုးစက်ကလဲ ခုံတွေကိုစစ်နေရင်းမှ မြယွန်းမီကိုဖျတ်ခနဲလှမ်းကြည့်လိုက်တာမို့ နှစ်ယောက်သားအကြည့်ချင်းဆုံမိသွားကြတယ်။ မြယွန်းမီက မေမိုးစက်နားကို လျှောက်သွားလိုက်ပြီး "မိုးစက် ...တို့အစား ထမင်းချိုင်းသွားယူပေးပါလားဟင် ...တို့ကို မေးရင် အလုပ်ကလက်လွှတ်လို့မရလို့လို့ ပြောပေးပါ " "ဟင် .. အင်း..အင်း " ကြားလိုက်ရတဲ့ စကားကြောင့် မေမိုးစက်အယောင်ယောင်အမှားမှားနဲ့ ခေါင်းငြိမ့်ပြလိုက်မိပြီး ခြံဝကိုထွက်လာခဲ့မိတယ်။ရင်ထဲမှာတော့ တဒိန်းဒိန်းခုန်လှုပ်နေခဲ့ပြီး ခြေလှမ်းတွေမမှားအောင်သတိထားနေရတယ်။ ~~~~~~

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု) အပိုင်း (၁၂) ****** ခြံထဲကနားနေခုံနားမှာ ထမင်းချိုင့်လေးကိုလက်တစ်ဖက်ကဆွဲရင်း တစ်ဖက်ကအထုပ်တစ်ထုပ်ကိုဆွဲကာရပ်နေတဲ့သူကိုကြည့်ပြီး မြယွန်းမီရဲ့ခြေလှမ်းတွေ ရပ်တန့်သွားရတယ်။ တဆက်တည်းမှာပဲ လက်ဖျားခြေဖျားတွေပါအေးစက်လာပြီး အာခေါင်တွေပါခြောက်လာခဲ့တယ်။(၅) နှစ်အတွင်းမှာ အသားပိုဖြူလာပြီး ယောကျာ်းပီသတဲ့မျက်နှာသွင်ပြင်က ပိုကြည့်ကောင်းလာခဲ့တယ်။ဖျတ်ခနဲလှမ်းကြည့်လာတဲ့ မျက်ဝန်းတွေကတောင်းပန်တိုးလျှိုးနေတဲ့အကြည့်တွေဆိုပေမဲ့ သူ့ကိုမြင်လိုက်တာနဲ့ နဖူးပြင်နားက ဒဏ်ရာဟောင်းကတဆစ်ဆစ်နာကျင်ကိုက်ခဲလာသလိုခံစားလိုက်ရတယ်။ပြီးတော့ နဖူးပြင်ကဒဏ်ရာထက်ပိုပြီးနာကျင်လာတာ ရင်ထဲကနာကျင်မှုပါပဲ။ " ယွန်း ... ညီမလေး ...ကိုကိုတို့စကားခဏလောက်ပြောရအောင် နော် ..ခဏလေးပါပဲ ...ညီမလေး ကြိုက်တဲ့အသည်းအမြစ်ဟင်းကိုကိုချက်လာပေးတယ် " ကြားလိုက်ရတဲ့စကားတွေက ရင်ထဲကနာကျင်မှုတွေကိုမပြေနိုင်ခဲ့ပါ။ထမင်းချိုင့်ကို တင်းတင်းဆုပ်ကိုင်ထားတဲ့လက်တွေက သူမကိုထိုးကြိတ်ခဲ့တဲ့လက်တွေဆိုတာကိုနာနာကြည်းကြည်းနဲ့တွေးနေမိတယ်။ "ညီမလေး ကိုကိုတောင်းပန်ပါတယ် .. ကိုကိုတို့ခဏလေးပဲ စကားပြောရအောင် " တိုက်ရှေ့မှာငူငူချည်းရပ်နေတဲ့ ညီမဖြစ်သူကိုလင်းမြတ်ဇင် တောင်းပန်းစကားနဲ့ခေါ်လိုက်တယ်။မြယွန်းမီရဲ့ခြေလှမ်းတွေ မလှမ်းချင်လှမ်းချင်နဲ့လှမ်းခဲ့လိုက်ပြီး ခုံတန်းလျားဆီကိုလျှောက်သွားလိုက်တယ်။ပြီးတော့ ခုံပေါ်မှာ စက်ရုပ်တစ်ရုပ်လိုတောင့်တောင့်မတ်မတ်၀င်ထိုင်လိုက်တယ်။ "ကိုကိုပြန်ရောက်နေတာ (၅) ရက်ရှိသွားပြီး .. တနင်္ဂနွေပိတ်ရက်တုန်းကညီမလေးအိမ်ပြန်လာမယ်ထင်လို့ ဟင်းတွေချက်ထားသေးတယ် ... အမေ့ကိုမေးလိုက်တော့လဲ မရေမရာမို့ ...ညီမလေးစိတ်ဆိုးနေတယ်ဆိုတာကိုကိုသိလိုက်ပါတယ်...ဖြစ်ခဲ့တာတွေ အားလုံးအတွက်ကိုကိုတောင်းပန်ပါတယ် ...နောက်ဘယ်တော့မှ အဲ့ဒီလိုထပ်မဖြစ်စေရပါဘူး စိတ်ချပါ..ကိုကိုဘယ်မိန်းမနဲ့မှမပတ်သက်တော့ဘူး...ညီမလေး အခုချက်ချင်းအိမ်ပြန်မလာရင်တောင် ...အမြန်ဆုံးအိမ်ပြန်လာခဲ့ပါနော် ... ကိုကိုက အိမ်နားမှာပဲစားသောက်ဆိုင်ဖွင့်ဖို့လုပ်ထားတယ် " အစ်ကိုဖြစ်သူပြောသမျှကို မြယွန်းမီတိတ်ဆိတ်စွာနားထောင်နေမိတယ်။အစ်ကိုဖြစ်သူကိုပြန်လည်ပြောဆိုရန်စကားလုံးများပျောက်ဆုံးနေခဲ့သလို နှုတ်ကလဲ ဆွံ့အနေခဲ့တယ်။ "ဆိုင်မဖွင့်သေးခင် ကိုကိုနေ့တိုင်း ထမင်းချိုင့်လာပို့ပေးမယ် ...ညီမလေးသူငယ်ချင်းတွေအတွက်ပါ ပိုချက်လာခဲ့ပေးမယ်လေ " " မလိုပါဘူး ရပါတယ်...အဆောင်မှာ အိုးခွက်တွေ ပေးထားလို့ချက်စားလို့လွယ်ပါတယ် " မြယွန်းမီရဲ့နှုတ်ကလွှတ်ခနဲ ထွက်သွားချိန်မှာ လင်းမြတ်ဇင်မျက်နှာပျက်သွားခဲ့ပြီး မျက်ရည်တွေရစ်ဝဲနေတဲ့မျက်လုံးတွေနဲ့ ညီမဖြစ်သူကို ငေးကြည့်လိုက်မိတယ်။ ''ကိုကို့ကိုခွင့်မလွှတ်နိုင်သေးဘူးလား ... အမေနဲ့ ညီမလေးကိုတွေ့ချင်လို့ ကိုကိုပြန်လာခဲ့တာပါ ...ညီမလေးမကျေနပ်ရင် ကိုကို့ကိုကြိုက်သလိုပြောပါ...လက်သီးနဲ့ ပြန်ထိုးပါ ...ကိုကိုတောင်းပန်းပါတယ်နော် ခွင့်လွှတ်ပေးပါ " မျက်လုံးအိမ်မှာမျက်ရည်တွေရစ်ဝဲပြီး တောင်းပန်နေတဲ့ အစ်ကို ဖြစ်သူကို မြယွန်းမီအေးစက်စက် ကြည့်လိုက်ပြီး "အလုပ်အရေးကြီးနေလို့ အလုပ်ပြန်ဝင်ရအုံးမယ် ... " " အင်း ...အင်းပါ ...ကိုကိုပြန်တော့မယ်နော်....ထမင်းချိုင့်တော့ ထားခဲ့မယ်နော် ...ပြီးတော့ ဒီအထုပ်ထဲမှာက ညီမလေးအသားအရည်နဲ့လိုက်မဲ့ အလှပြင်ပစ္စည်းတွေပါ ...အထက်အစားတွေလဲ ကိုကိုဝယ်လာသေးတယ် ...နောက်ရက်တွေ ထမင်းချိုင့်လာပို့ရင်း နည်းနည်းစီယူလာခဲ့မယ် " လင်းမြတ်ဇင်စိတ်ကိုတင်းကာ ညီမငယ်ကိုပြောလိုက်ပြီး လေးလံတဲ့ခြေလှမ်းတွေနဲ့ ပြန်ထွက်လာခဲ့တယ်။ မြယွန်းမီကတော့ထိုင်ခုံပေါ်မှာ ကျောက်ရုပ်တစ်ရုပ်လိုထိုင်ကာ ငြိမ်သက်နေမိတယ်။ အစ်ကိုဖြစ်သူပြန်ထွက်သွားတဲ့အခါမှ မြ ယွန်းမီရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်တွေစို့တက်လာခဲ့ပြီး ပါးပြင်ပေါ်ကို တပေါက်ပေါက်စီးကျလာခဲ့တယ်။ဟိုအရင်တုန်းကလို မောင်နှမနှစ်ယောက်ချစ်ချစ်ခင်ခင်နဲ့ ပြန်ခေါ်လိုက်ချင်ပေမဲ့ မသိစိတ်ကတားဆီးနေခဲ့တယ်။ပြီးတော့ မသိစိတ်ထဲကစိုးထိတ်ကြောက်ရှုံ့နေမိပြန်တယ်။ မြယွန်းမီတို့နှစ်ယောက်ကို အပေါ်ထပ်ကနေ ရပ်ကြည့်နေခဲ့ပြီး ဟန်နေထူးရင်ထဲမှာမောလျသွားရတယ်။ရင်ခုန်သံတွေကအေးစက်သွားရပြီး ဒေါသတွေပါထွက်လာမိတယ်။ဟိုတစ်ယောက်ပြန်ထွက်သွားတော့ ငိုပြီးကျန်ခဲ့တဲ့သူမကိုကြည့်ကာ စိတ်ထဲမကျေမနပ်ဖြစ်နေမိတယ်။ယောကျာ်းတစ်ယောက်အတွက်ငိုစရာလား။ဟိုကလဲ ယောကျာ်းတန်မဲ့ ချွဲချွဲနွဲ့နွဲ့ ဘာတွေများပြောသွားလဲမသိဘူး။အေးစက်စက်ကျောက်ရုပ်မလေးတောင်မျက်ရည်တွေသုတ်နေတယ်ဆိုတော့ စိတ်ထဲအလိုမကျဖြစ်သွားမိတယ်။ ~~~~~== လူတစ်ယောက်ကို မြင်လိုက်တာနဲ့ ရင်တွေဖြောင်းဆန်အောင်ခုန်သွားရတဲ့အချစ်မျိုးကို မေမိုးစက်ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့တာ။ ဒီလိုအဖြစ်မျိုးကို တစ်ကြိမ်တစ်ခါမှ မကြုံဆုံခဲ့ဖူးတဲ့ မေမိုးစက် ။ဒီနေ့မှာတော့ လူတစ်ယောက်ကိုဖျတ်ခနဲ မြင်လိုက်ယုံနဲ့ ရင်တွေထိန်းမရအောင်ခုန်ခဲ့ရလေပြီ။တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ကာ နှလုံးသားက တထိတ်ထိတ်ခုန်ခဲ့ရလေပြီ။ သို့ပေမဲ့

ဟန်နေထူးအပေါ်ထပ်ကို ခြေချေလိုက်ချမှာပဲ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ခြေလှမ်းတွေ ရပ်တန့်ပြီး ငေးမောကြည့်နေမိတယ်။မိန်းမတစ်ယောက် ဆံပင်ဖြီးနေတဲ့ မြင်ကွင်းဟာဒီလောက် လှပကြည့်ကောင်းနေလိမ့်မယ်လို့ ဟန်နေထူးမထင်ခဲ့ဖူးဘူး။ သူ့ရှေ့မှာ အပေါင်းအသင်းမိန်းခလေးတွေရော၊ မော်ဒယ်မင်းသမီးတွေပါ ဆံပင်ဖြီးရုံတင်မကဘဲ အလှပြင်တာတွေပါ မြင်ဖူးခဲ့တာပဲလေ။အခုတော့ ရှေ့မှာမြင်နေရတဲ့ မြင်ကွင်းကိုဟန်နေထူး ငေးကြောင်ပြီးကြည့်နေမိတယ်။ခေါင်းထက်မှာ အမြဲခပ်တင်းတင်း စုစည်းထားတတ်တဲ့ ဆံပင်တွေကို ဖြန့်ချထားပြီးဘီးနဲ့တစ်ချက်ချင်းဖြီးနေတဲ့မြင်ကွင်းက သိပ်ပြီးထူးခြားတဲ့မြင်ကွင်းမျိုးမှ မဟုတ်တာ။သို့ပေမဲ့ ဆံပင်မည်းမည်းခဲခဲ တွေကြားကနေ သူ့ကိုလှမ်းကြည့်နေတဲ့မျက်ဝန်းစူးစူးလေးတွေကို ကြည့်ပြီး ဟန်နေထူးအသက်ရှူဖို့ ပင်မေ့လျောသလိုဖြစ်နေမိတာ။ကိုယ့်နှလုံးခုန်သံကို ပြန်ကြားနေရသလိုဖြစ်နေတာက ထူးဆန်းလွန်းနေခဲ့တယ်။ဒါဟာအချစ်လား။အချစ်ဖြစ်နိုင်လား။မိန်းမချောမိန်းမလှလေးတွေကိုကျော်ပြီး ဒီအေးတိအေးစက်မျက်နှာနဲ့ သူမကိုသူရင်ခုန်နေတာလား။ချစ်သွားမိတာလား။မဝေခွဲနိုင်တဲ့စိတ်နဲ့မြယွန်းမီမျက်နှာလေးကိုသာငေးကြည့်နေမိတယ်။ မြယွန်းမီမှာ သူမကို စူးစူးစိုက်စိုက်ကြီး ကြည့်နေတဲ့ ဟန်နေထူးကြောင့် ဘာလုပ်ရမှန်းမသိဖြစ်သွားမိပြီး ဆံပင်ကိုခပ်မြန်မြန်ပြန်စည်းလိုက်ရတယ်။ပြီးနောက် အယောင်ယောင်အမှားမှားနှင့်ဘေးနားက ဆွဲမိဆဲရာကိုလှမ်းဆွဲလိုက်မိရာ ဓါးချွန်အဖျားကိုဆွဲမိလိုက်တာကြောင့် လက်ကိုဓါးရှသွားရတော့တယ်။ "အ " ဒီအဖြစ်အပျက်ကိုမြင်လိုက်တဲ့ဟန်နေထူးမှာ ချက်ချင်းပင်မြ ယွန်းမီနားကို ပြေးသွားလိုက်ပြီး စိုးရိမ်စိတ်နဲ့ မြယွန်းမီရဲ့လက်ကိုဆွဲယူကြည့်လိုက်မိတယ်။ "ဓါးထိသွားတာလား ... ပြပါအုံး ...အရမ်းများသွားလား ... ဒုက္ခပါပဲကွာ ...လာ ..လာဆေးထည့်ရအောင် " လက်ကိုဆွဲယူပြီး ပျာယာခတ်နေတဲ့ ဟန်နေထူးကြောင့်မြယွန်းမီဖြုန်းခနဲ ကြောင်အအဖြစ်သွားမိပြီးမှ ဟန်နေထူးဆွဲယူဆုပ်ကိုင်ထားတဲ့ သူမရဲ့လက်ကိုအတင်းပြန်ရုန်းလိုက်ပြီး ''ရ ...ရတယ်..ဓါးကထိနေကြပါ ..ဘာမှမဖြစ်ပါဘူး ..ဆေးပလာစတာကပ်လိုက်ရင်ရပါတယ်" "ဟာကွာ...သံလေ ..မေခိုင်းပိုးတွေဘာတွဝင်နေမှဖြင် ....လက်ကို အရက်ပြန်နဲ့အရင်ဆေးလိုက်အုံးမယ် ....ဒီမှာဆေးသေတ္တာထားပေးထားတယ်တယ်လေ .. ဘာလို့ အောက်ကိုမကြည့်ဘဲလှမ်းယူလိုက်ရတာလဲ ... ဒီနေ့အလုပ်မလုပ်နဲ့တော့နားလိုက်တော့ " "ဒီမှာ ... ရှင်ဘာဖြစ်နေတာလဲ ....တမင်လာနောက်နေတာလား " သူ့ကသာ စိုးရိမ်တကြီးနဲ့ ဖြစ်နေမိပေမဲ့ လက်ကိုအတင်းပြန်ရုန်းနေတဲ့သူမကို ဟန်နေထူးမချင့်မရဲဖြစ်လာပြီး ငေါက်ပစ်လိုက်မိတယ်။ "ဘာဖြစ်နေတာလဲကွာ ...မင်းလက်ကိုဆေးထည့်ပေးရုံပါ...ကိုယ်လဲဘာမှမလုပ်ပါဘူး ... ဘာလို့ အသည်းအသန်ရုန်းနေရတာလဲ ...." လက်ကိုအတင်းဆွဲပြီး အသံမာမာနဲ့ပြောလိုက်တဲ့ ဟန်နေထူးကြောင့် မြယွန်းမီအံ့ဩပြီး ဟန်နေထူးမော့ကြည့်လိုက်မိတယ်။ "အော်မိသလိုဖြစ်သွားရင် ဆောရီးပါကွာ...မင်းအတွက်လက်ကအရေးကြီးတယ်မဟုတ်လား ... ကိုယ်ဆေးထည့်ပေးပါ့မယ် ... ခဏလေးပဲ ငြိမ်ငြိမ်နေပါနော် " နီးကပ်လွန်းနေတဲ့ အနေအထားမှာ ဟန်နေထူးရဲ့ တောင်းပန်သံခပ်တိုးတိုးလေး ထွက်လာခဲ့ပြီး မြယွန်းမီလဲဘာပြောရမှန်းမသိဘဲနှုတ်ခမ်းလေးကို ကိုက်ကာငြိမ်သက်နေမိတယ်။ဒီအချိန်မှာပဲ လှေကားထစ်တွေ ထိပ်ကနေ အသံတစ်သံထွက်ပေါ်လာတာကို နှစ်ယောက်လုံးကြားလိုက်ရတယ်။ " မယွန်းဧည်သည်ရောက်နေတယ် ...." @@@@@@@@@@@@@@@@@@@@@. အပိုင်း (၁၂ ) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

"ဟုတ်ပြီလေ ...မမလိုတာကိုပြောမယ်လေ ... မမတို့ထက်တွေ့ကြတာပေါ့ " "ဟုတ်ကဲ့ မမ " ~~~~~ " မိုးစက်မှာချစ်သူရှိလား " တေဇရဲအမေးကြောင့် မေမိုးစက်မျက်လုံးလေးပြူးပြီး တေဇကိုမော့ကြည့်လိုက်မိတယ်။ဘယ်သူ့ကိုမဆိုခင်မင်တတ်တဲ့ မေမိုးစက်အနေနဲ့ တေဇကိုလဲအလွယ်တကူပဲ ခင်မင်ခဲ့မိတယ်။ခင်မင်ခြင်းရဲ့နောက်ကွယ်မှာ မရိုးမသားစိတ်တွေမပါတာတော့အမှန်ပါ။အခုလို ရုတ်တရက်အမေးခံလိုက်ရတော့ မေမိုးစက်ရင်ထဲထိတ်ခနဲဖြစ်သွားရတယ်။ အပျိုနဲ့လူပျိုဘယ်စကားက ဘယ်လိုအဓိပ္ပါယ်လဲဆိုတာကို ခန့်မှန်းလို့ရပေမဲ့ မေမိုးစက်မသိဟန်နဲ့ပဲပြန်ဖြေလိုက်တယ်။ "မရှိပါဘူးကိုတေဇ...ဘာဖြစ်လို့လဲဟင် " မေမိုးစက်ပြန်မေးလိုက်တော့ တေဇရှက်အမ်းအမ်းနဲ့ခေါင်းကိုငုံ့ လိုက်ပြီး "ဟို ..ဟိုလေ .... ကျွန်တော် မိုးစက်ကိုစိတ်ဝင်စားတယ် ...ချစ်တယ် ... ဒီ ...ဒီစကားပြောလို့ စိတ်မဆိုးပါနဲ့နော်မိုးစက် ...ကျွန်တော့်တစ်ဘဝလုံးအတွက်မိုးစက်ကို ရည်ရွယ်ပြီးပြောတာပါ ... ကျွန်တော်လူရှုပ်လူပွေတစ်ယောက်မဟုတ်ပါဘူးမိုးစက်ရယ် '' တေဇဆီကကြားလိုက်ရတဲ့ စကားက မျှော်လင့်ထားတဲ့စကားဖြစ်တာမို့ မေမိုးစက်သက်ပြင်းကိုချလိုက်မိတယ်။ " စိတ်မဆိုးပါဘူး... ကိုတေဇလို လူက မိုးစက်ကိုစိတ်ဝင်စားတယ်ဆိုလို့ ပျော်တောင်ပျော်ရပါတယ် .... ဒါပေမဲ့လေမိုးစက်တို့ သူငယ်ချင်းတွေအဖြစ်နဲ့ပဲ ခင်မင်ကြမယ်လေကိုတေဇ '' "ဗျာ ... ဘာ ... ဘာကြောင့်များလဲ မိုးစက်ရယ် ...ပြောတော့မိုးစက်မှာ ချစ်သူမရှိဘူးဆို " "ဟုတ်ပါတယ်ကိုတေဇရဲ့ ... မိုးစက်မှာ ချစ်သူမရှိပါဘူး ... ဟိုလေ မိုးစက်စိတ်ကိုပွင့်ပွင့်လင်းလင်းပဲပြောပါ့မယ် ..မိုးစက်ကလေအချစ်နဲ့ပတ်သက်ရင် ...နည်းနည်းစိတ်ကူးယဉ်တတ်တယ်...မိုးစက်မျှော်လင့်ထားတဲ့အချစ်ဆိုတာက ..ဘ၀အဆက်ဆက်က သစ္စာဆိုဆုပန်ထားခဲ့ကြတဲ့ ချစ်သူတွေလိုမျိုး ... တစ်ယောက်နဲ့တစ်ယောက်ဆုံလိုက်ကြချိန်မှာ... ရင်တွေတဒိန်းဒိန်းခုန်ပြီး ...မြင်မြင်ချင်းချစ်သွားတဲ့အချစ်မျိုးကိုလိုချင်တာ ...'' " ဟာ .. ဟုတ်တယ်လေမိုးစက်ရယ် ....မိုးစက်ကိုမြင်မြင်ချင်း ကျွန်တော်အဲ့ဒီလိုဖြစ်ခဲ့တာလေ " တေဇရဲ့စကားကြောင့် မေမိုးစက် ဘာပြန်ပြောရမှန်းမသိအောင်ကြောင်အသွားရတယ်။ '" ရှင် ... အယ် ...ဟို...ဟိုလေ ... ကိုတေဇပဲရင်ခုန်လို့မဖြစ်ဘူးလေ ..မိုး...မိုးစက်ပါရင်ခုန်မှဖြစ်မှာပေါ့ ... ဟုတ်ဘူးလား " မျက်လုံးပြူးလေးနဲ့ ပြူးပြူပျာပျာ ပြန်ပြောနေတဲ့ မေမိုးစက်ကို ကြည့်ပြီးတေဇက .ပြုံးရယ်လိုက်မိတယ်။ "ကဲ ..ဟုတ်ပါပြီမိုးစက်ရယ်...ရင်မခုန်ဘူးလို့အပြတ်တော့ မပြောလိုက်ပါနဲ့နော် ... အချိန်တွေ ဘယ်လောက်ကြာကြာ .... မိုးစက်ကျွန်တော့်အပေါ်ရင်ခုန်လာတဲ့နေ့အထိစောင့်နေပါ့ မယ် " တေဇရဲ့စကားကြောင့် မေမိုးစက် သက်ပြင်းကိုချလိုက်သလို တေဇကလဲ မေမိုးစက်ရဲ့မျက်နှာလေးကို ငေးငေးရီရီနဲ့ ကြည့်နေခဲ့တယ်။ ~~~~~~ " ဒီမှာသားရဲ့အခန်း.....အေးအေးဆေးဆေးအနားယူလိုက်အုံး ... အမေအဲကွန်းလဲတပ်ပေးထားတယ် " ဒေါ်မြစန္ဒာက တိုက်ခန်းထဲဝင်လိုက်တာနဲ့ သားဖြစ်သူကို နေရမဲ့အခန်းလှမ်းပြလိုက်တယ်။လင်းမြတ်ဇင်က မိခင်ကြီးလှမ်းပြရာ အခန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မိခင်ကိုခုံမှာထိုင်ခိုင်းလိုက်ကာ ထိုင်ကန်တော့လိုက် တယ်။ သားဖြစ်သူကန်တော့နေတာကိုကြည့်ပြီး ဒေါ်မြစန္ဒာမျက်ရည်တွေကျလာခဲ့ရတယ်။သူမအရိပ်အောက်ကနေ မနူးမနပ်ပုံစံလေးနဲ့ ထွက်သွားခဲ့တဲ့ ကလေးသာသာအရွယ်ကနေ အရွယ်ရောက်ပြီးရင့်ကျက်နေတဲ့လူတစ်ယောက်အဖြစ် သားဖြစ်သူပြန်ရောက်လာတာကို ကြည်နူးမဆုံးဖြစ်နေမိတယ်။ "မငိုပါနဲ့ အမေရယ် ... ခုချိန်ကစပြီး ကျွန်တော့်ကြောင့်အမေ မျက်ရည်မကျစေရတော့ပါဘူး.... ကျွန်တော်လိမ်လိမ်မာမာနဲ့နေပါတော့မယ် ..ဒါနဲ့ ညီးမလေးက ဘယ်အချိန်အလုပ်ကပြန်လာမှာလဲ အမေ ... ကျွန်တော် ဟိုမှာရှိနေတဲ့အတောအတွင်း ...ရှက်လွန်းလို့ ညီမလေးကိုစကားစမပြောရဲခဲ့ဘူး " သားဖြစ်သူရဲ့ စကားကြောင့် ဒေါ်မြစန္ဒာမျက်နှာမပျက်အောင် ထိန်းလိုက်ပြီး " ..မင်း ..မင်းညီမလေးက အလုပ်အရေးကြီးလို့ အလုပ်ကပေးတဲ့အဆောင်မှာပဲနေတယ်လေ ...အမေဖုန်းဆက်ပေးပါ့မယ် ....ကဲပါ ... ငါ့သားသွားနားလိုက်ပါအုံး ... ဒီနေ့တော့ အမေ့လက်ရာ ဝက်နံရိုးဟင်းနဲ့ ထမင်းစားတာပေါ့ " "ဟုတ်ကဲ့ပါ အမေ ..ကျေးဇူးတင်ပါတယ်အမေ " အပြောင်းလဲကြီးပြောင်းလဲသွားတဲ့ သားဖြစ်သူကို ဒေါ်မြစန္ဒာကြည်နူးပီတိပြုံးတွေနဲ့ ကြည့်နေမိတယ်။ ~~~~~~~ "မိုးစက်တို့ ထမင်းစားပြီးကြပြီလား .... ကျွန်တော်ဟင်းတွေဝယ်လာတယ်...ထမင်းစားလိုက်ကြတော့လေ " ဟန်နေထူးဟင်းဘူးတွေကို မိုးစက်လက်ထဲကိုထည့်ပေးလိုက်ပြီး မြယွန်းမီကိုဝေ့ဝဲရှာကြည့်လိုက်မိတယ်။ဒါကိုရိပ်မိတဲ့ မေမိုးစက်က ဟန်နေထူးနားကပ်ပြီးခပ်တိုးတိုးပြောလိုက်တယ်။ "ယွန်းကိုရှာနေတာလား ကိုထူး ...ယွန်းကအပေါ်ထပ်မှာပါ " "ဗျာ ....ဟုတ်ကဲ့ " မေမိုးစက်ရဲ့စကားကြောင့် ဟန်နေထူးရှက်အမ်းအမ်းနဲ့ အပေါ်ထပ်ကိုတက်ခဲ့လိုက်တယ်။ ~~~~~

~~~~~~ " အိမ်ထဲမှာ အခန်းသုံးခန်းပါတယ်... ကိုယ့်အခန်းထဲကိုယ်နေရင်... တွေ့စရာအကြောင်းမရှိဘူး...တွေ့ရလဲညဘက်လေးခဏ လောက်တွေ့ရမှာ...ညည်းတို့ သဘောပါအေ .. နေချင်နေမနေချင်ညည်းသဘောပဲ ... ငါကတော့ သားအတွက်ရောသမီးအတွက်ပါ စဉ်းစားတာပဲ " မိခင်ဖြစ်သူဒေါ်မြစန္ဒာတစ်ယောက်မကျေမချမ်းပြောနေချိန်မှာ မြယွန်းမီအထုပ်တွေကိုနေရာချလိုက်တယ်။သူမအတွက်ပေးထားတဲ့အခန်းထဲမှာ ပစ္စည်းတွေကိုနေရာချလိုက်ရင်း ယူသွားမဲ့အဝတ်အစားအသုံးအဆောင်တွေကို တစ်လက်စတည်းအိတ်ထဲထည့်ထားလိုက်တယ်။သူမရဲ့ ဆုံးဖြတ်ချက်မှန်လားမှားလားမသိတော့ပါ။ သူမအနေနဲ့ မိခင်ကို ဘယ်လောက်ပဲကူညီပေးခဲ့ပါစေ၊ရသမျှငွေကြေးကို အပ်နှံခဲ့လဲ မျက်နှာကောင်းမရခဲ့တာတွေကိုမြင်ယောင်နေမိတယ်။သိန်းရာချီအကုန်ခံပြီး နိုင်ငံရပ်ခြားကိုပို့လိုက်တဲ့သားဆီက ငွေဆယ်သိန်းလောက်ပို့ပေးလိုက်ရင်များပြောလို့မဆုံးတော့ ။အမျိုးတွေကြားကြွားလို့မဆုံးတော့တဲ့မိခင်က တစ်သက်လုံး မြယွန်းမီကူညီရှာဖွေပေးခဲ့တာတွေကိုတော့ သတိပြုမိပုံပင်မရပါ ။ဒါတွေအားလုံးကို သည်းခံနိုင်ခဲ့ပေမဲ့ အဆိုးဆုံးက အစ်ကိုဖြစ်သူရဲ့ အရှုပ်အထွေးကိစ္စကို အစပြန်ဖော်မိတိုင်း မဆီမဆိုင်တရားခံတစ်ယောက်လို သူမကအပြောခံအဆိုခံရတာကို မကြိုက်တာ။ ပြီးတော့ ပန်းသွေးချယ်လိုမိန်းမမျိုးနဲ့နှိုင်းပြီး ဆူတတ်သေးတာ။ အဲ့ဒီမိန်းမလိုမဖြစ်စေချင်လို့ အဲ့ဒီမိန်းမနဲ့နှိုင်းပြီးဆူတာမျိုးက မဖြစ်သင့်ဘူး မဟုတ်လား။အလယ်တန်းကျောင်းသူဘဝကတည်းက မိခင်နဲ့အတူရုန်းကန်ခဲ့တဲ့သူမကို ခုချိန်ထိယုံကြည်မပေးနိုင်တာကို စိတ်အထိခိုက်ဆုံးပါပင်။ ဒီအခြေအနေမှာ ဝေးရာကိုခဏလောက်ပဲဖြစ်ဖြစ်ထွက်သွားလိုက်ချင်စိတ်တွေဖြစ်နေခဲ့မိတာက သူမရဲ့အမှားလား။ ~~~~~~ " ဟယ် မမချယ် ..မမချယ်မဟုတ်လား.... မတွေ့တာကြာပြီ ... ဘယ်တွေရောက်နေတာလဲ " "ဪ ... ပိုးအိပါလား...မချယ်က နယ်ဘက်တွေအလုပ်ဆင်းနေရလို့ပါ .. အန်တီအိရောနေကောင်းလား " "ဟုတ် ကောင်းပါတယ်မချယ် ..မချယ်အချိန်ရလား... မုန့်လေးဘာလေးစားကြရအောင်လေ " "အင်း စားကြတာပေါ့ " ပိုးအိနဲ့ပန်းသွေးချယ်တို့ အတူယှဉ်တွဲကာ မုန့်ဆိုင်ထဲကို ဝင်ခဲ့လိုက်ကြတယ်။နှစ်ယောက်သားမှာ အမေတွေကညီမတစ်ဝမ်းကွဲတော်စပ်ကြသူတွေမို့ သူတို့အချင်းချင်းလဲ ရင်းနှီးချစ်ခင်ကြတယ်။ပန်းသွေးချယ်နဲ့ ပိုးအိက အသက်အရွယ်အားဖြင့် ငါးနှစ်လောက်ကွာပေမဲ့ အပျော်အပါးမက်တာချင်းတူကြတာမို့ တည့်တည့်ပြုပြုတော့ရှိကြတယ်။ "ဒါနဲ့ မချယ်အေးဆေးပဲလား ...အချစ်ရေးရောဘယ်လိုလဲ ..ဘယ်တော့စားရမှာလဲ " ပိုးအိရဲ့အမေးကို ပန်းသွေးချယ်ရယ်မောလိုက်ပြီး "အေးတာလားပူတာလား မသိတော့ပါဘူး ပိုးအိရယ် .. သူက ကန်ထရိုက်တာကြီးဆိုတော့ ခရီးတွေ မကြာခဏထွက်နေရတာပဲ ...မချယ်လဲ ကြာရှည်တော့မမြဲ လောက်ဘူးထင်တာပဲ ...အိမ်ထောင်ပြုဖို့ကတော့ စိတ်မဝင်စားသေးဘူး ညီမလေးရယ် ... ဒီတိုင်းလေးပဲ အေးဆေး နေချင်တယ်...ပိုးအိရောအချစ်ရေးဘယ်လိုလဲ " ပန်းသွေးချယ်ရဲ့ အမေးကြောင့် ပိုးအိခေါင်းကိုခါယမ်းလိုက်ပြီး " မပြေပါဘူးမချယ်ရယ် ... သူက ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်ကို မျက်နှာသာပေးနေတယ်လေ... အလုပ်အကြောင်းပြပြီး အဲ့ဒီမိန်းမနားတကပ်ကပ်နဲ့ ..." "ဟုတ်လား ...ငါ့ညီမလိုအချောအလှကိုထားပြီးများ ...ပြပါအုံး သူတို့ပုံတွေရိုရင် " "ပုံကတော့ မရှိဘူး ..လိုင်းပေါ်ရှာကြည့်လို့ရပါတယ် ....ဟန်နေထူးကိုသိတယ်မဟုတ်လား ... ဆယ်လီလေ ....ကြော်ငြာတွေလဲရိုက်တယ်လေ " "ဟန်နေထူးဟုတ်လား...သိတာပေါ့ ... သူ ..သူက ပိုးအိရဲ့ချစ်သူလား " ပန်းသွေးချယ် အံ့ဩတကြီးနဲ့မေးလိုက်ရင်း ညီမဖြစ်သူကိုပါ မနာလိုစိတ်ဖြစ်သွားမိတယ်။ဟန်နေထူးလိုလူမျိုးကို ရရင်တော့ပန်းသွေးချယ်လဲလိုချင်တာပေါ့။ဟန် နေထူးက ရုပ်လဲရှိငွေလဲလျှံဆိုတဲ့ ဘဲမျိုးမဟုတ်လား။အမှန်တိုင်းပြောရရင် ပန်းသွေးချယ်ဘ၀မှာ ရုပ်ရှိရေလျှံဘဲမျိုးနဲ့ မတွဲဖူးသေးဘူး။အများစုက ငွေသာရှိပြီး ဘာရုပ်မှမပေါက်တဲ့သူတွေချည်းပဲလေ။ရှားရှားပါးပါး တစ်နေကုန်ထိုင်ကြည့်ချင်နေလောက်အောင် ချောမောကြည့်ကောင်းတဲ့ လင်းမြတ်ဇင်လိုကောင်မျိုးကျတော့လဲ အိမ်မပိုင်တဲ့ ကလေးသာသာ လူဖြစ်နေခဲ့တယ်။ "မချယ် ဘာတွေစဉ်းစားနေတာလဲ ..ပိုးအိပြောတာကြားရဲ့လား ...." "အင်း ... အင်း ဘာပြောလိုက်တာလဲ ပိုးအိရဲ့ " " ကိုထူးနားကပ်နေတဲ့ မိန်းမကလေ ...ဟိုတလောက ဟိုးဟိုးကျော်သွားတဲ့သတင်းထဲကသူပေါ့...ကိုထူးကိုလူကြားထဲ၀င်ဖက်တယ်ဆိုတဲ့ မိန်းမလေ " " ဘာ....ဘယ်လို ...အဲ့ဒီမိန်းမသေချာလား " ပန်းသွေးချယ်သွေးပျက်သွားမတတ် ထိတ်လန့်တုန်လှုပ်စွာ ပြန်မေးလိုက်တယ်။ " သေချာတာပေါ့ မချယ်ရယ် ... အခုကိုထူးက ကော်ဖီဆိုင်အသစ်ဖွင့်ဖို့... အတွင်းပိုင်းအပြင်အဆင်အတွက်... အဲ့ဒီမိန်းမကိုငှါးထားတာလေ " "ဒီမှာ ပိုးအိ...ငါ့ညီမဘာမှစိတ်မပူနဲ့တော့ ... အဲ့ဒီဟာမသေချာရင် မမကူညီနိုင်ပါတယ်...သူ့ကိုဟန် နေထူးနားကနေ ...အရှက်တကွဲနဲ့ လွင့်ထွက်သွားအောင်မမလုပ်ပြမယ် " ပန်းသွေးချယ် အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်တယ်။ "တ...တကယ်လားဟင်ချယ် ....ကျေးဇူးတင်လိုက်တာ မချယ်ရယ် ... မချယ်လိုတာရှိရင် ပြောနော် ..ပိုးအိအကုန်ကူညီပါ့မယ် "

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု) အပိုင်း (၁၁) ******* "ယွန်းက အဆောင်မှာတကယ်နေ မှာလား..." "အင်း ဟုတ်တယ် ... ဘာဖြစ်လို့လဲ တို့လာရင်အဆင်မပြေလို့လား " "ဟယ်...မဟုတ်တာယွန်းရယ်...ယွန်းလာတော့ မိုးစက်ပျော်တာပေါ့ .." မေမိုးစက်ရဲ့မျက်နှာကို မြယွန်းမီတစ်ချက်ငေးကြည့်လိုက်မိတယ်။ယောကျာ်းတွေက အပြောင်းအလဲမြန်တတ်ကြသလို မိန်းခလေးတွေလဲ ကြောက်စရာကောင်းတာကိုလက်တွေ့မြင်ဖူးထားတဲ့ မြယွန်းမီအတွက် တစ်ယောက်ယောက်ကို ယုံကြည်လိုက်ဖို့ဆိုတာက အင်မတန်ခက်ခဲလှတယ်။သူတို့တွေဟာ တစ်ချိန်မှာ သူမကိုနာကျင်အောင်လုပ်နိုင်တဲ့သူတွေဖြစ်မလာဖို့အတွက် အရာရာကို ကြိုတင်ပြင်ဆင်ထားရမှာပဲမဟုတ်လား။ "ယွန်းပြောင်းမဲ့နေ့ကျရင် ... မိုးစက်ဝိုင်းကူမယ်နော် " "ကျေးဇူးပါပဲ " မြယွန်းမီအေးစက်စက်အသံနဲ့ပြန်ပြောလိုက်ပြီး မေမိုးစက်နဲ့ဝေးရာကို ထလာလိုက်တယ်။ဒီရက်ပိုင်းထဲ မေမိုးစက်နဲ့ဆုံရရင် အလိုလိုနေရင်း စိတ်ထဲမှာရှုပ်ထွေးနေသလိုဖြစ်နေမိလို့ အရင်ထက်ပိုပြီး ရှောင်ဖယ်နေမိတယ်။ '' ကိုထူး မောနင်းပါနော် ... မနေ့ညကကိုထူးတင်ထားတဲ့ ပညာပေးဇာတ်လမ်းလေးကောင်းတယ်သိလား ... ဒီထက်မက အောင်မြင်ပါစေ " နေ့လယ် (၁၁) နာရီကျော်မှ ရောက်လာတဲ့သူကို "မောနင်း" လို့နှုတ်ဆက်ပြီး အပိုစကားတွေ ပြောနေကြတဲ့ ၀န်ထမ်းကောင်မလေးတွေကို မြယွန်းမီနှုတ်ခမ်းလေးတွန့်မဲ့ပြီးကြည့်လိုက်မိတယ်။မိန်းမလှတွေတရုံးရုံးနဲ့ ပျော်တတ်သူကလဲ တိုက်ထဲစဝင်လာကတည်းက နားရွက်မှာပါးစပ်တက်ချိတ်တော့မဲ့ပုံမျိုးနဲ့ လေ။ ဟန်နေထူးတိုက်ထဲကို စဝင်လာကတည်းက မေမိုးစက်နဲ့အကူဝန်ထမ်းလေးတွေက အသီးသီးလှမ်းနှုတ်ဆက်ကြပေမဲ့ သူ့ကိုမြင်မှ မျက်နှာဆတ်ခနဲလွှဲသွားတဲ့ မြ ယွန်းမီကိုကြည့်ပြီးရင်ထဲပင်အောင့်ခနဲ ခံစားလိုက်ရတယ်။ ဒီလောက်ဖြစ်နေတဲ့သူမနားကို ဟန်နေထူးမသိမသာမယောင်မလည်နဲ့ လျှောက်သွားလိုက်တယ်။ခြေသံကြားပုံရပေမဲ့အဖက်လုပ်ပြီးမော့ပင်မကြည့်ဘဲ သူမအလုပ်ကိုပဲသဲကြီးမဲကြီးလုပ်နေပုံက တစ်လောကလုံးမှာ တစ်ယောက်တည်းရှိနေပုံမျိုးနဲ့။ " စကားနည်းနည်းလောက် ပြောလို့ရလား ဒေါ်မြယွန်းမီ " မျက်နှာရှေ့တည့်တည့်မှာ လာရပ်ပြီး စူးစူးစိုက်စိုက်ကြည့်ကာမေးလိုက်တဲ့ ဟန်နေထူးကြောင့် မြယွန်းမီရင်တွေဆတ်ခနဲ တုန်သွားရပြီး နောက်ကိုချက်ချင်း ဆုတ်လိုက်မိတယ်။ "ဘာ...ဘာပြောမှာလဲ ပြော " မြယွန်းမီ အဖျားခတ်တုန်သွားတဲ့အသံနဲ့ပြန်မေးလိုက်ပြီး အနားကိုကပ်သလိုဖြစ်လာတဲ့ဟန်နေထူးကို ခပ်စူးစူးပြန်ကြည့်လိုက်မိတယ်။ "ပန်းချီကားတွေချိတ်ဖို့အတွက် လေ ... အဲ့ဒါဆွေးနွေးမလို့ ...နံရံကပ်စာအုပ်စင်တွေနဲ့အပြိုင် မျက်စိရှုပ်နေတာမျိုးလဲ မဖြစ်ချင်ဘူး " စကားပြောနေရင်းနဲ့ အတင်းကွေ့ရှောင်နေတဲ့သူမကို အမြင်ကပ်သလိုရှိလာတာမို့ ဟန်နေထူး မသိသလိုလိုနဲ့ သူမနားကိုအတင်းလိုက်ကပ်ပြီး မျက်လုံးကို တည့်တည့်ကြီးလိုက်စိုက်ကြည့် ပစ်လိုက်တယ်။ရှောင်နိုင်ရင်ရှောင်ပေါ့လေ။တွေ့တိုင်း သူများရင်ဘတ်ပေါ် ကျတော့ အရင်လဲကျတတ်ပြီး မျက်နှာတည်ကြီးနဲ့သူမဟုတ်သလိုလိုနေနေတာ။ပြီးတော့သူမကပဲ ကိုယ့်ကိုတွေ့ရင်မတူသလိုမတန်သလိုမျက်နှာကိုလွှဲပစ်လိုက်သေးတယ်။ "ဒီမှာ ရှင်ဘာဖြစ်လို့ အနားကပ်ပြောနေတာလဲ...ကျွန်မကြားတယ် ဝေးဝေးကပြော " "ဪ ..ဆောရီး ...အသံတွေဆူနေလို့ မကြားမှာစိုးလို့ပါဗျာ..." ဒေါသမျက်နှာရဲရဲလေးနဲ့ ပြောလာတဲ့သူမကို ဟန်နေထူးစိတ်ထဲမှာ ရုတ်တရက်စနောက်ချင်စိတ်တွေဖြစ်လာမိပြီး ခြေထောက်ကို မသိမသာလေးရှေ့ကို ထပ်တိုးပစ်လိုက်တယ်။ "ရှင် စကားပြောတာအေးအေးဆေးဆေးရပ်ပြီး ပြောလို့မရဘူးလား ..ဘာဖြစ်နေတာလဲ...စိတ်တိုလာပြီနော် ..... ပေတံ နဲ့ခေါက်ပစ်လိုက်မယ် ..တကယ်မခေါက်ဘူးမထင်နဲ့ " အံလေးကိုကြိတ်ပြီး ပြောလိုက်တဲ့ မြယွန်းမီကိုကြည့်ပြီး ဟန်နေထူးရယ်ချင်စိတ်ကို မျိုသိပ်ကာ နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်ရတယ်။ အလုပ်တူတူတွဲလုပ်လာတဲ့ သုံးပတ်အတွင်းမှာတစ်နေ့ကိုတစ်ခါလောက်တော့ စူပုတ်ပုတ်မျက်နှာလေးကို ဟန်နေထူးမသိမသာလိုက်စနေမိတယ်။ကိုယ်က စေတနာအပြည့်ထားပြီး တစ်ခုခုဝယ်ကျွေးရင် အားမနာတမ်းငြင်းပစ်တတ်တဲ့သူမကို အသည်းယားပြီး အမြင်ကပ်နေတာတော့အမှန်ပဲ။စကားပြောရင်လဲ သုံးပေအကွာကနေပြောပုံက မသိရင်ကိုယ်ကပဲရောဂါသည်ကြီးလိုလို။ စကားပြောရင်လဲ အေးတိအေးစက်မာကျောကျောနဲ့ကြာတော့ပိုင်ရှင်သူဌေးက သူလား၊ကိုယ်လားတောင်မကွဲပြားတော့ဘူး။ ~~~~~ " တောက် " တိုက်ထဲကမြင်ကွင်းကို လှမ်းကြည့်ပြီး ပိုးအိတောက်တစ်ချက်ကိုခေါက်ပစ်လိုက်တယ်။အလုပ်ကိုအကြောင်းပြပြီး ပူးကပ်နေကြတဲ့ ဟန်နေထူးတို့ကိုကြည့်ပြီး ပိုးအိရင်ထဲဒေါသတွေတလိပ်လိပ်ထွက်လာရတယ်။ဒီလို ဘာမှမဟုတ်တဲ့မိန်းမတစ်ယောက်က သူမရင်ထဲကအချစ်ကိုလုယူမှာ မျိုးကိုတော့ လုံးဝအဖြစ်မခံနိုင်ပါ။ ပိုးအိအံကိုကြိတ်ပြီးလက်သီးကို ခပ်တင်းတင်းဆုပ်ကာနေရာမှ ချာခနဲလှည့်ထွက်ခဲ့လိုက်တယ်၊၊

"ဪ ..ယွန်းက အဲ့ဒီလိုပဲနေတာ ကိုထူးရဲ့ ... အလုပ်ကိစ္စကလွဲရင် ဘယ်သူ့ကိုမှ စကားမပြောဘူး...မိုးစက်ကတော့ သူပြောပြောမပြောပြော အတင်းလိုက်ပြောပစ်လိုက်တာပဲ ...ဘာကြောင့်လဲတော့ မသိပေမဲ့ယွန်းက အဲဒီလိုပဲနေတတ်တာ ..." " ဟုတ်လား...မိုးစက်တို့တွေ စကားများထားကြလို့များလို့ပါ " " မဟုတ်ပါဘူးရှင် ..ယွန်းက ဘယ်သူနဲ့မှ စကားမများပါဘူး ... သူ့ကို မကောင်းပြောရင်တောင် ..ဘာမှမဖြစ်သလို အေးဆေးပဲ အပြုံးမပျက်တဲ့သူလေ ....ကော်ဖီဆိုင်ကိစ္စတုန်းက တောင် မိုးစက်ကအတင်းဝင်ပါခဲ့ရတာရှင့် ... သူ့ဘာသာဆိုဘယ်သူဘာပြောပြော ဂရုမစိုက်တဲ့သူလေ " ~~~~~ "မိယွန်း ညည်းတကယ်ပဲ အဆောင်မှာပြောင်းနေမှာပေါ့လေ ဟုတ်လား " ဒေါ်မြစန္ဒာထမင်းစားနေရင်းက သမီးဖြစ်သူကိုမေးလိုက်တယ်။ မြယွန်းမီနှုတ်က ပြန်မဖြေဘဲ မိခင်ကိုခေါင်းငြိမ့်ပြလိုက်တယ်။(၅)နှစ်လုံးလုံး သူမအကြောင်းကို လုံးဝမမေးခဲ့တဲ့ အစ်ကိုဖြစ်သူကို မြယွန်းမီလုံး၀မတွေ့ချင်ပါ ။ "အေးပါ ....ညည်းမှမနေချင်ရင် မတားတော့ပါဘူးအေး ... လာမဲ့တနင်္ဂနွေမှာအိမ်ပြောင်းမယ် ... အိမ်သစ်ကအခန်းသုံးခန်းပါတယ်... အိမ်ဝယ်ဖို့လိုတဲ့ ငွေကို ညည်းအစ်ကိုထုတ်ပေးထားတာ သိရလား ...သူကနောက်တစ်ပတ်ထဲ ပြန်လာမယ်" " ဟုတ်ကဲ့ ... အမေ့သားပြန်လာပြီ ဆိုတော့ ...အမေလဲအဖော်ရပြီပဲ...သမီး အလုပ်ကပေးတဲ့ အဆောင်မှာပြောင်းနေပါ့မယ် " " အေး ....နေချင်တဲ့နေရာမှာနေ ညည်းတို့သဘောပဲ ... မတားတော့ဘူး ...တစ်ခုခုရှုပ်ရှုပ်ယှက်ယှက်သတင်းကြားလို့ကတော့ .... ငါ့ကြောင်းသိတယ်နော်.. ဒီအတိုင်းလွှတ်ထားမယ်မထင်နဲ့ ..." ဆူဆူငေါက်ငေါက်နဲ့ပြောနေပေမဲ့ တားမြစ်ခြင်းမရှိတဲ့မိခင်ရဲ့စကားတွေကြောင့် မြယွန်းမီရင်ထဲတော့နာကျင်သွားသလိုခံစားလိုက်ရတယ်။ @@@@@@@@@@@@@@@@@@@@ အပိုင်း (၁၁) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

ဟန်နေထူးစိတ်တိုတိုနဲ့ ပြောပြီး ကော်ဖီဆိုင်ထဲကထွက်လာလိုက်တယ်။တစ်လျှောက်လုံး မိခင်ရဲ့ကြောင့် အလျှော့ပေးလာသမျစိတ်အဆင်မပြေတဲ့အချိန်ကာလမို့ ခပ်ကြမ်းကြမ်းပဲပြောပစ်လိုက်တယ်။မဟုတ်ရင် ကိုယ့်ကော်ဖိဆိုင်ကို သူ့ကော်ဖီဆိုင်လိုလို၊ ကိုယ့်ကိုလဲသူ့ကောင်လေးလိုလို အွန်လိုင်းပေါ်လျှောက်တင်နေတာလဲများနေပြီ။ယောကျာ်းလေးတစ်ယောက်ကစိတ်မပါဘဲ အတင်းဒီလိုတွေ ဇွတ်ဖြစ်နေတဲ့သူမကို မိခင်ကြီးကဘယ်နေရာတွေသဘောကျနေလဲတော့မသိချေ။နောက်တစ်ခါများ ပိုအိနဲ့ပတ်သက်ပြီး မိခင်ကြီးစကားစလာခဲ့ရင်တော့ မိခင်ကိုပြတ်ပြတ်သားသား ပြောမှဖြစ်လိမ့်မယ်ထင်တယ်။ ~~~~ ရုံးကလိုက်ပို့တဲ့ကားပေါ်ကဆင်းလိုက်ချိန်မှာ ဆိုင်ရဲ့ခြံဝမှာ မိန်းခလေးတစ်သိုက်ကြား ဟန်နေထူးကိုတွေ့လိုက်ရတာမို့ မြယွန်းမီ အကြည့်ကို ဆတ်ခနဲလွှဲပြီး တိုက်ထဲကိုဝင်ခဲ့လိုက်တယ်။ မေမိုးစက်နဲ့ အကူဝန်ထမ်းလေးတွေက ဟန် နေထူးကို အပြုံးနဲ့နှုတ်ဆက်ပြီး ဝင်ခဲ့ကြတယ်။ "ဒီအခန်းအတွက် စားပွဲတွေဘယ်နေ့ရောက်မှာလဲ မိုးစက် ...." မြယွန်းမီရဲ့ အသံမာမာနဲ့ မေးသံကြောင့် မေမိုးစက်အံ့ဩတကြီးနဲ့ လှည့်ကြည့်လိုက်မိပြီး " အဲဒါက မနက်ဖြန်မှရောက်မှာ လေယွန်း...ဒီနေ့စာအုပ်စင်တွေပဲ လုပ်မှာဆို " " အို ..ဘာပဲဖြစ်ဖြစ်...ပြီးရင်တစ်ခါတည်းပို့ခိုင်းလိုက်ပေါ့ ... သက်မှတ်ရက်ထက် စောပြီးသွားတော့ မကောင်းဘူးလား " မြယွန်းမီရဲ့ မာဆတ်ဆတ် အသံကိုနားထောင်ရင်း မေမိုးစက် မြယွန်းမီအနားကို လျှောက်လာလိုက်ပြီး "ယွန်းစိတ်တိုနေတာလားဟင် ... ဘယ်သူ့ကိုစိတ်တိုနေတာလဲ....ယွန်းအခုတလောစိတ်တိုတတ်လာတယ်နော်..ဘာပဲဖြစ်ဖြစ် အရင်လိုအေးတိအေးစက်ပုံစံမဟုတ်တော့လို့ မိုးစက်တော့ သဘောကျတယ် " မေမိုးစက်ရဲ့စကားကို ကြားလိုက်ရမှ မြယွန်းမီလဲစိတ်ထဲမလုံမလဲဖြစ်သွားရပြီး ပါးစပ်ထဲရှိရာ စကားကို အမြန်ထပ်ပြောလိုက်ရတယ်။ " ဒီတစ်လော စိတ်မကြည်စရာတွေရှိနေလို့ပါ ...ဒါနဲ့ မိုးစက်က အလုပ်ကအဆောင်မှာနေတာမဟုတ်လား ... အဆောင်ကလူများလား....သန့်ရဲလား....တစ်ယောက်ခန်းရောရှိလား " " တိုက်ခန်းကျယ်ကြီးမှာ ကိုယ်ပိုင်အခန်းတွေနဲ့မို့သန့်ပါတယ်...ကိုယ့်အခန်းထဲကိုယ်နေကြတော့ အေးဆေးပါပဲ .. ဒါနဲ့ မမေးစဖူးဘာလို့မေးတာလဲယွန်းရဲ့ " " တို့လဲ ...အဆောင်မှာနေမလားလို့ " " အဆောင်မှာနေမလို့ဟုတ်လား ယွန်း ... ယွန်းကရန်ကုန်သူမဟုတ်လား ...အမေနဲ့အတူနေတာ ဆို ...." မေမိုးစက်ရဲ့အမေးကို ဘာမှ ပြန်မဖြေဘဲ မြယွန်းမီသူမလုပ်လက်စအလုပ်ခန်းထဲကို ဝင်ခဲ့လိုက်တယ်။ ~~~~~ မေမိုးစက်နဲ့ အကူဝန်ထမ်းတွေရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်လုပ်နေကြချိန်မှာ တစ်ယောက်တည်း တိတ်ဆိတ်နေပြီး အလုပ်ကိုပဲသဲကြီးမဲကြီးနဲ့လုပ်နေတဲ့မြယွန်းမီကို ဟန်နေထူးမသိမသာ လှမ်းကြည့်နေမိတယ်။တစ်ယောက်တည်း အထီးကျန်သလိုဖြစ်နေတာကို မြင်ရတော့ ဘာရယ်မသိရင်ထဲ မွန်းကျပ်လာမိတယ်။ခြံထဲကို ဝင်လာစဉ်က ဖျတ်ခနဲလှမ်းကြည့်သွားတဲ့ မျက်ဝန်းစူးစူးတွေက ဘာအဓိပ္ပါယ်ကိုဆောင်နေမှန်း စဉ်းစားလို့မရပေ။အားပေးခင်မင်ကြတဲ့ ပရိသတ်တွေကြားမှာပျော်နေတဲ့ မိမိကိုလှောင်ပြောင်ချင်တာလား၊ ကဲ့ရဲ့ရှုံ့ချချင်တာလားကိုသေချာမသိနိုင်။သူမရဲ့ အကြည့်တွေကြောင့် ဟန်နေထူးရင်ထဲမှာ အမျိုးမည်မသိတဲ့ ခံစားချက်တွေခံစားနေရတယ်။ "မိုးစက် ခဏလောက်...ကျွန်တော်နဲ့ စကားပြောရအောင် " "ဟုတ်ကဲ့ လာပြီနော်ကိုထူး " ဟန်နေထူးရဲ့ ခေါ်သံကြောင့် မေမိုးစက်က ဟန်နေထူးနောက်ကိုလိုက်ပါသွားခဲ့တယ်။ဟန်နေထူးနဲ့ မေမိုးစက်ကို လှမ်းကြည့်လိုက်ပြီး မြယွန်းမီမျက်နှာကိုလွှဲပစ်လိုက်မိတယ်။ဒီအချိန်မှာပဲ ပစ္စည်းတွေနေရာချနေတဲ့ဝန်ထမ်းတွေ အချင်းချင်းလှမ်းပြောလိုက်သံကို မြယွန်းမီကြားလိုက်ရတယ်။ "မမမိုးက ချောလဲချောသဘောလဲ ကောင်းတော့ လူချစ်လူခင်များတယ်နော် ...ကြည့်ရတာ ကိုတေဇ ရောကိုထူးပါမမမိုးကို စိတ်ဝင်စားနေကြပုံပဲနော် ...ကံကောင်းလိုက် တာနော် ..အားကျလိုက်တာအရမ်းပဲ " "ဟဲ့ ..နင်တို့တွေ ဘာတွေစကားများနေတာလဲ .. မြန်မြန်လုပ်ကြစမ်း ... နင်တို့အသံတွေချည်းပဲဆူနေတာ " " ဘာဖြစ်လဲ ..ငါ့တို့ပါးစပ်နဲ့ ငါတို့ ပြောတာ...ငါတို့ကအလုပ်လုပ်ရင်း ပြောတာပါနော် " ဝန်ထမ်းကောင်မလေးတွေနဲ့ကောင်လေးတွေရဲ့ အချင်းချင်းစနောက်နေသံတွေကို မြယွန်းမီ ကျောခိုင်းပစ်လိုက်ပြီး တခြားအခန်းဘက်ကို ကူးခဲ့လိုက်တယ်။ခပ်စောစောကတည်းက ဖြစ်ပေါ်နေတဲ့ ရင်ထဲကမကျေနပ်မှုက အလိုလိုနေရင်း ဒေါသတွေဖြစ်လာမိသလိုပင်။ ~~~~ "မိုးစက်က ရန်ကုန်ကမဟုတ်ဘူးလား ...အဆောင်မှာနေတယ်လို့ ကြားမိလို့ " " ဟုတ်တယ်လေကိုထူးရဲ့ ..မိုးစက်ကနယ်ကပါ ....ဘာဖြစ်လို့ မေးတာလဲဟင် ..." မေမိုးစက်က ဟန်နေထူးကို ပြန်မေးလိုက်မိတယ်။ "ဘာရယ်မဟုတ်ပါဘူးဗျာ....မိန်းမသားတန်မဲ့ တနယ်တကျေးမှာ အလုပ်လာလုပ်နေတာကို လေးစားလို့ပါ ....ဒါနဲ့ ဟိုလေ ..... မြယွန်းမီနဲ့ မေမိုးစက်တို့တွေ အဆင်မပြေကြဘူးလားဟင်...အလုပ်လာစလုပ်ကတည်းက စကားပြောတာလဲမတွေ့လို့ ... သူကသူ့ဘာသာတစ်ယောက်တည်း နေနေတာပဲတွေ့နေလို့ပါ .."

~~~~ " ဒီမှာ..မင်းအတွက်ဝယ်လာတာ " နံရံကပ်စာအုပ်စင်နေရာကို တိုင်းဖို့အတွက် ခုံပုလေးပေါ်တက်ပြီးအလုပ်လုပ်နေတဲ့ မြယွန်းမီနားကို ဟန်နေထူးသွားရပ်လိုက်ပြီးပြောလိုက်တယ်။ဟန်နေထူးရဲ့အသံကိုရုတ်တရက်ကြားလိုက်ရ တာမို့ မြယွန်းမီလန့်ဖျပ်သွားပြီးနောက်ကိုလှည့်ကြည့်လိုက်မိတော့ လူကဟန်ချက်ပျက်ပြီး ခုံပုလေးပေါ်ကပြုတ်ကျပါလေရော။ပြုတ်ကျကျချင်းမှာ မြယွန်မီးရဲ့လက်တွေက လေထဲလိုက်ဖမ်းဆွဲရင်းက သူ့နားရောက်လာတဲ့ဟန်နေထူးကိုဆွဲမိရက်သားဖြစ်သွားတယ်။ဟန်နေထူးကလဲ မြယွန်းမီလဲကျလာတာကို မြင်လိုက်လိုက်အမြန်လှမ်းဆွဲလိုက်ရာက နှစ်ယောက်သားလုံးထွေးပြီး လဲကျသွားတော့တယ်။ဒီတစ်ခါလဲ အပေါ်ကဖိထားသူမှာ မြယွန်းမီဖြစ်ပြီး အောက်ကပိနေသူမှာ ဟန်နေထူးပင်ဖြစ်တယ်။ ဝုန်းခနဲ့ သူ့ပေါ်လဲပြိုကျလာတဲ့ မြယွန်းမီကြောင့်ဟန်နေထူး ကြမ်းပေါ်မှာပက်လက်အနေအထားနဲ့လဲကျသွားခဲ့ရတယ်။ပြီးနောက်သူ့ရင်ဘတ်ပေါ်မျက်နှာအပ်ပြီးလဲကျလာတဲ့ မြယွန်းမီကြောင့် ဟန်နေထူးရင်တွေပင်ဒိန်းခနဲ့ဆောင့်ခုန်သွားရတယ်။ကော်ဖီဆိုင်ထဲမှာလဲကျတုန်းကတော့ လူကလဲများ တာမို့ထူပူပြီးရှက်နေခဲ့တာနဲ့ ဘာမှသိသေချာမသိခဲ့လိုက်ဘူး။ပြီးတော့ အဲ့ဒီတုန်းကလဲလက်သီးနဲ့ အထိုးခံလိုက်ရတာမို့ စိတ်လဲတိုသွားခဲ့မိတာ။ခုတော့ စူပုတ်ပုတ်အေးတိအေးစက်မျက်နှာလေးနဲ့ သူ့ကိုမော့ကြည့်နေတဲ့မျက်နှာလေးကိုကြည့်ပြီး ရင်ထဲမှာရှိန်းခနဲဖိန်းခနဲခံစားနေရတယ်။ မျက်လုံးပြူးပြူးလေးနဲ့ အခြယ် အသကင်းတဲ့မျက်နှာလေးကို အမှတ်တမဲ့ငေးကြည့်နေမိတယ်။မျက်ခုံးလေးတွေက မထူမပါးနဲ့ ခပ်ထင်းထင်းလေးဖြစ်နေတာရယ်၊နီထွေးထွေးနှုတ်ခမ်းပါးပါးလေးတွေကို စူးစိုက်ပြီးကြည့်နေလိုက်မိတယ်။သူ့ဘဝမှာ မိန်းမချောမိန်းမလှလေးတွေအများကြီးကိုတွေ့ခဲ့ဖူးပေမဲ့ အပြုံးအရယ်ကင်းမဲ့တဲ့ ဒီလိုအေးစက်စက်မျက်နှာမျိုးလေးကိုမကြုံခဲ့ဖူး။ ကိုယ့်ကို ပြန်မော့ကြည့်လာတဲ့ မျက်ဝန်းတွေကရှက်နေတာလား စိတ်ဆိုးနေတာလားကို မခွဲခြားနိုင်ဘဲ စူးရှတောက်ပတဲ့သူမရဲ့ အကြည့်တွေကို ဟန်နေထူးပြန်ပြီးငေးမောကြည့်နေမိတယ်။ မြယွန်းမီက ဟန်နေထူးရဲ့ ရင်ဘတ်ပေါ်မှာ မျက်နှာအပ်ပြီး လဲကျနေရာကနေ အတင်းလူးလဲထလိုက်ပြီး ဟန်နေထူးကို ရန်တွေ့ပစ်လိုက်တယ်။ "ရှင်က ဘာလို့အသံပြဲကြီးနဲ့ ပြောရတာလဲ " " ဟာ ... ကျွန်တော်မအော်ပါဘူးနော် ... မင်းအတွက်မုန့်ဝယ်လာတယ်လို့ပဲ ပြောတာပါ ...ဘာပြောမိလို့လဲ ...ဘာလဲ လက်သီးနဲ့ထိုးအုံးမလို့လား " သူ့ကိုယ်ပေါ်က မြယွန်းမီထသွားတာမို့ ဟန်နေထူးလဲထထိုင်လိုက်ရင်းက ပြန်ပြောလိုက်တယ်။ "ဘယ်သူ့ကို မုန့်စားမယ်လို့ ပြောလိုက်လို့လဲ ..မစားဘူး " ဂျစ်ကန်ကန်နဲ့ပြန်ပြောလိုက်တဲ့အသံကြောင့် ဟန်နေထူး စိတ်တိုသွားရပြီး "ဒီမှာရှိတဲ့လူတိုင်းအတွက် အသားညှပ်မုန့်တစ်ဘူးစီဝယ်လာတာကွ ...မင်းကိုဘယ်သူမှဆေးမခတ်ထားဘူး ... ပြီးတော့ဒီမှာဖျော်ရည်လဲပါတယ် ... မင်းကြိုက်တဲ့ပင်မှည့်ဖျော်ရည်လေ ..မစားလို့မရဘူး လာစား ... လူတစ်ယောက်ရဲ့ စေတနာကိုလျစ်လျူရှုလိုက်တာက... တစ်ဖက်လူရင်ထဲစိတ်မကောင်းဖြစ်ရတယ်ကွ သိရဲ့လား " "မုန့်မစားတာနဲ့ စိတ်မကောင်းဖြစ်စရာလား ...ရှင်က ကျွန်မကို ပိုက်ဆံပေးပြီး အလုပ်အပ်တယ်... ကျွန်မက ယူထားတဲ့ပိုက်ဆံနဲ့ ညီအောင် အလုပ်လုပ်ပေးရမယ် ..ဒါပဲ အပိုစကားတွေ လာမပြော ...ရှင်ဝယ်လာတွေလဲမစားဘူး " "ဘာကွ ...ရတယ်လေ မစားနဲ့ ပေါ့ ...." မြယွန်းမီရဲ့စကားကြောင့် ဟန်နေထူးရင်ထဲ အောင့်ခနဲ့ ဖြစ်သွားရပြီး မုန့်ထည့်ထားတဲ့အိတ်ကို ယူလိုက်ပြီးအမှိုက်ပုံးထဲကို ထည့်ပစ်လိုက်တယ်။ပြီးတော့ မြ ယွန်းမီကို ကျောခိုင်းပြီးထွက်ခဲ့လိုက်တယ်။ရင်ထဲမှာဘာကိုမှန်းမသိ ဒေါသဖြစ်သလိုဝမ်းနည်းသလိုခံစားချက်ကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး အံကိုကြိတ်လိုက်မိတယ်။ ~~~~~ မုန့်အိတ်ကို အမှိုက်ပုံးထဲပစ်ထည့်ပြီး ခြေသံပြင်းပြင်းနဲ့ ပြန်ထွက်သွားတဲ့ ဟန်နေထူးကိုမြယွန်းမီတစ်ခဏမျှ ငေးမောကြည့်နေမိပြီး အကြည့်ကိုပြန်လွှဲပစ်လိုက်တယ်။ တစ်စုံတစ်ယောက်က ကိုယ့်ပေါ် စိတ်ဆိုးသွားခြင်းအတွက် ထူးပြီးခံစားမနေချင်တော့ပါ။မတည်မြဲတဲ့ လူတွေရဲ့ စိတ်ခံစားချက်တွေကို လျစ်လျူရှုဥပေက္ခာပြုပြီးနေရတာကို မြယွန်းမီနေသားကျနေပါပြီလေ။ ~~~~~~ " ကိုထူးအခုတလော ပိုးအိအပေါ် စိမ်းကားနေသလိုပဲနော် ...ဘာဖြစ်လို့လဲဟင် ...ကြည့်ရတာဆိုင်သစ်မှာ ပြင်ဆင်ရင်းတွေ့နေတာလား ...အဲ့ဒီလိုလုပ်လို့ မရဘူးနော် ကိုထူး....ပိုးအိနဲ့ကိုထူးကို မိဘတွေသဘောတူထားကို ... ပိုးအိရဲ့ဖန်တွေအကုန်သိတယ်နော် " ဟန်နေထူး စိတ်ပျက်လက်ပျက်နဲ့ ပိုးအိကို ကြည့်လိုက်မိတယ်။ "ခေတ်ဟောင်းကားတွေ ရိုက်တာလဲတော်ပါတော့ဟာ ...ငါတို့တွေ အသက် (၂၅) နှစ်ဖြစ်နေပြီနော် ... မိဘကိုအကြောင်းပြပြီး ကလေးအထာတွေ လာလုပ်မနေပါနဲ့ဟာ ....အရင်အတိုင်းကလပ် သွားလိုက်ဘားသွားလိုက်နဲ့ ပျော်ပျော်နေစမ်းပါ...ငါ့ကိုလာမဖွနဲ့နော် ... ငါ့ ပြန်ဖွလိုက်ရင် မင်းဖန်တွေပါပျောက်သွားမယ် "

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္တု ) အပိုင်း (၁၀) *******^ "လာပါ ..လာပါ ...ထိုင်ပါအုံးသား နေ...ဟိုမိန်းခလေးကိစ္စက ဘယ်လိုများဖြစ်ရတာလဲဟင် ....သမီးပိုးအိပြောတာတော့ ... သားကိုအတင်းဝင်ဖက်တဲ့သူဆို ... အဲ့ဒါကဘယ်လိုဖြစ်ရတာလဲ " ခုံမှာထိုင်တဲ့အထိပင် မစောင့်နိုင်ဘဲထမေးလိုက်တဲ့မိခင်ကြောင့်ဟန်နေထူးသက်ပြင်းမောကိုချပြီးမိခင်ရှေ့မှာဝင်ထိုင်လိုက်မိတယ်။ "အမေ့ကို ဘာမဟုတ်တာတွေလာပြောသွားပြန်ပြီလဲ ... သူကဆိုင်သစ်ကိုပြင်ဆင်ပေးမဲ့ဒီဇိုင်းပညာရှင်ပါ ... ကျွန်တော့်အလုပ်ကို လာနှောင့်ယှက်တာမျိုးကို ကျွန်တော်မကြိုက်ဘူးနော် ... ပိုးအိကို အမေ့သူငယ်ချင်းရဲ့သမီးဆိုပြီး သည်းခံနေတာနော် ...." "ဘယ်လိုပြောလိုက်တာလဲသားရယ်...ပိုးအိလေးကသားကိုနှောင့်ယှက်တာမဟုတ်ပါဘူးကွယ် ...သူက သားကိုသိပ်ခင်တွယ်တာသိရဲ့သားနဲ့ ...သားကရော ဘာလို့အဲ့ဒီမိန်းခလေးနဲ့အလုပ်တွဲလုပ်ရတာလဲ ပြောပါအုံး " "အမှန်တိုင်းပြောရရင် သူများတွေ ညွှန်းလို့ ကုမ္ပဏီမှာအလုပ်သွားအပ်လိုက်တာ ...သူဖြစ်နေမှန်း နောက်မှသိရတာ အမေ....ကျွန်တော်တို့ပြဿနာက သူကကျွန်တော့်ပေါ်လဲကျလို့ကျွန်တော်ကလန့်ပြီးပြန်ဖက်လိုက်မိတယ် ...ဒီလောက်ပဲလေ ဘာပြဿနာဖြစ်လို့လဲ ... ကျွန်တော် အလုပ်လုပ်နေချိန်မှာ ဘယ်သူမှ လာ၀င်ရှုပ်တာမျိုးကို မကြိုက်ဘူး ...နောက်ကို ပိုးအိကိုပြောထားလိုက်ပါ " ဟန်နေထူး မိခင်ကို အကျိုးအကြောင်းရှင်းပြပြီးတစ်ခါတည်းအပြတ်ပြောထားလိုက်တယ်။ပိုးအိနဲ့ပတ်သက်ပြီး စိတ်ထဲမှာ ဘာခံစားချက်မှမရှိတာကအမှန်။မိခင်ဖြစ်သူကတော့သူငယ်ချင်းရဲ့သမီးမို့ချစ်ခင်နေပေမဲ့ ဒီကိစ္စကကိုယ်နဲ့မှမဆိုင်တာ။မွေးသမိခင်ကျေးဇူးရှင်မို့ မိခင်ကချစ်ခင်နေတဲ့သူဆိုရင်လိုက်ချစ်၊ မိခင်ကမုန်းတဲ့သူဆိုရင်လိုက်မုန်းရအောင် သဘာဝမှမကျတာ။ဒါကို မိခင်ကသူ့သူငယ်ချင်းရဲ့သမီး ဆိုပြီး ပိုးအိနဲ့သူ့ကို ဇွတ်ကြီးဖြစ်စေချင်နေတာ။ "သားတို့အလုပ်က ဘယ်လောက် ကြာမှာလဲ " " နှစ်လပါအမေ ... စာချုပ်ထဲမှာ အဲဒီလိုပဲ ချုပ်ထားတယ် " " မင်းတို့ဟာကလဲ ..ဆိုင်ထဲ အခင်းအကျင်းပြင်ဆင်တာနှစ်လကြာစရာလား ... " ဒေါ်ထူးထူးမော်က မကျေမနပ်နဲ့သားဖြစ်သူကို မေးလိုက်တယ်။ မိခင်ရဲ့ကပ်သီးကပ်သတ်အမေးကြောင့် ဟန်နေထူးမှာ ခေါင်းပေါ်က ဆံပင်တွေကိုဆွဲဖွပစ်လိုက်ပြီး "အမေကလဲ ... ကျွန်တော်က ခုံဒီဇိုင်းတွေကအစ ကျွန်တော့်စိတ်ကြိုက်မှာတာလေ ကြာတာပေါ့...ဆိုင်သစ်ကို လက်ရှိဆိုင်ထက် ပိုပြီးသားနားအောင်လုပ်မှာ ...." "အင်းပါတော် ... ပြီးတာပဲ .. တစ်ခုခုဆိုရင် ဒီမအေကိုတော့ဖွင့်ပြောပြနော် ... အိမ်ထောင်ရေးဆိုတာ လွယ်လွယ်ဆုံးဖြတ်လို့ရတာမဟုတ်ဘူး " ရည်းစားတောင်မရှိသေးတဲ့သူကို အိမ်ထောင်ရေးအကြောင်း တွေလာပြောနေတဲ့မိခင်ရဲ့ အနားကနေ ဟန်နေထူးအသာလစ်ထွက်ခဲ့လိုက်တယ်။ ~~~~ "တကယ်ဆို .ကိုဟန်နေထူးက မင်းသားပါလုပ်ရမှာ ..အားပေးတဲ့သူတွေဒီလောက်များတာကို " မေမိုးစက်က အလုပ်လုပ်ရင်းကနေ ဟန်နေထူးကိုစနောက်လိုက်တယ်။အလုပ်စလုပ်ပြီး တစ်ပတ်အတွင်းမှာပဲမေမိုးစက်နဲ့အလုပ်အကူအဖွဲ့က လူငယ်တွေပီပီဟန်နေထူးနဲ့ရင်းနှီးသွားကြပေမဲ့ မြယွန်းမီတစ်ယောက်သာ အလုပ်လုပ်နေချိန်ရောနားနေချိန်ပါ ၀စီပိတ်ကျင့်နေသလားထင်ရအောင် နှုတ်ပိတ်နေတတ်တယ်။ "မိုးစက်ရယ် ....ကျွန်တော့်ကိုခေါ်ရင် ကိုထူးလို့ခေါ်လို့ရပါတယ်ဗျာ ...ကိုဟန်နေထူးလို့ခေါ်ရတာ မောပါတယ် ... ကျွန်တော်အပြင် သွားအုံးမယ် ... မိုးစက်တို့ဘာစားကြမလဲဟင် ... ဟိုတစ်ယောက် ရော ဘာစားမလဲလို့ မေးပေးပါအုံး " ဟန်နေထူးက မေမိုးစက်ကို မေးလိုက်ရင်း မြယွန်းမီကိုပါမေးခိုင်းလိုက်တယ်။ မေမိုးစက်မှာမြ ယွန်းမီနားကို အပြေးသွားလိုက်ပြီး မေးလိုက်တယ်။ "ဘားမုန့်စားမလဲတဲ့ ယွန်း ...ကို ဟန်နေထူးက မေးခိုင်းလိုက်လို့ " "မစားဘူးလို့ ပြောလိုက်ပါ ... အိမ်က ထမင်းချိုင့်ထည့်လာတယ် " မြယွန်းမီရဲ့ ဘုဆတ်ဆတ်အဖြေကြောင့် မေမိုးစက်ဇက်ကလေးပုပြီး ဟန်နေထူးကို ခေါင်းခါပြလိုက်တယ်။ ~~~~~~ ဟန်နေထူးပြန်ရောက်လာတော့သူနဲ့အတူတေဇလဲပါလာခဲ့တယ်။ဟန်နေထူက မုန့်ထုတ်တွေကိုမေမိုးစက်ကိုပေးလိုက်ပြီး ပြန်ထွက်သွားချိန်မှာ တေဇတစ်ယောက် မေမိုးစက်အနားမယောင် မလည်နဲ့ကျန်ခဲ့တယ်။ "မိုးစက်ကတော်လိုက်တာဗျာ ... ပရိဘောဂဒီဇိုင်းတွေကို ကိုယ်တိုင် ဒီဇိုင်းဆွဲတာဆို " တေဇက စကားမရှိစကားရှာပြီး ပြောလိုက်တော့မေမိုးစက်ရယ်လိုက်ပြီး "ကျောင်းမှာဒါတွေပဲသင်ခဲ့ရတာကို အဆိုတော်ကြီးရဲ့ ...ကိုတေဇတို့လို မွေးရာပါအရည်အချင်းမဟုတ်ပါဘူးရှင် " "ဟုတ်ပါပြီဗျာ...ဒါနဲ့ မနေ့ညက ဖေ့ဘုတ်မှာ ကျွန်တော်စကားလာပြောတာကို ကျွန်တော့်ကိုစာလဲမပြန်ဘူးနော် " "ဟယ်တော့ ... အဲ့ဒါက မိုးစက်အိပ်ပျော်သွားလို့ပါ ..." "အိပ်ပုတ်မလေးပေါ့လေ ... မိုးစက်ဆီကိုကျွန်တော်ဖုန်းဆက်လို့ရောရလားဟင် " အနားကပ်ပြီး ခပ်တိုးတိုးမေးလိုက်တဲ့ တေဇရဲ့အမေးကြောင့် မေမိုးစက်ကိုယ်လေးဆတ်ခနဲတုန်သွားရတယ်။မေမိုးစက်ရင်တုန်တုန်နဲ့ တေဇကိုမော့ကြည့်လိုက်မိတော့ သူ့မကို ပြုံးပြီးကြည့်နေတဲ့အကြည့်တွေနဲ့ ရင်ဆိုင်လိုက်ရတာမို့ ရှက်ပြီးခေါင်းကိုငုံ့ချလိုက်မိတယ်။

"အို မသိဘူးလေ ... သူကကော်ဖီဆိုင်ထဲမှာ ကိုထူးကိုအတင်းဝင်ဖက်ခဲ့တဲ့ တစ်ယောက်မဟုတ်လား...ကြည့်ရတာတမင် ဇာတ်လမ်းစခဲ့ပုံပဲ ... ပြောသွားတာတော့ စကားကြီးစကားကျယ်နဲ့..." ပြောလေကဲလေ အခြေအနေမို့ ဟန်နေထူးစိတ်ပိုတိုလာပြီး ပိုးအိ လက်ကို ဆောင့်ဆွဲကာလူရှင်းတဲ့နေရာကို ခေါ်လာလိုက်တယ်။ " ဒီမှာပိုးအိ... မင်းနဲ့ငါဘာမှမဆိုင်ဘူးနော်...ငါတို့ဘာသာဘာပဲဖြစ်ဖြစ် မင်းနဲ့မဆိုင်ဘူး...မင်းပြန်တော့ " ဟန်းနေထူးဆီက နှင်တဲ့ စကားကို ကြားလိုက်ရတဲ့အခါပိုး အိတစ်ယောက်စိတ်တိုသွားပြီး အံကိုကြိတ်ကာ ချာခနဲလှည့်ထွက်သွားခဲ့တယ်။ ~~~~ "ဘယ်လိုဖြစ်ရတာလဲ ယွန်းရယ် ...မိုးစက်က စက်ရုံကိုသွားလိုက်လို့နောက်ကျသွားတာ " " အလကားပါ ...အလုပ်ကိုမလေးစားတဲ့သူ...အလုပ်ကို ကစားကွင်းမှတ်နေတာလား ..ကလပ်မှတ်နေတာလားမသိဘူး မိန်းမတွေတရုံးရုံးနဲ့ " မပြောစဖူး မကျေမချမ်း ပြောနေတဲ့မြယွန်းမီကို မေမိုးစက်မျက်လုံးအပြူးသားနဲ့ ကြည့်နေမိတယ်။မြယွန်းမီဆိုတဲ့သူမ လူတစ်ယောက်ကိုအဖက်လုပ်ပြီးမကျေမချမ်းပြောနေတာကို ပထမဆုံးအကြိမ်အဖြစ် မေမိုးစက်မြင်ဖူးတာလေ။ ~~~~~~ ဧည့်ခန်းထဲဝင်ဝင်ချင်းမှာပဲ တင်းမာခက်ထန်တဲ့မျက်နှာနဲ့ ထိုင်နေတဲ့ မိခင်ကိုတွေ့လိုက်ရတာမို့ လူကအိမ်မရောက်သေးဘူး ပြဿနာက စောင့်နေပြီဆိုတာကို ဟန်နေထူးသိလိုက်တယ်။ @@@@@@@@@@@@@@@@@@@@@@@@@@@@@ အပိုင်း (၁၀) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

စကားကိုအနိုင်နဲ့ပိုင်းပြောပြီး မြယွန်းမီထွက်လာခဲ့လိုက်တယ်။နှစ်ကာလတွေကြာခဲ့ပေမဲ့ မိခင်ရဲ့ အလေးသာမှုက သူမဘက်မှာမဟုတ်သေးတာကို သိလိုက်ရတော့ ရင်မှာလှစ်ဟာနေမိတာတော့ အမှန်ပင်။ ~~~~~ ပုံကြမ်းပြပြီး ဆွေးနွေးတိုင်ပင်ဖို့အတွက် မြယွန်းမီခြံရှေ့ကိုရောက်လာခဲ့ချိန်မှာ ခြံထဲကမြင်ကွင်းကြောင့်စိတ်ကတင်းခနဲ ဖြစ်သွားမိတယ်။ဟန်နေထူးဆိုတဲ့ လူက အလုပ်လုပ်ဖို့လာတာလား၊ အပျော်လာတာလားမသဲကွဲချင်တော့။ခြံထဲမှာအုပ်စုလိုက် ပျော်မြူးနေလိုက်ကြတာ။ယောကျာ်းကြီးတန်မဲ့အိုက်တင် အမျိုးမျိုးပေးနေတဲ့ သူ့ကိုကြည့်ရင်းနဲ့ စိတ်ထဲကအမြင်ကပ်လာတာမို့ ဖုန်းကောက်ဆက်လိုက်တယ်။ "တူ...တူ..တူ " "ဟယ်လို " "ဒီမှာကိုဟန်နေထူး...ဒီနေ့အလုပ်ကိစ္စမပြောဖြစ်ဘူးဆိုရင်လဲ ကျွန်မပြန်တော့မယ် '' "ဗျာ .. ပြောမှာလေ .. ကျွန်တော်ကရောက်နေပြီဗျ ... ခင်ဗျားက ဘယ်မှာလဲ " "ကျွန်မက ခြံဝမှာလေ ....ရှင်တို့ ပျော်ပွဲစားထွက်လာတာမဟုတ်ဘူးလား " "ဟာ..မဟုတ်ပါဘူး ... သူငယ်ချင်းတွေက တွေ့ချင်တယ်ဆို့လို့ ဒီမှာချိန်းလိုက်တာပါ ..... ဝင်ခဲ့လေ...သူတို့ကခြံထဲမှာနေမှာပဲဟာ ..အနှောက်အယှက်ဖြစ်စရာ အကြောင်းမှမရှိတာ " ဖုန်းချလိုက်ပြီးတာနဲ့ ဟန်နေထူး သူငယ်ချင်းတွေဘက်ကို လှည့်ပြောလိုက်တယ်။ "ဘော်ဒါတွေ ပျော်တာလဲပျော်ကြ...ဟိုမှာ ဒီဇိုင်နာလာနေပြီမို့ အလုပ်စကားပြောလိုက်အုံးမယ် " ဟန်နေထူးပြောလို့အပြီးမှာ အားလုံးက ဟေးခနဲထအော်လိုက်ကြပြီး ခြံတံခါးကိုဖွင့်ပြီး၀င်လာတဲ့ မြယွန်းမီကို လှမ်းကြည့်လိုက်ကြတယ်။မြယွန်းမီနဲ့ပတ်သက်ပြီးအခြေအနေအကြောင်းစုံကို ဟန်နေထူးကပြောပြထားတာမို့ သူတို့အုပ်စုတွေ မျက်နှာပိုးတော့သိပ်မသေကြ။ မြယွန်းမီလဲသူမကို ကြည့်နေတဲ့အုပ်စုတွေကို တစ်ချက်မှမကြည့်ဘဲ တိုက်ထဲကိုပဲ၀င်သွားလိုက်တယ်။ ~~~~~~ "ရှင်လဲ သဘောကျတယ်ဆိုရင် .... ဘယ်နေ့အလုပ်စမလဲ...အလုပ်စမဲ့ရက်ကို သူဌေးနဲ့ပဲ ပြောပါ ... ဒီမှာ... ရှင်အလုပ်ကို စိတ်မဝင်စားဘူးလား .... စိတ်မဝင်စားရင်လဲ မပြောတော့ဘူး ...ကျွန်မပြန်တော့မယ် " စကားပြောနေရင်းကနေ မျက်လုံးအကြည့်တွေက ခြံထဲကိုရောက်နေတဲ့ ဟန်နေထူးကိုကြည့်ပြီး မြယွန်းမီအော်လိုက်မိတယ်။ ရုတ်တရက်ကြီး အအော်ခံလိုက်ရတာမို့ ဟန်နေထူးစိတ်တိုသွားပေမဲ့မြယွန်းမီကို လက်ကာပြလိုက်ပြီး "ဆောရီး ခဏလေးကွာ....ပွဲဖျက်မဲ့ရောက်လာလို့ သွားရှင်းလိုက်အုံးမယ် " ပြောပြီးတာနဲ့ ဟန်နေထူး ခြံထဲကို ဆင်းခဲ့လိုက်တယ်။ ~~~~~~~ "ပိုးအိ ဘယ်လိုရောက်လာတာလဲ " "ဘယ်လိုရောက်လာရမှာလဲ ကိုထူးရယ် ...ကားနဲ့လာတာတာပေါ့ ...ကိုထူးက ဆိုင်သစ်ဖွင့်မှာကိုတောင် ပိုးအိကိုမပြောဘူးနော် ...တော်တော်နေနိုင်တာပဲ.." "ဆိုင်က ဖွင့်မှမဖွင့်သေးတာ...အခုမှ ဆိုင်တွင်းပြင်ဆင်မှုစလုပ်ဖို့ စီစဉ်နေတာလေ " ပိုးအိရဲ့ ခပ်ရွဲ့ရွဲ့အပြောကို ဟန်နေထူးလဲ အသံမာမာနဲ့ ပြန်ပြောလိုက်တယ်။ ဒီအချိန်မှာပဲ မြယွန်းမီက စိတ်တိုပြီးတိုက်တွင်း က ထွက်လာခဲ့လိုက်တယ်။တိုက်ထဲက ထွက်လာတဲ့မြယွန်းမီကိုကြည့်ပြီး ပိုးအိမျက်လုံးတွေ ပြူးကျယ်သွားရပြီး နှုတ်ကလဲ ထစ်ထစ်ငေါ့ငေါ့စကားသံတွေ ထွက်လာခဲ့တယ်။ " သူ ..သူကဟိုတစ်ယောက်မဟုတ်လား ...ဒီ...ဒီကိုဘာလာလုပ်တာလဲ " ပိုးအိကမေးလဲမေးရင်း မြ ယွန်းမီရှေ့ကို ပြေးကာပိတ်ရပ်လိုက်ပြီး ဒေါသတကြီးနဲ့ မေးလိုက်တယ်။ " ဟဲ့ ..နင်က ဘာလဲ ....ဒီအထိ ဘာလာလုပ်တာလဲ ...ဘာလဲ ကို ထူးပေါ်တမင်လှဲချပြီး နင်ဇာတ်လမ်းရှာတာလား...ပြောလေ ....ပြော " မျက်လုံးပြူးမျက်ဆန်ပြူးနဲ့မေးနေတာကို မဖြေချင်တာမို့ မြယွန်းမီကွေ့ပတ်ရှောင်ထွက်ဖို့ ကြိုးစားလိုက်ပေမဲ့ ရှေ့တည့်တည့်က လိုက်ပိတ်နေတာကြောင့် စိတ်တိုလာတာကာတွန်းဖယ်ပစ်လိုက်ပြီး "ဒီမှာ ဘာဖြစ်နေတာလဲ ...ရူးနေ တာလား စိတ်လဲထိန်းအုံး ...ငါက အလုပ်လုပ်ဖို့လာတာ....နင့်ကောင်ကိုလဲစိတ်မဝင်စားဘူး ..." ပိုးအိရဲ့ခန္ဓာကိုယ်ကို ခပ်ကြမ်းကြမ်းတွန်းဖယ်ပစ်လိုက်ပြီး အေးတိအေးစက်အသံကြီးနဲ့ အော်လိုက်တဲ့ မြယွန်းမီရဲ့အသံကြောင့် ဟန်နေထူးအပါအဝင် အားလုံး ငြိမ်ကျသွားကြတယ်။ မြယွန်းမီက မကျေနပ်သေးဘဲ ဟန်နေထူး ဘက်ကိုလှည့်ကြည့်လိုက်ပြီး "ဒီမှာ ဦးဟန်နေထူး ... အလုပ်လုပ်မယ်ဆိုရင်တိတိကျကျလုပ်ပါ ...ကလေးကစားသလိုလာမလုပ်နဲ့ ... ရှေ့ဆက်ဒီလိုပုံစံမျိုးပဲ ဆက်လုပ်နေမယ်ဆိုင် ..တခြားတစ်ယောက်နဲ့ လက်တွဲလိုက်ပါ ..... ကျွန်မအဲ့လောက်အချိန်မပေါဘူး " အေးစက်စက်ပုံစံနဲ့ ပြောပြီး ထွက်သွားတဲ့ မြယွန်းမီကိုကြည့်ပြီး ဟန်နေထူးဘယ်သူ့ကို ဒေါသထွက်လို့ ထွက်ရမှန်းမသိဖြစ်သွားရတယ်။ဟန်နေထူးလို့ ပြောလိုက်တာနဲ့ မိန်းမလှလေးတွေဝိုင်းနေတဲ့သူလိုလူကိုများပြောသွားပုံက သူငယ်ချင်းတွေကြား အရှက်ခွဲသွားသလိုပင်။ မခံချင်စိတ်နဲ့ ဒေါသစိတ်က ဘယ်သူ့ကိုပေါက်ကွဲရမှန်းမသိဖြစ်နေချိန်မှာ မျက်စိရှေ့မှာရပ်နေတဲ့ပိုးအိဆီပဲရောက်သွားရတော့တယ်။ "မင်းဘာလာရှုပ်တာလဲ ပိုးအိ...သူက ငါ့ဆိုင်ကိုပြင်ဆင်ပေးမဲ့ ဒီဇိုင်နာကွ "