803
订阅者
+424 小时
+167 天
+4630 天
帖子存档
"တိတ်စမ်း ကေသီတင်...ငါတစ်ယောက်လုံးရှိနေတာကို ညည်းကဘာမှဝင်ပြောစရာမလိုဘူး "
ကျွန်မစကားကို အဓိပ္ပါယ်ကောက်လွဲပြီး စိတ်ဆိုးမာန်ဆိုးဖြင်ဝင်ပြောသော ကေသီတင်အား ဒေါ်မာလာတင်က အသံခပ်မာမာဖြင့် ပိတ်ပင်လိုက်သည်မို့ ခပ်စောစောက ကေသီတင်ဒေါသကြောင့် အနေရအထိုင်ရကြပ်နေသော ကျွန်မမှာ ယခုမှပင်အသက်ဝဝရှုနိုင်လေတော့သည်။
"ဆရာမလေး ပြောတာမှန်ပါတယ်၊ဆေးရုံမှာဆို အစ်ကိုကြီးအခြေအနေကပိုတိုးတက်လာနိုင်တာပေါ့ ဒါပေမဲ့ အစ်ကိုကြီးကဆေးရုံတက်ရမှာကို သေမလောက်ကြောက်နေတော့ ကျွန်မတို့လည်းမတတ်နိုင်ဘူးလေ ၊ဒါကြောင့်မို့လည်း အစ်ကိုကြီးစိတ်တိုင်းကျအိမ်မှာပဲ အကောင်းဆုံးကုသပေးနေရတာလေ ၊ဒါကြောင့်မို့ နောက်ဆို ဆရာမလည်း အစ်ကိုကြီးမကြိုက်တာကိုမပြောပါနဲ့ မလုပ်ပါနဲ့ကွယ် "
လေသံအေးအေးနှင့်ပြောလာသော ဒေါ်မာလာတင်ကြောင့် ကျွန်မမှာ ရှေ့ဆက်၍ ပြောဖို့ကိုမနည်းအားယူလိုက်ရပြီး မဝံ့မရဲဖြင့်ပင် ပြောလိုက်ရလေတော့သည်။
" ဒီ...ဒီလိုဆိုရင်ဖြင့်လည်း....အိမ်မှာနေရင်း လေ့ကျင့်ခန်းလေးဘာလေးလုပ်ဖို့ ပစ္စည်းအချို့နဲ့ သူဌေးကြီး ပြင်ပလေလေးဘာလေးထွက်ရှုလို့ရအောင် ဝှီးချဲအသစ်လေးတစ်စီးလောက်ပဲဝယ်ပေးပါရှင် ရှိတဲ့အဟောင်းကလည်းသုံးလို့မဖြစ်တော့လို့ပါ "
ကျွန်မစကားအအဆုံးမှာ ကေသီတင်တစ်ယောက် ဒေါသတကြီးနှင့်မတ်တပ်ထရပ်လိုက်ပြီး ကျွန်မကိုစားတော့ဝါးတော့မလိုစိုက်ကြည့်၍
" ဘယ်နှယ့် ဆရာမရယ် ရှင်အထွန့်တက်လှပါလားဟင် ၊ဘာမှမလှုပ်နိုင်တဲ့လူကြီးက ဘာလေ့ကျင့်ခန်းကိုလုပ်မှာလဲ ခေါင်းတောင်မထူနိုင်တဲ့သူအတွက် ဝှိီးချဲအသစ်ကဘာလို့ထပ်ဝယ်ရမှာလဲ ပြောပါဦး " ကေသီတင်၏ စကားအဆုံး၌ သီဟထွန်းရှိန်သည် ဝုန်းခနဲထရပ်လိုက်သည်။
"ဒီမှာ...မမကေသီ ...ခင်ဗျားပါစပ်ပိတ်ထားရင်ကောင်းမယ်နော် ၊ဆရာမတောင်းဆိုတာကို ကျွန်တော်လက်ခံတယ် ၊ဒါက ဒယ်ဒီကောင်းဖို့အတွက်ပဲလေ ...ဘာလဲ မမကမမရဲ့အဖေအရင်းမဟုတ်လို့ ဒီလိုပြောတာလား "
သီဟထွန်းရှိန်၏ စကားကြောင့် မိသားစုအားလုံးသီဟထွန်းရှိန်အား အလန့်တကြားလှမ်းကြည့်လိုက်ကြလေသည့်။
" သားငယ် တိတ်စမ်း ၊မင်းကိုယ်အစ်မကိုဘယ်လိုများပြောလိုက်တာလဲ " ဒေါ်မာလာတင်၏ ခပ်မာမာအသံကြောင့် သီဟထွန်းရှိန်သည် "တက်"တစ်ချက်ကိုခပ်ပြင်းပြင်းခေါက်၍ အခန်းထဲမှ ထွက်သွားလေသည်။
" ကဲပါ...ဒီလိုလုပ် ၊ဆရာမလိုအပ်တာတွေကို ကိုသက်အောင်ကိုပြောလိုက် ၊ကိုသက်အောင်ကလည်းဆရာမလိုအပ်တာတွေကိုဝယ်ပေးလိုက်ပါ ...ပြီးတော့ တစ်လက်စတည်းအိမ်သားအားလုံးကိုအသိပေးလိုက်မယ်... ရွှေမိကစာမလာသတင်းမကြားနဲ့သူ့ရပ်ရွာမှာအိမ်ထောင်ပြုလိုက်တာဖြစ်နိုင်တယ် ...ဒါကြောင့်မို့နောက်အပတ်မှာ မိလုံးကိုကူဖို့လူသစ်ရောက်လိမ့်မယ် "
***
" ဘုတ်...ဘုတ်...ဘုတ် "
တိတ်ဆိတ်နေသော ညဥ်သန်းခေါင်၌ အိပ်မက်လိုလို ၊တကယ်လိုလိုနှင့်အခန်းတံခါးအား တဘုတ်ဘုတ်ထုနေသံကိုကြားနေရသည်။အိပ်မက်လေလားဟုတွေးနေစဥ်မှာပင် အသံကထက်မံထွက်ပေါ်လာသည်မို့ အိပ်ရာထဲမှလူးလဲထလိုက်ပြီး အိပ်ခန်းတံခါးဝဆီသို့ လျှောက်သွားပြီးတံခါးကိုဆွဲဖွင့်လိုက်သည်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ခေါင်းထက်မှ ဆံပင်မွှေးများပင် ထောင်ထသွားသည်ဟု ခံစားလိုက်ရပြီး တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းတွေထလာကာ ရင်ဘတ်ထဲမှ တဒိန်းဒိန်းဆောင့်ခုန်လာလေသည်။
" ဘယ်...ဘယ်သူလဲ.... "
အထစ်ထစ်အငေါ့ငေါ့နှင့်ထွက်သွားမိသော ကျွန်မ၏မေးသံအဆုံး၌ ဆံပင်ဖို့ရို့ဖားလျားနှင့်အခန်းဝအား ကျောခိုင်းရပ်နေသော အမျိုးသမီးသည် ကျွန်မဘက်သိုဖြည်းလေးစွာလှည့်လာသည်မို့ ကျွန်မ ကြောက်လန့်တကြားနှင့်
ယောင်ယမ်းပြီး မျက်လုံးကိုမှိတ်ချလိုက်မိလေသည်။
အပိုင်း ( ၃ ) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
"ဆရာ...ဘာလိုချင်လို့လဲရှင် ၊ဆရာလိုအပ်တာကို ကျွန်မကူညီပေးပါ့မယ် ...ဘာမှစိတ်ဓါတ်မကျပါနဲ့နော််...မကြာခင်ပြန်ကောင်းလာမှာပါ "
လေဖြတ်ထား၍ ရွဲ့နေသောနှုတ်ခမ်းအစုံအား အားပြု၍ ဗလုံးဗထွေးနှင့်ပြောနေသော သူဌေးကြီးဦးထွန်းရှိန်ကိုကြည့်၍ ကျွန်မမှာ စိတ်မကောင်းဖြစ်သွားရပြီး သူဌေးကြီး၏လက်အစုံအား ထွေးဆုပ်၍အားပေးနှစ်သိမ့်လိုက်သည်။သူဌေးကြီးသည် ကျွန်မ၏နှစ်သိမ့်အားပေးစကားကိုကြားပြီးနောက် ပါးပြင်ပေါ်သို့မျက်ရည်များစီးကျလာပြီ နှုတ်မှလည်း တစ်စုံတစ်ခုကိုကြိုးစား၍ရေရွတ်ပြောဆိုနေလေသည်။
" သံ...သံ..နီး....နီး ...ရင်....ထီ "
"ဆရာမ....အောက်ထပ်မှာ မနက်အဆာပြေစာသွားစားလိုက်ပါဦး...အဖေ့ကိုကျွန်တော်ကြည့်ထားပါ့မယ် " သူဌေးကြီး၏ကြိုးစားပန်းစားပြောနေသောစကားကိုဂရုတစိုက်ဖြင့်နားထောင်နေစဥ်မှာပင် အခန်းဝမှ အသံနှင့်အတူဝင်လာသော သီဟထွန်းရှိန်ကြောင့် သူဌေးကြီး၏ကြိုးစားပန်းစားပြောနေသော အသံမှာရပ်တန့်သွားလေသည်။ကျွန်မလည်း သီဟထွန်းရှိန်ကို တွေ့သောအခါ ညကအဖြစ်ကိုသတိရလိုက်မိပြီး ရှက်ရွံစိတ်ဖြင့် ခေါင်းကိုတတ်နိုင်သလောက်ငုံ့ထားပြီး သီဟထွန်းရှိန်၏ ဘေးမှအသာထွက်ခဲ့သည်။
*****
"ဟုတ်လို့လား...ဆရာမလေးရယ်...အစ်ကိုလေးပြောသလိုဆရာမလေးအိပ်မက်မက်လို့ ယောင်ပြီးထသွားတာများလား "
"မဟုတ်တာ...မိလုံးရယ် ၊တကယ်ပါဆို မရွှေမိမှမရွှေမိအစစ်ပါ...ကျွန်မသေသေချာချာကြီးကိုမြင်လိုက်တာပါ "
"ဆရာမမြင်တာအမှန်ဆို မရွှေမိကဘယ်ရောက်သွားတာလဲ သူ့အခန်းထဲမှာလည်းရှင်းလို့ပြန်လာတဲ့အရိပ်အယောင်လည်းမတွေ့ပါဘူး "
"ဟဲ့...မိလုံး မနက်စောစောစီးစီးဘာတွေပြောနေတာလဲ "
ကျွန်မနှင့်မိလုံးတို့ မရွှေမိအကြောင်းကို ပြောနေစဥ်မှာပင် ကေသီတင်တစ်ယောက်ထမင်းစားခန်းထဲသို့ ဝင်လာပြီးမိလုံးကိုလှမ်းမေးလိုက်လေသည်။
" ဟို...ဟို မရွှေမိအကြောင်းပြောနေတာပါ မမလေး...ညကညဥ့်နက်ကြီးမှ မရွှေမိပြန်လာတာမြင်တယ်လို့ဆရာမလေးကပြောလို့ပါ "
မိလုံး၏စကားဆုံးသောအခါ ကေသီတင်သည် ကျွန်မကိုစူးရဲအေးစက်သော မျက်လုံးများဖြင့်ကြည့်လာပြီး
"ဘာ...ရွှေမိပြန်လာတယ် ဟုတ်လား ၊ဆရာမမြင်တာသေချာလို့လား" အော်ဟစ်မေးလိုက်သော ကေသီတင်၏မာမာထန်ထန်အသံကြောင့် ကျွန်မမှာယောင်ယမ်း၍ခေါင်းငြိမ့်ပြလိုက်မိလေသည်။
" ဘယ်က ရွှေမိကပြန်လာတာလဲ...ထင်ရာမြင်ရာတွေမပြောနဲ့နော် ...ဒီအိမ်မှာ ဆရာမအလုပ်က. ဒယ်ဒီ့ကိုစောင့်ရှောက်ရမယ့်အလုပ်... ကျန်တဲ့အိမ်တွင်းရေးတွေကဆရာမနဲ့မဆိုင်လို့ဝင်မပါ ပါနဲ "
ကေသီတင်က မောက်မောက်မာမာပြောဆိုပြီးဆောင့်ဆောင့်အောင့်အောင့်နှင့် ပြန်ထွက်သွားလေသည်။ကေသီတင် ထွက်သွားသည်နှင့်မိလုံးက ကျွန်မအနားပြေးလာပြီး
"စိတ်မဆိုးနဲ့နော် ဆရာမလေး... မကေသီတင်ကစကားပြောရင်ဒီလိုပဲတအားမောက်မာတာ ...အဲ့ဒါကြောင့်ဘယ်သူနဲ့မှမတည့်တာပေါ့ ၊အစ်ကိုလေးသီဟထွန်းရှိန်ဆိုရင်လည်း မမလေးရတီချိုကိုချစ်သလောက် မမလေးကေသီတင်နဲ့တော့မတည့်ဘူးလေ "
"စိတ်မဆိုးပါဘူး မိလုံးရယ်... မကေသီတင်ပြောသလိုပဲ...ကျွန်မအလုပ်ကလူနာပြုစုရုံပဲလေ ကျနိတာတွေ ကျွန်မနဲ့မဆိုင်ပါဘူးလေ "
****
ယနေ့တနင်္ဂနွေနေ့ဆိုတော့ စိန်ပန်းမြိုင်အိမ်ကြီးမှာ လူစုံတက်စုံရှိနေလေသည်။
သူဌေးကတော် ဒေါ်မာလာတင်လည်း မြို့ထဲသွား၍ စျေးဝယ်မထွက်သလို၊အသိမိတ်ဆွေများဆီသို့အလည်ပတ်မသွားဘဲရှိလေသည်။သားမက်ဖြစ်သူကျော်စွာဦးမှာလည်းပွဲရုံသို့ မသွားဘဲအိမ်၌ရှိလေ၏။ထို့အတူ မြို့ထဲ၌ အထည်ဆိုင်ဖွင့်ထားပြီးသွားတစ်ရက်မသွားတစ်ရက်နှင့် သူနေချင်သလိုသာနေတတ်သော ကေသီတင်နှင့် သားအငယ်ဆုံးသီဟထွန်းရှိလည်းအိမ်၌ပင်ရှိလေသည်။ထို့ပြင် စိန်ပန်းမြိုင်အိမ်ကြီး၏ ယုံကြည်အားကိုးရသော သူဌေးကြီး၏လူယုံတော်ဖြစ်သူ ဦးသက်အောင်ပါ ရှိနေလေသည်။
" အိမ်သားတွေကိုစုခိုင်းပြီး ဆရာမလေးက ဘာများပြောချင်တာတုန်း ပြောပါဦး "
ဒေါ်မာလာတင်၏ အသံသည် ဒေါသသံမပါသော်လည်း အေးစက်မာထန်နေသည်ဟု ကျွန်မစိတ်ထဲထင်မိလေသည်။ ကျန်သူများကတော့ မျက်နှာထားခပ်တင်းတင်းများဖြင့်ထိုင်၍နေကြသည်။အထူးသဖြင့် သီဟထွန်းရှိန်၏မျက်နှာသည် ပို၍သုန်မှုန်နေသည်ဟု ကျွန်မထင်မိလေသည်။ကေသီတင်နှင့်ကျော်စွာဦးတို့မှာမူ တစ်ချက်တစ်ချက်၌ တစ်ယောက်မျက်နှာ တစ်ယောက်လှမ်းကြည့်နေကြသည်ကို ကျွန်မတွေ့နေရလေသည်။
" ဒီလိုပါရှင်...အိမ်သားတွေဆီမှာ ကျွန်မခွင့်တောင်းခြင်းတာက သူဌေးကြီးကို ဆေးရုံးတင်ဖို့ပြောချင်လို့ပါ... သူဌေးကြီးရဲ့အခြေအနေက ဆေးရုံးမှာဆရာဝန်တွေရဲ့ အနီးကပ်ကြပ်ကြပ်မတ်မတ်ကုသမှုကိုသာ ခံယူနေမယ်ဆိုရင် ပြန်ကောင်းလာနိုင်ချေရှိလို့ပါ ...အခုလိုအခန်းထဲမှာပဲ အမြဲပိတ်လှောင်နေမယ်ဆိုရင်တော့ မျှော်လင့်ချက်သိပ်မရှိနိုင်လို့ပါ "
"ဘယ်လိုပြောလိုက်တယ် ဆရာမ ၊ဆရာမပြောတဲ့ပုံက ကျွန်မတို့တွေကပဲ ဒယ်ဒီ့ကိုဂရုမစိုက်ဘဲပစ်ထားသလိုဖြစ်နေပြီ ၊ဆေးရုံဆိုအကောင်းဆုံးဆေးရုံမှာပဲကုသခဲ့တာရှင့်..ပြီးတော့ အိမ်မှာပဲကုသတယ်ဆိုပေမဲ့ တစ်ပတ်တစ်ခါ အထူးကုဆရာဝန်ကြီးလာသလို ဆရာမတို့လို့ကျွမ်းကျင်တဲ့သူနာပြုကိုလည်း ငွေပုံအောပေးပြီးငှားထားပေးတယ်လေ ...ဒါကိုဆရာမက ကျွန်မတို့မိသားစုကိုအပြစ်ပြောချင်နေတာလား "
အပိုင်း( ၂ )
စိန်ပန်းမြိုင်မှအိမ်နီကြီး
***
ကျွန်မရှိရာဆီသို့ လှမ်းကြည့်နေသော မရွှေမိကိုကြည့်၍ ရင်ထဲ၌တထိတ်ထိတ်ခုန်လှုပ်လာပြီး ခြေဖျားလက်ဖျားများပင်အေးစက်လာသလိုခံစားလာရလေသည်။ကြည့်ရသည်မှာ ညဥ့်နက်သန်းခေါင်ကြီးမှ ပြန်လာသော မရွှေမိအား မည်သူမျှတံခါးထဖွင့်ပေးကြပုံမရချေ။ထို့ကြောင့်ပင် မရွှေမိလည်းစိတ်ဆိုးနေပုံရချေသည်။လူမမာများအား ပြုစုနေကြဖြစ်၍ အအိပ်ဆတ်လှသော ကျွန်မတစ်ယောက်တည်းသာ မရွှေမိ၏ အိမ်တံခါးခေါက်သံကိုကြားရခြင်းဖြစ်လိမ့်မည်ထင်သည်။
ကျွန်မ စိတ်ထဲအနည်းငယ် တုန်လှုပ်ကြောက်ရွံ့နေသော်လည်း မရွှေမိအား တံခါးဖွင့်ပေးရန်အတွက် အိပ်ခန်းထဲမှ ထွက်ခဲ့လေသည်။
စင်္ကြန်လမ်းတစ်လျှောက်၌ ထွန်းထားသော မှိန်ပျပျအလင်းရောင်မှလွဲ၍ အိမ်ကြီးတစ်ခုလုံးတိတ်ဆိတ်နေလေသည်။စိတ်ထဲ၌ ကျောချမ်းသလို ခံစားနေရသော်လည်း မရွှေမိကြောင့် အားတင်းပြီး အိမ်အောက်ထပ်သို့ဆင်းခဲ့ရလေသည်။
"ရှပ်.... ရှပ်..." တိတ်ဆိတ်နေသော ညကြီး၌ နောက်ကျောဆီမှ ခြေသံတရှပ်ရှပ်ကြားလိုက်ရသောကြောင့် အဖော်ရပြီဆိုသောအသိစိတ်နှင့် ဝမ်းသာအားရလှမ်းမေးလိုက်မိလေးသည်။
"ဘယ်...သူလဲဟင် " "ဟင်..."မေးလည်းမေးရင်းနောက်ကျောဆီသို့ လှည့်ကြည့်လိုက်သော်လည်းရှင်းလင်းတိတ်ဆိတ်နေသည်မို့ စိတ်ထဲတုန်လှုပ်ချောက်ချားလာပြီး တံခါးမကြီးဆီသို့ အပြေးအလွှားသွားပြီး တံခါးကိုဖွင့်လိုက်လေသည်။ကိုယ်တစ်ယောက်တည်း ထက်စာလျှင်ဘေးနားမှာ အဖော်တစ်ယောက်ရှိနေခြင်းက နေသာပေလိမ့်မည်ထင်သည်။
"မရွှေမိရယ် လာတာနောက်ကျလာချည်လား...ကဲ...ကဲ အိမ်ထဲအမြန်ဝင် ၊တော်ကြာအိမ်ရှင်တွေသိသွားပြီး နောက်ကျလို့အဆူခံအပြောခံနေရဦးမယ် ....ဟင် "
ပြောပြောဆိုဆိုနှင့် တံခါးကိုဖွင့်လိုက်သောလက်အစုံသည် အိမ်အပြင်လရောင်အောက်မှ မြင်ကွင်းအားကြည့်ရင်းမင်သက်နေမိလေသည်။
အိမ်၏ အပြင်ဘက်လရောင်အောက်၌ မရွှေမိလည်းမရှိပါချေ။
" မ...မရွှေမိ...မရွှေမိဘယ်ရောက်သွားတာလဲ ဟင်...တစ်ယောက်ယောက်များတံခါးထဖွင့်ပေးလိုက်လို့လား " ကျွန်မ တစ်ယောက်တည်း ကြောင်တက်တက်နှင့်နှုတ်မှရေရွတ်လိုက်မိပြီ တံခါးကို ပြန်ပိတ်နေစဥ်မှာပင် "ဒုန်း "မြည်သံနှင့်အတူ ဖြတ်ခနဲပြေးလွှားသွားသော အရိပ်တစ်ခုကိုမြင်လိုက်ရ၍ တစ်ကိုယ်လုံးကြက်သီးဖြန်းဖြန်းထကာ ကြောက်လန့်တကြားနှင့် လှေကားအတိုင်းပြေးလွှားတက်ခဲ့လေရာ "ဘုတ် " "အင့် "
"အမလေး "လှေကားထိပ်၌ တစ်စုံတစ်ခုနှင့်ဝင်တိုက်လိုက်မိသည်မို့ ကျွန်မ ကြောက်လန့်တကြားအော်လိုက်မိလေသည်။ကျွန်မအော်သံကြောင့် မည်းမည်းအရိပ်ကြီးမှာ လှုပ်ရှားယိမ်းထိုးသွားပြီး
"ဆရာမ...ဆရာမလေးသတိထားပါဦး...ကျွန်တော်ပါ...ကျွန်တော်သီဟထွန်းရှိန်ပါ "
" ဟင်...ကိုသီဟထွန်းရှိန်လား...အမလေး...ကျေး...ကျေးဇူးတင်လိုက်တာရှင်... အရမ်းကျေးဇူးတင်ပါတယ်..." ကျွန်မလည်း အရမ်းကြောက်လန့်တုန်လှုပ်နေချိန်မှာ လူတစ်ယောက်ကိုတွေ့လိုက်ရတာမို့ ဝမ်းသာအားရနှင့် သီဟထွန်းရှိကိုအားပါးတရဖက်သိမ်းဖက်လိုက်မိလေတော့သည်။ကျွန်မ၏အပြုအမူကြောင့် သီဟထွန်းရှိန်သည် ခေတ္တမျှ ငြိမ်သက်တိတ်ဆိတ်နေပြီးနောက် "ဟို....ဟို....ဆရာမလေး ဘာဖြစ်လို့လဲဟင်....ဒီအချိန်ကြီး အောက်ထပ်ကိုဘာဆင်းလုပ်တာလဲ "
အတန်ငယ် စိတ်ငြိမ်သက်သွားပြီဖြစ်သော ကျွန်မသည် သီဟထွန်းရှိန်၏မေးသံကြောင့် သတိပြန်ဝင်လာပြီး ရှက်စိတ်နှင့်အတူသီဟထွန်းရှိန်အားဖက်ထားရာမှ တွန်းထုတ်လိုက်မိလေသည်။
" ဟို...ဟို...မရွှေမိပြန်လာလို့ တံခါးထဖွင့်ပေးတာ... ဒါပေမဲ့ တံခါးဖွင့်လိုက်တော့မရွှေမိလည်း မရှိဘူး"
" ဗျာ...မဟုတ်တာ...ဒီအချိန်ကြီးမရွှေမိပြန်လာတာတော့ မဖြစ်နိုင်ဘူးထင်တယ်... ဆရာမလေးပဲအမြင်မှားတာလား ဒါမှမဟုတ်အိပ်မက်ကိုတကယ်ထင်နေမိတာများလား ဆရာမရယ် "
" မသိတော့ပါဘူးရှင်...အိပ်မက်မဟုတ်ဘူးလို့တော့ထင်တာပဲ "
***
သူဌေးကြီးဦးထွန်းရှိန်အား ကိုယ်လက်သန့်စင်ပေးပြီးနောက် မနက်အဟာရဖြည့်စွက်စာကိုကျွေးနေချိန်မှာပင် သူဌေးကတော်ကြီ ဒေါ်မာလာတင်တစ်ယောက်အခန်းထဲသို့ကြွကြွရွရွလှလှပပလေးလှမ်းဝင်လာလေသည်။အတွင်းသားကိုပင် ထွင်းဖောက်မြင်ရလုသည့် ကိုယ်လုံးပေါ်အောင်ကွက်တိချုပ်ထားသည့် အကောင်းစားမှန်ဇာအပါးနှင့်ကြိုးကြီးချိတ်အကောင်းစားကိုဝတ်ဆင်ထားသော ဒေါ်မာလာတင်မှာ နံနက်ခင်းအစော၌ပင် အစွမ်းကုန်လှပ၍နေလေသည်။ကျွန်မလည်း ဒေါ်မာလာတင်၏အလှကို ငေးမော၍ကြည့်နေမိလေတော့သည်။ဒေါ်မာလာတင်ကတော့ ကျွန်မကိုဖုတ်လေသည့်ငပိရှိသည်ဟုပင်ထင်ပုံမရဘဲ သူဌေးကြီးဦးထွန်းရှိန်၏ ခုတင်ပေါ်တွင် တင်ပလွဲဝင်ထိုင်လိုက်ပြီးနောက်
" အစ်ကိုကြီးနေသာရဲ့လားဟင်...မာလာမြို့စျေးဘက်ခဏသွားလိုက်ဦးမယ်နော်...စျေးကအပြန်မမမြိုင်တို့အိမ် ဝင်ဦးမှာမို့ နည်းနည်းတော့အိမ်ပြန်နောက်ကျမယ်ထင်တယ် အစ်ကိုကြီးရော စျေးကိုဘာများမှာချင်သေးလဲ...ဒါနဲ့အသုံးစရိတ်နည်းနည်းယူသွားမယ်နော် အစ်ကိုကြီး "
ဒေါ်မာလာတင်မှာ ပြောချင်ရာပြောပြီး အခန်းထဲမှ ကြွကြွရွရွလှလှပပလေးပြန်ထွက်သွားလေသည်။သူဌေးကြီးဦးထွန်းရှိန်မှာမူ အသိစိတ်ရှိသော်လည်း ကိုယ်တစ်ခြမ်းလေဖြတ်ထားသောကြောင့် သိပ်မလှုပ်ရှားနိုင်ဘဲ ပါးစပ်မှ"ဝူး ဝူးဝါးဝါး "အော်လျက် ကျန်ခဲ့လေသည်။
" အား " ကျွန်မအသံကုန်ဟစ်အော်လိုက်သော်လည်း အသံကထွက်မလာပါချေ။ ကျွန်မတုန်ယင်နေသော ခြေလှမ်းများနှင့်လှေကားရှိရာဆီပြေးသွားပြီးကြည့်လိုက်သည်။လှေကားခြေရင်း၌ ရှင်းလင်းနေသည်။ဘာဆိုဘာမျှမရှိ။ကျွန်မလှေကားထိပ်မှာ အသက်မဲ့သူလိုရပ်တန့်နေမိစဥ်မှာပင်
"တောက် "ကျွန်မ၏အနီးအပါး၌ ကျယ်လောင်သော "တက် "ခေါက်သံကိုကြားလိုက်ရပြီးနောက် တစ်ကိုယ်လုံးသွေးချင်းချင်းနီနေသော အမျိုးသမီးအား မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်မို့ အသက်ရှူပင်ရပ်တန့်သွားသလို့ခံစားလိုက်ရပြီး တစ်လောကလုံးမှောင်အတိကျသွားလေသည်။
****
"မဖြစ်နိုင်တာတွေကို...မပြောပါနဲ့ဆရာမ...ဒီအိမ်ကြီးမှာကျွန်မတို့နေလာတာနှစ်ပေါင်းများစွာကြာနေပြီ...ခုလိုမျိုးတစ်ခါမှမကြုံဖူးဘူး "
ဒေါ်မာလာတင်သည် ညကကျွန်မတွေ့ကြုံခဲ့ရသောအဖြစ်အပျက်ကိုမယုံကြည်သလိုလက်မခံဘဲရှိလေသည်။
"အဲ့ဒါကြောင့်...မေမေ့ကိုပြောတာပေါ့...တွေ့ရာလူကိုအိမ်ထဲမသွင်းပါနဲ့လို့...တော်ကြာမဟုတ်တရုတ်သတင်းတွေပျံ့ကုန်မယ်...မေမေ့လူကိုမေမေပဲကြည့်ပြောထား "
ကေသီတင်၏ မောက်မာရိုင်းစိုင်းလှသော အပြုအမူအပြောအဆိုကြောင့် ကျွန်မစိတ်ထဲ ဒေါသထောင်းခနဲထွက်သွားမိလေသည်။ကျန်လူများကတော့ ဘာမျှဝင်ရောက်ပြောဆိုခြင်းမရှိကြဘဲနှုတ်ဆိတ်၍နေကြလေသည်။
*
" ဆရာမလေးရယ်...နောက်ဆိုညဘက်တွေမှာဘာသံကြားကြားအပြင်ထွက်မကြည့်နဲ့နော်...မိလုံးဆိုညနက်ပြီဆိုတာနဲ့အခန်းထဲကနေအပြင်ကိုလုံးဝမထွက်တော့ဘူး "
"တကယ်ပါ... မိလုံးရယ်၊ကျွန်မသေသေချာချာကိုမြင်လိုက်တာပါ "
" မ...မပြောပါနဲ့တော့ဆရာမရယ်...မိလုံးကြောက်လို့ပါ၊ဆရာမမြင်ရတာ...မမလေးရတီချိုဖြစ်မှာပေါ့...ဒါကိုလျှောက်မပြောနဲ့ဆရာမ.. အိမ်ကလူတွေကမမလေးရတီချိုအကြောင်းပြောတာမကြိုက်ကြဘူး "
ကျွန်မမှာ မိလုံးစကားကြောင့်နားမလည်နိုင်ဖြစ်သွားရပြီး "ဟင်...ဘာဖြစ်လို့မကြိုက်ကြတာလဲမိလုံး "
" ဟို...ဟို....မမလေးရတီချိုကညဘက်ကြီးလှေကားကနေပြုတ်ကျပြီးသေခဲ့ရတာလေ၊အဲ့အချိန်တုန်းကဆိုရင် ရဲတွေဆိုတာအိမ်မှာရှုပ်ယက်ခတ်နေလို့မနည်းဖြေရှင်းခဲ့ရတာ "
"ဟုတ်လား...ရတီချိုကသူ့ဘာသာပြုတ်ကျတာမဟုတ်ဘူးလား "
"မ...မသိပါဘူးဆရာမရယ်၊ဒီအကြောင်းတွေဆက်မပြောပါနဲ့တော့နော်..ဒီအိမ်ကြီးမှာလည်းဘာတွေဖြစ်နေလဲမသိဘူး...မရွှေမိကလည်း အမျိုးအိမ်ခဏပြန်မယ်ဆိုပြီးတော့ပြန်မလာတော့လို့ မိလုံးစိတ်ညစ်နေတာ....ဆရာမပါအလုပ်ထွက်ရရင်တော့...မိလုံးတစ်ယောက်တည်းဒီအိမ်ကြီးမှာမနေချင်တော့ဘူး "
*
အချိန်ကညတစ်နာရီကျော်နေပြီဖြစ်သော်လည်း ကျွန်မမှာအတွေးပေါင်းစွာနှင့်အိပ်မပျော်နိုင်ဘဲရှိလေသည်။
" ဘုတ်...ဘုတ် " မှန်ပြတင်းပေါက်ဆီမှ နှစ်ချက်ဆင့်ထွက်ပေါ်လာသော အသံကြောင့် ရင်အစုံသည်ဒိန်းခနဲဆောင့်ခုန်သွားပြီးကျွန်မညှို့ငင်ခံရသူပမာ ပြတင်းဝနားသို့တဖြည်းဖြည်းလျှောက်သွားမိပြီး ပြတင်းမှတဆင့်ခြံကြီးထဲသို့လှမ်းကြည့်လိုက်မိသည်တွင်..."
" ဟင်...မရွှေမိပါလား "ကျွန်မအံသြမင်သက်စွာ နှုတ်မှခပ်တိုးတိုးရေရွတ်လိုက်မိလေသည်။ည၏လရောင်အောက်၌ မရွှေမိကိုအထင်းသားမြင်တွေ့လိုက်ရသည်။မရွှေမိသည် ခါးကြီးထောက်လျက်အိမ်ကြီးဘက်သို့စိုက်ကြည့်နေသည်ကို ကြည့်ရသည်မှာ ကျောချမ်းစရာကောင်းလှပေသည်။ကျွန်မတုန်တုန်လှုပ်လှုပ်နှင့်မရွှေမိကိုကြည့်နေစဥ်မှာပင် မရွှေမိသည်ကျွန်မရှိရာသို့ဖျတ်ခနဲလှမ်းကြည့်လာလေသည်။
-------------
အပိုင်း ၂ ဆက်ရန်
31.1.2021
ဧကြည်ဖြူ
#စိန်ပန်းမြိုင်မှအိမ်နီကြီး ၀တ္ထုကို မဖတ်ရသေးသူများ
၀တ္ထု စ/ဆုံးကို KPay (or) Wave 1000 Ks ပေးသွင်းပြီး ဖတ်ရှုလို့ရပါပြီရှင်
Kpay (Or) wave
09773745413
Lai Lai win
"အော်...မိလုံးမဟုတ်ရင်မရွှေမိထင်တယ်၊မြန်မာဆန်ဆန်အဝတ်အစားနဲ့ဆံပင်ကြီးမှတင်ပါးကျော်တယ်လေ...အဲ့ဒါမရွှေမိမဟုတ်လား "
"ရှင်....အမလေး...."
"ဒုန်း " "ဂွမ်း "
ကျွန်မစကားအဆုံးမှာ မိလုံးသည် "အမလေး"တလျက်လက်ထဲမှာကိုင်ထားသောပန်းကန်ပင်ပြုတ်ကျ၍ကွဲသွားလေသည်။
" ဘယ်လိုဖြစ်ရတာလဲ... မိလုံးရယ်၊ခြေတွေလက်တွေထိကုန်ဦးမယ်...သတိထားဦး "
" ဟို...ဟို...ဒီအိမ်မှာဆံပင်ရှည်တဲ့သူတစ်ယောက်မှမရှိဘူး ဆ...ဆရာမရဲ့ "
"ဘယ်...ဘယ်လိုမိလုံး၊
ဒီအိမ်မှာဆံပင်ရှည်တဲ့သူမရှိဘူးဟုတ်လား"
သည်တစ်ခါ၌ လက်ထဲမှ ဇွန်းပင်ပြုတ်ကျသွားရသူမှာ ကျွန်မဖြစ်ပါလေသည်။
" ဟုတ်...ဟုတ်တယ်ဆရာမရဲ့ဒီအိမ်မှာအဲ့လောက်ဆံပင်ရှည်တဲ့သူ အရင်ကရှိခဲ့ပေမဲ့အခုမရှိတော့ဘူး....ဆရာမ "
" ဟုတ်လား....သူကဘယ်သူလဲ...ဘယ်ရောက်သွားလို့လဲ "
" မမလေးရတီချိုပေါ့...ဆံပင်အရှည်ကြီးနဲ့အရမ်းလည်းလှတာ...ခု. .ခုတော့မမလေးရတီချိုက...ဒီ..ဒီမှာ...မ.. မရှိ...."
" မိလုံး" ဟိန်းခနဲထွက်ပေါ်လာသော အသံကြောင့် မိလုံးခမျာစကားပြောနေရင်းမှ ရပ်တန့်သွားရပြီး ကျွန်မလည်းအလန့်တကြားမော့ကြည့်လိုက်မိသည်တွင် သားအငယ်ဖြစ်သူသီဟထွန်းရှိန်ကိုတွေ့လိုက်ရလေသည်။
" မိလုံး ...နင့်ကိုဘယ်နှစ်ခါပြောရမလဲ ၊ မိုးလင်းတာနဲ့ငါ့ခွေးလေးတွေကိုအစာအရင်ကျွေးပါလို့ပြောထားတယ်လေ " သီဟထွန်းရှိန်သည် မိလုံးကို ဒေါသတကြီးအော်ဟစ်ပြောဆိုနေရင်းမှ ကျွန်မကိုတွေ့သွားပြီး အနေရခက်သွားပုံနှင့်လှမ်း၍နှုတ်ဆက်လေသည်။
"ဆရာမရောက်နေတာကို...ကျွန်တော့်ကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ဆရာမရယ်" ပြောပြီတာနှင့်လှစ်ခနဲပြန်ထွက်သွားသော သီဟထွန်းရှိန်၏နောက်ကျောပြင်ကို ကျွန်မလိုက်လံ၍ငေးမောကြည့်နေမိလေသည်။
****
ယနေ့ဆိုလျှင်စိန်ပန်းမြိုင်သို့ကျွန်မရောက်နေသည်မှာ ရက်သတ္တပတ်တစ်ပတ်ကျော်ပြီဖြစ်သော်လည်း ကျွန်မမှာအိမ်အကူမလေးမိလုံးနှင့်သာရင်းနှီးသိကျွမ်းခဲ့ရသည်။ကျန်လူများနှင့်မူတွေ့ဆုံဖိုရန်ပင်ခဲယဥ်းလှလေသည်။တစ်ခါတစ်ရံ၌မူ သီဟထွန်းရှိန်နှင့်ဆုံရတတ်သော်လည်း ကျွန်မကိုမြင်သည်နှင့်လှစ်ခနဲပျောက်သွားတတ်သော သီဟထွန်းရှိန်ကြောင့် ကျွန်မစိတ်ထဲ ကသိကအောက်ဖြစ်ရပြန်သည်။
" ဒါနဲ့...ရတီချိုဆိုတာဘယ်သူလဲဟင် မိလုံး "
ကျွန်မ၏အမေးကြောင့် မိလုံးကကျွန်မကိုဖျတ်ခနဲလှမ်းကြည့်ပြီး ဘေးပတ်ဝန်းကျင်လိုက်လံကြည့်ရှုလိုက်ပြီးမှ
" ရတီချိုဆိုတာ... ဘဘကြီးရဲ့သမီး...အစ်ကိုကြီးကျော်စွာဦးရဲ့ဇနီးပေါ့ ၊မမလေးရတီချိုကအရမ်းလှသလိုစိတ်သဘောထားလည်းကောင်းတယ်ဆရာမရဲ့ "
" ဟုတ်လား... လှမယ်ဆိုတာတော့ယုံကြည်ပြီးသားပါ ၊သူဌေးကတော်နဲ့မကေသီတင်လည်းလှတယ်လေ ၊ကြည့်ရတာ တစ်မျိုးလုံးချောကြတာထင်ပါရဲ့ "
"ဟယ်...တိုးတိုးပြောပါဆရာမလေးရယ် "ပြောပြောဆိုဆိုနှင့်လက်ညှိုးကို နှုတ်ခမ်းရှေ့ပိတ်လျက် အနားတိုးလာသောမိလုံးကြောင့် ကျွန်မမှာကြောင်အမ်းအမ်းဖြစ်သွားရလေသည်။
"သူဌေးကတော်တို့သားအမိနဲ့မမလေးရတီချိုက အမျိုးမတော်ဘူး ဆရာမ၊ အစ်ကိုလေးသီဟထွန်းရှိန်နဲ့သာအဖေတူအမေကွဲမောင်နှမတော်တာ ၊သူဌေးကတော်ကြီးက မမလေးရတီချိုရဲ့မိထွေးလေ၊မမလေးကေသီတင်ကလည်းသူဌေးကတော်ရဲ့အရင်အိမ်ထောင်နဲ့ရလာတာလေ၊ဒီအကြောင်းတွေကို... ဆရာမကိုပဲပြောပြတာပါ ၊သူတို့ရှေ့မှာ စကားပြောဆင်ခြင်ပါနော်ဆရာမ "
"အင်းပါ...မိလုံးရယ်၊ဒါနဲ့ရတီချိုကခရီးသွားနေတာလား "
ကျွန်မအမေးကြောင့် မိလုံး၏မျက်နှာမှာ ညှိုးလျော်ကျသွားပြီး
"မမလေးရတီချိုက...ဆုံးသွားပြီဆရာမ "
"ရှင်...ဘယ်လိုမိလုံး..
ဘာရောဂါနဲ့ဆုံးသွားတာလဲ "
" ရောဂါမဟုတ်ပါဘူး...မတော်....."
"မိလုံး "မိလုံးစကားပင်မဆုံးလိုက်။ကျယ်လောင်လှသောအသံနှင့်အော်ဟစ်ခေါ်ကာ အခန်းထဲသို့ဝင်လာသော ကေသီတင်ကိုတွေ့လိုက်ရလေသည်။
**
" ရှပ်...ရှပ်....ရှပ်..."
အိပ်မပျော်နိုင်သေးဘဲရှိနေရာမှာ အခန်းပြင်မှ ခြေသံကြောင့် ကျွန်မဆတ်ခနဲငုတ်တုတ်ထထိုင်လိုက်သည်။ခြေသံသည် အခန်းရှေ့၌ ခေတ္တရပ်တန့်သွားပြီးနောက် လှေကားဘက်ရှိရာသို့ လျှောက်သွားသံကိုကြားလိုက်ရသည်မို့ ကျွန်မ အခန်းဝသို့လျှောက်ခဲ့ပြီး တံခါးပေါက်ကိုခပ်ဟဟဖွင့်ပြီးချောင်းကြည့်လိုက်သည်။
မှုန်ပျပျညမီးရောင်အောက်၌ မြင်လိုက်ရသည်မှာ ဆံပင်ရှည်ကြီးနှင့်အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။ထိုအမျိုးသမီးကိုကြည့်၍ မိလုံးပြောစကားများကိုကြားယောင်ပြီး ကျွန်မတစ်ကိုယ်လုံး ဇောချွေးများပြန်လာလေသည်။
ကျွန်မကြည့်နေစဥ်မှာပင် အမျိုးသမီးသည် လှေကားထိပ်တွင်ရပ်တန့်လိုက်ပြီးနောက် ကျွန်မရှိရာဆီသို့လည်ပြန်လှည့်ကြည့်လာလေသည်။
ခပ်မှိန်မှိန်မီးအလင်းရောင်အောက်၌မြင်ရသော အမျိုးသမီး၏သွေးမရှိသည့်အလား ဖြူဆုပ်နေသောမျက်နှာနှင့် နီရဲနေသောမျက်လုံးအစုံကိုကြည့်၍ ကျွန်မတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရပြီးတဆတ်ဆတ်တုန်ယင်လာမိသည်။
အမျိုးသမီးသည် ကျွန်မကိုလည်ပြန်ကြည့်နေရာမှာ လှေကားဘက်သို့ပြန်လှည့်သွားပြီးနောက် လှေကားထိပ်မှ ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားလေသည်။
ReView
#စိန်ပန်းမြိုင်မှအိမ်နီကြီး
သူနာပြုဆရာမလေး ၀တ်ရည်တစ်ယောက် နယ်မြို့လေးတစ်မြို့သို့ လူနာပြုစုရန် သွားရောက်ခဲ့ရာ
သူမရောက်ရှိသွားခဲ့တဲ့ အိမ်နီကြီးမှာ ညတိုင်း သူမအခန်းတံခါးကို လာခေါက် နေသူက ဘယ်သူလဲ ......
အပိုင်း (၁)
စာရေးသူ = #ဧကြည်ဖြူ၏
#စိန်ပန်းမြိုင်မှအိမ်နီကြီး
( အခန်းဆက် ဝတ္ထု)
ခြံဝနှင့်အိမ်ကြီးမှာအလှမ်းဝေးလွန်းလှသည်။ခြံရှေ့၌စိန်ပန်းပင်အမြောက်အများနှင့်ကြည့်ရသည်မှာ သာယာလှပသော်လည်း ခြံဝန်းထဲသို့လှမ်းကြည့်မိသည်အခါတွင် အုပ်ဆိုင်းနေသောသစ်ပင်ကြီးများကြားမှာ ခေါင်မိုးချွန်ချွန်များနှင့်အနီရောင်တိုတ်ကြီးကြောင့် မြင်ရသူတိုင်းအတွက်စိတ်ထဲ၌မသိုးမသန့်တော့ဖြစ်သွားကြပေလိမ့်မည်။
ကျွန်မခြံတံခါးမကြီးရှေ့တွင် အတန်ကြာရပ်နေမိပြီး တွေဝေနေမိသည်။ခြံထဲမှအိမ်
နီကြီးကိုကြည့်၍ ကျွန်မ
၏ခြေဖျားလက်ဖျားလေးများပင် အေးစက်လာသည်ဟုထင်မိလေသည်။ကျွန်မအတန်ကြာရပ်နေမိပြီးမှ လူခေါ်ဘဲ(လ် )လေးကို လက်နှင့်အသာဖိနှိပ်လိုက်သည်။
***
" ကဲ.... အာလုံးထိုင်ကြဦး ၊သူကတော့...အစ်ကိုကြီးကိုပြုစုစောင့်ရှောက်ဖို့ရောက်လာတဲ့ သူနာပြုဆရာမလေးဝတ်ရည်တဲ့၊
အားလုံးသိအောင်မိတ်ဆက်ပေးတာ ၊အထူးသဖြင့် ရွှေမိနဲ့မိလုံးက
ဆရာမလေးဝတ်ရည်ရဲ့လိုအပ်တာတွေကို ကူညီပေးလိုက်ပါ "
ဒေါ်မာလာတင်ခေါ်အိမ်ရှင်သူဌေးကတော်ကြီးက သူ၏မိ သားစုနှင့် ကျွန်မကိုမိတ်ဆက်ပေးနေခြင်းဖြစ်လေသည်။သူဌေးကြီး ဦးထွန်းရှိန်သည်လေဖြတ်၍အိပ်ရာထဲလဲနေသည်မှာကြာပြီဖြစ်လေသည်။သူဌေးကတော်ဒေါ်မာလာတင်က ဦးထွန်ရှိန်အား
ပြုစုစောင့်ရှောက်ရန် သူနာပြုခေါ်ယူခဲ့ခြင်းကြောင့် ကျွန်မမှာသူနာပြုအဖြစ်စိန်
ပန်းမြိုင်အိမ်ကြီးဆီသို့ရောက်ရှိလာခဲ့ရခြင်းဖြစ်လေသည်။
" အန်တီ့နာမည်က ဒေါ်မာလာတင်တဲ့ ၊သူကအန်တီသမီးကြိီး ကေသီတင် ၊ဒီတစ်ယောက်က အန်တီသားအငယ်ဆုံးသီဟထွန်းရှိန်၊
သူကတော့ အန်တီသားမက်ကျော်စွာဦး ၊ဒီလူကတော့ အန်တီတို့အိမ်ရဲ့မန်နေဂျာဦးသက်အောင်တဲ့၊
သူတို့နှစ်ယောက်ကတော့အိမ်အကူ ရွှေမိနဲ့မိလုံး၊ဒါကတော့ ခြံစောင့်ကြီးဖိုးထော်တဲ့ မင်းလိုအပ်တာတွေရှိရင် သူတို့ဆီမှာ အကူအညီတောင်းလို့ရတယ် "
တိတ်ဆိတ်သွားသောစကားဝိုင်း၌ ကျွန်မလည်းအိမ်ရှိလူများအားမသိမသာအကဲခတ်လိုက်သည်။ဒေါ်မာလာတင်သည် ခေတ်ဆန်လွန်း၍ရှိရင်းစွဲအသက်ထက်လှပနုငယ်နေသလို ကေသီတင်သည်လည်းအမေတူသမီးပီသစွာ ခေတ်ဆန်လွန်းသလို လှလည်းလှ၏။သီဟထွန်းရှိန်မှာမူ
အနေးအေးပုံရသည်။သားမက်ဖြစ်သူကျော်စွာဦးဆိုသူမှာမူရုပ်ရည်ချောမောကြည့်ကောင်းသလို အကြည့်တွေကလည်းရဲတင်းလွန်းသည်ဟု ကျွန်မစိတ်ထဲထင်မိသည်။
****
ညရောက်သောအခါ ခရီးပန်းလာသောကြောင့် ကျွန်မခပ်
စောစောပင် အိပ်ရာဝင်ခဲ့သည်။
အိပ်ပျော်နေရာမှ ရုတ်တရက်ဆိုသလို ကျွန်မလန့်နိုးလာချိန်၌
အခန်းသည်မှိန်ပျပျညမီးရောင်အောက်၌တိတ်ဆိတ်၍နေသော်လည်း တစ်ချက်တစ်ချက်၌နားထဲမှာ တစ်တောက်တောက်မြည်သံကဲ့သို့
အသံကိုကြားနေရလေသည်။
ကျွန်မခုတင်ပေါ်မှ အသာဆင်းပြီး အသံကြားရာအခန်းဘက်ဆီသို့ လှမ်းလျှောက်ခဲ့၏။အသံသည် ရေချိုးခန်းဘက်ဆီမှကြားရခြင်းဖြစ်လေသည်။
"တောက် " "တောက် "
အခန်းနှင့်နီးလာသောအခါအသံသည်ပို၍ကျယ်လာသည်။ကျွန်မရေချိုးခန်းအဝမှာ အသာရပ်လိုက်သည်တွင် အခန်းထဲမှလှုပ်ရှာသံလိုလိုကြားလိုက်ရ၍ အခန်းတံခါးကိုခပ်သာသာတွန်းဖွင့်လိုက်သည်တွင်။
ဆံပင်ရှည်ကြီးကိုဖားလျားချလျက် ကျောပေးရပ်နေသောအမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရသည်မို့
"မရွှေမိလား ၊ မိလုံးလားဟင် ၊ညဘက်ကြီးဘာလုပ်နေတာလဲ "
ထိုမိန်းမသည် ကျွန်မ၏ အမေးကျောခိုင်းလျက်အနေအထားနှင့်ပင် ခေါင်းယမ်းပြလေသည်။
ထိုနောက် ကျွန်မတို့နှစ်ဦးကြား၌တိတ်ဆိတ်သွားပြီ ဘေစင်ပိုက်ခေါင်းမှ ရေတစ်စက်စက်ကျသံကိုသာကြားနေရလေသည်။
ကျွန်မလည်းဘာမှမမေးတော့ဘဲ စိတ်ရှုပ်ရှုပ်နှင့် အိပ်ရာထဲသို့ပြန်ဝင်ခဲ့လိုက်သည်။
***
မိလုံးပြင်ပေးသော မနက်စာကိုစားနေရင်းမှ ကျွန်မ မိလုံးကိုစကားလှမ်းပြောလိုက်သည်။
"အိမ်သားတွေရော...မစားကြသေးဘူးလားမိလုံး "
"သူတို့ကမနက်အဆာပြေစာကိုအပြင်မှာ စားကြတာများတယ် ဆရာမရဲ့၊ကြီးကြီးတင်နဲ့မရွှေမိတို့ကတော့စျေးဘက်သွားကြတယ် ၊အစ်ကိုလေးကအိပ်တုန်း၊ကျန်တဲ့သူတွေကတော့ အသီးသီးသွားကြပြီ "
"ဟုတ်လား ...ဒါနဲ့ညက ညသန်းခေါင်ကြီးရေချိုးခန်းထဲမှာ မရွှေမိလား... မိလုံးလား... ညဘက်ကြီးဘာလုပ်နေတာတုန်း "
ကျွန်မလည်း မိလုံးကကိုယ့်ထက်ငယ်သူမို့ သိချင်တာကိုရဲရဲဝံ့ဝံ့ပင်မေးပစ်လိုက်သည်။
"ရှင်....ဆရာမဘာပြောတာလဲမိလုံးနားမလည်ဘူး "
"အော်...ညကလေရေချိုးခန်းထဲမှာ ဆံပင်ဖားလျားကြီးချလို့ ရပ်ပြီးဘာလုပ်နေတာလဲလို့မေးတာပါ "
ကျွန်မ၏နောက်ဆက်တွဲစကားကြောင့် ကျွန်မကိုကြည့်နေသောမိလုံး၏မျက်လုံးအစုံသည် ပြူးကျယ်ဝိုင်းစက်သွားပြီးထိတ်လန့်တုန်လှုပ်သွားပုံဖြင့်
" ရှင်...ဘယ်.. ဘယ်လိုဆရာမ... ရေချိုးခန်းထဲမှာဆံပင်ဖားလျားကြီးနဲ့ရပ်နေတာဟုတ်လား၊အဲ့ဒါမိလုံးမဟုတ်ဘူး၊ညဘက်ဆို မိလုံးကအခန်းအပြင်ကိုလုံးဝမထွက်ဘူး...ဒါ...ဒါ...ဒါနဲ့ဆံပင်ကဘယ်လောက်တောင်ရှည်တာလဲ...လဲဟင်ဆရာမ "
" လင်းသန့် ... မင်း ဘာတွေ လုပ်နေတာလဲ "
လင်းရိပ်က မြေပြပေါ်မှာ ကုန်းကုန်းကွကွနဲ့ ဟိုကြည့် ဒီကြည့်လုပ်နေတဲ့ သုံးနှစ်ကျော်အရွယ်သားဖြစ်သူ လင်းသန့် ကို မေးလိုက်တယ်။
"မမ ပိုက်ချံ ပျောက်သွားတယ်ဆိုလို့ သားက ရှာပေးနေတာ ... ဖေဖေလဲ ကူရှာပေးနော် "
လင်းသန့်လေးက ခပ်လှမ်းလှမ်းမှာ ငိုမဲ့မဲ့ မျက်နှာလေးနဲ့ငုတ်တုတ်ထိုင်နေတဲ့ ဆယ်နှစ်အရွယ် ကလေးမလေးကို လက်ညှိုးထိုး ပြပြီး ပြောတယ်။ လင်းရိပ်လည်း သားငယ်ရဲ့ စကားကြောင့် မြေပြင်ပေါ်ဟို ဒီလိုက်ကြည်နေမိပြီးမှ အိမ်ဘက်ကို မသိမသာ လှမ်းကြည်လိုက်တော့အိမ်ဝမှာ အံလေးကြိတ်ပြီး လက်သီးဆုပ်ပြနေတဲ့ ချစ်ဇနီးလေးကို တွေ့လိုက်ရတာမို့ သားငယ်ကို အမြန် ပွေ့ချီလိုက်ပြီး
"ဟေ့ကောင်ရေ ...ဟိုမှာ မင်းအမေ ကြည့်နေတယ်ဟ ...လာ... လာ အဖေတို့ သွားကြစို့... အိမ်ထဲမှာပဲ ဘွားဘွားရယ်..တီတီတို့နဲ့ဆော့ရအောင်နော် သားလေး "
လင်းရိပ်နဲ့ လင်းသန့်တို့ နှစ်ယောက်သား လက်တွဲကာခြံထဲကို ဝင်လာခဲ့ကြပြီး အနီရင့်နားကိုရောက်တော့ သားအဖနှစ်ယောက်လုံး ရယ်ကျဲကျဲ မျက်နှာလေးတွေနဲ့ အနီရင့်ကို ပြေးဖက်လိုက်ကြတယ်။
အနီရင့်က သားအဖနှစ်ယောက်လုံးကို အလေးကြိတ်ကာလက်သီးဆုပ်ပြလိုက်ပြီး ဆူလိုက်တယ်။
" ဟွန်း ...သားအဖနှစ်ယောက်လုံး သတိထားနေနော် "
The end
====================
ဧကြည်ဖြူ
အစမှ အဆုံးထိတိုင် စိတ်ရှည်လက်ရှည်နဲ့ သည်းခံဖတ်ရှုပေးခဲ့ကြတဲ့ စာချစ်သူများကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ စာမူ အရေးအသာလိုအပ်ချက်များ၊ အမှားအယွင်းများအတွက်လည်း တောင်းပန်ပါတယ်ရှင်။ နောင်လည်း အသစ်အသစ်တွေကို ကြိုးစားရေးသွားပါအုံးမယ်။
*"ရင်ဘတ်ပေါ်က နှင်းဆီ " စာမူသည် ကျွန်မ ဧကြည်ဖြူ၏ ကိုယ်တိုင်ရေးသားထားသော စာမူ ဖြစ်ပါသည်။စာရေးသူ၏အမည်ကို ပြောင်းလဲသုံးစွဲခွင့်မပြုပါ *
တွေ့ခွင့်ရလိမ့်မယ်လို့ လင်းရိပ် ယုံကြည်နေမိပြန်တယ်။
"မင်းသမီး ရောက်လာပြီ "
တစ်ယောက်ယောက်ရဲ့ ပြောလိုက်သံနဲ့အတူ လူတွေက ဝုန်းခနဲ ဝင်းပေါက်လျှောက်လှမ်းနားကို စုပြုံရောက်သွားတယ်။ ဒီအခါလင်းရိပ်မှာ လူကြားထဲညှပ်ပါသွားပြီး မင်းသမီးရှေ့ကို အလိုလို ရောက်သွားရတယ်။ ဒီအချိန်မှာ မင်းသမီးကိုကျော်ပြီး လင်းရိပ် မြင်လိုက်ရတာက မပြောင်းလဲတဲ့ဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ အလှကြီးလှနေတဲ့သူမ ။သခွါးရောင်ရှပ်လက်ရှည်နဲ့ စတိုင်ပန်ဘောင်းဘီ အနက်ကိုတွဲဝတ်ထားပြီး ခါးလယ်ကျော်ကျော်လောက်ရှိနေပြီဖြစ်တဲ့ လှိုင်းတွန့် ဆံပင်ရှည်ကြီးတွေကို ဖြန့်ချထားတဲ့ပုံက အားလုံးထဲမှာ ထင်းပြီး သူမက အလှဆုံးမင်းသမီးလေးလို့ လင်းရိပ်ထင်လိုက်မိတယ်။
"ဒီမှာ ...ပန်းစည်းက တို့ကို ပေးဖို့ မဟုတ်လား ပေးလေ"
လင်းရိပ်မှာ အနီရင့်ကို သတိလက်လွတ် ငေးကြည့်နေမိရင်း ကိုယ့်ရှေ့မှာ ဘာတွေဖြစ်နေလဲဆိုတာတောင် မမြင်နိုင်တော့အဖြစ်ပါ။တကယ်တော့ လင်းရိပ်မှာ လူတွေ တိုးလိုက်တာကြောင့် မင်းသမီးနဲ့ အနီးကပ်ဆုံးမျက်နှာချင်းဆိုင် အနေအထားနဲ့ရပ်နေမိပြီး ပန်းစည်းကြီးလည်း ကိုင်ထားတာဆိုတော့ မင်းသမီးက သူ့ကို ပန်းစည်းပေးတယ်ထင်ပြီး လက်ကမ်းနေတာ ။လင်းရိပ်မှာ ဒါကို မသိမမြင်နိုင်ဘဲ အနီရင့်ဆီကိုပဲစိတ်က ရောက်နေလေတော့ ရှေ့တည့်တည့် ကမင်းသမီးရဲ့အသံကိုကြားမှ သတိပြန်ဝင်လာမိတယ်။
မင်းသမီးကလည်း သူ့ရှေ့တည့်တည့်မှာ ပန်းစည်းကြီးကိုင်ပြီး ရပ်ငေးနေတဲ့ ကိုလူချောလင်းရိပ်ကိုကြည့်ပြီး ပန်းစည်းကိုယူရန် လက်ကမ်းပေးလိုက်တယ်။
လင်းရိပ်မှာလည်း သတိ၀င်လာပြီး ပန်းစည်းလည်းမပေးချင် ။ မပေးရင်လည်း မင်းသမီး ရှက်သွားမှာကို တွေးပူပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်နေမိတယ်။
အနီရင့်မှာ ရုပ်ရှင်အဖွဲ့ထဲက ရင်းနှီးနေတဲ့ အရန်သရုပ်ဆောင်တစ်ယောက်နဲ့ အတူတူ လျှောက်လမ်းအတိုင်းဝင်လာခဲ့ရင်း လူအုပ်ကြားထဲမှာ ရောင်စုံနှင်းဆီပန်းစည်းကို ကိုင်ပြီး ရပ်နေတဲ့လင်းရိပ်ကို မြင်လိုက်ရချိန်မှာ ရင်ခုန်သံတွေ မြန်မြန်ဆန်ဆန်လှုပ်ရှားလာသလို ခြေဖျားလက်ဖျား တွေပါ အေးစက်လာတယ်။အနီရင့်တွေ့သလို လင်းရိပ်ကလဲ တွေ့ပုံရတယ်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ငေးကြည့် နေမိကြပြီး တစ်ယောက်ရဲ့အတွင်း စိတ်ကိုပါ တစ်ယောက်ကသိမြင်လိုက်သလို ခံစားလိုက်ကြရတယ်။ ဒီလို တစ်ယောက်ကို တစ်ယောက်ငေးကြည့်နေမိကြတုန်းမှာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ မင်းသမီးနဲ့လင်းရိပ်ရဲ့အခြေအနေကို အနီရင့် လှမ်းမြင်လိုက်ရတယ်။ လင်းရိပ်က သူ့လက်ထဲက နှင်းဆီပန်းစည်းကို ကိုင်ပြီး အနီရင့်ကို လှမ်းကြည့်လိုက် မင်းသမီးကို အားနာပြောမထွက်ဟန်နဲ့ ကြည့်လိုက်ဖြစ်နေတာကို အနီရင့်တွေ့လိုက်ရတော့ အခြေအနေကို သဘောပေါက်သလို ရှိသွားတယ်။ပြီးတော့ အနီရင့် စိတ်ထဲမှာ အူကို မိသ လိုဖြစ်သွားပြီး ရုတ်တရက် လင်းရိပ်ကို လှမ်းကြည့်လိုက်ပြီး အံလေးကြိတ်ပြီး လက်သီးကိုဆုပ်ပြလိုက်မိတယ် ။လူအများကြားထဲမှာမို့ အနီရင့်ရဲ့ အပြုအမူကို လင်းရိပ်ကလွဲပြီး ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။
လင်းရိပ်မှာ အနီရင့်က သူ့ကို လှမ်းကြည့်နေရင်းက အံကြိတ်ပြီး လက်သီးလေးဆုပ်ပြတာကို မြင်လိုက်ရတော့ မင်းသမီးကို ခေါင်းလေးငုံ့ ခါးလေးညွှတ်ပြီး " ဆောရီး " လို့ တစ်ခွန်းပဲပြောပြီး လူတွေကြား တွန်းတိုက်ပြီး အနီရင့်ဆီကို အပြေးအလွှားလျှောက်သွားလိုက်မိတယ်။
လင်းရိပ်နဲ့ အနီရင့်တို့ နှစ်ယောက်သား မျက်နာချင်းဆိုင်မိတဲ့အချိန်မှာ တစ်ယောက်ကို တစ်ယောက် မမှိတ်မသုန် စိုက်ကြည့်နေမိကြတယ်။
"နေကောင်းလား "
လင်းရိပ်ကစတင်ပြီး ခပ်တိုးတိုးမေးလိုက်တယ်။
"အင်း ... ပန်းစည်းက ဘယ်သူ့အတွက်လဲ "
အနီရင့်က ခေါင်းလေးငုံ့ပြီး တစ်ခွန်းပဲ ပြန်မေးလိုက်တယ်။
"မင်းအတွက်ပေါ့ ..."
လင်းရိပ်က ပန်းစည်းကို အနီရင့်လက်ထဲကို ထည့်ပေးလိုက်ပြီး တိုးတိုးလေးပြန်ဖြေလိုက်တယ်။
"တော်သေးတာပေါ့ ... ပန်းစည်းလေး အန္တရာယ်ကင်းကင်းနဲ့ရောက်လာလို့ "
အနီရင့်က လင်းရိပ်ကို မျက်စောင်းလေးထိုးပြီးပြန်ပြောလိုက်တယ်။
********
"ဘယ်သွားမှာလဲ ဟင် "
ရုပ်ရှင်ပွဲကအပြန်မှာ လင်းရိပ်က အနီရင့်လက်ကို မလွှတ်တမ်းဆွဲထားပြီး အငှားကားတစ်စီးပေါ်တက်လိုက်တာမို့ အနီရင့်က လင်းရိပ်ကို မေးလိုက်တယ်။
"အိမ်ကို ပြန်မယ်လေ ...လောလောဆယ် ...အမေတို့ ဆိ အရင်သွားရအောင်လေ ...နီကို မြင်ရင် တအားပျော်သွားကြမှာ "
ပြောပြီး လင်းရိပ်က အနီရင့်လက်ဖျားလေးကို ဆုပ်ကိုင်ထားလိုက်ပြီး မျက်နှာလေးကို မလွတ်တမ်း စိုက်ကြည့်နေမိတယ်။
"ပစ္စည်းတွေ ဟော်တယ်မှာလေ ..."
" ဒါဆို ...အဲ့ဒါတွေ ဝင်ယူသွားကြမယ်လေ "
"ဆံပင်ရှည်ကြီး ထားတာလား ..."
အနီရင့်က သူ့ကို စိုက်ကြည့်နေတဲ့ လင်းရိပ်မျက်နှာလေးကို ပြန်ပြီး ငေးကြည့်နေမိရင်းက မေးလိုက်တယ်။
"မင်းပြန်လာမှ ညှပ်မယ်လို့ ဆုံးဖြတ်ထားတာ "
ပြောပြီး လင်းရိပ်က အနီရင့် ပခုံးလေးကို ဖက်လိုက်ပြီး သူ့ရင်ခွင်ထဲကို ညင်ညင်သာသာ ဆွဲယူလိုက်တယ်။ ပြန်ဆုံစည်းရတဲ့ အချိန်မှာ လင်းရိပ်နဲ့ အနီရင့်တို့နှစ်ယောက်လုံး မာနတွေ သံသယတွေကို ခဝါချပြီး အချစ်စစ်ကို လက်ခံယုံကြည်လိုက်ကြပါပြီ။
********
အနီရင့် သိလည်းသိချင် သိလည်းမသိ ဝံ့ပါ။
********
ဆိုင်မှာလူပါးသွားတာနဲ့ လင်းရိပ် ဖေ့ဘုတ်ကို ဖွင့်ကြည့်လိုက်တယ်။ဟိုအရင်က လင်းရိပ် အနေနဲ့ လူမှုကွန်ရက်ကို သိပ် သုံးလေ့မရှိပေမဲ့ အနီရင့်ထွက်သွားပြီး နောက်ပိုင်းမှာ ပုံမှန် အချိန်မှန်သုံးဖြစ်လာတယ် ။ သုံးဖြစ်တယ်ဆိုတာကလည်း အနုပညာသတင်းတွေကိုလိုက်ကြည့်တာပါ။ အထူးသဖြင့် စာပေသတင်းတွေပေါ့။တစ်နှစ်အတွင်းမှာ အနီရင့်ရဲ့စာအုပ် သုံးအုပ်ထွက်လာခဲ့ပေမဲ့ လက်မှတ်ထိုးပွဲလည်းမလုပ်၊ စာအုပ်တိုက်ကိုလှမ်းမေးတော့လည်း လိပ်စာမပြောနဲ့ ဖုန်းနံပတ်လေးတောင် တောင်းလို့မရခဲ့ဘူး။ သူမရဲ့ အကောင့်ထဲကို သတိရတိုင်း ဝင်ကြည့်ပေမဲ့ မီးလုံးဝမစိမ်းတာကြာခဲ့ပြီလေ။လင်းရိပ် အနုပညာသတင်းတွေကိုလိုက်ဖတ်နေရင်း မျက်စိရှေ့မှာ ပေါ်လာတဲ့သတင်းကို ဖတ်ကြည်လိုက်ရင်း နာမည်တစ်ခုကို အတွေ့မှာ နှလုံးသားက ပေါက်ကွဲလုမတက် ခုန်လှုပ်လာတယ်။သတင်းက "ရုပ်ရှင် အထူးပြပွဲသတင်း "ဒီသတင်းမှာ ဒါရိုက်တာ၊မင်းသား ၊ မင်းသမီးနဲ့ သရုပ်ဆောင်တွေရဲ့နာမည်တွေကို ကျော်ပြီး လင်းရိပ် မြင်လိုက်ရတာက စာရေးဆရာရဲ့နာမည်ပဲ။နာမည်ကို သုံးလေးခေါက်ထက်မက ဖတ်မိပြီးတဲ့အခါ လင်းရိပ် ထိုင်နေရာက ဆတ်ခနဲ ထထိုင်လိုက်မိတယ်။ပြီးတော့ လက်သီးဆုပ်ပြီး လေပေါ်ကို လက်နှစ်ဖက်လုံး ဆန့်တန်းပြီး ဟေးခနဲ တစ်ချက် အော်လိုက်မိတယ်။ဝမ်းသားလွန်းလို့ ဘာလုပ်လို့လုပ်ရမှန်းပင်မသိတော့ ။ဆိုင်ထဲမှာ ဟိုဒီလျှောက်ရင်း ပျာယာခတ်နေမိတယ်။
" အစ်ကို ဘာဖြစ်လို့လဲ "
ဆိုင်ဝန်ထမ်းလေးတွေက လင်းရိပ် ဂနာမငြိမ်ဖြစ်နေတာကို ကြည့်ပြီး လှမ်းမေးကြတယ်။
ဆိုင်ဝန်ထမ်းလေးတွေကို ခေါင်း အသာယမ်းပြလိုက်ပေမဲ့ လင်းရိပ်မှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ မတည်မငြိမ်ဖြစ်နေတာကအမှန်ပါဝင်။ ပွဲက မနက်ဖြန်မှမို့ အချိန်တွေကို လင်းရိပ်စိတ်မရှည်ချင်။ လင်းရိပ် ဟိုလျှောက်ဒီလျှောက်လျှောက်နေရင်းက မှန်ရှေ့ကိုရောက်သွားပြီး မှန်ထဲက ကိုယ့်ပုံရိပ်ကို ပြန်ကြည့်မိတယ်။တစ်နှစ်အတွင်းမှာ အသားတွေပိုဖြူလာတာကလွဲလို့ လင်းရိပ်ပုံစံက ဘာမှ ပြောင်းလဲမသွားဘူး။ လင်းရိပ် မှန်ကို ကြည့်နေရင်းကနေ ဝန်ထမ်းကောင်လေးတွေနားကို ပြန်လျှောက်သွားပြီး မေးလိုက်တယ်။
"ညီတို့ ဆံပင်ညှပ်ဆိုင်ကောင်းတာလေးများ မသိကြဘူးလား "
လင်းရိပ် မေးလိုက်တော့ ၀န်ထမ်း ကောင်လေးတွေက အံ့သြသလို ကြည့်ကြတယ်။ဟုတ်တယ်လေ တစ်နှစ်အတွင်းမှာ ဆံပင်ညှပ်ဖို့တောင် သတိမရဘဲ အလုပ်မှ အလုပ်ပဲ ဖြစ်နေတဲ့ သူတို့ဆိုင်ရှင်က လည်ကုပ်ရောက်နေတဲ့ ဆံပင်တွေကိုတောင် ရိုးရိုး ခေါင်းစည်းသားရေကွင်းနဲ့ ပဲစုစည်းထားတတ်တာလေ။တစ်နှစ်ကျောမှာ ဆံပင်ညှပ်ဆိုင်ကို မေးတော့ အံ့ဩသွားကြတာပေါ့။
"ဆံပင်ညှပ်မလို့လား အစ်ကို.... အခုပုံစံနဲ့လဲ အရမ်းမိုက်နေတာကို "
"ဟုတ်တယ် အစ်ကိုရ ...ဒီဆံပင်ရှည်နဲ့လဲ အစ်ကိုက ကြည့်ကောင်းနေတာပဲ ...ညှပ်မယ်ဆိုလဲ အစ်ကို ပုံစံနဲဆို ဘာပဲဖြစ်ဖြစ်လိုက်မှာသေချာတယ် "
" အေးပါကွာ မင်းတို့ ပြောတာနဲ့ ခြေထောက်နဲ့ မြေကြီး တောင် မထိချင်တော့ဘူး ...ကဲပါကွာ မင်းတို့ကို ဒီညနေ တစ်ဝိုင်းပြုစုမယ် ဟုတ်ပြီးလား ...ဒါပေမဲ့ ပွဲကိုတော့ ကိုယ်မလိုက်ဘူးနော် "
ဆိုင်ဝန်ထမ်းလေးများက အူးမြူးနေပုံရတဲ့ လင်းရိပ်ကို ကြည့်ပြီး သူတို့ပါ လိုက်ပြီး ပျော်ရွှင်လာကြတဲ့အထိ လင်းရိပ်မှာ ဟန်မဆောင်နိုင်အောင်ပင် ဝမ်းသာပျော်ရွှင်နေမိတယ်။
******
မျှော်လင့်မထားခဲ့ပေမဲ့လည်း ဆိုင်ကနေ သူမရဲ့တိုက်ခန်းလေးကို လင်းရိပ် အပြေးရောက်လာခဲ့မိတယ်။ ဒါပေမဲ့လည်း တိုက်ခန်းလေးမှာ သော့ခတ်လျက်သားပင်။ လင်းရိပ် တိုက်ခန်းထဲဝင်ပြီး ဆိုဖာခုံမှာ ထိုင်ကာ သူမထိုင်နေကျ စားရေး စာပွဲခုံလေးကို အတန်ကြာ ငေးကြည်နေမိပြန်တယ်။ ဒီပုံအတိုင်းဆိုရင် လင်းရိပ်အတွက် မနက်ဖြန်ကိုသာ မျှော်ရ ပေလိမ့်မယ်။ ဒီညအဖို့မှာတော့ ဒီတိုက်ခန်းလေးထဲမှာ သူမကို စောင့်မျှော်ရင်း အချိန်ကုန်ဆုံးရန် လင်းရိပ် ဆုံးဖြတ်ထားပြီးသားပင်။
*****
ရောင်စုံနှင်းဆီပန်းစည်းလေးကိုကိုင်ပြီး လင်းရိပ်ရဲ့ရင်ခုန်သံတွေ အဆမတန်မြန်ဆန်နေမိတယ်။ရုပ်ရှင် အထူးပြပွဲမို့ ဖိတ်ကြားထားပုံရတဲ့ အထူးဧည့်သည်တွေနဲ့ ရုပ်ရှင်ချစ်ပရိသက်တွေရောပါ လူတွေကတော်လေး စည်ကားနေတယ်။ မင်းသားနဲ့ မင်းသမီးကလည်း နာမည်ရကာစ မင်းသားမင်းသမီးတွေမို့ ငယ်ရွယ်တဲ့ ကောင်လေးတွေကောင်မလေးတွေ တော်တော်များများကိုလည်း တွေ့ရတယ်။ ဒီလူငယ်လေးတွေကြားမှာ လင်းရိပ်မှာ ထင်ထင်ရှားရှားကြီးကိုဖြစ်လို့နေတယ်။
"ဟိုဆံပင်စည်းထားတဲ့တစ်ယောက်က ချောလိုက်တာ... မင်းသားသစ်များလား "
"အေးနော် .. ပုံစံကမိုက်ချက်ပဲ ....ပန်းစည်းကြီးနဲ့ ဆိုတော့ မင်းသားသစ်မဟုတ်ရင်တော့ မင်းသမီးဆီလာတာပဲဖြစ်မယ် "
သူ့ကိုကြည့်ပြီး ကွက်ကြည့်ကွက်ကြည့်နဲ့ ပြောနေကြသူတွေကို လင်းရိပ် ဂရုမစိုက်နိုင်အားဘဲ ဝင်ပေါက် ဆီကိုသာ မျက်တောင်မခတ်ဘဲစိုက်ကြည့်နေမိတယ်။ပွဲချိန်နီးလာတာနဲ့ အမျှ ဧည့်ပရိတ်သတ်တွေကလည်း တဖွဲဖွဲ ရောက်လာနေကြတာမို့ လင်းရိပ်ရဲ့ရင်တစ်ခုလုံးမှာ မီးရထားကြီး တစ်စင်းတက်ပြီး ခုတ်မောင်းနေသလို ခံစားနေရတယ်။သူမ လာမှလာပါ့မလားဆိုတဲ့ အတွေးက ခေါင်းထဲကို မကြာခဏ ဝင်ရောက်လာပေမဲ့ စိတ်ထဲမှာ သူမကို ဒီနေ့
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
ဇာတ်သိမ်းပိုင်း
*******
အော်ဟစ်ပြောဆိုသံတွေကြား လင်းရိပ် နောက်ဘက်ကို စောင်းငဲ့ကြည့်လိုက်ရာ ကားလမ်းမပေါကို ပြေးဆင်းသွားတဲ့ နှင်းသီရိကိုတွေ့လိုက်ရတယ်။လင်းရိပ် နှင်းသီရိကို တစ်ချက်မျှ စူးစိုက်ကြည်လိုက်ပြီး ခြေလှမ်းများကို ဆေးရုံဝင်းဘက်ကိုသာ ဦးတည်ပြီးလျှောက်လှမ်းခဲ့လိုက်တယ်။ လင်းရိပ်ဆီမှာ နောင်တမရှိ။နောက်ဆံတင်းခြင်း အလျဉ်မရှိပါ။တကယ်တော့ စာနာတတ်ခြင်းနဲ့ နုံအခြင်းက အဓိပ္ပါယ် လုံးဝ ကွဲပြားခြားနားတဲ့အပြုအမူတွေပဲ မဟုတ်လား။တစ်ခါတစ်ရံမှာ လျစ်လျူရှုသင့်တာတွေကို လျစ်လျူရှူခြင်းဖြင့် ကိုယ့်ဘေးနားက မိတ်ဆွေ အစစ်အမှန်တွေကို မဆုံးရှုံးရတော့ဘူးဆိုတာကို လင်းရိပ်နားလည်ခဲ့ပြီလေ။ ဒီထက်ပိုပြီး ကိုယ့်ရဲ့ စာနာတတ်တဲ့စိတ်ကို အခြားသူးတစ်ယောက်က နင်းချေ အသုံးချနေတာတွေကို လင်းရိပ် လက်မခံနိုင်တော့ပါဘူး။
" ကျွီ ......"
"တောက်...သေချင်နေရင်လဲ အခြားနေရာမှာ လွတ်လွတ်လပ်လပ်သွားသေ ....ငါတို့ ကားသမားတွေကိုတော့ ထောင်ထဲ မထည့်နဲ့ ...... မ .."
အချိန်မိကားဘရိတ်အုပ်လိုက်နိုင်တာကြောင့် ကားဘီးနဲ့ ကတ္တရာလမ်း ပွတ်တိုက်သံကြီးက ကျယ်လောင်စွာထွက်ပေါ်လာပြီးနောက် ကားဆရာရဲ့ ဒေါသတကြီး အော်ဟစ်ဆဲဆိုသံက ထွက်ပေါ်လာတယ်။
နှင်းသီရိလည်း လန့်ဖျပ်ပြီး ပလက်ဖောင်းပေါ်ကို ထိုင်ရက်လဲကျသွားခဲ့တယ်။နှင်းသီရိရဲ့နားထဲမှာ ကားဆရာရဲ့ အော်ဟစ်ဆဲဆိုသံကိုလဲ မကြားမိပါ။ကျောခိုင်းသွားမြဲသွားနေတဲ့ လင်းရိပ်ရဲ့ နောက်ကျောပြင်ကိုသာ ငေးကြည့်နေမိတယ်။
"ဟို တစ်ယောက် အယ်သွားတာလဲ .... ဟိုမှာသွားကူလေ... အကြင်နာတရားကင်းလှချည်လား "
"ဟုတ်ပ ဘယ်လိုယောကျာ်းမျိုးလဲ "
"ရုပ်နဲ စိတ်ဓါတ်ကတခြားစီးပဲ "
ပတ်ဝန်းကျင်ရဲ့ဖြစ်တင်ပြောဆိုသံတွေကို ကျောခိုင်းပြီးလင်းရိပ် လျှောက်မြဲတိုင်း ဆက်လျှောက်ခဲ့တယ်။ပတ်ဝန်းကျင်ဆိုတာ အပေါ်ယံအမြင်နဲ့ပဲ ဝေဖန်သုံးသပ်တတ်ကြတာမို့ လူဆိုတာ တစ်ခါတလေမှာ ပတ်ဝန်းကျင်ကို မေ့ထားပြီး ကိုယ့်လမ်းကိုယ် ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားလျှောက်လှမ်းသွားရမှာပဲ မဟုတ်လား။
*****
အဝတ်အစားတွေကို သိမ်းပြီတဲ့အခါမှာတော့ အခန်းလေးက ရှင်းလင်းခြောက်ကပ်သွားတယ်။ လင်းရိပ် အိတ်ကို ကောက်ဆွဲလိုက်ပြီး တိုက်ခန်းလေးအနှံ့ကို လှည့်ပတ်ကြည့်ရှူလိုက်မိတယ်။တိတ်ဆိတ် ခြောက်ကပ်နေတဲ့ တိုက်ခန်းထဲမှာ သူမရဲ့ပုံရိပ်တွေ။ သူမရဲ့ စကားပြောသံတွကို နေရာအနှဲ့မှာ မြင်နေကြားနေရတယ်လို့ လင်းရိပ်ထင်နေမိတယ်။သူစာရင်းဇယားတွနဲ့အလုပ်များနေမိတဲ့အခါ ရုပ်ရှင်ကြည့်ပြီး တစ်ယောက်တည်း ရယ်လိုက်ငိုလိုက် ရှိနေတတ်တဲ့သူမရဲ့ပုံရိပ်လေးတွေကို မြင်ယောင်လာမိတယ်။ကိုယ်တိုင် မသိလိုက်ပါဘဲ ကျွံဝင်ခဲ့မိတဲ့ နှလုံးသားက သူမပြောသလို အနေနီးစပ်လို့ ဖြစ်ပေါ်လာခဲ့တဲ့ ချစ်ခြင်းမေတ္တာမဟုတ်ဘူးဆိုတာ ထင်ရှားသထက်ထင်ရှားလာခဲ့တယ်။ပြီးတော့ သေချာတာက အတူရှိနေခဲ့စဉ်က သတိမထားခဲ့မိပေမဲ့ သူမ မရှိတော့တဲ့ အခါမှ ဘ၀ကို သူမ မပါဘဲ တစ်ယောက်တည်းဖြတ်သန်းနိုင်ဖို့ သတ္တိအင်အားတွေ လင်းရိပ်မှာမရှိတော့ဘူးဆိုတာပါပဲ။
********
"မမ ပြန်လာမှာ မဟုတ်လားဟင် ..."
မျက်နှာငယ်လေးနဲ့ မေးနေတဲ့ ကောင်မလေးကို အနီရင့်က အသာအယာပြုံးပြလိုက်ပြီး
"ပြန်လာမှာပေါ့ ပန်းလေးရဲ့ ..ကိစ္စရှိလို့ ခဏပြန်တာပါ ...သုံးလေးရက်နေရင် မမပြန်လာခဲ့မှာပါကွယ် "
အနီရင့်က ပန်းလေးကို ချော့မော့ပြန်လွှတ်လိုက်ပြီး အဝေးပြေးကားပေါ်ကိုတက်ခဲ့လိုက်တယ်။တစ်နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ပန်းလေးဆိုတဲ့ အသက်နှစ်ဆယ်အရွယ် ကလေးမနဲ့အနီရင့်တို့ အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ အနီရင့် ရန်ကုန်က ထွက်လာခဲ့ပြီး ပန်းလေးတို့ ခြံထဲက အိမ်သေးလေးမှာ ငှားနေဖြစ်ခဲ့တယ်။အနီရင့် ဒီမြို့လေးကို ရောက်လာခဲ့တာကလည်း ပန်းလေးရဲ့ အကူအညီနဲ့ပဲ ရောက်လာခဲ့တာလို့ ပြောရမလား ။အနီရင့်နဲ့ပန်းလေး လူမှုကွန်ရက်ကနေ စတင်သိခဲ့ကြတာ။ ပန်းလေးက အနီရင့်ရဲ့အမာခံ စာဖတ်ပရိတ်သက်တစ်ယောက်ပဲ ဆိုပါတော့။အခုလည်း အနီရင့်ရဲ့ ဝတ္ထုကို ရုပ်ရှင်ရိုက်ထားတဲ့ ရုပ်ရှင်ကား အထူးပြပွဲရှိလို့ အနီရင့်ရန်ကုန်ကို ခဏပြန်မှာကို ပန်းလေးက အနီရင့် မြန်မလာတော့မှာကြောက်ပြီး ကားမထွက်ခင်အထိ တတွတ်တွတ်မှာနေတာလေ။
******
ရန်ကုန်မြေကို ခြေချမိတာနဲ့ တစ်ပြိုင်နက် အနီရင့်ရဲ့ နှလုံးသားက တဖျပ်ဖျပ် လှုပ်ရှားခုန်လှုပ်လာပြန်တယ်။လူကသာ ရန်ကုန်မြို့လယ်ရဲ့ ဟော်တယ်မှာ တည်းနေရပေမဲ့ စိတ်ကတော့ သူနဲ့သူရှိရာ အရပ်ကို အခေါက်ခေါက်အခါခါ သွားရောက်နေမိတယ်။သူအဆင်ပြေလား ။ သူရော အနီရင့် ဆိုတဲ့ သူမကို သတိတရ ရှိသေးရဲ့လားလို့လည်းစိတ်က သိချင်စိတ်တွေ ပြင်းပြနေမိတယ်။ဖခင်ကြီးဆီက သိရသလောက်တော့ ဆိုင်က တင်ထားတာထက်ပိုပြီး အဆင်ပြေသတဲ့လေ။ပြီးတော့ သူ့မိခင်ရဲ့ ကျန်းမာရေးကလည်း လူကောင်းပကတိနီးပါးကို ကောင်းမွန်နေပြီးတဲ့ ။ဒါက ဖခင်ဆီက တစ်ဆင့် သိရတဲ့ သူ့အကြောင်း အကုန်ပါပဲ။ သူ့အချစ်ရေးကိုတော့ ဖခင်ကမသိတာမို့ အနီရင့်လည်းသိခွင့်မရခဲ့။သူ့မှာချစ်သူရည်စားတွေများရနေလေပြီလား ။ ဒါမှမဟုတ် သူ့ချစ်သူနှင်းသီရိနဲ့များ ပြန်တွဲနေလား ။ သူ့အကြောင်းတွေကို
နှင်းသီရိက ဘာမှ ဖြေရှင်းချက် မပေးဘဲ တိတ်ဆိတ်နေပြီးမှ သူပြောချင်တာကို ထပြောလိုက်တယ်။
"သူက မောင့်ကို မချစ်လို့ ထားခဲ့တာလေ ... မောင်က ဘာတွေ အတွေးချော်နေတာလဲ ... မောင်နဲ့ ပတ်သက်ပြီး သူဘာပြောလဲ သိလား ... မောင်တို့မိသားစုက သူ့အတွက် ဝန်ထုပ်၀န်ပိုးတွေတဲ့လေ... "
အဖြစ်မှန်တွေကို ဘာမှမသိဘဲ သူလိုရာကို ဆွဲပြောနေတဲ့ နှင်းသီရိကို လင်းရိပ် ဆက်ပြောချင်စိတ်မရှိတော့တာမို့ ကျသင့်ငွေကို စားပွဲပေါ်မှာ တင်ခဲ့ပြီး ဆိုင်ထဲကထွက်လာခဲ့တယ်။
******
"မောင် နေအုံး ...ဒီလို ထားသွားလို့မရဘူးနော် ...နှင်း လက်မခံနိုင်ဘူး"
လင်းရိပ် ဆိုင်အပြင်ကို ရောက်လာတော့ နောက်က ပြေးလိုက်လာတဲ့ နှင်းသီရိရဲ့အသံကိုကြားလိုက်ရတယ်။
"မောင် ....နှင်း ကိုယ့်ကိုယ်ကို သတ်သေလိုက်မှာနော် ...နှင်း တကယ် မလုပ်ဘူး ထင်နေတာလား "
နေ့ခင်းနေ့လယ်မို့ လမ်းပေါ်မှာ လူရှင်း နေပေမဲ့ လမ်းသွားလမ်းလာ အချို့က လင်းရိပ်တို့ကို စိတ်ဝင်တစားနဲ့ မသိမသာရော ၊ သိသိသာသာပါ ရပ်ကြည့်နေကြတယ်။ လင်းရိပ်က ဒါတွေကို ဂရုမစိုက်ဘဲအရှေ့ကိုပဲ ဆက်လျှောက်သွားခဲ့လိုက်တယ်။
နှင်းသီရိကလည်း လိုချင်တာ ဖြစ်ချင်တာကို ဇွတ်တရွတ်လုပ်တတ်သူမို့ လူကြားထဲမှာ မရှက်မကြောက် ပြောပြီး ကားလမ်းမပေါ်ကို ပြေးတက်သွားလိုက်တယ်။
"ရတယ် မောင် ...ဒီလောက်တောင် ဖြစ်လှမှ တော့ နှင်း ဒီလောကကြီးမှာ မနေတော့ဘူး "
" တီ ...တီ...တီ "
" ဟဲ့ ..ဟဲ့ မလုပ်နဲ့ လေ "
" ဟာ "
"ဟယ် "
"အမလေး "
နှင်းသီရိရဲ့ အော်ပြောလိုက်သံအဆုံးတွင် ပတ်ဝန်းကျင်ရှိ လူတွေဆီမှ အထိတ်တလန့် အော်ဟစ်သံများကို လင်းရိပ်ကြားလိုက်ရတယ်။
====================
ဇာတ်သိမ်းပိုင်းဆက်ရန်
ဧကြည်ဖြူ
* ဒီနေရာမှာ စာဖတ်သူတို့သာ လင်းရိပ်ဆိုရင် ဘာလုပ်မှာလဲ *
"အမေက သိပ်သတ္တိရှိတာပဲ လင်းရိပ်ရဲ့ ...နှင်းကိုတောင် ပြန်အားပေးနေတယ်လေ "
နှင်းသီရိရဲ့ "အမေ"ဆိုတဲ့ အခေါ်အဝေါ်ကို မိခင်ကြီးက မနှစ်မြို့သလိုပုံစံဖြစ်နေတာကို လင်းရိပ် သတိထာလိုက်မိတယ်။ ဒါပေမဲ့ နှင်းသီရိကတော့ သူ့ထုံးစံအတိုင်း မသိဟန်ဆောင်နေတာလား ။တကယ်ပဲမရိပ်မိတာလားမသိဘဲ အမေချင်းထပ်အောင် ခေါ်ပြီး စကားတွေပြောနေတယ်။
"အမေ ဘာစားချင်လဲ ...နှင်းချက်ခဲ့မယ်လေ ..လင်းရိပ်တို့အတွက်လဲ နှင်းပဲ ချက်ပေးခဲ့ပါ့မယ် ....ဆိုင်က ထမင်းဟင်းတွေက ဆီသန့်တာမဟုတ်ဘူးလေ "
"ရပါတယ်ကွယ် ... ဒုက္ခမရှာပါနဲ့ ...သမီးနဲ့သားတလှည့်စီ အိမ်မှာပြန်ချက်နေကြလို့ အစားအသောက် အဆင်ပြေပါတယ်ကွယ် "
နှင်းသီရိ တစ်ယောက် လင်းရိပ်မိခင်ရဲ့နားမှာ ဟိုလုပ်ဒီလုပ်နဲ့ လုပ်နေရင်း ဧည့်ချိန် ပြည့်သွားတာမို့ ပြန်ဖို့ ပြင်လိုက်တယ်။
"နှင်းပြန်တော့မယ်နော် အမေ "
နှင်းသီရိက လင်းရိပ်မိခင်ကို နှုတ်ဆက်လိုက်တယ်။
" ခဏလေးနှင်း ...ကိုယ်လိုက်ပို့ပေးမယ်လေ ...ဟိုမှာ ညီမလေး သန်းစင်ခန်းဘက်သွားလို့ ခဏလေးစောင့်ပေးနော် "
လင်းရိပ်ရဲ့ စကားကြောင့်နှင်းသီရိရဲ့ မျက်နှာက မဖုံးနိုင်မဖိနိုင်အောင် ဝမ်းသာပျော်ရွှသွားပုံရပေမဲ့ မိခင်ဖြစ်သူက မျက်နှာကွက်ခနဲပျက်သွားကို လင်းရိပ်သတိထားလိုက်မိတယ်။ ဒါပေမဲ့လည်း လင်းရိပ် မသိချင်ယောင်ဆောင်နေလိုက်တယ်။
*******
ဆေးရုံကနေ နှစ်ယောက်သားထွက်လာပြီးတဲ့နောက်မှာ လင်းရိပ်က လူရှင်းတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ထဲကို ၀င်လာခဲ့ပြီး ဆိုင်ရှေ့ပန်းခြံထောင့်နားက စားပွဲဝိုင်းဆီကို လျှောက်လာခဲ့တယ် ။
"ထိုင်လေ "
လင်းရိပ်က ပြောပြီး စားပွဲဝိုင်းအောက်က ဖင်ထိုင်ခုံကို ဆွဲထုတ်လိုက်ပြီး အရင်ထိုင်လိုက်တယ်။
သူ့အတွက် ခုံကို ထုတ်ပေးတယ်လို့ ထင်နေမိတဲ့နှင်းသီရိမှာ လင်းရိပ်ရဲ့ အပြုအမူကြောင့် အောင့်သီးအောင့်သက်နဲ့ ခုံတစ်လုံးကိုဆွဲယူထုတ်ပြီး ထိုင်ချလိုက်ရတယ်။
"နှင်း ကြိုက်တာမှာနော်..."
နှင်းသီရိခုံမှာ ၀င်ထိုင်လိုက်တာနဲ့ လင်းရိပ်က ပြောလိုက်ပြိ စားပွဲထိုးလေးကို သူ့အတွက် ကော်ဖီတစ်ခွက်ပဲ မှာလိုက်တယ်။
လင်းရိပ်ရဲ့ အပြုအမူတွေကိုကြည့်ပြီး နှင်းသီရိ ရင်ထဲမှာ စိုးရိမ်စိတ်ကလေးဝင်လာမိတယ်။
" ကဲ နှင်း ....ကိုယ်တို့ ပွင့် ပွင့်လင်းလင်းပဲပြောကြစို့ ....မင်းအခုလို ကိုယ့် အမေ့ကို လာကြည့်ပေးတာကျေးဇူးတင်ပါတယ် ...ဒါပေမဲ့ မင်းနဲ့ ကိုယ်က မိတ်ဆွေတွေပဲမို့ လိုတာထက် မပိုပါနဲ့.... ပြီးတော့ ရှင်းရှင်းပဲပြောမယ် .. မင်းဆီကို ကိုယ်ဘယ်တော့မှပြန်လာမှာ မဟုတ်ဘူး ..မင်းကို ကူညီခဲ့တယ် ဆိုတာလဲ နှမချင်း ကိုယ်ချင်းစာမိလို့ ကူညီလိုက်လျောပေးခဲ့တာပဲရှိတာ...ကိုယ့် အနီရင့်ကိုချစ်မိနေပြီ....ဘယ်တုန်းကတည်းက ချစ်ခဲ့တာလဲ မသိပေမဲ့ သက်ဆုံးတိုင် သူ့ကိုပဲ ချစ်သွားမိတော့မယ်ဆိုတာတော့ သေချာတယ် ...အမေကျန်းမာရေး ကောင်းရင် သူ့ကို လိုက်ရှာမှာ ...တကယ်လို့ မတွေ့ခဲ့ရင်လဲ သူပြန်လာတဲ့အထိ စောင့်နေမှာပါ .."
"ဘယ် ....ဘယ်လို မောင် ... မောင်မှားနေပြီ ...မောင်က အနီရင့်နဲ့ အနေနိုးစပ်ခဲ့လို့ သူ့ကို့ချစ်မိတယ် ထင်နေတာပါ...ကြာရင် သူ့ကို မောင်မေ့သွားမှာပါ မောင် ....နှင်းပြောရဲပါတယ် မောင်ရယ် ..."
နှင်းသီရိက တုန်တုန် ယင်ယင် အထစ်ထစ် အငေါ့ငေါ့ နဲ့ ပြောလိုက်တော့ လင်းရိပ်ကခေါင်းကို ခါယမ်းလိုက်တယ်။
"ရှေ့လျှောက် ကိုယ့်တို့ဆီကို မလာပါနဲ့တော့ ... မိတ်ဆွေတွေပါဆိုပြီး ချစ်သူရည်းစားဟောင်းတွေ အချင်းချင်း မပြီးနိုင်မစီးနိုင် သာယာမှု ရှာနေကြတာတွေကို ကိုယ်ရွံတယ် ... မင်းနဲ့ ပတ်သက်ခဲ့မိတယ်ဆိုတယ်ဆိုတာလဲ ... မင်းဘ၀ပျက်စီးသွားမှာ စိုးလို့ ကူညီ ထိန်းပေးရုံပဲ ဘာစိတ်မှ မရှိဘူး ... ဒါပေမဲ့ အနီရင့်ရဲ့ စာထဲမှာ ချစ်သူဟောင်းနဲ့ သူ့ကြားမှာ ဗျာများနေတဲ့ လင်းရိပ်ကို သနားတယ်ဆိုတဲ့ စာကြောင်းကို ဖတ်မိလိုက်တော့မှ ကိုယ့်ရဲ့ ကိုယ်ချင်းစာနာစိတ်က ကိုယ်ချစ်တဲ့သူတွေကို စိတ်သောကဖြစ်နေစေမိမှန်းကို သာအမြင်မှန်ရခဲ့တာပဲ ...
ဒီက ရှေ့လျှောက်တော့ ကိုယ်တို့ မသိသူတွေလိုပဲ နေကြရအောင် ..."
လင်းရိပ်ရဲ့စကားကြောင့် နှင်းသိရိဆတ်ခနဲ ခေါင်းကို ခါယမ်းလိုက်ပြီး
"ပြောရက်လိုက်တာ မောင်ရယ် ...နှင်းတော့ မလိုက်နာနိုင်ပါဘူး ... နှင်းတို့ မိတ်ဆွေတွေအဖြစ် ခင်မင်နေတာက ဘယ်သူ့ကိုထိခိုက်နေလို့လဲ .."
" ပြန်တော့မယ် ... ပိုက်ဆံ ကိုယ်ရှင်းခဲ့လိုက်မယ် "
လင်းရိပ်က ဘာမှ ထပ်ပြောချင်စိတ် မရှိတာမို့ ပြန်ဖို့ စကားပြောလိုက်တယ်။
"မရဘူး ...ဒီလိုလုပ်လို့မရဘူး ....တကယ်လို့ မောင်သာ နှင်းကို အဆက်အသွယ်မလုပ်ဘူးဆိုရင်...မောင်အရင်က ဘာအလုပ်လုပ်ခဲ့လဲဆိုတာကို မောင့် မိသားစုကို နှင်း ပြောပြလိုက်မှာ "
နှင်းသီရိရဲ့ ခြိမ်းခြောက်စကားကို ကြားတော့ လင်းရိပ် ဒေါသထောင်းခနဲ ထွက်သွားမိသလို စိတ်ထဲမှာ တစ်စုံတစ်ခုကို ဖျတ်ခနဲ တွေးလိုက်မိတယ်။
"မင်း ....မင်း ဒီလိုပုံစံမျိုးနဲ့ ...အနီရင့်ကိုရော ပြောခဲ့တာလား ဟုတ်တယ်မဟုတ်လား ....ရွံစရာကောင်းတဲ့ မိန်းမ..."
လင်းရိပ် နှင်းသီရိ မျက်နှာကို ရွံရှာစက်ဆုပ်တဲ့ အကြည့်န့် ကြည့်လိုက်ပြီး အသံမာမာနဲ့ မေးလိုက်တယ်။
မနှင်းသီရိ အကြောင်းကို လင်းရိပ် ကို လုံးဝမပြောပြခဲ့ပါဘူး...ဘာလို့လဲဆိုတော့ လင်းရိပ်လိုလူမျိုးက လူတစ်ယောက်ကို အဆိုးအကောင်းကြည့်ပြီး ချစ်တတ် မုန်းတတ်တဲ့သူမျိုး မဟုတ်ဘူးဆိုတာ ကျွန်မသိနေလို့ပဲ ...တကယ်လို့ များ ...လင်းရိပ်က မနှင်းသီရိကို ချစ်နေတယ်ဆိုရင် မနှင်းသီရိ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် သူ ချစ်နေအုံးမှာပါပဲ.. ... ပြီးတော့ တစ်ခါတစ်ရံမှာ လူသာဆန်ဆန်စာနာတတ်တာနဲ့ အချစ်က ရောထွေး နေတတ်တယ် ....ကျွန်မကတော့ လူသားဆန်မှုရယ် တဏှာရယ်မပါတဲ့ အချစ်စစ်ကိုပဲ လိုချင်တာမို့ အဝေးကို ထွက်သွားခဲ့တာပါ.....ကံကောင်းပါစေ မနှင်းသီရိ ..."
ဖုန်းကနေ ပေးပို့ထားတဲ့ စာကိုဖတ်ရင်း နှင်းသီရိ စိတ်ထဲမှာ ပထမတော့ လှိုက်ခနဲ ပျော်ရွှင်သွားမိတယ်။နောက်တော့ စာကို အကြိမ်ကြိမ် အခါခါ ပြန်ဖတ်မိရင်း စိုရိမ်ကြောင့်ကြစိတ်လေး နည်းနည်း၀င်လာမိတယ်။ချစ်သူလင်းရိပ်က နှင်းသီရိကိုချစ်နေသေးလား ။ အရင်ကရောတကယ်ချစ်ခဲ့တာလား ဆိုတာကို နှင်းသီရိ သေချာမသိပါ။ ဒါပေမဲ့လည်း ကိစ္စတော့ မရှိပါဘူး ။လင်းရိပ်နဲ့ အနီရင့်တို့ လမ်းခွဲလိုက်ကြပြီ ဆိုရင် နှင်းသီရိရဲ့ ကနဦးအကြံအစည် အောင်မြင်တာပဲမဟုတ်လား။
******
"ဘယ်လို သား ...သမီးနီက ခရီးထွက်သွားတယ် ဟုတ်လား ...နေပြန်ကောင်းခါစမှာ ဘယ်ကို ခရီးထွက်တာလဲ ... ငါ့သားကရော ဘာလို့ လွတ်လိုက်တာလဲ ...ဒီအချိန် သူ့ကို ဂရုစိုက်ရမယ်ဆိုတာ ...မသိဘူးလား ..."
လင်းရိပ် ခေါင်းငိုက်စိုက်ချပြီး မိခင်ကြီး ပြောသမျှကို နားထောင်နေမိတယ်။
"မမနိက ဘယ်ကို သွားတာလဲ အစ်ကို .."
ညိမဖြစ်သူက လင်းရိပ်ကိုကြည့်ပြီး မေးလာတယ်။ လင်းရိပ်လည်း စိတ်ထဲပေါ်လာတာကို ဖြေလိုက်တယ်။
" သူ့ သူငယ်ချင်းရှိတဲ့ နယ်ဘက်ပါ ...စိတ်ပြေလက်ပျောက်လဲဖြစ် ...စာလဲရေးရအောင် လွတ်လိုက်တာပါ ...ပြီးတော့ အမေ့ကို ခွဲစိတ်ကုသနေတဲ့ အချိန်အတွင်းမှာ သူ့ကိုလဲ ဂရုစိုက်အားမှာ မဟုတ်လို့ ခရီးထွက်ခိုင်းလိုက်တာ ...."
" ရှင် အစ်ကို ... ဘယ်လို အမေ့ကို ခွဲစိတ်ကုသပေးတော့မယ် ဟုတ်လား ... ငွေ ... ငွေက ဘယ်ကရလဲ "
"အမေ့ကို ခွဲစိတ်ကုသမယ် ဟုတ်လား သား .. နင့် ညီမ ပြောသလိုပဲ ငွေက ဘယ်ကရလဲ ... ဟို ... ဟို .. ဆိုင်အတွက် မင်းယောက္ခမ ထုတ်ပေးထားတဲ့ ငွေထဲကများ ယူတာလားဟင် ...မဟုတ်ဘူး မဟုတ်လား သားကြီး "
ငွေအတွက် စိုးရိမ်တကြီး မေးလာကြတဲ့ မိခင်ဖြစ်သူ ညီမဖြစ်သူကို လင်းရိပ်မှာ မနည်းပင်ရှင်းပြပြောပြလိုက်ရတယ် ။
"သားပြောတာ အမှန်တွေပါ အမေရဲ့ ...အမေခွဲစိတ်ဖို့ သားတို့ နှစ်ယောက်စုထားတဲ့ငွေတွေပါ ...ကဲပါ ဒီနေ့ သား ဆရာဝန်ကြီးနဲ့ သွားတွေ့ပြီး ခွဲစိတ်ဖို့ဆွေးနွေးလိုက်မယ်နော် "
******
"မြတ်ဘုန်း ဆုံးသွားပြီ ''
"ရှင် .. ဘာ ... ဘာပြောတယ်"
ဒေါ်ဌေးဌေးမူက ယောကျန်းဖြစ်သူကို အလန့်တကြား မေးလိုက်မိတယ်။
"ဟုတ်တယ် ... လေဆိပ်ကို အသွားမှာ ကားတိုက်မှုဖြစ်ခဲ့တာတဲ့ ... သူ့အိမ်က သတင်းရလို့ လိုက်သွားတော့ အသက်မမီတော့ဘူးတဲ့ "
"အမလေး ... ဒုက္ခပါပဲ ...ကျွန်မသမီးလေးတော့ ဒုက္ခပါပဲရှင် ... ဘယ်လိုလုပ်ကြမလဲတော် "
ဒေါ်ဌေးဌေးမူက ပြောရင်းနဲ့ ငိုချလိုက်တယ်။
"ဟေ့ ...မင်းငိုမနေနဲ့ ...ဒီကိစ္စကို သမီး မသိစေနဲ့ အုံး ....သမီး ဆေးရုံကမဆင်းခင် ငါတို့လည်း အိမ်ပြောင်းဖို့ လုပ်နေတယ် ....မင်းသာ ဟန်မပျက်နေ...ဒီတစ်ခါ သမီးတစ်ခုခုဖြစ်လို့ကတော့ မင်းကို ခွင့်မလွှတ်ဘူးနော် ...ဌေးဌေး "
"ဒီလို ဆုံးဖြတ်လို့ ဖြစ်ပါ့မလား ...ဘာပဲဖြစ်ဖြစ် သူ့ယောကျာ်းရဲ့နောက်ဆုံး ခရီးကို သမီးလေးကို ပြောပြသင့်တယ် ထင်တယ် ယောက်ျား "
" တော်တော့ ဌေးဌေး မင်းဘာမှ မရှည်နဲ့ ... သေတဲ့သူက သေပြီး ...ငါ့သမီးကို ထပ်ပြီး စိတ်ဆင်းရဲရအောင် မလုပ်နဲ့ "
*******
"ဟင် "
လင်းရိပ် သတင်းစာကို ဖတ်နေရင်း အံ့သြမင်သက်မိသွားတယ်။ပြီးတော့ အနီရင့် ဒီသတင်းကို တွေ့ရင် ထိတ်လန့်တုန်လှုပ်နေမလားလို့ပါ စိုးရိမ်သွားမိတယ်။
" ဘာဖြစ်လို့လဲ အစ်ကို ..."
သတင်းစာကိုကိုင်ပြီး မျက်လုံး အပြူးသားနဲ့ အံ့ဩတကြီးဖြစ်နေတဲ့လင်းရိပ်ကို ညီမဖြစ်သူက မေးလိုက်တယ်။
" ဪ ...အင်း ..ဘာမှ မဟုတ်ပါဘူး ...အသိတစ်ယောက်ရဲ့နာရေးသတင်း ပါလာလို့ပါ "
" ဘာများလဲလို့လန့်သွားတာပဲ ...အမေ့ ခွဲစိတ်ဖို့ရက် နီးလာလေ စိတ်တွေ လှုပ်ရှားလေ ဖြစ်နေမိတယ် အစ်ကိုရာ "
" ဘာမှ စိတ်မပူပါနဲ့ ...အမေ့ ပြန်ကောင်းမှာပါ .."
လင်းရိပ် ညီမဖြစ်သူကို အားပေးစကားပြောလိုက်ရင်း မိခင်ကြီးရှိရာအခန်းထဲကို ၀င်လာခဲ့လိုက်တယ်။မိခင်ကြီးကို ခွဲစိတ်နိုင်ဖို့အတွက် ဆေးရုံတက်နေချိန်ကစပြီး လင်းရိပ်မှာ အလုပ်များနေတာမို့ ဆိုင်ကိုလဲ ညီဖြစ်သူနဲ့ တလှည့်စီထိုင်နေခဲရတယ်။
မိခင်ဖြစ်သူရဲ့အခန်းထဲကို ၀င်လိုက်ချိန်မှာ နှင်းသီရိ ရောက်နေတာကို တွေ့လိုက်ရတာမို့ လင်းရိပ်တစ်ချက် တွေခနဲဖြစ်သွားမိတယ်။အနီရင့် အိမ်က ထွက်သွားပြီးကတည်းက နှင်းသီရိနဲ့ မဆက်သွယ်ဖြစ်ခဲ့ပါ။နှင်းသီရိဆီက ဖုန်း ဆက်ပေမဲ့ လင်းရိပ်ဖုန်းမကိုင်ဖြစ်ခဲ့။ဒါပေမဲ့ လင်းရိပ် ဘာလုပ်လုပ်သိနေတတ်တဲ့ နှင်းသီရိက အခုလည်းဆေးရုံကို ရောက်လာပြန်တာကို လင်းရိပ် မအံ့သြမိတော့ပါလေ။
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
အပိုင်း ( ၂၅)
*******
လင်းရိပ် နှေးကွေးလေးလံတဲ့ခြေလှမ်းတွေနဲ့ ဆိုဖာခုံရိုရာကို လျှောက်လှမ်းလာခဲ့မိတယ်။အဝတ်အစားအချို့နဲ့ သူမ သုံးနေတဲ့ လက်တော့ရယ် ဖုန်းပဲယူပြီး သူမဘယ်ကို ထွက်သွားပါသလဲ။အကြိမ်အရေအတွက် ပေါင်းများစွာဖုန်းတွေ ခေါ်ခဲ့ပေမဲ့ "တပ်ဆင်ထားခြင်း မရှိပါ "ဆိုတဲ့ ဖြေသံတွေပဲ ထပ်တလဲလဲကြားခဲ့ရတယ်။တီးတိုးစကားပြောသံတွေ ကင်းမဲ့သွားပြီး တိတ်ဆိတ်ခြောက်ကပ်နေတဲ့ အခန်းထဲမှာ လင်းရိပ် အသက်ကင်းမဲ့သူလို ထိုင်နေမိတယ်။လည်းချောင်းတစ်လျှောက်မှာ မီးစနဲ့ အထိုးခံထားရသလို စူးရှနာကျင်နေပေမဲ့ မျက်ရည်ဆိုတဲ့အရာက ကျမလာခဲဘူး။ယောကျာ်းဆိုတာ မျက်ရည် သိပ်ခိုင်တယ်ဆိုတာထက် မျက်ရည်ကျလိုက်လို့ ခံစားရတာတွေ လျော့ပါးသွားမှာကို လင်းရိပ်မလိုလားဘူး။ပြီးတော့ အရိပ်အယောင်လေးတောင် မပြဘဲ ထွက်သွားခဲ့တဲ့သူမကို စိတ်ထဲက အနည်းငယ်နာကျင်နေမိတယ်။
လင်းရိပ် ဆိုဖာခုံထက်မှာ ထိုင်ချလိုက်ပြီး စားပွဲခုံပေါ်က အပြာရောင်အိတ်ကို မဝံ့မရဲနဲ့ယူကြည့်လိုက်မိတယ်။
အိတ်ထဲကို နှိုက်ကြည်လိုက်တဲ့အခါ ပထမဆုံးထွက်လာတာက စာအိတ်လေးတစ်အိတ်။ပြီးတော့ စာချုပ်လေးတစ်စောင် ။လင်းရိပ် စာချုပ်ကို တုန်ယင်နေတဲ့ လက်တွေနဲ့ ကိုင်ယူ ဖတ်ကြည့်လိုက်တဲ့အခါ လင်းရိပ်တွက်ဆထားမိသလို ကွာရှင်းစာချုပ် ဖြစ်နေတာကို တွေ့လိုက်ရတာမို့ လင်းရိပ်ရင်ထဲမှာ လှိုက်ဖို ဆို့နင့်သွားမိတယ်။ပြီးတော့ တဆတ်ဆတ် တုန်ယင်နေသေးတဲ့လက်အစုံနဲ့ပဲ စာအိတ်ကလေးကို ဖောက်ဖတ်လိုက်တယ်။
" သို့
လင်းရိပ်ရေ
.....ဒီစာကို ဖတ်နေရတဲ့အချိန်မှာ အနီရင့်ရန်ကုန်မြို့ကြီးရဲ့ အဝေးတစ်နေရာကို ရောက်ရှိနေလောက်ပါပြီ...ဒီလိုပုံစံနဲ့ နှုတ်ဆက်ခဲ့ရလို့ စိတ်မကောင်းပါဘူး လင်းရိပ်ရယ် ...ဒါပမဲ့လည်း ခဲမှန်ဖူးတဲ့စာသူငယ်မို့ အနေနီးစပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ထင်ယောင်ထင်မှား အချစ်တွေရဲ့ အောက်မှာ တို့နှစ်ယောက် သာယာမိတာမျိုး မဖြစ်ချင်ဘူး ... ပြီးတော့ လင်းရိပ်ရဲ့ချစ်သူနဲ့ အနီရင့်ရဲ့ကြားမှာ ဗျာများနေတဲ့ လင်းရိပ်ကိုလဲ သနားမိတယ်....လင်းရိပ်ကိုလဲပျော်ရွှင်စေချင်လို့လွတ်လပ်ခွင့်တွေပြန်ပေးလိုက်ပါတယ်...လင်းရိပ်ရဲ့ဘဝကို အနှောင်အဖွဲ့ကင်းကင်းနဲ့ ရှင်သန် ပါ.... အချစ်ကို နှလုံးသားနဲ့တင်မဟုတ်ဘဲ အသိဉာဏ်နဲ့ပါ ချစ်ပါ .လင်းရိပ်ကို ယုံကြည်ပါတယ်... အနီရင့်တို့လမ်းခွဲလိုက်ကြပေမဲ့ စီးပွားရေးကစီးပွားရေးပဲမို့ စိတ်သန့်သန့်နဲ့လုပ်ပါ ...အရင်ကပြောထားသလိုပဲ ဆိုင်ရဲ့ အကျိုးအမြတ်ကို ခွဲယူကြမှာမို အဖေ့ကို ဘာမှမပြောပါနဲ့နော် ...အချိန်တန်ရင် အနီရင့်ဘာသာ ရှင်းပြလိုက်ပါ့မယ် .. ပြီးတော့ အနီရင့်ကရန်ကုန်ကိုတော်တော်နဲ့ ပြန်မလာသေးတာမို့ စာအုပ်ဆိုင်နဲ့ တိုက်ခန်းကိုလည်း ကြည့်ရှုစောင့်ရှောက်ပေးထားပါနော် ....လင်းရိပ် တို့မိသားစုလဲ စာအုပ်ဆိုင်မှာပဲ ဆက်နေချင်နေလို့ရပါတယ်...လင်းရိပ် အတွက် မွေးနေ့လက်ဆောင်ကို လင်းရိပ်ရဲ့ အခန်းထဲမှာ ထားခဲ့တယ်...လက်ဆောင်ကို အသုံးပြုပါလို့ တောင်းဆိုပါရစေ...တကယ်တော့ ဒီလက်ဆောင်ကို ပေးချင်ခဲ့တာကြာပါပြီ...လင်းရိပ် အနေနဲ့ နားလည်မှုလွဲသွားမှာစိုးလို့ အချိန်တစ်ခုထိစောင့်နေခဲ့ရင်း ဒီအချိန်မှပေးလိုက်ရလို့ စိတ်မကောင်းပါဘူး..နောက်တစ်ခါပြန်ဆုံဖြစ်ကြရင် အန်တီ ကျန်းမာပျော်ရွှင်နေတာကို မြင်ချင်ပါတယ်...လင်းရိပ်လဲ ပျော်ရွှင်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်...
အနီရင့် "
စာကို သုံးလေးခေါက်မျှ ဖတ်ပြီးသွားတော့ လင်းရိပ် ငူငူငေါင်ငေါင်နဲ့ ဆိုဖာခုံမှာဆက်ထိုင်နေမိတယ် ။ပြီးတော့ စာထဲက စာကြောင်း တစ်ကြောင်းကို စိတ်ထဲက မကျေမနပ်နဲ့အထပ်ထပ်အခါခါ ရွတ်ဆိုနေမိတယ်။" ဪ ... အနေနီးစပ်လိုဖြစ်ပေါ်လာတဲ့အချစ်ကို သာယာမိတာတဲ့လား ...မင်းဘယ်လိုများ တွေးရက်ရတာလဲ အနီရင့်ရယ် ..."
လင်းရိပ် အိပ်ခန်းထဲကို ဝင်လာခဲ့လိုက်တယ်။ဝင်ဝင်ချင်းမှာပဲ အိပ်ရာပေါ်မှာ တင်ထားတဲ့ အထုတ်တစ်ထုတ်ကိုတွေ့လိုက်ရတယ်။ လင်းရိပ်အထုတ်ကို ကောက်ယူကြည်လိုက်တော့ အထုတ်ပေါ်မှာ "အန်တီ့ကို ခွဲစိတ်ကုသပါ ...ဒီငွေက လင်းရိပ် အသုံးစရိတ်ပေးခဲ့တဲ့ ငွေနဲ့ အနီရင့်ကိုယ်ပိုင် ရှာဖွေခဲ့တဲ့ငွေတွေပါ ..ကျေးဇူးပြုပြီး လက်ခံပေးပါ ..."ဆိုတဲ့ စာကြောင်းလေးတွေကို တွေ့လိုက်ရတယ်။ အထုတ်ထဲမှာတော့ တစ်သောင်းတန် ငွေစက္ကူအထပ်လိုက်ကရှိနေတယ်။ လင်းရိပ် ငွေထုတ်ကိုကြည့်ရင်း အံကိုတင်းတင်းကြိတ်ထားမိတယ်။ မျက်ရည်တစ်စက်က ပါးပြင်ပေါ်ကို ပေါက်ခနဲ စီးကျလာတယ်။ ဒါပေမဲ့ တင်းကြပ်နေတဲ့ ခံစားချက်တွေက နည်းနည်းလေးမှ လျော့ပါးမသွားခဲ့ပါဘူး။
လင်းရိပ် မိမိအခန်းထဲက ပြန်ထွက်လာခဲ့ပြီး ဧည့်ခန်းဆိုဖာခုံမှာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်ရင် သူမ စာထိုင်ရေးနေကျ စားပွဲခုံလေးကို ငေးကြည့်နေမိရင်း သူမနဲ့ ပထမဆုံး စတွေ့တဲ့အချိန်ကို အမှတ်ရနေမိတယ်။
********
"မနှင်းသီရိ ...ကျွန်မ ခရီးထွက်သွားပါပြီ...ဒါပေမဲ့ မနှင်းသီရိကြောင့် ထွက်သွားတာမဟုတ်လို့ ယောင်လို့ တောင် စိတ်မကောင်းမဖြစ်လိုက်ပါနဲ့ ...မနှင်းသီရိ ဘယ်လိုမိန်းခလေးလဲဆိုတာကို ကျွန်မ သိပါတယ်... မနှင်းသီရိ ကိုယ်ဝန်ဖျက်ချခဲ့တာလဲ ကျွန်မသိတယ် ...ဒါပေမဲ့ စိတ်မပူပါနဲ့ ...
အထဲက တုံ့ပြန်သံမကြားရတာမို့ လင်းရိပ်က တံခါးကို အသာဖွင့်ကြည့်လိုက်တော့ တံခါးက အလွယ်တကူ ဖွင့်သွားတယ်။
"နီ ...မင်း နေမကောင်းဘူးလား ..."
တံခါးပွင့်သွားတာနဲ့ လင်းရိပ် အခန်းထဲကိုဝင်လိုက်ပြီး အလောတကြီး မေးလိုက်ချိန်မှာ ဟာလာဟင်းလင်း ဖြစ်နေတဲ့ အခန်းကို တွေ့လိုက်ရတာမို့ လင်းရိပ် ကြက်သေသေသွားမိတယ်။ အိပ်ရာခင်းတွေကအစသိမ်းဆည်းထားတဲ့ အခန်းကို ကြည့်ပြီး လင်းရိပ်ရင်ထဲမှာ နင့်ခနဲ ဆို့တက်လာတယ်။ သေချာအောင် လင်ရိပ် တုန်တုန်ယင်ယင်နဲ့ ဗီဒိုတံခါးတွေကို သွားဖွင့်ကြည့်လိုက်မိတယ်။
"ဟင် "
အဝတ်ဟောင်း တစ်ချို့ပဲ ကျန်ခဲ့တဲ့ဗီဒိုရှေ့မှာ လင်းရိပ် ဒူးထောက် ထိုင်ချလိုက်မိတယ်။
=====================
အပိုင်း (၂၅ ) ဆက်ရန်
ဧကြည်ဖြူ
****
"ကျွီ "
အနီရင့် ထိုင်နေတုန်းမှာပဲ အိမ်ရှေ့သံပန်းတံခါးကို ဆွဲဖွင့်သံကြားလိုက်ရတယ်။သစ်သားတံခါးကိုလည်း မပိတ်ထားတာမို့ အနီရင့်တိုင်ခုံမှာပဲ ဆက်ထိုင်နေလိုက်တယ်။ နာရီကို မသိမသာ လှမ်းကြည်လိုက်တော့ ညကိုးနာရီတိတိ။
လင်းရိပ် တိုက်ခန်းထဲကို ၀င်လာပြီးတဲ့နောက် အနီရင့်ရှေ့မှာ မဝံ့မရဲ၀င် ထိုင်လိုက်တယ်။စိတ်က အပြစ်ကျူးလွန်ထားသလို ခံစားနေရတာမို့ လင်းရိပ် စိတ်ထဲ နေရတာ အဆင်မပြေဖြစ်နေမိတယ် ။ သူ့အနေနဲ့ နှင်းသီရိဆီကို သွားခဲ့မိတာကို အနီရင့်ကို ပြောသင့် မပြောသင့် စဉ်းစားနေမိတယ်။
"ထမင်းစားပြီးပြီးလား နီ.. ကိုယ် ..."
" ကိုဘုန်းက နိုင်ငံခြားကို ထွက်သွားတော့မယ်တဲ့ လင်းရိပ် .."
လင်းရိပ် စကားစလိုက်တာနဲ့ ရုတ်တရက် ထပြောလိုက်တဲ့ အနီရင့်ကြောင့် လင်းရိပ်စကားကို ရပ်တန့်လိုက်ရတယ်။
" စိတ်ရှုပ်တယ် လင်းရိပ်ရယ် ...အနီရင့် သွားအိပ်တော့မယ်နော် ...လင်းရိပ် တမင်း မစားရသေးရင် စားလိုက်လေ ... ထမင်းပွဲ ပြင်ပေးထားတယ် "
ပြောပြီး ထထွက်သွားတဲ့ အနီရင့်ကို လင်းရိပ် မတားလိုက်မိဘူး။တိတ်ဆိတ်သွားတဲ့ ဧည့်ခန်းထဲမှာ လင်းရိပ်တစ်ယောက်တည်း ထိုင်နေမိရင်း အရင်နေ့က ကျင်းပခဲ့တဲ့ မွေးနေ့ပွဲလေးကိုပဲ ပြန်မြင်ယောင်နေမိတယ်။
*******
" မြတ်ဘုန်းက နိုင်ငံခြားကိုထွက်သွားမယ်ဆိုတဲ့ သတင်းပဲကြားရတယ်... ဘယ်မှာနေလဲဆိုတာကို သူတို့လဲ မသိကြဘူးတဲ့ ... ဒီမှာ သမီး သုံးဖို့အတွက်တဲ့ ...မကေသီတို့ ပို့ပေးလိုက်တာ ... သမီးက လက်ခံရင် ...သူတို့ လာတွေ့ပါမယ်တဲ့ .."
ဒေါ်ဌေးဌေး မူက ပြောရင်း ငွေထုတ်ကို သမီးဖြစ်သူ ကေဇင်ကျော်ရဲ့ လက်ထဲကိုထည့်ပေးလိုက်တယ်။
ငွေထုတ် လက်ထဲ ရောက်လာတော့ ကေဇင်ကျော်က မိခင်ဖြစ်သူကို စူးစူးဝါးဝါးကြည့်လိုက်ပြီး လက်ထဲက ငွေထုတ်ကို နံရံဘက်ကို ပစ်ပေါက် ထုတ်လိုက်ရင်း မိခင်ဖြစ်သူကို မကျေမနပ်ပြောဆိုလိုက်တယ်။
"အမေက သားသမီးထက် ငွေကို ပိုမက်တာလား ...အမေ့အတွက် ငွေကလွဲရင် ဘာမှ အရေးမပါဘူးလား ပြော ... သမီး သေပေးရမလား ပြော ..."
ကေဇင်ကျော်ရဲ့ အပြုအမူကြောင့် ဒေါ်ဌေးဌေးမူက ပါးပြင်ပေါ်ကို မျက်ရည်တွေ တစ်ပေါက်ပေါက်စီးကျလာတယ်။ သမီးဖြစ်သူကိုတော့ ဒေါ်ဌေးဌေးမူ ဘာမှပြန်မပြောမိ။ကြမ်းပြင်ပေါ်မှာ ပျံ့ကျဲနေတဲ့ ငွေစက္ကူတွေကို တစ်ရွက် ချင်းလိုက်ကောက်နေမိတယ်။တစ်ပေါက်ပေါက် စီးကျနေတဲ့ မျက်ရည်စက်တွေက ငွေစက္ကူတွေကို စွန်းပေသွားတယ်။ သမီးဖြစ်သူကို သနားလွန်း၍ ဒေါ်ဌေးဌေးမူ ဘာမှ ပြောချင်ဆိုချင်စိတ်လည်းမရှိတော့။ သမီးဖြစ်သူက မြတ်ဘုန်းအပေါ် ထားတဲ့ သံယောစဉ်ကို ဒေါ်ဌေးဌေး မူ အသိဆုံး မဟုတ်လား။နောက်ဆုံးတော့ မြတ်ဘုန်းလိုလူနဲ့ သမီးဖြစ်သူကို ရအောင် ကြံဆောင်ပေးခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုပဲ ဒေါ်ဌေးဌေးမူ မုန်းတီးနေမိတော့တယ်။
"သမီး သူ့ကို တွေ့ချင်ရင် အမေ ရအောင် ရှာပေးပါ့မယ်ကွယ် ... အခုတော့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ သမီးရယ် "
ဒေါ်ဌေးဌေးမူက ပြောနေပေမဲ့ ကေဇင်ကျော်က စောင်ကို ခေါင်းမြီးခြုံပြီး ငြိမ်သက်တိတ်ဆိတ်နေတယ်။
********
ရှေ့တည့်တည့်မှာ ဒူးတောက်ထိုင်ချလိုက်တဲ့ ဒေါ်ဌေးဌေးမူကို ကြည့်ပြီး အနီရင့် စိတ်ထဲရှုပ်ထွေးသွားမိတယ်။
" အနီရင့်က ဘယ်လိုသိမှာလဲ အန်တီဌေး ..."
" သမီး မသိတာ အန်တီ သိပါတယ်ကွယ် ...ဒါပေမဲ့ သူ့အပေါင်းအသင်းနဲ့ သူသွားတတ်တဲ့ နေရာတွေကို သမီးသိတယ် မဟုတ်လား ...အန်တီ ဌေးကို ပြောပြပါနော် ...ကြာရင် ...သမီးလေး ကေဇင်က လုံးပါးပါးတော့မဲ့အခြေအနေမို့ပါ "
ရှိုက်ကြီးတငင် ငိုနေတဲ့ ဒေါ်ဌေးဌေးမူကို ကြည့်ပြီး အနီရင့်သက်ပြင်းမောကို ချလိုက်မိတယ်။ ကိုလ့်အပူထက် သူ့အပူကပိုကြီးလေသလား။ သူ့အပူထက် ကိုယ့်အပူက ပိုကြီးလေသလား ပင်မသိတော့။အနီရင့် သိသမျှ လိပ်စာနဲ့ ဖုန်းနံပတ်တွေကို စာရွက်ပေါ်မှာ ကူးရေးပေးလိုက်မိတယ်။ ဒီထက်လဲ အနီရင့်ဘက်က ဘာမှ မကူနိုင်ပါလေတော့။
*****
လင်းရိပ် လှေကား ထစ်တွေအတိုင်း တက်လာခဲ့ရင်း ရင်က တလှပ်လှပ်ခုန်နေမိတယ်။ မွေးနေ့ပွဲ လုပ်ပြီးသွားကတည်းက သူနဲ့ အနီရင့် ကောင်းစွာစကားမပြောဖြစ်ခဲ့ကြဘူး။အနီရင့်ကို ကြည့်လိုက်ရင် တစ်ခုခုကို စဉ်းစားနေပုံရတာမို့ လင်းရိပ်လဲ စကားသိပ်မပြောရဲ ။ မပြောဖြစ်။ဒီနေ့မှာတော့ လင်းရိပ် မနက်က အလုပ်လာခါနီးမှာ အနီရင့်က "ညနေကျရင် မွေးနေ့လက်ဆောင်ပေးမယ်" ဆိုတဲ့ စကားကြောင့် လင်းရိပ် တစ်နေကုန် စိတ်တွေ လှုပ်ရှားနေခဲ့မိတယ်။
တိုက်ခန်းရှေ့ကို ရောက်တော့ လင်းရိပ် သော့ဖွင့်ပြီး တိုက်ခန်းထဲကို ၀င်လိုက်ချိန်မှာ မီးတွေ အကုန်ထွန်းထားတာမို့ အခန်းတစ်ခုလုံးလင်းထိန်နေတယ်။ ဒါပေမဲ့ အနီရင့်ရဲ့အရိပ်အယောင်ကိုမတွေ့ရဘူး။ လင်းရိပ် ကျောပိုးအိတ်ကို စားပွဲပေါ်တင်လိုက်တဲ့အချိန်မှာ အပြာရောင် အိမ်ရှည်ရှည်တစ် အိတ်ချထားတာ တွေ့လိုက်ရတယ် ။လင်းရိပ် ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားမိတယ်။အခန်းထဲကို ဝေ့ဝဲကြည့်လိုက်တော့ ပစ္စည်းတွေက နေရာမပျက်ပင် ရှိနေတယ်။ ဒါပေမဲ့ အိမ်က လိုတာထက်ပိုပြီး တိတ်ဆိတ်နေတာမို့ လင်းရိပ် ရင်တထိတ်ထိတ်နဲ့ အနီရင့်ရဲ့အခန်းတံကို ခေါက်လိုက်ပြီး အနီရင့်ကို ခေါ်ကြည့်လိုက်တယ်။
" ဒေါက် ...ဒေါက် "
" နီ ...နီ ...မင်းအိပ်နေတာလား "
