ch
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

前往频道在 Telegram
803
订阅者
+424 小时
+167
+4630
帖子存档
လမင်းနှင့်ပတ်သက်နေသော ပပစိုး၏ဆိုင်သို့ ခြေမချဖြစ်တော့ပါ။ အချိန်လေးငါးနှစ်အတွင်း၌ ပပစိုး၏ရပ်ကွက်စတိုးဆိုင်လေးသည် ကြီးကျယ်ခမ်းနားသောမတ်ကတ်တစ်ခုသဖွယ်ဖြစ်နေခဲ့လေပြီ။လျှောက်လမ်းများကြားတွင် နှင်းအိမ်လျှောက်ကြည့်လာရင်းမှ ဆိုင်၏အပြင်အဆင်များကို ကြည့်နေမိသည်။လိုအပ်တာမှန်သမျှရှိနေသော ဆိုင်၏အနေအထားက အထင်ကြီးချင်စရာပါပင်။ဘေးဘီကို မကြည့်ဘဲငေးမောလျောက်လာခဲ့မိသောနှင်းအိမ်မှာ လျှောက်လမ်းရဲ့အဆုံးနေရာတွင် ကောင်တာစားပွဲရှိနေပြီးစာပွဲနေရာတွင် နီးနီးကပ်ကပ်ထိုင်လျှက်လက်တော့ကိုယ်စီနှင့် အလုပ်များနေကြသောလမင်းနှင့်ပပစိုးကို ဘွားခနဲတွေ့လိုက်ရသဖြင့် ခြေလှမ်းများတုံ့ခနဲ ရပ်သွားရသည်။လမင်းသည်လည်း ခေါင်းမော့အကြည့်တွင် သူတို့ကိုကြည့်နေသော နှင်းအိမ်နှင့် အကြည့်ချင်းဆုံသွားရလေသည်။နှစ်ယောက်သားတစ်ယောက်နှင့် တစ်ယောက်စူးစိုက်ကြည့်နေမိကြလေသည်။အတန်ကြသောအခါမှ နှင်းအိမ်သည် ချာခနဲကျောခိုင်းပစ်လိုက်ပြီး ဆိုင်ပြင်သို့ ခပ်မြန်မြန်ထွက်ခဲ့လိုက်သည်။နှင်းအိမ်၏ရင်ထဲမှာတော့ နှလုံးခုန်သံများဆူညံပေါက်ကွဲလုမတတ် ဖြစ်နေခဲ့ပြီး လည်ချောင်းတစ်လျှောက်စူးရှနာကျင်လာသည်။နှင်းအိမ်သွားဝယ်သော ပစ္စည်းလည်း ဝယ်မလာခဲ့မိပါ။ထိုဆိုင်သို့သွားမိသည့်အတွက် ကိုယ့်ကိုယ်ကိုယ်နောင်တရမဆုံး ဖြစ်နေမိလေသည်။ ~~~~~~~ "အလုပ်အဆင်ပြေတယ် မဟုတ်လား နှင်းအိမ် " ကိုချမ်းက နှင်းအိမ်၏နွမ်းလျနေသောမျက်နှာလေးကိုကြည့်ကာ ခပ်တိုးတိုးမေးလိုက်သည်။ "ပြေပါတယ် ကိုချမ်းရယ်....ဒီလို ညနေတိုင်းလာကြိုနေတော့ ကိုချမ်းရဲ့အလုပ်တွေပျက်မှာပေါ့...နေ့တိုင်းလာမကြိုပါနဲ့လား .. တစ်ပတ်မှာတစ်ခါတွေ့ကြမယ်လေ " နှင်းအိမ်၏စကားကြောင့် ကိုချမ်းမျက်နှာပျက်သွားပြီး "ကိုယ်လာကြိုတာကို မကြိုက်လို့လား နှင်းအိမ်... အမှန်တိုင်းပြောရရင် နှင်းအိမ်ကိုတစ်ရက်လောက် မတွေ့ရရင်ကို ကိုယ်နေလို့မရဘူး ဒါကမှန်သောစကားပါ...ကိုယ်အပိုတွေပြောနေတာမဟုတ်ဘူး " နှင်းအိမ်သည် ကိုချမ်း၏ ညှိုးငယ်သွားသောမျက်နှာကိုငဲ့ကြည့်လိုက်ရင်းသက်ပြင်းကိုချလိုက်မိသည်။အချိန်ကြာလာသည်နှင့်အမျှ နှင်းအိမ်အပေါ်ထားရှိသောကိုချမ်း၏ချစ်ခြင်းမေတ္တာကို နှင်းအိမ်ခံစားသိရှိပါသည်။ ကိုချမ်း၏ အချစ်ကိုလည်း နှင်းအိမ် ယုံကြည်ပါသည်။သို့သော်လည်း ခေါင်းမာလွန်းလှသော နှင်းအိမ်၏ နှလုံးသားက မိုက်မဲစွာပင် ကိုချမ်း၏အချစ်ကို လက်မခံနိုင်ဘဲ ဖြစ်နေသည်။ထို့အတူကိုချမ်းသည်လည်း မိုက်မဲစွာပင် သူ၏အချစ်ကို မရုပ်သိမ်းသွားဘဲ နှင်းအိမ်အနားတွင်လိုအပ်သည်မှန်သမျှကို ဖြည့်ဆည်းပေးနေခဲ့သည်လေ။ ယခုဆိုလျှင်နှင်းအိမ်အလုပ်ဝင်သည်မှာပင် သုံးလပြည့်တော့မည်ဖြစ်သည်။ကိုချမ်းသည် ရက်ပျက်ခဲလှစွာပင် နှင်းအိမ်၏ အလုပ်ပြန်ချိန်ကို ကြိုပို့နေခဲ့လေသည်။ " နှင်းအိမ်က ဘယ်အချိန်အထိ အဲဒီလူကို ရူးသွပ်နေမိမလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ်မသိဘူး ...ကိုချမ်းကို နှင်းအိမ်တကယ်သံယောဇဉ်ရှိတယ် ... နှင်းအိမ်ကြောင့်လဲမခံစားစေချင်ဘူး နှင်းအိမ်သည် ကိုချမ်းကိုကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။ "ရပါတယ်နှင်းအိမ်ရယ် ...နှင်းအိမ်က ကိုယ့်အချစ်ကိုလက်မခံချင်လဲနေပါ .....နှင်းအိမ်အဆင်ပြေတဲ့အထိ သူငယ်ချင်းတစ်ယောက်လို ..ကိုယ်ရိုးသားစွာကူညီနေမှာပါ ...နှင်းအိမ်အားနာစရာမလိုပါဘူး" နှင်းအိမ်သည် ကိုချမ်း၏မျက်နှာကိုကြည့်လျက် လေးလေးပင်ပင် ခေါင်းငြိမ့်ပြလိုက်သည်။ ~~~~~~ "ဘာဖြစ်တာလဲ အမေ ....ဘာဖြစ်လို့လဲ " မိမိအခန်းထဲသို့ဝင်လာပြီး မပြောမဆိုနှင့် ငိုချလိုက်သော မိခင်ဖြစ်သူကိုကြည့်ပြီး ကိုချမ်းအလန့်တကြားနှင့်မေးလိုက်မိသည်။ "မင်းအဖေက ...အမေနဲ့ လက်မထပ်ခင်မှာ မိန်းမတစ်ယောက်နဲ့ ပတ်သက်ခဲ့ပုံရတယ် သား ...ဒီမှာစာကို ဖတ်ကြည့်ပါအုံးသားရယ် " "ဗျာ အမေ ... " ကိုချမ်း အံ့သြစိတ်နှင့် မိခင်ပေးသောစာကို ယူပြီးဖတ်ကြည့်လိုက်သည်။ ''သို့ မောင်မောင်နေကောင်းရဲ့လား... မိတုတ်ကို မေ့နေပြီလား.... မိတုတ်ကတော့မောင်မောင့်ကို တစ်ရက်မှမမေ့ခဲ့ပါဘူး.... တစ်နေ့နေ့တော့မောင်မောင့်ဆီကို မိတုတ်တို့သားအမိလာတွေ့ပါအုံးမယ် "စာကသည်မျှသာဖြစ်သည်။ ကိုချမ်းသည် စာကိုဖတ်လျက် ငိုင်ကျသွားမိသည်။စာ၏ အဓိပ္ပါယ်မှာ ချဲ့ကား၍ဘွေးရင် တွေးသလောက် ချဲ့ကားသွားနိုင်ပေသည်။ကိုချမ်း စာရွက်ကိုပြန်ခေါက်လိုက်ပြီး မိခင်ကိုနှစ်သိမ့်စကားပြောလိုက်သည်။ "ဒီစာကို အမေဘယ်ကရတာလဲ ...ကြည့်ရတာ အဖေ့သူငယ်ချင်းတစ်ယောက်ယောက်က နောက်တာလဲဖြစ်နိုင်ပါတယ် အမေရယ် ..ပြီးတော့ အဖေ့မှာ ရည်းစားဟောင်းရှိခဲ့တော့လဲ ဘာဖြစ်လဲ အမေရယ် ... ငယ်ငယ်က ကိစ္စတွေပဲဟာ " ဒေါ်စန္ဒာက ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး "မဟုတ်ဘူးသား ...အမေ့က အရင်ကကိစ္စအတွက် ပြောနေတာမဟုတ်ဘူး ... ခုလပိုင်းထဲမှာ မိတုတ်ဆိုတဲ့နာမည်နဲ့ စာတွေ မကြာခဏ ရောက်လာတယ်...ပထမဆုံးစာကို အမေ့ နာမည်နဲ့ပို့ခဲ့လို့ အမေဖတ်ခဲ့ရတယ်...နောက်ပိုင်း ဘာစာမှမလာတော့ဘူးထင်ပေမဲ့...မနက်ကမှမိလုံးကစာတွေကိုယူပြီး သားအဘွားတွေဆီကို သွားပေးဖို့လုပ်နေတုန်း တောင်းကြည့်ခဲ့မိတာ ...

"ဟုတ်တယ် အဘွား .... ကျွန်မဆီကိုစာရောက်လာတယ်လေ... အမေတို့ နေကောင်းကြရဲ့လားတဲ့ ... သူမကြာခင်ဒီကိုလာတွေ့ပါမယ်တဲ့လေ ... သူ့ရဲ့သားလေးလဲ အရွယ်ရောက်နေပြီမို့ ....ကျွန်မတို့သားအမိနဲ့ မိတ်ဆက်ပေးချင်လို့တဲ့လေ " " ဘယ် ...ဘယ်မှာလဲ ....အဲ့ဒီစာ ....ပြ..ပြပါအုံး " ဒေါ်နုနုကတုန်ယင်နေသော အသံဖြင့် စာကိုလှမ်းတောင်းလိုက်သည်။ဒေါ်ခင်မမသည် ဝှီးချဲပေါ်တွင်ထိုင်လျက်မှရင်ဘတ်ကို လက်ဖြင့်ဖိထားလေသည်။ဒေါ်နုနုသည် ချွေးမဖြစ်သူပေးသော စာကို တုန်တုန်ယင်ယင်နှင့် ဖတ်လိုက်လေသည်။ ~~~~~~ ဒေါ်နုနုတို့သည် သာဖြစ်သူကို အခန်းထဲသို့ခေါ်လိုက်ပြီးလျှင် အခန်းတံခါးကိုပိတ်လိုက်ပြီး သုံးယောက်သား ခေါင်းချင်းဆိုင်တိုင်ပင်နေကြလေသည်။ "ဘယ်လိုလုပ်ကြမလဲ မောင်မောင် ... ဒီစာကို မိတုတ်ကတော့ ပို့နိုင်မှာမဟုတ်ဘူး .... ဒါက ဟိုကောင်လေးရဲ့လက်ချက်ပဲနေမှာ ...အဲ့ဒီကောင်လေးကိုကြည့်ရတာ မိုက်မိုက်ကန်းကန်းလုပ်မဲ့ပုံပဲ..." ဦးမောင်မောင်စိတ်ရှုပ်စွာ သက်ပြင်းချလိုက်သည်။ယခုတလော ဦးမောင်မောင်၏ လုပ်ငန်းများမှာလည်းအလွှဲလွှဲအချော်ချော်နှင့် အဆင်မပြေဖြစ်နေသည်။သည်ကြားထဲ သားဖြစ်သူကလည်း ပြောမရဆိုမရ။ဘွားအေကြီးကလည်း ကျန်းမာရေးသိပ်မကောင်းတော့ မီးစာကုန်ဆီခန်းအရွယ်သို့ရောက်နေပြီဖြစ်လေသည်။သည်လိုအချိန်မျိုးမှာမှ မိ တုတ်တို့သားအမိကိစ္စက ပေါ်လာသောအခါ ဦးမောင်မောင်စိတ်ဓါတ်ပင်ကျချင်လာမိသည်။စီးပွားရေးကတစ်ဖက်၊မိသားစုရေးအရှုပ်အထွေးပါပေါ်လာပြီဆိုလျှင်ဖြင့် မည်သို့ ဖြေရှင်းရပါမည်နည်း။ကိစ္စများကိုသာ ဇနီးဖြစ်သူနှင့်သားဖြစ်သူသိသွားခဲ့လျှင် တစ်လျှောက်လုံးဂုဏ်သိက္ခာအပြည့်နှင့် နေလာခဲ့သောဦးမောင်မောင်၏ အဖြစ်မှာတွေးပင်မတွေးဝံ့ပါချေ။ "သိပ်စိတ်မပူပါနဲ့ အမေ...ဒီကောင်လေးက ဘာလုပ်နိုင်မှာလဲ ... ဒီလို စာပို့ရုံကလွဲပြီး သူတို့ဘာမှမတတ်နိုင်ပါဘူး ... အလုပ်သမားတွေကို စာလာရင်စန္ဒာ့ကိုမပေးဘဲ... အမေတို့ဆီကို အရင်လာပေးဖို့မှာထားလိုက်ပါ " " ဘာပဲဖြစ်ဖြစ် ပေါ့ပေါ့တန်တန်တော့ သဘောမထားနဲ့ မောင်မောင် .... အဲ့ဒီကောင်လေးကို တွေ့အောင်ရှာပြီး ...သူဘာလိုချင်တာလဲကိုစုံးစမ်း..ပြီးရင်သူလိုချင်တာကို ပေးလိုက် ..." "ဟုတ်... ဟုတ်ကဲ့ပါအမေ " ~~~~~~ "တို့ရဲ့လုပ်ငန်းတွေက အတော်လေးအောင်မြင်တယ် လမင်းရေ..ချမ်းမြေ့ကုမ္ပဏီကလုပ်မဲ့ လုပ်ငန်းမှန်သမျှကို တို့ဘက်ကအရင်လက်ဦးလိုက်နိုင်တာ အားရစရာကောင်းလှတယ် ..." ဦးကောင်းထက်၏ ကျေနပ်အားရနေသော စကားသံကြောင့် လမင်းကျေနပ်စွာပြုံးလိုက်သည်။ "ထွန်းအိမ်ရာဆောက်လုပ်ရေးကို အချိန်ကြန့်ကြာအောင်လုပ်နိုင်ခဲ့ရင် ...ချမ်းမြေ့ကုမ္ပဏီတော့မြောင်းထဲရောက်ပြီးပဲ .. အိမ်ရာကို သက်မှတ်ချိအတွင်းပြန်မအပ်နိုင်ရင်... ပြန်လျော်ရမဲ့လျော်ကြေးကနည်းတာမဟုတ်ဘူး ... တို့ဘက်ကလုပ်ရမှာက ချမ်းမြေ့ကုမ္ပဏီက တင်သွင်း၀ယ်ယူမဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို... တို့ဘက်ကကြားဖြတ်ဝယ်ယူတာပဲဖြစ်ဖြစ်... ဒါမှမဟုတ် လမ်းမှာအချိန်ကြန့်ကြာအောင်လုပ်တာဖြစ်ဖြစ် တို့ကုမ္ပဏီကကြိုးစားရမယ် " " ဟုတ်ကဲ့ပါ အန်ကယ် ... ကျွန်တော်လုပ်ရမဲ့အပိုင်းတွေကို ညွှန်ကြားပေးပါ အန်ကယ် " လမင်းသည်ကိုယ့်နာကြည်းချက်နှင့် ချမ်းမြေ့ကုမ္ပဏီပျက်စီးဖို့ ကြိုးစားနေခဲ့သလို ဦးကောင်းထက်သည်းလည်း ဟိုယခင်က သူ၏လုပ်ငန်းခွင်များကို အနိုင်ပိုင်းလက်လွဲယူသွားခဲ့သော ချမ်းမြေ့ကုမ္ပဏီကို အငြိုးအတေးကြီးကြီးဖြင့်ဖျက်စီးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ထိုကဲ့သို့ ဦးကောင်းထက်နှင့်လမင်းတို့နှစ်ယောက်ပူးပေါင်းကာ ချမ်းမြေ့ ကုမ္ပဏီ၏ ပျက်စီးရာပျက်စီးကြောင်းကို သေချာအကွက်ချစီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ~~~~ "မေတုတ်လှလိုက်တာ ....ဒီဝတ်စုံကို မေတုတ်ကြိုက်တယ်မဟုတ်လား " နှင်းအိမ်က မေးလိုက်သောအခါ မိတုတ်သည်သူ၏ ခေါင်းကို တဖြင်းဖြင်းကုတ်လိုက်ပြီးလျှင် "ဟီး ..ဟီး ကြိုက်တယ် သမီးရဲ့ ..ဒါနဲ့ ဘာလို့ ဝယ်ပေးတာပဲ ...မေတုတ်က သမီးပေးတာမို့ ယူတာနော် ...အခြားသူပေးရင်ယူတာမဟုတ်ဘူး " "သိပါတယ် မေတုတ်ရဲ့ ... ဒါက နှင်းအိမ်လစာထုတ်လာလို့ ...နှင်းအိမ်ရဲ့ချွေးနှဲစာနဲ့ မေတုတ်တို့ကို ဝယ်ကန်တော့တာပါ ... နောက်ဆိုရင်မေတုတ်နဲ့ သိပ်တွေ့နိုင်မှာမဟုတ်ဘူး'မေတုတ်ရဲ့ .....နှင်းအိမ်အလုပ်ပိတ်ရက်ဆိုရင် မေတုတ်ဆီကို ဖုန်းဆက်မယ်နော် " နှင်းအိမ်၏ စကားကြောင့် မိတုတ်သည် နှင်းအိမ်၏ဘေးတွင် မှိုင်မှိုင်တွေတွေနှင့်ထိုင်ချလိုက်လေသည်။ ~~~~~~~ မနက်အတွက်လိုအပ်၍သာ စတိုးဆိုင်ဆီသို့ နှင်းအိမ်မဖြစ်မနေလာခဲ့ရသည်။ဆိုင်နားသို့ရောက်သောအခါ နှင်းအိမ်၏ခြေလှမ်းများအလိုလိုတုံ့နှေးသွားရသည်။သည်နေရာတစ်ဝိုက်တွင်လည်း ပပစိုး၏ ဆိုင်သည်သာ ပစ္စည်းစုံရ သော ဆိုင်ဖြစ်သည်လေ။ နှင်းအိမ် ဆိုင်ထဲသို့ဝင်လိုက်သည်တွင် ခေတ်မီသောဆိုင်၏ အခင်းအကျင်းကို တွေ့လိုက်ရလေသည်။ပစ္စည်းများကို စင်များဖြင့် လှပသပ်ရပ်စွာခင်ကျင်းပြသထားသည်။စင်များကြားတွင် လျှောက်လမ်းလေးများရှိသည်။နှင်းအိမ်သည် ပပစိုး၏ဆိုင်သို့ ဈေးဝယ်ဖူးသည်မှာ အဝေးသင်ပထမနှစ်မတက်ခင်လောက်က ဖြစ်မည်ထင်သည်။ထိုနောက်ပိုင်းတွင်

#မုန်းမာန် (အခန်းဆက် ဝတ္ထုရှည် ) အပိုင်း (၂၁ ) ****** " နှင်းအိမ်ပြောပြီးပြီပဲ ... ဘာမှမလိုချင်ပါဘူးလို့ " အိမ်ဟောင်းအထိ ရှာရှာဖွေဖွေနှင့်ရောက်လာသော ကိုသန့်စင်ကိုကြည့်ပြီး နှင်းအိမ်စိတ်ရှုပ်သွားရလေသည်။သူကတော့ နှင်းအိမ်ကိုမည်သို့သဘောထားသည်ကိုမသိသော်လည်း နှင်းအိမ်မှာမူ ကိုသန့်စင်နှင့်ပတ်သက်၍ စိတ်ညစ်စိတ်ရှုပ်သည်မှလွဲ၍ သွေးကလည်းစကားမပြောပါချေ။ " မယူလို့မရဘူး .... ဒါကအဘွားရဲ့ဆန္ဒပဲ ...ပြီးတော့အဖေ့ကိုလဲ သိပ်မမုန်းပါနဲ့တော့ကွာ....သူလဲ အရက်တွေသောက်လွန်းတဲ့ဒဏ်ကြောင့် လူ့လောကကြီးမှာ ကြာရှည်နေခွင့်မရှိတော့ပါ ဘူး...အမေနဲ့လဲ ကွာရှင်းထားတာ ကြာခဲ့ပြီ ...ဘာပဲဖြစ်ဖြစ် ငါ့တို့ကမခေါ်လို့ရတယ် မတော်လို့မရဘူး ... ဒီလောကကြီးမှာ ငါ့ရဲ့သွေးသားရင်းချာဆိုလို့ မင်းပဲရှိတော့တာ ...အရေးအကြောင်းရှိရင်တော့ တစ်ယောက်နဲ့တစ်ယောက်ကူညီကြတာပေါ့ .." နှင်းအိမ်သည် ကိုသန့်စင်နှင့်ဆက်ပြီး အငြင်းပွားလိုစိတ်မရှိသောကြောင့် ခပ်မဆိတ်နေလိုက်သည်။ "မင်းဘက်က လက်မှတ်ထိုးလိုက် ရင်... ဘဏ်ထဲကိုမင်းနာမည်နဲ့ အားလုံးလွှဲပြီးသားဖြစ်သွားမယ် ... ငွေရပြီဆိုရင် ကိုယ်ပိုင် လုပ်ငန်းလုပ်ပါလား....ဘာလို့ သူများဆီမှာ အလုပ်လုပ်နေမှာလဲ ... " " ဒါနဲ့ နေပါအုံး ...နှင်းအိမ်မယူဘူးဆိုရင် ကိုသန့်စင်အတွက်ပိုမကောင်းဘူးလား...ဘာလို့ ဒါတွေကို အတင်းပေးနေရတာလဲ " နှင်းအိမ်က ခပ်ဆတ်ဆတ် လေသံဖြင့် မေးလိုက်သည်။ "ဘာလို့အတင်းပေးနေရတာလဲ ဟုတ်လား ....မင်းက ငါ့ညီမလေး ဖြစ်နေလို့ပေါ့ ..." "ရှင် " ကိုသန့်စင်၏ တုံ့ပြန် စကားကြောင့် နှင်းအိမ်၏ နှလုံးသားထဲတွင် ကျင်စက်နှင့် အတို့ခံလိုက်သလို ခံစားလိုက်ရလေသည်။ " အရင်ကတော့ အဘွားကိုလက်မခံခဲ့တဲ့မင်းကို .... အမွေတွေကိုမပေးဘဲထားမလို့ပဲ ...ဒါပေမဲ့ဟိုနေ့က မင်းကို အထင်သေးသလိုပြောနေတာကိုမြင်လိုက်ရတော့ ငါစိတ်တိုသွားမိတယ် ...သွေးသားသံယောဇဉ်ဆိုတာ ဒါကိုပြောတာထင်တယ် ......ငါ့ညီမကို သူကဘာလို့ဒီလိုပြောရသလဲဆိုတဲ့ စိတ်ပေါ့... ဆွေမျိုးသားချင်းကိုထိပါးလာတော့မခံချင်တဲ့ အမျိုးချစ်စိတ်ထင်ပါတယ် ..ဒါကြောင့် မင်းရသင့်ရထိုက်တာကိုလာပေးတာ .." နှင်းအိမ်သည် ကိုသန့်စင်ကို ကြောင်ငေးကြည့်နေမိသည်။အကယ်၍သာ ဦးမြင့်မောင်ဆိုသော အရိပ်ဆိုးကြီးမရှိခဲ့လျှင် ကိုသန့်စင်သည် နှင်းအိမ်အတွက်အားကိုးရသောအစ်ကိုကြီးတစ်ယောက်အဖြစ် ရှိလိမ့်မည်ထင်သည်။ ~~~~~~ "အခုတလောအလုပ်တွေလုပ်ရတာ အဆင်မပြေတာတွေ ခဏခဏကြုံနေရတယ်ကွာ .... မင်းရဲ့သားကိုလဲ ငါအကူအညီမတောင်းချင်ဘူး ... " " ဘာတွေ အဆင်မပြေတာလဲကိုမောင်ရဲ့ " ဦးမောင်မောင်၏စကားကြောင့် ဒေါ်စန္ဒာကစိုးရိမ်သံနှင့် မေးလိုက်သည်။ "ဘာရယ်တော့ မဟုတ်ဘူး .... အလုပ်ကိစ္စချိန်းထားရင် တစ်ဖက်လူက မပေါ်လာတာမျိုး....ပြီးတော့ အရောင်းအဝယ်ကိစ္စတွေလဲ ပြောဆိုပြီးထားရဲ့နဲ့ အနားကပ်မှ ပွဲဖျက်လိုက်တာမျိုးတွေပေါ့ကွာ ...နောက်သုံးလဆိုရင် ထွန်းဆောက်လုပ်ရေးအတွက်လုပ်ငန်းစရတော့မှာ...ဒီကြားထဲမှာ ငွေရပေါက်တွေ မှန်သမျှအကုန်ပိတ်နေသလိုပဲကွာ ....." " ဟုတ်လား ... စိတ်ညစ်မနေပါနဲ့ ... သားကို စန္ဒာပြောပေးပါ့မယ် .... ကိုမောင်တို့လဲ သားကို အတင်းလိုက်ပြီး ပိတ်ပင်မနေနဲ့အုံး ...သာက သူလုပ်ချင်တာကို .. ဇွတ်လုပ်တတ်တာ... ကိုမောင်တို့လဲသိနေတာပဲ ...အခုဆို သားကလဲအသက်ငယ်တော့တာမဟုတ်ဘူး " "အေးပါကွာ .... ကိုယ်လဲ ဘာမှပြောချင်စိတ်မရှိတော့ဘူး ...အဘွားနဲ့ အမေ့ကိုလဲ ဘာမှ မပြောအောင်... မင်းပဲပြောလိုက်တော့...တော်ကြာ မင်းရဲ့ သားကသူလုပ်ချင်ရာလုပ်ချသွားရင် ဘာမှတတ်နိုင်မှာမဟုတ်ဘူး " ဦးမောင်မောင်သည်စိတ်ညစ်စိတ်ပျက်စွာ ညည်းညူလိုက်လေသည်။ ~~~~~~~ "ကျွန်တော် အချစ်ရေးအိမ်ထောင်ရေးကို မစဉ်းစားချင်သေးဘူးမစိုး ... ကျွန်တော့်မှာ လုပ်စရာတွေအများကြီးရှိသေးတယ် ....ဒီအလုပ်တွေမပြီးမချင်း မစဉ်းစားချင်ဘူး ... " လမင်း၏စကားကြောင့်ပပစိုးက ခပ်ပြုံးပြုံးနှင့်ပင် "တို့နားလည်ပါတယ် ...လူကြီးတွေပြောနေကြတာကိုလဲ စိတ်ထဲမထားပါနဲ့..... တို့တွေက စီးပွားရေးအတွက်လက်တွဲနေကြတာပဲဟာ ... တခြားသူတွေ ပြောနေတာတွေကိုဂရုစိုက်မနေပါနဲ့ ..." " နားလည်ပေးလို့ ကျေးဇူးပါမစိုး " ပပစိုး၏ နားလည်ပေးမှုကြောင့် လမင်းကျေးဇူးတင်စကားပြောလိုက်မိသည်။လမင်းဒီအခြေအနေထိရောက်အောင် ပပစိုး၏အကူအညီများစွာ ပါရှိနေခဲ့သည်လေ။ ~~~~.~~ ဒေါ်စန္ဒာမှာ သူမဆီသို့ထူးထူးဆန်းဆန်းရောက်လာသောစာကိုကိုင်လျက် ယောက္ခမကြီးများရှိရာအခန်းဆီသို့ လျှောက်လာခဲ့လေသည်။ "အမေတို့အသိထဲမှာ မိတုတ်ဆိုတာရှိလား " ချွေးမဖြစ်သူ၏စကားကြောင့် ဒေါ်ခင်မမနှင့်ဒေါ်နုနုတို့မှာ မျက်လုံးများပြူးကျယ်လျက် ထိတ်လန့်တုန်လှုပ်သွားမိကြလေသည်။ "ဘာ...ဘာပြောတယ်စန္ဒာ...မိ...မိတုတ်ဟုတ်လား " ဒေါ်နုနုနှင့်ဒေါ်ခင်မမတို့ ပြိုင်တူလိုလိုပင်မေးလိုက်မိကြလေသည်။

ကြည်ကြည်နူးနူးနှင့် ပြောနေသောကိုချမ်းကိုကြည့်ပြီး လမင်းနှုတ်ခမ်းကို တွန့်ကွေးကာမသိမသာ ပြုံးလိုက်မိလေသည်။ @@@@@@@@@@@@@@@@@@@@@@@@@@@ အပိုင်း (၂၁ ) ဆက်ရန် #ဧကြည်ဖြူ

မိခင်ဖြစ်သူ၏ စကားကြောင့် နှင်းအိမ်ဘာမျှ ပြန်မပြောဘဲ ခေါင်းကိုငုံ့ထားလိုက်မိသည်။နှင်းအိမ်၏စိတ်က သည်နေရာသည်ဒေသမှာနေထိုင်ချင်မရှိတော့ခြင်းဖြစ်သည်လေ။အခြားတစ်နေရာရာသို့ ပြောင်းရွေ့ရန်အတွက်လည်း မိခင်ကို မပြောရက် ဖြစ်နေခဲ့သည်။အကယ်၍ ပြောလိုက်လျှင်လည်း ပြောင်းရွေ့ချင်သည့် အကြောင်းပြချက်ကို မိခင်ဖြစ်သူကို ပြောပြရပေလိမ့်မည်။ထိုသို့ ပြောပြရန်အတွက်တော့ နှင်းအိမ်၏မာနကခွင့်မပြုပါချေ။သို့အတွက် မိခင်ကိုချစ်ခင်သံယောဇဉ်ရှိနေသော ဦးမျိုးအောင်၏လက်သို့ စိတ်ချလက်ချအပ်ပြီး အခြားတစ်နေရာတွင် အလုပ်လုပ်ရန်ကြိုးစားနေခြင်းပင်ဖြစ်လေသည်။ ~~~~~~ " သမီးလေးနှင်းအိမ်ကလေ မြို့ထဲမှာအလုပ်သွားလုပ်တော့မှာတဲ့ .....နောက်ဆိုရင် အိမ်ကိုလဲ ပြန်မလာဘူးလို့ပြောတယ် ..... သားလေး နှင်းအိမ်ကိုလက်ထပ်လိုက်ပါလားဟင် ...အဲ့ဒါဆိုရင် သမီးလေးနှင်းအိမ်ကို ဒီမှာခေါ်ထားလို့ရတယ်လေ " မျက်နှာညှိုးညှိုးနှင့် ပြောနေသောမိခင်ကို လမင်းကြည့်လိုက်ပြီး "အမေက နှင်းအိမ်နဲ့နေချင်လို့လား " မိတုတ်က သားဖြစ်သူ၏ အမေးကို ခေါင်းငြိမ့်ပြလိုက်သည်။နှင်းအိမ်သည် မိတုတ်နှင့် ပတ်သက်လျှင် ကလေးငယ်တစ်ယောက်ကဲ့သို့ မိတုတ်ကိုယုယကြင်နာပေးတတ်သည်။ခေါင်းဖြီးပေး၊ အလှပြင်ပေးနှင့်စာဖတ်ပြတာမျိုးကအစပြုလုပ်ပေးတတ်သည်။သည်လို ယုယကြင်နာမှုမျိုးကို သားဖြစ်သူဆီက မရရှိဖူးသောမိတုတ်မှာ နှင်းအိမ်အပေါ် ချစ်ခင်စွဲလမ်းခဲ့သည်မှာ ဆန်းတော့လည်းမဆန်းလှ။ဆန်းနေသည်မှာက လမင်းသာဖြစ်သည်။နှင်းအိမ်ရပ်ကွက်ထဲမှာရှိနေတော့လည်း ဂရုမစိုက်မိ။ယခုလို့ တခြားနေရာတွင်သွားနေမည်ဆိုတော့လည်း ဘ၀င်မကျမိ။ နီးနီးနားနားတွင် ဆိုင်လေးတစ်ဆိုင်ဆိုင်ဖွင့်လျှင် မိခင်ဖြစ်သူလည်း သူမရှိရာဆိုင်ဆီသို့မကြာခဏသွားနိုင်မည်ဟု စဉ်းစားလိုက်မိသည်နှင့် မိခင်ကိုနှစ်သိမ့်စကားပြောလိုက်သည်။ " ကျွန်တော် အကြံရပြီ အမေ.....နှင်းအိမ် မြို့ထဲပြောင်မနေရအောင် ...ကျွန်တော်ပြောပေးပါ့မယ် " ~~~~.~ " မေနွယ်လဲ ပြောတယ်သားရေ .. အလုပ်အတွေ့အကြုံမရှိလို့ ...အတွေ့အကြုံ ရချင်လို့တဲ့လေ ... ရွာက သူ့အဘိုးနဲ့ သူ့အဘွားကလဲ ... သူ့အတွက်ဘဏ်မှာပိုက်ဆံထည့်ပေးထားပြီးသား ....သူလိုချင်တဲ့ အချိန်ယူ သုံးရုံပဲ ..." မအေးနွယ်က သမီးဖြစ်သူ၏ စိတ်ကို နားမလည်နိုင်စွာပြောလိုက်သည်။ "သူကဘာလို့ သူများအလုပ်သွားလုပ်ချင်နေတာလဲ မသိဘူး ... ကျွန်တော်နဲ့မစိုးတို့လဲ လူသုံးကုန်ပစ္စည်းစုံဆိုင်မျိုးဖွင့်မလို့ ...အဲ့ဒါ သူပါဆိုင်လေးတစ်ဆိုင်လောက်ဖွင့်မယ်ဆိုရင် ...လိုတာကို ကျွန်တော်ကူညီပေးမယ်မေနွယ် ... သူ့ဒေါသနဲ့အပြင်မှာ အလုပ်မလုပ်စေချင်ဘူး " လမင်း၏အပြောကိုမအေးနွယ်ကခေါင်းငြိမ့်ပြလိုက်ပြီး "အေးပါကွယ် ... မေနွယ်ပြောကြည့်လိုက်မယ်လေ " " ဒါနဲ့ နှင်းအိမ်ဘယ်သွားလဲ မေနွယ် ..." လမင်းက ဆေးဆိုင်ခန်းထဲတွင် အလုပ်ရှုပ်နေသော ဦးမျိုးအောင်နှင့်အလုပ်သမားလေးများကို ကြည့်လိုက်ပြီးလျှင် အပေါ်ထပ်ဆီသို့ ဝေ့ဝဲကြည့်လိုက်ကာ မေးလိုက်လေသည်။ "နေ့ခင်းဆိုရင် ...သူက ဟိုဘက်အိမ်မှာနေတယ်လေ ... ဒီဘက်မှာ ပျင်းလို့တဲ့ " ~~~~ မိခင်ဖြစ်သူ၏ စကားကြောင့် နှင်းအိမ် နှုတ်ခမ်းလေးကို ခပ်တင်းတင်းဖိကိုက်လိုက်ပြီး "တော်ပါ အမေရယ် ..သမီးက သူတို့ကူညီမှ ဆိုင်ဖွင့်နိုင်မှာလား ..မလိုဘူးလို့ ပြောလိုက်ပါ ...နှစ်ယောက်သားအနာဂတ်အတွက်ပဲ စုဆောင်းကြပါလို့ ပြောလိုက်ပါ " မိခင်ကို ပြောလိုက်သောနှင်းအိမ်၏ စကားသံထဲတွင်နာကြည်းသံများပါသွားလေသည်လားမသိ တော့ပါချေ။နှင်းအိမ်၏ ရင်တွင်း၌မူ ဒေါသမုန်းတိုင်းထန်သွားမိသည်မှာတော့အမှန်ပါပင်။ ~~~~~~~.~. "ဒါဆို ..ကိုလမင်းနဲ့ကျွန်တော်က လပိုင်းပဲအသက်ကွာတာပေါ့ .. မှန်တာပြောရရင် ... ဟိုတစ်ခေါက် ကိုလမင်းကိုတွေ့ပြီး ကတည်းက .. ကိုလမင်းနဲ့ မိတ်ဆွေဖြစ်ချင်နေတာ ...ဘာလို့လဲဆိုတော့ ..ကိုလမင်းကကျွန်တော့်မိသာစုဝင်တစ်ယောက်နဲ့ အတော်လေးဆင်တာဗျ.....စကားပြောဟန်နဲ့အကြည့်တွေကအစဆင်တာ ..." "လူတူမရှား နာမည်တူမရှားပေါ့လေ ... ကျွန်တော်ကတော့ ရိုးရိုးသားသားပြောရရင် ကိုချမ်းမြေ့ကခရီးသွားလုပ်ငန်းဘက်ကို စိတ်ဝင်စားနေတယ်ဆိုလို့ ... စိတ်ကူးတွေ တူနေလို့အကျိုးတူ ပူးပေါင်းချင်လို့ လာခဲ့တာပဲ " လမင်းသည် ဟန်မပျက်အောင်ထိန်းရင်းပြန်ပြောလိုက်သည်။လမင်း၏စကားကြောင့် ကိုချမ်းတစ်ယောက် ကြည်ကြည်နူးနူးပြုံးလိုက်ပြီး "ကျွန်တော်လဲမှန်တာပြောရရင် .. အဲ့ဒီလုပ်ငန်းက ကျွန်တော်လုပ်ချင်တာမဟုတ်ဘူး ... ကျွန်တော် စိတ်ဝင်စားနေတဲ့ကောင်မလေးကလုပ်ချင်နေတာ ... ကျွန်တော်က သူ့စိတ်ကူးတွေကို အကောင်ထည်ဖော်ပေးချင်တာ ..အဲ့ဒီအတွက် သူရောကျွန်တော်ပါသေချာကြိုးစားနေတယ် ... ကိုလမင်းကလဲ ... ဒီလုပ်ငန်းကိုစိတ်ဝင်စားတယ်ဆိုရင် နန်း တစ်နေ့လောက် သူနဲ့ မိတ်ဆက်ပေးမယ်လေ ..." ကိုချမ်း၏ စကားကြောင့် လမင်းက ပြုံးလိုက်ပြီး "ဝိုး ... လေးစားသွားပြီး ....တကယ်ချစ်တတ်တဲ့သူပဲ " " ကျွန်တော့်အတွက်တော့...သူက အချစ်ဦးနဲ့အချစ်ဆုံးလေဗျာ ."

နှင်းအိမ်သည် ကိုသန့်ဇင်ပြောသမျှကို အံ့ဩစိတ်ဖြင့် နားထောင်ရင်း ကြက်သေသေနေမိလေသည်။ထိုစဉ်မှာပင် အနားသို့ ကိုချမ်းပြန်ရောက်လာပြီး နှင်းအိမ်၏လက်ကိုဆွဲလိုက်လေသည်။ ''နှင်းအိမ် ပြန်ရအောင် ..." နှင်းအိမ်သည် ကိုချမ်းဆွဲခေါ်ရာနောက်သို့ပါလာပြီးလျှင် ကိုသန့်ဇင်ကိုလှည့်၍ကြည့်လိုက်လေသည်။ သန့်ဇင်သည်လည်းနှင်းအိမ်တို့ကို လှမ်းကြည့်လိုက်ပြီးလျှင် ဦးမောင်မောင်၏ တင်းမာခက်ထန်နေသော မျက်နှာကိုကြည့်လိုက်လေသည်။ ~~~~~ "မင်းလုပ်ရပ်တွေကိုရပ်တန့်ကရပ်လိုက်တော့ချမ်းမြေ့ ... မင်း အဆင့်က ဘာမဟုတ်တဲ့မိန်းမတစ်ယောက်ရဲ့လက်ကိုဆွဲပြီး အလုပ်လိုက်ရှာနေတဲ့အဆင့်လား ...ကိုသိန်းထိုက်ဆီမှာ မင်းအလုပ်သွားပြောတယ်ဆို .." ဦးမောင်မောင်သည် ဒေါသတကြီးနှင့်ပြောလိုက်သကဲ့သို့ ဒေါ်ခင်မမတို့သည်လည်း မြေးဖြစ်သူကို ကြည့်လျက်မှ ယူကြုံးမရနိုင်ဖြစ်နေကြလေသည်။ " ဖြစ်မှဖြစ်ရလေ မြေးလေးရယ် ...မင်းဘယ်လိုမိန်းခလေးနဲ့ တွဲနေတာလဲကွယ် ... မင်းကို အဘွားတို့ ဘယ်လိုမွေးလာခဲ့ရသလဲ " ကိုချမ်းသည် မိခင်၊ဖခင်နှင့် ဘွားအေးနှစ်ယောက်ကို ကြည့်လိုက်ပြီး "အလုပ်လိုက်ရှာတာ ဘာဖြစ်လို့လဲ အဖေ ... ကျွန်တော်တို့က ပိုက်ဆံလိုက်ချေးနေတာလဲ မဟုတ်ဘူး ... အဖေတို့က အမြင်ကျဉ်းလွန်းနေပြီ..သူ့ခွန်သူ့အားနဲ့ အလုပ်လုပ်ဖို့ ကြိုးစားနေတာ ဘာအထင်သေးစရာရှိလို့လဲ ..ပြီးတော့ အဖေမနက်ကလုပ်လိုက်ပုံက ယဉ်ကျေးမှုမရှိဘူး...အဲ့ဒါ လူကြီးလူကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူး ..နောက်တစ်ခါ ...အဲ့ဒီလိုထပ်မလုပ်ပါနဲ့ အဖေ " ဦးမောင်မောင်သည် သားဖြစ်သူ၏စကားကြောင့် ဒေါသထွက်သွားပြီးလျှင် " ဘာ .. ဘာကွ မင်းဘာပြောလိုက်တယ် ... မင်းကအလိုလိုက်ထားလို့ ပြန်စော်ကားတာလား ဟုတ်လား ...ကဲကွာ စော်ကားအုံး " " ဖောင်း " "ဟဲ့ ..ဟဲ့ မောင်မောင် ...မင်းဘယ်လိုလုပ်လိုက်တာလဲ ..စကားနဲ့ ပြောပါလား " ဒေါ်နုနုကအော်လျက် သားဖြစ်သူကိုပြေးဆွဲလိုက်သည်။ "ဒီကောင်က စကားနဲ့ပြောလို့မရတော့ဘူး .. အမေ့မြေးကမွန်နေပြီ...မိဘကိုမိဘမှန်းမသိတော့ဘူး " "တော်..တော်ပါတော့ ကိုမောင်ရယ် ...သားကို စန္ဒာပြောပါ့မယ် .... " ဒေါ်စန္ဒာက ယောကျာ်းဖြစ်သူကို တားမြစ်ပြောဆိုလိုက်သည်။ကိုချမ်းက အားလုံးကိုကျောခိုင်းလျက် အိမ်အပေါ်ထပ်သို့ တက်ခဲ့လေသည်။ ~~~~~~ "ဘယ်လိုပြောလိုက်တာလဲ သားရယ် ... သားအဖေက သားကို ဘယ်လောက်ချစ်လဲဆိုတာ သားအသိဆုံးပါကွယ် " ဒေါ်စန္ဒာက သားဖြစ်သူကို ချော့မော့ပြောဆိုလိုက်သည်။ "ကျွန်တော်သိပါတယ်အမေ .. ကျွန်တော်ကလဲ အဖေ့ကိုသိပ်ချစ်ပါတယ် ... ဒီစကားတွေကို အဘွားတို့ကပြောတယ်ဆိုရင်တောင် ကျွန်တော်ဒီလောက်ခံစားရမှာမဟုတ်ဘူး ..အဖေကပြောလို့ ပိုပြီးခံစားရတာ ....နှင်းအိမ်ကဘာဖြစ်နေလို့လဲအမေ... ဘွဲ့လဲရပြီးပြီ ..ငယ်ငယ်လေးကတည်းက သူ့အမေကိုဝိုင်းကူညီရင်း ကြီးပြင်းလာခဲ့တဲ့သူပါ ... သူအပြင်မှာအလုပ်မလုပ်ဖူးလို့ ကျွန်တော်လိုက်ကူညီပေးတာ ....ကျွန်တော် သူ့ကိုချစ်တယ်အမေ ....သူသာ လက်ခံရင် ... ကျွန်တော်သူ့ကို လက်ထပ်မှာ ...အမေတို့အဘွားတို့သဘောမတူနိုင်ရင်လဲ ကျွန်တော်နောက်မဆုတ်ပါဘူး ...အမေတို့ဘက်က ကျွန်တော်ကိုစွန့်ပစ်မယ်ဆိုရင်လဲ ကျွန်တော်လက်ခံပါတယ် .. သူဆီကို စပြီးချဉ်းကပ် ကတည်းက ဒီကိစ္စတွေကို သေချာတွက်ဆပြီးမှ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ " " သား ...သားရယ် ...မင်း ...မင်းကွာ ..." ဒေါ်စန္ဒာသည် သားဖြစ်သူကို ကြည့်လျက် မချိတင်ကဲရေရွတ်လိုက်မိလေသည်။ ~~~~ "ဒါဆိုဒေါ်သုန်ဆုံးသွားပြီးပေါ့ ...သမီးရဲ့အဘွားတော့ ဖုန်းမဆက်ဘူးနော် ... အင်း စိတ်တော့ မကောင်းပါဘူး ....အမွေကိစ္စ ဘာညာကတော့လူသိရှင်ကြားဖြစ်မှာမျိုးကို မဖြစ်စေချင်ဘူး ...ဖြစ်နိုင်ရင် ငြင်းလိုက်ပါသမီးရယ် " "ဟုတ်ကဲ့ပါ အမေ ...ဒါနဲ့လေ အမေ ..နေ့လယ်နေ့ခင်းဘက်မှာ ....ဟိုအိမ်မှာပဲ နှင်းအိမ်နေလိုက်မယ်နော်.....အိမ်ငှားလဲမရသေးဘူးမဟုတ်လား " နှင်းအိမ်၏ စကားကြောင့် မအေးနွယ်က မျက်မှောင်ကြုတ်ကာကြည့်လိုက်ပြီး " ဘာဖြစ်လို့လဲ သမီးရယ် ... ဒီမှာလဲ ....အမေတို့ကအပေါ်ထပ်ကိုမှ မတက်တာ ... သမီးတစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေလို့ရတာပဲကို " " မလွတ်လပ်လို့ မဟုတ်ပါဘူး အမေ ...အိမ်ကိုလွမ်းလို့ပါ ...အလုပ်မဆင်းခင်ပဲလေအမေရယ် .... သမီးတို့နေနေကျနေရာပဲဟာ ..ဘာမှမဖြစ်ပါဘူး စိတ်ချပါ ." " အင်းပါ ... အင်း ... လကုန်ရင် ဆင်းရမယ်ဆိုတဲ့ အလုပ်ကဘာလို့ မဆင်းရတော့တာလဲ " " အဲ့ဒီအလုပ်ထဲမှာ အလုပ်သမား အချင်းချင်းကြီးနိုင်ငယ်ညှင်းလုပ်တာမျိုးတွေရှိလို့ ...ကိုချမ်းကမလုပ်နဲ့လို့ပြောတယ်အမေ.." "ကိုမျိုးကပြောနေတယ် .. ဆေးဝါးကျွမ်းကျင် သင်တန်းတက်ပြီး ဆေးဆိုင်ဖွင့်မလားတဲ့ ... ဒါမှမဟုတ်ရင်လဲ တခြား ဆိုင်တစ်ခုခုဖြစ်ဖြစ်ဖွင့်ပါလားကွယ် ....ဘာလို့ အလုပ်လုပ်နေမှာလဲ "

"ချက်ချင်းကြီး အဆောင်မှာနေလို့တော့ မဖြစ်သေးဘူးကိုချမ်း....အမေစိတ်မကောင်းဖြစ်သွားမှာပေါ့ .. ပြီးတော့ အလုပ်ကသိပ်အကြာချည်းမလုပ်ဘူး.....နှင်းအိမ်ကကိုယ်ပိုင်အလုပ်ပဲလုပ်မှာ ...ဒါပေမဲ့နှင်းအိမ်မှာ ဟင်းချက်တဲ့အတွေ့အကြုံကလွဲပြီး ဘာအတွေ့အကြုံမှမရှိလို့...အပြင်မှာ အလုပ်လုပ်ပြီးအတွေ့အကြုံယူမှဖြစ်မယ် " ကိုချမ်းသည် သက်ပြင်းကို ချလိုက်ပြီး "အင်းပါ ...နှင်းအိမ်က အခုချက်ချင်းဆိုင်ဖွင့်ချင်တယ်ဆိုရင်လဲပြော ...လိုအပ်တာမှန်သမျှ အကုန်စိုက်ပေးထားမယ် " "ကျေးဇူးတင်ပါတယ်ကိုချမ်း...နှင်းအိမ်အတွက် အမေနဲ့အဘွားကလဲ ပေးမယ်လို့ပြောတယ် .. " နှုတ်မှသာ တက်ကြွသောပုံစံမျိုးဖြင့်ပြောနေသော်လည်း အထီးကျန်နေဟန် အနည်းငယ် ပေါ်လွင်နေသော နှင်းအိမ်ကို ကြည့်ပြီး ကိုချမ်းအနေနှင့်မည်ကဲ့သို့ထိထိရောက်ရောက်ကူညီပေးရမည်ကို တွေးတောနေမိလေသည်။ "အလုပ်စဆင်းတဲ့နေ့ကျရင် လိုက်ပို့ပေးရအုံးမလား ..အပြင်မှာ ပထမဆုံးအလုပ်စလုပ်ဖူးတာမဟုတ်လား " "ရပါတယ် ကိုချမ်းရဲ့ ..နှင်းအိမ်ကမကြောက်တတ်ပါဘူး ..." ခပ်ယဲ့ယဲ့အပြုံးမျက်နှာလေးနှင့်ပြောနေသော နှင်းအိမ်၏ မျက်နှာလေးကို ကိုးချမ်းငေးကြည့်နေမိသည်။ " သားနဲ့တူတယ်ဆိုပြီး အဖေက ကြည့်နေတာ ..တကယ်ပဲ သားဖြစ်နေတာကို ... အဖေတို့ထိုင်မယ်နော်..." စားပွဲဝိုင်းရှေ့သို့ ရုတ်တရက် ရောက်လာပြီး ပြောလိုက်သောအသံကြောင့်ကိုချမ်းနှင့်နှင်းအိမ်တို့ အလန့်တကြားနှင့်မော့ကြည့်လိုက်မိကြသည်။ကိုချမ်းတို့ ထိုင်နေသော ကော်ဖီဆိုင်ထဲသို့ရောက်ရှိလာသူမှာ ကိုချမ်း၏ဖခင်ဖြစ်သူဦးမောင်မောင်ပင် ဖြစ်လေသည်။ဦးမောင်မောင်နှင့်အတူပါလာသောသူမှာ အသက်သုံးဆယ်ခန့်ရှိ ယောကျာ်းပျိုတစ်ယောက်ဖြစ်လေသည်။ကိုချမ်းသည် ဖခင်ဖြစ်သူကို တအံ့တဩကြည့်နေမိစဉ်မှာပင် ဦးမောင်မောင်ကလည်း သားဖြစ်သူနှင့်အတူထိုင်နေသော နှင်းအိမ်ကို ခပ်စူးစူးစိုက်၍ကြည့်နေလိုက်လေသည်။ နှင်းအိမ်သည်က ကြောက်ရွံ့နေခြင်းအလျဉ်မရှိဘဲ သွက်သွက်လက်လက်ပင် ထ၍ နှုတ်ဆက်လိုက်သည်။ "ဟုတ်ကဲ့ ...ကိုချမ်းအဖေထင်တယ် ...တွေ့ရတာဝမ်းသာပါတယ်ရှင် ....နှင်းအိမ်ကကိုချမ်းရဲ့သူငယ်ချင်း မေနှင်းအိမ်ပါရှင် " နှင်းအိမ်က နှုတ်ဆက်လိုက်သောအခါ နှုတ်ခမ်းကိုတွန့်ကွေးကာ ပြုံးလိုက်သောကိုချမ်း၏ ဖခင်ဖြစ်သူကို နှင်းအိမ်တွေခနဲ ငေးကြည့်လိုက်မိသည်။ " တွေ့ရတာ ဝမ်းသာပါတယ်ကွယ် ...အန်ကယ်က ကိုချမ်းရဲ့ အဖေပါ ...ဒီကတော့ အန်ကယ်နဲ့ အလုပ်တူတူလုပ်နေတဲ့ မောင်သန့်ဇင်ပါ ... မောင်သန့်ဇင်ကလဲ လူငယ်ပေမဲ့ ..သူလဲလုပ်ငန်းတွေစလုပ်နေပြီမို့ ... ငါ့တူမအလုပ်တစ်နေရာလောက်လိုချင်ရင် အန်ကယ်ပြောပေးနိုင်ပါတယ် " ဦးမောင်မောင်၏ စကားကြောင့် နှင်းအိမ်ရင်ထဲတွင် အောင့်ခနဲဖြစ်သွားရလေသည်။ကိုသန့်ဇင်ဆိုသူကတော့ နှင်းအိမ်ကို စူးစိုက်၍ကြည့်နေသည်ကိုတွေ့လိုက်ရလေသည်။ ကိုချမ်းသည် ဖခင်၏စကားကြောင့် စိတ်ထဲတွင် ဒေါသဖြစ်သွားမိသော်လည်း ဒေါသကိုမျိုချလိုက်ပြီးလျှင် "နှင်းအိမ်က မကြာခင်မှာ သူ့ကိုယ်ပိုင်လုပ်ငန်းပဲလုပ်တော့မှာ အဖေ ... ပြီးတော့ နှင်းအိမ်ရဲ့လုပ်ငန်းမှာ ကျွန်တော်လဲ ရှယ်ယာဝင်မှာပါ " သားဖြစ်သူ၏ စကားကြောင့် ဦးမောင်မောင်၏မျက်နှာကွက်ခနဲပျက်သွားလေသည်။သားဖြစ်သူကို မာထန်သောအကြည့်များဖြင့် ကြည့်လိုက်သည်။ကိုချမ်းသည်လည်း ဖခင်၏ အကြည့်ကို မရောင်လွှဲဘဲ ပြန်၍ကြည့်နေလိုက်သည်။ "သားရေ ဒီမှာဆုံတုန်း...အရေးတကြီး အလုပ်ကိစ္စလေးတိုင်ပင်စရာရှိလို့ ...အဖေတို့သားအဖနှစ်ယောက် ခဏလောက်စကားပြောရအောင်ကွာ " ဦးမောင်မောင်သည် ပြောရင်း နေရာမှထလိုက်သည်။ထို့နောက် နှင်းအိမ်နှင့်သန့်ဇင်တို့ကို ကြည့်လိုက်ပြီးခွင့်တောင်းလိုက်လေသည်။ "မောင်သန်ဇင်နဲ့ ဒီကငါ့တူမ ..အန်ကယ်တို့သားအဖကို ..ခဏလောက် ခွင့်ပြုပါအုံးနော် " "ဟုတ်ကဲ့ ..ရပါတယ်ရှင် " " နှင်းအိမ် ...ခဏလေးနော် ...မကြာပါဘူး " ဦးမောင်မောင်နှင့်ကိုချမ်းထွက်သွားသောအခါ စားပွဲဝိုင်းတွင် ကျန်ခဲ့သောသန့်ဇင်ကနှင်းအိမ်ကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီးလျှင် "အဘွားဆုံးသွားပြီ ... မင်းတကယ်ရက်စက်တတ်တာပဲနော် " "ရှင် " ကိုသန့်ဇင်၏ စကားကြောင့် နှင်းအိမ် ဖြုန်းခနဲနားမလည်နိုင်ဘဲ ကိုသန့်ဇင်ကိုကြည့်လိုက်မိသည်။ "အဘွားက ဘယ်လောက်ပဲအတ္တတွေကြီးခဲ့ပါစေ...သူရဲ့နောက်ဆုံးအချိန်ထိ မင်းကိုတမ်းတသွားရှာတာ ....သမီးမိန်းခလေးမြေးမိန်းလေးကို သိပ်လိုချင်ရှာခဲ့တဲ့ အဘွားက မင်းကိုအတော်လေးတမ်းတခဲ့ရှာတာကွ ...မင်းက အဘွားကိုတော့ ဥပေက္ခာပြုထားပြီး ဒီလိုအခြေအနေမျိုးနဲ့ အထင်သေးခံနေတာလား" " ရှင် ...ရှင်ဘာတွေလာပြောနေတာလဲ " နှင်းအိမ်က အထိတ်တလန့်နှင့် မေးလိုက်သည်။ "ငါပြောနေတာတွေကို မင်းနားမလည်ဘူးလား ..ငါကဦးမြင့်မောင်ရဲ့သား ..ဒေါ်သုန်ရဲ့မြေးပဲ ...အဘွားက မင်းအတွက်ရသင့်ရထိုက်တာတွေကိုပေးခဲ့တယ် ...အဲ့ဒါတွေ မင်းကိုပေးမှာပါ ...အဲ့ဒါတွေရရင် ကိုယ်ပိုင် အလုပ်လုပ်တော့ ...ပြီးတော့ ချမ်းမြေ့မောင်နဲ့မတွဲနဲ့တော့ .. သူ့မိသားစုကြောင့် မင်းစိတ်ဆင်းရဲရလိမ့်မယ် "

#မုန်းမာန် (အခန်းဆက်ဝတ္ထုရှည်) အပိုင်း (၂၀ ) ******** လမင်းသည် ထိုင်နေရာမှထလိုက်၊ ထနေရာမှထိုင်လိုက်နှင့် ဣန္ဒြေမရဖြစ်ကာစိတ်ထဲရှုပ်ထွေးနေမိလေသည်။အတန်ကြာသောအခါ စိတ်ထဲတွင်မနေနိုင်တော့သည့်အဆုံး၌ အဘွားဖြစ်သူရှိရာဆီသို့လျှောက်သွားလိုက်လေသည်။ အနားသို့ရောက်လျှင် "အဘွား... ဒီနေ့ မေနွယ်က လက်ထပ်လိုက်ပြီဆိုတော့ ...နှင်းအိမ်ကဘယ်မှာနေမှာတဲ့လဲ .." မြေးဖြစ်သူလမင်း၏အမေးကြောင့် ဒေါ်အေးကြည်မှာ ကြောင်အမ်းအမ်းဖြစ်သွားရပြီးလျှင် "ဒီညတော့ မအေးနွယ်ကမောင်မျိုးအိမ်မှာလိုက်နေမယ်ထင်တယ် ....နှင်းအိမ်ကတော့ သူ့ဘွားအေနဲ့ သူတို့အမျိုးတချို့ ရောက်နေတော့ သူတို့အိမ်မှာပဲနေမှာပေါ့ ....နောက်တော့ ဘယ်လိုစီစဉ်မယ်မသိဘူးကွဲ့ ... မောင်မျိုး အိမ်မှာပဲလိုက်နေမယ်ထင်တယ် ..ဟိုမှာက နှစ်ထပ်တိုက်ပဲ ကျယ်ပါတယ်...အေးနွယ်လဲ ထမင်းဆိုင်မဖွင့်တော့ဘူး ... နှင်းအိမ်လဲ အလုပ်ဝင်ရတော့မယ် ပြောတယ် ..ဒါနဲ့ လူလေးက မင်္ဂလာပွဲကို ဘာလို့မလာတာလဲ .. ဟိုမယ် အေးနွယ်စိတ်မကောင်းဖြစ်နေမှာပေါ့ ..." "မြေကွက်အရောင်းအ၀ယ်ကိစ္စ အရေးတကြီး ပေါ်လာလို့ပါ အဘွားရယ် ... ငွေက အခွင့်အရေးရတုန်းရှာရတာမို့ ..." လမင်း၏စကားကြောင့် ဒေါ်အေးကြည်က လမင်း၏မျက်နှာကို စူးစိုက်ကြည့်လိုက်ပြီး "ခဏထိုင်အုံး လူလေး ....လူလေးနဲ့ စကားပြောဖို့ကလဲ အချိန်ကမရဘူးဖြစ်နေတယ်...ကြုံတုန်းအဘွားပြောအုံးမယ် ...လူလေးဘာလို့ ငွေကို ဒီလောက်လောဘတကြီးရှာ နေရတာလဲကွယ် ... လက်ရှိဆိုင်နဲ့လဲ အေးအေးဆေးဆေး စီးပွားရှာလို့ရပါတယ် .... ခုဟာက လူလေးက အချိန်ပြည့်ငွေနောက်ပဲလိုက်နေတော့ မင်းအမေနဲ့ မင်းဘကျော်တို့လင်းမယားခမျာ မင်းနဲ့ စကားပြောချင်လွန်းလို့ နေ့တိုင်းတမျှော်မျှော်နဲ့ကွယ် ...အဘွားတို့က အသက်ကြီးပြီဆိုတော့ မိသားစုနဲ့ အေးအေးချမ်းချမ်းနေရရင် ကျေနပ်ပါပြီကွယ် ..... လူလေးကိုလဲ အိမ်ထောင်ပြုပြီး အေးအေးဆေးဆေးနေစေချင်ပါပြီ ..မင်းဘကျော်တို့ကလဲ အသက်ကြီးနေပြီ ... လူလေးကအနားမှာနေပေးလိုက်ပါအုံး ...ငွေဆိုတာ အချိန်မရွေးရှာလို့ရတယ် ...လူဆိုအချိန်မရွေးရှိနေမှာမဟုတ်ဘူးကွဲ့ ..ရှိနေတုန်းမှာ ပိုပြီးချစ်ခင်ပေးရတယ် ... အထူးသဖြင့် ဘ၀နေ၀င်ချိန်ကို ရောက်နေပြီဖြစ်တဲ့ လူကြီးတွေကို ပိုပြီး ကြင်နာဂရုစိုက်ပေးရမယ် " "ဟုတ်ကဲ့ပါ အဘွား ... အဲ့ဒီလိုနေနိုင်ဖို့ ကျွန်တော်ကြိုးစားနေတာပါအဘွား " ~~~~~~~ "မြေးလေး....အဘွားတို့နဲ့ ခဏတဖြုတ်လိုက်နေပါလား ...မြေးရဲ့အဘိုးကလဲ ခေါ်ခဲ့ခိုင်းနေတာ " မိခင်ဖြစ်သူ ဒေါ်ရီ၏စကားကြောင့် မအေးနွယ်သည် သမီးဖြစ်သူကို မျက်လုံးဝင့်ကာဖြင့် ကြည့်လိုက်သည်။ နှင်းအိမ်ကလည်း မိခင်၏ အကြည့်ကို သဘောပေါက်လိုက်လေသည်။ "သိပ်မကြာခင်မှာ နှင်းအိမ်တို့လာလည်ပါ့မယ်အဘွား ....နှင်းအိမ်အတွက် စိတ်မပူနဲ့နော် ..ဦးမျိုးကလဲ လူကြီးလူကောင်းတစ်ယောက်ပါ ....ပြီးတော့သမီးက နောက်လဆန်းမှာ အလုပ်စ၀င်ရတော့မယ် ......ဒီကြားထဲမှာ အလုပ်အတွက်လေ့လာရမှာတွေလဲ ရှိနေလို့ပါ" "အေးပါကွယ် ... ငါ့မြေးတို့ အဆင်ပြေရင် ပြီးတာပဲ ..." ~~~~~ " ကျွန်တော်အလုပ်တွေများပြီး ..ဘကျော်တို့ကို ပစ်ထားသလို ဖြစ်နေမိတာခွင့်လွှတ်ပါနော် ...ဘာကျော်ကိုရော ကြီးစန်းကိုရော ကျွန်တော်တောင်းပန်ပါတယ် " လမင်းက ဦးကျော်တို့ ဇနီးမောင်နှံကို ရှိခိုးကန်တော့ တောင်းပန်လိုက်လေသည်။ထိုအခါ ဒေါ်စန်းကလမင်း၏ လက်ကလေးကို ဆွဲယူဆုပ်ကိုင်လိုက်ပြီး အသံတုန်တုန်ဖြင့် "ရပါတယ်သားရယ် ...ကြီးစန်းတို့အနေနဲ့ ဒီအသက်အရွယ်မှာ ..မပူမပင်နဲ့ ဘုရားသွား ကျောင်းတက် လုပ်နေနိုင်တာကိုပဲ သားတို့တစ်မိသားစုလုံးကို ကျေးဇူးတင်လှပါပြီကွယ် ...တကယ်ဆို ကြီးစန်းတို့က အိမ်လေးတစ်လုံးပေးပြီး ကြီး စန်းတို့ကိုတစ်သက်လုံး တာဝန်ယူခိုင်းမိနေသလိုဖြစ်နေလို့ အားနာမိတယ် ..သားကို ဘာအပူအပင်မှမရှိဘဲအိမ်ထောင်ပြု စေချင်ပြီကွယ် " "ဟာ ...ကြီးစန်းရယ် အဲ့ဒီလို မပြောပါနဲ့နော်... ဘကျော်နဲ့ ကြီးစန်းကလဲ ကျွန်တော်ချစ်ခင်ရတဲ့ကျွန်တော့်ရဲ့မိဘတွေပါ ..." ကြီးစန်း၏စကားကြောင့် လမင်း စိတ်မကောင်းစွာ ပြန်ပြောလိုက်လေသည်။ထိုအခါ ဦးကျော်ကလည်း လမင်းကိုကြည့်လိုက်ပြီးနောက် "မင်းရဲ့ကြီးစန်းပြောတာ မမှားဘူး လူလေး ... ဘကျော်လဲ မင်းကို အိမ်ထောင်ပြုစေချင်ပြီ ..တစ်နေ့ကပဲ ပပစိုးရဲ့မိဘတွေက ဘကျော်တို့ကိုစကားလမ်းကြောင်းတယ် ... ပတ်ဝန်းကျင်မှာလဲ ပြောနေကြလို့ သားနဲ့ သူတို့သမီးကို လက်ထပ်စေချင်ပြီတဲ့ ပြောသွားတယ် ... ဘကျော်တို့ဘက်ကလဲ သဘောတူတယ်နော် " "ဗျာ ....ကျွန်တော်နဲ့ မမစိုးကိုပြောတာလား ဘကျော်" ဦးကျော်၏ စကားကြောင့်လမင်း အံဩတုန်လှုပ်မိသွားလေသည်။ ပတ်ဝန်းကျင်တွင် လမင်းနှင့် ပပစိုးတို့၏သတင်းက မည်သို့ပျံ့နှံ့နေသည်ကို လမင်းကသတိမထားမိခဲ့ရိုးအမှန်ပါပင်။ယခုလို ကြားလိုက်ရသောအခါမှ လမင်း အံ့ဩတုန်လှုပ်မိသွားလေသည်။ ~~~~~~ "အလုပ်နဲ့နီးတဲ့နေရာမှာ အဆောင်ဖြစ်ဖြစ်နေမလား ..." ကိုချမ်း၏ အမေးကြောင့် နှင်းအိမ်ခေါင်းကိုခါယမ်းလိုက်ပြီး

နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ကြစဉ် လမင်း နှုတ်ခမ်းကို တွန့်ကွေးလျက်ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။ @@@@@@@@@@@@@@@@@@@@@@@@ အပိုင်း ( ၂၀ ) ဆက်ရန် #ဧကြည်ဖြူ

"ဘာတွေပြောနေတာလဲ ... ငါ့အမေလက်ထပ်တာက ..ငါအလုပ်လုပ်တာ မလုပ်တာနဲ့ ဘာဆိုင်လို့လဲ ..." "ဟင်..ဘာပြောတာ ..မေ့နွယ် လက်ထပ်တာဟုတ်လား " " ဟုတ်တယ်လေ ... ဒီနေ့ ဦးမျိုးက အမေ့ကိုလာတောင်းတာလေ ....နောက်တစ်ပတ်မှာ မင်္ဂလာဆွမ်းကျွေးမယ် ..နင် အဲ့ဒါကို မသိဘဲဘာလာလုပ်တာလဲ " နှင်းအိမ်၏ စကားကိုကြားလိုက်ရသည့်အခါတွင် လမင်းအံ့ဩသွားမိသလို ရင်ထဲမှ မွန်းကြပ်နေမှုများလည်း ပြေလျော့သွားသလို ခံစားလိုက်ရသည်။လမင်းမျက်နှာကို မပြုံးမိအောင် သတိထားလိုက်ပြီး " ဆေးဆိုင်က ဦးမျိုးနဲ့မဟုတ်လား ..ငါ မေနွယ့်ကို သွားနှုတ်ဆက်လိုက်အုံးမယ် " ပြောပြီးသည်နှင့် လမင်းက အိမ်အပေါ်ထပ်သို့ ခပ်မြန်မြန်တက်လာခဲ့လိုက်သည်။ ~~~~~~~ " မစိုးပြောတာသေချာလား ....ထွန်းအိမ်ရာဆောက်လုပ်ခွင့်ကို ချမ်မြေ့ကုမ္ပဏီကရသွားတာပေါ့ ဟုတ်လား " "ဟုတ်တယ် လမင်းရဲ့ ...မင်းသိတယ်မဟုတ်လား ... ထွန်းအိမ်ရာကို တည်ဆောက်မဲ့သူဌေး ညီအစ်ကိုတွေက အရမ်းဇီဇာကြောင်တဲ့သူတွေလေ ..သူတို့နဲ့ တော်ရုံလူတွေ အလုပ်မလုပ်ချင်ကြဘူး...တိကျတယ်စနစ်ကြီးတယ်.... ဘာမဆိုနည်းနည်းလေးမှ အတိမ်းအစောင်းမခံကြဘူး ...ကြားရသလောက်တော့ .. အခု ဆောက်လုပ်ရေးအတွက်လဲ သူတို့ သက်မှတ်ရက်အတွင်း မပြီးခဲ့ရင် လျှော်ကြေးပြန်ပေးရမယ်လို့ ချုပ်ဆိုခဲ့ကြတာတဲ့ ... တကယ်လို့ သက်မှတ်ရက်အတွင်းအောင်မြင်ခဲ့ရင် လုပ်အားခနှစ်ဆပိုရမဲ့အပြင် နောက်ထပ်အလုပ်ခွင်တွေလည်း စာချုပ်ဆက်ချုပ်ကြမှာ ...အောင်မြင်ရင်တော့ပွပေါက် အကြီးကြီးပေါ့ " ကြားလိုက်ရသော စကားကြောင့် လမင်းအံကိုတင်းတင်းကြိတ်လိုက်မိသည်။ "ဒါနဲ့ လမင်းကဦးကောင်းထက်ဆီမှာ ရှယ်ယာဝင်မလို့ဆို....ဘယ်လိုလုပ် ဆောက်လုပ်ရေးကို စိတ်ဝင်စားသွားတာလဲ ...ပြောတော့ ဆိုင်ပဲဖွင့်တော့မလိုလိုနဲ့ " ပပစိုးက မကျေမနပ်နှင့် ပြောလိုက်သည်။နှစ်ယောက်သား မြေကွက်အရောင်းအဝယ် စလုပ်ခဲ့ကြရာမှလမင်းက ခြေလှမ်းကျဲပြီး ဆောက်လုပ်ရေးလောကကို စိတ်ဝင်စားသွားခဲ့ခြင်းဖြစ်သည်။ " မှန်တာပြောရရင် အရောင်းဆိုင်ကို မလုပ်ချင်ဘူး မစိုးရယ် ..လူရယ်လို့ သိကတည်းက ဈေးရောင်းစားလာခဲ့ရတာလေ ...ပြီးတော ဆောက်လုပ်ရေးလုပ်ငန်းက တိုးတက်ဖို့ ပိုမြန်တယ် .... ဒါကြောင့် ကြိုးစားကြည့်မလို့ပါ " ~~~~~~ ကားကိုဆိုင်ရှေ့ရှိ ခြံမျက်စာတွင် ပါကင်ထိုးလိုက်ပြီး ဆိုင်တွင်းသို့ လမင်းဝင်ခဲ့လိုက်သည်။ဆိုင်နေရာကို စုံးစမ်းသိရှိထားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း အလုပ်အားလပ်ချိန် မရှိသောကြောင့် လာရောက်ကြည့်ရှုနိုင်ခဲ့ခြင်းမရှိခဲ့ချေ။ချမ်းမြေ့ကုမ္ပဏီလုပ်ငန်းများနှင့်နေရာများကို လုပ်ငန်းရှင်များကြားတွင် စုံစမ်းရသည်မှာ သိပ်တော့မခက်ခဲလှ။အောင်မြင်နေသော သူတို့လုပ်ငန်းက လမင်း၏ရင်ကို ပို၍နာကျင်စေခဲ့သည်။ထို့ကြောင့် လမင်း၏ပထမဆုံး ပစ်မှတ်အဖြစ် ဦးမောင်မောင်တို့မိသားစု၏ နှလုံးသည်းပွတ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။လမင်း ဆိုင်ထဲသို့ ဝင်လာခဲ့ပြီး အခြေအနေကို အကဲခတ်ကြည့်လိုက်သည်၊၊ငွေရှိသူများဆိုတော့ ဆိုင်ကို သေချာလေးပြင်ဆင်ထားသည်။လိုတိုင်းတရနေသော ဘ၀တွင် ဘယ်အရာကများ သိမ်ငယ်စေမည်နည်း။ကိုယ့်ဘ၀ဖြစ်တည်မှုနှင့် ယှဉ်လျှင် နတ်ပြည်နှင့်ငရဲပြည်အလား ကွာခြားလွန်းနေသည်။ လမင်းဆိုင်ထဲသို့ ရောက်သောအခါ ဝန်ထမ်းလေးတစ်ယောက်က လမင်းရှိရာဆီသို့ လျှောက်လာပြီး ဘိုကင်ယူထား သော အခန်းဆီသို့လိုက်၍ပို့ပေးသည်။ အခန်းဆီသို့ရောက်သောအခါ လုပ်ငန်းကိစ္စအတွက် ချိန်းထားသည့် လူတစ်ချို့က ရောက်ရှိနေခဲ့ကြလေပြီ။လမင်းအနေနှင့် ယနေ့ပွဲသို့သာမန် ရှယ်ယာရှင်တစ်ယောက်အနေနှင့်တက်ရောက်ခဲ့ခြင်းသာဖြစ်သည်။လမင်းရှယ်ယာဝင်ခဲ့သည့် လုပ်ငန်းသည် ချမ်းမြေ့ကုမ္မဏီ၏ ပြိုင်ဘက်ကုမ္မဏီတစ်ခုဖြစ်ပြီး တမင်ပင် ချမ်းမြေ့ကုမ္ပဏီကပိုင် သော စားသောက်ဆိုင်ကြီးတွင် ပျော်ပွဲရွှင်ပွဲလာလုပ်ကြခြင်းဖြစ်သည်။ "မောင်လမင်းရောက်လာပြီလား ...ထိုင်ကွာ ... လူမစုံသေးပေ မဲ့ ပွဲတော့စနေပြီ ... ဒီမှာ ဆိုင်ရှင်သူဋ္ဌေးကိုယ်တိုင် ဝန်ဆောင်မှုပေးနေတယ်လေ .. မောင်လမင်းနဲ့ကို ချမ်းတို့ကို မိတ်ဆက်ပေးရအုံးမယ် " လမင်းတို့၏ သူဌေးဦးကောင်းထက်က ဟန်ဆောင်မျက်နှာဖုံးကို အပြည့်အဝတပ်ဆင်လျက်ဖြင့်ပြောလာသည်။ထွန်းအိမ်ရာ ဆောက်လုပ်ရေးအတွက် ချမ်းမြေ့ကုမ္ပဏီက ဆောက်လုပ်ခွင့်ရသွားသည်မှာ သူဋ္ဌေးကြီးဦးကောင်းထက်လိုဝါရင့် ကန်ထရိုက်တာကြီး၏မာနနှင့်သိက္ခာကို ထိခိုက်စေခဲ့သည်လေ။သည်အခြေအနေကို ဦးမောင်မောင်၏သားကလည်း တမင်မသိဟန်ဆောင်နေသည်လား၊ တကယ်ပင်မသိတာလားမသိဘဲ ဦးကောင်းထက်ကို ပြုံးပြုံးရွှင်ရွှင်အနေအထားနှင့် စကားပြောနေသည်ကို လမင်း တွေ့နေရလေသည်။ "မောင်ချမ်းမြေ့ရေ ... သူကတော့ သိပ်မကြာသေးခင်ကမှ အန်ကယ်တို့ ဆောက်လုပ်ရေးလောကထဲကို ဝင်ရောက်လာခဲ့တဲ့သူပဲ.. နာမည်ကလမင်းတဲ့...လမင်းလဲ မှတ်ထားအုံး... သူကဒီဆိုင်ရဲ့ ဆိုင်ရှင်သူဋ္ဌေးလေး ချမ်းမြေ့မောင်တဲ့ ..ချမ်းမြေ့ကုမ္ပဏီပိုင်ရှင်သူဋ္ဌေးဦးမောင်မောင်ရဲ့ တစ်ဦးတည်းသောသားပေါ့ ...^ "တွေ့ရတာ ဝမ်းသာပါတယ် ကိုလမင်း " "ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ....ကိုချမ်းမြေ့မောင် "

"ဟိုကွာ .... မင်းကို ငါပြောမယ် .. စိတ်မတိုရဘူးနော် ..ပြီးတော့ ငါတို့ရဲ့ခင်မင်မှုကိုဖျက်စီးလို့မရဘူးနော် '' " အင်းပါ ..ဘာမို့လို့လဲဟင် ...." " ဘာလဲဆိုတော့ ပြောပြီးနော် .... ငါ့နာမည် အပြည့်အစုံကချမ်းမြေ့မောင်တဲ့ ... မင်းနဲ့ငါ စတွေ့တဲ့ စားသောက်ဆိုင်က ငါကိုယ်တိုင်ဖွင့်ထားတာ ...ပြောရရင်ကွာ ..ငါကမင်းထင်နေသလို ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့သူမဟုတ်ဘူးကွာ ...အဲ့ဒါကြောင့် မင်းဘာလုပ်ချင်လဲ ...ငါအကုန်ကူညီပေးနိုင်တယ် " နှင်းအိမ်သည် ကိုချမ်းပြောနေသမျှကို သေချာနားထောင်နေမိပြီးနောက် "နောက်နေတာလား ...အတည်ပြောနေတာလား ကိုချမ်း " " ဟာကွာ ကိုယ့်ပုံစံက လိမ်ပြောနေတဲ့ပုံပေါက်နေလို့လား နှင်းအိမ်ရယ် " " အဲ့ဒီလို သဘောနဲ့ ပြောတာမဟုတ်ပါဘူး ...ကိုချမ်းလိုသူဌေးက နှင်းအိမ်ကိုလာခင်နေလို့ အံ့သြမိလို့ပါ ... နှင်းအိမ်အတွက်ကတော့ ကိုချမ်းကဆင်းရဲရဲ ..ချမ်းသာသာ စိတ်ဆိုးစရာအကြောင်းမှ မရှိတာ ... ကိုယ့်သူငယ်ချင်းကအဆင်ပြေပြေနေနိုင်တယ်ဆိုရင် ပိုတောင်၀မ်းသာရအုံးမယ် " " ဒါဆို နှင်းအိမ်စိတ်မဆိုးဘူးနော် " ကိုချမ်းဝမ်းသာအားရနှင့် မေးလိုက်မိသည်။ "မဆိုးပါဘူး ... ပိုတောင်ကောင်းသွားသေးတယ် ... မဟုတ်ရင် လခထုတ်ရက်မဟုတ်ရင် ... နင့်မှာ ကားခမှပါရဲ့လားလို့ အလကားလိုက်ပူနေမိတာလေ ... ဒါပေမဲ့ တစ်ခုတော့ရှိတယ် ...အလုပ်ကို နှင်းအိမ်ရဲ့ အရည်အချင်းနဲ့ပဲရချင်တယ် ...ကိုချမ်းကြောင့်အလုပ်ရတာမျိုး မဖြစ်ချင်ဘူး " နှင်းအိမ်၏ စကားကြောင့် ကိုချမ်းရင်ထဲကြည်နူးသွားမိသလို ကျေကျေနပ်နပ်ဖြင့်ခေါင်းငြိမ့်ပြလိုက်မိသည်။ "ကဲ သွားကြမယ်လေ ...တော်ကြာ အင်တာဗျူး မဖြေလိုက်ရဘဲ နေမယ် ..." နှင်းအိမ်ပြောရင်း ထရပ်လိုက်သည်။ ~~~~~~~~ "အမေဘယ်သွားမလို့လဲ လမင်းဆိုင်ထဲမှာ ပစ္စည်းစာရင်းများစစ်ဆေးနေစဉ် စောစောစီးစီး အလှပြင်ထားသော မိခင်ကို တွေ့လိုက်ရသဖြင့်လမင်းမေးလိုက်မိသည်။ " နှင်းအိမ်ဆီကိုသွားမလို့လေ သားရဲ့..နှင်းအိမ်တို့အိမ်မှာ ...မင်္ဂလာပွဲ ရှိတယ် ..အဲ့ဒါ အမေနဲ့အဘွားသွားမလို့..အမေပြောတာတော့ လူကြီးတွေနဲ့ နားဖောက်မှာဆိုလား ...သားက ခရီးသွားနေလို့မသိဘူး မဟုတ်လား ..အမေ့ကို ကြည့်အုံး... အမေလှရဲ့လားလို့ " မိခင်ကြီးပြောလိုက်သော စကားများကြောင့် လမင်းအံ့သြပြီး ကြက်သေသေသွားမိသည်။လွန်ခဲ့သောလေးရက်ကပပစိုးနှင့် လမင်းတို့ အလုပ်ကိစ္စဖြင့် ခရီးသွားခဲ့ကြပြီး ညကမိုးအတော်ကြီးချုပ်မှ ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။သူ မရှိသောသုံးလေးရက်အတွင်း ဘာတွေဖြစ်ကုန်သည်မသိတော့။ခရီးသွားနေ စဉ် အရောင်းအ၀ယ်ဖုန်းများနှင့် အလုပ်ကိစ္စများကြောင့် သူရနှင့်လည်း ဖုန်းမပြောဖြစ်ခဲ့။အဖြစ် ပျက်များသည် လျင်မြန်စွာဖြစ်ပျက်ခဲ့ပြီလား။လမင်းမယုံကြည်နိုင်အောင်ဖြစ်နေမိသည်။ မိခင်ဖြစ်သူနှင့်အဘွားဖြစ် သူတို့ ထွက်သွားကြသည်ကို လမင်းငေးကြည့်နေမိသည်။လက်ကသာ လက်တော့ကြီးဖွင့်ပြီး စာရင်းလုပ်နေသော်လည်းစိတ်ကမူ စာရင်းတွက်နေသည့်ထံတွင် မရှိဖြစ်နေမိသည်။တစ်ခဏမျှ ကြာလျှင် လမင်းဆက်ထိုင်နေနိုင်စွမ်းမရှိတော့ချေ။ထိုင်နေရာမှဖျတ်ခနဲ ထရပ်လိုက်မိသည်။ လမင်း ဆိုင်ပြင်သို့ထွက်လာခဲ့မိသည်။ထို့နောက် ခြေထောက်များသည် လမင်း၏ဆန္ဒကိုသိသည့်အလား ဘူတာသို့သွားသော လမ်းကြားဘက်ဆီသို့ မပြေးရုံတမယ်ဦးတည်လျှောက်လှမ်းခဲ့လေသည်။ ~~~~ အိမ်ရှေ့သို့ ရောက်သောအခါ "ယနေ့ဆိုင်ပိတ်သည် "ဆိုသော စာတန်းလေးချိတ်ဆွဲထားပြီး ခြံတံခါးစေ့ပိတ်ထားသည်ကိုတွေ့လိုက်ရလေသည်။အိမ်ထဲသို့ လှမ်းကြည့်လိုက်သောအခါ တဖျတ်ဖျတ်လှုပ်ရှားနေသော အရိပ်ကလေးကိုဦးစွာ တွေ့လိုက်ရသည်။ဆံပင်ကို ခပ်မြင့်မြင့်စည်းထားပြီး ခပ်ရိုးရိုးဝတ်စားထားပုံကိုကြည့်ရသည်မှာ သတို့သမီးလောင်းတစ်ယောက်၏ ပုံစံအနေအထားမျိုးတော့ မဟုတ်ချေ။လမင်းကြောင်ငေးပြီးကြည့်နေမိစဉ်မှာပင် "လမင်းလား ..လာလေ ...၀င်ခဲ့လေကွယ် ... ဘာရပ်လုပ်နေတာလဲ " မတူးသည် အချိုပွဲပြင်နေသော နှင်းအိမ်ကိုကူညီရန်ဆင်းလာစဉ် ခြံရှေ့တွင်ရပ်နေသော လမင်းကို မြင်လိုက်ရသဖြင့် လှမ်းခေါ်လိုက်သည်။ဒေါ်တူး၏ မေးသံကြောင့်နှင်းအိမ်သည်လည်း ခြံဝသို့လှမ်းကြည့်လိုက်မိသည်။ထိုအခါတွင် လမင်းနှင့်နှစ်ယောက်သား အကြည့်ချင်းဆုံသွားမိကြသည်။အကြည့်ချင်းဆုံလိုက်မိကြပြီးသည့်နောက် နှင်းအိမ်ကဦးစွာ အကြည့်ကိုလွှဲပစ်လိုက်သည်။ လမင်းသည် အိမ်ထဲသို့ဝင်လာခဲ့ပြီး နှင်းအိမ်အနားတွင် ယောင်တိယောင်တောင်နှင့် ရပ်လိုက်မိသည်။ရပ်နေရင်းမှ မည်သို့စကားစရန်းမှန်းမသိဘဲဖြစ်နေမိသည်။သူတို့နှစ်ယောက် စကားမပြောဖြစ်ခဲ့ကြသည်မှာလည်း ကြာခဲ့ပြီလေ။နောက်ဆုံးတွင် လမင် စိတ်ကို တင်းလိုက်ပြီး စကားစပြောလိုက်သည်။ "ငါ ..ဘာကူညီပေးရမလဲ ..." "ရတယ် ... ဘာမှလုပ်စရာမရှိဘူး " နှင်းအိမ်က အသံမာဆတ်ဆတ်နှင့် ပြန်ဖြေလိုက်သည်။ " ဘယ်ကကောင်လဲ ..ငါ့ကိုတောင် ဘာမှမပြောဘူး ... တွေ့တာ ဘယ်လောက်ကြာသေးလို့လဲ ... ကျောင်းပြီးတာနဲ့ အလုပ်လုပ်ဖို့စိတ်မကူးသေးဘဲ အိမ်ထောင်ပြုဖို့တွေးရလား " ရုတ်တရက်အသံမာမာနှင့် ပြောလိုက်သော လမင်း၏စကားကြောင့်နှင်းအိမ်က လမင်းကိုကြည့်လိုက်ပြီး

" အေးပါ ... ဂရုစိုက်သွားနော် သမီး ....လိုင်းကားတွေကြပ်ရင်... ကားငှားစီးသွားလိုက်..ပိုက်ဆံကို နှမြောမနေနဲ့နော် " "ဟုတ်ကဲ့ အမေ " ~~~~~~ အိမ်ကထွက်ပြီး လမ်းမပေါ်သို့ ရောက်သည်နှင့် တင်းထား သောစိတ်များက မျက်ရည်ပေါက်များအဖြစ် ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။ အချစ်ဆိုတာ ဘာမှန်းမသိခင်မှာ အသည်းကွဲခြင်းဝေဒနာကို ဦးစွာခံစားခဲ့ရလေပြီ။ "တူ..တူ...တူ " မျက်ရည်များကို ကာကွယ်ရန် ထီးကိုခပ်ငိုက်ငိုက်ဆောင်းပြီး လျှောက်လာခဲ့စဉ် ဖုန်းသံကမြည်လာခဲ့သည်။ "ဟယ်လို " အသံကိုငိုသံမပါအောင် ထိန်းရင်းဖုန်းကိုထုတ်ပြောလိုက်သည်။ " နှင်းအိမ်ဘယ်မှာလဲ .. မြို့ထဲမရောက်သေးဘူး မဟုတ်လား ... ငါနားချိန်ရလို့ မင်းကိုလိုက်ပို့ပေးမလို့လေ....အခုဈေးရှေ့နားမှာစောင့်နေတယ် ... ဒါပဲနော် ....အေးဆေး လာခဲ့ ... သူငယ်ချင်းကားငှါးလာခဲ့တယ် " ပြောပြီးသည်နှင့် ကိုချမ်းဘက်က ဖုန်းချသွားသည်။နှင်းအိမ် ခြေလှမ်းများကို ဈေးထိပ်ဘက်ဆီသို့ဦးတည်လျှောက်လှမ်းလိုက်သည်။ ~~~~ " နှင်းအိမ် ဘာဖြစ်နေတာလဲဟင်..နေမကောင်းလို့လား " နွမ်းလျနေသော နှင်းအိမ် မျက်နှာလေးကိုကြည့်ပြီး ကိုချမ်းမေးလိုက်မိသည်။ နှင်းအိမ်သည်လည်း ငိုချင်ရဲ့လက်တို့ဆိုသလို ကိုချမ်းမေးလိုက်သောအခါမှပင် ဟီးခနဲငိုချလိုက်မိတော့သည်။နှင်းအိမ်၏ အပြုအမူကြောင့် ကိုချမ်းထိတ်လန့်သွားမိပြီး ကားကိုလမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်မိမလိုဖြစ်သွားသည်။ပြီးမှ ကားကိုဆက်မောင်းလာခဲ့ပြီး အားပါးတရငိုနေ သောနှင်းအိမ်ကို ဘာမျှမမေးဘဲ လွှတ်ထားပေးလိုက်သည်။ကိုချမ်းရင်ထဲမှာတော့ နှင်းအိမ်၏ရှိုက်သံက သူ့နှလုံးသားကို မီးစနှင့်ထိုးနေသလိုပင်ခံစားနေရသည်။ အတန်ကြာသောအခါ နှင်း အိမ်တစ်ယောက် အငိုတိတ်သွားသည်။ကိုချမ်းသည် လက်ကိုင်ပဝါလေးကို နှင်းအိမ်လက်ထဲသို့ထည့်ပေးလိုက်သည်။ " ဒီပုံစံနဲ့တော့ အင်တာဗျူးသွား ဖြေလို့မဖြစ်ဘူးထင်တယ် ..အချိန်လဲလိုသေးတာပဲ ..ကန်တော်ကြီးထဲမှာ ခဏသွားထိုင်ကြမလား " ကိုချမ်းပြောလိုက်သောအခါ နှင်းအိမ်ကခေါင်းကိုအသာငြိမ့်ပြလိုက်မိသည်။ ~~~~~ ရေပြင်ကိုဖြတ်တိုက်လာသောလေနုအေးက ကိုချမ်းတို့နှစ်ယောက်ကို ခပ်ဖြည်းဖြည်း တိုက်ခတ်သွားသည်။နှင်းအိမ်က ကန်တော်ကြီးရေပြင်ကိုငေးကြည့်နေသည်။ကိုချမ်းက နှင်းအိမ်၏ မျက်နှာလေးကို ငေးကြည့်နေသည်။ထို့နောက်တွင် ကိုချမ်းကပင် စကားစတင်ပြောလိုက်သည်။ "မင်းဘာဖြစ်လာတာလဲ နှင်းအိမ် ... ငါ့ကို ရင်ဖွင့်လို့ရပါတယ် " ကိုချမ်း၏ စကားကြောင့် နှင်းအိမ်ကိုချမ်းကိုကြည့်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်မိသည်။ "ပြောရမှာရှက်စရာကြီးပါဟာ ...နှင်းအိမ်ရဲ့ အဖြစ်က ..ရည်းစားမထားဖူးဘဲ အသည်းကွဲနေတာလေ .. ရယ်ရတယ်မဟုတ်လား ..ဟင်း ..ဟင်း " ပြောရင်းဖြင့် နှင်းအိမ်နာနာကျင်ကျင်လေသံဖြင့် ရယ်လိုက်မိသည်။ ကိုချမ်းကတော့ မရယ်နိုင်ဘဲ နှင်းအိမ်မျက်နှာလေးကိုသာ ငေးမြဲငေးနေမိပြီး သူသည် လည်း ရင်ထဲက နာကျင်မှုများကိုမျိုသိပ်လျက် နှင်းအိမ်ကို မေးလိုက်မိသည်။ "သူကဘယ်သူလဲ ...ဘယ်ကလဲ ဟင် ... " " သူကနှင်းအိမ်ရဲ့ ငယ်သူငယ်ချင်းလေ ....မှန်တာပြောရရင် ကိုယ့်ကိုယ်ကိုယ် သူ့ကိုချစ်နေမိမယ်လို့မထင်ခဲ့ဘူး ... သူ တခြားတစ်ယောက်နဲ့ တွဲနေတော့မှ ကိုယ့်ခံစားချက်ကို သိလာမိတာ ...ငယ်ငယ်တုန်းကဆိုရင် သူကနှင်းအိမ်ကို ဦးစားမပေးဘဲ အခြားသူတွေကို ဦးစားပေးရင် ....သူ့ကို ထုရိုက်ပစ်ခဲ့တာ .. အဲ့ဒါတွေကြောင့် ထင်တယ် .. အရွယ်တွေရောက်လာကြတော့ ...သူက နှင်းအိမ်ကို မြင်တာနဲ့ ထွက်ပြေးတော့တာပဲ ...အခုတော့လဲ အားလုံးရှင်းရှင်းလင်းလင်း ဖြစ်သွားပါပြီ... သူက နှင်းအိမ်ကို သူငယ်ချင်းလိုတောင် သဘောမထားခဲ့ဘူးလေ ... ဒီနေ့လဲ သူတွဲနေတဲ့ တစ်ယောက်နဲ့ ခရီးထွက်သွားတယ် " "ဪ " နှင်းအိမ်၏ စကားဆုံးသွားသောအခါ နှစ်ယောက်သားကြားတွင် တစ်ခဏာမျှ တိတ်ဆိတ်သွားသည်။ပြီးနောက်ကိုချမ်းက စကားစလိုက်သည်။ " နှင်းအိမ်အလုပ်မလုပ်သေးဘဲ သင်တန်းတွေ အရင်တက်ပါလား ...အလုပ်ကို နောက်မှလုပ်လေ " '' အမှန်တိုင်းပြောရရင် နှင်းအိမ် ဘာလုပ်ရမှန်းမသိဘဲ ယောင်ဝါးဝါးဖြစ်နေမိတာ ..အံ့ဒါ ကြောင့်မို့ အလုပ်တစ်ခုအရင်လုပ်ကြည့်မလားလို့ .." "အင်းပါ ....မင်းလုပ်ချင်တာရှိရင်ပြော ...ငါကူညီပေးမယ် .. နောက်ဆုံး မင်းဆိုင်ဖွင့်ချင်တာဆိုရင်လဲ ငါကူညီပေးနိုင်တယ် ..." ကိုချမ်း၏ စကားကြောင့် နှင်းအိမ်က ကိုချမ်းကို ကြည့်လိုက်မိသည်။ ကိုချမ်းက နှင်းအိမ်၏ အကြည်ကြောင်း ခေါင်းကိုလက်နှင့်ပွတ်လိုက်မိရင်း နှုတ်ခမ်းကို တစ်ချက်ဖိကိုက်လိုက်ပြီး "ဒီလိုကွာ ..ပါပြောမယ် ... ငါ့အကြောင်းကို မင်းကိုအမှန်တိုင်းပြောပြဖို့ ကြိုးစားနေတာကြာပြီ...ဒါပေမဲ့ အရေးမကြီးဘူးထင်လို့ သေချာပြောပြဖို့ မကြိုးစားခဲ့တာ ...ဒီကြားထဲမှာ မင်းကလဲမင်းထင်တာတွေ လျှောက်ပြောနေတော့ ကြာလေရှင်းပြရခက်လေ ဖြစ်လာတာ ....မင်းကို ငါ လိမ်ခဲ့တာမဟုတ်ဘူး " " ဘာတွေလဲ " အလေးအနက်ပုံစံနှင့် ပြောနေသော ကိုချမ်းကို နှင်းအိမ် ကြောင်တောင်တောင်နှင့် မေးလိုက်မိသည်။

#မုန်းမာန် (အခန်းဆက် ဝတ္ထုရှည် ) အပိုင်း ( ၁၉ ) ********* "ကိုချမ်း... မင်း ...ဘွားအေကို ဘယ်လိုပြောလိုက်တာလဲ " ဦးမောင်မောင်ကသာဖြစ်သူကို အသံမာမာနှင့် ပြောလိုက်သည်။ " ကျွန်တော်ပြန်ပြောတာမဟုတ်ဘူး အဖေ ...အဖေတို့အဘွားတို့ဖြစ်စေချင်သလို ကျွန်တော်ကြိုးစားပြီး နေခဲ့တယ် ... ကျွန်တော်ဘွဲ့လဲရပြီးပြီ...ကျွန်တော့်ဦးစီးလုပ်တဲ့ လုပ်ငန်းတွေလဲ အောင်မြင်နေပြီ ..ဒါတောင်မှ ကျွန်တော့်စိတ်တိုင်းကျ မိတ်ဆွေအပေါင်းအသင်းထားခွင့် မရှိဘူးဆိုတာမဟုတ်သေးဘူး ... ကျွန်တော်ကလေး မဟုတ်တော့ဘူး.. ကိုယ်ပိုင်အသိဉာဏ်မရှိတဲ့ သူလို မိဘတွေလိုက်ထိန်းကျောင်းပေးရမဲ့ အရွယ်မဟုတ်တော့ဘူး ... လုပ်ငန်းကိစ္စတွေကအစ အပေါင်းအသင်းထားတာအထိ ... ကျွန်တော့်အသိဉာဏ်နဲ့ အသစ်အသစ်တွေကို အကောင်းဆုံး ဖန်တီးချင်တယ် အဖေ " ကိုချမ်းသည် ဖခင်ဖြစ်သူနှင့်တကွ မိသားတစ်စုလုံးကို အေးဆေးတည်ငြိမ်စွာ ရှင်းပြလိုက်သည်။ ဒေါ်စန္ဒာက သားဖြစ်သူကို ကြည့်လိုက်ပြီး "ဒါတော့ ဒါပေါ့ သားရယ် ..လူကြီးတွေက စိတ်ပူလို့ ပြောတာလေကွယ် " "စိတ်ပူတာပူလို့ရတယ် အမေ .. ဒါပေမဲ့ ကိုယ်စိတ်ပူတတ်တာနဲ့ပဲ ... အခြားသူရဲ့ အခွင့်အရေးကိုတော့ လိုက်ပိတ်ပင်ထားလို့မရဘူး ..." ကိုချမ်း၏ ပြတ်သားသော ပုံစံနှင့် စကားသံကိုနားထောင်ပြီး ဦးမောင်မောင်သက်ပြင်းချလိုက်မိသလို ဘွားအေဖြစ်သူများကတော့ မကျေမနပ်ဖြစ်နေမိကြသည်။တစ်သက်လုံးက တစ်အိမ်လုံးအပေါ် ဩဇာလွှမ်းမိုးခဲ့ကြသော ဒေါ်ခင်မမနှင့်ဒေါ်နုနုတို့အတွက် အချစ်ရဆုံးမြေးလေးက သူ့တို့၏အမိန့်အာဏာများကို အမြဲဆန့်ကျင်နေခဲ့သည်လေ။သည်မြေးကို ချစ်လွန်း၍ ဒေါ်နုနု၏သမီးနှစ်ယောက်ကိုပင်လျှင် အိမ်ခွဲပေးလိုက်ပြီး မောင်မောင်တို့နှင့်နေခဲ့သည်လေ။ မြေးဖြစ်သူချမ်းမြေ့မောင်သည် တော်ပါသည်။ထက်မြက်ပါသည်။ထူးချွန်ပါသည်။မိသားစုများကိုလည်း ချစ်ခင်ပါသည်။သို့သော်လည်း သူလုပ်ချင်ပြီဆိုလျှင် မည်သူမျှ တားမရဘဲ တဇွတ်ထိုးလုပ်တတ်သော အကျင့်ရှိသည်။ထိုအကျင့်ကြောင့်ပင် ဒေါ်ခင်မမတို့မှာ ရတက်မအေးနိုင် ဖြစ်နေကြရလေသည်။ "အဖေ့ကို ကျွန်တော်ပြောစရာရှိတယ် " "ပြောလေ သား ...ဘာပြောမှာလဲ " သားဖြစ်သူ၏ စကားကို ဦးမောင်မောင်က ထောက်ပေးလိုက်သည်။ "ကျွန်တော် ခရီးသွား၀န်ဆောင်မှုလုပ်ငန်းလုပ်ချင်တယ် ... အဲ့ဒီအတွက် ကျွန်တော်လေ့လာနေပြီ ...ဒီနှစ်ထဲမှာအကောင်အထည်ဖော်နိုင်ဖို့ ကြီးစားမယ် .. အဲ့ဒါ အဖေတို့ကို ပြောပြတာပါ " သားဖြစ်သူ၏ စကားကြောင့် ဦးမောင်မောင်တို့ အံ့ဩသွားမိကြသည်။ဦးမောင်မောင်က သားဖြစ်သူကို ကြည့်လိုက်ပြီး "သားက ခွင့်တောင်းတာမဟုတ်ဘဲ အသိပေးတာလား .. သားလုပ်ချင်တာကို အဖေတို့ မတားချင်ပါဘူး.....ဒါပေမဲ့ သားရဲ့ စားသောက်ဆိုင်းနဲ့ အဖေတို့လုပ်နေတဲ့ လုပ်ငန်းတွေ တိုးချဲ့ဖို့ကိစ္စတွေလဲရှိသေးတယ်လေကွာ .. ပြီးတော့ အဖေ အခုလုပ်နေတဲ့အိမ်ရာစီမံကိန်းကကြီးတယ် အဖေအဲ့ဒီမှာ ဆောက်လုပ်ခွင့်ရနိုင်ဖို့အတွက် အဲ့ဒီဘက်မှာလုံးဝစိတ်နှစ်ထားချင်လို့ တည်းခိုခန်းကိစ္စတွေကို သားကိုစီမံပေးစေချင်တာ ...သားက ဖြုန်းစားကြီ လုပ်ငန်းသစ်လုပ်မယ်ဆိုတော့ အဖေတို့ ဟိုမနိုင်ဒီမနိုင်ဖြစ်သွားလိမ့်မယ် " " ဒါများ အဖေရယ် ...ဘာမှမပူပါနဲ့ ဒီလောက်ကတော့လုပ်နိုင်ပါတယ် ...ကျွန်တော့်အလုပ်ကြောင့် အဖေတို့ကို မထိခိုက်စေရပါဘူး " ဖခင်ဖြစ်သူကို ကိုချမ်းရဲရဲကြီးအာမခံလိုက်သည်။ဘွားအေဖြစ်သူတို့မှာ စိတ်ထဲတွင် မကျေနပ်ကြသော်လည်း နှုတ်ဆိတ်လျက်ရှိကြလေသည်။ ~~~~~ "လမင်းနဲ့ပပစိုးခရီးသွားကြတယ်တဲ့ သိလား ... အရောင်းအဝယ်ကိစ္စနဲ့သွားကြတယ်ဆိုလား ...ကြည့်ရတာ သူတို့နှစ်ယောက်လဲမကြာတော့ဘူးထင်တာပဲ ..ငါ့တို့တော့ ဒီနှစ်ထဲမှာမင်္ဂလာပွဲနှစ်ပွဲနွှဲ့ရမယ်ထင်တယ် " မတူး၏စကားကြောင့် မအေးနွယ်ရှက်ဝဲဝဲလေးနှင့်ခေါင်းငုံ့ထားလိုက်သည်။ နှင်းအိမ်မှာလက်ထဲတွင်ကိုင်ထားသောဖိုင်တွဲကို ယောင်ယမ်းပြီးဆုပ်ခြေလိုက်မိသည်။ရင်ထဲတွင် လေးလံထိုင်းမှိုင်းသွားပြီးငိုချင်စိတ်များ ဖြစ်ပေါ်လာသောကြောင့် အံကိုတင်းတင်းကြိတ်ထားလိုက်မိသည်။ဆယ်ကျော်သက်အရွယ်သို့ ရောက်လာကြကတည်းက နှင်းအိမ်နှင့်အပြင်သွားကြမယ်ဆိုလျှင် အကြောက်အကန်ငြင်းခဲ့သောသူက တခြားအမျိုးသမီးတစ်ယောက်နှင့် ညအိပ်ညနေခရီးသွားသည်တဲ့လေ။မသိစိတ်ကရောသိစိတ်ကပါ မျှော်လင့်ထားခဲ့ရသမျှတို့သည် ရူးသွပ်ခြင်းသက်သက်သာဖြစ်နေသည်ကို နှင်းအိမ်သိလိုက်ပါပြီ။ နှင်းအိမ်နှင့်ပတ်သက်လျှင် ဆံခြည်တစ်မျှင်စာမျှပင် ခံစားချက်မရှိခဲ့သောသူ။သူရောကိုယ့်မှာပါ ဖုန်းတွေ ကိုယ်စီရှိခဲ့ကြသော်လည်း တစ်ခါလေးမျှ ဖုန်းမဆက်၊စာမပို့ခဲ့သောသူ။ သည်လိုလူမျိုးဆီက နှင်းအိမ်ဘာကိုမျှော်လင့်နေမိမှန်းမသိတော့ချေ။တွေးကြည့်လျှင် နာကြည်းစရာကောင်းလှသည်။ "သမီး ဘာတွေစဉ်းစားနေတာလား ...အင်တာဗျူးသွားဖြေရမှာ လား ...တော်ကြာအလုပ်ကတန်းဆင်းနေရလို့ ဟိုနေ့ကျရင်နားမရ ဖြစ်နေအုံးမယ် " မိခင်၏အသံကိုကြားလိုက်ရသောအခါမှ နှင်းအိမ်သတိဝင်လာမိပြီး " အင်တာဗျူး ဖြေပြီးရင် အနည်းဆုံးသုံးပတ်စောင့်ရမှာတဲ့ အမေ..... ဒီနေ့ သမီးနောက်ကျမယ်နော် ...အင်္ဂလိပ်စာသင်တန်းလဲ သွားအပ်မလို့လေ "

ကားပေါ်သို့ တက်သွားသော ကိုချမ်းကို နှင်းအိမ်လက်ပြလိုက်ပြီး ပြန်ရန်အလှည့်တွင် နှင်းအိမ်ကို စူးစူးဝါးဝါးလှမ်းကြည့်နေသော လမင်းကိုတွေ့လိုက်ရလေသည်။လမင်းကိုကြည့်ပြီး နှင်းအိမ်လန့်ဖျပ်သွားမိကာ ရင်တွေတဒိန်းဒိန်းခုန်လျက် ခြေဖျားလက်ဖျားများပါ အေးစက်လာသည်။လမင်းက အကြည့်ကိုတစ်စက်မှမလွှဲဘဲကြည့်နေသလို နှင်းအိမ်းကလည်း သူ့ကိုမင်သက်ငေးမောပြီးပြန်ကြည့်နေမိစဉ်မှာပင် စတိုးဆိုင်ထဲမှ ပပစိုးထွက်လာတာကို တွေ့လိုက်ရသည်။ထို့နောက် ဆိုင်ရှေ့တွင် ရပ်ထားသောကားပေါ်သို့ နှစ်ယောက်သားတက်သွားကြလေသည်။ထိုမြင်ကွင်းကို နှင်းအိမ်ကြောင်ငေးလျက်ကြည့်နေမိလေသည်။ ~~~~~~~ " မြေးလေး ...အခုတလောဘယ်ကို သွားသွားနေတာလဲ .. ကားလဲယူမသွားဘူး ....ငါ့မြေးဘာတွေ လုပ်နေတာလဲ ပြောပါအုံး " ချမ်းမြေ့မိသားစု၏ ညစာထမင်းဝိုင်းတွင် ဒေါ်နုနုကမေးလိုက်ခြင်းဖြစ်သည်။မြေးဖြစ်သူ ယခင်နှင့်မတူဘဲ ခြေလှမ်းများနေသည်ကို ဒေါ်နုနုနှင့်ကသိနေသည်လေ။ "ဟုတ်လား သား...သားဘာတွေ လုပ်နေတာလဲ ... အဖေတို့လဲ ဘာမှ မသိရပါလား " ဦးမောင်မောင်က သားဖြစ်သူကို မေးလိုက်သည်။ ကိုချမ်းသည် ဖခင်ဖြစ်သူ၏မျက်နှာကို ကြည့်လိုက်ပြီး " ဟုတ်တယ် အဖေ .... ကျွန်တော့် သူငယ်ချင်းဆီသွားလည်တာပါ " " သူငယ်ချင်းဟုတ်လား ..ဘယ်က သူငယ်ချင်းလဲ ...သားသူငယ်ချင်းတွေက သားရဲ့ဆိုင်ကို လာကြတာမဟုတ်ဘူးလား " သားဖြစ်သူ၏ အဖြေစကားကြောင့် မိခင်ဖြစ်သူဒေါ်စန္ဒာအံ့သြစိတ်ဖြင့်မေးလိုက်သည်။ " မဟုတ်ဘူး အမေ ....သူက သူငယ်ချင်းအသစ်ပါ " " သူငယ်ချင်းအသစ်ဟုတ်လား မြေးလေး ... သူငယ်ချင်းက ယောက်ျားလေးလား မိန်းခလေးလားကွယ် ....တွေ့ရာလူတွေနဲ့ မိတ်ဆွေဖွဲ့နေပြန်ပြီလား မြေးလေးရယ် " သည်တစ်ခါ စိုးရိမ်တကြီး ထမေးလိုက်သူမှာ ဒေါ်ခင်မမင်ဖြစ်သည်။ ကိုချမ်း ဘွားအေကြီးကို ကြည့်လိုက်ပြီး "မိန်းခလေးပါ အဘွား ..ပြီးတော့ သူက တွေ့ရာလူမဟုတ်ပါဘူး အဘွား ...ကျွန်တော်တန်ဖိုးထားရတဲ့သူပါ " " ဘာ...ဘာပြောတယ် မြေးလေး " @@@@@@@@@@@@@@@@@@@@@ အပိုင်း (၁၉ ) ဆက်ရန် #ဧကြည်ဖြူ

လမင်း၏စကားကြောင့် လမင်းကို သူရတစ်ချက်ကြည့်လိုက်ပြီး ဆိုင်ထဲသို့လှည့်ပတ်ကြည့်လိုက်မိသည်။ "မင်းလဲကြိုးစားတယ်နော် .. ငါ မင်းကို မေးစရာရှိလို့လာတာကွ ...မေတုတ်ရှိလား " "မရှိဘူးကွ ...ဆိုင်မှာ ငါရှိတယ်ဆိုတာနဲ့ မေနွယ်တို့ဆိုင်သွားတာပဲ " "မေတုတ်က နှင်းအိမ်ကိုတော့ အတော်ချစ်တာပဲကွနော် ...တကယ်လို့ နှင်းအိမ်သာအိမ်ထောင်ပြုသွားရင်တော့ ဒုက္ခပဲ " " ဘာ ...ဘာပြောတယ် ..နှင်းအိမ်က အိမ်ထောင်ပြုမယ် ဟုတ်လား ... သူ့မှာ ချစ်သူရှိနေပြီလား " သူရ၏ စကားကြောင့် လမင်း အံ့ဩတကြီးနှင့် မေးလိုက်မိသည်။ " သူလဲ အရွယ်ရောက်နေပြီပဲကွ ... အိမ်ထောင်ပြုမှာပေါ့ ...ပြီး တော့ မင်းနဲ့နှင်းအိမ်မတွေ့တာ ဘယ်လောက်ကြာပြီလဲ ....နှင်းအိမ်ဆီကို သူ့သူငယ်ချင်းဆိုတဲ့ကောင်. မကြာခဏလာနေတာမင်းမသိဘူးလား ....ငါနဲ့တောင် တစ်ခါဆုံဖူးသေးတယ် .. ရုပ်ကတော့ခပ်ဖြောင့်ဖြောင့်ပဲ ..မင်းနဲ့တောင်ဆင်သေးတယ် ...အခုလဲနှင်းအိမ်အလုပ်လုပ်ဖို့ကို သူကအလုပ်ရှာပေးနေတာလို့ပြောတယ် " သူရထံမှ စကားများကို နားထောင်နေရင်း လမင်းရင်ထဲ မွန်းကြပ်သလို ဖြစ်လာပြီး လွှတ်ခနဲပြောလိုက်မိလေသည်။ " အိမ်ထောင်ပြုဖို့ကတော့ ... စောပါသေးတယ် " " အဲ့ဒါကတော့သူ့ကိစ္စ ..သူ့သဘောလေကွာ " ~~~~~~~ ကိုချမ်းတက္ကစီပေါ်က ဆင်းလိုက်ချိန်တွင် ကားလမ်းဘေး ပလက်ဖောင်းတွင် ရပ်နေသော နှင်းအိမ်ကို တွေ့လိုက်ရသည်။ဆံပင်ကို ခပ်မြင့်မြင့်စည်းနှောင်ထားပြီး မဝတ်စဖူးထဘီအနက်ပွင့်နှင့်အဖြူရောင်လက်စကဘလောက်စ်အင်္ကျ ဖြူကိုဝတ်ထားသည်၊၊ရိုးရှင်းသော ဝတ်စုံလေးနှင့် သူမပုံစံက အဝေးကကြည့်လျှင်ပင် ထင်း၍နေသည်။ ဖြစ်နိုင်လျှင် သူ၏ကားနှင့်သူမသွားလေရာနေရာအနှံ့သို့ လိုက်ပို့ပေးချင်မိသည်။သို့သော်လည်း သူလည်း ညာမပြောရပါဘဲနှင့် သူမစိတ်ထင်ရာကို ရှင်းပြဖို့ရန် အားနာခဲ့မိခြင်းက ရှေ့ဆက်ညာဖို့ရန်အကြောင်းဖြစ်လာတော့သည်။ထို့ကြောင့် သူ့မှာ သူမဆီလာလျှင် တက္ကစီစီးလိုက်၊ လိုင်းကားစီးလိုက်နှင့် လုံးလည်ချာလည်လိုက်နေရတော့သည်၊ " နှင်းအိမ် စောင့်နေတာကြာပြီလား " အနားသို့အပြေးသွားလိုက်ရင်း ကိုချမ်းမေးလိုက်သည်။ " ဟင့်အင်း မကြာသေးပါဘူး ...ကိုချမ်းမလာလဲ နှင်းအိမ်တစ်ယောက်တည်းသွားရဲပါတယ်... အလုပ်ကနေ အသည်းသန်ပြေးလာရတာ.. ဆိုင်ရှင်လဲဆူနေအုံးမယ်..." "ရပါတယ် မဆူပါဘူး ..လာ .. သွားကြမယ် .. တက္ကစီစီးသွားကြရအောင်လေ " "ဟင့်အင်း လိုင်းကားပဲစီးမယ်....အလုပ်ကမရသေးဘူး...ပိုက်ဆံကိုချွေတာရမယ် " "တက္ကစီခ ငါပေးလိုက်မယ်လေ " ကိုချမ်း ပြောလိုက်သော်လည်း နှင်းအိမ်ကကိုချမ်းရဲ့ အင်္ကျီလက်မောင်စကို ဆွဲလိုက်ပြီး " လာစမ်းပါ ..ဘယ်လိုဖြစ်နေတာလဲ ...လိုင်းကားစီးရင် တစ်ရာနှစ်ရာပဲကုန်မှာကို ..ပိုက်ဆံကို ချွေတာစမ်းပါ ကိုချမ်းရယ်... အလုပ်လုပ်ရတာမပင်ပန်းဘူးလား ... ဆိုင်မှာလဲလုပ်ရ...သူတို့ခိုင်းရင်လဲသွားရနဲ့ ... ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်အောင်ကြိုးစားရမယ်လေ ...နှင်းအိမ်မှာ ပိုက်ဆံရှိရင် ခရီးသွားဝန်ဆောင်လုပ်ငန်း လုပ်မယ်...အဲ့ဒီကျရင် ကိုချမ်းက မန်နေဂျာလုပ် ..လုပ်ငန်းအားလုံးကိုစီမံလေ ..." "ငါကအားလုံးကို လုပ်ရမယ်ဆိုတော့ ..မင်းကရော ဘာလုပ်မှာလဲ " " နှင်းအိမ်ကခရီးတွေသွားပြီး... ခရီးစဉ်တွေကို လေ့လာရမှာပေါ့ " " ဪ သူကျတော့သက်သာလိုက်တာ ..လူလည်မလေး " ကိုချမ်းပြောလိုက်တော့ နှင်းအိမ်ကရယ်မောလိုက်သည်။ရယ်နေသောနှင်းအိမ်မျက်နှာလေးကို ကိုချမ်းငေးကြည့်နေမိသည်။ရိုးသားသော၊ ပွင့်လင်းသော၊ လူမကြောက်တတ်သော ထိုကောင်မလေးကို ဘယ်ဘ၀က ရေစက်ကြောင့်များ ကိုချမ်း ခင်တွယ်နေမိသည် မသိပါလေတော့။တစ်စတစ်စပို၍ရင်းနှီးလာသည်နှင့်အမျှ သူမကကိုချမ်းရင်ထဲတွင် နေရာအခိုင်အမာရယူထားခဲ့လေပြီ။ " ဒါနဲ့ အရင်တုန်းကပြောတော့ စတိုးဆိုင်ဖွင့်ချင်တာဆို ... အဲ့ဒါက ပိုမနီးစပ်ဘူးလား.." ကိုချမ်း၏အမေးကြောင့် နှင်းအိမ်အောက်နှုတ်ခမ်းလေးကို အပေါ်သွားနှင့် ခပ်တင်းတင်းဖိကိုက်လိုက်မိပြီး မချိုပြုံးလေးပြုံးလိုက်ကာ "စတိုးဆိုင်လောက်နဲ့ မရဘူးကိုချမ်းရဲ့ ...စတိုးဆိုင်ကြီးရယ်... သွားလေရာစီးဖို့ကားတစ်စီးရယ် ...ပြီးတော့ ဘဏ်ထဲမှာ ငွေသားသိန်းချီရှိမှရမှာလေ " အောက်နှုတ်ခမ်းလေးကို ဖိကိုက်လျက် နာနာကျင်ကျင်ပုံစံနှင့်ပြောနေသော နှင်းအိမ်ကို ကြည့်ပြီး ကိုချမ်းရင်ထဲသနားသွားမိသည်။"မင်းလိုချင်တာတွေ ကိုယ်အကုန်ပေးနိုင်ပါတယ် နှင်းအိမ်ရယ် " ဟု စိတ်ထဲမှအခါခါပြောလိုက်မိသည်။တစ်နေ့နေ့ ကျရင်တော့ဖြင့် သူ့ဘ၀မှန်နှင့် သူ့ရင်ထဲမှခံစားချက်များကို ဖွင့်ပြောရမည်။ထိုနေ့အမြန်ဆုံးရောက်ရှိလာရန်အတွက်တော့ သူကြိုးစားရလိမ့်မည်ထင်သည်။ ~~~~~ " ငါသွားတော့မယ်နော် ... အလုပ်အတွက် မပူနဲ့ ... မင်း အလုပ် ကျိန်းသေရစေရမယ် လူလည်မလေးရဲ့ " ကိုချမ်းသည် နှင်းအိမ်၏ ခေါင်းလေးကို ခပ်ဖွဖွပုတ်ကာ အားပေးစကားပြောလိုက်ပြီး ရှေ့တွင် ထိုးရပ်လာသော ဘတ်စ်ကားပေါ်သို့ ပြေးတက်သွားလိုက်သည်။

"လမင်းရေ ...မင်းကဈေးကွက်အကြောင်းကို သဘောပေါက်လွယ်လှချည်းလား ...လုပ်ကွာ ...မင်းလုပ်ငန်းတစ်ခုတော့ စလုပ်သင့်ပြီ...ဦးလေးတို့လဲ မင်းလုပ်ငန်းထဲ ရှယ်ယာထည့်မယ် ...မင်းလုပ်ချင်တာတစ်ခုကို စလိုက်တော့ ...ဆိုင်ကို အလုပ်သမားတွေနဲ့ထားလိုက် ..မင်းအမေနဲ့ မင်းအဘွားလဲ အရောင်းအဝယ်ကျွမ်းနေပြီပဲလမင်းရ ..." " ဟုတ်ကဲ့ ဦးလေး .. ကျွန်တော်လဲ စဉ်းစားနေတာ ... ဒီဘက်ကမြေကွက်အရောင်းအဝယ် ပါးပြီဆိုတာနဲ့ ...အပြတ်ဖြတ်လိုက်တော့မယ် ... မစိုးရဲ့လုပ်ငန်းကိုလဲ ကျွန်တော် စိတ်ဝင်စားတယ် ... ဒီလုပ်ငန်းက ခြေနိုင်လက်နိုင်ရှိတယ် ..ကျွန်တော်ကတော့ အလှကုန်ထက် လူသုံးကုန်လိုင်းကို ပိုစိတ်ဝင်စားတယ် ..နယ်စပ်အသိဆင်းပြီး တစ်ခါလောက် ကုန်ပစ္စည်းတွေကို သွားလေ့လာချင်သေးတယ် .. ပြီးရင် ဒီဘက်မှာ လက်ကားသဘောမျိုး အများထက်ဈေးသက်သာအောင်လုပ်ချင်တယ် " လမင်း၏ ယုံကြည်ချက် အပြည်နှင့်ပြောနေသော ပုံစံကို ကြည့်ပြီး ပပစိုး၏ဖခင်ကြီးက ကျေကျေနပ်နပ်နှင့်ပြုံးလိုက်သည်။ ~~~~ " ရှင် အစ်မတူး ..သမီးက အဲ့ဒီလိုပဲ ပြောတာလားဟင် .." မအေးနွယ် မယုံကြည်နိုင်စွာ မေးလိုက်မိသည်။ "ဟုတ်တယ်အေးနွယ်ရဲ့ ...နင့်ကို တိုက်ရိုက်ပြောရင် နင်ရှက်နေမှာစိုးလို့တဲ့လေ ..." မတူး၏စကားကြောင့် မအေးနွယ် သက်ပြင်းကိုချလိုက်မိသည်။ " မဖြစ်နိုင်ပါဘူး အစ်မတူးရယ် ... ကိုယ့်မှာသမီးပျိုလေးနဲ့လေ .. ဘယ်လိုလုပ် အိမ်ထောင်ပြုလို့ဖြစ်မှာလဲ ...အသက်လဲလေးဆယ်ကျော်လာပြီး " " အေး ...အဲ့ဒီလို အသက်လေးဆယ်ကျော်လာလို့ ...နင့်သမီးက ပြောနေတာ ...နင့်ကိုထမင်းဟင်းမချက်ခိုင်းချင်တော့ဘူးတဲ့ ...သူလဲ အလုပ်လုပ်ချင်ပြီတဲ့ ..နင့်ကို စိတ်မချလို့တဲ့လေ ....နင်လဲ မောင်မျိုးကို သံယောဇဉ်ရှိတယ်မဟုတ်လား အေးနွယ်ရဲ့ " မအေးနွယ်ငေးငိုင်သွားမိသည်။ဘ၀မှာ အချစ်ဆိုတာ ဘာမှန်းမသိဘဲ ကလေးတစ်ယောက်မွေးခဲ့ရသည်။ကိုမျိုးအောင်နှင့် ပတ်သက်လျှင် စိတ်ထဲလှုပ်ရှားပြီး သံယောဇဉ်တွယ်မိသော်လည်း သမီးလေးအတွက်သာပူပန်မိသည်။သမီးကို ဘယ်ယောကျာ်းနှင့်မှ စိတ်မချနိုင်။ " အို ..မဖြစ်သေးပါဘူး အစ်မရယ် .... စိမ်းစိမ်းကျက်ကျက်ဘယ်ယောကျာ်းနဲ့မှ သမီးလေးကို တစ်အိမ်ထဲ အတူနေခွင့်မပြုဘူး ..ရတယ် သမီးလေးကသူ့မိသားစုနဲ့သူဖြစ်သွားရင်လဲ ကျွန်မတစ်ယောက်တည်းပဲနေမယ်.. အသက်ကြီးလာရင် ဘိုးဘွားရိပ်သာမှာ သွားနေလိုက်မယ်...သမီးကလဲ ကျွန်မကိုမဖြစ်မနေတာဝန်ယူစရာ မလိုပါဘူး ....ကျွန်မကိုပဲ ကြည့်လေ မိဘတွေရှိပေမဲ့ အကြောင်းတွေကြောင့်.. မိဘတွေကိုသွားမပြုစုနိုင်ဘူးလေ " နှင်းအိမ်ဆက်ပြီး နာထောင်နိုင်စွမ်းမရှိတော့သောကြာင့် မိခင်ဖြစ်သူ စကားပြောနေရာဆီသို့ ဝင်သွားလိုက်သည်။ " သမီးကလေ ..အမေအသက်ကြီးလာတဲ့အခါ တာဝန်မယူချင်လို့ ပြောတာမဟုတ်ပါဘူး အမေရယ် ... အမေ့ကို ပျော်စေချင်တယ် .. သမီးက အလုပ်လုပ်မယ်... ခရီးတွေသွားမယ် .. ပြီးရင်လဲ သမီးအိမ်တောင်ပြုလိုက်ရင်...အမေတစ်ယောက်တည်း အထီးကျန်နေလိမ့်မယ် ... သမီးကိုပဲ ချစ်မနေပါနဲ့အမေရယ် ... အမေ့ကိုယ်အမေလဲချစ်ပါအုံး ...အဲ့ဒီလိုမှမဟုတ်ရင် အမေ့ကိုအားနာလွန်းလို့ သမီးဘာမှမလုပ်နိုင်ဘူး အမေရယ် ... သမီးအတွက် အမေ့ဘ၀ကို ဒီလောက်စတေးခဲ့ပြီးရင် တော်ပါပြီ အမေရယ် " နှင်းအိမ်ပြောရင်းနှင့် မျက်ရည်များ စီးကျလာမိသည်။ " အေးပါ သမီးရယ် ... အမေကလဲ သမီးအတွက်ပဲစိတ်ပူလို့ပါ ..." "ကဲ ...ကဲ သားအမိနှစ်ယေက် ပြောကြ ..ငါပြန်လိုက်အုံးမယ် " မတူးက သားအမိနှစ်ယောက်ကို ကြည့်ပြီး အလိုက်သိစ္စာပင် ပြန်ရန်ပြင်လိုက်သည်။ မိုးလည်းချုပ်နေပြီ ဖြစ်သောကြောင့် မတူးပြန်ခဲ့လိုက်သည်။မတူး ပြန်သွားသည်နှင့် မအေးနွယ်က သမီးဖြစ်သူကို ကြည့်လိုက်ပြီး " " သမီးမှာ ချစ်သူရှိနေပြီလား .. ဟိုကောင်လေးနဲ့ သမီးကဘယ်လို ပတ်သက်တာလဲ " " ကိုချမ်းနဲ့ သမီးက သူငယ်ချင်းတွေပါ ...သူက သမီးအလုပ်ရဖို့ကူညီပေးနေတာ အမေ ... သမီးကလေ တစ်နေရာပြီးတစ်နေရာ လျှောက်သွားနေရတဲ့ အလုပ်မျိုးကို လုပ်ချင်တာ ...အဲ့ဒါအမေ့ကို စိတ်ချလက်ချ ထားခဲ့ချင်တယ် - " " နေရာအနှံ့လျှောက်သွားနေတာမျိုးတော့ အမေစိတ်မချပါဘူး သမီးရယ် " "အမေကလဲ ..သမီးက ကလေးမဟုတ်တော့ဘူးလေ..အမေ ကြည့်လေ ..သူရတို့တွေကသူတို့ အလုပ်ကိုယ်စီနဲ့ ဖြစ်နေကြပြီ ..သမီးတစ်ယောက်တည်း ဘာလုပ်ရမှန်းမသိဖြစ်နေမိတာ .. ထမင်းဟင်းချက်နေရတာကို မလုပ်ချင်ဘူး ...အမေ့ကိုလဲ မလုပ်စေချင်ဘူ" "အေးပါကွယ် ...အေးပါ ...အမေ စဉ်းစားပါ့မယ် " အမေ့စကားကြောင့် နှင်းအိမ် အမေ့ခန္ဓာကိုယ်လေးကို ဖက်လိုက်မိသည်။အမှန်တိုင်းပြောရလျှင် မိခင်ကြီးကိုလည်း ပျော်ရွှင် စေချင်သည်။ပြီးလျှင် နှင်းအိမ်လည်း သည်နေရာတွင်မနေချင်။သည်အရပ်မှ အဝေးဆုံးသို့ပြောင်းရွေ့သွားပစ်လိုက်ချင်နေမိသည်။ ~~~~~~~ " သူဋ္ဌေးရာ ....တွေ့ရခဲလိုက်တာ ...ဘာတွေလုပ်နေတာလဲ ငါလာတိုင်း မတွေ့ဘူး " သူရက လမင်းဘေးကခုံတွင် ဝင်ထိုင်ရင်းမှ မေးလိုက်သည်။ " အင်း ဟုတ်တယ် ...မတွေ့တာကြာပြီပဲ ... အလုပ်တွေများနေတာ .. မြေကွက်ပွဲစားလဲလုပ်.. အိမ်ခြံမြေပွဲစားလဲလုပ်တယ် .. ပြီးတော့ မစိုးတို့နဲ့ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ကြိုးစားနေတယ်ကွာ "

"ဪ ..အေးပါကွယ် ..နောက်လဲ လာလည်နော် သား " "ဟုတ်ကဲ့ ..ကျေးဇူးတင်ပါတယ် အန်တီ " ~~~~ "မင်းအမေက သဘောကောင်းတယ်နော် နှင်းအိမ် " " အင်း ဟုတ်တယ် ....အမေက သဘောကောင်းတယ် ...ငါနဲ့မတူဘူး ..ငါကတော့ နည်းနည်းဆိုးတယ်... ဘယ်သူနဲ့မှမတည့်ဘူး... သူငယ်ချင်းတွေနဲ့လဲ အမြဲရန်ဖြစ်နေတာ " "ဟုတ်လား ... ငါနဲ့တော့ မဖြစ်ပါနဲ့ဟာ ... ငါကကြောက်တတ်တယ် ... မင်းဘာလုပ်လုပ်သည်းခံပါ့မယ် " ကိုချမ်းက ရယ်ပြီးပြောလိုက်သဖြင့် နှင်းအိမ်လည်း ရယ်လိုက်မိပြီး " သည်းခံစရာမလိုပါဘူးနော် ...တစ်ခုပဲ နှင်းအိမ်ပြောသမျှကို ဆန့်ကျင်ဘက်ပြောတာ ...လုပ်တာမျိုးတော့မရဘူးနော်...အဲ့ဒါမျိုးဆို အူတွေယားပြီးခေါင်းတွေ ခေါက်ချင်..လည်ပင်တွေ ညှစ်ပစ်ချင်တာ " " ဟာကွာ လန့်လိုက်တာ...သတိထားရမှာပေါ့နော်....မင်းဆီကို ဖုန်းဆက်မယ်နော် ရတယ်မဟုတ်လား...တကယ်လို့မင်းအပြင်မှာ အလုပ်လုပ်မယ်ဆို ငါ့ကိုပြောလေ ..ငါ့မှာအသိတွေအများကြီးရှိတယ်..." "အင်း ... အလုပ်ကလုပ်မှာ ...အဝေးသင်ဖြေထားတယ် .. ဒီနှစ်ကနောက်ဆုံးနှစ်လေ " " ကျောင်းပြီးမှဆိုတော့ ပိုအဆင်ပြေတယ် ... အလုပ်အများစုက အလုပ်လုပ်ရင်းကျောင်းပြန်တက်ရင် ခွင့်ပေးချင်ကြတာမဟုတ်ဘူး " နှင်းအိမ်တို့စကားတပြောပြောနှင့် လျှောက်လာကြရင်း ကားဂိတ်သို့ရောက်လာခဲ့ကြသည်။ကားဂိတ်သို့ရောက်သောအခါ မလှမ်းမကမ်းတွင်ရှိသော စတိုဆိုင်ဆီသို့ နှင်းအိမ်လှမ်းကြည့်လိုက်မိသည်။ယခုတလော ဘကျော်တို့ဆိုင်ရှေ့ကလည်း ဖြတ်မလျှောက်မိတော့သလို့ စတိုးဆိုင်ဘက်ကိုလည်း မရောက်ဖြစ်။ သွားစရာလာစရာရှိလျှင် ဈေးကြီးရဲ့ဘေးလမ်း သို့မဟုတ် ဈေးတန်းထဲကပဲ သွား လိုက်သည်။စတိုးဆိုင်ထဲတွင် ပပစိုး၏အရိပ်အယောင်ကိုမျှမတွေ့ရ။ အရောင်းစာရေးမလေးများကိုပဲ တွေ့နေရသည်။နှင်းအိမ် မျက်နှာကို တစ်ဖက်သို့ ပြန်လွှဲလိုက်မိသည်။ " နောက်ထပ် ငါလာလည်လို့ရလားဟင် " နှင်းအိမ်၏တင်းမာသယောင်ဖြစ်နေသော မျက်နှာလေးကို ကြည့်ပြီး ကိုချမ်းမရဲတရဲ မေးလိုက်မိသည်။နှင်းအိမ်က ကိုချမ်းကို မော့ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ "ရပါတယ် လာလည်လေ ..ခုတလော ငါ့မှာ သူငယ်ချင်း မရှိတာနဲ့အတော်ပဲ " နှင်းအိမ်၏ တုံ့ပြန်စကားကြောင့် ကိုချမ်းရင်ထဲ လှိုက်ခနဲ ဝမ်းသာသွားမိသည်။ နှင်းအိမ်နှင့် ပတ်သက်၍ နှစ်လနီးပါးလောက်အထိ ကိုချမ်း မေ့မေ့ပျောက်ပျောက်နေနိုင်အောင်ကြိုးစားခဲ့သည်။သို့သော်လည်း နှစ်လနီးပါးကြာ သောအချိန်တွင် မေ့ပျောက်သွားရမည့်အစား ကိုချမ်းစိတ်ထဲမှာ သူမကို ပိုတွေ့ချင်လာမိသည်။သတိရလာမိသည်။နောက်ဆုံးတွင်တော့ သည်နေရာသို့ ကိုချမ်းရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ရှေ့ရေး နောင်ရေး ဘာအရေးတွေကိုမှ ကိုချမ်း မတွေးချင်တော့ ကိုယ့်ရင်ထဲက စိတ်ဆန္ဒအတိုင်းပဲ လိုက်နာခဲ့လိုက်ခြင်းဖြစ်သည်။ " ကားလာနေပြီ ..ငါသွားတော့မယ်...ဖုန်းဆက်မယ်နော် " " အင်းပါ ..အင်း ..အင်း...." ~~~~~ " နှင်းအိမ်က ဒီလိုမျိုး.. သူ့သူငယ်ချင်းတွေကို အလည်မခေါ်ဖူးဘူးနော် အေးနွယ် ....ကောင်းလေးက ရုပ်ရည်လဲသားသားနားနားသန့်သန့်ပြန့်ပြန့်လေးပါပဲ...နင် သိပ်တော့ စိတ်ပူမနေပါနဲ့ဟယ် " မတူး၏ စကားကြောင့် မအေးနွယ်ရင်ထဲ ပို၍ပင်စိတ်ပူသွားမိသည်။သို့သော်လည်း ယခုတလောမှုန်မှိုင်းနေသောသမီးဖြစ်သူကို ဒီနေ့လို့ ရယ်ရယ်မောမောနှင့် စကားပြောနေတာကို မြင်ရတော့လည်း မအေးနွယ်စိတ်ချမ်းသာပါသည်။တစ်ဖက်ကစိတ်ပူမိသော်လည်း သမီးလေးပြုံးရွှင်နေလျှင်တော့ မအေးနွယ်လည်း ကျေနပ်ပါသည်။ ~~~~~ " သိပ်အတင့်မရဲနဲ့ မစိုး ..အခြေအနေကို စောင့်ကြည့်အုံး ..တော်ကြာကိုယ့်လက်ထဲမှာပိုက်မိသွားရင် ငွေအိပ်သွားလိုက်မယ် ..... ဒီရက်ထဲတော့ လူနေရပ်ကွက်ထဲက အကွက်တွေပဲ .ဝယ်ကြတာပါ ...အဲ့ဒါတွေက ကိုယ့်ဆီမှာ အောင်းသွားလဲ အရှုံးမရှိဘူး..." လမင်းက အခြေအနေကို တွက်ဆပြီး ပပစိုးကိုပြောလိုက်သည် ။ပပစိုး၏ ဖခင်ဖြစ်သူကလည်း သမီးဖြစ်သူကို ကြည့်လိုက်ပြီး "ဟုတ်တယ် သမီးသိပ်အရဲမကိုးနဲ့တော့ ..ကိုယ်အတွက်လဲ အမြတ် တော်တော်များများ ရနေပြီဆိုရင် ..နည်းနည်းပြန်ထိန်းပြီး ခိုင်မာတဲ့ စီးပွားရေးတစ်ခုမှာပဲ ရင်းနှီးမြှုပ်နှံတော့ ...လမင်းရော ဘယ်လိုလဲ. ဦးလေးပြောတာ လက်ခံတယ်မဟုတ်လား " " ဟုတ်ကဲ့ လက်ခံပါတယ် ဦးလေး ....အခုက သူဌေးတွေက ဈေးကွက်ကစားနေကြတာပါ .. သူတို့တွေ တဖြည်းဖြည်းနဲ့ နောက် ဆုတ်သွားပြီး ကျွန်တော်တို့လို့ သူငယ်နှပ်စားလူမျိုးတွေပဲ ပိုများလာမယ်ဆိုရင် .. ဒီကစားပွဲကိုရပ်သင့်ပြီလို့.. ကျွန်တော်တော့သုံးသပ်မိတယ် ... ဒီလိုဆက်သွားနေရင် လူလတ်တန်းစားတွေရဲ့ လက်ထဲမှာ : တော်တော်နဲ့ရောင်းမထွက်တဲ့ အကွက်တွေပိုက်မိသွားကြလိမ့်မယ် ... မြေကွက်တွေပြန်အသိမ်းမခံရရင်တော့ နှစ်ရှည်အောင်းလိုက်ရင် ကျိန်းသေ အမြတ်တော့ရမှာပေါ့ ... ဒါပေမဲ့ ဒါက မသေချာဘူး ... "