ch
Feedback
Voice Of Mandalay(Vomdy)

Voice Of Mandalay(Vomdy)

前往频道在 Telegram

ကျွန်တော်တို့ကိုသတင်းတွေပေးပို့ချင်ရင်👇👇 @Oakgyi1116 တို့၏privateတွင် သတင်းများ ပေးပို့နိုင်ပါတယ်ရှင့်

显示更多

📈 Telegram 频道 Voice Of Mandalay(Vomdy) 的分析概览

频道 Voice Of Mandalay(Vomdy) (@pyfeh) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 15 755 名订阅者,在 新闻与媒体 类别中位列第 13 510,并在 缅甸 地区排名第 8 479

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 15 755 名订阅者。

根据 26 八月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -149,过去 24 小时变化为 10,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 16.12%。内容发布后 24 小时内通常能获得 11.03% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 2 540 次浏览,首日通常累积 1 737 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 23

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
ကျွန်တော်တို့ကိုသတင်းတွေပေးပို့ချင်ရင်👇👇 @Oakgyi1116 တို့၏privateတွင် သတင်းများ ပေးပို့နိုင်ပါတယ်ရှင့်

凭借高频更新(最新数据采集于 28 八月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

15 755
订阅者
+1024 小时
+287
-14930
帖子存档
❗️ချမ်းမြသာစည်မြို့နယ်❗️ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် 108လမ်း61×62လမ်းရှိ (ဈ)ရပ်ကွက်တွင် ယနေ့ည(8:50)မိနစ်အချိန်ခန့်၌ ရခနဲ့အုပ်ကြီးအပါအ၀င်အင်အား(8)ယောက်ခန့်ဖြင့် ဧည့်စာရင်းစစ်ဆေးနေကြောင်းသတင်းရရှိသည်။ #Vomdy Thu,Aug27 Voice Of Mandalayသို့သတင်းပေးပို့ကာ ပြည်သူအချင်းချင်းဖေးမကူညီပါ။ သတင်းများဆွေးနွေးရန် Public Gp Link https://t.me/VoiceOfMandalay3 သတင်းပေးပို့ရန် @bachira2480

❗MDY❗ ညနေခင်းပိုင်းအဖမ်းအဆီးအစစ်အဆေးသတင်းများကိုဤPostတွင်ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။ -မန္တလေးတက္ကသိုလ် ၇၃လမ်း၃၉လမ်း၄၀လမ်းကြားဖမ်းဆီးစစ်ဆေး (5:30Pm) #Vomdy Thu Aug27

❗မန္တလေး❗ မန္တလေးမြို၊အမရပူရမြို့နယ် ဘုံးအိုးရပ်ကွက်၌မနက်ဖန်ညနေ အချိန်တွင်စစ်မှုထမ်းမဲနှိုက်ရမည်ဟုသိရှိရသည်။ #Vomdy Thu Aug27

❗မန္တလေး❗ ​မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဟ (၁၃) ရပ်ကွက် အုပ်ကြီး မော်ကြီးဆိုသူက စစ်မှုထမ်းရန် အကြောင်းပြကာ ဒေသခံပြည်သူတစ်ဦးကို ဖမ်းဆီးငွေညှစ်နေကြောင်း သိရသည်။ ​ဩဂုတ်လ ၂၆ ရက်နေ့၊ ည ၈ နာရီခန့်က လမ်း ၆၀၊ A လမ်း၊ ၁၁၆ လမ်းနှင့် ၁၁၇ လမ်းကြားတွင် နေထိုင်သည့် သံပန်းလုပ်ကိုင်သူ၊ အသက် (၃၆) ဝန်းကျင်ရှိ ကလေးနှစ်ဦး၏အဖေကို အုပ်ကြီး မော်ကြီးက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျပ် သိန်း (၅၀၀) တောင်းခံကာ ငွေညှိနှိုင်းနေကြောင်း သိရသည်။ ​အဆိုပါ အုပ်ကြီး မော်ကြီးသည် ရပ်ကွက်အတွင်း အာဏာကိုအသုံးချကာ ကိုယ်ကျိုးရှာနေသူဖြစ်ပြီး၊ ၎င်း၏ဆွေမျိုးများမှာလည်း အဆိုပါရပ်ကွက်ထဲတွင် တိုက် (၅) လုံးဝန်းကျင်အထိ ပိုင်ဆိုင်ထားကြကာ ယခင်က အိမ်ငှားဘဝဖြင့် နေထိုင်ခဲ့ရသူမှ လက်ရှိတွင် အိမ်များနှင့် ကားများပိုင်ဆိုင်ကာ ချမ်းသာလာသူဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် ၎င်းသည် မိမိနေအိမ်တွင် မနေဘဲ ၁၁၇ လမ်း၊ ၆၂ လမ်းနှင့် ၆၁ လမ်းကြားရှိ ရုံးတွင်သာ ထိုင်ကာနေထိုင်လျက်ရှိပြီး၊ ဧည့်စာရင်းအတွက် လူတစ်ဦးလျှင် ဘိလပ်မြေတစ်အိတ်ဖိုးနှုန်းဖြင့် ယခုအချိန်အထိ တောင်းခံနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ​#Vomdy Thu Aug 27

❗မန္တလေး❗ မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ် ကရပ်ကွက်၌ ဩဂုတ်လ၂၅ရက်နေ့ ည၉နာရီ၃၀မိနစ်အချိန်ခန့်တွင် အသက်၃၂နှစ်အရွယ်လူလတ်ပိုင်းတစ်ဦးကို စစ်ကောင်စီမှအင်အား၁၀ယောက်လောက်ဖြင့်ဖမ်းဆီးပေါ်တာဆွဲသွားကြောင်းသိရှိရသည်။ ထို့သိုဖမ်းဆီးပြီးနောက် ညတွင်းချင်းပင် နန်းတွင်းသို့ ညတွင်းချင်းပို့ဆောင်ခဲ့သည်ဟုသိရှိရသည်။ အဆိုပါဖမ်းဆီးမှူကိုက ရပ်ကွက်ဆယ်အိမ်ခေါင်းသန်းဝေဦးဆောင်သည့်အဖွဲ့နှင့်အဆင့်မြင့်ရဲစခန်းမှရဲများ မှဖမ်းဆီးသည်ဟုသိရှိရသည်။ #Vomdy Thu Aug27

အနာဂတ်ကို ပြောင်းလဲချင်ရင်… ပညာရေးကနေ စရမယ်။ 📚 စစ်ကိုင်းဖက်ဒရယ် ၃၃ မြို့နယ်အတွင်းက ဒေသတချို့မှာ ကလေးတွေဟာ စာသင်ကြားနိုင်ရေးအ
အနာဂတ်ကို ပြောင်းလဲချင်ရင်… ပညာရေးကနေ စရမယ်။ 📚 စစ်ကိုင်းဖက်ဒရယ် ၃၃ မြို့နယ်အတွင်းက ဒေသတချို့မှာ ကလေးတွေဟာ စာသင်ကြားနိုင်ရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အပြင် အခုချိန်မှာ ရေဘေးဒဏ်ကိုပါ ထပ်မံရင်ဆိုင်နေကြရပါတယ်။ စာသင်ခန်းတွေ မပြည့်စုံသေးတဲ့ကြားမှာ ရေဘေးကြောင့် စာသင်ဖို့လိုအပ်တဲ့ အခြေခံအထောက်အပံ့တွေပါ ထပ်မံခက်ခဲလာပါတယ်။ ဒါကြောင့် ဒီပညာရေးကမ်ပိန်းမှာ တတ်နိုင်သလောက် လှူဒါန်းပါ။ မတတ်နိုင်သေးရင် မျှဝေပေးပါ။ ပါဝင်မှုတိုင်းက ပညာရေးအတွက် အင်အားတစ်ခုဖြစ်စေပါလိမ့်မယ်။ 🤍 အားလုံးပေါင်းစည်းမှုက ကလေးတွေရဲ့ ပညာရေးကို ဆက်လက်ရှင်သန်စေမယ့် ခွန်အားပေးကြရအောင်နော် 📚🌱 @ALinSDB မှာ ဆက်သွယ်ပီး မြန်မာငွေငါးထေယင်ကျပ်ကအစ ပါဝင်လှူဒါန်းနိုင်ပါတယ် #Vomdy Family

ကျွန်တော်တို့ကိုသတင်းတွေပေးပို့ချင်ရင်👇👇 @Oakgyi1116 @bachira2480 @ALinSDB @Voiceofmdyeos တို၏privateတွင် သတင်းများ ပေးပိုန
ကျွန်တော်တို့ကိုသတင်းတွေပေးပို့ချင်ရင်👇👇 @Oakgyi1116 @bachira2480 @ALinSDB @Voiceofmdyeos တို၏privateတွင် သတင်းများ ပေးပိုနိုင်ပါတယ်။

ကံကြမ္မာကို မျက်လှည့်ပြသလို ပြောင်းလဲချင်နေပြီလား? 🎩✨ အဲ့ဒီအတွက် ကံကောင်းခြင်းတွေ လိုအပ်နေတယ်ဆိုရင်တော့ နွေဦးထီက သင့်ဘက်မှာ
ကံကြမ္မာကို မျက်လှည့်ပြသလို ပြောင်းလဲချင်နေပြီလား? 🎩✨ အဲ့ဒီအတွက် ကံကောင်းခြင်းတွေ လိုအပ်နေတယ်ဆိုရင်တော့ နွေဦးထီက သင့်ဘက်မှာ အသင့်ရှိနေပါပြီ။ 🍀 ငွေ 2️⃣0️⃣0️⃣0️⃣ ကျပ် နဲ့ မမျှော်လင့်ထားတဲ့ အိပ်မက်တခုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးက သင့်ရှေ့မှာ ရောက်နေပြီနော်။ 💫 ဒီတခါတော့ ကံကိုပဲ စောင့်မနေဘဲ ကိုယ့်ကံကို ကိုယ်တိုင် မျက်လှည့်ပြလိုက်ပါ။ 🎩🍀 #NwayOoHti #WeDreamBold #NOHGiftCard

#ပြည်သူသာအဓိက #ပြည်သူတွေသာညီညွတ်ရင်ဘယ်စစ်အာဏာရှင်မှအသက်ဆက်လို့မရပါဘူး✊ စစ်အာဏာရှင်စနစ်ဆိုတာ တစ်ယောက်တည်းနဲ့ ရပ်တည်လို့မရပါဘူး
#ပြည်သူသာအဓိက #ပြည်သူတွေသာညီညွတ်ရင်ဘယ်စစ်အာဏာရှင်မှအသက်ဆက်လို့မရပါဘူး✊ စစ်အာဏာရှင်စနစ်ဆိုတာ တစ်ယောက်တည်းနဲ့ ရပ်တည်လို့မရပါဘူး။ စစ်အာဏာရှင်ယန္တရား လည်ပတ်နိုင်ဖို့ ဒေါက်တိုင်တွေ၊ အထောက်အပံ့တွေ ရှိနေလို့သာ ခုထိတောင့်ခံနိုင်တာပါ #အာဏာရှင်ကိုမကြိုက်ဘူးဆိုရင် အာဏာရှင်ကို ခိုင်မာစေတဲ့ အထောက်အပံ့တွေကိုပါ ရပ်တန့်ပစ်နိုင်ဖို့လိုပါတယ်။ Boycott & Social Punishment ဆိုတာ လူတစ်ယောက်ကို မုန်းတီးလို့၊ အငြိုးထားလို့ လုပ်တာမဟုတ်ပါဘူး။ အာဏာရှင်စနစ်ကို အသက်ဆက်ပေးနေတဲ့ အထောက်အပံ့တွေကို ဖြတ်တောက်ဖို့ လိုအပ်တဲ့ လူမှုရေးဖိအားတစ်ခု ဖြစ်ပါတယ် အာဏာရှင်စနစ်တစ်ခုဟာ အင်အားသုံးမှုတစ်ခုတည်းနဲ့ ရပ်တည်နေတာမဟုတ်ပါဘူး။ ငွေကြေး၊ စီးပွားရေး၊ လူမှုရေး၊ မီဒီယာနဲ့ အနုပညာကဏ္ဍတွေကနေ ရရှိနေတဲ့ အထောက်အပံ့တွေကနေလည်း အသက်ဆက်နေတာမျိုးပါ.. ဥပမာ..Fb/YT /Tele channel တွေကအစ View, React, Share, Followerတစ်ခုချင်းစီ က ဘယ်သူ့ကို အင်အားဖြစ်စေသလဲ / လူမှုရေးလက်ခံမှုက ဘယ်သူ့ကို ပိုပြီး တရားဝင်သလို ဖြစ်စေသလဲဆိုတာမြင်သာတဲ့အတွက် သတိထားကြဖိုလိုပါတယ်.. 📌 Boycott & Social Punishment ဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့အကြောင်း ခဝေးမကြီးမှ တစ်ကွက်ပြ

​❗မန္တလေး❗ ​မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ပြည်ကြီးရန်လုံအုပ်ကြီးနှင့် ဌာနီအနောက်အုပ်ကြီးတို့ ပူးပေါင်းကာ အောင်မြေသာစံမြို့နယ်အတွင်းရှိ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းတွင် နေထိုင်သည့် အသက် (၃၀) အရွယ် မောင်ကောင်းမြတ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ​ဩဂုတ်လ ၂၁ ရက်နေ့၊ ညနေ ၄ နာရီခန့်က အဆိုပါတိုက်ခန်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ဌာနီအနောက်အုပ်ကြီး (စနေခေါ်) ဦးနေလင်းထွန်းက အမှတ် (၉၅) တပ်သို့ ဖမ်းဆီးပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ​#Vomdy Wed Aug 26

​Voice of Mandalay Channel လေးဟာ တော်လှန်ရေးအတွက် ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်အားဖြည့်ပေးနေတယ်လို့ခံစားရပါသလဲခင်ဗျာ။ 🤔
Anonymous voting

❗မန္တလေး❗ မန္တလေးမြို့၊မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊အကွက်၄၃၀၌ဩဂုတ်လ၂၆ရက်နေ့မနက်အချိန်၃နာရီခန့်တွင် အသက်၂၇နှစ်အရွယ်ရှိသောကောင်လေးတစ်ဦးအား ယခင်အုပ်ကြီးပြုတ်အပါအဝင် အင်အား၁၀ယောက်လောက်ဖြင့်အိမ်ထဲထိဝင်ကာပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရှိရသည်။ ထို့ပြင်ဩဂုတ်လ၁၉ရက်နေ့ ညနေ၆နာရီ၃၀မိနစ်အချိန်တွင်လည်းမဟာအောင်မြေမြို့နယ်၊မနော်ရမ္မံဥယျာဥ်ညစျေးအတွင်း အသက်ခန်မှန်း၂၅ နှစ်ကျော်အရွယ်တစ်ဦးအားစကစမှ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရှိရပါသည်။ #Vomdy Wed Aug26

ကျွန်တော်တို့ကိုသတင်းတွေပေးပို့ချင်ရင်👇👇 @Oakgyi1116 @bachira2480 @ALinSDB @Voiceofmdyeos တို၏privateတွင် သတင်းများ ပေးပိုန
ကျွန်တော်တို့ကိုသတင်းတွေပေးပို့ချင်ရင်👇👇 @Oakgyi1116 @bachira2480 @ALinSDB @Voiceofmdyeos တို၏privateတွင် သတင်းများ ပေးပိုနိုင်ပါတယ်။

#နိုင်ငံရေးနဲ့မသက်ဆိုင်ပါဆိုတဲ့ပြည်ပရောက်တွေအတွက် ဒီနေ့ ကြားရတဲ့ သတင်းကတော့ စိတ်မကောင်းစရာပါ... စင်ကာပူ မြန်မာသံရုံးက စာ နဲ့ ထုတ်ပြန်လာတာမရှိသေးပေမယ့်.. ဒီနေ့ PV passport သမားတွေကို လက်ရှိတော့ သက်တမ်းပေးမတိုးတော့လို့ ပြန်လာကြရတယ် ကြားနေရပါပြီ။ ဒီအတိုင်းဆိုရင်တော့ passport ၁၄ လ အောက်ရောက်ရင် PV သမားတွေက သက်တမ်းတိုးဖို့ မြန်မာသံရုံးသွားပြီး နေပြည်တော်စာတင်ဖို့ အကူအညီတောင်းရမလိုပါ။ ( လုပ်နည်းအဆင့်ဆင့်တော့ စာထုတ်ပေးလိမ့်မယ်ထင်ပါတယ် ) Edit : ( ဒီနေ့သံရုံးက ပြန်လာတဲ့ ညီမငယ် အပြောအရတော့ သံရုံးက ပေးတဲ့ email ကနေတစ်ဆင့် ထပ်ပြီး သက်တမ်းတိုးဖို့အတွက် ထပ်ပို့ပေးရပါမယ်တဲ့။ ပြန်စာလာတဲ့အထိ စောင့်ရပါမယ်တဲ့။ ပြန်စာတော့ ဘယ်ချိန်ရမယ်မသိ ။ ) နေပြည်တော်က ပြန်စာကလဲ ဘယ်လောက်ကြာမယ်မှန်း မသိနိုင်ပါဘူး။

❗️MDY❗️ မနက်ခင်းပိုင်းအစစ်ဆေးသတင်းများကို ဤPostတွင်ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။ -62×22လမ်းတွင် ယကကအိုးဝေဖမ်းဆီးနေ(10:52Am) #Vomdy Tue,Aug25 Voice Of Mandalayသို့သတင်းပေးပို့ကာ ပြည်သူအချင်းချင်းဖေးမကူညီပါ။ သတင်းများဆွေးနွေးရန် Public Gp Link https://t.me/VoiceOfMandalay3 သတင်းပေးပို့ရန် @bachira2480

❗မန္တလေး❗ မန္တလေးမြို့၊ ပြည်ကြီးရန်လုံရပ်ကွက်ရုံးတွင် အချုပ်ခန်းပြုလုပ်ထားရှိပြီး အခြားရပ်ကွက်များမှ ပြည်သူများကိုပါ ဖမ်းဆီးခ
❗မန္တလေး❗ မန္တလေးမြို့၊ ပြည်ကြီးရန်လုံရပ်ကွက်ရုံးတွင် အချုပ်ခန်းပြုလုပ်ထားရှိပြီး အခြားရပ်ကွက်များမှ ပြည်သူများကိုပါ ဖမ်းဆီးချုပ်နှောင်ထားကာ စစ်မှုထမ်းရန်အတွက်ပါ အဆိုပါအချုပ်ခန်းအတွင်း၌ ဖမ်းဆီးထိန်းသိမ်းထားမှုများ ရှိနေကြောင်း သိရသည်။ ​မန္တလေးမြို့၊အောင်မြေသာစံမြို့နယ် ၈၆ လမ်း၊ ၁၅ လမ်းနှင့် ၁၆ လမ်းကြားရှိ ပြည်ကြီးရန်လုံရပ်ကွက်ရုံးအတွင်း၌ အုပ်ကြီးမိုးသန်းဦး မှဦးဆောင်၍အချုပ်ခန်းတစ်ခု တည်ဆောက်ထားပြီး၊ ရပ်ကွက်တွင်းသာမက အခြားရပ်ကွက်များမှ ဖမ်းဆီးခံရသည့် ပြည်သူများကိုပါ ခေါ်ဆောင်လာကာ ချုပ်နှောင်ထားခြင်းဖြစ်သည်။ အထူးသဖြင့် စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်လာသူများကိုပါ ယင်းအချုပ်ခန်းအတွင်းသို့ ထည့်သွင်းချုပ်နှောင်ထားကြခြင်းဖြစ်ကြောင်းသိရှိရသည်။ #Vomdy Tue Aug25 ပုံအုပ်ကြီး မိုးသန်းဦး

❗မန္တလေးစခကားအသွားအလာ❗ ဖောကာ လေးစီး ၁စီး ဆယ်ယောက်ခန့် ဖြင့် 26 လမ်းအတိုင်း အနောက်ဆင်းသွားကြောင်းသိရှိရ။(8:24Am) #Vomdy Tue Aug25

​❗မန္တလေး-စစ်ကိုင်း❗ ​အမရပူရနယ်၊ စစ်ကိုင်း-မန္တလေးလမ်း၊ ရွှေကြက်ယက်ကျေးရွာအကျော် မန္တလေးဘက်အခြမ်းတွင် အကြောင်းမဲ့ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ထပ်မံဖြစ်ပွားနေကြောင်း သိရသည်။ ​ဖြစ်စဥ်မှာ ဩဂုတ်လ ၂၃ ရက်နေ့၊ ညနေ ၆ နာရီ ၅၅ မိနစ်အချိန်၊ အမှောင်ရိပ်စတင်ကျရောက်လာချိန်တွင် စက်ဘီးစီးလာသည့်အသက်ခန်မှန်း၂၀နှစ်ကျော်လူငယ်တစ်ဦးအား စစ်ယူနီဖောင်းဝတ်ဆင်ထားသူ (၁) ဦးနှင့် လက်နက်ကိုင်ဆောင်ထားပြီး လက်ထိပ်ပါရှိသည့် အရပ်ဝတ် (၂) ဦးတို့က လမ်းပေါ်တွင် တားဆီးကာ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရှိရသည်။ ​ယင်းသို့ ဖမ်းဆီးရာတွင် လူငယ်အား ရိုက်နှက်ကာ ကားပေါ်သို့ အတင်းအဓမ္မ တွန်းဆွဲတင်သွားခဲ့ကြပြီး စက်ဘီးကိုလည်း လဲကျပစ်ခဲ့ကြောင်းသိရှိရသည်။ အမရပူရနယ်အတွင်း ယခုကဲ့သို့ အဓမ္မဖမ်းဆီးပေါ်တာဆွဲမှုများ မကြာခဏဆိုသလို ဖြစ်ပွားနေသဖြင့် ခရီးသွားပြည်သူများနှင့် ဒေသခံလူငယ်များအနေဖြင့် အထူးသတိပြုသွားလာကြပါရန် သတင်းပါးအပ်ပါသည်။ #Vomdy Tue Aug25

ကျွန်တော်တို့ကိုသတင်းတွေပေးပို့ချင်ရင်👇👇 @Oakgyi1116 @bachira2480 @ALinSDB @Voiceofmdyeos တို၏privateတွင် သတင်းများ ပေးပိုန
ကျွန်တော်တို့ကိုသတင်းတွေပေးပို့ချင်ရင်👇👇 @Oakgyi1116 @bachira2480 @ALinSDB @Voiceofmdyeos တို၏privateတွင် သတင်းများ ပေးပိုနိုင်ပါတယ်။

❗မန္တလေး❗ မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်68လမ်း101လမ်း၌ဩဂုတ်လ၂၄ရက်နေ့ ည၁၀ နာရီ၄၉မိနစ်အချိန်ခန့်တွင် စူပါကပ်စီးနှင်းလာသော ကျားတစ်ဦး ပေါ်တာဆွဲဖမ်းဆီးခံရကြောင်းသိရှိရသည်။ စူပါကပ်ဆိုင်ကယ်သည်သော့တန်းလန်းပွင့်လျက်ကြီးရပ်ထားခဲ့ကြောင်းသိရှိရသည်။ #Vomdy Mon Aug24