ch
Feedback
ScholarLearn Education

ScholarLearn Education

前往频道在 Telegram

Education

显示更多
5 179
订阅者
无数据24 小时
无数据7
-130

数据加载中...

吸引订阅者
十二月 '24
十二月 '24
+1
在0个频道中
十一月 '24
+2
在0个频道中
Get PRO
十月 '24
+4
在0个频道中
Get PRO
九月 '24
+4
在0个频道中
Get PRO
八月 '24
+1
在0个频道中
Get PRO
七月 '240
在0个频道中
Get PRO
六月 '240
在0个频道中
Get PRO
五月 '24
+17
在0个频道中
Get PRO
四月 '24
+15
在0个频道中
Get PRO
三月 '24
+17
在0个频道中
Get PRO
二月 '240
在0个频道中
Get PRO
一月 '240
在0个频道中
Get PRO
十二月 '230
在0个频道中
Get PRO
十一月 '230
在0个频道中
Get PRO
十月 '230
在0个频道中
Get PRO
九月 '230
在0个频道中
Get PRO
八月 '230
在0个频道中
Get PRO
七月 '230
在0个频道中
Get PRO
六月 '230
在0个频道中
Get PRO
五月 '230
在0个频道中
Get PRO
四月 '230
在0个频道中
Get PRO
三月 '230
在0个频道中
Get PRO
二月 '23
+39
在0个频道中
Get PRO
一月 '23
+68
在0个频道中
Get PRO
十二月 '22
+67
在0个频道中
Get PRO
十一月 '22
+55
在0个频道中
Get PRO
十月 '22
+59
在0个频道中
Get PRO
九月 '22
+86
在0个频道中
Get PRO
八月 '22
+64
在0个频道中
Get PRO
七月 '22
+105
在0个频道中
Get PRO
六月 '22
+63
在0个频道中
Get PRO
五月 '22
+61
在0个频道中
Get PRO
四月 '22
+372
在0个频道中
Get PRO
三月 '22
+154
在0个频道中
Get PRO
二月 '22
+82
在0个频道中
Get PRO
一月 '22
+220
在0个频道中
Get PRO
十二月 '21
+7 123
在0个频道中
日期
订阅者增长
提及
频道
14 十二月0
13 十二月0
12 十二月+1
11 十二月0
10 十二月0
09 十二月0
08 十二月0
07 十二月0
06 十二月0
05 十二月0
04 十二月0
03 十二月0
02 十二月0
01 十二月0
频道帖子
Facebook က log out ဖြစ်သွားတာ serverကျပြီးတစ်ကမ္ဘာလုံးဖြစ်သွားတာတဲ့ Admin တော့ Acc hack ခံရတာလားဆိုပြီးလန့်သွားတာပဲ 😁😁 ဘယ်တော့ရမလဲမသိ ရရင် ပြန် update တင်ပေးပါမယ်

2
GRADE 11 TEACHER GUIDE AUDIO SCRIPTS & ANSWER KEYS .............. .................. GRADE 11 TEACHER GUIDE AUDIO SCRIPTS & ANSWER KEYS ....................................... pdf https://drive.google.com/file/d/1K4E6cgWzMfUxdaQiRhFHb3WRLGzYho6r/view?usp=sharing ........................... home-made audio videos https://youtube.com/playlist?list=PLuh72EkqIhJ64kAemK2Pu363sY6IApUhj
1 166
3
没有文字...
658
4
အဂ်လိပ်စာလေ့လာသူတိုင်း ဖုန်းထဲမှာ ရှိသင့်တဲ့ apps တွေပါ။ Merriam-Webster's Dictionary (Premium) 5.0.2 App link: https://bit.ly/3q3ZPE8 Oxford Advanced Learner's Dictionary (10th ed.) App link: https://bit.ly/3s9GO5n Cambridge Advanced Learner's Dictionary (4th ed.) App link: https://bit.ly/35rQBKk Collins English Dictionary (& Thesaurus) Complete and Unabridged (12th ed.) App link: https://bit.ly/35uAewq The American Heritage Dictionary of the English Language (5th ed.) App link: https://bit.ly/35us47i Oxford A-Z of Grammar and Punctuation App link: https://bit.ly/39nvee6 Credit to the original uploader
386
5
没有文字...
1 196
6
Against ဆန့်ကျင်ခြင်း၊ သဘောကတော့ ရှေ့ကိုအောင်မြင်မှု ရဖို့အတွက်ပဲ လုံးပန်းနေပြီး စိတ်ဖိစီးမှုတွေ ဖြစ်နေကြတယ်။ အရင်က ရခဲ့တဲ့ အောင်မြင်မှုကိုကျတော့ ပြန်မခံစားကြတဲ့ သဘောပေါ့။ အမှန်က အရင်က ရခဲ့တဲ့အောင်မြင်မှုကို ပြန်ကြည့်ပြီး ငါဘာတွေလုပ်ခဲ့တယ်။ ဘယ်လိုအောင်မြင် ခဲ့လဲဆိုတာကို မြင်အောင် ပြန်ကြည့်နိုင်ရမယ်။ ပြန်ကြည့် မိတဲ့အခါကျရင် ပီတိ ပြန်ဖြစ်ရတယ်။ အဲဒီ ပီတိက အမှန်တကယ်တော့ ရှေ့ဆက်ဖို့အတွက် အဓိက အခြေခံ အုတ်မြစ်ပဲ။ Healthy Emotion (ကိုယ်စိတ်နှစ်ပါး ကောင်းမွန်ခြင်း) ဖြစ်စေတယ်။ Helthy Emotion နဲ့ တွေးတဲ့အခါကျတော့ helthy reflection ကောင်းမွန်တဲ့ အဖြေထွက်ရှိစေတာပေါ့။ ဥပမာအားဖြင့် လူတစ်ယောက်က အုတ်စီတယ်။ အချပ် ၅၀၀ စီခဲ့တယ်ပေါ့။ အဲဒီအထဲမှာ အုပ်တစ်ချပ်ကိုတော့ သူက ကောင်းကောင်း မစီခဲ့မိတဲ့ အုပ်တစ်ချက်ကိုပဲ စိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေတယ်။ လှလှပပစီခဲ့တဲ့ အုပ်အချပ် ၄၉၉ ချပ်ကိုကျတော့ စိတ်ထဲမှာ ပေါ်မလာဘူး။ နေ့နေ့ညည အဲဒီ အုတ်တစ်ချပ်အတွက်ပဲ စိတ်မကောင်း ဖြစ်ပြီး မဖြစ်သင့်တဲ့ စိတ်ဖိစီးမှုတွေ ဖြစ်တယ်။ အလုပ်လုပ်တဲ့ နေရာတွေလည်း ယုံကြည်မှု ရှိသင့်တာ မရှိတော့ဘူး စိတ်ဓာတ်ကျလွယ်တယ်။ ဒေါသလည်း ထွက်လွယ်တယ်။အကောင်းမြင်ဖို့ ခဲယဉ်းသွားပြီ အကျင့်လို ဖြစ်သွားတယ်။ တကယ်တော့ ဘ၀မှာ အဆင်ပြေဖို့က ၈၀ရာခိုင်နှုန်းရှိတယ်။ တိုးတက် ကောင်းမွန်နိုင်ဖို့ အရည်အချင်း Improvement က ၂၀ရာခိုင်နှုန်းရှိတယ်။ အဲဒါကို ဘ၀မှာ ၈၀ ရာခိုင်နှုန်းအတွက်ကို အချိန်မပေးဘဲ ၂၀ ရာခိုင်နှုန်းအတွက်ကိုပဲ အချိန်သွားပေးမိနေတတ်ကြတယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်းချီးကျူးဂုဏ်ပြုဖို့ မေ့နေကြတယ်။ ကိုယ့်ကိုယ်ကိုယ်တောင်မေ့နေမှတော့ သူများကိုလည်း သူက Congratulations ဂုဏ်ပြုတာ ချီးကျူးတာတွေ မလုပ်နိုင်တော့ဘူး။ ဒါကြောင့် အခု အခြေအနေမှာ ဘုန်းဘုန်းကို ကျေနပ်လား မေးရင်ကျေနပ်တယ်။ လုပ်စရာရှိတာတွေက အများကြီးပဲ ဆက်လုပ်ရဦးမှာပေါ့။ ✏"အရှင်ဘုရားအနေနဲ့ သက်တော် နှစ်၅၀ပြည့် ရွှေရတုမွေးနေ့လည်းရောက်ခဲ့ပြီ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း သာသနာပြုနေနိုင်ခဲ့ပြီ။ အခု အမှတ်တရအထိမ်းအမှတ်အဖြစ် ထုတ်ဝေမယ့် ဒီမှတ်တမ်းလွှာ စာမျက်နှာထက်ကနေ ဘယ်သူတွေကိုများ ကျေးဇူးတင်ချင် ပါလဲ ဘုရား" 💡 အကြောင်းမသိတဲ့ သူတွေက ဘုန်းဘုန်းကို ပိုပြောတယ် ဖြစ်ချင်ချင် ဖြစ်နေမယ်။ ဘုန်းဘုန်းက ဒီအခြေအနေထိ ရောက်ပြီး သာသနာပြုနိုင်တာဟာ မိဘနှစ်ပါးကို အရင်ဆုံး ကျေးဇူးတင်ပါတယ်။ ဘုန်းဘုန်းရဲ့ မယ်တော်ဆိုရင် ကျောင်းမနေခဲ့ရတော့ လုံး၀ စာမတတ်ပါဘူး။ စာလည်း မရေးတတ်ပါဘူး။ ရှမ်းစကား တစ်မျိုးပဲ ပြောတတ်တယ်။ ဒါပေမဲ့ ဘုန်းဘုန်းကို အခုလိုမျိုး အောက်စ်ဖိုဒ့်ထိ ရောက်အောင် ပို့ပေးနိုင်ခဲ့တာဟာ ခမည်းတော်၊ မယ်တော်တို့ကြောင့်လို့ ယူဆထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုန်းဘုန်း စာသင်နေပြီလို့ သူတို့သိလိုက်တာနဲ့ ဘာမှ အနှောက်အယှက် မပေးဘူး။ ဘာမှ မတောင်းဆိုဘူး။ အားပေးတာပဲ ရှိတယ်။ အဲဒါကြောင့် ဘုန်းဘုန်းက စာသင်ချင်တဲ့စိတ် အမြဲတမ်း ရှိတယ်။ အသက် ၁၂နှစ် အရွယ်လောက်မှာ ဘုန်းဘုန်း ညောင်ရွှေကနေ လဲချားကို အလည်ပြန်တော့ အဲဒီမှာ ဆရာတော်ကြီးရဲ့ စားပွဲပေါ်မှာ နိုင်ငံခြားသားတစ်ဦး ရေးထားတဲ့စာအုပ်ကို မြန်မာလို ပြန်ထားတဲ့ စာအုပ် သွားတွေ့တယ်။ ဘုန်းဘုန်းက နားမလည်ပေမယ့် စိတ်ထဲမှာ ချက်ချင်းပဲ အားကျစိတ်ဖြစ်မိတယ်။ ငါ တစ်နေ့ကျရင်တော့ နိုင်ငံခြားဘာသာ သင်ဖြစ်အောင် သင်ပြီး သာသနာပြု မယ်ဆိုတဲ့အတွေး အဲဒီ ၁၂နှစ် အရွယ်ကတည်းက စပြီး ၀င်ခဲ့တယ်။ Credit
794
7
Ph.Dကျောင်းသားအချင်းချင်း တွေ့ဆုံပြီး ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို ဖလှယ်ရတယ်။ ဆွေးနွေးရတယ်။ နိုင်ငံတကာ ညီလာခံတွေ သွားတက်ရတယ်။ ညီလာခံတွေမှာဆိုရင်လည်း လူကြားထဲမှာ စကားရည်လုပွဲ Debate လုပ်ရတယ်။ မေးခွန်း ဖြေတဲ့ဟာတွေ လုပ်ရတယ်။ စာတမ်းတွေ ဖတ်ရတယ်။ ဆရာတွေရှေ့မှာ ကိုယ်ရေးထားတာ တွေကို ရှင်းပြရတယ်။ ဒီလို လုပ်ခဲ့ရတာတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည့်မှု Confidence ပိုပြီး ရှိလာစေတယ်။ အဲဒီက ရလာတဲ့ ယုံကြည်မှုကို ဘုန်းဘုန်းက ဘာလုပ်သလဲဆိုတော့ ပထမဦးဆုံး နိုင်ငံတကာ ဗုဒ္ဓဘာသာအသင်းတွေထဲ ၀င်တယ်။ ပြီးတော့ ၂၀၀၄ ခုနှစ် မှာ ပထမဦးဆုံးလုပ်တဲ့ လုပ်ငန်းကတော့ ကမ္ဘာအေးမှာ ကျင်းပတဲ့ ထိပ်သီးညီလာခံမှာ အခမ်းအနားမှူး MC လုပ်ဖူးတယ်။ နိုင်ငံတကာ ကလာတဲ့ ဆရာတောတွေလည်း ပါတယ်။ ဥရောပဘက်ကရော အစုံပေါ့။ ဆရာကြီး ဂိုအင်ကာ လည်းပါတယ်။ အဲဒီမှာ MC လုပ်တာကို ထိုင်းတက္ကသိုလ်ကဆရာတော်တွေက ဘုန်းဘုန်း လုပ်တာတွေကို တွေ့တော့ ကုလသမဂ္ဂ အခြေခံတဲ့ ဗုဒ္ဓနေ့ စလုပ်မယ်ဆိုတဲ့ အခါကျတော့ သူတို့က ဘုန်းဘုန်းကို လိုက်ရှာကြတာပေါ့။ ဒါနဲ့ပဲ United Nations Day of Vesak (ကမ္ဘာ့ ဗုဒ္ဓနေ့ (ဝါ) ၀ိသာခါနေ့) မှာ အဖွဲ့၀င်အဖြစ် ပါသွားတာပေါ့။ ၂၀၀၅ခုမှာ သူတို့က လက်ထောက်ညွှန်မှူးအဖြစ် ချက်ချင်းခန့်ပြီး တော့ ၂၀၀၈ခုမှာ အတွင်းရေးမှူး ဖြစ်လာတယ်။ အတွင်း ရေးမှူး ဖြစ်လာတော့ နိုင်ငံခြားနဲ့ အများကြီး ဆက်ဆံရေး လုပ်လာရတာပေါ့။ အဲဒါနဲ့ ဘုန်းဘုန်းက စဉ်းစားတယ်။ ဒီလို လာတွေ့ဆုံကြပြီး မိန့်ခွန်းတွေ ပြောပြောပြီး ပြန်သွားကြတာ ပိုက်ဆံကုန်ရကျိုး မနပ်ဘူး။ အကျိုးမရှိဘူးလို့ တွေးမိတယ်။ အာလုံး တွေ့ဆုံစုစည်း နိုင်တဲ့ အဖွဲ့ ရှိသင့်တယ်ပေါ့။ ကမ္ဘာမှာ ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ် အသင်းအဖွဲ့ဆိုတာ မရှိဘူး။ တခြားဘာသာ တွေကတော့ ရှိနှင့်နေပြီ။ ဒါနဲ့ပဲ ဘုန်းဘုန်းကိုယ်တိုင် ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာတက္ကသိုလ်ရှိတဲ့ ဂျပန်၊ ကိုရီယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ထိုင်း အစရှိသဖြင့်ပေါ့။ နောက်ပြီး အနောက်နိုင်ငံက အောက်စ်ဖိုဒ့်တို့ လန်ဒန်တို့ အမေရိကန်တက္ကသိုလ်တွေဆီ E-mail ပို့ ဆက်သွယ်ပြီး ၂၀၀၆ခု အစည်း အဝေးမှာ သူတို့ကို ဖိတ်တယ်။ ထိုင်းအစိုးရ Sponsor နဲ့ပေါ့။ အဲဒီမှာ သူတို့ကို တင်ပြတယ်။ အဲဒီလိုနဲ့ဗုဒ္ဓဘာသာ တက္ကသိုလ်များ အစည်းအရုံးဆိုပြီး ဖြစ်လာတာ။ ၂၀၀၇ခုနှစ်မှာ ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓတက္ကသိုလ်တွေကို စုစည်းပြီး အပြည်ပြည်ဆိုင်ရာ ကမ္ဘာဗုဒ္ဓတက္ကသိုလ်များ အသင်းကြီး (IABU)နဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်များ အသင်းကြီး နှစ်သင်းကို တည်ထောင် ပေးနိုင်ခဲ့တယ်။ ဒီလို တည်ထောင်ပေးနိုင်ခဲ့တာကို ဘုန်းဘုန်းက ဂုဏ်ယူတယ်။ ဒီလို ဖွဲ့စည်းလိုက်ခြင်းအားဖြင့် ဘယ်နိုင်ငံမှာ ဘယ်ဗုဒ္ဓတက္ကသိုလ် ရှိတယ်။ ဘယ်လို ပညာရပ်ကိုသင်ယူနိုင်တယ် စသည်ဖြင့် နိုင်ငံတစ်ခုနဲ့ တစ်ခုချိတ်ဆက်မိသွားကြတယ်။ ဆရာတွေလည်း ဖလှယ်ပြီး စာသင်ပြပေးနိုင်ကြပြီ။ ဒါတွေကို ကြည့်ပြီးတော့ ဘုန်းဘုန်းက အနုမောဒနာ ပီတိ ဖြစ်တာပေါ့။ ✏"ဘာသာစကားကိုရော ဘုန်းဘုန်း ဘယ်နှမျိုး တတ်မြောက် ထားပါသလဲ ဘုရား" 💡 အရေး၊ အဖတ်၊ အပြောကျတော့ မြန်မာ၊ ရှမ်း၊ အင်္ဂလိပ်ရယ် ပါဠိနဲ့ ထိုင်းပေါ့။ နောက် သီရိလင်္ကာနဲ့ လာအိုဘာသာကတော့ နားပဲထောင်တတ်တယ်။ ပြန်မပြောတတ်ဘူး။ စာလည်း မတတ်ဘူး။ ✏"ဘုန်းဘုန်း အခုလိုမျိုး ကမ္ဘာ့နိုင်ငံ အသီးသီးမှာ သာသနာပြု လုပ်ငန်းတွေကို သယ်ပိုးရွက်ဆောင်နိုင်တဲ့ အခုအခြေအနေ တွေကိုရော အားရကျေနပ်မှု ရှိပါသလား ဘုရား" 💡 အားရကျေနပ်မှုဆိုတာထက် ဘုန်းဘုန်းက စိတ်ခံစားမှုကို စေစားနိုင်အောင် အလေ့အကျင့် လုပ်ထားတယ်။ အားရတယ် မရဘူးဆိုတာ Adjustment တစ်ခုပဲ။ အဲဒီ Adjustment (အလိုက်သင့်ပြုမူနေထိုင်ခြင်း) ပေါ် မူတည် ပြီးမှ စိတ်က ခံစားကြတာ။ Adjustment လုပ်ခါနီးမှာ စိတ်က ဘယ် Information ကိုသွားပြီး Focus(အာရုံစိုက်) လုပ်သလဲတာ အရေးကြီးတယ်။ ဘုန်းဘုန်း လုပ်ခဲ့တဲ့ အထဲမှာ ရာနှုန်းပြည့်အောင်မြင်တာ ရှိတယ်။ ၈၀ ရာခိုင်နှုန်း အောင်မြင်တာ ရှိတယ်။ ၁၀ ရာခိုင်နှုန်းပဲ အောင်မြင်တာလည်း ရှိတယ်။ အဲဒါကို ဘုန်းဘုန်းက ဘယ်ဟာကိုပဲ ဖြစ်ဖြစ် ကျေနပ်တယ်။ ဘုန်းဘုန်းက သူများတွေ ကိုလည်း သူတို့ရဲ့ ဘ၀ကို ကျေနပ်တတ်အောင် သင်ပေးတယ်။ Positive Thinking ရအောင် လုပ်ပေးတယ်။ အဓိက က ပီတိကမ္မဋ္ဌာန်း သင်ပေးတာ။ ကောင်းမွန်တဲ့ အရာတွေကို ထင်မြင်ယူဆခြင်း (Positive Thinking) ဆိုတာက တကယ်လို့ ဘုန်းဘုန်းဆီမှာ ချို့ယွင်းချက် ၅ခု ရှိတယ်။ အောင်မြင်ချက် ၅ခုရှိတယ်။ အဲဒီ ချို့ယွင်းချက် ၅ခု စလုံးကို ထည့်တွက်ပြီး အောင်မြင်ချက်ကိုကျတော့ နှစ်ခုပဲ ထည့်တွက်မယ်ဆိုရင် အလေးချိန်က ကွာသွားပြီ။ စိတ်ခံစားမှုအရ တွက်မယ်ဆိုရင်လည်း ရလဒ်က အနုတ်လက္ခဏာ ဘက် ယိုင်သွားပြီ။ လူအများစုက ဘယ်လိုဖြစ်ကြလဲဆိုတော့ ကိုယ့်မှာရှိတဲ့ ကောင်းတဲ့ ငါးခုကို ဒီလိုပဲ နမော်နမဲ့မေ့ပြီး ဂရုမစိုက်မိကြဘူး။ သတိရအောင် မလုပ်ဘဲ ဒီအတိုင်းထားကြတယ်။ မရသေးတဲ့ အောင်မြင်မှုနောက်ကိုပဲ လိုက်လေ့ရှိကြတယ်။ ရပြီးသား အောင်မြင်မှုကိုကျတော့ မေ့ပစ်တတ်ကြတယ်။ အဲဒီလိုဖြစ်တတ်ကြတော့ ဗုဒ္ဓက ဘာသင်ပေးလဲဆိုတော့ အနုဿတိဆိုတာ ရှိတယ်။ ပါဠိလိုတော့ အနုဿိ တိ ဆိုတာ Awareness(သတိပြုမိခြင်း) အနုဆိုတာ
447
8
ဒီလို စာသင်ပေးရင်းနဲ့ လန်ဒန်ရောက်တဲ့ ဒုတိယနှစ်မှာပဲ လန်ဒန်တက္ကသိုလ်မှာ ကျောင်းတတ်ဖို့ လျှောက်တော့ ၀င်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ ကျောင်းစရိတ်က အရမ်းကြီးတော့ မတက်နိုင်ခဲ့ဘူး။ နောက် Cambridge တက္ကသိုလ်ကို စမ်းလျှောက်ကြည့်တော့လည်းတက်ခွင့်ရပြန်ရော။ ဒါလည်း ပြည်ပကနေလာပြီးေ ကျာင်းတက်တဲ့သူအတွက် စရိတ်ကြီးတော့ မတက်ဖြစ်ပြန်ဘူး။ တတိယနှစ်ကျမှပဲ စဉ်းစားကြည့်တာပေါ့ ဆိုပြီးလက်လျှော့လိုက်တယ်။ နောက်တော့ လန်ဒန်ကျောင်းရော၊ Cambridge ကျောင်းရော လက်ခံတာပဲဆိုပြီး ဒီ့ထက် အဆင့်မြင့်တဲ့ အောက်စ်ဖိုဒ့် တက္ကသိုလ် St. Anne's College ကျောင်းကို လျှောက်ကြည့်တော့ ၀င်ခွင့်ရတာနဲ့ အောက်စ်ဖိုဒ့် ကျောင်းမှာတက်ဖြစ်လိုက်တယ်။ ကျောင်းကို ၂၀၀၀ ပြည့်နှစ်မှာ စတက်တာ ၃နှစ်ခွဲ တက်လိုက်ရတယ်။ ပြီးတော့ ၂၀၀၄ ခုနှစ်မှာ "၁၇ ရာစုမှာ မျက်မှောက်ကာလအထိ မြန်မာနှင့် ထိုင်းနိုင်ငံများရှိ ဘုန်းတော်ကြီးသင် ပညာရေးသမိုင်း ဖြစ်စဉ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသန စာတမ်းတင်ပြီး Ph.D ဘွဲ့ရခဲ့ပါတယ်။ ✏"ကျောင်းက ဘုန်းကြီးတွေ သီးသန့်သင်ယူရတဲ့ ကျောင်းလားဘုရား" 💡မဟုတ်ပါဘူး။ ဝိဇ္ဇာနဲ့ သိပ္ပံ ပညာရပ်ဆုံတဲ့ တက္ကသိုလ်မှာ ဗုဒ္ဓ ဘာသာကို လေ့လာတဲ့ဌာနတွေရှိတယ်။ အာရှအကြောင်း လေ့လာတဲ့ဌာနလည်း ရှိတယ်။ အဲဒီ အာရှဘက်လေ့လာတဲ့ ဌာနမှာ ဘုန်းဘုန်းက Ph.D သွားလုပ်တာပေါ့။ အောက်စ်ဖိုဒ့် ရောက်တော့ ဘုန်းဘုန်း ဒီလောက် အင်္ဂလိပ်စာကောင်းအောင် လုပ်ထားခဲ့တာတောင် သူတို့ အင်္ဂလိပ်တွေက တအားအဆင့် မြင့်ပြီး ဘုန်းဘုန်း သင်ခဲ့တတ်ခဲ့တာတွေ ကိုယ်ရေးတဲ့ ဟာတွေက လုံး၀အဆင့်မမီဘူးဖြစ်သွားတယ်။ ဒါနဲ့ပဲ ဘုန်းဘုန်းက အဆင့်မြင့်တဲ့ Academic English ကို နှစ်နှစ်ခွဲ ထပ်တက်ရတယ်။ Ph.D လုပ်နေရင်းက တက် နေရတယ်။ ဘုန်းဘုန်းတို့ကို သင်တဲ့ Ph.D ယူထားတဲ့ ဆရာမက အရမ်းတော်တယ်။ Ph.D တွေ ဘယ်လို ရေးကြတယ်၊ သိပ္ပံဘာသာရပ်ဆိုရင် ဘယ်လိုရေးရတယ်။ နောက်တစ်ခု သူပြောမှ သူပြောမှ သိရတယ်။ သိပ္ပံ ပညာရပ်မှာ အင်္ဂလိပ်လူမျိုးတွေက ရေးတဲ့နေရာမှာ ဘယ်တော့မှ ပြုဆဲ၊ ဖြစ်ဆဲပြ ကြိယာပုံသဏ္ဍာန် (Continuous Tense)နဲ့ မသုံးဘူးတဲ့။ ဘာလို့ မသုံးသလဲဆိုတော့ ဒီသီအိုရီတွေက အမြဲရှေ့တိုးတက်နေတာတဲ့။ ကိုယ့်ရဲ့ သီအိုရီတွေက အချိန်အတိုင်းအတာ တစ်ခုအထိပဲ မှန်နိုင်တယ်။ ဒါကို နောက်တစ်ယောက်ကလာပြီး Advance လုပ်လိုက်ရင် ဒီသီအိုရီတွေက ပြောင်းသွား နိုင်တယ်ပေါ့။ ဒါကြောင့် သူတို့ မသုံးဘူးဆိုတာ သိလိုက် ရတယ်။ သူတို့ဆီမှာ နှစ်နှစ်ခွဲလောက် သေသေချာချာ သင်တော့ အဆင့်မြင့် အင်္ဂလိပ်စာကို ရေးတတ်၊ဖတ်တတ်သွားတယ်။ Academic Writing ပညာရပ်ကသုတေသန လုပ်ပုံလုပ်နည်းကို သင်ပေးတာ။ စိတ်၀င်စားစရာကောင်းပါတယ်။ ✏"အဲဒီကနေ အောက်စ်ဖိုဒ့်မှာ ကျောင်းထိုင်ဖြစ်ခဲ့ပုံလေး သိပါရေစ ဘုရား" 💡 လန်ဒန်မှာ မြန်မာလူမျိုး အများစုက လန်ဒန်နဲ့ ဘာမင်ဟမ်မှာ အနေများကြတယ်ဆိုတော့ လန်ဒန်မှာနေတဲ့ သူတွေက လန်ဒန်မှာ ကျောင်းထိုင်စေချင်တယ်။ ဘာမင်ဟမ်မှာနေတဲ့ သူတွေကလည်း သူတို့ဆီမှာ ကျောင်းထိုင်စေချင်ကြတယ်။ ဒါနဲ့ ဘုန်းဘုန်းက စဉ်းစားတယ်။ နိုင်ငံခြားမှာ သွားပြီး သာသနာပြုတဲ့ အာရှက မြန်မာဘုန်းကြီး၊ သီရိလင်္ကာဘုန်းကြီး၊ ထိုင်းဘုန်းကြီး တွေက သူတို့လူမျိူး အများစုရှိတဲ့ နေရာမှာရွေးပြီး နေကြတယ်။ အဲဒါကို Comfort Zone ထုံးတမ်းစဉ်လာအရ နေထိုင်တယ်လို့ ခေါ်တယ်။ ဘုန်းဘုန်းကျတော့ Non-Comfort Zoneပေါ့။ ကိုယ့်လူမျိူးရှိတဲ့ဆီ မနေတော့ဘဲ အောက်စ်ဖိုဒ့်ကို ရွေးလိုက်တာ နည်းနည်းတော့ စိန်ခေါ်မှု ရှိတာပေါ့။ တိဘက်က ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ ဆိုရင်လည်း Non-Confort Zone ထဲမှာပဲနေတယ်။ အဲဒီလို နေဖြစ်တဲ့ အခါကျတော့ ကိုယ့်ကိုယ်ကိုယ် အားကိုးရတော့ တိုးတက်မှု ရှိတယ်။ ဘာသာစကားရော၊ ဗုဒ္ဓတရားတော်ကို အများက နားလည်လက်ခံနိုင်အောင် လုပ်မယ်ဆိုရင် အနောက်နိုင်ငံရဲ့ အတွေးအခေါ်တွေကို များများလေ့လာရမှာဆိုတော့ အလေ့အကျင့် များများ ရနိုင်တဲ့နေရာမှာ နေမှ သာသနာပြုတဲ့အခါမှာပိုပြီး ကျယ်ပြန့်တယ်။ အများကြီးလည်း ပိုကြိုးစားရတယ်။ ဒါကြောင့် ဘုန်းဘုန်းလည်း ဘယ်သူ့ဘက်မှ လိုက်မနေတော့ဘဲ အောက်စဖိုဒ့်ကိုပဲ ရွေးချယ်လိုက်တာပါ။ မြို့က သေးလည်း သေးပါတယ်။ ဒါပေမဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ အရာတွေက အဲဒီမှာများတော့ ကြိုက်တာလည်း ပါတာကြောင့် ဆုံးဖြတ်ပြီး နေလိုက်တာပါပဲ။ ၂၀၀၃ခုနှစ် Ph.D စာတမ်း မတင်ခင်မှာပဲ ကျောင်းထိုင်ဖြစ်ခဲ့ပါတယ်။ စနေခါစကတော့ အိပ်ခန်းနှစ်ခန်းပါတဲ့ အခန်းမျိုးကို ငှားပြီး ကျောင်းထိုင်ဖြစ်ခဲ့တာ။ နောက်မှ ဒကာတွေ အင်အားစုပြီးတော့ အခန်း ၅ခန်းပါတဲ့ ကျောင်း၊ နောက်ဆုံး အခု အခန်း ၁၀ခန်း ပါတဲ့ မိုတယ်အသေးစားကို ၀ယ်ပြီး ကျောင်းအဖြစ် လုပ်လိုက်တာပါ။ ယောဂီတွေရော တရားလာထိုင်ကြတဲ့ လူတွေအတွက်ပါ ပိုအဆင်ပြေသွားပါတယ်။ ဘုန်းဘုန်း ဒီနေရာမှာ ဂုဏ်ယူမိတာနဲ့ စိတ်ထဲ ကျေနပ်မိတာလေးတွေကို ဖြည့်ပြောချင်ပါတယ်။ ဘုန်းဘုန်း အောက်စ်ဖိုဒ့်မှာ အောင်ပြီးတော့ရလာတဲ့ ပညာကတော့ တခြားတက္ကသိုလ်နဲ့ သိပ်မကွာပါဘူး။ ဒါပေမယ့် အောက်စ်ဖိုဒ့်က တခြား တက္ကသိုလ်တွေထက် ဘုန်းဘုန်းကိုပေးတာ ဘာလဲဆိုတော့ Confidence ပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အရမ်းပေးတယ်။ စာသင်နေတဲ့အချိန်မှာတော့ ဖိအားတော်တော်ပေးတယ်။
393
9
ပထမနှစ်မှာ ကဗျာစာအုပ် တစ်အုပ်ထုတ်ခဲ့ပြီး ဒုတိယနှစ်မှာတော့ နှစ်အုပ်ထုတ်နိုင်ခဲ့တယ်။ ✏ ဓမ္မာစရိယအောင်ပြီးတော့ ဘယ်မှာ ရဟန်းတက်ခဲ့တာပါလဲဘုရား။ 💡 ဓမ္မာစရိယအောင်ပြီးတော့ အင်္ဂလိပ်စာ ဆက်မသင်ဖြစ်တော့ပဲ မော်လမြိုင်မှာ သွားပြီး ရဟန်း တက်ဖြစ်ခဲ့တယ်။ အဲဒါပြီးတော့ ပင်လုံမှာ သိမ်ထပ်ဖို့ ရှိတယ်ဆိုပြီး ပင်လုံကို သွားတယ်။ ပင်လုံမှာ သိမ်ထပ်တဲ့ ဒကာတွေဖြစ်တဲ့ ဦးအောင်မြတ်နဲ့ ဒေါ်နန်းသန်းစိန်တို့ အိမ်မှာ တည်းဖြစ်တယ်။ သူတို့တွေကလည်း ဘုန်းဘုန်း မော်လမြိုင်က ရဟန်းဒကာမတွေလိုပဲ သားတစ်ယောက်လို စောင့်ရှောက်ပေးကြတယ်။ ဓမ္မာစရိယ အောင်ပြီးတော့ ပဲခူးမှာ တစ်နှစ် စာချပေးတယ်။ ပြီးတော့ မန္တလေးကို ရောက်သွားတယ်။ အဲဒီအချိန်မှာ ဘုန်းကြီးလိုင်းက ရွေးချယ်စရာ နှစ်လိုင်း ရှိတယ်။ တစ်လိုင်းက သကျသီဟ´က မန္တလေးကို သွားသင်ရတယ်။ နောက် တစ်လိုင်းက တိပိဋကဓရ´က ရန်ကုန်ဖြစ်ဖြစ် မင်းကွန်းဘက်ဖြစ်ဖြစ် သွားသင်ရတယ်။ အဲဒါနဲ့ ဘုန်းဘုန်းက မန္တလေးသွားရတဲ့လိုင်းကို ရွေးပြီး မန္တလေး မဟာဝိသုဒ္ဓါရုံ တိုက်သစ်ကို ရောက်သွားတယ်။ မန္တလေးရောက်တော့ ကျန်းမာရေးကြောင့် စာသိပ်မလုပ်နိုင်ပဲ ပထမတစ်ကြိမ်မှာ ဖြေတာ ကျသွားတယ်။ အဲဒါနဲ့ ကျန်းမာရေး မကောင်းတော့ တစ်နှစ်ခွဲ နှစ်နှစ်လောက် နားလိုက်တဲ့ အချိန်မှာလဲ ၆ လလောက် အင်္ဂလိပ်စာ ဆက်လုပ်ဖြစ်တယ်။ မိုင်းသောက်က ကျောင်းဆရာဟောင်း တစ်ယောက်က ဒုလ္လဘ ၀တ်တော့ သူ့ဆီမှာ အင်္ဂလိပ်စာ ဆက်သင်ခဲ့တာ။ တစ်နေ့ကို ဝါကျ ၁၂ ကြောင်းရအောင် ရေးဖြေပြီး ကျက်ခဲ့တယ်။ ဘုန်းဘုန်းက မြန်မာလို ရေးလာတာကို သူက အတန်းထဲမှာ ချက်ချင်း အင်္ဂလိပ်လို ဘာသာပြန်ပေး၊ အသံထွက်ပေး၊ ရှင်းပြပေးတာ ၆ လလောက် အကြာမှာ အင်္ဂလိပ်စကား ပြောတတ်သွားတယ်။ တစ်နေ့ကို ၁၂ ကြောင်း၊ ၁၀ ရက်ဆို ၁၂၀ ကြောင်း၊ တစ်လဆိုရင် စာကြောင်း ၃၆၀ ဒီလိုပုံစံမျိုးနဲ့ ရေးပြီး ကျက်ခဲ့တာပေါ့။ အဲဒီလို ရေးပြီး ကျက်တဲ့ စနစ်က ပိုပြီး မှတ်မိလွယ်သလို ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရသွားစေပါတယ်။ နောက်ပြီး ၈၇ ခုနှစ်မှာ ဘန်ကောက်ရောက်တော့ အင်္ဂလိပ်စာ သင်တဲ့ ကျူရှင် တစ်ခု ရှိတယ်။ အဲဒီမှာ ဘုန်းဘုန်းက Life member ၀င်ထားတယ်။ ဘတ် ၄၅၀၀ ပေးရတယ်။ အမေရိကန် ဆရာ နှစ်ယောက် ရှိတယ်။ စင်ကာပူဆရာ တစ်ယောက်ရယ်၊ မြန်မာဆရာ တစ်ယောက်ရယ်၊ ယိုဒယားဆရာ တစ်ယောက်လည်း ရှိတယ်။ အဲဒီမှာ ဘုန်းဘုန်းက နောက်ထပ် ၃ လ ထပ်သင်တယ်။ နောက် ၈၉ ခုနှစ်မှာ ကိုးမိုင် ရှမ်းကျောင်းမှာ စာချဖို့လာတော့ ရွှေနှင်းဆီလမ်းထဲက မစ္စတာရေး ဆိုတာ ရှိတယ်။ သူက အဖေက အိုင်းရစ်လူမျိုး၊ အမေကမြန်မာလူမျိုး။ သူ့ကို ရန်ကုန်မှာပဲ မွေးတာပါ။ သူက ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလိပ်စာ သင်ပေးဖူးတယ်။ ဆရာဇော်ဂျီနဲ့လည်း တစ်တန်းတည်းသားပဲ။ ဘုန်းဘုန်းက သူ့ဆီမှာ တစ်ခါ ၅ လထပ်သင်တယ်။ တစ်နေ့ကို တစ်နာရီနဲ့ တစ်ပတ်မှာ လေးရက် သင်ပေးတယ်။ သူက ဘုန်းဘုန်းကို Essay တွေ ရေးခိုင်းတယ်။ ပြောခိုင်းတယ်။ ပြီးတော့ အင်္ဂလိပ် သတင်းစာတွေ ဖတ်ခိုင်းတယ်။ ပြီးရင် ဘုန်းဘုန်းကို အင်္ဂလိပ်လိုလည်း တရားဟောတဲ့ အကျင့် ကျင့်ပေးတယ်။ သူနဲ့ ထပ်သင်ပြီးတဲ့နောက်မှာ ဘုန်းဘုန်း Confidence လုံး၀ ရသွားတယ်။ ✏ သီရိလင်္ကာနိုင်ငံမှာ ကျောင်းသွားဆက်တက်ခဲ့တာ ဘယ်ခုနှစ်ပါလဲဘုရား။ 💡သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့က Buddhist and Pali Universtry of Sri Lanka ကျောင်းမှာ Master ဆက်တက်ခဲ့တဲ့နှစ်က ၁၉၉၂ ခုမှာပါ။ အစိုးရတက္ကသိုလ်ကနေ Scholar ရတော့ သွားရတာပေါ့။ အဲဒီမှာ MA ဘွဲ့ကို ရခဲ့ပြီး ၉၃ ခုမှာပဲ သီရိလင်္ကာနိုင်ငံ ကိုလံဘိုက ကေလနီယ တက္ကသိုလ်မှာ "Is Sunyata Middle Path?" ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသနစာတမ်းတင်ပြီး MA ဘွဲ့ ရခဲ့ပါတယ်။ ၉၆ ခုမှာတော့ ဒီတက္ကသိုလ်မှာပဲ "Critical Edition of the Apheggusara- dipani-tika" ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းတင်ပြီး Master of Philosophy ဘွဲ့ကို ထပ်ရခဲ့ပါတယ်။ ဒီလို စာတမ်းတွေတင်ပြီး ပြုစုနိုင်ဖို့အတွက် ဘုန်းဘုန်း တော်တော်တော့ ပင်ပန်းခဲ့ပါတယ်။ အင်္ဂလိပ်စာတွေ အများကြီး ဖတ်၊လေ့လာ၊ အင်္ဂလိပ်စကားပြောအခွေဆိုရင် အဲဒီအချိန်တုန်းက ၁၃ခွေ ထင်တယ်။ အားလုံးကို အလွတ်နီးပါးရအောင်ကျက်ခဲ့တယ်။ ✏"သီရိလင်္ကာကနေ ဘယ်လို အင်္ဂလန်ကို ရောက်ဖြစ်တာပါလဲဘုရား" 💡 သီရိလင်္ကာမှာ နှစ်နှစ် နေရင်းနဲ့ ဆရာ ၀င်လုပ်တယ်။ MA ဘွဲ့နှစ်ခုရအောင် လုပ်ရင်းနဲ့ ဆရာ ၀င်လုပ်တာပေါ့။ တစ်နေ့ ကျတော့ လန်ဒန်မှာရှိတဲ့ သီရိလင်္ကာဆရာတော် တစ်ပါး အလည်လာတယ်။ အဲဒီမှာ ဘုန်းဘုန်းနဲ့ တွေ့ကြပြီးတော့အင်္ဂလန်က သူ့ကျောင်းမှာ အင်္ဂလိပ်လို တရားပြတတ်တဲ့ ဘုန်းကြီးနဲ့ ကလေးတွေကို Sunday School မှာ အင်္ဂလိပ်စာသင်ပေးနိုင်တဲ့ ဘုန်းကြီးလိုတယ်ဆိုပြီး ဘုန်းဘုန်းကို ပင့်တယ်။ ဒါနဲ့ သီရိလင်္ကာကို ရောက်သွားတယ်။ သီရိလင်္ကာမှာ ၆နှစ်လောက်နေပြီးမှ ၁၉၉၆ မှာ လန်ဒန်ကို ရောက်သွားတာ။ လန်ဒန်ရောက်တော့လည်း လန်ဒန်မှာ သီရီလင်္ကာကျောင်းတိုက်မှာ ၄နှစ် နေပြီး တရားပြဆရာ လုပ်ပေးရတယ်။ Sunday School မှာ သီရိလင်္ကာက လူမျိုးတွေများပြီး ဟိုမှာ မွေးကြတဲ့ ကလေးတွေကို စာသင်ပေးရတာပေါ့။
395
10
အမှားအမှန် စစ်ပေးစေခဲ့တာပါ။ ပါဠိကို အဲဒီမှာ ကောင်းကောင်း ကြေညက်ခဲ့တော့ အကျိုးကျေးဇူး ဘာရခဲ့လဲဆိုရင် ဓမ္မာစရိယတန်းကို ရောက်တော့ ပါဠိအတွက် မပင်ပန်းတော့ဘူးပေါ့။ အဲဒါနဲ့ ၁၉ နှစ်နဲ့ ကိုရင်ဘ၀မှာပဲ ဓမ္မာစရိယဘွဲ့ ရခဲ့ပါတယ်။ အဲဒီတုန်းက တစ်နိုင်ငံလုံး ဓမ္မာစရိယအောင်တာ ၇၈ ပါးရှိပြီး ကိုရင်ဘ၀နဲ့ အောင်တာ ဘုန်းဘုန်းတစ်ပါးပဲ ပါပါတယ်။ ဒီလို အောင်မြင်ခဲ့တာလည်း သင်ကြားပြသပေးတဲ့ ဆရာတော်တွေ ကျေးဇူးကြောင့်ပါ။ အဲဒီကျောင်းမှာ ဘုန်းဘုန်း ၄ နှစ်က စာသင်ပြီး တစ်နှစ်က စာချကိုယ်တော်အဖြစ် လုပ်ခဲ့ရပါတယ်။ ဝါမရသေးပဲ စာချပေးခဲ့ရတာ စာသင်သား ၄၀၀ ရှိတဲ့ အထဲမှာ ဘုန်းဘုန်း အတန်းမှာ စာသင်သား ၇၅ ပါးလောက် ရှိပါတယ်။ အတန်းမှာ ဘုန်းဘုန်းထက် ဝါပိုကြီးတဲ့ ကိုာ်တော်တွေပါတော့ စာသင်ပေးတဲ့အခါ ကုလားထိုင်ပေါ်ပဲ ထိုင်ရမလား၊ အောက်ပဲဆင်းထိုင်ပြီး သင်ရမလားဆိုပြီး ဖြစ်နေခဲ့တာ။ ဒါနဲ့ ဝါကြီးတဲ့ ဝါကြီးတဲ့ စာချဘုန်းကြီးတစ်ပါးကို လျှောက်တော့ ဘုန်းကြီးက အရှင်သာရိပုတ္တရာ မထေရ် တရားဟောတော့ မြတ်စွာဘုရားရှင်က အောက်ဆင်းထိုင် တရားနာခဲ့တယ်ဆိုပြီး ပြောပြတယ်။ အဲဒီတော့မှပဲ ဘုန်းဘုန်းလည်း ရဲဆေးတင်ပြီး ကုလားထိုင်ပေါ်မှာ ထိုင်ပြီး စာချပေးရဲခဲ့ပါတယ်။ ✏ အရှင်ဘုရား ဘယ်အချိန်က စပြီး အင်္ဂလိပ်စာကို သင်ကြားဖြစ်ခဲ့တာပါလဲ ဘုရား။ 💡 အင်္ဂလိပ်စာကို ဘယ်အချိန်ကစပြီး သင်ဖြစ်ခဲ့လဲဆိုရင် အကြီးတန်းရောက်မှပဲ စသင်ဖြစ်ခဲ့တာ။ အသက်တောင် ၁၇ နှစ်ရှိပြီ။ အစိုးရစာမေးပွဲ စစ်ပြီးပြီဆျုရင် ဘုန်းကြီးကျောင်းက တစ်လ ပိတ်ပေးတယ်။ အဲဒီ ပိတ်ရက်မှာ တောင်ကြီး မပြန်တော့ပဲ ရန်ကုန်ကို လာပြီး အင်္ဂလိပ်စာ ခိုးသင်ရပါတယ်။ ဘာလို့ခိုးသင်ရလဲဆိုရင် အဲဒီအချိန်တုန်းက ဆရာတော်တွေက အင်္ဂလိပ်စာ သင်တာကို ခွင့်မပြုဘူး။ ဒါယိကာ အများစုကလည်း အမြင် မကြညိကြဘူး။ အဲဒါနဲ့ ဘယ်သူ့မှ အသိမပေးပဲ ခိုးသင်ရတာ။ ရန်ကင်းက ကျောင်းတစ်ကျောင်းက သူငယ်ချင်းဆီမှာ ကပ်နေပြီး ဘောက်ထော်နား တစ်ဝိုက်မှာ ဆွမ်းခံပြီး နေခဲ့ရတယ်။ အဲဒီမှာ ဦးမိုးမြင့် ကျူရှင်ဆိုတာ ရှိတယ်။ အဲဒီ ကျူရှင်မှာ ဆရာဦးသန်းနိုင်နဲ့ ဦးမိုးမြင့်ရယ်၊ နောက်ဆရာ တစ်ယောက်ရယ် သင်ကြတယ်။ ဘုန်းဘုန်းတို့က အသက် ၁၇ နှစ်ကျမှ ABCD စသင်ရတာပေါ့။ သင်တုန်းက ဘုန်းကြီး ၄ ပါးရှိတယ်။ စသင်ပြီး တစ်ပတ်ကြာတော့ တစ်ပါး ပြုတ်သွားတယ်။ နောက် တစ်ပတ်ကျတော့ နောက်တစ်ပါး ထပ်ပြုတ်ပြန်ရော။ တစ်လကြာတော့ ဘုန်းဘုန်းနဲ့ နောက်တစ်ပါးပဲ ကျန်တော့တယ်။ စာမလိုက်နိုင်တဲ့အတွက် ထွက်ထွက် သွားကြတာပေါ့။ အဲဒီမှာ ဘာသာစကားတစ်ခုကို သင်တော့ ဘုန်းဘုန်းက စဉ်းစားတယ်။ ဘယ်လို ကျက်မှတ်သွားရင် မှတ်မိနိုင်မလဲပေါ့။ ဥပမာ ဆရာက တစ်ရက်ကို ဝါကျ ၄၊ ၅ ကြောင်းလောက် ဖွဲ့ပြတယ်။ အဲဒီ ဝါကျကို ဖတ်နိုင်ဖို့ အတွက် meaning အဓိပ္ပာယ်လေးတွေ ထုတ်ထားတာ စာလုံးတွေ ၅၂ လုံးလောက် ရှိမယ်။ အဲဒီ စကားလုံးတွေကို ဘုန်းဘုန်းက အလွတ်မကျက်ဘူး။ ဘယ်လို လုပ်သလဲဆိုတော့ စာလုံး တစ်လုံးကို ၆ ကြိမ် လက်က ရေးချတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် စာလည်းမှတ်မိသွားပြီး အသံထွကိကိုလည်း မှတ်မိသွားတယ်။ အဲဒီ စာလုံး ၅၂ လုံးကို ပထမနေ့မှာ ဒီပုံစံနဲ့ ရေးပြီးကျက်တာ ၂ နာရီပဲကြာတယ်။ အကုန်ရသွားတယ်။ ပြီးရင် ဆရာပေးတဲ့ အိမ်စာတွေ၊ Meaning တွေကို တစ်နေ့စာ၊ တစ်နေ့ ပြီးအောင် လုပ်သွားတယ်။ အဲဒါ အစိုးရကျောင်းရဲ့ ၅ တန်း ပြဋ္ဌာန်းစာအုပ်ကို သင်တာ နှစ်ပတ်နဲ့ပြီးသွားတယ်။ အဲဒီခေတ်က ၅ တန်းမှစပြီး ABCD စသင်ရတဲ့ ခေတ်လေ။ ၆ တန်းစာကျတော့ သင်ရတဲ့စာတွေက နဲနဲ များလာပြီပေါ့။ ဘုန်းဘုန်းက အင်္ဂလိပ်စကားကလည်း ပြောတတ်ချင်တော့ ဆရာ ဦးသန်းနိုင်ကို ပြောတော့ ဆရာက စကားပြော ဝါကျလေးတွေ သင်ပေးထားတာပေါ့။ အဲဒီတော့ ဘုန်းဘုန်းက ကျက်မှတ်ထားပြီး ဘုရားရင်ပြင်တွေပေါ်မှာ အင်္ဂလိပ်တွေ ဥရောပသားတွေကို တွေ့လိုက်တာနဲ့ အလွတ်မပေးဘူး။ သင်ထားသမျှ ဝါကျတွေ၊ စကားလုံး sentence တွေကို တစ်ခုမကျန် သူတို့ကို အကုန်လိုက်ပြောပစ်တာပဲ။ သူတို့ဘက်က ပြန်ဖြေတာလည်း မစောင့်ဘူး။ ဘုန်းဘုန်း ပြောတာကို သူတို့ နားလည်သလား မလည်လားလဲ မသိဘူး။ ကျက်ထားသမျှ အကုန်ပြောပြီး ထွက်ခဲ့တော့ သူတို့က ပါးစပ် အဟောင်းသားတွေနဲ့ ကျန်ခဲ့တာပဲ။ အခုပြန်ပြောတော့လည်း ရယ်စရာပေါ့။ နောက်ပိုင်း တစ်လပြည့်သွားတော့ ပဲခူးကိုပြန်ပြီး ဗုဒ္ဓစာပေတွေ ပြန်သင်တယ်လေ။ ကြားထဲမှာ ၁၁ လတောင် အင်္ဂလိပ်စာ သင်တာ နားရပြန်တယ်။ ပြီးတော့ တစ်လ ပိတ်တဲ့အခါ ရန်ကုန်ပြန်လာပြီး ၇ တန်းစာ သင်ပါတယ်။ ၇ တန်းမှာကျတော့ သဒ္ဒါတွေ၊ စာစီစာကုံး essay တွေ ပါလာပြီ။ သဒ္ဒါမှာကျ ဘုန်းဘုန်းတို့က ကျောင်းမှာ ပါဠိ grammar သိပြီးသားဆိုတော့ သိပ်မခက်ခဲပါဘူး။ ဒါပေမယ့် ကျူရှင်မှာ ရှင်းပြတာကို နားမလည်တော့ အဆင်ပြေမယ့်ဆရာကို အဲဒီနားတစ်ဝိုက်မှာ ထပ်ရှာခဲ့တယ်။ အဲဒီမှာ ရူပဗေဒဌာနက ဆရာ တစ်ယောက်ဆီမှာ ၇ တန်းစာနဲ့ ၈ တန်းစာ မကုန်ခင်မှာ ဓမ္မာစရိယ ပထမနှစ် ဖြေဖို့ရှိတော့ ၈ တန်းစာ မကုန်ခင်ထိပဲ သင်ခဲ့ရတယ်။ ဖြေပြီးမှ တစ်ခါ ၈ တန်းစာ ကုန်အောင် ထပ်သင်ခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီတုန်းက ဘုန်းဘုန်းက ရှမ်းဘာသာလို ကဗျာတွေရေးပြီး ဖယောင်းနဲ့လှိမ့်ပြီး ရှမ်းပြည်နယ်ကို ပို့ပြီး ရောင်းတာ။ ရလာတဲ့ ငွေကိုမှ စာသင်ဖို့ အထောက်အပံ့အဖြစ် လုပ်ခဲ့တယ်။
434
11
ဆရာတော်၏ အဂ်လိပ်ဘာသာ ကြိုးစားလေ့လာပုံများကို အားကြအတုယူစေရန် မျှဝေပါသည်။ "ကမ္ဘာ့ သာသနာပြု ရှမ်းသာသနာ့ အာဇာနည် အောက်စ်ဖို့ဒ် ဆရာတော် " ✏ဘုန်းဘုန်းရဲ့ မိဘနှစ်ပါးနဲ့ မောင်နှမသားချင်းတွေအကြောင်း အရင်ဆုံး ပြောပြပေးပါဘုရား။ 💡 ဘုန်းဘုန်းရဲ့ ခမည်းတော်က ဦးလုံးစန်းခမ်းသြ၊ ရှမ်းတိုင်းရင်းသား ဆေးဆရာကြီး တစ်ဦးဖြစ်ပါတယ်။ ခမည်းတော်က တန့်ယန်းဇာတိပါ။ နောက်မှ ဆွေမျိုးတွေနဲ့အတူ လဲချားမြို့ကို ပြောင်းခဲ့ကြတာ။ မယ်တော်ရဲ့ နာမည်က ဒေါ်ပါစန်းဆွေ ဖြစ်ပြီး လဲချားမြို့နယ်ထဲက စလဲခုံရွာမှာ မွေးဖွားခဲ့တဲ့ တစ်ဦးတည်းသော သမီး ဖြစ်ပါတယ်။ မယ်တော်ရဲ့ မိဘတွေကတော့ လယ်သမားတွေပါပဲ။ သားချင်းတွေက ၁၀ ယောက်ရှိပါတယ်။ အစဉ်လိုက်ပြောရရင် စိုင်းခတ္တိယ၊ စိုင်းကန္န၊ နန်းမြ၊ စိုင်းသာထွန်း၊ စိုင်းထွန်းလူ၊ စိုင်းအွတ် ပြီးရင် ဘုန်းဘုန်းက ၇ ယောက်မြောက်ပါ။ ပြီးတော့ ညီမတော်တွေဖြစ်တဲ့ နန်းရင်နု၊ နန်းခင်နုနဲ့ နန်းခမ်းနွမ်းတို့ ဖြစ်ကြပါတယ်။ ✏ ဘုန်းဘုန်းရော လဲချားဇာတိပဲလား ဘုရား။ 💡 ဟုတ်ပါတယ်။ ၁၉၆၄ ခု၊ နို၀င်ဘာ ၂၃ ရက်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့၊ နောင်ပန်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ✏ အရှင်ဘုရားရဲ့ ငယ်ဘ၀၊ ကျောင်းသားဘ၀မှာ ကြိုးစားခဲ့ရပုံတွေကို ပြောပြပေးပါဘုရား။ 💡 ဘုန်းဘုန်းက ငယ်ငယ်ကတည်းက အစိုးရကျောင်းမှာ ကျောင်းမတက်ခဲ့ပါဘူး။ ဘုန်းကြီးကျောင်းမှာပဲ တက်ပြီး စာသင်ခဲ့ရတယ်။ ခမည်းတော်က သွားရေးလာရေး လွယ်ကူအောင်ဆိုပြီး ရပ်ကွက်(၁)က အုဌ်ကျောင်းဆိုတဲ့ ဘုန်းကြီးကျောင်းမှာ တက်ခိုင်းခဲ့တယ်။ စာမသင်ခင် ကျောင်းမှာ ဘုန်းကြီးကျောင်းသားအဖြစ် ၁ နှစ် လုပ်ခဲ့သေးတယ်။ ပြီးမှ စာသင်ဖြစ်ခဲ့တာ။ သင်ပေးတဲ့ ဆရာတော်က ရွှေဘိုက ဆရာတော်ပါ။ မြန်မာစာ၊ သင်္ချာနဲ့ ဓမ္မစာပေတွေပဲ သင်ကြားခဲ့ရပါတယ်။ ၇ နှစ်သားမှာ မိဘတွေ နယ်ဘက်ကို ဆေးရောင်းသွားကြတုန်း အစ်မကပဲ ဆုံးဖြတ်ပြီး ပထမဆုံး ကိုရင် ၀တ်ပေးခဲ့တယ်။ ၈ နှစ်သားကျမှ လူ၀တ် ခဏလဲပြီး ကျောင်းပန်ကျောင်းမှာ အသေအချာ ရှင်လောင်းတွေ ဘာတွေ ပြန်လုပ်ပြီးမှ ကိုရင်အဖြစ် သေသေချာချာ ၀တ်ဖြစ်ခဲ့တာပါ။ ၉ နှစ်သားမှာတော့ ပင်လုံ ပိဋကတ်ကျောင်းမှာ ၃ လလောက်နေပြီး တောင်ကြီးမြို့ ဝေဠု၀န်ကျောင်းမှာ တစ်နှစ် ဆက်ပြီးနေခဲ့ပါတယ်။ အဲဒီကျောင်းမှာ နေရင်းကနေ ညောင်ရွှေမှာ ညောင်ရွှေစော်ဘွား တည်ထောင်ထားခဲ့တဲ့ ရှမ်းပြည်နယ်လုံးဆိုင်ရာ ဗုဒ္ဓဘာသာ စာမေးပွဲဆိုတာ ရှိတယ်။ အဲဒီ စာမေးပွဲကို အသက် ၉ နှစ်မှာပဲ ညောင်ရွှေမှာ သွားဖြေခဲ့ရတယ်။ မှတ်မှတ်ရရ ဝေဠု၀န်ကျောင်းမှာ နေခဲ့စဉ်က ကိုရင်လေးဆိုတော့ နေအိမ်တွေမှာ သွားသွားပြီး ဟင်းချိုင့်ဆွဲပေးရတယ်။ ကျောင်းက ဆရာတော်ကြီးတွေ အတွက်ပေါ့နော်။ အဲဒီမှာ တိုင်းမင်းကြီး ဦးထွန်းလှတို့၊ လုံဆန်ဆမ်တို့၊ ပညာရေးဘက်က လုံပန်းလူတို့ စတဲ့ လူကြီးအိမ်တွေ အကုန်ရောက်ဖူးခဲ့တယ်။ ✏ တောင်ကြီးမှာ ၂ နှစ်နေပြီးတော့ ဘယ်မှာ ဆက်ပြီး ပညာသင်ကြားခဲ့ပါသလဲဘုရား။ 💡 တောင်ကြီးပြီးတော့ ညောင်ရွှေမြို့က ကံကြီး ပရိယတ္တိ စာသင်တိုက်ကို ပြောင်းပြီးနေခဲ့ပါတယ်။ အဲဒီကျောင်းမှာက စာသင်သားလည်းများပြီး စာချပေးတဲ့ ဘုန်းကြီးတွေလည်း ပိုများပါတယ်။ ညောင်ရွှေရောက်တော့ ရှမ်းပြည်နယ် ဗုဒ္ဓဘာသာ စာမေးပွဲ၀င်ဖြေဖို့ သင်ရိုးညွှန်းတမ်းကို လိုက်ရတယ်။ အဲဒီအတိုင်း ၂ နှစ်အောင်ပြီး အစိုးရစာမေးပွဲဖြေရတယ်။ အဲဒီမှာ အစိုးရစာမေးပွဲကို အသက် ၁၃ နှစ်မှာ စဖြေရတယ်။ ပထမငယ်တန်းပေါ့။ အဲဒီမှာ ၅ နှစ်နေခဲ့ပြီးတော့ ပဲခူးမြို့က သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းကို ပြောင်းခဲ့ပါတယ်။ ပဲခူးကျောင်းက ပညာရေးစနစ်က ပိုမြင့်ပါတယ်။ အဲဒီခေတ်ကဆိုရင် ဒီကျောင်းက Top 10 ထဲ ပါခဲ့တဲ့ ကျောင်းတစ်ကျောင်းပါ။ ဒီကျောင်းရောက်တော့ ဘုန်းဘုန်းအတွက် အမြင်လည်း ပိုကျယ်လာပြီး စာတော်တဲ့ ဦးဇင်းတွေ၊ ကိုရင်တွေ တွေ့ရတော့ သူတို့ကိုကြည့်ပြီး အားကျတဲ့စိတ်နဲ့ ပိုပြီး ကြိုးစားချင်တဲ့စိတ်တွေ ဖြစ်လာတယ်။ ကျောင်းက ရွှေကျင်ကျောင်းပါ။ စည်းကမ်းလည်းကြီးတဲ့ ကျောင်းပေါ့။ ကျောင်းအဆင့်နဲ့ လိုက်မီအောင် ပိုပြီး ကြိုးစားရပါတယ်။ ဒါတောင် ပထမနှစ် အကြီးတန်းမှာ ဖြေတော့ ကျခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အကြီးတန်းမှာ အောင်တာ အပါး ၁၀၀ လောက်ပဲ ရှိဦးမယ်။ အဲဒီထဲမှာ ဒီပဲခူးကျောင်းက ၉ ပါး၊ ၁၀ ပါးလောက်တော့ ပါတာပေါ့။ ဘုန်းဘုန်းက အဲဒီတုန်းက စာမေးပွဲကျတော့ ၅ ရက်လောက် ဘယ်သူနဲ့မှ စကားမပြောနိုင်ပဲ စိတ်ဓာတ်ကျနေခဲ့တယ်။ အခန်းအောင်းပြီး စဉ်းစားတယ်။ ငါအောက်ခြေ မခိုင်ခဲ့လို့ပဲဖြစ်မယ်။ ဒီတော့ အခြေခံ Foundation ကောင်းအောင် ကြိုးစားရမယ်ဆိုပြီး ကြိုးစားလိုက်တာ ပါဠိအလတ်တန်းကို နောက်နှစ်မှာ အထူးအောင်ဆိုပြီး အောင်မြင်ခဲ့တယ်။ ပါဠိအလတ်တန်းဆိုတာ မေးခွန်းကတော့ မြန်မာလိုပဲ မေးပါတယ်။ ဖြေတဲ့အခါကျတော့ အကုန်လုံးကို လုံးစေ့ပတ်စေ့နဲ့ ပါဠိဘာသာနဲ့ပဲ ရေးပြီး ဖြေရပါတယ်။ အဲ့ဒီလို ဖြေနိုင်ဖို့ကို ဘုန်းဘုန်း တစ်နေ့ကို နှစ်နာရီ ကျူရှင်ယူခဲ့ရတယ်။ ပါဠိ ကျွမ်းကျင်တဲ့ စာချဘုန်းကြီးတစ်ပါးက ပါဠိလို သင်ပေးခဲ့တာပါ။ ဥပမာ ဒီတစ်ပတ်က အဘိဓမ္မာဖြေရမယ်ဆိုရင် မေးခွန်းဟောင်းတွေ လေ့လာပြီးကျက်၊ ပြီးရင် ဖြေကြည့်ပြီး ဘုန်းကြီးဆီ သွားသွားပြပြီး
674
12
ကဗျာစာအုပ်များ ဒေါင်းချင် ============= 🍂ကဗျာစာအုပ်လင့်များ ၁၃အုပ်🍂 ၁။ ကဗျာဖွဲ့နည်းနိသျည်း 〰〰〰〰〰〰〰 ဦးတင့်ဆွေ 92.90 MB https://drive.google.com/file/d/1uob3Arvj0rHy0PCPrCQXSz9LonZ4IVid/view?usp=drivesdk ၂။ ကဗျာလင်္ကာ နှင့် နည်းဥပစာ (အကျယ်ဖွင့်ကျမ်း) 〰〰〰〰〰〰〰〰〰〰〰〰〰〰 နှစ်ဖက်လှ https://drive.google.com/file/d/1GiQLkma_IrfZhQFLM59i5Hb-ZrPUKqO2/view?usp=drivesdk ၃။ ကဗျာပေါင်းချုပ် 〰〰〰〰〰 ဆရာဇော်ဂျီ https://drive.google.com/file/d/1BNzFEzKIq77XBSJj9HGkfQYE06HVomyM/view?usp=drivesdk ၄။ ကဗျာ့ဘူကေး 〰〰〰〰 မောင်သော်က https://drive.google.com/file/d/1eEY2kRBcby65c5dXUaAMNg1qO_awAu_8/view?usp=drivesdk ၅။ ကဗျာ့နရီ နှင့် နိမိတ်ပုံ 〰〰〰〰〰〰 မြဇင် https://drive.google.com/file/d/1uMGHgVPu-HCu02jX7rk4Bi6gLh4rVCmG/view?usp=drivesdk ၆။ စိတ်ကြိုက်မြန်မာစာ မြန်မာကဗျာဖွဲ့နည်း (အခြေခံပညာ အထက်တန်း) 〰〰〰〰〰〰〰〰〰〰〰〰〰〰〰 ကဗျာဆရာတင်မိုး https://drive.google.com/file/d/1Bfkcpz7DFpkc7ZV3x7HhMVxH1BPzWfP5/view?usp=drivesdk ၇။ ကဗျာ့အုတ်မြစ် စနစ်သစ် 〰〰〰〰〰〰〰 အရှင်ကုမာရ https://drive.google.com/file/d/1HbqlKY_yoJ59LrQ-GTyvlTy5YjpuQUHg/view?usp=drivesdk ၈။ ကဗျာလည်းသင် ပညာသင် 〰〰〰〰〰〰〰〰 ပန်းတနော် နောင်လတ် https://drive.google.com/file/d/1Fv5jY-J6A2BXV7AFO482dO9De80eEx9A/view?usp=drivesdk ၉။ ကဗျာ့ပန်းကုံး 〰〰〰〰 ပါမောက္ခဦးဧမောင် https://drive.google.com/file/d/16lRdGFuSnSmvEGv71JpKas6Tc0w_THws/view?usp=drivesdk ၁၀။ ကဗျာ့ပန်းကုံး အလင်းပြ အဖြေ 〰〰〰〰〰〰〰〰〰 ဦးလူဖေဝင်း ( ပဌမပိုင်း ၁ ပိုင်းဘဲ ရှိပါတယ် နောက်ထပ်ရှိရင် ပေးကြပါ) https://drive.google.com/file/d/1eccaUPXw-Ktf8CCrJzD1fu1mhosePQMx/view?usp=drivesdk ၁၁။ ကဗျာ့ပန်းမြိုင် 〰〰〰〰 ဦးသိန်းနိုင် (ဝိဇ္ဇာ) https://drive.google.com/file/d/1Iv3XyeviF7Oq6GpsC7TxJooxbF1Rn-2a/view?usp=drivesdk ၁၂။ ကဗျာ့နိဒါန်း 〰〰〰〰 ဆရာဦးအောင်နိုင် ဝိဇ္ဇာ (ဂုဏ်ထူး) https://drive.google.com/file/d/1Uci8l3lc0Yy3BvOLw91K5FxAv8aJd2oy/view?usp=drivesdk ၁၃။ မြန်မာကဗျာဖွဲ့နည်းများ 〰〰〰〰〰〰〰 မောင်မြင့်ကြည် 39.7 MB https://drive.google.com/file/d/1GK81PZHr19XDhCs02VKeA3qAWEjVvZq7/view?usp=drivesdk မူရင်းတင်ပေးသူလင့် (ရှားပါးစာအုပ်များတင်ပေးသောအကောင့်ဖြစ်ပါသည်။) https://www.facebook.com/100010336382599/posts/679448449076362/ #Yar_Zar_Aung #ရှေးစာကဗျာမျး https://m.facebook.com/story.php?story_fbid=239243283614030&id=100025850798876 ###မူရင်းရော ဆင့်ပွါးရော မွမ်းမံ ပြင်ဆင် ပြုပြင်သူရော တည်းဖြတ်သူရော အားလုံးကို ကျေးဇူးပါ- - - ကျားဂူတောရ ဆရာတော်
1 389
13
没有文字...
1 331
14
(၇၄) ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် https://www.mediafire.com/file/1lz3suytu41i58z/2000-3000-8945894854-984-B02191.pdf/file # AudioBurmese #မြသန်းတင့်
807
15
ဆရာကြီး မြသန်းတင့် ၏ စာအုပ် PDF Link Collection Part (2) (၃၈) စစ်နှင့်ငြိမ်းချမ်းရေး - ၁ https://www.mediafire.com/file/qej8qix9644mduu/2000-3000-8945894854-984-B02467.pdf/file (၃၉) စစ်နှင့်ငြိမ်းချမ်းရေး - ၂ https://www.mediafire.com/file/z1h8llb3i8oao42/2000-3000-8945894854-984-B02468.pdf/file (၄၀) ဧကရီဖွားစော https://www.mediafire.com/file/9lhu4zo67uefph7/2000-3000-8945894854-984-B02541.pdf/file (၄၁) လမင်းကို ထရံပေါက်မှ ကြည့်ခြင်း https://www.mediafire.com/file/utxntwj14bbgbb2/2000-3000-8945894854-984-B02395.pdf/file (၄၂) မှော်ရုံတောမှာ မောလှပြီ https://www.mediafire.com/file/27sc8hlabj7g0r4/2000-3000-8945894854-984-B02261.pdf/file (၄၃) အမှောင်ရိပ်ဝယ် https://www.mediafire.com/file/3rf7kj4e8q6tl17/3000-4000-8984958490-94954-B03018.pdf/file (၄၄) အပြာရောင်ညနေဆည်းဆာများ https://www.mediafire.com/file/9md3vz340y7hzho/3000-4000-8984958490-94954-B03091.pdf/file (၄၅) ခေတ်ပြိုင် ရုပ်ပုံလွှာများ https://www.mediafire.com/file/tdvhjv1m2cjgtsq/3000-4000-8984958490-94954-B03189.pdf/file (၄၆) ကျွန်တော် ဆက်၍ရေးချင်သော ဝတ္ထုများ https://www.mediafire.com/file/6opk86znrdfsyyl/3000-4000-8984958490-94954-B03005.pdf/file (၄၇) မိန်းမတို့အကြောင်း https://www.mediafire.com/file/khkpgptwo45lxnd/2000-3000-8945894854-984-B02809.pdf/file (၄၈) လွမ်းမောခဲ့‌ရသော တက္ကသိုလ်နွေညများ https://www.mediafire.com/file/uw9sxnk9axc9vz0/B00914.pdf/file (၄၉) ဩဂုတ်တစ္ဆေနှင့် အခြားဝတ္ထုတိုများ https://www.mediafire.com/file/ptmahmbdwvk6ah3/B00840.pdf/file (၅၀) ရှားလော့ဟုမ်း၏ မှတ်တမ်းများ https://www.mediafire.com/file/rl62emqsl0ruz4u/B00996.pdf/file (၅၁) ၂၀ရာစုနှစ် ကမ္ဘာ့ဂန္တဝင် ဝတ္ထုတိုများ https://www.mediafire.com/file/t7i4kpz39y6lpo4/B01001.pdf/file (၅၂) လေရူးသုန်သုန် - ၁ https://www.mediafire.com/file/qan3ba6fogcy1cl/B00929.pdf/file (၅၃) လေရူးသုန်သုန် - ၂ https://www.mediafire.com/file/otl1sz3wlphuqgu/B00930.pdf/file (၅၄) နှစ်တရာ ကမ္ဘာ့စုံထောက်ဝတ္ထုတိုများ - ၂ https://www.mediafire.com/file/mqigz6ytw0p4lfm/B12406.pdf/file (၅၅) နှစ်တရာ ကမ္ဘာ့စုံထောက်ဝတ္ထုတိုများ - ၃ https://www.mediafire.com/file/drqqjxntpdgrhcf/B00923.pdf/file (၅၆) နိုင်ငံတကာ ရသစာတမ်းများ - ၂ https://www.mediafire.com/file/h4pvaszxda997f1/3000-4000-8984958490-94954-B03063.pdf/file (၅၇) နိုင်ငံတကာခေတ်သစ် ဂန္တဝင်ဝတ္ထုတိုများ - ၄ https://www.mediafire.com/file/8chch0z0xjmf3jv/B12524.pdf/file (၅၈) တော်လ်စတွိုင်း၏ ဘဝအမြင်နှင့် သမိုင်းအမြင် https://www.mediafire.com/file/goy9607ycrjso14/B12523.pdf/file (၅၉) ပြိုကွဲသွားသော အသိုက်မြုံကလေးနှင့် အမေ့သား https://www.mediafire.com/file/6dmxjm22gyfvd7n/2000-3000-8945894854-984-B02830.pdf/file (၆၀) ဂျူပီတာ ၅ https://www.mediafire.com/file/4r7pq9azspu6sct/2000-3000-8945894854-984-B02540.pdf/file (၆၁) ရေပွက်ပမာ https://www.mediafire.com/file/ycl5bl72d8wltqu/2000-3000-8945894854-984-B02270.pdf/file (၆၂) လူလေးသို့ပေးစာများ https://www.mediafire.com/file/rdyqicri0an9rbq/B01009.pdf/file (၆၃) မာယာဘုံ https://www.mediafire.com/file/h63rdi71hgx3392/2000-3000-8945894854-984-B02219.pdf/file (၆၄) လက်ဖက်ရည်ဆိုင် https://www.mediafire.com/file/3kmquwdzdqs0m4j/2000-3000-8945894854-984-B02239.pdf/file (၆၅) မှောင်မိုက်မှာငို https://www.mediafire.com/file/wmn8ma0r5bi04hj/2000-3000-8945894854-984-B02187.pdf/file (၆၆) လာခြင်းကောင်းသောအရှင် https://www.mediafire.com/file/r7ql0erf5rq5n1p/2000-3000-8945894854-984-B02152.pdf/file (၆၇) ကြာညိုနံ့သင်းသော ရေဝတီမ https://www.mediafire.com/file/2sal3ijlnabvudw/2000-3000-8945894854-984-B02149.pdf/file (၆၈) တိမ်းရှောင်သူ https://www.mediafire.com/file/kp3zkzqyos94e6b/2000-3000-8945894854-984-B02186.pdf/file (၆၉) ခေတ်သစ်သမိုင်းဋီကာ https://www.mediafire.com/file/8z9ixklvios19b9/1000-2000-9030834-38384-B01914.pdf/file (၇၀) မက္ကဇင်းဂေါ်ကီ၏ အတ္ထုပတ္တိ https://www.mediafire.com/file/cq5mlfqo8y74s5q/B01012.pdf/file (၇၁) စာရေးခြင်းအတတ်ပညာ https://www.mediafire.com/file/xer3bzslnskcqep/2000-3000-8945894854-984-B02135.pdf/file (၇၂) ရှားလော့ဟုမ်း၏ နောက်ဆုံးဦးညွှတ်ခြင်း https://www.mediafire.com/file/u9vwmeshhfp8uoz/B01010.pdf/file (၇၃) ဘဝနေနည်း အနုပညာ https://www.mediafire.com/file/5g75b4pd18p4ok8/B01011.pdf/file
834
16
ဘယ် dictionary ကိုသုံးရမလဲ လာမေးကြလို့ အကောင်းဆုံးတွေကိုလမ်းညွှန်ပေးပါရစေ။ 𝗘𝗻𝗴-𝗠𝘆𝗮𝗻 𝗗𝗶𝗰𝘁𝗶𝗼𝗻𝗮𝗿𝘆 အင်္ဂလိပ်-မြန်မာ အဘိဓာန်တွေမှိုလိုပေါက်နေပေမယ့် မြန်မာစာအဖွဲ့က ထုတ်တဲ့အဘိဓာန်ကတော့ အကောင်းဆုံးပါပဲ။ ဒီအောက်က linkကနေဒေါင်းပါ။ https://play.google.com/store/apps/details?id=com.s16.engmyan 𝗠𝘆𝗮𝗻-𝗘𝗻𝗴 𝗗𝗶𝗰𝘁𝗶𝗼𝗻𝗮𝗿𝘆 ဒီကောင်လည်းအတူတူပါပဲ။ မြန်မာစာအဖွဲ့ကထုတ်တာ အကောင်းဆုံးပါ။ https://play.google.com/store/apps/details?id=mm.technomation.ka_aha_dictionary_ml 𝗘𝗻𝗴-𝗘𝗻𝗴 𝗗𝗶𝗰𝘁𝗶𝗼𝗻𝗮𝗿𝘆 ဒီမှာတော့ နှစ်ခုညွှန်းချင်ပါတယ်။ တစ်ခုက Cambridge Online Dictionary ပါ။ Word တွေရဲ့ level တွေကိုပါA2, B1, C1, C2 စသဖြင့် ပြပေးလို့ ကိုယ်သုံးတဲ့စကားလုံးရဲ့ အဆင့်မြင့်မှုကိုလည်း မှန်းဆလို့ရစေပါတယ်။ https://dictionary.cambridge.org/ နောက်တစ်ခုကတော့ Oxford ပါ။ https://www.oxfordlearnersdictionaries.com/ 𝗠𝗰𝗠𝗶𝗹𝗹𝗮𝗻 𝗖𝗼𝗹𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗗𝗶𝗰𝘁𝗶𝗼𝗻𝗮𝗿𝘆 𝗮𝗻𝗱 𝗧𝗵𝗲𝘀𝗮𝘂𝗿𝘂𝘀 စကားလုံးအတွဲအစပ်တွေကို လေ့လာဖို့ ဒီလို အဘိဓာန်မျိုးကလိုပါတယ်။ အထူးသဖြင့် ဘာသာစကားနဲ့အလုပ်လုပ်ရသူတွေ၊ ဆရာ/ဆရာမတွေဆိုပိုရှိသင့်တယ်။ McMillan website က collocation ရော၊ thesaurus ပါတစ်နေရာတည်းမှာရလို့ သဘောကျမိတယ်။ https://www.macmillandictionary.com/ အားလုံးပဲအသုံးဝင်မယ်လို့ထင်ပါတယ်။ ကိုယ်သုံးရတာထဲက ကြိုက်တာရှိရင်လည်း comment မှာရေးသွားပါအုံးလို့။ မင်မင်အက်ဂျူ
1 335
17
57. Birds of the same feather flock together. သူတော်ချင်းချင်း သတင်းလွေ့လွေ့ ။ 58. Between a rock and a hard place. ဆုပ်လည်းစူး စားလည်းရူး ။ 59. He cries before he is beaten. ခါး တကယ်မတို့ခင်က၊ ယားတယ်လို့ တွန့် ။ 60. A woman in love waits;a man in love comes without fail . မိန်းမကြိုက်တော့ မျှော်လိုက်တာ၊ ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာ ။ 61. Brush the cavities for beautiful teeth and all you get is pyorrhoea. လှစေလို၍ သွားချောင်တိုက်၊ ရေစီးကမ်းပြိုလိုက် ။ 62. A good tree can lodge ten thousand birds. သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခိုနိုင် ။ 63. Pieces of curry- meat go to the man of high position. မျက်နှာကြီးရာ ဟင်းဖတ်ပါ ။ 64. Driving a spare into low ground. မြေနိမ့်ရာ လှံစိုက် ။ 65. Woe to the river when a monitor lizard becomes an alligator. ဖွတ် မိ‌ကျောင်းဖြစ်၊ မြစ် မချမ်းသာ ။ 66. His successful notes were spoilt by the noise of " Ding- dong ". အရေးကောင်း ဒိန်းဒေါင်း ဖျက် ။ 67. He does not catch the monitor lizard and he has lot his chopper. ဖြတ္မရ၊ ဓားမဆုံး ။ 68. Scanty; when I steal for my living the dogs bark. လုပ်စား မိုးခေါင်၊ ခိုးစား ခွေးဟောင် ။ 69. I have no money to pay ( the dept ) and no land to abscond to. ပေးစရာလည်း ငွေမရှိ၊ ပြေးစရာလည်း မြေမရှိ ။ 70. As you are fated to eat ( honey ) bees swarm in your beard. စားရကံကြုံ မုတ်ဆိတ် ပျားစွဲ ။ 71. A wise man never shows his anger. ပညာရှိအမျက် အပြင်မထွက် ။ 72. Let your mind be there; but body here. စိတ်ပေါင်းကိုယ်ခွာ ။ 73. A genuine rubies never sink in mud. ပတ္တမြားမှန် နွံမနစ် ။ 74. Parsimony spoils the bread. မစားရက် လောက်တက် ။ 75. A single deal and ten times shy. တစ်ခါဆက်ဆံ ဆယ်ခါလန် ။ 76. Onion was quite safe alone but in compsny with chilli got pounded. ကြက်သွန်ချည်းနေ အကောင်းသား၊ ငြုပ်သီးနဲ့ပေါင်းမှ အထောင်းခံရ ။ 77. Wife's whispers finally with out. မယားပြော တစ်ည ။ 78. Buffalo impersonated by godking has short tail and crooked horn. သိကြားမင်း ကျွဲယောင်ဆောင်၊ အမြီးတို ချိုစောင်း။ 79. You can't get away from fate and destiny. ဝဋ်နှင့် ကြမ္မာ မလွတ်သာ ။ 80. An extended family is secure; intermarriage is nobel. ဆွေချင်းခြုံ လုံ၊ ဆွေချင်းထပ် မြတ် ။ 81. Ranks bring responsibilities. ကျားကြီးတော့ ခြေရာကြီး ။ 82. Peny wise; pound foolish. ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ။ 83. A light heart lives long. ပျော်ပျော်နေ သေခဲ ။ 84. A small spark makes a great fire. အမှိုက်ကစ၊ ပြဿတ်မီးလောင် ။ 85. A bitter jest is the position of friendship. ကျီစားသန်က ရန်များ၏ ။ 86. A good servant makes a good master. တပည့် လိမ္မာ ဆရာအာပါတ်လွတ် ။ 87. What is done cannot be undone. ထွက်ပြီးဆင်စွယ် ပြန်ဝင်ရိုးမရှိ ။ 88. Like master; like man. ဆရာကောင်းတပည့် ပန်းကောင်းပန် ။ 89. Beauty is only skin deep. လှတာမက်တော့ ညစာခက် ။ 90. Speech is sliver; silence is golden. တိတ်တိတ်နေ ထောင်တန် ။ 91. A sound mind is a sound body. စိတ်ထောင်း‌တော့ ကိုယ်ကျေ ။ 92. Sink or swin. ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ။ 93. Satisfaction is beauty. ရှမ်းကြိုက်ရင် နွားချော ။ 94. To live in a fool's paradise. ဝါးလုံးခေါင်းထဲ လသာ ။ 95. Absence makes the heart grow fonder. နီးတကျက်ကျက် ဝေးတသက်သက် ။ 96. Bring oil to the fire. မီးလောင်ရာ လေပင့် ။ 97. God arms the harmless. လူ မစွမ်း နတ်မ ။ 98. The crockling of dawn never hails the dawn. ကြက်မ တွန်လို့ မိုးမလင်းပါဘူး ။ 99. Sadness and gladness succeed each other. မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် ။ 100. Every shoots at other but hits oneself. သူများမကောင်းကြံ ကိုယ်ဘေးဒဏ်ထိ ။ Crd
158
18
မြန်မာစကားပုံ (၁၀၀) (မြန်မာ+အင်္ဂလိပ် နှစ်ဘာသာ) 1. A wonder lasts nine days. ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ ခုနှစ်ရက် ။ 2. Out of the frying pan into the fire. ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး ။ 3. Follow the river and you will get to the sea. လမ်းဆုံးရင် ရွာတွေ့ ။ 4. The more you have; the more you want. ရလေ လိုလေ၊ အို တစ္ဆေ ။ 5. A burnt child dreads the fire. တစ်ခါသေဘူး ပျဉ်ဖိုးနားလည် ။ 6. Every dog is Valiant at his own door. ကိုယ့်ရွာမှာ ကြက်ဖ၊ သူများရွာမှာ ကြက်မ ။ 7. A thief knows a thief just as a wolf knows a wolf ./ Diamonds cut diamonds. မြွေမြွေချင်း ခြေမြင် ။ 8. Old customs are the best. ရှေးထုံးလည်း မပယ်နဲ့ ။ 9. Set a thief to catch a thief. ငါးကြင်းဆီနဲ့ ငါးကြင်းကြော် ။ 10. So near yet so far. နီးလျှက်နဲ့ ဝေး ။ 11. Bite off more than one can chew. ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက် ။ 12. Don't cry for the moon. မမီတဲ့ပန်း မလှမ်းနဲ့ ။ 13. One swallow doesn't make a summer. နှမ်းတစ်လုံးနဲ့ ဆီမဖြစ် ။ 14. The pestle cannot go after grains of rice. ဆန်စင်ရာကျည်ပွေ့ မလိုက်နိုင်ဘူး ။ 15. Bees can swar on and squeels scamper. ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ။ 16. He may be clever and yet he sometimes lacks foresight. ပညာရှိ သတိဖြစ်ခဲ ။ 17. Testing lie brings serious sorrows. အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက် ။ 18. Love begets love. တစ်ဦးမေတ္တာ တစ်ဦးမှာ ။ 19. Change of pasture makes fat calves. တစ်ရွာမပြောင်း သူကောင်းမဖြစ် ။ 20. At the tree; so is the fruit. အပွေးမြင် အပင်သိ ။ 21. Better to slip with the foot than with the tongue. ကြမ်းကျွံရင် နှုတ်လို့ရ၊ စကားကျွံရင် နှုတ်လို့မရ ။ 22. A man's reach should exceed his grasp. ဒူးလောက်တင်မှ ရင်လောက်ကျ ။ 23. There are ups and downs in life. ရေစီးတစ်ခါ ရေသာတစ်လှည့် ။ 24. When the bow is too much bent;it brokes. ကွေးလွန်းတဲ့လေး ကျိုးတတ်တယ် ။ 25. It is never too late to mend. ပျက်အစဉ် ပြင်ခဏ ။ 26. Everything in time comes to him who knows how to wait. စောင့်နိုင်ရင် သူခိုးမိ၊ အောင့်နိုင်ရင် အကျိုးရှိ ။ 27. Don't put off till tomorrow what you cando today. ယနေ့လုပ်နိုင်သော အလုပ်ကို မနက်ဖြန်မရွှေ့ပါနဲ့ ။ 28. Do it now It will do. ချက်ချင်းလုပ် အဟုတ်အကျိုးဖြစ် ။ 29. Strike the iron while it is hot. လသာတုန်း ဗိုင်းငင် ။ 30. The ugly one is truly vain. အကျည်းတန် မှန်ကြိုက် ။ 31. Be humble like a beggar in the quest for learning. ပညာရှာ ပမာသူဖုန်းစား ။ 32. The seven vulgar creatures who announce their own name. ကိုယ့်ဂုဏ်ကိုဖေါ် မသူတော် ခုနှစ်ပါး ။ 33. A greedy man is always needy. ရလေ လိုလေ အိုတစ္ဆေ ။ 34. He uncovers his own thigh and bangs it with his elbow. ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ။ 35. Only the sufferer knows how his belly aches. ကိုယ့်ဝမ်းနာ ကိုယ်သာသိ ။ 36. A little learning is dangerous. မရှိတာထက် မသိတာခက် ။ 37. Little pot is soon hot. လူပု စိတ်တို၊ ခွေးပု ရန်လို ။ 38. A clean hand wants no washing. ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွေ့ ။ 39. Revenge is as sweet as love. အချစ်ကြီးရင် အမျက်ကြီး ။ 40. The pot calls the kettle black. နှုတ်ခမ်းပဲ့ချင်း မီးမှုတ် ။ 41. A fine thing is soon mopped up. အထိမခံ ရွှေပန်းကန် ။ 42. A hint suffices for a wise man. အရိပ်ပြ အကောင်မြင် ။ 43. Skill is stronger than strength. ကျွမ်းကျင်ရာ လိမ္မာ ။ 44. Ecerybidy his due. သူ့နေရာနဲ့ သူ ။ 45. Big in size; small in wit. အကောင်ကြီးပြီး အချိန်မစီး ။ 46. A nine day wonder. ခွေးရူးကောင်းစား တစ်မွန်းတည့် ။ 47. There's no accourting for taste. ရှမ်းကြိုက်ရင် နွားချော ။ 48. To put off with fair words. ပျားရည်နဲ့ ဝမ်းချ ။ 49. Nothing ventured ; nothing gained. ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး ။ 50. Walls have ears. နေ့ပြော နောက်ကြည့်၊ ညပြော အောက်ကြည့် ။ 51. Kill two birds with one stone. တစ်ချက်ခုတ် နှစ်ချက်ပြတ် ။ 52. In the kingdom of blind; the one- eyed is the king. အနူ‌တော လူချော ။ 53. The grass is always green on the other side of the fence. ရှာနားမွကျ ရှာနှားမစား ။ အမေ ကျော်၊ ဒွေးတော် လွမ်း ။ 54. A short cut is often a wrong cut. အရင်လို လမ်းအိုလိုက် ။ 55. Least said soonest mended. စကားစကား ပြောပါများ၊ စကားထဲက ဇာတိပြ ။ 56. One gets another boil on top of the previous one. နူရာ ဝဲစွဲ၊ လဲရာ သူခိုးထောင်း ။
190
19
没有文字...
2 424
20
https://drive.google.com/folderview?id=1RRnNWQW2lLGB2KmdCaS-n2Cbfyrc46W1 Intermediate + upper-intermediate + advanced
1