HYPEN Organization
前往频道在 Telegram
📈 Telegram 频道 HYPEN Organization 的分析概览
频道 HYPEN Organization (@hypenorg) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 10 231 名订阅者,在 教育 类别中位列第 19 310,并在 缅甸 地区排名第 11 439 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 231 名订阅者。
根据 09 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -58,过去 24 小时变化为 -7,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 5.86%。内容发布后 24 小时内通常能获得 3.21% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 599 次浏览,首日通常累积 328 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 6。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 10 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 教育 类别中的关键影响点。
10 231
订阅者
-724 小时
-287 天
-5830 天
帖子存档
10 231
အနာခံမှ အသာစံရမယ်ဆိုတာ တကယ်လား❓
🧐 “ခတ်ကျွဲမှန်ရင် ဂျိုရာရှိရမယ်” ဆိုတဲ့ အတိုင်းပဲ အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ ပေးဆပ်မှုတွေ ရှိလို့နေပါတယ်။ Hypers🎓 လေးတို့ရဲ့ ဘဝကသာ စာမေးပွဲတစ်ခုဆိုရင် အဲဒီစာမေးပွဲအတွက် လိုအပ်တဲ့ အဖြေအကုန်လုံးကို ဘဝတစ်လျှောက် ကျရှုံးမှုတွေနဲ့ လောကရဲ့ ဒုက္ခအသွယ်သွယ်တို့ဆီမှာ ရှာတွေ့ပါလိမ့်မယ်။
🪷 ဘဝရဲ့ ကျဉ်းထဲကျပ်ထဲ ကာလတွေကို Hypers🎓 လေးတို့ ဖြတ်သန်းရတဲ့အခါ ဒီခယောင်းလမ်းကို ကျော်ဖြတ်နိုင်မှ ပန်းတိုင်ရောက်မှာ၊ ဒီရွှံနွံတွေကပဲ ပဒုမ္မာကြာပန်းကို ပိုသန်မာစေမှာဆိုတဲ့ စိတ်နဲ့ အခက်အခဲတွေ ရင်ဝယ်ပိုက်ပြီး ရှေ့ဆက်ဖူးမှာပါ။
🥊 အားလုံးသိကြတဲ့ လက်ဝှေ့လောကရဲ့ Goat ကြီး မိုဟာမက်အလီဆိုရင်လဲ ဒီလိုမျိုး သမိုင်းတွင်ဖို့အတွက် အချက်ပေါင်း မရေမတွက်နိုင်အောင် ထိုးခံခဲ့ရတာပါ။ ဒါကြောင့် “No pain, No gain” ဆိုတဲ့ စကားပုံလေးအတိုင်း ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို မရင်ဆိုင်ဘဲ ပိုပြီး resilient ဖြစ်လာဖို့၊ comfort zone ထဲကရုန်းထွက်ဖို့ မဖြစ်နိုင်ပါဘူး။
အခြားတစ်ဖက်မှာကျတော့လဲ.....
အောင်မြင်မှုဆိုတဲ့ တံခါးချပ်ကို ဖွင့်နိုင်ဖို့အတွက် အမြဲဒုက္ခခံရမယ်ဆိုတာက မှန်ရဲ့လား 🚪
ပျော်ရွှင်စရာ အတွေ့အကြုံတွေက တစ်ဆင့်ရော အောင်မြင်မှုမရနိုင်ဘူးလား 🦋
ဒုက္ခပင်လယ်ထဲမှာ မနစ်မွန်းဖို့နဲ့ အခက်အခဲတွေကို အောင်မြင်မှုလှေကားထစ်အဖြစ် အသုံးပြနိုင်ဖို့က အဓိကမဟုတ်လား 🌊
စတဲ့မေးခွန်းတွေရှိလို့နေပါသေးတယ်။
🗣 ဒီလို စိတ်ဝင်စားစရာ အကြောင်းအရာတွေကို “ Is suffering necessary for personal growth? ” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အကြိတ်အနယ်ဆွေးနွေးချင်ရင်တော့ ဒီတစ်ပတ် Hypyen ရဲ့ Speaking Club လေးက Hypers🎓 လေးတို့အတွက်ပါပဲ။
𝗧𝗼𝗽𝗶𝗰: 𝗜𝘀 𝘀𝘂𝗳𝗳𝗲𝗿𝗶𝗻𝗴 𝗻𝗲𝗰𝗲𝘀𝘀𝗮𝗿𝘆 𝗳𝗼𝗿 𝗽𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗴𝗿𝗼𝘄𝘁𝗵?
🎙 𝗙𝗮𝗰𝗶𝗹𝗮𝘁𝗼𝗿𝘀: 𝗝𝗼𝗸𝗲𝗿 & 𝗗𝗼𝗿𝗮
📅 𝗗𝗮𝘁𝗲: 𝟭𝟮. 𝟬𝟳. 𝟮𝟬𝟮𝟲 (𝗦𝘂𝗻𝗱𝗮𝘆)
⏲️ 𝗧𝗶𝗺𝗲: 𝟴:𝟬𝟬 𝗣𝗠 𝘁𝗼 𝟵:𝟯𝟬 𝗣𝗠
🌐 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲: 𝗘𝗻𝗴𝗹𝗶𝘀𝗵
💻 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺: 𝗭𝗼𝗼𝗺
ဒါဆိုရင် ခတ်ကျွဲတစ်ကောင်ဖြစ်ဖို့ လိုအပ်တဲ့ ဂျိုရာကို Hypen Speaking Club မှာ English Speaking လေ့ကျင့်ရင်း ရယူလိုက်ပါ 🐮
𝗛𝘆𝗽𝗲𝗻'𝘀 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗦𝗽𝗲𝗮𝗸𝗶𝗻𝗴 𝗖𝗹𝘂𝗯 𝗚𝗿𝗼𝘂𝗽 𝗟𝗶𝗻𝗸 🖇
https://t.me/+Cyv5PjnaSO02MThl
နောက်ထပ် ဒီလိုစိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဖတ်ရှုခံစားနိုင်ဖို့ Hypen ကို Like and Follow လုပ်ဖို့ မမေ့နဲ့နော်။
🦩 𝗛𝘆𝗽𝗲𝗻 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
🦩 𝗛𝘆𝗽𝗲𝗻 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗵𝗮𝗻𝗻𝗲𝗹
https://t.me/hypenedu
🦩 𝗛𝘆𝗽𝗲𝗻 𝗧𝗶𝗸𝘁𝗼𝗸 𝗔𝗰𝗰
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz
#ContentWriterbyPN
#GraphicDesignbyEaint
#Hypen_Org
#Englishspeakingclub
#Is_suffering_necessary_for_personal_growth
10 231
စကားလုံးတွေ မလိုပဲ နှလုံးသားချင်း ဆက်သွယ်ဖို့ လက်တစ်စုံပဲ လိုတယ်ဆိုရင်...👐🏻
ကျွန်တော်တို့ ပတ်ဝန်းကျင်က အသံတိတ်ကမ္ဘာထဲ ဖြတ်သန်းနေရတဲ့ အကြားအာရုံ အခက်ခဲရှိတဲ့ (Hearing-impaired) လူငယ်တွေနဲ့ ပတ်သက်ပြီး သင် ဘယ်လောက်အထိ သိထားလဲ? သူတို့နဲ့ စကားပြောဖို့ ကြိုးစားဖူးလား?အဲလို အသိုင်းအဝိုင်းက လူငယ်တွေကို မြင်ရင်ရော အလှမ်းဝေးသလို ခံစားရဖူးလား? ဒီအကွာအဝေးတွေကို နီးကပ်အောင် ကူညီပေးပြီး အားလုံးပါဝင်နိုင်မယ့် Inclusive Community တစ်ခု တည်ဆောက်နိုင်မယ့် အခွင့်အလမ်းတစ်ခုကို ကျွန်တော်တို့ EqualSigns က ယူဆောင်လာပါပြီ။🥳✨
မတူညီကွဲပြားမှု အားလုံးကို အလေးထားပြီး အားလုံးအတူပါဝင်နိုင်မဲ့ Inclusive ကမ္ဘာလေး တစ်ခုဆီကို အတူလျှောက်လမ်းနိုင်ဖို့ "Sign Language & Deaf Awareness Workshop" လေးကို တက်ရောက်ပေးကြဖို့ သတင်းစကားပါးလိုက်ပါရစေ။📬
ဒီ Workshop က သာမန် လက်ဟန်သင်္ကေတပြ workshop တစ်ခုဆိုတာထက် ပိုပါတယ်။
ကျွန်တော်တို့ EqualSigns က ဒီ Workshop ကို ပြုလုပ်ရတဲ့ အဓိရည်ရွယ်ချက်ကတော့ လူငယ်တွေကြားမှာ ပိုမိုခိုင်မာတဲ့ ကိုယ်ချင်းစာတရား (Empathy) တွေ တည်ဆောက်ဖို့နဲ့ မသိနားမလည်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အထင်အမြင်လွဲမှားခြင်း၊ အနိုင်ကျင့် လှောင်ပြောင်ခြင်း (Bullying) တွေကို အမြစ်ပြတ် တိုက်ဖျက်ဖို့ စတင်လိုက်တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ အကြားအာရုံအခက်အခဲရှိတဲ့သူတွေဟာ ဆက်သွယ်ရေး အခက်အခဲကြောင့် အများနဲ့ ထိတွေ့ဆက်ဆံမှုနည်းပါးပြီး လူ့အဖွဲ့အစည်းရဲ့ ဘေးဖယ်ခြင်းကို ခံရလေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လူငယ်တွေက ဦးဆောင်ပြီး ဒီကွာဟချက်တွေကို ပေါင်းကူးပေးဖို့ လိုအပ်ပါတယ်။🫂🤝
ဒီ Workshop ကို ဝါရင့် Sign Language Trainer ဆရာမ Naw Lily Htoo က ဦးဆောင်သင်ကြား ပို့ချပေးသွားမှာပါ။
သို့သော် သာမန် workshop တွေလိုပျင်းစရာ စာအုပ်ကြီးတွေ မရှိပါ။ စိတ်လှုပ်ရှားစရာ Activities တွေ၊ challenge ဂိမ်းတွေနဲ့ လက်တွေ့အသုံးချ သင်ကြားမှုစနစ် (Interactive Learning Methods) တွေကို အသုံးပြုပြီး လက်ဟန်ပြ ဘာသာစကားကို ပျော်ပျော်ပါးပါးနဲ့ အတူတူ လေ့လာသွားကြမှာ ဖြစ်ပါတယ်။ သင်ယူလိုက်တဲ့ လက်ဟန်ပြ စကားလုံးတိုင်းဟာ hearing-impaired ကလေးငယ်တစ်ယောက်အတွက် နွေးထွေးတဲ့ အားပေးမှုတစ်ခု ဖြစ်သွားစေနိုင်ပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ လူမှုပတ်ဝန်းကျင်က မတူညီကွဲပြားတဲ့ လူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် ဒီ Workshop လေးကို ပါဝင်ကြဖို့ တိုက်တွန်းလိုက်တယ်နော်🔊
Sign Language Training Workshop လေးကို တက်ပြီးရင်ရော ဘာတွေရရှိသွားမလဲ❓
💮 Basic Sign Language : အသုံးအများဆုံး "Basic Sign Language" တွေကို ပျော်စရာဂိမ်းတွေ၊ လှုပ်ရှားမှုတွေကနေတစ်ဆင့် အလွယ်တကူ တတ်မြောက်သွားမယ်။
💮 Deaf Awareness : အကြားအာရုံအခက်အခဲရှိသူတွေရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှုကို ကိုယ်တိုင်ကိုယ်ကျ စာနာနားလည်လာစေမယ့် အသိပညာပေး exercises တွေမှာ ပါဝင်ရမယ်။
💮 Peer-to-Peer Communication : သင်တန်းမှာ တက်ရောက်လာတဲ့ လူငယ်အချင်းချင်း လက်ဟန်ခြေဟန်တွေကို သုံးပြီး အပြန်အလှန် စကားပြောဆို လေ့ကျင့်ရမယ့် အစီအစဉ်။
💮 Online Resources : Workshop ပြီးသွားပေမယ့် အိမ်မှာ ကိုယ်တိုင် လေ့ကျင့်နိုင်ဖို့ အဖိုးတန် အွန်လိုင်း သင်ခန်းစာ အရင်းအမြစ်တွေကို လမ်းညွှန်ပေးသွားမှာပါ။
💮 Video-recorded Signed Messages : သင်တန်းမှာ တတ်မြောက်သွားမဲ့ လက်ဟန်ခြေဟန်လေးတွေနဲ့ အကြားအာရုံချို့တဲ့တဲ့ ကလေးငယ်လေးတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် ဗီဒီယို မက်ဆေ့ခ်ျလေးတွေကို အားလုံးစုပေါင်းပြီး ရိုက်ကူးပေးသွားပါမယ်။
🗓️Workshop Details
👩🏻🏫 Sign Language Trainer : Ms. Naw Lily Htoo
🕐 Duration : 9:30 A.M - 4:30P.M
📅 Date - 11th July (Saturday)
🏛️ Venue - Yangon School of Social Work
အခုလို ဗဟုသုတအသစ်တွေ ရမယ့်အပြင်၊ အတွေးအခေါ်တူတဲ့ လူငယ် တွေနဲ့ Network ချိတ်ဆက်နိုင်မယ့် ဒီလို အခွင့်အရေးမျိုးကို ကိုယ့်လူတို့ လက်လွတ်မခံပဲ အခုပဲ လာရောက် Register လုပ်ကြဖို့ တိုက်တွန်းလိုက်ပါရစေ🤗💞
Regurgitation Link : https://docs.google.com/forms/d/e/1FAIpQLSd6BeCxA4kff3guTXrgTSDIdQFGdR0ppoSvYVgg-Lr6vcvdtA/viewform?usp=dialog
အားလုံးပဲ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။💫
🤙𝗙𝗶𝗻𝗱 𝘂𝘀 𝗼𝗻:
📍𝐄𝐪𝐮𝐚𝐥 𝐒𝐢𝐠𝐧𝐬 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤
https://lnkd.in/gQcBPZyi
📍𝐄𝐪𝐮𝐚𝐥 𝐒𝐢𝐠𝐧𝐬 𝐋𝐢𝐧𝐤𝐞𝐝𝐈𝐧 𝐏𝐫𝐨𝐟𝐢𝐥𝐞
https://lnkd.in/gpQCtEZu
📍𝐄𝐪𝐮𝐚𝐥 𝐒𝐢𝐠𝐧𝐬 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/equal_signs
📍𝐄𝐪𝐮𝐚𝐥 𝐒𝐢𝐠𝐧𝐬 𝐓𝐢𝐤𝐓𝐨𝐤
https://lnkd.in/geA9QMPM
#EqualSigns
#SignsLanguage
#DeafAwarenessWorkshop
#DeafEducation
#Youths
10 231
❝ အသက်က ၂၀ ကျော်၊ ခါးကတော့ ၆၀ ကျော် ဖြစ်နေပြီလား 🤷🏻♀️ ❞
မနက်ခင်း အိပ်ရာကနိုးလို့ လူက လန်းလန်းဆန်းဆန်း ရှိရမဲ့အစား “တစ်ကိုယ်လုံး ညောင်းညာနေတာပဲ” ဆိုပြီး ပင်ပင်ပန်းပန်း နိုးထလာရတဲ့ မနက်ခင်းမျိုးကို Hypers🎓 လေးတို့ ကြုံဖူးကြမှာပါနော်။ အကြောင်းရင်းကတော့ အသက် ၂၀ ဝန်းကျင် လူငယ်တွေမှာ အဖြစ်အများဆုံးနဲ့ အမြဲတမ်း ညည်းညူနေရတဲ့ ပြဿနာက ခါးနာ၊ ကျောနာ၊ ဇက်ကြောတက်ခြင်းပဲ ဖြစ်ပါတယ်။
အများစုက ဒါကို “ငါ အသက်ကြီးသွားပြီ ထင်တယ်” လို့ ရယ်စရာအဖြစ် တွေးတတ်ကြပေမဲ့ တကယ်တမ်းတော့ အသက်ကြီးလို့ မဟုတ်ဘဲ Hypers🎓 လေးတို့ နေ့စဉ် ဖြတ်သန်းနေတဲ့ ဖုန်းကြည့်တာ၊ ကွန်ပျူတာရှေ့ ခါးကုန်းထိုင်တာစတဲ့ ကိုယ်ဟန်အနေအထား (Bad Posture) မှားယွင်းမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုတော့ ဒီပြဿနာတွေက ဘာကြောင့်ဖြစ်လာတာလဲ၊ ရေရှည်မှာ ဘယ်လောက်ထိ သက်ရောက်မှုရှိမလဲဆိုတာကို Hypen နဲ့အတူ ဆန်းစစ်ကြည့်ရအောင်။
➜ ခါးနာ၊ ကျောနာပြဿနာဟာ ရုတ်တရက် ဖြစ်လာတာမဟုတ်ဘဲ နေ့စဉ်ဘဝရဲ့ ဒီအလေ့အထလေးတွေကြောင့် ဝန်ပိလာရတာ ဖြစ်ပါတယ်။
📱 ဖုန်းနဲ့ ကွန်ပျူတာကို ခေါင်းငုံ့ကြည့်ခြင်း
➤ ဖုန်းကြည့်တဲ့အခါ ခေါင်းကို အရမ်းငုံ့ထားတဲ့အတွက် ခေါင်းရဲ့အလေးချိန်က လည်ပင်းနဲ့ ကျောရိုးပေါ်ကို မလိုအပ်ဘဲ ဝန်ပိစေပါတယ်။ ဒီအခြေအနေကို ဆေးပညာအရ Text Neck Syndrome လို့ ခေါ်ပါတယ်။
🪑 ခါးကြီးကိုင်းပြီး ထိုင်ခြင်း
➤ စာသင်ခုံမှာဖြစ်ဖြစ်၊ ရုံးခန်းကုလားထိုင်မှာဖြစ်ဖြစ် ခါးကြီးကိုင်းပြီး နာရီပေါင်းများစွာ ထိုင်တတ်တဲ့ နေထိုင်မှုပုံစံ မမှန်တာကြောင့်လဲ ခါးနာတာက ဖြစ်တတ်ပါတယ်။
🧘♀️ ဗိုက်နှင့်ခါးကြွက်သား မသန်မာခြင်း
➤ လှုပ်ရှားမှုနည်းပြီး လေ့ကျင့်ခန်း မလုပ်တာကြောင့် ကျောရိုးကို ထောက်ပံ့ပေးမဲ့ အဓိကကြွက်သားတွေ အားနည်းလာပြီး ခါးနာလာရတာပါ။
🎒 လွယ်အိတ်အလေးကြီး လွယ်ခြင်း
➤ ကျောင်းသားလူငယ်တွေမှာ စာအုပ်အပြည့်နဲ့ အိတ်အလေးကြီးကို ပခုံးတစ်ဖက်တည်း လွယ်တာမျိုးကြောင့် ပခုံးနဲ့ ကျောရိုး မညီမညာ ဖြစ်လာတတ်ပါတယ် Hypers🎓 လေးတို့ရေ။
🏋️♂️ အားကစားကြောင့် ထိခိုက်မိခြင်း
➤ ခန္ဓာကိုယ်အနေအထား မမှန်ဘဲ အလေးအပင်မခြင်း၊ အားကစားလုပ်ရာမှာ အရှိန်လွန်ပြီး ထိခိုက်မိခြင်းကြောင့် ခါးရိုးအက်ခြင်းအထိ ဖြစ်နိုင်ပါတယ်။
‼️ ပထမတော့ အကြောတက်တာ၊ ပခုံးနဲ့ လည်ပင်း ညောင်းညာကိုက်ခဲတာ၊ ခေါင်းခဏခဏ ကိုက်တာမျိုးတွေပဲ ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ပုခုံးနှစ်ဖက် ရှေ့ထွက်လာတာ၊ လက်ပြင်ငုတ်တာ၊ ခါးကုန်းလာတာစတဲ့ ခန္ဓာကိုယ်ပုံစံ ပျက်စီးခြင်းတွေအထိ ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံး အသက်ကြီးလာတဲ့အခါ အရိုးအဆစ်လွဲခြင်းနဲ့ ခါးရိုးဆစ်ပြားကျွံခြင်း (Herniated Disc) အထိ ဆိုးရွားသွားနိုင်တာမို့ အခုကတည်းက သတိထားဖို့ လိုအပ်ပါတယ် Hypers🎓 လေးတို့ရေ။
ဒါကြောင့် လူငယ်တွေအနေနဲ့ ခါးနာတဲ့ လက္ခဏာတွေ ခံစားလာရပြီဆိုရင် ပေါ့ဆမနေဘဲ အောက်ပါ ရိုးရှင်းတဲ့ နည်းလမ်း (၃) ခုနဲ့ နေပုံထိုင်ပုံကို ချက်ချင်း ပြောင်းလဲပေးဖို့ လိုပါတယ်။
🖥️ မှန်ကန်တဲ့ ကိုယ်ဟန်အနေအထားနဲ့ ထိုင်ပါ။
✦ ကွန်ပျူတာ Screen ကို ကိုယ့်မျက်စိနဲ့ တစ်တန်းတည်း ဖြစ်အောင် ထားပါ။ ထိုင်တဲ့အခါမှာလဲ ခြေဖဝါးနှစ်ဖက်လုံး ကြမ်းပြင်ပေါ် သေချာချပြီး ခါးမတ်မတ် ထိုင်ပေးရပါမယ်။
⏳ 20-20-20 Rule ကိုသုံးပါ။
✦ မိနစ် ၂၀ ဆက်တိုက် ထိုင်ပြီးတိုင်း အနည်းဆုံး စက္ကန့် ၂၀ ကြာ လမ်းလျှောက်တာဖြစ်ဖြစ်၊ ထိုင်ရာကထပြီး ခန္ဓာကိုယ်ကို အကြောဆန့် (Stretching) လုပ်ပေးတာဖြစ်ဖြစ် ပြုလုပ်ပေးပါ။
📦 အလေးအပင်မတဲ့အခါ သတိထားပါ။
✦ ကြမ်းပြင်က ပစ္စည်းတစ်ခုခုကို မတဲ့အခါ ခါးကို ဝုန်းခနဲ ကုန်းပြီး မမဲ့အစား၊ ဒူးကို အရင်ကွေး၊ တင်ပါးချပြီးမှ ခါးမတ်မတ်နဲ့ မပါနော်။
✅ ဒါ့အပြင် နာကျင်မှုကို ရေရှည်သက်သာစေဖို့နဲ့ နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ကြွက်သားတွေကို လေ့ကျင့်ပေးဖို့လဲ လိုအပ်ပါတယ်။ လည်ပင်း၊ ပခုံးနဲ့ ခါးတွေကို နေ့စဉ် အကြောဆန့်ပေးခြင်းအပြင် ဗိုက်နဲ့ခါးကြွက်သား သန်မာစေမဲ့ Plank ထောက်ခြင်းနဲ့ Yoga လုပ်ခြင်းမျိုးတွေကိုလဲ ပြုလုပ်ပေးဖို့ မမေ့ပါနဲ့နော် Hypers🎓 လေးတို့ရေ။
ကဲ ဒီလောက်ဆိုရင် ခါးနာတာဟာ အသက်အရွယ်ကြောင့် မဟုတ်ဘဲ ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှု အလေ့အထတွေကြောင့်ဆိုတာ သဘောပေါက်သွားလောက်ပြီ ထင်ပါတယ်။ ဒါနဲ့ Hypers🎓 လေးတို့ရော အခုစာဖတ်နေရင်း ခါးကြီးကိုင်းပြီး ဖုန်းကို ငုံ့ကြည့်နေမိလားနော်။ ဒါဆိုရင်တော့ အခုပဲ ခါးမတ်မတ်ထားပြီး အကြောဆန့်လိုက်ပါအုံးရှင်။
အခုလိုမျိုး ဗဟုသုတတွေနဲ့ အသိပညာရစေမဲ့ အကြောင်းအရာမျိုးစုံကို အမြဲသိရှိနေဖို့ Hypen ရဲ့ Social Media Platform တွေကိုလဲ Like and Follow လုပ်ထားဖို့ မမေ့ပါနဲ့နော် Hypers🎓 လေးတို့ရေ
📍 𝐇𝐲𝐩𝐞𝐧 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥 ~
https://t.me/hypenedu
📍 𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 ~
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
📍 𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞 ~
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz
#ContentWriterbyEstellaYao
#GraphicDesignbyKaungKhant
#Hypen_Org
#BackPainInYoung
#HealthTips
10 231
💠Skills & Learning : Inclusive design၊ Storytelling နဲ့ သရုပ်ဖော်ပုံဆွဲတဲ့ ပညာရပ်တွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ အတူတူ လက်တွေ့လုပ်ရင်း ကိုယ့်ရဲ့ skill-building အပြင် Teamwork and Leadership Skills တွေပါ တိုးတက်လာနိုင်မယ်။
💠Recognition : Certificate အပြင်၊ မိမိရဲ့ portfolio ထဲမှာ ထည့်ရကျိုးနပ်မယ့် Creative Recognition ကို ရရှိမယ်။
💠Real Social Impact : "Accessibility Creator" တစ်ယောက် ဖြစ်လာပြီး၊ နားမကြားတဲ့ ကလေးငယ်တွေရဲ့ ပညာရေးအတွက် တကယ့်စာအုပ်အဖြစ် ထုတ်ဝေပြီး လူမှုပတ်ဝန်းကျင်မှာ အဓိပ္ပာယ်ရှိလှတဲ့ အကျိုးပြုမှု တစ်ခုဖြစ်လာမှာပါ။
ရွေးချယ်ခံရတဲ့သူ ၁၀ ယောက်အတွက် ဒီ့ထက်များတဲ့ benefits and appreciations လေးတွေလည်း ရှိဉီးမှာမို့ ပုံဆွဲဝါသနာရှင်လေးတွေအတွက် လက်မလွတ်သင့်သော အခွင့်အရေးပါနော် ။
ဘယ်သူတွေ လျှောက်ထားနိုင်လဲ❓
👉🏻 ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ရှိသူများ၊
👉🏻 မသန်စွမ်းသူများအပါအဝင် နယ်ပယ်အသီးသီးက ပုံဆွဲဝါသနာရှင် တွေနဲ့ ဖန်တီးလိုစိတ်ရှိသူ မည်သူမဆို၊
👉🏻 အခြေခံ ပန်းချီဆွဲတတ်သူ သို့မဟုတ် Creative ဖန်တီးမှုအပေါ် စိတ်ဝင်စားမှုရှိသူ (Traditional သာမက Digital နှင့်ပုံဆွဲသူများပါ လက်ခံပါတယ်) ၊
👉🏻 ရန်ကုန်အတွင်းနေထိုင်သူဖြစ်ရမည်
👉🏻 ၁၀ ရက်တာလုံး အွန်လိုင်းကရော ၊ မြေပြင်ကပါ အစီအစဉ်အားလုံးကို မပျက်မကွက် တက်ရောက်နိုင်ပီး ကိုယ်ပိုင် ရုပ်ပြဖန်တီးမှုတစ်ခု လုပ်ရန် အပြည့်အဝ commitment ပေးနိုင်သူ၊
👉🏻Deadline မီအောင် လုပ်ဆောင်နိုင်သူ၊
👉🏻Feedback တွေကို ပွင့်ပွင့်လင်းလင်း လက်ခံနိုင်ပြီး နားမကြားသူတို့ရဲ့ community ကို လေးစားတန်ဖိုးထားသူ ဖြစ်ရပါမယ်။
အခုပြောပြထားတဲ့ အချက်လေးတွေနဲ့ ကိုက်ညီတဲ့လူငယ် အများဆုံး (၁၀) ယောက်ထိသာ ရွေးချယ်သွားပီး အနီးကပ် သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။🤗
✨နောက်တစ်ခု ပြောပြချင်တာက Commitment & Ownership အကြောင်းပါ။ ရွေးချယ်ခံရတဲ့ Participants တွေက သတ်မှတ်ထားတဲ့ ရက်အတွင်း ကိုယ့်ရဲ့ ဖန်တီးမှုလေးကို အပြည့်အဝ ပြီးစီးအောင် တာဝန်ယူ လုပ်ဆောင်ပေးရမှာပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီရုပ်ပြပုံပြင်လေးတွေဟာ EqualSigns Org ရဲ့အောက်မှာ အတူတကွ ပူးပေါင်းဖန်တီးရမှာ ဖြစ်ပါတယ်။ Contributors တွေအားလုံးရဲ့ ဖန်တီးမှူကို စာအုပ်မှာ နာမည်နဲ့တကွ စနစ်တကျ Credit ပေးသွားမှာဖြစ်ပြီး၊ Project Policy အရ Printed ရောDigital Format ရော နှစ်မျိုးလုံးနဲ့ hearing-impaired community အတွက်သာ ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။📝
ကဲ... အားလုံးပဲ အခုလိုမျိုး Close Mentorship အပြင် လူဦးရေ (၁၀) ဦး ထိပဲ လက်ခံတဲ့ program လေးမှာ ကိုယ့်လူတို့ရဲ့ အလန်းစား Creativity တွေကို ထုတ်ပြပြီး အကြားအာရုံ ချို့တဲ့ တဲ့ ကလေးတွေရဲ့ ပျော်ရွှင်မှုလေးတွေ ဖြစ်ပေးနိုင်ဖို့ အခုပဲ အပြေးလေး Register လာလုပ်လိုက်တော့နော်💞
Registration Link : https://forms.gle/MCAD3v6Jt6fp6VcF6
Application Period ကတော့ ( 2.7.2026 ) မှ ( 5.7.2026 - 11:59 PM ) ထိသာ ဖြစ်ပြီး လျှောက်လွှာများကို သေချာစိစစ်ပီးနောက်မှာ Email ကနေ တစ်ဆင့် shortlisted ရွေးချယ်ခံရတဲ့ Participants တွေကို Interview အဆင့်အတွက် ဆက်သွယ်ပေးသွားမှာပဲ ဖြစ်ပါတယ်။🫶🏻
ကောင်းသောနေ့လေးဖြစ်ပါစေ။ Good luck ပါ ကိုယ့်လူတို့ရေ🤞🏻
#EqualSigns
#StoriesofStrength
#DeafEducation
10 231
ကိုယ်ရေးဆွဲလိုက်တဲ့ ပုံပြင်လေးတွေက ကလေးငယ်လေးတွေ အတွက် ပျော်ရွှင်မှုနဲ့ ကိုယ်စားပြုခြင်းတွေကို ဖန်တီးပေးတယ်ဆိုတာ သိကြရဲ့လား❓
မိမိကိုယ်တိုင်ကရော လူမှုအသိုင်းအဝိုင်းကို မိမိတတ်စွမ်းတဲ့ Skill လေးတွေကို အသုံးချပြီး ဖန်တီးကူညီပေးဖို့ ready ပဲလား🥳
ဒီလိုဆိုရင်တော့ ကျွန်တော်တို့ EqualSigns က ပုံဆွဲဝါသနာရှင် ၊ ပုံဆွဲအခြေခံရှိသူတွေ နဲ့ creative interest ရှိသူတွေ အတွက် "Stories of Strength" ဆိုတဲ့ 10-days Hybrid Program လေးကို ယူဆောင်လာပါပြီ။
ဒီ Program မှာ ကိုယ့်လူတို့က အခြားသော ပြည်တွင်းက ပုံဆွဲဝါသနာရှင်တွေ အပြင် Hearing-impaired Educators (နားမကြားသောကလေးငယ်များဆိုင်ရာ ပညာပေးပညာရှင်များ) နဲ့ လက်တွဲပြီး အကြားအာရုံချို့တဲ့ တဲ့ ကလေးငယ်လေးတွေအတွက် Inclusive and representational ဖြစ်မယ့် Comic-style Storybooks တွေကို ပူးပေါင်းဖန်တီးကြရမှာ ဖြစ်ပါတယ်။
ကိုယ့်လူတို့ ဖန်တီးလိုက်တဲ့ ရုပ်ပြပုံပြင်စာအုပ်လေးတွေမှာ လှပတဲ့ သရုပ်ဖော်ပုံတွေ (comic art) ၊ inclusive ဖြစ်ပီး အကြားအာရုံ ချို့တဲ့ တဲ့ ကလေးတွေအတွက် ကိုယ်စားပြုဖော်ပြပေးနိုင်တဲ့ Storytelling တွေအပြင် ကျွန်တော်တို့က လက်သင်္ကေတပြကျွမ်းကျင် ဆရာမများနဲ့ လက်တွဲပီး သူတို့လေးတွေ အလွယ်တကူ နားလည်နိုင်ဖို့ QR-linked signed video explanation (လက်သင်္ကေတပြ ဗီဒီယိုရှင်းလင်းချက်) တွေကိုပါ ထည့်သွင်းသွားမှာ ဖြစ်လို့ တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ Project တစ်ခုလေးပါနော်✨
EqualSigns ရဲ့ စတင်လုပ်ဆောင်သွားမဲ့ ယခုလူမှုအကျိုးပြုပရောဂျက်ရဲ့ ရည်ရွယ်ချက်များကို ကြည့်ရန် - https://www.facebook.com/share/p/1NTCoh3hT4/
🗓️ Program Timeline
Hybrid ပုံစံနဲ့ (10) ရက်တာ သင်ကြားရမှာဖြစ်ဖြစ်ပါတယ်။🙌🏻🤗
“Stories of Strength” Hybrid Program Timeline လေးကတော့ -
🔊 Pages to Purpose : The Art of Storytelling (Online Training)
📅 Dtaes : 6th – 8th July
💬 Mode : Online
🕐 Duration : 2 hours per night
👥 Trainers : Soon to be announced 👀
📚 Details -
- Basic Storytelling principles များကို ရှင်းပြပေးခြင်း၊
- အကြားအာရုံချို့တဲ့သော ကလေးများအတွက် စိတ်ခွန်အားပေးစွမ်းနိုင်သောဇာတ်ကောင်များဖန်တီးခြင်း၊
- Basic Story structure နှင့် Narrative Flow များကို ရှင်းပြခြင်း၊
- Story Idea Development အပိုင်းကို စတင်လုပ်ဆောင်ခြင်း။
🔊 Special Workshop (On-site)
📅 Date : 11th July
❗Notice : Special Workshop Day မှာတော့
စိတ်ဝင်စားစရာ Workshop လေးတစ်ခုက စောင့်မျှော်နေမှာပါဗျိူ့ ။ 👀
🔊 Illustrating Inclusion : Visual Illustration Workshop (On-site)
📅 Date : 12th July
🕐 Time : 9:30 A.M - 4:30 P.M
🏛️ Location (On-site) : Doh Eain
👥 Trainers : MCTC Artist Team (Morning lessons) & Special Artist (Afternoon lessons) 👀
📚 Details -
- Basic Illustration Techniques များကို လေ့လာခြင်း။
- အကြားအာရုံချို့တဲ့သူများ၏ Visual Storytelling အချက်များကို လေ့လာခြင်း။
- ပုံပြင်တစ်ခုစီ၏ Draft Sketches များကို ပြင်ဆင်ခြင်း။
- မိမိအိမ်တွင် Stories များ ရေးဆွဲနိုင်ဖို့အတွက် Material များ ထုတ်ပေးခြင်း။
❗Notice : Workshop အပြီးတွင် မိမိတို့ရဲ့ Stories များကို မိမိတို့ အိမ်တွင် ဆက်လက်ရေးဆွဲနေရပါမယ်။ Mentors များကလည်း လမ်းညွှန်ချက်များပေးရန် Check-in ဝင်ရောက်စစ်ဆေးပေးပါမယ်။
🔊 The Final Brush : Coloring Workshop
📅 Date : 15th July
🕐 Time : 9:30 A.M - 4:30 P.M
🏛️ Location (On-site) : Doh Eain
👥 Facilitators : On-site volunteers & Some Artists
📚 Details -
- အရောင်များ နှင့် ဇာတ်လမ်းဇာတ်ကွက်များကို အသေးစိတ် ဖြည့်စွတ်ခြင်း၊
- အကြားအာရုံ ချို့တဲ့သောကလေးများအတွက် Stories များ အဆင်ပြေမှုရှိ၊မရှိ စစ်ဆေးခြင်း။
🔊 From Creation to Contribution : Finalizing & Networking Session
📅 Date : 16th July
🕐 Time : 1:00 P.M - 4:30 P.M
🏛️ Location (On-site) : Doh Eain
👥 Facilitators: On-site volunteers & Some Artists
📚 Details -
- Stories များကို အပြီးသတ်ရေးဆွဲခြင်း၊
- Participant များ ရေးဆွဲထားသော Comic stories များ ကို Collect လုပ်ခြင်း
- ဝါသနာရှင်များ အချင်းချင်း စကားပြောဝိုင်းနှင့် networking session ။
On-site training နေ့တွေမှာ Myanmar Creative Technology College က Artists တီချယ်တွေ လာရောက်သင်ကြားပေးမယ့်အပြင် အခြား ကိုယ့်လူတို့သိကြမဲ့ talented artists တွေကပါ trainer လုပ်ပေးဉီးမှာမို့ ဘယ်သူလေးတွေ ဖြစ်မလဲဆိုတာ ရင်ခုန်စွာ စောင့်ကြည့်ပေးကြပါဦး ။ 👀
ဒီ Mini Hybrid Program ကနေ ဘာတွေရောမျှော်လင့်လို့ရလဲ❓
10 231
💡 Hypen ရဲ့ မိသားစုဝင်ဖြစ်ဖို့ လက်တစ်ကမ်းအလို 💫
🌟 Hypers🎓 လေးတို့ရေ... အခုဆိုရင်တော့ အားလုံး စိတ်ဝင်တစား လျှောက်ထားကြတဲ့ Volunteer Calling Registration Form လေးကို ပိတ်သ်ိမ်းလိုက်ပြီပဲ ဖြစ်ပါတယ်။ အခုလိုမျိုး စိတ်အားထက်သန်စွာနဲ့ ပါဝင်အားဖြည့်ဖို့ရာ လျှောက်ထားကြတဲ့အတွက်လဲ Hypen ကနေ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။
🔔 ထပ်မံပြီး Volunteer အဖြစ်ပါဝင်အားဖြည့်ဖို့ လျှောက်ထားကြတဲ့ Hypers🎓 လေးတို့ကိုလဲ Interview နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်လေးတွေကို Email ကနေတဆင့် အကြောင်းပြန်ထားပေးပြီ ဖြစ်တာကြောင့် Form ဖြည့်ထားတဲ့ Hypers🎓 လေးတို့အနေနဲ့ ကိုယ့်ရဲ့ Mail Inbox ကိုစစ်ဆေးကြည့်ပေးဖို့ မမေ့လိုက်ပါနဲ့အုံး။
🚨 အကယ်၍ Mail Inbox ထဲမှာ မတွေ့ခဲ့ရင်လဲ Spam Message လေးကိုပါမကျန်အောင် သေသေချာချာလေးစစ်ဆေးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။ Interview Schedule လေးတွေကိုလည်း လွဲချော်မသွားရလေအောင် သတိထား စောင့်ကြည့်ပေးကြပါအုံးနော်။
⏰ လူငယ်ဘဝရဲ့ အဖိုးတန်အချိန်လေးတွေကို Hypen နဲ့အတူ ကုန်ဆုံးဖို့ ရွေးချယ်ခဲ့ကြတဲ့ Hypers🎓 လေးတို့ကို Hypen ကနေ နွေးထွေးစွာကြိုဆိုနေတာမို့ သိပ်မကြာခင်အချိန်လေးအတွင်း Interview Session မှာ အတူဆုံကြရအောင်ပါရှင်။
💌 𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
💌 𝐇𝐲𝐩𝐞𝐧 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/hypenorg
💌 𝐇𝐲𝐩𝐞𝐧 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/hypenedu
💌 𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz
#ContentbyKhaingMiMiThant
#GraphicDesignbyPoepo
#hypen_edu
#hypen_org
#Volunteer_Calling
#Check_Email
10 231
❝ တစ်ယောက်တည်းနေရင်း ပျောက်ဆုံးနေတဲ့ Motivation တွေကို ဘယ်လို ပြန်ရှာကြမလဲ🔎 ❞
Hypers🎓 လေးတို့အနေနဲ့ "တစ်ယောက်တည်းနေရတာ ကမ္ဘာပေါ်မှာ အအေးချမ်းဆုံးပဲ" လို့ တွေးမိကြပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခါတလေကျရင် "ငါ ဒီနေ့ ဘာလုပ်ရမလဲ" ဆိုပြီး ပျင်းရိငြီးငွေ့လွန်းလို့ ဒီအတိုင်း ထိုင်နေခဲ့တဲ့နေ့ရက်တွေလဲ ရှိခဲ့ဖူးကြတယ် ဟုတ်⁉️
မိဘတွေ ဒါမှမဟုတ် ဘေးနားကလူတွေရဲ့ ဖိအားတွေ မရှိတော့တဲ့အခါ အစပိုင်းမှာ လွတ်လပ်ပေမဲ့ ရေရှည်မှာတော့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးမဲ့ Motivation ရှိဖို့ဆိုတာ ခက်ခဲလာတတ်ပါတယ်။ ဒီလို Motivation မရှိတော့တဲ့အခါ တစ်ယောက်တည်း နေထိုင်ခြင်းရဲ့ လွတ်လပ်မှုကို ကောင်းကောင်း အသုံးမချနိုင်ဘဲ နေ့ရက်တိုင်းက အဓိပ္ပာယ်မရှိ ကုန်ဆုံးသွားပါလိမ့်မယ်💨
ဒါကြောင့် ဒီတစ်ပတ်ရဲ့ Speaking Club လေးမှာ ဒီပြဿနာကို ထိထိရောက်ရောက် ကျော်ဖြတ်နိုင်ဖို့ "How can we be motivated even though we are living alone?" ဆိုတဲ့ Topic လေးနဲ့ Hypers🎓 လေးတို့ရဲ့ အိုင်ဒီယာတွေကို လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ချင်ပါတယ်👥
ဒီတနင်္ဂနွေနေ့လေးမှာ တစ်ယောက်တည်း Motivation ရအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာအပြင်...
💃 ပျင်းရိငြီးငွေ့စရာ ဘဝထဲကနေ ရုန်းထွက်နိုင်မဲ့ အလေ့အကျင့်တွေ
🍃 ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကို Fresh Space တစ်ခုဖြစ်အောင် ဘယ်လို ဖန်တီးမလဲဆိုတဲ့ အကြံဉာဏ်တွေ
💬 အထီးကျန်စိတ် ဖြစ်လာပေမဲ့ စိတ်ရွှင်လန်းသွားအောင် ဘယ်လိုပြောင်းလဲပြီး Community တွေထဲမှာ ပါဝင်လှုပ်ရှားရမလဲ
ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကိုပါ အတူတူ ရှာဖွေသွားကြမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ အင်္ဂလိပ်လို စကားပြောရမှာ ကြောက်နေတဲ့ ကိုယ့်ရဲ့ Comfort Zone ထဲကနေပါ ရုန်းထွက်နိုင်မဲ့ အခွင့်အရေးတစ်ခုဆိုလဲ မမှားပါဘူး Hypers🎓 လေးတို့ရေ။
💃𝐓𝐨𝐩𝐢𝐜: 𝐇𝐨𝐰 𝐜𝐚𝐧 𝐰𝐞 𝐛𝐞 𝐦𝐨𝐭𝐢𝐯𝐚𝐭𝐞𝐝 𝐞𝐯𝐞𝐧 𝐭𝐡𝐨𝐮𝐠𝐡 𝐰𝐞 𝐚𝐫𝐞 𝐥𝐢𝐯𝐢𝐧𝐠 𝐚𝐥𝐨𝐧𝐞?
🎙️𝐅𝐚𝐜𝐢𝐥𝐢𝐭𝐚𝐭𝐨𝐫𝐬: 𝐍𝐢𝐤𝐨𝐥𝐚𝐢 & 𝐄𝐚𝐢𝐧
🗓️𝐃𝐚𝐭𝐞: 𝟓. 𝟕. 𝟐𝟎𝟐𝟔 (𝐒𝐮𝐧𝐝𝐚𝐲)
⏰𝐓𝐢𝐦𝐞: 𝟖:𝟎𝟎𝐏𝐌 𝐭𝐨 𝟗:𝟑𝟎𝐏𝐌
🌐𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞: 𝐄𝐧𝐠𝐥𝐢𝐬𝐡
💻𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦
English Basic Level ရှိရုံနဲ့တင် ဒီ Speaking Club လေးကို လာဂျွိုင်းလို့ရတာကြောင့် အောက်က Link လေးကို ဝင်ထားဖို့ မမေ့နဲ့နော်။
𝐇𝐲𝐩𝐞𝐧'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 𝐆𝐫𝐨𝐮𝐩 𝐋𝐢𝐧𝐤
https://t.me/+Cyv5PjnaSO02MThl
တစ်ယောက်တည်း ပျင်းပျင်းရိရိနဲ့ အထီးကျန်အောင် နေမဲ့အစား ကိုယ့်ဘဝကို အမြဲတိုးတက်နေစေဖို့ Hypen ကို Follow လုပ်ထားလိုက်တော့နော် Hypers🎓 လေးတို့ရေ✨
🌻 𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
🌻 𝐇𝐲𝐩𝐞𝐧 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/hypenedu
🌻 𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz
#ContentWriterbyZinWinHtetKyaw
#GraphicDesignbyLuni
#Hypen_Org
#Motivated
#living_alone
#Englishspeakingclub
10 231
🏡Environmental Hygiene (ပတ်ဝန်းကျင်သန့်ရှင်းရေး)
❝ကျန်းမာတဲ့ မိသားစုရဲ့အစ မီးဖိုချောင်က❞ ဆိုတဲ့အတိုင်း အစားအသောက်သန့်ရှင်းဖို့အတွက် သတိထားရမဲ့အပြင် မီးဖိုချောင်သုံး အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်ဖို့ကလဲ အရေးကြီးပါတယ်။ ဒါတွေအပြင် မိမိ နေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထိန်းသိမ်းထားတာ၊ ခြင်နဲ့ ပိုးမွှားတွေ မပေါက်ပွားအောင် ဂရုစိုက်နေထိုင်တာဟာလဲ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းစဉ်ထဲမှာ တစ်ခုအပါအဝင်ပါပဲ။ အထူးသဖြင့် အခုလိုမိုးရာသီများ အဖြစ်များတတ်တဲ့ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ မခံစားရစေဖို့ ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြုဖို့ Hypers🎓 လေးတို့ကို မှာကြားပါရစေ‼️
ဒါဆို ❝ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းသည် ❞ ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်းပဲ ငွေကုန်ကြေးကျများတဲ့ ကုသမှုတွေ လုပ်ရမဲ့အစား အရိုးရှင်းဆုံးဖြစ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထကောင်းတွေကို ဒီနေ့ပဲ အတူတူ စတင်ပျိုးထောင်လိုက်ရအောင်လားနော်။ ဒါကြောင့် ပိုမိုကျန်းမာတဲ့ လူနေမှုဘဝကနေ ပိုမိုကျန်းမာတဲ့ မိသားစုဘဝတွေကို ဖန်တီးနိုင်ဖို့ မိမိကစပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုဖို့ တိုက်တွန်းရင်း ဒီ Post လေးကနေ နှုတ်ဆက်လိုက်ပါတယ်ရှင်...🤍
✍️နောက်နောင်များမှာလဲ အခုလို ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာထူးချွန်တဲ့ Hypers🎓 လေးတွေဖြစ်ကြဖို့ Hypen ကနေ အမြဲရှေးရှု လမ်းပြပေးအုံးမှာဖြစ်တာကြောင့်...
🍃 𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
🍃 𝐇𝐲𝐩𝐞𝐧 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/hypenedu
🍃 𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz ဒီ Link လေးတွေကို နှိပ်ပြီး Like & Follow ပေးခဲ့ဖို့မမေ့နဲ့နော်။
#Contentwriter_SweSN
#GraphicDesignbyASaw
#hypen_edu #တစ်ကိုယ်ရေသန့်ရှင်းရေး
#ကျန်းမာရေး
10 231
❝ ရောဂါဘယတွေရဲ့ အန္တရာယ် တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့အတူ ကာကွယ်မယ် ❞
❝ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး❞ ဆိုတဲ့ အဆိုကို Hypers🎓 လေးတို့အားလုံး မငြင်းဆန်ဘဲ လက်ခံကြမယ်လို့ ထင်ပါတယ်။ ကျန်းမာခြင်းရဲ့ တန်ဖိုးကို မကျန်းမာမှ မြင်တတ်တယ် ဆိုသလိုပဲ မကျန်းမာခြင်းရဲ့ ဒုက္ခတွေကိုလဲ ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ခံစားရမှသာ သိမြင်တတ်လေ့ရှိပါတယ်။ နှာစေး၊ ခေါင်းကိုက်စတဲ့ အသေးအဖွဲဝေဒနာလေးတွေက စလို့ ဆေးရုံမှာ ရက်ရှည်တက်ပြီး ကုသမှရတဲ့ ရောဂါတွေအထိ ဝေဒနာတိုင်းက စိတ်ရောကိုယ်ပါ ပင်ပန်းစေသလို၊ အချိန်နဲ့ ငွေကြေးတွေကိုပါ ကုန်ဆုံးစေတာအမှန်ပါပဲ🍃
ဒါဆို ဒီနေရာမှာ မေးစရာရှိလာတဲ့ မေးခွန်းလေးကတော့ ဒီလိုဆိုးဝါးတဲ့ ရောဂါအများအပြားကို ကာကွယ်ဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ မေးခွန်းပါ။ ရောဂါဒဏ် ခံနိုင်ဖို့ တန်ဖိုးကြီး ဖြည့်စွက်စာတွေ စားရမလား၊ တစ်နှစ်တစ်ခါ ကျန်းမာရေးပုံမှန် စစ်ဆေးတာနဲ့ရော လုံလောက်ရဲ့လား⁉️
🗣ဒီလိုမေးခွန်းတွေကြားမှာ Hypers🎓 လေးတို့ လျစ်လျူရှုထားမိတဲ့ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်ရေးနည်းလမ်းတစ်ခုကတော့ မိမိရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုဖို့ဆိုတဲ့ အချက်ပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လေ့လာချက်တွေအရ နေ့စဉ် လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးကြောရုံနဲ့တင် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေကို ၃၀% ကျော်အထိ လျှော့ချနိုင်ပြီး၊ နှာစေးချောင်းဆိုးစတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုလဲ ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တစ်ချိန်တုန်းက ကမ္ဘာ့ကပ်ရောဂါကြီးလို့ တင်စားခဲ့ရတဲ့ ကိုဗစ်-၁၉ ရောဂါပိုးကိုတောင် "လက်ကိုခဏခဏဆေးပါ" ဆိုတဲ့ အခြေခံ တစ်ကိုယ်ရေသန့်ရှင်းရေးနည်းလမ်းကို သုံးပြီး ကာကွယ်ခဲ့ကြသေးတယ် မဟုတ်လား❓
ဒါနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးလို့ ဆိုတဲ့နေရာမှာ လက်ဆေးတာတစ်ခုတည်းကိုပဲ ပြေးမြင်မိနေတုန်းလား။ တကယ်တော့ တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်သန့်ရှင်းရေး၊ ခံတွင်းသန့်ရှင်းရေး၊ ကိုယ်ခန္ဓာသန့်ရှင်းရေး၊ အစားအသောက် သန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆိုတဲ့ အမျိုးအစားတွေ ပါဝင်လို့နေပါတယ်။ ဒါဆို တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဘယ်လိုအချက်တွေကို ဂရုပြုသင့်သလဲ ဆိုတာ Hypen နဲ့ တူတူလေ့လာကြည့်ရအောင်နော်✨
🧼Hand Hygiene (လက်သန့်ရှင်းရေး)
လက်သန့်ရှင်းဖို့အတွက် "လက်ဖဝါး၊ လက်ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မကျန်ရ၊ ကုတ်ပါခြစ်ပါ လက္ခဏာ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ" ဆိုတဲ့ ကဗျာလေးအတိုင်း ဆပ်ပြာနဲ့အတူ သန့်ရှင်းတဲ့ရေကို အသုံးပြုပြီး စက္ကန့် ၂၀ကြာ လက်ဆေးဖို့ လိုအပ်ပါတယ်။ အစာမစားမီ၊ စားပြီးချိန်နဲ့ အိမ်သာ အသုံးပြုပြီးတိုင်းမှာ ခုနက ပြောပြသွားတဲ့ ကဗျာလေးအတိုင်း လက်ကို စင်ကြယ်အောင် ဆေးမယ်ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ ပထမအချက်ဖြစ်တဲ့ လက်သန့်ရှင်းရေးနဲ့ ပြည့်စုံသွားပါလိမ့်မယ်🩵
ဒီလို လက်ကို နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ သန့်ရှင်းစင်ကြယ်အောင်ဆေးမယ်ဆိုရင်တော့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ အသက်ရှုလမ်းကြောင်းနဲ့ ဆိုင်ရာရောဂါတွေအပြင် မျက်စိနာရောဂါတွေကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားနိုင်မှာပါ✅
🦷Oral Hygiene (ခံတွင်းသန့်ရှင်းရေး)
ခံတွင်းကျန်းမာရေးအတွက် တစ်နေ့ နှစ်ကြိမ် သွားတိုက်ခြင်း၊ သွားကြားသန့်ရှင်းရေး ပြုလုပ်ခြင်းနဲ့ သွားဆရာဝန်နှင့် ပုံမှန်စစ်ဆေးခြင်း စတဲ့ လုပ်ရပ်တွေက ခံတွင်းကျန်းမာဖို့အတွက်တင်မကဘဲ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက်ပါ မဖြစ်မနေ လိုက်နာသင့်တဲ့ အရာတွေပါပဲ။ အခုလို ခံတွင်းသန့်ရှင်းအောင် ပြုမူတဲ့အခါ သွားပိုးစားခြင်း၊ ခံတွင်းရောဂါတွေနဲ့ ခံတွင်းအနံ့ဆိုးခြင်းစတဲ့ ခံတွင်းနဲ့ပတ်သက်တဲ့ရောဂါတွေတင်မကဘဲ နှလုံးအဆို့ရှင် ရောင်ရမ်းခြင်း (Endocarditis) ကိုပါ ကာကွယ်ပြီးသား ဖြစ်သွားမှာမို့ ခံတွင်းသန့်ရှင်းဖို့ကိုလဲ မေ့ထားလို့ မရဘူးနော် Hypers🎓 လေးတို့ရေ။
🏋️Body Hygiene (ကိုယ်ခန္ဓာသန့်ရှင်းရေး)
ခန္ဓာကိုယ် သန့်ရှင်းကျန်းမာဖို့အတွက်ကတော့ နေ့စဉ် ရေချိုးခြင်း၊ လျှော်ဖွတ်သန့်စင်ထားတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခြင်းနဲ့ လက်သည်း၊ ခြေသည်းတွေကို ပုံမှန်ဖြတ်တောက်သန့်ရှင်းခြင်းတွေ ပြုလုပ်ပေးရပါမယ်။ အဲဒီလို ကိုယ်ခန္ဓာသန့်ရှင်းရေးကို ဂရုစိုက်တာနဲ့ တစ်ပြိုင်တည်း ခန္ဓာကိုယ်မှာဖြစ်ပေါ်တတ်တဲ့ မှိုစွဲယားနာတွေဒဏ်ကနေ ကြိုတင် ရှောင်ရှားပြီးသား ဖြစ်သွားပါလိမ့်မယ်ရှင်💯
🥦Food Hygiene (အစားအသောက်သန့်ရှင်းရေး)
တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းကို ပြောမယ်ဆိုရင် နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေရဲ့ သန့်ရှင်းမှုကိုလဲ ချန်ထားခဲ့လို့ မရပါဘူး။ ဒါကြောင့် စားသောက်ကုန်တွေကို သန့်သန့်ရှင်းရှင်း ပြင်ဆင်ချက်ပြုတ်မယ်၊ ရေသောက်ရင်လဲ သန့်ရှင်းတဲ့ ရေကို သောက်မယ်၊ သက်တမ်းကုန်ဆုံးနေတဲ့ အစားအစာတွေ၊ အပြင်စာတွေနဲ့ ယင်နားစာတွေကို ဂရုပြု ရှောင်ကြဉ်မယ်ဆိုရင်တော့ အစာအဆိပ်သင့်ရောဂါ၊ ကာလဝမ်းရောဂါနဲ့ သန်ကောင်တွေရန်က ကင်းဝေးပြီး Food Hygiene နဲ့ ပြည့်စုံတဲ့ နေ့စဉ်ဘဝကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
10 231
❝ ပိုမိုအဓိပ္ပာယ်ပြည့်ဝတဲ့ 2026 ကို Hypen နဲ့ အတူ ဖန်တီးလိုက်ပါ ❞
2026 အတွင်း နယ်ပယ်သစ်တစ်ခု၊ စိန်ခေါ်မှုအသစ်တစ်ခု၊ အတွေ့အကြုံအသစ်တစ်ခုကို မျှော်လင့်နေတဲ့ Hypers🎓 လေးတွေများရှိကြလားနော်❓
"ရှိပါတယ်" ဆိုပြီး အဖြေပေးနေတဲ့ Hypen ရဲ့ အမာခံ Supporter Hypers🎓 လေးတွေအတွက် ရွှေရောင်အခွင့်အရေးကြီးတစ်ခုကို ယူဆောင်လာပါတယ်။ အဲဒါကတော့ Hypen ရဲ့ မိသားစုဝင်အဖြစ်လုပ်ကိုင်ရင်း စွမ်းရည်အသစ်တွေ ဖြည့်တင်းလို့ရမဲ့ Volunteer Recruitment အစီအစဉ်ပဲဖြစ်ပါတယ်။
ဒီတစ်ခေါက် Hypen ကနေ ခေါ်ယူနေတဲ့ Volunteer Position တွေကတော့...
📍𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐀𝐝𝐦𝐢𝐧𝐬
📍𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐞𝐫
📍𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫
📍𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐅𝐚𝐜𝐢𝐥𝐢𝐭𝐚𝐭𝐨𝐫𝐬
📍𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐀𝐝𝐦𝐢𝐧 တွေပဲ ခေါ်နေတယ်လို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်🙊
🪔ဘာလို့လဲဆိုတော့ ဘာသာစကားတွေနဲ့ ဘာသာရပ်တွေကို ပညာဆီမီးထိန်ညီးအောင် ကူညီပါဝင် ထွန်းညှိပေးချင်တဲ့ ဆရာ၊ ဆရာမတွေအတွက် 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐚𝐜𝐡𝐞𝐫 တွေလဲ ခေါ်ယူနေသေးတာ မို့လို့ပါ✨
ဒီတစ်ခေါက် Volunteer Application လေးရဲ့ Deadline က လာမဲ့ ဇွန်လ ၂၉ရက်နေ့ ဖြစ်တာကြောင့် လျှောက်ထားဖို့ အချိန်ကလဲ ၂ရက်ပဲ ကျန်ရှိပါတော့တယ်နော်။ ဒါကြောင့် ဒီနှစ်ရက်အတွင်း လက်မနှေးဘဲ အမြန်ဆုံး form ဖြည့်ပြီး လျှောက်ထားပေးဖို့ တိုက်တွန်းပါရစေရှင်✅
ဒါဆို ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေကို လူငယ်တွေအတွက် အကျိုးပြုတဲ့နေရာမှာ အသုံးချချင်တယ်ဆိုရင်တော့...
Post 1 Link
Post 2 link တွေကနေ တစ်ဆင့် သွားရောက်ပြီး ကိုယ်စိတ်ဝင်စားရာ Position တွေကို လျှောက်ထားနိုင်ပါတယ်။
ကဲ... ဒါဆို ဘာကို စောင့်နေအုံးမှာလဲ Hypers🎓 လေးတို့ရေ...❗️
If not now, when? ဆိုသလိုပဲ အေးချမ်းလှတဲ့ ဇွန်လအငွေ့အသက်တွေနဲ့အတူ Hypen ရဲ့ မိသားစုဝင်အဖြစ် ပါဝင်လျှောက်လှမ်းလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေရှင်။
𝐇𝐲𝐩𝐞𝐧 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧
𝐖𝐞 𝐜𝐚𝐧 𝐚𝐥𝐰𝐚𝐲𝐬 𝐬𝐭𝐚𝐫𝐭 𝐛𝐞𝐠𝐢𝐧!
🍃 𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
🍃 𝐇𝐲𝐩𝐞𝐧 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/hypenedu
🍃 𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz
#ContentbySweSN
#GraphicDesignbyPoepo
#hypen_edu
#hypen_org
#Volunteer
10 231
𝟐𝟕𝐭𝐡 𝐉𝐮𝐧𝐞, 𝟐𝟎𝟐𝟔 (𝐒𝐚𝐭)
🎯 Registration Deadline က နီးကပ်နေပြီဖြစ်တဲ့ Youth Know-versity 🤝 Hypen Organization
🌟 ကျွန်တော်တို့ ပတ်ဝန်းကျင်က မြွေတွေအကြောင်း အယူအဆအမှားတွေကို ချေဖျက်ပြီး၊ အဖိုးတန်တဲ့ အရေးပေါ် အသက်ကယ်နည်း ဗဟုသုတတွေကို စိတ်ဝင်စားကြတဲ့ လူငယ်တွေအတွက် Youth Know-versity (YKV) ရဲ့ Wildlife Webinar အသစ်လေးမှာ Hypen Organization ကနေ Media Partnership အဖြစ် ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ ပါဝင်ကူညီပေးထားပါတယ်။
🔰 Youth Know-versity (YKV) ဆိုတာကတော့ "From Youths, For Youths, To Youths" ဆိုတဲ့ Motto အတိုင်း လူငယ်တွေအတွက် Study Abroad ဆိုင်ရာ အချက်အလက်တွေ၊ Scholarships Sharing တွေနဲ့ Knowledge Sharing Event တွေကို စဉ်ဆက်မပြတ် ဝေမျှပေးနေတဲ့ Youth-led Organization တစ်ခုပဲ ဖြစ်ပါတယ်။
အခု "Venom & Value: The Snakes" ဆိုတဲ့ Wildlife Webinar လေးမှာဆိုရင် “All about Snakes - Soe Thandar Aung” page ရဲ့ ပဲ့ကိုင်ရှင် ဖြစ်တဲ့ ဇီဝဗေဒပညာရှင်၊ တောရိုင်းတိရစ္ဆာန် သုတေသနပညာရှင်လဲ ဖြစ်ပြီး အရှေ့တောင်အာရှအခြေစိုက် educator ဖြစ်တဲ့ Ma Soe Thandar Aung ကိုယ်တိုင် ပါဝင်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ မြွေမျိုးစိတ်တွေအကြောင်း၊ ဂေဟစနစ်အတွက် သူတို့ရဲ့ အရေးပါမှုတွေနဲ့ မတော်တဆ မြွေကိုက်ခံခဲ့ရရင် လက်တွေ့အသုံးချနိုင်မဲ့ အမှန်ကန်ဆုံး ရှေးဦးသူနာပြုစုနည်း ဗဟုသုတတွေကို အသေးစိတ် ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။
📖 ဒီ Webinar ကနေ ဘယ်လို အဖိုးတန် ဗဟုသုတတွေ ရရှိမလဲ။
🐍 မြန်မာနိုင်ငံရဲ့ မြွေမျိုးစိတ်တွေအကြောင်းကို အဓိကထားပြီး မြွေအဆိပ်ရှိ/မရှိ စနစ်တကျ ခွဲခြားနည်း၊ သဘာဝပတ်ဝန်းကျင်နဲ့ စိုက်ပျိုးရေးမှာ မြွေတွေရဲ့ အရေးပါပုံတွေကို လေ့လာရမှာဖြစ်ပြီး "မြင်တာနဲ့ T-တ်ပစ်ရမယ်" ဆိုတဲ့ ရှေးရိုးစွဲ အယူအဆ အလွဲအမှားတွေကို ချေဖျက်ပေးသွားမှာ ဖြစ်ပါတယ်။
🚑 ဒါ့အပြင် မတော်တဆ မြွေကိုက်ခံရတဲ့အခါ မိနစ်ပိုင်းအတွင်း အသက်ကယ်တင်နိုင်မဲ့ အမှန်ကန်ဆုံး အရေးပေါ် ရှေးဦးသူနာ ပြုစုနည်းလမ်းတွေကို အသေးစိတ် မျှဝေပေးသွားဦးမဲ့အပြင် ဆေးရုံ/ဆေးခန်းမရောက်ခင် လူနာကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လို သယ်ဆောင်သွားရမလဲဆိုတဲ့ လက်တွေ့အသုံးချ အချက်အလက်တွေကိုပါ သိရှိရမှာ ဖြစ်ပါတယ်။
ဒါကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန်တွေကို ချစ်မြတ်နိုးတဲ့ လူငယ်တွေနဲ့ တကယ့်လက်တွေ့ဘဝမှာ အရေးကြုံလာရင် ကိုယ်တိုင်ရော သူတစ်ပါးကိုပါ အရေးပေါ် အသက်ကယ်တင်နိုင်ဖို့ လေ့လာထားချင်ကြတဲ့ လူငယ်တွေအတွက် ဒီပွဲလေးကနေ နည်းစနစ်ကျပြီး လက်တွေ့ကျတဲ့ အကြံဉာဏ်ကောင်းတွေကို တစ်နေရာတည်းမှာတင် ရရှိနိုင်မှာပါနော်။
⏳ 𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥𝐬
📅 𝐃𝐚𝐭𝐞 : 𝟐𝟖𝐭𝐡 𝐉𝐮𝐧𝐞, 𝟐𝟎𝟐𝟔 (𝐒𝐮𝐧)
⏰ 𝐓𝐢𝐦𝐞 : 𝟐:𝟎𝟎 - 𝟒:𝟎𝟎 𝐏.𝐌 (𝐌𝐌𝐓)
📍 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 : 𝐯𝐢𝐚 𝐙𝐎𝐎𝐌
🔗 Original Announcement Post: https://www.facebook.com/share/p/1Ehzh3gyL7/
📝 Register Here : https://forms.gle/cKm45mTTcQecbRZ3A
🚨 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞: deadline က နီးကပ်နေပြီဖြစ်တဲ့အတွက် ဒီ "Venom & Value : The Snakes" ဆိုတဲ့ Webinar ကြီးကို လက်လွတ်မခံချင်ဘူးဆိုရင်တော့ အခုပဲ စာရင်းပေးသွင်းလိုက်ကြရအောင်နော်…💚✨
Content by Chit Snow
Graphic by Tobio
#YouthKnowversity #VenomAndValue:TheSnakes #MediaPartnership #WildlifeConservation #SnakeAwareness
