ပါချုပ်ဆရာတော်ဘုရား၏တရားတော်များ (main channel)
前往频道在 Telegram
ဆရာတော်ဘုရားကြီး၏ အဆုံးအမဖြင့် ဓမ္မအသိများ ထွန်းကားပြန့်ပွားအောင် နိုင်ရာဝန်မှ ပူဇော်သော channel ဖြစ်ပါသည်။ဤစေတနာတို့ကြောင့် ဓမ္မအလှူခံယူသူအပေါင်း ငြိမ်းချမ်းမှု နှင့် ပြည့်စုံစေသတည်း။🙏
显示更多📈 Telegram 频道 ပါချုပ်ဆရာတော်ဘုရား၏တရားတော်များ (main channel) 的分析概览
频道 ပါချုပ်ဆရာတော်ဘုရား၏တရားတော်များ (main channel) (@wtp14) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 144 228 名订阅者,在 宗教与灵性 类别中位列第 193,并在 缅甸 地区排名第 515 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 144 228 名订阅者。
根据 26 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 2 537,过去 24 小时变化为 100,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 14.20%。内容发布后 24 小时内通常能获得 4.38% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 20 487 次浏览,首日通常累积 6 322 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 317。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“ဆရာတော်ဘုရားကြီး၏ အဆုံးအမဖြင့် ဓမ္မအသိများ ထွန်းကားပြန့်ပွားအောင် နိုင်ရာဝန်မှ ပူဇော်သော channel ဖြစ်ပါသည်။ဤစေတနာတို့ကြောင့် ဓမ္မအလှူခံယူသူအပေါင်း ငြိမ်းချမ်းမှု နှင့် ပြည့်စုံစေသတည်း။🙏”
凭借高频更新(最新数据采集于 27 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 宗教与灵性 类别中的关键影响点。
144 228
订阅者
+10024 小时
+6937 天
+2 53730 天
帖子存档
မွေးနေ့မှာ ဆုတောင်းပေးကြသူများနှင့် မုန့်ဖိုးပေးကြသူများ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။🙏
တရားချစ်ခင် သူတော်စင်အပေါင်းတို့ ခင်ဗျာ 🙏
ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့သည် ကျွန်တော့်၏ (2️⃣4️⃣) နှစ်ပြည့် မွေးနေ့ 🎂ဖြစ်ပါသောကြောင့် အထိမ်းအမှတ်အဖြစ် ဓမ္မမိတ်ဆွေအပေါင်း တရားတော်များ နာယူကြည်ညိုနိုင်စေရန် ရည်ရွယ်၍ ဓမ္မဒါနပြု မျှဝေပေးမည့် တရား Channel တစ်ခုနှင့် မိတ်ဆက်ပေးပါရစေခင်ဗျာ။🙏🙏🙏
ထို Channel တွင် ⤵️
➡️ မဟာစည်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောဘန ၏ တရားတော်များ
➡️ တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး ဘဒ္ဒန္တဥတ္တမသာရ ၏ တရားတော်များ
➡️ ပါချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏ တရားတော်များ
➡️ ဗန်းမော်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကုမာရာဘိဝံသ ၏ တရားတော်များ
➡️ ကြာနီကန်ဆရာတော်ဘုရားကြီး အရှင်ဇဋိလ ၏ တရားတော်များ
➡️ ဆရာဦးဆန်းလင်း (ဆည်မြောင်း) ၏ ဓမ္မအမေးအဖြေများ
➡️ ဓမ္မတေးသီချင်းများ
စသည်တို့ကို စနစ်တကျ စုစည်း၍ စဉ်ဆက်မပြတ် ဓမ္မဒါနပြု မျှဝေပေးသွားမည် ဖြစ်ပါသည်။
━━━━━━━━━━━━━━━
"မွေးနေ့ ဆုတောင်းနှင့် အမျှဝေခြင်း"
မြတ်စွာဘုရားရှင်၏ အဆုံးအမတရားတော်များအား ဆရာတော်ဘုရားကြီးတို့ထံမှတစ်ဆင့် နာယူမှတ်သား၊ လိုက်နာကျင့်သုံးရန် အစဉ်အမြဲ ကြိုးစားအားထုတ်ရသည့် ကျွန်တော့်၏ ယနေ့ယခု ပြုလုပ်သမျှသော ကုသိုလ်စေတနာ စေတသိက အစုစုတို့ကြောင့် မြင့်မြတ်လှသော နိဗ္ဗာန်သို့ လျှင်မြန်စောစီးစွာ ရောက်ရှိရပါလို၏။
ယနေ့ မွေးနေ့တွင် ပြုလုပ်သမျှသော ဓမ္မဒါန ကုသိုလ်အစုစုတို့အားလည်း ၇ ရက်သားသမီး အပေါင်းနှင့်တကွ ဓမ္မမိတ်ဆွေသူတော်စင်အပေါင်း၊ သတ္တဝါဝေနေယျအပေါင်းတို့အား အမျှပေးဝေပါ၏။ ကုသိုလ်အမျှ ရကြပါစေသား...။🙏🙏🙏
Admin - @wtp14141414✅
🙏နေ့တိုင်း ဆင်ခြင် စိတ်ကိုပြင်
ကြာချိန် - ၁နာရီ ၀၆ မိနစ် ၂၈ စက္ကန့်
━━━━━━━━━━━━━━━
ကျွန်ုပ်တို့ဘဝတွင် ကြုံတွေ့နေရသော ဆင်းရဲဒုက္ခများမှ ကင်းဝေးပြီး စစ်မှန်သော ကောင်းကျိုးချမ်းသာများ ရရှိနိုင်မည့် လက်တွေ့ကျသော လမ်းညွှန်ချက်များကို လမ်းညွှန်ပြသထားပါတယ် ခင်ဗျာ။
တရားတော်တွင်
➡️ မိမိတို့၏ အပြင်ပန်းရုပ်ခန္ဓာကိုယ်ကြီးသည် မည်မျှပင် ပြင်ဆင်စေကာမူ သဘာဝအားဖြင့် မမြဲခြင်း၊ အနံ့အသက်မကောင်းခြင်းနှင့် ပျက်စီးလွယ်ခြင်း သဘောသာရှိသဖြင့် ရုပ်ထက် "အတွင်းစိတ်" ကိုသာ အဓိကထား ပြင်ဆင်ရမည်ဖြစ်ကြောင်း။
➡️ ဘဝ၏ အရေးကြီးဆုံး ဗဟိုချက်မှာ "မိမိ၏ စိတ်" သာဖြစ်ပြီး၊ သူတစ်ပါးစိတ်ကို အကဲခတ်နေမည့်အစား မိမိစိတ်ကိုသာ သတိသမ္ပဇဉ်ဉာဏ်ဖြင့် နေ့စဉ် စောင့်ကြည့်ဆင်ခြင်ရမည်ဖြစ်ကြောင်း။
➡️ ဘုရားရှင် ဟောကြားတော်မူခဲ့သည့် အင်္ဂုတ္တရနိကာယ်လာ မိမိစိတ်ကို ဆန်းစစ်ရမည့် အချက် (၁၀) မျိုးကို သိရှိနိုင်ပြီး၊ အကယ်၍ မိမိသန္တာန်တွင် ထိုမကောင်းမှုများ ရှိနေပါက ဦးခေါင်းတွင် မီးလောင်နေသကဲ့သို့ အရေးတကြီး မဂ္ဂင်တရားဖြင့် ဖယ်ရှားပုံများကို နာယူမှတ်သားခွင့် ရရှိမှာဖြစ်ပါသည်။
မိမိ၏ အတွင်းစိတ်ထားကို နေ့စဉ်မှန်မှန် ဆန်းစစ်ပြုပြင်ပြီး ဘဝခရီးကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းလိုကြသူ တရားချစ်ခင် သူတော်စင်အပေါင်းတို့အတွက် မပျက်မကွက် နာယူကြည်ညိုသင့်သည့် တရားတော်ကောင်းတစ်ပုဒ် ဖြစ်ပါကြောင်း နိဗ္ဗာန်ဆော်အဖြစ် ဓမ္မလက်ဆောင် မျှဝေအပ်ပါသည်ခင်ဗျာ။သစိတ္တသုတ္တန်လာ အချက် (၁၀) ချက် အား ဖတ်ရှုရန် 👉 နှိပ်ပါ 📖📖📖📖📖📖📖📖📖
ပညာဘူမိတက္ကသိုလ်ရဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ သုတဓမ္မစာမေးပွဲ အောင်စာရင်း ကြေညာချက်
📅 ထုတ်ပြန်မည့်ရက်နှင့် အချိန်
ရက်စွဲ ➡️ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် ၊ ဗုဒ္ဓဟူးနေ့။
အချိန် ➡️ နံနက် ၆:၀၀ နာရီ။
━━━━━━━━━━━━━━━
🎓 သက်ဆိုင်သည့် အတန်းများ
သုတဓမ္မ ဒီပလိုမာတန်း (Level 1, 2, 3)
သုတဓမ္မဂဝေသီ B.A တန်း (Part 1, 2, 3)
(ဂုဏ်ထူးအောင်နှင့် ရိုးရိုးအောင် ပုဂ္ဂိုလ်များစာရင်းကို ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။)
━━━━━━━━━━━━━━━
💻 အောင်စာရင်း ကြည့်ရှုနိုင်မည့်နည်းလမ်း
https://admission.universitywisdomland.edu.mm/result
Website ထဲသို့ တိုက်ရိုက်ဝင်ရောက်ပြီး မိမိရဲ့ ခုံနံပါတ် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (မှတ်ပုံတင်) ရိုက်နှိပ်၍ ရှာဖွေကြည့်ရှုနိုင်ပါသည်။
ပညာဘူမိ သက္ကသိုလ် ၊ အုပ်ချုပ်ရေး နှင့် ပညာရေး အဖွဲ့မှ ထုတ်ပြန်ပါသည်။
📣Ads ( တရားဓမ္မ နှင့် ပတ်သတ်သော ကြော်ငြာများသာ စီစစ်၍ လက်ခံပါသည်။ )
━━━━━━━━━━━━━━━
တရားဓမ္မနဲ့ စိတ်နှလုံးကို အေးချမ်းစေချင်တဲ့ ဓမ္မမိတ်ဆွေများအတွက် သတင်းကောင်းလေးတစ်ခု ပါးပါရစေ🙏
📹 YouTube မှာ တရားနာရတာ ရှင်းလင်းလို့ ကြိုက်ပေမဲ့ ဖုန်း screen ပိတ်လိုက်ရင် အသံပါ ပိတ်သွားတာမျိုး၊ ဒါမှမဟုတ် အင်တာနက်ဒေတာ (Data) အရမ်းစားတာမျိုးတွေအတွက် စိတ်ညစ်နေရပါသလား။
အခု "ဓမ္မခရီးသည်" App လေးမှာတော့ YouTube လိုပဲ သုံးရတာ ရှင်းရှင်းလင်းလင်းနဲ့ ပေါ့ပေါ့ပါးပါး ရှိလှပါတယ်။
✨ ဒီ app လေးရဲ့ အာသာချက်လေးတွေကတော့
➡️ ဖုန်းပိတ်ထားပြီး (Screen ပိတ်ထားပြီး) လည်း တရားတော်တွေကို အေးချမ်းစွာ ဆက်လက်နာယူနိုင်လို့ ဘက်ထရီစားလည်း အရမ်းသက်သာပါတယ်။
➡️ အင်တာနက်ဒေတာ (Data) စားလည်း အရမ်းသက်သာလို့ ဖုန်းဘေလ်အတွက် စိတ်ပူစရာမလိုပါဘူး။
━━━━━━━━━━━━━━━━━━
ဆရာတော်ကြီးများ၏ တရားတော်၊ ပရိတ်တော်များကို စနစ်တကျ စုစည်းပေးထားတဲ့ ဒီ App လေးကို ဖုန်းထဲမှာ ဆောင်ထားပြီး အေးချမ်းစွာ နာယူနိုင်ဖို့ မိတ်ဆက်ပေးလိုက်ရပါတယ်။
▶️ Play Store ကနေ Install လုပ်ရန် Link
( https://play.google.com/store/apps/details?id=com.pale.dhammakayeethe )
( ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ 🙏🙏🙏 )
"သူတော်ကောင်းတို့၏ စီးပွားရေးဆိုင်ရာ အခြေခံ ကိုယ်ကျင့်တရားများ"
၁။သူတစ်ပါးပစ္စည်းကို မခိုးယူခြင်း
၂။မမှန်မကန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း
၃။တရားသဖြင့် စီးပွားရှာခြင်း
၄။စည်းစိမ်ကြောင့် ရစ်မူးမှုကင်းခြင်း
၅။ကောက်ကျစ်စဉ်းလဲမှုမှ ရှောင်ကြဉ်ခြင်း
၆။စွန့်ကြဲပေးကမ်းမှု ရှိခြင်း
၇။စိတ်တည်ငြိမ်မှု ရှိခြင်း
၈။ခိုင်မာသော ယုံကြည်ချက်ရှိခြင်း
၉။မိမိ၏ အခြေခံဘဝကို မမေ့ခြင်း
၁၀။သူတော်ကောင်းတို့ကို စွပ်စွဲပုတ်ခတ်မှုမှ ရှောင်ကြဉ်ခြင်း
၁၁။အပြောနှင့် အလုပ် ညီညွတ်ခြင်း
🙏လူတို့၏အခြေခံကိုယ်ကျင့်တရား မှ ထုတ်နုတ်သည်။
🙏 လူတို့၏အခြေခံကိုယ်ကျင့်တရား
ကြာချိန် - ၁နာရီ၂မိနစ်၁၁စက္ကန့်
━━━━━━━━━━━━━━━━━
ကျွန်တော်တို့ ကျင်လည်နေရတဲ့ လူ့လောကကြီးမှာ စီးပွားရေး၊ လူမှုရေးတွေ ဘယ်လောက်ပဲ အောင်မြင်နေပါစေ... "အခြေခံကိုယ်ကျင့်တရား" ဆိုတဲ့ အုတ်မြစ်မခိုင်မာရင် ဘဝရဲ့ စစ်မှန်တဲ့အေးချမ်းမှုကို မရနိုင်ကြောင်း ဒီတရားတော်ကနေ အလင်းပြပေးထားပါတယ်။
ဒီတရားတော်ကို နာယူကြည်ညိုခြင်းဖြင့် 🙏
➡️ မိမိတို့ ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေထက် "အပြစ်ကင်းခြင်း" ဆိုတဲ့ အနဝစ္စသုခ ကသာ ဘဝရဲ့ အမြင့်မြတ်ဆုံး ချမ်းသာဖြစ်ကြောင်း သိရှိရခြင်း၊
➡️လောကီစီးပွားရေးကို တရားနည်းလမ်းကျစွာ ဘယ်လိုရှာဖွေပြီး မာန်မာနတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့ ဓမ္မလမ်းညွှန် (၁၁) ချက်ကို သိရှိရခြင်း၊
➡️ အိုခြင်း၊ နာခြင်းတွေ ရှိနေမယ့် လူ့ဘဝကြီးကို တန်ဖိုးအရှိဆုံးဖြစ်အောင် သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်တွေနဲ့ ဘယ်လို အဆင့်ဆင့် မြှင့်တင်သွားရမလဲဆိုတာတွေကို သေသေချာချာ သဘောပေါက် နားလည်သွားစေမှာ ဖြစ်ပါတယ်။
မိမိဘဝကို အစစ်အမှန် အေးချမ်းချင်သူများ၊ တရားနည်းလမ်းကျကျနဲ့ အောင်မြင်လိုသူများ လက်မလွှတ်တမ်း နာယူသင့်တဲ့ တရားကောင်းတစ်ပုဒ်ဖြစ်လို့ ဓမ္မမိတ်ဆွေများအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။ 🙏Admin @wtp14141414✅
ခေါင်းစဉ် - 🙏သတိသမ္ပဇညဖြင့်နေထိုင်ခြင်းနှင့်ရင်ထဲမှအမုန်းတရားဖယ်ရှားခြင်း
ကြာချိန် - ၅၀ မိနစ် ၂၄ စက္ကန့်
━━━━━━━━━━━━━━━━━━
ကျွန်တော်တို့ နေ့စဉ် ဖြတ်သန်းနေရတဲ့ ဘဝခရီးလမ်းမှာ "သတိ" နဲ့ "ဉာဏ်" ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ဒီတရားတော်က လက်တွေ့ကျကျ လမ်းညွှန်ပြသပေးသွားပါတယ်။🙏
တရားတော်ကို နာယူကြည်ညိုခြင်းအားဖြင့် —
➡️ နေ့စဉ်ဘဝရဲ့ အသေးအဖွဲ လှုပ်ရှားမှုတွေဖြစ်တဲ့ လမ်းလျှောက်တာ၊ ကြည့်တာ၊ စားသောက်တာကအစ အညစ်အကြေးစွန့်တာအဆုံး ဣရိယာပုဒ်တိုင်းမှာ ဘာကြောင့် "သတိသမ္ပဇည" ကပ်ပြီး နေထိုင်ရမယ်ဆိုတဲ့ အကျိုးကျေးဇူးတွေကို သိရှိရမှာဖြစ်ပါတယ်။
➡️ ဒါ့အပြင် ကွဲပြားခြားနားတဲ့ လူ့အသိုင်းအဝိုင်းကြားမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ဘဝကို အမှောင်ချပစ်တတ်တဲ့ ရင်ထဲက အဖျက်စွမ်းအားစုတွေဖြစ်တဲ့ "ဣဿာ" (မနာလိုခြင်း) နဲ့ "မစ္စရိယ" (နှမြောတွန့်တိုခြင်း ၅ မျိုး) ရဲ့ သဘောသဘာဝတွေကို သေသေချာချာ ခွဲခြားနားလည်သွားစေမှာပါ။
☸ဘဝကို ဘေးရန်ကင်းကင်းနဲ့ အေးချမ်းအောင်မြင်ချင်တယ်၊ ရင်ထဲက အမုန်းတရားတွေကို ဖယ်ရှားပြီး ရက်ရောတဲ့ သဒ္ဓါတရားတွေနဲ့ ငြိမ်းချမ်းမှုကို တည်ဆောက်ချင်တယ်ဆိုရင်တော့ ဒီတရားတော်ဟာ ဓမ္မမိတ်ဆွေတို့အတွက် မရှိမဖြစ် နာယူမှတ်သားသင့်တဲ့ တရားတော်တစ်ပုဒ် ဖြစ်ပါတယ်ခင်ဗျာ။🙏🙏🙏
🙏🙏မစ္ဆရိယ🙏🙏
"အဂ္ဃတော လာဘာဒီနံ မစ္ဆရဘာဝေါ မစ္ဆရိယံ။"☸️မိမိရရှိထားသော ပစ္စည်းဥစ္စာ လာဘ်လာဘစသည်တို့ကို သူတစ်ပါးတို့နှင့် မမျှဝေလိုဘဲ လျှို့ဝှက်ခြင်း၊ နှမြောဝန်တိုခြင်း သဘောသည် မစ္ဆရိယ မည်၏။ (အဘိဓမ္မာဝိဘင်းအဋ္ဌကထာ) ━━━━━━━━━━━━━━━━━━ မစ္ဆရိယ ၅ မျိုး ၁။ အာဝါသ မစ္ဆရိယ➡️ နေရာထိုင်ခင်း ကျောင်းဇရပ်ကို နှမြောဝန်တိုခြင်း။ ၂။ ကုလ မစ္ဆရိယ ➡️ အလုပ်ကျွေးပြုစုသူ ဒကာ ဒကာမ (သို့မဟုတ်) မိမိအနွယ်ကို နှမြောဝန်တိုခြင်း။ ၃။ လာဘ မစ္ဆရိယ ➡️ ရရှိသော ပစ္စည်းဥစ္စာ လာဘ်သပ္ပကာကို နှမြောဝန်တိုခြင်း။ ၄။ ဝဏ္ဏ မစ္ဆရိယ ➡️ မိမိ၏ ရုပ်အဆင်းနှင့် ကျော်စောသတင်း ဂုဏ်ပုဒ်ကို နှမြောဝန်တိုခြင်း။ ၅။ ဓမ္မ မစ္ဆရိယ ➡️ မိမိသိရှိသော စာပေကျမ်းဂန် တရားဓမ္မနှင့် ပညာရပ်ကို နှမြောဝန်တိုခြင်း။ ကျမ်းကိုး 🙏အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ မစ္ဆရိယသုတ္တ။ 🙏သတိသမ္ပဇညဖြင့်နေထိုင်ခြင်းနှင့်ရင်ထဲမှအမုန်းတရားဖယ်ရှားခြင်းတရားတော်မှ ထုတ်နုတ်ပါသည်။ ☸☸☸☸☸☸☸☸☸☸☸
ခေါင်းစဉ် - 🙏အများကြိုက်တဲ့အမှားစရိုက်များ
ကြာချိန် - ၅၆ မိနစ်၊ ၂၆ စက္ကန့်
━━━━━━━━━━━━━━━━━━
လောကီလူသားတို့သည် မိမိတို့ ကြိုက်နှစ်သက်ရာ အာရုံများနောက်သို့ လိုက်ပါရင်း လူအများကြိုက်နှစ်သက်သည့် စရိုက်အမှားများကို အမှန်ထင်ကာ အကုသိုလ်ဒုစရိုက်များကို သတိမဲ့စွာ ပြုလုပ်မိတတ်ကြပုံကို သံဝေဂရဖွယ် သိရှိနာယူရပါမည်။🙏
🙏ဤတရားတော်တွင်
➡️အရသာရှိသော်လည်း အသက်ကိုအန္တရာယ်ပြုမည့် အဆိပ်ခတ်ထား သောဖျော်ရည်ကဲ့သို့ပင်၊ ပြုလုပ်စဉ် ခဏတာ ပျော်ပါးရသော်လည်း သံသရာတစ်လျှောက် ဆင်းရဲဒုက္ခကြီးစွာ ပေးတတ်သော ဒုစရိုက်တရားများကို ခွဲခြားသိမြင်တတ်စေရန်
➡️ မိမိစိတ်ကို ကောင်းမှုကုသိုလ်ပြုလုပ်ရန် စိတ်ကူးရရချင်း အချိန်မဆွဲဘဲ ချက်ချင်းလက်ငင်း ဆောင်ရွက်သင့်ပုံ
➡️သတ္တဝါတို့အပေါ် မေတ္တာထားခြင်းဖြင့် မိမိတို့၏ ဘဝအဆုံးသတ်ကို မည်သို့အေးချမ်းစွာ ဖြတ်သန်းရမည်ဆိုသည့် လက်တွေ့အသုံးချနည်းလမ်းကောင်းများကို သိရှိနိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ ပြန်လည်မျှဝေအပ်ပါသည်။
☸️☸️☸️☸️☸️☸️☸️☸️☸️☸️
ဓမ္မ မိတ်ဆွေသူတော်ကောင်း အပေါင်းတို့ခင်ဗျာ 🙏🙏🙏
🙏လောကမှာ အလေ့အထတစ်ခုကို စွဲစွဲမြဲမြဲ ပြုလုပ်ဖန်များလာပါက စရိုက် (သို့မဟုတ်) အစွဲအလမ်းအဖြစ်သို့ ပြောင်းလဲသွားတတ်ပါတယ်။
🙏ထိုအစွဲအလမ်းကို အသိဉာဏ်၊ အရှက်တရားတို့ဖြင့် မထိန်းချုပ်နိုင်ပါက မည်မျှပင် မြင့်မြတ်သော ရာထူးဌာနန္တရရှိသူဖြစ်ပါစေ တိရိစ္ဆာန်ကဲ့သို့ အောက်တန်းကျသွားနိုင်ကြောင်း ဗုဒ္ဓဝင်လာ “ပေါရိသာဒ” ဇာတ်တော်က ကောင်းစွာ သက်သေပြနေသည်ခင်ဗျာ။
ဒါကြောင့် ပေါရိသာဒ ဇာတ်တော်အကြောင်းအား အရှက်တရားနှင့် အကုသိုလ်ကို တားခြင်းတရားတော် နှင့် ၅၅၀ နိပါတ်တော် (မဟာသုတသောမဇာတ်တော် ) မှထုတ်နုတ်၍ ဗဟုသုတ နှင့် ပညာရရန် အလို့ဌာ မျှဝေအပ်ပါသည်ခင်ဗျာ။
ဖတ်ရှုရန် 📖⤵️
➡️လူသားစား ပေါရိသာဒ ဆောင်းပါးတို
📖အဂတိ ဆိုတာ မလိုက်သင့်တဲ့ လမ်းကြောင်း သို့မဟုတ် မသင့်လျော်သည့် လမ်းကြောင်းဟု ဆိုလိုသည်။
➡️အဂတိလမ်းကြောင်းကို လိုက်ခြင်းသည် အကြောင်းလေးမျိုးတွင် တစ်မျိုးမျိုးကြောင့် ဖြစ်သည်။
🎁ခင်မင်ရင်းနှီးခြင်း၊
🎁အမြင်ကပ်ခြင်း၊
🎁ကြောက်ရွံ့ခြင်းနှင့်
🎁အသိဉာဏ် ကင်းမဲ့ခြင်း
တို့ကြောင့် ဖြစ်သည်။
လဆုတ်နေ့များမှာ သာတဲ့လသည် တဖြည်ဖြည်း သေးငယ်ပျောက်ကွယ်သွားသလို အဂတိလိုက်သူရဲ့ ဂုဏ်သတင်းသည် တဖြည်းဖြည်း ကျဆင်းပျောက်ကွယ် သွားတက်သည်။( မြတ်ဗုဒ္ဓ အဆုံးအမ ) ဆရာတော်ဘုရားကြီး၏ online ဓမ္မစာလွှာများမှ ထုတ်နှုတ်ပူဇော်သည်။ Admin _{ @wtp14141414✅ }
ခေါင်းစဉ် - 🙏အရှက်တရားနှင့် အကုသိုလ်ကိုတားခြင်း
ကြာချိန် - ၅၆ မိနစ် ၂၉ စက္ကန့်
━━━━━━━━━━━━━━━━━━
တရားချစ်ခင်သူတော်စင်တို့ခင်ဗျာ🙏
လောကကြီးမှာ အရှက်တရားသာမရှိရင် လူ့ယဉ်ကျေးမှုတွေ၊ ဂုဏ်သိက္ခာတွေ ပျက်သုဉ်းပြီး တိရိစ္ဆာန်လောကနဲ့ တူသွားနိုင်ပါတယ်။
သို့သော်... ကျွန်တော်တို့ သိထားတဲ့ လူကြားထဲစကားမပြောရဲတာကို အရှက်တရားလို့ မခေါ်ပါဘူး။ တကယ့်အရှက်တရားဆိုတာ မကောင်းတဲ့အကုသိုလ်တရားတွေကို တွေးတောဖို့၊ ကြံစည်ဖို့နဲ့ လုပ်ဆောင်ဖို့ ရှက်ခြင်းကိုသာ ဆိုလိုတာဖြစ်ပါတယ်။ မကောင်းတာလုပ်မှ ရှက်စရာမဟုတ်ပါဘူး၊ အများလုပ်နိုင်တဲ့ ကုသိုလ်ကောင်းမှုလေးတွေကို ကိုယ်မလုပ်နိုင်ရင်လည်း ရှက်တတ်ရပါမယ်။
✅ဟိရိဩတပ္ပ📖
━━━━━━━━━━━━━━━━━━
ဤတရားတော်ကို နာယူခြင်းဖြင့်
✨ (၁) စစ်မှန်သော အရှက်တရား (ဟီရိ) သည် ဘဝတိုးတက်ရေး၏ တွန်းအားဖြစ်ကြောင်း
✨ (၂) အသိဉာဏ်ပါသော ကြောက်လန့်မှု (သံဝေဂ) ၏ တန်ဖိုး
✨ (၃) ဘဝအတွက် မရှိမဖြစ်လိုအပ်သော တရား (၄) ပါး
စသည် တို့ကို သိရှိနိုင်မည်ဖြစ်ပါသည်။
မိမိတို့ရဲ့ သန္တာန်မှာ အရှက်တရား (ဟီရိ) ကို အရင်းခံပြီး အကုသိုလ်တွေကို ပိတ်ဆို့ကာ သူတော်ကောင်းတရားတွေ တိုးပွားအောင် အားထုတ်နိုင်ကြစေဖို့ ဤတရားတော်မြတ်ကို နာယူကြည်ညိုကြပါရန် ဓမ္မဒါနအဖြစ် နှိုးဆော်လိုက်ရပါသည်ခင်ဗျာ။ 🙏Admin _ { @wtp14141414✅ }
ခေါင်းစဉ် - 🙏အိပ်မောကျသူ နှင့် နိုးကြားသူ
ကြာချိန် - ၄၈ မိနစ် ၄၇ စက္ကန့်
━━━━━━━━━━━━━━━━━━
တရားချစ်ခင် သူတော်စင်တို့ခင်ဗျာ🙏
☸ယခု တရားတော်ကို နာယူခြင်းဖြင့် မိမိတို့၏ နေ့စဉ်ဘဝမှာ အသက်ရှင်နေထိုင်နေကြသော်လည်း တကယ်တမ်း "နိုးကြားနေသူ" လား၊ သို့မဟုတ် ကုသိုလ်တရားတွေ မေ့လျော့ပြီး "အိပ်မောကျနေသူ" လားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။
☸ထို့အပြင် ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ဖို့ ဗြဟ္မစိုရ်တရားလေးပါးဖြင့် စိတ်ထားမှန်ကန်အောင် မည်သို့ထားရမည်ကိုလည်းကောင်း၊ အခြေခံ သုစရိုက်တရားများမှသည် ကိလေသာခပ်သိမ်း ကင်းငြိမ်းရာ "ထာဝရနိုးကြားသူ" ဖြစ်စေမည့် မဂ္ဂင်ရှစ်ပါး လမ်းစဉ်အထိ ခရီးစဉ်တစ်ခုလုံးကို ရှင်းလင်းပြတ်သားစွာ သိရှိနားလည်နိုင်ကြမည် ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်။
🙏 တရားတော်ကို အစအဆုံး နာယူကြည့်ရှုကြပါရန် ဖိတ်မန္တကပြုအပ်ပါသည်။
မြတ်ဗုဒ္ဓ၏အလိုကျပြည့်စုံသောလူ့ဘဝအကြောင်းတရားတော် မှ ထုတ်နုတ် ပူဇော်ပါသည်။🪷
ခေါင်းစဉ် - မြတ်ဗုဒ္ဓ၏အလိုကျပြည့်စုံသောလူ့ဘဝအကြောင်းတရားတော်🙏
ကြာချိန် - ၁နာရီ ၁မိနစ် ၁၉ စက္ကန့်
အခြေခံသုတ္တံ - ပတ္တကမ္မသုတ်
━━━━━━━━━━━━━━━━━
ကျွန်တော်တို့ လောကလူသားတွေဟာ ဘဝမှာ အကောင်းတွေကိုပဲ ရှာဖွေရင်း အဆိုးတွေ ကြုံလာရတဲ့အခါ လမ်းပျောက်ပြီး စိတ်ပင်ပန်းကြရလေ့ရှိပါတယ်။ ဒီတရားတော်ဟာ ဘဝရဲ့ တကယ့် အမှန်တရားဖြစ်တဲ့ အပြောင်းအလဲတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ဖို့ နှလုံးသွင်းနည်းတွေကို လမ်းညွှန်ပေးထားပါတယ်။
ဒါ့အပြင် မြတ်ဗုဒ္ဓရဲ့ အလိုကျအတိုင်း ယခုဘဝတင်မက နောင်ဘဝပါ ပြည့်စုံကောင်းမွန်အောင်—
☸️မိမိတို့ လိုလားတောင့်တအပ်တဲ့ စီးပွား၊ ဂုဏ်သတင်း၊ အသက်ရှည်မှုနဲ့ သုဂတိဘဝတွေကို ရရှိစေမယ့် ကျင့်စဉ်တွေ၊
☸️ရှာဖွေလို့ရလာတဲ့ ပစ္စည်းဥစ္စာတွေကို မိသားစု၊ ဆွေမျိုး၊ လူမှုပတ်ဝန်းကျင်အတွက် စနစ်တကျ အသုံးချပြီး အပြင်ရော အတွင်းပါ ပြည့်စုံအောင် နေထိုင်နည်းတွေ၊
☸️ဝိပဿနာတရား ဆင်ခြင်ခြင်းဖြင့် သေခြင်းတရားကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ပုံတွေကို စနစ်တကျ ဟောကြားထားတာမလို့...
လူ့ဘဝမှာ ဘာတွေလုပ်လို့ ဘယ်လိုလျှောက်လှမ်းရမလဲ တွေဝေနေသူတိုင်း မဖြစ်မနေ နာယူမှတ်သားသင့်တဲ့ တရားတော်ကောင်းတစ်ခု ဖြစ်ပါကြောင်း ဓမ္မလက်ဆောင်အဖြစ် မျှဝေလိုက်ရပါတယ်ခင်ဗျာ။🙏
