ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Mystery of Humanoid Puppet (2024) ⭐TMDB: 0% User Score 🎬 #Action #Drama #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Detective Dee ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ လူသားရုပ်သေးရုပ်အမှုဖြစ်ပါတယ်။ဒီတစ်ခါတော့ စုံထောက်ကြီးဒီးနေရာမှာ ထိုင်ဝမ်မင်းသားချောDylan Kuo ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မိဖုရားခေါင်ကြီးရဲ့အပန်းဖြေနန်းဆောင်မှာမီးအကြီးအကျယ်လောင်ရာကစတင်ပါတယ်။ မိဖုရားခေါင်ကြီးရဲ့အပန်းဖြေနန်းဆောင်မီးလောင်တဲ့အတွက် ဒါကမိဖုရားခေါင်ကြီးကိုပစ်မှတ်ထားတာဖြစ်နိုင်တယ်ဆိုပြီးတော့ စုံထောက်ကြီးဒီးကိုနန်းတွင်းကိုဆင့်ခေါ်ပြီး အမှုကိုစုံစမ်းခိုင်းပါတယ်။မီးလောင်သွားတဲ့နန်းဆောင်မှာ အရွယ်ရောက်ပြီးသားလူအရွယ်အစားရှိတဲ့သစ်သားရုပ်တစ်ရုပ်ကိုတွေ့ရပါတယ်။ ထူးခြားတာကတော့သစ်သားရုပ်ရဲ့နောက်ကျောမှာ မိဖုရားခေါင်ကြီးရဲ့ဇာတာကိုထွင်းထားပြီးသစ်သားရုပ်ဟာသွေးထွက်တတ်နေတာပဲဖြစ်တယ်။ ဒီဂန္ဘီရဆန်တဲ့ဖြစ်ရပ်တွေရဲ့ နောက်ကွယ်ကအမှန်တရားဟာဘာဖြစ်နေမလဲ။စုံထောက်ကြီးဒီးရဲ့ထုံးစံအတိုင်း ရှေးခေတ်မှုခင်းဇာတ်လမ်းတွေကြိုက်တဲ့သူတွေစိတ်မပျက်စေရတဲ့အပြင် အရည်အသွေးရှိတဲ့သရုပ်ဆောင်တွေပါဝင်ထားပြီးတော့ပီပြင်တဲ့အက်ရှင်နဲ့ Effectsတွေနဲ့သေချာရိုက်ထားတာကြောင့်စိတ်ကျေနပ်စရာဇာတ်ကားတစ်ကားဖြစ်ပါတယ်။
...

A Short Film About Killing (1988) ⭐TMDB: 76% User Score 🎬 #Crime #Drama 🗓 1988 🎞 movie 🌎 #Poland ⏰ 1 နာရီ 26 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rt-90% ~ IMDb-8.0 ပိုလန်ဒါရိုက်တာ Krzysztof Kieslowski ရဲ့ လက်ရာကောင်း ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ရိုက်ပြတဲ့ ကင်မရာရှုထောင့်တွေက သဘောကျစရာကောင်းတဲ့အပြင် rating တွေကလည်း ကောင်းတာမလို့ အေးဆေးခံစားကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ တက္ကစီဆရာ ဝေါဒီမာ၊ အိမ်ခြေရာမဲ့ လူငယ် ယာဆက်နဲ့ ဘားစာမေးပွဲဖြေပြီး ရှေ့နေဖြစ်လာတော့မဲ့ ပီရော့တာတို့ကို ရှုထောင့်သုံးခုကနေ ရိုက်ပြထားပါတယ်။ သူတို့သုံး‌ ယောက်ကြားထဲက ဆက်နွယ်မှု၊ လူသ-တ်မှုတစ်ခုကျူးလွန်ပုံနဲ့ ‌ေ-သဒဏ်ကျခံရပုံတို့ရဲ့ ရက်စက်မှုကိုအပြန်အလှန်ရိုက်ပြထားတာပဲဖြစ်ပါတယ်။ မိုးအေးအေးနဲ့ခံစားကြည့်ရှုလိုက်ကြပါဦးဗျ။
...

Jurassic Invasion (2024) ⭐TMDB: 10% User Score 🎬 #Drama #ScienceFiction 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 13 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက်နောက်ထပ် သိပ္ပံကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ ။ဇာတ်လမ်းအကျဉ်းလေးကတော့လီဝေက ဇီဝဗေဒနဲ့သိပ္ပံပညာမှာ အရမ်းထူးချွန်တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ် ။ ဒါပေမဲ့ D-TACH ကုမ္ပဏီကိုရောက်ပြီးကတည်းက ကမ္ဘာဦးသက်ရှိ‌တွေနဲ့ မျိုးရိုးဗီဇပေါင်းစပ်ခြင်းစမ်းသပ်ချက်တွေအမြဲလုပ်နေပေမဲ့ မအောင်မြင်ခဲ့ပါဘူး ။ သူ့ရဲ့စမ်းသပ်ချက်တွေမှာ ပြဿနာမရှိဘူးလို့သူထင်ပေမဲ့စမ်းသပ်ချက်တိုင်းက ကျရှုံးနေတော့ သံသယဝင်စရာဖြစ်လာပါတယ် ။အဲဒီအချိန်မှာပဲ နိုင်ငံတော်ရဲ့ ဇီဝသက်ရှိမျိုးစိတ်များကာကွယ်ရေးဌာနကနေတရားမဝင်စမ်းသပ်မှုတွေလုပ်နေတယ်ဆိုတဲ့သတင်းကြောင့်လာရောက်စစ်ဆေးချိန်မှာတော့…ပြဿနာတစ်ခုလုံးရဲ့ အရင်းအမြစ်ကိုရှာတွေ့သွားပါတော့တယ် ။ လီဝေတစ်ယောက် စမ်းသပ်ချက်တွေမအောင်မြင်ရတဲ့နောက်ကွယ်ကအမှန်တရားကဘာဖြစ်နေမလဲ ? မျိုးရိုးဇဗီဇပေါင်းစပ်ပြီးအသွင်းကူးပြောင်းစေတဲ့ တရားမဝင်စမ်းသပ်ချက်ဆိုတာကရောဘယ်လိုကိစ္စမျိုးဖြစ်နေမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာပဲ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ပါအုံး
...

Love in the Afternoon (1972) ⭐TMDB: 72% User Score 🎬 #Comedy #Drama #Romance 🗓 1972 🎞 movie 🌎 #France ⏰ 1 နာရီ 38 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူဆိုတစ်မျိုးတည်းကိုပဲ ထပ်ခါတလဲလဲမြင်နေရရင် ရိုးလာကြတာပါပဲ။ ဒီဇာတ်ကားမှာလဲ ဖရက်ဒရစ်ဆိုတဲ့ ပဲရစ်က အောင်မြင်နေတဲ့ ရှေ့နေ့တစ်ယောက်က ဟယ်လင်နာဆိုတဲ့ မိန်းမနဲ့ပျော်ပျော်ရွှင်ရွှင် ကလေးတွေယူပြီး လက်ထပ်ထားတာပါပဲ။ ဒါပေမဲ့ သူ့မှာတခြား အိမ်ကမိန်းမကိုရိုးပြီးတော့ တခြားမိန်းမတွေနဲ့ ဖောက်ပြန်ချင်တဲ့စိတ်ကူးယဉ် ဇာတ်လမ်းတွေရှိနေပါတယ်။ တနေ့မှာ ကလိုဝီဆိုတဲ့ သူငယ်ချင်းဟောင်း တစ်ယောက်နဲ့ပြန်တွေ့ပြီးတော့ သူလိုချင်တဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်နေပါတယ်။ ကလိုဝီနဲ့ သူ့မိန်းမကြားမှာ ခံစားချက်လွန်ဆွဲရင်း ဖရက်ဒရစ် အနေနဲ့ ဘယ်ဘက်ကိုပါသွားမလဲ ဆိုတာကတော့ ဇာတ်လမ်းထဲမှာကြည့်လိုက်ပါခင်ဗျ
...

Paris When It Sizzles (1964) ⭐TMDB: 63% User Score 🎬 #Comedy #Romance 🗓 1964 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သမ္ဘာရင့်ဇာတ်ညွှန်းရေးဆရာကြီး ရစ်ချက်ဘန်ဆင်ဟာ ထုတ်လုပ်သူ အက်လဇန္ဒားမေယာအင်းဆီ ရုပ်ရှင်ဇာတ်လမ်းသစ်တစ်ခု ရောင်းချထားပါတယ်။ ပြဿနာက ဇာတ်ညွှန်းအပ်ဖို့ ရက်နီးလာတဲ့အထိ ဘာတစ်ခုမှ မရေးရသေးဘဲ ပဲရစ်မြို့မှာပဲ လတ်လျားလတ်လျားအချိန်ဖြုန်းနေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ဘန်ဆင့်ဆီ ဂဘရီအယ်လ်ဆင့်ပ်စင်ဆိုတဲ့ စာရိုက်အကူရောက်လာတဲ့အချိန်မှာတော့ ဘန်ဆင့်ရဲ့အချစ်ဇာတ်လမ်းလေးက တဖြည်းဖြည်းချင်း ရုပ်လုံးကြွလာပါတော့တယ်။ ပဲရစ်မြို့ရဲ့ အလှ၊ ပြင်သစ်အမျိုးသားနေ့ ခမ်းနားပုံကို တစ်စွန်းတစမြင်တွေ့ရမယ့်အပြင် မင်းသားချောလေး William Holden နဲ့ အလှလေး Audrey Hepburn တို့ရဲ့ ထိထိမိမိသရုပ်ဆောင်ပုံတွေကြောင့် ဟာသရိုမန့်တစ်ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းလေးပါ။
...

The Ring Two (2005) ⭐TMDB: 57% User Score 🎬 #Horror #Mystery #Drama #Thriller 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ The​ Ring ဆိုတဲ့horror ကားကောင်းလေးကို တင်ဆက်ပေးပါရစေ တစ်ချို့သဘာဝလွန်ဖြစ်ရပ်တွေက တကယ်​ရှိတယ်​ မရှိဘူးပြောလို့မရဘဲ ကိုယ်တိုင်ကြုံတွေ့မှလက်ခံလို့ရတာမျိုးဗျ ဒီဇာတ်ကားလေးထဲမှာလည်းအဲလိုပဲ ရေချယ်လ်နဲ့သားဖြစ်သူ အေဒန်တို့ကြုံတွေ့နေရတဲ့ သဘာဝလွန်ဖြစ်ရပ်က ဘေးလူတွေ အတွက်တော့​ မယုံနိုင်စရာရူးကြောင်ကြောင်ပုံပြင်လိုပါပဲ ရေချယ်လ်ရဲ့သားဖြစ်သူအေဒန်ဟာ​ ဆမာရာဆိုတဲ့သေပြီးသား ကလေးမလေးရဲ့ဝိညာဥ်ပူးကပ်ခြင်းကိုခံနေရတာပါ ဒီလိုမျိုးပူးကပ်ခံရတာမှာအေဒန်ဟာပထမဆုံးကလေးတော့မဟုတ်ပါဘူး ရှေ့မှာလည်းအေဒန့်လိုမျိုးပူးကပ်ခံရတဲ့ကလေးတွေရှိပါသေးတယ် ကလေးတွေ​ကိုပူးကပ်တတ်တဲ့ဆမာရာဟာ စိတ်ကျဝေဒနာ ခံစားနေရတဲ့မိခင်ဖြစ်သူကြောင့် သေဆုံးခဲ့ရတဲ့ကလေးလေးပါ မိခင်ကောင်းတစ်ယောက်လိုချင်တဲ့ဆမာရာတစ်ယောက် ဝိညာဉ်​ ဘဝနဲ့ကလေးတွေကိုလိုက်ပူးကပ်ရင်းမိခင်ရဖို့ကြိုးစားရင်းနဲ့ အေဒန်ဆီကိုပူးကပ်ရာကနေ အေဒန်လေးဟာ လူတစ်ကိုယ် စိတ်နှစ်မျိုးလိုဖြစ်သွားတတ်ပါတယ် ဒီလိုဖြစ်ရပ်ကနေလွတ်မြောက်ချင်လို့ မူလနေထိုင်ရာမြို့က နေထွက်ပြေးတိမ်းရှောင်လာကြပေမယ့် အေဒန်ဟာ ဆမာရာရဲ့ ပူးကပ်မှုကိုမလွတ်မြောက်နိုင်ဘဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်ပါ
...

The Tiger (2015) ⭐IMDB: 7.2/10 (7 k Votes) 🎬 #Action #Drama #Historical #Thriller #History #Adventure 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 21 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Tiger (2015) ***************** Old Boy ရုပ်ရှင်ထဲမှ မင်းသားကြီး Choi Man Sik အပြင် နာမည်ကြီး ဇာတ်ပို့ဇာတ်ရံတွေ များစွာပါဝင်တဲ့ The Tiger ဆိုတဲ့ ကားလေးကတော့ ဂျပန်လက်အောက်ရောက်နေတဲ့ ဂျိုဆွန်းပြည်ကို နောက်ခံထားရိုက်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ၁၉၂၅ ခုနှစ် ဂျပန်တွေက ဂျိုဆွန်းကို နယ်ချဲ့ထားခဲ့စဉ် အမဲလိုက်သမားတွေကိုလည်း လွတ်လွတ်လပ်လပ် အမဲလိုက်ခွင့် မပေးဘဲ သူတို့ ညွှန်ကြားချက်ရမှသာ အမဲလိုက်စေတယ်။ သားကောင်တွေ ပေါများပြီး အမဲလိုက်သမားတို့ ကျက်စားရာဖြစ်တဲ့ ဂျီရီတောင်ကို ဂျပန်တွေ မျက်စိကျလာပြီး ‌ဂျီရီတောင်က တောင်အရှင် တောဘုရင်ကျားကြီးကို ဖမ်းဆီးချင်လာကြတယ်။ ဒါပေမဲ့ ဂျပန်တပ်သားတွေနဲ့ ဂျိုဆွန်းအမဲလိုက်သမားတွေ ပူးပေါင်းပြီး ဖမ်းတာတောင်မှ ဘယ်လိုမှ မဖမ်းဆီးနိုင်ခဲ့တဲ့အပြင် အတုံးအရုံး သေကြေလာကြရတဲ့အခါ ဘုရင်ခံက အမဲလိုက်ဘုရင် ချွန်းမန်ဒုကို တောင်အရှင်ကျားကြီးကို ဖမ်းဆီးပေးဖို့ တွန်းအားပေးလာပါတော့တယ်။ တောင်အရှင်ကျားကြီးနဲ့ အမဲလိုက်ဘုရင်ချွန်းမန်ဒုတို့ ထိပ်တိုက်တွေ့ကြရာမှာ ဘယ်သူနိုင်သွားမလဲ ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးကြပါဦးနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Miri မှ ဘာသာပြန်ရေးသားထားပါတယ်။)
...

Justice League: Crisis on Infinite Earths, Part Three (2024) ⭐IMDB: 6.0/10 (811 Votes) 🎬 #Action #Animation #ScienceFiction #Adventure #Drama #Fantasy #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။ အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။
...

Devil's Horns (2024) ⭐IMDB: 4.0/10 (37 Votes) 🎬 #Drama #Horror 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 21 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သရဲကားကောင်းကောင်းလေးတွေမှ ကြည့်ချင်သူတွေအတွက် အင်ဒိုသရဲကား ကောင်းကောင်းလေးတစ်ကားကို ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ အင်ဒိုနီးရှားသည်းထိပ်ရင်ဖိုသရဲကားတွေကလည်း အခု နောက်ပိုင်းမှာ ထိုင်းသရဲကားတွေနီးနီးလိုက်မှီလာတာကို တွေ့ရမှာပါ။ယဉ်ကျေးမှုရိုးရာတွေကလည်း ခပ်ဆင်ဆင် ဖြစ်တဲ့အတွက် ဘာသာစကားသာ မကွာခြားဘူးဆိုရင် ထိုင်းသရဲကားလို့တောင် ထင်မိမှာအမှန်ပါပဲ။အခု တင်ဆက် ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Tanduk Setan (Devil’s Horn) ဖြစ်ပြီး ကျေးလက်ဒေသဖက်မှာ ကြုံတွေ့ ရတတ်တဲ့ အဖြစ်အပျက်တွေအကြောင်းကို သည်းထိပ်ရင်ဖို စရာကောင်းအောင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ရွာတစ်ရွာမှာ ဆူမီရာဆိုတဲ့ အမျိုးသမီးတစ်ယောက်က မီးဖွားခါနီးပြီဖြစ်တဲ့အတွက် ယောက်ျားဖြစ်သူရော အမေ ဖြစ်သူရော တစ်အိမ်လုံးအလုပ်တွေရှုပ်ယှက်ခတ်နေပါ တော့တယ်။သားဖွားဆရာမရယ် ရွာထဲကအမျိုးတွေထဲက ကလေးလာကြည့်တဲ့သူတွေရယ် ယောက်ျားဖြစ်သူဂျာရာရဲ့ သူငယ်ချင်းတွေနဲ့ ဝင်လိုက်ထွက်လိုက်ဖြစ်နေခဲ့ပြီး ရိုးရိုး ရှင်းရှင်းညလေးတစ်ညဖြစ်ခဲ့ပါတယ်။ဒါပေမယ့် မနေ့က မနက်ကတည်းက ဗိုက်အောင့်နေပြီး နောက်ရက်မိုးလင်းတဲ့ အချိန်အထိ ကလေးမမွေးနိုင်သေးတဲ့အခါမှာတော့ ဆေးရုံကို တန်းပြေးရပါတော့တယ်။ကားက နှစ်ယောက်တည်းစီးလို့ ရတဲ့ကား ဖြစ်နေတဲ့အတွက် ဂျာရာနဲ့ဆူမီရာတို့နှစ်ယောက်တည်း မြို့မှာ ဆေးရုံပြဖို့ထွက်လာခဲ့ကြပါတော့တယ်။မြို့ကိုသွားတဲ့ လမ်းမှာ ထူးဆန်းမှုတွေအများကြီးကြုံတွေ့ခဲ့ရပြီး နောက်ဆုံး ရောက်သွားခဲ့ပေမဲ့ ရောက်သွားတဲ့ဆေးရုံကြီးကကြောက်မက် ဖွယ်ရာဆေးရုံကြီးဖြစ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမယ် ဆိုတာကိုသည်းထိပ်ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။
...

A Sacrifice (2024) ⭐IMDB: 4.7/10 (535 Votes) 🎬 #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #Germany #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသစ်ထွက်ရှိလာတဲ့အမေရိကန်ရုပ်ရှင် A Sacrifice မှာတော့ ဂျာမနီမှာလာရောက်အခြေချနေထိုင်နေတဲ့ အမေရိကန်လူမှုစိတ်ပညာရှင်ဘင်မွန်ရိုးဟာ ယုံကြည်မှု အစွန်းရောက်တဲ့ဂိုဏ်းတွေရဲ့စိတ်နေစိတ်ထားကို လေ့လာစူးစမ်းနေသူတစ်ဦးပါ။ ဘင်ရဲ့ဆယ်ကျော်သက်အရွယ်သမီးလေးမတ်ဇီက ဘင်ရှိတဲ့ဂျာမနီမှာ အမေရိကန်ကနေကျောင်းလာ တက်ချိန်မှာတော့ မာတင်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ပတ်သက်ခဲ့မိပါတယ်။ ဒါပေမဲ့ မာတင်က သာမန်ကောင်လေး တစ်ယောက်မဟုတ်ဘဲ အစွန်းရောက်ဂိုဏ်းတစ်ခုနဲ့ ဆက်နွယ်နေပြီး မတ်ဇီကိုပါဆွဲသွင်းဖို့ကြိုးစားလာတဲ့ အခါမှာတော့ ဘင်တစ်ယောက် မတ်ဇီရဲ့အသက်ကို အစွန်းရောက်ဂိုဏ်းရဲ့လက်က ဘယ်လိုကယ်တင်မလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။
...

The Goat Life (2024) ⭐IMDB: 8.5/10 (8 k Votes) 🎬 #Adventure #Bollywood #Drama 🗓 2024 🎞 movie 🌎 #India #UnitedStates #Haiti #UnitedStatesofAmerica ⏰ 2 နာရီ 51 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aadujeevitham – The Goat Life (2024)“ကန္တာရအလယ်” IMDb 8.6 ပရိသတ်ကြီးအတွက် မလေယာလမ်ရုံတင်ကားသစ်ကြီးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ၂၀၀၈ ထုတ် ဖြစ်ရပ်မှန်ဝတ္ထုကို ရိုက်ကူးထားတဲ့ ဒီကားလေးမှာဆိုရင်Saalar, Bade Miyan Chote Miyam တို့လို နာမည်ကြီးကားတွေထဲကမင်းသား Prithviraj Sukumaran ပါဝင်ထားပြီးရုံတင်ဝင်ငွေ ၁၆၀ ကုဋေ ရထားတဲ့အပြင် တတိယဝင်ငွေအကောင်းအဆုံးမလေယာလမ်ရုပ်ရှင်အဖြစ် ရပ်တည်နေပါတယ် ကနဦးအနေနဲ့ အာရပ်နိုင်ငံတိုင်းလိုလိုက ပိတ်ပင်ခဲ့ပြီး အခုလက်ရှိ ဆော်ဒီအာရေးဗျနဲ့ ကူဝိတ်လို နိုင်ငံတွေက ပိတ်ပင်ထားဆဲပါအရှေ့အလယ်ပိုင်းမှ ဆော်ဒီ၊ ကာတာတို့ကို ချမ်းသာတဲ့ ရေနံနိုင်ငံတွေအဖြစ် လူသိများကြတယ်သူတို့ဘက်က ခေါင်းဆောင်တွေကလည်း ကမ္ဘာ့အလယ်မှာ သူတို့နိုင်ငံ ဂုဏ်သတင်းကျော်ဇောစေရန်အဘက်ဘက်က လုပ်ဆောင်လာကြပေမယ့် လူအများစုရဲ့စိတ်ထဲမှာတော့ ပြစ်ချက်တစ်ခုကရှိနေတုန်းပါ အဲဒါကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါပဲ ဒီရုပ်ရှင်ဇာတ်လမ်းအကျဥ်းကို ပြောရရင် နာဂျိဘ်ဆိုတဲ့မလေယာလမ် အိန္ဒိယလူမျိုးတစ်ဦးနဲ့ ဟာကင်ဆိုတဲ့ ခပ်ငယ်ငယ်ကောင်လေးတို့ဟာ ဆော်ဒီနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာကြပါတယ် အေးဂျင့်စကားအရ ကုမ္ပဏီမှာ အလုပ်ရမယ် မြို့မှာနေစရာရမယ်လို့ ယုံကြည်ထားတဲ့သူတို့နှစ်ယောက် လာခေါ်တဲ့ကားနဲ့ လိိုက်လာတာ တဖြည်းဖြည်းညဥ့်နက်လို့ဝေးလံခေါင်ဖျားတဲ့ သဲကန္တရကို ရောက်သွားတယ် တစ်နေရာရောက်တော့ သူတို့နှစ်ယောက်ကို တစ်နေရာစီပို့ခံလိုက်ရပြီး ဘာသာစကားလည်းမသိ၊ပြောဆိုဆက်ဆံစရာ ကုလားအုတ်တွေပဲ ရှိတဲ့ သဲကန္တာရမှာ ပင်ပန်းဆင်းရဲကြီးစွာကျွန်လိုအလုပ်လုပ်ရင်း အိမ်ပြန်လမ်းကို ပြန်တွေ့နိုင်ဦးမှာလား ဆိုတာကတော့ ….. အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Vanished Into the Night (2024) ⭐IMDB: 5.2/10 (2 k Votes) 🎬 #Drama #Thriller #Mystery 🗓 2024 🎞 movie 🌎 #Italy ⏰ 1 နာရီ 33 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုဇာတ်ကားလေးကတော့ ဒရမ်မာအမျိုးအစားဖြစ်ပြီး အကြွေးတွေပတ်လည်ဝိုင်းနေပြီး မိန်းမနဲ့ပါ ကွာရှင်းဖို့ တရားရင်ဆိုင်နေရတဲ့ Pietro တစ်ယောက် မိန်းမဖြစ်သူ Elena မှ ခရီးသွားဖို့ ရှိတာကြောင့် ကလေးနှစ်ယောက်ကို Pietro ရဲ့အိမ်မှာ ထားခဲ့ရာ ကလေးနှစ်ယောက်လုံး ပြန်ပေးဆွဲခံလိုက်ရတယ်။ ပြန်ပေးသမားမှ ပြန်ပေးငွေတောင်းရာ Pietro တစ်ယောက် ကလေးတွေကို ကယ်တင်ဖို့ ငွေကို ဘယ်လိုရှာမလဲ၊ ကလေးတွေကိုရော အန္တရာယ်ကင်းကင်းနဲ့ ပြန်ပေးသမားလက်ထဲကနေ ပြန်ခေါ်နိုင်ပါ့မလား၊ ပြန်ပေးသမားကရော ဘယ်သူလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးလို့
...

Moorane Krishnappa (2024) ⭐IMDB: 8.6/10 (32 Votes) 🎬 #Bollywood #Drama #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Moorane Krishnappa (2024)“အထူးဧည့်သည်တော်” ဝေဖန်ရေးဆရာတွေရဲ့ ရီဗျူးကောင်းတွေ ရထားတဲ့ အသစ်ထွက် ကန်နားဒါးကျေးလက်ဟာသ ရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ် ကျေးရွာဥက္ကဌတစ်ဦးဟာ ရွာဘုရားကျောင်းသစ်ကို တည်ဆောက်ပေးထားပြီးဖွင့်လှစ်ပွဲအတွက် အထူးဧည့်သည်တော် နာမည်ကြီးဟာသသရုပ်ဆောင်တစ်ယောက်ကိုဖိတ်ခေါ်ထားတာ ဖြစ်ပါတယ် အကြောင်းမှာဖြင့် လာမယ့်ရွေးကောက်ပွဲမှာ ပြိုင်ဘက်ထက် မဲအသာရစေဖို့ဘာသာရေးအမည်တပ်ပြီး ရွာသားတွေအကြိုက်ဆောင်ဖို့ပါပဲဖြစ်ချင်တော့ ငါးရက်အလိုမှာ အဆိုပါနာမည်ကြီးမင်းသားဟာရုတ်တရက်ဆုံးသွားလို့ ဘုရားကျောင်းဖွင့်ပွဲအတွက်အထူးဧည့်သည်တော်တစ်ဦးကို အလျင်အမြန်ရှာဖွေဖို့လိုလာတဲ့အခါမှာခရစ်ရှ်နာပါဆိုသူ ရွာက သင်္ချာဆရာတစ်ယောက်ကို ခေါ်ပြီးသူ့ရဲ့အဆက်အသွယ်နဲ့ နာမည်ကြီးပုဂ္ဂိုလ် ရှာပုံတော်ဖွင့်ကြပုံကိုဟာသလေးနှောပြီး ပရိသတ်ပြုံးပျော်စေနိုင်ဖို့ တင်ဆက်ထားတဲ့ဒီရုပ်ရှင်လေးမှာ ဆက်လက်အားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်က​တော့ CM Bollywood Team က ဖြစ်ပါတယ်
...

Love Rites (1987) ⭐TMDB: 46% User Score 🎬 #Adult #Drama #Mystery 🗓 1987 🎞 movie 🌎 #France ⏰ 1 နာရီ 41 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Rites (1987) Ceremonie damour Ceremonie damour ဟာ Drama,Mystery အမျိုးအစား ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပြင်သစ်တွေရဲ့တင်ဆက်ပုံအတိုင်း ပွင့်လင်းရှတပြီး ဘာအရသာမှန်းမသိ ဒီတိုင်းလိုက်ပါစီးမျောရမယ့်ကားပါ။ ဇာတ်လမ်းကတော့….ဟျူဂိုအာနိုးဒ်ဟာ ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာတော့ မြေအောက်ရထားဘူတာရုံမှာ မာရီယမ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ မာရီယမ်ဟာပြည့်တန်ဆာတစ်ယောက်ဖြစ်ပြီး ရမ္မက်လည်းအလွန်ကြီးလှပါတယ်။ ဟျူဂိုမသိခဲ့တာက မာရီယမ်ဟာ အဲ့ထက်ပိုတဲ့ လိုအင်ဆန္ဒတွေရှိနေတာကိုပဲ။ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့….။ (Dark Side Production မှ တင်ဆက်သည်။)
...

The Rose Tattoo (1955) ⭐TMDB: 69% User Score 🎬 #Comedy #Drama #Romance 🗓 1955 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ 1955 တုန်းက ထွက်ခဲ့တဲ့ အဖြူအမည်းကားလေးပါ။ IMDB rating 6.9 (nice) ရထားပြီးတော့ ဆုတွေအတော်များများရထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ လင့်မျက်နှာ တစ်ကမ္ဘာဆိုတဲ့ ဆယ်ရာဖီနာ ဟာ ယောင်္ကျားဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်မှာ နှစ်နဲ့ချီ ပူဆွေးပြီး အိမ်တွင်းအောင်းနေခဲ့ပါတယ်။ ဒီလိုနေလာရင်းကနေ အိမ်ကို အဝတ်ချုပ်ဖို့ လာအပ်တဲ့ မိန်းမနှစ်ယောက်နဲ့ စကားများရာက သူ့ ယောင်္ကျားဟာ သူ့အပေါ်ဖောက်ပြန်ခဲ့တယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒါကိုပဲ ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်ရင်း ချစ်ရသူကို ဆုံးရှုံးရတာရော သစ္စာဖောက်ခံရတာရောကို ဘယ်လိုဘယ်နည်းနဲ့ ကုစားမယ်ဆိုတာ ဒီဇာတ်ကားထဲမှာ ကြည့်ရမှာပါ။
...

Liberty Stands Still (2002) ⭐TMDB: 54% User Score 🎬 #Action #Drama #Thriller 🗓 2002 🎞 Series 🌎 #Canada #Germany #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့၂၀၀၂ခုနှစ်ကထွက်ရှိခဲ့တဲ့ Liberty Stands Still လို့ခေါ်တဲ့ Action/Thriller ဇာတ်ကားလေးဖြစ်ပါတယ်…..Blade မင်းသားလို့ လူသိများကြတဲ့ မင်းသားကြီး Wesley Snipes ရဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ….. သူ့ရဲ့ ဇာတ်လမ်းလေးကတော့… Liberty လို့ခေါ်တဲ့သေနတ်ထုတ်လုပ်သူတစ်ဦးရဲ့ ဇနီးက သူ့သမီးသေဆုံးမှုကို ကလဲ့စားချေချင်နေတဲ့လူတစ်ဦးရဲ့ခြိမ်းခြောက်ခြင်းကိုခံရပြီးဗုံးတစ်လုံးနဲ့အတူချည်နှောင်ခံခဲ့ရပါတယ် အဲဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတဖြည်းဖြည်းချင်းကြည့်ရူရမယ့်ကားလေးဖြစ်ပါတယ်‌ Action ဆိုပင်မဲ့လည်းအရမ်းကြီးချနေတာမျိုးမဟုတ်ဘဲဖြည်းဖြည်းချင်းစကားပြောတာတွေကိုနားထောင်ပြီးဇာတ်လမ်းကိုစိတ်ဝင်စားဖွယ်ကြည့်ရမယ့်ရုပ်ရှင်မျိုးဖြစ်ပါတယ်
...

Project Papa (2018) ⭐TMDB: 0% User Score 🎬 #Bollywood #Drama 🗓 2018 🎞 Series 🌎 #India ⏰ 1 နာရီ 33 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Project Papa (2018)IMDb – 6.2/10 သားဖနှစ်ယောက်ကြားက ချိုမြိန်တဲ့ ချစ်ခြင်းတရားနဲ့ ဂရုစိုက်မှုတွေကို တငြိမ့်ငြိမ့်ခံစားစေရမဲ့ဝေဖန်ရေးဆရာတွေဆီက ချီးကျူးမှုတွေ ဆုတွေအများကြီးရခဲ့တဲ့မိသားစုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အနီးမှာရှိတဲ့မိသားစုကို အချိန်မပေးနိုင်ဘဲ အလုပ်ထဲမှာပဲစိတ်ကိုနှစ်မြှုပ်ထားနေတဲ့ စိတ်ဖိစီးမှုတွေနဲ့အမျိုးသမီးတစ်ယောက်။ သူ ရုတ်တရက်တွေးသိလိုက်ရတာ အဖေဖြစ်သူမှာအယ်လ်ဇိုင်းမားရောဂါခံစားနေရတဲ့ အရိပ်အယောင်တွေ။ ဒီမှာပဲ အလုပ်တွေကို ပစ်ချထားခဲ့ပြီး အဖေဖြစ်သူရဲ့ကျန်းမာရေးကိုဂရုစိုက်ဖို့ကြိုးစားပါတော့တယ်။ မေတ္တာတရားဆိုတာမျိုးက အသွားအပြန်ရှိမှဆိုတာမျိုးတစ်လမ်းသွားပဲဆိုတာမျိုးတွေတွေးနေဖို့မလိုပါဘူး။ အချိန်တွေက တရွေ့ရွေ့နဲ့ ကုန်ဆုံးနေတာ။ ဘယ်လောက်ထိကြာရှည်မလဲဆိုတာ ကျွန်တော်တို့တွေမသိဘူး။ဒီတော့ အနီးအနားက ချစ်ခင်ရတဲ့ မိသားစုတွေ မိတ်ဆွေတွေရယ်နဲ့ မေတ္တာတရားရယ်၊ပျော်ရွှင်မှုတွေရယ်နဲ့ကုန်ဆုံးဖို့ ကြိုးစားကြရအောင်လားဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vဖြစ်ပါတယ်)
...

Buffalo Soldiers (2002) ⭐TMDB: 62% User Score 🎬 #Comedy #Crime #Drama #War #Thriller 🗓 2002 🎞 movie 🌎 #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ Joker ရုပ်ရှင်ရဲ့ Joker ကြီးအဖြစ် လူသိများကြတဲ့ ကျွန်တော်တို့ရဲ့ အော်စကာဆုရမင်းသားကြီး Joaquin Phoenix က အဓိကဇာတ်ကောင်အဖြစ်ပါဝင် သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလ အနောက်ဂျာမဏီက အမေရိကန်စစ်စခန်းတစ်ခုကို ဇာတ်အိမ် တည်ရိုက်ကူးထားပါတယ်။ စခန်းအတွင်းမှာ ‌အကျင့်ပျက် စစ်သားတွေနဲ့ မှောင်ခိုမှုတွေ၊ မူးယစ်ဆေးအရောင်းအဝယ်တွေနဲ့ ပျက်စီးနေကြတယ်။ ဇာတ်လိုက်မင်းသား အက်ဝု က စခန်းတွင်း ရှိသမျှပစ္စည်းအကုန် စခန်းမှူးမသိအောင်မှောင်ခိုထုတ်ရောင်းနေပြီး ဘိန်းချက်ဆေးရောင်းကအစ အကုန်လုပ်တဲ့သူပါ။ တစ်နေ့မှာတော့ စည်းကမ်းတင်းကြပ်တဲ့ အထက်အရာရှိတစ်ယောက် ရောက်လာတဲ့ အခါမှာတော့ ….. ဒီဇာတ်ကားမှာတော့ အက်ဝုတို့ ဘော်ဒါတစ်သိုက် စခန်းထဲမှာ ဘယ်လိုတွေမွှေကြမလဲ၊ ဘယ်လိုတွေသောင်းကြမ်းကြမလဲဆိုတာ Comedy အမျိုးအစားဇာတ်ကားဖြစ်တာနဲ့အညီ ခွက်ခွက်လှန်ရယ်ရင်း ကြည့်ရှုကြရမှာပါ။
...

Kota Factory (2019) ⭐IMDB: 9.0/10 (84 k Votes) 🎬 #Comedy #Drama 🗓 2019 🎞 tv series 🌎 #India ⏰ 40 မိနစ် 6 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kota Factory (2019)”ပုံစံခွက်ထဲက ပြိုင်မြင်းများ”======================================= Season (1)ဇာတ်လမ်းဇာတ်အိမ်တွေရော၊ သရုပ်ဆောင်တွေရော တော်တာ်လေးကောင်းပြီးFan base လည်းကြီးတဲ့ IMDb 9/10 ရ ဟင်ဒီစကားပြော ဇာတ်လမ်းတွဲလေးကိုစီအမ်ပရိသတ်တွေခံစားနိုင်ဖို့ တင်ဆက်ပေးချင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ နာမည်အကြီးဆုံး တက္ကသိုလ်တစ်ခုရှိပါတယ်။အဲဒါကတော့ 3 idiots ရုပ်ရှင်ထဲက IIT အင်ဂျင်နီယာတက္ကသိုလ်ပါ။အဲဒီတက္ကသိုလ်ကို ဝင်ခွင့်ရဖို့အတွက် JEE နဲ့ NEET ဆိုတဲ့စာမေးပွဲတွေကိုဖြေရပါတယ်။ ကိုတာဆိုတဲ့ မြို့လေးကတော့ အဲဒီစာမေးပွဲတွေကိုဝင်ဖြေဖို့ သီးသန့်လေ့ကျင့်ပေးတဲ့ကိုယ်ပိုင်ကျောင်းတွေအများအပြားရှိတဲ့ မြို့လေးပါ။ဉာဏ်ကောင်းပေမဲ့ အပျင်းကြီးပြီး အလွယ်လမ်းကိုရှာဖို့ကြိုးစားတတ်တဲ့ဗိုင်ဘာ့ဗ်ဆိုတဲ့ ၁၁ တန်းကျောင်းသားလေးဟာ IIT ဝင်ခွင့်ရဖို့ ကြိုးစားဖို့အတွက်ကိုတာမြို့ကို ရောက်လာခဲ့တယ်။ အပေါ်ယံကြည့်ရင် ကိုတာမြို့မှာ အတော်ဆုံးကျောင်းသားတွေပဲရှိပြီး IIT ဝင်ခွင့်ရဖို့အသွားသင့်ဆုံးနေရာလို့ထင်ရပေမဲ့ တကယ်တမ်းတော့ ပြိုင်ဆိုင်မှု၊ မနာလိုမှုတွေ၊ပုံစံခွက်ထဲရိုက်သွင်းမှုတွေအများကြီးရှိနေပါတယ်။ ငယ်ရွယ်နုနယ်တဲ့ ကျောင်းသားတွေကို ပြင်ပလောကကြီးနဲ့အဆက်ဖြတ်ပြီး တစ်ပုံစံတည်းဖြစ်အောင်ပုံသွင်းတတ်တဲ့အတွက် ကိုတာမြို့ကို ကိုတာစက်ရုံလို့တောင် နာမည်ပြောင်ပေးကြရတဲ့အထိပါပဲ။ 3 Idiots ရုပ်ရှင်ထဲက ချာတူးရ်လိုမျိုး အရာရာကို အလွတ်ကျက် ကူးချပြီးဖြေရှင်းချင်နေတဲ့ ဗိုင်ဘာ့ဗ်ကိုဂျီတူးဆိုတဲ့ IIT ဝင်ခွင့်မရခဲ့တဲ့ ဆရာတစ်ယောက်က သူ့အတွေ့အကြုံတွေပြောပြပြီး ရန်ချိုလိုဖြစ်လာအောင်လမ်းကြောင်းပေးပုံကို ဒီဇာတ်လမ်းတွဲထဲမှာ အဓိကမြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတစ်ခုကို အဖြူအမည်း ကာလာနှစ်ခုတည်းနဲ့ရိုက်ကူးထားတာဖြစ်ပြီး အဲဒါဟာ ကိုတာမြို့ကကျောင်းသားတွေကို Shindler’s List ရုပ်ရှင်ထဲက နာဇီတွေအကျဉ်းချတာခံထားရတဲ့ဂျူးအကျဉ်းသားတွေနဲ့ ခိုင်းနှိုင်းချင်လို့ဖြစ်တယ်လို့သိရပါတယ်။ 3 Idiots ရုပ်ရှင်နဲ့တောင် တန်းယှဉ်ခံရတဲ့ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်လို့ အားလုံးကြည့်ရှုခံစားနိုင်ဖို့ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
...

The Brothers Grimm (2005) ⭐TMDB: 58% User Score 🎬 #Action #Adventure #Comedy #Fantasy #Thriller 🗓 2005 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “The Brothers Grimm” ရုပ်ရှင်ကတော့ သည် 2005 ခုနှစ်မှာ ဒါရိုက်တာ Terry Gilliam ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် စွန့်စားခန်းဇာတ်ကားဖြစ်ပါတယ်။ ဒီကားထဲမှာ ဟောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Matt Damon၊ Heath Ledger နဲ့ Lena Headey တို့က အဓိငပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဂျိတ်နဲ့ဝီလ် ဂရင်းမ်ညီနောင်ဟာ တနယ်ကနေတနယ် ခရီးသွားလာပြီး မြို့သူမြို့သားတွေကို ထူးခြားဆန်းကြယ်တဲ့ မိစ္ဆာသတ္တဝါတွေရဲ့ရန်က ကာကွယ်ပေးတဲ့နည်းနဲ့ လိမ်ညာလုပ်ကြံဖန်တီးပြီး ပိုက်ဆံရှာကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဂရင်းမ်တို့ညီနောင်ဟာ အမှန်တကယ် သရဲခြောက်တဲ့ တောအုပ်ထဲကိုရောက်တဲ့အခါမှာတော့ တကယ့်မှော်ဆန်တဲ့ ကျိန်စာနဲ့ ကြုံတွေ့ရတဲ့အခါမှာ သူတို့ရဲ့ဘဝက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတခုဘယ်လိုဖြစ်လာမှာလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမယ့် ဇာတ်ကားကောင်း တခုဖြစ်ပါတယ်။
...