无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Dario Argento: Panico (2023) ⭐IMDB: 6.7/10 (530 Votes) 🎬 #Biography #Drama #Horror #Documentary 🗓 2023 🎞 movie 🌎 #Italy #UnitedKingdom ⏰ 1 နာရီ 37 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dario Argento Panico (2023)———————————-Genre – DocumentaryIMDb – 6.7/10 သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကိုရေးသားရိုက်ကူးတဲ့ နာမည်ကြီးအီတလီဒါရိုက်တာ Dario Argentoရဲ့အလုပ်နဲ့ဘဝကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ် သားစဉ်မြေးဆက်ရုပ်ရှင်လောကမှာအောင်မြင်ခဲ့တဲ့သူ့မိသားစုအကြောင်းနဲ့ Darioရဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေနဲ့ဘယ်လိုရိုက်ကူးခဲ့ရလဲဆိုတာတွေသေးစိတ်ပါဝင်ပါတယ် Documentaryအမျိုးအစားဆိုတဲ့အတိုင်းစကားပြောခန်းတွေပဲအများဆုံးပါတယ်ဆိုပေမယ့်လည်းပြည်တွင်းကနေပြည်ပထိကိုပထမဆုံးထိုးဖောက်နိုင်ခဲ့တဲ့ဒါရိုက်တာတယောက်ရဲ့အကြောင်းကိုသေချာရိုက်ပြထားတဲ့အတွက်ကြည့်ရှုဖိုတော့လက်မလွှတ်သင့်ပါဘူး...
Ipar Adalah Maut (2024) ⭐IMDB: 7.1/10 (786 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Indonesia ⏰ 2 နာရီ 11 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ipar Adalah Maut (2024) IMDb Rating (7.3) အင်ဒိုနီးရှားနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ Eliza Sifa ရဲ့ ဇာတ်လမ်းကို အများသူငှာ သင်ခန်းစာယူနိုင်အောင် ရိုက်ကူးထားတဲ့ အိမ်ထောင်ရေး ပညာပေးကားလေး ဖြစ်ပါတယ်။ အာရစ်စ်နဲ့ နီဆာဆိုတာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်စုံမက်လို့ ပေါင်းဖက်ခဲ့ကြတဲ့ ဆရာနဲ့ ကျောင်းသူ လင်မယားတစ်တွဲပေါ့။ သမီးလေးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီး အာရစ်စ်ကတော့ ကျောင်းမှာ စာဆက်သင်တယ် နီဆာကျတော့ ကိတ်မုန့်တိုက်လေး ဖွင့်ထားပြီး အောင်မြင်နေတာပေါ့။ ဒီလိုမျိုး သာယာငြိမ်သက်နေတဲ့ဘဝထဲကို မုန်တိုင်းတစ်ခုက သတိမပေးပဲ ဝင်ရောက်တိုက်ခတ်လာပါတော့တယ်။ အဲဒါကတော့ နီဆာရဲ့ ညီမအရင်းဖြစ်သူ ရာနီဟာ အရွယ်ရောက်လာပြီး မြို့မှာ တက္ကသိုလ်တက်ရမှာဖြစ်တဲ့အတွက် အမေဖြစ်သူက “သွား အစ်မအိမ်သွားနေလိုက်” ဆိုရာကနေ ဒီဇာတ်လမ်းတစ်ပုဒ် ဖြစ်လာတာပါပဲ။ အိမ်ထောင်ဦးစီးတစ်ယောက်နဲ့ ဆင်ခြင်သုံးသပ် ပညာယူစရာလေးတွေ၊ မိန်းမပျိုလေးတွေအတွက်လည်း မဖြစ်သင့်တာ မဖြစ်ရအောင် ပညာယူစရာလေးတွေ စသဖြင့် ဖော်ကျူးထားတဲ့ အင်ဒိုနီးရှား ဒရမ်မာကားလေးပဲ ဖြစ်ပါတယ်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်။)...
The Wait (2023) ⭐IMDB: 6.1/10 (571 Votes) 🎬 #Drama #Fantasy #Horror 🗓 2023 🎞 movie 🌎 #Spain ⏰ 1 နာရီ 43 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Wait (2023) La esperaIMDb Rating (6.1)2023 ခုနှစ်ထွက် စပိန်ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ The Wait ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။Rings(2017) ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ F. Javier Gutiérrez က ဒီကားလေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ Eladio ဟာ Don Francisco ပိုင်ဆိုင်တဲ့ အမဲလိုက်တဲ့ခြံအကျယ်ကြီးမှာခြံစောင့်အဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။သူ့မှာ မိန်းမနဲ့ သားလေးတစ်ယောက်လဲရှိပါတယ်။အမဲလိုက်သမားတစ်ဦးရဲ့ လာဘ်ထိုးတဲ့ငွေကို သူ့ပိုင်ရှင်မသိအောင် လက်ခံပြီးနောက်ပိုင်းမှာ သူ့ဘ၀ကအရင်လိုမဟုတ်တော့ပဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။တစိမ့်စိမ့်တွေးပြီးကြောက်ဖို့ကောင်းမယ့် ဇာတ်ကားဆိုလဲမမှားပါဘူး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)File size…(1.5 GB) / (870 MB)Quality….WEB-DL 1080p HEVC / 720pFormat…. mkv/mp4Genre….Drama, Fantasy, HorrorDuration….01:43:44Subtitle….Myanmar Subtitle (Hardsub)Encoder….BenjaminTranslated by Ivy Noe The Wait (2023) La esperaIMDb Rating (6.1)2023 ခုနှစ်ထွက် စပိန်ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ The Wait ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။Rings(2017) ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ F. Javier Gutiérrez က ဒီကားလေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ Eladio ဟာ Don Francisco ပိုင်ဆိုင်တဲ့ အမဲလိုက်တဲ့ခြံအကျယ်ကြီးမှာခြံစောင့်အဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။သူ့မှာ မိန်းမနဲ့ သားလေးတစ်ယောက်လဲရှိပါတယ်။အမဲလိုက်သမားတစ်ဦးရဲ့ လာဘ်ထိုးတဲ့ငွေကို သူ့ပိုင်ရှင်မသိအောင် လက်ခံပြီးနောက်ပိုင်းမှာ သူ့ဘ၀ကအရင်လိုမဟုတ်တော့ပဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။တစိမ့်စိမ့်တွေးပြီးကြောက်ဖို့ကောင်းမယ့် ဇာတ်ကားဆိုလဲမမှားပါဘူး။ 2023 ခုနှစ်ထွက် စပိန်ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ The Wait ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Rings(2017) ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ F. Javier Gutiérrez က ဒီကားလေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ Eladio ဟာ Don Francisco ပိုင်ဆိုင်တဲ့ အမဲလိုက်တဲ့ခြံအကျယ်ကြီးမှာခြံစောင့်အဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။ သူ့မှာ မိန်းမနဲ့ သားလေးတစ်ယောက်လဲရှိပါတယ်။ အမဲလိုက်သမားတစ်ဦးရဲ့ လာဘ်ထိုးတဲ့ငွေကို သူ့ပိုင်ရှင်မသိအောင် လက်ခံပြီးနောက်ပိုင်းမှာ သူ့ဘ၀ကအရင်လိုမဟုတ်တော့ပဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ တစိမ့်စိမ့်တွေးပြီးကြောက်ဖို့ကောင်းမယ့် ဇာတ်ကားဆိုလဲမမှားပါဘူး။...
Exodus: Gods and Kings (2014) ⭐TMDB: 59% User Score 🎬 #Action #Adventure #Drama #Fantasy 🗓 2014 🎞 movie 🌎 #Spain #USA #UnitedStatesofAmerica ⏰ 2 နာရီ 30 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Exodus: Gods and Kings (2014) IMDb Rating (6.0) Director ကြီး Ridley Scott ရိုက်ကူးထားပြီး မင်းသား Christian Bale ခေါင်းဆောင် ပါဝင်ထားတဲ့ အီဂျစ်ခေတ် ရာဇဝင်ရုပ်ရှင်ကားကြီးပါ။ ဒီကားလေးက ကျွန်တော်တို့ငယ်ငယ်တုန်းက animation ဇာတ်ကားတစ်ကားထွက်ခဲ့ဖူးပါသေးတယ် တော်တော်များများလဲ ကြိုက်ကြတဲ့ကားလေးတစ်ကားပါ အီဂျစ် အကြောင်းစိတ်ဝင်စားတဲ့လူတွေဆိုပိုသိမှာပါ Myth တွေ ကြိုက်တဲ့လူတွေအတွက် ကြည့်လို့ကောင်းရုပ်ရှင်တကားပါပဲ။ ဇာတ်လမ်းအကျဉ်းချုံးကိုပြောရမယ်ဆိုရင်တော့ ဟောစာတမ်းတစ်ခုကနေစရမှာပါ အဲ့တုန်းက ဟီဘရူး(ဂျူး)လူမျိူးတွေကို အီဂျစ်ဘုရင်က ကျွန်အဖြစ်သိမ်းသွင်းထားတဲ့အချိန်ဖြစ်ပါတယ် ဟောစာတမ်းအရ နန်းလုခံရမှာစိုးလို့ အီဂျစ်ဘုရင်က ဟီဘရူးကလေးငယ်တွေအကုန်လုံးကို သတ်ခိုင်းခဲ့ပါတယ် ဒါပေမယ့် ကလေးငယ်တစ်ယောက်တော့လွတ်မြောက်သွားခဲ့ပြီး ဟီဘရူးလူမျိုးတွေကို ကျွန်အဖြစ်ကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်မလားဆိုတာ...
The Room (2019) ⭐IMDB: 6.0/10 (25 k Votes) 🎬 #Drama #Horror #Mystery #Thriller #ScienceFiction #Fantasy 🗓 2019 🎞 movie 🌎 #France #Belgium #Luxembourg ⏰ 1 နာရီ 40 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Room(2019)အညွှန်း *********************** IMDb …… 6.6 ဒီကားလေးကတော့ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန်ကြိုက်တတ်တဲ့ပရိသတ်တွေသဘောကျနှစ်သက်ကြမယ့်ကားပါ…မတ်တ်နဲ့ကိတ်တို့ဟာကိုယ့်ဝါသနာပါရာကိုလုပ်ပြီးရုန်းကန်ကြိုးစားနေကြတဲ့စုံတွဲနှစ်ယောက်ပါတစ်နေ့မှာတော့လူမနီးသူမနီးတဲ့မြို့ပြင်နားလေးကအိမ်တစ်လုံးကိုဝယ်လိုက်ကြပါတယ်အဲဒီအိမ်ကပုံမှန်မဟုတ်တဲ့အရာတွေဖြစ်တတ်တဲ့အိမ်ဆိုတာကိုဝယ်ပြီးမှသိလိုက်ကြတယ်အိမ်ကတော်တ်ောလေးပြင်ဆင်ဖို့လိုနေတဲ့အိမ်ဖြစ်နေတော့ပြင်ဖို့ရှင်းလင်းရင်းနဲ့ထူးထူးဆန်းဆန်းအခန်းတစ်ခုကိုသွားတွေ့ပါတယ်…လိုချင်တဲ့ပစ္စည်းတွေပြောလိုက်တာနဲ့မျက်စိတစ်မှိတ်အတွင်းအခန်းထဲမှာပေါ်လာပါတယ်ပြောလိုက်ရုံနဲ့ သူတို့ဆန္ဒတွေပြည့်မြောက်တယ်လို့ဆိုရပါ့မယ်…မတ်တ်နဲ့ကိတ်တို့နှစ်ယောက်လိုတရအခန်းကြီးရှိနေတဲ့နောက်ဘယ်လိုနှစ်ပါးသွားကြမလဲလူတွေရဲ့လိုအင်ဆန္ဒလောဘတွေဟာရှိသင့်တာထက်ကျော်လာတဲ့အခါဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ကြပါ….ချစ်ခြင်းမေတ္တာအကြောင်းတွေကိုလဲသွယ်ဝိုက်နဲ့နည်းနဲ့ဖော်ပြထားတာကိုတွေ့ရပါတယ်CMပရိသတ်ကြီးကြည့်မိလို့စိတ်ပျက်သွားမယ့်ကားမဟုတ်ဘူးဆိုတာအာမခံပါကြောင်း.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MarTizas ပဲဖြစ်ပါတယ်...
Love , Dream , Game ( 2024 ) ⭐- 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်က ဂိမ်းပွဲတစ်ခုဆိုရင်… ဘယ်သူနဲ့အတူကစားချင်လဲ…စိတ်ကူးပုံဖော်ထားတဲ့ ပြီးပြည့်စုံတဲ့ ချစ်သူရဖို့အတွက်ဆိုးတူကောင်းဖက် လက်တွဲခဲ့တဲ့ ချစ်သူကို လက်လျှော့ရမယ်ဆို လက်ခံနိုင်လား….လက်ခံနိုင်တယ် ဆိုတဲ့သူတွေ ဒီကားဆက်ကြည့်နိုင်ပါပြီ….လက်မခံနိုင်ဘူး… ဘယ်သူက ဒီလိုမျိုး ဆိုးတူကောင်းဖက်ချစ်ခဲ့သူကို လက်လွှတ်မှာလဲ ဆိုသူတွေလည်း ဆက်ကြည့်ပြီး အဖြေရှာနိုင်ပါပြီ…. ဒီကားလေးမှာတော့ အနားမှာရှိတဲ့ ချစ်သူကို ငြိုငြင်မှုတစ်သိန်းနဲ့…မျက်နှာပြင်ပေါ်က လိုက်ဖ်လွှင့်သူကိုမှ ရည်းစားတော်ချင်နေတဲ့ ကောင်လေးနဲ့…တီဗီဖန်သားပြင်ပေါ်က မင်းသားကိုမှ ယောက်ျားအဖြစ်ယူချင်နေတဲ့ ကောင်မလေးနှစ်ယောက်ဟာ…သဘောထားကွဲလွဲမှုတွေကနေ လမ်းခွဲဖို့အထိ ဖြစ်လာခဲ့တာပေါ့… တိုက်တိုက်ဆိုင်ဆိုင် အချစ်အိပ်မက်ဂိမ်းကို အတူကစားဖြစ်ခဲ့တယ်…သူတို့ရဲ့ ဆန္ဒမပြည့်ဝသရွေ့ မူလဘဝကို ပြန်မသွားနိုင်ဘူးတဲ့…အချိန်ကလည်း သတ်မှတ်ထားသေးတယ် ၄၈ နာရီတဲ့… နှစ်ယောက်က ပြိုင်ဖက်တွေအဖြစ် သူ့ထက်ငါဦးအောင်မစ်ရှင်ဆောင်ရွက်နိုင်မှလည်း ဆုကြေးကို ပိုင်ဆိုင်ဦးမှာပါတဲ့…ကဲ အချစ်အိပ်မက်ကစားပွဲမှာ… သူတို့စိတ်ကူးထဲက သူတွေနဲ့ပဲ ဖူးစာပါမလား…လက်တွဲဖော်နဲ့ပဲ ရွှေလက်တွဲသွားနိုင်မှာလား...
The Lifeguards (2024) ⭐IMDB: 5.4/10 (113 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 47 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Lifeguards (2024) IMDb Rating (5.7) ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် Comedy ဇာတ်ကားလေးတစ်ခုပဲ ဖြစ်ပါတယ်။ မိုက်ခ်ဆိုတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်က စည်းနဲ့ကမ်းနဲ့နေထိုင်ကာ အိမ်တွင်းပုန်းစာကြမ်းပိုးလေးတစ်ယောက် ဖြစ်ပါတယ်။ နွေရာသီမှာ အလုပ်တစ်ခုခု လုပ်ထားမယ်ဆိုရင် ကောလိပ်ရောက်နိုင်ချေ များတယ်ဆိုပြီးတော့ သူတို့မြို့လေးက ရေကူးကန်မှာ lifeguard သွားလုပ်ပါတော့တယ်။ အလုပ်ကိုရောက်မှ သိလိုက်ရတာက နွေရာသီမှာ အလုပ်လာလာလုပ်ကြတဲ့ တခြား lifeguards တွေအကုန်လုံးက အရမ်းဗရုတ်ကျကြတာပါပဲ။ သူ့လိုပဲ အသက်မပြည့်သေးတဲ့ ကလေးတွေပါလည်း အရက်တွေသောက်ခိုင်း၊ ညဘက်တွေ ပါတီပေးနဲ့ မနက်ဘက် တာဝန်ချိန်ရောက်ရင် hangover ဖြစ်နေတတ်တဲ့ တသိုက်ပါ။ သူလည်း အစကတော့ ပါတီတွေ မသွားဘဲနေပေမယ့် သူတို့အဖွဲ့ထဲက အမ်မာဆိုတဲ့ တက္ကသိုလ်ကျောင်းသူ မမကို စိတ်ဝင်စားသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nway Oo K Zaw ဖြစ်ပါတယ်။)...
Yoko (2023) ⭐IMDB: 6.5/10 (175 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 52 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယိုကိုက လူတွေနဲ့ အဆက်အဆံမလုပ်ဘဲ သူ့ရဲ့ တိုက်ခန်းသေးသေးထဲမှာပဲ နေတဲ့သူပါ။ သူရဲ့ အိပ်မက်တွေကို လက်လျှော့လိုက်ရပြီးတဲ့ နောက် ဒီလိုနေလာတာ နှစ်ကို ဆယ်နဲ့ချီကြာနေပါပြီ။ တစ်နေ့မှာ သူ့အစ်ကို ဝမ်းကွဲ ရောက်လာပြီး ယိုကိုရဲ့ အဖေဆုံးပြီ ဖြစ်ကြောင်း သတင်ပေးလာပါတယ်။ စျာပနပွဲအတွက် မွေးရပ်မြေကို အတူပြန်ခဲ့ကြပါတယ်။ ကားရပ်နားစခန်းမှာ မတော်တဆတစ်ခုကြောင့် လူချင်းကွဲသွားကြပြီး မွေးရပ်မြေကို ပြန်ဖို့ ကားကြုံစီးဖို့ ကြိုးစားရပါတော့တယ်။လူတွေနဲ့ အဆက်အဆံမလုပ်တတ်တဲ့ ယိုကိုတစ်ယောက် လူတွေကို အကူအညီတောင်းရာမှာ အဆင်ပြေပါ့မလား? လမ်းခရီးမှာရော ဘာဆက်ဖြစ်ကြမှာလဲ ဆိုတာကို စိတ်ဝင်စားသဖွယ် ရိုက်ပြထားပါတယ်...
The Outrun (2024) ⭐IMDB: 6.9/10 (6 k Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedKingdom #Germany ⏰ 1 နာရီ 58 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Outrun (2024) IMDb Rating (7.0) / Rotten Tomatoes (81%) ရိုနာဟာ ပညာတတ်တစ်ယောက်ဖြစ်ပေမယ့် အရက်စွဲနေသူလဲဖြစ်ပါတယ်။ အမေဖြစ်သူက ဘာသာရေးကိုင်းရှိုင်းပေမယ့် အဖေကတော့ bipolar disorder လို့ခေါ်တဲ့ စိတ်ကျစိတ်ကြွမြန်ရောဂါသည်ပါ ။ သူမဟာ အရက်စွဲနေသလို အရက်ဖြတ်ဖို့ကြိုးစားလိုက်၊ ပြန်သောက်ဖြစ်လိုက် သံသရာလည်နေသူပါ။ ချစ်သူကလဲ အဲဒါကြောင့်ပဲ ထားသွားခဲ့ပါတယ်။ သူမရဲ့ဘဝဟာလဲ ပြဿနာပေါင်းစုံနဲ့ အမြဲပူလောင်နေရပါတယ်။ နောက်ဆုံးမှာတော့ မိတ်ဆွေကောင်းတွေရဲ့ ဖေးမမှုတွေကြောင့် သူမရဲ့ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိသွားပုံကို စကော့တလန်ရဲ့ သဘာဝရှုခင်းတွေ၊ အော့ကနေးကျွန်းရဲ့ အလှတွေ၊ Random facts တွေနဲ့ ကြည့်ရှုရမှာပါ။ Hanna, Atonement, The Lovely Bones တို့နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Saoirse Ronan က ဦးဆောင်ပါဝင်ထားပြီး သူကိုယ်တိုင်လဲ ထုတ်လုပ်သူလုပ်ခဲ့တာပါ။ သူမဟာ Telluride Film Festival နဲ့ Evolution Mallorca International Film Festival တို့မှာ ဒီကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတွေရခဲ့ပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့TLoneဖြစ်ပါတယ်။)...
The Public (2018) ⭐IMDB: 6.6/10 (5 k Votes) 🎬 #Drama 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Public(2018) IMDb …… 6.6 နိုင်ငံခြားက အိမ်ခြေယာမဲ့တွေကတော့ တချို့တလေက သူတောင်းစားတွေပါ… တချို့တလေကတော့ အလုပ်လုပ်ကြပါတယ်… ဒါပေမဲ့ အိမ်ခြေယာမဲ့ကတော့ အိမ်ခြေယာမဲ့ပါပဲ… သူတို့တွေ ဘယ်အချိန်မှာ ဒုက္ခအရောက်ဆုံးလဲဆိုရင် ရာသီဥတုဖောက်ပြန်တဲ့အချိန်လို့ပဲပြောရမှာပါ. ..နွေရာသီအရမ်းပူတဲ့အချိန်…မိုးရာသီ မိုးအရမ်းကြီးတဲ့အချိန်…ဆောင်းရာသီ အရမ်းအေးတဲ့အချိန်မျိုးပေါ့… ဒီဇာတ်ကားထဲမှာတော့ Ohio ပြည်နယ် Cincinnati မြို့ကို အအေးလှိုင်းဖြတ်တဲ့အခါမှာ အိမ်ယာမဲ့တွေ ဒုက္ခရောက်တဲ့အကြောင်း ရိုက်ကူးထားတာပါ… အအေးဒဏ်ကြောင့် မြို့တွင်း အိမ်ယာမဲ့ဂေဟာတွေမှာ လူတွေပြည့်လျှံလာခဲ့ပါတယ် ဒီလိုနဲ့ အခြေအနေပိုမိုဆိုးရွားလာပြီး အသေအပျောက်တွေရှိလာတဲ့အခါမှာတော့ အိမ်ယာမဲ့တွေဟာ တစ်ညတာခိုနားနိုင်မယ့် နေရပ်အဖြစ် မြို့လယ်ခေါင်က အများပိုင် စာကြည့်တိုက်ကြီးကို ရွေးချယ်လိုက်ပါတော့တယ်… ဒါပေမဲ့လည်း အာဏာပိုင်တွေက ဒီကိစ္စကို ခွင့်မပြုဘဲ တားဆီးလာချိန်မှာတော့ အစိုးရအဖွဲ့များနဲ့ အိမ်ခြေယာမဲ့တို့အကြား ပဋိပက္ခ ပြဿနာတွေဖြစ်ပွားလာခဲ့ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်...
Spiral (2024) ⭐IMDB: 9.5/10 (11 Votes) 🎬 #Short #Thriller 🗓 2024 🎞 movie 🌎 #Canada ⏰ 17 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြင်သစ် Short Film Spirale ကို Sebastien Cascio က ရိုက်ကူး ရေးသားပြီး ကိုယ်တိုင် ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဘက်ခေတ်မှာ နည်းပညာတွေ အတော်တွင်ကျယ်လာတာနဲ့အမျှ လူတွေက ပိုပြီး အထီးကျန်ဆန်လာကြပြီး အတုအယောင် ကမ္ဘာတွေထဲမှာပဲ ပျော်မွေ့နေကြပါတယ်။ မျက်နှာဖုံး ကိုယ်စီနဲ့ ကိုယ့်ပုံစံအစစ်အမှန်ကို ဖုံးကွယ်ပြီး ကိုယ့်ကျင့်တရားစစ်မှန်မှုထက် အပြင်ပုံပန်းသဏ္ဍာန်ကို ဦးစားပေးချင်ကြတဲ့ လူ့သဘာဝကို တွေ့ရမှာဖြစ်ပါတယ်။...
Maryang Palad (2024) ⭐IMDB: 5.2/10 (12 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 3 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maryang Palad (2024) လန်ဒိုဟာ အစ်ကိုဝမ်းကွဲရဲ့အကူအညီနဲ့အခုမှ သင်္ဘောပေါ်စတက်ကာစ သင်္ဘောသားပေါက်စတစ်ယောက်ပါ။ သူတို့သင်္ဘောကမ်းကပ်ထားစဉ်ကာလမှာ သင်္ဘောသားတွေကိုဖျော်ဖြေမှုပေးဖို့ တက်လာတဲ့ မိန်းကလေးတစ်သိုက်ထဲမှာ သူ့ငယ်ချစ်ဦးမာယာနဲ့ အမှတ်မထင်ပြန်ဆုံခဲ့ရပါတယ်။ မာယာနဲ့သူဟာ ငယ်စဉ်ကတည်းကသူငယ်ချင်းတွေဖြစ်ခဲ့ပြီး လန်ဒိုက ဖွင့်ပြောတော့မယ့်အချိန်မှာ မာယာက ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့တာပါ။ ပြန်ဆုံချိန်မှာတော့ မာယာဟာ ဒီအသိုင်းအ၀ိုင်းမှာ ကြေးကြီးတဲ့ နာမည်ကျော်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ လန်ဒိုခံစားချက်တွေကတော့ မာယာ့အပေါ်မပြောင်းလဲသေးပေမယ့် အခုချိန်မှာ ကွာခြားနေတဲ့အခြေအနေတွေကြား သူတို့နှစ်ယောက် ငယ်ဘ၀ဇာတ်လမ်းလေး ပြန်ဆက်နိုင်ဦးမလား ဆိုတာ ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
The Witch: Revenge (2024) ⭐IMDB: 5.4/10 (522 Votes) 🎬 #Drama #Fantasy #Horror #War 🗓 2024 🎞 movie 🌎 #Ukraine ⏰ 1 နာရီ 35 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Witch. Revenge (2024) အိုလီနာ ဆိုတဲ့စုန်းမတစ်ယောက်ဟာ အန်ဒရေဆိုတဲ့ ယူကရိန်းစစ်သားနဲ့အတူ သာမန်ဘ၀လေးကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ တစ်နေ့တော့ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်ပွားရာ နိုင်ငံအတွင်းရုန်းရင်ဆန်ခတ်တွေဖြစ်ပေါ်နေပြီး အိုလီနာတို့လည်း အဒေါ်အိမ်ကိုထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် လမ်းခုလတ်မှာ ရုရှားတပ်ဖွဲ့တစ်ခုနဲ့တွေ့ဆုံခဲ့ပြီး ပဋိပကခဖြစ်ပွားပြီး ပစ်ခတ်ကြရင်းက အန်ဒရေသေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်အပြီး အိုလီနာ က ထိုတပ်ဖွဲ့ကိုလက်စားချေရန်ဆုံးဖြတ်လိုက်ပါတော့တယ်။ စုန်းမတစ်ယောက်က ရုရှားတပ်ဖွဲ့၀င်တွေကို တစ်ယောက်ချင်း ဘယ်လိုလက်စားချေသွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။)...
Spellbound (2024) ⭐IMDB: 5.9/10 (2 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #Musical 🗓 2024 🎞 movie 🌎 #Spain #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မထွက်ခင်ထဲက လူစိတ်ဝင်စားမှုများနေတဲ့ Netflix ရဲ့ animation ကားကောင်းလေးလာပါပြီ ဒစ်စနေးစတိုင် သီချင်းကောင်းကောင်းလေးတွေနဲ့ မိသားစုတွေကြားက ဖြစ်တတ်တဲ့ Family issueတွေကို လူသားနဲ့ မွန်းစတားကောင်ကြီးတွေအဖြစ်ပုံဖော်ပြီး မိသားစုနဲ့ကြည့်ရှုစရာကားကောင်းလေးအဖြစ် ဖန်တီးထားပါတယ်… ဘုရင့်နိုင်ငံတစ်ခုက ဘုရင်နဲ့ ဘုရင်မကြီးနဲ့ သူတိုသမီး မင်းသမီးလေး အဲလီယံတိုဟာ မိသားစုသုံး ၃ ယောက်ထဲဆိုပေမယ့် အမြဲတမ်းတော့ စိတ်သဘောထားတိုက်ဆိုင်မနေပါဘူး… တစ်နေ့ မိဘဖြစ်သူ ဘုရင်နဲ့ဘုရင်မတိုစကားများရင်း မကောင်းဆိုးဝါးကောင်ကြီးတွေအဖြစ် ပြောင်းလဲသွားပါတယ်… ဒါကို မင်းသမီး အဲလီယံပဲသိလိုက်တဲ့အတွက် မူးမတ်စစ်သည်တွေက မကောင်းဆိုးဝါးကြီးတွေ ဘုရင်နဲ့ဘုရင်မကိုစားပြီး မင်းသမီးကိုတိုက်ခိုက်နေတယ်ထင်ကာ ဖမ်းဆီးထားလိုက်ပါတယ် ဒါပေမယ့် သူ့မိဘတွေကို လူသားပြန်ပြောင်းဖို ထာဝရအမှောင်တောနက်ထဲက အလင်းရေကန်ဆီကြီးကိုခေါ်သွားရမှာဖြစ်ကြောင်း သိလိုက်တဲ့အခါ မင်းသမီး အဲလီယံနဲ့ သားရဲကြီးတွေဖြစ်နေတဲ့ ဘုရင်နဲ့ဘုရင်မတို စွန့်စားခရီးလမ်းစတင်ခဲ့ပါတော့တယ်...
Let Go (2024) ⭐IMDB: 7.0/10 (4 k Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Sweden ⏰ 1 နာရီ 50 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိမ်ထောင့်တာဝန်၊ သားသမီးတာဝန်၊ လင်ယောကျ်ားတာဝန်တွေနဲ့ ပိပြီး စိတ်ဖိအားတွေကြားပိတ်မိနေတဲ့သက်လတ်ပိုင်းအမျိုးသမီး တစ်ယောက်ဖြစ်တဲ့စတဲလာဟာ တစ်နေ့မှာတော့ ကင်ဆာရောဂါကြောင့် သေရတော့မယ်ဆိုတာသိလိုက်ရပါတယ်။ စတဲလာက ရောဂါကိုကြောက်ရမယ့်အစား အစစအရာရာလိုက်လုပ် ပေးနေရဆဲဖြစ်တဲ့ မူကြိုအရွယ်သားငယ်လေး၊ စိတ်အပြောင်းအလဲ မြန်ဆန်တဲ့ ဆယ်ကျော်သက်အရွယ်သမီးကြီးနဲ့ စိတ်ပိုင်းဆိုင်ရာအရ အားမကိုးရတဲ့ယောကျ်ားကို ချန်ထားခဲ့ရမှာ ပိုကြောက်နေခဲ့ပါတယ်။ ဒါကြောင့် စတဲလာက စိတ်ဝမ်းကွဲနေတဲ့မိသားစုတွေပြန်ပေါင်းစည်းဖို့ အတွက် သမီးကြီးရဲ့တိုင်ပတ်အကပြိုင်ပွဲကျင်းပရာကို မိသားစုခရီး ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Let Go ရုပ်ရှင်ဟာ အရာရာကိုစိုးရိမ်ကြောက်ရွံနေမယ့်အစား လက်လွှတ်ပေးတတ်ဖို့လည်းလိုအပ်တာကိုပြသထားတဲ့မိသားစု Drama ကောင်းတစ်ခုဖြစ်ပါတယ်။...
Broken City (2013) ⭐IMDB: 6.1/10 (84 k Votes) 🎬 #Action #Crime #Drama #Mystery #Thriller 🗓 2013 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Broken City (2013) IMDb Rating – 6.1/10 မင်းသားကြီး Russell Crowe နဲ့ Mark Wahlberg တို့ပါဝင်တဲ့ သည်းထိပ်ရင်ဖို မှုခင်းဇာတ်ကားကောင်းပါ လူသတ်မှုတခုအတွက် စွပ်စွဲခံခဲ့ရပေမယ့် မြို့တော်ဝန်ရဲ့ တာဝန်ခံမှုနဲ့ တရားရုံးပေါ်ကို သက်သေတွေ မရောက်လာမှုတို့ကြောင့် လွတ်မြောက်ခဲ့တဲ့ ရဲဖြစ်သူ ဘီလီဟာ အလုပ်ကထွက်ပြီး အလွတ်စုံထောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေပါတယ်…. မြို့တော်ဝန်ဟာ ဘာမဆိုလက်ရဲဇက်ရဲ လက်သိပ်ထိုးဖြေရှင်းပြီး ကွက်ကျော်ရိုက်သူဆိုတာ သူအဲ့ကတည်းက ရိပ်မိနေခဲ့ပါတယ်။ နှစ်တွေကြာခဲ့ပြီးနောက်မှာတော့ မြို့တော်ဝန်က သူ့ကိုအလုပ်တစ်ခုအပ်ဖို့ ခေါ်ခဲ့ပါတယ်…. ဒါကတော့ မြို့တော်ဝန်က သူ့မိန်းမက ဖောက်ပြန်နေတယ်လို့ ယူဆပြီး ဘီလီ့ကို သတင်းလိုက်နှိုက်ခိုင်းပြီး စုံစမ်းခိုင်းတာပါ။ ဒီလိုနဲ့ ကိစ္စတွေဆက်စပ်မိရင်း မြို့တော်ဝန်ဟာ ရွေးကောက်ခံဖို့ကိစ္စတွေ လာဘ်စားဖို့ကိစ္စတွေကအစ မိသားစုကိစ္စအဆုံး အကုန်လုံးမှာ ကလိမ်ကကျစ်ကျထားတာကို ဘီလီတယောက် အနံ့ရသွားတဲ့အခါမှာတော့….သူကိုယ်တိုင်ဒီပြသနာတွေထဲမှာ ဓားခုတ်ရာ လက်ဝင်လျှိုမိသွားပြီဆိုတာ သိတဲ့အခါမှာတော့...
The Player (1992) ⭐TMDB: 72% User Score 🎬 #Comedy #Crime #Romance #Mystery #Drama #Thriller 🗓 1992 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Player (1992) အညွှန်း***************************IMDb rating …… 7.5/10Rotten Tomatoes 98%(ဒီထဲကမင်းသားကThe Shawshank Redemption(1994)ထဲမှာ စကားလေး မပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာ အားလုံးသိကြမယ်ထင်ပါရဲ့) Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး…. စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကိုကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့်ဆုံးဖြတ်ပေးရပါတယ်… ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါ စာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်… ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ… တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်… ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်… အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်… အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ…… ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီး သရုပ်ဆောင်များစွာပါ၀င်ထားပါတယ်… ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ် ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ တမူထူးခြားတဲ့ ရသတွေခံစားမှာဖြစ်လို့… ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်...
BINI Chapter 2: Here With You (2024) ⭐TMDB: 0% User Score 🎬 #Documentary #Music 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 2 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 BINI Chapter 2 Here With You (2024) “တစ်မိုးအောက်က မိန်းမပျိုလေးများ ၂”=============================================== ကမ္ဘာပေါ်မှာ pop bands တွေ တဖြည်းဖြည်းများလာတာနဲ့အမျှ ဖိလစ်ပိုင်နိုင်ငံမှာလည်းတော်တော်လေးအောင်မြင်တဲ့ အမျိုးသမီး pop bands တစ်ခု ပေါ်လာခဲ့ပါတယ်။ ဒီ Girl Bands ဟာ တော်တော်လေးအောင်မြင်တယ်ဆိုတာထက်ကိုရီးယားမှာ Blackpink တို့ Twice တို့ နာမည်ကြီးသလိုမျိုးဖိလစ်ပိုင်နိုင်ငံမှာ လျှမ်းလျှမ်းတောက်ကို နာမည်ကြီးတာပါ။အဲဒီ Girl Bands ရဲ့နာမည်ကတော့ BINI ပါ။BINI ထဲမှာ အဖွဲ့ဝင် ရှစ်ယောက်ပါဝင်ပြီး အားလုံးကလည်း ငယ်ငယ်ချောချော ချစ်စရာလေးတွေပါ။ ဒီ မှတ်တမ်းရုပ်ရှင်ကတော့ သူတို့အဖွဲ့ရဲ့ ပထမဆုံး Solo Concert မစတင်ခင် Concert အတွက် ပြင်ဆင်ကြပုံတွေ၊သူတို့ရဲ့ ငယ်ဘဝတွေ Idol ဘယ်လိုဖြစ်လာတယ်ဆိုတာတွေကို ပျော်စရာ၊ စိတ်အားတက်စရာ၊ emotional ဖြစ်စရာကောင်းအောင်ပုံဖော်တင်ဆက်ပြထားတဲ့မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ ဒီ BINI အဖွဲ့ဟာ pop bands တစ်ခုအနေနဲ့ တော်တော်လေးမိုက်တဲ့အပြင်သီချင်းတွေ၊ Performance တွေကလည်းသိပ်နှစ်သက်ဖို့ကောင်းတာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamဖြစ်ပါတယ်)...
Cinderella in the Caribbean (2023) ⭐IMDB: 5.9/10 (352 Votes) 🎬 #Drama #Romance #TVMovie #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cinderella in the Caribbean (2023) အက်ရှ်လန်က တက္ကသိုလ်တက်ရောက်နေလျက်ရှိတဲ့ကျောင်းသူတစ်ယောက်ဖြစ်ကာ အလုပ်သင်လုပ်ရင်း ဘဝကိုရိုးသားကြိုးစားစွာဖြတ်သန်းနေသူပါ။ တစ်နေ့မှာတော့ ရုတ်တရက်ဆန်စွာပဲ သူမရဲ့မိထွေးဖြစ်သူကနေ မင်္ဂလာဆောင်တော့မယ်ဖြစ်ကြောင်း ကာရေဘီယန်မှာ ခမ်းခမ်းနားနားမှာဆောင်မှာဖြစ်လို့သူမကိုပါ အတူတူလိုက်ခဲ့စေချင်ကြောင်း ကျားသားမိုးကြိုးလာဖိတ်ပါတယ်။ ဇာတ်ကားရဲ့ နာမည်အရ နာမည်ကျော်စင်ဒရဲလားပုံပြင်ကိုကျောရိုးပြုထားတာဖြစ်လို့ အက်ရှ်လန်ရဲ့ ဘဝအကြောင်းကိုလည်း စင်ဒရဲလားဆန်စွာ ကြည့်ရှခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Ya Mone ဖြစ်ပါတယ်။)...
Krazy House (2024) ⭐IMDB: 5.0/10 (911 Votes) 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #Netherlands ⏰ 1 နာရီ 30 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Krazy House (2024) မင်းသမီးကြီး Alicia Silverstone နဲ့ ဟာသမင်းသားကြီး Nick Frost ပါဝင်ထားတဲ့ Comedy/Horror ရုပ်ရှင်ကားဖြစ်ပါတယ်။ 90s sitcom တွေ vibe မျိုး အပြည့်အဝ ရပြီး Christians မိသားစုနဲ့ ဇာတ်အိမ် တည်ထားပါတယ်။ Bernie Christians ဟာ နာမည်အတိုင်းပဲ ဘာသာရေးကိုင်းရှိုင်းတဲ့ ခရစ်ယာန် ကောင်းတစ်ယောက်ဖြစ်ပါတယ်။ မိန်းမဖြစ်သူ Eve ကတော့ အလုပ်ပဲ စိတ်ဝင်စားပြီး တခြားဘာကိုမှ စိတ်မဝင်စားပါဘူး။ သားနဲ့ သမီး နှစ်ယောက်ကလည်း သူ့စကားကို နားမထောင်တဲ့အပြင် အဖေကို လေးလေးစားစားမရှိကြပါဘူး။ ဒီလိုနဲ့ သူတို့အိမ်ကို ရေပိုက်ပြင်ဖို့ Russia လူမျိုး သားအဖ သုံးယောက် ရောက်လာကြပါတယ်။ ရေပိုက်ပြင်တဲ့ အကြောင်းပြချက်နဲ့ မီးဖိုခန်းတစ်ခုလုံး အိမ်တစ်ခုလုံးက နံရံတွေကို ဖြိုချကြပါတယ်။ အလုပ်အလွန်အကျွံလုပ်လွန်းလို့ ကျန်းမာရေး မကောင်းဖြစ်သွားတဲ့ မိန်းမကို ပြုစုရတာ တစ်ဖက်၊ စကားနားမထောင်တဲ့ သားသမီးတွေကို ထိန်းကျောင်းရတာ တစ်ဖက်အပြင် လူဆိုးတွေလိုလို အိမ်ကို ဖျက်ပစ်နေတဲ့ သားအဖ သုံးယောက်ကိုပါ လိုက်တားနေရတဲ့အခါ Bernie စိတ်ထဲမှာ မကောင်းတဲ့ ရုတ်တရက် အတွေးတွေ ခဏခဏ ဝင်လာပါတော့တယ်။ Horror နဲ့ ဟာသရောပြီး 90s sitcomပုံစံ ရိုက်ထားတာမို့လို့ သဘောကျကြမယ်လို့ ထင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။)...
