无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Plan B (2023) ⭐IMDB: 6.0/10 (976 Votes) 🎬 #Drama #SciFi #Fantasy 🗓 2023 🎞 tv mini series 🌎 #Canada ⏰ 44 မိနစ် 16 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Drama/Sci-Fi Mini Series ကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်Episode 13 ပိုင်းပါပြီး တစ်ပိုင်းချင်းစီမှာလည်း Rating အသင့်အတင့်နဲ့တကယ်ကြည့်ကောင်းတဲ့ကားတစ်ကားပါ1 Win & 2 Nomination လည်းဆွတ်ခူးထားပါသေးတယ် ဘဝအတွက် အလုပ်ရယ် မိသားစုရယ် အနာဂတ်အစီအစဉ်တွေအတွက်နဲ့ရုန်ကန်နေကြရတဲ့အကြောင်းနဲ့ အချိန်နောက်ပြန်သွားတဲ့သိပ္ပံစိတ်ကူးယဉ်အကြောင်းအရာနှစ်ခုကိုအချိုးကျကျရိုက်ကူးထားပြီး လူတွေကိုမက်ဆေ့ချ်ကောင်းကောင်းလေးပေးထားပြီးနောင်တဆိုတာနောင်မှရတတ်တယ်၊ ရှိတုန်းတန်ဖိုးထားဖို့နဲ့အချိန်ကိုသာနောက်ပြန်သွားလို့ရခဲ့ရင်…ဆိုပြီးကျွန်တော်တို့လူသားတွေညည်းနေတတ်ကြတဲ့လောကကြီးက တကယ်နောက်ပြန်ပေးသွားလိုက်ရင်ရော အဆင်ပြေလာမှာလားဆိုတာကိုဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ကြည့်ရမယ့်ဇာတ်ကားလေးပါ ဇာတ်လမ်းလေးကတော့ ဥပဒေသမားတစ်ယောက်ဖြစ်တဲ့ ဖီးလစ် နဲ့သူ့ရဲ့သူငယ်ချင်းပတ် တို့ဟာမြေယာအကျိုးဆောင်ကုမ္ပဏီအသစ်တစ်ခုထောင်ပြီး Contract ချုပ်ဆိုဖို့အသည်းအသန်ရုန်းကန်နေကြရပါတယ်နေ့ရောညပါရုန်းကန်နေရတဲ့ ဖီးလစ် ဟာသူ့ရဲ့ဇနီးဖြစ်သူ အယ်ဗလင် ကိုလည်း အလုပ်မှာအကူအနေနဲ့ခိုင်းထားရပါသေးတယ်ဒါပေမယ့်လည်း အလုပ်နောက်ကိုပဲစိတ်ရောလူရောနှစ်ပြီးလိုက်နေရာကနေဖီးလစ် နဲ့ အယ်ဗလင် တို့ဟာအိမ်ထောင်ရေးသွေးအေးသွားပြီး ပျက်ကွက်တာလေးတွေများလာရာကနေလမ်းခွဲဖို့အထိဖြစ်လာခဲ့ပါတော့တယ်ဒီချိန်ရောက်တော့မှ ဖီးလစ် ဟာစိတ်ဓာတ်ကျပြီး လွန်ခဲ့တဲ့အမှားတွေကိုပြန်ပြီးပြင်ဆင်ဖို့အတွက် မမျှော်လင့်ဘဲအချိန်ခရီးသွဦးတဲ့အေဂျင်စီတစ်ခုနဲ့ချိန်ဆက်မိသွားရာကနေ…….. ဘယ်လိုပဲအချိန်ကိုနောက်ပြန်သွားသည်ဖြစ်ပါစေ ဖီးလစ် တစ်ယောက်သူ့ရဲ့အိမ်ထောင်ရေးကိုပြန်ပြီးအဖက်ဆယ်နိုင်ပါ့မလား…..အသေးစိတ်လိုက်ပြီးဂရုစိုက်ပြင်ဆင်ပေမယ့်လည်း သူ့အလုပ်အကိုင်ကိုရောပြန်ပြီးပြင်ဆင်နိုင်ပါ့မလားသူ့ရဲ့နောင်တတွေကိုရော ပြန်ပြီးပြင်ဆင်နိုင်ပါ့မလားဆိုတာကိုတော့……… ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်...
Hazbin Hotel (2019) ⭐IMDB: 7.7/10 (29 k Votes) 🎬 #Animation #Comedy #SciFi #Fantasy #Crime #Drama #Horror #Musical 🗓 2019 🎞 tv series 🌎 #Philippines #UnitedStates #UnitedStatesofAmerica ⏰ 25 မိနစ် 42 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB – 7.7/10, RT – 81% Amazon Prime ကနေ ထွက်ရှိထားတဲ့ Animation စီးရီးလေး ဖြစ်ပါတယ်။ ပုံစံလေးတွေက ချစ်စရာလေးတွေနဲ့ Animation ဆိုလို့ ကလေးတွေ လူကြီးတွေနဲ့ ယောင်လို့တောင် သွားမကြည့်မိပါစေနဲ့။ အသေအလဲ ဆဲဆိုတာတွေ စကားလုံး ရိုင်းစိုင်းတာတွေ လိင်ပိုင်းဆိုင်ရာ ပြကွက် အသုံးအနှုန်းတွေ တစ်ပုံတစ်ပင်ကြီး ပါနေတဲ့ Adult Animation ဖြစ်နေလို့ပါ။ ဇာတ်လမ်းလေးကတော့ အနောက်တိုင်းထုံးစံအတိုင်း Biblical ဆိုင်ရာ တမန်တော်တွေ နတ်ဆိုးတွေ နတ်ပြည် ငရဲပြည်ကြားက ကိစ္စလေးတွေပဲ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ကျွန်တော်တို့ သိနေကြ Lucifer ကြီးက ဒီထဲမှာကျ ငရဲပြည်မှာ သမီးလေး မွေးထားတယ်၊ သူက အဓိကဇာတ်ကောင်ပေါ့လေ။ သူတို့ရဲ့ ငရဲပြည်ကို ကောင်းကင်ဘုံက ဆရာသမားတွေက နတ်ဆိုးတွေ ပြန်ပြန်ပြီး ပုန်ကန်မှာစိုးလို့ဆိုပြီး တစ်နှစ်ကို တစ်ခါလာပြီး သုတ်သင်ရှင်းလင်းရေးဆိုတာ လုပ်ကြပါတယ်။ အဲဒါက ရက်စက်ရာကျတယ်လို့ ထင်နေပြီး ဒီငရဲက ဝိဉာဉ်တွေအတွက် အခွင့်အလမ်းရှိအောင် နတ်ပြည်တက်နိုင်အောင်ဆိုပြီး Lucifer ရဲ့ သမီးတော် မင်းသမီးလေးက ဟိုတယ်တစ်ခုဖွင့်ပြီး ဒီကနေမှ သင်ကြားပြသပေးမယ်ဆိုပြီး ကြိုးပမ်းမယ့်ဇာတ်လမ်းလေးပါ။ ဒါပေမဲ့လည်း အဆင်ပြေပါ့မလားပေါ့ သူ့ဟိုတယ်မှာလည်း သူ့ချစ်သူကောင်မလေးရယ်၊ ဘားဆရာကြီးတစ်ယောက်ရယ်၊ အပြာရုပ်ရှင်သရုပ်ဆောင်ဧည့်သည်ရယ်၊ ရေဒီယိုအစီအစဉ်တင်ဆက်သူကြီးရယ်၊ ပရမ်းပတာ အိမ်ဖော်မလေးရယ် ရှိကြပြီး ဒီလူအုပ်လေးက ဟိုတယ်ကြီးအောင်မြင်ဖို့ နတ်ပြည်နဲ့ ဘယ်လိုဖိုက်ကြမလဲ ဘယ်လိုတွေ ကြိုးစားရုန်းကန်ကြမလဲဆိုတာကို မိုက်မိုက်ရိုင်းရိုင်း ပျော်ပျော်ရွှင်ရွှင် Musical သီချင်းတွေပါထည့်ပြီး ခပ်မြူးမြူးလေး တင်ဆက်ထားတဲ့ Animation စီးရီးကောင်းလေးပါလို့။...
Freedom at Midnight (2024) ⭐IMDB: 8.4/10 (2 k Votes) 🎬 #Drama #History 🗓 2024 🎞 tv series 🌎 #India ⏰ 45 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Freedom at Midnight (2024) ဒီတစ်ခါမှာတော့ ပရိသတ်တိုစိတ်ဝင်စားမယ့်အိန္ဒိယသမိုင်းဖြစ်ရပ်မှန် ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းထဲမှာ ၁၉၄၇ မှာ အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံဆိုပြီး တစ်ကွဲစီဖြစ်သွားရတဲ့အကြောင်းရင်းကို ကြည့်ရှုရမှာပါ ၁၉၄၆ မေလမှာ ဗြိတိန်ဝန်ကြီးချုပ် အက်တလီမှအိန္ဒိယနိုင်ငံအား လွတ်လပ်ရေးပေးရန်အတွက်အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီနဲ့ မွတ်စလင်အစည်းအရုံးမှခေါင်းဆောင်တွေနဲ့ ဆွေးနွေးရန် ဘုရင်ခံကို အမိန့်ပေးလိုက်ပါတယ် ဒါကတော့ အိန္ဒိယနိုင်ငံကို ဘာသာရေးအခြေခံပြီးနယ်မြေခွဲခြားဖွဲစည်းအုပ်ချုပ်ဖို သဘောတူညီခိုင်းလိုက်တာပါ ဒီကနေ အမျိုးမျိုးသော အရှုပ်အထွေးတွေဖြစ်ပြီးအဓိကရုဏ်းတွေ ပေါ်ပေါက်လာပုံ၊ ပါတီနှစ်ဖက်အားပြိုင်ကြပုံကိုအများကြီးပြောမနေတော့ဘဲ ပရိသတ်တိုကဆက်လက်ကြည့်ရှုကြပါဦးလိုသာ ညွှန်းလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Sakamoto Days (2025) ⭐IMDB: 8.2/10 (493 Votes) 🎬 #Animation #Comedy #Action #Adventure #Crime #Thriller 🗓 2025 🎞 tv series 🌎 #Japan ⏰ 24 မိနစ် 8 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ Winter Season မှာ Solo Leveling S2 ပြီးရင် လူတွေအမျှော်လင့်နေကြဆုံးဖြစ်တဲ့ Anime ထွက်ရှိလာခဲ့ပါပြီ။ Manga မှာကတည်းက နာမည်ကျော်ပြီး Anime ကိုလည်း Dr Stone တို့ TMS Entertainment က ထုတ်ပြီး Netflix ပေါ် တင်ပြတာပဲ ဖြစ်ပါတယ်။ သူက ပထမတစ်ကျော့ကို ၁၁ ပိုင်း လွှင့်ပြီး နောက်တစ်ကျော့ကို ဂျူလိုင်လမှ ထပ်လွှင့်သွားမှာ ဖြစ်ပါတယ်။ Sakamoto ဆိုတဲ့ဘဲကြီးက မြေအောက်လောကမှာ ဆရာတစ်ဆူပါ။ ဂန္တဝင်တွင်ရတဲ့ ကြေးစားလူသတ်သမားကြီးတစ်ယောက်ပေါ့။ ဒါပေမဲ့ အချစ်စစ်နဲ့ တွေ့သွားတဲ့နောက် လူတွေလည်းမသတ်တော့ပဲ ကြေးစားဘဝကနေ စွန့်လွှတ်ပြီး မိသားစုဘဝလေးထူထောင် ဈေးရောင်းရင်း ဖတ်တီးပုတ်ကြီး ဖြစ်လို့နေပါပြီ။ လူသာဝတာပါ လက်ရည်ကတော့ တစ်စက်မှ မကျသေးတဲ့ ဝတုတ်ပေါ့ဗျာ။ အဲဒီမှာ Sakamoto ကို လေးစားအားကျပြီး သူများစိတ်ကို ဖတ်နိုင်တဲ့အစွမ်းရှိတဲ့ ဂိုဏ်းလူမိုက်လေး Shin ဆိုတာ ရှိပါတယ်။ သူက Sakamoto ကို အားကျနေပါတယ်ဆိုကာမှ သူ့ခေါင်းဆောင်က အဲဒီဖက်တီးက ဒီလောကထဲကနေ နုတ်ထွက်သွားတာကြောင့် ဒီလိုမျိုး မရှိရဘူး သူ့ကိုသတ်ခဲ့ဆိုပြီး စေခိုင်းလိုက်တဲ့အချိန်ကနေ နောက်ထပ် ဘယ်လိုတွေဆက်ဖြစ်ရမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ မင်းသားက ဝတုတ်ကြီးဆိုပေမဲ့ Action ခန်း အလန်းစားတွေကို မြင်ရမှာပါ။ ပြောရမယ်ဆို John Wick ကို ဂျပန်ကာတွန်းဖက်တီးဗားရှင်းပေါ့။ ဇာတ်လမ်းလေးက ပုံမှန်အတိုင်း သွားထားတယ်ဆိုပေမဲ့ နောက်ပိုင်းတွေ ဘာဆက်ဖြစ်လာမလဲ မျှော်လင့်ရပြီး တိုက်ခိုက်ခန်းတွေကတော့ ထူးခြားပြီး မိုက်ပါတယ်။ ဟာသလေးတွေလည်း ပါဝင်တာမို့ ကြည့်ပျော်ရှုပျော် ဖြစ်နေမှာ အမှန်ပဲ။ ခံစားလိုက်ကြပါဦး။...
My Happy Marriage (2023) ⭐IMDB: 7.7/10 (6 k Votes) 🎬 #Animation #Drama #SciFi #Fantasy #History #Romance 🗓 2023 🎞 Series 🌎 #Japan ⏰ 26 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Miyo Saimori ဆိုတဲ့ မိန်းကလေးက လူကြီးတွေစီစဉ်ထားလို့သာ လက်ထပ်ထားတဲ့ အချစ်မရှိတဲ့အိမ်ထောင်ရေးကနေမွေးဖွားလာတဲ့ ကံအကြောင်းမလှတဲ့ မိန်းကလေးပါ။ တစ်နေ့ သူ့အမေဖြစ်သူ ဆုံးသွားတော့ အဖေဖြစ်သူက သူ့ရဲ့ချစ်သူနဲ့ သမီး Kaya ကို အိမ်ခေါ်လာခဲ့ပါတယ်။ အဲ့အချိန်ကနေစပြီး Miyo ရဲ့ ဘဝဟာ အစေခံသာသာအဖြစ်သို့ ရောက်ရှိသွားပါတယ်။ ပိုဆိုးတာကတော့ Miyo ဟာ မိသားစုအမွေဖြစ်တဲ့ စိတ်စွမ်းအင်ကို မဆက်ခံနိုင်ပဲ အဖေ့နောက်မိန်းမရဲ့ သမီးဖြစ်သူ Kaya က ဆက်ခံနိုင်စွမ်းရှိတာကြောင့် Miyo ရဲ့ ဘဝဟာ အမှိုက်သာသာအဆင့်သို့ ရောက်သွားရပါတော့တယ်။ နှစ်များစွာ အမှိုက်တစ်ခုလိုဆက်ဆံခံလာရတာကြောင့် Miyo ဟာ နာကျင်စရာတွေကို လက်ဝယ်ပိုက်ရင်း အရာအားလုံးကိုခေါင်းငုံခံကာ အမိန့်မှန်သမျှကိုနာခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ မမျှော်လင့်ပဲ ကြောက်မက်ဖွယ်ကောင်းလှအောင် ရက်စက်လှပါတယ်လို့ သတင်းထွက်နေတဲ့ စစ်တပ်ခေါင်းဆောင် Kiyoka Kudou နဲ့ လက်ထက်ဖို့အိမ်က စီစဉ်ပေးတာကို လက်ခံခဲ့ရပါတယ်။ မထင်မှတ်ထားတာကတော့ Kiyoka ဆိုသူဟာ လူတွေပြောနေကြသလို ရက်စက်တဲ့မဟုတ်ပဲ ကြင်နာတတ်တဲ့လူဖြစ်နေတာကြောင့် Miyo ရဲ့ အိမ်ထောင်ရေးဘဝဟာ ဘယ်လိုမျိုး ပျော်ရွင်မှုတွေအပြည့်နဲ့ စောင့်ကြိုနေမလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။...
Berserk: The Golden Age Arc - Memorial Edition (2022) ⭐IMDB: 8.3/10 (2 k Votes) 🎬 #Action #Adventure #Drama #Animation #SciFi #Fantasy #Horror #Romance 🗓 2022 🎞 tv series 🌎 #Japan ⏰ 26 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Berserk : The Golden Age arc 2022=========================== (သတိပေးချက်- ယခုဇာတ်လမ်း၌ ကိုယ်လုံးတီး အခန်းများ၊ ခေါင်းနှစ်ခြမ်းခွဲ၊ မျက်လုံးဖောက်ထုတ်၊ လျှာဖြတ်သော ကြမ်းကြမ်းတမ်းတမ်းသတ်ဖြတ်ခန်း များနှင့် ကြမ်းတမ်းသော စကားလုံးအသုံးအနှုန်းများ အပြင် လိင်ဆက်ဆံခန်းများနှင့် မုဒိန်းကျင့်ခန်းများ ပါသောကြောင့် ကလေးသူငယ်များနှင့် အသက် ၁၈ နှစ်အောက် လူငယ်များကြည့်ရန်မသင့်လျော်ပါ။) IMDb – 7.5/10MyAnimeList – 7.7/10 ဒီစီးရီးကတော့ ဂျပန်animeတွေထဲက dark fantasy genreတွေထဲမှာ နံပါတ် ၁ လို့ကို ပြောလို့ရတဲ့ဇာတ်လမ်းဖြစ်ပြီး 1997တုန်းကလည်း anime စီးရီးထွက်ခဲ့ဖူးကာ အရမ်းကိုလည်း အောင်မြင်ခဲ့ပါတယ်။ အခုထွက်လာတဲ့စီးရီး ကတော့ remake စီးရီးဖြစ်တာမလို့ အရင်ထွက်တာတွေကိုပြန်မကြည့်လည်းရတဲ့ အပြင် ရုပ်ထွက်တော်တော်ကိုလှတာမလို့ ရုပ်ထွက်ပိုင်းနဲ့ဇာတ်လမ်းပိုင်းဦးစားပေးသူတွေ ကြည့်ကိုကြည့်သင့်တဲ့စီးရီးပါ။ ဒီစီးရီးဟာ အင်္ဂလန်ရဲ့သမိုင်းကြောင်းထဲက Tudorတိုင်းပြည်နဲ့Midlandတိုင်းပြည်တို့ရဲ့ နှစ်တစ်ရာစစ်ပွဲကိုအခြေခံထားတာပါ။ အဲ့ဒီစစ်ပွဲအတွင်းမှာ Griffithဆိုတဲ့သူရဲကောင်း ပေါ်လာခဲ့ပြီး တိုက်ပွဲတိုင်းကိုအနိုင်ယူနိုင်ခဲ့ပြီး Midlandဘုရင်ရဲ့သူကောင်းပြုတာကိုပါ ခံခဲ့ရပါတယ်။ အဲ့လိုလူတိုင်းလေးစားရတဲ့ Griffithဆီမှာ ထူးဆန်းတဲ့ Egg of kingဆိုတဲ့ ကျောက်တုံးလေးတစ်ခုရှိပါတယ်။ အဲ့လိုနဲ့ ကြမ္မာငင်တဲ့တနေ့မှာတော့ စိတ်ကူးနဲ့တောင် တွေးမထင်နိုင်လောက်တဲ့ကိစ္စကြီးဖြစ်လာခဲ့ပြီး အခြေအနေတွေဟာ တဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။...
Don't Die: The Man Who Wants to Live Forever (2025) ⭐IMDB: 6.2/10 (2 k Votes) 🎬 #Documentary 🗓 2025 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Don’t Die: The Man Who Wants to live forever (2025) IMDb 6.2/10 ဒီတစ်ခေါက် Documentary လေးကိုတော့ တချို့တော်တော်များများ ဖတ်ဖူးကြားဖူးမယ့်လူလို့ ထင်ပါတယ်။သူကတော့ တခြားမဟုတ် ဘရိုင်ယန်ဂျွန်ဆင်လို့ခေါ်တဲ့ အသက်၄၀ကျော်အရွယ်ကနေ ဖြစ်နိုင်ရင် ထာဝရနေနိုင်အောင်ဆယ်ကျော်သက်လေးလို ပြန်လည်ငယ်ရွယ်အောင် ကုထုံးမျိုးစုံနဲ့ ကြိုးစားနေတဲ့သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပါတယ်။ တချို့လူတွေအတွက်တော့ သူကပိုက်ဆံရှိလို့ လျှောက်လုပ်နေတဲ့ငကြောင်တစ်ကောင်လို မြင်ကြပြီး တချို့ကလည်း သူလိုက်တဲ့အတိုင်း လိုက်လုပ်တဲ့လူတွေပါ ရှိလာပါတယ်။ အခြေအနေကိစ္စတစ်ရပ်မှာ တစ်မျိုးထက်မကတဲ့ သဘောထားတွေရှိနိုင်တဲ့အတွက်သူ့ရဲ့လုပ်ရပ်က မှန်တယ်မှားတယ် မပြောလိုပေမယ့် သူ့ကြောင့်နဲ့ ကျန်းမာရေးရဲ့အရေးပါမှုကိုလူတွေသတိပြုလာအောင်တော့ လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ဖို့အတွက်သူ့မှာပေးဆပ်ရတာ သန်းနဲ့ချီတဲ့ဒေါ်လာတွေတင်မဟုတ်ဘဲ သားသမီးတို့ရဲ့ ချစ်ခင်ယုံကြည်မှုနဲ့လူအများရဲ့ ဝေဖန်ပုတ်ခတ်တာကိုပါ ခံခဲ့ရပါတယ်။ မဖြစ်နိုင်ဘူး မလွယ်ဘူးဆိုပေမဲ့ ငယ်ရွယ်နုပျိုလာအောင် သူ့ရဲ့လုပ်ဆောင်မှုလုပ်ငန်းစဉ်တွေနဲ့ ငယ်ဘဝက ကြုံခဲ့ရတဲ့စိတ်ခံစားချက်တွေကြောင့်သူဘယ်လိုဒီအနေအထားနဲ့ဒါတွေကို လုပ်နေလဲဆိုတာ စိတ်ဝင်စားဖွယ်ဗဟုသုတအဖြစ် ရှုစားရမယ့် Documentary လေးပဲဖြစ်ပါတယ်ခင်ဗျ။...
American Pie Presents: The Book of Love (2009) ⭐TMDB: 53% User Score 🎬 #Adult #Comedy 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 American Pie Presents ဇာတ်ကားတွေကတော့ နာမည်ကျော် American Pie မူလဇာတ်လမ်းရဲ့ Spin-off ဇာတ်ကားတွေဖြစ်ပါတယ်။ – American Pie Presents: Band Camp (2005)– American Pie Presents: The Naked Mile (2006)– American Pie Presents: Beta House (2007)– American Pie Presents: The Book of Love (2009)– American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ မူလဇာတ်ကြောင်းနဲ့ဆက်စပ်မှုနည်းပါးသွားပြီး မူလဇာတ်လမ်းထဲက Jim ရဲ့ အဖေဖြစ်သူ လက်ဗင်စတိန်းနဲ့Stifler ရဲ့ အမျိုးတွေလောက်သာ ပါလာပြီး တစ်ကားကို ဇာတ်လမ်းတစ်ခုစီဖြစ်ပါတယ်။ +++++++++++++++ American Pie Presents: The Book of Love (2009) ရော့ဘ်၊ လု့ဘ်၊ နဲ့ နေသန် တို့ ၃ ယောက်ဟာ လူပျိုရည်မပျက်သေးတဲ့ အထက်တန်းကျောင်းသားလေးတွေဖြစ်ပါတယ်….အဲဒီတော့ထုံးစံအတိုင်းပဲ လူပျိုရည်ပျက်ရေး၊ ဒို့အရေးနဲ့ တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ခဲ့သော်ငြားလည်းပဲ မဖြစ်မြောက်လာဘဲမှိုတက်တော့မယ့် ညီလေးကို ပေါ်လစ်တင်ရင်းသာ အချိန်တွေကုန်လာခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ကျောင်းစာကြည့်တိုက်ကြီး မီးလောင်သွားပြီးAmerican Pie ပထမဆုံးဇာတ်ကားကတည်းက ကျောင်းမှာလျှို့ဝှက်တည်ရှိနေတဲ့ရှေးနောင်တော်ကြီးများရေးခဲ့တဲ့ လိင်မှုလက်တွေ့လက်စွဲစာအုပ်ကြီးက သူတို့လက်ထဲကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။ ဒီလိုနဲ့ သုံးယောက်ပေါင်း အလောင်းလည်းမကျော်နိုင်သလို ဘာမှလည်းဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့ သူငယ်ချင်းသုံးယောက်ခရမ်းသီးနှပ်ဖို့လိုက်ရှာရင်း ဘယ်လိုအလွဲတွေနဲ့ ခွီနေရမလဲဆိုတာ……။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီးCM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)...
Oz the Great and Powerful (2013) ⭐IMDB: 6.3/10 (217 k Votes) 🎬 #Adventure #Family #Fantasy 🗓 2013 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သက္ကရာဇ် ၁၉၀၅ ခုနှစ်မှာ အော်စကာ လို့အမည်ရတဲ့ မျက်လှည့်ဆရာတစ်ယောက်ဟာ လေမုန်တိုင်းတိုက်ခံရတာကနေတစ်ဆင့် The Land of OZ ခေါ်တဲ့နေရာကို ရောက်ရှိသွားပါတယ်။ သူရောက်ရှိသွားတဲ့ နေရာမှာ သီအိုဒေါဆိုတဲ့ မိန်းမလှလေးနဲ့ တွေ့ဆုံခဲ့ပါတယ် အဲ့မိန်းမလှလေးက အော်စကာ ဟာဆိုရင် သူတို့ရဲ့ မြေကို ရက်စက်တဲ့စုန်းမကြီးလက်ထဲကနေ ကယ်တင်မဲ့ ဟောကိန်းလာ မှော်ဆရာကြီးလို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ အော်စကာဟာ မှော်ပညာတက်တဲ့ သူတစ်ယောက်မဟုတ်ပဲ သာမန် မျက်လှည့်ဆရာလေးဖြစ်ပါတယ်။ ဒီလိုနဲ့ အော်စကာဟာဆိုရင် နန်းတော်ကို ရောက်သွားပြီး သီအိုဒေါရဲ့ အစ်မ ဘုရင်မတို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ထို့နောက် မှာတော့ အော်စကာဟာ စုန်းမကြီးကို နှိမ်နှင်းပေးဖို့ ကတိပေးပြီး ဟန်ကိုယ့်ဖို ဆိုသလို ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ စုန်းမကြီး နေထိုင်တဲ့နေရာကိုရောက်တော့ သူထင်နေသလို စုန်းမကြီး မဟုတ်တဲ့အပြင် တစ်ကယ့် အမှန်တရားတစ်ခုကိုသိလာရတဲ့ အခါမှာတော့… ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ဆက်လက်ရှုစားကျပါခင်ဗျာ။...
Le jardinier (2025) ⭐IMDB: 4.0/10 (214 Votes) 🎬 #Action #Comedy 🗓 2025 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 49 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ငယ်ငယ်တုန်းက အသည်းစွဲ အက်ရှင်မင်းသားကြီးဖြစ်ခဲ့တဲ့ ဗန်ဒိမ်းရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ The Gardener (2025) Le jardinier ဆိုတဲ့ ပြစ်သစ်ဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အာနိုးတို့ စတားလုံးတို့နဲ့ခေတ်ပြိုင်ဆိုတဲ့အတိုင်း အခုအချိန်မှာ အသက်ကြီး နေပြီဖြစ်ပေမဲ့ မပျက်စီးသေးဘဲ ခန္ဓာကိုယ်အချိုးအစား ကလည်း လူငယ်တွေထက်တောင်ပိုလန်းပြီး အက်ရှင်တွေကိုလည်း ချပြနိုင်တုန်းပါပဲ။ဒီကားလေးကတော့ အက်ရှင်သီးသန့်ချည်းမဟုတ်ဘဲ ဟာသဒရာမာပါပေါင်းထားတဲ့အတွက် မိသားစုနဲ့အတူတူ ပေါ့ပေါ့ပါးပါး ကြည့်ချင်သူတွေအတွက်လည်းအဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်း++++++++++ ဇာတ်လမ်းရဲ့အစမှာတော့ အထူးတပ်ဖွဲ့တစ်ဖွဲ့က လူတစ်ယောက်ကို ဝိုင်းအမဲလိုက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။သူတို့ရဲ့တာဝန်ကအဲ့ဒီလူကို ရှင်းပစ်ဖို့ဖြစ်ပြီး ဘာလို့အဲ့လိုလိုက်လုပ်နေရတယ်ဆိုတာကိုသိချင်ရင်တော့ အချိန်နောက်နည်းနည်းပြန်ဆုတ်ရပါလိမ့်မယ်။အဲ့ဒီအထူးတပ်ဖွဲ့ကို ဝန်ကြီးချုပ်က ခိုင်းထားတာဖြစ်ပြီး ဝန်ကြီးချုပ်နဲ့ဇယားရှိတဲ့လူဆိုရင် တစ်နှစ်တစ်ခါရှင်းပစ်ဖို့သူတို့ကိုနာမည်စာရင်းတွေပေးနေကျဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဆာ့ဂျ်ဆိုတဲ့နိုင်ငံရေးအသိုင်းအဝိုင်းထဲက လူတစ်ယောက်လည်း ပါဝင်နေပြီး သူကစာရင်းထဲမှာနောက်ဆုံးပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူ့ကိုဦးစားပေးရှင်းပစ်ဖို့ဖြစ်လာပါတော့တယ်။ သူကတော့အဲ့ဒါတွေကိုမသိဘဲ ကျေးလက်ကအိမ်လေးမှာ မိသားစုနဲ့ အတူတူအားလပ်ရက်အပန်းဖြေနေပါတော့တယ်။ ဒီလိုနဲ့အဲ့ဒီလူတွေရောက်ချလာပြီး သူ့ကိုရှင်းဖို့လုပ်တဲ့အခါမှာတော့ မိသားစုတစ်ဖက်နဲ့ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဖြစ်နေတဲ့ ဆာ့ဂျ်ကို လျှို့ဝှက်ဆန်းကြယ်မှုတွေအများကြီးနဲ့ သူ့ဥယျာဉ်မှူးကဘယ်လိုတွေ ကူညီပေးသွားမလဲဆိုတာကို စိတ်ဝင်စားစရာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရှုစားရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။...
Human Animals (2020) ⭐IMDB: 5.6/10 (692 Votes) 🎬 #Drama #Horror #Thriller 🗓 2020 🎞 movie 🌎 #Mexico ⏰ 1 နာရီ 29 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ခါတုန်းက တိရစ္ဆာန်ရုံတစ်ခုမှာ “ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး တိရစ္ဆာန်” ဟု ပြသထားတဲ့နေရာမှာ မှန်တစ်ချပ် ချိတ်ဆွဲထားရှိခဲ့ဖူးပါတယ်။ ဆင့်ကဲပြောင်းလဲလာမှုကနေတစ်ဆင့် ဖြစ်တည်လာတဲ့ လူသားတွေဟာ ကမ္ဘာပေါ်မှာ အသိဉာဏ်အရှိဆုံး သတ္တဝါဖြစ်သလိုပဲ အရက်စက်ဆုံး၊ အကောက်ကျစ်ဆုံး သတ္တဝါအဖြစ်နဲ့ ကမ္ဘာကြီးကို အန္တရာယ်အပေးနိုင်ဆုံး သတ္တဝါလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ရွိုင်း နဲ့ ချာဗာတို့ မိသားစုနှစ်စုမှာ ယောက်ျားသားတွေဖြစ်တဲ့ ရွိုင်းနဲ့ချာဗာတို့က ပုလဲနံပသင့်ပေမယ့် ရွိုင်းရဲ့ဇနီး ဖာဘီရိုလာ နဲ့ ချာဗာရဲ့ဇနီး အန်နာဟီးတို့ကတော့ သူတို့ကြားထဲက ကွဲပြားမှုကို သတိထားမိနေကြပါတယ်။ ခွေးကြောက်တတ်တဲ့ ရွိုင်းတို့ရဲ့သမီးလေး တယ်ရစ်ဆာ နဲ့ ခွေးချစ်သူဇနီးမောင်နှံဖြစ်တဲ့ ချာဗာနဲ့အန်နာဟီးရဲ့ သားလိုချစ်ရတဲ့ ခွေး. ဂျက်ဂါတို့ကြောင့် မိသားစုနှစ်စုကြားက အတားအဆီး တစ်ခုသဖွယ် ဖြစ်နေပါတယ်။ တစ်ရက်မှာတော့ ချာဗာတို့က ရွိုင်းတို့မိသားစုကို ထမင်းစားဖိတ်ခဲ့ပြီးတော့ ခွေးကြောက်တတ်တဲ့ တယ်ရစ်ဆာအတွက်လည်း သူတို့ခွေးကို ပိတ်လှောင်ထားပေးဖို့ သဘောတူညီခဲ့ကြပါတယ်။ ထမင်းစားဝိုင်းမှာပဲ ချာဗာနဲ့အန်နာဟီးတို့ဟာ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေ ဖြစ်ခဲ့ဖူးကြောင်း စကားစပ်မိရင်းနဲ့ ရွိုင်းတို့ကို ပြောပြခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပိတ်ထားခဲ့တဲ့ ဂျက်ဂါက လွတ်လာခဲ့ပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားခဲ့ပါတယ်။ တယ်ရစ်ဆာရဲ့ ခွေးကြောက်တတ်တဲ့အကျင့်ကို ဖျောက်နိုင်ဖို့ ဂျက်ဂါ့ကို ပွတ်သပ်ခိုင်းခဲ့ပေမယ့် ဂျက်ဂါကလည်း တယ်ရစ်ဆာ့အပေါ်မှာ ရန်လိုနေခဲ့ပါတယ်။ တစ်ခုခုကို ကြောက်ရွံနေရင် အဲဒီအရာက မလွဲမသွေဖြစ်လာတတ်တဲ့ နိယာမအတိုင်းပဲ ရွိုင်း နဲ့ ချာဗာတို့ မိသားစုနှစ်ခုကြားထဲမှာ အရုပ်ဆိုးတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာခဲ့ပါတယ်။ ရွိုင်းတို့ခြံဝင်းထဲကို ကျူးကျော်နေတတ်တဲ့ ဂျက်ဂါဟာ တယ်ရစ်ဆာရဲ့ အရုပ်ကို ဖျက်ဆီးနေတာ တွေ့တာကြောင့် တယ်ရစ်ဆာက ရန်မူခဲ့ပါတယ်။ ဂျက်ဂါကလည်း စိတ်ရိုင်းဝင်ပြီး တယ်ရစ်ဆာရဲ့ လက်မောင်းကို ကိုက်ဆွဲခဲ့ပါတယ်။ အပြင်းအထန်ဒဏ်ရာရသွားတဲ့ တယ်ရစ်ဆာကို ဆေးရုံကို ပို့အပြီးမှာ ချာဗာတို့ဇနီးမောင်နှံက ခွေးရုပ်ကလေးလက်ဆောင်ပေးဖို့ ကြိုးစားခဲ့တာကြောင့် ရွိုင်းနဲ့ချာဗာတို့ မိသားစုနှစ်စုကြားမှာ ပိုပြီး တင်းမာလာခဲ့ပါတယ်။ မီးစလေးကနေ တငွေ့ငွေ့လောင်ကျွမ်းပြီး မီးတောက်ကြီးဖြစ်လာခဲ့သလို ကိစ္စတွေက ထင်ထားတာထက် ပိုပြီး ပြင်းထန်လာခဲ့ပြီးတော့ ရွိုင်းရဲ့ဆိုင်ရာပိုင်ရာတွေကို တိုင်ကြားခဲ့မှုကြောင့် ဂျက်ဂါကို တိရစ္ဆာန်ထိန်းချုပ်ရေးကနေ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဂျက်ဂါမရှိတော့တဲ့နောက်ပိုင်း မိသားစုနှစ်ခုဆက်ဆံရေးက နောက်ပြန်လှည့်လို့မရတဲ့ အခြေအနေရောက်သွားခဲ့ပြီး ရွိုင်းတို့မိသားစုအတွက် ခြောက်ခြားထိတ်လန့်ဖွယ်ကိစ္စတွေ ဆက်တိုက်ဖြစ်ပွားလာပါတယ်။ နောက်ပိုင်းမှာ ချာဗာနဲ့အန်နာဟီးတို့ရဲ့ နောက်ကြောင်းကို စုံစမ်းမိပြီး နာမည်တုနဲ့နေထိုင်နေသူတွေဖြစ်ကြောင်း သိရှိသွားချိန်မှာတော့ ရွိုင်း၊ ဖာဘီရိုလာနဲ့ သမီးဖြစ်သူ တယ်ရစ်ဆာတို့အတွက် အရမ်းနောက်ကျနေခဲ့ပြီ ဖြစ်ပါတယ်။ အန္တရာယ်အများဆုံး၊ အကောက်ကျစ်တတ်ဆုံး လူသားသတ္တဝါတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို မျက်ဝါးထင်ထင် ကြုံတွေ့ဖို့ အကြောင်းဖန်လာခဲ့ပြီဖြစ်ပါတော့တယ်...
Maybe Baby 2 (2024) ⭐IMDB: 5.6/10 (403 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #Denmark ⏰ 1 နာရီ 47 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဟာသကားလေးကတော့ ၂၀၂၃ ခုနှစ်မှာထွက်ခဲ့တဲ့ ဒိန်းမတ်စကားပြော Maybe Baby ရဲ့အဆက်ပါ။ အန်ဒရီရာ- စီစီလီ စုံတွဲနဲ့ မော့ထ်-လိဗ် စုံတွဲနှစ်တွဲရဲ့ အလွဲလေးတွေအကြောင်းရိုက်ထားတာပါ။ ပထမကားမှာ သူတို့စုံတွဲကို ဆေးခန်းက မတော်တဆ မျိုးဥချင်းမှားထည့်ပေးမိလိုက်လို့ ကလေးမွေးပြီးမှ ကလေးချင်းလဲလိုက်ရပါတယ်။ ဘယ်လိုတောင်ပြောရမလဲ ကိုယ်ကမွေးတဲ့သူများကလေးနဲ့ သူများမွေးတဲ့ကိုယ့်ကလေးပေါ့။ အဲ့တာနဲ့ ကလေးလေးတွေ ၂ နှစ်ပြည့်ရောက်ခါမှ ဇာတ်လမ်းကပြန်စလာတယ်။ အဲ့အချိန်တုန်းက ဆေးခန်းက သူနာပြုရဲ့ တိကျမှုကြောင့် မျိုးဥတွေမလွဲပါဘူးတဲ့ ကိုယ်မွေးခဲ့တာကိုယ့်ကလေးအရင်း ခေါက်ခေါက်ပါတဲ့။ ကဲဘယ်လိုလုပ်ကြမလဲ။ အတော်နောက်တဲ့ဆေးခန်း။ အဲ့ဒီတော့ ၂နှစ်လောက်တောင် ကိုယ့်ကလေးလို့ထင်ပြီး သံယောဇဉ်တွေတွယ်လာကြတာ ပြန်လဲမပေးချင်၊ တစ်ဖက်စုံတွဲဆီက ကိုယ့်ကလေး အရင်းလေးနဲ့လည်း နေချင်ဆိုတော့ နောက်ဆုံးနှစ်အိမ်ထောင် ပေါင်းပြီး ပူးတွဲနေထိုင်ရေးအစီအစဉ်လုပ်ကြပါတော့တယ်။ ဒါပေမယ့် သွေးမတော်သားမစပ်တွေ ပေါင်းနေတဲ့အချိန်မှာ မတူညီတဲ့အကျင့်စရိုက်တွေ၊ ကိုယ့်ကလေးကို ပိုင်ဆိုင်ချင်တဲ့ လောဘစိတ်တွေနဲ့ ဘယ်လိုတွေလွဲကြ ပြန်ပေါင်းထုပ်ကြမလဲ ဆိုတာ တစ်ချက်မှမပျင်းရဘဲနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။...
The Love Scam (2025) ⭐IMDB: 6.0/10 (756 Votes) 🎬 #Comedy #Romance 🗓 2025 🎞 movie 🌎 #Italy ⏰ 1 နာရီ 41 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Netflix က အသစ်ထွက်လာတဲ့ The Love Scam အီတလီ ရုပ်ရှင်ကတော့ ဟာသဇာတ်မြူးအချစ်ကားလေးဖြစ်ပါတယ်။ အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ဗီတိုနဲ့အန်တိုနဲလိုတိုညီအစ်ကိုဟာ ရသမျှအလုပ်လုပ်ပြီး ဝင်ငွေရှာဖွေနေရသလို အန်တိုနဲလိုဟာ လိမ်လည်တာမျိုးစုံလုပ်တဲ့လူလိမ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ အန်တိုနဲလိုဟာ သူများပြန်လိမ်တာခံလိုက် ရတာကြောင့် နေအိမ်ကိုပါဆုံးရှုးရမယ့်အရေးနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ ဗီတိုကလည်း နေအိမ်ကိုဆုံးရှုးရမယ်ဆိုရင် သူ့ကလေးရဲ့ အုပ်ထိန်းခွင့်ကိုပါဆုံးရှုးရနိုင်ခြေရှိနေပါတယ်။ အဲဲဒီအခါမှာတော့ ဗီတိုနဲ့အန်တိုနဲလိုဟာ သူတိုကိုလိမ်သွားတဲ့ကုမ္ပဏီရဲ့အမွေဆက်ခံသူ မာလီနာကိုပြန်လိမ်ဖို ပရဟိတအဖွဲယောင်ဆောင်ကာ အလှူငွေ ထည့်ခိုင်းဖိုအကွက်ဆင်ကြပါတော့တယ်။ လူလိမ်အန်တိုနဲလိုရဲ့ဦးဆောင်မှုနဲ့ ဗီတိုတစ်ယောက် မာလီနာနားကို ချဥ်းကပ်ပြီး မာလီနာအကြောင်းပိုသိလာလေလေ ချစ်မိလာလေ ဖြစ်လာတဲ့အခါမှာတော့ လူလိမ်ညီအစ်ကိုနဲ့မာလီနာကြားဘာတွေ ဆက်ဖြစ်မယ်ဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။...
The Unrighteous (2024) ⭐TMDB: 30% User Score 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 26 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Unrighteous (2024) *********************** IMDb… 6.5 ဘာသာရေးကိုအကြောင်းပြုတဲ့ တရားမဝင်ပြစ်မှုအကြောင်းကို ရိုက်ကူးပြသထားတဲ့ The Unrighteous ဂျူဟျွန်း (Lee Hyun-Woo) က ဝန်းဂျောင်းဗီလာလို့ခေါ်တဲ့ တိုက်ခန်းဟောင်း သေးသေးလေးမှာ နေမကောင်းဖြစ်နေတဲ့အမေ၊ တူမလေးနဲ့ အတူတူနေထိုင်နေတဲ့သူပါ။ ဘဏ်တစ်ခုရဲ့ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေပြီး တစ်ချိန်တည်းမှာပဲ လိုင်စင်ရအိမ်ပွဲစားဖြစ်ဖို့ ပြင်ဆင်နေသူလည်းဖြစ်တယ်။ အိမ်နီးနားချင်းတွေနဲ့လည်း အဆင်ပြေပြေ ဆက်ဆံတတ်တဲ့သူဖြစ်ပေမဲ့ ရှင်းဟယ် (Moon Jeong-Hee) လို့ခေါ်တဲ့ အပေါ်ထပ်အိမ်က အမျိုးသမီးနဲ့တော့ ဆက်ဆံရေးမပြေလည်ခဲ့ပါဘူး။ တစ်နေ့မှာ ဂျူဟျွန်းက ရှင်းဟယ်ရဲ့ စာတိုက်ပုံးထဲကို ဘုရားကျောင်းတစ်ခုရဲ့ လက်ကမ်းစာစောင်ကို ထည့်ခဲ့ပါတယ်။ ရှင်းဟယ်ကလည်း နေမကောင်းဖြစ်နေတဲ့သားဖြစ်သူကြောင့် ဘုရားကျောင်းရဲ့ ယုံကြည်သူဖြစ်လာပြီး အလွန်အမင်းအစွန်းရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဝန်းဂျောင်းဗီလာတစ်ခုလုံးနဲ့ ဂျူဟျွန်းမိသားစုပါ အစွန်းရောက်ယုံကြည်သူတွေကြောင့် အန္တရာယ်ကျရောက်လာသောအခါ… ဂျူဟျွန်းတစ်ယောက် ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းပြီး ရုန်းထွက်သွားမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ်။)...
Maybe Baby (2023) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #Denmark ⏰ 1 နာရီ 45 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဤဇာတ်ကားတွင် မိသားစုနှင့်ကြည့်ရှုရန်မသင့်သောဇာတ်ဝင်ခန်းအချို့ပါရှိပါသည်။ ဒီဇာတ်ကားလေးမှာကျွန်တော်တို့ပုံမှန်တွေ့နေရတာနဲ့ ကွဲထွက်နေတဲ့ဇာတ်လမ်းလေးကိုရှုစားကြရမှာပါ။ ဒီဇာတ်ကားမှာပါတဲ့ ခေါင်းဆောင်မင်းသားကြီး Lars Rantheနဲ့ မင်းသမီးကြီး Mille Dinesenတို့ဟာ ဒိန်းမတ်ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာရုပ်ရှင်ဆုများပါ ခူးဆွတ်ရယူဖူးသူတွေဖြစ်ကြပါတယ်။ နာမည်ကြီးဒိန်းနစ်သရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားပြီး ဒိန်းနစ်ရုပ်ရှင်ဆုများခူးဆွတ်ထားတဲ့ ဒါရိုက်တာ Barbara Topsøe-Rothenborgရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Cecilie ဟာ အသက်ကြီးကြီး၊ အရမ်းစည်းကမ်းကြီးပြီးစာအုပ်ကြီးအတိုင်းသွားတတ်တဲ့မိန်းမတစ်ယောက်ဖြစ်ပြီး ခေတ်မီဆေးပညာကို အကြွင်းမဲ့ယုံကြည်သူတစ်ဦးပါ။ တစ်ဖက်က Liv ကတော့ ခပ်ငယ်ငယ် ပြီးတော့ Cecilie နဲ့ဆန့်ကျင်ဖက်။ စာအုပ်ကြီးလမ်းစဉ်တွေ၊ ခေတ်မီဆေးပညာတွေကိုအယုံအကြည်မရှိ စိတ်ဝိညာဉ်ကျန်းမာမှ ကိုယ်ရောစိတ်ပါကျန်းမာမယ်ဆိုတဲ့ယုံကြည်ချက်ကြောင့် လွတ်လပ်စွာနေထိုင်တတ်တဲ့လူမျိုး။ သူတို့နှစ်ယောက်က လမ်းချင်းတောင်တူစရာအကြောင်းမရှိလောက်အောင် မတူကွဲပြားကြတဲ့မိန်းမနှစ်ယောက်ဖြစ်ကြပေမယ့် သူတို့မှာတူညီတဲ့အချက်တစ်ချက်ရှိပါတယ်။ ဒါကတော့ သူတို့နှစ်ယောက်လုံးဟာကလေးလိုချင်ပေမယ့် သဘာဝအတိုင်းရနိုင်ဖို့ခက်ခဲနေကြတာပါပဲ။ သန္ဓေအောင်ဖို့ဆေးခန်းပြရင်း ဆေးခန်းရဲ့မတော်တဆတစ်ခုကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကိုယ်ဝန်ကိုတစ်ယောက်လွယ်ရဖို့ဖြစ်လာတဲ့အခါမှာ သူတို့နှစ်ယောက်ကြားက မတူညီမှုတွေကိုဘယ်လိုညှိယူကြရမလဲ၊ ဘယ်ကလေးကိုဘယ်သူကယူကြမှာလဲ၊ ကြားထဲမှာရော ဘယ်လိုအလွဲတွေကြုံရဦးမလဲဆိုတာကို ဟာသလေးတွေနဲ့ရယ်မောပြီးရှုစားကြရမှာပါ။ ဒီကားလေးက ဇာတ်လမ်းလှည့်ကွက်များများစားစားမပါဘဲ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ ထူးခြားတဲ့အကြောင်းအရာတစ်ခုကို ဟာသနှောပြီးတင်ဆက်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေကြိုက်ကြမယ့်ကားလေးပါ။...
Legend of the Eight Samurai (1983) ⭐TMDB: 58% User Score 🎬 #Adventure #Drama #Fantasy #Martial #Romance #Action 🗓 1983 🎞 movie 🌎 #Japan ⏰ 2 နာရီ 16 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဂျပန်စိတ်ကူးရင် သမိုင်းရုပ်ရှင်လေးပါ။ Kinji Fukasaku ကရိုက်ကူးထားပြီး ဂျပန်ရဲ့နာမည်ကြီး စိတ်ကူးရင် ဝတ္ထုဖြစ်တဲ့ Nansō Satomi Hakkenden နဲ့ legend of the Satomi clan ကိုမှီငြမ်းပြီးတော့ ပြန်ရိုက်ထားတ,ပါ။ ဇာတ်လမ်းအကျဉ်းကတော့ မင်းသမီး ရှီဇူး တို့ မျိုးနွယ်ဟာ တစ်ခြားမျိုးနွယ်တစ်ခုက ကျိနမ်စာတိုက်ခ့တာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခံခဲ့ရပါတယ် ။ ဒီကျိန်စာကို ဖျက်ဆီးဖို့အတွက်် ပုံဆောင်ခဲ ရှစ်ခု ကိုင်ဆောင်တဲ့ ဆာမူရိုင်း ရှစ်ယောက်နဲ့ အတူတူ ကျိန်စာတိုက်ခဲ့တဲ့ မိသားစုကို ပြန်တိုက်ရမှာဖြစ်ပါတယ်။ ဒီလူတွေကို မင်းသမီးကဘယ်လိုရှာပြီး ရန်သူတွေကိုအနိုင်ယူမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်လက် ကြည့်ရှူလိုက်ပါ ခင်ဗျာ။...
Disaster Holiday (2024) ⭐IMDB: 4.8/10 (542 Votes) 🎬 #Comedy #Family 🗓 2024 🎞 movie 🌎 #SouthAfrica ⏰ 1 နာရီ 33 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Disaster Holiday ဆိုတဲ့ ဇာတ်ကားလေးကတော့ အရမ်းဆွဲဆောင်မှု ရှိတဲ့ကားလေးဖြစ်ပါတယ်။ review ကောင်းတွေလဲအများကြီးရထားတဲ့ မိသားစုကားလေးပဲ ဖြစ်ပါတယ်။ ဂျိုးဇက်ဆိုတဲ့ဖခင်တစ်ဦးဟာ သူ့မိန်းမနဲ့ကွာရှင်းပြီး မိန်းမအသစ် တစ်ယောက်ယူထားသူပါ။ သို့သော်လည်း သူ့ရဲ့ကလေး သုံးယောက်ကိုတော့အချစ်မလျော့ပါဘူး။တတ်နိုင်သမျှအလုပ်လုပ်ပြီး အဘက်ဘက်ကဖြည့်စည်းပေးချင်တဲ့သူတစ်ဦးပါ။ ဒါပေမဲ့လည်းသူဟာအလုပ်တွေပဲဖိလုပ်ပြီး ကလေးတွေကို အချိန်မပေးနိုင်ဖြစ်နေတာဖြစ်ပါတယ်။ ကလေးအုပ်ထိန်းခွင့်အတွက်တရားရင်ဆိုင်ရင်း နောက်ဆုံး အခွင့်အရေးအနေ နဲ့ ကလေးတွေနဲ့ အားလပ်ရက်ခရီးထွက်ရဖို့ ဖြစ်လာပါတော့တယ်။ သို့သော်လည်း အလုပ်အစည်းအဝေးနဲ့အားလပ်ရက်ခရီး သွားချိန်နဲ့ကိုက်နေတဲ့အခါမှာ သူဘယ်လိုဖြေရှင်းမလဲ… ကလေးတွေကိုရွေးမှာလားအလုပ်ကိုရွေးမှာလား လမ်းခရီးမှာလည်း ဘယ်လို အခက်အခဲအမှတ်တရတွေရှိလာမလဲ.. ကလေးတွေ သူ့အပေါ်ထင်မြင်ချက်ခံစားချက်တွေ ပြောင်းသွားမှာလားဆိုတာတွေကို Negative vibe တွေမပါဘဲ ပေါ့ပေါ့ပါးပါးကြည့်သွားရမှာဖြစ်ပါတယ်။ Family comedyကားဖြစ်တာမို့လို့ ပေါ့ပေါ့ပါးပါး ကားလေးတွေရှာနေတဲ့သူ စိတ်ပြေလက်ပျောက် ရယ်မောချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ အကြံပေးချင်ပါတယ်။...
Operation War Thunder (2024) ⭐IMDB: 5.4/10 (96 Votes) 🎬 #Horror #SciFi #Comedy 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 15 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိထားတဲ့ Thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်ကားလေးကိုတော့ သဘာဝလွန်ဖြစ်ရပ်စုံစမ်းစစ်ဆေးရေး အဖွဲ့ဆီမှာ အစစ်ဆေးခံနေရတဲ့ ဂယ်ရီပရက် ရဲ့ အဖြစ်နဲ့ စတင် ထားပါတယ်။ ဂယ်ရီပရက်မှာ တွန်မီပရက်ဆိုတဲ့ ညီအစ်ကိုတစ်ယောက်ရှိပြီးတော့ နှစ်ယောက်လုံးက တစ်ယောက်တစ်နေရာစီ ရောက်နေကြတာ ဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်စလုံးက ဘဝကြီးကို အဆင် မပြေစွာနဲ့ ဖြတ်သန်းနေရင်း တစ်နေ့မှာတော့ အဖေဖြစ်သူ ဆုံးပါး သွားတဲ့အခါ အမွေကိစ္စအတွက် ငယ်ဘဝနေအိမ်ဆီကို ပြန်သွားရဖို့ ဖြစ်လာပါတော့တယ်။ ငယ်ဘဝနေအိမ်ဆီပြန်ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်တွေ စတင်ဖြစ်ပေါ်လာပြီးတော့ ညီအစ်ကိုနှစ်ယောက် ရင်ဆိုင်ဖြေရှင်းသွားနိုင်မလား၊ အ ဆိုပါ သဘာဝလွန်ဖြစ်ရပ်တွေကရော ဘာတွေဖြစ်မလဲဆိုတာကို စိတ်ဝင် တစား ကြည့်ရှုကြရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။...
Yesterday Once More (2023) ⭐IMDB: 7.1/10 (265 Votes) 🎬 #Drama #Fantasy #Romance 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 40 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ စိတ်ကူးယဉ် အချစ်ရုပ်ရှင်လေးမှာတော့ မင်းသားချော Arthur Chen နဲ့မင်းသမီးချောလေး Zhou Ye တို့ အတူသရုပ်ဆောင်ထားပါတယ်။အတိတ်တွေ၊ နောင်တတွေ လူတိုင်းမှာ ရှိတတ်ကြတာမို့ တကယ်လို့အချိန်နောက်ပြန်သွားခွင့်ရရင် ပြင်ဆင်ချင်တဲ့ အမှားတွေ လူတိုင်းမှာရှိမှာပါပဲ။ဒါပေမဲ့ အနာဂတ်ကိုကြိုသိနေတဲ့တိုင်အောင် အတိတ်ကိုတကယ်ပြောင်းလဲနိုင်ပါ့မလား ပြောင်းလဲတတ်ပါ့မလားဆိုတာတော့ မေးခွန်းထုတ်စရာပါပဲ။ ဇာတ်လမ်းအကျဉ်း ကူးယိရွှမ်းဟာ ငယ်စဉ်ကတည်းက အမေမရှိတဲ့သူ အဖေကလည်းအမြဲမူးနေတဲ့သူဖြစ်ပြီး မွေးနေ့ကို တစ်ယောက်တည်း ဖြတ်သန်းဖို့ကြိုးစားနေခဲ့ရပါတယ်။အဲဒီအချိန် ကလေးဘဝမှာပဲ ဟန်ရှုရန်ဆိုတဲ့ ကလေးမလေးကသူနဲ့အတူ မမေ့နိုင်စရာ မွေးနေ့ကို အဖော်လုပ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ သူတို့တွေ ကွဲသွားကြတယ်၊ အသက်ကြီးလာချိန်မှာ ပြန်တွေ့ကြတယ်၊ချစ်မိသွားကြတယ်ပေါ့။ ဒီအထိကတော့ ရိုးရိုးလေးနဲ့ လှလှလေးပါပဲ။ဒါပေမဲ့ သူတို့ထဲက တစ်ယောက် မတော်တဆဖြစ်ပြီး သေဆုံးသွားချိန်မှာနောက်တစ်ယောက်ဟာ သူတို့ငယ်ငယ်က အမှတ်တရသိမ်းထားခဲ့တဲ့ဖယောင်းတိုင်လေးနဲ့ ဆုတောင်းမိရင်း အချိန်ခရီးသွားမိပါတော့တယ်။ အချိန်ကလည်း သူ့ချစ်သူ မသေခင် တစ်ရက်လေးကိုပဲ ပြန်သွားနိုင်တာဖြစ်ပြီးချစ်သူကိုကယ်ဖို့ ကြိုးစားပေမဲ့ တစ်နည်းမဟုတ်တစ်နည်းနဲ့သေဆုံးသွားရတာပါပဲ။ ဒီဖယောင်းတိုင်လေးတွေ မကုန်ခင်မှာသူ့ကို ကယ်နိုင်မလား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်ပြီး စောင့်ကြည့်လိုက်ပါဦး။...
Ad Vitam (2025) ⭐IMDB: 6.0/10 (1 k Votes) 🎬 #Action #Crime #Drama #Mystery #Thriller 🗓 2025 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 38 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပြင်သစ်အက်ရှင်ဒရမ်မာကားလေးပဲဖြစ်ပါတယ် ဒီကားလေးမှာဆိုရင် ပြင်သစ်အထူးတပ်ဖွဲ့ဝင်ဟောင်း ဇနီးမောင်နှံနှစ်ယောက်တို့ရဲ့ အသက်ရှင်သန်ဖို့ရုန်းကန်ရမှုကို ဒရမ်မာဆန်ဆန်ဇာတ်အိမ်ဖွဲ့ရိုက်ကူးတင်ဆက်ထားပါတယ်.. ပြင်သစ်အထူးတပ်ဖွဲ့အရာရှိများဖြစ်ကြတဲ့ Franck Lazareff နဲ့ Leo တို့ဇနီးမောင်နှံဟာ အပတ်စဉ်တူသင်တန်းသားများဖြစ်ပြီး အရာရှိဘဝမှာလည်း တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြသူတွေဖြစ်ပါတယ်.. ဖခင်ဆုံးရှုံးလိုက်ရတဲ့ အတိတ်ဖြစ်ရပ်ဆိုးကြောင့် ကလေးယူဖို့ ကြောက်ရွံ့နေသူ Franck Lazareff နည်းတူ Leo ဟာလည်း ကလေး မလိုချင်ခဲ့သူဖြစ်ကာ နှစ်ယောက်တည်းကမ္ဘာကို ပျော်ရွှင်စံစားနေရင်း နှစ်အနည်းငယ်အကြာမှာတော့ Leo မှာ ကိုယ်ဝန်ရှိလာခဲ့ပါတယ် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ယောက်ျားဖြစ်သူကို ပြောပြဖို့ လုပ်နေချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် စစ်ဆင်ရေးလုပ်ရမယ့် အမှုအခင်းတစ်ခုပေါ်ပေါက်လာပါတော့တယ်.. ၎င်းအမှုအခင်းမှာပဲ အရင်းနှီးဆုံး အဖွဲ့ဝင်တပ်သားနှစ်ယောက် သေနတ်ပစ်ခံခဲ့ရတဲ့မှုအတွက် တာဝန်ရှိသူ Franck Lazareff တစ်ယောက် တပ်ဖွဲ့ကနေထုတ်ပယ်ခြင်းခံရဖို့ ဖြစ်လာပါတယ် ထုတ်ပယ်ခံရပြီးသိပ်မကြာခင်မှာပဲ ထိုအမှုအခင်းဟာ သာမန်ဓားပြတိုက်မှု သက်သက်မဟုတ်နိုင်ကြောင်း သံသယဝင်သွားတဲ့ Franck Lazareff တစ်ယောက်တစ်ကိုယ်တော်စုံစမ်းမှုတွေလုပ်ရင်း အကြောင်းမှန်ကို သိရှိသွားချိန်မှာတော့… ဒီဇာတ်ကားလေးဟာဆိုရင် ပျော်ရွှင်စရာ အထူးတပ်ဖွဲ့အရာရှိဘဝများ မိသားစုဘဝများကို ဒရမ်မာကားသဖွယ်ရိုက်ကူးထားတာဖြစ်လို့ အက်ရှင်ကားချစ်ပရိသတ်များသာမက ဒရမ်မာချစ်ပရိသတ်များကိုလည်း ကျေနပ်စေနိုင်တဲ့ဇာတ်ကားလေးဖြစ်တာကြောင့် လက်မလွတ်ကြရစေဖို့ ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ...
