ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Double Engine (2024) ⭐IMDB: 8.9/10 (69 Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 43 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Double Engine (2024)သူဋ္ဌေးအိပ်မက် မြွေအိပ်မက် IMDb-9.5/10 ဟိုက်ဒရာဘတ်မြို့ကြီးက သုံးဘီးအငှားမောင်းသမားဒန်နီတစ်ယောက်။၂၁နှစ်ပြည့်မွေးနေ့မှာ ဇာတိ‌ကျေးရွာလေးကမိသားစုအတွက် လက်ဆောင်နည်းနည်းနဲ့ဝေးကွာနေတဲ့သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြသောက်ကြမယ်ဆိုပြီး ပြန်လာခဲ့တာပေါ့ မြို့မှာအငှားမောင်းသမားဘဝနဲ့ ကျပ်ကျပ်တည်းတည်းဖြစ်နေပေမဲ့ ရွာပြန်မျက်နှာပန်းလှချင်လို့ဆိုင်ကယ်အရမ်းနှမြောတဲ့သူငယ်ချင်းဆီက အမိုက်စားဆိုင်ကယ်ကြီး မရမကငှားစီးလာတယ်ရွာမှာကျန်ခဲ့တဲ့သူငယ်ချင်းကလည်း မြို့ကသူငယ်ချင်းကြီးပြန်လာမှာမို့ အင်္ကျီအသစ်တွေနဲ့အပျံစားစောင့်ကြို…။ ငယ်ငယ်လေးတည်းကပေါင်းလာသူတွေ သောက်ရင်းစားရင်းအားလုံးတူတူခက်ခဲနေကြတာပေါ်တာပါပဲ ။သူတို့အားလုံးပြိုင်တူတောင့်တတာက ချမ်းသာကြွယ်ဝချင်တဲ့အိပ်မက်“Double Engine” လို့မှောင်ခိုဈေးကွက်အခေါ်မြွေ က သူတို့ဘဝတွေပြောင်းလဲနိုင်မှန်းသိလို့ထွက်လာခဲ့တဲ့ စွန့်စားခန်းကတစ်ဆင့် သူတို့တွေအချီကြီးရပြီးပွသွားမလား ဘယ်လိုရင်ဆိုင်ရယူကြမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

Birthmark (2024) ⭐IMDB: 6.9/10 (144 Votes) 🎬 #Bollywood #Mystery #Thriller #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Birthmark 2024 ပြန်လည်မွေးဖွားခွင့် IMDb- 7.7/10 လူတစ်ယောက်ရဲ့အနိမ့်ပါးဆုံးအချိန် အသက်ဆက်ရှင်လိုတဲ့ဆန္ဒတွေ ပျောက်ဆုံးနေချိန်မှာအလိုအပ်ဆုံးကတော့ သူဆက်ပြီးရှင်သန်နေဖို့အတွက် နောက်ဆုံးမျှော်လင့်ချက်ပါပဲ။သေခြင်းရှင်ခြင်းဆိုတာ အတွေးတစ်ချက်မှာတင် ကိစ္စပြတ်သွားနိုင်တဲ့ဒီလိုကာလမှာကောက်ရိုးတစ်မျှင်ဆိုရင်တောင် လှမ်းဆွဲထားချင်ကြတာပဲမဟုတ်ပါလား။အခုဒီဇာတ်လမ်းလေးထဲမှာတော့ အိန္ဒိယဗိုလ်ကြီးဒန်နီရယ်ရဲ့မျှော်လင့်ချက်က သူ့မိန်းမဖြစ်တဲ့ဂျန်နီပါပဲ။ သိပ်ချစ်လို့လက်ထပ်ခဲ့ကြတဲ့ ဂျန်နီနဲ့ဒန်နီရယ်တို့မှာ ကြာကြာကြည်နူးခွင့်မရပါဘူး။ တိုင်းပြည်တာဝန်ကိုထမ်းပိုးထားရတဲ့လူဆိုတော့ လင်ယောက်ျားကို အပြည့်အဝပိုင်ဆိုင်ခွင့်သူ့မှာမရှိရှာပါဘူး။ ဒီလိုနဲ့ ဒန်နီရယ်လည်းစစ်ထွက်၊စစ်ပွဲမှာ ပြန်ပေးဆွဲခံရပြီး ၆ လ သုံ့ပန်းဘဝနဲ့နေခွင့်ရပြီးမှ သူ့မိန်းမဆီကိုပြန်လာတဲ့အခါမှာတော့ ချစ်ဇနီးချောကတစ်ကိုယ်တည်းမဟုတ်တော့ဘဲ နေ့စေ့လစေ့ အချစ်စုဘူးလေးနဲ့ ဖြစ်နေပါသတဲ့။ သူစစ်ထွက်ပြီး အဖမ်းခံရတာက ၆ လ ပြန်လာတော့ချစ်ဇနီးက ဗိုက်ပူနေပြီမလို့ ဒန်နီရယ်ဘဝင်မကျတော့ပါဘူး။အဲဒီအပြင် ဇနီးသည်က ချူချာနေပြီးတော့ ကလေးဖွံ့ဖြိုးမှုနှုန်းကလည်း နှေးနေပြန်တော့ ဒန်နီရယ်တစ်ယောက် မိန်းမကိုဘာမှသေချာမပြောပြဘဲ ဒါဗန်သရီသဘာဝနည်းနဲ့မီးဖွားပေးတဲ့ရွာကို ဇွတ်ခေါ်လာပါသတဲ့။ နဂိုထဲက ကိုယ်ဝန်ဆောင်ကာလမှာ ယောက်ျားကမရှိ ကလေးကလည်းမကျန်းမာလို့ ပင်ပန်းရတဲ့ထဲယောက်ျားကပြန်လာတော့လည်း အပြုအမူကထူးဆန်း စိတ်ကလည်းဆတ်နေတဲ့အပြင်အရင်လိုနွေးနွေးထွေးထွေးမရှိ သူ့ကိုလည်းဘာမှမပြောပြတော့ စစ်ထဲမှာဘာဖြစ်လာမှန်းမသိရတဲ့အပြင်ဆရာဝန်တောင်မရှိတဲ့ ဒါဗန်သရီမှာ ကလေးလာမွေးခိုင်းတော့ ဂျန်နီကလည်း ကလန်ကဆန်၊ ဒန်နီရယ်ကလည်းသူ့ကိုပဲဇွတ်ယုံခိုင်းနေတဲ့အခါမှာတော့… ပြဿနာတွေအလီလီရှုပ်နေတဲ့ကြားက သိပ်ချစ်ကြတဲ့သူတို့နှစ်ယောက်ကြားကအေးစက်သွားတဲ့သံယောဇဉ်တွေ ဗိုက်ထဲကကလေးနဲ့အတူပြန်လည်မွေးဖွားလာမလားဆိုတာကို ဆက်လက်ရှုစားကြပါစို့လား။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ BpL ~ ToMo ~ Alex တို့ပဲဖြစ်ပါတယ်)
...

Masthu Shades Unnai Ra (2024) ⭐IMDB: 8.0/10 (2 k Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 20 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Masthu Shades Unani Raa (2024)“ပန်းချီဆရာ” IMDb 8.3 ရထားပြီး ကျေးလက်ဆန်တဲ့ မြို့လေးကအငွေ့အသက်တွေမကင်းတဲ့ တေလဂူး ဟာသကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် မာနိုဟာက ငယ်ငယ်ကတည်းက ပုံဆွဲတော်ပေမယ့်လူ့ချမ်းသာ အသိုင်းအဝိုင်းက မဟုတ်သလို တက္ကသိုလ်လည်း ဆက်မတက်နိုင်ခဲ့ပါဘူး သူငယ်ချင်းနဲ့အတူ ကြော်ငြာဆိုင်းဘုတ်တွေကို ဆေးသားနဲ့ လိုက်ဆွဲတဲ့အလုပ်ကို လုပ်ကိုင်ရင်းမှ မင်္ဂလာဆောင်ဖို့ ဖြစ်လာပါတယ် ဖြစ်ချင်တော့ လက်ထပ်ပွဲမစခင် သတို့သမီးက ခိုးရာလိုက်ပြေးသွားပြီးသူ့အတွက် စာတစ်စောင်ထားခဲ့ပါတယ် “သူ့လို ငမွဲနဲ့ ပေါင်းဖို့မဖြစ်နိုင်ဘူး” ပေါ့လေ ဒီလိုနဲ့ သူပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပြီး လက်နဲ့ ကြော်ငြာဘုတ် ဆွဲရာကနေဗီနိုင်းပရင့်ထုတ်တဲ့ လုပ်ငန်းကို ပြောင်းလုပ်ဖို့ ကြံပါတော့တယ် အရင်းအနှီးလည်းရှာ၊ ဒစ်ဂျစ်တယ်ပြောင်းဖို့ photoshop သင်တန်းတက်ဖို့ လုပ်ရင်းအူမာဆိုတဲ့ ကောင်မလေးကို တွေ့ကာ ဘာတွေဆက်ဖြစ်မှာလဲဘယ်လိုအခက်အခဲတွေ တွေ့ကြုံရမလဲဆိုတာကို အရမ်းဇာတ်မနာပဲ ပေါ့ပါ့ပါးပါး ကြည့်ရမှာပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Club Dread (2004) ⭐TMDB: 52.0% User Score 🎬 #Comedy #Horror #Mystery 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတယ့် အတော်လေးရယ်ရမယ့် comedy/horror ဇာတ်လမ်းမျိုးပါ “သုခဘုံကျွန်း”ဆိုတဲ့ ကျွန်းပေါ်က အပန်းဖြေစခန်းကို တစ်ချိန်က နာမည်ကြီးအဆိုတော် “Pete Coconut” က ပိုင်တယ်ကျွန်းပေါ်က ဝန်ထမ်းတွေကလည်း တစ်ယောက်တစ်မျိုးနဲ့ အဖောက်တွေချည်းပဲ တစ်နေ့ စော်နှစ်ဗွေနဲ့ ဘဲတစ်ဗွေ ကျွန်းဘေးက တောထဲကို သွားပြီး threesome ကြရင်း လူသတ်သမား သတ်တာခံလိုက်ရတယ် ဒီကနေ ဝန်ထမ်းတွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်လို့ ကျွန်းပေါ်က ဝန်ထမ်းတွေအားလုံး လူသတ်သမားကို အဖြေရှာဖို့ လုပ်ရတော့တယ် ဖုန်းလိုင်းမမိ၊ လှေကလည်း ပျောက်သွားတဲ့အခါမှာ ကျွန်းပေါ်မှာ ပိတ်မိရင်း ဝရုန်းသုန်းကားတွေ ဖြစ်ကြတာကို ပရိသတ်ကြီး ခွီရမယ့်ကားလေးပါ လိင်ဆက်ဆံခန်းတွေများတာမို့ မိသားစုနဲ့ အတူကြည့်မယ်ဆိုရင်တော့ မျက်နှာပူနေရမှာ သေချာတယ်။
...

Rest in Peace (2024) ⭐IMDB: 5.8/10 (446 Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #Argentina ⏰ 1 နာရီ 47 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rest in Peace ( 2024 ) အာဂျင်တီးနားရုပ်ရှင်လောကဟာ လက်တင်အမေရိကရဲ့ အဖွံ့ဖြိုးဆုံးရုပ်ရှင်လောက ၃ခုထဲက တစ်ခုပါပဲ။နောက်နှစ်ခုကတော့ မက္ကဆီကိုနဲ့ဘရာဇီး။မက္ကဆီကိုမှာတော့ Alfonso Cuarónတို့ , Alejandro González Iñárrituတို့ , Guillermo del Toroတို့လို နာမည်ကျော် ဒါရိုက်တာတွေပေါ်ထွန်းပြီးသားဘရာဇီးမှာတော့ City of God ဒါရိုက်တာ Fernando Meirellesတို့, The Motorcycle Diariesဒါရိုက်တာ Walter Sallesတို့လိုလူတွေ ပေါ်တာကြာပြီပေမဲ့အာဂျင်တီးနားမှာတော့ သိသလောက် အဲဒီလောက်နာမည်ကျော်တွေတော့ မရှိသလောက်ပဲ။အာဂျင်တီးနားအာဂျင်တီးနားရုပ်ရှင်တွေနဲ့ ကျွန်တော်တော့ တော်တော်စိမ်းသေးတယ်ဆိုတာထက် ကြည့်ဖူးတာတောင် ၅ကားပြည့်မယ်မထင်ဘူး။ဒါလည်း အင်တာမှာ ပေါ်ပြူလာဖြစ်လာတဲ့ ကားတွေလောက်ပါပဲ။တနှစ်ကနဲ့ မနှစ်ကတော့ အင်တာမှာ ပေါ်ပြူလာဖြစ်ခဲ့တဲ့ အာဂျင်တီးနားကားတစ်ကားစီထွက်ခဲ့သေးတယ်။အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Argentina, 1985ရယ် မနှစ်က ဒီမှာလည်း လူတော်တော်ကြည့်ခဲ့ကြတဲ့ When Evil Lurksရယ်ပေါ့။ကျွန်တော်ကြည့်ဖူးသလောက်နဲ့တော့ အာဂျင်တီးနားကားတွေရဲ့ ကိုယ်ပိုင်ဟန်ကို Cultureကို မမြင်ရသေးဘူး။ဒါပေမဲ့လည်း When Evil Lurksတုန်းက သူ့ဟော်ရာက တော်တော်ဟော်ရာပီသခဲ့သလိုRest in Peace ( 2024 )မှာတော့ သူတို့လူနေမှုဘဝကို ရေးတေးတေးတော့ မြင်လာသလိုရှိလာတယ်။ရှေ့ကကားတွေလည်း မြည်းကြည့်ပြီးပြီ သိပ်မမြည်းဖူးသေးတဲ့ အာဂျင်တီးနာစီနီမာကို ဆက်မြည်းကြည့်ချင်တယ်ဆိုRest in Peaceဟာ တော်တော်ကြည့်ကောင်းမယ့်ရုပ်ရှင်ပါပဲ။လောလောဆယ်တော့ တခြားထင်ထင်ရှားရှား အာဂျင်တီးနားကားလည်းမရှိသေးတော့ ရွေးစရာလည်းမရှိပါဘူး။သူ့အရသာကတော့ အီရန်လိုလို ဘာလိုလိုပါပဲ။ အီရန်ကားကြိုက်ရင်လည်း ကြည့်လို့မမှားဘူး။လောလောဆယ်တော့ ရှေ့က အာဂျင်တီးနားနှစ်ကားထက်ပိုတဲ့ rotten tomatoes rating 100% အပြည့်ရထားတယ်။နောက်တော့ နည်းနည်းကျဦးမှာပေမဲ့ ဇာတ်ကတော့ စိတ်ဝင်စားဖို့ကောင်းတာကတော့ ကောင်းတဲ့ကားပါပဲ။ ဇာတ်ကတော့ အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ အာဂျင်တီးနားက လုပ်ငန်းရှင်တစ်ယောက်ရဲ့ ဇာတ်။သူ့မှာ ငွေတိုးတွေလည်း‌ချေး ရှိသမျှမိတ်ဆွေတွေဆီကလည်း ချေးထားပေမဲ့သူ့လုပ်ငန်းကို လည်ပတ်ဖို့ ငွေမလောက်နေသလို သူ့အလုပ်သမားတွေကိုလည်း လခမပေးနိုင်နေဘူး။သူ့သမီးအတွက် ၁၃နှစ်ပြည့် အရွယ်ရောက်ခြင်းအထိမ်းအမှတ်ပါတီ Bat Mitzvah ကောက်လုပ်ပေးပြီးကလေးတွေအတွက် ကျောင်းလခလည်း မပေးနိုင်, အမျိုးတွေဆီက ယူထားတဲ့ငွေတွေလည်းမပေးနိုင်တဲ့ အခြေအနေဆိုက်နေတာ။ငွေတိုးသမားကလည်း သူ့မိသားစုနဲ့ ခြိမ်းခြောက်နေပြီ။ သူ့မှာ ငွေဝင်စရာလမ်းဆိုလို့ အသက်အာမခံပဲရှိတယ်။ဒီလိုနဲ့ သူက‌ ငွေကိုရအောင်ကြံဖန်ရှာပြီး ငွေတိုးသမားကို ပေးဖို့သွားတဲ့လမ်းမှာဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံ ဒုံးနဲ့တိုက်တာကနေ သူသွားတဲ့လမ်းက အဆောက်အဦးတစ်ခုပြိုပြီး လူတွေသေကြကြေကြတယ်။သူကတော့ သေသလား ရှင်သလားမသိရတော့ဘူး။ သူ့မိသားစုက သတင်းမှာတွေ့ပြီးအခင်းနေရာကိုလာရှာပေမဲ့ သူ့လက်ဆွဲအိတ်ပဲတွေ့ရပြီး သူ့အလောင်းလည်း မတွေ့ခဲ့ရဘူး။အဲဒီကနေ ဘယ်လို ထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာမလဲ ဆက်ပြတယ်။အလှည့်အပြောင်းတွေက ဇာတ်ကို ဆန်းသွားစေပေမဲ့ ထင်မှတ်ထားတဲ့ အလှည့်အပြောင်းဆိုတာက ဟို ချက်ကော့ရဲ့ သေနတ်လိုပဲ။ဇာတ်လမ်းတစ်နေရာမှာ နံရံမှာ သေနတ်ချိတ်ထားတယ်လို့ပါရင် အဲဒီသေနတ်ကို ဇာတ်လမ်းတစ်နေရာမှာ ပစ်ကိုပစ်ရမယ်ဆိုတာမျိုးပဲ။ဇာတ်ဝင်ခန်းတစ်ခုမှာ ကျွန်တော်တို့ဖြစ်လာတော့မယ်ထင်မိတဲ့အရာဟာ သိပ်မကြာခင်ဖြစ်သွားတတ်တယ်။ရိုးရှင်းတဲ့ တင်ဆက်ပုံပဲသုံးထားပေမဲ့ သူ့ဇာတ်လမ်းကတော့ စိတ်ဝင်စားဖို့တော့ ကောင်းနေတာပါပဲ။မြည်းကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။
...

Something Is About to Happen (2023) ⭐IMDB: 6.0/10 (1 k Votes) 🎬 #Drama #Thriller #Horror #Romance 🗓 2023 🎞 movie 🌎 #Spain #Romania ⏰ 2 နာရီ 3 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စပိန်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ. ဇာတ်လမ်းကို အကြမ်းဖျင်းပြောပြရရင်တော့ လူဆီယာဆိုတဲ့ IT ကျွမ်းကျင်တဲ့ အမျိုးသမီးလေးတစ်ဦးဟာ သူတို့ကုမ္ပဏီသူဌေးရဲ့ အကျင့်ပျက်မှုကြောင့် တက်စီမောင်းပြီး အသက်မွေးဝမ်းကြောင်းရတဲ့ အခြေအနေကို ရောက်ခဲ့ရပါတယ်. ဒါပေမယ့်လည်း လူဆီယာဟာ ကာလက်ဖ်ဆိုတဲ့ အမျိုးသားတစ်ဦးကို ခဏလေးပဲတွေ့ခဲ့ပြီး စွဲလမ်းစိတ်ဖြစ်ခဲ့ကာ သူမောင်းတဲ့တက်စီကို တစ်နေနေ့မှာ ကာလက်ဖ်တစ်ယောက် ငှားစီးမိမှာပဲဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပဲ စောင့်မျှော်နေခဲ့ပါတယ်. ဇာတ်ရဲ့ အဓိကအချိုးအကွေ့တွေဟာ ဇာတ်လမ်းတစ်ဝက်လောက်ကနေ စပြီး ဇာတ်ပြီးဆုံးတဲ့အထိ အရှိန်ကောင်းလာပြီး ဘယ်သူတွေက လူဆီယာ့အပေါ် ဘယ်လိုတွေ ကြံစည်နေလဲ? လူဆီယာကရော ဘာတွေလုပ်မိသွားမလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်လမ်းပြီးတဲ့အထိ ဆွဲခေါ်သွားနိုင်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်. အင်္ဂလိပ်ကားတွေပဲကြည့်ရတာ ရိုးနေတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် အပြောင်းအလဲလေးဖြစ်အောင် စပိန် Thriller ကားလေးတစ်ကားကို ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ
...

Patna Shuklla (2024) ⭐TMDB: 63.0% User Score 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Patna Shukla (2024) (ရှေ့နေမလေးရှုကလာ)IMDb – 5.4/10 ယခုတစ်ခါမှာတော့ အမျိုးသမီးရှေ့နေလေတစ်ယောက်ရဲ့ ဘဝအကြောင်းကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ တန်ဗီလိုခေါ်တဲ့ အမျိုးသမီးရှေ့နေတစ်ဦးဟာ ခင်ပွန်းဖြစ်သူနဲ့ သားလေးအပေါ် မယားဝတ္တရားမိခင်ဝတ္တရားတို့နဲ့ အညီလုပ်ကိုင်ပေးရင်းနဲ့ ရှေ့နေအလုပ်ကိုလည်း ကြိုးစားပမ်းစားလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။တန်ဗီဟာ ကြိုးစားလုပ်ကိုင်ပေမဲ့ အမှုသေးသေးလေးတွေကိုပဲ ကိုင်တွယ်ရတဲ့အပြင်ခင်ပွန်းဖြစ်သူဟာလည်း ဒီအလုပ်နဲ့ပတ်သတ်ပြီး အရမ်းကြီးလေးစားမပြခဲ့ပါဘူး။ဒီလိုနဲ့ တစ်ရက်မှာ ရင်ကီကူမာရီလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ဟာတန်ဗီဆီကို အမှုတစ်ခုလာရောက်အပ်ပါတော့တယ်။ အဲဒီအမှုကတော့ သူဟာစာမေးပွဲကို ကောင်းမွန်စွာဖြေဆိုနိုင်ပေမဲ့ အောင်စာရင်းထွက်လာတဲ့အခါမှာစာမေးပွဲကျကြောင်းသိလိုက်ရတဲ့အခါမှာ ရလဒ်ကိုမကျေနပ်ပြီး သူ့ရဲ့အဖြေလွှာကို ပြန်လည်စစ်ဆေးပေးဖို့အတွက်ကျောင်းကိုပြန်ပြီးတော့ တရားစွဲချင်တာပဲဖြစ်ပါတယ်။ တန်ဗီဟာ ဒီအမှုကို ဖြေရှင်းပေးဖို့လက်ခံလိုက်ပြီးနောက်မှာတော့ဒီအမှုဟာ အရင်အမှုတွေလို ရိုးရှင်းလွယ်ကူနေတာမျိုးမဟုတ်ဘဲ နောက်ကွယ်မှာရှုပ်ထွေးမှုအပေါင်းသောင်းခြောက်ထောင်ရှိနေတဲ့နောက်မှာတော့ ……..တန်ဗီတစ်ယောက် ဒီအမှုကို ဘယ်လိုဖြေရှင်းသွားမလဲ ……အမှုကိုဖြေရှင်းရင်း မိသားစုအပေါ်မှာရော တာဝန်ကျေနိင်ပါ့မလား…..ဆိုတာတွေကို ကြည့်ရှုရမဲ့ တရားရုံးဒရာမာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ BpL~Alex~ToMo~Aditi~KKKZ တို့ပဲဖြစ်ပါတယ်)
...

The End We Start From (2023) ⭐IMDB: 5.9/10 (3 k Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခြေအနေအကြောင်းကြောင့် မိုတီပျောက်နေသူတွေအတွက် reviewကောင်းတွေပိုင်ဆိုင်ထားတဲ့ The End We Start from ဆိုတဲ့ Survival ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ဦးထူးဆန်းBenefict Cumberbatch လည်း supportingအနေနဲ့ ပါဝင်ထားတာဖြစ်လို့ မကြည့်ရသေးရင်တော့ tryကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ မိန်းမတစ်ယောက်အတွက် အနာကျင်ရဆုံး သေမင်းနဲ့အနီးဆုံးကာလတစ်ခုဖြစ်တဲ့ မီးဖွားချိန်ကျမှပဲ ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုတဲ့အတိုင်းပဲ လန်ဒန်မြို့မှာ မုန်တိုင်းထန် ရေလွှမ်းပြီး ကပ်ဆိုက်ပါတော့တယ်။ သွေးနုသားနုမှာ ပြုစုယုယတာခံရမယ့်အစား ခင်ပွန်းဖြစ်သူနဲ့အတူ ရေဘေးကနေပြေးပြီး ယောက္ခမတွေနဲ့ အတူနေဖို့ဖြစ်လာတာပေါ့။ သဘာဝကပ်ဘေးနဲ့အတူလိုက်လာတဲ့ အစာရေစာရှားပါးခြင်းနောက်မှာ ခင်ပွန်းဖြစ်သူရဲ့မိဘနှစ်ပါးက အသက်ဆုံးသွားတာနဲ့အတူ ခင်ပွန်းကလည်း စိတ်ဓာတ်ကျပြီး သွေးနုသားနုဇနီးနဲ့သားလေးကိုထားရစ်ခဲ့တာခံရ၊ ကိုယ်တိုင်လည်း သေခြင်းတရားကို နဖူးတွေ့ဒူးတွေ့ကြုံထားရတော့ နှလုံးသားမှာ ကြောက်ရွံ့တုန်လှုပ်မှု အားငယ်မှုတွေပြည့်နေတဲ့တော့တာပေါ့။ ဒါပေမဲ့ သူကတော့ သူ့ကိုပဲအားကိုးရှင်သန်ရမယ့် ရင်ခွင်ပိုက်ကလေးငယ်လေးရဲ့မိခင်ဖြစ်နေတာကြောင့် ကြောက်ရွံ့တုန်လှုပ်ရင်း ပုန်းခိုနေလို့မရပါဘူး။ ဒီလို ငတ်မွတ်ခေါင်းပါးတဲ့ဘေး သူခိုးဓားပြတွေရဲ့ဘေးရန်အသွယ်သွယ်ကနေ အရရုန်းကန်လို့ ဒီကလေးငယ်လေးကို ကပ်ဘေးအသွယ်သွယ်ကနေအရကယ်ထုတ်မယ့် မိခင်တစ်ယောက်ရဲ့သတ္တိကို ဒီရုပ်ရှင်လေးကနေ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
...

Diaz: Don't Clean Up This Blood (2012) ⭐IMDB: 7.3/10 (4 k Votes) 🎬 #Drama #History 🗓 2012 🎞 movie 🌎 #Italy #Romania #France ⏰ 2 နာရီ 1 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating 7.3 အထိရရှိထားတဲ့ Diaz – Don’t Clean Up This Blood ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဘယ်ဖြစ်ရပ်မှန်ကိုအခြေခံထားတာလည်းဆိုတော့ 2001 ခုနှစ်တုန်းကအီတလီမှာပြုလုပ်ခဲ့တဲ့ G8 ညီလာခံမှာ ဆူပူသောင်းကျန်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲဖြစ် ခဲ့တဲ့အရာတွေကို အခြေခံထားတာပဲဖြစ်ပါတယ်။အဲ့ဒီအထိကရုဏ်းတွေ ဖြစ်ခဲ့တဲ့အချိန်မှာ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက် သေဆုံးသွားခဲ့ရပြီး ဆန္ဒပြမှုတွေအရှိန်အဟုန်ပိုတိုးလာခဲ့ပါတယ်။ ရဲတွေဘက်ကလည်း အဲ့ဒီဆန္ဒပြသူတွေကိုနှိမ်နင်း ဖမ်းဆီးဖို့ကြိုးစား နေခဲ့ကြပါတယ်။တစ်နေ့မှာတော့ ဆန္ဒပြသူတွေပုန်းခိုနေတဲ့ နေရာအတိ အကျသတင်းရသွားပြီး ဝင်ရောက်စီးနင်းခဲ့ပါတော့တယ်။ဒါပေမယ့် ရဲတွေရဲ့ ထုံးစံအတိုင်းဖမ်းဆီးတာကို ရိုးရိုးတန်းတန်းမဖမ်းဆီးပဲ အကြမ်းဖက် ရိုက်နှက်ပြီးဖမ်းဆီးခဲ့ပြီး အဲ့ထဲမှာသတင်းထောက်တွေ ဂျာနယ်လစ်တွေပါနေတဲ့အခါမှာတော့ သူတို့ရဲ့ရက်စက်မှုတွေကို တစ်ကမ္ဘာလုံးသိအောင်ဖော်ပြခဲ့ပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

Midnight Mass (2021) ⭐TMDB: 76.0% User Score 🎬 #Mystery #Drama #SciFi #Fantasy 🗓 2021 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 5 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Midnight Mass(2021)Midnight Mass(2021) ဇာတ်လမ်းတွဲအညွှန်း*********************************** IMDb…8.0အပိုင်းသစ်( ၁ မှ ၇) ထိ စ/ဆုံးThe Haunting of Hill House , Doctor Sleep နဲ့  Gerald’s Game တို့လိုအမိုက်စား Horror တွေရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Mike Flanagan ရဲ့  စီးရီးသစ်လာပါပြီဗျာ…လူဦးရေထူထပ်ပြီး ငါးဖမ်းလုပ်ငန်းဖြင့်အသက်မွေးကြသော ခရော့ကတ်ကျွန်းလေးမှာထူးဆန်းတဲ့အရာတွေဖြစ်လို့လာပါတယ်…မြို့ထဲကို ပေါလ် ဆိုတဲ့သင်းအုပ်ဆရာတစ်ဦးရောက်လာပြီးနောက်မှာ ပုံမှန်မဟုတ်တဲ့အရာတွေစတင်ဖြစ်ပေါ်လာပါတယ်…ပြင်းထန်တဲ့မုန်တိုင်းတစ်ခုနှင့်အတူ ကမ်းခြေတွင်ကြောင်သေအလောင်းများ ပျံ့ကျဲကာတင်ကျန်လျက်ရှိကာဘာကြောင့်သေနေရတယ်မသိခဲ့ရ…….. ရိုင်လီတစ်ယောက် ပြူတင်းပေါက်ကနေလှမ်းမြင်လိုက်ရတဲ့ လေတွေမိုးတွေကြားမှစစ်မိုးကာနဲ့လူကြီးတစ်ဦး….. ရိုင့်လီရဲ့ညီလေးတွေ့လိုက်ရတဲ့ အမှောင်ထဲကမျက်လုံးဝင်းဝင်းကြီးတစ်စုံ…...မြို့နယ်ဆရာဝန်မလေးရဲ့ မိခင်အိုကြီးလည်းမူမမှန်ဖြစ်လာတယ် ဒါတွေဟာစိတ်ထင်နေတာတွေလား ….ဘာအကြောင်းကြောင့်ဖြစ်လာတာလဲဆိုတာကို Supernatural horror ဆန်ဆန် Mystery ဆန်ဆန်ကြည့်ရှုခံစားရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်
...

Yu Yu Hakusho (2023) ⭐TMDB: 77.0% User Score 🎬 #Drama #SciFi #Fantasy #Action #Adventure 🗓 2023 🎞 Series 🌎 #Japan ⏰ 54 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yu Yu Hakusho (2023)Yu Yu Hakusho Season 1 (2023)အားလုံးပဲစောင့်မျှော်နေကြတဲ့ Yu Yu Hakusho Live action ၅ ပိုင်းတွဲ series ကို CM က တင်ဆက်ပေးလိုက်ပါပြီ။ Hunter X Hunter / Yu Yu Hakusho တို့ရဲ့ ခေါင်းကိုင်ဖခင်ကြီး Yoshihiro Togashi ရဲ့ လက်ရာဖြစ်တဲ့ ၁၉၉၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ Yu Yu Hakusho Manga series ကို Netflix ကနေ Live action ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Visual effects တွေကလည်း Stranger Things, Shadow and Bone အစရှိတဲ့ စူပါဟီးရိုးကားတွေ Godzilla တို့လို ကားတွေ ရဲ့ ကုမ္ပဏီဆိုတော့ ပြောစရာသိပ်မလိုလောက်အောင်ပါပဲ။ ဇာတ်လမ်းအကျဉ်းပြောရရင်တော့ Yusuke Urameshi ဆိုတဲ့ကောင်လေးတစ်ယောက်က ကလေးတစ်ယောက်ကိုကယ်ရင်း ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးကာ Spiritual world ကို ရောက်ရှိသွားပါတယ်။ အဲမှာ သေမင်း Botan ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ရှိပြီးတော့ သု့ရဲ့လုပ်ရပ်က မထင်မှတ်ထားတာဖြစ်တဲ့အတွက် သူ့အတွက် နတ်ပြည်ရော ငရဲပြည်မှာပါ နေရာမရှိပါဘူးလို့ ပြောလာပါတယ်။ သူ့ကိုလူပြန်ဝင်စားဖို့အတွက် အမှုရင်ဆိုင်ပြီးမှ ရမယ်ဆိုပြီးပြောပြီး ဝိညာဉ်စုံထောက်အနေနဲ့ ‌Spiritual world ကနေ ယော့ကိုင်းကြီးသုံးကောင် ခိုးယူသွားတဲ့ ပစ္စည်းသုံးခုကို လိုက်လံရှာဖွေခိုင်းပါတော့တယ်။ အဲမှာဘယ်လိုတွေ ဆက်ဖြစ်မလဲ။ ယော့ကိုင်းတွေကိုရော ဘယ်လိုနှိမ်နင်းမလဲ။ ပစ္စည်းတွေပြန်ရှာတွေ့ပြီး လူပြန်ဝင်စားနိုင်ပါ့မလားဆိုတာ Visual Effects အမိုက်စားတွေနဲ့ Live action ချစ်သူ‌တို့အတွက် တင်ဆက်ပေးလိုက်ရပါကြောင်း..အညွှန်းကိုတော့ Kaung Set က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung Set, Hmwe, Khaing, Laii တို့ပဲ ဖြစ်ပါတယ်။
...

A Gentleman in Moscow (2024) ⭐TMDB: 90.0% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #UnitedKingdom ⏰ 49 မိနစ် 41 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Gentleman in Moscow (2024)A Gentleman in Moscow (2024) Genre – Drama, History, Thriller IMDB – 6.4/10Obi-wan နေရာက သရုပ်ဆောင် အင်္ဂလိပ်မင်းသားကြီး Ewan McGregor ခေါင်းဆောင်ပါဝင်ထားတဲ့ ၈ ပိုင်း ပါဝင်တဲ့ မီနီစီးရီးအသစ် ဖြစ်ပါတယ်။ တကယ့်အပြင်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကြီးပေါ် မူတည်ပြီး ဇာတ်လမ်းဆင် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကြောင်း မပြောခင် ဒီ အဖြစ်အပျက်အကြောင်း အရင်ရှင်းပြချင်ပါတယ်။ ၁၉၁၇ ခုနှစ် ရုရှားနိုင်ငံမှာ အောက်တိုဘာတော်လှန်ရေး၊ ဘော်ရှီဗစ်တော်လှန်ရေး စသဖြင့်အမည်တွေနဲ့ လူသိများကြတဲ့ ကွန်မြူနစ် အစိုးရကို ဖြစ်လာစေတဲ့ လူထုတော်လှန်ရေးကြီးတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ အစာရေဆာတွေ ရှားပါးပြီး ဆင်းရဲချမ်းသာ ကွာဟမှု အလွန်ကြီးမားနေတဲ့အချိန် လီနင်ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ပြည်သူနဲ့ စစ်တပ်ပူးပေါင်းပြီး ဇာဘုရင်အုပ်ချုပ်ရေးကို နန်းချကာ ပထမဆုံး ကွန်မြူနစ်အစိုးရ ဖြစ်လာခဲ့ပါတော့တယ်။အခု ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီတော်လှန်ရေးကြီးအပြီးမှာ ကွန်မြူနစ်ပါတီက အထက်တန်းလွှာ လူကုံထံတွေကို ကွပ်မျက်ဖိနှိပ်သုတ်သင်နေတဲ့အချိန်ပေါ့ဗျာ။ မြို့စားမင်း အလက်ဇန္ဒား (Ewan McGregor) ကလည်း ဒီလို သုတ်သင်ခံရတော့မယ့်အချိန်မှာ ကံကောင်းထောက်မပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်သာ မသတ်တာပါ သူ့ကို မက်ထရိုပိုဆိုတဲ့ ဟိုတယ်ကြီးတစ်ခုမှာ အကျယ်ချုပ်နဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ပေးထားတာပါပဲ။ အပြင်ထွက်တာနဲ့ ပစ်သတ်ခံရမှာတဲ့။ ဒီလိုနဲ့ အလက်ဇန္ဒားကြီးတစ်ယောက် ဒီ အကျယ်ချုပ်ဟိုတယ်ကြီးမှာ နန်းကျဘုရင်တစ်ပါးလို ဖြစ်နေပြီး ဝိုင်းအကျဉ်ခံ စောင့်ကြည့်ခံဆိုပေမဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး နေထိုင်သွားမလဲဆိုတာကို ကြည့်ရမှာပါ။ မင်းသားကြီး Ewan McGregor ရဲ့ ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကို တစ်ပတ်တစ်ပိုင်း စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။
...

Toy Story 2 (1999) ⭐TMDB: 76.0% User Score 🎬 #Adventure #Animation #Comedy #Family 🗓 1999 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းက ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဂျက်စီဆိုတဲ့ကောင်းဘွိုင်မလေးနဲ့ ဝူဒီရဲ့မြင်းလေး ဘူးလ်အိုင်းစ်တို့ စပါလာတဲ့ဇာတ်ကားလေးပါ။ အန်ဒီတစ်ယောက်ဆော့နေရင်း ဝူဒီရဲ့လက်ကမတော်တဆပြဲသွားတာကြောင့် နောက်မှပြန်ချုပ်ဖို့ သိမ်းထားချိန်အန်ဒီ့အမေရဲ့ နားလည်မှုလွဲမှုကြောင့် အိမ်ပစ္စည်းအဟောင်းတွေရောင်းမယ့်ပုံးထဲ ဝူဒီတစ်ယောက်ပါသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ မြို့ထဲက အရုပ်ဆိုင်ပိုင်ရှင်က မြင်သွားပြီး ဝူဒီကို ရှားပါးအရုပ်မှန်းသိနေတာကြောင့် ပစ္စည်းပုံးထဲက ခိုးသွားခဲ့ပါတယ်။ အရုပ်သည်ရဲ့ဆိုင်မှာ ဝူဒီရဲ့လူဆိုးဖမ်းဂိုဏ်းလို့ ပြောရမယ့် ဂျက်စီနဲ့ဘူးလ်အိုင်းစ်နှစ်ယောက်နဲ့ စဆုံခဲ့ပါတယ်။ အရုပ်သည်ရဲ့အကြံက ရှားပါးအရုပ်ဖြစ်တဲ့ ဝူဒီတို့ကို ဂျပန်ကအရုပ်ပြတိုက်ကို ရောင်းပစ်လိုက်ဖို့ပါပဲ။အစပိုင်းမှာ ဝူဒီက အိမ်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ဂျက်စီတို့အဖွဲ့ နားချတာကြောင့် သူတို့နဲ့ပဲအတူနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာအရုပ်သည်လက်ထဲပါသွားတဲ့ ဝူဒီနောက်ကို ဘတ်ဇ်တို့တစ်သိုက်လိုက်ကယ်ဖို့ ကြိုးစားရင်းနဲ့ အရုပ်ဆိုင်ထိ ရောက်လာခဲ့ပါတယ်။ တစ်ချိန်ကျရင် အန်ဒီစွန့်ပစ်သွားမှာစိုးလို့ ပြန်မလိုက်ချင်တော့တဲ့ဝူဒီကို ဘတ်ဇ်တို့အဖွဲ့ ပြန်ခေါ်နိုင်မှာလား၊ ဘယ်လိုအခက်အခဲတွေကြုံရဦးမလဲဆိုတာ ကြည့်ရှုရမှာပါ။
...

Toy Story 3 (2010) ⭐TMDB: 78.0% User Score 🎬 #Adventure #Animation #Family #Comedy 🗓 2010 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ၂၀၁၀မှာထွက်ရှိခဲ့တာဖြစ်ပြီး animation တွေရဲ့Villainစာရင်းမှာ ထိပ်ဆုံးနားအထိ စာရင်းချိတ်နိုင်တဲ့ ပန်းရောင်မွေးပွဝက်ဝံရုပ်ကြီး လော့ဆိုက ဒီဇာတ်ကားရဲ့ အမှတ်အသားလိုဖြစ်ခဲ့ပါတယ်။ ဒ ါ့အပြင် ဒီဇာတ်ကားက အန်ဒီဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဝူဒီတို့အရုပ်တွေကြားက နွေးထွေးတဲ့ ဆက်ဆံရေးကို အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းဆိုရင်လည်းမမှားပါဘူး။ အရွယ်ရောက်လာတဲ့ အန်ဒီက ကောလိပ်ကျောင်းကိုသွားရတော့မှာမို့လို့ ဝူဒီကလွဲလို့ ကျန်တဲ့အရုပ်တွေကို ထပ်ခိုးထပ်ပေါ် ထားခဲ့ဖို့ လုပ်ခဲ့ပေမဲ့ မိသားစုချင်းနားလည်မှုလွဲကာ အမှိုက်ပုံးထဲကို ရောက်သွားခဲ့ပါတယ်။ ဒါကိုအထင်လွဲသွားတဲ့ အရုပ်တွေကအမှိုက်ကားထဲ လိုက်သွားမယ့်အစား မူကြိုကျောင်းကိုသွားလှူမယ့်ပစ္စည်းပုံးထဲကို လိုက်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့ ဆန်နီဆိုက်ဒ်ဆိုတဲ့မူကြိုကျောင်းကို ရောက်လာပြီး အဲဒီမှာ နဂိုရှိပြီးသား လော့ဆိုတို့အရုပ်အဖွဲ့ရဲ့ ကြိုဆိုမှုကြောင့် သူတို့တွေပြန်အဆင်ပြေတော့မှာလို့ထင်ခဲ့ပေမဲ့ လက်တွေ့မှာ လော့ဆိုက မင်းသားမျက်နှာဖုံးနဲ့ ဘီလူးတစ်ယောက်လို ဖြစ်နေခဲ့တာကြောင့် မူကြိုကျောင်းကနေ အန်ဒီဆီပြန်ထွက်ပြေးလာဖို့ ကြိုးစားရပါတော့တယ်။ သူတို့ရဲ့ကြိုးစားမှုကအရာထင်ပါ့မလား၊ ကောက်ကျစ်ယုတ်မာတဲ့လော့ဆိုတို့အဖွဲ့ကဘယ်လိုမျိုး ဒုက္ခပေးကြမလဲဆိုတာ ကြည့်ရှုရမှာပါ။
...

Toy Story 4 (2019) ⭐IMDB: 7.7/10 (279 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2019 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။ ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီး ကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင် ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။ ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာ မိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာ နှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။ အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင် ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။ သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာ အရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ် အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကို ရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ ဒီတစ်ခေါက်မှာလည်း အန်ဒီဟာ ဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေ ပေးပစ်လိုက်တာကနေ စတင်ပါတယ်။ ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့် သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့ အရုပ်လေးတွေ ရှိတတ်ပါတယ်။ အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော် ဝုဒီလည်း ပါနေတာပေါ့။ ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့ သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကို ဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာ အားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာ ဖော့ကီကို လိုက်ကယ်ဖို့ သူ့မိတ်ဆွေတွေနဲ့ အတူ စွန့်စားခန်းတွေ ဖွင့်ရပါတော့မယ်…. တွိုင်းစတိုရီ-၄ ဟာလည်း အရင်ကားတွေလိုပဲ မိတ်ဆွေစိတ်တွေ၊ အရုပ်တွေနဲ့ ကလေးတွေရဲ့ သံယောဇဉ်တွေကို လှလှပပ ပုံဖော်ထားတာပဲမို့ ကြည့်တဲ့သူတွေ ကြိုက်ကြမှာပါ။ ရုပ်ရှင်ကားကို Little Neo က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။
...

Toy Story (1995) ⭐TMDB: 80.0% User Score 🎬 #Adventure #Animation #Family #Comedy 🗓 1995 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက Toy Story ဇာတ်ကားတွဲ​တွေရဲ့ ပထမဆုံးဖြစ်ပြီး၁၉၉၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။ ကျွန်​တော်တို့ ချစ်ရတဲ့​ကောင်းဘွိုင်​လေးဝူဒီတို့တသိုက်နဲ့အာကာသရိန်းဂျားကြီးဘတ်ဇ် စ​တွေ့ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။အန်ဒီဆိုတဲ့ ​ကောင်​လေးရဲ့ အရုပ်​တွေဖြစ်ကြတဲ့ ဝူဒီတို့ဟာ ​မွေး​နေ့ပွဲလို ခရစ္စမတ်လို ​နေ့​တွေ ​ရောက်တိုင်း လက်​ဆောင်​တွေထဲမှာသူတို့နေရာကို အစားထိုးမယ့် အရုပ်အသစ်​တွေ ​ရောက်လာမှာကိုအမြဲ​​တမ်း စိုးရိမ်နေခဲ့တာပါ။ အရုပ်အသစ်​တွေ​ကြောင့် အန်ဒီ သူတို့ကိုအချစ်​လျော့သွားမှာကိုစိုးရိမ်​နေကြတာ​ပေါ့။ အဲဒီလိုနဲ့ အန်ဒီရဲ့​မွေး​နေ့တစ်ခုအ​ရောက်မှာသူတို့မလိုချင်ဆုံး အရာတစ်ခု အန်ဒီ့ဆီ ​ရောက်လာပါ​တော့တယ်။ အဲဒါက​တော့ ​နောက်ဆုံးထွက်ထားတဲ့ အာကာသရိန်းဂျား ဘတ်ဇ်လိုက်ရီးယားပဲဖြစ်ပါတယ်။ က​လေး​တွေရဲ့ထုံးစံအတိုင်း အန်ဒီကအသစ်ရတဲ့ အရုပ်အသစ်ကို ပိုသ​ဘောကျ​နေတဲ့အချိန် အရင်ကအန်ဒီအကြိုက်ဆုံးအရုပ်​လေး ဖြစ်ခဲ့တဲ့ ​ကောင်းဘွိုင်​လေးဝူဒီကဘတ်ဇ်ကို မ​ကျေမနပ်ဖြစ်ရာက​နေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။ ​နေရာလုဘက် ဖြစ်​နေတဲ့ သူတို့၂​ယောက်ကို ဘယ်လိုကိစ္စမျိုးကနားလည်မှုရသွား​စေမလဲ၊ မထင်မှတ်ဘဲကြုံလာရတဲ့ ပြဿနာကိုမတည့်တဲ့ကြားထဲက​နေ ဘယ်လိုပုံစံမျိုး​နဲ့ အချင်းချင်းရိုင်းပင်းပြီးကူညီ​ဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုရမှာပါ။
...

All Things Fair (1995) ⭐TMDB: 65.0% User Score 🎬 #Adult #Drama #Romance #War 🗓 1995 🎞 movie 🌎 #Denmark #Sweden ⏰ 2 နာရီ 5 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆရာမကစာသင်ချိန် ပြီးတော့အခန်းထဲက မထွက်ခင်ကျွန်တော့်ကို လှမ်းခေါ်ပါတယ်။ရင်တထိတ်ထိတ် နဲ့ ဆရာမ အနားရောက်သွားတော့မှ ဆရာမက ခပ်တိုးတိုးနဲ့၊“ မောင်ဇော်….ညနေကျရင် ဆရာမကိုစောင့်ပါ။အမှတ်ခြစ်စရာတွေ အိမ်ကိုပြန်သယ်ရမှာ နဲနဲလေးနေလို့။ ”“ သြော်…ဟုတ်ကဲ့ ဟုတ်ကဲ့ ဆရာမ။ ”  ဒီဇာတ်ကားကတော့ မောင်ဇော်ချစ်သောဆရာမ ဆွီဒင်ဗားရှင်းပါပဲ…။ ဆွီဒင်နိုင်ငံ တောင်းပိုင်းကမယ်လ်မိုဆိုတဲ့ နယ်မြို့လေးတစ်ခုမှာ စတစ်ဂ်ဆိုတဲ့ ၁၅ နှစ်အရွယ်ကျောင်းသားလေးရှိပါတယ်။ကလေးမကလူကြီးမကျ စကောစကအရွယ်၊စတစ်ဂ်အပါအဝင် သူ့နဲ့အတန်းဖော်တွေဟာ တစ်ခါတစ်လေကလေးတွေလိုကစားကြပေါက်ကရတွေလုပ်ကြပြီး တစ်ခါတစ်လေကျတော့လဲ လူကြီးတွေလိုကစားကြပေါက်ကရတွေလုပ်ကြပါတယ်(တစ်ယောက်ဟာတစ်ယောက်ပေကြိုးနဲ့တိုင်းပြီးလောင်းကြေးထပ်တာတို့ဘာတို့) တစ်နေ့မှာတော့ သူတို့အတန်းကိုအတန်းပိုင်ဆရာမ လှလှကြီးတစ်ယောက်ပြောင်းလာပါတယ်။လှလဲလှပြီး အသက်လဲကြီးလို့ပါ။ စတစ်ဂ် အမေနဲ့ရွယ်တူလောက်ဆိုပေမယ့် နုပျိုလှပတဲ့ ဆရာမဟာ စတစ်ဂ်ကိုချစ်စနိုးစနောက်တယ်။ရင်းရင်းနှီးနှီးဆက်ဆံတယ်။ ဆရာမယောက်ျားဟာအရက်စွဲတစ်ချိန်လုံးမူးရူးနေတဲ့သူ အိမ်မှာအနေနည်းတဲ့သူဖြစ်ပါတယ်။ သွေးသားဆန္ဒလိုအပ်ချက်တွေလျာထားချက်ပြည့်မှီပုံမရတဲ့ ဆရာမနဲ့၊ ဒီလိုကိစ္စမျိုးတွေစိတ်ဝင်စားကာစ ရမ္မက်ရာဂတွေဆူဖြိုးလျှံကျနေတဲ့ မနူးမနပ်ကလေးစတစ်ဂ်တို့ဟာဖြစ်သင့်ဖြစ်ထိုက်စွာပဲ ဇာတ်လမ်းစခဲ့ကြပါတော့တယ်။ ကမ္ဘာကြီးဟာ သူတို့နှစ်ယောက်တည်းနဲ့ဖွဲ့စည်းထားတာမဟုတ်တဲ့အတွက်စတစ်ဂ်ကိုကြိတ်ကြိုက်နေတဲ့အခန်းမျက်စောင်းထိုးကအပျိုဖြန်းလေး၊ ဆရာမရဲ့ခင်ပွန်းသည် အရက်သမား အစရှိတဲ့ဘေးလူတွေပါဝင်လာတဲ့အခါရှင်းရခက်တဲ့ ဒီဇာတ်လမ်းကို သူတို့ဘယ်လိုသိမ်းကြမလဲဆိုတာ ဇာတ်လမ်းထဲမှာဆက်လက်ရှုစားစေချင်ပါတယ်။ All Things Fair ဟာကမ္ဘာအနှံ့ကသြဇာကြီးတဲ့ရုပ်ရှင်ပွဲတော်တွေမှာပြသခဲ့ပြီး ဆုတွေအမျိုးမျိုးဆွတ်ခူးခဲ့တဲ့ကားဖြစ်ပြီး အဲ့ဒီနှစ်အကောင်းဆုံးဘာသာစကားပြော အော်စကာဆုလဲလျာထားခံခဲ့ရပါတယ်။ ရှိထားတဲ့ဆုတွေနဲ့ ထိုက်တန်အောင်တင်ဆက်ပုံထူးခြားဆန်းသစ်ပြီးသွက်လက်သလိုသရုပ်ဆောင်တွေကလဲ တကယ့်ကိုစိတ်ပါလက်ပါ ပီပြင်ပြီး ဇာတ်ကိုရုပ်လုံးကြွလာစေပါတယ်။ဥရောပထုံးစံ လိင်မှုကိစ္စတွေကို အပြောရောအပြပါ မကွယ်မဝှက်ဘွင်းဘွင်းကြီးချပြထားတဲ့အတွက်မိသားစုနဲ့မကြည့်သင့်ပေမယ့်တစ်ယောက်တည်းကြည့်ရင်တော့ အရမ်းကောင်းပါတယ် ရှယ်ပါပဲ။
...

We Were the Lucky Ones (2024) ⭐TMDB: 80.0% User Score 🎬 #Drama 🗓 2024 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 51 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 We Were the Lucky Ones (2024)ဒုတိယကမ္ဘာစစ်အစောပိုင်းမှာ ကာ့တို့မိသားစုဟာ ချမ်းသာတဲ့အရှိန်နဲ့ရာဒွန်းမြို့မှာ ဘေးကင်းကင်းနဲ့ နေထိုင်နေကြပါတယ်။  ဒါပေမဲ့ ကာ့တို့က ဂျူးသွေးပါတဲ့အတွက် ဟစ်တလာအာဏာရတဲ့အချိန်မှာရှောင်တိမ်းရပါတော့တယ်။ ဒီလိုရှောင်တိမ်းရင်းနဲ့ ကာ့တို့မိသားစုတွေ တကွဲတပြားစီဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ မိသားစုပြန်လည်ပေါင်းစည်းနိုင်ဖို့ ကာ့တို့မောင်နှမတွေ ကိုယ်စီ ဘယ်လိုကြိုးစားကြမလဲ သူတို့တွေ တကယ်ပဲပြန်လည်ဆုံစည်းနိုင်ကြပါ့မလား… Georgia Hunter ‌ရဲ့ We were the lucky ones ဆိုတဲ့စာအုပ်ကိုအခြေပြုရိုက်ကူးထားတာဖြစ်ပြီး Kissing Booth မင်းသမီးJoey King ပါဝင် သရုပ်ဆောင်ထားပါတယ်။2024 Marchလ 28ရက်‌နေ့မှာထွက်ရှိလာတဲ့စီးရီးအသစ်လေးပဲဖြစ်ပါတယ်။
...

Sundaram Master (2024) ⭐TMDB: 0.0% User Score 🎬 #Biography #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 59 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sundaram Master (2024) အလွဲများနဲ့ကျောင်းဆရာဘဝ IMDb -8.4/10 ဘဝအမောတွေကို ရယ်မောရင်းဖြေဖျောက်လိုသူတွေ အကြိုက်တွေ့မယ့်တေလဂူဟာသကား‌လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဟာသသီးသန့်ချည်းလည်းမဟုတ်တွေးစရာ ငေးစရာလေးတွေနဲ့ ဒရာမာလေးတွေလည်း ရောယှက်ပါဝင်သေးတာမလို့ ဇာတ်လမ်းလေးကို ခံစားကြည့်ရအောင်ပါ။ ဆန်ဒရာရောင်ဟာ လူမှုရေးဘာသာသင်တဲ့ဆရာတစ်ယောက်၊ ကျောင်းသားတွေကိုတော့ လူမှုရေးကဘယ်လို စာရိတ္တကဘယ်လိုသင်ကြားပေးနေရသူပေမဲ့ ကိုယ်တိုင်ကတော့ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံနဲ့ ငွေလည်းမက်တဲ့သူတစ်ယောက်ပါ။အိမ်ထောင်ပြုဖို့ သတို့သမီးလောင်းတွေကို တစ်ယောက်ပြီးတစ်ယောက်လိုက်တွေ့ပြီး တင်တောင်းငွေပိုပေးတဲ့သူနဲ့ယူမယ်ဆိုပြီးလေလံတင်သလိုလုပ်နေလို့ အိမ်ကတောင် တားယူရတဲ့အထိပါပဲ။ ဒါပေမဲ့ ဆွန်ဒရာကတော့ ဘယ်သူဘာပြောပြော ငွေမျက်နှာကြည့်မြဲကြည့်ဆဲပါပဲ။ ဒီလိုနဲ့ တစ်နေ့ ဆွန်ဒရာ‌ဆီကို လွှတ်တော်အမတ်က ရောက်လာပြီးတော့ ပြင်ပလောကနဲ့ အဆက်ပြတ်နေတဲ့ တောရွာဇနပုဒ်လေးတစ်ခုမှာအင်္ဂလိပ်စာသင်ပေးဖို့ စေလွှတ်မယ့်အကြောင်း ခေါ်ပြောပါတော့တယ်။ အင်္ဂလိပ်စာသင်ဖို့က အယောင်ပြသက်သက်ဖြစ်ပြီးတကယ်ကတော့ ရွာရဲ့လျှို့ဝှက်ချက်ကို စုံစမ်းပြီး လွှတ်တော်အမတ်ကို ပြန်သတင်းပေးစေချင်တာပါ။လွှတ်တော်အမတ်ရဲ့မက်လုံးမှာမျောသွားတဲ့ လောဘသမားလေး ဆန်ဒရာလည်းပျော်ပျော်ကြီးခေါင်းငြိမ့်ပြီး ရွာမှာ ၆ လ အင်္ဂလိပ်စာသင်ဖို့ သွားပါတော့တယ်။ လူမှုရေးဘာသာသင်တဲ့ဆရာပေမဲ့ အင်္ဂလိပ်စာကို ရိပ်ဖမ်းသံဖမ်းတော့ ရွှီးနိုင်တာမလို့နှစ် ၉၀ အင်္ဂလိပ်စာမသင်ရတဲ့ရွာငယ်လေးကို နှပ်ချဖို့သွားတာပေမဲ့ တစ်ရွာလုံးကအီးစကေးကျွမ်းနေကြတဲ့အခါမှာတော့ ဘယ်လိုအလွဲလွဲအချော်ချော်နဲ့ ရှေ့ဆက်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)
...

The Gentlemen (2024) ⭐TMDB: 83.0% User Score 🎬 #Comedy #Drama #Action #Adventure #Crime 🗓 2024 🎞 Series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 7 မိနစ် 28 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Gentlemen (2024)  အက်ရှင် ဂန်းစတား စပိုင်ကားတွေရဲ့ ဒါရိုက်တာ ဆရာကြီး Guy Ritchie ရဲ့ စီးရီးအသစ်လာပါပြီ။ 2019 တုန်းက ဇာတ်ညွှန်းရေး ကိုယ်တိုင်ရိုက်ခဲ့တဲ့ နာမည်ကျော်ရုပ်ရှင် The Gentlemen ကိုပဲ စီးရီးအဖြစ် ချပြလာတာပါ။ ဇာတ်လမ်းတည်ဆောက်ထားတဲ့ လောကတူပေမဲ့ ဇာတ်လမ်းအသစ် အရသာအသစ်နဲ့ ဇတ်ကောင်အသစ်တွေကို အလန်းကြည့်ရမှာပါ။ တစ်ပိုင်းတစ်ပိုင်းကို ရုပ်ရှင်တစ်ကားကြည့်နေရသလိုကို အပီအပြင်ရိုက်ထားတာပါ။ဇာတ်လမ်းအကျဉ်းစစ်ပြန် အက်ဝပ်ဟော်နီမန်း ဟာ အင်္ဂလန် ဆွေကြီးမျိုးကြီး နယ်စားတစ်ယောက်ရဲ့ သားအငယ်ပဲ ဖြစ်ပါတယ်။ မိသားစုနဲ့မနေဘဲ စစ်တပ်ထဲမှာ ပေတေနေပေမဲ့ သူ့အဖေရဲ့နောက်ဆုံးအချိန်မှာတော့ ပြန်လာဖြစ်ခဲ့ပါတယ်။ ပြန်လာချိန်မှာပဲ သူ့အစ်ကို ရှုပ်ထားတဲ့ အကြွေးတွေ၊ ဂန်းစတားတွေနဲ့ ဇာတ်ရှုပ်တွေကို ကူဖြေရှင်းရတဲ့အပြင်၊ သူတို့ရဲ့ ဧက ၁၅၀၀၀ ကျယ်တဲ့ ခြံကြီးအောက်မှာ အပေးအယူဖွင့်ထားတဲ့နဲ့ ဆေးခြောက်ထုတ်တဲ့ ဂိုဏ်းအကြီးကြီးတစ်ခုရဲ့ စခန်းရှိနေတာကိုပါ သိလိုက်ရပါတယ်။ ဒီဇာတ်လမ်းတွဲကလည်း Peaky Blinder လိုပါပဲ ရိုးရိုးသားသားစစ်သားတစ်ယောက် ရာဇဝတ်လောကထဲကို ခြေချမိသွားပြီး တဖြည်းဖြည်း ဆရာကျလာပုံကို မြင်ရမှာပဲဖြစ်ပါတယ်။ မူရင်း The Gentlemen အရသာအတိုင်း ခပ်မိုက်မိုက် လူမိုက်တွေ၊ အကွက်ရွှေ့ကြတာတွေ နဲ့ စကားလုံးအကြီးကြီးတွေပြောကြတာတွေ တွေ့ရမှာပါပဲ။ ဒီနှစ်ထဲမှာတော့ ကြည့်ကိုကြည့်သင့်တဲ့စီးရီးတွေထဲမှာ ပါပါတယ်။
...