无数据
订阅者
-524 小时
-47 天
+730 天
帖子存档
A Ranjith Cinema (2023) ⭐IMDB: 5.9/10 (3 k Votes) 🎬 #Bollywood #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 27 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Ranjith Cinema 2023 (ဟာသ) Imdb -5.8/10 ဘဝကရိုလာကိုစတာစီးသလိုဖြစ်ချင်ရင်တော့ ဒီကားလေးကြည့်သင့်ပါတယ်Netflix ကနေထုတ်လွှင့်ထားတဲ့ Prankတွေ ဗီဒီယိုတွေရိုက်တင်ပြီးပျော်စေပြက်စေသဘောမျိုးနဲ့ လူကြည့်များအောင်နည်းလမ်းစုံသုံးကြတဲ့ပရိုဂရမ်ကြောင့်ဘဝတွေကဘာတွေဖြစ်သွားကြတယ်ဆိုတာကို တင်ဆက်ထားတာပါ ဘဏ်ကိုအနုကြမ်းဝင်စီးနေကြတဲ့ ဓားပြတစ်ဖွဲ့.. သေနတ်ကိုယ်စီနဲ့ ဘဏ်ထဲကလူတိုင်းကိုခြိမ်းခြောက်ပြီး ကြမ်းပေါ်ဝပ်ခိုင်းထားတယ် သေနတ်တွေနဲ့ဆိုတော့ လူတွေကမတတ်သာဘဲခိုင်းသမျှလုပ်နေရင်း လုံခြုံရေးကဝင်ကယ်လို့ ဓားပြတွေရဲစခန်းရောက်သွားလေရဲ့ဒီတော့စုံစမ်းစစ်ဆေးရင်းပေါ်လာတာကတော့ တီဗီမှာထုတ်လွှင့်ဖို့ prank တစ်ခုပါတဲ့လေဓားပြတွေကလည်း သရုပ်ဆောင်တွေဖြစ်ပြီး သေနတ်တွေကလည်းအတုပေါ့ ဒီလိုနဲ့တရားရင်ဆိုင်နေချိန် နောက်ထပ် prank တစ်ခုထပ်လုပ်ကြပြန်တယ် အဲဒါကတော့လူခေါင်းတစ်ခေါင်းကို အိတ်ထဲထည့်ပြီး အိတ်ခဏကိုင်ထားပါဆိုပြီး ရဲဖမ်းအောင်လုပ်တာပါဖြစ်ချင်တော့ ဒီ prank အလုပ်ခံရတဲ့လူက ဆန်နီ ..ဆန်နီကအဲဒီနေ့မှာသိန်းထောင်ချီမြတ်မဲ့မီတင်တစ်ခုကိုသွားနေတဲ့လမ်းမှာပေါ့ကံဆိုးချင်တော့ကားပျက်ရာကနေ ဒီ prank နဲ့တိုးပြီး မီတင်ရောငွေတွေပါလက်လွှတ်လိုက်ရတယ် ဒီ prank ကြောင့် ဆန်နီနဲ့အတူတခြားနစ်နာသူလည်းရှိပါတယ် အဲဒါကတော့ပြည်သူ့ရှေ့နေတစ်ယောက်ပါ ဆိုတော့ဇာတ်လမ်းက ဘယ်လိုဇာတ်ရှိန်မြင့်အောင်ခေါ်သွားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Zwe ~ Alex ~ ToMo ~ KKKZ ပဲဖြစ်ပါတယ်...
The Devil's Own (1997) ⭐TMDB: 62% User Score 🎬 #Action #Crime #Drama #Thriller 🗓 1997 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အင်ဒီယာနာဂျုန်းမင်းသားကြီး Harrison Ford နဲ့ Brad Pitt တို့ အပြိုင်ကြဲထားတဲ့ thriller/drama ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်..အရင်ရက်ကထွက်ထားတဲ့ The Banshees of Inisherinကို ကြည့်ထားရင် အချိတ်အဆက်ပိုမိပါတယ်.. အိုင်ယာလန်ပြည်တွင်းစစ်အပြီး နှစ်၅၀ကျော်အကြာ ၁၉၇၂မှာ ဇာတ်လမ်းစထားတာပါ.. ၁၉၆၀နှောင်းပိုင်းကနေ ၁၉၉၈အထိ နှစ်၃၀နီးပါးကြာခဲ့တဲ့ “မြောက်အိုင်ယာလန် ပဋိပက္ခကြီး” ဖြစ်ခဲ့ပါတယ်.. အိုင်ယာလန်သမ္မတစနစ်ထောက်ခံသူ (Republican)နဲ့ မြောက်အိုင်ယာလန်ကို ဗြိတိသျှနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်သူ (Loyalist)တွေကြား ဖြစ်ပွားခဲ့တာပါ.. မြောက်အိုင်ယာလန်လူ့အခွင့်အရေးဆန္ဒပြပွဲကို ဗြိတိသျှတပ်နဲ့ Loyalistတွေပေါင်းပြီး ဖြိုခွဲရာကစပါတယ်.. အဲဒီကနေဆန္ဒပြပွဲတွေ ထပ်ပွားလာပြီး နှစ်၃၀ကြာတဲ့ ဖွဲမီးလှိုက်လောင်ပါတော့တယ်.. လူပေါင်း ၄၈၀သေခဲ့တဲ့ ၁၉၇၂က ပဋိပက္ခရဲ့အဆိုးဆုံးနှစ်ပါပဲ.. ဒါတွေက ရုပ်ရှင်ထဲမှာမပါပါဘူးနော်.. ဇာတ်အိမ်တည်ထားတဲ့ ၁၉၇၂ နဲ့ ၁၉၉၃ကို အကြမ်းဖျင်းသိအောင် ပြောပြတာပါ.. ဇာတ်လမ်းအကျဥ်း၁၉၇၂မှာ ဖရန်ကီ(Brad Pitt)က ၈နှစ်သားပဲရှိပါသေးတယ်.. မြောက်အိုင်ယာလန်ရဲ့ ကမ်းရိုးတန်း အစွန်အဖျားမှာနေတဲ့ တံငါမိသားစုလေးပေါ့.. တစ်ညမှာအိမ်ထဲကို လူတစ်ယောက်ဝင်ချလာပြီး မျက်စိရှေ့တင် အဖေဖြစ်သူကိုပစ်သတ်သွားပါတော့တယ်.. သူ့အဖေက သမ္မတစနစ်ထောက်ခံသူမလို့ပါတဲ့.. အနှစ်၂၀ကြာပြီး ၁၉၉၃မှာတော့ ဖရန်ကီ နယူးယောက်ကို ရောက်လာပါတယ်.. အသိရဲ့အကူအညီနဲ့ တွမ်(Harrison Ford)ရဲ့ မြေအောက်ခန်းထဲမှာ အလကားနေခွင့်ရခဲ့ပါတယ်.. တွမ်က ဖြောင့်မတ်ပြီးသဘောကောင်းတဲ့ ရဲအရာရှိပါ.. ဖရန်ကီကိုလည်း သားတစ်ယောက်လို သဘောထားပါတယ်.. ဒါပေမယ့် ဖရန်ကီရဲ့ သရုပ်မှန်ကို သိသွားတဲ့အချိန်မှာတော့….ဖရန်ကီက ဘယ်သူလဲ…နယူးယောက်ကို ဘာလာလုပ်တာလဲ…ဖရန်ကီသရုပ်မှန်ကို သိသွားတဲ့တွမ်ကရော ဘာဆက်လုပ်မှာလဲ…..စိတ်ဝင်စားစရာကောင်းပြီး မင်းသားကြီး၂ယောက် အပြိုင်ကြဲထားတာမလို့ အချိန်ပေးရကျိုးနပ်မှာ အသေအချာပါပဲ...
Cinderella's Revenge (2024) ⭐IMDB: 3.5/10 (547 Votes) 🎬 #Fantasy #Horror #Drama #Mystery #Romance #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 25 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စင်ဒရဲလားက မင်းသားလေးနဲ့ လက်ထပ်ပြီးနောက် Happily Ever After ဘဝကို ရသွားတယ်လို့ ဇာတ်လမ်းလေး ရှိသလို မင်းသားလေးက ဖောက်ပြန်လို့ စင်ဒရဲလားက လက်ထပ်ပြီးတာတောင် စိတ်ဆင်းရဲစွာနေထိုင်ရတယ်ဆိုတဲ့ မူကွဲတွေလည်း ရှိပါတယ်။ ဒီဇာတ်လမ်းမှာတော့ စင်ဒရဲလားကို သူမရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မိထွေးနဲ့ အစ်မတွေက အဆုံးစွန်ဆုံး ရိုက်နှက်နှိပ်စက်ကြတဲ့အခါ စင်ဒရဲလားက သည်းမခံတော့ဘဲ သူမရဲ့ Fairy Godmother အကူအညီနဲ့ ကလဲ့စားချေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Horror/ Fantasy ဖြစ်ပြီး ကလေးငယ်လေးတွေ မကြည့်သင့်တဲ့ စင်ဒရဲလားကားလေးပါ။ အသတ်အဖြတ်ကြမ်းကြမ်း၊ သွေးထွက်သံယိုများများနဲ့ စင်ဒရဲလားတစ်ယောက် အောင်အောင်မြင်မြင်နဲ့ သူမရဲ့ ကလဲ့စားကိုချေနိုင်မှာလား၊ မင်းသားလေးနဲ့ရော ပျော်စရာဇာတ်သိမ်းလေးရပါတော့မလား ဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။...
Blackout (2024) ⭐IMDB: 7.1/10 (2 k Votes) 🎬 #Bollywood #Comedy #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 56 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blackout 2024 ကံခေလွန်းတဲ့မီးပြတ်ည ဝေဖန်သံတွေ ဆူညံသွားစေတဲ့ ၁၂ တန်းကျတဲ့ 12th failထဲကမင်းသားVikrant Masseyရဲ့crimeနဲ့comedyရောစပ်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ပရိသတ်အသဲနှလုံးကို quality performance တွေနဲ့ အမြဲသိမ်းပိုက်ထားတဲ့Vikrantတစ်ယောက်ဒီတစ်ခါရော ဘယ်လိုလာမလဲ ရှုစားကြပါဦးစို့။ ဇာတ်လိုက်ကျော်ကြီးလန်နီက သတင်းထောက်ဆိုပေမဲ့ တဇွတ်ထိုးဆန်ပြီးအရှက်တွေသိက္ခာတွေမငဲ့ဘဲ ထင်ရာစိုင်းတတ်တဲ့သူ၊ ကလေးတွေဘောလုံးကစားလို့သူ့ကိုလာမှန်ရင် ဘောလုံးကိုခွဲပြီးမှပြန်ပေးတတ်တဲ့သူမျိုးပါ။ လန်နီတစ်ယောက်တခြားသူတွေကိုဘယ်လိုပဲဆက်ဆံနေပါစေ မိန်းမကိုတော့အရမ်းချစ်တတ်တဲ့သူကြီးပေါ့။ လန်နီရဲ့မဟေသီ ရိုရှ်နီကတော့ ဟင်းမချက်တတ်တာကလွဲရင် ဘာမှပြောစရာမရှိတဲ့သူလေးပေါ့။ဒီလိုနဲ့ညစာစားဖို့ပြန်လာတဲ့ ကိုလန်နီတစ်ယောက် မဟေသီရဲ့ဟင်းချက်စကေးကြောင့်စားစရာမရှိနေရတဲ့ထဲ မီးကပါပြတ်သွားတော့ မိန်းမကိုပဲစားမယ်ဆိုပြီး ကွန်ဒုံးအဝယ်ထွက်ပါသတဲ့။ မီးပြတ်တာကိုရိုးနေတဲ့ လင်းနို့တစ်ပိုင်းမီယမ်မာသားတွေအတွက် မထူးဆန်းပေမဲ့အမြဲမီးလာနေတဲ့ရပ်ကွက်က ဆရာလန်နီကတော့ အမှောင်ထဲကားမောင်းရင်းလူတိုက်မိရာကနေ ကံဆိုးမိုးမှောင်ကျဖို့ဖြစ်လာတဲ့အခါမှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)...
The Wonderful Story of Henry Sugar and Three More (2024) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Adventure #Fantasy #Comedy #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကြီး ဒါရိုက်တာ Wes Anderson ရိုက်ကူးထားတဲ့ ဇာတ်လမ်းတို လေးပုဒ်ပါဝင်တဲ့ ရုပ်ရှင်ကားလေးပါ ကလေးပုံပြင်စာရေးဆရာ Roald Dahl ရဲ့ ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာ ဖြစ်ပြီး Wes Anderson ရဲ့တမူထူးတဲ့ တင်ဆက်ဟန်က ပရိသတ်နှစ်ဖွဲ့ကွဲစေမှာပါ တစ်ဖွဲ့က သူ့ရဲ့ ကိုယ်ပိုင်ဟန်ကို သဘောကျမယ့်လူနဲ့ နောက်တစ်ဖွဲ့ကတော့ စတိုင်မလိုင်တွေ များလွန်းတယ်ဆိုပြီး မျက်စိဆံပင်မွှေးစူးမယ့် ပုံစံမျိုးပါ ဒီထဲမှာဆိုရင် – အိန္ဒိယက ကျင့်စဥ်တစ်ခုကို ကျင့်ပြီး ကာစီနိုလောင်းသူ – ငန်းဖြူပုံပြင် – ထူးဆန်းတဲ့ ကြွက်ဖမ်းသမား – ဗိုက်ပေါ်က မြွေဆိုတဲ့ ပုံပြင်လေးပုဒ်ကို တမူထူးခြားစွာ ရသမြောက်အောင် တင်ဆက်ထားတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်...
DC Down (2023) ⭐IMDB: 3.1/10 (227 Votes) 🎬 #Action #Horror #Thriller #TVMovie 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းကတော့ ဝါရှင်တန်ဒီစီမှာ ငလျင်အပြင်းစားလှုပ်ခက်တဲ့အချိန် သမ္မတကြီးကို ကယ်တင်ဖို့လုပ်တဲ့ action ပုံစံမျိုးပါ ဒါပေမဲ့ ငလျင်တစ်ခုတည်းမဟုတ်ဘဲ သမ္မတအိမ်တော်အပေါ်တခြားအကြံစည်တစ်ခုကလည်း ရှိနေပါသေးတယ် ။ ငလျင်ဒဏ်ကြောင့် ပိတ်မိနေတဲ့ သမ္မတကြီးကိုဘယ်လိုကယ်တင်မလဲ တခြားဘယ်သူတွေကရောဘယ်လိုအကောက်ကြံနေလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာကြည့်ရမှာပါ။...
Viva La Vida (2024) ⭐IMDB: 7.5/10 (184 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 10 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ကျောက်ကပ်ဝေဒနာရှင်ကောင်မလေးနဲ့ ဦးနှောက်အကျိတ်ရောဂါသည်ကောင်လေးတို့ကြားကသံယောဇဉ်လေးကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ကျောက်ကပ်ဝေဒနာကို ခံစားနေရတဲ့ ၂၅နှစ်အရွယ်ကောင်မလေးလင်မင်တစ်ယောက် လူငယ်တစ်ယောက်ရဲ့လွတ်လပ်မှုတွေပျောက်ဆုံးပြီး အတိုင်းအဆတွေနဲ့အမှားယွင်းမခံတဲ့လူနေမှုဘဝထဲမှာ နေထိုင်ရင်းအသက်ဆက်ရှင်ဖို့ ကျောက်ကပ်အလှူခံခဲ့ပေမယ့်လည်းသူ့ထက်ရှေ့မှာလူတွေအများကြီးရှိနေတာကြောင့်မျှော်လင့်ချက်မဲ့နေခဲ့တဲ့ သူမ တစ်နေ့မှာတော့ သူမကိုကျောက်ကပ်လှူပေးနိုင်တဲ့ သူနဲ့ လက်ထပ်ယူပြီးအိမ်သားတွေကိုစောင့်ရှောက်ပေးပါ့မယ်ဆိုပြီးအကျိတ်ဝေဒနာရှင်ဂရုထဲကိုဗီဒီယိုပို့လိုက်ရာကနေမှဦးနှောက်အကျိတ်ဝေဒနာကိုခံစားနေရတဲ့ကောင်လေး လွီထူနဲ့ စတင်စုံစည်းခဲ့ပါတယ် လင်မင်က ဂရုထဲကို ဗီဒီယိုပို့ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်လိုက်ပေမယ့်လွီထူတစ်ယောက်က ဗီဒီယိုကို ကူးထားပြီး လင်မင်ကိုသေချာလိုက်စုံစမ်းပါတော့တယ် စစချင်းမှာတော့ ဒီလုပ်ရပ်ဟာလင်မင်အတွက် စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပေမယ့်အချိန်ကြာလာတာနဲ့အမျှ ဝေဒနာရှင်အချင်းချင်းကိုယ်ချင်းစာပြီးဖေးမရင်းကနေမှ ချစ်ခြင်းသံယောဇဉ်တွေပေါက်ဖွားလာခဲ့ပါတယ် ဒီလိုမျိုး ဝေဒနာရှင်နှစ်ယောက်ရဲ့ အဆုံးသတ်က လှပနိုင်ပါ့မလားသူတို့နှစ်ဦး ချစ်ခြင်းစွမ်းအားက အရာရာကိုကျော်ဖြတ်နိုင်ပါ့မလား ယနေ့ခေတ်မှာလူအများစုက ကျန်းမာရေးနဲ့မညီညွတ်တဲ့လူနေထိုင်မှုဘဝနဲ့ကျင့်သားရနေကြပြီး ဒီကားလေးကိုကြည့်ပြီးရင်တော့ကိုယ့်ကျန်းမာရေးကို ပြန်ပြီးတော့ သတိမူလာမိစေနိုင်လောက်အောင်ကျောက်ကပ်ဝေဒနာရှင်တစ်ယောက်ရဲ့ ဒုက္ခတွေကိုအသေအချာလေးရိုက်ကူးပြသထားပြီး ကျန်းမာရေးဗဟုသုတလည်းရဟာသအနှောလေးနဲ့ရိုက်ကူးထားတာမို့လို့ ရသမျိုးစုံကိုလည်းခံစားရမှာမို့လို့တရုတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့လက်မလွှတ်သင့်တဲ့ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်နော်...
Shadow Land (2024) ⭐IMDB: 3.4/10 (129 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လုပ်ကြံသတ်ဖြတ်မယ့် ရန်သူရဲ့အကြံအစည်ကြောင့် အိပ်မက်ဆိုးတွေနဲ့ နေ့စဉ်ခြောက်လှန့်ခံနေရတဲ့ အမေရိကန်သမ္မတဟောင်း Wainwright …… နိုင်ငံတကာအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သူ့ရဲ့သမ္မတရာထူးကို အသရေဖျက်ဖို့ ပူးပေါင်း ကြံစည်မှုကို ရှာဖွေတွေ့ရှိခဲ့တဲ့အခါမှာတော့…… သူယုံကြည်စိတ်ချရတဲ့ အကြံပေးပုဂ္ဂိုလ်နှင့်အတူ အမှန်တရားကို ဖော်ထုတ်မယ့် မစ်ရှင်တစ်ခု စတင်ပြီး အန္တရာယ်ရှိတဲ့လမ်းကြောင်းကို လျှောက်လှမ်းပြီး တိုက်ပွဲဝင်နေခဲ့ပါတယ်။ အက်စ်တိုးဗီးယားစစ်ဆင်ရေးမှာ နျူကလိယ လက်နက်တွေကို ရှာဖွေတွေ့ရှိခဲ့မှာလား၊ လုပ်ကြံ ဖန်တီးခဲ့ထားတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေက သူ့ဘဝနဲ့ အမေရိကန်စစ်သားတွေအတွက် ဘယ်လောက်ထိ အပြောင်းအလဲဖြစ်စေခဲ့သလဲ၊ စိတ်ဖောက်ပြန်နေပြီလို့ စွပ်စွဲခံရတဲ့သမ္မတကြီးက သူ့ရဲ့ရန်သူတွေကို ဘယ်လို ကျော်လွှားသွားမလဲဆိုတာ ဇာတ်လမ်းအချိတ်အဆက်မိမိနဲ့ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။...
Blackbird Blackbird Blackberry (2023) ⭐IMDB: 7.1/10 (803 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Switzerland #Georgia ⏰ 1 နာရီ 51 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blackbird Blackbird Blackberry ဟာ ၂၀၂၃ခုနှစ်က ထွက်ရှိခဲ့တဲ့ Romance/Drama အမျိုးအစားဖြစ်ပါတယ် IMDb rating 7.2/10၊ Rotten tomatoes 92%ထိ ရရှိထားပါတယ် အဓိကဇာတ်ကောင် အီထယ်ရိုဟာ အသက်၄၈နှစ်အရွယ် လူလတ်ပိုင်းအမျိုးသမီး တစ်ယောက်ဖြစ်ပြီး ရွာထဲမှာ စတိုးဆိုင်ဖွင့်ပြီး အေးချမ်းစွာနေထိုင်နေပါတယ် လွတ်လပ်မှုကို အလေးထားတာကြောင့် ယောက်ျားမယူ၊အိမ်ထောင်မပြုလည်း ဖြစ်တယ်လို့ ခံယူထားသူပါ ဒါပေမယ့် ဒီအရာကပဲ သူ့ရွာက အမျိုးသမီးတွေ ကြားမှာ အတင်းတုပ်စရာ ဖြစ်နေပါတော့တယ် တစ်ရက်မှာတော့ သူ့စတိုးဆိုင်ကို ပစ္စည်းလာပို့ပေးနေကျ မွန်းမန်ဆိုသူနဲ့ ချစ်ကြိုက်မိသွားပါတော့တယ် ဒီဆက်ဆံရေးက ငယ်ဘဝ traumaတွေနဲ့ အီထယ်ရိုကို စိတ်ပြောင်းသွားစေမှာလား နဂိုအတိုင်း လွတ်လပ်မှုကိုပဲ ရွေးချယ်သွားမှာလားဆိုတာကို အေးအေးငြိမ့်ငြိမ့်လေး ကြည့်ရှုခံစားသွားရမှာ ဖြစ်ပါတယ်...
The Bravest Escort Group II: Howling Wind (2021) ⭐TMDB: 80% User Score 🎬 #Action 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2018 မှာထွက်ခဲ့တဲ့ The Bravest Escort Group ( 2018 ) ရဲ့အဆက်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကို လိုရင်းတိုရှင်းပြောရရင် ကိုယ်ရံတော်လိုလိုအထောက်တော်လိုလို အဖွဲ့ခေါင်းဆောင် ယန်လျိုဖန်းဟာဆိုရင်အမိန့်တော်အရ မိဖုရားတစ်ပါးနဲ့ ပျောက်ဆုံးနေတဲ့ ရတနာမြေပုံကိုလိုက်ပါပို့ဆောင်ပေးရာကနေ မာစစ်သူကြီးကလက်နက်ချ တိုက်ပွဲကို ရပ်စဲလိုက်တာနဲ့ကြုံတွေ့ခဲ့ရတာပေါ့… ဒါပေမယ့် တစ်ဖက်က စစ်ပွဲအေးချမ်းမှာကို မလိုချင်တဲ့ မနာလိုသူတွေကတော့ဒီကိစ္စကို လက်မခံနိုင်ဘဲ မိဖုရားနဲ့ ရတနာမြေပုံကို အလုအယက် လိုက်ရှာနေကြတာပေါ့…ဒီလို တိုင်းရေးပြည်ရာပြဿနာတွေကြားထဲမှာယန်လျိုဖန်းတစ်ယောက် ရင်းလိုက်ရတာကတော့ယန်တစ်အိမ်သားလုံးရဲ့အသက်အပြင် သူ့ဇနီးသည်ရဲ့အရှက်ဂုဏ်သိက္ခာပါ အဆစ်ပါသွားခဲ့တာပေါ့… လျိုဖန်းတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ…ဒီတိုင်းပြည်ရေးရာအမှုတွဲထဲကနေ ရှောင်နိုင်ပါ့မလား…နောက်ပြီး သူ လက်စားချေနိုင်ပါ့မလား...
The Bravest Escort Group (2018) ⭐IMDB: 5.5/10 (26 Votes) 🎬 #Action #Drama #History 🗓 2018 🎞 movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မန်ချူးခေတ်ဦးပိုင်းကာလမှာ စစ်မက်တွေဟာအဆက်မပြတ်ဖြစ်နေပြီးတော့ပြည်သူတွေဒုက္ခရောက်ရတဲ့အချိန်ပဲဖြစ်တယ်။အဲဒီရှုပ်ထွေးတဲ့ခေတ်ပျက်အချိန်ကာလမှာကတိသစ္စာတည်တဲ့ ချင်းဖျင်ဆိုတဲ့ ပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိပါတယ်။ ကျိုးဘုရင် ဝူစန်းကွေ့နတ်ရွာစံသွားပြီးနောက်မှာ သူ့ရဲ့မျိုးဆက်နဲ့ရတနာတွေကိုကာကွယ်ပေးနိုင်ဖို့အတွက် ချုံအန်းကိုဘေးဘေးကင်းပို့ပေးနိုင်ဖို့လိုအပ်လာတဲ့အချိန်မှာ ချင်းဖျင်ပို့ဆောင်ရေးလုပ်ငန်းကိုရွေးချယ်လိုက်တဲ့အတွက်ပို့ဆောင်ရေးခရီးစတင်လိုက်ပါတယ်။ သိုင်းလောကမှာ သူတို့ဆီမှာရတနာသိုက်မြေပုံရှိတယ်လို့ သတင်းပြန့်နေတဲ့အတွက်လမ်းမှာအန္တရာယ်တွေတစ်လှိုင်းပြီး တစ်လှိုင်းရောက်လာတဲ့အခါသူတို့ဟာ ဒီခရီးကိုပြီးဆုံးတဲ့အထိပို့ဆောင်နိုင်ပါ့မလား……အဖွဲ့သားတွေရဲ့အသက်အန္တရာယ်ကြောင့်ဒီအလုပ်ကိုစွန့်လွှတ်လိုက်ဖို့အတွက်ကလဲဒါကစစ်မက်တွေအဆုံးသတ်သွားဖို့အတွက်အရေးကြီးနေတော့ ဘယ်လိုရွေးချယ်ရပါ့မလဲ...
The Wedding Contract (2023) ⭐IMDB: 6.2/10 (508 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ သမီးရည်းစားနှစ်ယောက်မြင်မြင်ချင်း ချစ်ကြိုက်ကြပြီး လက်ထပ်ဖို့စီစဥ်ကြတဲ့ အခါမှာသူတို့နှစ်ဦးတွေ့ကြုံရတဲ့ အခက်အခဲတွေကိုရိုက်ပြထားတဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ မင်္ဂလာပွဲမတိုင်ခင် အလုပ်ကိစ္စ၊ မိဘတွေမမြင်မတူတာ နဲ့ တစ်ဦးနဲ့ တစ်ဦး သဘောထားချင်းမကိုက်ညီတာတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကြည့်ရမဲ့အပြင် ဂျူးလူမျိုးတွေရဲ့ မင်္ဂလာပွဲရိုးရာအကြောင်းကိုပါလေ့လာရမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အဓိကဇာတ်ကောင်နှစ်ဦးက ဖြစ်ပေါ်လာတဲ့အခက်အခဲတွေ့ကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကတော့ ဇာတ်လမ်းလဲမှာ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ...
Sins of the Preacher's Wife (2023) ⭐IMDB: 4.6/10 (122 Votes) 🎬 #Thriller #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sins of the Preacher’s Wife ဆိုတဲ့ဇာတ်ကားလေးကတော့ မိသားစုတစ်ခုမြို့ငယ်လေးတစ်မြို့ကိုပြောင်းရွေ့လာတာနဲ့အစပြုပါတယ်။ မိသားစုထဲမှာ ကလေးငယ်လေးတစ်ယောက်လဲပါလာခဲ့ပါတယ် ကလေးငယ်လေးပါတဲ့မိသားစုကို မြို့ခံဘုရားကျောင်းက ဘုန်းတော်ကြီးနဲ့သူရဲ့ဇနီးဖြစ်သူတို့က လှိုက်လှိုက်လှဲလှဲကြိုဆိုရင်း မိတ်ဆွေဖွဲ့ခဲ့ကြပါတယ်။ဒါပေမယ့် ဘုန်းတော်ကြီးရဲ့ဇနီးဖြစ်သူဟာ အဲ့ဒီကလေးငယ်လေးကိုအရမ်းစွဲလမ်းလွန်းလာပြီး မိသားစုဆီကနေ ခိုးယူဖို့ကြိုးစားလာပါတော့တယ်။...
An Affair On Her Wedding Anniversary – Natsume Saiharu (Decensored – ADN-329) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 4 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက်ပေးမဲ့ မင်းသမီးကတော့ ရိုးရိုးယဉ်ယဉ်နဲ့ ကြည့်လေလှလေဆိုတဲ့ အလှမျိုးပိုင်ဆိုင်ထားတဲ့ Natsume Saiharu ပဲဖြစ်ပါတယ်…..ရုပ်ရည်လေးကလည်းယဉ် ခန္ဓာကိုယ်လေးကလည်း ယဉ်ယဉ်လေးလှတဲ့ ဒီမင်းသမီးရဲ့ သရုပ်ဆောင်အစွမ်းကတော့ ငြင်ငြင်သာသာလေးနဲ့ ဆွဲခေါ်သွားနိုင်တဲ့ ကျွမ်းကျင်မှုမျိုးပါပဲ…… အဲဒီလိုယဉ်လှတဲ့ မင်းသမီးလေးရိုက်ထားတဲ့ ADN-329 ဆိုတဲ့ကားလေးထဲမှာတော့ သူ့ရဲ့ မင်္ဂလာနှစ်ပတ်လည်မှာမှ ဖောက်ပြန်မိတဲ့ကားလေးဖြစ်ပါတယ်…..မခို့တရို့လေး ရှက်ရှက်နဲ့ပဲ ရှိသမျှ ကျွမ်းကျင်ပိုင်နိုင်မှုတွေကို ချပြသွားတာများ ကြည့်နေတဲ့သူပါ စခရင်ထဲရောက်သွားသလိုထိပါ ခံစားမိနိုင်စေတာကြောင့် ကြည့်ရှုလိုက်ကြပါဦးလို့…… (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...
Mothers' Instinct (2024) ⭐IMDB: 6.3/10 (5 k Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Belgium #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The idea of youထဲက လန်ဒန်ဘွိုင်းလေးရဲ့ မမကြီး Anne Hathaway ရဲ့ crime dramaလေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီတစ်ခါတော့ ချစ်တတ်တဲ့မမ မဟုတ်ဘဲ အချစ်ကြီးလွန်းတဲ့ မိခင်တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ တွေ့မြင်ရမှာပါ။ စီလင်းတို့လင်မယားနှစ်ယောက် ခက်ခက်ခဲခဲ ကြိုးစားပြီးတော့မှ မက်စ်ဆိုတဲ့သားငယ်လေးကို မွေးလာတာပေါ့။ ဖြစ်ချင်တော့ မက်စ်လေးကို မွေးအပြီးမှာ စီလင်းတစ်ယောက် ချို့ယွင်းမှုတစ်ခု ရှိနေတာသိလိုက်ရပြီး မက်စ်လေးဟာ သူ့ဘဝရဲ့ တစ်ယောက်တည်းသောကလေးဆိုတာ သိလိုက် ရချိန်မှာတော့ ကလေးရူးရူးနေတဲ့စီလင်းတို့ မက်စ်လေးကို ပိုးလိုဥထားကြတာပေါ့။ စီလင်းတို့အိမ်ဘေးမှာရှိနေတာကတော့စီလင်းရဲ့ သူငယ်ချင်း အဲလစ်တို့လင်မယားဖြစ်ပြီးတော့ သူတို့မှာလည်း သီအိုဆိုတဲ့သားငယ်လေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာပေါ့။ စီလင်းနဲ့ အဲလစ်တို့ခင်မင်ကြသလိုပဲ မက်စ်လေးဟာလည်း သီအိုရဲ့ကစားဖော်ဖြစ်နေခဲ့တာပေါ့။ ဒီလိုသာယာနေတဲ့ မိသားစုနှစ်ခုရဲ့အလယ်ကို ကံကြမ္မာဆိုးဝင်လာပြီးတော့ မက်စ်လေးကို ခေါ်ဆောင်သွားရာကစလို့ စီလင်းတစ်ယောက် တစ်စစနဲ့ပြောင်းလဲသွားတဲ့အခါ… မူရင်း French versionမှာကလည်း လူကြိုက်များသလို ဝတ္ထုကလည်းအောင်မြင်ထားတဲ့ ဒီရုပ်ရှင်လေးကို Anne Hathaway ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ပေါင်းစပ်လို့ ပဟေဠိအဖြေညှိလိုက်ကြပါစို့လား။...
Dwelling by the West Lake (2023) ⭐IMDB: 6.1/10 (66 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 58 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့Dwelling ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်ကားလေးကတော့ (၄) လပိုင်းမှာအတော်လေးခေတ်စားပြီးအခုထိတိုင်နာမည်ကြီးနေဆဲဖြစ်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့အလွန်အေးချမ်းလှတဲ့ရွာလေးတစ်ရွာမှာ လက်ဖက်ရွက်ခူးတဲ့အလုပ်ကိုအေးအေးချမ်းချမ်းလုပ်ကိုင်နေတဲ့ ဝူထိုင်ဟွား။ အဖေဖြစ်သူက (၁၀) နှစ်ကြာအဆက်အသွယ်မလုပ်လို့ သေပြီလို့ထင်နေကြပေမဲ့အသက်ရှင်ဆဲလို့ခံယူပြီးအဖေကိုလိုက်ရှာမယ့်အိပ်မက်ရှိသူ ဟယ်မုလျန်။ အိပ်မက်ကြောင့် ဟန်ကျိုးမှာအလုပ်ရှာဖွေအခြေချနေဖို့ အမေဖြစ်သူဝူထိုင်ဟွားကိုပြောတဲ့အခါမှာ သားဖြစ်သူဆန္ဒကိုမလွန်ဆန်နိုင်တာကြောင့် ခွင့်ပြုခဲ့ပေမဲ့အမေဖြစ်သူပါလိုက်လံနေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့တစ်နေ့မှာလက်ဖက်ခင်းရွာလေးကနေ ထွက်လာပြီးသားဖြစ်သူ ဟန်ကျိုးရှိရာဆီလာခဲ့တာပေါ့။ဝူထိုင်ဟွားမှာအချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့မောင်လေးက စီးပွားရေးလုပ်တာအရမ်းအောင်မြင်ချမ်းသာပြီး ဇိမ်ခံကားတွေ တိုက်တွေပိုင်ဆိုင်နေတာကြောင့် မောင်ဖြစ်သူမှာအလုပ်လုပ်ဖို့ ဆုံးဖြတ်လာကြတဲ့လူနှစ်ယောက်။ တကယ်တမ်းမောင်ဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းကMLM တိုင်းရင်းဆေးခြေထောက်ကပ်လုပ်ငန်းဖြစ်ပြီး MLM ဆိုတဲ့အတိုင်းလူစုစည်းရုံးရေးဆင်းတဲ့အပေါ်ဝူထိုင်ဟွားတို့သူငယ်ချင်းနှစ်ယောက်စိတ်နစ်မြောသွားပြီး အဲ့အပေါ်မှာအရူးအမူးဖြစ်နေတာကိုသားဖြစ်သူဟယ်မုလျန်တစ်ယောက်ကယ်ထုတ်ဖို့ ကြိုးစားပေမဲ့အချိန်လွန်သွားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ။ ဒီလုပ်ငန်းစုကြီးနောက်ကွယ်မှာ ဘယ်လောက်တောင်လိမ်လည်လှည့်စားမှုတွေရှိနေမလဲ။ ဘယ်လိုတွေဖော်ထုတ်သွားကြမလဲ။စတဲ့အကြောင်းရာတွေနှင့်အတူ ယနေ့ခေတ်မှာခေတ်စားနေတဲ့ MLM လုပ်ငန်းကိုပေါ်ပေါ်ထင်ထင်ရိုက်ကူးထားတာမို့လို့ လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်...
Woof Woof Daddy (2024) ⭐IMDB: 6.9/10 (18 Votes) 🎬 #Comedy #Family #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 47 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ယောက်တဲ့သမီးလေးကို ပျိုးထောင်လာတဲ့ ကျန်းစီးဝမ်(Aaron Kwok)ဟာတစ်နေ့မှာ မထင်မှတ်ပဲ လူ့လောကကနေထွက်သွားခဲ့ရပြီးခွေးတစ်ကောင်အဖြစ်ပြောင်းသွားခဲ့တယ်အသက်(၇)နှစ် လူမမယ်အရွယ်သမီးလေးကိုစိတ်မချနိုင်ပဲ သမီးလေးကိုလိုက်ရှာခဲ့တယ်။ သမီးလေးကိုရှာတွေ့တဲ့အချိန်မှာတော့ သမီးလေးကအရွယ်ရောက်ပြီးအဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။ အဆင်ပြေနေသလိုထင်ရပေမယ့်အခက်အခဲတွေနဲ့ကြုံနေရပါတယ်။ အဖေတစ်ယောက်အနေနဲ့ခွေးလေးအဖြစ်နဲ့ သမီးလေးရဲ့အနားမှာနေပြီးအခက်အခဲတွေကိုကျော်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။လူနဲ့ခွေး ဘဝချင်းခြားနေပေမယ့်လဲအဖေတစ်ယောက်ရဲ့မေတ္တာကိုပေါ့ပေါ့ပါးပါးနဲ့အကောင်းဆုံးပြသသွားတာပဲဖြစ်ပါတယ်။...
Dog Days Are Over (2024) ⭐TMDB: 60% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 43 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မာရှန့်ဟာ သက်လတ်ပိုင်းအရွယ်မှာ မိန်းမနဲ့ ကွာရှင်းခဲ့ရပြီးအကြွေးတွေ တင်နေတဲ့အတွက် ဘဝကြီးဟာ လမ်းဆုံးကိုရောက်နေသလို ခံစားနေရပါတယ်။ နေ့စဉ်နဲ့အမျှ သေဖို့စဉ်းစားနေတဲ့ သူ့အပေါ် ကံကြမ္မာရဲ့ စနောက်မှုဟာ မပြီးဆုံးသေးပါဘူး။ သူ့အရင်ဇနီးကို လုသွားတဲ့လူကို လိုက်သတ်ဖို့အတွက် လိုက်ရင် လမ်းမှာတောင်ပြိုတဲ့အတွက် လှိုဏ်ခေါင်းထဲမှာ ပိတ်မိနေပါတော့တယ်။လှိုဏ်ဂူထဲမှာ သူ့အရင်ဇနီးနဲ့ လက်ထပ်သွားသူ မိုက်ကယ်၊မင်္ဂလာပွဲက ထွက်ပြေးလာသူ ရွှယ်လီ ကုန်ကားဒရိုင်ဘာ လောင်ဝမ်တို့နဲ့ ပိတ်မိနေတဲ့အခါ…… သူတို့တွေ အသက်ရှင်ဖို့ ဘယ်လို ကြိုးစားကြမလဲ……နောက်ပိုင်းမှာရော ဘယ်လို အန္တရာယ်ကြီးတွေက စောင့်နေလိမ့်မလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
Divine Intervention (2023) ⭐IMDB: 5.4/10 (134 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #Mexico ⏰ 1 နာရီ 40 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Divinaal Senal က မက္ကဆီကို ဒါရိုက်တာ ပတ်ဒရို ပါဘလို လာဘရာ ရိုက်ကူးထားတာ ဖြစ်ပါတယ် ဂိုင်းစတား မိုက်ကြေးခွဲနေကြသူ နှစ်ယောက် ကံကြမ္မာရဲ့ မျက်နှာသာပေးမှုနဲ့ မထင်မှတ်ထားတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေကြုံတွေ့ရတဲ့ အချိန်မှာတော့ ကောင်းတဲ့ လုပ်ရက်တွေပဲ လုပ်ဖို့ ကြိုးစားကြတဲ့ ချူးမားနဲ့ ချက်ကို ကို ကြည့်ရမှာပါ မိသားစု နွေးထွေးမှုတွေ ချစ်ချင်းမေတ္တာ တရားတွေနဲ့ စိတ်ကောင်းရှိတဲ့ လုပ်ရပ်တွေ လူတွေရဲ့ နေထိုင်မှုဘဝ တွေ ကိုပါ ရှုထောင့် နှစ်ဘက်ကြည့်နိုင်အောင် ရိုက်ကူးပေးထားလို့ ကြည့်ဖို့ လက်မလွတ်သင့်တဲ့ကားပါ...
Bade Miyan Chote Miyan (2024) ⭐IMDB: 4.7/10 (35 k Votes) 🎬 #Action #Bollywood #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 43 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bade Miyan Chote Miyan (2024) Sultan (2016)၊ Bloody Daddy (2023)တို့လိုရုပ်ရှင်တွေရဲ့ ဖန်တီးသူ ဒါရိုက်တာကြီး Ali Abbas Zafarရဲ့လက်ရာဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်ကြီးကတော့ဖြင့် လူကြီးမင်းတို့ရှေ့မှောက်မှာ မြန်မာစာတမ်းထိုးကြည်တောက်ရှင်းရယ်နဲ့ ရောက်ရှိလို့လာခဲ့ပါပြီ။ ဆိုနက်ခ်ရှီ၊ အာလေယာနဲ့ မာနူရှီတို့လို မင်းသမီးချောတွေလည်းပါဝင်အားဖြည့်ထားပါတယ်။ နာမည်မရှိ၊ အကြောက်တရားမရှိ၊ မျက်နှာကိုတောင်မသိမမြင်ရဘဲ သူ့ကိုယ်သူကြမ္မာဆိုးလို့ခေါ်တဲ့မကောင်းဆိုးဝါးလို ဗီလိန်ကြီးလိုချင်တာက လက်စားချေမှု။ အားအပြင်းဆုံး အန္တရာယ်အပေးနိုင်ဆုံးလက်နက်ကို စစ်တပ်ယာဉ်တန်းနဲ့ သယ်ဆောင်လာတုန်းမှာပဲဖြတ်လုခံလိုက်ရပြီး လိုက်ပါစောင့်ရှောက်တဲ့လူတွေပါ အသတ်ခံလိုက်ရတယ်။လုယူသွားတဲ့သူက လက်စားချေဖို့ ဆန္ဒပြင်းပြနေတဲ့ အကြမ်းဖက်သမားဗီလိန်ကြီး။ ဒီလိုစိတ္တဇဆန်ဆန် ဗီလိန်ကို ရင်ဆိုင်နိုင်ဖို့က သူ့ထက်ပိုစိတ္တဇဆန်နိုင်မဲ့စစ်သည်နှစ်ယောက်ကိုစုစည်းဖို့ပဲရှိတယ်ဆိုတဲ့ ဗိုလ်မှူးအမိန့်နဲ့မီရှာတစ်ယောက် ဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့ကို သွားပင့်ရပါတော့တယ်။ ဘာအထောက်အထားမှမသိရတဲ့ ဗီလိန်ဆရာကြီးလိုချင်တဲ့ လက်စားချေမှုကဘာလဲ။အရွှန်းတွေဖောက်ရင်း မျက်နှာကြောမတည့်ကြတဲ့ အရှေးနဲ့ တိုက်ဂါးတို့ကရော အဲဒီဗီလိန်ကိုတားဆီးနိုင်မှာလား။အပစ်အခတ် အတိုက်အခိုက်ခပ်ကြမ်းကြမ်းတွေနဲ့ အိန္ဒိယအက်ရှင်ရုပ်ရှင်ကားကြီးပီသစွာ ပုံဖော်တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
