无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Partners in Crime (2022)
⭐IMDB: 5.9/10 (108 Votes)
🎬 #Action #Comedy
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Philippines
⏰ 1 နာရီ 50 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – ComedyIMDB – 6.5/10
ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကြီး ရုပ်သံတင်ဆက်သူဖြစ်တဲ့ Vice Ganda နဲ့အတူ မင်းသမီးချော Ivana တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဖိလစ်ပိုင် ပေါ့ပေါ့ပါးပါး ဟာသကားလေးပါ။
ဇာတ်လမ်းအကျဉ်းအရ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ဖြစ်ရပ်လေးကို အရင်ပြောပြချင်ပါတယ်။ ဂျက်ဆိုတဲ့ မိန်းမလျှာလေးက လူပြက်လေးပေါ့ မြို့ထဲမှာ ပွဲပေါင်းစုံ အစီအစဉ်ပေါင်းစုံ လျှောက်လုပ်နေရာကနေ ရိုစ့်နဲ့ အမှတ်မထင် ဆုံမိပြီး ပါတနာတွေဖြစ် နှစ်ယောက်အတူတူတွဲလုပ် အောင်မြင်နေကြတာပေါ့။ ရိုစ့်ကလည်း တစ်ဖက်သတ် ကြိတ်ကြိုက်နေရရှာတာပါ ဟိုက မိန်းမလျှာဆိုတာ မရိပ်မိပဲပေါ့။ ဒီလိုနဲ့ နာမည်ကြီးရုပ်သံလိုင်းကနေ သူတို့နှစ်ယောက်ကို တင်ဆက်သူလုပ်ဖို့ ကမ်းလှမ်းပါတော့တယ်။ တကယ်တမ်းဖြစ်ချင်တော့ ရုပ်သံလိုင်းက ဂျက်ကိုပဲခေါ်ပြီး ရိုစ့်ကိုပစ်ထားတော့ ရိုစ့်တစ်ယောက်က ဂျက်ကို နာကျည်းချက်တွေနဲ့ မုန်းတီးခဲ့ရပါတော့တယ်။ ခုအချိန်ကို ရောက်လာတော့ ဂျက်က ဖန်အပြည့်နဲ့ နာမည်ကြီးတင်ဆက်သူ ဖြစ်နေခဲ့ပါပြီ ဒါပေမဲ့ လည်ပင်းက ဒုက္ခပေးပြီး အသံပြဿနာဖြစ်လာတဲ့အချိန် တစ်ဖက်မှာလည်း သူ့နေရာကို လုမယ့်လူပေါ်လာပါတယ် အဲဒါက ရိုစ့်ပါပဲ အရမ်းတွေမိုက်ပြီး သူကလည်း နာမည်ကြီးနေသူတစ်ယောက်ပေါ့။
အဲဒီမှာ ဘုနဲ့ဘောက် မတည့်တဲ့လူနှစ်ယောက်ကို ရုပ်သံလိုင်းသူဌေးကလည်း ခဏခဏ လုပ်ကြံခံရလို့ (၉၉ ကြိမ်) မသေသေးပဲ အိမ်မှာအောင်းနေတဲ့ ဖိလစ်ပိုင် အချမ်းသာဆုံး သူဌေးကြီးကို သွားပြီး ရအောင် အင်တာဗျူးနိုင်တဲ့လူ နေရာပေးမယ်ဆိုပြီး ပြောလိုက်တဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကြည့်ကြရမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အမောပြေစေမယ့် ဟာသကားလေးပါ။
Any Given Sunday (1999)
⭐IMDB: 6.9/10 (122 k Votes)
🎬 #Drama #Sport
🗓️ 1999 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 38 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။
မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ စရိုက်ပျက်မှုတွေ၊သူတို့ရဲ့ အကျဘက်ကိုရောက်လာမှာကို ကြောက်တဲ့ကြောက်ရွံ့မှုတွေ၊အားကစားလောကထဲက ဓနရှင်တွေရဲ့ ခြယ်လှယ်မှုတွေ စသဖြင့် ဘောလုံးလောကကြီးထဲက လူတွေအကြောင်းကို ချပြထားတယ်။ ခပ်ပေါ့ပေါ့အားကစားဇာတ်ကားတွေလဲ နိုင်ခြင်း၊ရှုံးခြင်းကို အဓိကပြထားတာမဟုတ်ဘဲ လူတွေ၊ဘဝတွေကို အဓိကထားပြထားတာမျိုးပေါ့။ အကောင်းဆုံး(အမေရိကန်)ဘောလုံးဇာတ်ကားလို့ ညွှန်းကြတဲ့အပြင် IMDB လဲ 6.9 အထိ ရထားတာမို့ အချိန်ပေးကြည့်ရတာ တန်မယ့်ကားတစ်ကားလို့ပဲ ညွှန်းချင်ပါတယ်။
Partners in Crime (2022)
⭐IMDB: 5.9/10 (108 Votes)
🎬 #Action #Comedy
🗓️ 2022 🎞️ Movie 📺 1080p FHD

🗓️ 1999 🎞️ Movie 📺 1080p

Happy Family Conditions Apply (2023- )
⭐IMDB: 6.6/10 (952 Votes)
🎬 #Comedy #Drama
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #India
⏰ 31 မိနစ် 35 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Happy Family, Conditions Apply (2023)Happy Family Conditions (2023)IMDb-6.7/10
မိသားစု၀င်တွေအကုန်စုပေါင်းနေရတာ
ပျော်ဖို့ကောင်းလား
စရိုက်မတူတဲ့လူတွေစုနေတာရော သုတရသစုံမလား
ပြဿနာတွေပဲစုံမလားမျိုးဆက်လေးဆက်တောင်စုပေါင်းနေနေတဲ့ ဂူဂျာရာသီမျိုးရိုးမိသားစုတစ်စု
ရှေးရိုးစွဲသူ ဂူဂျာရာသီလူမျိုးအချင်းချင်းကိုသာသွေးသားတော်စပ်ချင်သူ
အပြောင်းအလဲအကူးအပြောင်းကြိုက်သူ ပျော်ပျော်နေတတ်သူ စုပေါင်းနေကြတဲ့မိသားစုလေးတစ်နေ့မှာ မိသားစုရှိသမျှအကုန်စုပေါင်းနေတာပဲကြိုက်တဲ့ရာမေ့ရှ်ရဲ့သားဆန်ဂျူးက
အိမ်ခွဲနေဖို့ပြင်ဆင်နေတာကို သိလိုက်ရလို့အံ့ဩ၀မ်းနည်းသွားတယ်
တစ်ပြိုင်တည်းမှာပဲ သူ့ညီဖြစ်သူက ကင်ညာ-အမေရိကန်အမျိုးသမီးတစ်ယောက်နဲ့
အိမ်ထောင်ပြုလိုက်တာကိုသိလိုက်ရပါတော့တယ်ဒီအိမ်ဒီမိသားစုရဲ့ စံနှုန်းတွေအိမ်မက်တွေဟာ အမျိုးမျိုးကွဲပြားနေတော့ ဒီစံအိမ်မိသားစုရော
ပြိုကွဲမလား မိသားစုစိတ်ဓာတ်တွေပိုခိုင်မြဲလာမလားဆိုတာ အရွှန်းဖောက်ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပါ
ဒီဇာတ်ကားလေးမှာ ယခုခေတ်ရဲ့ပြသနာတွေ မျိုးဆက်တစ်ခုနဲ့တစ်ခုထိငြိတတ်တဲ့ ကတောက်တဆလေးတွေ gender equality တွေ အိမ်တွင်းရေးအခက်အခဲတွေ မိသားစုသိုက်သိုက်ဝန်းဝန်းဆိုရင် ပျော်စရာကြီးလို့ထင်ရပေမဲ့ ပျော်ရွှင်စရာသိုက်သိုက်ဝန်းဝန်း မိသားစုတစ်ခုရဖို့ မလွယ်ကြောင်း ဟာသလေးတွေနဲ့
လက်တွေ့ကြည့်ရှုရင်းနဲ့ပဲ ကိုယ့်မိသားစုကို တန်ဖိုးထားကြပါလို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ်File Size – 800MB / 400MBQuality – 1080p AMZ WEB DL / 720pDuration – 28mTotal Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, Drama
Marie Antoinette (2022- )
⭐IMDB: 7.2/10 (2 k Votes)
🎬 #Drama #War & Politics #War #Politics #Biography #History
🗓️ 2022- 🎞️ tv series 📺 1080p
🌎 #France
⏰ 53 မိနစ် 31 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Marie Antoinette (2023)Marie Antoinette (2023)
==================
IMDb Rating – 7.2/10ဒီတစ်ခါမှာတော့ BBC, Canal+ ကနေ အသစ်ထွက်ရှိလာပြီး
IMDb 7.2 ထိ ရရှိထားတဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်
ပေးလိုက်ပါတယ်။ နောက်ဆုံးပြင်သစ်တော်လှန်ရေးမတိုင်မီ
အုပ်ချုပ်ခဲ့တဲ့ ပြင်သစ်ဧကရီဘုရင်မ Marie Antoinette ရဲ့
ဘဝဇာတ်ကြောင်းကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး၊ အဲဒီ
ခေတ်အခါက အပြင်အဆင်တွေနဲ့ တော်တော်လေးကို ခမ်းနား
ကြီးကျယ်စွာ ရိုက်ကူးထားတာဖြစ်လို့ အရင်ခေတ်ကပုံစံလေး
တွေနဲ့ စီးရီးကောင်းတစ်ခုကို မျှော်လင့်နေတယ်ဆိုရင်တော့
ဒီစီးရီးကို အပြည့်အဝညွှန်းပေးချင်ပါတယ်။ နောက်တစ်ချက်
ကတော့ မင်းသမီးလေး အရမ်းကို ချစ်စရာကောင်းပါတယ်။
မိန်းကလေးချင်းတောင် ဂေးသွားနိုင်တဲ့ အမူအရာလေးတွေနဲ့
ဖမ်းစားတတ်တာမို့ ဒါကလည်း ကြည့်ကိုကြည့်သင့်တဲ့ထဲက
တစ်ချက်ပါလို့ ပြောပါရစေ။
ဇာတ်လမ်းအညွှန်း
_____________
အရင်ခေတ်အခါတွေတုန်းက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မဟာမိတ်ဖွဲ့
ကြပြီဆိုရင် အိမ်ရှေ့စံသားတော်ရှိထားတဲ့ နိုင်ငံဆီကို သမီးတော်
ဖွားမြင်ထားတဲ့ နိုင်ငံက စေလွှတ်ပေးရတာ ဓမ္မတာတစ်ခုပါ။ အဲဒီ
လိုတော်ဝင်ထိမ်းမြားမှုတွေကနေ ဆက်ခံသူမျိုးဆက်ကို ဖွားမြင်
ပေးရတာကလည်း သမိုင်းပေးတာဝန်တစ်ခုလိုပါပဲ။ မျိုးဆက်ဖွား
မြင်နိုင်ရင်တော့ မဟာမိတ်ချစ်ကြည်ရေး အောင်မြင်သွားပြီလို့ ဆို
ကြပြီး မဖွားမြင်နိုင်ခဲ့ရင်တော့ ကြင်ယာတော်တွေရဲ့ ဘဝက ရှင်
လျက်နဲ့ သေဆုံးရတဲ့ ဘဝတွေပါ။ဩစတြီးယားဧကရီဘုရင်မရဲ့ သမီးတော်တစ်ပါးဖြစ်တဲ့ အသက်
၁၄ နှစ်အရွယ် မင်းသမီးလေး ထွိုင်နိထ်ဟာ ပြင်သစ်နိုင်ငံနဲ့ ဩစ
တြီးယားနိုင်ငံတို့ မဟာမိတ်ချစ်ကြည်ရေးအတွက် ပြင်သစ်အိမ်
ရှေ့စံ လူးဝစ်နဲ့ လက်ဆက်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။ ကလေးစိတ်
တောင်မကုန်သေးတဲ့ ကြင်ယာတော်လေးအတွက် ဗာစိုင်းလ်နန်း
တော်ကြီးက သားရဲတွင်းတစ်ခုလိုပါပဲ။ နန်းတော်ထဲမှာ ဘယ်သူ့
ကိုမှ ယုံကြည်လို့မရတဲ့အပြင် လက်ဆက်ထားရတဲ့ အိမ်ရှေ့စံက
လည်း တေမိမင်းသားမို့ သူ့ရဲ့မျိုးဆက်ဖွားမြင်ရေးတာဝန်ကို ထမ်း
ဆောင်ဖို့ကလည်း လှော်တက်မရှိတဲ့ လှေငယ်တစ်စင်းလိုမျိုးပေါ့။
ဒီတော့ လျင်သူစားစတမ်းဆိုသလို ကိုယ့်ဘက်က ခြေတစ်လှမ်း
နောက်ကျတာနဲ့ ရန်သူက သရဖူဆောင်းသွားနိုင်တဲ့ အခြေအနေ
မျိုးတွေမှာ ကြင်ယာတော်ငယ်လေး ဘယ်လိုဖြတ်ကျော်သွားမလဲ
ဆိုတာကို ကျွန်တော်တို့အတူတူ လိုက်ပါစီးမြောကြည့်လိုက်ရ
အောင်ပါ။ ကျွန်တော်အာမခံပေးနိုင်တာကတော့ ဒီစီးရီးအတွက်
နောင်တတရားဆိုတာက ရှိမလာနိုင်တဲ့အရာတစ်ခုပါပဲ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့
May Thet Khine Soe ဖြစ်ပါတယ်။)File Size………….(400 MB) / (1.0 GB)
Marie Antoinette (2022- )
⭐IMDB: 7.2/10 (2 k Votes)
🎬 #Drama #War & Politics #War #Politics #Biography #History
🗓️ 2022- 🎞️ tv series 📺 720p

Lucky Hank (2023- )
⭐IMDB: 6.8/10 (2 k Votes)
🎬 #Comedy #Drama
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 44 မိနစ် 37 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lucky Hank (2023)Lucky Hank (2023)
===============
IMDb Rating – 6.8/10ကဲ .. ဆောဂွတ်မန်းဆိုတဲ့ နာမည်တစ်လုံးနဲ့ ပရိသတ်ရင်ထဲကို
ထိုးဖောက်ခဲ့တဲ့ Bob Odenkirk ကြီး ဒီတစ်ခါတော့ ကျောင်း
ဆရာ ပါမောက္ခကြီး လုပ်နေပြန်ပါပြီ။ ဒီဘဲကြီးက Title မှာ
နာမည်ပါတဲ့ ဇာတ်လမ်းတွေနဲ့ အကျိုးပေးတယ်ပြောရမလို
တောင် ဖြစ်နေပါပြီ။ အရင်က Better Call Saul ရဲ့ ဆောလ်
အခု Lucky Hank ရဲ့ ဟန့်ခ်ပေါ့၊ ဒီစီးရီးမှာလည်း executive
producers အဖွဲ့က Breaking Bad နဲ့ Better Call Saul
တို့ရဲ့ ပဲ့ကိုင်ရှင်တွေပါပဲ။
၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ စာရေးဆရာ Richard Russo ရဲ့
Straight Man ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ Comedy
Drama ဖြစ်ပါတယ်။ ပြောရရင်တော့ စာရေးဆရာရဲ့ ကောလိပ်
ကျောင်းဆရာဘဝက ကြုံခဲ့ရတဲ့ အဖြစ်အပျက်အတွေ့အကြုံတွေ
အကြောင်းပါ။အမြည်းပေးရရင်တော့.. ဝီလီယံ ဟင်နရီ ဟန့်ခ်ဒဗရော ဂျုနီယာ
ဆိုတဲ့ အင်္ဂလိပ်ကျောင်းဆရာက ကျောင်းသားတွေ၊ ဌာနက ဆရာ
ဆရာမတွေက အရမ်းကို ချစ်မြတ်နိုးနေတဲ့ ဆရာတစ်ယောက်
ရယ်တော့ မဟုတ်ဘူး .. လူ့ဂွစာကြီး။ သူစာသင်နေရတဲ့ ကောလိပ်
ကိုလည်း တစ်စက်မှ အကောင်းမမြင်၊ တစ်လောကလုံးနဲ့ တစ်ယောက်
ဆိုတဲ့ လူစားမျိုးပါ။ တစ်နေ့တော့ ကျောင်းသားတစ်ယောက်နဲ့ပြဿနာ
တက်ရာကစလို့ အင်္ဂလိပ် ဌာနမှူးဆိုတဲ့ ရာထူးပါ ပြုတ်တော့မယ့်
အခြေအနေကို ရောက်လာပါတယ်။ ဒီလိုဒုက္ခတွေကြားမှာမှ အိမ်
ထောင်ရေးပြဿနာ၊ သားသမီးပြဿနာတွေကပါ ထပ်ဆောင်းအုပ်
လာပြီး တစ်ပူပေါ် တစ်ပူဆင့်ပါတော့တယ်။ ဒါပေမဲ့ Lucky Hank
ဆိုတဲ့အတိုင်း လူတကာက အမြင်ကပ်ပေမယ့်လည်း .. ဘဝပေး
ကုသိုလ်ကံက ကောင်းတဲ့ ဟန့်ခ် ဖြစ်နေသည်ဆိုတော့လည်း ဘယ်လို
စိတ်ဝင်စားစရာတွေ၊ ဘယ်လို ဒုက္ခတွေကြားမှာ ဟန့်ခ်တစ်ယောက်
ဖိုးကံကောင်းဖြစ်ဦးမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။တစ်ပတ်(၁)ပိုင်းထွက်ရှိမှာဖြစ်ပြီး CMမှအပတ်စဥ်တင်ဆက်ပေး
သွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့
Act Molemy ဖြစ်ပါတယ်။)File Size………….(250 MB) / (750 MB)
Rabbit Hole (2023- )
⭐IMDB: 7.7/10 (3 k Votes)
🎬 #Action #Drama #Thriller
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 58 မိနစ် 16 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rabbit Hole (2023)Rabbit Hole (2023)၂၀၂၃ မှာ Paramount+ မှ ထုတ်လွှင့်ဆဲ Thriller ဇာတ်လမ်းတွဲကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။
Prison Break တို့ 24 တို့လို ဇာတ်လမ်းတွဲမျိုးကို ကြိုက်သူတွေ ဒီဇာတ်လမ်းတွဲကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။
IMDb rating 8/10၊ Rotten Tomatoes 71% ရရှိထားပါတယ်။24 ဇာတ်လမ်းတွဲမှာ ဂျက်ဘောင်ဝါ အဖြစ် အရမ်းကိုအောင်မြင်ခဲ့တဲ့ မင်းသားကြီး Kiefer Sutherland က အဓိကမင်းသား ဂျွန်ဝီယာ အဖြစ်ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်ဝီယာဟာ ကတုံးပေါ် ထိပ်ကွက်၊ သူများမျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ သူလျှိုအဖြစ် လုပ်ကိုင်ရင်းအသက်မွေးနေသူဖြစ်ပါတယ်။
လုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့ပြိုင်ဖက်ကို ထိုးနှက်ဖို့၊ ငွေကြေးရေးကြေး အမြတ်ရရှိဖို့ အစရှိတဲ့ ကိစ္စရပ်တွေကို တရားမဝင်နည်းလမ်းနဲ့ လုပ်ဖို့အတွက် ဂျွန်ကို ငှားရမ်းကြပါတယ်။
ဒီလိုလုပ်ကိုင်နေရင်း အက်ဖ်ဘီအိုင်ကလည်း ဂျွန့်ကို လိုက်ပြီးစုံစမ်းနေပေမယ့် သက်သေမခိုင်လုံတဲ့အတွက် မဖမ်းနိုင်ဘဲဖြစ်နေပါတယ်။တစ်နေ့မှာ ဗဲလ်လန့်စ်ဆိုတဲ့ လူတစ်ယောက်က ဂျွန်နဲ့ အမည်မသိလုပ်ငန်းရှင် တစ်ယောက်နဲ့ကြားမှာ ပွဲစားလုပ်ပေးရင်း ဂျွန့်ကို အလုပ်အပ်လာပါတယ်။
အလုပ်ကလည်း လွယ်ကူရိုးရှင်းပြီး ပိုက်ဆံများများရမှာမို့ ဂျွန်လည်း လက်ခံလိုက်ပါတယ်။
ဒါပေမယ့် အဆိုပါအလုပ်ကို ဆောင်ရွက်ပေးနေရင်း ဂျွန်တစ်ယောက် လူသတ်မှုနဲ့ အကွက်ကျကျ ခွင်ဆင်တာကို ခံလိုက်ရပါတယ်။
ဒေသခံ အာဏာပိုင်တွေ၊ အက်ဖ်ဘီအိုင်တွေ၊ ရဲတပ်ဖွဲ့တွေကအစ ဂျွန့်ကို လိုက်ဖမ်းပါတော့တယ်။
ဂျွန်လည်း ရဲတွေ လက်ထဲကနေ လွတ်အောင်ပြေးရင်း သူ့ကို ချောက်ချတဲ့လူကို တွေ့အောင်ရှာနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားလိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre….. Drama
Hell's Paradise: Jigokuraku (2023- )
⭐IMDB: 8.6/10 (576 Votes)
🎬 #Action & Adventure #Animation #Drama #Sci-Fi & Fantasy #Action #Adventure #SciFi #Fantasy #Thriller
🗓️ 2023- 🎞️ Series 📺 1080p
🌎 #Japan
⏰ 24 မိနစ် 56 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hell’s Paradise(2023) Hell’s paradiseဆိုတဲ့လူကြိုက်များ နာမည်ကြီးတဲ့ မန်ဂကို Senpai Yuji Kakuက ၂၀၁၈ခုနှစ်မှာ စတင် တင်ဆက်ခဲ့ပြီး အတွဲပေါင်း၁၃တွဲထိထွက်ရှိထားပါတယ်။ ဒီလိုနာမည်ကြီးမန်ဂတစ်ခုကို animeထုတ်တော့မယ်ဆိုတော့ အရင်ဆုံးရှာကြည့်မိတာက ဘယ်studioကကိုင်မှာလဲဆိုတာပါ။ အခုနောက်ပိုင်း ပရောဂျက်တွေအများကြီးတောက်လျောက်ကိုင်ကာ လက်စွမ်းပြနေတဲ့ MAPPAက ကိုင်မှာပါတဲ့။ ဒါတင်မကသေးဘူး။ OPENING THEMEကိုလည်း နာမည်ကြီး Belle anime movieရဲ့ဇာတ်ဝင်တေး Uကိုသီဆိုပေးခဲ့တဲ့ millienium paradeအဖွဲ့က တင်ဆက်ပေးမှာပါတဲ့။
ဇာတ်လမ်းအမြည်း****************လုပ်ကြံသတ်ဖြတ်ရေးစစ်ဆင်ရေးတစ်ခုလုပ်နေရင်းနဲ့ ဖမ်းဆီးတာကိုခံခဲ့ရတဲ့ ဂဘိမာရုဟာ သေဒဏ်ပေးခံခဲ့ရပေမဲ့ သူ့ရဲ့သဘာဝလွန်အစွမ်းရှိတဲ့ခန္ဓာကိုယ်ကြောင့်သတ်မရဖြစ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ ရှိုဂန်ကြီးအတွက် မသေဆေးရှိတယ်လို့နာမည်ကြီးနေတဲ့ကျွန်းပေါ်ကနေရှာပေးနိုင်မယ်ဆိုရင် အပြစ်အားလုံးကိုခွင့်လွှတ်ပေးမယ်လို့အပေးအယူလုပ်လာခဲ့တာကြောင့် အဆိုပါကျွန်းကြီးဆီကိုသွားရဖိူ့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂဘိမာရုမသိသေးတာက သူ့အရင်ကလည်း အဖွဲ့ငါးဖွဲ့စေလွှတ်ခဲ့ပေမဲ့မအောင်မြင်ခဲ့တာကိုပါ။ ဒီလိုနဲ့ကျွန်းကြီးပေါ်ရောက်သွားချိန်မှာတော့ မထင်မှတ်ထားတဲ့ကိစ္စတွေနဲ့တောက်လျောက်ကြုံရပါတော့တယ်။ File Size – 326.8MB @EpisodeQuality – 1080pDuration – 24 minute (@Episode)Total Episodes: 13 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Animation / Action / Drama / Adventure / Sci -Fi & Fantasy
The Secret Garden (1993)
⭐IMDB: 7.3/10 (43 k Votes)
🎬 #Drama #Family #Fantasy
🗓️ 1993 🎞️ Movie 📺 1080p
🌎 #UnitedStates
⏰ 1 နာရီ 42 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Secret Garden (1993)
~ IMDb – 7.3/10, RT – 88%, Meta – 74% ~
ဒီတစ်ခေါက်မှာတော့ လျှို့ဝှက်ဥယျာဥ်တစ်ခုဆီအလည်သွားရအောင်။ စာရေးဆရာ Frances Hodgson Burnett ရဲ့ဝတ္ထုကိုပြန်ရိုက်ထားတဲ့ Fantasy Movie “The Secret Garden” ကို နွေရာသီနဲ့လိုက်ဖက်စွာတင်ဆက်ပေးလိုက်ရပါတယ်။
အိန္ဒိယမှာ ဗြိတိသျှမိသားစုနဲ့အတူနေထိုင်တဲ့ မေရီလန်းနက်ခ်ဆိုတဲ့ ၁၀ နှစ်အရွယ်ကောင်မလေး။ မိဘတွေဆီက အာရုံစိုက်မှု ချစ်ခင်ကြင်နာမှုနည်းနည်းလေးတောင်မရတဲ့မေရီဟာ ခံစားချက်မဲ့ပြီး ရင့်သီးတဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ သူငယ်ချင်းရယ်လို့လည်းမရှိခဲ့ဘူး။ တစ်နေ့မှာ မေရီ့မိဘနှစ်ပါးလုံး ငလျင်တစ်ခုကြောင့် သေဆုံးသွားခဲ့တယ်။ မိဘမဲ့ဖြစ်သွားတဲ့မေရီကို အင်္ဂလန်ကဦးလေး ကရေဗင်ကခေါ်ယူမွေးစားခဲ့တယ်။
ယော့ခ်ရှိူင်းယားပြည်နယ်ကမြက်ခင်းလွင်ပြင်မှာ ခြောက်ကပ်စွာတည်ရှိနေတဲ့ မစ်ဇယ်ဝိတ်ရဲတိုက်ကြီး။ ရဲတိုက်ရဲ့သခင် ကရေဗင်က လူတွေနဲ့အဆက်အသွယ်မလုပ်တော့လို့ ရဲတိုက်ကြီးလည်းတိတ်ဆိတ်ခြောက်ကပ်လာခဲ့တာ ၁၀ နှစ်ကျော်ကြာခဲ့ပြီ။ အိပ်မက်ထဲကဝိညာဥ်တစ်ခုက မေရီ့ကို လျှို့ဝှက်ဥယျာဥ်တစ်ခုဆီခေါ်နေခဲ့တယ်။ ရဲတိုက်အပြင်ကို တစ်ယောက်တည်း ခိုးထွက်ခဲ့တဲ့အခါ ရဲတိုက်ကြီးရဲ့အလွန် တောစပ်တစ်နေရာမှာ လျှို့ဝှက်ဥယျာဥ်တစ်ခု တကယ်ရှိနေတာကိုတွေ့လိုက်ရပါတော့တယ်။ မှော်ဆန်တဲ့ လျှို့ဝှက်ဥယျာဥ်ထဲကို အလည်သွားရင်း မထုံတတ်တေးလေးမေရီက ရဲတိုက်ကြီးအတွက် ဘယ်လို အပြောင်းအလဲတွေယူဆောင်လာခဲ့လဲဆိုတာကိုလည်းကြည့်ရှုခံစားလိုက်ကြပါဦး…
(ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)
How About Adolf? (2018)
⭐IMDB: 7.0/10 (6 k Votes)
🎬 #Comedy
🗓️ 2018 🎞️ Movie 📺 720p
🌎 #Germany
⏰ 1 နာရီ 32 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
How About Adolf? (2018)
ဒီကားလေးကတော့ ၂၀၁၈ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating – 7/10 ရရှိထားတဲ့ ဂျာမန်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
တစ်ညမှာ စတက်ဖန်နဲ့ အဲလိဇဘက်လင်မယားတို့ ဘွန်းမြို့ကသူတို့အိမ်မှာ မိသားစုညစာစားပွဲလေးတစ်ခုလုပ်ဖို့ အဲလိဇဘက်ရဲ့မွေးစားအစ်ကို၊ သူ့မောင်နဲ့ သူ့မောင်ရည်းစား ကိုယ်ဝန်သည်ကောင်မလေးတို့ကိုဖိတ်ထားကြတယ်။ ဇာတ်လမ်းအစမှာတော့ အလယ်တန်းပြဆရာမ အဲလိဇဘက်တစ်ယောက် ညစာစားပွဲအတွက်ပြင်ဆင်ရင်း အလုပ်ရှုပ်နေပြီး အခြားမြို့မှာနေနေတဲ့ သူမရဲ့မိခင် ဒေါ်ရိုသီယာနဲ့ ဖုန်းပြောနေတာကို အစချီရိုက်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။
အဲ့နေ့ညမှာပဲ ကလေးအဖေဖြစ်တော့မယ့် အဲ့လိဇဘက်ရဲ့မောင် သောမက်စ်က သူ့သားလေးကိုပေးထားတဲ့နာမည်ကြောင့် မိသားစုတွေငြင်းခုန်ရာကနေ ယောက်ဖနှစ်ယောက် ကတောက်ကဆတ်တွေဖြစ်နေချိန်မှာ သောမက်စ်ရဲ့ကိုယ်ဝန်နဲ့ကောင်မလေးက လူရွေးပွဲကနေညစာစားပွဲကိုရောက်လာပြီး စကားဝိုင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပါတော့တယ်။ စနောက်၊ ငြင်းခုံ၊ စကားနိုင်လုမှုတွေကနေအစပြုပြီး တစ်ယောက်ချင်းစီရဲ့လျှို့ဝှက်ချက်၊ မကျေနပ်ချက်တွေ တစ်စပြီးတစ်စထွက်လာတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)
How About Adolf? (2018)
⭐IMDB: 7.0/10 (6 k Votes)
🎬 #Comedy
🗓️ 2018 🎞️ Movie 📺 1080p

Hunger (2023)
⭐IMDB: 7.1/10 (381 Votes)
🎬 #Drama #Thriller
🗓️ 2023 🎞️ Movie 📺 720p
🌎 #Thailand
⏰ 2 နာရီ 26 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hunger (2023)
Bad Geniusထဲမှာ ပရိသတ်တွေရဲ့နှလုံးသားကို ဖမ်းစားသွားတဲ့မင်းသမီး Aokbab Chutimon ရဲ့ ကားသစ်လေးဖြစ်တဲ့ Hungerဆိုတဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဂျစ်ကန်ကန်ကာရိုက်တာနဲ့ အင်မတန်လိုက်ဖက်တဲ့သူလေးကို ဒီကားထဲမှာတော့ ဇွဲနပဲကြီးတဲ့ အနိုင်မခံအရှုံးမပေးတတ်တဲ့ရှက်ဖ်လေးအဖြစ် မြင်ရမှာပါ။
အွိုင်ဆိုတဲ့ကောင်မလေးဟာ မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ ခေါက်ဆွဲဆိုင်ကို အမွေဆက်ခံရဖို့ဖြစ်နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။Dreamersတစ်ယောက်ပီပီ အွိုင်ကတော့ ရပ်ကွက်ခေါက်ဆွဲဆိုင်လေးမှာပဲ ဘဝကိုအဆုံးမသတ်ချင်သူပါ။ဒါပေမဲ့ မောင်နှမတွေထဲမှာလည်း ဒီဆိုင်ကိုလက်လွှဲယူနိုင်မဲ့ ချက်ပြုတ်တတ်တဲ့လူကလည်းမရှိ သမီးအကြီးဆုံးကလည်းဖြစ်နေပြန်တော့ ရွေးစရာကလည်းမရှိပြန်ဘူးပေါ့။
ဒီလိုနွံနစ်နေတဲ့ ပတ္တမြားဖြစ်တဲ့အွိုင်ကို တွေ့ရှိသွားသူကတော့ ဟန်ဂါဆိုတဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အငယ်တန်းရှက်ဖ်တစ်ယောက်ဖြစ်တဲ့တုန်းပါ။ဒီလိုနဲ့ပဲ အွိုင်ရဲ့အရည်အချင်းတွေကိုမြင်သွားတဲ့တုန်းက အွိုင်ကို ရှက်ဖ်လောကထဲကို ခေါ်သွင်းလာတဲ့အခါ…
မီးဖိုချောင်မှာ ဒီမိုကရေစီဆိုတာမရှိဘူး။ အာဏာရှင်စနစ်ပဲရှိတယ်လို့ပြောရင်တော့ အဆူအဆဲခံပြီး ပညာသင်လာရတဲ့စားဖိုမှူးတိုင်းက ရင်နာနာနဲ့ပဲ မှန်ကန်ကြောင်း ထောက်ခံမိကြမှာပါ။ထို့နည်းတူပါပဲ ရပ်ကွက်စားသောက်ဆိုင်မှာပဲ ချက်ပြုတ်နေကြဖြစ်တဲ့အွိုင်လည်း ဟန်ဂါစားသောက်ဆိုင်ပိုင်ရှင်လည်းဟုတ်အပေါက်ဆိုးတယ်လို့လည်း နာမည်ကြီးတဲ့ ရှက်ဖ်ပေါလ်ရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။သူ့ရဲ့အိပ်မက်ဖြစ်တဲ့ နာမည်ကျော်ရှက်ဖ်တစ်ယောက်ရော ဖြစ်လာနိုင်မလား။
အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့၊ လောကကြီးကို လုပ်နိုင်ကြောင်း သက်သေပြချင်တဲ့အွိုင်တစ်ယောက်အောင်မြင်မှုကို ငတ်မွတ်လာတဲ့အခါ ရယူခြင်းရဲ့နောက်ကွယ်က ပေးဆပ်ခြင်းတွေကိုရော အွိုင်တစ်ယောက် လက်ခံနိုင်မှာလား။
လောကရဲ့နိယာမအတိုင်း အထက်ဖားအောက်ဖိတဲ့ပြဿနာတွေ၊ လုပ်ဖော််ကိုင်ဖက်တွေကြားက မနာလိုမှုတွေ၊ လူတန်းစာအလွှာကွာခြားမှုကြားကပဋိပက္ခတွေ အစရှိသဖြင့် ရသအစုံအလင်ခံစားနိုင်မဲ့ရုပ်ရှင်ကောင်းလေးဖြစ်တာကြောင့် ခေတ်နဲ့အညီ ဆန်းသစ်ပြီးတစ်နေ့ထက်တစ်နေ့ ပိုပိုဆန်းသစ်လာတဲ့ ဒီထိုင်းmovieလောကရဲ့ လက်ရာသစ်လေးကို မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။
April 9th (2015)
⭐IMDB: 6.6/10 (6 k Votes)
🎬 #Drama #History #War
🗓️ 2015 🎞️ Movie 📺 720p HD
🌎 #Denmark
⏰ 1 နာရီ 32 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – War, Action, DramaIMDB – 6.6/10
ဧပြီလ ၉ ရက်နေ့တဲ့ ဒီနေ့ရက်ကို ဒိန်းမတ်လူမျိုးတွေ သူတို့ တစ်သက်တာ ဘယ်တော့မှ မေ့နိုင်ကြမယ်လို့ မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ ၁၉၄၀ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ဥရောပမှာ အင်အားကြီးထွားနေတဲ့ ဖက်ဆစ်ဂျာမန်တပ်တွေက ဒိန်းမတ်နိုင်ငံကို စတင်ကျူးကျော်ခဲ့လို့ ဖြစ်ပါတယ်။
ဂျာ့လန်ကျွန်းစွယ်ရဲ့တောင်ဖက်တွေမှာ တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်ခဲ့ကြတာပေါ့။ ဒီလိုအင်အားကြီးနေတဲ့ ဂျာမန်စစ်တပ်ကြီးကို ယှဉ်တိုက်ရမှာက အဖက်ဖက်က မယှဉ်နိုင်တဲ့ ဒိန်းမတ်စစ်တပ်လေးပေါ့။ တင့်ကားတွေ သံချပ်ကာယာဉ်တွေ မော်တာတွေ ရှိတဲ့ ဂျာမန်နဲ့ ရင်ဆိုင်ရာမှာ ဒိန်းမတ်ဖက်တော့ အမြင့်ဆုံးဆိုလို့ စက်သေနတ်သာ ရှိပါတယ်။
ပြီးတော့ တင့်ကားတွေ ယာဉ်တွေမပြောပါနဲ့ ပထမဆုံး စစ်မျက်နှာပြင်ကို ခံစစ်ဖွင့်ရတဲ့တပ်စုတွေကိုကြည့် မော်တော်ဆိုင်ကယ်တပ်စုတဲ့ မင်းသားတို့ဆို ပိုဆိုး နယ်စပ်က အိမ်စောင့်စက်ဘီးတပ်စုလေးဗျာ အဲဒါလေးနဲ့ ဟိုဖက်က ဧရာမဘီလူးတွေကို ခံတိုက်ရမှာတဲ့ (စစ်ကူတွေရောက်မလာမချင်းပေါ့)။ အဲဒါ ၉ ရက်နေ့ မနက်အစောကြီး ဆရာတွေက နယ်စပ်ကျော်လာတော့ မနိုင်မှန်းသိပေမယ့်လည်း တိုက်ရတော့တာပေါ့ ဒီမှာ ဗိုလ်ကြီးရဲ့ နေရာချမှုတွေ စစ်ရေးဗျူဟာတွေ တိုက်ချိန်တန်တိုက် ဆုတ်ချိန်တန်ဆုတ်နဲ့ ဘယ်လိုအချိန်ထိ ရွပ်ရွပ်ချွံချွံ ခံတိုက်သွားနိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။
စစ်ကားကြည့်ခဲ့ဖူးသမျှ ဒီလို စက်ဘီးတပ်စုလေးတော့ မမြင်ဖူးခဲ့ဘူး သူတို့တွေရဲ့အကြောင်းလည်း အတွေ့အကြုံအသစ်တွေ ရသွားကြတာပေါ့။ ရှားရှားပါးပါး ဒိန်းမတ်စစ်ကားကောင်းတစ်ကားပါပဲ။
Hunger (2023)
⭐IMDB: 7.1/10 (381 Votes)
🎬 #Drama #Thriller
🗓️ 2023 🎞️ Movie 📺 1080p

🗓️ 2015 🎞️ Movie 📺 1080p FHD

Chupa (2023)
⭐IMDB: 5.6/10 (1 k Votes)
🎬 #Action #Adventure #Drama #Fantasy #Family
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedStates #Mexico
⏰ 1 နာရီ 39 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Chupa(2023)
***********
ချူပါကာဘရာ ရဲ့ အဓိပ္ပာယ်ဟာ “ဆိတ်သွေးစုပ်သူ”လို့ဆိုလိုပါတယ်။အမေရိကန် ဒဏ္ဍာရီထဲမှာဆိုရင်တော့ ဆိတ်တွေရဲ့သွေးကို သောက်သုံးတဲ့ဝက်ဝံငယ်လေးအရွယ်လောက်ရှိပြီး ခွေးနဲ့သဏ္ဌာန်တူကာပျံနိုင်တဲ့ သားရိုင်းသတ္တဝါတစ်မျိုးပါတဲ့။
အဲဒီအကောင်မျိုးတွေဆီမှာ ထူးခြားတဲ့စွမ်းရည်တွေရှိလို့
လူတွေက ဒီအကောင်တွေကိုရှာဖွေကြတယ်..အထူးသဖြင့် ဒဏ်ရာတွေကို
အလွယ်တကူပြန်ပျောက်စေတဲ့စွမ်းရည်ကြောင့်ပဲ…
နှစ်အတော်ကြာသည့်တိုင် ရှာဖွေနိုင်ခြင်းမရှိလို့ ဒီမျိုးစိတ်ဟာ မျိုးတုံးပြီး
ဒဏ္ဍာရီ ဆန်ဆန် သာ ကျန်ခဲ့ပါတယ်..သို့သော်ဒီအထဲမှာ လက်မလျှော့တဲ့
အဖွဲ့တစ်ဖွဲ့ရှိတယ်.. နောက်ဆုံးမှာ ရှားပါးမျိုးစိတ် သားအမိ(၂)ကောင်ကိုတွေ့ပြီးတဲ့နောက်မှာတော့
… သူတို့တစ်ဖွဲ့လုံးဟာ အသည်းအသန် လိုက်ဖမ်းပြီးတဲ့နောက်
မမျှော်လင့်တဲ့ဖြစ်ရပ်တွေ အားလုံးဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတော့တယ်…

Yang Shen Spirit (2023)
⭐TMDB: 0.0% User Score
🎬 #Action #Fantasy
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 16 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ယခုတစ်ခေါက် CM ပရိသတ်တွေအတွက် နတ်ကားလေးတစ်ကားကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော……
ကျင်းယွိမြို့ ဟုန်အိမ်တော်မှ သခင်လေးဟုန်ရိဟာ ငယ်ငယ်ကတည်းကအမေဖြစ်သူကို ဆုံးရှုံးခဲ့ရပြီးနောက် အိမ်တော်ကလူတွေ အနိုင်ကျင့်တာကိုခံနေရသူတစ်ယောက် ဖြစ်ပါတယ်။ အမေ့အတွက်မျက်နှာရဖို့အတွက် မြို့တော်မှာ စာမေးပွဲဖြေရန် ကြိုးစားနေသူ ဖြစ်ပါတယ်။
သို့သော် စာမေးပွဲ မဖြေခင် ရှေ့တစ်ညမှာ ထူးဆန်းတဲ့ မိန်းကလေးတွေကဟုန်ရိကို ချွင်ဟူမျိုးနွယ်မှာ စာသင်ပေးဖို့ လာရောက် ဖိတ်ခေါ်ကြပါတယ်။အရှုပ်အထွေးတွေကြားမှာ ဟုန်ရိဟာ လိုက်လံဖမ်းဆီးခံခဲ့ရပါတယ်။ထို အခက်အခဲတွေကို ဖြတ်သန်းခဲ့ပြီးနောက် ဟုန်ရိဟာဒီအရာအားလုံးဟာ သူ့ရဲ့ ဘဝမှန်နဲ့ ပတ်သက်နေတာကို သိလိုက်ရပါတယ်။
သူ့ရဲ့ ဘဝမှန်က ဘာဖြစ်နေမလဲ……ချွင်ဟူမျိုးနွယ်နဲ့ သူနဲ့က ဘယ်လို ပတ်သက်မှုမျိုး ဖြစ်နေမလဲ……ဆိုတာကို ရုပ်ရှင်လေးထဲကနေ အဖြေရှာလိုက်တော့နော်။