无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Divide (2011)
⭐IMDB: 5.8/10 (38 k Votes)
🎬 #Drama #Horror #SciFi #ScienceFiction #Thriller
🗓 2011 🎞 movie
📺 #1080p #720p
💿 765.2 MB ⦿ 2.4 GB
🌎 #UnitedStates #Germany #Canada #France #UnitedStatesofAmerica
⏰ 2 နာရီ 2 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2011 ခုနှစ်ထွက် Science-Fiction ကားတစ်ကား တင်ဆက်ပေးပါရစေ။
အမေရိကန်နိုင်ငံကို နျူကလီးယားဗုံးကျဲအပြီးမှာ အသက်ရှင်ကျန်ရစ်သူတွေဟာ
တိုက်ခန်းမြေအောက်ထပ်မှာ စုပြုံနေကြပါတယ်။ နျူကလီးယားလက်နက်
အစွမ်းကြောင့် ဓာတုအဆိပ်သင့်မှုမပြီးမချင်း မြေအောက်ခန်းမှာပဲ
အလုံပိတ်နေကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီအချိန်မှာ ဇာတ်လမ်းစပါပြီ။
လူဆိုတာကတော့ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့အတိုင်း
အရေးကြုံလာရင် တစ်ကိုယ်ကောင်းဆန်တာတွေ ကတုံးပေါ်ထိပ်ကွက်တာတွေ
လုပ်ချင်ကြစမြဲပါပဲ။ အစားအစာခွဲတမ်းတွေ၊ ရေခွဲတမ်းတွေစတာတွေနဲ့
အချင်းချင်းစမန်ခုတ်ကြနဲ့ အချင်းချင်း သံသယတိုးပွားလာမှုတွေအပြင်
ပြင်ပကရန်ပြုသူတွေပါ ထပ်ရောက်လာတဲ့အခါ…။ ပြင်ပရန်သူကို
တိုက်ထုတ်ဖို့နေနေသာသာ မိမိတို့အဖွဲ့ထဲမှာတင် စိတ်ဝမ်းကွဲနေပါရော။
မြေအောက်ခန်းထဲမှာ သူတို့ဘယ်လောက်ကြာကြာဆက်နေနိုင်မလဲ၊
ရန်သူတွေကိုရော ဘယ်လိုရင်ဆိုင်မလဲ၊ ပြင်ပကိုရော အန္တရာယ်ကင်းစွာ
ထွက်လာနိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှူလိုက်ပါဦးနော်။...
Where the Devil Can't Go, He Sends a Woman 2 (2023)
⭐IMDB: 5.7/10 (3 k Votes)
🎬 #Comedy #Crime #Drama
🗓 2023 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 2.1 GB
🌎 #Poland
⏰ 2 နာရီ 3 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ IMDb 5.7/10 ရရှိထားတဲ့ ပိုလန်စကားပြော Comedy/Crime/Drama ကားလေးပါ။ ဇာတ်လမ်းကတော့ ၁၉၉၀-၂၀၀၀ခုနှစ် ဝန်းကျင်က ပိုလန်နိုင်ငံရဲ့ စီးပွားရေး အားပြိုင်မှုတွေကြားထဲက လူလိမ်တစ်ဖြစ်လည်း ကုန်သည်ဖြစ်သူ ခါဇုမီယက်ဇ်ဘွန်ချက်ဇ်ရဲ့ မျိုးစုံကြိုးခုန်တတ်တဲ့၊ စီးပွားရေးကွက်ကျော်ရိုက်၊ ကလိမ်စေ့ငြမ်းစင်ပုံတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်ကျ ကွက်ကျော်ရိုက်တတ်ပေမယ့် ကားခိုးမှုတွေများနေတဲ့နိုင်ငံမှာ သူ့ကားအခိုးခံရမှာကြောက်လို့ ကားစတီယာရင်ကို ဘယ်သွားသွားချွတ်ယူသွားတတ်တဲ့ ခါဇုတစ်ယောက် နိုင်ငံပိုင်ကုမ္ပဏီတွေကို ပုဂ္ဂလိပိုင်ဖြစ်အောင် ဘယ်လိုလုပ်ပြီး သန်းပေါင်းများစွာကို ဘယ်လိုအိတ်ထဲထည့်ခဲ့သလဲ၊ သတင်းအချက်အလက်တွေရယူဖို့ ဘယ်လိုလမ်းကြောင်းကနေ ကြိုးစားခဲ့သလဲ၊ ရာဇဝတ်မှုတွေကို ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာကို ရှုစားရမှာပါ။
ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့သူ့ကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိကိုရော ဘယ်လိုနှစ်ပေါက်တစ်ပေါက်ရိုက် လှည့်ထွက်ခဲ့သလဲ၊ အဲဒီ ရဲအရာရှိကရော သူ့ကို တကယ်ဖမ်းဆီးနိုင်ပါ့မလား၊ ဂျင်ပေါ်ကထုံးဖြစ်တဲ့ ခါဇုတစ်ယောက် ငွေနဲ့ပတ်သက်လာတဲ့အခါ ယုံကြည်ရတဲ့မိတ်ဆွေတွေကို အရင်အတိုင်း ဆက်ယုံကြည်နိုင်မှာလား၊ ခါဇုကိုရော သူ့ရဲ့မိတ်ဆွေတွေက နောက်ဆုံးအချိန်ထိ ယုံကြည်ပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ (ထုံးစံအတိုင်း မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ တချို့ဇာတ်ဝင်ခန်းတွေကို တစ်ယောက်တည်းကြည့်ရင်း) ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပဲဖြစ်ပါတယ်)...
Imaginur (2022)
⭐IMDB: 7.6/10 (274 Votes)
🎬 #Drama #Romance #SciFi #ScienceFiction
🗓 2022 🎞 movie
📺 #720p #1080p
💿 546.0 MB ⦿ 1.0 GB
🌎 #Malaysia
⏰ 1 နာရီ 30 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မှတ်ဉာဏ်ချွတ်ယွင်းနေတဲ့ရောဂါဝေဒနာသည်တွေ
ကိုမာရောဂါ ခံစားနေတဲ့ဝေဒနာသည်တွေကိုမြင်ဖူးကြမှာပါ၊
သူတို့ပြောဆိုနေတဲ့စကားလုံးတွေက ဆက်စပ်မှုမရှိပေမယ့် သူတို့စိတ်မှတ်ဉာဏ်ထဲမှာ
ဘာတွေမြင်နေ ကြားနေလို့ဒီစကားလုံးတွေပြောဆိုနေတာလဲဆိုတာ
သိဖို့ခက်ခဲပါတယ်.
ဒီဇာတ်လမ်းလေးက ဒီလိုရောဂါဝေဒနာသည်တစ်ယောက်ရဲ့
စိတ်မှတ်ဉာဏ်ထဲမှာဖြစ်ပျက်နေတဲ့အကြောင်းအရာကိုဇာတ်လမ်း
ဆင်ရိုက်ကူးထားတဲ့ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဇူဟယ်ဆိုတဲ့အမျိုးသား
တစ်ယောက်ဟာ ကားတိုက်ခံရပြီးတော့ ဆေးရုံကိုရောက်သွားတယ်။
ဒါပေမယ့် ဆေးရုံကိုရောက်သွားတာက သူဖြစ်တဲ့ဝေဒနာကိုကုသဖို့မဟုတ်ဘဲ
သူ့အဖေကိုဆေးစစ်ဖို့ဖြစ်နေတယ်၊ ဆေးရုံကိုသွားရတဲ့အကြောင်းကိုလုံးဝ
မမှတ်မိဘဲ သူ့အဖေကိုတွေ့တော့မှ ဆေးလာစစ်မှန်းသိရတယ်၊
ကြားကာလမှာဖြစ်သွားတဲ့အကြောင်းအရာတွေကိုမမှတ်မိတဲ့အတွက်
ကြိုးစားပြီးရှာဖွေကြည့်ပေမယ့် အဖြေမရခဲ့ပါဘူး၊
ဒီလိုနဲ့ဆေးရုံမှာ တွေ့တဲ့အမျိုးသမီးတစ်ယောက်က သူ့ကို ဆရာဝန်တစ်ယောက်ရဲ့
လိပ်စာကဒ်လေးပေးလိုက်တယ်၊ သူ့ဝေဒနာပိုဆိုးလာတဲ့အတွက်
မယုံကြည်ပေမယ့်လိပ်စာကဒ်ထဲကဆရာဝန်ဆီကိုသွားဖို့ဆုံးဖြတ်လိုက်တယ်၊
ဆရာဝန်က သူ့အကြောင်းကိုအလုံးစုံသိနေတဲ့အပြင်အိပ်မွေ့ချပြီးကုသမှ
သာပျောက်မယ်ဆိုတဲ့အကြောင်းပြောလာတဲ့အတွက်
ကုသဖို့ဆုံးဖြတ်လိုက်တဲ့အခါမှတော့…….....
Trapped in the Farmhouse (2023)
⭐TMDB: 0.0% User Score
🎬 #Mystery #Thriller #TVMovie
🗓 2023 🎞 Movie
📺 #720p
💿 745.0 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားက 2023 ခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ သည်းထိတ်ရင်ဖို Horror/Thriller အမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ ရည်းစားဖြစ်သူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကြောင့် ထွက်ပြေးလာတဲ့ အမ်မာဆိုတဲ့အမျိုးသမီးတစ်ဦးဟာ အိမ်ကိုပြန်လာတဲ့လမ်းခရီးမှာ မုန်တိုင်းနဲ့တိုးပြီး အိမ်တစ်အိမ်မှာဝင်ရောက်ပြီးခိုလှုံခဲ့ရပါတယ်။ အဲဒီအိမ်က လူသူမနီးတဲ့အရပ်မှာ တည်ရှိနေတာဖြစ်ပြီး အိမ်ရှင်ဖြစ်သူကလည်း သဘောကောင်းပုံရပါတယ်။ ဒါပေမဲ့ အမ်မာတစ်ယောက် တဖြည်းဖြည်းနဲ့သိလာတာက ဒီအိမ်နဲ့အိမ်ရှင်ဖြစ်သူဟာ သူထင်ထားသလိုမရိုးရှင်းဘဲ လျှို့ဝှက်ချက်တွေရှိနေတာကိုပါပဲ။
မုန်တိုင်းကမပြီးသေးတာကြောင့် အဲဒီအိမ်မှာပဲ ခဏဆက်နေဖို့ဆုံးဖြတ်လိုက်မိတဲ့အခါမှာ ပိုမိုဆိုးရွားတဲ့ကံကြမ္မာတစ်ခုက သူ့ကိုအခန့်သားစောင့်ကြိုနေပါတော့တယ်။ ဇာတ်လမ်းက Thriller အမျိုးအစားဖြစ်တဲ့အတွက် ရင်လှိုက်သည်းဖိုရုပ်ရှင်ဝါသနာပါသူတွေ နှစ်သက်နိုင်ပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အမ်မာနေရာမှာ The PerfectWedding Match ထဲက Jenna Michno က သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ မိုးတွေရွာပြီး မိုးကြိုးမုန်တိုင်းတွေ၊ လေဆင်နှာမောင်းတွေတိုက်ခတ်နေတာဖြစ်တဲ့အတွက် ဒီလိုမိုးတွင်းထဲမှာ ကြည့်လို့ပျော်ကောင်းပျော်စေမဲ့ရုပ်ရှင်ဖြစ်ပါတယ်။...
Wild Bones (2022)
⭐IMDB: 3.9/10 (49 Votes)
🎬 #Drama #Horror #Mystery
🗓 2022 🎞 movie
📺 #720p #1080p
💿 533.4 MB ⦿ 1.0 GB
🌎 #UnitedKingdom
⏰ 1 နာရီ 27 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားကတော့ အိမ်တွင်းရေးပြဿနာတွေနဲ့ ကြီးမားတဲ့စိတ်ဒဏ်ရာတွေအကြောင်းကိုရိုက်ပြထားတဲ့ Psychological Horror Dramaကားတစ်ကားပါ။ ဒီဇာတ်ကားမှာ ညီအမနှစ်ယောက် အိပ်မက်ဆိုးတစ်ခုအကြား သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ ကြိုးစားကြပုံကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်အကျဉ်းကတော့ ဖေး နဲ့ အဲလစ်တို့ဟာ ရှုပ်ထွေးလှတဲ့အတိတ်ကိုယ်စီနဲ့ ညီအမနှစ်ယောက်ပါ။ ဒီရှုပ်ထွေးလှတဲ့အရာတွေဟာ သူတို့နှစ်ယောက်ရဲ့ အဖေဖြစ်သူ ပျောက်ဆုံးသွားပြီးနောက်ပိုင်းမှာ ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။ ဖေးကတော့ သူ့အဖေပျောက်ဆုံးသွားရခြင်းကို လွဲမှားစွာမှတ်ယူထားပြီး သူမရဲ့ဘ၀ကို တိုက်စားခွင့်ပေးထားပါတယ်။ ဒါပေမယ့် ညီမဖြစ်သူ အဲလစ်ကတော့ ဖေးကိုဆက်သွယ်လာပြီး သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့အဖေဟာ သူတို့အတွက် အိမ်တစ်လုံးထားခဲ့ပေးတယ်ဆိုတာကို ထုတ်ဖော်ပြောလာပါတယ်။
သူ့အဖေရဲ့ အိမ်ကို အမွေဆက်ခံဖို့အတွက် ဖေး ဟာ သူမကို အတိတ်က စိတ်ဒဏ်ရာတွေပေးခဲ့တဲ့ တရားခံဖြစ်သူ သူမရဲ့မိခင်ရင်းနဲ့ ရင်ဆိုင်ရမှာပါ။ ညီအမနှစ်ယောက်ဟာ သူတို့ရဲ့ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားကြရင်း သူတို့ဟာ လိမ်ညာမှုတွေနဲ့ပြည့်နှက်နေတဲ့ ပင့်ကူအိမ်ထဲမှာ ဖမ်းခံထားရပြီး ဘယ်သူ့ကိုယုံရမလဲ ဘယ်အရာကိုယုံကြည်ရမလဲဆိုတာ မသေချာ မရေရာဖြစ်နေကြောင်းကို သိရှိလာကြပါတော့တယ်။ ဒါရိုက်တာဖြစ်သူ ဂျက်ခ်ဂျိမ်းစ်ရဲ့အဆိုအရ Wild Bones ဟာ တူညီတဲ့အတိတ်သမိုင်းကြောင်းနှစ်ခုကို မျှဝေထားကြပေမယ့် အဲဒီအတိတ်သမိုင်းကြောင်းမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး သိသိသာသာကွဲပြားတဲ့ အယူအဆတွေရှိနေတဲ့ ညီအမနှစ်ယောက်အကြားက ဆက်ဆံရေးကို စူးစမ်းလေ့လာခြင်းကို ရိုက်ကူးထားတာလို့ဆိုပါတယ်။ ဂျိမ်းစ်က ဒီဇာတ်ကားကိုကြည့်ပြီးသွားရင် မိသားစုတစ်ခုရဲ့ ချမ်းသာသုခအပေါ် သက်ရောက်မှု၊ လူသားတစ်ယောက်ဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်အပေါ် အတွေးအမြင်တွေကို နှိုးဆွပေးလိုက်လိမ့်မယ်လို့ မျှော်လင့်တယ်လို့...
Intimate Confessions of a Chinese Courtesan (1972)
⭐IMDB: 7.1/10 (791 Votes)
🎬 #Action #Adult #Drama
🗓 1972 🎞 movie
📺 #720p #1080p
💿 720.2 MB ⦿ 1.4 GB
🌎 #HongKong
⏰ 1 နာရီ 31 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တရုတ်မလေးတွေရဲ့ ခစ်ခစ် ဆိုပြီး ရှက်ပြုံးလေးနဲ့ ပါးစပ်လေးကိုလက်လေးနဲ့ကာလိုက်တဲ့ အမူရာလေးတွေက ချစ်ဖို့ကောင်းတာငြင်းလို့ရမယ်မထင်ဘူး…..
အဲဒီထဲမှာ အေးနုလည်းပါတာပေါ့အေးနုရဲ့ဘဝက ခက်ခဲတယ် ကြမ်းတမ်းတယ်တရုတ်ပြည်ကြီးမှာ သူဌေးတွေ ထင်တိုင်းကြံလို့ရတဲ့အချိန်ဥပဒေဆိုတာ ဘောင်မဝင်တဲ့အချိန်အေးနု အပျိုဖေါ်ဝင်စမှာပဲ မသမာသူဂိုဏ်းတဂိုဏ်းရဲ့ပြန်ပေးဆွဲချင်းကို ခံလိုက်ရပါတယ်ပြန်ပေးဆွဲလို့ရတဲ့ အချောအလှလေးတွေကိုလေးရာသီ ဆိုတဲ့နာမည်ကြီး ဆောင်ကြာမြိုင်ကိုရောင်းကြတယ်
အေးနုအတွက်တော့ ငရဲတစ်ခုလိုပဲဒါပေမဲ့အေးနုက အတော်တော့စိတ်မာတယ် သူရသလောက်ငြင်းဆန်တယ်နောက်ဆုံးတော့ အေးနု နားလည်သွားတာကဗျူဟာပြောင်းပြီး သူ့ကို ဒီဇာတ်သွင်းသူတွေကိုလက်စားချေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်အေးနုရဲ့ လက်စားချေမှုတွေက သိမ်မွေ့ပြီး လိင်ကိစ္စတွေပါနေတာဖြစ်လို့ တရုတ်ရှေးဟောင်း အရသာလေးတမ်းတနေတဲ့DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်...
Cabin Girl (2023)
⭐IMDB: 4.6/10 (319 Votes)
🎬 #Horror #Western #Thriller
🗓 2023 🎞 movie
📺 #720p
💿 828.3 MB
🌎 #UnitedStates
⏰ 1 နာရီ 28 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပုံမှန်သရဲကားတွေလိုမဟုတ်ဘဲပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ horror thriller film လေးဖြစ်ပါတယ်… အေဗာရော်ဘင်ဆိုတဲ့ကောင်မလေးကကားနဲ့ခရီးတွေသွားရင်းဘလော့ဂ်ရိုက်ရတာကိုဝါသနာပါတဲ့ဘလော့ဂါလေးပါ တစ်နေ့မှာတော့သူကားအက်စီးဒင့်ဖြစ်ပြီးခရီးမသွားတော့ဘဲမြို့ငယ်လေးတစ်မြို့မှာအခြေချဖို့ဆုံးဖြတ်လိုက်ပါတော့တယ် မြို့စွန်ကသစ်သားအိမ်လေးကိုဝယ်ခဲ့ပေမဲ့ ဖြစ်ချင်တော့အရင်ကသတ်သေသွားဖူးတဲ့ဟန်နာဆိုတဲ့ကောင်မလေးတစ်ယောက်နေသွားတဲ့အိမ်ဖြစ်နေပြီး အေဗာကတော့အိမ်ထဲမှာလည်းသရဲမကိုခနခနတွေ့နေရတာကြောင့်အဲ့အကြောင်းကိုအရမ်းစိတ်ဝင်စားသွားခဲ့ပါတယ် အေဗာတစ်ယောက် ဟန်နာရဲ့အမှုအကြောင်းကိုလိုက်စုံစမ်းရင်းဘလော့တွေရိုက်ရင်းနဲ့ဘာတွေရှာတွေ့သွားမလဲ အိမ်မှာရှိနေတဲ့သရဲကရောတကယ်ဟန်နာဟုတ်ရဲ့လား သူအေဗာ့ဆီကဘာတွေလိုချင်နေတာလဲဆိုတာကိုကြည့်ရှုရမှာပါ ။...
One More Chance (2023)
⭐IMDB: 5.9/10 (77 Votes)
🎬 #Drama #Family
🗓 2023 🎞 movie
📺 #720p #1080p
💿 926.5 MB ⦿ 1.3 GB
🌎 #China #HongKong
⏰ 1 နာရီ 54 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဟောင်ကောင် မင်းသားကြီး Chow Yun-fatရဲ့2023မှာနောက်ဆုံးထွက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်
တစ်နေကုန် လောင်းကစားဝိုင်းမှာပဲ အချိန်ဖြုန်းလေ့ရှိပြီးအကြွေးပတ်လည်ဝိုင်းနေတဲ့ အားဟွေးဆီကိုတစ်နေ့မှာတော့ သူ့ရည်းစားဟောင်းဖြစ်သူ လီရှီးဟာသားဖြစ်သူ လီရန်ကို ခေါ်ပြီးရောက်လာခဲ့ပါတယ်။
အားဟွေးဟာ လီရန်ရဲ့ ဖခင်အရင်းဖြစ်ကြောင်း၊လီရန်ကို တစ်လခေါ်ထားပြီး စောင့်ရှောက်ပေးထားဖို့နဲ့တစ်လပြည့်ရင် ပြန်လာခေါ်မှာဖြစ်ကြောင်း၊စောင့်ရှောက်စရိတ်အတွက် ဟောင်ကောင်ဒေါ်လာ တစ်သိန်းပေးမှာဖြစ်ကြောင်းလီရှီးက ပြောပြတဲ့အခါမှာတော့ အားဟွေးဟာအကြွေးဆပ်ဖို့ ငွေလိုနေတာဖြစ်လို့ လီရန်ကို လက်ခံထားခဲ့ပါတယ်။
ဒီလိုနဲ့ လီရန်နဲ့ ပြောဆိုဆက်ဆံကြည့်တဲ့အခါလီရန်ဟာ သာမန်ကလေးတစ်ယောက်မဟုတ်ဘဲအော်တစ်ဇင်ကလေးတစ်ယောက်ဖြစ်ပြီး အထူးလိုအပ်ချက်တွေလည်းရှိတာကြောင့် ပြုစုပျိုးထောင်ရာမှာ အခက်အခဲရှိကြောင်း သိသွားခဲ့ပါတယ်
တစ်လပြည့်လို့ ချိန်းဆိုထားတဲ့နေ့မှာ လီရှီးပေါ်မလာတဲ့အခါကျမှအားဟွေးတစ်ယောက် လီရှီးက လီရန်ကိုသူ့ဆီမှာ ဘာဖြစ်လို့အပ်ခဲ့လဲဆိုတာ သဘောပေါက်သွားခဲ့ပါတယ်
ဒီတော့ လီရှီးက ဘာဖြစ်လို့ သားဖြစ်သူကိုအားဟွေးဆီမှာထားခဲ့ပြီး ပေါ်မလာတာလဲအော်တစ်ဇင်သားလေးနဲ့ အားဟွေးတစ်ယောက်ဘဝကို ဘယ်လိုဆက်ပြီး ဖြတ်သန်းမှာလဲဒီအတိုင်းပဲ လောင်းကစားအလုပ်ကို စွဲလမ်းနေပြီးဘဝကို ဖြစ်သလိုဖြတ်သန်းနေဦးမှာလားဆိုတာ……...
The Starling Girl (2023)
⭐IMDB: 6.8/10 (746 Votes)
🎬 #Drama
🗓 2023 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 1.8 GB
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 57 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6.9/10 ရရှိထားတဲ့ drama ဇာတ်ကားဖြစ်ပြီး ရှေးရိုးစွဲပြီးဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ခရစ်ယာန်လူ့အဖွဲ့အစည်းတစ်ခုကိုဇာတ်အိမ်တည်ထားတာပါ ဂျမ် ဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဟာဘာသာရေးတအားကိုင်းရှိုင်းတဲ့မိသားစုတစ်စုရဲ့သမီးဖြစ်ပြီး ဓမ္မတေးအကအဖွဲ့မှာလည်းတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ် သူတို့လူ့အသိုင်းအဝိုင်းဟာဘာသာရေးကိုတအားကိုင်းရှိုင်းလွန်းပြီးအပြစ်သေးသေးလေးလုပ်မိရင်တောင်အပြစ်ကင်းအောင်ပြန်ပေးဆပ်ခိုင်းတာမျိုးတွေလည်းရှိတာကြောင့် ဂျမ်တစ်ယောက် တရားဟောဆရာကိုစရင်ခုန်မိသွားပြီးသူနဲ့နီးစပ်သွားတဲ့အခါ ဘာသာရေးအရကျင့်ဝတ်တွေကိုဖောက်ဖျက်မိသွားပါတော့တယ် ဂျမ်ထင်ထားသလိုဒါကအချစ်စစ်ရောဟုတ်ရဲ့လား ဒီအချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်သွားမလဲ သူတို့အတူအခက်အခဲတွေကိုရောကျော်ဖြတ်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပါ...
An Awkward Sexual Adventure (2012)
⭐IMDB: 6.1/10 (10 k Votes)
🎬 #Comedy #Drama #Romance
🗓 2012 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 2.0 GB
🌎 #Canada
⏰ 1 နာရီ 43 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဆော်က ငထန် မင်းသားက ငဒူ ဆော်က အားမရလို့ပစ်သွားတော့မှ ဆော်က ကိုယ့်ကို စိတ်ပြန်လည်လာဖို့ ကူပါကယ်ပါနဲ့ ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိတဲ့အဖြစ် အဖော်အချွတ်ကလပ်က ဆော်တစ်ပွေနဲ့တွေ့ပြီးကိုယ်ဖိရင်ဖိသင်ကြားပြီးတော့မှ သိုင်းကွက်အစုံနဲ့ ရေခဲတောင်ကြာပွင့်စားစရာမလိုပဲ အတွင်းအားတွေရသွား တဲ့Canadian Comedy/Romance ဇာတ်ကားလေးတစ်ကားပေါ့
မင်းသားကတော့ Canadian ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာ ဖြစ်တဲ့ Jonas Chernick နဲ့ မင်းသမီးကတော့ Canadian Series တွေ British Series တွေရိုက်ကူးနေတဲ့ Emily Hampshire တို့ပါပဲ နှစ်ယောက်စလုံးကလည်း Canadian လူမျိုးတွေပဲဆိုတော့ Canadian Sex ဇာတ်ကားကောင်းလေးတစ်ကားကိုအသွင်သစ်အမြင်သစ်လေးတစ်ခုအနေနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦး ပရိသတ်ကြီး
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်...
Parental Guidance (2012)
⭐IMDB: 6.0/10 (26 k Votes)
🎬 #Comedy #Family
🗓 2012 🎞 movie
📺 #1080p #720p
💿 1.0 GB ⦿ 2.1 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အာတီဟာ အသက် ၄၅ နှစ်အရွယ် ဘေ့စ်ဘောအားကစားပွဲတွေရဲ့ နောက်ခံအသံတင်ဆက်သူတစ်ယောက်ပါ။ သူဟာ အလုပ်ကို ချစ်လို့လုပ်တဲ့လူစားမျိုးဖြစ်ပေမဲ့လည်း အာတီတစ်ယောက် Facebook လေးတောင်မသုံးတတ်လို့ဆိုပြီး အလုပ်ကနေအထုတ်ခံလိုက်ရပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့သမီးဖြစ်သူက ကလေးတွေကိုထိန်းပေးဖို့ အကူအညီတောင်းတော့ အာတီတို့လင်မယားနှစ်ယောက် ကလေးတွေထိန်းပေးဖို့သွားပါတော့တယ်။ အမေရိကန်မိသားစုတွေဆိုပေမဲ့လည်း မတူညီတဲ့မျိုးဆက်တွေကြားထဲက မိဘအုပ်ထိန်းမှုပုံစံတွေနဲ့ သွန်သင်ဆုံးမတဲ့ပုံစံတွေကလလည်း ကွာခြားနေတော့ အာတီတို့လင်မယားနှစ်ယောက် သူ့မြေး၃ကောင်နဲ့ ဘယ်လိုဘယ်ပုံစခန်းသွားကြမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေဟာဆိုရင်လည်း ကလေးသရုပ်ဆောင်ကအစ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ကြဖူးထားကြပြီး IMDb 6.0 ရရှိထားတဲ့ အမေရိကန် မိသားစုဟာသ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်းဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပြေကြည့်ရှုဖို့အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။...
Clear and Present Danger (1994)
⭐IMDB: 6.9/10 (104 k Votes)
🎬 #Action #Crime #Drama #Thriller
🗓 1994 🎞 movie
📺 #720p #1080p
💿 853.5 MB ⦿ 2.0 GB
🌎 #UnitedStates
⏰ 2 နာရီ 21 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Clear and Present Danger (1994)
~ IMDb – 6.9/10, Rotten Tomatoes – 81% ~
ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲတွေရဲ့တတိယကားဖြစ်ပြီး အက်ရှင်ခန်းတွေလည်း ပိုကြမ်းလာပါတယ်။ ဒုတိယကားဖြစ်တဲ့ Patriot Games က မင်းသားကြီး Harrison Ford ပဲ ဂျက်ရိုင်ယန်အဖြစ် ပါဝင်ထားသလို မင်းသားကြီး Willem Dafoe ကလည်း အရေးပါတဲ့နေရာက ပါဝင်ထားပါတယ်။
ဒီဇာတ်လမ်းက အမေရိကန်နဲ့ ကိုလံဘီယာ မူးယစ်ရာဇာတွေကြား ပဋိပက္ခတွေကို ဇာတ်လမ်းဆင်ထားတာပါ။ အမေရိကန်သမ္မတရဲ့ နိုင်ငံရေးမိတ်ဖက်တစ်ဦးကို မူးယစ်ရာဇာကြီး အက်စကိုဘေတိုက သတ်ဖြတ်လိုက်တဲ့အတွက် အမေရိကန်အစိုးရဘက်က နိုင်ငံတော်လုံခြုံရေးကို ထိပါးမှုဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီမူးယစ်ရာဇာနဲ့ ဂိုဏ်းကို ချေမှုန်းဖို့ လုပ်ဆောင်ပါတော့တယ်။
ဒါပေမဲ့ ဒီဂိုဏ်းကိုချေမှုန်းဖို့က တိုင်းတပါးမှာ လျှို့ဝှက်စစ်ဆင်ရေးအဖြစ်နဲ့ပဲ ဆောင်ရွက်လို့ရတာကြောင့် အစိုးရအနေနဲ့ သူတို့ဘက်ကို ပြန်အမှုမပတ်အောင် ကြေးသားစစ်သားတွေကို ငှားပြီး တရားမဝင် စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ဒီဇာတ်ထဲမှာ ပဲလှော်ကြား ဆားညပ်သွားတာက ဂျက်ရိုင်ယန်ဖြစ်ပြီး ထောက်လှမ်းရေးအရာရှိအနေနဲ့ သမ္မတရဲ့မိတ်ဆွေ အသတ်ခံရတဲ့အမှုကိုစုံစမ်းရင်း နိုင်ငံရေးအရှုပ်အထွေးကြားထဲ ပါဝင်သွားခဲ့ပြီး ဒီတရားမဝင်စစ်ဆင်ရေးကို ဖြေရှင်းရမယ့်အရေးနဲ့ ကြုံသွားပါတော့တယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုXမှ ပြန်ဆို ရေးသားထားပါတယ်)...
Jagged Mind (2023)
⭐IMDB: 4.3/10 (415 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 570.6 MB ⦿ 1.1 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jagged Mind (2023)
အချစ်နဲ့စစ်မှာမတရားတာမရှိပေမဲ့ ပိုင်ဆိုင်လိုစိတ်တွေက အစွန်းရောက်လာပြီဆိုခဲ့ရင်တစ်ဖက်လူရဲ့ဆန္ဒမပါဘဲ ပြန်လည်ပြင်ဆင်နေရုံနဲ့ ပျောက်ဆုံးသွားပြီဖြစ်တဲ့ အချစ်တစ်ခုကို ပြန်တည်ဆောက်နိုင်မှာလား။လုပ်ယူထားတဲ့ ဖန်တီးထားတဲ့အချစ်တစ်ခုကရော အချစ်စစ်လို့ ခေါ်နိုင်မှာလား။
အခုတစ်ခါတင်ဆက်ပေးမှာကတော့ psychological thriller ချစ်သူတို့ အကြိုက်တွေ့စေမယ့် Jagged Mindဆိုတဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။18 ယောက်စုကြည့်ရတဲ့ကားလေးဆိုတော့ 18 ယောက်မပြည့်ရင်တောင် အဖော်များများနဲ့ကြည့်ဖို့တော့ Recommended ပါတယ်။
ဘစ်လီဆိုတဲ့ကောင်မလေးမှာ ခရစ်စတင်းဆိုတဲ့ချစ်သူတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ toxicဆန်နေတဲ့rsတစ်ခုမှန်း သိသိကြီးနဲ့red flag မှ ခိုက်တာဆိုတဲ့ အချောလေးတို့ထုံးစံအတိုင်း ဘစ်လီတစ်ယောက် ခရစ်စတင်းကခေါ်တိုင်း ပါပါသွားတတ်သူပေါ့။ဒါပေမဲ့ ဘစ်လီတစ်ယောက် သတိမေ့တဲ့ရောဂါလိုလို Deja vuလိုလိုနဲ့ သူ့ဘဝရဲ့ တချို့အချိန်တွေက သူမသိလိုက် မမှတ်မိလိုက်ဘဲ ပျောက်ဆုံးနေပါတယ်။တစ်ခါတစ်ရံမှာ Blackoutဖြစ်ပြီး ပေါ်ပေါ်လာတဲ့ တစ်စစီဖြစ်နေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကြောင့် ရိုးရှင်းမလိုဘဝကြီးက ရှုပ်ထွေးနေတာပေါ့။
ဒီလိုနဲ့ ထုံးစံအတိုင်း ခရစ်စတင်းက ပလစ်သွားလေပြန်တဲ့တစ်ညမှာ ရုတ်ချည်းဝင်ရောက်လာခဲ့တဲ့ Miss Perfect အဲလက်စ်၊အဲလက်စ်ကိုခုမှမြင်ဖူးတာပေမယ့် ရုတ်တရက်ပေါ်လာတဲ့ မှတ်ဉာဏ်အပိုင်းအစတွေထဲက အဲလက်စ်ရဲ့ဝိုးတဝါးပုံရိပ်တွေက ဘစ်လီအတွက်တော့ စိတ်ရှုပ်စရာဖြစ်နေခဲ့တာပေါ့။ဒါပေမဲ့ အံ့ဩဖို့ကောင်းလောက်အောင် သူ့ကိုနားလည်နေတဲ့အဲလက်စ်ကြောင့် Red flagကိုပလစ်ပြီး Green Flagလို့ထင်ရတဲ့အဲလက်စ်နဲ့ ခပ်မြန်မြန်ပဲ အဆင့်တက်လိုက်တာပေါ့။
Bad girlမှအသဲစွဲတဲ့ ဘစ်လီတစ်ယောက် Green flag လို့သတ်မှတ်လိုက်တဲ့ဒီတစ်ယောက်ကရော ဘယ်လိုဆက်ဖြစ်မလဲ။တစ်စတစ်စပိုဆိုးလာတဲ့ Blackoutတွေ မှတ်ဉာဏ်ပျောက်ဆုံးမှုတွေ Flash backတွေကြားကအဖြေကို သူဘယ်လိုရှာဖွေသွားမလဲဆိုတာကို ကြည့်ရှုအဖြေရှာလိုက်ရအောင်ပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။...
Trial Period (2023)
⭐IMDB: 7.0/10 (210 Votes)
🎬 #Bollywood #Comedy #Drama
🗓 2023 🎞 movie
📺 #1080p #720p
💿 878.2 MB ⦿ 2.0 GB
🌎 #India
⏰ 2 နာရီ 6 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Trial Period(2023)——————IMDb-7.2/10
အစမ်းသုံးကာလ…။ပစ္စည်းတစ်ခုအရည်အသွေးကောင်းမကောင်း အသုံးကျမကျဆိုတာမျိုးကအစမ်းသုံးကြည့်ခွင့်ရတဲ့အခါ အတိုင်းအထက်အလွန်ပေါ့။ကိုယ်နဲ့ကိုက်ညီမယ့် အသုံးအဆောင်ပစ္စည်းဆိုရင်အပိုင်ဝယ်လိုက်ဖို့ရာ စိတ်ချရတယ်လေ။Relationshipတစ်ခုမှာလဲ လက်မထပ်ဘဲအတူနေတယ်ဆိုတာအစမ်းသုံးကာလသဘောမျိုးလို့ထင်တာပဲ။အဆင်ပြေမှ နားလည်မှုတွေပြည့်၀ကြမှ ရှေ့ဆက်လက်တွဲဖို့ဆက်စဉ်းစားကြတာမျိုးပေါ့။ကျွန်တော်တို့ဆီမှာလည်း ရှိတော့ရှိမှာ ရှားမှာပေါ့လေ။လူတစ်ကိုယ် စိတ်ရယ်အဖုံဖုံဆိုတော့လည်းကောင်းတယ်ထင်မယ့်လူရှိသလို မကောင်းဘူးဆိုပြီးတူးတူးခါးခါးငြင်းဆန်ကြမယ့်သူတွေလည်းရှိတာပေါ့။
ဒီဇာတ်လမ်းလေးထဲမှာတော့ အဖေမရှိပဲ မိခင်ဖြစ်သူနဲ့ကြီးပြင်းလာတဲ့ ကလေးလေးတယောက်။ကျောင်းမှာ ငါ့အဖေကဘယ်လိုကွဆိုပြီး ကြွယ်တဲ့ဘော်ဒါကြောင့် အဖေဆိုတာကိုတမ်းတမိသွားတယ်။အဖေများနေ့မှာ ရှေ့ထွက်ပြီး အဖေအကြောင်းသီချင်းဆိုခိုင်းတော့ ရှာရွတ်နဲ့ကာဂျိုးကားထဲက အန်ဂျလီလေးကိုတောင်သတိရမိသွားတယ်။အဲဒီလိုအခြေအနေတွေနဲ့ ကြုံလာတဲ့အချိန်မှာတော့ မိခင်ဖြစ်သူကို ပူဆာပါလေရော။
အစမ်းသုံးကြည့်ဖို အဖေတယောက်ခေါ်ပေးတဲ့။တစ်လစမ်းသုံးကြည့်မယ်အဆင်မပြေရင် ပြန်ပို့လို့ရတာပဲတဲ့။ဒီလောက်ဆို ဇာတ်လမ်းလေးရဲ့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းမယ့်အခန်းတွေရယ် မျက်ရည်လေးကလယ်ကလယ်နဲ့ကြေကွဲရမယ့်အခန်းတွေရယ်ပါလာမယ်ဆိုတာ သိလောက်ပါပြီ။အမေနေရာသရုပ်ဆောင်တဲ့ မင်းသမီးကလည်း Force 1,2ထဲကမင်းသမီးချောလေး ဂနယ်လီယာဆိုတော့ ပေါကားမဟုတ်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်းအာမခံရင်း တင်ဆင်ပေးလိုက်ရပါတယ်ခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Aditi~Zwe~Cherryတို့ပဲဖြစ်ပါတယ်)...
Jericho Ridge (2022)
⭐IMDB: 5.7/10 (87 Votes)
🎬 #Action #Thriller
🗓 2022 🎞 movie
📺 #720p #1080p
💿 670.5 MB ⦿ 1.4 GB
🌎 #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jericho Rudge (2022)
ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် Jericho Ridge ဆိုတဲ့ ဇာတ်ကားလေးကတော့ ၂၀၂၂ ကထွက်ရှိထားတဲ့ သဲထိတ်ရင်ဖိုဇာတ်ကား တစ်ကားဖြစ်ပါတယ်။
နာမည်ကြီး နိုင်ဂျီးရီးယန်းမင်းသမီး Nikki Amuka-Bird ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားပြီးတော့ “Origin” ဇာတ်လမ်းတွဲထဲက မင်းသား Philipp Christopher ကတော့ ဗီလိန်အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ်။
ဇာတ်လမ်းကတော့ တန်ပီတန်ပယ်ဆိုတဲ့ အမျိုးသမီးကိုဇာတ်အိမ်တည်ပြီးတော့ ရိုက်ထားပါတယ်။ တက်ဘီဟာ သူ့ခင်ပွန်းနဲ့ကွဲပြီးနောက်ပိုင်းမှာ အရက်အလွန်အကျွံသောက်ပြီး ကားမောင်းလိုက်လို့ လမ်းမှာသမင်တစ်ကောင်ကို ရှောင်ရရင်းနဲ့ သူ့ခြေချင်းဝတ်ကျိုးသွားရှာပါတယ်။ ဒါပေမဲ့ သူ့က ရဲမေတစ်ယောက်ဖြစ်နေတော့ အလုပ်ကအရေးပေါ်လိုအပ်လာတော့လည်း ရဲစခန်းကိုပြန်သွားရတာပေါ့။ ဖြစ်ချင်တော့ သူလုပ်နေတဲ့ရဲစခန်းက သူအနားယူနေဆဲကာလမှာ အဖောက်ခံလိုက်ရတာပါ။ ဒါနဲ့ပဲ ရရာ သဲလွန်စကနေတစ်ဆင့် ဒီအမှုကို ဖော်ထုတ်ဖို့ကြိုးစားနေရင်းနဲ့ပဲ သူတို့ရဲစခန်းကို ဗီလိန်ကြီးက တစ်ခြားလူဟန်ဆောင်ပြီး ဝင်လာပြန်ပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ တက်ဘီကိုယ်တိုင် ရဲစခန်းထဲမှာရှိနေတဲ့အချိန်နဲ့တိုက်နေတော့ မသင်္ကာဖြစ်ပြီး တစ်ခြားရဲကို မေးကြည့်ရာမှ ဗီလိန်ဖြစ်နေတာကို သိလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ပဲ ဗီလိန်ကြီးက ရဲစခန်းကနေ တကယ်တမ်းဘာကို ရှာဖို့ကြိုးစားနေတာလဲ… ပထမဖြစ်ခဲ့တဲ့ ခိုးမှုကရော ဗီလိန်ကြီးနဲ့ပဲတကယ်ပတ်သက်နေတာလား… ဆိုတာကို အက်ရှင်ပေါင်းများစွာနဲ့ သဲထိတ်ရင်ဖို ရှုစားရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
The Secret Romantic Guesthouse (2023- )
⭐IMDB: 7.3/10 (245 Votes)
🎬 #Comedy #Drama #History #Romance
🗓 2023- 🎞 tv series
📺 #1080p
🌎 #SouthKorea
⏰ 1 နာရီ 3 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Secret Romantic Guesthouse (2023)[Complete]The Secret Romantic Guesthouse (2023)**************************************
အပိုင်း( ၁ မှ ၁၈ ) ထိ စ/ဆုံးယွန်းဒန်အိုဟာ မျိုးရိုးမြင့်အိမ်တော်ရဲ့ အချစ်ခံ အငယ်ဆုံးသမီးလေးဖြစ်ပေမဲ့ ဖခင်ဆုံးပါးပြီးနောက်မှာတော့အီဟွာ၀န်း တည်းခိုဆောင်လေးကိုဖွင့်ပြီး တစ်မိသားစုလုံးကို ရှာကျွေးနေသူလေးဖြစ်ပါတယ်,,,အီဟွာ၀န်း တည်းခိုဆောင်လေးရဲ့ အထူးဧည့်သည်တော်တွေကတော့ ဂန်ဆန်း ၊ ဂင်ရှီယောလ် ၊ ဂျောင်ယူဟာဆိုတဲ့ လူချောလေးသုံးယောက်ပါ,,,တစ်အိမ်တည်းမှာ လူချောလေးသုံးယောက်တောင် စုနေတာဆိုတော့ ယွန်းဒန်အိုတို့ရင်ထဲမှာလည်းနွေဦးလေပြည်လေးတွေ တိုက်ခတ်လို့နေတာပေါ့,,,,ကံဆိုးချင်တော့ ဒန်အိုတစ်ယောက် ကြည်နူးနေလို့မဆုံးသေးခင်မှာပဲ မိုးကြိုးပစ်ချပါတော့တယ်,,,
ဆုံးပါးသွားတဲ့ဖခင်ဖြစ်သူရဲ့ အကြွေးတွေကြောင့် အီဟွာ၀န်းကို ထုတ်ပေးရတော့မဲ့အခြေအနေကို ရောက်လာပါတယ်,,,ဒန်အိုက ပိုက်ဆံပြန်မဆပ်နိုင်တာဖြစ်လို့ အကြွေးရှင်ကို သွားရှာပြီး ပိုက်ဆံအစားအကြွေးရှင်ရှာချင်နေတဲ့ နန်းကျအိမ်ရှေ့စံရဲ့ အကြီးဆုံးသား အီဆောလ်ဆိုသူကို ရှာပေးပါ့မယ်လို့ ကတိပေးခဲ့ပါတယ်,,,ဒန်အိုနဲ့အတူတူ လူချောလေးသုံးယောက် ပူးပေါင်းပြီး အီဆောလ်ကို ရှာဖွေကြတဲ့အခါမှာတော့….The Glory ထဲက ဗီလိန်မလေး Shin Yeeun နဲ့အတူ Ryeo Un , Kang Hoon , Jung Gun Joo အစရှိတဲ့မင်းသားချောလေးသုံးယောက်ကပါ၀င်သရုပ်ဆောင်ထားပါတယ်
လျှို့ဝှက်ဆန်းကြယ်ပြဿနာအထွေထွေကို ဒန်အိုနဲ့အတူတူ လိုက်အဖြေရှာရင်းမချောတစ်ယောက် မောင်သုံးယောက်ကြားက လေးပွင့်ဆိုင်အချစ်ကိုလည်း ရင်ခုန်စွာ စောင့်ကြည့်ကြစို့နော်,,,,Aired:Mar 20, 2023 – May 16, 2023...
Bawaal (2023)
⭐IMDB: 6.9/10 (2 k Votes)
🎬 #Action #Bollywood #Drama #Romance #Comedy
🗓 2023 🎞 movie
📺 #1080p #4K #720p
💿 5.0 GB ⦿ 1.8 GB ⦿ 796.0 MB
🌎 #India #Bulgaria #France
⏰ 2 နာရီ 17 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bawaal(2023)IMDb-7.0/10
အောင်မြင်လာတဲ့နာမည်နဲ့အတူ ဗလကြီးပါရှယ်မိုက်လာတဲ့ မင်းသားဗာရွန်းနဲ့မင်းသမီးချော ဂျန်ဗီကပူးရ်တို့အဓိကပါဝင်ထားတဲ့ ဟင်ဒီစကားပြောဘောလိ၀ုဒ်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ကျွန်တော်တို့ဘ၀တွေမှာ ကိုယ်တကယ်မဟုတ်တဲ့ပုံစံကို ပတ်ဝန်းကျင်ကိုပြချင်ကြတာကိုကလူ့သဘောသဘာ၀လိုဖြစ်နေကြတယ်။အတွင်းစိတ်မှာ ပွက်လောရိုက်ဆူညံနေပေမယ့်အပြင်မှာကျ မပွင့်မလင်းနဲ့အေးတိအေးစက်နေတာမျိုး။သူများအထင်ကြီးလေးစားတာကိုလိုချင်တော့ သူများဘယ်လိုမြင်သွားမလဲဆိုတဲ့စိတ်နဲ့ ကိုယ်တကယ်မဟုတ်တဲ့ပုံစံကိုပြပေးရင်း ပြပေးရင်း ကိုယ်ဘာကောင်လဲဆိုတာ ကိုယ်တိုင်မသိနိုင်တော့တာတွေ။
ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီးက မြို့လေးမှာရှိတဲ့ လူတကာအထင်ကြီးအားကျရတဲ့ အကိုကြီးအဂျူး။အထင်မကြီးကြီးအောင် အားမကျကျအောင်လည်း အဂျူးက မုသားမျိုးစေ့တွေဖြန့်ကြဲထားခဲ့လေတော့။ကိုယ်စိုက်တဲ့အပင်ဆိုတာ ကိုယ်ရိတ်သိမ်းရတာပဲမလား။ဒီလိုအလိမ်အညာတွေနဲ့ အဂျူးတစ်ယောက်သတို့သမီးလောင်းပေါ်မှာလည်း ပုံစံမှန်မပြခဲ့ဘဲ မုသားတွေနဲ့ပဲလက်ထပ်တာကအစ။အထင်အကြီးခံချင်တဲ့အဂျူးလူတကာလေးစားစေချင်တဲ့အဂျူး သူ့ဇနီးသည်ဆီမှာရှိတဲ့ရောဂါက သူ့ကိုလူပုံအလယ်မှာအရှက်ကွဲစေမှာပဲလို့တွေးခဲ့တယ်။အဲဒီစိတ်နဲ့ပဲ ဘယ်သွားသွားဇနီးဖြစ်သူကို ခေါ်မသွားခဲ့ပါဘူး။ဒီလိုနဲ့ပဲ သူတို့ရဲ့ကြားထဲက ဆက်ဆံရေးကဘယ်လိုဘယ်ဝယ်ဖြစ်လာမလဲဆိုတာ သင်ခန်းစာယူရင်းရှင်သန်ကြရတဲ့ဘ၀မှာ မိမိရဲ့အစစ်အမှန်ပုံစံအတိုင်းပဲ နေကြည့်ကြရအောင်လား။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Cherry~Zwe~BpL~Aditi~Yunniတို့ပါ)...
Your Highness (2011)
⭐IMDB: 5.5/10 (103 k Votes)
🎬 #Action #Adventure #Comedy #Fantasy #Romance
🗓 2011 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 2.7 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီ ကားလေးကတော့ စွန့်စားခန်းတွေ နဂါးတွေပါတဲ့ Fantasyအကြောင်းပါ
တိုင်းပြည်တစ်ခုမှာ Fabious နဲ့ Thadius ဆိုတဲ့ညီအကို၂ယောက်ရှိတယ်
Fabious က နေရာတကာသိပ်တော် သိပ်အောင်မြင်တဲ့ hero ပေါ့
ဘုရင်ဖြစ်လာမဲ့ သားအကြီးလည်းဖြစ်တယ် အမြဲတမ်းစွန့်စားခန်းသွား
လူဆိုးတွေနှိမ်နှင်းနဲ့ လူချစ်များတဲ့သူပေါ့ Thadius ကတော့ ဘာမှမလုပ်
တဲ့အပျင်း ညီလေး။
တနေ့တော့ Fabius က စွန့်စားခန်းက ပြန်လာရင်း ကောင်မလေးတစ်ယောက်
ခေါ်လာပြီး လက်ထပ်မယ်လုပ်ရော လက်ထပ်ပွဲမှာ ထုံးစံအတိုင်း လူဆိုးကြီးက
လာဖျက်ပြီး သတို့သမီးကိုခိုးရာက Thadiusနဲ့ Fadius တို့ညီအကို စွန့်စားခန်း
အတူ ပထမဆုံးထွက်ရတော့ ဘာဆက်ဖြစ်ကြမလဲကြည့်ရအောင်….
ရှေးခေတ်ကားမို့ ဖော်ချွတ်ခန်းတွေပါပါတယ် ဆိုတာ ကြိုပြောလိုက်ပါရစေ…...
A Separation (2011)
⭐IMDB: 8.3/10 (251 k Votes)
🎬 #Drama
🗓 2011 🎞 movie
📺 #720p #1080p
💿 871.6 MB ⦿ 1.9 GB
🌎 #Iran #France #Australia
⏰ 2 နာရီ 3 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Separation (2011)
~ IMDb – 8.3/10, Rotten Tomatoes – 99% ~
ဒီဇာတ်လမ်းကတော့ အီရန်လူ့အဖွဲ့အစည်းရဲ့ တင်းကြပ်တဲ့စည်းမျဥ်းတွေအောက်မှာ ရုန်းကန်နေရတဲ့ဘဝတွေအကြောင်းဖြစ်ပြီး နာဒါ စီမင်တို့စုံတွဲနဲ့ ရာဇီရက် ဟိုဂျက်တို့စုံတွဲနှစ်တွဲက ဒီဘဝတွေကို ကိုယ်စားပြုထားပါတယ်။
နာဒါနဲ့စီမင်တို့က ၁၄ နှစ်ကြာအိမ်ထောင်ရေးကိုအဆုံးသတ်ဖို့လုပ်နေကြပြီး အကြောင်းရင်းကတော့ စီမင်က သူ့သမီးကို လုံခြုံပြီးတိုးတက်တဲ့နိုင်ငံမှာ ပျိုးထောင်ချင်ပေမဲ့ နာဒါကတော့ အယ်ဇိုင်းမားရောဂါခံစားနေရတဲ့သူ့အဖေကိုထားခဲ့ပြီး ဘယ်ကိုမှမသွားဖို့ဆုံးဖြတ်ထားလို့ပါ။
ရာဇီရက်ဇာတ်ကောင်ကတော့ တင်းကြပ်တဲ့ဘာသာရေးနဲ့ ဖိုဝါဒကြီးစိုးမှုအောက်မှာ ဘယ်အရာကိုမှကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ခွင့်မရှိတဲ့ အမျိုးသမီးတွေရဲ့ မွန်းကြပ်မှုကိုထင်ဟပ်နေပါတယ်။ ရာဇီရက်တစ်ယောက် အိမ်ရဲ့ငွေကြေးအခက်အခဲကိုဖြေရှင်းဖို့ ယောက်ျားမသိအောင်အလုပ်ထွက်လုပ်ရာကနေ ပြဿနာပိုကြီးသွားပါတယ်။
မိသားစုနှစ်ခုရဲ့ဒုက္ခသုက္ခတွေနဲ့အတူ လိင်ခွဲခြားမှု လူတန်းစားခွဲခြားမှု ဘာသာရေးအယူသီးမှုတွေကို Highlight လုပ်ထားတာကိုတွေ့ရမှာပါ။
A Separation ဟာ Academy Award for Best Original Screenplay ဆုကို ဆန်ခါတင်ဝင်ခဲ့သလို Golden Globe မှာလည်း Best Foreign Language Film ဆုရခဲ့ပါတယ်။ အော်စကာမှာလည်း Best Foreign Language Film ဆုကို အီရန်ကားအနေနဲ့ ပထမဆုံးရခဲ့တယ်။ အီရန်ကားဆိုတဲ့အတိုင်းပဲ အီရန်လူနေမှုဘဝဒုက္ခတွေကို အခြေခံထားပြီး အီရန်ရဲ့အော်စကာအများဆုံးရထားတဲ့ ဒါရိုက်တာ Asghar Farhadi က ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။ Asghar Farhadi ဟာ ၂၀၁၂မှာ တိုင်းမ်မဂ္ဂဇင်းရဲ့ 100 List of the Most Influential People in the World စာရင်းထဲဝင်ခဲ့ပါတယ်။ သူဟာ The Godfather, Rashomon, Tokyo Story တို့လိုကားတွေကို ကြိုက်တဲ့သူဖြစ်ပြီး သူ့ရုပ်ရှင်မှာလည်း တစ်ခါတလေ Rashomon Effect ကို ထည့်သုံးတတ်တဲ့ အီရန်ဒါရိုက်တာပါ။ A Separation ဟာ အီရန်ကားတွေထဲကမှ ပထမဆုံးအော်စကာရထားတဲ့ကားမို့ မြည်းစမ်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)...
Quicksand (2023)
⭐IMDB: 4.3/10 (472 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 781.6 MB ⦿ 1.4 GB
🌎 #Colombia
⏰ 1 နာရီ 27 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လင်မယားနှစ်ယောက် အပျော်ခရီးထွက်ရင်း ခွေးချေးပုံနင်းမိတဲ့ Quicksand ဆိုတဲ့ (2023) ထွက် Thriller movie လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဂျော့ရှ်နဲ့ ဆိုဖီယာဟာ ပြိုလဲခါနီးအိမ်ထောင်ရေးတစ်ခုကို လူသူမသိအောင်ဖုံးဖိရင်း ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ကို ဆေးပညာဆိုင်ရာညီလာခံတစ်ခုအတွက် ရောက်ရှိလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက သူစိမ်းပြင်ပြင်ဖြစ်နေခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ညီလာခံနေ့မတိုင်ခင်မှာပဲ နှစ်ယောက်သားတောင်တက်ခရီးတစ်ခု အတူတူထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လက်စ်အယ်ရီနာ့စ်လို့ခေါ်တဲ့ သေမင်းတမန်တောနက်ကြီးထဲရောက်ရှိသွားပြီး Quicksand လို့ခေါ်တဲ့ ရုန်းလေနစ်လေ နွံအိုင်ကြီးထဲကို လင်မယားနှစ်ယောက် ပြုတ်ကျသွားပါတော့တယ်။ နွံအိုင်ထဲရောက်သွားပေမဲ့လည်း ငယ်ငယ်ကဖတ်ဖူးတဲ့ တြိစက္ကဝတ္ထုတွေထဲကလို လူကိုချက်ချင်းဝါးမြိုသွားတာမျိုးတော့ မဟုတ်ပါဘူးဗျ။
နွံအိုင်တွေရဲ့ တကယ့်သဘောတရားမှာက သူ့ထဲမှာပါဝင်တဲ့ ဗွက်တွေသဲတွေရေတွေရဲ့ သိပ်သည်းဆက လူထက်ကိုများတာမို့ လူခန္ဓာကိုယ်ရဲ့ ဘော်ဒီဝိတ်အဓိကသက်ရောက်နေတဲ့ ခြေထောက်ပိုင်းပဲနစ်မြုပ်သွားမှာဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ အဆုတ်ထဲကလေတွေကြောင့် ပေါလောပေါ်နေမှာပါ။ ဒါပေမဲ့လည်းအဲဒါကြောင့် လုံးဝအသက်အန္တရာယ်မရှိတာမျိုးမဟုတ်ဘဲ အစာငတ်သေတာတွေ၊ တောရိုင်းတိရစ္ဆာန်တွေရဲ့ရန်တွေလည်း ရှိသေးတာပေါ့နော်။ ဒီလိုနဲ့လင်မယားနှစ်ယောက် တောနက်ထဲက နွံအိုင်ကြီးထဲမှာနစ်နေရင်း ဘယ်လိုအန္တရာယ်တွေ ကြုံလာရမလဲ။ဒါတွေကို နှစ်ယောက်သားအတူတူ ဘယ်လိုဖြတ်ကျော်ဖို့ကြိုးစားကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ရွှံ့တွေဗွက်တွေထဲရိုက်ရပေမဲ့ မင်းသမီးကတော်တော်လေးလှပြီး မင်းသားကလည်းသရုပ်ဆောင်ပီပြင်တာမို့ နွံအိုင်ကြီးထဲကလင်မယားနှစ်ယောက် ကြုံလာရမဲ့အနာဂတ်ကို ဇာတ်ကားလေးကြည့်ရင်းပဲ သူတို့နဲ့အတူတူ ခံစားကြည့်ကြပါဦးဗျာ...
