ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Funeral in Berlin (1966) ⭐TMDB: 64.0% User Score 🎬 #Thriller 🗓 1966 🎞 movie 🌎 #UnitedKingdom #UnitedKingdom ⏰ 1 နာရီ 42 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Funeral In Berlin (1966) ~ IMDb – 6.8/10, Rotten Tomatoes – 60% ~ The Ipcress File (1965) ရဲ့ Sequel ပါ။ Len Deighton ရဲ့ စာအုပ်အပေါ် အခြေခံထားတာချင်းတူပေမဲ့ ဒါရိုက်တာကတော့မတူတော့ဘူး။ ဒီကားကတော့ Guy Hamilton လက်ရာပေါ့။ Gold Finger, Live and Let die, Diamonds Are Forever နဲ့ The Man With The Golden Gun တို့လို Bond ရုပ်ရှင် ၄ ကားအပြင် တခြားရုပ်ရှင်ပေါင်းမနည်း ရိုက်ခဲ့တာဆိုတော့ လက်ရာကိုတော့ ပြောစရာလိုမယ်မထင်ဘူး။ ဒါကတော့ သူ့ရဲ့လက်ရာကောင်း တခုပေါ့။ Sequel လို့ဆိုပေမဲ့ ပထမကားနဲ့‌ ပြန်ချိတ်ထားတာတွေ အများကြီးမရှိဘဲ သူ့ထုံးစံအတိုင်း ဇာတ်လမ်းကို အေးအေး ငြိမ့်ငြိမ့်ပဲသွားထားတယ်။ ဇာတ်ကြောင်းကတော့ ဘာလင်တံတိုင်းခတ်ထားတဲ့ကာလမှာ အရှေ့ဘာလင်ရဲ့ ဗိုလ်မှူးကြီးစတော့ခ်က ဘက်ပြောင်းချင်ကြောင်း ဗြိတိသျှဘက်ကိုအကြောင်းကြားလာတယ်။ သူ့ကိုကယ်ထုတ်ဖို့အတွက် ဟယ်ရီဟာ ဘာလင်ကိုခရီးဆက်ရတယ်။ အဲဒီအချိန်မှာ ဘာလင်တံတိုင်းကိုကျော်ပြီးထွက်ပြေးတဲ့အမှုတွေ အတော်များများဖြစ်နေတယ်။ အဲဒီကိစ္စအတွက် ဟယ်ရီတို့ ခေါ်ထုတ်ရမယ့် ဗိုလ်မှူးကြီးစတော့ခ်က အကြပ်ရိုက်နေတာပေါ့။ အဲဒီလို လွတ်မြောက်မှုတွေကြောင့် သူတို့ရဲ့ ဌာနကလည်းစောင့်ကြည့်ခံနေရပြီ၊ သူကလည်းစောင့်ကြည့်ခံနေရပြီ။ ဒါကြောင့် သူက သူထွက်တဲ့အချိန်မှာတော့ လုံးဝ ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲဖြစ်ချင်တယ်။ အဲဒီလို လူတွေ ခဏခဏ လွတ်သွားတဲ့ကိစ္စတွေကို နောက်ကွယ်က စီစဉ်ပေးနေတဲ့ ခရိုက်ဇ်မန်းဆိုတဲ့ လူတယောက်ရှိတယ်။ ဗိုလ်မှူးကြီးစတော့ခ်ကလည်း သူ့အစီအစဉ်ကို အမှားအယွင်းမဖြစ်ချင်တဲ့အတွက် သိပ်တော်ပါတယ်ဆိုတဲ့ ခရိုက်ဇ်မန်းကို ဟယ်ရီကတဆင့် ဈေးညှိပြီး အစီအစဉ်ဆွဲခိုင်းတယ်။ အစီအစဉ်အရ လူနာမည်ကိုပြောင်းဖို့ စာရွက်စာတမ်းတွေထုတ်ရတယ်ဆိုတော့ သေဆုံးသွားပြီဖြစ်တဲ့ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို သုံးကြမယ်ပေါ့။ လူသေကို အသက်ပြန်သွင်းတဲ့သဘောမျိုးပဲ။ ဒါပေမဲ့ အဲဒီ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို လိုက်နေတဲ့ လူတွေ ရှိနေတယ်။ ဘာကြောင့်လိုက်နေရတာလဲ၊ အဲဒီစာရွက်စာတမ်းကကော ဘာအရေးပါလို့လဲ၊ ဘာလင်တံတိုင်းကို ခိုးဖြတ်မယ့်ကိစ္စကကော အောင်မြင်ပါ့မလား။ ရုပ်ရှင်ရဲ့ နာမည် “ဘာလင်က ဈာပန” ဆိုတာ ဘာကိုရည်ညွှန်းသလဲ။ ဒါတွေကို အဖြေထုတ်မယ့်အပြင် အချင်းချင်း ပတ်လှည့်စားပြီး မြိုင်မြိုင်ကြီး ကွက်ကျော်တွေရိုက်ကြမယ့် ရုပ်ရှင်ပါ။ ဒါရိုက်တာ Guy Hamilton ဆိုတာ အရင်က သူလျှိုဖြစ်ခဲ့ဖူးတော့ သူ့ရဲ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ဒိုင်ယာလော့ဂ်တွေကို ထပ်ဖြည့်ရေးထားတယ်လို့ Sir Michael Caine ကလည်း အင်တာဗျူးတခုမှာဖြေထားတယ်။ အဲဒါကြောင့် ဒိုင်ယာလော့ဂ်တွေဟာ လေယူလေသိမ်းကအစ လက်တွေ့ဆန်တယ်။ ရုပ်ရှင်ကို ရိုက်ကူးခဲ့တာကလည်း ဘာလင်မှာပါပဲ။ ရုပ်ရှင်ရိုက်နေရင်းတောင် အရှေ့ဘာလင် အစောင့်စစ်သားတွေက ကင်မရာတွေကို မှန်နဲ့ မီးလှမ်းလှမ်းထိုးပြီး နှောက်ယှက်ကြတယ်လို့ပြောတယ်။ မင်းသမီးအဖြစ်ပါတဲ့ Eva Renzi ကလည်း ဒါရိုက်တာကို ဟိုလိုရိုက်၊ ဒီလိုရိုက် ဘာညာ ဆရာကြီးလုပ်လွန်းလို့ ဒါရိုက်တာတောင် ရုပ်ရှင်မပြီးခင် ဆက်မရိုက်ချင်စိတ်ပေါက်ပါတယ်တဲ့။ ဒါတွေကတော့ ရိုက်ကွင်းအခက်အခဲလေးတွေပေါ့လေ။ စပိုင်ကားကြိုက်တဲ့လူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ။ ဒီရုပ်ရှင်မှာလည်း Sequel အနေနဲ့ Billion Dollar Brain (1967) ထပ်ထွက်ထားပါတယ်။ တစ်နှစ်တစ်ကားရိုက်ပြီး ကွာလတီမြင့်နေတာကတော့ အတော်ကိုလက်ဖျားခါလောက်စရာအချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...

Gangster's Paradise: Jerusalema (2008) ⭐TMDB: 69.0% User Score 🎬 #Action #Crime #Drama 🗓 2008 🎞 movie 🌎 #SouthAfrica #SouthAfrica ⏰ 1 နာရီ 59 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီ​ဇာတ်ကားက ၂၀၀၈ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ တောင်​အာဖရိက​ရုပ်ရှင်​ဖြစ်​ပါတယ်။ ဇာတ်လမ်း​အမျိုးအစားက​ မှုခင်းဒရာမာအမျိုးအစားဖြစ်ပြီး​ တောင်​အာဖရိက​နိုင်​ငံ​ ဂျို​ဟန်​နက်​စ​ဘတ်​မြို့​မှာအခြေပြုထားပါတယ်။ ဒီရုပ်ရှင်​ကို​ ဘာလင်​ရုပ်ရှင်​ပွဲတော်မှာ စတင်​ပြသခဲ့ပြီး ဝေဖန်​သူတွေနဲ့ပရိသတ်တွေ အကြိုက်​တွေ့ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ လပ်ကီးကူနီးနီက ဆိုဝီတိုမြို့လေးမှာနေထိုင်တဲ့ ဆင်းရဲ​သား​တစ်ဦး​ဖြစ်ပါတယ်။ တက္ကသိုလ်​တက်​ဖို့ကျောင်းစရိတ်မရှိတာကြောင့်​ သူငယ်ချင်း​ဖြစ်​သူ​ ဇိတ်​ နဲ့အတူ ဒုစရိုက်​နယ်​ပယ်ထဲကိုခြေချမိရာကနေ နယ်ကျွံ​ပြီး​ ရာ​ဇဝတ်သားလုံးလုံးဖြစ်သွားပါတယ်။ ရဲလက်ကနေတိမ်းရှောင်ရင်း ဂျို​ဟန်​နက်စဘတ်မြို့ကိုရောက်ရှိခဲ့ပြီး မြို့​မှာရှင်သန်ဖို့ရုန်းကန်ရင်းနဲ့ နာမည်​ကျော်​ဂိုဏ်း​ခေါင်း​ဆောင်တစ်ဦး ဖြစ်​လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အစမှာ လပ်ကီး​ကူနီးနီ​က​ ပစ်ခတ်​မှုတစ်ခုမှာ​ ဒဏ်ရာရ​ပြီးလဲနေချိန်​ ရဲတွေ​ဖမ်းဆီး​သွားတဲ့အခန်းက​ အစပြု​ထားပါတယ်။ အဲဒီ​နောက်​မှာ​ သတင်း​ထောက်​ထံမှာ သူ့ဘဝဇာတ်ကြောင်းကိုပြန်ပြောပြတဲ့ပုံစံမျိုး​ တင်ဆက်​ထားတာ ဖြစ်ပါတယ်။ ငယ်စဥ်က ပညာ​ထူးချွန်​ပေမဲ့​ ဆင်းရဲ​မွဲတေမှုကြောင့် ဒုစရိုက်​လောကထဲရောက်ခဲ့တဲ့ လပ်ကီး​တစ်ယောက်​ အဆုံးသတ်​မှာ​ ရဲလက်ကလွတ်မြောက်နိုင်ပါ့မလားဆိုတာကို​ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​က​ တောင်​အာဖရိက​မှာ​ Apartheid စနစ်ပြိုလဲပြီး နယ်လ်ဆင်မင်ဒဲလားတို့ အာဏာရလာတဲ့​ ၁၉၉၄ နှောင်း​ပိုင်းမှာအခြေတည်ထားတာဖြစ်ပြီး လူဖြူ၊လူမည်း​ ပဋိပက္ခ​တွေ၊ လူမျိုး​ရေးခွဲခြားမှုတွေ၊ လက်နက်​ကိုင်​အရေးအခင်းတွေနဲ့အတူ တောင်​အာဖရိက​မြို့ကြီးတွေမှာ​ ဆင်းရဲ​ချမ်းသာကွာဟမှု၊ မူးယစ်​ဆေးနဲ့ ပြည့်တန်ဆာ​လုပ်ငန်းတွေကြီးစိုးနေမှုမြင်ကွင်းတွေကို ဒီရုပ်ရှင်​မှာတွေ့မြင်ရမှာပါ။ အကောင်း​ဆုံး​ရုပ်ရှင်​တွေထဲကတစ်ခုဖြစ်တဲ့ Slumdog Millionaire နဲ့​ theme ချင်း​တူပြီး အဆိုပါ​ရုပ်ရှင်မျိုးကို ကြိုက်​နှစ်သက်သူများအနေနဲ့ ဒီဇာတ်ကားကိုလည်းကြည့်ရှုသင့်ပါတယ်။...

Upload (2020- ) ⭐IMDB: 7.9/10 (74 k Votes) 🎬 #Comedy #SciFi #Fantasy #Mystery 🗓 2020- 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 34 မိနစ် 34 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Upload(2020-2023) Season 1+Season 2+Season 3Upload(2020 – 2023)ဇာတ်လမ်းတွဲ************************** Your browser does not support the video tag.ကျွန်တော်တို့ဟာ ယခုအသုံးပြုနေတဲ့ အင်တာနက် Data Stream ထဲကိုပဲဖြစ်ဖြစ် ဖိုင်တွေသိမ်းဆည်းလေ့ရှိတဲ့ Cloud တစ်ခုခုထဲကိုပဲဖြစ်ဖြစ် ဖိုင်တွေ Upload Download လုပ်ကြသလိုမျိုး ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ကိုလည်း လုပ်နိုင်မှာပဲ၊ လူတွေပြောပြောနေတဲ့ နတ်ပြည် ငရဲပြည်ဆိုတာဟာ Cloud Service ကြီးတစ်ခုများလားလို့ စိတ်ကူးယဉ်ခဲ့ဖူးကြမယ်ဆိုရင်…….ယခုဇာတ်ကားက အဲဒီစိတ်ကူးကိုအခြေခံပြီး လက်ရှိ သတ္တလောကနဲ့ ခေတ်လွန်နည်းပညာကြားကို ယုတ္တိဆန်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလို့ ညွန်းပါရစေ ၂၀၃၃ ခုနှစ်မှာ နေရာတကာမှာ AI စနစ်တွေ အသုံးများလာတဲ့အပြင် လူတွေဟာအရမ်းကို သက်တောင့်သက်သာနေနိုင်လာကြပါတယ်။ လူတွေဟာ ယနေ့ခေတ်လို သေရင်နောင်ဘဝရောက်တာမျိုးအပြင် မိမိတို့စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ဖန်တီးထားတဲ့ ဒစ်ဂျစ်တယ်တမလွန်ဆီကိုလည်း Upload တင်နိုင်လာကြပါတယ်။ဆိုတော့ကာ… ရောဂါတစ်ခုကြောင့်ပဲဖြစ်ဖြစ် အသက်အရွယ်ကြီးရင့်လာလို့ပဲဖြစ်ဖြစ် သေဆုံးချိန်နီးလာရင် ရှေးရှေးတုန်းကအတိုင်း ပုံမှန်အတိုင်းသေဆုံးမလား ဒစ်ဂျစ်တယ်တမလွန်ကို ရွေးချယ်မလားက အရေးကြီးလာပါတယ်တကယ်တော့ ဒါတွေက VR game ထဲရောက်နေသလိုမျိုးပါပဲ သက်ရှိလူသားတွေဟာ ဒစ်ဂျစ်တယ်တမလွန်ဆီကို ကူးချည်သန်းချည်နဲ့ တမလွန်ဘဝမှာ အပြတ် Chill ဖို့ မသေခင်ကထဲက ကြိုတင်လာရောက်လေ့လာနေကြတယ်ဆိုပါတော့…….ဒီဇာတ်လမ်းထဲမှာတော့ Horizon နည်းပညာလုပ်ငန်းစုက ပိုင်ဆိုင်တဲ့ Lakeview တမလွန်က အခြားတမလွန်တွေထက် နာမည်ကြီးသလို ဈေးလည်းကြီးပါတယ်။ အဓိကဇာတ်ကောင် နေသန်ဟာ ချစ်သူအင်းဂရစ်နဲ့ မိုးရွာမရှောင်နေပူမရှောင် အကြိုက်ပျော်မြူးလို့ကောင်းနေချိန်မှာပဲ ကားမတော်တဆမှုတစ်ခုကြောင့် သေလုနီးပါးအခြေအနေဖြစ်သွားပါတယ်။Upload လုပ်ရာမှာ ချွင်းချက်တစ်ခုရှိတာက သေပြီးသားအလောင်းကို Upload တင်လို့မရတာပါ အဲဒါနဲ့ပဲ နေသန်က Lakeview ရဲ့ ပင်တိုင်ပရိတ်သတ် အင်းဂရစ်ရဲ့ ကောင်းမှုကြောင့် မသေခင်မှာပဲ နာမည်ကြီး Lakeview ကို ရွေးချယ်လိုက်ရပါတော့တယ်ဒစ်ဂျစ်တယ်တမလွန်မှာက Upload သမားတွေကို Customer Service ပေးတဲ့ Angel ဆိုတာရှိပါသေးတယ် လက်ရှိကမ္ဘာက သက်ရှိလူသားတွေက VR သုံးပြီး Service ပေးတာပါ မိုက်တယ်နော် အဲဒီမှာ နေသန်ရဲ့ Angel မလေး နိုရာက နေသန်ရဲ့မတော်တဆမှုဟာ မသမာမှုတွေပါတယ်ဆိုတာ ယုံကြည်လာပြီး အဖြေရှာဖို့ ကြိုးစားတဲ့နောက်မှာတော့...

Little Bird (2023) ⭐TMDB: 0.0% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 46 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Little Bird (2023)Little Bird (2023) ============= IMDb Rating – 7.9/10ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်။ ပျောက်ဆုံးနေတဲ့ မိသားစုဝင် တွေကို ရှာဖွေတဲ့ ဇာတ်လမ်းလေးပေါ့။ ဒါပေမဲ့ ဘာကြောင့်ပျောက်ဆုံး ခဲ့ရလဲဆိုတာကို သိလိုက်ရရင် အင်မတန်မှ ကြေကွဲစရာကောင်းရလိမ့်မယ်။ Your browser does not support the video tag.ကနေဒါနိုင်ငံမှာ ၁၉၆၀-၁၉၈၀ ကြား ကာလတွေတုန်းက အစိုးရပေါ်လစီ တစ်ရပ်ရှိခဲ့ပါတယ်။ နိုင်ငံသားစစ်စစ်တွေကိုပဲ နေခွင့်ပြုပြီး တိုင်းရင်းသား၊ သွေးနှောကလေးတွေကို သူတို့ရဲ့မိသားစုတွေဆီကနေ အမေးအမြန်းမရှိ ဖယ်ရှားပစ်သတဲ့။ ဒီတော့ တိုင်းရင်းသားကလေးငယ်လေးတွေ ရှိတဲ့ မိသား စုတွေအနေနဲ့ တောတွင်းတစ်နေရာမှာ ပုန်းရှောင်လို့ နေခဲ့ကြရပါတယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ Little Bird မိသားစုကို ရဲတွေက ရှာတွေ့သွား ခဲ့ပြီး ကလေးငယ်လေး(၄)ယောက်လုံးကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။ အဲဒီကလေးတွေထဲက ဘက်ဇစ် ဆိုတဲ့ ကောင်မလေးတစ်ယောက်ကတော့ တခြားနယ်မြေတစ်ခုက မိသားစုတစ်ခုဆီ မွေးစားခံလိုက်ရပြီး ကောင်းကောင်း လူလားမြောက်ခဲ့ရပါတယ်။သူအရွယ်ရောက်လာလို့ စေ့စပ်တော့မဲ့ အချိန်မှာတော့ သူ့ရဲ့ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေကို ရှာဖွေတဲ့ ဒီဇာတ်လမ်းလေး စတင်လာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းကို ရေးပေးနေတုန်းမှာ ကျွန်တော့်အတွေးအာရုံထဲ ရောက်လာ နေတာကတော့ ဝိုင်းစုခိုင်သိန်းရဲ့ ဟိုတုန်းကအိမ် ဆိုတဲ့ သီချင်းလေးပါပဲ။“ကလေးဘဝက တို့တွေပျော်ဖူးတဲ့အိမ်… ဒီအချိန်အနေဝေးပြီ… ဟိုးတုန်းက တို့အိမ်အိုလေးထဲမှာ… လူစုံဖူးပါသည်… ဆောင်းတွင်းရဲ့ မီးဖိုနံဘေးမှာ မိသားစုနဲ့အတူပျော်ရင်း… ညည်းခဲ့တဲ့ ကလေးဘဝတေးတွေ ဒီအချိန်ပြန်တမ်းတရင်းနဲ့… အခုတော့လည်း တို့အိမ်အိုလေးထဲမှာ အသံတွေတိတ်ကုန်ပြီ…”ကဲ ဘက်ဇစ်တို့ မိသားစုလေး အတူဆုံစည်းရဖို့ ဆုတောင်းပေးလိုက်ကြတာပါ့။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်။)...

Ahasss (2023) ⭐IMDB: 4.6/10 (36 Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 49 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ahasss (2023) ဂျိတ်ခ်က ငယ်ရွယ်ပြီး အတွေ့အကြုံမရှိတဲ့ ခိုကိုးရာမဲ့ အိမ်စေကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ဘော့စ်ဖြစ်သူ မစ္စတာစတုန်းဟေးလ်ကတော့ ချမ်းသာပြီး အပေးအကမ်းရက်ရောပေမယ့် အရက်မူးတဲ့အခါ သွေးဆိုးတတ် သူ့ဇနီးဖြစ်သူကိုနှိပ်စက်ပြီး အကြမ်းပတမ်း လိင်ဆက်ဆံတတ်သူပါ။ သူ့ဇနီးတင်မက သူနဲ့ဘဝတူအိမ်ဖော်အမျိုးသမီး ဂျန်နီကိုလည်းအလွတ်မပေးပါဘူး။ စတုန်းဟေးလ်ကို သူတုန်နေအောင်ကြောက်ပေမဲ့လည်း စတုန်းဟေးလ်ရဲ့ဇနီးသည် အိမ်ရှင်မ အယ်ဒလင်းက သူ့ကိုအထာပေး အစာကျွေးလိုက်တဲ့အခါမှာတော့ အရူးအမဲသားစားမိသလို တန်းတန်းစွဲသွားတဲ့ ဂျိတ်ခ်ဟာ အချစ်အတွက် အသက်ပင်သေသေ ဖင်ညှောင်ရိုးပင်ကျိုးကျိုး စွန့်စားရဲတဲ့သတ္တိတွေရှိလာပြီး မမအယ်ဒလင်းကို ဒီဘဝကြီးက ကယ်တင်ဖို့အတွက် သူ့ဘော့စ် စတုန်းဟေးကိုသတ်ဖို့ကြံပါတော့တယ်။ သူ့အကြံအစည်အောင်မြင်မလား… သူနဲ့အယ်ဒလင်းတို့လွတ်မြောက်ရာမှာနှစ်ကိုယ်တူဘဝထူထောင်နိုင်မလား… ဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...

The First Day of the Rest of Your Life (2008) ⭐TMDB: 75.0% User Score 🎬 #Uncategorized #Drama 🗓 2008 🎞 movie 🌎 #France ⏰ 1 နာရီ 54 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့IMDb 7.6 အထိရရှိထားပြီး Rotten tomatoes မှာ 81% အထိ ရရှိထားတဲ့ မိသားစုကားလေးပါ တက္ကစီမောင်းသူ ရောဘတ် ဒူဗယ်နဲ့ ဇနီးဖြစ်သူ မယ်ရီတို့မှာ သားကြီး အလ်ဘတ် သားလတ် ရက်ပ်နဲ့ သမီးဖြစ်သူ ဖလဲယူဆိုတဲ့ သားသမီးသုံးယောက်ရှိပါတယ် သားသမီးတွေ ငယ်စဉ်ကနေ အရွယ်ရောက်တဲ့အချိန်အထိ ပြုစုပျိုးထောင်ပုံ သားသမီးနဲ့ မိဘကြား ဖြစ်တတ်တဲ့ပြဿနာတွေ မိသားစုတစ်ခုမှာ ဖြစ်တတ်တဲ့ နာကျင်စရာတွေ ကြည်နူးစရာတွေကို ရိုက်ပြထားတာဖြစ်ပါတယ် အမျိုးစုံသော ခံစားချက်တွေကို ပေါ်လွင်အောင်ရိုက်ပြထားတာဖြစ်ပြီး ကြည့်ရှုပြီးသွားရင်လည်း ရင်ထဲမှာ တစ်ခုခုကျန်ရှိအောင် စွမ်းဆောင်နိုင်တဲ့ ဇာတ်ကားလေးမလို့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ...

American Hustle (2013) ⭐IMDB: 7.2/10 (495 k Votes) 🎬 #Crime #Drama 🗓 2013 🎞 movie 🌎 #UnitedStates #China #UnitedStatesofAmerica ⏰ 2 နာရီ 18 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒါရိုက်တာကြီး David O. Russell ရိုက်ကူးထားပြီး Christian Bale, Amy Adams, Bradley Cooper, Jeremy Renner, Robert DeNiro နဲ့ Jennifer Lawrence တို့ သရုပ်ဆောင်ထားတဲ့ ၂၀၁၃က ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ…… IMDb – 7.2, RT – 92% ထိရရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပါ။ အဲဒီလောက်ရလို့ ဆုအနေနဲ့ကြည့်ရင်လည်း အော်စကာ နိုမီက ၁၀ခု တကယ်ရရှိသွားတဲ့ ဆုက ၇၀ နဲ့ နိုမီချည်းပဲကို စုစုပေါင်း ၂၂၇ခုထိ ရရှိခဲ့တဲ့ကားလေးပါပဲ….. ဇာတ်လမ်းလေးကတော့ မာဖီးယားဂိုဏ်းနဲ့ ရဲတွေရဲ့အရှုပ်တော်ပုံအကြောင်းပါပဲ ဇာတ်လမ်းကို သိပ်ညွှန်းစရာမလိုလောက်အောင် ဒါရိုက်တာတွေနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကိုကြည့်လိုက်တာနဲ့ “မီးလက်ဝါး”လိုကားတောင် ကြည့်ကောင်းသွားမယ်ဆိုတာ ရဲရဲကြီးအာမခံရင်းနဲ့ပဲ စောင့်မျှော်နေသူတွေရော တကယ့် ရုပ်ရှင်ကားကောင်းကိုကြည့်ချင်သူတွေရောပါ လက်မလွှတ်တမ်းကြည့်လိုက်ကြပါဦးလို့...

A record of a simple big-breasted college girl’s “sex length” with her big-breasted sister with a sexual desire that surpasses her virgin boyfriend. Ai Hongo (2023) ⭐TMDB: 100.0% User Score 🎬 #Adult #Drama 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 58 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ ကျော့ရှင်းတဲ့ခန္ဓာကိုယ်လေးကိုမှ ကလေးဆန်ဆန်ချစ်စရာမျက်နှာလေးပိုင်ဆိုင်ပြီး စိတ်လှုပ်ရှားဖွယ်အပြုအမူတွေနဲ့ ပုရိသတွေကို သိမ်းပိုက်တတ်လွန်းပါတယ်ဆိုတဲ့ Ai Hongo ကားလေးတစ်ကားကို အမှုန်လျှော့ပြီး တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ………… FSDSS – 534 ဇာတ်ကားလေးကိုပြောရရင်တော့ ကောလိပ်တက်နေတဲ့သူတွေရဲ့ ဇာတ်လမ်းလေးတွေနဲ့မတိမ်မယိမ်းလေးပေါ့….. ချစ်သူမျက်နှာတရွာထင် ချစ်သူ့စကားကမ္ဘာထင်တဲ့ ကောလိပ်ကျောင်းသူမလေးက ချစ်သူရဲ့လိုချင်လှတဲ့ ဆန္ဒလေးတွေကိုဖြည့်ဆည်းရင်း နောက်ပိုင်း ဘယ်သူက ဘယ်သူ့ကို ဘယ်လိုဆက်ဖြည့်ဆည်းပေးရမလဲဆိုတာကတော့ ပိတ်ကားပေါ်မှာဆက်လက်ရှုစားလိုက်ကြပါဦးလို့………. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...

The Case of the Four Demon Coffins (2023) ⭐TMDB: 0.0% User Score 🎬 #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 18 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ယခုတစ်ခေါက် CM ရဲ့ ပရိသတ်တို့အတွက် သဲထိတ်ရင်ဖိုမှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ် ဝေးလံလှတဲ့ မြို့ငယ်လေးတစ်ခုမှာ ဖြစ်ပါတယ်။မြို့က လူဆိုးထိန်း စန်းကိန်းနှင့် ချီးရှီတို့ဟာ အမိန့်အရလူသတ်မှုတွေကို လိုက်လံစုံစမ်းရာ သံသယဖြစ်စရာကွင်းဆက် လူသတ်မှုကို စုံစမ်းမိသွားပါတယ်။ အမှုတွေမှ တစ်ဆင့် လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ရန်ငြိုးဟောင်းတွေလည်းပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အမှုကို အဆင့်ဆင့်လိုက်လံစုံစမ်းနေပေမဲ့ အမှုတွေက ပိုပြီးတော့ ထူးဆန်းလာနေပါတယ်။ အမြဲတမ်းတည်ငြိမ်အေးချမ်းတဲ့ မြို့လေးမှာ အခုတော့နတ်တွေ သရဲတွေနဲ့ ရှုပ်ထွေးနေတဲ့ အနံ့အသက်တွေနဲ့ ဖုံးလွမ်းနေပါတော့တယ်။စန်းကိန်းတို့တစ်တွေ လူသတ်မှုရဲ့ တရားခံအစစ်ကို ရှာတွေ့နိုင်ပါ့မလား……တရားခံကရော ဘယ်လိုအကြောင်းကြောင့် လူသတ်နေရတာလဲ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...

A Haunting in Venice (2023) ⭐IMDB: 6.7/10 (37 k Votes) 🎬 #Crime #Drama #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom #Italy #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ( စုံထောက်ကြီး ဟာကျူလီ ပွာရိုး နဲ့ ဝိညာဉ်လူသတ်သမား ) ဒီရုပ်ရှင်ကတော့ အဝေးပြေးရထားလူသတ်မှု၊ နိုင်းမြစ်လူသတ်မှု ရုပ်ရှင်တွေအပြီးမှာ ထပ်မံထွက်ရှိလာတဲ့ စုံထောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရင်ရုပ်ရှင်တွေလိုပဲ ကောင်းပါတယ်။ အပြင်လူမလာနိုင်တဲ့ ပိတ်မိနေတဲ့နေရာတစ်ခုမှာ သံသယရှိသူတွေကို တစ်ယောက်ချင်း စုံစမ်းရပြီး အဖြေရတာမျိုးပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ စုံထောက်ကြီး ပွာရိုးဟာ စုံထောက်အလုပ်ကနေအငြိမ်းစားယူပြီး ဗင်းနစ်မှာ အနားယူနေပါပြီ။ သူ့ဆီကို အမှုလာအပ်တဲ့သူတွေနဲ့အတွေ့မခံချင်လို့ သက်တော်စောင့်တစ်ယောက်တောင် ငှားထားရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ မိတ်ဆွေဟောင်း နာမည်ကျော် စာရေးဆရာမ ရောက်လာပြီး အကူအညီတစ်ခု တောင်းလာပါတော့။ အဲဒါကတော့ နာမည်ကျော် ဝိညာဉ်ဟောဆရာမ (မီရှဲယို) တစ်ယောက်ရဲ့ သရဲခြောက်တဲ့အိမ်ကြီးထဲက ဝိညာဉ်ခေါ်ပွဲကို တက်ပေးဖို့ပါပဲ။ အဲဒီဝိညာဉ်ဟောဆရာမ လုပ်ပြနေတာတွေကို စာရေးဆရာမက ဘယ်လိုမှ လိမ်နေကြောင်းသက်သေမပြနိုင်တာမို့ စုံထောက်ကြီးက ဖော်ထုတ်ပေးဖို့ လာအကူအညီ တောင်းတာပါ။ ဒါပေမဲ့ စုံထောက်ကြီးကိုယ်တိုင် သရဲခြောက်တဲ့အိမ်ကြီးထဲမှာ ပိတ်မိနေပြီး လူသတ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဖြစ်လာသမျှလူသတ်မှုတွေရဲ့ သက်သေတွေကရဲ့ ဝိညာဉ်၊ သရဲလက်ချက်လို့ပဲ အဖြေထွက်နေတဲ့အခါ...

The Five Venoms (1978) ⭐TMDB: 67.0% User Score 🎬 #Action #Drama 🗓 1978 🎞 movie 🌎 #HongKong ⏰ 1 နာရီ 42 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Five Deadly Venoms (1978)Genre – Action, Drama, MysteryIMDB – 7.0/10 သိုင်းလောက မိတ်ဆွေတွေအတွက် ရှေးဟောင်းဂန္ဓဝင် သိုင်းကားတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ သိုင်းလောကထဲမှာ အဆိပ် ၅ ဖော်ဂိုဏ်းဟာ နာမည်ဆိုးနဲ့ ကျော်ကြားလျက် ရှိပါတယ်။ အဆိပ် ၅ ဖော်ဆိုတဲ့အတိုင်း သိုင်းသမားတွေဟာလည်း အစဉ်လိုက်ပြောရမယ်ဆို ကင်းခြေများ၊ မြွေ၊ ကင်းမြီးကောက်၊ ဖားပြုပ်နဲ့ တောက်တဲ့ဆိုပြီး အသီးသီး ရှိကြပါတယ်။ သူ့ သိုင်းပညာနဲ့သူပေါ့ ဇာတ်လမ်းအစပျိုးထားပုံကတော့ ဒီ အဆိပ် ၅ ဖော်ဂိုဏ်းရဲ့ ဆရာကြီးဟာ သေဆုံးခါနီး ဖြစ်ပြီး ဂိုဏ်းရဲ့နာမည်ပျက်ကို ချေဖျက်ချင်နေတဲ့လူဖြစ်ပါတယ်။ ဒ ါကြောင့် နောက်ဆုံးတပည့်လေးဖြစ်တဲ့ ယန်ထေးကို ဒီ ဂိုဏ်းတူညီအစ်ကိုတွေကို လိုက်ရှာပြီး ကောင်းတဲ့လူဆို လွှတ်ထားပြီး မကောင်းတဲ့လူဆို အပြစ်ပေးသုတ်သင်ဖို့ရယ် ဆရာဖြစ်သူနဲ့ တူတူ သိုင်းပညာသင်ကြားခဲ့တဲ့ ဦးလေးဖြစ်သူဆီကနေ ရတနာတွေကို ယူပြီး လှူဒါန်းဖို့အတွက် မြို့ငယ်လေးတစ်မြို့ကို စေလွှတ်လိုက်ပြီး နောက်ဆုံးဆန္ဒလေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပါ့မလား ဒီလို အသီးသီး ဇာတ်မြုပ်နေကြတဲ့ အဆိပ် ၅ ဖော်က ဘယ်သူတွေ ဖြစ်မလဲ စသဖြင့် လျှို့ဝှက်ချက်တွေနဲ့အတူ သိုင်းပညာတွေကို ပြန်လည်ရှုစားရမှာပဲ ဖြစ်ပါတယ်ဗျာ။...

Five Minutes of Heaven (2009) ⭐IMDB: 6.6/10 (13 k Votes) 🎬 #Crime #Drama #Thriller 🗓 2009 🎞 movie 🌎 #UnitedKingdom #Ireland #Belgium #France ⏰ 1 နာရီ 30 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 1970 ကာလမှာ အိုင်ယာလန်မြောက်ပိုင်း ဘဲလ်ဖက်စ်မြို့မှာ အဲလစ်စတာလစ်‌တဲဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျိုးဂရစ်ဖင်လို့အမည်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့အစ်ကိုကို အကြောင်းကိစ္စတစ်ခုကြောင့် ပစ်သတ်ခဲ့ပါတယ်။ နှစ်၃၀အကြာမှာတော့ ခေတ်တွေပြောင်းလဲသွားပြီး ဂျိုးဂရစ်ဖင်နဲ့ အဲလစ်စတာတို့ဟာ တီဗီအစီအစဉ်တစ်ခုက အဖွဲ့သားတွေရဲ့ချဉ်းကပ်မှုကြောင့် ဂျိုးဂရစ်ဖင်ဟာ သူ့အစ်ကိုကိုသတ်ခဲ့တဲ့လူသတ်သမားကို နှစ်၃၀အတွင်း ပထမဆုံးအကြိမ်ပြန်တွေ့ဆုံဖို့ရာအကြောင်းဖန်လာခဲ့ပါတယ်။ ‌တီဗီအစီအစဉ်ရဲ့အဓိကရည်ရွယ်ချက်က ဂျိုးဂရစ်ဖင်တို့နှစ်‌ယောက်ကို ပြန်လည်သင့်မြတ်စေဖို့ရည်ရွယ်တာဖြစ်ပေမဲ့ ဂျိုးဂရစ်ဖင်ကတော့ အစ်ကိုတစ်ယောက်လုံး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာတောင် မတ်တပ်ရပ်ကြည့်နေခဲ့တဲ့အတွက် အမေဖြစ်သူရဲ့ နှစ် ၃၀ လုံးလုံးအပြစ်တင်လာတာကို ခံခဲ့ရတာကြောင့် စိတ်ဒဏ်ရာတွေနဲ့ အရူးတစ်ပိုင်းဖြစ်ခဲ့ရပြီး တစ်ဘ၀လုံးစာစောင့်ဆိုင်းခဲ့ရတဲ့ လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ရာကြံ‌စည်နေခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦး တကယ်တွေ့ဆုံကြတဲ့အချိန်မှာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲ၊ ဂရစ်ဖင်တစ်ယောက်ရော သူဖြစ်ချင်နေခဲ့တဲ့အတိုင်း နှစ်၃၀လုံးလုံး တေးလာခဲ့ရတဲ့ရန်ကြွေးကိုဆပ်လိုက်မလား၊ အဲလစ်စတာအနေနဲ့ရော အတိတ်က သူလုပ်ခဲ့မိတဲ့အပြစ်အတွက် ပေးဆပ်သွားမှာလားဆိုတာကိုတော့...

Lust Of Natsu Igarashi -Reducing Mosaic {FSDSS-617} ⭐- 🎬 #Asian #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 FSDSS 617 မျက်နှာပေါက်လေးက တစ်ချိန်က ညိုကီတို့ခရက်ရှ်ခဲ့ဖူးမယ့်ကျောင်းက ကောင်မလေးလိုမျိုး ယုန်သူငယ်မျက်လုံးတွေရှိတဲ့နတ်ဆုအီဂါရာရှီလေးကို ပရိသတ်ကြီးအတွက် မိတ်ဆက်ပေးပါရစေ လှပအပြစ်ကင်းတဲ့ မျက်ဝန်းလေးတွေရဲ့အောက်မှာ ကျဆုံးခဲ့ပြီးနောက်သူလေးရဲ့ ဝင်းမွတ်နူးညံ့တဲ့အသားအရေနဲ့ တင်းရင်းဖွံ့ထွားလှပတဲ့စနေနှစ်ခိုင်နဲ့ မက်မွန်တုံးလေးဟာ အပိုဆုပါပဲ မိတ်ဆွေအလှအပလေးက ပြည့်စုံသလို အပြုအစုအယုအယလေးကလဲပညာကြွယ်သူလေးမို့ မိတ်ဆွေကိုယ်တိုင်ပါ ရောယောင်နတ်ပြည်ရောက်နေသလို ခံစားရမှာပါ ဒါကြောင့် အလှအပတွေခံစားမိတဲ့အခါ ညီကီတို့ကိုဝေမျှပေးချင်လာတာမို့Dark side production မှ စေတနာဗလဗွနဲ့ တင်ဆက်ပေးလိုက်ပါတယ် (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Winners & Sinners (1983) ⭐TMDB: 69.0% User Score 🎬 #Action #Comedy #Crime #JackieChan #Adventure 🗓 1983 🎞 movie 🌎 #HongKong #HongKong ⏰ 1 နာရီ 48 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပေါကားမဟုတ်တဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားလေးတွေပြန်တင်ပေးလိုက်ပါတယ် 5 lucky stars seriesထဲက ပထမဆုံးကားလေးဖြစ်တဲ့ Winners and Sinners ပါ။ အဓိကသရုပ်ဆောင်အဖြစ် ကျွန်တော်တို့အကြိုက်ဇာတ်လိုက်မင်းသားကြီး Jackie Chan ကတော့သူ့ရဲ့ပုံစံအတိုင်းပဲလုပ်သမျှအလွဲတွေကြည့်ဖြစ်နေတတ်တဲ့ရဲတစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးဟာဆိုရင်တော့ဖြင့် ခိုးမှု , လုယက်မှု , ပြည့်တန်ဆာခေါင်းလုပ်မှု စသဖြင့် ရာဇတ်မှု အမျိုးမျိုးနဲ့ထောင်ကျသွားတဲ့၅ယောက်ထောင်ထဲမှာတွေ့ကြပါတယ်တကယ်တော့သူတို့ကလည်းပေါတောတော အူတူတူတွေကြည့်စုထားပြီးမမိုက်ရဲ မိုက်ရဲနဲ့၅ယောက်ပေါင်းလောင်းကျော်နေတဲ့သူတွေပါ တစ်ခုရှိတာက သူတို့ထောင်ကလွတ်တဲ့အချိန်မှာသူတို့၅ယောက်နဲ့တစ်ချိန်တည်းလွတ်သွားတဲ့သူတစ်ယောက်ရှိပါတယ်သူကတော့ဖိုက်တာလိုလို ဘာလိုလိုညာလိုလိုနဲ့အထာပေးကြမ်းတဲ့ဘဲကြီးတစ်ကောင်လည်းရက်စေ့ပြီးလွတ်သွားပါတယ်။ ဟို ၅ ယောက်ကရော ထောင်ကလွတ်ပြီးဘယ်တွေသွားကြမလဲ ဘာတွေလုပ်ကြမလဲ ပြီးတော့စီအိုင်ဒီကအလွဲတွေကြည့်လုပ်တတ်တဲ့ စုံထောက်ကျော်ကြီးကိုဂျက်ကီရယ် ၅ယောက်ပေါင်းလောင်းကျော်နေတဲ့ အူတိအူကြောင်ကောင်တွေရယ် ပိုက်ဆံအတုတွေထုတ်ပြီး ဘာညာသာဒကာ လျှောက်လုပ်နေတဲ့ဘဲကြီးရယ်ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ကြပါစို့ဗျာ ဇာတ်လမ်း အညွန်းကိုတော့ Pyae Xein Sett ကရေးသားပေးတာပါ...

Tasty Sex Secret Cohabitation (2017) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2017 🎞 movie 🌎 # ⏰ 1 နာရီ 1 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 **************************** ဂျုံးဝူးဟာ မုဆိုးဖိုတစ်ဦးပါ..ဇနီးမရှိဘဲနေထိုင်လာတာ အတော်ကြာပါပြီ…သားဖြစ်သူလည်း အရွယ်ရောက်လို့ ချွေးမလောင်းကိုအိမ်ခေါ်လာတဲ့အဆင့်တွေဖြစ်နေပါပြီ…. ချွေးမလောင်းလေးဟာ သူ့အပေါ်ကြင်နာတတ်သလို အနေအထိုင်လည်း မတတ်တော့ သားဖြစ်သူက အဖေကို အထင်လွဲချင်လာတယ်..ဒီပြဿနာတွေကိုဖြေရှင်းဖို့ ကံကောင်းထောက်မစွာ အဖေရဲ့ ခယ်မဖြစ်သူ အိမ်ပေါ်ရောက်လာပါတော့တယ်...

The Brotherhood of Rebel (2023) ⭐TMDB: 60.0% User Score 🎬 #Action #Crime 🗓 2023 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 29 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဟောင်ကောင် အက်ရှင်ကား ကောင်းကောင်းလေးတွေကိုမှ ကြိုက်တယ်ဆိုတဲ့ပရိသတ်တို့အတွက် ဒီရုပ်ရှင်လေးကို အကြိုက်တွေ့မှာ သေချာပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- လွန်ခဲ့တဲ့ ၈ နှစ်က ငယ်ငယ်ကတည်းက တူတူကြီးပြင်းလာကြတဲ့ အားချီ၊အားမောင်းနှင့် ကျင်းကျိုင်တို့ဟာ နဂါးဂိုဏ်း အစ်ကိုယို့ရဲ့ လက်အောက်ကို ဝင်ခဲ့ပါတယ်။အစ်ကိုယို့ကလည်း သူတို့ ၃ ယောက်ကို စောင့်ရှောက်ပေးခဲ့ပါတယ်။ဒါပေမယ့်လဲအစ်ကိုယို့ အောင်မြင်နေချိန်မှာ မထင်ထားပဲဓားသမားတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ အဲ့နောက်မှာတော့ အစ်ကိုယို့ တစ်ယောက် ဒုက္ခိတဖြစ်သွားရရှာပါတယ်။အစ်ကိုယို့ ပြဿနာဖြစ်ပြီးနောက်မှာ အားချီဟာ ကုမ္ပဏီကို ဦးဆောင်ခဲ့ပါတယ်။အားမောင်းကတော့ ပုန်းခိုနေပြီး သူ့ဇနီးနဲ့အတူ သာမန်ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ကျင်းကျိုင်ကတော့ နေရာရဖို့ရန်အတွက် ပြိုင်ဖက်သူဌေးအတွက် အလုပ်လုပ်ပေးနေခဲ့ပါတယ်။ အစ်ကိုယို့အတွက် ကလဲ့စားချေချင်နေတဲ့ မရီးဟာ အစ်ကိုယို့ကိုတိုက်ခိုက်တဲ့ကိစ္စမှာ ညီအစ်ကို ၃ ယောက်ထဲက တစ်ယောက်နဲ့ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါ……ညီအစ်ကိုနဲ့ အကျိုးအမြတ်တွေ ရှုပ်ထွေးနေတဲ့ အချိန်မှာအရင်က သေအတူရှင်အတူဖြစ်ခဲ့ကြတဲ့ ၃ ယောက်သား ဘယ်လိုရွေးချယ်ကြမလဲ……သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကရော ဘယ်လို ဇာတ်သိမ်းမျိုးတွေကို ဦးတည်နေကြမလဲ...

Crypto Boy (2023) ⭐IMDB: 5.6/10 (481 Votes) 🎬 #Drama #Uncategorized 🗓 2023 🎞 movie 🌎 #Netherlands ⏰ 1 နာရီ 43 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနှစ် ၁၀ လပိုင်းမှာတင် Netflix ကထွက်ထားတဲ့အသစ်စက်စက်ဇာတ်ကားလေး။ကားနာမည်အရဆို ခရစ်ပတို အကြောင်းအဓိကပြရိုက်ထားသလိုထင်ရပေမဲ့ ကြည့်ကြည့်ရင် အဖေနဲ့ သားကြားက သံယောဇဉ်ပတ်သတ်မှု bond တစ်ခုကိုမြင်ရမှာပါ။ အသက် ၂၀ မခံချင်စိတ်အပြည့်၊မြှီးကောင်ပေါက် အရွယ် အာမီရ်နဲ့ အရွယ်ရောက်လာလည်းသားသမီးအပေါ်ကလေးလို ဘာမှမလုပ်တတ်သေးပါဘူးဆိုပြီး ဘယ်အရာမှ စိတ်မချ လက်မလွှဲတတ်တဲ့ မက္ကဆီကန်စားသောက်ဆိုင်ပိုင်ရှင် အိုမာတို့ရဲ့အဖေတစ်ခု၊သားတစ်ခုဇာတ်အိမ်လေးဖြစ်ပါတယ်။ဆိုင်ပိုင်ရှင်သားဖြစ်ပေမဲ့ deli ပဲလိုက်ပို့နေရတော့စိတ်အိုက်လာတဲ့တစ်နေ့ deli လိုက်ပို့ရင်း ရွိုင်ရဲ့ခရစ်ပတိုဟောပြောပွဲကိုရောက်သွားတော့၊ ရွိုင်မှာ အာမီရ်ဖြစ်ချင်အားကျရတဲ့ ငယ်ရွယ်ချမ်းသာပျော်ပါးပြီး လုပ်ငန်းကိုဦးစီးနေတာတွေ့ရချိန် အာမီရ်အားတွေတက်ပြီး ရွိုင်လိုဖြစ်အောင်လုပ်မယ်ဆိုပြီး ရွိုင့်ရဲ့ ခရစ်ပတိုကုမ္ပဏီမှာအလုပ်ရအောင်လျှောက်ပါတော့တယ်။ ရွိုင်ကလည်း အာမီရ်လုပ်ရည်ကိုင်ရည်ကိုသဘောကျသွားတော့အလုပ်ခန့်ပြီး ဘောနပ်စ်တွေပါပေးလိုက်ပါသေးတယ်။ လူကြီးတို့သဘာဝအတိုင်း အသစ်အဆန်းတွေထွက်လာရင်စိတ်တိုင်းမကျသံသယများတတ်တဲ့ အိုမာက သားဖြစ်သူ ခရစ်ပတိုဆိုတဲ့အသစ်အဆန်းနဲ့အလုပ်လုပ်ပြီးငွေအများကြီးရနေတာ့ မယုံသင်္ကာစိတ်ပူမိပြီး သားအဖ နှစ်ယောက်အခြေအနေကအရင်ကထက် တကျက်ကျက်ပိုဖြစ်ကုန်ပါတယ်။ ဒါပေမဲ့ ဘဝဆိုတဲ့အတိုင်း တန်းတန်းမတ်မတ်သွားတာဘယ်ရှိမတုန်း။ တနေရာရာ ခလုတ်ငုတ်တို့နဲ့တိုက်မိချိန်မှာတော့ ဒီသားအဖနှစ်ယောက်ပဲရှိချိန်တစ်ယောက်ကိုတစ်ယောက်မှီတင်းဖေးမရင်းသံဝေဂရစရာကြည့်ရမှာဖြစ်ပါတယ်...

Wheels on Meals (1984) ⭐TMDB: 69.0% User Score 🎬 #Action #Comedy #Crime #Romance 🗓 1984 🎞 movie 🌎 #HongKong #HongKong ⏰ 1 နာရီ 50 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တရုတ်ကွန်ဖူးရုပ်ရှင်တွေမှာ နာမည်ကြီးတဲ့မင်းသားသုံးဦးဖြစ်တဲ့ Jackie Chan, Yuen Biao, Sammo Hung တို့ရဲ့ ပေါင်းစပ်မှုဖြစ်ပါတယ်။ ထုံးစံအတိုင်း ကွန်ဖူးနဲ့ဟာသကို ရောထားတဲ့ ကားလေးပါ။ ဇာတ်လမ်းကတော့ စပိန်နိုင်ငံမှာပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ Jackie Chan နဲ့ Yuen Biao တို့ဟာ စပိန်နိုင်ငံမှာ အခြေချတဲ့ တရုတ်လူမျိုးတွေဖြစ်ပြီး Mobile စားသောက်ဆိုင်လေးနဲ့ အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ထားပါတယ်။ Yuen Biao ရဲ့အဖေကတော့ စိတ်ကျန်းမာရေးမကောင်းသူမို့ ဆေးရုံကိုသွားရင်းနဲ့ လှပချောမောတဲ့ စပိန်သူ လေးကို တွေ့ခဲ့ကြရပါတယ်။ အဲဒီ လှပတဲ့စပိန်သူလေးက Jackie Chan နဲ့ Yuen Biao တို့ကို ဒုက္ခတွေအမျိုးစုံရောက်စေခဲ့ပါတယ်။ အလွတ်စုံထောက် Sammo Hung ကလည်း သူ့ရဲ့အမှုသည်အတွက် အဲဒီစပိန်သူလေးနောက်ကို လိုက်နေသူဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ လူဆိုးတစ်အုပ်က စပိန်သူလေးကို အတင်းပြန်ပေးဆွဲဖို့ ကြိုစားတာကို မင်းသားသုံးယောက်က ကယ်ရင်းနဲ့ တကယ့်ဇာတ်လမ်းတစ်ခုထဲ ရောက်နေမှန်းသိလိုက်ရပါတယ်။ ဘာကြောင့် အဲဒီစပိန်သူလေးကို လူဆိုးတွေက အလိုရှိသလဲ။ မင်းသား သုံးယောက်က ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ရှုစားကြပါ။ ဒီဇာတ်ကားထဲက Villain တစ်ယောက် ဖြစ်တဲ့ Benny Urquidez The Jet ဟာ အပြင်မှာ တကယ့်ကစ်ဘောင်ဆာချန်ပီယံ တစ်ယောက်ဖြစ်ပြီး Jackie Chan နဲ့ Fight တဲ့ Fighting Scenes ဟာ အခုအချိန်အထိ နာမည်ကြီးပါတယ်။ ဒီကားအပြီးမှာ Jackie နဲ့ The Jet ဟာ ခင်မင်သွားပြီး နောက်ပိုင်း Jackie ရဲ့ကားတွေမှာလည်း The Jet ဟာ ဝင်ပြီးသရုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။...

Old Dads (2023) ⭐IMDB: 6.2/10 (18 k Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ant Man ထဲမှာဇာတ်ပို့အဖြစ်နာမည်ကြီးတဲ့ Bobby Cannavale နဲ့ အက်ရှင်ဇာတ်ကြမ်းတော်တော်များများမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ Bokeem Woodbine နဲ့ဟာသမင်းသား Bill Burr တို့သုံးယောက်ပေါင်းပြီး ရိုက်ကူးထားတဲ့ Old Dads ဆိုတဲ့ဟာသဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ IMDb Rating 6.3 ရရှိထားပြီးကြည့်လို့ကောင်းတဲ့ထဲမှာ ပါတဲ့ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲအသက်ကြီးမှ အဖေထဖြစ်တဲ့ဂျက်ခ် ကော်နာနဲ့ မိုက်ခ်တို့သူငယ်ချင်းသုံးယောက်နဲ့ သူတို့မိသားစုအကြောင်းတွေကို အဓိကဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။သူတို့ သူငယ်ချင်း သုံးယောက်က အားကစားအင်္ကျီထုတ်တဲ့ ကုမ္ပဏီတစ်ခုပိုင်ဆိုင်ကြပြီး အဲ့ဒီကုမ္ပဏီကို ရောင်းလိုက်ကြတဲ့အခါမှာတော့ အဲ့ဒီကုမ္ပဏီရဲ့ဝန်ထမ်းတွေအဖြစ်နဲ့ ပြန်ပြီးအလုပ်ဝင် ရပါတော့တယ်။ပိုင်ရှင်ဘဝကနေ ဝန်ထမ်းဘဝရောက်သွားတာဆိုတော့ သူတို့ဘဝတွေ ကလည်း ပိုကြပ်တည်းလာပါတော့တယ်။အဲ့ဒီအပြင်ကိုမှ မိသားစုပြဿနာတွေနဲ့ လုံးလည်ချာလည်ရိုက်ရင်း ဖြစ်လာတဲ့ပြဿနာတွေကလည်း မနည်းပါဘူး။ဒါပေမယ့် အဖေတွေဆိုတာက အဲ့လိုပြဿနာတွေကိုကျော်လွှားပြီး မိသားစုရဲ့တာဝန်ကို ကျေပွန်အောင် ကြိုးစားရတဲ့လူတွေပါပဲ။ဒီတော့ အဲ့ဒီအခက်အခဲတွေကို သူတို့ သူငယ်ချင်းသုံးယောက် ကျော်လွှားကြရင်းနဲ့ ဖြစ်လာတဲ့ရယ်စရာတွေ ဝမ်းနည်းစရာတွေကိုပေါင်းစပ်ပြီး ပညာပေးတဲ့အနေနဲ့ပါရိုက်ကူးထားတဲ့ လက်လွှတ်မခံကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...

PAW Patrol: The Mighty Movie (2023) ⭐IMDB: 6.0/10 (3 k Votes) 🎬 #Action #Adventure #Animation #Family #ScienceFiction #Comedy #Drama #Fantasy #SciFi 🗓 2023 🎞 movie 🌎 #UnitedStates #Canada #France #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 PAW Patrol: The Mighty Movie(2023) **********************************ရုံတင်ပြသသွားတယ် ခွေးပေါက်လေးတွေ ကာတွန်းအသစ်လာပါပြီ။ နာမည်ကျော် PAW Patrolကာတွန်းစီးရီးကနေ ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မိသားစုလိုက်ကြည့်ဖို့နဲ့ကလေးငယ်လေးတွေကိုပြဖို့ အသင့်တော်ဆုံး ကာတွန်းရုပ်ရှင်ပါပဲ။ ရိုင်ဒါဆိုတဲ့ ကောင်လေးမှာ PAW Patrol ဆိုတဲ့အဖွဲ့လိုက် ခွေးပေါက်လေးလေးတွေရှိပြီး သူတို့တွေဟာစွန့်စားခန်းမြို့တော်ကြီးကို ကာကွယ်ရတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဗန့်စ်ဆိုတဲ့ အရူးသိပ္ပံပညာရှင်တစ်ယောက်ကဥက္ကာခဲတစ်ခုကို ကမ္ဘာပေါ်ကို ဆွဲယူခေါ်လိုက်တဲ့အခါ PAW Patrol တွေက ဥက္ကာခဲကို တားဆီးရင်းနဲ့စူပါပါဝါတွေ ကိုယ်စီရကုန်ပါတယ်။ အဲဒီ စူပါပါဝါတွေကို သိပ္ပံပညာရှင်ဗန့်စ်ကလည်း လုယူပြီး ကမ္ဘာကြီးကိုဖျက်ဆီးဖို့ ကြံစည်လာတဲ့အခါခွေးပေါက်လေးတွေအဖွဲ့နဲ့ တိုက်ပွဲဖြစ်လာပါတော့တယ်...