无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Teri Baaton Mein Aisa Uljha Jiya (2024) ⭐IMDB: 7.1/10 (43 k Votes) 🎬 #Bollywood #Comedy #Drama #Romance #ScienceFiction #SciFi 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 21 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Teri Baaton Mein Aisa Uljha Jiya (2024) “ချစ်သူရဲ့ စကားသည်သာ… ” IMDb – 7.1/10 အားလုံးစောင့်မျှော်နေကြတဲ့ ဘတ်ဂျတ် ရူပီး ၇၅ကုဋေ အသုံးပြုထားပြီးနှစ်ဆပြန်ဝင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ခင်ဗျားတို့သိပ်ကြိုက်ကြတဲ့ မင်းသားရှာဟစ်ကပူးနဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ မင်းသမီးလေး ကရီသီးတို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အာယန်ဆိုတာ အိန္ဒိယရဲ့ အတော်ဆုံးပရိုဂရမ်မာတွေထဲက တစ်ယောက်ပေါ့။မိခင်ဖြစ်သူရဲ့ အိမ်ထောင်ပြုဖို့ တဂျီဂျီနားပူနားဆာလုပ်သမျှ အကြောင်းအမျိုးမျိုးပြရှောင်နေရင်း ဇီဇာကြောင်တဲ့လူပျိုကြီးဘ၀ကိုဖြတ်သန်းနေတဲ့သူ။ အမေရိကက အဒေါ်ဖြစ်သူပိုင်တဲ့ စက်ရုပ်ကုမ္ပဏီရဲ့ အိန္ဒိယရုံးခွဲတစ်ခုမှာ အလုပ်လုပ်နေတဲ့သူ။တစ်ရက် ပရောဂျက်အသစ်တစ်ခုအတွက် အမေရိကကိုလာဖို့ အဒေါ်ဖြစ်သူကလှမ်းခေါ်တော့အမေ့ရဲ့မိန်းမယူဖို့နားပူနားဆာလုပ်တဲ့ရန်က ဝေးပြီဆိုပြီး ဝမ်းသာအားရပြေးပါတယ်။ အိန္ဒိယမှာနေတုန်းက သူ့ဆီမှာအလုပ်လုပ်ဖို့ အိမ်အကူမရှိတော့အထိ ဇီဇာကြောင်လွန်းတဲ့ အာယန်တစ်ယောက်အဒေါ့်ဆီရောက်တဲ့အခါမှာတော့ အဒေါ်ဖြစ်သူရဲ့ မန်နေဂျာဆိုသူ စီဖရာရဲ့ လုပ်ပုံကိုင်ပုံတွေကိုသဘောအကျကြီးကျရာကနေ သိလိုက်ရတာက စီဖရာက စက်ရုပ်မလေး ဖြစ်နေတယ်ဆိုတာပါပဲ။ ဒီကနေ အာယန်ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်တည်လာမယ်ဆိုတာကတော့ဒီသိပ္ပံခေတ်လွန်ရုပ်ရှင်ကားကြီးမှာ စီးမျောခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်)...
Mayhem! (2023) ⭐TMDB: 69.0% User Score 🎬 #Action #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #France #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mayhem 2023 အညွှန်း ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ IMDB 6.3 ရရှိထားပြီးRotten tomatoes မှာ 79% အထိရရှိထားတဲ့ The Raid တို့ John Wick တို့လိုမျိုးအက်ရှင်ကောင်းကောင်း Cinematography ကောင်းကောင်းလေးနဲ့၂၀၂၃ ကထွက်ရှိထားတဲ့ ပြင်သစ်-ထိုင်း အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။လက်ဝှေ့သမားဟောင်း ထောင်ထွက်ဖြစ်တဲ့ ဆမ်တစ်ယောက်ထောင်ထဲက ထွက်လာပြီးနောက် သမားရိုးကျရှာစားချင်ပြီး မိသားစုနဲ့အေးဆေးနေချင်တာပါ။ဒါပေမဲ့လည်း ကံမကောင်းအကြောင်းမလှဘဲ အရင်က သူ့ရဲ့ဒုစရိုက်မှုတွေက သူ့ဆီတစ်ကျော့ပြန်လှည့်လာတဲ့အခါ…သမီးလေးဓားစာခံဖြစ်ခဲ့ရတော့ ဆမ်တစ်ယောက် ဘယ်လိုတွေများ ကလဲ့စားလိုက်ချေမလဲ။ဘယ်လိုတွေ ဒီလောကကနေ ရုန်းထွက်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။ အညွန်း နဲ့ ဘာသာပြန်ကတော့Kaung Setပဲ ဖြစ်ပါတယ်။...
Tirza (2010) ⭐TMDB: 53.0% User Score 🎬 #Drama #Thriller 🗓 2010 🎞 Series 🌎 #Netherlands ⏰ 1 နာရီ 44 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ငါ့ရဲ့ နေဘုရင်မလေး တီဇာ။ သားသမီးပြုစုပျိုးထောင်မှုဆိုတာ ငါမသိပါဘူး။ စာပေနယ်ပယ်မှာ ကျင်လည်ခဲ့တဲ့အတွေ့အကြုံတွေကသာ မီးကိုဘယ်လိုပြုစုပေးရမလဲဆိုတာမျိုးမဟုက်တာတော့ သေချာနေတယ်။ နမ်ဘီယာကို အပြီးအပိုင်ထွက်ခွာသွားတဲ့ သမီးက တကယ်တော့သူ့ဘဝထဲက အပြီးအပိုင်ထွက်ခွာ သွားခြင်းပါပဲ။ သူဒါကို မကျေမနပ်ဖြစ်နေဆဲပါ။ သူတို့သားအဖနှစ်ဦး အတူတူနေလို့မရတာဟာ အဖေ့အမှားလား၊ သမီးအမှားလည်း ဒါမှ မဟုက် လူ့ယဥ်ကျေးမှုအမှားလား။ တစ်ခုခုတော့တစ်ခုခုပါပဲ။ သမီးကို နောက်ဆုံးတစ်ခေါက် အနေနဲ့တွေ့ရဖို့အတွက် ကန္တာရထဲသွားခဲ့ပါတယ်။တကယ်ပဲ နောက်ဆုံးတစ်ခေါက်ပါပဲ။ ယူကျုံးမရ၊ ဖက်တွယ်ရာမရတော့တဲ့လူသားတစ်ယောက်ဟာ ကလေးငယ်လေး ကိုင်ဇာကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။.. ဒီဇာတ်ကားကို Rudolf Van Den Berg ကရိုက်ကူးခဲ့ပြီး winner ဆု ၄ ခုနှင့် တင်သွင်းခံရတဲ့အဆင့်၆ ခါရရှိခဲ့ပါတယ်။ IMDb rating 6.4 ရရှိထားပါတယ်။...
Cat and Dog (2024) ⭐IMDB: 5.1/10 (292 Votes) 🎬 #Adventure #Animation #Comedy 🗓 2024 🎞 movie 🌎 #France #Canada ⏰ 1 နာရီ 27 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စိတ်တွေပင်ပန်းနေတဲ့အချိန်မှာပေါ့ပေါ့ပါးပါးပျော်စရာ ဇာတ်ကားလေးတွေကြည့်ချင်တယ် ကြောင်လေးခွေးလေးတွေကို ချစ်တတ်တဲ့သူလည်းဖြစ်တယ်ဆိုရင်ကြည့်သင့်တဲ့ Cat And Dog ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Rating 5.1 ရရှိထားတဲ့အတွက်ထုံးစံအတိုင်းသာမန်အနေအထား လေးနဲ့ကြည့်ပျော်ရှုပျော်ရှိပါတယ်။ ဇာတ်လမ်းနာမည်အတိုင်းပဲ ကြောင်နဲ့ခွေးကိုအဓိကဇာတ်ကောင်တွေ အနေနဲ့ တွေ့ရမှာဖြစ်ပြီး ကြောင်ကတော့ဒီဗာဆိုတဲ့ နာမည်ကြီး Influencer ကြောင်ပဲ ဖြစ်ပါတယ်။ခွေးကတော့ ဒီအတိုင်း လမ်းဘေး ခွေးလေးတစ်ကောင်သာဖြစ်ပေမဲ့ ဒီဇာတ်ကားမှာ ဘယ်လိုအရေးပါလာတာလဲ ဆိုတာကိုပြောရရင်တော့ သကြားလုံးပန်းသီးလို့ ခေါ်တဲ့ တန်ဖိုးကြီးပတ္တမြားကို ခိုးလာတဲ့ သူခိုးဆီကနေ စားမိသွားလို့ပါပဲ။ဒီတော့ ပတ္တမြားပြန်ထွက် လာတာစောင့်ဖို့ တစ်နည်းပဲ ရှိတော့တဲ့အတွက် သေးခံလေး ဝတ်ပေးထားတာကလည်း တော်တော်ချစ်စရာကောင်းပါတယ်။ အဲ့ဒီ သူခိုးရဲ့နာမည်ကတော့ ဂျက်ခ်လို့ခေါ်ပြီးအဲ့ဒီရတနာကို ခိုးလာတဲ့အတွက်နယူးယောက်ကိုသွားပြီး ခြေရာဖျောက်ဖို့ ပတ္တမြားစားထားတဲ့ ခွေးလေးနဲ့လေဆိပ်ကိုထွက်လာတဲ့အချိန်မှာ ဒီဗာနဲ့ သူ့ပိုင်ရှင်မိုနီကာနဲ့တွေ့ခဲ့ပြီးနောက်ပိုင်းမှာတော့ ကြောင်လေးနဲ့ ခွေးလေးကသက်သက် ပိုင်ရှင်နှစ်ယောက်ကလည်းသက်သက် စွန့်စားခန်းတွေထွက်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက် ဖြစ်ကြမယ်ဆိုတာကို ဟာသတွေနဲ့နှောပြီးကြည့်ရမဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။...
Welcome to Waikiki (2018-2019) ⭐IMDB: 8.2/10 (3 k Votes) 🎬 #Drama #Comedy 🗓 2018-2019 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 6 မိနစ် 18 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Welcome to Waikiki Season 1 (2018) and Season 2 (2019)Welcome to Waikiki (2018)ကိုယ့်ဘဝမှာ မှန်းချက်နဲ့နှမ်းထွက်မကိုက်တာတွေပဲ အမြဲကြုံနေရလား၊ ကိုယ်ကြံစည်ထားသမျှ အမြဲလွဲချော်နေလား၊ ဒါဆိုရင်တော့ ဒီဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေက သင်တို့ကို ခပ်ထေ့ထေ့လေးကြည့်ပြီး ရယ်နေပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုရင် သူတို့တွေလောက် ဘယ်သူမှ မလွဲနိုင်လို့ပါပဲ2018မှာ JTBCက ထုတ်လွှင့်ခဲ့ပြီး တစ်ကားလုံးက အရယ်သန်သူဆို ခွက်ထိုးခွက်လန်ရယ်၊ အရယ်မသန်တဲ့သူဆို ပါးစပ်မစိနိုင်အောင်ဖြစ်စေခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ Welcome to Waikikiကို တင်ဆက်ပေးလိုက်ပါပြီ“ဂင်ချားနား” တစ်ခွန်းထဲနဲ့ မသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ စိတ်ပင်ပန်းစရာတွေ၊ စိတ်ဓါတ်ကျစရာတွေများနေတဲ့ ခုလိုအချိန်မှာ စိတ်အပန်းဖြေဖို့၊ ဘဝကိုဟားတိုက်ရယ်မောပစ်ဖို့ အကောင်းဆုံးဓါတ်စာဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ ….. ရည်မှန်းချက်ကို မိုးထိအောင်ကြီးတဲ့ သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ဒါရိုက်တာရူး Dong Goo ( Kim Jung Hyun) မင်းသားရူး Jong Ki ( Lee Yi Kyung) နဲ့ စာရေးဆရာပိုးထနေတဲ့ Doo Sik ( Son Seung Won) တို့ဟာကမ္ဘာလှည့်ခရီးသွားတွေ အလည်အပတ်များတဲ့ ကိုရီးယားနိုင်ငံ အီထယ်ဝန်းအရပ်မှာ Waikiki (ဝိုင်ကီကီ) အမည်နဲ့ တည်းခိုရိပ်သာလေးဖွင့်ကာ အဲ့ဒီကအမြတ်အစွန်းတွေနဲ့ ရုပ်ရှင်တစ်ကားရိုက်ပြီး “လာသွားမယ် ဟောလိဝုဒ် “အိပ်မက်ကို အကောင်အထည်ဖော်ချင်ကြတာပါဒါပေမဲ့လည်း ကံဆိုးမနောက် လိုက်တဲ့မိုးသာ ခမ်းသွားမှာပါ သူတို့ရဲ့ တည်းခိုခန်းလေးကတော့ ဧည့်သည်မလာသလို သူတို့ရဲ့ မဟာရည်မှန်းချက်ကြီးကလည်း ပျောက်လုဆဲဆဲပါပဲ၊ အဲ့ဒီအချိန်မှာ သူတို့ရဲ့ဧည့်ရိပ်မြုံလေးကို Yoon Ah (Jung In Sun) လို့ခေါ်တဲ့ တစ်ကိုယ်တော်မိခင်တစ်ယောက် ထူးထူးဆန်းဆန်း ရောက်ရှိလာတဲ့အခါ အစကတည်းကလွဲနေတဲ့ဘဝတွေက ဘယ်လောက်ထိဆက်ပြီးလွဲချော်ကြဦးမလဲဆိုတာကို အပိုင်းတိုင်းမှာ အစအဆုံး ဝါးလုံးကွဲရယ်မောရင်း ကြည့်ရှုခံစားရမှာပါ။ဇာတ်လမ်းအညွှန်းကိုတော့ JimX က ရေးသားပေးထားပြီးတော့ဘာသာပြန်တွေကတော့ JimX, Amelia, Shwe Pyae, Thet Hnin Hsu, Kim Khin Hana, Eain Lay, Milkeux တို့ပဲ ဖြစ်ကြပါတယ်။...
The Color Purple (2023) ⭐IMDB: 6.9/10 (14 k Votes) 🎬 #Drama #Musical 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 21 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Color Purple (2023) ~ IMDb – 6.9/10, RT – 82%, Meta – 72% ~ ကျွန်တော်တို့ရဲ့ ဂန္ထဝင်ကြီး စတီဗင်စပီးဘာ့ဂ်ဟာ ၁၉၈၅မှာ The Color Purple ကို ရိုက်ခဲ့ဖူးတယ်။ ဒီကားက အဲဒီကားနဲ့ ဇာတ်လမ်းအတူတူပဲ။ ဒါပေမဲ့ Remake ရိုက်တယ်ဆိုတာထက် Musical ဗားရှင်းအဖြစ်နဲ့ ပြန်အသက်သွင်းတယ်လို့ပဲ သုံးချင်တယ်။ မူရင်းကတော့ Alice Walker ရဲ့ ပူလစ်ဇာဆုရထားတဲ့ ဝတ္ထု။ မြူဇစ်ကယ်အနေနဲ့အသက်သွင်းထားတယ်ဆိုတော့လည်း စပီးဘာ့ဂ်ဗားရှင်းနဲ့ မတူဘဲ ပြုတ်ကျန်ခဲ့တဲ့နားတွေလည်းရှိတယ်။ ဒါပေမဲ့ ပိုခမ်းနားသွားတာလည်းရှိတယ်။ ဒါတော့ ခေတ်အရရော မြူဇစ်ကယ်အနေနဲ့ရောဖြစ်နေလို့ နည်းနည်းပိုလှပစေချင်လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ လူမဲအမျိုးသမီးတွေရဲ့ အဖိနှိပ်ခံဘဝအကြောင်းကို အဓိကထားပြတဲ့ရုပ်ရှင်ဆိုတော့ စပီးဘာ့ဂ်ဗားရှင်းက ပိုပြီးပနံသင့်မယ်လို့တော့ မြင်တယ်။ ဘယ်ဒါရိုက်တာတွေ ဘယ်လိုပဲကောင်းကောင်း ကျွန်တော်တို့အချစ်ကို မပေးပစ်နိုင်စေတဲ့ ဟိုးဟောလိဝုဒ်ရွှေခေတ်မကုန်ခင်ကတည်းက ဒါရိုက်တာကြီးတွေထဲကတစ်ယောက်ဖြစ်တဲ့ စပီးဘာ့ဂ်ရဲ့ဗားရှင်းနဲ့တော့ ယှဉ်ထိုးဖို့လည်း မအပ်စပ်ပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်ကိုအရင်ကြည့်ဖြစ်ဖို့ ကြိုက်ခဲ့ရင်တော့ စပီးဘာ့ဂ်ရဲ့ The Color Purple ကိုလည်း ကြည့်စေချင်တယ်။ ဇာတ်ကအတူတူချင်းဆိုပေမဲ့ မတူညီတဲ့အရသာတချို့ကျန်နေသေးလို့ပါပဲ။ ဒါပေမဲ့ တစ်ခုရှိတာက မူရင်းကတော့ အော်စကာတွေ ၁၀ခုတိတိ ဆန်ခါတင်ဝင်ခဲ့ပေမဲ့ ဒီဗားရှင်းကတော့ Best Supporting Actress နဲ့ပဲ ဆန်ခါတင်ဝင်ခဲ့ပါတယ်။ မူရင်းမှာတော့ အိုပရာဝင်းဖရေးလို လူမဲ Iconic Person ပါ ပါတယ်။ ဒီမှာတော့ Halle Bailey တို့ ဒီနှစ်မှာပဲ Rustin နဲ့ မင်းသားဆုဆန်ခါဝင်ဝင်ခဲ့တဲ့ Colman Domingo တို့ပါထားတယ်။ ဒီကားကိုလည်း မူရင်းကားထဲက ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ စပီးဘာ့ဂ်နဲ့ အိုပရာဝင်းဖရေးတို့အပြင် မူရင်းပရိုဂျူဆာ Quincy Jones ကပါ ပရိုဂျူဆာလုပ်ပေးထားတယ်။ The Color Purple ဟာ ဖိနှိပ်ခံရမှုနဲ့ မျှော်လင့်ချက် ယုံကြည်ချက်တို့အကြောင်းဆိုပြီး ကျွန်တော်တို့ ရိုးရိုးလေး ပြောလို့လည်းရတယ်။ လူမဲသီးသန့်ကားပေမဲ့ လူမဲဖိနှိပ်ခံရမှုအကြောင်းကို သိပ်တော့မပြထားဘူး။ လူမဲအမျိုသမီးတွေကို လူမဲအမျိုးသားတွေက ပြန်ဖိနှိပ်တဲ့အကြောင်းဘက်ကိုပဲ ပိုသွားတယ်။ လူမဲဖိနှိပ်ခံရမှုနဲ့ပတ်သက်ရင်တော့ စပီးဘာ့ဂ်ဗားရှင်းက နည်းနည်းပိုတာသွားလိမ့်မယ်။ ဒီမှာတော့ ထပ်မလိုတော့ဘူးထင်လို့လားမသိ အဲဒီအကြောင်းအရာက တဖြတ်လောက်ပဲပါလိမ့်မယ်။ ဒါပေမဲ့ တကယ်လည်း ထပ်မလိုလှတော့ဘူးလို့ ထင်ရတာပါပဲ။ လူမဲတွေကိုယ်တိုင်တောင် ထပ်မလိုတော့ကြောင်းကို ဒီနှစ် American Fiction ဆိုတဲ့ ရုပ်ရှင်မှာတင်ပြသွားပြီး ဇာတ်ညွှန်းဆုအော်စကာရသွားခဲ့ပြီးပါပြီ။ ဒီတော့ The Color Purple မှာ လူမဲအမျိုးသမီးတွေ ဖိနှိပ်ခံရမှုသက်သက်ကိုပဲ ပြန်တင်ပြထားတယ်လို့ ဆိုလို့ရပါတယ်။ ဘယ်လောက်ထိဆိုးလဲဆို ညီအစ်မနှစ်ယောက်ရှိတယ်။ သူတို့အဖေက အစ်မဖြစ်သူနဲ့ ကလေးနှစ်ယောက်မွေးပြီး ကလေးတွေကို ရောင်းစားပစ်တာလား သတ်ပစ်တာလားတစ်ခုခုလုပ်ပစ်တယ်။ သူတို့ကိုလည်း ကျွန်ဘဝနဲ့ မသေရုံတမယ်ထားထားတယ်။ တစ်နေ့ လူတစ်ယောက်က သူ့ညီမကို လက်ထပ်ခွင့်လာတောင်းတော့ သူတို့အဖေက သူ့အစ်မကို ပေးလိုက်တယ်။ ပေးလိုက်တယ်ဆိုတာ စကားလှအောင် သုံးနှုန်းလိုက်တာပါ။ တကယ်က ရောင်းစားပစ်တာပါပဲ။ သူ့ညီမကိုတော့ အဲဒီညမှာ သူကြံတယ်။ အထမမြောက်ဘဲ ထွက်ပြေးလာတဲ့ သူ့ညီမက သူ့အစ်မနေတဲ့ဆီရောက်လာတယ်။ နေခွင့်တောင်းတော့ ပေးနေပေမဲ့ အဲဒီညမှာ သူ့အစ်မယောက်ျားက သူ့ကို ကြံပြန်တော့ သူလည်းထပ်ထွက်ပြေးခဲ့ရတယ်။ ဒီတော့ သူတို့အတွက် သူတို့ပဲရှိတဲ့ သိပ်ချစ်ကြတဲ့ ညီအစ်မနှစ်ယောက် ဝေးသွားကြတယ်။ စာပို့လာရင်လည်း သူ့ယောက်ျားက ဖျက်ဆီးပစ်တော့ သူတို့ကြား လုံးဝအဆက်အသွယ်ပျက်သွားတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာအောင် နှိပ်စက်ခံရင်း မျှော်လင့်ချက်နဲ့ စောင့်လာခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲဒီအမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Ae Watan Mere Watan (2024) ⭐IMDB: 6.4/10 (64 Votes) 🎬 #Biography #Bollywood #Drama #History #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ae Watan Mere Watan (2024)( Do or Die) IMDb 7.3/10 ဒီကားက 1942 ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှနယ်ချဲ့တွေ အိန္ဒိယကိုသိမ်းပိုက်လိုက်တဲ့အချိန်မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ အိန္ဒိယလွတ်လပ်ရေးအတွက် မဆုတ်မနစ် အနစ်နာခံကြိုးစားပုံတွေကိုပုံဖော်ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ “ကြီးမားတဲ့အောင်မြင်မှုက သေးသေးလေးကနေပဲ စတင်တယ်” တစ်ခုကိုလိုချင်ရင် တစ်ခုပေးဆပ်တတ်ရတာမို့ လွတ်လပ်ရေးလိုချင်လို့အသက်ပေးခဲ့ရသူတွေဒုနဲ့ဒေးဖြစ်နေတဲ့ အင်္ဂလိပ်တွေအုပ်စိုးနေတဲ့ ဗြိတိသျှအင်ပါယာတစ်ခေတ်မှာပေါ့။အူရှာက အိန္ဒိယဘက်တော်သားဖြစ်ပြီး တစ်အိမ်တည်းနေတဲ့ သူ့အဖေကတော့ အင်္ဂလိပ်ဘက်တော်သားပါ။ တရားသူကြီးလည်းဖြစ် အင်္ဂလိပ်တွေက ကားအကောင်းစားကြီးလည်းချီးမြှင့်ထားတော့ တစ်ဖက်စွန်းရောက်ဖြစ်ပြီး အိန္ဒိယသားတွေရဲ့ လှုပ်ရှားသူတွေဆို ရွံမုန်းနေသူတစ်ယောက်ပေါ့။ သတင်းမှန်ပြန်ကြားဖို့နဲ့ ပြည်သူတွေ စိတ်အားထက်သန်လာပြီး တိုင်းပြည်ကို ဖိနှိပ်နေတဲ့ အင်္ဂလိပ်နယ်ချဲ့တွေကို တော်လှန်ဖို့အူရှာတို့အဖွဲ့ ကွန်ကရက်ရေဒီယိုဆိုတဲ့ ရေဒီယိုအသံလှိုင်းတစ်ခု ထုတ်လွှင့်ဖို့ ကြိုးစားပါတော့တယ်။ ဒီလိုအခက်အခဲတွေကြားကဉာဏ်အရမ်းပြေးတဲ့ အူရှာလေးတစ်ယောက် အိန္ဒိယလွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံကြိုးပမ်းပုံတွေအိန္ဒိယနိုင်ငံသားတွေရဲ့ အနစ်နာခံပုံတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ ပဲဖြစ်ပါတယ်)...
Katas (2024) ⭐IMDB: 7.3/10 (63 Votes) 🎬 #Adult #Drama #Thriller 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 40 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Katas (2024) လူသူမနီး သီးခြားရှိနေတဲ့ခြံကျယ်ကြီးထဲက အိမ်ကြီးတစ်လုံးကို ကာမီနာဆိုတဲ့တောသူလေးတစ်ယောက် အိမ်အကူအဖြစ်အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်။ အိမ်ကြီးရှင်သူဌေးမက ယောက်ျားငယ်ငယ်လေးယူထားတာဖြစ်ပြီး မွေးကတည်းက အလိုလိုက်ခံ ဖူးဖူးမှုတ်ခံထားရတဲ့ဘ၀နဲ့ကြီးပြင်းလာတာဖြစ်တဲ့အတွက် မောက်မာပြီး မူမမှန်တဲ့စိတ်ထားရှိတဲ့သူပါ။ အိမ်ကြီးကိုရောက်တဲ့အချိန်မှာ သူတစ်ဖြည်းဖြည်းသိလာရတာကတော့ အိမ်ရှင်မရဲ့ယောက်ျားဟာ အိမ်အကူတွေကို ငယ်ငယ်ချောချောလေးတွေမှတမင်ရွေးခန့်ထားတာဖြစ်ပြီး စိတ်ပါရင်ပါသလို နေရာမရွေး ခြေတော်တင်လေ့ရှိတဲ့သူပါ။ ဒီအကြောင်းတွေကိုသိလာရပေမဲ့ ကာမီနာကတော့ အဲဒီအမျိုးသားကိုကြုံရင်ကြုံသလို အထာပေးမျက်စပစ်လေ့ရှိပါတယ်။ ဒါတွေကိုသဘောပေါက်နားလည်တဲ့ ဘ၀တူစီနီယာတစ်ယောက်က ကြိုသတိပေးတဲ့ကြားက ရှေ့ဆက်တိုးနေတဲ့ ကာမီနာနဲ့ စားနေကျကြောင်ပါး အိမ်ရှင်အမျိုးသားနဲ့ထိပ်တိုက်တွေ့တဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Dark Windows (2023) ⭐IMDB: 4.5/10 (563 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #Norway #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Drama နဲ့ Horror အစိတ်အပိုင်းတို့ အချိုးကျကျ ရောစပ်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ် ‘တေလီ’ ‘မိုနီကာ’ ‘ပီတာ’ ‘အာလီ’ တို့ သူငယ်ချင်း ၄ ယောက်သား ကားပေါ်မှာ… အာလီ့ ကို ဝိုင်းစကြနောက်ကြရင်း အက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားတယ် ဒါကို ‘တေလီ’ က အပြစ်ရှိစိတ်ကြောင့် ဖြေမဆည်နိုင်ဖြစ်နေတဲ့အတွက် မိုနီကာ၊ ပီတာတို့က ဖြောင်းဖျပြီး… နယ်ဘက်က ဘိုးဘွားပိုင်အိမ်လေးကို စိတ်ပြေလက်ပျောက် ခရီးထွက်လာတယ် လွမ်းစရာ၊ နာစရာတို့ကို ပျော်စရာနဲ့ဖုံးပြီး မေ့ဖျောက်ပြီး လာခဲ့တဲ့ အပျော်ခရီးလေးကနေ… အပြစ်ရှိစိတ်၊ ပူဆွေးခြင်းတို့က သူတို့ကို ဆက်လက်ခြောက်လှန့်လို့ အိမ်လေးကလည်း အိပ်မက်ဆိုးသဖွယ်ဖြစ်လာပါတော့တယ် ခေါ်သံသဲ့သဲ့ကြားနေရသလို အာလီတစ္ဆေက သူတို့ကို ဘယ်လိုဆက်ပြီး ဒုက္ခပေးသွားမလဲဆိုတာကို ပရိသတ်ကြီးကပဲ ဆက်လက်အားပေးလိုက်ပါဦး...
Pollock (2000) ⭐TMDB: 67.0% User Score 🎬 #Biography #Drama 🗓 2000 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 39 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 Pollock (2000) ~ IMDb – 7/10, RT – 80%, Meta – 77% ~ ဂျက်ဆင်ပိုးလော့ဆိုတဲ့နာမည်ကို ပန်းချီပညာကို စိတ်ဝင်စားတဲ့သူ တော်တော်များများရင်းနှီးကြမှာပါပဲ။ ပိုးလော့ဟာ အမေရိကန်ပန်းချီရဲ့ ဟန်စစ်စစ်ပေါ်လာအောင် အစပြုခဲ့တဲ့လူ အမေရိကရဲ့ အကောင်းဆုံးပန်းချီဆရာလို့ သမုတ်ခံရတဲ့ ပန်းချီဆရာမျိုးပါ။ Pollock (2000) ကို Ed Harris ကိုယ်တိုင် ပိုးလော့နေရာက သရုပ်ဆောင် ရိုက်ကူးထားတယ်။ ဒီရုပ်ရှင်အစပြုတာကတော့ ဟားရစ်အဖေက ဟားရစ်ကို ပိုးလော့ဘိုင်အိုဂရပ်ဖီစာအုပ်တစ်အုပ်ပေးရာက စတယ်။ ရုပ်ရှင်အဆုံးမှာလည်း ဒီရုပ်ရှင်ဟာ သူ့အဖေနဲ့အမေကို ရည်ညွှန်းတယ်လို့ ဆိုထားတယ်။ ဒီရုပ်ရှင်ကို ဟားရစ်ဟာ စိတ်ရောကိုယ်ပါ အားထည့်ရိုက်ကူးခဲ့ပြီး ဒီထဲက ပန်းချီဆွဲခန်းတွေ ပန်းချီတွေကိုလည်း ဟားရစ်ကိုယ်တိုင်ပဲ ဆွဲခဲ့တယ်။ ဟားရစ်ဟာ ပိုးလော့ရုပ်ရှင်နဲ့ အော်စကာမှာ အကောင်းဆုံးသရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပြီး သူ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ Marcia Gay Harden ကတော့ အော်စကာဆုရသွားခဲ့ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့တော့ ဗယ်ခေးမားက ဒီကူးနင်းနေရာက သရုပ်ဆောင်ထားပြီး ဂျနီဖာကွန်နယ်လီက ပိုးလော့နဲ့အတူတူသေဆုံးခဲ့တဲ့ သူနဲ့ဖြစ်နေတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားတယ်။ ပိုးလော့ဟာ အမေရိကန်စတိုင်ပန်းချီလို့ဆိုကြတဲ့ Abstract Expressionism ခေါ် ဒြပ်မဲ့ဝေဒနာပန်းချီ ပေါ်ဦးစက ပန်းချီဆရာတစ်ယောက်။ အဲဒီမတိုင်ခင်မှာ အမေရိကန်မှာ ပန်းချီပညာတော့ရှိပေမဲ့ အမေရိကန်ဟန်စစ်စစ်လို့ပြောလို့ရတဲ့ ဟန်တော့မရှိခဲ့ဘူးလို့ ဆိုတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီကတော့ အမေရိကန်ဟန်စစ်စစ်အဖြစ် ကမ္ပညည်းတင်နိုင်ခဲ့တယ်။ အဲဒီထဲကမှ ပိုးလော့ကို အမေရိကန်ပန်းချီသမိုင်းရဲ့ သူ့ဟန်စစ်စစ်အရှိဆုံးလူအဖြစ် ဝေဖန်ရေးသမားတွေက သမုတ်ခဲ့ကြတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီဟာ ဖြစ်တည်မှုပဓာနဝါဒဆန်တယ်လို့ ခိုင်းနှိုင်းပြောကြသလို တကယ်တမ်း ဖြစ်တည်မှုပဓာနဝါဒီလို့ ဆိုသင့်တဲ့ အမေရိကန်မော်ဒန်ပန်းချီဆရာဟာ ပိုးလော့တစ်ယောက်တည်းရှိတယ်လို့လည်း ဆိုခဲ့ကြတယ်။ ပိုးလော့ဟာ သူတို့ခေတ်ပန်းချီဆရာတွေဟာ ပန်းချီရဲ့တင်ပြချင်တဲ့အကြောင်းအရာကို ရှေးကလို ပြင်ပအရာတွေကနေ ရှာစရာမလိုတော့ဘဲ အတွင်းထဲကနေပဲ ရှာကြတယ်လို့ဆိုခဲ့သလို သူကိုယ်တိုင်လည်း မသိစိတ်ကို သူ့ပန်းချီတွေရဲ့ ရင်းမြစ်လို့ ပြောခဲ့ဖူးတယ်။ ပြောရရင် ပိုးလော့ပန်းချီတွေဟာ တာကော့စကီးရုပ်ရှင်တွေလိုပဲ Flow of Consciousness ကို သုံးထားတယ်။ ပိုးလော့ရဲ့ ပန်းချီဆွဲနည်းတွေမှာ အင်ဒီးယန်းတွေရဲ့သဲပန်းချီကနေ သန္ဓေတည်လာတဲ့ အစက်ချဆွဲနည်းတွေ၊ အရှေ့တိုင်းလက်ရေးလှစာလုံးရေးပညာရဲ့ စာရွက်ကိုကြမ်းပေါ်ချပြီး စုတ်တံကို ကင်းဗတ်စ်ပေါ် ဖြတ်စီးရုံလောက်သာ စီးပြီး ဆွဲနည်းတွေပါသလို သူ့ပန်းချီအတွေးအခေါ်မှာလည်း ဟိန္ဒူတွေးခေါ်ပညာရှင် ခရစ်စနားမူရတီးရဲ့ “ကိုယ့်ကိုယ်ကိုယ်ချစ်မိရင် အမှန်တရားနဲ့လည်း ချစ်မိသွားလိမ့်မယ်”ဆိုတဲ့ အယူကလည်း စီးဝင်နေခဲ့တယ်။ ဆန်းတော့လည်း မဆန်းပါဘူး ဘာမှအသစ်မရှိဘူးမို့လား။ မူရာကာမိစာအုပ်တစ်အုပ်ထဲက စကားတစ်ခွန်းလိုပဲ “ဂီတမှာ ဘာမှအသစ်မရှိဘူး၊ ရှိပြီးသားကီးနုတ်တွေကို စုစည်းပြီး လှပတဲ့သံစဉ်တစ်ခုဖြစ်အောင် ဖွဲ့စည်းရတာပဲ” တဲ့။ ပိုးလော့ဟာလည်း ရှိပြီးသားအရာတွေကိုယူပြီး လှပတဲ့အနုပညာအသစ်တစ်ခုအဖြစ် ပြန်မွေးဖွားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်မှာတော့ ဒြပ်မဲ့ဝေဒနာပန်းချီဟန်ကို အုတ်မြစ်တည်စေခဲ့တဲ့ ဂျွန်ဂရေဟမ်၊ အက်ရှလေဂေါ်ကီတို့အပေါ် ပိုးလော့အမြင်တွေကိုလည်း ပြောထားသလို ပိုးလော့နဲ့ အောင်မြင်တဲ့ကာလခြင်းသိပ်မကွာတဲ့ ခေတ်ပြိုင်လို့ဆိုရမယ့် ဝီလျံဒီကူးနင်းတို့အပြင် တခြားနာမည်ကြီးဝေဖန်ရေးသမားတွေ အနုပညာသမားတွေကိုလည်း ထည့်သွင်းထားတယ်။ ပိုးလော့အကြောင်း ဘိုင်အိုဆိုတော့ ဒီလူတွေကို မထည့်လို့လည်းမဖြစ်လောက်ဘူးကိုး။ သူတို့က ဒီမှာ အရိပ်လောက်ပါတာဆိုတော့ ပိုသေချာသိချင်ရင်တော့ အောင်ခင်မြင့်ရဲ့ မော်ဒန်အမေရိကန်ပန်းချီနဲ့ တွဲဖက်ပြီးကြည့်တာ ပိုအဆင်ပြေပါလိမ့်မယ်။ နောက် ပိုးလော့ရဲ့ ပန်းချီအမြင်တွေ မော်ဒန်ပန်းချီအပေါ် သူ့အမြင်တွေလည်း အင်တာဗျူးတွေမှာ ပြောခဲ့တာကို ထည့်သွင်းဖော်ပြထားတယ်။ ပိုးလော့ရဲ့အတက်အကျတွေကိုလည်း ဖော်ပြထားတယ်။ ပိုးလော့ဟာ သူ့ပန်းချီတွေကို တစ်သိန်းလောက်တန်လာမယ်လို့ ထင်ခဲ့ပေမဲ့ ၂၀၁၆မှာတော့ သူ့ပန်းချီတွေဟာ သန်း၂၀၀အထိ ဈေးပေါက်နေပါပြီ။ ပိုးလော့ပန်းချီဟန်တွေကို ကျွန်တော်တို့ တော်တော်များများမြင်ဖူးကြပါတယ်။ ကလေးဆွဲခိုင်းတောင် ရတယ်လို့ ပြောတဲ့လူတွေလည်းရှိသလို ဆေးတွေပက်ချထားရင်တောင် ဖြစ်တယ်လို့ ပြောတဲ့လူတွေလည်း ရှိခဲ့တယ်။ ဘာတွေဆွဲမှန်းမသိကြတဲ့လူတွေလည်းရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ပိုးလော့ပြောထားတာကတော့… “ပန်းချီကားကြည့်ကြတဲ့လူတွေသာ ပန်းချီကိုပဲ ကြည့်လိုက်ရင် ပန်းချီကားကို ခံစားဖို့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ ပန်းခင်းကြီးကို ကြ...
Wings of Desire (1987) ⭐TMDB: 78.0% User Score 🎬 #Drama #Fantasy #Romance 🗓 1987 🎞 movie 🌎 #France #Germany ⏰ 2 နာရီ 8 မိနစ် 5 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 Wings of Desire (1987) ~ IMDb – 7.9/10, RT – 95%, Meta – 79% ~ Directed by“Wim Wenders” လူများစုကတော့ Wim Wenders ကို လက်ရှိပူပူနွေးနွေးထွက်ထားတဲ့ ဂျပန်ရုပ်ရှင် Perfect Days နဲ့ ပိုရင်းနှီးနေကြလောက်မလားမသိဘူး။ ဒါပေမဲ့ ဝန်ဒါးရဲ့ မာစတာပိစ်ရုပ်ရှင်ဆိုရင်တော့ Wings of Desire လို့ပဲ ပြောကြရမှာပဲ။ တစ်နည်းပြောရရင် Wenders ကိုယ်တိုင်ထက် သူ့ရုပ်ရှင် Wings of Desire နဲ့ WoD ရဲ့ Remake ဖြစ်တဲ့ City of Angels ကိုတောင် လူသိပိုများရင် များလောက်မယ်။ ဘာပြောပြော Wings of Desire ဟာ Greatest Movies of All Time တွေထဲက တစ်ကားဖြစ်ခဲ့တယ်။ Wings of Desire နဲ့ ဝန်ဒါးဟာ Cannes မှာရော European Film Awards မှာရော အကောင်းဆုံး ဒါရိုက်တာဆု ရထားခဲ့တယ်။ ဇာတ်ရဲ့အကြောင်းအရာကိုပြောပြရင်တောင် ဒီဇာတ်ရဲ့ အကြောင်းအရာဖြစ်မယ်လို့ ကျွန်တော်တော့မထင်ဘူး။ ဒီရုပ်ရှင်ကရတဲ့ စီးကူးမှုဟာလည်း ဇာတ်ရဲ့အကြောင်းအရာ ဟုတ်မနေဘူး။ တာကော့စကီးရုပ်ရှင် ကြည့်နေသရသလား ထင်မှတ်မှားရလောက်အောင် ရုပ်ရှင်ကို Poetic Narrations တွေ ကဗျာတွေ Poetic ဆန်တဲ့အပြတွေနဲ့ အသက်သွင်းထားတယ်။ စတိလောက် ဇာတ်အကြောင်းအရာပြောရရင်တော့ ဘာလင်မြို့က တမန်တော်တစ်ယောက်ရဲ့ လူတွေရဲ့ဘဝတွေကို မြင်နေရခြင်း၊ လူတွေရဲ့အတွေးတွေကို ကြားနေရခြင်းတွေကနေ အဲဒီလူတွေရဲ့ ဝေဒနာတွေ ခံစားချက်တွေကို စီးကူးမိနေတဲ့ အကြောင်းပဲ။ ပြောရရင် အဲဒီတမန်တော်ဟာ စစချင်းမှာ ဒီလူတွေရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ ကြားခံလိုမျိုးဖြစ်နေခဲ့တယ်။ သူ့ရှေ့က တမန်တော်ကားတွေမှာတော့ တမန်တော်တွေဟာ လူတွေဘဝရဲ့ အနည်းနဲ့အများတော့ ဝင်ရောက်စွက်ဖက် ပြုပြင်ပြောင်းလဲပေးနိုင်ပေမဲ့ Wings of Desire က တမန်တော်တွေကတော့ မြင်နေ ကြားနေ ဘေးက ကရုဏာသက်နေရုံကလွဲ ဘာမှမလုပ်ပေးနိုင်ဘူး။ It’s a Wonderful Life တို့လို ရုပ်ရှင်တွေထဲက တမန်တော်တွေကနေ ကွဲထွက်သွားတဲ့အရာပေါ့။ ပိုကွဲထွက်တာက ဒီမှာက တမန်တော်ဆိုတဲ့ ဖြစ်တည်မှုထက် လူရဲ့ လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ အရသာကို ခံစားနိုင်ခွင့်ရှိတာက ပိုအလေးသာကြောင်းပြောထားတာမျိုးတွေပဲ။ ကော်ဖီနဲ့စီးကရက်ကို တွဲဖက်သောက်သုံးရတဲ့ ဘာနဲ့မှမတူတဲ့အရသာမျိုးကို မင်းမြည်းစေချင်စမ်းတယ်ဆိုတာမျိုးတွေပေါ့။ ဘဝကို အရသာခံတယ်လို့ ပြောရမယ်။ ဒါက Perfect Days အရင်ကြည့်ထားတဲ့လူတွေဆို ကောင်းကောင်းသိမှာပဲ။ Perfect Days မှာ ရှင်သန်နေတဲ့ဘဝကို ကောင်းကောင်းကြီး အရသာခံပြထားတယ်။ နောက် ဒီရုပ်ရှင်ရဲ့ ဇာတ်ကောင်တွေထဲမှာရော လိုကေးရှင်းမှာရော ဘာလင်တံတိုင်းကြီးလည်းပါထားတယ်။ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီကို ပိုင်းခြားထားတဲ့ တံတိုင်းကြီးပေါ့။ ၁၉၆၁ကနေ စပိုင်းခြားထားတဲ့ ဒီတံတိုင်းကြီးဟာ Wings of Desire ထွက်ပြီး နှစ်နှစ်အကြာ ၁၉၈၉ မှပဲ ဖြိုချခဲ့တယ်။ Wings of Desire က တစ်ချို့လူတွေရဲ့ ဝေဒနာတွေဟာ ဒီပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကြီးနဲ့ မကင်းတာကိုလည်း ကျွန်တော်တို့ မြင်နိုင်တယ်။ ဒီရုပ်ရှင်မှာ တမန်တော်တွေဟာ အရောင်တွေကို မမြင်နိုင်တဲ့အတွက် တမန်တော်ဘက်ခြမ်းအကုန်နီးပါးက အဖြူအမည်းနဲ့ပြထားပြီး နတ်သက်လျှောလူဖြစ်သွားတဲ့နောက် အရောင်နဲ့ပဲပြခဲ့တယ်။ စီနီမာတိုဂရပ်ဖာက Henri Alekan… သူလည်း သူ့ခေတ်ရဲ့ အကြီးကျယ်ဆုံး စီနီမာတိုဂရပ်ဖာတွေထဲပါတယ်။ ဒီရုပ်ရှင်ရဲ့ အပြတွေမှာ သူ့ကိုယ်ပိုင်တီထွင်မှုတွေနဲ့ ရိုက်ကူးထားတာတွေလည်း ပါခဲ့တယ်။ French New Wave ရဲ့ တစ်တပ်တစ်အားလည်းဖြစ်ခဲ့တယ်။ ဒီရုပ်ရှင်အတွက် သူသုံးခဲ့တဲ့ Filter ကလည်း တော်တော်လန်းတယ် သူ့အဘွားရဲ့ စတော်ကင်အစုတ်ကြီး။ နောက် ဒီရုပ်ရှင်မှာ Nick Cave & the Bad Seeds တို့ရဲ့ Concert တစ်ခုပါတယ်။ ဝန်ဒါးအဆိုအရတော့ နစ်ကေ့ပွဲမပါဘဲ ဘာလင်ကို သူမရိုက်ပြနိုင်ဘူးလို့ဆိုတယ်။ နတ်သက်ကြွေ တမန်တော်တွေဟာ ဒီရုပ်ရှင်ထဲတင် အများကြီးရှိကြောင်းပြောခဲ့သလို ရုပ်ရှင်ရဲ့အဆုံးမှာ ဝန်ဒါးက ” Dedicated to all the former Angels, but especially to Yasujiro, François, Andrei ” လို့ အပိတ်စာတန်းထိုးထားခဲ့တယ်။ ဒီသုံးယောက်ကတော့ သူ သဘောအကျဆုံး အလေးစားဆုံး ဒါရိုက်တာတွေဖြစ်တဲ့ Yasujiro Ozu, François Truffaut နဲ့ Andrei Tarkovsky တို့တွေပါပဲ။ ဒီတော့ သူပြောချင်တဲ့ တမန်တော်ဆိုတာ တမန်တော်ဟုတ်ရဲ့လားလို့တော့ မေးခွန်းထုတ်စရာရှိနေလိမ့်မယ်။ ဝန်ဒါးဟာ အိုဇုကို တော်တော်ချစ်တာကြောင့်ပဲ ဂျပန်ကားကို ဂျပန်ကားစစ်စစ်ဖြစ်အောင် ရိုက်ပြနိုင်ခဲ့သလို Wings of Desire ကိုယ်တိုင်ကလည်း Tarkovsky ရုပ်ရှင်တစ်ကားကြည့်ရတဲ့ အငွေ့အသက်တော်တော်လေးရနေတဲ့ ရုပ်ရှင်ပါပဲ။ Truffaut ရုပ်ရှင်တွေလို လူတွေရဲ့ဘဝကို မြင်စေနိုင်စွမ်းမျိုးလည်းပါနေတယ်လို့ဆိုတယ်။ Wings of Desire ဟာ ပြန်ပြောပြဖို့တော်တော်ခက်တဲ့ ရုပ်ရှင်တစ်ကားပါ။ ကျွန်တော် ပြန်ပြောပြတတ်သလောက်ပြောရရင်တော့ ဝန်ဒါးရဲ့ သူချစ်...
Bob Marley: One Love (2024) ⭐IMDB: 6.5/10 (15 k Votes) 🎬 #Biography #Drama #Music #History 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bob Marley One Love(2024) ************************* 20 ရာစုရဲ့ အထင်ရှားဆုံး ရက်ဂေးအဆိုတော် ဘော့မာလီ၊ ကမ္ဘာအနှံ့က တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ စည်းလုံးရေး သီချင်းတွေရဲ့ဖခင်ကြီး၊ ကမ္ဘာ့အအောင်မြင်ဆုံး အယ်ဘမ်တွေထဲက တစ်ခုဖြစ်တဲ့ Exodus ဆိုတဲ့ masterpiece ရဲ့ ဖန်တီးရှင်အကြောင်းကို တင်ဆက်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ King Richard လို ဘိုင်အိုဂရပ်ဖီ ကားကောင်းတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Reinaldo Marcus Green ရဲ့ လက်ရာဖြစ်ပြီး Marvel Secret Invasion, The OA, Peaky Blinders တို့လို နာမည်ကျော်စီးရီးတွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Kingsley Ben-Adir က ဘော့မာလီအဖြစ် သရုပ်ဆောင်ထားပါတယ်။ သီချင်းကောင်း၊ ဇာတ်လမ်းကောင်း၊ သရုပ်ဆောင်ကောင်းတွေနဲ့မို့ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း ဘော့မာလီဟာ အစမှာ အာဖရိကလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူသိအရမ်းများတဲ့အဆိုတော်ဖြစ်ခဲ့ပါတယ်။ ဂျာမေကာနိုင်ငံဟာ ၁၉၆၂ မှာ ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တာပါ။ ၁၉၇၆ မှာ ဂျမေကာနိုင်ငံဟာ ဆိုရှယ်ဒီမိုကရက် People’s National Party နဲ့ ကွန်ဆာဗေးတစ် Jamaica Labour Party တို့အကြား ပြိုင်ဆိုင်မှုကနေ လက်နက်ကိုင် ပဋိပက္ခတွေအဖြစ်ပြောင်းလဲလာပြီး ပြည်တွင်းစစ်ကြီးဖြစ်ဖို့ အရမ်းနီးကပ်လာခဲ့ပါတယ်။ အဲဒီတင်းမာမှုတွေကို လျှော့ချချင်လို့ ဘော့မာလီဟာ ဂျမေကာအပြုံးဆိုတဲ့ ရှိုးပွဲကြီးတစ်ခုကို စီစဉ်ခဲ့ပေမဲ့ နိုင်ငံရေး အမြင်မတူမှုတွေကြောင့် အိမ်ထဲထိဝင်ပြီး လုပ်ကြံဖို့ ကြိုးစားခံခဲ့ရပါတယ်။ အသက်ဘေးကလွတ်လာပြီးတော့ ဗြိတိန်ကို ထွက်ပြေးခဲ့ပြီးနောက်မှာ Exodus အခွေကို ထုတ်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့ ရက်ဂေးဂီတာ အိုင်ကွန်၊ ရာ့စတာဖာရိုင် ဘာသာရေးအိုင်ကွန်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျမေကာကို အသက်အန္တရာယ်ရှိတဲ့ကြားထဲက ပြန်လာပြီး အတိုက်အခံ ပါတီခေါင်းဆောင်နှစ်ယောက်ကိုပါ စင်ပေါ်ခေါ်တင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကူညီခဲ့ပါတယ်။ (ရုပ်ရှင်ထဲမှာ ဒီလိုပြပေမဲ့ အပြင်မှာတော့ ဂျမေကာဟာ ပါတီနှစ်ခု အားပြိုင်မှုတွေ၊ ဂိုဏ်းအကြမ်းဖက်မှုတွေ၊ လူသတ်မှုတွေနဲ့ ၂၀၂၄အထိတောင် မတည်ငြိမ်သေးပါဘူး) 4K ကိုတော့www.cmapp.tvမှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။...
Balls of Fury (2007) ⭐TMDB: 52.0% User Score 🎬 #Comedy #Crime #Sport 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Balls of Fury (2007)Genre – Comedy, Crime, SportIMDB – 5.3/10 ပင်ပေါင်အားကစားကို အခြေခံထားတဲ့ အရင်တုန်းက ကားဟောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ အားကစားဆိုလို့ အတည်မထင်လိုက်ပါနဲ့ သောက်ခွက်ပြောင်ထားတဲ့ ဟာသကားလေးပါ။ သရုပ်ဆောင်တွေဆိုရင်လည်း ရုပ်ရှင်ကြည့်နေကြလူတွေနဲ့ မစိမ်းတဲ့လူတွေကို မြင်ရမှာပါ။ အဓိကမင်းသားဆိုရင် Fantastic Beasts ဇာတ်ကားတွေထဲက လူချစ်များတဲ့ Mr. Jacob လုပ်တဲ့ ဝတုတ်ကြီးပါ နောက်ပြီး ဆရာကြီး Christopher Walken တို့လည်းပါပြီး ငယ်ချစ်ဖြစ်တဲ့ မမ Maggie Q တောင် ပါဝင်ထားပါသေးတယ်ဗျာ။ Terry Crews တောင် မျက်ခွက်ဝင်ပြောင်ထားပါသေးတယ်။ ဇာတ်လမ်းကလည်း ပြောရမယ်ဆိုအလေကြီး ၁၉၈၈ ခုနှစ် အမေရိကန်မှာ ပါရမီရှင် ၁၂ နှစ်အရွယ် ပင်ပေါင်ကစားသမားလေး ရန်ဒီဆိုတာ ရှိတယ်။ တစ်နိုင်ငံလုံးက အသေအားပေးကြတာပေါ့ ဒီလိုနဲ့ ဆိုးလ်အိုလံပစ်ပွဲမှာ ပြိုင်ရတဲ့အချိန်ကျ ဖအေဖြစ်သူနဲ့ ပြဿနာတစ်ခုတက်ပြီး ပရမ်းပတာဖြစ် ရှုံးခဲ့ရတဲ့အပြင် အရှက်တွေပါ ကွဲ အဖေဖြစ်သူလည်း သေဆုံးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာလာတော့ ရန်ဒီတစ်ယောက် သူ ကျွမ်းကျင်တဲ့ ပင်ပေါင်အားကစားကို ပြပွဲလေးတစ်ခုမှာ ပြစားပြီး အသက်မွေးဝမ်းကြောင်းနေရတာပေါ့။ တစ်ရက်ကျ FBI တွေက ရောက်လာပြီး နာမည်ကြီးလူဆိုးတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် သူ့ရဲ့ ပင်ပေါင်အရည်အချင်းကို အလိုရှိကြောင်း လျှို့ဝှက်စစ်ဆင်ရေး စေလွှတ်ချင်ကြောင်းတွေ ပြောပြပြီး တရုတ်တန်းက မျက်မမြင်ဘိုးတော်ကြီးနဲ့ သင်တန်းအပ်ကာ ဒီလူဆိုးကြီးကို ဘယ်လိုတွေ ဖမ်းကြမလဲဆိုတာ ပေါက်တတ်ကရ ဟာသတွေနဲ့ ပျော်ပျော်ပါးပါး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ရုပ်တည်ကြီးတွေ ထထဖောက်တဲ့ ဟာသတွေဆို တကယ်ရယ်ရပါတယ်။ တစ်ခုပြောချင်တာကတော့ ဒီလိုဟာသကားကို Rating မကြည့်လိုက်ပါနဲ့ ဒီလို စိတ်မောလူမောကာလလေးမှာ မိတ်ဆွေတို့ကို တင်္ဒကလောက်တော့ အမောအပန်းတွေ ပြေသွားစေမယ့် ဟာသကားဟောင်းလေးပါလို့ ပြောလိုက်ပါရစေဗျာ...
The Sound of Your Heart (2016) ⭐TMDB: 79.0% User Score 🎬 #Comedy #Drama 🗓 2016 🎞 Series 🌎 #SouthKorea ⏰ 31 မိနစ် 18 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Sound of Your Heart (2016)CM ပရိသတ်ကြီးကို အရမ်းကိုရယ်ရတဲ့ ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဝဘ်တွန်းရေးဆရာဂျိုဆော့နဲ့ သူ့မိသားစုအကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ ဘယ်လိုဆွဲဆွဲ ထုတ်ဝေသူသဘောမကျတဲ့အဆုံး သူတို့မိသားစုရဲ့အလွဲပေါင်းစုံကိုကာတွန်းထဲထည့်ဆွဲတော့မှပဲ အောင်မြင်သွားတော့တာပါတကယ့်ကိုအလွဲများနဲ့မိသားစုပါပဲ မိသားစုဝင်လေး လေးယောက်ရှိတာကိုတစ်ယောက်တစ်မျိုး မရိုးရအောင် လွဲနေတဲ့မိသားစုပါသူတို့နေတဲ့တိုက်တစ်တိုက်လုံးကိုဒုက္ခပေးပြီးငါတို့မိသားစုပဲပုံမှန်ဖြစ်နေတာ ဆိုတာမျိုးကလည်း ရှိပါသေးတယ်တစ်မိသားစုလုံးပတ်ခွီနေရတဲ့အထဲမှာဂျိုဆော့က အယ်ဘုံဆိုတဲ့ကောင်မလေးနဲ့ကြိုက်တဲ့အခါ ပိုလို့တောင်ခွီရပါသေးတယ်..တစ်ခါမှရည်းစားမထားဖူးတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်အတည်တွေလုပ်နေရင်းကို လွဲလွဲကုန်တာပါအပိုင်း ၁၀ ပိုင်းလုံး တစ်ချက်မှမရပ်မနား ပိုးဆိုးပက်စက်ခွီနေရဖို့ အာမခံပါတယ်ပေါတောတောခွီနေရတာမျိုးမဟုတ်ပဲနဲ့ အဓိပ္ပာယ်ရှိရှိကြီးကိုခွီရမှာပါ..Complete Zip File Yoteshin / Megaup / VIP ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။...
Spelling the Dream (2018) ⭐IMDB: 6.9/10 (794 Votes) 🎬 #Documentary 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Spelling the dream (2018)========================= Documentary ကြိုက်နှစ်သက်သူ CM ပရိသတ်ကြီးများအတွက် Netflix က ထုတ်လွှင့်တဲ့ Spelling the Dream ကို တင်ဆက်ပေးချင်ပါတယ်။ ထူးခြားတစ်ခုက ပရိသတ်ကြီးတို့ ပုံမှန်မြင်တွေ့နေကျ ပျင်းစရာနောက်ခံစကားပြောသံကြီးနဲ့ documentary မျိုး မဟုတ်ဘဲ Horror ရုပ်ရှင်ကားတစ်ကားကို ကြည့်ရှုနေရသလို အသည်းတယားယား ခံစားရမှာပါ။ ကမ္ဘာ့အရပ်ရပ်က အိန္ဒိယလူမျိုးတွေ နယ်ပယ်မျိုးစုံမှာ ထူးချွန်ထက်မြက်ကြောင်းကို လူတိုင်းနီးပါး သိကြပါတယ်ဗျ။ ဥပမာ နည်းပညာ၊ ဆေးပညာ အစရှိသဖြင့် နယ်ပယ်အတော်အများရဲ့ ထိပ်သီးနေရာတွေ ခေါင်းဆောင်နေရာတွေမှာ အိန္ဒိယလူမျိုးတွေရှိကြတာ ထုံးစံလို ဖြစ်နေပါတယ်။ ခင်ဗျားတို့ရော တွေးကြည့်ဖူးလားဗျ သူတို့မှာ ဘာလျှို့ဝှက်ချက်တွေများရှိနေမလဲ၊ ဉာဏ်ကောင်းဆေးတွေ ထူးချွန်ထက်မြက်ဆေးတွေ လျှို့ဝှက်ဖော်စပ်ပြီး သောက်နေကြတာများလား။ ဒီ Documentary မှာတော့ အိန္ဒိယ-အမေရိကန် ဆယ်ကျော်သက်ကလေးတွေဟာ လူတိုင်းသိချင်နေကြတဲ့မေးခွန်းတွေကို ပြန်ဖြေပေးထားပါတယ်။ Scripps National Spelling Bee ဆိုတာ အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး စာလုံးပေါင်းပြိုင်ပွဲဖြစ်ပါတယ်။ ပြည်နယ်အဆင့်မှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ စာလုံးပေါင်းချန်ပီယံတွေ ထိပ်တိုက်ရင်ဆိုင်ကြတဲ့ ပွဲပေါ့။ ချန်ပီယံတွေဟာ ကျွန်တော်တို့ ခင်ဗျားတို့ ကြားတောင်မကြားဘူးတဲ့ ရှည်လျားထွေပြားနက်နဲတဲ့ စာလုံးတွေကို အမှားအယွင်းမရှိ ပေါင်းနိုင်ကြတဲ့လူတွေပါ။ ဒီကားထဲမှာ Scripps National Spelling Bee ပြိုင်ပွဲအအတွက် ပြင်ဆင်နေကြတဲ့ အိန္ဒိယ-အမေရိကန် ကလေး ၄ ယောက်ရဲ့ အံ့ချီးလောက်စရာ ထူးချွန်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေကို ပြိုင်ပွဲဝင်တဲ့နေ့အထိ အသေးစိတ်ရိုက်ကူးတင်ဆက်ထားပါတယ်။ အဲဒီတော့ ရာချီတဲ့ချန်ပီယံတွေကြားမှာ ဒီ ကလေး ၄ ယောက်ထဲက တစ်ယောက် ပြိုင်ပွဲမှာ ဗိုလ်စွဲသွားမလားဆိုတာ စိတ်ဝင်စားစရာပါပဲဗျာ။ စာလုံး တစ်လုံးပေါင်းလိုက်တိုင်း နှလုံးပြုတ်ထွက်မတတ် ရင်ခုန်စိတ်လှုပ်ရှားချင်တယ်ဆိုရင်တော့ လက်မလွှတ်တမ်း ကြည့်ရှုအားပေးသင့်ပါတယ်နော်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thet Hnin Hsu ဖြစ်ပါတယ်)...
Ondu Sarala Prema Kathe (2024) ⭐IMDB: 8.3/10 (236 Votes) 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 28 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ondu Sarala Prema Kathe (2024) “ရိုးရှင်းသော အချစ်ဇာတ်လမ်းတစ်ပုဒ်”IMDb – 8.4/10 ဇာတ်လမ်းနာမည်အတိုင်းပါပဲ အချစ်ဇာတ်လမ်းရိုးရိုးလေး တစ်ပုဒ်ကိုအလှပအသေသပ်ဆုံးနဲ့ တင်ဆက်သွားတဲ့ ကန်နာဒါရုပ်ရှင်တစ်ကားပေါ့။ မင်းသားကြီးရာ့ဂျ်ကူးမားရဲ့မြေးလည်းဖြစ် သရုပ်ဆောင်ပိုင်းမှာလည်းအဘိုးခြေရာနင်းပြီး အင်မတန်ထူးချွန်တဲ့ မင်းသားဗီနေးရာ့ဂျ်ကူးမားရဲ့ ရုပ်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ မြူးဇစ်ဒါရိုက်တာဖြစ်ချင်တဲ့ ဂီတကိုမြတ်နိုးတဲ့ကောင်လေးတစ်ယောက်။သူ့ရင်ခုန်သံနဲ့တစ်ထပ်တည်းကျမဲ့ လက်တွဲဖော်ကိုပဲ မျှော်လင့်နေတဲ့သူ။သူချစ်တွေ ကိုယ်ချစ်တွေဆိုတာထက် ဘ၀ကိုအကောင်းဆုံးရှင်သန်ပြီးသံစဉ်တွေနောက်ကိုလိုက်ရင်း ရင်ခုန်သံနဲ့ တစ်သားတည်းကျမဲ့ချစ်သူကို ရှာဖွေနေခဲ့ပါတယ်။ တစ်ရက်မှာတော့ စတူဒီယိုက ဆရာဖြစ်သူနဲ့ဖုန်းပြောနေရင်း ဆရာ့ဘက်က သီချင်းဆိုနေတဲ့အသံချိုလွင်လွင်လေးကို ကြားလိုက်တဲ့အခါမှာ သူ့ရင်ခုန်သံနဲ့ တစ်သားတည်းကျနေတာကို သိလိုက်ရတဲ့နောက်။ အသံပိုင်ရှင်ကို လိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ရိုးရှင်းတဲ့ဒီအချစ်ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြပါစို့လားဗျာ။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V ~ Zwe ~ Saii ~ KKKZ ~ Yunniတို့ဖြစ်ပါတယ်)...
Marakkuma Nenjam (2024) ⭐IMDB: 8.3/10 (2 k Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Marakkuma Nenjam (2024) Imdb 8.5/10လွမ်းရယ်မှမပြေအခုတစ်ခါ တင်ဆက်ပေးမယ့် တောင်ပိုင်းကားလေးကတော့Rating ကောင်းကောင်း ဇာတ်လမ်းဆန်းဆန်းလေးနဲ့ ကားပဲဖြစ်ပြီးအချစ်ဟာသကားလေးကိုမှ ကောင်လေးကောင်မလေးချောချောလေးတွေနဲ့စိတ်နှလုံးကြည်နူးစွာနဲ့ ကြည့်ရှုအားပေးရမှာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ဗမာကားထဲက အိုကြီးအိုမကောင်တွေကိုးတန်းဆယ်တန်းပြန်တက်တဲ့ ဇာတ်ဝင်ခန်းလိုပါပဲ ဒါပေမဲ့ ဒီထဲကမင်းသားတို့သူငယ်ချင်းတစ်သိုက်က အောင်ပြီးတာ ဆယ်နှစ်ကြာမှဆယ်တန်းကို တကယ်ပြန်တက်ရမှာပါ ဘာလို့လဲဆိုတော့ သူတို့အောင်ခဲ့တဲ့နှစ်မှာ အောင်ချက်ကောင်းတာမရိုးသားလို့ဆိုပြီး တိုင်လိုက်တာကို တရားရုံးက အကုန်ဆယ်တန်းပြန်တက်ခိုင်းပြီး ပြန်ဖြေခိုင်းမှာပါ….အားလုံးက တိုင်ပတ်နေပေမယ့် crush လေးနဲ့ ပြန်တွေ့ရမှာအရမ်းပျော်နေတဲ့သူကတော့ ကာသစ်ပါပဲ…. အဲ့လိုတလွဲတချော်တွေ ပေါက်ကရတွေနဲ့ ကျောင်းပြန်တက်ကျတဲ့အခါ ဆက်ဖြစ်လာမဲ့ကိစ္စတွေကတော့ ပရိသတ်ကြီးပဲ ရယ်ရယ်မောမောနဲ့ ကိုယ်တိုင်ခံစားကြပါလို့ပြောရင်း တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်...
Parallels (2015) ⭐TMDB: 61.0% User Score 🎬 #Action #SciFi #ScienceFiction 🗓 2015 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လွန်ခဲ့တဲ့ ၉ နှစ်က ထွက်ရှိခဲ့တဲ့ sci-fi ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Parallel ဆိုတာ မြန်မာလိုဆိုရင် အပြိုင်ပေါ့။ အပြိုင်ဆိုတဲ့အတိုင်း ဒီရုပ်ရှင်က Parallel Universe အပြိုင်စကြာ၀ဠာထဲက တခြားကမ္ဘာတွေနဲ့ပတ်သက်တဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ သိပ္ပံကားတွေ၊ စူပါဟီးရိုးရုပ်ရှင်တွေ ကြည့်ဖူးတဲ့သူတွေဆိုရင်တာ့ ဒီလိုအရာတွေနဲ့ရင်းနှီးကြမှာပါ။ အပြိုင်စကြာ၀ဠာဆိုတာ ကျွန်တော်တို့စကြာ၀ဠာနဲ့ အပြိုင်တည်ရှိနေပြီး ဒီစကြာ၀ဠာထဲက ကမ္ဘာတွေဟာလည်း ကျွန်တော်တို့ကမ္ဘာနဲ့ အနည်းနဲ့အများ တူညီနေကြပါတယ်။ ဥပမာပေးရရင် ကျွန်တော်တို့ကမ္ဘာမှာ အပြိုင်စကြာ၀ဠာထဲက ကမ္ဘာ ၁ ထက် ပုရွက်ဆိတ်လေးတစ်ကောင်ပဲပိုများပြီး တည်ရှိနေပြီး ကွာခြားနေနိုင်သလို ကမ္ဘာ ၅ မှာတော့ နည်းပညာတွေအရမ်းတိုးတက်ပြီး ကားပျံတွေပါပေါ်နေတာမျိုး အစရှိသဖြင့် မဖြစ်စလောက် ကွာခြားချက်လေးကနေ အကြီးကြီးအထိရှိနေနိုင်ပါတယ်။ ဒီနေရာမှာ အချိန်ခရီးသွားတာနဲ့မတူတာက အပြိုင်ကမ္ဘာတွေမှာက timeline အချိန်စီးကြောင်းတွေက အတူတူဖြစ်နေပြီး ဒီကမ္ဘာမှာ ခင်ဗျားက အသက် ၃၀ ဆိုရင် တခြားကမ္ဘာမှာလည်း အသက် ၃၀ ပဲဖြစ်နေမှာပါ။ ဒီကမ္ဘာမှာ ခင်ဗျားက ကြောင်ချစ်တတ်တဲ့ ဆရာ၀န်ဖြစ်နေပေမဲ့ တခြားကမ္ဘာမှာတော့ ခွေးချစ်တတ်တဲ့ အင်ဂျင်နီယာဖြစ်နေနိုင်ပြီး အဲဒီလိုဖြစ်တည်မှုနဲ့ပတ်သက်တာတွေပဲ ကွာခြားသွားတာပါ။ ဇာတ်ကြောင်းကတော့ ရိုနန်ကာဗာဆိုတဲ့ ကြေးစားလက်ဝှေ့သမားဆီကို မတွေ့တာကြာပြီဖြစ်တဲ့ အဖေဖြစ်သူဆီက စာရောက်လာခဲ့ပါတယ်။ ဒီစာထဲမှာ ရိုနန်ကို အိမ်ပြန်လာဖို့ အရေးတကြီးခေါ်ထားတာပါ။ ဒီလိုနဲ့ ရိုနန်တစ်ယောက် အဖေဖြစ်သူရဲ့အိမ်ကိုရောက်ရှိလာတဲ့အချိန်မှာတော့ အဖေကိုမတွေ့ဘဲ ညီမဖြစ်သူ ဘီယာထရစ်သာရှိနေပါတယ်။ အဲဒီနောက်မှာတော့ အဖေဖြစ်သူဟာ ပျောက်ချင်းမလှပျောက်သွားကြောင်းကို ညီမဖြစ်သူထံကနေသိရှိလိုက်ရပါတယ်။ ဒါ့အပြင် အဖေဖြစ်သူဟာ မပျောက်ဆုံးသွားခင်မှာ သူတို့နှစ်ယောက်လုံးကို တိုက်ကြီးတစ်ခုဆီကို သတ်မှတ်ထားတဲ့အချိန်မှာ အတိအကျ သွားကြဖို့ မှာခဲ့တဲ့နောက်မှာတော့ ရိုနန်ရယ် ဘီယာထရစ်ရယ် အိမ်နီးချင်း မိတ်ဆွေဖြစ်တဲ့ ဟာရိုရယ်ဟာ အဖေဖြစ်သူသွားခိုင်းတဲ့တိုက်ကြီးဆီရောက်လာကြပါတော့တယ်။ ဒါပေမဲ့ ဒီတိုက်ကြီးဟာ ရိုးရိုးတိုက်မဟုတ်ဘဲ အပြိုင်စကြာ၀ဠာထဲက ကမ္ဘာတွေနဲ့ အသွားအပြန်လုပ်တဲ့နေရာကြီးဖြစ်နေတဲ့နောက်မှာတော့ သူတို့သုံးဦး တခြားဘယ်ကမ္ဘာတွေကိုရောက်ပြီး ဘယ်သူတွေနဲ့ ဆုံတွေ့ရမလဲ၊ ဘာတွေကြုံတွေ့ရမလဲ၊ သူတို့အဖေကိုရော ရှာတွေ့ပါ့မလား၊ သူတို့အဖေက ရော ဘာလို့တိုက်ကြီးဆီလွှတ်လိုက်တာလဲဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကို သိရဖို့အတွက် ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။...
Far North (2023) ⭐TMDB: 82.0% User Score 🎬 #Drama #Comedy 🗓 2023 🎞 Series 🌎 #NewZealand ⏰ 52 မိနစ် 24 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Far North (2023)Far North (2023) 2016 ခုနှစ်တုန်းက နယူးဇီလန် Far North ဆိုတဲ့ဒေသမှာ တရားမဝင် မူးယစ်ဆေးအကြီးအကျယ်တင်သွင်းတဲ့ဂိုဏ်းကို သာမန်သက်ကြီးပိုင်းစုံတွဲက ဖော်ထုတ်လိုက်တဲ့ ဖြစ်ရပ်မှန် mini series ဖြစ်ပါတယ်။ အကျဉ်းချုံး မိတ်ဆက်ပေးရရင် မူးယစ်ဆေးတွေကို တရုတ်ဘက်က မူးယစ်ရာဇာဂိုဏ်းက ထုတ်ပေးပြီး ရေကြောင်းလမ်းကတစ်ဆင့် နယူးဇီလန်ကို ပို့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အဲ့မှာပို့ပေးရတဲ့လှေပေါ်က တရုတ်တွေက မိန်းမတွေချည်းဖြစ်နေတာပါပဲ။ ကိုယ်စီမဆုံးနိုင်တဲ့ အကြွေးတွေ ဒုက္ခတွေကြောင့် ဒီအလုပ်ကို သက်စွန့်ဆံဖျားလုပ်နေရသူတွေပါ။ ဘယ်ချိန် လှည့်ကင်းရဲတွေနဲ့တိုးမလဲဆိုပြီး ကျီးလန့်စာစားနေရတာလည်းပါပါတယ်။ ကံဆိုးတာက ပင်လယ်ပြင်ကနေထွက်ခွာလာရင်း နယူးဇီလန်ဘက်ပို့ရမယ့်အချိန်မှာ လှေပျက်သွားတဲ့အတွက် နှောင့်နှေးသွားပါတယ်။ တရုတ်ဘက်ကို ဆက်သွယ်ပြီး လာခေါ်တာစောင့်ပေမယ့် အလွဲပေါင်းစုံနဲ့ ကြန့်ကြာနေတဲ့အခါ အစာရေစာပြတ်လပ်ပြီး ဒုက္ခခံနေရတာပေါ့။ နယူးဇီလန်ဘက်မှာလည်း တရုတ်ကလာတဲ့လူက လှေဝယ်ပြီး လိုက်ရမှာကို တစ်ဖက်က ဆေးဝယ်မယ့် အဖွဲ့နဲ့ တလွဲတွေဖြစ်ပြီး အချိန်ကကြာနေတာပါ။ သူတို့တွေ ပင်လယ်ပြင်ဆီသွားမှာကို လူတွေသံသယမဖြစ်အောင် ကာဗာဇာတ်လမ်းတွေထွင်ပြီး ဖြီးဖြန်းပေမယ့် သူတို့လှေကို ရေထဲချဖို့ကူညီပေးတဲ့ ဒေသခံစုံတွဲက ရိပ်မိသွားပြီး ရဲကိုသတင်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ ရဲတွေဘက်က လှုပ်ရှားလာအခါ….နောက်ဆုံးမှာ တစ်ဖွဲ့လုံးကို ဆေးတွေနဲ့အတူ ဖမ်းမိပြီး အကုန်လုံး ထောင်ဒဏ်တွေအသီးသီးကျကုန်တာကို မြင်တွေ့ရမှာပါ။ ပင်လယ်ထဲသောင်တင်နေတဲ့ ပစ္စည်းအမျိုးသမီးအဖွဲ့ကရော ဘယ်လိုဒုက္ခဆင်းရဲတွေ ကြုံရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Shune Lai KK ပဲဖြစ်ပါတယ်)...
Raisinghani vs Raisinghani (2024) ⭐TMDB: 0.0% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #India ⏰ 32 မိနစ် 7 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Raisinghani vs Raisinghani (2024)Raisinghani vs Raisinghani (2024) IMDb – 6.3/10အိန္ဒိယရဲ့ ရုပ်သံဇာတ်လမ်းတွဲအနုပညာကြေး အမြင့်ဆုံးထဲက မင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချော ဂျနီဖာဝင်ဂတ် အထူးသရုပ်ဆောင်ထားပြီး Sony Livကနေ တင်ဆက်ပေးသွားတဲ့ အရမ်းမိုက်တဲ့ ရှေ့နေဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။ ရိုင်ဆင်ဂ်ဟာနီဆိုတဲ့မိသားစုက အရမ်းကို နာမည်ကျော်ကြားပြီး ဂုဏ်သိက္ခာကြီးမားတဲ့ ရှေ့နေမိသားစုကြီးပေါ့။ အဘိုးကအစ မြေးအဆုံး ရှေ့နေတွေဖြစ်ပြီး မြေးမလေး အနွတ်ရှ်ကာကတော့ ရဲရင့်ဖျက်လတ်ပြီး နူးညံ့တဲ့နှလုံးသားပိုင်ရှင်လေး တစ်ဦးပေါ့။ဗီရတ်ကတော့ အနွတ်ရှ်ကာတို့ ရှေ့နေကုမ္ပဏီမှာပဲ နာမည်ကြီးတဲ့ ရှေ့နေတစ်ဦးပါ။ သူတို့နှစ်ဦးရဲ့ အတိတ်ကဇာတ်လမ်းတွေကို ပြည်ဖုံးကားချလို့ ကုမ္ပဏီမှာ အမှုတွေကို သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်ရင်း တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေခဲ့ပါတယ်။ဗီရတ်ရဲ့ငယ်သူငယ်ချင်း နာမည်ကျော်ခရစ်ကတ်သမားရဲ့ အမှုကို နှစ်ဦးသား အတူတူလိုက်ပေးဖို့ အကြောင်းဖန်လာရာကစ အန်ကီတာဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် လျှို့ဝှက်ချက်တွေနဲ့ အနွတ်ရှ်ကာဆီမှာ လက်ထောက်ရှေ့နေအဖြစ် ဝင်ရောက်လုပ်ကိုင်ချိန်မှာတော့…။သမိုင်းကြောင်းကောင်းလှတဲ့ ရှေ့နေမိသားစုကြီးရဲ့ကြားက သံယောဇဉ်အရှုပ်အရှင်းတွေ၊ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေနဲ့အတူ တရားတဘောင်ရင်ဆိုင်ကြပုံတွေကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းကို V မှ ရေးထားပြီး V ~ Yunni ~ Alex ~ BpL ~ ToMoမှ ဘာသာပြန်တင်ဆက်လိုက်ပါတယ်)...
