ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Kim Bu Aile? (2022) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Action #Comedy 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Turkey ⏰ 2 နာရီ 4 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကိုရီးယား ဟာသဇာတ်ကား Extreme Job ကို မှီငြမ်းထားတဲ့ တူရကီဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ရဲတပ်ဖွဲ့ ကော်မရှင်နာ Adem ဟာ မစ်ရှင်တစ်ခုမှာ အမှားလုပ်မိပြီးတာဝန်ရပ်ဆိုင်းခံလိုက်ရပါတယ်။ ဒါပေမဲ့ သူဟာ အိမ်မှာ အေးဆေးပြန်မနားဘဲ အဲမစ်ရှင်မှာ ဖမ်းရမဲ့ရာဇဝတ်သားတွေကို ကိုယ့်ဘာသာလိုက်ဖမ်းဖို့လုပ်ပါတယ်။ အဲရာဇဝတ်သားတွေနောက် ခြေရာခံလိုက်ရင်း သူတို့ပုန်းတဲ့နေရာကို ရှာတွေ့ခဲ့ပါတယ်။ သူတို့ရာဇဝတ်မှုကျုးလွန်နေတုန်း အမိအရ ဖမ်းနိုင်အောင် ပုန်းတဲ့နေရာနားက ကြက်ကြော်ဆိုင်တစ်ဆိုင်မှာ သူ့အဖွဲ့သားတွေနဲ့အတူ ကြက်ကြော်ရောင်းတာ ဆိုင်ကနာမည်ကြီးသွားတဲ့အခါ… ကြက်ကြော်ဆိုင်နဲ့ မူလရည်ရွယ်ချက်ကြား ဗျာများရင် အလွဲလွဲအချော်ဖြစ်ကြပုံကို ရယ်ရယ်မောမောနဲ့ကြည့်ရှုအားပေးရမဲ့ ဟာသကားလေးပဲဖြစ်ပါတယ်။

Masaan (2015) ⭐IMDB: 8.1/10 (29 k Votes) 🎬 #Bollywood #Drama 🗓️ 2015 🎞️ Movie 📺 720p 🌎 #India #France ⏰ 1 နာရီ 44 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Masaan (2015)********************ဒီဇာတ်ကားလေးကတော့ Drama/Romanceအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ပရိတ်သတ်အချစ်တော်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ဗစ်ကီကောရှလ်နဲ့ Section 375 ရုပ်ရှင်ဇာတ်ကားမှာ တရားလိုရှေ့နေအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ရစ်ချကျန်ဒါတို့က ပါဝင်အားဖြည့်ထားကြပါတယ်။ ဒီဇာတ်ကားဟာ တခြားကြည့်နေကျ အချစ် ဟာသ စိတ်ကူးယဥ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတော့မဟုတ်ပါဘူး။အိန္ဒိယနိုင်ငံမှာရှိတဲ့ ဇာတ်နိမ့်တွေရဲ့ လက်တွေ့ဘဝကို ယှဥ်ပြပြီး အရိုးရှင်းဆုံးရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပါ IMDB 8.1 ရရှိထားပြီးတော့ အကောင်းဆုံးရိုက်ကူးရေးနဲ့ဇာတ်လမ်းဇာတ်ညွှန်းဆုတွေကိုလည်းရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဒေဝီပတားက်ဟာ ကွန်ပြူတာဆရာမတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တပည့်ဖြစ်သူပီးရူးရှ်နဲ့ ဟော်တယ်တစ်ခုမှာနှစ်ပါးသွားလေ့ရှိပါသတဲ့။တစ်နေ့မှာတော့ ဟော်တယ်ဝန်ထမ်းတစ်ယောက်က သတင်းပေးလိုက်တဲ့အတွက်ရဲကို သတင်းပေးလိုက်တဲ့အတွက် ရဲတွေရောက်လာတော့တာပေါ့။ရဲဖမ်းခံရမှာကြောက်တဲ့ ပရူးရှ်ဟာ ရေချိုးခန်းထဲဝင်ပြေးပြီး သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။ ပီရူးရှ်ကို သတ်သေအောင် ဒေဝီကအကြပ်ကိုင်ပါတယ်ဆိုပြီး သတင်းမပြန့်‌စေချင်ရင်ရူပီ ၃သိန်း ပေးရမယ်လို့ ရဲက ဒေဝီ့အဖေ‌ကိုပြောပါတယ်။ဘာမှဝင်လမ်းကောင်းကောင်းမရှိတဲ့ သားဖနှစ်ယောက် ဒီငွေ ၃သိန်းကို ဘယ်လိုပေးကြမှာလဲ …ဘယ်လိုအခတ်ခဲအတားအဆီးတွေက စောင့်ကြိုနေမလဲ ….ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ….ကြည့်ဖူးတဲ့သူတိုင်း နောင်တမရတဲ့ကားလေးဆိုရင်လည်းမမှားပါဘူးဒါကြောင့်မလို့ လုံးဝလက်လွတ်မခံသင့်ပါကြောင်း .

Masaan (2015) ⭐IMDB: 8.1/10 (29 k Votes) 🎬 #Bollywood #Drama 🗓️ 2015 🎞️ Movie 📺 1080p 🌎 #India #France ⏰ 1 နာရီ 44 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Masaan (2015)********************ဒီဇာတ်ကားလေးကတော့ Drama/Romanceအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ပရိတ်သတ်အချစ်တော်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ဗစ်ကီကောရှလ်နဲ့ Section 375 ရုပ်ရှင်ဇာတ်ကားမှာ တရားလိုရှေ့နေအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ရစ်ချကျန်ဒါတို့က ပါဝင်အားဖြည့်ထားကြပါတယ်။ ဒီဇာတ်ကားဟာ တခြားကြည့်နေကျ အချစ် ဟာသ စိတ်ကူးယဥ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတော့မဟုတ်ပါဘူး။အိန္ဒိယနိုင်ငံမှာရှိတဲ့ ဇာတ်နိမ့်တွေရဲ့ လက်တွေ့ဘဝကို ယှဥ်ပြပြီး အရိုးရှင်းဆုံးရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပါ IMDB 8.1 ရရှိထားပြီးတော့ အကောင်းဆုံးရိုက်ကူးရေးနဲ့ဇာတ်လမ်းဇာတ်ညွှန်းဆုတွေကိုလည်းရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဒေဝီပတားက်ဟာ ကွန်ပြူတာဆရာမတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တပည့်ဖြစ်သူပီးရူးရှ်နဲ့ ဟော်တယ်တစ်ခုမှာနှစ်ပါးသွားလေ့ရှိပါသတဲ့။တစ်နေ့မှာတော့ ဟော်တယ်ဝန်ထမ်းတစ်ယောက်က သတင်းပေးလိုက်တဲ့အတွက်ရဲကို သတင်းပေးလိုက်တဲ့အတွက် ရဲတွေရောက်လာတော့တာပေါ့။ရဲဖမ်းခံရမှာကြောက်တဲ့ ပရူးရှ်ဟာ ရေချိုးခန်းထဲဝင်ပြေးပြီး သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။ ပီရူးရှ်ကို သတ်သေအောင် ဒေဝီကအကြပ်ကိုင်ပါတယ်ဆိုပြီး သတင်းမပြန့်‌စေချင်ရင်ရူပီ ၃သိန်း ပေးရမယ်လို့ ရဲက ဒေဝီ့အဖေ‌ကိုပြောပါတယ်။ဘာမှဝင်လမ်းကောင်းကောင်းမရှိတဲ့ သားဖနှစ်ယောက် ဒီငွေ ၃သိန်းကို ဘယ်လိုပေးကြမှာလဲ …ဘယ်လိုအခတ်ခဲအတားအဆီးတွေက စောင့်ကြိုနေမလဲ ….ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ….ကြည့်ဖူးတဲ့သူတိုင်း နောင်တမရတဲ့ကားလေးဆိုရင်လည်းမမှားပါဘူးဒါကြောင့်မလို့ လုံးဝလက်လွတ်မခံသင့်ပါကြောင်း .

[21+] She Was Crazy About Other Guys-Maki Izuna[SSIS-247-Decensored] ⭐⁉️ 🎬 #Adult 🗓️ ⁉️ 🎞️ Movie 📺 720p 🌎 #⁉️ ⏰ 2 နာရီ 31 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 JAV မင်းသမီးတွေထဲ Maki Izuna ကို သတိထားမိသူတွေရှိကြမှာပါ။ Anime စတိုင် ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ နုနုနယ်နယ် မင်းသမီးအဖြစ်နှစ်သက်ကြပါတယ်။ SSIS-247 ဒီဇာတ်လမ်းမှာတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ မလိုက်မဖက် စနိုက်ကြော်ရမှ ကျေနပ်တတ်တဲ့ စနိုက်ကြော်မလေးအဖြစ် သူမကို ပုံစံတစ်မျိုးနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ Maki Izuna ဖန်တွေအတွက် Decensored Version နဲ့ တင်ဆက်လိုက်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။

[21+] She Was Crazy About Other Guys-Maki Izuna[SSIS-247-Decensored] ⭐⁉️ 🎬 #Adult 🗓️ ⁉️ 🎞️ Movie 📺 1080p 🌎 #⁉️ ⏰ 2 နာရီ 31 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 JAV မင်းသမီးတွေထဲ Maki Izuna ကို သတိထားမိသူတွေရှိကြမှာပါ။ Anime စတိုင် ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ နုနုနယ်နယ် မင်းသမီးအဖြစ်နှစ်သက်ကြပါတယ်။ SSIS-247 ဒီဇာတ်လမ်းမှာတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ မလိုက်မဖက် စနိုက်ကြော်ရမှ ကျေနပ်တတ်တဲ့ စနိုက်ကြော်မလေးအဖြစ် သူမကို ပုံစံတစ်မျိုးနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ Maki Izuna ဖန်တွေအတွက် Decensored Version နဲ့ တင်ဆက်လိုက်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။

Scream VI (2023) ⭐IMDB: 7.0/10 (46 k Votes) 🎬 #Horror #Mystery #Scream Franchise #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Scream VI (2023) ~ IMDb – 7/10, Rotten Tomatoes – 77% ~ Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ အဲဒီ လူသတ်သမားတွေကို အရမ်းအားကျတဲ့ သူတွေကလည်း သူ့ကိုသတ်နိုင်ဖို့ကြိုးစားနေကြပါတယ်။ ဒီလိုနဲ့ သူတို့အနားကလူတွေ တဖြုတ်ဖြုတ် အသတ်ခံလာရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ထုံးစံအတိုင်းလှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာပါပဲ။ ညီအစ်မနှစ်ယောက်နေရာမှာတော့ အရင် Scream မင်းသမီး Melissa Barrera နဲ့ ဝန့်ဇ်ဒေးစီးရီးထဲကမင်းသမီးလေး Jenna Ortega တို့ ပါဝင်ထားရုံတင်မက ပင်တိုင်စံမမကြီး Courtney Cox လည်း ဆက်ပါထားပါသေးတယ်။ Scream 6 ကားစလုံးကိုScream Franchiseမှာ ဝင်ကြည့်လို့ရပါတယ်… (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)

Scream VI (2023) ⭐IMDB: 7.0/10 (46 k Votes) 🎬 #Horror #Mystery #Scream Franchise #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Scream VI (2023) ~ IMDb – 7/10, Rotten Tomatoes – 77% ~ Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ အဲဒီ လူသတ်သမားတွေကို အရမ်းအားကျတဲ့ သူတွေကလည်း သူ့ကိုသတ်နိုင်ဖို့ကြိုးစားနေကြပါတယ်။ ဒီလိုနဲ့ သူတို့အနားကလူတွေ တဖြုတ်ဖြုတ် အသတ်ခံလာရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ထုံးစံအတိုင်းလှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာပါပဲ။ ညီအစ်မနှစ်ယောက်နေရာမှာတော့ အရင် Scream မင်းသမီး Melissa Barrera နဲ့ ဝန့်ဇ်ဒေးစီးရီးထဲကမင်းသမီးလေး Jenna Ortega တို့ ပါဝင်ထားရုံတင်မက ပင်တိုင်စံမမကြီး Courtney Cox လည်း ဆက်ပါထားပါသေးတယ်။ Scream 6 ကားစလုံးကိုScream Franchiseမှာ ဝင်ကြည့်လို့ရပါတယ်… (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)

Tiny Beautiful Things (2023-2023) ⭐IMDB: 7.3/10 (2 k Votes) 🎬 #Comedy #Drama 🗓️ 2023-2023 🎞️ Series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 29 မိနစ် 51 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tiny Beautiful Things (2023)Tiny Beautiful Things (2023)လူရယ်လို့ဖြစ်လာပြီဆိုရင် ဘဝရဲ့ပြဿနာတွေ အဆင်မပြေမှုတွေ လောကဓံတွေကြောင့် မွန်းကြပ်မှုဒဏ်ကိုတော့ အနည်းနဲ့အများ ခံစားရတာချည်းပါပဲ။ ဒီလိုမွန်းကြပ်နေတဲ့စိတ် အခြေအနေတစ်ခုပေါ်မှာ Guilty ဖြစ်နေတဲ့စိတ်ကို ဖြေလျှော့ဖို့ နည်းလမ်းကောင်းတစ်ခုကတော့ တစ်စုံတစ်ယောက်ကို ရင်ဖွင့်ဖို့ပါပဲ။ တစ်စုံတစ်ယောက်ကို ရင်ဖွင့်ရတာ စိတ်ကိုပေါ့ပါးစေတယ် စိတ်သက်သာရာရစေတာမှန်ပေမဲ့ ကျွန်တော်တို့ရွေးချယ်ဖြစ်တဲ့နည်းလမ်းတွေထဲမှာတော့ “ရင်ဖွင့်တယ်” ဆိုတာက လူကြိုက်များလှတဲ့နည်းတော့မဟုတ်နေပြန်ပါဘူး။ လူတိုင်းဟာ ‌ကိုယ့်ရဲ့အားနည်းချက်တစ်ခုကို နောက်တစ်ယောက်ကို ဖွင့်ဟပြချိန်မှာ အနာပေါ်ဆားဖြူးတာနဲ့တူတဲ့ ဝေဖန်ကဲ့ရဲ့မှုတွေကိုတော့ စိုးရွံ့တတ်ကြတာပဲလေ။ ဒါဟာလည်း ဝေဖန်မှုတွေရှောင်ဖို့အတွက် မသိတဲ့လူတစ်ယောက်ဆီကနေ အကြံပေးမှု နှစ်သိမ့်မှုတွေတောင်းခံနိုင်တဲ့ Dear Sugar Column ရဲ့ အစပါပဲ။အခုဒီရုပ်ရှင်လေးကတော့ Dear Sugar Column‌ist ဖြစ်ခဲ့တဲ့ နာမည်ကျော်စာရေးဆရာမ Cheryl Strayed ရဲ့ နာမည်ကြီးစာအုပ်တစ်အုပ်ဖြစ်တဲ့ Tiny Beautiful Thingsကို ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတဲ့စီးရီးလေးတစ်ခုပါ။ ဒီကားလေးထဲမှာတော့ Cheryl ကို မရည်ရွယ်ဘဲနဲ့ Dear Sugar မှာ အမည်မသိစာရေးသူအဖြစ်နဲ့ စာရေးဖို့ဖြစ်လာတဲ့ကလဲရ်အနေနဲ့ မြင်တွေ့ရမှာပါ။ကလဲရ်ဟာ အသက် ၅၀ အရွယ်ကို တဖြည်းဖြည်းနီးကပ်လာတဲ့အမျိုးသမီးတစ်ယောက်ပေါ့။ အသက်အရွယ်ကွာခြားမှုနဲ့ သွေးဆုံးတော့မဲ့အရွယ်ရောက်လာတဲ့ကလဲရ်တစ်ယောက် အသက်ကွာပြီး ပိုငယ်နေတဲ့အမျိုးသားဖြစ်သူဒန်နီနဲ့ အိမ်ထောင်ရေးမှာ အဖုအထစ်တွေဖြစ်၊ အချင်းချင်းသံသယပွေပြီး သမုတ်နေကြရင်းနဲ့ပဲ အိမ်ထောင်ကွဲမလိုဖြစ်နေတာပေါ့။တစ်ဖက်မှာလည်းသမီးဖြစ်သူနဲ့အဆင်မပြေ ဒီကြားထဲ ‌မောင်ဖြစ်သူလူးကပ်စ်ရဲ့ ပြဿနာတွေကို အကြိမ်ကြိမ်ရှင်းပေးနေရတော့ ငွေရေးကြေးရေးပြဿနာ‌တွေကပါ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်နေတဲ့ သူ့ဘဝကြီးရဲ့ စိတ်သက်သာရာရစရာကတော့ Dear Sugar Column‌လေးပါပဲ။ကလဲရ်က Dear Sugarရဲ့ပရိသတ်ပေမဲ့ Sugarဆီကိုတော့ သူစာတစ်ခါမှမပို့ခဲ့ဖူးပါဘူး။ ဒါပေမဲ့ အခုလက်ရှိကြုံနေရတဲ့ သူ့ဘဝရဲ့မွန်းကြပ်မှုတွေကြားမှာ ကောက်ရိုးတစ်မျှင်များ ဖြစ်လေမလားဆိုတဲ့အတွေးနဲ့ Dear Sugarဆီကို စာရေးပို့လိုက်ရာက Sugar က တစ်ချိန်က သူ့ရဲ့ အဆက်ဟောင်း ဆမ် ဖြစ်နေပြီး Sugar အဖြစ် စာပြန်ရမဲ့တာဝန်ကို သူ့ဆီကိုထိုးထည့်သွားတဲ့အခါမှာတော့….ဒီဇာတ်လမ်းလေးထဲမှာ Cheryl Strayed ရဲ့ Sugarအဖြစ် ရေးခဲ့တဲ့ပြန်စာတွေထဲကတချို့ကို ကောက်နုတ်ပြီးတော့ ရိုက်ကူးထားတာဖြစ်တာကြောင့် ဘဝအ‌တွေ့အကြုံ အတော်အသင့်ရှိနေပြီဖြစ်တဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ရဲ့ ပြဿနာတစ်ခုအပေါ် Third partyဆန်တဲ့အတွေးအမြင်နဲ့ သုံးသပ်ချက်၊ ကိုယ်ပိုင်ဘဝအတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြတာတွေ၊ တစ်ခါတစ်ရံမှာ စာရေးဆရာမတစ်ယောက်ပီပီ ဘဝအပေါ်ကိုယ့်ရဲ့မျှော်မှန်းချက်နဲ့ စိတ်ကူးတစ်စွန်းတစ်စကို ဖော်ပြထားတာကို ကြည့်ရှုခံစားရမှာပါ။ ကိုယ့်ရဲ့ဘဝကလည်း ပြဿနာပေါင်းစုံနဲ့ ရှုပ်ထွေးနေသည့်တိုင်အောင် ဘဝတူ အကူအညီလိုနေသူ၊ နှစ်သိမ့်မှုတွေလိုအပ်နေသူတွေကို သူဘယ်လိုကူညီခဲ့လဲဆိုတာကိုတော့ ဒီစီးရီးလေးမှာပဲ စီအမ်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary Christ နဲ့ Moh Moh ပဲ ဖြစ်ပါတယ်။Genre….. Comedy, Drama

Home, Not Alone (2023) ⭐IMDB: 4.3/10 (155 Votes) 🎬 #Drama #Mystery #Thriller #TVMovie 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Home, Not Alone (2023)================== Sara နဲ့ 18နှစ်အရွယ် သူ့သမီးလေး Jordyn တို့ အိမ်ကြီးတစ်အိမ်ကိုဝယ်ပြီး ပြောင်းလာကြတယ်။ Saraက ယောကျ်ားဖြစ်သူ Frankနဲ့ ကွာရှင်းခဲ့ပြီး သူ့သမီး Jordynနဲ့ ဘဝသစ်စဖို့အိမ်ပြောင်းလာကြတာပါ။ ဒါပေမဲ့ အဲ့အိမ်ကြီးမှာ မထင်မှတ်ထားတဲ့ ခြောက်ခြားစရာတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်။Saraရဲ့ သူငယ်ချင်း Lucy ကတော့ အိမ်မှာ တစ္ဆေရှိနေပြီးခြောက်နေတာလို့ ပြောပေမဲ့ အဲဒါမျိုးတွေကို အယုံမကြည်မရှိတဲ့ Saraကတော့ ယုံဖို့ခက်နေပါတယ်။ ဒီအိမ်ကြီးရဲ့ ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေက တကယ်ပဲတစ္ဆေခြောက်တာလား၊ Jordynက Saraကို ဆန္ဒပြပြီးလျှောက်လုပ်တာလား၊ Saraရဲ့ အရင်ယောကျ်ား Frankကပဲ လိုက်နှောင့်ယှက်လို့ဖြစ်နေတာလား….ဒါမှမဟုတ်အဲဒီခြောက်ခြားစရာဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ တစ်ခြားအကြောင်းအရင်း ရှိနေမလား…ဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှူစား အဖြေရှာကြပါစို့…….။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)

Prom Pact (2023) ⭐IMDB: 6.3/10 (2 k Votes) 🎬 #Comedy #Family #Romance 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Prom Pact (2023)=============IMDb Rating – 6.3/10 ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေးတွေ ကြည့်ချင်သူတို့အတွက်Disney ကနေ လောလောလတ်လတ်ထွက်ရှိထားတဲ့ rom-comကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားထဲမှာ မန်ဒီယန်းဆိုတဲ့ကောင်မလေးက “I am my ownperson” ဆိုတဲ့ feministလေးဖြစ်ပါတယ်။ သူ့ရဲ့အိပ်မက်ကတော့ဟား‌ဗတ်ကိုသွားပြီး သူလေးစားရတဲ့သူ့idolဆီမှာ စာသင်ချင်တာပါတဲ့။ဒါပေမဲ့ ဟားဗတ်ကသူ့ကို စောင့်ဆိုင်းစာရင်းထဲထည့်လိုက်ပါတယ်။စောင့်ဆိုင်းစာရင်းဆိုတာက အငြင်းခံရတာနဲ့ သိပ်မကွာပါဘူး။ ဒါကြောင့် မန်ဒီယန်းက ဟားဗတ်ကိုဝင်ခွင့်ရဖို့အတွက် ဟားဗတ်ကျောင်းသားဟောင်း အထက်လွှတ်တော်အမတ်ဆီကနေ ထောက်ခံစာတောင်းဖို့ကြံပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီအမတ်ရဲ့သားက မန်ဒီယန်းအထင်သေးတဲ့ သူတို့ကျောင်းက ရေပန်းအစားဆုံး ဘတ်စကတ်ဘောကစားသမားဂရေဟမ်လန်ဆင်းဆိုတဲ့ကောင်လေးဖြစ်နေပါတယ်။ ဒီလိုနဲ့မန်ဒီယန်းတစ်ယောက် သူ့အိပ်မက်ကိုပဲစွန့်လွှတ်မလား ဒါမှမဟုတ်သူ့စံတန်ဖိုးတွေကို စွန့်လွှတ်ပြီး ဟားဗတ်ကိုဖြစ်တဲ့နည်းနဲ့ ရောက်အောင်သွားမလား သူ့ဘဝကရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL ဖြစ်ပါတယ်)

Every Breath She Takes (2023) ⭐IMDB: 5.6/10 (123 Votes) 🎬 #Drama #Thriller #TVMovie 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Every Breath She Takes (2023)======================= Jules က သူ့ယောကျ်ား Billy ရဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကို ခံခဲ့ရပြီး နှစ်အတော်ကြာမှာ သူတို့အိမ်မီးလောင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ Billy က Julesကို သတ်ဖို့ကြိုးစားခဲ့ပေမဲ့ Jules မီးလောင်နေစဥ် လွတ်မြောက်သွားခဲ့ပြီး Billyကတော့ မီးထဲမှာ ဆုံးသွားခဲ့တယ်။ ဒီလိုနဲ့ Jules အတွက် Billy ရဲ့ ထိန်းချုပ်မှု၊ အကြမ်းဖက်တွေအားလုံးက လွတ်ပြီလို့ ထင်ခဲ့ပေမဲ့ အဲဒါတင်မပြီးသေးပါဘူး။Jules စိတ်ပိုင်းဆိုင်ရာ ဇဝေဇဝါ ဒုက္ခတွေ ကြုံခဲ့ရပြီး နောက်ဆုံးတော့ သေဆုံးသွားတဲ့ ယောကျ်ား Billyကို မကြာခဏ ပြန်မြင်လာရပါတယ်။ လူတွေအားလုံးထင်သလို Jules တကယ်ပဲရူးသွားတာလား Billyကို ပြန်မြင်ယောင်နေတာ ဘာကြောင့်လဲဆိုတာကိုတော့ ဒီ Drama & Thriller ကားမှာ သည်းထိတ်ရင်ဖိုစရာကောင်းအောင် ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)

Suzume (2022) ⭐IMDB: 7.8/10 (11 k Votes) 🎬 #Action #Adventure #Animation #Drama #Fantasy 🗓️ 2022 🎞️ Movie 📺 720p 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (Animeဖန်တွေ စောစောကြည့်ရအောင်လက်ရှိထွက်ထားတဲ့အထဲက ကွာလတီစိုပြေတဲ့DVD HDဗားရှင်းကိုတင်ဆက်ပေးထားတာပါ CMTမှာ ssကြည့်လို့ရပါတယ်အကြည်မဟုတ်သေးပါ) IMDb 7.8/10MyAnimeList 8.5/10 နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်​ကျော်anime films​တွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့​နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incက​နေပဲ ထုတ်လုပ်​ပေးတာပါ။ ဝတ္ထုအ​နေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်​ဝေခဲ့ပါ​သေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ ​အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်​တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အ​ကောင်းဆုံးဖြစ်​နေမယ်ဆိုတာကို ​ပြောဖို့​တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီး​တွေထွက်ရင်း လူမရှိတဲ့​နေရာ​တွေ၊ အ​ဆောက်အဦး​တွေကိုမြင်ခဲ့ရာက​နေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီ​တွေအ​ကြောင်းပါထည့်သွင်းခဲ့ပါ​သေးတယ်။ ဇာတ်ဝင်​တေး​ကိုလည်း Your nameနဲ့weathering with youတို့က သီချင်း​တွေကိုသီဆို​ပေးခဲ့တဲ့ Radwimps bandကပဲ တာဝန်ယူ​ပေးထားတာမလို့ ​ရှေ့နှစ်ကားက သီချင်း​တွေကြိုက်ခဲ့တဲ့သူ​တွေအတွက် အချို​ပေါ်သကာ​လောင်းသလိုဖြစ်​နေမှာ​သေချာပါတယ်။ ဝင်​ငွေပိုင်းအ​နေနဲ့လည်း အခုအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ​ဒေါ်လာ၂၉၇သန်းဝင်ထားပြီး ဂျပန်တစ်နိုင်ငံထဲ ဝင်​ငွေဟာ ယန်း ယန်းသန်း၁၄၀၀(အ​မေရိကန် ၁၃သန်း)အထိဝင်ထားတာမလို့ ဂျပန်နိုင်ငံရဲ့ ၂၀၂၂ခုနှစ်စတုတ္ထ​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအ​နေနဲ့ရပ်တည်​နေသလို anime films​တွေထဲမှာ အဌမ​​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအဖြစ်လည်း တည်ရှိ​နေပြီး ဂျပန်နိုင်ငံရဲ့တသက်တာဝင်​ငွေအ​ကောင်းဆုံးကား​တွေထဲမှာ ၁၄​နေရာအထိပါရရှိထားပါတယ်။ (နံပါတ် ၁က ​ရောင်စုံဓါးသမား၊ နံပညတ် ၂က spirited awayပါ) ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့Suzumeဟာ အ​ဒေါ်နဲ့အတူ​နေထိုင်တဲ့ မိဘမဲ့တစ်​​ယောက်ပါ။ သူငယ်စဥ်တုန်းက အ​မေ​သေချိန်မှာ အ​မေကိုလိုက်ရှာရင်း ​လမ်း​ပျောက်သွားခဲ့ဖူးပြီး ဘာ​တွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုမမှတ်မိတဲ့သူလည်းဖြစ်ပါတယ်။ တ​နေ့မှာ​တော့ ​ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်​ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့​နေရာကိုလိုက်ရှာ​နေ​ကြောင်း၊ တံခါးတစ်ချပ်အ​ကြောင်း​​မေးသွားခဲ့ပါတယ်။ ​နောက်​တော့ Suzumeဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွား​လောက်တဲ့လူမရှိတဲ့​နေရာ​ဆီကိုလိုက်သွားရင်း တံခါးတစ်ချပ်ကို​တွေ့သွားခဲ့ပါတယ်။ အဆိုပါတံခါးကို Suzumeဟာ ဖွင့်လိုက်တဲ့အခါမှာ​တော့……

Suzume (2022) ⭐IMDB: 7.8/10 (11 k Votes) 🎬 #Action #Adventure #Animation #Drama #Fantasy 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (Animeဖန်တွေ စောစောကြည့်ရအောင်လက်ရှိထွက်ထားတဲ့အထဲက ကွာလတီစိုပြေတဲ့DVD HDဗားရှင်းကိုတင်ဆက်ပေးထားတာပါ CMTမှာ ssကြည့်လို့ရပါတယ်အကြည်မဟုတ်သေးပါ) IMDb 7.8/10MyAnimeList 8.5/10 နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်​ကျော်anime films​တွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့​နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incက​နေပဲ ထုတ်လုပ်​ပေးတာပါ။ ဝတ္ထုအ​နေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်​ဝေခဲ့ပါ​သေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ ​အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်​တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အ​ကောင်းဆုံးဖြစ်​နေမယ်ဆိုတာကို ​ပြောဖို့​တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီး​တွေထွက်ရင်း လူမရှိတဲ့​နေရာ​တွေ၊ အ​ဆောက်အဦး​တွေကိုမြင်ခဲ့ရာက​နေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီ​တွေအ​ကြောင်းပါထည့်သွင်းခဲ့ပါ​သေးတယ်။ ဇာတ်ဝင်​တေး​ကိုလည်း Your nameနဲ့weathering with youတို့က သီချင်း​တွေကိုသီဆို​ပေးခဲ့တဲ့ Radwimps bandကပဲ တာဝန်ယူ​ပေးထားတာမလို့ ​ရှေ့နှစ်ကားက သီချင်း​တွေကြိုက်ခဲ့တဲ့သူ​တွေအတွက် အချို​ပေါ်သကာ​လောင်းသလိုဖြစ်​နေမှာ​သေချာပါတယ်။ ဝင်​ငွေပိုင်းအ​နေနဲ့လည်း အခုအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ​ဒေါ်လာ၂၉၇သန်းဝင်ထားပြီး ဂျပန်တစ်နိုင်ငံထဲ ဝင်​ငွေဟာ ယန်း ယန်းသန်း၁၄၀၀(အ​မေရိကန် ၁၃သန်း)အထိဝင်ထားတာမလို့ ဂျပန်နိုင်ငံရဲ့ ၂၀၂၂ခုနှစ်စတုတ္ထ​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအ​နေနဲ့ရပ်တည်​နေသလို anime films​တွေထဲမှာ အဌမ​​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအဖြစ်လည်း တည်ရှိ​နေပြီး ဂျပန်နိုင်ငံရဲ့တသက်တာဝင်​ငွေအ​ကောင်းဆုံးကား​တွေထဲမှာ ၁၄​နေရာအထိပါရရှိထားပါတယ်။ (နံပါတ် ၁က ​ရောင်စုံဓါးသမား၊ နံပညတ် ၂က spirited awayပါ) ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့Suzumeဟာ အ​ဒေါ်နဲ့အတူ​နေထိုင်တဲ့ မိဘမဲ့တစ်​​ယောက်ပါ။ သူငယ်စဥ်တုန်းက အ​မေ​သေချိန်မှာ အ​မေကိုလိုက်ရှာရင်း ​လမ်း​ပျောက်သွားခဲ့ဖူးပြီး ဘာ​တွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုမမှတ်မိတဲ့သူလည်းဖြစ်ပါတယ်။ တ​နေ့မှာ​တော့ ​ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်​ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့​နေရာကိုလိုက်ရှာ​နေ​ကြောင်း၊ တံခါးတစ်ချပ်အ​ကြောင်း​​မေးသွားခဲ့ပါတယ်။ ​နောက်​တော့ Suzumeဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွား​လောက်တဲ့လူမရှိတဲ့​နေရာ​ဆီကိုလိုက်သွားရင်း တံခါးတစ်ချပ်ကို​တွေ့သွားခဲ့ပါတယ်။ အဆိုပါတံခါးကို Suzumeဟာ ဖွင့်လိုက်တဲ့အခါမှာ​တော့……

Resident Evil: Vendetta (2017) ⭐IMDB: 6.2/10 (14 k Votes) 🎬 #Action #Adventure #Animation #Horror #Mystery #ScienceFiction #SciFi 🗓️ 2017 🎞️ Movie 📺 1080p 🌎 #Japan ⏰ 1 နာရီ 37 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wow… လို့ အရင်ပြောပါရစေ…Resident Evil: The Final Chapter နဲ့ ဂျင်းသိပ်ခံရတာတွေ ဒီ Animation Movie နဲ့ ပြန်ဖြေသိမ့်လိုက်ရတယ်… IMDb 7.1/10 ထိရထားတယ် ဆိုရင် သိလိုက်တော့…ကိုယ်တွေ လွမ်းနေတဲ့ ခရစ် ပါမယ် ရေဗက္ကာ ပါမယ် လီယွန် ပါတယ် ဇတ်လမ်းက နည်းနည်းတော့ Game ဆန်မယ်ကိုယ်တွေက Game အဆော့များလို့လား မပြောတက်ပေမယ့် Game Story နဲ့နဲနဲသွားဆင်နေတယ် သိပ်မကြာသေးခင်က ထွက်ရှိထားတဲ့  Resident Evil 7: Biohazard (Game) လိုမျိုးဇတ်လမ်း ကြိုမသိနိုင်တဲ့ပုံစံမျိုး နဲ့ ဇတ်သိမ်းသွားတယ်…အမှန်အတိုင်းပြောရရင် ရမယ်ရှာပြီး ဆွဲဆန့်ထားတဲ့ Resident Evil ဇတ်လမ်းတွေဟာ တစ်ဖြေးဖြေး ချာလာပေမယ့်ခုနောက်ပိုင်း Japan က Game နဲ့ Animation တွေဟာ ဖန်တရာတေနေတဲ့ Umbrella Corporation ကိုတစ်ဖြေးဖြေး ကျနော်တို့ဆီကနေ အစဖျောက် ဆွဲထုတ်သွားခဲ့ပါပြီ….အရင်က umbrella ရဲ့ ဖော်မြူလာက တစ်ဦး ကနေ တစ်ဦး ကိုက်ပြီး သတ်ဖြတ်ပြီး ကူးမယ် အသိဥာဏ်မဲ့ပြီးသွေးန့ံရသမျှ ကိုက်မယ် ဆိုတာတွေ  အခု ဗီလိန် အသစ် အေရိစ် ရဲ့ လက်ထပ် မှာ တစ်မျိုးပြောင်းလဲလိုက်ပါပြီသူကမှ တကယ့်စစ်တပ်တစ်ခုကို ဖန်တီးလိုက်နိုင်ပါတယ်… အေရိစ် ဟာ ဗိုင်းရပ်စ် ဖော်မြူလာ ကိုထပ်ပြီး ဆန်းသစ်ကာ Zombie တွေကို ထိန်းချူပ်နိုင်တဲ့ ဖော်မြူလာ အဖြစ်ပြောင်းလဲခဲ့ပါတယ်..အသိဥာဏ်ရှိတဲ့ တကယ့် Zombie တပ်ဖွဲ့ကို ဖန်ဆင်းနိုင်ခဲ့တာပါ….ဇတ်လမ်းကို ဘယ်နည်းနဲ့မှ အမြည်းအဖြစ် မပေးနိုင်တာကိုတော့ ခွင့်လွှတ်ပေးပါကျနော့် လက် နဲ့ ရေးမပြနိုင်ချင်လောက်အောင် ကျနော့် ရဲ့ ၀ါသနာတူ Resident Evil Fan တွေကို ခံစားစေချင်လို့မြန်မာစာတန်းထိုး နဲ့ တင်ပေးလိုက်ပါပြီ  Download ဆွဲကြည့်လိုက်ပါခင်ဗျာ…ပြီးရင် ကျနော် ညွှန်းထားသလို ဟုတ်မဟုတ် ဆိုတာ ကြည့်လိုက်ပေါ့ဗျာ… ThitSanKhant File Size : 1 GB /320 MB Quality : WEB-DL Running Time :  1h 37min Format : Mp4 Genre : Animation, Action, Adventure Translator : Tariq L Walker Encoder : Tariq L Walker Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Resident Evil: Vendetta (2017) ⭐⁉️ 🎬 #Action #Adventure #Animation 🗓️ 2017 🎞️ Movie 📺 1080p 🌎 #Japan ⏰ 1 နာရီ 37 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wow… လို့ အရင်ပြောပါရစေ…Resident Evil: The Final Chapter နဲ့ ဂျင်းသိပ်ခံရတာတွေ ဒီ Animation Movie နဲ့ ပြန်ဖြေသိမ့်လိုက်ရတယ်… IMDb 7.1/10 ထိရထားတယ် ဆိုရင် သိလိုက်တော့…ကိုယ်တွေ လွမ်းနေတဲ့ ခရစ် ပါမယ် ရေဗက္ကာ ပါမယ် လီယွန် ပါတယ် ဇတ်လမ်းက နည်းနည်းတော့ Game ဆန်မယ်ကိုယ်တွေက Game အဆော့များလို့လား မပြောတက်ပေမယ့် Game Story နဲ့နဲနဲသွားဆင်နေတယ် သိပ်မကြာသေးခင်က ထွက်ရှိထားတဲ့  Resident Evil 7: Biohazard (Game) လိုမျိုးဇတ်လမ်း ကြိုမသိနိုင်တဲ့ပုံစံမျိုး နဲ့ ဇတ်သိမ်းသွားတယ်…အမှန်အတိုင်းပြောရရင် ရမယ်ရှာပြီး ဆွဲဆန့်ထားတဲ့ Resident Evil ဇတ်လမ်းတွေဟာ တစ်ဖြေးဖြေး ချာလာပေမယ့်ခုနောက်ပိုင်း Japan က Game နဲ့ Animation တွေဟာ ဖန်တရာတေနေတဲ့ Umbrella Corporation ကိုတစ်ဖြေးဖြေး ကျနော်တို့ဆီကနေ အစဖျောက် ဆွဲထုတ်သွားခဲ့ပါပြီ….အရင်က umbrella ရဲ့ ဖော်မြူလာက တစ်ဦး ကနေ တစ်ဦး ကိုက်ပြီး သတ်ဖြတ်ပြီး ကူးမယ် အသိဥာဏ်မဲ့ပြီးသွေးန့ံရသမျှ ကိုက်မယ် ဆိုတာတွေ  အခု ဗီလိန် အသစ် အေရိစ် ရဲ့ လက်ထပ် မှာ တစ်မျိုးပြောင်းလဲလိုက်ပါပြီသူကမှ တကယ့်စစ်တပ်တစ်ခုကို ဖန်တီးလိုက်နိုင်ပါတယ်… အေရိစ် ဟာ ဗိုင်းရပ်စ် ဖော်မြူလာ ကိုထပ်ပြီး ဆန်းသစ်ကာ Zombie တွေကို ထိန်းချူပ်နိုင်တဲ့ ဖော်မြူလာ အဖြစ်ပြောင်းလဲခဲ့ပါတယ်..အသိဥာဏ်ရှိတဲ့ တကယ့် Zombie တပ်ဖွဲ့ကို ဖန်ဆင်းနိုင်ခဲ့တာပါ….ဇတ်လမ်းကို ဘယ်နည်းနဲ့မှ အမြည်းအဖြစ် မပေးနိုင်တာကိုတော့ ခွင့်လွှတ်ပေးပါကျနော့် လက် နဲ့ ရေးမပြနိုင်ချင်လောက်အောင် ကျနော့် ရဲ့ ၀ါသနာတူ Resident Evil Fan တွေကို ခံစားစေချင်လို့မြန်မာစာတန်းထိုး နဲ့ တင်ပေးလိုက်ပါပြီ  Download ဆွဲကြည့်လိုက်ပါခင်ဗျာ…ပြီးရင် ကျနော် ညွှန်းထားသလို ဟုတ်မဟုတ် ဆိုတာ ကြည့်လိုက်ပေါ့ဗျာ… ThitSanKhant File Size : 1 GB /320 MB Quality : WEB-DL Running Time :  1h 37min Format : Mp4 Genre : Animation, Action, Adventure Translator : Tariq L Walker Encoder : Tariq L Walker Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Last Action Hero (1993) ⭐IMDB: 6.4/10 (156 k Votes) 🎬 #Action #Adventure #Comedy #Family #Fantasy 🗓️ 1993 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 2 နာရီ 11 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ရုပ်ရှင်ထဲက ဇာတ်ကောင်က အပြင်လောကထဲ ထွက်လာချိန်မှာ ရုပ်ရှင်ထဲကလိုပဲ ဘယ်လိုသတ်သတ်မသေဘူးဆိုတဲ့ သဘောတရားက ဆက်ပြီးတည်ရှိနေနိုင်ပါဦးမလား.. ဆိုတာကိုတော့ အာနိုးမင်းသားကြီးရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ဟာသဆန်ဆန် ဇာတ်ကွက်တွေကို ရုပ်ရှင်ထဲက ရုပ်ရှင်ကားအဖြစ် ရှုစားကြည့်ကြပါဦးလို့.. (ဇာတ်လမ်းတွေကြည့်ရင်းနဲ့ တစ်ခါတလေကျ သရုပ်ဆောင်တွေရဲ့ အပြင်လောကကနာမည်ကို မမှတ်မိဘဲ သူတို့သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်နာမည်ကိုသာ မှတ်မိတာမို့ သူကတော့ဟိုကားက ဟိုလူနေရာမှာ သရုပ်ဆောင်တာ၊ ဒီလိုမျိုးမှတ်မိတတ်ကြတယ်မလား.. ဒီကားထဲက မက်ဒီဂန်လေးကလည်း ရုပ်ရှင်ထဲကိုရောက်သွားတော့ သရုပ်ဆောင်တွေကို တွေ့ပြီး သူကတော့ ဟိုကားထဲမှာ ဘယ်သူအဖြစ်နဲ့သရုပ်ဆောင်တာ၊ ဟိုလူကတော့ ဟိုကားထဲမှာ ဘယ်သူ့ကိုသတ်လိုက်တာဆိုတာမျိုးက ဟာသဇာတ်ကွက်ပေမယ့် လက်တွေ့ဆန်တာမို့ တချို့အခန်းတွေကျ ကိုယ်ကိုယ်တိုင် ဇာတ်ကောင်နေရာရောက်သွားသလို ခံစားရပြီး ပြုံးမိစေပါတယ်..)

Last Action Hero (1993) ⭐IMDB: 6.4/10 (156 k Votes) 🎬 #Action #Adventure #Comedy #Family #Fantasy 🗓️ 1993 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 2 နာရီ 11 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ရုပ်ရှင်ထဲက ဇာတ်ကောင်က အပြင်လောကထဲ ထွက်လာချိန်မှာ ရုပ်ရှင်ထဲကလိုပဲ ဘယ်လိုသတ်သတ်မသေဘူးဆိုတဲ့ သဘောတရားက ဆက်ပြီးတည်ရှိနေနိုင်ပါဦးမလား.. ဆိုတာကိုတော့ အာနိုးမင်းသားကြီးရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ဟာသဆန်ဆန် ဇာတ်ကွက်တွေကို ရုပ်ရှင်ထဲက ရုပ်ရှင်ကားအဖြစ် ရှုစားကြည့်ကြပါဦးလို့.. (ဇာတ်လမ်းတွေကြည့်ရင်းနဲ့ တစ်ခါတလေကျ သရုပ်ဆောင်တွေရဲ့ အပြင်လောကကနာမည်ကို မမှတ်မိဘဲ သူတို့သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်နာမည်ကိုသာ မှတ်မိတာမို့ သူကတော့ဟိုကားက ဟိုလူနေရာမှာ သရုပ်ဆောင်တာ၊ ဒီလိုမျိုးမှတ်မိတတ်ကြတယ်မလား.. ဒီကားထဲက မက်ဒီဂန်လေးကလည်း ရုပ်ရှင်ထဲကိုရောက်သွားတော့ သရုပ်ဆောင်တွေကို တွေ့ပြီး သူကတော့ ဟိုကားထဲမှာ ဘယ်သူအဖြစ်နဲ့သရုပ်ဆောင်တာ၊ ဟိုလူကတော့ ဟိုကားထဲမှာ ဘယ်သူ့ကိုသတ်လိုက်တာဆိုတာမျိုးက ဟာသဇာတ်ကွက်ပေမယ့် လက်တွေ့ဆန်တာမို့ တချို့အခန်းတွေကျ ကိုယ်ကိုယ်တိုင် ဇာတ်ကောင်နေရာရောက်သွားသလို ခံစားရပြီး ပြုံးမိစေပါတယ်..)

Mismatched Couples (1985) ⭐IMDB: 6.6/10 (338 Votes) 🎬 #Action #Comedy #Romance 🗓️ 1985 🎞️ Movie 📺 720p 🌎 #HongKong ⏰ 1 နာရီ 32 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mismatched Couples (1985) ဂျက်ကီချမ်းရဲ့ Drunken Master, Snake in the Eagle’s Shadow တို့၊ ဂျက်လီရဲ့ Tai Chi Master တို့၊ မီရှဲယိုရဲ့ Wing Chun တို့၊ ဒွန်နီယန်ရဲ့ Master Z: The IP Man Legacy တို့၊ Iron Monkey တို့၊ အန်းလီရဲ့ အော်စကာရ Crouching Tiger, Hidden Dragon ရဲ့ အဆက် Sword of Destiny ကို ရိုက်ခဲ့တဲ့ Yuen Woo Ping ရဲ့ ဟိုးတုန်းကကားဟောင်းပါ။ Donnie Yen ကို မင်းသားတင်ရိုက်ထားပါတယ်။ ကားကတော့ ဖိုက်တင်နဲ့ ဘရိတ်ဒန့်အကကို ရောစပ်ပြသထားတဲ့ အချစ်ဟာသကားပါပဲ။ တစ်ခုရှိတာက တောင်းလွန်းမက တောင်းလွန်းလို့သာ တင်ရပေမဲ့ ဒီကားရဲ့ မူရင်းစာဖိုင်မှာကိုက ” Since there is no decent English sub, I decided to translate other language subs and merge with the “google translated” english sub that’s available. At some point, I had to re-write some lines to try and make sense of the scenes… hopefully, it won’t take away from the movie” လို့ ရေးထားသလို သူ့အင်္ဂလိပ်စာဖိုင်ကိုက လွတ်နေတဲ့နေရာတွေများပါတယ်။ ဒါတွေကို ပြန်ဖြည့်ထားရတာပေမယ့် သူ့စကားအတိုင်း Hopefully, it won’t take away from the movie ပါပဲ။ ဟောင်ကောင်မင်းသမီးချောချောလေးတွေနဲ့ ဒွန်နီယန်ကို ကြည့်ချင်ရင်တော့ ကြည့်သင့်တဲ့ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)

Mismatched Couples (1985) ⭐IMDB: 6.6/10 (338 Votes) 🎬 #Action #Comedy #Romance 🗓️ 1985 🎞️ Movie 📺 1080p 🌎 #HongKong ⏰ 1 နာရီ 32 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mismatched Couples (1985) ဂျက်ကီချမ်းရဲ့ Drunken Master, Snake in the Eagle’s Shadow တို့၊ ဂျက်လီရဲ့ Tai Chi Master တို့၊ မီရှဲယိုရဲ့ Wing Chun တို့၊ ဒွန်နီယန်ရဲ့ Master Z: The IP Man Legacy တို့၊ Iron Monkey တို့၊ အန်းလီရဲ့ အော်စကာရ Crouching Tiger, Hidden Dragon ရဲ့ အဆက် Sword of Destiny ကို ရိုက်ခဲ့တဲ့ Yuen Woo Ping ရဲ့ ဟိုးတုန်းကကားဟောင်းပါ။ Donnie Yen ကို မင်းသားတင်ရိုက်ထားပါတယ်။ ကားကတော့ ဖိုက်တင်နဲ့ ဘရိတ်ဒန့်အကကို ရောစပ်ပြသထားတဲ့ အချစ်ဟာသကားပါပဲ။ တစ်ခုရှိတာက တောင်းလွန်းမက တောင်းလွန်းလို့သာ တင်ရပေမဲ့ ဒီကားရဲ့ မူရင်းစာဖိုင်မှာကိုက ” Since there is no decent English sub, I decided to translate other language subs and merge with the “google translated” english sub that’s available. At some point, I had to re-write some lines to try and make sense of the scenes… hopefully, it won’t take away from the movie” လို့ ရေးထားသလို သူ့အင်္ဂလိပ်စာဖိုင်ကိုက လွတ်နေတဲ့နေရာတွေများပါတယ်။ ဒါတွေကို ပြန်ဖြည့်ထားရတာပေမယ့် သူ့စကားအတိုင်း Hopefully, it won’t take away from the movie ပါပဲ။ ဟောင်ကောင်မင်းသမီးချောချောလေးတွေနဲ့ ဒွန်နီယန်ကို ကြည့်ချင်ရင်တော့ ကြည့်သင့်တဲ့ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)

The Watchful Eye (2023- ) ⭐IMDB: 6.3/10 (2 k Votes) 🎬 #Drama #Mystery #Thriller 🗓️ 2023- 🎞️ Series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 18 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Watchful EyeThe Watchful Eye – Season (01) ======================= IMDb Rating – 6.3/10ဂရေးဘောင်းမိသားစုကြီးဟာ နယူးယောက်မြို့တော်ရဲ့ အစဉ်အလာကြီးမားတဲ့အထက်တန်းလွှာမိသားစုတစ်စု ဖြစ်ပါတယ်။ လူကုံထံတို့ထုံးစံ လူသိမခံချင်တဲ့အတိတ် တွေ၊ မိသားစုဝင်ချင်းအားပြိုင်မှုတွေ၊ အမုန်းအငြိုးအာ ဃာတတွေနဲ့ သပွတ်အူလိုက်နေတဲ့ မိသားစုတစ်ခုပါပဲ။ နောက်တစ်ခုရှိတာကတော့ သူတို့ရဲ့အဆောက်အအုံကြီးဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ သေဆုံးမှုအမျိုးမျိုးဖြစ်ပေါ်လေ့ရှိတဲ့ အတွက်လည်းနာမည်ကြီးပါတယ်။ ဒီလိုသေဆုံးမှုတွေနဲ့အတူ တစ္ဆေခြောက်တဲ့ ကောလဟာလတွေကလည်းရှိပါသေးတယ်။ အဲ့ဒီလို နေရာမျိုးကိုမှ ကလေးထိန်းအဖြစ်အလုပ်ဝင်လျှောက်ပြီး ပြောင်းလာခဲ့တဲ့သူက အယ်လီနာဆိုတဲ့ မိန်းမချောလေးပါပဲ။ အယ်လီနာဟာ သူတို့ရဲ့အစေခံတန်းလျားသဘော အပေါ်ဆုံးထပ် စတိုခန်းတွေမှာနေရာရတယ်။လေ့လာစပ်စုရင်း အဆောက်အအုံ ထဲမှာနဂိုရောက်နှင့်နေတဲ့ ရွယ်တူတစ်ချို့နဲ့မိတ်ဆွေဖြစ်ခဲ့တယ်။ ဒါပေမယ့် လူလစ်ရင်လစ်သလို ကျီးကန်းတောင်းမှောက်မျက်လုံး တွေနဲ့ ချောင်းမြောင်းနေတတ်တဲ့ အယ်လီနာမှာ လျှို့ဝှက်အကြံ အစည်ကြီးတစ်ခုရှိနေပါသေးတယ်။ဒီလိုနဲ့ သူနဲ့မိတ်ဆွေဖွဲ့ခဲ့တဲ့ လူတစ်စုကြားကတစ်ဦးဟာ သက်ရှိ ထင်ရှားလူမဟုတ်ပဲ ပရလောကသားတစ်ယောက်ဖြစ်နေတယ် ဆိုတာ သိလိုက်ရတဲ့နောက်တော့ ဒီအဆောက်အအုံကြီးနဲ့ သူ့ဆီမှာ နေထိုင်သူတွေရဲ့ လျှို့ဝှက်ချက်တွေဟာ တစ်ရစ်ချင်းပြေ ကျလာပါတော့တယ်။ ဒါဆိုရင် အယ်လီနာရဲ့အကြံအစည်အောင် မြင်နိုင်မလား၊ ဘယ်သူတွေက သူ့အတွက် ရန်သူဖြစ်ပြီး ဘယ်သူ တွေက မိတ်ဆွေဖြစ်နေမလဲ၊ အဆောက်အအုံကြီးမှာဖြစ်ပေါ်ခဲ့တဲ့ ဆန်းကြယ်တဲ့သေဆုံးမှုတွေရဲ့ တရားခံဟာ ဘယ်သူလဲ? စသည်ဖြင့် Drama, Mystery thriller ဆိုတဲ့အတိုင်း သိချင်စိတ်ကိုနိူးဆွဆွဲခေါ် သွားမယ့် ဇာတ်လမ်းဇာတ်အိမ်အချိုးအကွေ့တွေနဲ့ အသည်းတအေး အေး ရင်တဖိုဖိုကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Alias မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေး သူများကတော့ Alias, San Thu Aung တို့ဖြစ်ပါတယ်။)File Size………….(400 MB) / (1.0 GB)