无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Wild Things 2 (2004) ⭐TMDB: 52% User Score 🎬 #Crime #Drama #Mystery #Thriller 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက် သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။ အခုတင်ဆက်ပေးမယ့် အပိုင်း ၂ မှာတော့ ဘရစ်တနေဟေဗာ ဆိုတဲ့ မီလျံနာသူဌေးကြီးတစ်ဦးရဲ့မယားပါသမီး အထက်တန်းကျောင်းသူလေးကိုတွေ့မြင်ရမှာပါ။ဘရစ်တနီရဲ့မိခင်က မကြာသေးခင်ကမှ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပြီး အခုချိန်မှာတော့ ပထွေးဖြစ်သူနဲ့ နှစ်ဦးတည်းနေထိုင်နေတာဖြစ်ပါတယ်။ဘရစ်တနီကအထက်တန်းကျောင်း ဘော်လီဘောအဖွဲ့ဝင်တစ်ဦးဖြစ်သလိုအပေါင်းအသင်းလည်းဝင်ဆန့်တဲ့အတွက် ကျောင်းမှာနာမည်ကျော်တွေထဲကတစ်ယောက်ပါ။သူ့ရဲ့ငယ်စဉ်ဘ၀က ဆင်းရဲခဲ့တဲ့အတွက် အဲ့ဒါကိုအားနည်းချက်လိုအမြဲထုတ်ဖော်တိုက်ခိုက်ပြီး သူ့ကိုမနာလိုနေတဲ့ မာယာကင်း ဆိုတဲ့ပြိုင်ဘက်ကျောင်းသူတစ်ယောက်လည်း သူ့မှာရှိနေပါတယ်။ တစ်နေ့တော့ သူ့ပထွေးဖြစ်သူ သန်းကြွယ်သူဌေးကြီးဟာ ခရီးသွားစဉ်မတော်တဆမှုနဲ့သေဆုံးသွားခဲ့ပြီး အမွေကိစ္စရှေ့နေတွေနဲ့ရှင်းလင်းတဲ့အချိန်မှာသူ့အတွက် တစ်နှစ်စာ ထောက်ပံ့ကြေး ၂၅၀၀၀ ကလွဲလို့ဘာမှချန်မထားခဲ့ပဲ ကျန်တဲ့စည်းစိမ်မှန်သမျှကို သူ့မှာသွေးသားရင်းရှိခဲ့ရင် အဲ့ဒီလူကိုသာလွှဲပြောင်း ဆက်ခံစေမှာဖြစ်ကြောင်းသိလိုက်ရပါတယ်။ အဲ့ဒီသွေးသားရင်းဆိုတဲ့သူက တကယ်တမ်းထွက်ပေါ်လာမှာလား? အဲ့ဒီလူဟာ ဘယ်သူဖြစ်နေမလဲ?ပထွေးဖြစ်သူရဲ့သေဆုံးမှုဟာလည်း သာမန်မတော်တဆမှုတစ်ခုပဲလား အစရှိတာတွေကို အဆုံးသတ်အထိ မြုပ်ကွက်တွေ ပဟေဠိတွေအပြည့်နဲ့ရှုစားရမှာပါ။Erotic Thriller အမျိုးအစားဖြစ်တဲ့အတွက် အဖော်အချွတ်လေးတွေအနည်းငယ်ပါဝင်ပါတယ်။ ( အညွှန်းရေးသားထားသူကတော့...
The Delinquent Season (2018) ⭐IMDB: 6.4/10 (3 k Votes) 🎬 #Drama #Romance 🗓 2018 🎞 movie 🌎 #Ireland ⏰ 1 နာရီ 44 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒရာမာမှဒရာမာဆိုသူများအတွက် Peaky Blinders မင်းသားကြီး Cillian Murphy ပါဝင်သရုပ်ဆောင်ခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာ မျိုးစုံကိုခံစားရမဲ့ 2018 တုန်းကဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Delinquent Season ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားပါတယ်။ဒီဇာတ်ကားထဲမှာတော့ မိသားစုနှစ်ခုကြားကမိဘတွေရဲ့ကြားမှာအရင်းနှီးလွန်သွားရင်းနဲ့ မိသားစုနှစ်ခုလုံးပြိုကွဲဖို့အကြောင်းဖန်လာရာကနေဖြစ်တည်လာခဲ့တဲ့ ဒရာမာပေါင်းသောင်းခြောက်ထောင်ကိုမြင်တွေ့ရမှာဖြစ်တဲ့အတွက် ပညာပေးအနေနဲ့ရော Entertainment အနေနဲ့ပါကြည့်ဖို့အဆင် ပြေပါတယ်။ အထက်မှာပြောခဲ့တဲ့ မိသားစုနှစ်ခုကတော့ ဂျင်မ်နဲ့ဒန်နီရယ်တို့ရဲ့မိသားစုနဲ့ ခရစ်နဲ့အီဗွန်တို့ရဲ့မိသားစုပဲဖြစ်ပါတယ်။မိသားစုနှစ်ခုလုံးမှာကလေး နှစ်ယောက်စီရှိကြပြီး ဇနီးနှစ်ယောက်ဖြစ်တဲ့ဒန်နီရယ်နဲ့အီဗွန်တို့ကတော့ သူငယ်ချင်းအရင်းတွေပဲဖြစ်ပါတယ်။နိုင်ငံခြားမိသားစုတွေရဲ့ထုံးစံအတိုင်း သူတို့တွေက မိသားစုနှစ်ခုအတူတူညစာစားကြပြီး ပေါင်းသင်းဆက်ဆံရေး တွေလုပ်ကြတဲ့အတွက် ဂျင်မ်နဲ့ခရစ်တို့ကလည်းအထိုက်အသင့်တော့ ရင်းနှီးပါတယ်။ခရစ်နဲ့အီဗွန်တို့ရဲ့ မိသားစုဘ၀လေးကသာယာအဆင်ပြေ နေပေမဲ့ ခရစ်ကအကြောင်းပြချက်မရှိ ကြမ်းတမ်းရိုင်းစိုင်းလာတဲ့အခါ မှာတော့ အီဗွန်လည်းအရမ်းတွေစိတ်ညစ်ပြီး ကြံရာမရဖြစ်နေပါတော့တယ်။ အဲ့ဒီလိုပျော့ညံ့နေတဲ့အချိန်မှာ အီဗွန်နဲ့ဂျင်မ်တို့ဖောက်ပြန်ဖို့ အကြောင်း ဖန်လာခဲ့ပြီး မိသားစုနှစ်ခုကြားမှာဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ အရှုပ်အထွေးတွေဆက်ဖြစ်လာမလဲ အီဗွန်နဲ့ဂျင်မ်တို့ရဲ့အချစ်ကရော စစ်မှန်ရဲ့လား ဘယ်လိုဇာတ်သိမ်းမျိုးကိုရောကြည့်ရှုခံစားရမလဲအစရှိသဖြင့် ပရိသတ်တွေရဲ့စိတ်ကို ဖမ်းစားညှို့ယူသွားမဲ့ဒရာမာဇာတ်လမ်းကောင်း တစ်ကားပဲဖြစ်ပါတယ်။...
Longlegs (2024) ⭐IMDB: 7.1/10 (51 k Votes) 🎬 #Crime #Horror #Thriller #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အောက်ကားတွေပဲ ရိုက်နေရာကနေ နာမည်ပြန်ပြန်ရလာပြီဖြစ်တဲ့ နစ်ကလက်ကေ့ဂျ်ရဲ့ နောက်ဆုံးထွက် ဟော်ရာရုပ်ရှင်လာပါပြီ။ ဒီရုပ်ရှင်က အင်ဒီ ဟော်ရာရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံး အဖြစ် သန်း ၁၀၀ ရပြီး စံချိန်တင်သွားခဲ့တာပါ။ ရုပ်ရှင်ရဲ့ ဘက်ဂျက်က ၁၀ သန်းတောင်မပြည့်ခဲ့ပါဘူး။ A24 ရဲ့ Talk To Me နဲ့ ၄၈ သန်းရခဲ့တဲ့ စံချိန်ကို နှစ်ဆ ချိုးသွားတာပါ။ Neon ကုမ္ပဏီက ဖြန့်ချီပေးခဲ့ပြီး နစ်ရဲ့ Saturn Films production company က ပရိုဂျူဆာအဖြစ် ပါဝင်ခဲ့တာပါ။ ဒါရိုက်တာကတော့ ဟော်ရာဒါရိုက်တာ Osgood Perkins ပါပဲ။ ဇာတ်လမ်းအမျိုးအစားကတော့ သဘာဝလွန် ဆိုက်ကို ဟော်ရာ အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်း*************** အက်ဖ်ဘီအိုင် အေးဂျင့် လီဟာကာ ကို ကွင်းဆက်လူသတ်သမား တစ်ယောက်ကိုလိုက်ဖို့ တာဝန်ပေးခံခဲ့ရပါတယ်။ အဲဒီလူသတ်သမားက နှစ် ၃၀ အတွင်း မိသားစု ၁၀ စုကို သတ်ခဲ့တာပါ။ ဒါပေမဲ့ ပြဿနာက လူသတ်မှုတွေအားလုံးက မိသားစုဝင်အချင်းချင်း သတ်ပစ်ကြပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ အမှုတွေချည်းဖြစ်နေတာပါပဲ။ သူ့လက်ချက်ပါလို့ သိသာစေတဲ့ စာတစ်စောင်ချန်ခဲ့လို့သာ တရားခံရှိတယ်ဆိုတာသိရပြီး တရားခံဟာ အမှုဖြစ်ချိန်တိုင်းမှာ လူကိုယ်တိုင် ရှိမနေခဲ့ပါဘူး။ အဲဒီ ဝှက်စာတွေအရ တရားခံကို ခြေတံရှည်ကြီးလို့ သိရပါတယ်။ လီဟာကာတစ်ယောက် လူသတ်မှုတွေရဲ့ နောက်ကွယ်က ဆက်စပ် ပုံတွေကို အဖြေရှာရင်း နောက်ထပ် လူသတ်မှုတွေ ဖြစ်လာမှာကိုပါ ရိပ်စားမိပြီး တားဆီးဖို့ ကြိုးစားရပါတော့တယ်။...
Pachinko (2022) ⭐IMDB: 8.3/10 (13 k Votes) 🎬 #Drama 🗓 2022 🎞 tv series 🌎 #SouthKorea #Canada #UnitedStates #UnitedStatesofAmerica ⏰ 53 မိနစ် 6 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pachinko Season 2 (2024) ************************** အပိုင်းသစ် (၁) Season 1 မှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီးအော်စကာဆုကြီးအပြင် ဆုပေါင်းများစွာရရှိခဲ့တဲ့ဒီဇာတ်လမ်းလေးက ဒီနေ့မှာတော့ Season 2 ထွက်ရှိလာပါပြီ။ ဒုတိယကမ္ဘာစစ်ကာလကို နောက်ခံယူထားတဲ့ ဒီကားမှာတော့စစ်ဘေးကြောင့် အသက်အိုးအိမ်ဆုံးရှုံးရပြီး ကိုရီးယားကနေဂျပန်ကို ပြောင်းရွှေ့နေထိုင်ကြတဲ့ စစ်ဘေးရှောင်မိသားစုတွေထဲကမှမိသားစုတစ်စုရဲ့ ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ မျှော်လင့်ချက်တွေကိုရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ Season 1 မှာတော့ 1940 ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာဂျပန်နိုင်ငံထဲမှာ Sun Ja ရဲ့ မိသားစုတွေ အသက်ရှင်ဖို့ကြိုးစားတာကို ကြည့်ရှုခဲ့ရပြီးတော့ ယခု Season 2 မှာတော့1989 ခုနှစ် အချိန်ကာလကို နောက်ခံထားပြီး အလုပ်ဆုံးရှုံးသွားတဲ့Sun Ja ရဲ့ မြေးဖြစ်သူ Solomon တစ်ယောက် တိုကျိုမြို့မှာအစစအရာရာကို အသစ်တဖန်ပြန်စဖို့ ကြိုးစားနေပြီး မိသားစုကိုအမြဲစိတ်ပူပြီး ကာကွယ်ပေးတတ်တဲ့ အဘွားဖြစ်သူတစ်ယောက်မြေးကိုလိုက်ကာကွယ်ပေးရင်းနဲ့ နိုင်ငံရေးအရှုပ်တော်ပုံတွေထဲဘယ်လိုတွေပါဝင်ပတ်သတ်မိမလဲဆိုတာကို ကြည့်ရှူရမှာဖြစ်ပါတယ်။ Season 2 မှာလည်းပဲ မူရင်း cast တွေဖြစ်ကြတဲ့Lee Min Ho, Kim Min Ha, Youn Yuh-Jung နဲ့Jin Ha တို့ အဓိကပါဝင်ပြီး အခြားသောဝါရင့်သရုပ်ဆောင်ကြီးများစွာပါဝင်အားဖြည့်ထားတဲ့ ဒီကားလေးကိုတော့ CM ကနေသောကြာနေ့တိုင်း တစ်ပတ် ၁ပိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့အတူကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။)...
The Frog (2024) ⭐TMDB: 100% User Score 🎬 #Mystery #Drama #Crime #Thriller 🗓 2024 🎞 tv series 🌎 #SouthKorea ⏰ 49 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Frog (2024) ***************** အပိုင်းသစ် (၁) ဒီနေ့ထွက်ရှိတဲ့ အမိုက်စားကားလေးမှာတော့ မင်းသားကြီး Kim Yoon Seok, Yoon Kye Sang, မင်းသမီးကြီး Lee Jung Eun နဲ့အတူ ကိုယ်တွေရဲ့ မချော Go Min Si အပြင် တခြားနာမည်ကြီး ဇာတ်ပို့ဇာတ်ရံများစွားလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ တောအုပ်လေးထဲမှာ အေးအေးချမ်းချမ်းနဲ့ ဂျွန်ယောင်းဟာဖွင့်ထားတဲ့ အပန်းဖြေစခန်းလေးဆီကို တစ်နေ့မှာတော့ ပဟေဠိဆန်တဲ့ ယူဆောင်းအာဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။ ဒါပေမဲ့ အဲဒီပဟေဠိဆန်တဲ့ ကောင်မလေး ရောက်လာပြီးနောက်မှာပဲ သူရဲ့ ငြိမ်သက်နေတဲ့ဘဝဟာ ချောက်ခြားဖွယ်ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း ဂူဆောင်းဂျွန်ဟာ မိုတယ်တစ်ခုကို လက်လွှဲယူပြီး မိသားစုဝင်တွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနေတဲ့သူပါ။ ဒါပေမဲ့ သူရဲ့ ဟိုတယ်မှာလည်း မတော်တဆမှုတစ်ခုဖြစ်ပွားပြီးနောက်ပိုင်း အေးချမ်းနေတဲ့ သူ့မိသားစုဘဝလေးလည်း ကမောက်ကမတွေအတိနဲ့ပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ယွန်းဘိုမင်းဆိုတဲ့ ရဲဟာ အဲဒီအပန်းဖြေစခန်းနားမှာရှိတဲ့ ရဲစခန်းကို စခန်းမှူးအဖြစ် တာဝန်ကျပြောင်းရွှေ့လာပြီး ရုတ်ချည်းဖြစ်သွားတဲ့ အမှုတွေကို စုံစမ်းဖို့ဖြစ်လာတဲ့အခါမှာတော့… ယူဆောင်းအာနဲ့ ဂျွန်ယောင်းဟာနဲက ဘယ်လိုပတ်သက်နေတာလဲ။ အပန်းဖြေစခန်းက အမှုတွေကရော ဆောင်းအာနဲ့ ဘယ်လိုပတ်သက်နေတာလဲ။ စခန်းမှူးဘိုမင်းကရော ဘာတွေသိထားပြီး အမှုကို ဘယ်လိုလိုက်သွားမလဲဆိုတာတွေကို plot twist တွေနဲ့ ရင်ခုန်စွာကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။...
Mashle: Magic and Muscles (2023) ⭐IMDB: 7.6/10 (8 k Votes) 🎬 #Animation #Comedy #Action #Adventure #SciFi #Fantasy 🗓 2023 🎞 tv series 🌎 #Japan ⏰ 23 မိနစ် 55 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mashle: Magic and MusclesGenre – Anime, Action, Adventure, ComedyIMDB – 7.6/10MyAnimeList – 7.6/10 Harry Potter နဲ့ One Punch Man ကို ပေါင်းစပ်ထားသလို ဖြစ်မယ့် Anime ကောင်းလေး လာပါပြီ။ Harry Potter နဲ့ တူတယ်ဆိုတာက Hogwart ကျောင်းပုံစံတွေ ဦးထုပ်နဲ့ အဆောင်ခွဲတာမျိုးတွေ တံမြက်စည်းပျံ Quidditch ပြိုင်ပွဲတွေ မှော်ကြိမ်လုံးတွေ စသဖြင့် တခြားဟာတွေလည်း ပါဝင်ပါသေးတယ်။ One Punch Man နဲ့ တူတာကတော့ လေ့ကျင့်ခန်းအသေလုပ်ထားပြီး အသေကြမ်းထော်နေတဲ့ကောင်ပေါ့ ဒါပေမဲ့ ရုပ်တည်ကြီးနဲ့ သောက်ခွက်ပြောင်လို့ အသေရယ်ရတာမျိုးရယ် ကျန်တာတော့ သိပ်ပြောလို့မကောင်းပါဘူး Spoil သလို ဖြစ်မှာစိုးလို့ ကိုယ့်ဘာသာ ကြည့်လိုက်ကြပါတော့။ ဒီလိုပြောလို့ ဇာတ်လမ်းကတော့ သူ့ဟာနဲ့သူ သီးသန့်ကွဲထွက်နေတဲ့ Storyline ပါ မှော်လောကဆိုတာကိုပဲ ဖရိန်ယူထားတဲ့သဘော။ ဇာတ်လမ်းကတော့ တစ်လောကလုံးက မှော်ပညာတတ်စွမ်းကြပြီး လူသားတွေရဲ့ နိစ္စဓူဝမှာ မပါမဖြစ် ရှိနေတဲ့ကမ္ဘာမှာ ဇာတ်အိမ်တည်ထားတယ်။ မှော်ပညာမတတ်ရင် အဖမ်းခံရ အသတ်ခံရတာမျိုးထိပါ ရှိတာပေါ့။ ဒီမှာ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီး Mash ဆိုတဲ့ကောင်က ဘာမှော်ပညာမှ မတတ်တဲ့ကောင် အဲဒါကြောင့် သူ့အဖေဖြစ်သူက လူသူနဲ့ဝေးတဲ့ တောထဲမှာပဲ ပြုစုပျိုးထောင်ခဲ့တာ။ တစ်ခုခုဆို ခုခံနိုင်အောင်ဆိုပြီး လေ့ကျင့်ခန်းတွေလည်း မဟားတရားလုပ်ခိုင်းထားတော့ လူမဆန်ပဲ အားအသေသန်တဲ့ကောင်ကြီး ဖြစ်နေရော။ ဒါပေမဲ့ တစ်ရက်ကျ သိတဲ့အတိုင်း တားမြစ်ထားတာကိုမှ လုပ်ချင်ကြတဲ့ ဆယ်ကျော်သက်အရွယ်ဆိုတော့ မြို့ထဲကိုထွက်ပြီး မုန့်ထွက်ဝယ်ရာကနေ သူ့ရဲ့ ဖြစ်တည်မှုကို သိသွားကြလို့ မှော်ဝန်ကြီးဌာနက အသေလိုက်ဖမ်းတော့တာပေါ့။ ဒီလိုနဲ့ လိုက်ဖမ်းတဲ့လူက ဖအေမျက်နှာကိုထောက်ရင် အပေးအယူတစ်ခုလုပ်ရမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်။ အဲဒါကတော့ မှော်အကယ်ဒမီကျောင်းကိုတက်ပြီး နတ်ဘုရားလူရည်ချွန်ဆု ရအောင်ယူခဲ့ရင် မင်းတို့သားအဖကို အေးဆေးလွှတ်ပေးမယ်ဆိုတော့ Mash တစ်ယောက် အူကြောင်ကြောင်နဲ့ မှော်ပညာမတတ်ပဲ တတ်ချင်ဟန်ဆောင်ပြီး လူရည်ချွန်ဆုရဖို့ မှော်ကျောင်းတက်တဲ့ စွန့်စားခန်းအကြောင်းတွေကို ကြည့်ရမှာပါ။ ကိုယ်ပိုင်အမြင်ပြောရရင် အသေရယ်ရပါတယ် ချတာတွေမိုက်တယ် နောက်ခံသီချင်းတွေ မိုက်တယ်။ ဟယ်ရီပေါ်တာတို့လို မှော်ကြိမ်လုံးနဲ့ အစွမ်းတွေထုတ် ချကြတာဆိုပေမဲ့ ဒီမှာကျ လူတစ်ယောက်မှာ ကိုယ်ပိုင်မှော်ပညာတစ်မျိုး ရှိတာမျိုး ထည့်ထားတာ တော်တော်မိုက်တယ်။ နောက်ပြီး မှော်ပညာမတတ်တဲ့ မင်းသားက မှော်ကျောင်းမှာ ဘယ်လိုတွေ အခွက်ပြောင်ပြီး အတန်းတက်တယ်ဆိုတာလည်း အူတက်နေအောင် ရယ်ရပါတယ် Physical ပိုင်း အရမ်းကြမ်းနေတော့ ဘယ်လိုမျိုး နည်းဗျူဟာတွေနဲ့ မှော်ပညာအယောင်ဆောင်မလဲဆိုတာ ဆက်တိုက် ခွီနေရပါတယ်။ သေချာတာတော့ ဒါကြည့်ပြီးရင် Cream Puff မုန့် စားချင်လာကြပါလိမ့်မယ်လို့ ပြောရင်း နိဂုံးချုပ်လိုက်ပါစေဗျ။...
Siccin 4 (2017) ⭐IMDB: 5.7/10 (3 k Votes) 🎬 #Horror #Thriller 🗓 2017 🎞 movie 🌎 #Turkey ⏰ 1 နာရီ 33 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Siccin 4 (2017)IMDB : 5.7Genr : Horror/Thriller Siccin 4 ဟာ Siccin ရုပ်ရှင်ဇာတ်လမ်းတွဲရဲ့ ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Siccin ဆိုတာ တူရကီနိုင်ငံဟာ Horror ရုပ်ရှင်မှာ သွားနောက်လို့မရတဲ့အကြောင်းကို အကောင်းဆုံးသက်သေပြနေတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အတော်လေးလည်းဇာတ်လမ်းကောင်းတယ်လို့ဆိုရပါမယ်။ ဇာတ်ညွှန်း အရင်က စီးပွားရေးတောင့်တင်းပြီး ချမ်းသာခဲ့ပေမယ့် ကံအကောင်းအကြောင်းမလှတော့ အိုမာ တို့မိသားစုလေးဟာ သူ့အဘွားရဲ့အိမ်ကိုပြောင်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာကျန်းမာရေးမကောင်းတဲ့ အဘွားနေပြီး ခြံထဲမှာ သူ့အဘိုးရဲ့ အလောင်းကိုမြုပ်ထားတဲ့ အုတ်ဂူရှိနေပါတယ်။ ခက်တာက အိမ်ကြီးကိုပြောင်းလာကတည်းက တစ်မျိုးပြီးတစ်မျိုးခြောက်လှန့်နေတာပါပဲ။ Siccin ရဲ့ထုံးစံအတိုင်း ဇာတ်လမ်းလေးကမြုပ်ကွက်တွေ လှည့်ကွက်တွေနဲ့မလို့ ကြည့်ရကောင်းပါတယ်။ Jumpscare များတာကြောင့် ချစ်သူရည်းစားရှိသူများ အတူတူကြည့်ဖို့အကြံပေးပါတယ်။ ကြောက်ရင်ဖက်ထားလို့ရတာပေါ့။ ကျွန်တော်ကတော့ ဘယ်သူမှမရှိလို့ မျက်ရည်များနဲ့ ကြောက်ကြောက်လန့်လန့်ဘာသာပြန်ခဲ့ရပါကြောင်း...
Siccin 5 (2018) ⭐IMDB: 5.0/10 (2 k Votes) 🎬 #Horror 🗓 2018 🎞 movie 🌎 #Turkey ⏰ 1 နာရီ 32 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Siccin 5 (2018)IMDB : 5Genre: Horror/Thriller Siccin Film Series ရဲ့ ၅ ကားမြောက်ဖြစ်တဲ့ Siccin 5 ဟာအတော်လေးကိုကြည့်ကောင်းတဲ့ တူရီကီစကားပြော Horror ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Siccin ရဲ့ထုံးစံအတိုင်း ကြည့်တဲ့လူကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး။ ဇာတ်ညွှန်း ဟေလာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မွေးလာကတည်းက ထူးဆန်းမှုတွေနဲ့ကြုံနေရတဲ့ကလေးဖြစ်ပါတယ်။ မွေးကတည်းက အဖေမရှိ၊ အဘိုးမရှိတဲ့ ဖတဆိုးလေးဖြစ်ပါတယ်။ သူ့မှာ အဒေါ်တစ်ယောက်ရှိပါတယ်။ သူ(မ)ရဲ့အဒေါ်ဟာ ဆီလင်း ဆိုတဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကျွမ်းဝင်နေပြီး မကြာခင်ယူတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ယူမှာကို တားမြစ်ချင်နေတဲ့လူတွေရှိပါတယ်။ သူတို့ကဘယ်သူများလဲ။ ဘာကြောင့်တားချင်တာလဲ။ Siccin ရဲ့ထုံးစံအတိုင်း ဇာတ်လမ်းက မရိုးဘူးလို့ပြောချင်ပါတယ်။...
Sijjin 6 (2019) ⭐IMDB: 5.0/10 (2 k Votes) 🎬 #Horror 🗓 2019 🎞 movie 🌎 #Turkey ⏰ 1 နာရီ 34 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Siccin 6 (2019)IMDB: 5Genre: Horror/Thriller Siccin 6 ကတော့ လက်ရှိထွက်ထားတဲ့ Siccin ကားဆက်ရဲ့ နောက်ဆုံးကားဖြစ်ပါတယ်။ ထုံးစံအတိုင်းတော်တော်လေးကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ခုလို့ဆိုရပါမယ်။ Siccin 3 က အော်ဟန်လည်းပြန်ပါလာခဲ့ပါတယ်။ ဇာတ်ညွှန်း အစ်ဆန်မှာ ညီမလေးနှစ်ယောက်ရှိပါတယ်။ ဒါပေမယ့် အစ်ဆန်က ညညဆိုမမြင်အပ်တာတွေကိုမြင်ပြီး အိမ်မက်ဆိုးတွေမက်လေ့ရှိပါတယ်။ တော်တော်လေးကိုဆိုးရွားတဲ့ ရောဂါကိုခံစားနေရပါတယ်။ ဒါပေမယ့်နောက်ကွယ်မှာ မရိုးသားတဲ့ အကြောင်းခြင်းရာတွေရှိနေပါတယ်။ သူ(မ)ဘာလို့အဲလိုမျိုးဖြစ်နေတာလဲ… ဆက်ပြီးခံစားကြည့်လိုက်ကြပါ။...
White Plastic Sky (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Adventure #Animation #Drama #ScienceFiction #Romance #SciFi 🗓 2023 🎞 movie 🌎 #Hungary #Slovakia ⏰ 1 နာရီ 48 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စိတ်ဝင်စားဖို့ကောင်းတဲ့ ဟန်ဂေးရီးယန်းအန်နီမေးရှင်းရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းရော တင်ဆက်ပုံရောဆန်းကျယ်ပြီး အဆင့်တစ်ခုထိရှိတယ်လို့ ကျွန်တော်တော့ခံစားရတာမို့ ခဏလောက်ဖြစ်ဖြစ် ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ဗျ။ 2123ခုနှစ်….၊ ကမ္ဘာကြီးပျက်စီးစပြုနေပြီး မြို့ကြီးနှစ်မြို့ပဲ ကျန်တော့တဲ့အချိန် လူတွေမှာ အစားအသောက် ရှားပါးပြတ်လတ်နေခဲ့။ ဒီမှာပဲ ပရော်ဖက်ဆာတစ်ယောက်တီထွင်ခဲ့တဲ့ မျိုးစေ့ကြောင့် လူတွေဆက်လက်ရှင်သန်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ပြီးပေးဆပ်ရတဲ့တန်ဖိုးက အသက်ငါးဆယ်ပြည့်တာနဲ့ ဆန္ဒအလျောက်မိမိကိုယ်ကိုယ်စတေးပြီး အစားအသောက်တစ်ခုဖြစ်လာဖို့ ခန္ဓာကိုယ်တွင်း မျိုးစေ့ထည့်သွင်းပြီး စားသောက်ဖို့ အပင်တစ်ပင်ဖြစ်ပေးရတာပါ။ သုံးဆယ်ဝန်းကျင်ပဲရှိသေးတဲ့ စတက်ဖန်တို့ဇနီးမောင်နှံနှစ်ဦး။ စိတ်သောကတွေ ခံစားနေရတာမို့ ငါးဆယ်မပြည့်ခင်မှာပဲ ဇနီးဖြစ်သူ နိုရာက ဆန္ဒအလျောက် သူ့ကိုယ်သူစတေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီမှာပဲ ဇနီးဖြစ်သူကို မစွန့်လွှတ်နိုင်တဲ့ စတက်ဖန်တစ်ယောက် ဇနီးဖြစ်သူကိုကယ်တင်ဖို့ ကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
The Age of Adaline (2015) ⭐IMDB: 7.2/10 (209 k Votes) 🎬 #Drama #Fantasy #Romance 🗓 2015 🎞 movie 🌎 #Canada #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတိုင်း အသက်အရွယ်မကြီးရင့်ပဲ အရွယ်တင်နုပျိုချင်ကြတယ်မဟုတ်လား? ဒါပေမယ့် တစ်ကယ်တမ်းအဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်နိုင်မယ် ထင်ပါသလား? ခုဇာတ်ကားထဲက အဒဲလိုင်း ဘိုမန်ကတော့ မတော်တဆမှုဖြစ်ပြီးနောက်ပိုင်းဆယ်စုနှစ် ၈စုလောက် အသက်မကြီးပဲ ၂၉နှစ် အရွယ်တိုင်းရှိနေခဲ့သူပါ။ သူ့ကို စစ်ဆေးစမ်းသပ်ချင်သူတွေရဲ့လက်ထဲက လွတ်အောင်သူ့ရဲ့ထူးခြားချက်ကို ဖုံးကွယ်ရင်း ရှောင်ပြေးရင်းနေလာခဲ့ရပါတယ်။ အဲလစ်ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံပြီးနောက်ပိုင်း အဒဲလိုင်းဟာ အချစ်ကို ပြန်လည်တွေ့ရှိခဲ့ရတယ် တစ်သက်လုံးဖုံးကွယ်လာတဲ့ လျှူိ့၀ွက်ချက်ကို အဲလစ်ကိုပြောပြမှာလား? ဒါမှမဟုတ် ထပ်ပြီးရှောင်ပုန်းမှာလား? ဘယ်လိုရှေ့ဆက်ဖြစ်မလဲ??????? (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Inzali Than Htike ပါ)...
Dagr (2024) ⭐IMDB: 4.9/10 (2 k Votes) 🎬 #Comedy #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 17 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် သည်းထိတ်ရင်ဖို့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ လူဝီနဲ့သီရာလို့ခေါ်တဲ့ကောင်မလေးနှစ်ယောက်က လူအများကိုနှောင့်ယှက်တဲ့ဗီဒီယိုတွေရိုက်ပြီး အင်တာနက်မှာပြန်တင်တဲ့သူတွေဖြစ်ပါတယ်….ယခုအခါမှာတော့ သူတို့က သူတို့လပ်ခဲ့သမျှထဲအကြီးဆုံး ခိုးယူမှုကိုလုပ်ဖို့ဖြစ်လာပါတယ်…အဲ့ဒါကတော့ ကြော်ငြာ်ရိုက်ကူးရေးတစ်ခုမှာ အစားအသောက်လာပို့တဲ့သူတွေအနေနဲ့ဟန်ဆောင်ပြီး အဝတ်အစားအသုံးဆောင်တွေ၊ရိုက်ကူးရေးပစ္စည်းတွေကို ခိုးယူဖို့ပဲဖြစ်ပါတယ်… ခိုးယူပြီးတော့ရလာတဲ့ပိုက်ဆံတွေကို ပရဟိတအဖွဲ့တွေကိုပြန်လှူဖို့ပါ…ဒါပေမဲ့ သူတို့ရိုက်ကွင်းကိုရောက်သွားတဲ့အခါမှာတော့ ဘယ်သူ့ကိုမှမတွေ့ရပဲ iPad တစ်လုံးတွေ့လို့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ရိုက်ကူးရေးလုပ်ရင်းနဲ့မမျှော်လင့်ထားတာတွေဖြစ်ခဲ့တာကို သွားတွေ့ရပါတယ်…ထိုအခါ လူဝီနဲ့သီရာတို့ ဘာတွေဆက်ကြုံတွေ့ရမလဲ…ရိုက်ကူးရေးသမားတွေကရော ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာကို ကြည့်ရှူခံစားကြပါခင်ဗျာ...
Lolo and the Kid (2024) ⭐IMDB: 6.4/10 (463 Votes) 🎬 #Drama #Family 🗓 2024 🎞 movie 🌎 #Philippines ⏰ 53 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဖွင့်မှာတော့ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ အစပြုထားပြီး မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ဆွဲခေါ်သွားမယ် သံယောဇဉ်တွေ မေတ္တာတွေအကြောင်း လှလှပပဖော်ပြသွားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ သူတစ်ပါးကို လိမ်လည်လှည့်ဖြားရင်း အသက်မွေးကြတဲ့ မြေးအဘိုးနှစ်ယောက် ဘယ်လိုတွေဉာဏ်ဆင်ကြမလဲ။ လမ်းဘေးမှာနေရပေမယ့် မြေးဖြစ်သူက လိမ္မာယဉ်ကျေးကာ လူရမ်းကားမဖြစ်စေလိုတဲ့ အဘိုးတစ်ယောက်ရဲ့ဆန္ဒ ၊ဘဝအကြောင်းမလှသော်လည်း မြေးဖြစ်သူအားမငယ်အောင် မိမိတို့ဘဝကို ကြံဖန်ဂုဏ်ယူပြောတတ်သော အဘိုးတစ်ယောက်ရဲ့မေတ္တာ အဆုံးသတ်မှာ မြေးလေးကောင်းစားဖို့ အဘိုးတစ်ယောက်ရဲ့ အနစ်နာခံပုံတို့ကို ရင်နင့်အောင်ခံစားကြည့်ရှုရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။...
Le torrent (2022) ⭐IMDB: 5.8/10 (549 Votes) 🎬 #Thriller #Crime #Drama 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 41 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မုန်တိုင်းတိုက်မယ့် သောကြာနေ့ညတစ်ညမှာ အလဇန္ဒားက ဇနီးသည် ဂျူးလီယက် အိမ်ထောင်ရေးဖောက်ပြန်နေတာကို သိရှိသွားပြီး စကားအကြီးအကျယ်များ၊ ရန်ဖြစ်ကြကာ မိန်းမလုပ်သူကိုအိမ်ပေါ်ကနှင်ချလိုက်ပါတယ်။ ဂျူးလီယက်က ညဘက်ကြီးထွက်သွားပြီး သိပ်မကြာခင်မှာပဲ လျှိုမြောင်ထဲကို ပြုတ်ကျကာ သေဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ အချိန်ခဏအကြာ မုန်တိုင်းတိုက်လာတဲ့အခါ တောင်ကျရေနဲ့အတူ သူမရဲ့ အလောင်းက စီးမျောသွားပါတော့တယ်။ ရဲတွေကရှာဖွေရေးလုပ်နေတဲ့အချိန်မှာပဲ ဂျူးလီယက်ရဲ့ ဖခင်က သူတို့အိမ်ကိုရောက်ရှိလာကာ အလဇန္ဒားက အချို့အရာတွေကို လိမ်လည်နေမှန်း ရိပ်မိလာတဲ့အတွက် လိုက်လံစုံစမ်းပါတော့တယ်။ ဒီလိုနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအမျိုးအစားကတော့ Thriller/ Crime ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။...
Siccîn (2014) ⭐IMDB: 6.0/10 (6 k Votes) 🎬 #Horror 🗓 2014 🎞 movie 🌎 #Turkey ⏰ 1 နာရီ 30 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Siccin (2014)IMDB: 6Genre: Horror Siccin ဆိုတာ ၂၀၁၄ ခုနှစ်ထွက်တူရကီစကားပြော အတော်လေးကိုနာမည်ကြီးသွားတဲ့ Horror ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Siccin ဆိုတာကတော့ အစ္စလာမ်ဘာသာအရ ငရဲသားတွေကို ထည့်မှတ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီကားထဲမှာ ထူးခြားတဲ့အချက်က ဂါတာတွေ၊ အစီအရင်တွေက အပြင်မှာသုံးနေတဲ့ အရာတွေဖြစ်ပြီး တကယ်လည်း ရုပ်ရှင်ထဲမှာ ဂါထာအစစ်တွေကိုသုံးသွားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးက လှည့်ကွက်တွေလည်းပါတာကြောင့် တော်တော်လေးလည်းကြည့်လို့ကောင်းပါတယ်။ ဇာတ်ညွှန်း အော့ဇ်နာ ဆိုတာ အန်တီအရင်းရဲ့သားကိုတန်းတန်းစွဲနေတဲ့ မိန်းမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စုန်းတစ်ယောက်ဆီမှာ ရှေ့ဖြစ်သွားမေးတော့ အဲဒီယောကျ်ားဟာနင့်အတွက်မဟုတ်ဘူး၊ သူ့ကိုချစ်ရင် နင်သေလိမ့်မယ် ဆိုပြီးပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း စုံလုံးကန်းနေတဲ့ အော့ဇ်နာဟာ အဲဒီယောကျ်ားနဲ့ပဲ ကိုယ်ဝန်ရခဲ့ပါတယ်။ အကြောင်းမလှခဲ့တော့ ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။ အော့ဇ်နာဟာ အဆိုပါစုန်းဆီကိုသွားပြီး ယောကျ်ားအားသူ့ဘက်မပါပါအောင် အစီအရင်နဲ့လုပ်ပါတော့တယ်။ စုန်းဟာ အစီအရင်နဲ့ ဂျင်းတစ်ကောင်အား ဝင်ပူးစေခဲ့ပါတယ်။ ဇာတ်လမ်းကဘယ်လိုတွေဆက်ဖြစ်မှာလဲ။ ဘာတွေကိုမြုပ်ထားသေးလဲ။ Jumpscare များများနဲ့ Horror ပရိသတ်တွေသဘောခွေ့မယ့် ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။...
J'adore ce que vous faites (2022) ⭐IMDB: 5.1/10 (385 Votes) 🎬 #Comedy 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 31 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြင်သစ်နိုင်ငံကျော်ရုပ်ရှင်မင်းသား”ဂျရက်လန်ဗင်း”ဟာ နာမည်ကျော်သရုပ်ဆောင်တွေအများကြီးပါတဲ့အမေရိကန်ရုပ်ရှင်မှာပါဝင်ဖို့ကမ်းလှမ်းခံရပြီး အဲ့ရုပ်ရှင်ကိုရိုက်ကူးဖို့လက်ခံခဲ့ပါတယ် ရုပ်ရှင်ကို ပြင်သစ်နိုင်ငံတောင်ပိုင်းမှာရိုက်ကူးပါတယ် အဲ့မြို့မှာပဲ ဂျရက်ဟာ သူခေတ္တတည်းရတဲ့အိမ်ကရေကူးကန်ကိုလာပြုပြင်ပေးတဲ့ မိုမိုဇာပါရေတိုဆိုတဲ့လူနဲ့တွေ့ဆုံခဲ့ရပါတယ် သူကဂျရက်ရဲ့အမာခံပရိတ်သတ်တစ်ယောက်ပါ မိုမိုဟာသူအရမ်းသဘောကျလေးစားရတဲ့အိုင်ဒေါကိုအပြင်မှာမြင်တွေ့လိုက်ရတဲ့အခါ ခင်မင်ရင်းနှီးမှုရအောင်ကြိုးစားပါတယ် ဂျရက်ရဲ့ရိုက်ကွင်းကိုပါလာခွင့်တောင်းပြီး နောက်ပိုင်းမှာဂျရက်ကိုမျက်စိအောက်ကအပျောက်မခံလောက်တဲ့အထိ ကော်လိုကပ်နေခဲ့ပါတယ် မိုမိုအတွက်ကတော့ သူအရမ်းကြိုက်ရတဲ့ရုပ်ရှင်မင်းသားမလို့ အရမ်းတွယ်ကပ်နေတာပေမဲ့ တစ်ဖက်ကဂျရက်အတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်လာပြီး မိုမိုကိုတွေ့ရတာကအိပ်မက်ဆိုးတစ်ခုလိုပါဖြစ်လာပါတော့တယ်...
Horror in the High Desert 3: Firewatch (2024) ⭐IMDB: 5.4/10 (340 Votes) 🎬 #Horror #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Found Footage ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လမ်းက ၂၀၂၁ ခုနစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Horror/ Suspense အမျိုးအစားဖြစ်ပါတယ်။ နာမည်ကြီး The Blairwitch Project လို အငွေ့အသက်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ Indie ဇာတ်ကားဖြစ်တာနဲ့အညီ ဇာတ်လမ်းတည်ဆောက်ပုံက အနည်းငယ်ထူးခြားပြီး ရုပ်သံအင်တာဗျူးတွေနဲ့ ဇာတ်လမ်းကိုပုံဖော်ပြီးမှ footage တွေကို အလျဥ်းသင့်သလို ထည့်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ နီဗားဒါးပြည်နယ် ကန္တာရထူထပ်တဲ့ဒေသတစ်ခုမှာ လူပျောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်းကို ကမ္ဘာတစ်လွှားက စူးစမ်းရှာဖွေရေးသမားတွေ စိတ်ဝင်စားလာကြပြီး နယ်မြေတစ်ဝိုက်ကို ခြေလျင်ခရီးနှင်ပြီး အဖြေရှာကြဖို့ ကြိုးစားကြပါတယ်။ အဲဒီအထဲမှာ Gary ဆိုတဲ့ စူးစမ်းရေးသမားတစ်ယောက်လည်း ပါဝင်ပြီး တစ်နေ့ Gary တစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားချိန်မှာ အခြေအနေတွေ ပိုလို့ရှုပ်ထွေးလာပါတော့တယ်။ ဇာတ်လမ်းက Found Footage အမျိုးအစားကိုမှ Documentary ပုံစံ ရောသမမွှေထားတာဖြစ်လို့ ပုံမှန် Horror ရုပ်ရှင်တွေကို နှစ်သက်သူတွေအတွက်တော့ အကြိုက်တွေနိုင်မှာ မဟုတ်ပေမဲ့ Found Footage ဇာတ်ကားတွေကို နှစ်ခြိုက်သူတွေအတွက်တော့ ကြည့်ရှုသင့်ပါတယ်။...
Raayan (2024) ⭐IMDB: 6.9/10 (4 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Raayan (2024)“ရာယန်” IMDb 6.9 CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ တမီးလ် action ဇာတ်ကြမ်းရုံကားအသစ်လေးကို မိုးလင်းလင်းချင်း မနှေး/အမြန် တင်ဆက်ပေးလိုက်ပါတယ် နာမည်ကျော် မင်းသား Dhanush ရဲ့ ကားငါးဆယ်ပြည့်ရုပ်ရှင်ဖြစ်ပြီးသူကိုယ်တိုင် ဇာတ်ညွှန်းရေးကာ ဒါရိုက်တာလုပ် အစွမ်းပြထားတဲ့ဒီရုပ်ရှင်ဟာ ရုံတင်ငွေ ၁၅၈ ကုဋေ ရရှိထားပါတယ် ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရာယန်ဟာ ညီငယ်နှစ်ယောက်ဖြစ်သူမူတူးနဲ့ မာနီကမ်၊ အချစ်ဆုံး ညီမလေး ဒူရ်ဂါတို့ရဲ့ အစ်ကိုကြီးဖြစ်ပြီး အဖေအမေတို့စွန့်ပစ်သွားကတည်းက ရွာကနေမြို့ကို ညီလေးညီမလေးတွေလက်ဆွဲခေါ်လာကာ ကြုံရာစား ရရာလုပ်ရင်း လူစည်ကားတဲ့ မုန့်ဆိုင်တစ်ဆိုင်ဖွင့်နိုင်တဲ့ ဘဝရောက်လာပါတယ် ညီလတ်ဖြစ်သူ မူတူးက အရက်မူး သွေးဆိုးကာ ပြဿနာရှာတတ်သူဖြစ်ပြီးညီငယ် မာနီကမ်ကတော့ လိမ္မာတဲ့ ကောလိပ်ကျောင်းသားလေးပါ တုန်နေအောင်ချစ်ရတဲ့ ညီမအငယ်ဆုံးလေးကိုလက်ထပ်ပေးနိုင်ဖို့နဲ့ မူတူးစရိုက်ကို ပြုပြင်ပေးနိုင်ဖို့ပဲ ပဓာနထားတဲ့ ရာယန်… တစ်နေ့မှာတော့ ဒူရိုင်နဲ့ ဆီသူ ဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်နှစ်ယောက်နဲ့ပတ်သက်မိရာမှ ဖြူစင်ရိုးသားတဲ့ သူတို့ဘဝတွေ အကျင့်ပျက်ဒုစရိုက်ပတ်ဝန်းကျင်ကြောင့် အရောင်နွမ်းမယ့်အရေး…အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘယ်လိုကယ်ထုတ်သွားနိုင်မလဲ ဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
My Sole Desire (2022) ⭐IMDB: 6.1/10 (850 Votes) 🎬 #Drama #Romance 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 58 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “My Sole Desire” လို့ခေါ်တဲ့ ပြင်သစ်ဒရာမာ ဇာတ်လမ်းလေးကို ရိုက်ကူးပေးထားတဲ့ဒါရိုက်တာကတော့ Lucie Borleteau ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် Marcia လို့ခေါ်တဲ့၂၀ကျော် မိန်းကလေးတစ်ယောက်ဟာ စိတ်ဝင်စားမှုကြောင့် အဖော်အချွတ်ကလပ်တခုဖြစ်တဲ့Le Royaume ခေါ် The Kingdom လို့ခေါ်တဲ့ ကလပ်ထဲကို ဝင်သွားရင်းနဲ့ စိတ်ဝင်စားမှုကနေ စပြီးတော့သူတကယ်စိတ်ပါတဲ့ ပုံစံ လွပ်လပ်မှုနဲ့ ခံစားမှုကို ရှာတွေ့သွားပါတော့တယ်။ Marcia ဟာ အပြင်လူဖြစ်ပေမယ့် တနေ့မှာ အကမယ်တွေ ကင်မရာတွေ ကိုတွေ့ပြီးတော့စိတ်ပါသွားတာနဲ့ ဝင်ခွင့်ပြိုင်မယ်ဆိုပြီးတော့ လုပ်တဲ့အခါမှာ အဲဒီလောကထဲကို မထင်မှတ်ပဲရောက်လာပါတော့တယ်။ ဒီအဖော်အချွတ်မယ်လောကထဲကို ရောက်လာတဲ့ အချိန်ကစပြီးတော့ သူ့ရဲ့စိတ်ဆန္ဒတွေ အကြောက်တရားတွေ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ ကို ခံရပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် ကိုယ်ကြိုက်တာကိုယ်လုပ်ဆိုတဲ့ပုံစံမျိုးကို သွားထားပါတယ်။မိန်းကလေး အပေါင်းအသင်းတွေကြားထဲက နားလည်ရခက်တဲ့ ပြဿနာတွေ၊သူ့ကိုသူလက်ခံနိုင်ဖို့ဘယ်လိုလုပ်ခဲ့ရလဲဆိုတဲ့ အကြောင်းပါ။ Marcia ရဲ့ဇာတ်လမ်း၊ သူတကယ်ဖြစ်ချင်တာဖြစ်ဖို့အတွက်ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲခြင်းကို ဘယ်လို ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာက ဇာတ်လမ်းရဲ့ အမည် “My SoleDesire” ဆိုပြီးဖြစ်လာပါတော့တယ်။...
Sijjin 3: Love (2016) ⭐IMDB: 6.1/10 (3 k Votes) 🎬 #Horror 🗓 2016 🎞 movie 🌎 #Turkey ⏰ 1 နာရီ 51 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Siccîn 3: Cürmü Aşk (2016)IMDB: 6.1 ဒီရုပ်ရှင်ကတော့ Siccin ရုပ်ရှင်အတွဲရဲ့ သုံးကားမြောက်ကားဖြစ်ပါတယ်။ တော်တော်လေးလည်းကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ အတော်လေးလည်းဝမ်းနည်းဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအညွှန်း ကေဒါ၊ အော်ဟန်နဲ့ ဆီဒက်တို့ဟာ အချစ်ရဆုံးငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။ ကေဒါနဲ့ဆီဟက်တို့နှစ်ယောက်ဟာ မောင်နှမတွေဖြစ်ပါတယ်။ အော်ဟန်ကတော့ ငယ်သူငယ်ချင်းဖြစ်ပါတယ်။ ဒီလိုနဲ့ အော်ဟန်နဲ့ ကေဒါတို့နှစ်ယောက် ချစ်ကျွမ်းဝင်ပြီးအကြောင်းပါခဲ့ပါတယ်။ ဒါပေမယ့်တစ်ရက်မှာ ဆီဒက်၊ ကေဒါနဲ့ ဆီဒက်ရဲ့သားလေးတို့ သုံးယောက်သားမြို့တက်ရင်း ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှတော့ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေဖြစ်ပေါ်လာခဲ့ပါတယ်။...
