ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
City of Joy (1992) ⭐TMDB: 66% User Score 🎬 #Crime #Drama 🗓 1992 🎞 movie 🌎 #France #UnitedKingdom ⏰ 2 နာရီ 15 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 City of Joy (1992) Dominique Lapierre ရဲ့ City of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်စာအုပ်ကြောင့်ပဲ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် တော်တော်များများ ရင်းနှီးပြီးကြမှာပါ။ ဇာတ်ကတော့ အကုန်သိကြပြီးသားပါပဲ။ မြသန်းတင့်စာအုပ်နောက်ကျောမှာ ရေးထားတဲ့အတိုင်းဆို “အံ့မခန်းကြီးကျယ်၍ အလျှံပယ်ကြွယ်ဝသော အိန္ဒိယပြည် ကာလကတ္တားမြို့ရှိ သုခမြို့တော်ဟုခေါ်သော လူဆင်းရဲရပ်ကွက်တစ်ခုမှ အမွဲ့တကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တို့၏ မယုံနိုင်စရာ မယုံရက်စရာ အဖြစ်သနစ်များ” တဲ့။ ဒါကတော့ စာအုပ်အတွက်ပဲ မှန်ပါလိမ့်မယ်။ ရုပ်ရှင်မှာတော့ ကွာခြားမှုက တော်တော်ကြီးပါတယ်။ စာအုပ်မှာတော့ သုခမြို့တော်ဆိုတဲ့နေရာရဲ့ စိတ်ညစ်ညူးဖွယ်မြင်ကွင်းတွေ အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြသွားသလို ရှင်သန်မှုကို အရှုံးမပေးတဲ့ ကာလကတ္တားက နင်းပြားတွေရဲ့စိတ်ဓာတ်ကိုလည်း သိသိသာသာကိုပြထားတယ်။ ဒါကြောင့်လည်း “လူ့စိတ်အားမာန်ရဲ့အမြင့်ဆုံးတန်ဖိုးကို ခင်းကျင်းပြသထားတယ်”လို့ဆိုပြီး ခရစ္စတိုဖာဆုရထားခဲ့တယ်။ ဗမာပြန်တဲ့စာအုပ်မှာလည်း အမျိုးသားစာပေဆုရထားတယ်။ ဗြိတိန်ဒါရိုက်တာ Roland Joffé ရိုက်တဲ့ ဒီရုပ်ရှင်ကတော့ ချီးကျူးရမလား ထဆဲရမလားဆိုတာ ပြောဖို့ခက်တယ်။ ဒီရုပ်ရှင်ကို သူတို့ Inde Film တစ်ကားလိုသာ ရိုက်ရင်တော့ စာအုပ်ကို ဖမ်းဆုပ်မိမှာပဲ။ ဒါပေမဲ့ အခုသူတို့ရိုက်ထားတဲ့ပုံက သမားရိုးကျ ရုပ်ရှင်စံနှုန်းလို့ပြောရမယ့် မိန်းစထွင်းရုပ်ရှင်အများစုမှာ တွေ့မြင်ရများတဲ့ ပုံစံအတိုင်း ရိုက်ပြထားတယ်။ ပြောရရင် ဇာတ်ဆောင် (Protagonist) ပါတယ်။ ရန်ဘက် (Antagonist) ပါတယ်။ Hero’s journey ဇာတ်ညွှန်းသီဝရီအတိုင်းပဲ ဇာတ်ဆောင်က စွန့်စားခန်းထွက်လာ ထူးခြားတာတွေနဲ့ကြုံ စိန်ခေါ်မှုတွေနဲ့ကြုံ လဲကျ ပြန်ထ အဆုံးမှာ ဟီးရိုးနိုင်။ ဒီဘောင်ထဲပဲပုံဖော်သွားတယ်။ ဆိုတော့ စာအုပ်မှာလို ဇာတ်လိုက်က “သုခမြို့တော်”ဆိုတဲ့ နေရာကြီးမဟုတ်တော့ဘဲ ဆရာဝန်ဖြစ်တဲ့ မက်စ်ဖြစ်သွားတယ်။ ကိုဗာစကီးတော့မပါဘူး။ သူ့အစားသုံးထားတဲ့ အမျိုးသမီးဇာတ်ကောင်တော့ပါတယ်။ မာသာထရီဆာနဲ့ ကိုဗာစကီးကို ပေါင်းပေးလိုက်သလိုလို ဇာတ်ကောင်ပါပဲ။ နောက် ဇာတ်ဆောင်နဲ့ ရန်ဘက်ကြားက တိုက်ပွဲကို အရှိန်ကောင်းလာအောင်ပုံဖော်ဖို့ စာအုပ်နဲ့မတူဘဲ ဇာတ်ပို့တွေရဲ့ အနေအထားတွေ စကားတွေကိုလည်း အများကြီးပြောင်းလဲထားတယ်။ အဆုံးသတ်ကိုလည်း တော်တော်လေးပြောင်းလဲပစ်ထားတယ်။ တစ်ခုရှိတာက ရုပ်ရှင်ထဲက ကာလကတ္တားဟာ လက်တွေ့ကျတယ်လို့ မှတ်ချက်ချကြပေမဲ့ စာအုပ်လိုမျိုး “သုခမြို့တော်”ရဲ့ အနိဠာရုံတွေကို မမြင်ရဘဲ သာမန်ညောင်ညလောက်သာ ဖြစ်နေတယ်။ ပြောရရင် စာအုပ်ကပေးတဲ့ စိတ်ညစ်ညူးစရာမျိုး ရုပ်ရှင်မှာမရှိဘူး။ သာမန်ရုပ်ရှင်တစ်ကားလိုပဲ ပုံဖော်ထားတယ်။ ချီးကျူးရမယ့်အပိုင်းက သူရိုက်ပြတဲ့ ပုံစံက လူတော်တော်များများ အကြိုက်တွေ့လောက်တဲ့ပုံစံမလို့ပါပဲ။ အင်ဒီဖလင်တစ်ကားလိုသာရိုက်ထားရင်တော့ ပျင်းချင်ပျင်းကြလိမ့်မယ်။ ပန်းဆက်လမ်းက မန့်တစ်ခုမှာ တွေ့မိတာက “စာအုပ်ကို စာအုပ်ကိုဖတ်ရတာက ရုပ်ရှင်လို ဇာတ်လမ်းဇာတ်ကွက်စိပ်စိပ် ဖန်တီးထားတာမဟုတ်တော့ ဝေ့ဝိုက်ပြီး (ကျွန်မအမြင်အရ) နည်းနည်းပျင်းစရာကောင်းတယ် ထင်မိပါတယ်” တဲ့။ ဆိုတော့ ရုပ်ရှင်ဟာ စာအုပ်ကို မဖမ်းဆုပ်မိပေမဲ့လည်း တချို့အတွက်တော့ ရုပ်ရှင်ပုံသေနည်းအတိုင်းပဲရိုက်ပြီး ပေါ့ပါးသွက်လက်နေတဲ့ ဒီရုပ်ရှင်က လေးလံစိတ်ညစ်ညူုးစရာကောင်းတဲ့ စာအုပ်ထက် အဝင်ပိုလွယ်တယ်။ ပိုသဘောကျကြတယ်။ ဒီလိုရိုက်နိုင်တာကို ချီးကျူးရမှာပါပဲ။ ဆန်းတော့မဆန်းပေမဲ့ပေါ့။ ဆဲရမှာကတော့ စာအုပ်ရဲ့အဓိကဖြစ်တဲ့ သုခမြို့တော်က နင်းပြားတွေရဲ့ ဘဝကို အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို မဖမ်းဆုပ်နိုင်လို့ပါပဲ။ ကျန်တာတော့ ကျွန်တော့်အနေနဲ့တော့ လက်ခံပေးလို့ရတယ်။ ဒါကို ဒါရိုက်တာက သိခဲ့သလားတော့မသိပါဘူး။ တဂိုးရဲ့စကားတစ်ခွန်းကို ရုပ်ရှင်အဆုံးမှာထည့်ပြီး ဒီအနေကို နည်းနည်းတော့ ပြန်ကာမိအောင် လုပ်ထားခဲ့တယ်။ ဟာရီစပါးရဲ့အတွေးအခေါ်အနေနဲ့ပေါ်လွင်အောင် လုပ်ဖို့ ဟာရီစပါးနာမည်နဲ့ ထည့်ထားတယ်။ ရထိုက်တဲ့ကံမပါရင် ဆုံးရှုံးရမှာပဲဆိုတဲ့စကားပါပဲ။ “All That Is Not Given Is Lost” တစ်နည်းပြောရရင် သန်းတင့်ရဲ့ ခင်ဖုန်းသက်ဝေထဲက စာသားအတိုင်း“ဘယ်လိုဆုကိုတောင်းတောင်း ထိုက်တန်သမျှသာ ဆုတောင်းပြည့်တာ ကြားဖူးမှာပါ“။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

Flight (2021) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Action #Thriller 🗓 2021 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Flight(2021) အညွှန်း ******************** IMDb…8.0 ရန်ဗီးမနိုးသရားဟာ အိန္ဒိယရဲ့ နာမည်ကျော်လေယာဉ်တည်ဆောက်ရေ းကုမ္ပဏီတစ်ခုဖြစ်တဲ့ Adityaraj Aviations ရဲ့MD တစ်ယောက်ဖြစ်ပြီး လတ်တလောဖြစ်ပွားခဲ့တဲ့လေယာဉ်ပျက်ကျမှုတစ်ခုကြောင့် ကုမ္ပဏီဟာ ဘက်ပေါင်းစုံကထိုးနှက်တိုက်ခိုက်မှုတွေကြုံနေရချိန်ဖြစ်ပါတယ်။ ဒီကိစ္စကို သူကိုယ်တိုင်စုံစမ်းမိချိန်မှာ ဈေးပေါပေါနဲ့တင်သွင်းထားတဲ့ အစိတ်အပိုင်းတွေကြောင့်ဆိုတာ သိရှိသွားပြီးနောက် သတင်းစာရှင်းလင်းပွဲအတွက် ကိုယ်ပိုင်လေယာဉ်နဲ့ဒူဘိုင်းကိုထွက်လာခဲ့ပါတယ်။ လေယာဉ်ပေါ်ရောက်တဲ့ခဏ အရက်တစ်ခွက်နဲ့အတူမှေးကနဲဖြစ်သွားပြီး သူပြန်နိုးလာတဲ့အချိန်မှာတော့လေယာဉ်တစ်ခုလုံးဟာ ဖရိုဖရဲဖြစ်နေပြီး လေယာဉ်မယ်လေးနှစ်ယောက်သေဆုံးနေတာကိုတွေ့လိုက်ရတဲ့အပြင်၊ ပြင်ပကမ္ဘာလောကကြီးတစ်ခုလုံးနဲ့ပါ အဆက်အသွယ်ပြတ်တောက်နေပြီးတော့ လေယာဉ်ဟာ မောင်းသူမရှိပဲပျံသန်းနေတာကို တွေ့လိုက်ရတဲ့အခါ..။ဒီကိစ္စဟာ လေယာဉ်ပြန်ပေးမှုလား၊ ဒါမှမဟုတ် တစ်စုံတစ်ဦးက သူ့အပေါ်မလိုမုန်းထားမှုနဲ့အကောက်ကြံခဲ့တာဖြစ်မလား၊ သူ့ကိုလုပ်ကြံချင်တာဆိုရင်လဲ အပြစ်မဲ့လေယာဉ်မယ်နှစ်ယောက်ကိုသတ်သွားပြီး သူ့ကိုချန်ထားခဲ့တဲ့ ကိစ္စရဲ့နောက်ကွယ်မှာဘယ်လို အကြောင်းချင်းရာတွေရှိမလဲ၊ စတဲ့ ပဟေဠိတွေများစွာကို အကူအညီမဲ့ တစ်ယောက်တည်းဖြေရှင်းရပါတော့မယ်။ Flight ဟာလှည့်ကွက်တွေ အချိုးအကွေ့တွေ စွန့်စားခန်းတွေနဲ့ ရင်မသည်းဖိုကြည့်ရှုရမယ့် action/thirillerဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်
...

A Witness Out of the Blue (2019) ⭐IMDB: 6.1/10 (712 Votes) 🎬 #Crime #Mystery #Thriller 🗓 2019 🎞 movie 🌎 #HongKong #China ⏰ 1 နာရီ 46 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1080pလွန်ခဲ့တဲ့သုံးလက လိရှင်းရတနာဆိုင်ကိုဓားပြတိုက်ခဲ့တဲ့ရဲအလိုရှိဓားပြလေးယောက်အဖွဲ့ထဲကတစ်ယောက်ဖြစ်တဲ့ရွီခန်းအသတ်ခံရပြီးနောက်ရွီခန်းအခန်းထဲကရတနာထုပ်ကပါပျောက်သွားခဲ့ပါတယ်… အခင်းဖြစ်ပွားရာအခန်းထဲမှာကြက်တူရွေးတစ်ကောင်နဲ့ကျန်အဖွဲ့သားသုံးဦးရဲ့လက်ဗွေရာကိုပဲတွေ့ခဲ့လို့သူတို့ကိုရဲတွေကလူသတ်မှုသံသယရှိသူတွေအဖြစ်စုံစမ်းစမ်းဆေးနေစဉ်အတွင်းကျန်နေတဲ့ဓားပြအဖွဲ့မှာတစ်ယောက်ပြီးတစ်ယောက်အသတ်ခံနေရပြီးဝမ်းရှင်းယွမ်တစ်ယောက်ပဲကျန်နေခဲ့ပါတော့တယ်…. သူတို့ကိုဘယ်သူကသတ်တာလဲ…ပျောက်သွားတဲ့ရတနာထုပ်ကရောဘယ်သူ့လက်ထဲမှာလဲ…အကြွေးတင်ခံရလောက်အောင်တိရစ္ဆာန်တွေကိုချစ်တဲ့ရဲအရာရှိလင်ဖာလျန်အခင်းဖြစ်ပွားရာမှာရှိနေခဲ့တဲ့ကြက်တူရွေးတစ်ကောင်နဲ့ဘယ်လိုအမှုဖော်ကြမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်
...

The Fugitive (1993) ⭐TMDB: 75% User Score 🎬 #Action #Crime #Drama #Thriller 🗓 1993 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာဆိုရင်ရင်တော့ Old But Gold တွေထဲကတစ်ကားဖြစ်တဲ့ The Fugitive ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ IMDb Rating- 7.8/10 ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Harrison Ford နဲ့ Tommy lee Jones တို့လိုမင်းသားကြီးတွေပါဝင်ထားတဲ့ Action , Crime , Dramaဇာတ်ကားအမျိုးအစားလည်းဖြစ်ပြီးထို ၁၉၉၃ ခုနှစ်ပတ်ဝန်းကျင်ကနေ အခုထိကြည့်ရှု့လို့မရိုးနိုင်လောက်အောင် ဇာတ်လမ်းဇာတ်အိမ်ခိုင်မာပြီးကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဖြင့်ပဲ မင်းသားကြီး Jones ကBest Supporting Actor ဆုကို ရခဲ့တာဖြစ်သလို၁၉၉၃ ခုနှစ်မှာ ဝင်ငွေအကောင်းဆုံးဇာတ်ကားလည်းဖြစ်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားကို ညွန်းရမယ်ဆိုရင်ဇာတ်လမ်းကိုတော့ Chicago မြို့မှာထင်ရှားတဲ့အရိုးခွဲစိတ်ဆရာဝန် Richard အကြောင်းကိုအဓိကရိုက်ကူးထားတာဖြစ်ပါတယ်။Richard ဟာဆိုရင် သူ့မိန်းမ သေဆုံးမှု့မှာ တရားခံအဖြစ်ဆွဲချက်တင်ခံရပြီးသက်သေများက သူ့ဆီပဲ ဦးတည်နေတာကြောင့်တကယ်မသတ်ဘဲ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ထို့နောက် Chicago မြို့ထဲမှ သူအပါအဝင်ဖြစ်သော ထောင်ကားဟာlllINOISသို့ မောင်းနှင်လာခဲ့ပါတယ်။လမ်းတစ်ဝက်အရောက်မှာပဲ ထောင်သားတွေက ရုန်းရင်းဆန်ခက်ပြုလုပ်တာကြောင့် သူပါလာသော ထောင်ကားတိမ်းမှောက်ပြီးRichard တစ်ယောက် လွတ်မြောက်သွားခဲ့ပါတယ်။ ထိုမှစပြီး လွတ်မြောက်သွားသော Richard ကိုပြန်ဖမ်းဆီးဖို့အတွက် အရာရှိSamuel Gerard ကိုတာဝန်ပေးလိုက်ပါတယ်။အလုပ်မှာ အရမ်းတိကျပြီး တော်သော အရာရှိ နဲ့…လူသတ်တရားခံအဖြစ်ဆွဲချက်တင်ခံရတဲ့ Richard…..ကဲ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ဆက်လက်ကြည့်ရှု့ကြပါတော့…။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Htet Yupar ဖြစ်ပါတယ်) ———————————————- ဒီတစ်ခေါက်မှာဆိုရင်ရင်တော့ Old But Gold တွေထဲကတစ်ကားဖြစ်တဲ့ The Fugitive ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ IMDb Rating- 7.8/10 ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Harrison Ford နဲ့ Tommy lee Jones တို့လိုမင်းသားကြီးတွေပါ၀င်ထားတဲ့ Action , Crime , Dramaဇာတ်ကားအမျိုးအစားလည်းဖြစ်ပြီးထို ၁၉၉၃ ခုနှစ်ပတ်၀န်းကျင်ကနေ အခုထိကြည့်ရှု့လို့မရိုးနိုင်လောက်အောင် ဇာတ်လမ်းဇာတ်အိမ်ခိုင်မာပြီးကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဖြင့်ပဲ မင်းသားကြီး Jones ကBest Supporting Actor ဆုကို ရခဲ့တာဖြစ်သလို၁၉၉၃ ခုနှစ်မှာ ၀င်ငွေအကောင်းဆုံးဇာတ်ကားလည်းဖြစ်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားကို ညွန်းရမယ်ဆိုရင်ဇာတ်လမ်းကိုတော့ Chicago မြို့မှာထင်ရှားတဲ့အရိုးခွဲစိတ်ဆရာ၀န် Richard အကြောင်းကိုအဓိကရိုက်ကူးထားတာဖြစ်ပါတယ်။Richard ဟာဆိုရင် သူ့မိန်းမ သေဆုံးမှု့မှာ တရားခံအဖြစ်ဆွဲချက်တင်ခံရပြီးသက်သေများက သူ့ဆီပဲ ဦးတည်နေတာကြောင့်တကယ်မသတ်ဘဲ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ထို့နောက် Chicago မြို့ထဲမှ သူအပါအ၀င်ဖြစ်သော ထောင်ကားဟာlllINOISသို့ မောင်းနှင်လာခဲ့ပါတယ်။လမ်းတစ်၀က်အရောက်မှာပဲ ထောင်သားတွေက ရုန်းရင်းဆန်ခက်ပြုလုပ်တာကြောင့် သူပါလာသော ထောင်ကားတိမ်းမှောက်ပြီးRichard တစ်ယောက် လွတ်မြောက်သွားခဲ့ပါတယ်။ ထိုမှစပြီး လွတ်မြောက်သွားသော Richard ကိုပြန်ဖမ်းဆီးဖို့အတွက် အရာရှိSamuel Gerard ကိုတာ၀န်ပေးလိုက်ပါတယ်။အလုပ်မှာ အရမ်းတိကျပြီး တော်သော အရာရှိ နဲ့…လူသတ်တရားခံအဖြစ်ဆွဲချက်တင်ခံရတဲ့ Richard…..ကဲ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ဆက်လက်ကြည့်ရှု့ကြပါတော့…။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Htet Yupar ဖြစ်ပါတယ်)
...

The Greatest of All Time (2024) ⭐IMDB: 6.7/10 (14 k Votes) 🎬 #Action #Bollywood #SciFi #Thriller #Drama 🗓 2024 🎞 movie 🌎 #India ⏰ 3 နာရီ 1 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Greatest of All Time (2024) [ထင်ပေါ်ကျော်ကြား ပြိုင်စံရှား]Genre – Action, Thriller, Sci-fi IMDB – 6.7/10မင်းသားကြီး ဗီဂျေးရဲ့ ၂၀၂၄ ခုနှစ် ရုံတင်ကား အသစ်စက်စက်ကြီးကို ကြည့်လို့ရတဲ့ ကွာလတီကောင်းကောင်းနဲ့ ထွက်ရှိလာတဲ့အတွက် အားလပ်ရက်လေးမှာ အပန်းဖြေရအောင် CM ကနေ အမြန်ဆုံး ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ရပါတယ်၊နောက်များမှ နောက်ဆုံး WEB DLကွာလတီ ထပ်ထွက်လာရင် Update လုပ်ပေးပါဦးမယ်။ ထူးထူးခြားခြား ဒီကားထဲမှာ မင်းသားဗီဂျေးက နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ မင်းသမီးအနေနဲ့ Sneha ပါဝင်ထားပြီး Yogi Babu တို့လည်း အားဖြည့်သရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂန်ဒီဆိုတာက တစ်ဖက်မှာ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့ခေါင်းဆောင် ငဖိုက်၊ တစ်ဖက်မှာကျ ကိုယ်ဝန်သည်ဇနီးနဲ့ သားလေးနဲ့ အိန္ဒိယခရီးသွားလာရေး ကုမ္ပဏီက ဟန်ဆောင်ပန်ဆောင်ဝန်ထမ်းလေးဆိုပြီး မိန်းမ မသိအောင် နိုင်ငံ့တာဝန် ထမ်းဆောင်နေရသူပေါ့။မိသားစုသိရင် အန္တရာယ်များမှာဆိုလို့ ဖုံးကွယ်ထားရတော့ မိန်းမဖြစ်သူနဲ့ တကျက်ကျက်ပေါ့လေ။ ဒီလိုနဲ့ နောက်ထပ် စစ်ဆင်ရေးတစ်ခုက ထိုင်းနိုင်ငံမှာ ထမ်းဆောင်ရမှာကို မိသားစုကိုပါ အလည်အပတ်ခေါ်ပြီး သွားလိုက်တဲ့ဂန်ဒီတစ်ယောက် ကံဆိုးမိုးမှောင်ကျခဲ့ရပါတော့တယ်။ အဲဒါကြောင့် အရာအားလုံးကနေ အနားယူပြီး အေးချမ်းစွာ နေနေတဲ့ဂန်ဒီကို အထက်ကနေ အရေးကြီးတာဝန်တစ်ခုနဲ့ ပြန်ခေါ်လိုက်တဲ့အခါမှာတော့ နောက်ထပ် အံ့သြသင့်စရာတွေ ဂန်ဒီတစ်ယောက် ကြုံတွေ့ရပြီး ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ ဘယ်လိုတွေ ဖြေရှင်းကြမလဲ နှစ်ကိုယ်ခွဲက ဘာတွေလဲဆိုတာ မင်းသားကြီးဗီဂျေးရဲ့ အလန်းစား သရုပ်ဆောင်ချက် ရင်သပ်ရှုမောဖွယ် အက်ရှင်ခန်းတွေနဲ့အတူ ၃ နာရီခွဲကြာအောင်တိုင် ဖျော်ဖြေပေးမှာပဲ ဖြစ်ပါတယ်။အညွန်းဖတ်နေတာ ကြာပါတယ် ချက်ချင်းပြေးကြည့်လိုက်တာ အကောင်းဆုံးပါပဲ။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

Pratinidhi 2 (2024) ⭐IMDB: 8.5/10 (959 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Prathinidhi 2(2024) အမှန်တရားဘက်တော်သား ဒီတစ်ခါမှာတော့ IMDB 8.7/10 ရထားတဲ့အပြငိ ပရိသတ်အကြိုက်တွေ့စေမယ့်ဘောလီးဝုဒ်နိုင်ငံရေး ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အကျင့်ပျက်ခြစားမှုတွေ အာဏာကို အလွဲသုံးစားလုပ်မှုတွေ အနိုင်ကျင့်မှုတွေရဲ့အောက်မှာပြားပြားဝပ်နေရတဲ့ အိန္ဒိယပြည်သူတွေရဲ့ဘဝ… ကလောင်ရှိပေမယ့် ရေးချလို့ရမယ့်စာရွက်မရှိ….စာရွက်ရှိသော်လည်း ချရေးပေးမယ့် ကလောင်မရှိဆိုသလို အမှန်တရားကိုဖော်ထုတ်မယ့်သူမရှိလို့အောက်ခြေမှာဖြစ်ချင်တိုင်းဖြစ်နေတဲ့ အိန္ဒိယနိုင်ငံ …. ဒီနိုင်ငံအတွက် အမှန်တရားအတွက်ဘာမဆိုလုပ်ရဲပြီး အကြောက်အရွံ့မရှိတဲ့ ရုပ်သံလိုင်းတစ်ခု…ဒါမှမဟုတ် အမှန်တရားဘက်တော်သားတစ်ယောက်ရှိလာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှူသွားလှည့်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကပဲရေးသားပေးထားပါတယ်)
...

Ulajh (2024) ⭐IMDB: 7.1/10 (20 k Votes) 🎬 #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 9 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ulajh (2024)“အာဂမိန်းကလေး” အသစ်ထွက်ရှိလာတဲ့ ဟင်ဒီ spy-thriller ရုပ်ရှင်လေးကိုပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ် ဒီထဲမှာ မင်းသမီး SriDevi ရဲ့သမီး Janhvi Kapoor ကရဲရင့်တဲ့အမျိုးသမီးငယ်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ဆူဟာနာဟာ ဂုဏ်သရေရှိနိုင်ငံရေးမိသားစုမှပေါက်ဖွားလာသူဖြစ်ပြီး ဖခင်ခြေရာနင်းကာ သံတမန်ရေးရာကျွမ်းကျင်လိမ္မာသူအမျိုးသမီးပါ အိန္ဒိယနိုင်ငံရဲ့ အသက်အငယ်ဆုံးသော လက်ထောက်သံအမတ်ဖြစ်လာခဲ့ပြီး ဗြိတိန်ကိုသွားရောက်ရမှာပါဒါကို ဂုဏ်ပြုသူတွေလည်းရှိသလို မိသားစုအရှိန်အဝါကြီးလွန်းတာကြောင့်ဒီနေရာရတယ်လို့ ဝေဖန်တိုက်ခိုက်သူတွေလည်း ရှိနေပါတယ် ချစ်သူကလည်း အချိန်မပေးနိုင်လို့ သစ္စာဖောက်သွားခဲ့ပြီး အမေကိုယ်တိုင်ကသူ့သမီးလေးကို အလုပ်နဲ့လက်ထပ်ရတဲ့ဘဝမျိုး မရောက်စေချင်လို့ ဒီရာထူးကို သဘောမကျဘဲရှိပါတယ် ဒါတွေအားလုံးကို တွန်းလှန်လို့ အမျိုးသမီးငယ်လေးတစ်ယောက် သက်သေပြနိုင်မှာလားဒီထက်ရှုပ်ထွေးတဲ့ပြဿနာတွေ ကြုံလာရတဲ့အခါ ဘယ်လိုရင်ဆိုင်မှာလဲ ပရိသတ်ကြီးရှုစားအားပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Alex ~ Zwe ~ KKKZ တို့ပဲဖြစ်ပါတယ်
...

Escape Plan: The Extractors (2019) ⭐IMDB: 4.4/10 (17 k Votes) 🎬 #Action #Crime #Thriller 🗓 2019 🎞 movie 🌎 #USA #UnitedStates #China #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Escape Plan: The Extractors (2019) Escape Plan 3 ဒီဇာတ်ကားဆိုရင် မင်းသားကြီး Sylvester Stallone ရဲ့  အရင်ထွက်ရှိထားပြီးဖြစ်တဲ့ Escape Plan (2013) နဲ့Escape Plan 2: Hades (2018) တို့ရဲ့ အဆက်အနေနဲ့တတိယမြောက် ထွက်ရှိလာတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်…Escape Plan ၃ ကားလုံးကို 4K Quality နဲ့ ဒီမှာhttps://www.channelmyanmar.to/?s=escape+plan+stalloneဒေါင်းလို့ရပါတယ်။ ဇာတ်လမ်းကတော့လုံခြုံရေးအထူးကျွမ်းကျင်သူ Ray Breslin (Sylvester Stallone) ဟာဆိုရင်ဟောင်ကောင်နည်းပညာလုပ်ငန်းရှင်ရဲ့သမီး ဖြစ်သူ ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး ပြန်လည်ကယ်ဖို့ ငှားရမ်းခြင်းခံရပါတယ် ။ထိုပြန်ပေးဆွဲတဲ့သူတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူကို မင်းသားကြီး စတားလုံးနဲ့သူ့ရဲ့အဖွဲ့တို့ဘယ်လို ဖော်ထုတ်ပြီး ဓားစာခံတွေကို ကယ်တင်မလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်
...

Night Fishing (2024) ⭐IMDB: 5.9/10 (18 Votes) 🎬 #Mystery #SciFi #Thriller #Short 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 13 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Night Fishing (2024) *********************** မင်းသားကြီး Son Suk-Ku ရဲ့ short film လေးတစ်ကားကို CM ပရိသတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားရဲ့ ထူးခြားချက်ကတော့ ကားတစ်စီးထဲကနေ ကြည့်နေရသလို ခံစားရစေမဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပါပဲ။ – ဇာတ်လမ်းအကျဉ်း – ဘယ်သူမှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မြစ်ကမ်းစပ်မှ ာအမျိုးသားတစ်ယောက်က ညလုံးပေါက် တဲထိုးစောင့်နေပြီး သူ့ရဲ့ကားထဲမှာလည်း ထူးဆန်းတဲ့ ရေဒီယိုအချက်ပေးသံတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။ အဲဒီနောက်မှာ သူဟာ လျှပ်စစ်ကားအားသွင်းရုံတစ်ရုံဆီ ဦးတည်သွားပြီး ငါးမျှားမစ်ရှင်ကို စတင်ပါတော့တယ်။ အဲဒီမှာ သူဖမ်းဆီးရမဲ့အရာက ဘာများဖြစ်မလဲ။ ဘယ်လိုဖမ်းဆီးသွားမလဲဆိုတာကိုတော့ ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။ သရေစာမုန့်စားသလို အချိန်တိုအတွင်း နှစ်ခြိုက်စွာနဲ့ ခံစားကြည့်ရှုလို့ရမဲ့ snack movie လေးမို့ ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။)
...

Escape Plan (2013) ⭐IMDB: 6.7/10 (260 k Votes) 🎬 #Action #Drama #Thriller 🗓 2013 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Escape Plan (2013) IMDb Rating – 6.7/10 ဒီရုပ်ရှင်ကတော့ နာမည်ကျော်မင်းသားကြီး Stallone နဲ့ Arnold တို့ ပါဝင်ထားတဲ့ Action-thriller ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ Escape Plan သုံးကားထဲက ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Escape Plan ၃ ကားလုံးကို 4K Quality နဲ့ ဒီမှာhttps://www.channelmyanmar.to/?s=escape+plan+stalloneဒေါင်းလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ‘ရေး ဘရက်စလင်’က အကျဉ်းထောင်တွေကို အဆင့်မြင့်လုံခြုံရေးစနစ်ရှိ-မရှိ လိုက်လံစစ်ဆေးတဲ့အနေနဲ့ နိုင်ငံတဝှမ်းမှာရှိတဲ့ အကျဉ်းထောင်ပေါင်း တစ်ဒါဇင်ကျော်လောက်ကို ဝင်လိုက် -ထောင်ဖောက်ကြည့်လိုက်နဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုနဲ့ လက်တွဲကာအလုပ်လုပ်နေတဲ့ လုံခြုံရေး အဆောက်အဦဆိုင်ရာ လေ့လာသူတစ်ဦးဖြစ်ပါတယ်။တစ်ရက်မှာတော့ စီအိုင်အေက လူတစ်ယောက်က သူ့ကို ဒေါ်လာသန်းနဲ့ချီပေးကာ အကျဉ်းထောင်တစ်ခုကို ဖောက်ခိုင်းပါတော့တယ်။ထောင်ထဲကို ရောက်ပြီးမှ သိလိုက်ရတာက အဲ့ဒီထောင်ရဲ့ လုံခြုံရေးစနစ်က မြင့်မားလွန်းတဲ့အပြင် သူ့ကို အလုပ်လာအပ်တဲ့ သူကလည်း လိမ်လည်သွားခဲ့တာပါပဲ။အပြင်က သူ့ကိုကူညီပေးနေတဲ့ သူ့အဖွဲ့သားတွေနဲ့လည်း အဆက်အသွယ်ပြတ်သွားတဲ့ ရေး တစ်ယောက် ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw မှတင်ဆက်ထားပါတယ်။)
...

Escape Plan 2: Hades (2018) ⭐IMDB: 3.9/10 (36 k Votes) 🎬 #Action #Crime #Mystery #Thriller #Adventure #SciFi 🗓 2018 🎞 movie 🌎 #China #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Escape Plan 2: Hades (2018) ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး “50 cent” နဲ့ တရုတ်မင်းသား Huang Xiaoming တို့လည်းပါဝင်ထားပါတယ်။ Escape Plan ၃ ကားလုံးကို 4K Quality နဲ့ ဒီမှာhttps://www.channelmyanmar.to/?s=escape+plan+stalloneဒေါင်းလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက်အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာHades လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့်သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်…..။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို d3mon မှတင်ဆက်ထားပါတယ်။)
...

Song of the Assassins (2022) ⭐IMDB: 5.3/10 (301 Votes) 🎬 #Action #Drama #Mystery 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 58 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ Channel Myanmar ကတင်ဆက်ပေးမဲ့Song Of The Assassinsဇာတ်ကားလေးမှာတော့ နာမည်ကြီးသရုပ်ဆောင်တွေအများအပြားသရုပ်ဆောင်ထားပါတယ်တိမ်လွှာနဂါးသူရဲကောင်းများ ဇာတ်ကားမှာ ချောင်ဖုန်းလို့လူသိကြတဲ့မင်းသားကြီး Hu Jun , ပိုးမင်းသားကြီးလို့ အများသိကြတဲ့  Norman Chuiအပြင်Prince of Lan Lingမှာ အဓိကမင်းသားအဖြစ်ပါဝင်ပြီး လန်လင့်ဝမ်းလို့လူသိကြတဲ့ William Feng တို့ ပါဝင်သရုပ်ဆောင်ထားတဲ့သိုင်းကားစစ်စစ်ဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ပရမ်းပတာဖြစ်နေတဲ့ခေတ်ကာလကြီးမှာလှည့်ကွက်တွေများစွာနဲ့ အကွက်ချခံနေရတဲ့ မင်းသား ချင်းမန့်ရှိုးလော်ချီကျွင်းယွမ်ရဲ့ ဇာတ်ကြောင်းကိုအဓိကပြသထားတာဖြစ်ပါတယ် ချီကျွင်းယွမ်က မုန်းတီးမှုများစွာနဲ့ လီဟန့်ဂူဆိုတဲ့နေရာမှာထိပ်တန်းလူသတ်သမားအဖြစ်ရပ်တည်နေတဲ့ ဆရာကြီးတစ်ယောက်ပါငယ်စဉ်အခါက ကြေးပြားမြေပုံ (ရှေးဟောင်းမြေပုံ) ဆိုတဲ့မြေပုံတစ်ခုကြောင့် ချီမျိုးနွယ်စုအားလုံး မင်းသားရဲ့ မိသားစုတွေက အသတ်ခံလိုက်ရတာပါ အဲ့မြေပုံရဲ့နောက်ကြောင်းကိုလိုက်စုံစမ်းရင်းဘယ်လိုအမှန်တရားတွေထွက်ပေါ်လာမလဲဆိုတာကိုတော့Song Of The Assassins ရဲ့ ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်
...

A young girl wanting to fill her loneliness – Kokoro Asano (SONE-272-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 29 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kokoro Asano ဆိုတဲ့ JAV မင်းသမီးလေးကတော့ ဒီလောကနဲ့မလိုက်ဖက်အောင် လှပပျိုမြစ်သူလေးဖြစ်ပါတယ်။ ဝိုင်းစက်တဲ့မျက်ဝန်းနဲ့မျက်နှာကျလေးတွေက မြင်သူရင်အေးစရာလေးပါ။ SONE-272-Decensored ဒီဇာတ်လမ်းထဲမှာတော့ အိမ်ပြန်ဖို့ အဆင်မပြေတော့လို့ တစ်ယောက်ထဲ အထီးကျန်နေတဲ့အဆောင်သူလေး သူမနဲ့ ကင်ဆာရောဂါသည်အဆောင်မှူးတို့ရဲ့ ဇာတ်လမ်းပါ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

Happy Together (2018) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Comedy #Drama #Family #Music 🗓 2018 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Happy Together (2018) *********************** ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ Park Sung-woong, Song Sae-byeok, Cho Ro-woon, Han Sang-Hyuk တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၈ မှာထွက်ခဲ့တဲ့ Happy Together ဆိုတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း- သားဖြစ်သူ ဂန်ဟာနူး (Choi Ro-woon) ကြောင့် အနုပညာအိပ်မက်ကို လက်လျှော့ခဲ့ရတဲ့ ဆက်ဆိုဖုန်းတူရိယာတီးမှုတ်သူ ဂန်ဆော့ဂျင် (Park Sung-woong)။ ဖခင်ဖြစ်သူက အတော်ဆုံး ဆက်ဆိုဖုန်းပညာရှင်လို့ အမြဲပြောလေ့ရှိတဲ့ ဆင်းရဲနွမ်းပါးပေမဲ့ အမြဲပျော်နေတတ်တဲ့ ဆက်ဆိုဖုန်းပါရမီရှင် ဂန်ဟာနူး (Choi Ro-woon)။ ကြည့်ရှူသူတွေရဲ့ စိတ်ကို ညှို့ယူဖမ်းစားနိုင်တယ်ဆိုပြီး ဝံ့ကြွားနေပေမဲ့ နောက်ကွယ်မှာ မိမိရဲ့ပရိသတ်အဖြစ် သရုပ်ဆောင်ဖို့ လူငှါးလေ့ရှိတဲ့ ဘတ်ယောင်းဂေါလ် (Song Sae-byeok)။ တစ်နေ့ ဂန်ဆော့ဂျင်ဟာ ကလပ်တစ်ခုမှာ လူစားဖျာ်ဖြေဖို့သွားရင် ဘတ်ယောင်းဂေါလ်နဲ့ တွေ့ဆုံဖြစ်ခဲ့ပြီး မထင်မှတ်ဘဲ မထင်မှတ်တဲ့နေရာမှာ နောက်တစ်ခါ ပြန်ဆုံးတဲ့အချိန်မှာတော့..။ ဒီကားလေးဟာ အဆင်မပြေမှုတွေကြားက မိသားစုတွေရဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ရောက်အောင် ကြိုးစားကြပုံ၊ ချစ်ရသူတွေအတွက် ပေးဆပ်အနစ်နာခံမှုစတာတွေကို ဟာသလေးနှောရင်း ကြည့်ရှုရမဲ့ မိသားစုဇာတ်လမ်းလေးဖြစ်တာမလို့ လက်မနှေးဘဲ ကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Emily Lynn မှ ရေးသားပေးထားပါတယ်။)
...

Ikaw Pa Rin ang Pipiliin Ko (2024) ⭐IMDB: 5.0/10 (34 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 40 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂီတမှူးတစ်ဖြစ်လဲ သံစုံသီဆိုတဲ့တေးအဖွဲ့တွေမှာ အစီအစဉ် ချပေးရတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ “မိုက်ကယ်”ဂီတအလုပ်တွေနဲ့ပဲ နစ်မြုပ်နေလို့ တစ်နေ့တစ်နေ့ အေးစက်လာနေတဲ့ မိန်းမဖြစ်သူနဲ့ ဆက်ဆံရေးကနေမှ… လက်ရှိနေနေတဲ့ မနီလာကနေ အဝေးမှာ သွားလုပ်ရမယ့် အလုပ်တစ်ခုကို လက်ခံပြီးနောက် လင်မယားကွဲဖို့ဖြစ်လာပါတော့တယ်… အဲဒီသူပြောင်းရွှေ့မယ့်ဒေသမှာ ရှိနေတာကတော့ ဂျက်ဇ် ရော့ဒရီဂက်ဇ်ဆိုတဲ့ ကောင်မလေးပါ အဲဒီကောင်မလေးကလည်း သီချင်းဆိုရတာကိုအရမ်းချစ်လွန်းလို့ အဲဒါကို နားလည်မပေးနိုင်တဲ့ ကောင်လေးဖြစ်သူနဲ့ပါ ပြတ်စဲပြီး အသည်းကွဲနေခဲ့တာဖြစ်ပါတယ်.. အဲဒီလိုနှစ်ယောက်က သံစုံတေးဂီတအဖွဲ့တစ်ခုမှာ ဂီတမှူးနဲ့ သံစုံအဖွဲ့ဝင် အနေနဲ့ စတွေ့တဲ့အချိန်မှာပဲ အချင်းချင်းကတောက်ကဆဖြစ်ကြပါတယ် ဂီတကြောင့်ပဲ မိန်းမဖြစ်သူနဲ့ကွဲပြီး ကောင်လေးနဲ့ပါ လမ်းခွဲလိုက်ရတဲ့သူတို့… ဂီတကနေတစ်ဆင့် ပြန်ပြီး ဘယ်လိုဆက်နွှယ်မိသွားကြမလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်…. Musical ပါဝင်တဲ့ဇာတ်ကားဖြစ်တာမို့လို့ သီချင်းစာသားတွေကိုလည်း သိပ်နားမလည်ပေမဲ့ တတ်နိုင်သလောက် အကောင်းဆုံးဘာသာပြန် ပေးထားပါတယ်… သီချင်းလေးတွေကလည်း အေးအေးလေးနဲ့ နားဝင်ချိုတာမို့လို့ ဇာတ်လမ်းကြည့်ရင်း သီချင်းလေးပါ နားဆင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်
...

Naam Namak Nishan (2024) ⭐IMDB: 6.6/10 (154 Votes) 🎬 #Drama #War 🗓 2024 🎞 tv series 🌎 #India ⏰ 19 မိနစ် 11 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Naam Namak Nishan (2024) “နာမည်၊ သစ္စာစောင့်သိခြင်း၊ သင်္ကေတ”IMDb – 6.6/10 Prime Videoကနေ ထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယအက်ရှင်ဒရာမာစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ OTAဆိုတာ အိန္ဒိယစစ်တပ်ကနေ ဗိုလ်လောင်းတွေမွေးထုတ်ပေးတဲ့ အရာရှိသင်တန်းကျောင်း။ဒီကျောင်းကနေဆင်းသွားတဲ့ ဗိုလ်လောင်းတွေအများကြီးရှိပေမဲ့ တချို့တွေပဲအထင်ကြီးစရာတွေချန်ထားခဲ့ကြတာ။ ဒီကျောင်းဝင်းထဲမှာ ဇာတ်လမ်းတွေအများကြီးဖြစ်ပျက်ခဲ့တယ်။ဒီဇာတ်လမ်းကတော့ သင်တန်းသားတွေကြားထဲက ခင်မင်ရင်းနှီးမှုနဲ့ ညီအစ်ကိုတွေရဲ့ဇာတ်လမ်း။ယူရာ့ဂျ်နဲ့ ဂူဘာ့ဇ်တို့နှစ်ယောက်ကြားက ဇာတ်လမ်း။ သံယောဇဉ်အနှောင်အဖွဲ့တွေ၊ ခင်မင်ရင်းနှီးမှုတွေအပြင် ဒုစရိုက်သမားတွေအစီအစဉ်နဲ့သူသျှိုတွေ ကျောင်းထဲမှာရှိနေတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

3391 Kilometres (2024) ⭐IMDB: 4.2/10 (864 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Turkey ⏰ 1 နာရီ 49 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 3391 Kilometers (2024) အထီးကျန်ဆန်ပြီး အပေါင်းအသင်းမရှိတဲ့ တူရကီကကောင်မလေးတစ်ယောက်နဲ့ ပြင်သစ်က နယ်မြို့လေးတစ်မြို့မှာ ကျောင်းတက်နေတဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ဇာတ်လမ်း။ သူတို့ကြားထဲမှာ ဝေးနေကြရတဲ့အကွာအဝေးက ၃၃၉၁ကီလိုမီတာအတိ။ တစ်ယောက်နဲ့တစ်ယောက် ရုပ်မမြင် အသံမကြားခင်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြ။ စကားတွေအပြန်အလှန်ပြောရင်း ခင်မင်ရင်းနှီးမှုထက် တဆင့်တက်ဖို့ ကောင်လေးဘက်ကကြိုးစားချိန်မှာ အကွာအဝေးတွေခြားနားလွန်းတဲ့အတွက် ကောင်မလေးဘက်ကငြင်းဆန်ခဲ့ပါတယ်။ ဘယ်လောက်ပဲ ငြင်းဆန်နေပါစေ ရင်ထဲကခံစားချက်ကိုမလွန်ဆန်နိုင်တဲ့အတွက် LDRSဆိုတဲ့ ခရီးတစ်ခုကို နှစ်ယောက်တူလျှောက်လှမ်းကြတဲ့နောက်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်)
...

Ted 2 (2015) ⭐IMDB: 6.3/10 (239 k Votes) 🎬 #Comedy #Fantasy 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB: 6.3Rotten Tomatoes:44%Genre: Comedy Ted 2 ကတော့ Ted 1 ရဲ့အဆက်ဖြစ်ပါတယ်။ Seth MacFarlane ရဲ့ထုံးစံအတိုင်း “Random” ဆန်တဲ့ဟာသတွေကိုမြင်ရမှာဖြစ်ပါတယ်။ အတော်လေးလည်း ရယ်ရပြီး အတော်လေးလည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်း ဇာတ်လမ်းအစမှာတော့ တက်ဒ်နဲ့ တယ်မီလင်းတို့နှစ်ယောက် မင်္ဂလာဆောင်လိုက်ပါပြီ။ ဂျွန်ကလည်း အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပြီး အမြဲတမ်းလိုလိုမှိုင်တွေနေပါပြီ။ ခက်တာက တက်ဒ်ဟာ လူသားတစ်ယောက်စစ်စစ်မဟုတ်ဘူးဆိုပြီး မင်္ဂလာဆောင်ကိုပြန်ရုတ်သိမ်းလိုက်ပါတယ်။ သူ့ကို”ပစ္စည်း” တစ်ခုအနေနဲ့သက်မှတ်လိုက်တဲ့အတွက် ဒီကိစ္စခေါင်းငုံ့ခံလို့မဖြစ်ဘူးဆိုပြီး တရားထစွဲပါတော့တယ်။ ဒါပေမယ့် နောက်ကွယ်မှာ သူတို့မသိတဲ့ အကြောင်းအရင်းလေးတွေကရှိနေပါသေးတယ်။ ဘယ်လိုပေါက်ကရတွေလာဦးမလဲဆိုတာကိုတော့ ကြည့်လိုက်ကြပါ။ တက်ဒီအဖြစ်မင်းသား/ဒါရိုက်တာ Seth MacFarlane John အဖြစ်အချစ်တော် မင်းသား Mark Wahlberg ရှေ့နေမလေး Sam အဖြစ် မင်းသမီးချော Amanda Seyfried Morgan Freeman လည်းပါဝင်ထားပါသေးတယ်။
...

Ted (2012) ⭐IMDB: 6.9/10 (667 k Votes) 🎬 #Comedy #Fantasy 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB: 6.9Rotten Tomatoes: 69%Genre: Comedy/Fantasy Ted 1 (2012) ကိုမသိတဲ့လူမရှိလောက်ပါဘူး။ ဒီရုပ်ရှင်ကိုဖန်တီးခဲ့တာကတော့ Hollywood ဟာသရုပ်ရှင်လောကမှာ‌ တော်တော်လေးကို အရည်အချင်းရှိတဲ့ Seth MacFarlane ဖြစ်ပါတယ်။ နာမည်ကြီးတယ်သာပြောတယ် ခုမှကြားဖူးတယ်ဆိုတဲ့ လူတွေအတွက် Seth MacFarlane ကိုနည်းနည်းမိတ်ဆက်ပေးပါရစေ။ Seth MacFarlane ဆိုတာ Family Guy ကိုအသက်သွင်းခဲ့တဲ့ လူဖြစ်ပါတယ်။ အဲထက်ပိုပြီး အထင်ကြီးဖို့ကောင်းတာက Family Guy မှာပါတဲ့ Peter Griffin Stewie Brian Quagmire တို့နေရာမှာ သူတစ်ယောက်တည်း အသံသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်ညွှန်း John ဆိုတာ သူငယ်ချင်းမရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ အများကဝိုင်းပယ်ခြင်းကိုခံထားရတဲ့ကောင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။ ခရစ္စမတ်စ် ညတစ်ခုမှာ ဆုတောင်းလိုက်တဲ့ တောင်းဆုတစ်ခုကြောင့် John ရဲ့ တက်ဒီဝက်ဝံလေးအသက်ဝင်လာခဲ့ပါတယ်။ John ဟာ တက်ဒီလေးနဲ့ ထာဝရ အတူတူ သူငယ်ချင်းတွေလုပ်ကြမယ်ဆိုပြီး ကတိထားခဲ့ကြပါတယ်။ တကယ်တမ်းလည်း သူတို့နှစ်ယောက်ဟာ John ၃၅ နှစ်ရောက်တဲ့အထိ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် John မှာ Lori ဆိုတဲ့ ကောင်မလေးတစ်ယောက်ရနေပြီး အဲဒီကောင်မလေးကြောင့်ပဲ တက်ဒီနဲ့ John တို့ကြားမှာ အဖုအထစ်လေးတွေဖြစ်လာပါတော့တယ်။ Seth MacFarlane ရဲ့ထုံးစံအတိုင်း “Random Bullshit Go” ဆိုတဲ့ ပုံစံတွေလာမှာဖြစ်ပြီး “Referene” တွေကလည်းတော်တော်ကိုများပါတယ်။ တက်ဒီအဖြစ်မင်းသား/ဒါရိုက်တာ Seth MacFarlane John အဖြစ်အချစ်တော် မင်းသား Mark Wahlberg Lori အဖြစ် မင်းသမီး Mila Kunis တို့က နောက်တစ်ခုသိရမှာ က မင်းသမီး Mila Kunis က Family Guy မှာ Meg Griffin အဖြစ်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
...

Sorority Sisters from Space (2023) ⭐IMDB: 4.2/10 (15 Votes) 🎬 #Adult #Comedy #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 46 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မာ့ဂ်ျနဲ့ အန်နီတာဆိုတဲ့ စာကြမ်းပိုးမလေးနှစ်ယောက် သူတို့ရဲ့ကောလိပ်နောက်ဆုံးနှစ်မှာတော့ အကြမ်းဆုံးအထင်ပေါ်ဆုံးဖြစ်အောင်လုပ်ကြမယ်ဆိုပြီး ဂမ်မာဖိုင်ဆိုတဲ့ ကျောင်းသူအသင်းဝင်ခွင့်ရအောင်လုပ်ပေမဲ့ ကျောင်းသူအသင်းရဲ့စမ်းသပ်ချက်ကြောင့် အခက်အခဲဖြစ်နေခဲ့ပါတယ်။ တစ်ညမှာတော့ ကြယ်ကြွေတာမြင်လို့ သူငယ်ချင်းနှစ်ယောက်ဆုတောင်းနေကြရင်း အာကာသယာဉ်ပေါ်ရောက်သွားခဲ့ပြီး ယာဉ်ပေါ်က ဂြိုလ်သားက သူတို့အိပ်မက်တွေ တကယ်ဖြစ်လာစေဖို့အတွက် ခပ်လန်းလန်းစော်လေးနှစ်ပွေအဖြစ်ပြောင်းလဲပေးလိုက်တဲ့အခါမှ မာ့ဂ်ျနဲ့ အန်နီတာတို့ရဲ့ ကံကြမ္မာက ဘယ်လိုပြောင်းလဲသွားမလဲကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
...