无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Tulang Belulang Tulang (2024) ⭐IMDB: 7.1/10 (31 Votes) 🎬 #Adventure #Comedy #Drama 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 36 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tulang Belulang Tulang (2024) IMDb Rating (7.1) “Tulang Belulang Tulang” က ဒါရိုက်တာ Sammaria Simanjuntak ရိုက်ကူးခဲ့တဲ့ အင်ဒိုနီးရှားဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Batak ယဥ်ကျေးမှုရိုးရာကို ဒရမ်မာ၊ ဟာသ၊ စွန့်စားခန်းတွေနဲ့ ပေါင်းထားပြီး Batak ဒေသရဲ့ တန်ဖိုးထားရာဖြစ်တဲ့ Toba ကန်နဲ့ ရှုခင်းတွေရဲ့ အလှအပတွေကိုပါ ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ Plot summary: Mangokal Holi ပွဲလိုခေါ်တဲ့ Batak လူမျိုးတွေရဲ့ ရိုးရာကတော့ သေသွားပြီးတဲ့ ဘိုးဘေးတွေရဲ့အရိုးကို Toba ကန်ဆီကို ပြန်သယ်ဆောင်ကြတဲ့ စျာပနပွဲဖြစ်ပါတယ်။ Batak မိသားစုတစ်စုက သူတို့ဆုံးသွားတဲ့ အဘေးရဲ့ အရိုးတွေကိုသယ်ပြီး Mangokal Holi ပွဲအတွက် Toba ကန်ဆီကို မိသားစုတစ်စုလုံး ခရီးထွက်ခဲ့ကြတယ်။ ဒါပေမဲ့ လေယာဥ်ကအဆင်း အိတ်မှားပြီး သူတို့အဘေးရဲ့ အရိုးတွေထည့်ထားတဲ့အိတ်က တစ်ယောက်ယောက်ဆီကို ပါသွားလေရဲ့။ မိသားစုတစ်စုလုံးလည်း သူတိုအဘေးရဲ့အရိုးတွေကို စျာပနအမီသယ်သွားဖို့ အိတ်ပျောက်ရှာတဲ့ခရီးထွက်ရာက ဘယ်လိုအန္တရာယ်တွေ တလွဲတချော်တွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီပရမ်းပတာဟာသအပြည့်နဲ့ ဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
The Bear Lake Murders (2025) ⭐IMDB: 5.1/10 (138 Votes) 🎬 #Thriller #Mystery 🗓 2025 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 29 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Bear Lake Murders (2025) IMDb Rating (5.1) Mercedes de la Zerda, Tom Stevens, Blake Williams နဲ့ Magalie တို့က ဦးဆောင်ပါဝင်ထားပါတယ်။Director ကတော့ Danny J.Boyle ဖြစ်ပါတယ်။ ဘာသာပြန်ရင်း သတိရမိတာကတော့ တရုတ်ပြည်မကြီးတံခါးဖွင့်ဝါဒ စကျင့်သုံးတော့ တိန့်ရှောက်ဖိန် ပြောတဲ့စကားပါ။ “အိမ်ပြတင်းပေါက်ကို ဖွင့်လိုက်ရင် လေကောင်းလေသန့်တွေရသလို ခြင်၊ ယင်၊ အမှိုက်တွေလည်း ဝင်လာနိုင်တယ်” ဆိုတာပါ။ ခရီးသွားဧည့်သည်ဆိုတာလည်း ကျနော့်အမြင်အရ မရှိလည်းကောင်း၊ ရှိလည်းကောင်း ပါပဲ။ ဇာတ်လမ်းအကျဉ်း ကွင်းဆက်လူသတ်သမားတစ်ယောက်ကို တပင်တပန်းလိုက်ဖမ်းခဲ့ရလို့ ခြေကုန်လက်ပမ်းကျနေတဲ့ စုံထောက် အယ်လီ ဟာ အနားယူအားပြန်ဖြည့်ဖို့ ဇာတိမြို့လေးကို မပြန်ချင်ပေမယ့် ပြန်လာခဲ့ပါတယ်။ မပြန်ချင်ရတာကတော့ ဇာတ်လမ်းဟောင်းတွေရှိခဲ့တဲ့ လက်ရှိရဲမှူးကြီး ရွိုင်း၊ စစ်မှုထမ်းဟောင်း မိုင်းလ်စ်တို့နဲ့ မတွေ့ချင်တာကြောင့်ဖြစ်ပါတယ်။ သူ့ရဲ့ဇာတိမြို့လေး “ဝက်ဝံကြီးရေကန်”ကလည်း အပန်းဖြေစခန်းအဖြစ် နာမည်ကျော်လာစဖြစ်လို့ ခရီးသွားတွေ၊ ဘလော့ဂါတွေ ခြေချင်းလိမ်နေပါပြီ။ အယ်လီရောက်ပြီး မကြာခင်မှာပဲ သူမ တပင်တပန်းလိုက်ဖမ်းခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားက ထောင်ပြောင်းရင်း ကားမတော်တဆဖြစ်ကာ သူမရဲ့ဇာတိမြို့နားမှာပဲ ပျောက်ဆုံးသွားကြောင်း ကြားရပါတယ်။ မကြာမီမှာပဲ မတော်တဆလိုပုံစံမျိုးတွေနဲ့ လူသတ်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာတော့ အတိတ်ကို အတိတ်မှာထားခဲ့ပြီး စုံထောက် အယ်လီ နဲ့ ရဲမှူး ရွိုင်းတို့ အတူစုံစမ်းကြရာမှ မထင်မှတ်ထားတာတွေ ဖြစ်လာသောအခါ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။)...
Rokjesnacht (2024) ⭐IMDB: 5.0/10 (191 Votes) 🎬 #Romance #Comedy 🗓 2024 🎞 movie 🌎 #Netherlands ⏰ 1 နာရီ 34 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဒတ်ချ်စကားပြောအနောက်ဥရောပ အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ် ဒီကားလေးမှာဆိုရင် ဘဝလက်တွဲဖော်ရှာမတွေ့နိုင်ဖြစ်နေတဲ့ လူလတ်ပိုင်းအရွယ်တချို့ရဲ့ အခက်အခဲတွေ၊ ဇီဇာကြောင်ပုံတွေ၊ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်ကြပုံတွေကို ဟာသနှောအရွှန်း ဖောက်ကာ သွက်သွက်လက်လက်တင်ဆက်ပုံဖော်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်,,, Roos ဆိုတဲ့ အမျိုးသမီးဟာ လက်တွဲဖော်ရှာဖို့ခက်ခဲနေတဲ့သူတွေအတွက် Blind Date စီစဉ်ပေးတဲ့သူတစ်ယောက်ဖြစ်ပြီး မေးခွန်းအခု ၅၀၀ ကို ဖြေဆိုပေးရင် လိုက်ဖက်တဲ့စုံတွဲဖြစ်အောင် နေရာချပေးနိုင်တယ်လို့ ယုံကြည်ထားသူတစ်ဦးပါ… ထူးထူးဆန်းဆန်း ရယ်သံပြုတတ်တဲ့ ခွေးအလှပြုပြင်သူ Jenny… လက်ရှိအချစ်ရေးအဆင်မပြေသူ ဘဏ်ဝန်ထမ်း Bob… ပေါက်လွတ်ပဲစားတွေခရားရေလွတ်ပြောတတ်သူ Aldo… မုဆိုးဖိုဖခင်ရဲ့ မျက်စိဒေါက်ထောက်ကြည့်ခံနေရသူ Eefje တို့ Roos ရဲ့ Blind Date အစီအစဉ်ကိုစာရင်းသွင်းကာ ရောက်ရှိလာပါတော့တယ် Roos ဟာ ၎င်းတို့ ၄ ယောက်ကို မေးခွန်း ၅၀၀ ဖြေဆိုစေပြီး လိုက်ဖက်တဲ့သူချင်းနေရာချပေးဖို့ကြိုးစားရာမှာကြုံရတဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေ ခေါင်းကိုက်စရာတွေကို ရယ်ရွှင်ဖွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုသူ ရုပ်ရှင်ချစ် ပရိသတ်များအတွက် သဘောကျမှာသေချာပါတယ် စုံတွဲနှစ်တွဲအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင် အပြိုင်တင်ပြထားပြီး အမ်စတာဒမ်မြို့ရဲ့ အလှအပတွေ မသိမသာကွဲပြားနေတဲ့ အနောက်ဥရောပရဲ့ လူမှုဆက်ဆံရေးတွေကိုပါ ကြည့်ရှုခံစားရမှာဖြစ်တဲ့ ဇာတ်ကားကောင်းလေးကို အချစ်ဟာသကားကြိုက်နှစ်သက်သူပရိသတ်များ လက်မလွတ်ကြစေဖို့ ညွှန်းဆိုပေးလိုက်ပါရစေဗျာ...
He Ain't Heavy (2024) ⭐IMDB: 6.1/10 (312 Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #Australia ⏰ 1 နာရီ 42 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခေါက်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားလေးကတော့ Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်… မူးယစ်ဆေးရဲ့သားကောင်ဖြစ်နေရတဲ့ မောင်တစ်ယောက်အတွက် အစ်မတယောက်ရဲ့စွန့်လွှတ်အနစ်နာခံမှုတွေ မိခင်တယောက်ရဲ့ နာကျင်မှုတွေနဲ့ လူနေမှုဘဝအခက်အခဲတွေအကြောင်းကို ဒါရိုက်တာ David Vincent Smith က ၎င်းရဲ့ ပွဲဦးထွက်ဇာတ်ကားအနေနဲ့ ပုံဖော်ပြသထားတာပဲဖြစ်ပါတယ်… ဒီကားလေးဟာဆိုရင် ဒါရိုက်တာ David Vincent Smith ရဲ့ မိသားစုထဲက မူးယစ်ဆေးသားကောင်တယောက်ကို အခြေပြု ရိုက်ကူးထားတာဖြစ်ပြီး မဲလ်ဘုန်းအပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာ ကနဦးပြသခဲ့ကာ ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ မှတ်ချက် ကောင်းတွေလည်း ရရှိခဲ့ပါတယ် Max ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေကုစားဖို့ကြိုးစားရင်း မူးယစ်ဆေးစွဲသွားတဲ့ လူငယ်တယောက်ဖြစ်ပါတယ် ဆေးသုံးထားတဲ့အခါ မိသားစုအပြင် သူစိမ်းတွေကိုပါရန် ပြုတတ်လာတဲ့ Max ဟာ ဆေးပြယ်ချိန်ဆိုရင်တော့ ဘာတွေ လုပ်မိမှန်း မမှတ်မိတော့ပါဘူး… တနေ့မှာတော့ ဒီအခြေအနေတွေကို ရပ်တန့်ဖို့ အစ်မဖြစ်သူ Jade တယောက် မောင်ဖြစ်သူ Max ကိုအခန်းပိတ်ကာ အတင်းဆေးဖြတ်ပေးဖို့ကြိုးစားပါတော့တယ်.. တချိန်တည်းမှာလည်း ရဲတပ်ဖွဲ့ဟာ Max ရဲ့ ရုတ်တရက် ပျောက်ဆုံးနေမှုနဲ့အတူ Max နဲ့သက်ဆိုင်တဲ့အမှုတခုကို လိုက်လံစုံစမ်းနေခဲ့ပါတယ် အတင်းဆေးဖြတ်ပေးခံရတဲ့ Max တယောက် မူးယစ်နွံက နေရုန်းထွက်နိုင်မလား… ရဲတွေကရော Max ကို ဘယ်လိုကြောင့် လိုက်လံရှာဖွေနေရပါသလဲ အစ်မဖြစ်သူ Jade တစ်ယောက်ရော အကြံစည်အောင်မြင်သွားမလား စတဲ့ စတဲ့ မေးခွန်းတွေကိုတော့ ဒီကားလေးထဲမှာပဲ ဖော်ထုတ် အဖြေရှာလိုက်ကြပါဦးခင်ဗျာ...
Diddy: Monster's Fall (2025) ⭐IMDB: 4.8/10 (50 Votes) 🎬 #Crime #Documentary #Drama #Biography #Music 🗓 2025 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Diddy: Monster’s Fall (2025) IMDb Rating (4.7) အထူးသဖြင့် ၉၀ရာစု နဲ့ ၂၀ရာစု အတွင်း နှစ်ပေါင်းများစွာနာမည်ယူထားနိုင်ထားတဲ့ ဂီတလောကရဲ့စွယ်စုံရ Diddy (သို့) Puff Diddy (သို့) P.Diddy စသဖြင့် နာမည်ပြောင်များစွာဖြင့်လူသိများတဲ့ အနုပညာရှင်ကြီးဟာ အောက်ခြေကနေ တက်လာခဲ့ရပြီး ကျိကျိတက်ချမ်းသာလာတာတောင် မရောင့်ရဲနိုင်ဘဲ အာဏာတွေ ပါဝါတွေကို ရူးသွပ်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ရန်ပုံငွေအတွက် ပရဟိတဘာညာအတွက်ဆိုပြီးအကြောင်းပြကာ သာမန်လူတွေအနားမကပ်နိုင်တဲ့ ဒိတ်ဒိတ်ကြဲတွေကိုသာဖိတ်တဲ့ ပါတီကြီးတွေကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ သူနဲ့ နီးစပ်ရာလူတွေကတော့ Diddyဟာ သူ့ကိုယ်သူ “Party King”ဆိုပြီး သတ်မှတ်ထားပါတယ်တဲ့။ သာမန်လူတွေအဖို့ Diddy တစ်ယောက် ပါတီပွဲတွေကျင်းပတာဟာ အပျော်အပါးအတွက်သာ ရန်ပုံငွေအတွက်သာလို့ တွေးကြပေမယ့် တကယ်တမ်းမှာတော့ အပျော်ကနေအပျက်ဆိုသလိုပဲ ပါတီကိုစီစဉ်သူ Diddy နဲ့ သူ့ရဲ့အပေါင်းအပါတွေအတွက်ကတော့ အပျော်အတွက် ကျင်းပတယ်လို့ဆိုနိုင်ပေမယ့် ပါတီရဲ့အဓိကရည်ရွယ်ချက်ကိုမသိသူတွေအတွက်ကတော့ အပျက်ဖြစ်သွားနိုင်ပါတယ်။ ပါတီကိုနှစ်မျိုးနှစ်စားခွဲခြားထားပါတယ် ပထမတစ်သုတ်ကတော့ ဒိတ်ဒိတ်ကြဲတွေကိုဖိတ်ပြီး ပါတီဆင်နွှဲကြပါတယ်။ ဒိတ်ဒိတ်ကြဲတွေပြန်သွားရင်တော့ Afterparty ဆိုပြီး ဒုတိယအသုတ်စပါတယ်။ ဒုတိယအသုတ်မှာတော့ Diddy ရဲ့ပါတီကျင်းပရာနေရာဟာ မင်းမဲ့တိုင်းပြည်ကြီးတစ်ခုလိုပါပဲ။ လူကျင့်ဝတ်နဲ့မညီတဲ့အရာတွေ အာဏာနဲ့ပါဝါကိုအသုံးချပြီးထင်ရာစိုင်းကြတာတွေ အစုံပလုံပါပဲ။ ဒီ Documentry မှာလည်း Diddy ရဲ့အောက်ခြေဘဝကစလို့ အခုလက်ရှိ လိင်မှုရေးရာ အရှုပ်ထုပ်တွေကြောင့် တရားရင်ဆိုင်နေရတဲ့အချိန်အထိ အကြောင်းအရာတွေများစွာ စုံစုံလင်လင်တင်ပြပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။)...
Rivière (2023) ⭐IMDB: 6.1/10 (122 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #France #Switzerland ⏰ 1 နာရီ 46 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rivière (2024) IMDb Rating (6.1) Rivière (2024)က Julien Dufresne-Lamy ဒါရိုက်တာ ဖန်တီးထားတဲ့ ဟော့ကီရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအဓိကဇာတ်ကောင် Manon (Flavie Delangle) က ၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ပြီး၊ မိဘမဲ့အခြေအနေမှ ထွက်ပြေးလာတယ် သူ့ ဖခင်ကို ရှာဖွေဖို့ဆုံးဖြတ်လာတာပါ။ သူ့ အိပ်မက်ကတော့ ကနေဒါနိုင်ငံမှာ ပရော်ဖက်ရှင်နယ် ဟော့ကီကစားသမားတစ်ယောက်ဖြစ်လာဖို့ပဲ။ ရုပ်ရှင်ကတော့ Manon ရဲ့ ဘဝခရီးတစ်စိတ်တစ်ပိုင်း၊ သူရဲ့ မိဘမဲ့အခြေအနေ၊ မိသားစုနှင့် ချိတ်ဆက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကြည့်ရမှာဖြစ်ပါတယ်။ ရုပ်ရှင်အတွင်းမှာတော့ Flavie Delangle (Manon), Sarah Bramms (Karine Valence), Camille Rutherford (Sophie), Clémence Till (Noa), Claude Fugère (Pat), Faustine Mathieu (Jenny Delaunay) တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
Villains Inc (2023) ⭐IMDB: 5.4/10 (288 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဒါရိုက်တာ Jeremy Warner ရိုက်ကူးထားတဲ့ ဟာသအက်ရှင်ဇာတ်ကားလေး ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Mallory Everton, Colin Mochrie, Jason Gray တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အစွမ်းရှိတဲ့သူတွေကြီးစိုးတဲ့ကမ္ဘာကြီးမှာ ဘိထရစ်၊ ကိန်းနဲ့ ဟယ်ရိုးတို့က အစွမ်းမရှိတဲ့သူတွေပါ။ သူတို့မှာ ကမ္ဘာကြီးကိုအုပ်စိုးမယ်ဆိုတဲ့ အိပ်မက်တစ်ခုရှိပါတယ်။ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အစွမ်းရှိတဲ့ လူဆိုးတွေဆီမှာ အလုပ်လုပ်ကြပြီးတော့ ပိုက်ဆံစုကြပါတယ်။ ဘာအစွမ်းမှမရှိတဲ့ သူတို့လိုသာမန်လူတွေက အစွမ်းရှိတဲ့သူတွေ ကြားမှာ ဝင်ဆံ့ဖို့ကြိုးစားရင်း သူတို့ရဲ့ပေါက်ကရအလွဲတွေကို ရယ်မောဖွယ်ကြည့်ရှုကြရမှာပါ။ ဒါ့အပြင် အက်ရှင်ခန်းတွေနဲ့ emotional ဖြစ်ရတဲ့အခန်းတွေပါ ပါဝင်တာကြောင့် အစကနေအဆုံးထိ ရယ်နေရတာမျိုးမဟုတ်ပဲ ရသမျိုးစုံကိုပေးစွမ်းတဲ့ ဇာတ်ကားမျိုးပါ။ IMDb မှာလည်း rating ကောင်းတစ်ခုကို ရရှိထားပြီးတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းပါတယ်။...
Lucca's World (2025) ⭐IMDB: 6.7/10 (533 Votes) 🎬 #Drama 🗓 2025 🎞 movie 🌎 #Mexico ⏰ 1 နာရီ 36 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cerebral palsy လို့ခေါ်တဲ့ ဦးနှောက်အကြောသေရောဂါကြောင့် လူကာဆိုတဲ့ကလေးငယ်ဟာ စကားမပြောနိုင် ၊ အစားမစားနိုင်သလို လမ်းလည်းမလျှောက်နိုင်ပါဘူး။ မိခင်ဖြစ်သူဘာဘာရာကတော့ ကလေးမွေးတုန်းက သူမညှစ်နိုင်ခဲ့လို့ဖြစ်ရတာဆိုတဲ့အပြစ်ရှိစိတ်နဲ့ လူကာကိုလူကောင်းလိုဖြစ်တဲ့အထိ ကုသပေးမယ်လို့ ဆုံးဖြတ်ထားသူပါ။ တစ်ရက်မှာတော့ ဆိုင်တိုထရွန်လို့ခေါ်တဲ့ အိန္ဒိယကစက်တစ်မျိုး အကြောင်း သိလိုက်ရတာကြောင့် ဘာဘာရာတို့မိသားစုဟာ အိမ်ပေါင်ပြီး လူကာကို အိန္ဒိယခေါ်လာခဲ့ကြပါတယ်။ ဆိုင်တိုထရွန်ကြောင့် လူကာရဲ့ ဦးနှောက်နှစ်ခြမ်းဟာ ဆက်သွယ်မှုတွေလုပ်နိုင်လာပြီး အစားစားတာ၊ စကားပြောတာနဲ့လမ်းလျှောက်တာတွေကို စလုပ်လာနိုင်ခဲ့ပါတယ်။ ကုသမှုပြီးလို့ မက္ကစီကိုကိုပြန်ခဲ့ရပေမယ့် ဘာဘာရာကတော့ ဆိုင်တိုထရွန်နဲ့ဆက်ကုမယ်ဆိုရင် လူကာဟာ အခုထက်ပိုတိုးတက် လာနိုင်တာကိုသိနေပေမယ့် သူတို့မိသားစုကလည်း အိန္ဒိယအထိ ထပ်ခရီးနှင်ဖို့မတတ်နိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ မက္ကစီကိုဆိပ်ကမ်း တစ်ခုမှာ အမေရိကန်ကိုပို့ဆောင်ဖို့ ဆိုင်တိုထရွန်စက်နှစ်လုံး ရောက်နေကြောင်းသိရှိလိုက်ရတာကြောင့် ဘာဘာရာတစ်ယောက် ဒီစက်တွေကို အမေရိကန်အထိမရောက်ဘဲ မက္ကစီကိုကလေး ဆေးရုံမှာတင်အသုံးချနိုင်အောင် စတင်ကြိုးပမ်းပါတော့တယ်။ ဘာဘာရာရဲ့စိတ်ကူးအတိုင်း ဆိုင်တိုထရွန်စက်တွေကို မက္ကစီကိုမှာတင် တကယ်ပဲအသုံးပြုနိုင်သွားမှာလား။ လူကာကရော ဘယ်အခြေအနေအထိပြန်ကောင်းလာမှာလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
Tom and Jerry: Spy Quest (2015) ⭐IMDB: 6.0/10 (1 k Votes) 🎬 #Adventure #Animation #Comedy #Family #Action #SciFi 🗓 2015 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 13 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းက တွမ်နဲ့ဂျယ်ရီကို တစ်ခေတ်တစ်ခါတုန်းက နာမည်ကြီးတဲ့ Spy Quest animated seriesနဲ့ collabထားတဲ့ Movieပဲ ဖြစ်ပါတယ်။ Spy Questရဲ့ ဇာတ်ကောင် ဂျွန်နီရဲ့ ဖခင်ဖြစ်သူ ဒေါက်တာကွက်စ်ဟာ အရမ်းကိုစွမ်းအားကြီးတဲ့ သိပ္ပံပစ္စည်းတစ်ခုကို စမ်းသပ်အောင်မြင်ထားတာဖြစ်ပြီး သူ့ရဲ့ရန်သူတော် ဒေါက်တာဇင်က အဖျက်လုပ်ငန်းတွေ လုပ်နိုင်ဖို့ အဲဒီနည်းပညာကို လုယူချင်နေတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဒေါက်တာကွက်စ်ကို ဇင်က ဖမ်းဆီးနိုင်ပြီး အဆိုပါနည်းပညာကို မောင်ပိုင်စီးနိုင်ဖို့ လုပ်ပါတော့တယ်။ ဖခင်ဖြစ်သူ အဖမ်းခံလိုက်ရတဲ့ ဂျွန်နီကလည်း လိုက်ကယ်ဖို့ ကြိုးစားရင်း ထပ်ဆင့်အဖမ်းခံလိုက်ရတာကြောင့် အဲဒီ နည်းပညာကို ပေးလိုက်ရုံမှတပါး အကျပ်ကိုင်ခံထားရတဲ့ ဒေါက်တာကွက်စ်မှာ တခြားရွေးစရာလည်း မရှိတော့ပါဘူး။ ဒီလိုဘေးကျပ်နံကျပ်ဖြစ်နေတဲ့ သားအဖတွေကို အားလုံးရဲ့ ဇာတ်လိုက်ကျော်ကြီးတွေ ဖြစ်တဲ့ တွမ်နဲ့ဂျယ်ရီက လိုက်ပြီး ကယ်တင်ရမှာဖြစ်ပါတယ်။ ဒေါက်တာကွက်စ်ရဲ့ နည်းနဲ့ နိုင်ငံတစ်ခုပြာကျသွားအောင် စွမ်းဆောင်နိုင်တဲ့ အဖျက်လက်နက်တွေ ဖန်တီးနေတဲ့ ဒေါက်တာဇင်ကို တွမ်နဲ့ဂျယ်ရီတိရစ္ဆာန်လေး၂ကောင်က ဘယ်လောက်ထိ အဟန့်အတားလုပ်နိုင်မလဲ၊ ဂျွန်နီနဲ့ ဒေါက်တာကွက်စ်တို့ကို ကယ်တင်ပြီးဇင်ကို တားဆီးနိုင်ကြမလားဆိုတာကို အက်ရှင်ဆန်ဆန်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။...
Pocahontas II: Journey to a New World (1998) ⭐TMDB: 55% User Score 🎬 #Adventure #Animation #Drama #Family #Romance 🗓 1998 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 13 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pocahontas 2 ကိုလာကြည့်ဖို့လုပ်ပြီ ဆိုကတည်းက နံပါတ် 1 ကိုအတော်ကြိုက်ခဲ့လို့ ထင်ပါရဲ့။ ဒီဒုတိယပိုင်းမှာ ပိုကာဟွန်းတက်စ် ဟာ Disney Princesses တွေလုံးဝမရွေးချယ်ဖူးတဲ့ ကြီးမားတဲ့ မထင်မှတ်စရာ ရွေးချယ်မှုကို ရွေးချယ်သွားပါတယ်။ အမှန်ပြောရရင် ဒီကားကို ဘာသာပြန်မယ်ဆိုတုန်းက နံပါတ် 1လောက်ကောင်းမယ် လို့မထင်ခဲ့ဘူးဗျ။ လုံးဝမှားတာပါပဲဗျာ။ ဒီဇာတ်လမ်းလေးမှာတော့ အင်္ဂလန်နိုင်ငံနဲ့ အင်ဒီးယန်းလူရိုင်းတွေအကြား နားလည်မှုလွဲတာကို ပိုကာဟွန်းတက်စ် နဲ့ အင်္ဂလန်နိုင်ငံသား ဂျွန်ရော့ဖ် တို့ ပညာသားပါပါ ပြေလည်အောင်ကြိုးပမ်းရတဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။ မထင်မှတ်ထားတာ ဖြစ်မယ်ဆိုတာတော့ လောင်းရဲသဗျ...
Pocahontas (1995) ⭐TMDB: 69% User Score 🎬 #Adventure #Animation #Drama #Family #Romance 🗓 1995 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Disney Princess ဆိုတာနဲ့လူတိုင်း သိကြမယ်လို့ထင်ပါတယ်။ ယခုပြောမှာကတော့ Disneyမင်းသမီးလေးတစ်ယောက် ဖြစ်တဲ့ ပိုကာဟွန်းတက်စ်(Pocahontas)ရဲ့ ဇာတ်လမ်းလေးအကြောင်းဖြစ်ပါတယ်။ ဒီကာတွန်းလေးကတော့ အော်စကာဆုနှစ်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အလွန်လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်ကာ ဇာတ်ကြောင်းတွေဟာဆိုလည်း တကယ်ရှိခဲ့တဲ့ ပိုကာဟွန်းတက်စ် မင်းသမီးလေးအပေါ် အနည်းငယ်အခြေခံထားတာတွေ့ရပါတယ်။ ဒီဇာတ်လမ်းထဲမှာလေးကတော့ အင်္ဂလန်ကနေ အမေရိကတိုက်ကို လာပြီး အခြေချကာ ရတနာတူးဖော်လိုသူတွေနဲ့ အမေရိကတိုက်ရဲ့ မူရင်းမျိုးနွယ် အင်ဒီးယန်းတွေကြားမှာ ဖြစ်ကြတဲ့ ရန်လိုစိတ်တွေကြား ရဲ့ရင်မှု၊စိတ်ထားဖြူစင်မှု၊ညဏ်ပညာအမျှော်အမြင်တွေနဲ့ ပိုကာဟွန်းတက်စ် တစ်ယောက် ဘယ်လို ငြိမ်းအေးအောင်လုပ်မလဲဆိုတဲ့အကြောင်းလေးပါပဲ။ ဒီကားလေးက စင်ဒရဲလားလိုကားလေး လုံးဝမဟုတ်တဲ့အတွက် ချိဖတို့လည်း မိန်းကလေးတွေရှေ့မှာ ရဲရဲကြည့်လို့ရတယ်နော်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ပဲဖြစ်ပါတယ်...
Mother (2009) ⭐TMDB: 77% User Score 🎬 #Crime #Mystery #Thriller #Drama 🗓 2009 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 9 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Missing You (2016) ******************* IMDb….7.7 ဒီရုပ်ရှင်ကတော့ Parasite ဒါရိုက်တာ Bong Joon Ho ရဲ့ နောက်ထပ် လက်ရာကောင်းလေးတစ်ခုဖြစ်တဲ့ Thriller Mystery genre လေးဖြစ်တဲ့ Mother ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ တစ်ခေတ်တစ်ခါ မြန်မာပရိတ်သတ်တွေကြားမှာ ထယ်ဆောက်လို့နာမည်ကြီးခဲ့တဲ့ မင်းသား Won Bin, Nation’s mother လို့တောင် တင်စားလို့ရတဲ့ မင်းသမီးကြီး Kim Hye Ja, DOTS ကားထဲမှာ ဆောဒယ်ယောင်းအနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသား Jin Goo တို့ပဲ ဖြစ်ပါတယ်။ -ဇာတ်လမ်းအညွှန်း- ၂၈ နှစ်အရွယ် ဉာဏ်ရည်မမှီတဲ့ သားဖြစ်သူ ယွန်းဒိုဂျွန်း (Won Bin) နဲ့အတူနေတဲ့ အမေ (Kim Hye Ja) ဟာ ဆေးဖက်ဝင်ဆေးပင်တွေနဲ့ တရားမဝင် အပ်စိုက်ကုထုံးကို ကုသပေးကာ နေထိုင်စရိတ်ရှာဖွေနေသူပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရပ်ကွက်ထဲက အထက်တန်းကျောင်းသူလေးတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ရဲတွေဟာ ယွန်းဒိုဂျွန်းကိုစွပ်စွဲထိန်းသိမ်းထားလိုက်တဲ့အခါ ယွန်းဒိုဂျွန်းရဲ့အမေတစ်ယောက် သားဖြစ်သူအပြစ်မရှိကြောင်းကို သက်သေပြဖို့ သက်သေတွေကို ကိုယ်တိုင်ကြိုးစားရှာဖွေကာ ဘယ်လိုတွေ လုပ်ကိုင်သွားမလဲ… ထိုခက်ခဲလှတဲ့အခြေအနေတွေကြား သားဖြစ်သူအပေါ် ထားရှိတဲ့ အမေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဒါရိုက်တာ Bong Joon Ho ရဲ့ လက်ရာဖြစ်တဲ့အလျောက် လှည့်ကွက်ပေါင်းများစွာနဲ့ လှလှပပလေး ဖော်ပြထားတာမို့လို့ ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint ပဲဖြစ်ပါတယ်...
Lizzie Lazarus (2024) ⭐IMDB: 4.3/10 (68 Votes) 🎬 #Drama #Horror #Thriller #Mystery 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 32 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lizzie Lazarus (2024) ဒီဇာတ်ကားလေးကတော့ Horror, Mystery, Thriller, နဲ့ Drama အမျိုးအစားဖြစ်ပြီး 1990 ခုနှစ် Summer Solstice ကာလမှာ သေဆုံးသူ Lizzie ကို အသက်ပြန်သွင်းဖို့ ကြိုးစားကြတဲ့ Lizzie ရဲ့အစ်မဖြစ်သူနဲ့ Lizzie ရည်းစားတို့အကြောင်းကို ရိုက်ကူးထားတဲ့ Horror ဇာတ်ကားပဲဖြစ်ပါတယ်။ မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့တဲ့ Lizzie ကို အသက်သွင်းဖို့ တောကြီးထဲကို သူတို့နှစ်ယောက် Lizzie အလောင်းကိုသယ်ရင်း သွားကြတဲ့အခါ လမ်းတစ်လျှောက် သူတို့ပြောသွားကြတဲ့အကြောင်းအရာတွေက ဘယ်လိုဆက်စပ်မှုရှိမလဲ၊ ဘယ်လိုနည်းကို အသုံးပြုပြီး အသက်သွင်းကြမှာလဲ၊ လမ်းထဲမှာရော ဘယ်လိုမျိုး အနှောင့်အယှက်တွေ တလွဲတွေ ဖြစ်ဦးမလဲ၊ Lizzie ကရော တကယ်ပြန်ရှင်လာပါ့မလားဆိုတာကို အဖြေရှာစောင့်ကြည့်ရမှာဖြစ်သလို သွေးထွက်သံယိုတွေ အော့နှလုံးနာစရာမြင်ကွင်းတွေ ပါဝင်မှုအနည်းဆုံးဖြစ်လို့ အသည်းငယ်သူတွေလည်း ကြည့်လို့ရမှာဖြစ်ပြီး ဇာတ်အေး Horror တွေကိုသဘောကျနှစ်ခြိုက်တဲ့ ပရိသတ်တို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien Cho ဖြစ်ပါတယ်။)...
Baby John (2024) ⭐IMDB: 6.1/10 (15 k Votes) 🎬 #Action #Bollywood #Drama #Thriller #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 39 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Baby John (2024) ဘေဘီဂျွန်လာပြီဟေ့ အခုတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးမယ့်ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်ကားကအသစ်ပေမယ့်ဇာတ်လမ်းကတော့ အဟောင်းပါပဲတောင်ပိုင်းမင်းသားဗီဂျေးရဲ့ပရိသတ်တွေဆိုသိကြမယ့် Theri တောင်ပိုင်းကားကို Remake ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တစ်ချိန်တုန်းကလူဆိုးတွေအတွက် နတ်ဆိုး… လူကောင်းတွေအတွက်တော့ နတ်ဘုရားအလားနာမည်ကြီးခဲ့တဲ့ IPS အရာရှိတစ်ယောက်ရှိခဲ့ပါတယ်….. လောလောဆယ် အဲ့အရာရှိဟာပျောက်ဆုံးနေပြီးတော့ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိခဲ့ပါဘူး…အခုခေတ်မှာတော့ ဘေဘီဆိုတဲ့ကလေးမလေးနဲ့ဘေဘီဆိုတဲ့အဖေတစ်ယောက် သားအဖနှစ်ယောက်ဟာကော်ဖီဆိုင်လေးဖွင့်ပြီး ပျော်ရွှင်စွာဘဝကိုဖြတ်သန်းနေပါတယ်ပျော်ရွှင်နေတဲ့ဘဝလေးထဲကိုဘေဘီဂျွန်ရဲ့အတိတ်ကအရိပ်ကလိုက်လာတဲ့အခါမှာတော့…. မူရင်းကားရဲ့ရသကို မမှီရင်တောင်မှ မလျော့တဲ့ရသတွေပေးမှာမို့အက်ရှင်ခန်းကောင်းကောင်းကြိုက်တဲ့ ပရိသတ်တွေအတွက်ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်...
Soil Without Land (2019) ⭐IMDB: 7.1/10 (18 Votes) 🎬 #Documentary #Drama 🗓 2019 🎞 movie 🌎 #Thailand ⏰ 1 နာရီ 20 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Soil Without Land (2019)************************ ဇာတ်ကားလေးဟာ ၂၀၁၉ ခုနှစ်ထွက် ထိုင်းဒါရိုက်တာ Nontawat Numbenchapol ရိုက်ကူးထားတဲ့ Documentary ပုံစံ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်… အဓိကရိုက်ပြထားတာကတော့ ထိုင်းမြန်မာနယ်စပ်မှာ စစ်ပွဲတွေကြောင့် ပြောင်းပြေးလာရတဲ့ ရှမ်းမိသားစုတစ်စုထဲက ကောင်လေးတစ်ယောက်ရဲ့ အကြောင်းတွေပါ… သူတို့မိသားစု ဘယ်လိုအရာတွေကြောင့် ဒုက္ခရောက်ခဲ့ကြတာ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ကြလဲ… ဘယ်လိုမျိုး ဆက်လက်ရှင်သန်နေထိုင်နေကြလဲဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားပါတယ်...
Your Friendly Neighborhood Spider-Man (2025) ⭐IMDB: 6.2/10 (3 k Votes) 🎬 #Animation #Action #Adventure #SciFi #Fantasy #Comedy #Drama 🗓 2025 🎞 tv series 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 26 မိနစ် 29 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Season 1 အပိုင်းသစ် ( ၁ , ၂ ) လူတိုင်းစောင့်မျှော်နေကြတဲ့ Marvel ရဲ့ သည်းခြေကြိုက် Spider-man Animated series လေးလာပါပြီ။ အရင်တုန်းကတည်း Tom Holland ရဲ့ Spider-Man ကို Origin Animation ရိုက်မယ်ဆိုပြီး လူတွေ Hype လာခဲ့တာ နောက်ဆုံးတော့ ရောက်လာပြီ။ ဒီ Series က Tom Holland ရဲ့ Spider-Man ကိုမှ တခြား Universe က Alternative variant အနေနဲ့ ရိုက်ပြထားတာပါ။ ဒီ Spider-Man ကတော့ MCU Spider လို Ironman စပွန်ဆာ ပေးတာ မဟုတ်ပဲနဲ့ Norman Osborn က စပွန်ဆာပေးမှာပါ၊ character အပြောင်းအလဲတွေ အများကြီးပါပြီ တစ်ချို့ ဆို Gender ပါပြောင်းထားတာကိုတွေ့ရမှာပါ။ ပထမ နှစ်ပိုင်းမှာတင် Spidey နဲ့ ပတ်သက်တဲ့ ဇာတ်ကောင်တွေရော CAMEO အကြမ်းတွေကိုပါ မြင်တွေ့ရမှာပါ။ ဇာတ်ကောင်တစ်ကောင်ကိုတွေ့ရပါတယ် xD)။ စပိုင်ဒီရဲ့ ကာရိုက်တာက တော်တော်လေး Comic accurate ဖြစ်တယ် ပြောလို့ရပါတယ်။ အမြဲနောက်ကျတတ်တာတွေ ကပျက်ကချော်အမြဲဖြစ်တာတွေ Crime Fighter လုပ်တဲ့နေရာ မှာလည်း အရွှန်းဖောက်တဲ့ ဟာသတွေကို ဝေဝေဆာဆာ ထည့်ပေးထားပါတယ်။ ဒီလိုအရွှန်းဖောက်ဟာသတွေ pun intended တွေကို နားလည်အောင် reference လေးတွေ ထည့်ပြန်ပေးထားပါတယ်။ ဝေဖန်သူတွေဆီမှာလည်း အခြေအနေကောင်းနေပြီးတော့ Comic geek တွေအတွက်လည်း အကြိုက်တွေ့နိုင်တဲ့ အတွက် လက်မလွှတ်သင့်ပါဘူး။ Animation ဒီဇိုင်းကလည်း ခေတ်ဟောင်း Comic စတိုင်နဲ့ လုပ်ထားပြီး Background Music တွေ စတိုင်တွေကတော့ ခေတ်ရှေ့ပြေးတဲ့ စတိုင်နဲ့ တော်တော်လေး လိုက်ဖက်ညီပါတယ်။ Marvel က Spider-Man ငတ်နေတဲ့ စပိုင်ဒီချစ်သူတွေ အတွက်တော့ ရေငတ်တုန်းရေတွင်းထဲကျသလိုပါပဲ။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းအသစ်ထွက်မှာဖြစ်ပြီးတော့ အစမှာ နှစ်ပိုင်း အလယ်မှာ သုံးပိုင်းစီနဲ့ နောက်ဆုံးအပတ်မှာ နှစ်ပိုင်း လေးပတ် ထွက်ရှိသွားမှာပါ။ File Size –( 2.59GB ) / ( 814MB ) /( 372MB ) Quality –WEB-DL4K HEVC1080p / 720p Episodes – 10 Eps Duration – 27 min Subtitle – Myanmar Hardsub Format – mkv /mp4 Genre : Action , Adventure , Animation , Comedy , Sci-Fi Translator – Nikobaby Encoder – Thit San Khant , Min Wai ( Season 1 ) Ongoings Series Ep-1 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-1 (720p) >>Usersdrive/YoteShin/gdtot/Megaup Ep-2 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-2 (720p) >>Usersdrive/YoteShin/gdtot/Megaup ( ကျန်ရှိသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်...
Emmanuelle (2024) ⭐IMDB: 4.4/10 (988 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #France #UnitedStates ⏰ 1 နာရီ 46 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Emmanuelle (2024) Lady Chatterley’s Lover တို့ Lolita တို့လိုကမ္ဘာကျော် Erotic Literature တွေကိုအခြေခံတဲ့ရုပ်ရှင်တွေထဲမှာမှ Franchise ကြီးတစ်ခုဖြစ်ရလောက်အောင် အောင်မြင်ကျော်ကြားခဲ့တဲ့ Emmanuelle ၁၉၇၄ ရဲ့ Reboot ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Emmanuelle အဖြစ် ပြင်သစ်မင်းသမီး Noémie Merlant ကသရုပ်ဆောင်ထားပြီး Naomi Watts ကြီးပါ အပြိုင်ကျဲထားပါသေးတယ်။ ဇာတ်လမ်းအရတော့ တွေ့မရှောင် Emmanuelle ဟာနာမည်ကျော်ဟော်တယ်လုပ်ငန်းစုကြီးတစ်ခုရဲ့ quality controller အဖြစ်ဟောင်ကောင်ကိုရောက်လာခဲ့ပြီး အဲ့ဒီဟိုတယ်က တာဝန်ခံ မာဂေါ့ကိုအပြစ်ရှာအလုပ်နားခိုင်းဖို့ တာဝန်လည်းပါလာပါတယ်။ ပျောက်ဆုံးနေတဲ့ သာယာမှုကိုရှာဖွေရင်း အဲ့ဒီမှာရှိတဲ့ ဧည့်သည်တွေတစ်ယောက်ပြီးတစ်ယောက်နဲ့လိင်တူလိင်ကွဲမရွေးဇာတ်လမ်းတွေဖြစ်ကြတာကိုရှုစားကြရမှာပါ။ Emmanuelle ဇာတ်ကားတွေထုံးစံအတိုင်းအဖော်အချွတ်တွေရော၊စကားပြောခန်းတွေပါညစ်ညမ်းကြမ်းတမ်းပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
The Jetty (2024) ⭐IMDB: 6.4/10 (5 k Votes) 🎬 #Drama #Crime #Mystery #Thriller 🗓 2024 🎞 tv mini series 🌎 #UnitedKingdom ⏰ 1 နာရီ 22 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းတွဲလေးကတော့ 2024 ခုနှစ်ထဲမှာထွက်ရှိခဲ့တဲ့ စုံထောက်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မင်းသမီး Jenny Coleman က အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဖန်တီးသူကတော့ Cat Jones ပါ။ Ember Manning ဆိုတဲ့ စုံထောက်မလေးတစ်ယောက် အပန်းဖြေအိမ်တစ်အိမ်မှာဖြစ်ခဲ့တဲ့ မီးလောင်မှုဟာ လွန်ခဲ့တဲ့ 17 နှစ်ကဖြစ်ခဲ့တဲ့ လူပျောက်အမှုဟောင်း တစ်ခုအကြောင်းကို စုံစမ်းနေတဲ့ ပေါ့ဒ်ကတ်စ် သတင်းထောက် တစ်ဦးနဲ့ ဘယ်လိုပက်သက်နေလဲ… အသက်နှစ်ဆယ်အရွယ်လူတစ်ယောက်နဲ့အသက်မပြည့်သေးတဲ့ကောင်မလေးနှစ်ယောက်ရဲ့ တရားမဝင်သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး… အဲ့တာတွေကို ဘယ်လိုမျိုးရှာဖွေဖော်ထုတ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။...
Watson (2024) ⭐IMDB: 4.6/10 (1 k Votes) 🎬 #Drama #Mystery 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Season 1 အပိုင်းသစ် ( ၁ ) ဒီတစ်ခေါက်မှာတော့ နာမည်ကြားတာနဲ့မသိသူမရှိတဲ့ စုံထောက်ရှားလော့ဟုမ်းရဲ့ ယုံကြည်မှုကိုရရှိထားတဲ့ တစ်ဦးတည်းသော မိတ်ဆွေ ဒေါက်တာဝပ်ဆင်အကြောင်း စီးရီးပဲဖြစ်ပါတယ်။ ဒီစီးရီးဟာ နာမည်ကျော်ရှားလော့ဟုမ်းဝတ္ထုကို ကျောရိုးယူပြီး ယနေ့မော်ဒန်ခေတ် timeline နဲ့ ဆန်းသစ်ရိုက်ကူးထားတာပါ။ ရှားလော့ဟုမ်းဝတ္ထုရဲ့ဇာတ်ကြောင်းအတိုင်း ရှားလော့ရယ် ဝပ်ဆင်ရယ်က ရန်သူတော် မိုရီအာတီကိုလိုက်ဖမ်းကြရင်း သုံးယောက်သားရေတံခွန်ထဲပြုတ်ကျသွားရာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။ ရေတံခွန်ထဲပြုတ်ကျတဲ့အခါမှာ ဝပ်ဆင်တစ်ယောက်သာ အသက်ရှင် ကျန်ခဲ့ပြီး ရှားလော့ရော မိုရီအာတီရော အသက်ဆုံးရှုံးခဲ့ရပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ ဒေါက်တာဝပ်ဆင်ကို ဆေးပညာလမ်းကြောင်းဘက် ဆက်လက်လျှောက်လှမ်းစေချင်ခဲ့တဲ့ရှားလော့က ဝပ်ဆင်ဦးစီးဖို့ ဆေးရုံတစ်ခုတည်ထောင်ပေးခဲ့ပါတယ်။ အဲဒီဆေးရုံကို ဝပ်ဆင်တစ်ယောက်ဦးစီးရင်း သာမန်ဖြစ်နေတွေ့နေကျ မဟုတ်တဲ့ လျှို့ဝှက်ဆန်းကြယ်ရောဂါနဲ့လူနာတွေကို မျိုးရိုးဗီဇကျွမ်းကျင် ဆရာဝန်အနေနဲ့ ကုသပေးနေရင်းကမှ မိုရီအာတီမသေသေးဘူးဆိုတာကို သိရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့စီးရီးတစ်ခုပါ။ ရုပ်ရှင်ကြည့်ဖူးသူ ဝတ္ထုဖတ်ဖူးသူတိုင်း အသည်းစွဲ သဘောကျကြတဲ့ ရှားလော့ဟုမ်း ဝတ္ထုရဲ့ ဇာတ်လမ်းကျောရိုးကိုမှ မော်ဒန်ခေတ်ဆေးပညာနဲ့ ပေါင်းစပ်ရိုက်ကူးထားတာမလို့ မြင်နေကျဆရာဝန်စီးရီးတွေနဲ့ မတူဘဲ အတော်ကို စိတ်ဝင်စားစရာကောင်းတဲ့ စီးတစ်ခုဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ်။ File Size –( 859MB ) /( 376MB ) Quality –WEB-DL 1080p HEVC / 720p Episodes – 13 Eps Duration – 44 min Subtitle – Myanmar Hardsub Format – mkv /mp4 Genre : Drama , Mystery Translator – Muse & Hazelle Encoder – Min Wai ( Season 1 ) Ongoings Series Ep-1 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-1 (720p) >>Usersdrive/YoteShin/gdtot/Megaup ( ကျန်ရှိသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်...
The Hunting Party (2025) ⭐IMDB: 6.2/10 (728 Votes) 🎬 #Drama #Crime #Action #Thriller 🗓 2025 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 23 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Hunting Party (2025)IMDB – 6.3/10 လူသတ်သမားတွေကို အကျင့်စရိုက်တွေ ခန့်မှန်း အပြုအမူတွေ လေ့လာပြီးFBI Profiler တွေက ပညာသားပါပါနဲ့ ခေါင်းစားပဟေဠိဖော် ဖမ်းဆီးကြတဲ့Criminal Minds Evolution လိုမျိုး လျှို့ဝှက်သည်းဖိုစီးရီးကိုသဘောကျရင်တော့ ဒီစီးရီးက ကွက်တိ ဖြစ်မှာပါ။ NBC ကနေ အပတ်စဉ် ၁၀ ပိုင်းတိတိ ထုတ်လွှင့်ပေးသွားမှာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ချိန်က FBI Profiler အဖြစ် လုပ်ကိုင်ဖူးတဲ့Henderson ဆိုတာ ယခုအချိန်မှာတော့ ကာစီနိုဟိုတယ်လေးမှာလိမ်ညာတဲ့လူတွေကို ဖော်ထုတ်ရင်း အလုပ်လုပ်နေပါတယ်။ တစ်ရက်ကျ အထက်က ဆရာ့ဆရာတွေ ရောက်လာပြီး သူ့ကို ဂဃနဏမရှင်းပြပဲလွတ်မြောက်သွားတဲ့ ကွင်းဆက်လူသတ်သမားကို ခြေရာခံဖမ်းပေးဖို့ တောင်းဆိုလာပါတယ်။ဖြစ်ချင်တော့ ဒီ လူသတ်သမားဆိုတာ Herderson ရဲ့ ပထမဆုံးအမှုတုန်းကတရားခံပါ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက သေဒဏ်ပေး ကွပ်မျက်ပေးထားတဲ့လူ။အဲဒီမှာပဲ လူသတ်သမားတွေနဲ့ ပတ်သက်ပြီး CIA ရဲ့ အရှုပ်တော်ပုံကြီးကိုHenderson တစ်ယောက် တဖြည်းဖြည်းသိလာရင်း ပဟေဠိဆန်ဆန်လွတ်မြောက်သွားတဲ့ ကွင်းဆက်လူသတ်သမားတွေကိုပြန်ပြီး အမဲလိုက်ဖို့ ဖြစ်လာတဲ့အခါမှာတော့…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)...
