无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Inumo Kuwanedo Charlie Wa Warau (2022)
⭐IMDB: 6.0/10 (11 Votes)
🎬 #Comedy
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Japan
⏰ 1 နာရီ 58 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Inumo Kuwanedo Charlie Wa Warau (2022)———————————————————————-စတိုးဆိုင်တစ်ခုမှာ ကာစတန်မာနဲ့ အရောင်းဝန်ထမ်းအနေနဲ့ စတင်တွေ့ဆုံခဲ့ပြီးမေတ္တာမျှလို့လက်ထပ်ဖြစ်ခဲ့တဲ့ ယူးဂျီရိုနဲ့ ဟီရိုရိတို့နှစ်ယောက်ဟာအိမ်ထောင်သက်တမ်း ၄ နှစ်အကြာမှာတော့ တစ်ယောက်ကိုတစ်ယောက်ပြစ်ချက်တွေမြင်လာပြီး အရင်လို ကြင်နာမယုယနိုင်တော့ဘဲ ရင်ထဲမှာကျိတ်ပြီးစိတ်ကုန်နေကြတာပေါ့။
လုပ်ငန်းခွင်မှာပင်ပန်းတဲ့အပြင် အိမ်မှာလည်းယောက်ျားဖြစ်သူက ကူဖောင်လောက်ဖက်မရလို့စိတ်ထွက်ပေါက်ပိတ်နေတဲ့ အိမ်ရှင်မဟီရိုရိဟာတစ်နေ့မှာတော့ “ခင်ပွန်းသည်သေမင်းမှတ်တမ်း” ဆိုတဲ့ဝက်ဘ်ဆိုဒ်တစ်ခုကိုရှာတွေ့သွားပြီး အဲဒီမှာချာလီဆိုတဲ့ နာမည်ဝှက်နဲ့ သူ့ယောက်ျားအပေါ်မကျေနပ်ချက်တွေကိုရဲ့ စာအဖြစ်ပယ်ပယ်နှယ်နှယ်ရေးချပြီး ပေါက်ကွဲဘဝတူအိမ်ထောင်ရှင်မတွေကလည်းသူ့ကိုထောက်ခံကြနဲ့ အဲဒီဝက်ဘ်ဆိုဒ်စိတ်ထွက်ပေါက်တစ်ခုဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ယောက်ျားအလုပ်ထဲကအိမ်ရှင်မတစ်ယောက်ကသူရေးထားတဲ့စာတွေကို သူ့ယောက်ျားဖြစ်သူ ယူးဂျီရိုကိုသွားပြမိတဲ့အခါမှာတော့အက်ကွဲကြောင်းပေါ်နေတဲ့ ဒီအိမ်ထောင်ရေးပြဿနာကို သူတို့လင်မယားနှစ်ယောက်ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။
Inumo Kuwanedo Charlie Wa Warau (2022)
⭐IMDB: 6.0/10 (11 Votes)
🎬 #Comedy
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Japan
⏰ 1 နာရီ 58 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Inumo Kuwanedo Charlie Wa Warau (2022)———————————————————————-စတိုးဆိုင်တစ်ခုမှာ ကာစတန်မာနဲ့ အရောင်းဝန်ထမ်းအနေနဲ့ စတင်တွေ့ဆုံခဲ့ပြီးမေတ္တာမျှလို့လက်ထပ်ဖြစ်ခဲ့တဲ့ ယူးဂျီရိုနဲ့ ဟီရိုရိတို့နှစ်ယောက်ဟာအိမ်ထောင်သက်တမ်း ၄ နှစ်အကြာမှာတော့ တစ်ယောက်ကိုတစ်ယောက်ပြစ်ချက်တွေမြင်လာပြီး အရင်လို ကြင်နာမယုယနိုင်တော့ဘဲ ရင်ထဲမှာကျိတ်ပြီးစိတ်ကုန်နေကြတာပေါ့။
လုပ်ငန်းခွင်မှာပင်ပန်းတဲ့အပြင် အိမ်မှာလည်းယောက်ျားဖြစ်သူက ကူဖောင်လောက်ဖက်မရလို့စိတ်ထွက်ပေါက်ပိတ်နေတဲ့ အိမ်ရှင်မဟီရိုရိဟာတစ်နေ့မှာတော့ “ခင်ပွန်းသည်သေမင်းမှတ်တမ်း” ဆိုတဲ့ဝက်ဘ်ဆိုဒ်တစ်ခုကိုရှာတွေ့သွားပြီး အဲဒီမှာချာလီဆိုတဲ့ နာမည်ဝှက်နဲ့ သူ့ယောက်ျားအပေါ်မကျေနပ်ချက်တွေကိုရဲ့ စာအဖြစ်ပယ်ပယ်နှယ်နှယ်ရေးချပြီး ပေါက်ကွဲဘဝတူအိမ်ထောင်ရှင်မတွေကလည်းသူ့ကိုထောက်ခံကြနဲ့ အဲဒီဝက်ဘ်ဆိုဒ်စိတ်ထွက်ပေါက်တစ်ခုဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ယောက်ျားအလုပ်ထဲကအိမ်ရှင်မတစ်ယောက်ကသူရေးထားတဲ့စာတွေကို သူ့ယောက်ျားဖြစ်သူ ယူးဂျီရိုကိုသွားပြမိတဲ့အခါမှာတော့အက်ကွဲကြောင်းပေါ်နေတဲ့ ဒီအိမ်ထောင်ရေးပြဿနာကို သူတို့လင်မယားနှစ်ယောက်ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။
The Assassin (2023)
⭐TMDB: 55.0% User Score
🎬 #Action #Adventure
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #SouthKorea
⏰ 1 နာရီ 41 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Assassin(2023)
*****************
ဂျိုဆွန်းမှာ စစ်ပွဲတွေဖြစ်ပြီး ဘုရင်ရဲ့ အာဏာလည်း
သက်ရောက်မှုမရှိတော့ လူသတ်ပွဲတွေ ခိုးဆိုးလုယက်
အကျင့်ပျက်မှုပေါင်းများစွာနေရာတကာမှာဖြစ်နေတယ်..
ဒီအထဲမှာတော့ ငွေရှိတဲ့သူတွေဟာ သူတို့ပြိုင်ဘက်ပေါင်းများစွာကို
တော်လွန်းတဲ့လုပ်ကြံသတ်ဖြတ်ရေးသမားတွေကိုငှါးပြီး
သုတ်သင်လေ့ရှိတယ်…
ဒီထဲမှာ အီနန်ဆိုတာ ဒီလောကရဲ့ ဓားရေးအထက်မြက်ဆုံး
လုပ်ကြံရေးသမားအဖြစ်နာမည်ကြီးတယ်…..ဓားရေးထက်မြက်တဲ့အပြင်
လှုပ်ရှားမှုတွေက လျှင်မြန်လွန်းတော့ သူ့နာမည်ကြားတာနဲ့ တော်ရုံသက်တော်စောင့်တွေတောင်
ထွက်ပြေးကြတယ်..တစ်နေတော့အီနန်ဟာ အတွင်းအား အသုံးပြုတဲ့အချိန်
နှလုံးနဲ့အဆုတ်မှာပြဿနာဖြစ်နေတော့ ဆေးဆရာက ဒီရောဂါကိုကုနိုင်တာ ထူးဆန်းတဲ့ဆေးတစ်ခုပဲရှိတယ်..
ဒါပေမယ့် ခုချိန်ထိ ဘယ်သူမှ ရှာမတွေ့သေးဘူးလို့ အီနန်ကိုပြောလိုက်တယ်..
ဒီအကြောင်းကိုသိတဲ့ အခြားလုပ်ကြံရေးသမားတွေဟာ အီနန်ကို ရေဆုံးရေခမ်း
လိုက်လံသုတ်သင်ပါတော့တယ်…အီနန်တစ်ယောက် ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့…
Close (2022)
⭐IMDB: 7.9/10 (13 k Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Belgium #Netherlands #France
⏰ 1 နာရီ 45 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Close(2022)
***********
ဒီတစ်ခါ ညွှန်းပေးမယ့်ကားလေးကတော့ ပြင်သစ်ကားလေးတစ်ကားဖြစ်တဲ့ Close ပါ Rating လည်းမြင့်ပြီး
သူငယ်ချင်းသံယောဇဉ်ကို ရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ကားလေးတစ်ကားပါ…ဇာတ်လမ်းလေးက သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Leo နဲ့ Remi တို့ဟာ အတူသွား
အတူစား အတူအိပ်ကြတဲ့အထိ ညီအစ်ကိုလို ခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့….တစ်နေ့ သူတို့အထက်တန်း စတက်ရတဲ့နေ့မှာ အတန်းထဲက ကောင်မလေးတွေက
သူတို့နှစ်ယောက်က အရမ်းကို ခင်လွန်းတာမို့ အတွဲတွေလားလို့ စပြီးမေးလိုက်ပါတယ်….ဒါပေမယ့် ဒါဟာ သူငယ်ချင်းနှစ်ယောက်ကြား အဖုအထစ်လို ဖြစ်သွားစေခဲ့ပါတယ်…အဲ့ဒီနောက်တော့ သူတို့သူငယ်ချင်းနှစ်ယောက်ကြားက ဆက်ဆံရေးဟာ
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…
The Assassin (2023)
⭐TMDB: 55.0% User Score
🎬 #Action #Adventure
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #SouthKorea
⏰ 1 နာရီ 41 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Assassin(2023)
*****************
ဂျိုဆွန်းမှာ စစ်ပွဲတွေဖြစ်ပြီး ဘုရင်ရဲ့ အာဏာလည်း
သက်ရောက်မှုမရှိတော့ လူသတ်ပွဲတွေ ခိုးဆိုးလုယက်
အကျင့်ပျက်မှုပေါင်းများစွာနေရာတကာမှာဖြစ်နေတယ်..
ဒီအထဲမှာတော့ ငွေရှိတဲ့သူတွေဟာ သူတို့ပြိုင်ဘက်ပေါင်းများစွာကို
တော်လွန်းတဲ့လုပ်ကြံသတ်ဖြတ်ရေးသမားတွေကိုငှါးပြီး
သုတ်သင်လေ့ရှိတယ်…
ဒီထဲမှာ အီနန်ဆိုတာ ဒီလောကရဲ့ ဓားရေးအထက်မြက်ဆုံး
လုပ်ကြံရေးသမားအဖြစ်နာမည်ကြီးတယ်…..ဓားရေးထက်မြက်တဲ့အပြင်
လှုပ်ရှားမှုတွေက လျှင်မြန်လွန်းတော့ သူ့နာမည်ကြားတာနဲ့ တော်ရုံသက်တော်စောင့်တွေတောင်
ထွက်ပြေးကြတယ်..တစ်နေတော့အီနန်ဟာ အတွင်းအား အသုံးပြုတဲ့အချိန်
နှလုံးနဲ့အဆုတ်မှာပြဿနာဖြစ်နေတော့ ဆေးဆရာက ဒီရောဂါကိုကုနိုင်တာ ထူးဆန်းတဲ့ဆေးတစ်ခုပဲရှိတယ်..
ဒါပေမယ့် ခုချိန်ထိ ဘယ်သူမှ ရှာမတွေ့သေးဘူးလို့ အီနန်ကိုပြောလိုက်တယ်..
ဒီအကြောင်းကိုသိတဲ့ အခြားလုပ်ကြံရေးသမားတွေဟာ အီနန်ကို ရေဆုံးရေခမ်း
လိုက်လံသုတ်သင်ပါတော့တယ်…အီနန်တစ်ယောက် ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့…
Close (2022)
⭐IMDB: 7.9/10 (13 k Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Belgium #Netherlands #France
⏰ 1 နာရီ 44 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Close(2022)
***********
ဒီတစ်ခါ ညွှန်းပေးမယ့်ကားလေးကတော့ ပြင်သစ်ကားလေးတစ်ကားဖြစ်တဲ့ Close ပါ Rating လည်းမြင့်ပြီး
သူငယ်ချင်းသံယောဇဉ်ကို ရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ကားလေးတစ်ကားပါ…ဇာတ်လမ်းလေးက သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Leo နဲ့ Remi တို့ဟာ အတူသွား
အတူစား အတူအိပ်ကြတဲ့အထိ ညီအစ်ကိုလို ခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့….တစ်နေ့ သူတို့အထက်တန်း စတက်ရတဲ့နေ့မှာ အတန်းထဲက ကောင်မလေးတွေက
သူတို့နှစ်ယောက်က အရမ်းကို ခင်လွန်းတာမို့ အတွဲတွေလားလို့ စပြီးမေးလိုက်ပါတယ်….ဒါပေမယ့် ဒါဟာ သူငယ်ချင်းနှစ်ယောက်ကြား အဖုအထစ်လို ဖြစ်သွားစေခဲ့ပါတယ်…အဲ့ဒီနောက်တော့ သူတို့သူငယ်ချင်းနှစ်ယောက်ကြားက ဆက်ဆံရေးဟာ
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…
Never Back Down 2: The Beatdown (2011)
⭐IMDB: 5.7/10 (20 k Votes)
🎬 #Action #Drama #Sport
🗓️ 2011 🎞️ Movie 📺 720p HD
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 5.7
တိုက်ခိုက်ရေးကားခပ်ကြမ်းကြမ်းလေးတွေကိုမှ အားရ သဘောကျကြတဲ့ CM ပရိသတ်တွေအတွက် 2008 က ထွက်ခဲ့တဲ့ Never Back Down ရဲ့ အဆက်ဖြစ်တဲ့ The Beatdown ကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ မတူညီတဲ့ပြဿနာတွေရှိတဲ့ နောက်ခံပတ်ဝန်းကျင်ကနေလာတဲ့ တိုက်ခိုက်ရေးသမားလူငယ်လေးနှစ်ယောက်၊ The Beatdown ဆိုတဲ့ မြေအောက်တိုက်ပွဲတစ်ခုမှာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဆရာကောင်းတစ်ယောက်ဆီမှာ တပည့်ခံဖို့အတွက် MMA fighter ဟောင်း ကေ့စ် ဝေါကာ (Michael Jai White) ဆီကိုရောက်လာကြပါတယ်။ကေ့စ်ကလည်းအရင်က ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အတိတ်ကဖြစ်ရပ်တွေကြောင့် ထောင်ကျသွားပြီး ပြန်လွတ်လာခဲ့တာပါ။ ဒီလိုနဲ့ ကေ့စ်လေ့ကျင့်ပေးနေတဲ့ လူငယ်နှစ်ယောက်အပါအဝငါ လူငယ်လေးယောက်ကို အတူလေ့ကျင့်ပေးပါတော့တယ်။ဒီလိုနဲ့ပဲ Beatdown ပွဲနေ့မရောက်ခင်မှာတော့ ကေ့စ်ကို လက်နက်ကိုင်ဆောင်မှုနဲ့ ရဲကဖမ်းသွားခဲ့ပြီး သူ့ရဲ့တပည့်တွေက ကေ့စ်ကိုအကွက်ချသွားတဲ့လူကိုဘယ်လို ပြန်ပြီးလက်စားချေဆုံးမကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။တိုက်ခိုက်ခန်းတွေကလည်း အရမ်းလန်းတဲ့အပြင် တိုက်ကွက်တွေကလည်း အစစ်အမှန်ဆန်တာမလို့တိုက်ခိုက်ရေးကား တွေကိုလွမ်းနေတဲ့လူတွေအကြိုက်တွေ့မှာ အသေအချာပါပဲ။
Never Back Down 2: The Beatdown (2011)
⭐IMDB: 5.7/10 (20 k Votes)
🎬 #Action #Drama #Sport
🗓️ 2011 🎞️ Movie 📺 1080p FHD
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 5.7
တိုက်ခိုက်ရေးကားခပ်ကြမ်းကြမ်းလေးတွေကိုမှ အားရ သဘောကျကြတဲ့ CM ပရိသတ်တွေအတွက် 2008 က ထွက်ခဲ့တဲ့ Never Back Down ရဲ့ အဆက်ဖြစ်တဲ့ The Beatdown ကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ မတူညီတဲ့ပြဿနာတွေရှိတဲ့ နောက်ခံပတ်ဝန်းကျင်ကနေလာတဲ့ တိုက်ခိုက်ရေးသမားလူငယ်လေးနှစ်ယောက်၊ The Beatdown ဆိုတဲ့ မြေအောက်တိုက်ပွဲတစ်ခုမှာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဆရာကောင်းတစ်ယောက်ဆီမှာ တပည့်ခံဖို့အတွက် MMA fighter ဟောင်း ကေ့စ် ဝေါကာ (Michael Jai White) ဆီကိုရောက်လာကြပါတယ်။ကေ့စ်ကလည်းအရင်က ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အတိတ်ကဖြစ်ရပ်တွေကြောင့် ထောင်ကျသွားပြီး ပြန်လွတ်လာခဲ့တာပါ။ ဒီလိုနဲ့ ကေ့စ်လေ့ကျင့်ပေးနေတဲ့ လူငယ်နှစ်ယောက်အပါအဝငါ လူငယ်လေးယောက်ကို အတူလေ့ကျင့်ပေးပါတော့တယ်။ဒီလိုနဲ့ပဲ Beatdown ပွဲနေ့မရောက်ခင်မှာတော့ ကေ့စ်ကို လက်နက်ကိုင်ဆောင်မှုနဲ့ ရဲကဖမ်းသွားခဲ့ပြီး သူ့ရဲ့တပည့်တွေက ကေ့စ်ကိုအကွက်ချသွားတဲ့လူကိုဘယ်လို ပြန်ပြီးလက်စားချေဆုံးမကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။တိုက်ခိုက်ခန်းတွေကလည်း အရမ်းလန်းတဲ့အပြင် တိုက်ကွက်တွေကလည်း အစစ်အမှန်ဆန်တာမလို့တိုက်ခိုက်ရေးကား တွေကိုလွမ်းနေတဲ့လူတွေအကြိုက်တွေ့မှာ အသေအချာပါပဲ။
181 (2022)
⭐IMDB: 8.0/10 (29 Votes)
🎬 #Bollywood #Horror
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 1 နာရီ 54 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
181 (2022)IMDb 8.3
ဇာတ်ညွှန်းရေးဖို့ကုန်ကြမ်းရှာနေတဲ့ဇာတ်ညွှန်းရေးဆရာတစ်ယောက်သရဲခြောက်တဲ့အိမ်ကြီးကိုမှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတဲ့အခါ…
ရှီဗာဆိုတဲ့ ဇာတ်ညွှန်းရေးဆရာကို ထုတ်လုပ်သူက ဇာတ်ညွှန်းအပြီးရေးဖို့အချိန် ၃ရက်ပဲပေးထားပါတယ် မြို့မှာနေပြီးရေးရင် အာရုံမစိုက်နိုင်ဖြစ်မှာကြောင့်မိန်းမဖြစ်သူပရီယာက ဆိတ်ငြိမ်ရပ်ကွက်က သူမတို့အပိုင် အိမ်လေးဆီခေါ်လာခဲ့ပါတယ်
သူတို့စရောက်တည်းက ဒီအိမ်ကြီးမှာကပ်နေတဲ့အရာက အသေးအဖွဲလေးတွေတွေခြောက်ပြပေမဲ့သတိမထားမိခဲ့ကြတဲ့သူတို့..သူတို့ကိုသာမက ဘေးကအပေါင်းအဖော်တွေကိုပါအသက်အန္တရာယ်ပေးလာတဲ့အခါ ဒီဝိညာဉ်အကြောင်း လိုက်လံစုံစမ်းရင်းသိခဲ့ရတဲ့ကြေကွဲဖွယ်ရာကိစ္စတွေကြောင့် သူတို့ဘာတွေဆက်လုပ်သွားမလဲဒီအငြိုးကြီးတဲ့ဝိညာဉ်ကိုသူတို့ကူညီပေးနိုင်မှာလားသူ့ဇာတ်ညွှန်းရောအဆင်ပြေသွားမလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင်
Spartacus (2010-2013)
⭐IMDB: 8.5/10 (246 k Votes)
🎬 #Action #Adventure #Biography #Drama #Romance
🗓️ 2010-2013 🎞️ Series 📺 480p SD
🌎 #UnitedStates
⏰ 59 မိနစ် 11 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Spartacusနိုင် ငံခြား စီးရီး တွေ ကို ကြိုက်နှစ်သက်ကြတဲ့ မြန်မာ ပရိတ်သတ်တွေ
အနေနဲ့ Spartarcus ကို မသိသူ ခပ်ရှားရှားပါ။Supernatural စီးရီးက အဓိက ဦးဆောင်နေတယ် လို့ ပြောလို့ရပေမယ့်Spartarcus ကလည်း ခေလှတဲ့ စီးရီး မဟုတ်ပါဘူး။iMDb rating 8.6 ရထားတဲ့ series တစ်ခုရဲ့ အရှိန်အဝါ ကို အထင်သေးလို့ မရပါဘူး။CM ပရိသတ်တွေ ရဲ့series တွေ ကို ချစ်တဲ့ စိတ် ကို သိလို့ တင် ပေးလိုက်ပါတယ်မွေးရပ်မြေ နဲ့ ကိုယ် ချစ်တဲ့ သူတွေ ကို ခွဲခွာလိုက်ရပြီးနောက်ပိုင်းမှာ ရောမ မြို့ရဲ့ သွေးစွန်း တဲ့ နေရာ တွေ ကိုပဲ Spartarcus ဆိုတဲ့ကောင်လေး ခြေချ ခဲ့ ရပါတယ်။ ကျွန် အဖြစ် အတင်း သွတ်သွင်းခြင်း ခံ ရတဲ့အပြင် ရက်စက် လှ တဲ့ လူလူခြင်း သတ်ဖြတ် တာ ကို အရသာ ခံကြည့်နေကြတဲ့ လူအုပ်တွေ ကြားထဲမှာ သူ သိခဲ့ရတာကစစ်ဆိုတာ စစ်မြေပြင်မှာ တိုက်မှ မဟုတ်ပါဘူး။အသက်ရှင် ရပ်တည် ဖို့ အတွက် ရုန်းကန် ရတာ ကလည်း စစ်ပွဲ ပဲ ဆိုတာ ပါ။သူ့ ဘဝ ဇာတ်လမ်းကို လူတွေ ကို ပြန်ပြောပြရမယ်ဆိုရင်ရက်စက်မှု ကြမ်းတမ်းမှု နဲ့ ကာမဂုဏ် တွေ ပဲ ပြောစရာ ရှိမှာပါ။ခပ်ကြမ်းကြမ်း တိုက်ခိုက်မှု တွေ ရောမ ခေတ် ကျွန်တွေရဲ့ ဘဝတွေ ကိုတွေ့မြင်ကြရမှာ ဖြစ်သလို လိင်အသားပေး ဇာတ်ဝင်ခန်းခပ်များများနဲ့ ပရိသတ်ကြီးကို ဆွဲဆောင် သွားမှာ ဖြစ်ပါတယ်Zip FileSeason 1 – Yoteshin / VIpSeason 2 – Yoteshin / VipSeason 3 – Yoteshin / VipSeason 4 – Yoteshin / Vip
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
Airs OnStarzRelease Year2010Firt air date2010-01-22Last air date2013-04-12TypeScriptedEpisode runtime53 minHome PageSpartacusPopularity23.516TV StatusEndedSeasons and episodes
No data available
VideosComments
Soul Mechanic ( 2020 ) Complete
20208.3
The Journalist (2022)
2022
Vagabond(2019) [စ / ဆုံး]
The Catch (2023- )
⭐IMDB: 5.7/10 (447 Votes)
🎬 #Thriller #Drama
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #UnitedKingdom
⏰ 44 မိနစ် 03 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Catch (2023)The Catch (2023)
=============“ချိတ်”
ချိတ်ဆိုတဲ့အရာဟာ ချိတ်တတ်တဲ့ သဘောရှိတယ်။ ကြည့်ပါဦး
ဒီတူညီတဲ့စာလုံးကိုပဲ ကျွန်တော်တို့တွေ အသံထွက်မတူအောင်
ထွက်လိုက်ရပြီ။ “ချိတ်မိသည်” ဆိုလည်း ဒီစာလုံး “ချိတ်” ဆိုလည်း
ဒီစာလုံးပါပဲ။ ဒီတော့ ချိတ်ဆိုတာ ဘယ်အချိန်မှာ ချိတ်မိတတ်လဲ။
နောက်ချိတ်တစ်ခုနဲ့ တွေ့တဲ့အခါ ချိတ်မိတတ်တာပေါ့။ဘယ်ချိတ်နဲ့မှ မတွေ့ဘဲ ဘာကိုချိတ်မိနေမှန်းမသိတဲ့ ချိတ်တစ်ခု
အကြောင်း သိချင်ရင်တော့ ဒီစီးရီးလေးကို ကြည့်သင့်တယ်ထင်
ပါတယ်။ ယူကေကနေ ယခုနှစ်ပိုင်းမှာမှ ထွက်ရှိလာတဲ့ စီးရီးကောင်း
လေးတစ်ခုဖြစ်ပြီး လူကြိုက်များရေပန်းစားနေတဲ့စီးရီးကောင်းလေး
လည်းဖြစ်ပါတယ်။အပိုင်းအနေနဲ့ကတော့ စုစုပေါင်း လေးပိုင်းသာပါဝင်မယ့် စီးရီးအသေး
စားလေးဖြစ်ပြီး ကျွန်တော့်အတွက်တော့ ဇာတ်အိမ်ခန့်မှန်းရအခက်ဆုံး
စီးရီးတွေထဲက တစ်ခုပါပဲ။ ပဟေဠိပေါင်းများစွာ၊ ရှပ်ထွေးမှုပေါင်းများစွာ၊
နားမလည်နိုင်ချင်းပေါင်းများစွာထဲမှာ နစ်မြောသွားချင်တယ်ဆိုရင်တော့
ဒီစီးရီးလေးကို ရှုစားပေးဖို့လိုပါလိမ့်မယ်။နယ်မြေလေးတစ်ခုက မိသားစုလေးတစ်ခုအကြောင်းနဲ့ စတင်ဇာတ်အိမ်
တည်ထားတဲ့ The Catch ဆိုတဲ့ ဒီစီးရီးလေးဟာ ကောင်းလွန်းလှတာမို့
စီးရီးနှစ်ခြိုက်သူပရိသတ်အပေါင်း ရှုစားပေးလှည့်ကြပါဦးခင်ဗျာ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ San Thu Aung
ဖြစ်ပါတယ်။)File Size………….(600 MB) / (300 MB)
Chemistry of Death (2023- )
⭐IMDB: 6.7/10 (1 k Votes)
🎬 #Crime #Thriller
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #UnitedKingdom #Germany
⏰ 43 မိနစ် 07 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Chemistry of Death (2023)The Chemistry of Death (2023)Crime,Thriller နဲ့ Forensic seriesတွေကို နှစ်သက်သူတွေအကြိုက်တွေ့စေမဲ့
အသစ်စက်စက် Forensic seriesလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Silent Witness လို Forensicကားတွေကြိုက်တတ်ရင်တော့ ဒီစီးရီးလေးက should tryပါပဲ။
Forensic Anthropologist တစ်ယောက်ဖြစ်တဲ့အပြင်
ပိုးမွှားဗေဒနဲ့ပတ်သက်တဲ့နာမည်ကြီးစာတွေပါ ရေးထားတဲ့
မှုခင်းဆေးလောကမှာ အတော်ကိုနာမည်ကြီးသူဖြစ်တဲ့ ဒေါက်တာဒေးဗစ်ဟန်တာ
ဖြစ်ရပ်ဆိုးတစ်ခုနဲ့ ဇနီးဖြစ်သူနဲ့ပါ ခွဲခွာလိုက်ရတာကြောင့်
သူ့ရဲ့ဒိတ်ဒိတ်ကြဲမှုခင်းဆရာဝန်ဘဝကိုစွန့်လွှတ်ရင်းနဲ့ မန်ဟမ်ဆိုတဲ့ရွာလေးမှာ
ကျေးရွာဆရာဝန်လေးအဖြစ် ဇာတ်မြှုပ်နေထိုင်ဖို့ဖြစ်လာပါတော့တယ်။ဒါပေမဲ့ အသက် ၁၀၀ မနေရပေမဲ့ အမှု ၁၀၀ တွေ့ရတတ်တဲ့လောကကြီးမှာ
ဒေးဗစ်တစ်ယောက် အမှုတွေရှောင်ရှားဖို့ တောရွာလေးမှာ ဇာတ်မြှုပ်နေပေမဲ့
အမှုကသူ့နောက်လိုက်လာတဲ့အလား တိုက်တိုက်ဆိုင်ဆိုင် ဒီမြို့လေးမှာ အလောင်းတစ်လောင်းတွေ့ရတဲ့အခါ….တစ်ချိန်ကအေးချမ်းပြီး လူသူနည်းတဲ့ဒီမြို့လေးမှာ ရုတ်တရက်ပေါ်လာတဲ့အလောင်းက ဘယ်သူဖြစ်မလဲ။
လူနည်းတဲ့မြို့ပီပီ လူတွေအားလုံး အကြောင်းသိဖြစ်နေတဲ့ကြားက လူသတ်သမားသိုးမည်းလေးက ဘယ်သူဖြစ်မလဲ။ဒေါက်တာဟန်တာကရော အောင်မြင်နေတဲ့မှုခင်းဆရာဝန်ဘဝကို ဘာလို့ထားရစ်ခဲ့တာလဲ။
ဇာတ်မြှုပ်ပြီးပုန်းနေတဲ့ ဒေါက်တာဟန်တာကို ရွက်ပုန်းသီးလေးမှန်း တာဝန်ကျရဲအရာရှိက သိသွားတဲ့အခါ
ဒေးဗစ်တစ်ယောက် ဆက်ပြီးတော့ ငြင်းနိုင်ဦးမလား
ဒါမှမဟုတ် သူရှောင်ဖယ်နေခဲ့တဲ့မှုခင်းလောကကို ပြန်လာဖို့လမ်းစဖြစ်သွားမလားဆိုတာကတော့
The Chemistry Of Death ဆိုတဲ့ Seriesလေးမှာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Mary Christ and Moh Moh ပဲ ဖြစ်ပါတယ်။Genre….. Crime
Lawa (2023)
⭐IMDB: 7.4/10 (82 Votes)
🎬 #Adult #Thriller
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #Philippines
⏰ 1 နာရီ 14 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lawa (2023)
~ IMDb rating – 7.4/10 ~
ပီတာဟာ လူငယ်ဗီဒီယိုရိုက်ကူးရေးသမားတစ်ယောက်ဖြစ်ပြီး အားလပ်ချိန်အတော်များများကို မြို့ပြင်က စုံတွဲတွေချိန်းတွေ့တတ်တဲ့ တောအုပ်မှာကုန်ဆုံးလေ့ရှိပါတယ်။ သူ့ဝါသနာကချောင်းကြည့်ခြင်းဖြစ်ပြီး သူ့ရဲ့ကြားပေါက်အလုပ်အကိုင်ကတော့ တောအုပ်ထဲမှာ လွတ်လွတ်လပ်လပ် အချစ်နယ်ကျွံတတ်တဲ့ အတွဲတွေကို ဗီဒီယိုရိုက်ပြီး ဝက်ဘ်ဆိုဒ်ပေါ်တင်ရောင်းစားတာပါပဲ။
တစ်နေ့မှာတော့ တစ်ယောက်တည်းလာထိုင်နေတဲ့ မိန်းမလှလေးတစ်ယောက်ကို စိတ်ဝင်စား ချဉ်းကပ်မိရာကနေ အဲ့ဒီမိန်းကလေးက သူ့ရည်းစားကိုသတ်နေတာကို အမှတ်မထင် ဗီဒီယိုရိုက်မိခဲ့ပါတယ်။ အဲဒီမှာတင် အထိတ်တလန့်နောက်ဆုတ်လိုက်ရမယ့်အစား သိချင်စိတ် စိတ်ဝင်စားစိတ်နဲ့ မိန်းကလေးရဲ့ဆွဲဆောင်မှုတွေက သူ့ကိုအနားပိုရောက်အောင် တွန်းပို့ခဲ့ပြီးတဲ့နောက်မှာတော့…
ဇာတ်လမ်းဇာတ်ကွက်မိုက်သလို ရိုက်ကွင်းရိုက်ကွက်တွေလဲ မိုက်ပါတယ်။ အမိုက်ဆုံးကတော့ Vivamax မင်းသမီးလေးတွေ အများကြီးက ပီတာရဲ့ချောင်းရိုက်ခံစုံတွဲတွေအဖြစ် Cameo ပါဝင်ထားပေးတဲ့အချက်ပါပဲ။ အားလုံးလည်း သဘောကျကြမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)
Luna Nera (2020-2020)
⭐IMDB: 5.9/10 (3 k Votes)
🎬 #SciFi #Fantasy #Drama #Thriller
🗓️ 2020-2020 🎞️ Series 📺 1080p FHD
🌎 #Italy
⏰ 56 မိနစ် 42 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Luna Nera – Season (01)Luna Nera – Season (01)
=================
IMDb Rating – 6.0/10နာတာလီဟာ လက်သည်အဘွားကြီးတစ်ယောက်ဖြစ်ပြီး မွေးလူနာ
တစ်ယောက်အခက်အခဲတွေ့နေတဲ့အချိန်မှာသူ့မြေးမငယ် အာဒီနဲ့
အတူ ကူညီမွေးဖွားပေးနေခဲ့ပါတယ်။ မွေးကင်းစကလေးဟာကံ
မကောင်းအကြောင်းမလှစွာသေဆုံးလုဆဲဆဲအချိန်မှာ မွေးလူနာက
အာဒီကိုစုန်းမဆိုပြီး ထိတ်လန့်မောင်းထုတ်ခဲ့သလို အဲ့ဒီကလေးငယ်
လည်း သေဆုံးသွားခဲ့ရပါတယ်။
အခြေအနေတွေကိုကြိုမြင်တဲ့ နာတာလီဟာ တကယ်လို့ သူ့ကိုစုန်း
လိုက်မုဆိုးတွေလာခေါ်သွားပြီး ပြန်မလာနိုင်ခဲ့ရင်ဆိုတဲ့အကြောင်း
ပြချက်နဲ့ ဆန်းကြယ်တဲ့ရှေးဟောင်းစာအုပ်တစ်အုပ်၊ ပြီးတော့ ပျောက်
ဆုံးနေတဲ့မြို့တော်များလို့ခေါ်တဲ့နေရာတစ်ခုကိုရှာတွေ့နိုင်ဖို့ လိုအပ်
တာတွေကို အာဒီထံသင်ကြားပြသပေးပြီး မောင်ဖြစ်သူ ဗလန်တေး
ကိုလည်း စောင့်ရှောက်ဖို့မှာထားခဲ့ပါတယ်။ပီထရိုဆိုတဲ့ကောင်လေးကတော့ ရောမမှာခေတ်ပေါ်ဆေးပညာကိုသင်
ကြားနေသူဖြစ်ပြီးတော့ သူတို့ကိုသူ့ဆရာကနေ ဒီခေတ်မှာစုန်းတွေ
မှော်အတတ်တွေဟာတကယ်မရှိတော့ဘဲ ဆေးသိပ္ပံနည်းကသာအရာရာ
ကို ဖြေရှင်းနိုင်ကြောင်းလက်တွေ့ပြသလေ့ရှိပါတယ်။ သူ့အမေနေမ
ကောင်းဘူး ဆိုတဲ့သတင်းစကားကြောင့်နေရပ်ကိုပြန်လာချိန်မှာတော့
သူ့ဖခင်ဟာစုန်းလိုက်မုဆိုးအဖွဲ့ခေါင်းဆောင်ဖြစ်နေပြီး သူ့အမေမကျန်း
မာဖြစ်ရတာရယ်၊မွေးကင်းစကလေးသေဆုံးမှုရယ်ဟာ နာတာလီဆိုတဲ့
စုန်းမကြီးလက်ချက်လို့တစ်ထစ်ချယုံကြည်ပြီးစုန်းတွေကို အမြစ်ဖြတ်
ချေမှုန်းတော့မယ့်အချိန်ပါပဲ။ဆန့်ကျင်ဘက်နောက်ခံနှစ်ခုဆီက အာဒီနဲ့ ပီထရို၊ ရှေးဟောင်းအယူသီး
မှုတွေနဲ့ခေတ်ပညာတတ်လူငယ်တွေကြားက လွန်ဆွဲအားပြိုင်မှုတွေ၊
ရှေးခေတ်သဘာဝလွန်ပညာတွေရဲ့နက်နဲမှုနဲ့ လျှို့ဝှက်ချက်တွေကိုရပ်
သပ်ရှုမောတွေ့မြင်ရပါလိမ့်မယ်။ ရာဇဝတ်နောက်ခံ ဇာတ်လမ်းသဘော
ကျနှစ်သက်သူတွေ၊ စုန်းကဝေမှော်ကားကြိုက်ပရိသတ်တွေ အကြိုက်
တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်။အဲတော့ နာတာလီတစ်ယောက် စုန်းလိုက်မုဆိုးတွေလက်က ပြန်လာနိုင်
ပါ့မလား၊ သူ့မြေးမငယ်အာဒီကရော တကယ်ပဲစုန်းတစ်ကောင်လား၊ သူ
ရှာဖွေတွေ့ရှိစေချင်ခဲ့တဲ့ ရှေးဟောင်းစာအုပ်နဲ့လျှို့ဝှက်မြို့တော်မှာဘာတွေ
ရှိနေမလဲ အစရှိတာတွေကို ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားစေချင်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Alias မှရေးသားပေးပြီး၊ ဘာသာပြန်
ရေးသားပေးသူများကတော့ Alias, San Thu Aung တို့ဖြစ်ပါတယ်။)File Size………….(700 MB)
Brave (2012)
⭐IMDB: 7.1/10 (419 k Votes)
🎬 #Adventure #Animation #Comedy #Family #Action #Fantasy
🗓️ 2012 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Disney ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ မာရီဒါဆိုတဲ့ မင်းသမီးလေးအကြောင်း ရိုက်ထားတဲ့ Brave ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားပါ..
မာရီဒါလေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက် မြားပစ်တာ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ်သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူးတနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ်ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်စုန်းမက သူ့မိခင်ကို စိတ်ပြောင်းသွားအောင် လုပ်ပေးမယ်ဆိုပြီး ကိတ်မုန့်တစ်ခုပေးလိုက်ပါတယ်
မာရီဒါလေးဟာ အိမ်ပြန်လာပြီး သူ့မိခင်ကိုကျွေးလိုက်တဲ့အခါမှာတော့ ရလဒ်က သူမျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ပါတော့တယ်ဒီတော့ သူ့ကြောင့် ဖြစ်သွားရတဲ့ အမှားကို ပြန်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားရတဲ့အခါ မာရီဒါလေးတစ်ယောက် အခက်အခဲတွေကြားထဲ ဘယ်လိုရုန်းကန်ရမလဲ ဘယ်လိုတွေစွန့်စားရမလဲ ဆိုတာ…..။
IMDb 7.1 ထိရထားတာမလို့ ကြည့်ဖူးပြီးသား Disney ပရိသတ်တွေရော မကြည့်ရသေးတဲ့သူတွေရော သေချာပေါက် သဘောတွေ့မယ့် ကာတွန်းကားလေးလို့ ညွှန်းပေးပါရစေ။
Oblivion (2013)
⭐IMDB: 7.0/10 (534 k Votes)
🎬 #Action #Adventure #Sci-Fi #ScienceFiction #Mystery #SciFi
🗓️ 2013 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 06 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Oblivion (2013)IMDb – 7.0/10_____Rotten – 53%
၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသာကြီး တွမ်ခရုစ် ရဲ့ IMDb 7 ထိရရှိခဲ့တဲ့sci-fi ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ပါတယ်အဟောင်းဆိုပေမယ့် မကြည့်ရသေးသူတွေ ပြန်လည်ခံစားချင်သူတွေအတွက်ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုလ်သားတွေနဲ့ လူသားတို့ရဲ့ တိုက်ပွဲအပြီး2077 ခုနှစ်မှာ ဂျက်ရစ်ချာ (တွမ်ခရုစ်) ဟာကမ္ဘာကြီးရဲ့လုံခြုံရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီးသူ့ရဲ့ တာဝန်ပြီးဖို့ ရက်သတ္တပတ်၂ပတ်ခန့် အလိုမှာပဲမမျှော်လင့်ထားတဲ့ မိန်းမချောလေးတစ်ဦးကိုကယ်တင်မိရာကနေအဲဒီ့မိန်းကလေးက လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့ရာ အကြောင်းတစ်ခုဖြစ်လာတဲ့အခါမှာတော့….။
ဒီရုပ်ရှင်က ကမ္ဘာပျက်ကိန်းရုပ်ရှင်ကားတွေထဲမှာ တွမ်ခရုစ်နဲ့အတူနာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ရုပ်ရှင်ဖြစ်ပါကြောင်း။
Bronson (2008)
⭐IMDB: 7.0/10 (134 k Votes)
🎬 #Action #Crime #Drama
🗓️ 2008 🎞️ Movie 📺 1080p FHD
🌎 #UnitedKingdom #Denmark
⏰ 1 နာရီ 33 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဗြိတိန်ရဲ့နာမည်ကြီးထောင်သား ချာလီဘရွန်ဆင်ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ Bronsonဇာတ်ကားပဲဖြစ်ပါတယ်။ Tom Hardy က Bronsonအနေနဲ့ ပြောင်မြောက်စွာပါဝင်ထားပါတယ်။အမြဲတစေအကြမ်းဖက်မှုကိုတောင့်တနေတဲ့ ထူးဆန်းလှတဲ့သူ၊ ထောင်ဝန်ထမ်းတွေအကုန်လက်လန်ရတဲ့သူ၊ ထောင်ဆိုတာကိုဟိုတယ်လို့ထင်တဲ့သူ တစ်ယောက်ရဲ့ အကြောင်းကို Bronsonကိုယ်တိုင်ပြန်ပြောပြတဲ့ပုံမျိုးနဲ့ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
Butta Bomma (2023)
⭐IMDB: 6.8/10 (147 Votes)
🎬 #Bollywood #Drama #Romance
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 1 နာရီ 53 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Butta Bomma 2023Drama/ RomanceIMDb 7.8/10
အာရ်ပူက ရွာလေးတစ်ရွာမှာ ဆသ်ရာခေါ်တဲ့မိန်းမလှလေးတစ်ယောက်ဟာ အိမ်အလုပ်တွေကူပေးရင်းငြိမ်းချမ်းစွာနေထိုင်နေပါတယ်။ ၂၁ရာစုရောက်နေပြီး စမတ်ဖုန်းတွေနဲ့ တိုးတက်နေတဲ့ခေတ်မှာတောင်အားလုံးနဲ့အဆက်အသွယ်လုပ်ဖို့ ဆသ်ရာမှာ ကီးပတ်ဖုန်းလေးတစ်လုံးသာရှိပါတယ်။
တစ်ဖက်မှာလည်း မူရ်လီဆိုတဲ့ကောင်လေးဟာ သုံးဘီးမောင်းရင်း ဘဝကိုရိုးသားစွာနဲ့ကြိုးစားရုန်းကန်နေပါတယ်။ တစ်ရက်မှာ ဆသ်ရာတစ်ယောက် ဖုန်းနံပါတ်မှားခေါ်မိရာကနေမူရ်လီဆီကို ရောက်သွားပါတော့တယ်။ အသံချိုချိုသာသာလေးတွေကို သဘောကျတဲ့မူရ်လီဟာလည်းလူချင်းမမြင်ရပဲ ဖုန်းထဲကနေတစ်ဆင့် ဆသ်ရာကို ကြွေမိသွားပါတော့တယ်။
ဒီလိုနဲ့ ဖုန်းထဲကနေပဲ အချစ်ဇာတ်လမ်းလေးစတင်ခဲ့ပြီး အပြင်မှာတွေ့ကြဖို့ဖြစ်လာပါတော့တယ်။တစ်ဖက်မှာလည်း ချင်နီဆိုတဲ့သူဌေးသားတစ်ယောက်က ဆသ်ရာကိုကြိုက်နေကာ လိုက်ပိုးပန်းပေမယ့်သူ့အမေသူဌေးမကြီးကတော့ မောက်မာပြီး ဆသ်ရာတို့မိသားစုကို အထင်သေးစွာဆက်ဆံပါတယ်။မူရ်လီနဲ့ဆသ်ရာ တွေ့ဆုံကြတော့မယ့်အချိန်မှာ အာကေဆိုတဲ့သူတစ်ယောက်ရုတ်တရတ်ပေါ်လာပါတော့တယ်။ဒီလိုဆို ဆသ်ရာ မူရ်လီ အာကေ နဲ့ ချင်နီတို့ရဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ ဘယ်သူကအနိုင်ရသွားမလဲသူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အာကေကရောဘာကြောင့်ပေါ်လာရတာလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုကြရမှာဖြစ်ပါတယ်။
Maybe I Do (2023)
⭐IMDB: 4.9/10 (2 k Votes)
🎬 #Comedy #Romance
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Maybe I Do (2023)===============
တိုးတက် ပြောင်းလဲလာတဲ့ ခေတ်အခြေအနေ အရလူငယ်တွေရဲ့ အချစ်ရေးကလည်း တမျိုးတဖုံ ပြောင်းလဲလာသလို အိမ်ထောင်ရေးတစ်ခုကို အတည်တကျတည်ဆောက်ဖို့ ကြောက်ရွံ့လာကြပါတယ်။
အိမ်ထောင်ရေးတစ်ခုကို စတင်ဖို့ Commitment, Loyalty,Trust စတဲ့ အခြေခံအချက်တွေလိုအပ်သလို အိမ်ထောင်ကျပြီးကာစ ချစ်ကြည်နူးချိန်တွေကုန်ဆုံးပြီး၊ ပြဿနာတွေပေါ်လာတဲ့အချိန် ဘယ်လိုအရာတွေက အိမ်ထောင်ရေးတစ်ခုကို ဆက်လက်တည်မြဲအောင် တွန်းအားပေးသလဲ ဆိုတာတွေကို မတူညီတဲ့ ခံယူချက် စိတ်နေစိတ်ထားတွေနဲ့ ချစ်သူနှစ်ဦးဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြသလဲ။
အိမ်ထောင်တစ်ခုကို စတင်ဖို့ကြိုးစားချိန် အခက်အခဲ၊ အလှည့်အပြောင်း၊ လွန်ဆွဲမှုများကို လေးနက်တဲ့ ဒိုင်ယာလော့ဒ်တွေကြားထဲက ဟာသနှောရင်း တင်ဆက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Sai Sumali ဖြစ်ပါတယ်)
Black Snow (2022- )
⭐IMDB: 7.2/10 (3 k Votes)
🎬 #Crime #Drama #Mystery
🗓️ 2022- 🎞️ tv series 📺 1080p FHD
🌎 #Australia
⏰ 48 မိနစ် 50 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Black Snow(2023)
1994 ခုနှစ်က အက်ရှ်ဖို့ဒ့်မြို့မှာအထက်တန်းကျောင်းသူတစ်ယောက်အသတ်ခံရတဲ့အမှုဟာ တစ်မြို့လုံးကိုထိတ်လန့်စေခဲ့ပါတယ်။သက်သေမလုံလောက်မှုကြောင့် အမှုကိုမဖြေရှင်းနိုင်ပဲရှိနေရာမှ တစ်နေ့မှာ အက်ရှ်ဖို့အထက်တန်းကျောင်းနှစ်100 ပြည့်အထိမ်းအမှတ်အနေနဲ့ အချိန်စုဘူးကိုဖွင့်လိုက်သောအခါ သဲလွန်စထွက်လာကာ အမှုကိုပြန်လည်စုံစမ်းဖို့ဖြစ်လာပါတော့တယ်။စုံထောက် ဂျိမ်းစ်က အမှုကို သာမန်ထက်ပိုစိတ်ဝင်စားကာ အမှုလိုက်ဖို့ကြိုးစားပါတော့တယ်။အမှုတရားခံက ဘယ်သူလဲစုံထောက် ဂျိမ်းစ်ကရော အမှုကိုဘာလို့စိတ်ဝင်စားတာလဲ စသဖြင့်မေးခွန်းပေါင်းများစွာနဲ့စီးမြောခံစားရမယ့် မှုခင်းဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ် File size…(917 MB)/(471 Mb)
