无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Suicide Squad (2021)
⭐IMDB: 7.2/10 (369 k Votes)
🎬 #Action #Adventure #Comedy #SciFi
🗓️ 2021 🎞️ Movie 📺 4K
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 12 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Suicide Squad (2021)
Superheroဆိုတာဂျိုနဲ့လားလို့ တွေ့သမျှလူတိုင်းကိုFace to Face လိုက်မေးမယ့် Harley Quinn ရဲ့ Suicide Sqaudလာပါပြီ
Marvel ရဲ့ ဗရုတ်သုတ်ခအဖွဲ့ဖြစ်တဲ့ GOTGနဲ့သောင်းကျန်းလို့အပြီးမှာတော့ဒါရိုက်တာ James Gunnတစ်ယောက် DC universeရဲ့ မျောက်လောင်းအဖွဲ့ဖြစ်တဲ့ Suicide Squadဆီကိုပါ ရောက်လာခဲ့ပါပြီ
IMDB rating – 7.9 နဲ့ Rotten Tomatoes rating – 95% တောင်ရထားတာမလို့ DCEU ရဲ့ ဇာတ်ကားတွေထဲမှာ အမြင့်ဆုံး ratingလို့တောင် ပြောလို့ရပါတယ်
U.S အစိုးရရဲ့ အရာရှိကြီး အမန်ဒါဝေါလ်လာတစ်ယောက်Enchantressနဲ့ ရင်ဆိုင်အပြီးမှာ နောက်ထပ်ကမ္ဘာပျက်မယ့် ဘေးအန္တရာယ်ကြီးတစ်ခုအတွက်အသေခံ Suicide Sqaud အသစ်တစ်ခုကို ထပ်ပြီးဖွဲ့စည်းရပြန်ပါပြီ
အဲ့ဒီအန္တရာယ်ကတော့ တောင်အမေရိကကျွန်းငယ်နိုင်ငံလေးတစ်ခုကိုအုပ်ချုပ်နေတဲ့လူတစ်စုရဲ့ လက်ထဲကိုရောက်ရှိနေတဲ့Project Starfish လို့ခေါ်တဲ့ ဒီကမ္ဘာပြင်ပကမျိုးစိတ်တစ်ခုပါ
အဲ့ဒီမျိုးစိတ်နဲ့သက်ဆိုင်တဲ့ စမ်းသပ်မှုလုပ်ငန်းတွေကိုအဲ့ဒီကျွန်းနိုင်ငံလေးအထိ သွားရောက်ဖျက်ဆီးရမှာကဇာတ်လိုက်ကျော် Suicide Sqaud ကြီးရဲ့တာဝန် ဖြစ်လာပါတော့တယ်၊
သူတို့တတွေ အောင်အောင်မြင်မြင်ပဲ ဝင်ရောက်ဖျက်ဆီးနိုင်မှာလားဘယ်လိုတလွဲတချော်တွေ ဖြစ်ကြဦးမလဲ၊ ဘယ်လောက်ထိခွီရဦးမလဲဆိုတာကိုDC universe ရဲ့ထုံးစံအတိုင်း သွေးသံတရဲရဲ ခပ်ကြမ်းကြမ်းရိုက်ကွက်တွေနဲ့အပီအပြင်ရိုက်ပြထားတာမလို့ အားပါးတရကြီးကြည့်ရှုခံစားရမှာပါ
အရှေ့ပိုင်းဇာတ်ကားတွေမှာ ဝေဖန်မှုတွေခံနေရတဲ့ WBကုမ္ပဏီအနေနဲ့ဒီတစ်ခေါက် Suicide Squadနဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ဘယ်လိုပြန်ပြီးသဲ့ယူသွားမလဲဆိုတာ ကြည့်ရမှာပါ…
ဒါပေမဲ့ Margot Robbieရဲ့ Harley Quinnတစ်ယောက်ထဲနဲ့တင်Rating 100% မှာ 101% ပေးဖို့တန်နေပါပြီ။
ဆိုတော့ကာဗျာ ….. ပြောမယုံ ကြုံမှသိလိမ့်မယ်ဗျ
ကြည့်ပြီးမှ ပြန်ဆွေးနွေးကြတာပေါ့။
အညွှန်းကတော့JimXဖြစ်ပြီးတော့
ဘာသာပြန်ထားတာကတော့2TAYဖြစ်ပါတယ်။
I Like You More (2023)
⭐⁉️
🎬 #Comedy #Romance
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China
⏰ 1 နာရီ 39 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရိုးရိုးလေးနဲ့ တသသတွေးနေရမဲ့ အချစ်ကားလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ရောခ်ဂီတအဖွဲ့တစ်ခုနဲ့ အောင်မြင်ဖို့ ကြိုးစားနေတဲ့ဖန့်ခွေအန်းဟာ သူမရဲ့ ဂီတအိပ်မက်ကို လက်လျှော့လိုက်ရချိန်မှာပဲသူမရဲ့အဖေ ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံရောက်သွားခဲ့တဲ့ သတင်းကို ရခဲ့ပါတယ်။
အဖိုးလက်ထပ်ကတည်းက အောင်မြင်ခဲ့တဲ့ စားသောက်ဆိုင်က ဒီလိုနဲ့ပဲသူ့လက်ထဲကို ရောက်လာပါတော့တယ်။ မိသားစုလုပ်ငန်းဖြစ်သော်လဲသူမမှာ ဟင်းချက်နည်းတွေကို မြင်သာမြင်ဖူးပြီး ကိုယ်တိုင်က မလုပ်တတ် မကိုင်တတ်ဖြစ်နေပါတယ်။
တိုက်ဆိုင်စွာနဲ့ သူမတို့ စားသောက်ဆိုင်မှာ စားပြီး ဝမ်းလျှောသွားတာကြောင့်သူမက လျော်ကြေးမပေးနိုင်ပဲ အိမ်မှာ လက်ခံထားတဲ့ကုန်းပေါင်ဆိုတဲ့ လူကြီးဟာ Michelin စားဖိုမှူးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ……
သူတို့နှစ်ယောက် အတူတကွ စားသောက်ဆိုင်ရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ပါ့မလား ……သူတို့ နှစ်ယောက်ကရော မတည့်အတူနေ ကနေ ချစ်မေတ္တာတွေက ဘယ်လို ပေါက်ဖွားလာမလဲ……ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ကြည့်ရှု ခံစားကြရအောင်နော်။
Raya and the Last Dragon (2021)
⭐IMDB: 7.3/10 (159 k Votes)
🎬 #Action #Adventure #Animation #Family #Fantasy #Comedy #Drama
🗓️ 2021 🎞️ Movie 📺 4K
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 47 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Raya and the Last Dragon (2021)
========================
IMDb Rating – 7.8
ဟိုးရှေးရှေးတုန်းကပေါ့ဗျာ …..
ပုံပြင်ဆိုတော့ ဒီလိုပဲ စရမယ်လေနော့။
ကူမန်ဒြာ ဆိုတဲ့ တိုင်းပြည်မှာ လူတွေရယ် နဂါးတွေ ရယ် အတူတူ နေကြသတဲ့။
တစ်နေ့မှာတော့ ဒရွန်း ဆိုတဲ့ ကျောက်ရုပ်ဖြစ်စေနိုင်တဲ့ မိစ္ဆာတွေက လာရောက်အနိုင်
ကျင့်ကြတဲ့အခါမှတော့ …… နဂါးတွေက လူတွေကို ကူညီတိုက်ခိုက်ပေးကြပါတယ်။
နဂါးတွေရဲ့ အစွမ်းတွေ စုထားတဲ့ ရတနာနဲ့ ဒရွန်း မိစ္ဆာတွေကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကူညီတဲ့ နဂါးတွေအားလုံး ကျောက်ရုပ်တွေ ဖြစ်သွားကြပြီး နဂါးတစ်ကောင်ကတော့
ရှင်ကျန်နေရစ်ခဲ့ပါတယ်။ ကူမန်ဒြာ တိုင်းပြည်ကြီးလည်း လူမျိုးစု ၅ စု ကွဲသွားသလို ရတနာကလည်း
၅ ပိုင်း ကွဲသွားခဲ့ပါတယ်။
နောက် နှစ် ၅၀၀ အကြာမှာတော့ ဒရွန်းတွေ ပြန်ပေါ်လာခဲ့ပါတယ်။ နှလုံးသားမျိုးနွယ်စု ခေါင်းဆောင်ရဲ့
သမီးလေး ရာယာ က နောက်ဆုံးကျန်ခဲ့တဲ့ နဂါး ကို ရှာဖွေပြီး ဒရွန်းတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့အခါမှာတော့ …..
IMDb – 7.8/10 ရထားတဲ့ Animation ကားကောင်း တစ်ကားလည်း ဖြစ်ပါတယ်။
ဝေါ့ဒစ္စနေး ရဲ့ အခင်းအကျင်းတွေအတိုင်း နောက်ခံတေးဂီတကောင်းကောင်း၊ အထူးပြုလုပ်ချက်ကောင်းတွေနဲ့
ဆိုတော့ ကြည့်ရတာ အတော်ကောင်းတဲ့ ကာတွန်းကားပဲ ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းကို August မှရေးသားပေးပြီး၊ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။)
Venom (2018)
⭐IMDB: 6.6/10 (502 k Votes)
🎬 #Action #Adventure #Sci-Fi #ScienceFiction #SciFi
🗓️ 2018 🎞️ Movie 📺 4K
🌎 #UnitedStates #China #UnitedStatesofAmerica
⏰ 1 နာရီ 52 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
DatShin Review: Venom (2018)…Plot
Eddie Brock ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ လူတွေကို တရားမဝင်စမ်းသပ်မှုတွေလုပ်နေတဲ့
ကုမ္ပဏီကြီးတစ်ခုကို ဝင်ထောက်လှမ်းရင်း ပြင်ပကမ္ဘာသက်ရှိ
တစ်ကောင်ဖြစ်တဲ့ Venom နဲ့ ထိတွေ့ ကူးစက်ခံခဲ့ရတယ်။ အဲအချိန်မှာပဲ ကုမ္ပဏီကြီးက
သူ့အမြင် သူ့ရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးကို ဒုက္ခရောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာတော့ Eddie ဟာ
သူ့အပေါ်မှာ ကပ်မှီပြီး နေနေတဲ့ Venom နဲ့ အတူ ပူးါပေါင်းတားဆီးဖို့ ကြိုးပမ်းရပါတော့တယ်။
Review.Venom ရုပ်ရှင်ဟာ လတ်တလော controversial အဖြစ်ဆုံး ကားလို့ ပြောရမှာပါ။
Critic အများစု မကြိုက်သလောက် Fan အများစု ကြိုက်ကြတယ်။
ကျွန်တော့အနေနဲ့ကတော့ Venom character နဲ့ ပတ်သက်ပြီး အများကြီး မသိပါဘူး။
Spider-Man video game တွေထဲမှာလောက်ပဲ တွေ့ဖူးတာ များတယ်။
ဆိုတော့ ကျွန်တော့ အမြင်က နည်းနည်းကွဲရင် ကွဲနိုင်သပ။
အရင်ဆုံး မကောင်းဘူး ထင်တာတွေ ပြောပါမယ်။
မင်းသား Tom Hardy က Eddie အနေနဲ့ တော်တော်လေး
မိုက်ပေမဲ့ အစပိုင်းမှာတော့ Tom Hardy ပိုဆန်နေတယ်လို့ထင်တယ်။
သူ့ ပုံမှန် acting စတိုင်နဲ့ တွေ့ရတာ များတယ်။
ဒါပေမဲ့ နောက်ပိုင်း Venom နဲ့ တွေ့ပြီးနောက်ပိုင်းမှာတော့ တော်တော်မိုက်တယ်။
နောက် ဇာတ်လမ်းနဲ့ဇာတ်ညွှန်းမှာ တစ်ခါတစ်လေ သိပ်အားမရဖြစ်ပါဘူး။
တချို့ဇာတ်ဝင်ခန်းတွေက နည်းနည်းလေး ရှည်နေသလို သိပ်ပြီး မလိုအပ်သလို ခံစားရတယ်။
နောက်ဆုံးတစ်ခုကတော့ Visual ပိုင်း။
Venom နဲ့ Riot တို့ ဗြင်းကြတဲ့အခန်းတွေမှာ တော်တော်လေး ကြည့်ရအဆင်မပြေဘူး။
ညဘက်ကြီး မည်းမည်းအကောင် ၂ ကောင် ချတာကို 3D နဲ့
အနီးကပ်မြင်ရတော့ ကြုံးတော့ ကြုံးနေတာပဲ ဒါပေမဲ့
ဘာမှန်းညာမှန်း သိပ်မသဲကွဲဘူး။
Venom Character ကြီးက ပုံဖော်ထားတာ မိုက်တော့ မိုက်ပေမဲ့
စိတ်ထဲမှာ တစ်ခုခုလိုနေသလိုမျိုးပဲ။ (Spidey logo, maybe??)
သဘောကျမိတာတွေဆိုရင်တော့ Venom ဟာ MCU ကားတွေလိုမဟုတ်ဘူး။
Dark, brutal ဖြစ်တယ်။ PG-13 နဲ့ သွားတယ်ဆိုတော့ နောက်ပိုင်း Tom Holland ရဲ့
Spider-Man နဲ့ တွဲမတွဲ မပြောတတ်ပေမဲ့ ကျွန်တော့ စိတ်ထဲကတော့
သွားမတွဲဘဲ သက်သက် ခွဲထွက်တာမျိုး ပိုလိုချင်မိတယ်။
Venom နဲ့ Eddie တို့နှစ်ယောက်ကြားက ချိတ်ဆက်မှု နဲ့ တစ်ယောက်ကို တစ်ယောက်
မှီတီနေမှုကို ပြသွားတာလည်း တော်တော်လေးကောင်းတယ်။
တစ်ချက်တစ်ချက် ရယ်နေရတာများတော့ သိပ်ကြီးအဆင်မပြေပေမဲ့ still awesome ပဲ။ Visual တွေဆိုလည်း
အများစု ကောင်းတယ်။
ရဲတွေနဲ့ ဗြင်းတဲ့အခန်းဆို တော်တော်လေး အားရဖို့ကောင်းတယ်။
Venom ရဲ့ strength ကို တော်တော်လေးမြင်ရတယ်။
Venom နဲ့ Eddie နေရာက Tom Hardy ကလည်း အစပိုင်းလေး နည်းနည်း
အဆင်မပြေသလိုဖြစ်သလောက် နောက်ပိုင်းတွေမှာ တကယ့် perfect cast ပဲ။
Venom ဟာ တကယ့် perfect ဖြစ်တဲ့ ကားတစ်ကားတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ဆိုးဝါးနေတဲ့အထဲ ပါတဲ့ကားတစ်ကားလည်း မဟုတ်ဘူး။
ကျွန်တော်တို့ကိုယ်တိုင်ကတော့ တစ်ကားလုံးနီးပါး enjoy ဖြစ်ခဲ့တဲ့ ကားတစ်ကားပါ။
– KPK
DatShin: 3/5
IMDB: 7.1/10
Rotten Tomatoes: 31%
(ရုပ်ရှင်အညွှန်းကို DatShin Fb Page မှ ကူးယူဖော်ပြပါသည်။)
Baahubali 2: The Conclusion (2017)
⭐IMDB: 8.2/10 (106 k Votes)
🎬 #Action #Adventure #Bollywood #Drama #Musical #War #Fantasy
🗓️ 2017 🎞️ Movie 📺 4K
🌎 #India
⏰ 2 နာရီ 46 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (8.2) / Rotten Tomatoes (86%)
ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။
ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ် ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။
အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ဒရာဟာ သာမန်လူတစ်ဦးပုံစံနဲ့ ချဉ်းကပ်ကာ မင်းသမီးရဲ့နိုင်ငံကို ကက်တာပါးနဲ့အတူ လိုက်သွားခဲ့ ပါတယ်။
တစ်ဖက်မှာလည်း ဘုရင်မ ကြီး ဆီဗာဂါမိဟာ ရန်သူနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ တူတော် ဘာလာကို နှစ်နိုင်ငံငြိမ်းချမ်းရေး အတွက် လက်ဆက်ဖို့ ကမ်းလှမ်း စာပို့ခဲ့ပါတယ်။ မင်းသမီးက ငြင်း ဆန်ခဲ့တဲ့အတွက် ဘုရင်မကြီး အမျက်ထွက်ပြီး ကန်တာလာကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတော့ တယ်။ မင်းသမီး ဒီဗာဆီနာတို့ နိုင်ငံကို ရန်သူတွေကျူးကျော်ဝင် လာတဲ့အခါမှာ အမန်ဒရာက ကူညီတိုက်ခိုက်ပေးခဲ့ပြီး သူ့ရဲ့ အံ့မခန်းစွမ်းအားတွေကြောင့် မင်းသမီးရော၊ ဟန်တာလာဘုရင်ကြီး ရော အံ့အားသင့်ခဲ့ကြပါတယ်။
ထူးခြားအစွမ်းတွေကြောင့် သာမန်လူ မဟုတ်တန်ရာတဲ့အ တွက် မေးမြန်းရင်း ဘုရင်မကြီးရဲ့ သားတော်ဆိုတာ သိသွားခဲ့ကြပြီး အမန်ဒရာက မင်းသမီးကို သ ဘောကျကြောင်း ဖွင့်ပြောခဲ့သလို ဘုရင်မကြီးကလည်း လက်ထပ်ဖို့ ကမ်းလှမ်းထားတာလည်း ရှိတဲ့အ တွက် မင်းသမီးကို တစ်ပါတည်း ခေါ်သွားခဲ့ပါတယ်။
ဟိုဘက်နိုင်ငံရောက်တဲ့အ ခါမှာ မင်းသမီးဒီဗာဆီနာကို ဘာ လာနဲ့ပေးစားဖို့ ကမ်းလှမ်းတာဖြစ် နေတဲ့အတွက် ဘုရင်မကြီး၊ အမန်ဒရာနဲ့ မင်းသမီးတို့ အချေအတင် တွေဖြစ်ကာ အမန်ဒရာက သူ့ မယ်တော်ကို ဆန့်ကျင်ပြီး သူ့ လမ်းသူလျှောက်ခဲ့တဲ့အတွက် ရာထူးအသိမ်းခံခဲ့ရပါတယ်။
ဘာလာက ရှင်ဘုရင်ဖြစ် သွားခဲ့ပေမယ့် လူထုကတော့ စစ်သူကြီးဖြစ်သွားတဲ့ အမန်ဒရာဘက်ကသာ ရပ်တည်ပြီး ထောက်ခံအားပေးခဲ့ကြပါတယ်။ အဲဒီအခါမှာ အမန်ဒရာအပေါ် မရှုဆိတ်တဲ့ဘာလာဟာအမျိုးမျိုးဒုက္ခတွေပေးခဲ့သလို ပြဿနာတွေဖြေရှင်းမှုမှာ လည်း ထိပ်တိုက်တွေ့ပြီး အသက်အန္တရာယ်အထိပါ ဒုက္ခပေးဖို့လုပ်ခဲ့ပါတော့တယ်။
ပြည်သူတွေဘက်က ရပ်တည်တဲ့ အမန်ဒရာနဲ့ မဟုတ်မခံမင်းသမီး ဒီဗာဆီနာတို့ ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင် ရမှာလဲ၊ ဘုရင်မကြီးနဲ့ ဘာလာက တစ်ဖက်၊ အမန်ဒရာတို့ က တစ်ဖက်ဖြစ်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမှာလဲ၊ အမန်ဒရာရဲ့ ဖြစ်ကြောင်းကုန်စင်ကိုသိသွားတဲ့ သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီတစ်ယောက် ဘယ်လိုလက်တုံ့ပြန် မှာလဲဆိုတာ ကြည့်လိုက်ဦးနော်။
ဒီဇာတ်ကားမှာ အမန်ဒရာ ဘာဟုဘာလီ၊ မဟင်ဒရာ ဘာဟု ဘာလီအဖြစ် ပရာဘက်စ်၊ ဘာလာအဖြစ် ရာနာ ဒက်ဂူဘာတီ၊ ဒီဗာဆီနာအဖြစ် အနွတ်ရှ်ကာ ရှက်တီ၊ ဘုရင်မကြီး ဆီဗာဂါမိ အဖြစ် ရမ်ရာခရစ်ရှ်နာ၊ ကက်တာပါးအဖြစ် ဆက်သ်ရာရာ့ဂျ်တို့ သရုပ်ဆောင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကိုတော့ 7Daydaily မှကူးယူဖော်ပြထားတာဖြစ်ပါတယ်။)
3 Idiots (2009)
⭐IMDB: 8.4/10 (410 k Votes)
🎬 #Bollywood #Comedy #Drama #Musical
🗓️ 2009 🎞️ Movie 📺 4K
🌎 #India
⏰ 2 နာရီ 51 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb (8.4/10) /Rotten Tomatoes (100%)
December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khanရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်…
မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ်လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်…ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာသူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။
ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး….သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲမိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။
ဒီအကြောင်းတွေကို ဒီရုပ်ရှင်လေးမှာ #ရန်ချို #ဖာရ်ဟန်း #ရာဂျူး ဆိုတဲ့ အင်ဂျင်နီယာကျောင်းက သူငယ်ချင်း၃ ယောက်နဲ့ ပုံဖော်ရိုက်ကူးထားပါတယ်။
ဘယ်ကလာမှန်းမသိ ဘယ်လိုလူမှန်းမသိ လူထူးလူဆန်း ဖြစ်နေတဲ့ရန်ချို…
ပင်စင်လစာလေး တစ်ပဲခြောက်ပြားနဲ့ လေဖြတ်နေတဲ့ အဖေကို ဆေးကုနေရင်း အမေဖြစ်သူရဲ့ချာပါတီရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ကျောင်းလခ ပေးရင်း ချို့တဲ့စွာ စာသင်ယူနေရတဲ့ ရာဂျူး…
ငယ်စဉ်ကတည်းက အနုပညာကိုဝါသနာပါပေမယ့် ဖခင် ဖြစ်စေချင်တဲ့ အင်ဂျင်နီယာကြီးဖြစ်ဖို့အတွက်မိဘစကား နားထောင်ပြီး ရိုးရိုးကုတ်ကုတ် စာကြိုးစားတတ်သူ ဖာရ်ဟန်း…
သူတို့ ၃ ယောက်ဆုံကြတာက နာမည်ကြီး အင်ဂျင်နီယာကျောင်းတစ်ခုမှာ…ရက်စက်ပြီး စက်ရုပ်လိုနှလုံးသားနဲ့ စည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီးလက်အောက်မှာ သူတို့ ၃ ယောက် ကိုယ့်ဝါသနာနဲ့ပညာရပ်တွေကို ဘယ်လိုပုံဖော်ကြမယ်ဆိုတာ ကြည့်ရှုရမှာပါ…။
ဆုတွေတစ်သီကြီးရရှိထားတဲ့ ဒီဇာတ်ကားဟာ အိန္ဒိယရဲ့အကောင်းဆုံးဇာတ်ကားထဲက တစ်ကားဖြစ်ပြီး အတွေးအမြင်တွေကို သမားရိုးကျကနေ လူသားဆန်ဆန်ဖောက်ထွက်သွားနိုင်တာမို့ ကြည့်ပြီးရင် သိမ်းထားရမယ့်ဇာတ်ကားမျိုးပါပဲ။
BluRay 4K HEVC , 1080p ,720p Quality တွေနဲ့သိမ်းထားရအောင် ပြန်လည်တင်ဆက်ထားပါတယ်။
(သီချင်းတွေကအစ ခံစားပြီး ဘာသာပြန်တင်ဆက်ထားသူများကတော့Nyi Koe & Myint Thuတို့ပဲဖြစ်ပါတယ်။)
Belle (2013)
⭐IMDB: 7.3/10 (32 k Votes)
🎬 #Biography #Drama #Romance
🗓️ 2013 🎞️ Movie 📺 1080p
🌎 #UnitedKingdom
⏰ 1 နာရီ 44 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Belle (2013)
~ IMDb – 7.3/10, RT – 85%, Meta – 64% ~
အင်္ဂလန်ရဲ့ Period Movies တွေထဲမှာ ထိပ်တန်းစာရင်းဝင်ဖြစ်တဲ့ Belle ရုပ်ရှင်ဟာ လက်တွေ့အပြင်ဘဝက ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး။ ဇာတ်ကားထဲမှာပါတဲ့ ပန်းချီကားထဲက မိန်းကလေးဟာ တကယ့်အပြင်ဘဝက ဒိုင်ဒိုဘဲလ်ရဲ့ ပုံအစစ်ဖြစ်ပါတယ်။
လူဖြူ လူမည်း အဆင့်အတန်း ခွဲခြားတဲ့ကာလထဲမှာ လူဖြူဖခင်နဲ့ လူမည်းကျွန် မိခင်ကနေ ပေါက်ဖွားလာတဲ့ ကပြားလေး ဒိုင်ဒိုဘဲလ်ကို လူဖြူဖခင်ကခေါ်ပြီး သူ့ဦးရီးတော် တရားသူကြီးချုပ်အိမ်မှာ အုပ်ထိန်းမှုကို ခံယူစေခဲ့တယ်။ လူမည်းဖြစ်နေပေမဲ့လဲ သူ့အဖေရဲ့မျိုးရိုးကြောင့် ဦးရီးတော်ရဲ့ အိမ်တော်က အဆင့်အတန်းမခွဲခြားဘဲ တန်းတူနေရာပေးတာ ခံခဲ့ရတဲ့ ဘဲလ်ဟာ လူမည်းကျွန်တွေ ဘယ်လို နှိမ့်ချခံရလဲဆိုတာ ထဲထဲဝင်ဝင် မသိခဲ့ဘူး။ ဇုန်းဆိုတဲ့ ကျွန်တွေကုန်ကူးတဲ့ သင်္ဘောဟာ ကျွန်တွေကို ရေထဲပစ်ချ စတေးပြီးတော့ အသက်အာမခံ လျော်ကြေးတောင်းတဲ့အမှုကို ဦးရီးတော် တရားသူကြီးချုပ်က ကိုင်တွယ်ရတယ်။ ကျွန်တွေအပေါ် ဇုန်းသင်္ဘောရဲ့ ရက်စက်ယုတ်မာမှုတွေကို သိလိုက်ရတဲ့ ဘဲလ်ဟာ တရားမျှတမှု ပေါ်ပေါက်ရေးအတွက် တက်ကြွလှုပ်ရှားသူ လူငယ်လေး ဒဗီးနီးယားကို ကူညီပေးရင်း ချစ်မိသွားပါတယ်။
ဒါပေမဲ့ မျိုးရိုးအဆင့်အတန်းမြင့်တဲ့သူနဲ့ပဲ လက်ထပ်စေချင်တဲ့ မိသားစုကြောင့် ဘဲလ်ဟာ လူဖြူ မျိုးရိုးနိမ့်လေး ဒဗီးနီးယားအပေါ် ချစ်စိတ်တွေဖုံးကွယ်ထားရတယ်။ ဒါ့အပြင် လူမည်းကျွန်တွေ တရားမျှတမှုရရှိရေးအတွက် ဦးရီးတော်အရင်းနဲ့လဲ ရင်ဆိုင်ဆန့်ကျင်နေရတယ်။ ဒီလို Conflict တွေကြားထဲမှာ ဘဲလ်တစ်ယောက် ဘာကို ဘယ်လို ရွေးချယ်သွားမလဲ… သူချစ်ရတဲ့သူအပြင် လူမည်းတွေအတွက်လည်း သူလိုချင်တဲ့ တရားမျှတမှုကိုရော ရရှိနိုင်ပါ့မလား… ဆိုတာ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦး…
(ဒီဇာတ်ကားနဲ့အညွှန်းကိုHnyun Yadanar Myintmo Htunမှ ပြန်ဆို ရေးသားထားပါတယ်)
The Spy: Undercover Operation (2013)
⭐IMDB: 6.2/10 (645 Votes)
🎬 #Action #Comedy
🗓️ 2013 🎞️ Movie 📺 720p
🌎 #SouthKorea
⏰ 2 နာရီ 1 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Spy: Undercover Operation(2013)
Chul-Soo ဆိုတဲ့ အေးဂျင့်တစ်ယောက်ဟာ ထူးချွန်ထက်မြက်တဲ့အတွက်အရေးကြီးစစ်ဆင်ရေးတွေ တိတ်တဆိတ်သုတ်သင်ရေး ကိစ္စတွေမှာဆိုအထူးတာ၀န်ပေးအပ်ခြင်းခံရတယ်……အေးဂျင့်တစ်ယောက်မှာရှိတဲ့ အရည်အချင်းအားလုံးရှိသလိုစည်းမျဥ်းစည်းကမ်းတွေကိုလည်း တစ်သွေမတိမ်းလိုက်နာလေ့ရှိတယ်…အထူးအေးဂျင့်ဖြစ်နေတော့ သူ့အလုပ်ကို အိမ်သူသက်ထားကိုတော့အသိပေးထားခြင်းမရှိဘူး…..သိပ်တော်တဲ့အေးဂျင့်ဖြစ်ပေမယ့် သူ့မှာ အားနည်းချက်တစ်ခုတော့ရှိတယ်…အိမ်က လေဒီကို မဟားတရား နင်းကန် ကြောက်ရပါတယ်….ရန်သူတွေရဲ့ကျည်ဆန် မိုးသီးမိုးပေါက်တွေလိုကျနေတာတောင်ဖုန်းမကိုင်ဘဲ မနေရဲပါဘူး…………………..ဒီလိုနဲ့ အထူးစစ်ဆင်ရေးတွေတာ၀န်ထမ်းရင်း မိန်းမကလည်းအိမ်ထောင်ဦးစီးမပီသလိုဖြစ်နေတဲ့သူ့ကို ကြာတော့စိတ်ပျက်လာဟန်တူပါတယ်….ဒီလောက်အခြေအနေဆိုးတဲ့ကြားထဲကိုးရီးယားတစ်နိုင်ငံလုံးကိုဒုက္ခရောက်စေမယ့် အကြမ်းဖက်အဖွဲ့ကိုနှိမ်နှင်းဖို့စုံစမ်းထောက်လှမ်းရတဲ့အခြေအနေကိုရောက်လာတဲ့အခါမှာတော့Chul-Soo တစ်ယောက် ဘယ်လိုတွေရှေ့ဆက်ဖြတ်သန်းမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး…ဒီကားက မင်းသားကြီး Kyung-gu Sol အဓိကသရုပ်ဆောင်ထားပြီးအက်ရှင်ခန်းတွေလည်း မိုက်သလို ရိုက်ချက်တွေလည်း အတော်ကိုလန်းပါတယ်…ရယ်လည်းရယ်ရသလို ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အက်ရှင်ခန်းပေါင်းများစွာလည်းပါလေတော့ခံစားကြည့်လိုက်ဦးဗျို့….
Final Destiny (2016)
⭐IMDB: 4.8/10 (724 Votes)
🎬 #Thriller #TVMovie
🗓️ 2016 🎞️ Movie 📺 1080p
🌎 #Canada
⏰ 1 နာရီ 31 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Brace for Impact (or) Final Destiny (2016)==============================ThrillerIMDb – 4.8/10
ဒီတစ်ခေါက် ပရိတ်သတ်ကြီးကို လေယာဉ်ပျက်ကျမှုအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ Thriller ဆန်ဆန် ဇာတ်လမ်းကောင်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့..ရာထူးက ရပ်နားခံထားရတဲ့ လေယာဉ်ပျက်ကျတာတွေကို စစ်ဆေးရတဲ့အေးဂျင့်ဖြစ်တဲ့ ဆိုဖီယာတစ်ယောက် ရာထူးက ရပ်နားခံရပြီးအားလပ်ရက်ရထားတာကြောင့် သူ့အစ်ကိုနဲ့အတူတူလေယာဉ်စီးဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ပျက်ကျတာတွေကို စစ်ဆေးရတဲ့အေးဂျင့်ပီပီ လေယာဉ်ထွက်ခါနီးမှာပျက်ကျမှာကို စိုးရိမ်ပြီး ဆင်းလာခဲ့ပါတယ် သူ့အစ်ကိုကိုကတော့ လေယာဉ်ပေါ်မှာ ပါသွားတာပေါ့။
အဲဒီလေယာဉ်ဟာ ပျက်ကျသွားတဲ့အချိန်မှာတော့ ဆိုဖီယာတစ်ယောက်ရာထူးရပ်နားခံထားရပေမဲ့ အေးဂျင့်တစ်ယောက်ရဲ့စိတ်ခံစားမှုအရ ဒီကိစ္စကို သူ့ဘာသာစတင် စုံစမ်းပါတော့တယ်။ စုံစမ်းစစ်ဆေးနေတဲ့အချိန်အတွင်း ဆိုဖီယာဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ သဲလွန်စတွေက များလွန်းလို့ သူရှာတွေ့ထားတာက တကယ့်ကိုခိုင်လုံတဲ့သဲလွန်စဖြစ်ရဲ့လား။ ဒီလေယာဉ်ပျက်ကျမှုနောက်ကွယ်က ဖြစ်ရပ်မှန်ကို တကယ်ဖော်ထုတ်နိုင်မှာလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ကြည့်ရှူရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့June ဖြစ်ပါတယ်)
In Your Dreams (2023)
⭐IMDB: 5.6/10 (1 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2023 🎞️ Movie 📺 1080p
🌎 #Turkey
⏰ 1 နာရီ 32 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
In your Dreams (2023)===============IMDb rating – 5.6/10
ပရိတ်သတ်ကြီးထဲမှာရော ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာနဲ့တစ်နေ့ ၂၄ နာရီ ဆိုတဲ့အချိန်အတွင်းမှာ ဘယ်လိုလုပ်အချစ်ကိုရှာတွေ့မှာလဲ၊ အချစ်ရေးအချစ်ရာအတွက်ရော အလုပ်အတွက်ကိုပါ အချိန်ပေးဖို့ မလုံလောက်ဘူးလို့ ထင်နေတဲ့Single လေးတွေရှိလား ဒါဆိုရင်တော့ ဒီဇာတ်ကားကို ကြည့်သင့်ပါပြီ။ ဒီကားထဲမှာကတော့ လူတစ်ယောက်ကို ချစ်မိဖို့အချိန် ၂ မိနစ်နဲ့ ၄၁ စက္ကန့်ပဲလိုပါတယ်တဲ့
ဇာတ်ကားအကျဉ်းလေးကတော့..အဲဒီခံစားချက်ကိုအားလုံးလည်းသိကြမှာပါ ကိုယ်နဲ့လုံးဝမသိတဲ့သူစိမ်းတစ်ယောက်ဆိုပေမဲ့ သူနဲ့မျက်လုံးချင်းဆုံမိသွားတာနဲ့အချိန်တွေနှေးသွားသလို ခံစားချက်မျိုးပေါ့၊ ပြီးတော့ ဘာမှမဖြစ်သလိုမျိုး ကျောခိုင်းပြီး ကိုယ်စီထွက်သွားလိုက်ကြတယ်။ ဒီလိုအဖြစ်အပျက်မျိုးက Pelin နဲ့ Engin တို့ ပထမဆုံး စဆုံတွေ့တဲ့အချိန်မှာဖြစ်ပျက်ခဲ့တာပါ။ ဒါပေမဲ့ နောက်တစ်နေ့မနက်လည်းရောက်ရော နှစ်ယောက်စလုံး တစ်အိပ်ယာထဲမှာ နိုးလာခဲ့ပါတယ်။ပြီးတော့ သူတို့ကလက်ထပ်ပြီးသွားပြီ အချိန် ၂ နှစ်တောင် ကြာသွားပြီတဲ့၊ ဒါကအိပ်မက်တစ်ခုပဲဖြစ်ရမယ်..မဟုတ်ဘူး..အိပ်မက်ဆိုးတစ်ခုပဲ..အခုတော့ သူတို့ချစ်မိမှပဲနိုးထနိုင်တော့မှာ…..
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့June ဖြစ်ပါတယ်)
Beans (2020)
⭐IMDB: 6.9/10 (877 Votes)
🎬 #Drama
🗓️ 2020 🎞️ Movie 📺 1080p
🌎 #Canada
⏰ 1 နာရီ 32 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Beans (2020)==========IMDb Rating – 6.9/10
“ကမ္ဘာပေါ်မှာ မျိုးနွယ်တစ်ခုပဲရှိတယ် လူသားမျိုးနွယ်ပါ” တဲ့။ဒီဇာတ်ကားက တကယ့်သမိုင်းဝင်အဖြစ်အပျက်ပေါ် အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။
၁၉၉၀ခုနှစ်မှာ Oka မြို့က သူတို့ဂေါက်ကွင်းကိုချဲ့ဖို့အတွက်Mohawk တိုင်းရင်းသားတွေ အထွတ်အမြတ်ထားတဲ့မြေကိုထိဖို့ကြိုးစားပါတယ်။ အဲဒီမှာပဲ ၇၈ရက်ကြာ အရေးအခင်းဖြစ်ပွားခဲ့တာပါ။
အဲဒီအချိန်တုန်းက ဒီဇာတ်ကားရဲ့ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်တဲ့ Tracey Deer က ၁၂နှစ်အရွယ် Mohawk သူလေးပါ။ Tracey Deer က ဒီဇာတ်လမ်းကို Meredith Vuch-nich နဲ့အတူ ၂၀၁၂မှာ စရေးခဲ့ပေမဲ့ အရေးအခင်းကာလရဲ့အချိန်တွေကို ပြန်စဉ်းစားရတာက သူ့အတွက် ခက်ခဲလို့ ၇နှစ်တိတိကြာပြီးမှ ဒီဇာတ်လမ်းကိုအဆုံးသတ်နိုင်သွားတာပါတဲ့။ ပင်ပန်းခဲ့ရတာနဲ့တန်အောင်ပဲ ဒီဇာတ်ကားက ဆုပေါင်း၁၅ဆုရရှိထားပါတယ်။
Oka အရေးအခင်းကာလ အဖြစ်အပျက်တွေ၊ Mohawk တွေရဲ့တိုက်ပွဲ နဲ့ ဇာတ်လိုက်ဖြစ်တဲ့ ဘင်းစ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးရဲ့ စိတ်ထား၊အကျင့်စရိုက်ပြောင်းလဲမှုတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL ဖြစ်ပါတယ်)
My Girlfriend’s Secret (2019)
⭐⁉️
🎬 #Adult #Comedy #Fantasy
🗓️ 2019 🎞️ Movie 📺 1080p
🌎 #⁉️
⏰ 56 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
********************************
မင်္ဂလာပွဲမတိုင်ခင် မင်္ဂလာဝတ်စုံနဲ့ မလှတော့လို စိတ်ညစ်နေတဲ့ သတိုသမီးလောင်းလေးဟာ
မဂ်လာရက်နီးလာလေ
စိတ်ဖိစီးမှုတွေများလာလေလေပါပဲ… ဒါကသိတဲ့သတို့သားဟာ
အကွက်ဆန်းပေါင်းများစွာနဲ့ သတို့သမီးလေးကိုနှစ်သိမ့်ပေးပါတော့တယ်…
ဘယ်လိုအကွက်တွေနဲ့နှစ်သိမ့်ပေးမလဲဆိုတာကိုတော့…
The Power (2023- )
⭐IMDB: 6.2/10 (4 k Votes)
🎬 #Drama #Fantasy #SciFi #Mystery
🗓️ 2023- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 54 မိနစ် 24 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Power (2023)The Power (2023)
=============
IMDb Rating – 5.6/10NewYork Bestseller စိတ်ကူးယဉ်ဝထ္ထုကို အခြေခံပြီး
ရိုက်ထားတဲ့ The Power ဇာတ်လမ်းတွဲကို Amazon Prime
ကနေ ဘက်ဂျက်အများကြီးသုံးပြီး ဇာတ်လမ်း ဇာတ်အိမ်
ကောင်ကောင်းနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။
ရုတ်တရက် ကမ္ဘာ့အနှံ့က အမျိုးသမီးတွေ အများစုမှာ လျှပ်
စစ်စွမ်းအင်လို ရှေ့ာတိုက်နိုင်တဲ့ အစွမ်းတွေရလာတဲ့အခါမှာ
ကမ္ဘာကြီးက ပြောင်းလဲဖို့ဖြစ်လာပါပြီ။ ဥရောပ၊ အမေရိကမှအစ
အာရှတိုက်အလယ်၊ အာဖရိကတိုက်အဆုံး ဘဝနာနေခဲ့တဲ့
ဆယ်ကျော်သက် ကောင်မလေး အများစုမှာ သူတို့ရဲ့ အဖိ
အနှိပ်ခံဘဝကနေ ဒီလိုအစွမ်းတွေရလာတဲ့အခါမှ သူတို့ဘဝက
ချက်ချင်းပြောင်းလဲသွားပါတယ်။ဒီစွမ်းအားရှင်လေးတွေကို ထိန်းချုပ်ဖို့ အဖွဲ့အစည်းတစ်ခုပေါ်
လာပါတယ်။ ကမ္ဘာ့နိုင်ငံရေးမီဒီယာတွေရဲ့ စောင့်ကြည့်မှုလည်း
ခံလာရပြီး သူတို့အားလုံးပေါင်းဆုံကာ ပိုကြီးမားတဲ့ အန္တရာယ်
ကြီးတစ်ခုကို ကျော်ဖြတ်ဖို့ဖြစ်လာပါတယ်။Season 1 အနေနဲ့ (၉) ပိုင်းထွက်ရှိမှာဖြစ်ပြီး တစ်ပတ်တစ်ပိုင်း
နှုန်းဖြင့်CM ကတင်ဆက်ပေးသွားမှာပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့
Thiha Yan Naing ဖြစ်ပါတယ်။)File Size………….(350 MB) / (800 MB)
The Thousand Faces Of Dunjia 2 (2023)
⭐⁉️
🎬 #Action #Fantasy
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China
⏰ 1 နာရီ 31 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အေးချမ်းနေသလိုထင်ရတဲ့လောကကြီးမှာ လူသားတွေပဲနေထိုင်နေတာမဟုတ်ပါဘူး။တစ်လျှောက်လုံးမှာ မိစ္ဆာကြီးငယ်တွေက လူယောင်ဆောင်ပြီးလူတွေကြားမှာရှင်သန်နေထိုင်နေခဲ့ကြပါတယ်။ကောင်းတဲ့သူတွေရှိသလို ဆိုးသွမ်းတဲ့သူတွေလဲရှိပါတယ်။ဒီအရာအားလုံးကိုစီစဉ်တကျဖြစ်အောင်ထိန်းသိမ်းပေးနေတာကတော့လျို့ဝှက်ပြီးရပ်တည်နေတဲ့ဝုယင်ဂိုဏ်းဆိုတဲ့လျို့ဝှက်ဂိုဏ်းတစ်ခုပါ။
မိစ္ဆာမကြီးထျန်းရှဲဟာ မကောင်းဆိုးဝါးနတ်စွမ်းအင်ထိုက်ဆွေ့ကိုအသုံးချပြီးမိစ္ဆာတိုင်းပြည်ကိုတည်ထောင်ဖို့ကြံစည်နေပါတယ်။ဒါပေမယ့် မထင်မှတ်ပဲထိုက်ဆွေ့ဟာဝူရင်းဆိုတဲ့ကလေကချေတစ်ယောက်ရဲ့ကိုယ်ထဲကိုဝင်သွားပါတယ်။ဝုယင်ဂိုဏ်းသားလေးဖုန်းရှောင်ရှောင်ကဝူရင်းကိုရှာတွေ့သွားပြီးထိုက်ဆွေ့ကိုသူ့ကိုယ်ထဲကနေထုတ်ဖို့ကြံစည်ခဲ့ရာ ဝူရင်းကစိတ်ကူးပြောင်းသွားပြီး ထိုက်ဆွေ့ကိုထိန်းချုပ်ပြီးလောကကြီးကိုကယ်တင်မယ့် သူရဲကောင်းတစ်ယောက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။
သာမန်လူသားဖြစ်တဲ့ဝူရင်းတစ်ယောက် ထိုက်ဆွေ့ရဲ့စွမ်းအားကိုထိန်းချုပ်နိုင်ပါ့မလား……မိစ္ဆာခေါင်းဆောင်ကြီးထျန်းရှဲကိုရောဘယ်လိုအနိုင်ယူကြမလဲ……ဝူရင်းနဲ့ဝုယင်ဂိုဏ်းသားဖုန်းရှောင်ရှောင်ကရောဘယ်လိုဇာတ်လမ်းတွေရှိခဲ့တာလဲဆိုတာ လှပဝေဆာတဲ့CGI Effectကောင်းတွေနဲ့ စိတ်ဝင်တစ်စားကြည့်ရှုရမှာဖြစ်ပါတယ်။ထိုက်ဆွေ့ကိုပုံဖော်ထားတာMCUရဲ့Venonနဲ့နည်းနည်းဆင်ပေမယ့်မတူညီတဲ့ဟန်နဲ့ဇာတ်လမ်းလေးမလို့တစ်မျိုးတော့ကြည့်ကောင်းမှာသေချာပါတယ်။
Murder, Anyone? (2022)
⭐IMDB: 5.9/10 (292 Votes)
🎬 #Comedy #Crime
🗓️ 2022 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 21 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6/10 ခုတစ်ခေါက် CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ Murder, Anyone? ဆိုတဲ့ Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ ပြဇာတ်ရေးဆရာနှစ်ယောက်ဟာ တစ်မူထူးခြားပြီး ရသအပြည့်အဝပေးနိုင်မဲ့ ပြဇာတ်တစ်ပုဒ်ကို ပူးပေါင်းဖန်တီးကြတဲ့အကြောင်းပဲဖြစ်ပါတယ်။ အဲလိုရေးကြရင်း ရုပ်ရှင်နဲ့ ပြဇာတ်လောကရဲ့ အကြောင်းအကျိုး အကောင်းအဆိုးတွေ၊ အနုပညာအကြောင်း၊ ဘာသာစကားအကြောင်း အကောင်းအဆိုး အကြောင်းအကျိုးတွေကို ဟာသရောပြီး တင်ပြထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သူတို့ရေးနေတဲ့ ပြဇာတ်ထဲက ဇာတ်လမ်းကိုလည်း တစ်ခါတည်း အသက်သွင်းပြထားလို့ ဇာတ်ကြောင်းနှစ်ခုတစ်ပြိုင်တည်း ကြည့်ရူရမှာဖြစ်ကြောင်း…
Pirates of the Caribbean: Dead Men Tell No Tales (2017)
⭐IMDB: 6.5/10 (323 k Votes)
🎬 #Action #Adventure #Fantasy #Pirates of the Caribbean: 1 to 5
🗓️ 2017 🎞️ Movie 📺 4K
🌎 #UnitedStates #Australia #UnitedKingdom #Canada #UnitedStatesofAmerica
⏰ 2 နာရီ 9 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pirates of the Caribbean: Dead Men Tell No Tales(2017)
ဟိုးအရင် အတိတ်တစ်ချိန်က ဂျက်စပဲရိုးပီပီ ဖျံကျခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျိန်စာမိကပ္ပတိန် တစ်ယောက်
ဂျက်ကို သတ်ဖို့ လိုက်ရှာတော့တယ်။
စာနာစိတ်ရယ်လို့ တစ်စက်မှမရှိတဲ့ သင်္ဘောသားတွေကို ဦးဆောင်တဲ့၊
သင်္ဘောကြီး ဆိုင်းလင့်န်မေရီရဲ့ ကပ္ပတိန် ဆလာဇာပေါ့။
ဒီတစ်ကြိမ်ကျ အထာနပ်သွားတဲ့ ဆလာဇာကို ဖျံကျလို့မရတော့တဲ့အတွက်
သူ့ကိုနိုင်ဖို့ တစ်ခုတည်းသော
လက်နက်ဖြစ်တဲ့ သမုဒ္ဒရာ ခုနှစ်စင်းလုံးကို ပိုင်စိုးသူ နတ်ဘုရား
ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွကို လိုက်ရှာရတော့တယ်.
———————————————————————————–
.
Pirates of the Caribbean: On Stranger Tides (2011)
⭐IMDB: 6.6/10 (540 k Votes)
🎬 #Action #Adventure #Fantasy #Pirates of the Caribbean: 1 to 5
🗓️ 2011 🎞️ Movie 📺 4K
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 17 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pirates of the Caribbean: On Stranger Tides(2011)
ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက်
တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ
ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့
သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့
ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်…
Pirates of the Caribbean: At World's End (2007)
⭐IMDB: 7.1/10 (665 k Votes)
🎬 #Action #Adventure #Fantasy #Pirates of the Caribbean: 1 to 5
🗓️ 2007 🎞️ Movie 📺 4K
🌎 #UnitedStates
⏰ 2 နာရီ 49 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pirates of the Caribbean: At World’s End(2007)
IMDb…7.1
သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး
အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့
အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို
ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။
ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို
ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်။
ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး
ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို
ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ
ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်…
————————————————————————————–
Pirates of the Caribbean: Dead Man's Chest (2006)
⭐IMDB: 7.3/10 (734 k Votes)
🎬 #Action #Adventure #Fantasy #Pirates of the Caribbean: 1 to 5
🗓️ 2006 🎞️ Movie 📺 4K
🌎 #UnitedStates
⏰ 2 နာရီ 30 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pirates of the Caribbean: Dead Man’s Chest(2006)အညွှန်း
**************************************************
IMDb….7.3
ဒီတစ်ခါတော့ ကပ္ပတိန်ဂျက်စပဲရိုးတစ်ယောက် အကြွေးဆပ်ဖို့
အချိန်ကျပြီလို့ အသိပေးခံထားရပါပြီ..
ဘယ်သူ့ကို အကြွေးတင်နေတာလဲဆိုတော့ ငရဲက သင်္ဘောသားတွေနဲ့အတူ
တစ္ဆေသင်္ဘောကို ရွက်လွှင့်နေတဲ့ ပင်လယ်သရဲကြီး ဒေဗီဂျုန်းဆီမှာပါ ဖျက်ထိုးဉာဏ်ကောင်းတဲ့ဂျက်တစ်ယောက်
ပြေးလို့ မလွတ်တဲ့ အနေအထားရောက်နေတာပါ ဒီတော့ သူ့ကိုယ်သူ ကယ်တင်ဖို့ ဂျက်ကြံရဖန်ရပြန်ပါတယ်..
ဝေလ်တန်နာနဲ့ အဲလစ်ဇဘတ်သ်ဆွမ်းဆီကနေ မဖြစ်မနေအကူအညီ ယူမှရမှာပါ
သူတို့ကရော ကြည်ကြည်ဖြူဖြူ ကူညီပါ့မလား …
ဒီကြားထဲ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ ဂျက်ဘယ်လိုတွေ မဲဆွယ်လိုက်လဲဆိုတာတွေကတော့
ထုံးစံအတိုင်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်
ဟာသကွက်လေးတွေ တိုက်ခန်းခိုက်ခန်းလေးတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမှာပါ …
ဂျက်ရဲ့ အဓိက မစ်ရှင်ကတော့ ဒေဗီဂျုန်းရဲ့
ဖွက်ထားတဲ့ နှလုံးသားကို ရှာဖွေဖို့ပါ ဒေဗီဂျုန်းမှာလည်း နှလုံးသားရေးရာ
လျှို့ဝှက်ချက်လေးတွေက ရှိနေပါသေးတယ်…
ဒါ့အပြင် ဝေလ်တန်နာတစ်ယောက် ဂျက်နဲ့အတူ ထူးဆန်းပြီး
ကြောက်စရာစွန့်စားခန်းကို လိုက်ပေးလိုက်ရတာကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမှာပါ
ဒေဗီဂျုန်းရဲ့ တစ္ဆေသင်္ဘောကြီးပေါ်မှာ ဘာတွေ ရှိနေတာလဲဆိုတာလည်း
စိတ်ဝင်စားစရာမို့ ဇာတ်လမ်းလေးထဲမှာသာ ကြည့်လိုက်ပါတော့…
ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi Lwin ကရေးသားပေးထားပါတယ်.
Pirates of the Caribbean: The Curse of the Black Pearl (2003)
⭐TMDB: 78.0% User Score
🎬 #Action #Adventure #Fantasy #Pirates of the Caribbean: 1 to 5
🗓️ 2003 🎞️ Movie 📺 4K
🌎 #UnitedStates #UnitedStatesofAmerica #UnitedStatesofAmerica
⏰ 2 နာရီ 23 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pirates of the Caribbean: The Curse of the Black Pearl(2003)
IMDb…8,,,Rotten….79%
ကျွန်တော်တို့ အသည်းကျော်ကြီး ကပ္ပတိန် ဂျက်စပဲရိုး တစ်ယောက် 2003 ခုနှစ်မှ
ာ ထွက်ခဲ့တဲ့ Pirates of the Caribean ထဲမှာ ဘာတွေ အလုပ်ရှုပ်ခဲ့တာလဲ ဆိုတာလေး ပြန်နွေးပါရစေ..
ဒီထဲမှာ မြို့တော်ဝန်ရဲ့သမီး အဲလစ်ဇဘတ်သ်ဆွမ်း ငယ်စဉ်က သင်္ဘောပေါ်ကနေ
ပင်လယ်ထဲ ငေးရင်း ကောင်လေးတစ်ယောက် မျောလာတာကနေ ဇာတ်လမ်းစထားတာပါ…
သူတို့ ကြီးပြင်းလာတဲ့အခါ ရေထဲမျောပါလာတဲ့ ဝေလ်တန်နာဆိုတဲ့ကောင်လေးက
ပန်းပဲဖိုက သာမန်ပန်းပဲသမားလေးတစ်ယောက် ဖြစ်လာပါတယ်..
ဒါပေမဲ့ သူ့မှာလဲ လျှို့ဝှက်တဲ့ နောက်ကြောင်းက ရှိနေပြန်ရော…
တစ်နေ့မှာ အဲလစ်ဇဘတ်သ်ကို ကပ္ပတိန်ဘာဘိုဇာက ပြန်ပေးဆွဲသွားတယ်
ဘာဆိုဇာဆိုတဲ့ သူကတော့ ရတနာသိုက်တစ်ခုနဲ့ ပတ်သက်ပြီး
ကျွန်တော်တို့ ဂျက်နဲ့ သဘောထားကွဲလွဲတော့
ဂျက်ဆီကနေ ပုလဲနက်ကို လုသွားတဲ့ကောင်ပေါ့..
ဖြစ်ချင်တော့ ဘာဘိုဇာနဲ့ သူ့တပည့် သင်္ဘောသားတွေဟာ ရှေးဟောင်းကျိန်စာတစ်ခုကို မိနေပြီး
အသက်လည်း မရှင်နိုင် သေလည်း မသေနိုင်တဲ့ကောင်တွေ ဖြစ်နေကြပါတယ်…
အဲဒီကျိန်စာကို ဖျက်ဖို့ သွေးနဲ့ ယစ်ပူဇော်ရမှာပါ
သူတို့တွေက ကျိန်စာပြယ်ဖို့ ကြိုးစားရင်း ဂျက်နဲ့ ပြန်ဆုံကြပြီး
ဘာတွေ အလုပ်ရှုပ်ကြလဲ ဇာတ်ကားထဲမှာသာ ဆက်ကြည့်လိုက်ကြပါ…
ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi Lwin ကရေးသားပေးထားပါတယ်..
