无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Salitan (2024) ⭐IMDB: 6.7/10 (24 Votes) 🎬 #Adult #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 43 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Salitan (2024) အန်နီက အောင်မြင်တဲ့ရှေ့နေတစ်ယောက်ရဲ့ဇနီးဖြစ်ပြီး သူ့ရဲ့နေ့တာတွေကို သူ့ခင်ပွန်းနဲ့လက်ထောက်ကောင်မလေးကို သံသယဝင်ပြီး ကုန်ဆုံးလေ့ရှိပါတယ်။ တစ်နေ့တော့ ခင်ပွန်းသည်ရဲ့ ဘာလီခရီးစဉ်မှာ အဲဒီလက်ထောက်မိန်းကလေးကိုပါခေါ်သွားမှာဖြစ်တဲ့အတွက် သံသယတွေဝင်ပြိး သူကိုယ်တိုင်နောက်ကလိုက်ချောင်းပါတော့တယ်။ ဒါပေမဲ့လည်း ခရီးစဉ်မှာတွေ့ခဲ့တဲ့ သူစိမ်းလူချောတစ်ယောက်ကြောင့် ဖောက်ပြန်မှုကိုလိုက်စုံစမ်းတဲ့ သူကိုယ်တိုင်က ဖောက်ပြန်သူဘ၀ကျရောက်သွားတဲ့အခါမှာတော့…ရှေ့နေ အယ်လ်ဘတ်၊ လက်ထောက်ကောင်မလေး ခရစ်စတီ၊ အယ်လ်ဘတ်ရဲ့ဇနီး အန်နီနဲ့ သူနဲ့ဖောက်ပြန်မိသူ သူစိမ်း အယ်လ်မာတို့ကြား လေးပွင့်ဆိုင်ဇာတ်ရှုပ်တစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ မင်းသမီးသစ်လေး Vern Kaye နဲ့ မသစ်တသစ်လေး Angelica Hart တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
History of Evil (2024) ⭐IMDB: 3.4/10 (463 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 History of Evil (2024) Thriller နဲ့ Supernatural ကို ပေါင်းစပ်ထားတဲ့ ကားတစ်ကားပါ။ အချိန်ကာလအားဖြင့် 2045 ခုနှစ်မှာ ဖြစ်ပျက်ခဲ့သလိုမျိုး ဇာတ်အိမ်တည်ထားတာပါ။ ဘာသာရေးသမား အာဏာရှင်အစိုးရက ဘာသာမဲ့ အယုံအကြည်မရှိသူတွေ တစ်နည်းအားဖြင့် မြောက်အမေရိက ဖက်ဒရယ်အဖွဲ့ကို နှိမ်နင်းနေတဲ့အချိန်ပါ။ နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေ အဓိကရုဏ်းတွေ ဖြစ်နေပြီး ကွပ်မျက်တာပါ လုပ်နေတဲ့ကာလဖြစ်ပါတယ်။ ရွန်ရဲ့ဇနီးဖြစ်သူ Activist အလဂရာကလည်း ဖက်ဒရယ်ဘက်ကနေ စာအုပ်ရေးမိလို့ အစိုးရက နိုင်ငံရေးအကျဉ်းထောင်မှာ အကျဉ်းချထားပါတယ်။ သူတို့မှာ ဒါရီရာလို့ခေါ်တဲ့ ၆နှစ်အရွယ်သမီးလေးလည်း ရှိပါတယ်။ အလဂရာက Resistance လို့ခေါ်တဲ့ သူတို့ဘက်က တော်လှန်ရေးသမားတွေ အကူအညီနဲ့ ထောင်ကနေ ထွက်ပြေးလာပြီး ရွန်တို့သားအဖနဲ့အတူ ထွက်ပြေးဖို့ကြိုးပမ်းပါတယ်။ လမ်းတစ်ဝက်မှာ လူသူမနီးတဲ့တောထဲက အိမ်ကြီးတစ်အိမ်ထဲ ခိုနားမိရာကနေ ဇာတ်လမ်းက Supernatural ဘက် ကူးပြောင်းသွားတာလို့ ဆိုရပါမယ်။ လူမရှိတဲ့အိမ်ကြီးမှာ တစ်ချိန်က ဘယ်လိုလူတွေနေခဲ့တာလဲ… သူတို့ရဲ့ အတိတ်သမိုင်းကြောင်းက ဘာများဖြစ်မလဲ… ရွန်က ဒီအိမ်ရှင်တွေနဲ့ ပတ်သက်မိပြီး ဘယ်လို အယုံသွင်းခံရမလဲဆိုတာ… တစိမ့်စိမ့် ခံစားကြည့်ရှုရမယ့် ဇာတ်ကားအမျိုးအစားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Mapanukso (2024) ⭐TMDB: 100.0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 36 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကာလိုက ဘားတစ်ခုမှာ အကသမားအဖြစ် အလုပ်လုပ်ပါတယ်။ လူသိမခံချင်တဲ့ ဩဇာကြီး လူ့မလိုင်အလွှာက ဒိတ်ဒိတ်ကြဲ အမျိုးသမီးတွေ စိတ်လွတ်ကိုယ်လွတ်အပျော်ရှာဖို့ဖွင့်ထားတဲ့ ဘားဖြစ်ပြီးငွေပေးနိုင်ရင် ဘာမဆိုအကုန်ရပါတယ်။ ကာလိုနဲ့အတူအလုပ်လုပ်နေတဲ့ တစ်ခြားလူငယ်တွေ အများကြီးရှိပြီး အားလုံးဟာ ကိုယ့်ဦးတည်ချက်နဲ့ကိုယ်၊ ကိုယ့်ဘ၀နဲ့ကိုယ်ပါပဲ။ ဒီဇာတ်ကားမှာတော့ သူတို့တွေအလုပ်သဘောအရဆက်ဆံနေရတဲ့အမျိုးသမီးတွေက တစ်ဖက်၊ ကိုယ့်အိမ်သူ၊ ချစ်သူတွေကတစ်ဖက်နဲ့ ဝါသနာနဲ့အလုပ်ကြား မျှတအောင်ထိန်းကျောင်းနေရတဲ့ ဘ၀တွေကိုတွေ့မြင်ရပါမယ်။ သူတို့နဲ့ပတ်သက်ဆက်ဆံနေရတဲ့ အထက်တန်းစားအမျိုးသမီးတွေဟာ သူတို့ဘ၀ကိုကောင်းနေချိန်မှာမြှင့်တင်ပေးနိုင်သလို အမြင်မကြည်ချိန်မှာပဲ အသက်ကိုပါရန်ရှာတဲ့အထိဒုက္ခပေးနိုင်လို့ပါပဲ။ ( အညွှန်းရေးသားထားသူကတော့...
Suvarna Sundari (2023) ⭐IMDB: 7.8/10 (1 k Votes) 🎬 #Bollywood #Drama #Fantasy #Mystery #Horror #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Suvarna Sundari 2023 “မရဏရုပ်တု”IMDb – 7.9/10 လွန်ခဲ့တဲ့ ၁၅ရာစုလောက်ကပေါ့ ကာလာကယ်တိုင်းပြည်ကို အုပ်စိုးရတဲ့ ရာဂျာမဟာဒေ့ဗ်ရတ်ဒီဘုရင်ဟာသူ့ဆရာရဲ့အမိန့်အရ တိုင်းပြည်သာယာဝပြောပြီး နတ်ဆိုးတို့ရန်ကနေ ကာကွယ်နိုင်အောင် လှပတဲ့နတ်ဘုရားမှထရီနထရီရုပ်တုကို ကိုးကွယ်ခဲ့တယ်။ ဒါပေမဲ့လည်း အဲဒီကိုးကွယ်ခဲ့တဲ့ ရုပ်တုကမကောင်းတဲ့စွမ်းအင်တွေကို စုပ်ယူပြီး သွေးဆာနေတဲ့ရုပ်တုဖြစ်နေခဲ့ပါတယ်။ ဒီရုပ်တုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့သူမှန်သမျှဟာ အသေဆိုးနဲ့ သေရတာကြည့်ပါပဲ။ဒီလိုနဲ့ ဒီရုပ်တုကို ဖျက်စီးဖို့ ကြိုးစားရင်း ဖျက်စီးလို့မရနိုင်ဖြစ်ပြီးခေတ်တွေအလီလီပြောင်းလာခဲ့ပါတော့တယ်။ ဒီလိုရုပ်တုမျိုးကိုမှ ကံကောင်းတယ်ဆိုပြီးတော့ ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးသမားတွေကငွေကို ကုဋေနဲ့ချီပြီး လိုက်ဝယ်နေရာကနေ ဘယ်သူတွေက ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရမလဲ …….ဒီရုပ်တုကြောင့်နဲ့ ဘယ်သူတွေက ဘယ်လိုဒုက္ခတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex~V~ToMo~Yunni တို့ပဲဖြစ်ပါတယ်)...
Scrambled (2023) ⭐IMDB: 6.0/10 (719 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားမှာဆိုရင် အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်တည်မှု၊ အမျိုးသမီးတစ်ယောက်ရဲ့ mid-life crisis တွေကို ရိုက်ပြထားတာတွေရပါမယ်။ ထူးခြားတာကတော့ ဇာတ်ညွှန်းရော၊ ဒါရိုက်တာရော၊ သရုပ်ဆောင်ရော Leah McKendrick ကိုယ်တိုင်ပါပဲ။ နယ်လီ ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့ချစ်သူ ရှောန်နဲ့ပြတ်သွားပြီးတဲ့နောက်မှာ single တစ်ယောက်အနေနဲ့ သူ့ဘဝကြီးကို အပျော်ပွဲတွေတက်၊ ယောက်ျားတွေနဲ့ ဒိတ်လုပ်ရင်းအချိန်တွေကုန်ခဲ့ပါတယ်။ တစ်နေ့ကျတော့ သူ့သူငယ်ချင်းတွေအားလုံး သူ့အိမ်ထောင်၊ သူ့ဘဝနဲ့သူ တည်တည်ငြိမ်ငြိမ်ဖြတ်သန်းတော့မယ့်အချိန်မှာ… သူ့မိသားစုကပေးလာတဲ့ဖိအားတွေနဲ့ အသက်လတ်အမျိုးသမီးတစ်ယောက်ရဲ့ဖြစ်တည်မှုဆိုင်ရာပြဿနာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက comedy, drama အမျိူအစားဖြစ်ပြီး အမျိုးသမီးတစ်ယောက်မှာကြုံတွေ့ရတဲ့၊ အမျိုးသားတွေနဲ့မတူတဲ့ အချိန်ယန္တရားရဲ့ခြိမ်းခြောက်မှုတစ်ခုကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။...
Amityville Ripper (2023) ⭐IMDB: 3.1/10 (83 Votes) 🎬 #Horror #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမ်မတီဗေးလ်ဆိုတဲ့ နာမည်ကြီး horror ဝတ္ထုနဲ့ တစ်ချိန် အင်္ဂလန်မှာ ကျော်ကြားခဲ့တဲ့ Jack The Ripper (လူသတ်သမား ဂျက်) ကို ရောသမမွှေပြီး troll သဘောမျိုး ပြန်ရိုက်ထားတဲ့ ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ် တစ်ခုပြောချင်တာက ဒီကားက အပျော်တမ်းရုပ်ရှင်လိုမျိုး အပြောင်အပျက်တွေရိုက်ထားတာ ဖြစ်ပြီး အတည်တော့ ကြည့်လို့မရဘူးပေါ့… အတော်လေးတော့ ရယ်ရတဲ့ ကားလေးပါ ဇာတ်လမ်းအစမှာ ဂြိုဟ်သားယာဥ်ပျံ သတင်းတစ်ခု ပွက်လောရိုက်နေပြီး နယူးရီးယား ညမှာ Goth ကောင်မလေး….(Goth ဆိုတာ အနက်ရောင်တွေဝတ်, အနက်ရောင်တွေဆိုးပြီး ဝိညာဥ်တွေ သေခြင်းတရားတွေကို စွဲလမ်းတဲ့ မိန်းကလေးကို ပြောတာပါ) မယ်ရီရန်နဲ့ သူငယ်ချင်းဖြစ်သူ အန်နီတို့ နယူးရီးယားညမှာ နာမည်ကြီး ကွင်းဆက်လူသတ်သမား (Jack The Ripper) ကို ဝိညာဥ်ပြန်ခေါ်မယ် လုပ်ကြတယ် မယ်ရီရန်ရဲ့ မောင်လေးနဲ့ သူ့သူငယ်ချင်းတွေကလည်း သူတို့အိမ်မှာ ပါတီလုပ်နေကြပြီးတော့ ည ၁၂ နာရီကျ သူတို့ခေါ်လိုက်တဲ့ ဝိညာဥ်က အားလုံးကို လိုက်သတ်တဲ့ ဇာတ်လမ်းပေါ့ဗျာ ဒီဇာတ်လမ်းက comedy ဆိုတာထက် troll တာလို့ ပြောရင်ပိုမှန်မှာပါ… ဇာတ်ကားကလည်း တိုတယ်ဆိုတော့ ခဏလောက်တော့ အပျင်းပြေကြည့်လို့ရတာပေါ့...
The Woodmen (2023) ⭐IMDB: 3.2/10 (148 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟော်ရာရုပ်ရှင်တွေကို ရေးသားရိုက်ကူးတဲ့ ဒါရိုက်တာ Joshua Bruckerရဲ့ ဒိုကူဆန်ဆန်ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ တောနက်ကြီးတစ်ခုက တောင်တန်းတွေဆီမှာ အမည်မသိတဲ့မျိုးစိပ်တစ်ခုနေထိုင်တယ်လို့ သတင်းတွေရှိပါတယ်။ အဲဒီဒေသမှာ ဘာအကြောင်းရယ်ကြောင့်မသိရဘဲ လူတွေကို ခေါ်ဆောင်သွားတာမျိုးတွေလည်း ကြုံနေရတယ်။မျက်မြင်ကြုံတွေ့လိုက်ရတယ်လို့ပြောကြပေမဲ့ ကောလဟလသာသာပဲဖြစ်နေခဲ့တယ်။ ဒါကြောင့်ပဲ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် လာနာနဲ့ အဖော်တစ်ယောက် ဒီတောကြီးထဲမှာ အကြောင်းအရင်းအစစ်အမှန်ကို သုတေသနပြုရှာဖွေရင်း ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရတဲ့ ဗီဒီယိုကို တောင်ခေါင်းတစ်ယောက်တွေ့ခဲ့ရာကစပြီး… မတူညီတဲ့နောက်ခံကိုယ်စီနဲ့ ပညာရှင်တွေ ဒီတောထဲကို စူးစမ်းလေ့လာဖို့ ကိုယ်စီရောက်လာကြချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
Susuk (2023) ⭐TMDB: 45.0% User Score 🎬 #Horror 🗓 2023 🎞 Series 🌎 #Indonesia ⏰ 1 နာရီ 43 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Susuk (2024) အညွှန်း ဒီအင်ဒိုသရဲကားကိုမကြည့်ခင်မှာ အားလုံးကို Susuk ရဲ့ အဓိပ္ပါယ်ကိုရှင်းပြပါမယ်။Susuk ဆိုတာ ရွှေအပ်လေးတစ်မျိုးဖြစ်ပြီး လူခန္ဓာကိုယ်ရဲ့ တစ်ရှူးအလွှာထဲကို ထိုးထည့်ရတဲ့အရာပါ။Susuk မှာ အလှအပသက်သက်အပြင် အဆစ်အမြစ်နာကျင်ခြင်းနှင့်အခြားအသေးစားရောဂါများကို ကုသခြင်းအထိ ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။ဤအလေ့အကျင့်ကို ထိခိုက်ဒဏ်ရာရခြင်းနှင့် မတော်တဆထိခိုက်မှုမှ အကာအကွယ်အဖြစ်လည်း အသုံးပြုကြပါတယ်။Susuk အလေ့အကျင့်ကို ဒေသအတွင်း အစ္စလာမ္မစ်အသွင်ကူးပြောင်းရေး မတိုင်မီကတည်းကယခုခေတ်အစ္စလာမ့်ပညာရှင်များ ( ဟရာမ် ) မှ တားမြစ်ပိတ်ပင်ထားပါတယ်။Susuk ကို ဂါထာများဖြင့် မြှပ်နှံထားသည်ဟု ဆိုကာ ၎င်း၏ ထိရောက်မှုကို တိုးမြှင့်ရန်အတွက် တစ်ချိန်တည်းတွင် ပြုလုပ်လေ့ရှိပါတယ်။Susuk ကို မသေဆုံးမီ ဖယ်ရှားရန် လိုအပ်ပြီး မဟုတ်ရင် လူက သေဆုံးရန် ခက်ခဲမည် ဟုလည်း ဆိုကြတယ်။ထို့ကြောင့် သက်ဆိုင်သူက အသက်ကြီးလာတဲ့အခါ ဒါမှမဟုတ်နာမကျန်းဖြစ်တဲ့အခါတွေမှာ Susuk ကို ဖယ်ရှားကြတာများတယ်။Susuk ကို ဖယ်ရှားခြင်းက တတ်ကျွမ်းသူ၏ ကျွမ်းကျင်မှုလည်း လိုအပ်တာပေါ့။နဂိုကတည်းက အလှအပအတွက် သုံးတဲ့ Susuk ကို ဖယ်ရှားလိုက်ပါကခြောက်လအတွင်း သူ၏ နဂိုမျက်နှာကို ပြန်လည်ရောက်ရှိမည်ဟုပြောစမှတ်တွင်ကြပါတယ်။ဒီဇာတ်လမ်းမှာတော့ လာရက်စ်တစ်ယောက် လိင်အလုပ်သမအဖြစ်လုပ်စားနေပြီး သူ့ရဲ့ညီမ ယူ နဲ့လည်း ဆက်ဆံရေးမပြေလည်ပါဘူး။တစ်နေ့ကျတော့ လာရက်စ်တစ်ယောက် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရောက်လာတဲ့အခါမှာတော့သူ့ညီမက အစ်မကို ကယ်တင်ရန်အလို့ငှာ နည်းပေါင်းစုံနဲ့ ကြံလာပါတော့တယ်။ဖြစ်ချင်တော့ အစ်မခန္ဓာကိုယ်ထဲမှာလည်း Susuk (ဆူဆု) ရှိနေတဲ့အတွက်သေလည်းမသေနိုင်ဘဲ ဆန့်တငင်ငင်ကြီး ဖြစ်နေတဲ့အခါ ဘယ်လိုပယောဂတွေ ဝင်ရောက်လာမလဲ။ယူ တစ်ယောက် သူ့အစ်မ လာရက်စ်ကို ကယ်တင်နိုင်ပါ့မလားဆိုတာရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ရအောင်လားနော်။ အညွှန်းနဲ့ဘာသာပြန်ကတော့Kaung Setပဲ ဖြစ်ပါတယ်...
As If It's True (2023) ⭐IMDB: 5.0/10 (30 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 41 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 As If It’s True (2023) “တကယ်ဆိုရင်…”IMDb – 5/10 “One More Chance”လိုမျိုး သီချင်းအေးအေးလေးတွေ သီဆိုတတ်တဲ့အဆိုတော်သရုပ်ဆောင် မင်းသားငယ်လေး Khalil Ramosနဲ့Spirit of the Glass 2: The Hunted (2017)မှာ ချဲလ်ဆီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချောလေး Ashley Ortegaတိုရဲ့ အချစ်ရိုမန့်စ်ဖိလစ်ပိုင်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျမ်မာစတုန်းဆိုတဲ့ကောင်မလေးရဲ့ သူ့ကို အလုပ်ထုတ်လိုက်တဲ့ သူဌေးဖြစ်သူကို ပေါက်ကွဲပြီးဆဲဆိုထားတဲ့ တက္ကစီပေါ်ကဗီဒီယိုလေးက လိုင်းပေါ်မှာအတော်လေးဂယက်ထသွားပါတယ်။အဲဒီကနေစလို့ ဖော်လိုဝါတွေတိုးလာခဲ့တဲ့ ဂျမ်မာတစ်ယောက်လူသိများတဲ့ အင်ဖလူယန်ဆာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ဖော်လိုဝါတွေ ဆက်တိုးလာဖို့နဲ့ သူတင်တဲ့ဗီဒီယိုတွေကို ကြည့်ရှုသူအရေအတွက်တိုးလာအောင်သူ့ဘ၀ပါလို့ထင်စေမဲ့ အစစ်အမှန်မဟုတ်တဲ့ဘ၀တစ်ခုကို အမြဲတမ်းတင်ဆက်ပေးနိုင်ဖို့တစ်နည်းပြောရရင် ဆိုရှယ်မီဒီယာမှာ ဂယက်ထဖို့ ကြိုးစားနေရသူလေးပေါ့။ဒီလိုကနေ ဂျိမ်းစ်ဆိုတဲ့ ရုန်းကန်နေရဆဲ အဆိုတော်လေးနဲ့ ဆုံတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanဖြစ်ပါတယ်)...
Alice & Jack (2024) ⭐TMDB: 30.0% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica #UnitedKingdom ⏰ 44 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alice & Jack (2024) အရှက်အကြောက်ကြီးတဲ့ ဆေးသိပ္ပံသုတေသနပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂျက် ဟာ ငွေကြေးပိုင်ဆိုင်ရာ အလုပ်လုပ်နေတဲ့ အဲလစ်ဆိုတဲ့ အမျိုးသမီးလေးနဲ့ ညတစ်ညမှာ ချိန်းတွေ့ကြရင်း ချစ်ကြိုက်မိသွားပါတော့တယ်။သို့သော်လည်း ချစ်မိကြတဲ့သူတို့နှစ်ယောက်ဟာ အဲလစ်ရဲ့ ခန့်မှန်းရခက်တဲ့အပြုအမူတွေ စိတ်မထင်ရင် မထင်သလို အဆက်အသွယ်ဖျက်မှုတွေကြောင့် ဝေးကွာခဲ့ရာမှ တစ်နေ့မှာ အဲလစ် ပြန်ဆက်သွယ်လာသောအခါ တည်ငြိမ်စပြုလာတဲ့ ဂျက် ဘဝမှာ ဘယ်လို ဂယက်တွေထလာမလဲ…သူတို့နှစ်ဦးရော ပြန်လည်စုံစည်းနိုင်ပါ့မလား… ဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုရမည့် အချစ်ဇာတ်လမ်းတွဲ လေးပဲဖြစ်ပါတယ်။...
The Chapel (2023) ⭐IMDB: 5.8/10 (263 Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Belgium #Netherlands ⏰ 1 နာရီ 37 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Chapel [2023]( IMDb 5.8/10 ) ဂျနီဖာဟာ ငယ်စဉ်ကလေးဘဝကတည်းက မိခင်ရဲ့ လမ်းညွှန်မှုနဲ့ စန္ဒရားပညာကို လေ့လာသင်ကြားခဲ့ရပါတယ်…မိခင်ဖြစ်သူကလည်း သာမန်စန္ဒရားပညာရှင် ဖြစ်စေချင်ရုံတင်မဟုတ်ပဲQueen Elizabath ပြိုင်ပွဲမှာ အနိုင်ရတဲ့ထိ ယှဉ်ပြိုင်စေချင်ခဲ့တာပါ…ဒီလိုနဲ့ပဲ ဂျနီဖာဟာ အသိစိတ်ရှိစဉ်ကစလို့ အရွယ်ရောက်တဲ့အထိ ပီယာနိုသာ သူမဘဝဖြစ်ခဲ့ရပါတယ်…သူတို့ရည်မှန်းထားတဲ့ ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာမို့Chapel ဆိုတဲ့ စံအိမ်မှာ ခေတ္တတည်းခိုရင်း ပြိုင်ပွဲအတွက် လေ့ကျင့်ရပါတော့တယ်…ဒီစံအိမ်မှာ ဖိုင်နယ်ပြိုင်ပွဲဝင် ၁၂ယောက် ရှိနေပြီးတော့သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် အနိုင်ရဖို့ ဘယ်လို ဆောင်ရွက်လှုပ်ရှားသွားကြမလဲ…ဂီတဟာ အများထင်သလို နူးညံ့မှု သိမ်မွေ့မှု မွန်မြတ်မှုတွေနဲ့ချည်း ဖွဲ့စည်းထားတာ ဟုတ်ရဲ့လားဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...
Indigo (2023) ⭐IMDB: 5.5/10 (314 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 58 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Indigo (2023) ဒီကားလေးကတော့ MIDb 5.5 ထိရရှိထားတဲ့ ၂၀၂၃ ခုနှစ်ထွက်Horror/Thriller အမျိုးအစား အင်ဒိုဇာတ်ကားကောင်းလေးပါတစ်ခြားအပနှင်ကားတွေနဲ့ နည်းနည်းလေးကွဲထွက်ပြီးတော့ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့တည်ဆောက်ထားတာပါဇာတ်ကားထဲမှာ ဇိုရာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးနဲ့ သူ့ညီမလေးတို့ဟာသူတို့မိဘတွေဆုံးသွားလို့ အိမ်ကြီးထဲမှာ နှစ်ယောက်ထဲနေကြရတယ်သူတို့ညီမနှစ်ယောက်လုံးမှာ အင်ဒီဂိုဆိုတဲ့ သူများတွေမမြင်ရ မကြားရတဲ့ပရလောကသားတွေကိုမြင်ရကြားရတဲ့အစွမ်းကိုပိုင်ဆိုင်ထားကြတယ်တကယ့်ကိုစွမ်းအားကြီးတဲ့ နတ်ဆိုးတစ်ကောင်က သူတို့ညီမနှစ်ယောက်ထဲက တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုလိုချင်လို့လိုက်သောင်းကျန်းနေတာကို သူတို့တွေ ဘယ်လိုသည်းထိပ်ရင်ဖို ခုခံကာကွယ်ကြလဲဆိုတာ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ် ဒါရိုက်တာ Rocky Soraya ရိုက်ကူးထားပြီးတော့Main cast အဖြစ် အင်ဒို မင်းသမီးချောလေး Amada Manopo သရုပ်ဆောင်ထားပါတယ်မင်းသမီးလေးချောချက်ကလဲ သူနဲ့တင်ကြည့်ရတန်နေပါပြီစိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးဖြစ်ပြီး အာရှပရလောကကားတွေကြိုက်တဲ့သူတွေအတွက်လက်မလွှတ်သင့်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့Saii Thurein Lynnပဲ ဖြစ်ပါတယ်...
Mune: Guardian of the Moon (2014) ⭐IMDB: 7.1/10 (8 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2014 🎞 movie 🌎 #France ⏰ 1 နာရီ 25 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mune : Guardian of the Moon (2014) ဒီကားလေးကတော့ ၂၀၁၄ မှာထွက်ရှိခဲ့တဲ့ Family/Fantasy အမျိုးအစား animation ကားကောင်းလေးတစ်ကားပါRating မှာလည်း MIDb 7.1 ထိရရှိထားပြီးတော့ကလေးရောလူကြီးပါကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါအချိန် ၁ နာရီကျော်လောက်ကြာပြီး ဇာတ်အိမ်ဖွဲ့ထားတာလေးကချစ်ဖို့ကောင်းလွန်းတော့ အကြိုက်တွေ့မယ်ဆိုတာသေချာပါတယ်ဇာတ်လမ်းအစမှာ နေနဲ့လရဲ့စောင့်ရှောက်သူတွေဟာကမ္ဘာကြီးကိုဟန်ချက်ညီအောင်ထိန်းသိမ်းနေကြရတယ်နက်ခရော့ဆိုတဲ့ မိစ္စာတစ်ကောင်က စောင့်ရှောက်သူအသစ်ခန့်အပ်လွှဲပြောင်းပွဲအပြီးမှာလူသစ်လေးတွေဖြစ်တာကိုအခွင့်ကောင်းယူပြီး နေကိုခိုးဖို့ကြိုးစားပါတော့တယ်အရည်ပျော်လိုက် ခဲလိုက်ဖြစ်နေတဲ့ ဖယောင်းကောင်မလေးက ဘယ်လိုတွေကူညီပေးနိုင်မလဲစောင့်ရှောက်သူတွေဖြစ်တဲ့ မူရ် နဲ့ ဆိုဟွန်းတို့ဘယ်လိုတွေကြိုးစားပြီး ကမ္ဘာကြီးကိုကယ်တင်ကြမလဲဆိုတာရင်ခုန်စရာလေးတွေ ဟာသလေးတွေရောပြီးမိသားစုနဲ့တူတူကြည့်ဖို့အသင့်တော်ဆုံးကားလေးတစ်ကားပဲဖြစ်လို့ အခုပဲဒေါင်းထားလိုက်ကြတော့နော် အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။...
Don't Look at the Demon (2022) ⭐IMDB: 5.1/10 (386 Votes) 🎬 #Horror #Mystery #Thriller 🗓 2022 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 36 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror ပရိသတ်တွေအတွက် 2022က ထွက်ရှိခဲ့တဲ့ Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားထဲမှာတော့ ဂျူးစ်ဆိုတဲ့ကောင်မလေးဟာ သာမာန်လူတွေလိုမဟုတ်ပဲ ငယ်စဉ်ကတည်းက ပရလောကသားတွေ ဝိဉာဉ်တွေနဲ့ စကားပြောနိုင် ဆက်သွယ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီအစွမ်းဟာ ကောင်းတာတွေလဲရှိနိင်သလို မကောင်းတာတွေလဲဖြစ်နိုင်ကြောင်းကို ထိတ်လန့်ဖွယ်ရာရိုက်ပြထားတာပါ။ ဇာတ်လမ်းအညွှန်းကတော့ ဂျူးစ်ဟာ သူ့ရဲ့မွေးရာပါအစွမ်းကို အသုံးချပြီး သူ့သူငယ်ချင်းတွေနဲ့အတူ ပရလောကနဲ့ပတ်သက်တာမှန်သမျှကို စုံစမ်းကြ လိုက်ရှာကြပြီး လူတွေကို လိုက်ကူညီပေးတဲ့ အဖွဲ့တစ်ဖွဲ့ထောင်ထားကြတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့အဖွဲ့ဟာ သူတို့ကို အကူအညီတောင်းထားတဲ့ အီးမေးလ်တစ်ခုကိုလက်ခံလိုက်ပြီး ထိုလိပ်စာအတိုင်း လူနေနည်းတဲ့ တောင်ကုန်းပေါ်ကရွာလေးတစ်ရွာမှာရှိတဲ့ အိမ်ကြီးတစ်လုံးဆီကိုသွားကြတော့တာပါပဲ။ သူတို့မသိလိုက်တာတစ်ခုကတော့ ထိုအိမ်ကြီးမှာရှိတဲ့အရာဟာ သူတို့ကြုံဖူးနေကျထက် ပိုပြီးကြောက်စရာကောင်းပြီး အရမ်းအန္တရာယ်ရှိတဲ့အရာတစ်ခု ဖြစ်နေချိန်မှာတော့ သူတို့ဟာ ထိုပြဿနာကိုဖြေရှင်းဖို့ထက် အသက်ရှင်ဖို့တောင်အနိုင်နိုင်ကြိုးစားရတာကိုတွေ့ရမှာပါ။ ဒီဇာတ်ကားမှာ ခြောက်ခြားစရာတွေ၊ သွေးထွက်သံယိုတွေကို ကောင်းကောင်းကြီးထည့်ထားတဲ့အတွက် Horror fanတွေအတွက်တော့ ကြည့်ရှုရတာတန်တဲ့ ဇာတ်ကားတစ်ကားပါပဲ။...
American Dreamer (2022) ⭐IMDB: 5.7/10 (390 Votes) 🎬 #Comedy 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklageရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကို ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကလည်း ရိုးရှင်းရှင်းလေးကိုမှ cinematography တွေလည်းလှ ကြည့်ရင်းကြည့်ရင်း စီးမျှောခံစားလို့ကောင်းဦးမှာပါပဲ။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ဖီးလစ်ဟာ စီးပွားရေးပညာ၊ ဘောဂဗေဒကို သင်ကြားပေးတဲ့ ပရော်ဖက်ဆာတစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကတော့ ထင်သလောက် မကောင်းရှာပါဘူး။ တက္ကသိုလ်မှာ ပရော်ဖက်ဆာတစ်ယောက်ဖြစ်နေပေမယ့် အိမ်လေးတစ်လုံးဝယ်နိုင်ဖို့တောင် အနိုင်အနိုင်စုဆောင်း နေရတဲ့ဘဝ၊ စိတ်ကူးယဥ်နေရတဲ့ဘဝပေါ့။ သို့ပေမယ့် ဖီးလစ်ဟာ အိပ်မက်ဆိုတာ တကယ်ဖြစ်လာ နိုင်ကြောင်းယုံကြည်သူ၊ ဇွဲမလျှော့သူပါ။သူလိုချင်တဲ့ အိမ်လေးကိုလည်းရကိုရရမယ်ဆိုတဲ့စိတ်ကူးလည်းအပြည့်ပေါ့။ ကံကောင်းချင်တော့ သူ့အိပ်မက်ထဲက အိမ်လေးတစ်လုံး စျေးချိုချိုနဲ့သွားတွေ့ပါတယ်… ဒါကြောင့် ရှိသမျှစုဆောင်းငွေတွေအကုန်ထုတ်၊ ပစ္စည်းတွေကားတွေ အကုန်ထုခွဲရောင်းချပြီး ဒီအိမ်လေးကို ဝယ်လိုက်ပါတော့တယ်။ ဝယ်ပြီးခါကျမှ အိမ်ပိုင်ရှင်ရဲ့ အရှုပ်အရှင်းတွေပေါ်လာပြီး တစ်သက်လုံး စုဆောင်းလာသမျှ အကုန်ဆုံးမယ့်ကိန်းကို ဆိုက်လာပါလေရော။ ဖီးလစ်တစ်ယောက် ဖွတ်မရ ဓါးမ ဆုံးဖြစ်မယ့်အရေးကနေ ဘယ်လိုရှင်သန်နေထိုင်သွားမလဲဆိုတာကို comedyလေးတွေနဲ့ ကြည်ကြည်နူးနူးကြည့်လို့ကောင်းမယ့်ကားလေးဖြစ်ပါတယ်။...
The Sweet East (2023) ⭐IMDB: 6.5/10 (1 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.8 ရထားတဲ့ နည်းနည်းတော့ခပ်ကြောင်ကြောင်နိုင်မယ့် ဒရာမာရုပ်ရှင်တစ်ကားပါ။ ရုပ်ရှင်တစ်ခုလုံးကို အိပ်မက်တစ်ခုဆန်ဆန် Alice in Wonderland လို အငွေ့အသက်နဲ့ ပေါင်းစပ်ပြီး ရိုက်ကူးထားပါတယ်။ လီလီယန်က တက္ကသိုလ်ကစီနီယာကျောင်းသူတစ်ယောက်ပါ။ သူမဟာ အမေရိကန်အရှေ့ဖက်ကမ်းခြေပိုင်းက မြို့တွေနဲ့ သစ်တောတွေကို သွားရောက်လည်ပတ်မယ့် တက္ကသိုလ်ကျောင်း ပျော်ပွဲစားခရီးစဉ်နဲ့အတူလိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အပေါ်မှာ Alice in wonderland ကိုထည့်ပြောခဲ့တဲ့အတိုင်းပဲ လီလီယန်ဟာလည်း လေ့လာရေးအဖွဲ့ဆီကနေ တစ်ယောက်တည်းထွက်သွားခဲ့ပြီး သူမတစ်ဦးတည်း ခြေဦးတည့်ရာကို လျှောက်သွားပါတော့တယ်။ ခြေဦးတည့်ရာသွားတယ်ဆိုတဲ့အတိုင်း သူမက တွေ့ကရာလူနဲ့ ကားကြုံလိုက်စီး၊ တွေ့ကရာနေရာကိုသွား၊ တွေ့ကရာလူအိမ်မှာ၀င်တည်း အဲဒီလိုကိုသွားတာပါ။ ဒီရုပ်ရှင်မှာက ပေးချင်တဲ့မက်ဆေ့ခ်ျတော့ များများစားစားပါမယ်မထင်ပါဘူး။ အဓိကက စီနီယာတန်း တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ ရောက်တတ်ရာရာ လျှောက်သွား လျှောက်လုပ်တဲ့ စွန့်စားခန်းရှည်ကြီးကို ရိုက်ပြထားတာပါ။ Rating ကတော့ အဆိုးကြီးမဟုတ်တာကြောင့် သမားရိုးကျရုပ်ရှင်တွေထက် ကွဲထွက်နေမယ့်ကားမျိုးကိုမှ ကြည့်ချင်တယ်ဆိုရင်တော့ မြည်းစမ်းကြည့်လိုက်ပါဦး။...
The (In)Famous Youssef Salem (2022) ⭐IMDB: 6.7/10 (509 Votes) 🎬 #Comedy 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 34 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMdb rating – 6.7/10 ဒီတစ်ခေါက်မှာတော့ ပရိတ်သက်ကြီးအတွက် comedy ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်ကတော့.. Youssef Salem ဆိုတဲ့စာရေးဆရာတစ်ယောက်ဟာ သူ့ရဲ့ဝတ္ထုအသစ်ကို ပြဿနာလှလှလေးတွေနဲ့အစပြုပြီး ထုတ်ဝေခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့ရဲ့ဝတ္ထုက သူတို့မိသားစုရဲ့ Algerian culture ကိုအခြေခံပြီးရေးသားထားတာပါ။ တစ်မိသားစုလုံးအကြောင်း ဒီဝတ္ထုထဲမှာပါဝင်နေတာပေါ့။ Youssef Salem ရဲ့ဖခင်ဖြစ်သူက သူတို့မျိုးနွယ်ရဲ့ ဓလေ့ထုံးတမ်းကို ဂုဏ်သိက္ခာအဖြစ်သတ်မှတ်ထားတဲ့သူပါ။ Youssef Salem တစ်ယောက် သူ့ရဲ့ဝတ္ထုကမထင်မှတ်ဘဲပေါက်သွားတော့ သူ့မှာသူ့အဖေမသိအောင် သူ့မိသားစုမသိအောင် အလုပ်တွေရှုပ်ရင်း အရှုပ်တွေဖြစ်သွားတဲ့ပြဿနာတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။...
The Greatest Game Ever Played (2005) ⭐TMDB: 72.0% User Score 🎬 #Biography #Drama #Sport 🗓 2005 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖရန့်ဆစ် အူမန့်ဟာ ဂေါ့ဖ်ရိုက်တာကို ဝါသနာပါတဲ့ လူငယ်လေးတစ်ယောက်ပါ. သူဟာ ဝါသနာကြီးလွန်းလို့ ငယ်ငယ်ကတည်းက ဂေါက်ကွင်းမှာ အိတ်သယ်အဖြစ် လုပ်ရင်း ဂေါ့ဖ်ရိုက်တဲ့ပညာကို လေ့လာခဲ့ပါတယ်. တစ်နေ့တော့ သူအရမ်းလေးစားအားကျရတဲ့ ဂေါ့ဖ်သမား ဖြစ်တဲ့ ဟယ်ရီ ဗာဒန်ဆိုတဲ့ ပုဂ္ဂိုလ်ကို အပြင်မှာတွေ့ဖို့ ဖြစ်လာပါတယ်. ဟယ်ရီဟာ လက်ရှိမှာ အအောင်မြင်ဆုံး ဂေါ့ဖ်ကစားသမားဖြစ်နေပေမယ့် သူငယ်ငယ်တုန်းကလဲ ဖရန့်ဆစ်လိုမျိုးပဲ ဘဝက ခက်ခဲကြမ်းတမ်းခဲ့တာပါ. အဲဒီ့နောက်တော့ ဖရန့်ဆစ်တို့ ဂေါက်ကွင်းမှာ US Open ပြိုင်ပွဲကြီးလာကျင်းပတဲ့အချိန်မှာ ဖရန့်ဆစ်တစ်ယောက် ပြိုင်ပွဲဝင်ရဖို့ ဘယ်လိုမျိုးတွေ ရင်ဆိုင်ရမယ်. ဒါ့အပြင် ဂေါ့ဖ်ရိုက်တယ်ဆိုတာ အားကစားတစ်ခုထက်ပိုတဲ့ ပြိုင်ပွဲနောက်ကွယ်က နိုင်ငံရေးလှည့်ကွက်တွေလည်းပါတဲ့ ကစားနည်းတစ်ခုလည်း ဖြစ်နေပြန်ပါသေးတယ်. ဆိုတော့ ဖရန့်ဆစ်တစ်ယောက် ဘယ်လိုပြိုင်ပွဲဝင်တွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူသွားနိုင်မလား ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ကျရှုံးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်. ဒါ့အပြင် ၂၀၀၆ ခုနှစ်အတွက်လည်း Best Sport Movie ဆုကိုပါရရှိခဲ့ပါသေးတယ် အဓိကသရုပ်ဆောင်အနေနဲ့ Transformers ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Shia LaBeouf က သရုပ်ဆောင်ထားပြီး 2005 ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားဆိုတော့ Transformers ရုပ်ရှင်မထွက်ခင် ၂ နှစ်လောက်က ထွက်ရှိထားခဲ့တာမလို့ Shia ရဲ့ ငယ်ရုပ်လေးကို Transformers လို အက်ရှင်ဇာတ်လမ်းမျိုးမဟုတ်ပဲ တစ်မျိုးကွဲထွက်နေတဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် မြင်ရမှာပါ...
Whale Rider (2003) ⭐TMDB: 71.0% User Score 🎬 #Drama #Family 🗓 2003 🎞 movie 🌎 #NewZealand #Germany ⏰ 1 နာရီ 42 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mulan 2020 ဇာတ်ကားနဲ့ပဲ Best Director ဆုရရှိခဲ့တဲ့ နယူးဇီလန် ဒါရိုက်တာ Niki Caro ရိုက်ကူးထားပြီး၊ နယူးဇီလန် မင်းသားကြီး Cliff Curtis နဲ့၊ GOT ထဲက ဒွန်း နိုင်ငံက ကီရှာ နေရာမှာ သရုပ်ဆောင်ထားတဲ့ နယူးဇီလန် မင်းသမီးချောလေး Keisha Castle-Hughes ကို သူ့ရဲ့ငယ်ရုပ်လေးနဲ့ ကြည့်ရမှာဖြစ်ပြီး ဒီဇာတ်ကားမှာလည်း Best Actress in a Leading Role အော်စကာဆု ရရှိခဲ့ပြီး တခြားဆုပေါင်းမှားစွာလည်းရရှိထားတဲ့ Drama/Family ဇာတ်ကားကောင်းလေးတစ်ကားပါ ဇာတ်အိမ်ကတော့ နယူးဇီလန်အရှေ့ဘက်ကမ်းရိုးတန်းမှာ ဒဏ္ဍာရီလာ ဝမ်ဂရာ လူမျိုးတွေအကြောင်းရိုက်ကူးထားတာပါ ကနူးလှေနစ်မြှပ်ပြီး ဝေလငါးတစ်ကောင်က ကျောပေါ်တင်ပြီး ကမ်းစပ်ကိုပို့ပေးခဲ့လို့ သေဘေးကနေလွှတ်မြောက်ခဲ့တဲ့ ရှေးဦးလူတို့ဖန်ဆင်းပေးခဲ့တဲ့ ပိုက်ကီယာ ဆိုတဲ့ ဝမ်ဂရာ လူမျိုးတွေရဲ့ ဘိုးဘေးတစ်ယောက်ရှိခဲ့တယ်….. ပိုက်ကီယာ ကို အစွဲပြုပြီးတော့ သားဦးယောက်ျားလေးတိုင်းဟာ ပိုက်ကီယာ ရဲ့ အမွေဆက်ခံသူအနေနဲ့ အလေးထားသတ်မှတ်ပြီး လူမျိုးစုကို ဦးဆောင်နိုင်မယ့်သူဆိုပြီး ယုံကြည်ထားကြတာပေါ့……. ဒီလို သားဦးယောက်ျားလေးပဲဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြီးကနေ…. တစ်နေ့မှာတော့ ပိုက်ကီယာ လို့နာမည်ပေးထားတဲ့ ကောင်မလေးတစ်ယောက်ဟာ ဒီလိုအရိုးစွဲနေတဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးစုရဲ့အမြင်တွေကြားမှာ ဘယ်လိုရုန်းကန်ရဦးမလဲဆိုတာကိုတော့…. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Earworm (2024) ⭐IMDB: 2.4/10 (135 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 41 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Earworm (2024) 2024 မှာအသစ်စက်စက်ထွက်ရှိထားတဲ့ Horror, Thriller အမျိုးအစားဖြစ်တဲ့ Earworm ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ဇာတ်လမ်းရဲ့အစမှာတော့ စုံထောက်၀ီလီယမ်နဲ့အဖွဲ့ သူတို့မြို့ပေါ်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့ထိ ရိုက်နှက်သတ်ဖြတ်ထားတဲ့ လူသတ်မှုတွေရဲ့ တရားခံမပေါ်ဖြစ်နေတာကြောင့် စိတ်တွေညစ်နေကြပါတယ်။ တစ်ဖက်မှာလည်း ဟန်နရီအာဒမ်ဆိုတဲ့တစ်ယောက်ဟာ ငယ်စဥ်ကတည်းက အရှက်အကြောက်ကြီးတာကြောင့် လူတွေနဲ့ ဆက်ဆံရမှာ အခက်တွေ့တဲ့အပြင် လုပ်ဖော်ကိုင်ဖက်ကပါ လှောင်ပြောင်နေတာကြောင့် သူ့ရဲ့အရှက်အကြောက်ကြီးတဲ့စိတ်ကို ပြင်ဖို့ကြိုးစားရင်း အဖွဲ့တစ်ဖွဲ့ရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်ပါတယ်။ သူတွေးထားတာထက်ပိုပြီးနက်နဲတဲ့ရည်ရွယ်ချက်ကြီးတစ်ခု အဲဒီအဖွဲ့အစည်းနောက်မှာရှိနေတာကို မသိတဲ့ ဟန်နရီတစ်ယောက် တွေ့ဆုံမှုအပြီး ဘယ်လိုတွေပြောင်းလဲသွားလဲ… လူသတ်မှုတွေနဲ့ အဖွဲ့အစည်းနဲ့ကရော ဘယ်လိုတွေပတ်သက်နေလဲ… ဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
