无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Kingdom (2019- )
⭐IMDB: 8.3/10 (52 k Votes)
🎬 #Drama #Mystery #Action #Horror #Thriller
🗓 2019- 🎞 tv series
🌎 #SouthKorea
⏰ 52 မိနစ် 48 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kingdom (2019) Season 1 [COMPLETE]အခုလောလောလတ်လတ် ၂၀၁၉ ဇန်နဝါရီ ၂၅ မှာမှ အသစ်ထွက်လာတဲ့ ကိုရီးယား အက်ရှင်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။အွန်လိုင်းကောမစ်တစ်ခုဖြစ်တဲ့ “The Kingdom of the Gods” ကို အခြေခံပြီး ရိုက်ကူးထားတာပါ။
Your browser does not support the video tag.ထုတ်လုပ်သူကတော့ အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲကောင်းများစွာကို ထုတ်လွှင့်နေတဲ့ Netflix ကပါပဲ။Netflix ကလွှင့်တဲ့ ဒုတိယမြောက် ကိုရီးယား ဇာတ်လမ်းတွဲဖြစ်ပြီး ပထမ Season အနေနဲ့ အပိုင်းခြောက်ပိုင်းပါရှိပါတယ်။အဓိကဇာတ်ဆောင်ဖြစ်တဲ့ အိမ်ရှေ့စံ Lee Chang နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Ju Ji-Hoon ကိုတော့ မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျိုဆောင်ခေတ်မှာ အိမ်ရှေ့စံမင်းသားက တိုင်းပြည်အတွင်းမှာ ထူးဆန်းတဲ့ ကပ်ရောဂါဆိုး ကျရောက်နေတာကိုစုံစမ်းရင်းအမှန်တကယ်တော့ အဲဒီကပ်ရောဂါဆိုးက လူတွေကို ဇွန်ဘီတွေဖြစ်သွားနိုင်စေတယ်ဆိုတာ သိလာရပါတယ်။သူအဲဒီကပ်ရောဂါဆိုးကနေ သူ့ရဲ့နိုင်ငံကို ကယ်တင်နိုင်ပါမလား။အိမ်ရှေ့စံဖြစ်တဲ့ သူ့ကို ထီးနန်းမရအောင် တားဆီး တိုက်ခိုက်နေတဲ့သူတွေကိုရော ကာကွယ်နိုင်ပါမလားဆိုတာကို အက်ရှင် ကြမ်းကြမ်းလေးနဲ့ပြပေးထားပါတယ်။(ဘာသာပြန်တင်ဆက်ထားသူများကတော့ Thura Zarni Aung,May Tharaphi Lwin,May Myat Thu,d3mon,Aye Mon Kyaw တို့ ဖြစ်ပါတယ်။)...
Rosemary's Baby (1968)
⭐TMDB: 78.0% User Score
🎬 #Drama #Horror #Thriller
🗓 1968 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 17 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rosemary’s Baby (1968)
~ IMDb – 8/10, Rotten Tomatoes – 96% ~
Rosemary’s Baby ဟာ သမိုင်းအင်မတန်ကြီးတဲ့ ဟော်ရာရုပ်ရှင်ပါ။ ရုပ်ရှင်ကိုယ်တိုင်ကိုကလည်း The Exorcist နဲ့ The Omen တို့လို စေတန်ယုံကြည်မှုနဲ့ဆက်စပ်နေတဲ့ ရုပ်ရှင်တွေရဲ့ မြစ်ဖျားဖြစ်ခဲ့သလို ဒီရုပ်ရှင်နဲ့ ဆက်စပ်နေတဲ့လူအကုန်လုံးကလည်း သမိုင်းကြီးတဲ့လူတွေချည်းပါပဲ။ စာရေးဆရာက Ira Levin, ထုတ်လုပ်သူက ရောဘတ်အီဗန်၊ ဒါရိုက်တာက ရိုမန်ပိုလန်စကီး၊ မင်းသမီးက မီရာဖဲရိုး။ ဒါကိုမှ ရို့စ်မေရီဟာ ပါရာမောင့်ရဲ့ သမိုင်းဝင်ရုပ်ရှင်ဖြစ်ခဲ့သေး အော်စကာတွေလည်းရခဲ့သေးတော့ အဘက်ဘက်က သမိုင်းကြီးတယ်လို့ ပြောရမယ်။
ရို့စ်မေရီကို ၁၉၇၆မှာ ဘော့အီဗန်ဟာ Rosemary’s Baby ဝတ္တုကို ပုံမနှိပ်ခင်မှာတင် ကြိုဝယ် ရုပ်ရှင်ရိုက်ခဲ့ပြီး ၁၉၇၈မှာ ရုပ်ရှင်ကို ရုံတင်နိုင်ခဲ့တယ်။ စာအုပ်ကို ရုပ်ရှင်စရိုက်တဲ့အချိန်မှာ စာအုပ်ဟာ ဘတ်ဆဲလားမဖြစ်သေးဘဲ နောက်ပိုင်းမှဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်ဟာ ပိုလန်ဒါရိုက်တာ ရိုမန်ပိုလန်စကီးရဲ့ ပထမဆုံး အမေရိကန်ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ခဲ့တယ်။ ပိုလန်စကီးဟာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းကို သုံးပတ်အတွင်းအပြီးရေးခဲ့ပေမဲ့ အော်စကာဆန်ခါတင်ပါ ဝင်ခဲ့တယ်။ ရတော့မရခဲ့ပါဘူး။ အစကတော့ အဲဖရက်ဟစ်ကော့ကိုရိုက်ခိုင်းဖို့ ကြံခဲ့ကြတယ်လို့ဆိုတယ်။ ဘာပဲဖြစ်ဖြစ် ပိုလန်စကီးကလည်း ဂန္ထဝင်ကားတစ်ကားအဖြစ် အသက်သွင်းနိုင်ခဲ့တယ်။ ဘော့အီဗန်ကလည်း ပိုလန်စကီးကိုသဘောကျခဲ့ပြီး နောက်ပိုင်း Chinatown ရုပ်ရှင်ကိုလည်း ပိုလန်စကီးလက်ပဲအပ်ခဲ့တယ်။ အဲဒီကားလည်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တယ်။ ပိုလန်စကီးဟာ နောက်ပိုင်းမှာ The Pianist လို အော်စကာအများကြီးရခဲ့တဲ့ ရုပ်ရှင်ကိုလည်း ရိုက်ခဲ့တယ်။ The Offer စီးရီးထဲက စကားအရဆို Rosemary’s Baby ဟာ ပါရာမောင့်အတွက် အဲဒီခေတ်မှာတင် ဝင်ငွေအရ ကုမ္ပဏီကိုကယ်တင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ခဲ့သလို လက်ရှိမှာလည်း ပါရာမောင့်သမိုင်းရဲ့ဂန္ထဝင်တစ်ကားဖြစ်လာခဲ့တယ်။ One of the Greatest Horror Films of All Time လည်း ဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်နဲ့ပဲ အဘွားကြီးမင်နီနေရာက သရုပ်ဆောင်ခဲ့တဲ့ Ruth Gordon ဟာ ဇာတ်ပို့ဆု အကယ်ဒမီရခဲ့တယ်။
ဇာတ်လမ်းကတော့ အဆုံးထိ ဆွဲဆောင်မှုအားကောင်းတယ်။ ဖြဲခြောက်နေတာရော၊ မထိတထိခြောက်နေတာရော မပါသလောက်နဲ့ ဘယ်သူတွေ ဘာတွေဖြစ်နေလဲ တငွေ့ငွေ့ချင်း သရုပ်ဖော်သွားတဲ့ ဇာတ်မျိုးပေါ့။ ဖြစ်နိုင်ရင်တော့ ဘယ်လိုဇာတ်မျိုးလဲ ဆက်ဖတ်မနေဘဲ ဒီတိုင်းသာကြည့်လိုက် ပိုအရသာတွေ့လိမ့်မယ်။
ရို့စ်မေရီနဲ့ သူ့ယောက်ျား ပြဇာတ်မင်းသားဟာ နာမည်ကျော်အိမ်ခန်းတွဲတစ်ခုမှာ တိုက်ခန်းတစ်ခန်းငှားကြတယ်။ အဲဒီအိမ်က ခေတ်အဆက်ဆက်က လူသားစားတဲ့လူတွေ စေတန်ကိုးကွယ်ခဲ့တဲ့သူတွေ နေခဲ့တယ်ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတယ်လို့ သူတို့မိတ်ဆွေက ပြောပေမဲ့လည်း သူတို့ကတော့ အပြင်အဆင်လှတဲ့ အဲဒီအိမ်ကို မငြင်းနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ အဲဒီအိမ်ကို ရို့စ်မေရီနဲ့ သူ့ယောက်ျားစရောက်လာခဲ့တယ်။ သူတို့ရောက်ပြီး သိပ်မကြာခင်မှာဘဲ ကျောခင်းကပ်အခန်းက အဘိုးကြီးလင်မယားဆီနေနေတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်း ပြတင်းပေါက်ကနေ ခုန်ချသတ်သေသွားတယ်။ အဲဒီကောင်မလေးသေသွားတဲ့အကြောင်းနဲ့ ဆက်စပ်ပြီး သူတို့ဟာ အဲဒီအဘိုးကြီးလင်မယားနဲ့ ခင်လာခဲ့တယ်။ ဒီအချိန်မှာပဲ ရို့စ်မေရီက ကလေးရဖို့ကြိုးစားခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကိုယ်ဝန်ရတဲ့ညမှာ နတ်ဆိုးက သူ့ကို ဗလက္ကာရပြုကျင့်တယ်လို့ အိပ်မက်မက်ခဲ့တယ်။ ရို့စ်မေရီ စေတန်မုဒိန်းကျင့်တာခံခဲ့ရတဲ့ ဇာတ်ဝင်ခန်းဟာ The 100 Scariest Movie Moments မှာ နံပါတ် ၂၃ချိတ်ထားခဲ့တယ်။ ဒီနောက်ပိုင်း ကိုယ်ဝန်ဆောင်ကာလမှာလဲ ထူးထူးခြားခြား ကံကောင်းတာတွေဖြစ်လာခဲ့သလို သူ့ကိုယ်ဝန်က မူမမှန်နေတဲ့ အခြေအနေတွေကိုလည်း ကြုံလာရတယ်။ ဘာလို့ ဒီလိုတွေဖြစ်နေလဲ ရို့စ်မေရီတစ်ယောက် အဖြေရှာဖို့ ကြိုးစားတဲ့အခါမှာတော့…
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
The Hunt for Veerappan (2023)
⭐TMDB: 83.0% User Score
🎬 #Documentary #Crime
🗓 2023 🎞 movie
🌎 #India
⏰ 47 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hunt for Veerappan (2023)The Hunt for Veerappan (TV Series) (2023)
IMDb – 8.0/10Documentaryကောင်းကောင်း ငတ်မွတ်တောင့်တနေသူတွေအတွက်
Netflixကနေ ရေကြည်တစ်စက်ပတ်ဖြန်းလိုက်ပါပြီ။
Your browser does not support the video tag.အိန္ဒိယတောင်ပိုင်းရဲ့တောတောင်တွေကို အုပ်စိုးတဲ့တရားမဝင်အမဲလိုက်သမားကနေ
အိန္ဒိယရဲ့အကြီးမားဆုံးရာဇဝတ်ကောင် စန္ဒကူးမှောင်ခိုသမားတစ်ဖြစ်လဲ
တောဘုရင်ကြီးတစ်ယောက်ကို လိုက်လံဖမ်းဆီးခဲ့တဲ့အကြောင်းပေါ့။သူ့ရဲ့မိသားစုမိတ်ဆွေတွေရဲ့ အမြင်၊လိုက်လံဖမ်းဆီးခဲ့တဲ့ အရာရှိတွေရဲ့အမြင်၊
တပည့်တပန်းတွေရဲ့အမြင်တွေကို လိုက်လံမေးမြန်းထားတာတွေ။သူ့အပေါ် သစ္စာရှိတဲ့လူအပေါ်မှာ သူ့အသက်ကိုစတေးလိုက်ဖို့ဝန်မလေးသလို သစ္စာဖောက်တဲ့လူကိုလည်း
ရက်ရက်စက်စက်သတ်ဖြတ်တတ်တယ်ဆိုတဲ့ နှလုံးလှလူမိုက်ကြီး။အစိုးရအာဏာပိုင်တွေဘက်က သမိုင်းမှာအဆိုးဝါးဆုံးရာဇဝတ်ကောင်အဖြစ်သတ်မှတ်ပေမယ့်
ရွာသူရွာသားတွေက ဘုရားလိုကိုးကွယ်ကြပြန်ရော။ပြည်နယ်နှစ်ခုပေါင်းပြီး လိုက်လံဖမ်းဆီးပေမယ့်လည်း ဆယ်စုနှစ်ကြာလွတ်မြောက်ထွက်ပြေးနိုင်ခဲ့သူကြီး။
အိန္ဒိယရဲ့သမိုင်းမှာ ကာလအရှည်ကြာဆုံးနဲ့ ကုန်ကျစရိတ်အများဆုံး လိုက်လံဖမ်းဆီးခဲ့ရတဲ့ ရာဇဝတ်ကောင်ကြီး။
“မူသူး နင့်ကိုငါ လက်ထပ်မလို့တွေးနေတာ နင်ရောဘယ်လိုလဲ”
“နင်မှငါ့ကို မယူရင် ငါ့နှလုံးသားကိုလည်း ကျောက်စိုင်ကျောက်ခဲအဖြစ်ထားလိုက်တော့မယ်
တစ်သက်လုံး တခြားမိန်းမကိုရှာမှာမဟုတ်တော့ဘူး”ဆိုတဲ့ ဒရာမာကင်းကြီးလည်းဖြစ်ပြန်ရော။
သူ့နာမည်က ဗီရပ်ပန်တဲ့။ဗီရပ်ပန်ဘ၀ရဲ့ အတက်အကျအနိမ့်အမြင့်တွေ၊ ကြင်နာတတ်မှုတွေနဲ့ ရက်စက်မှုတွေကိုအပိုင်းလေးပိုင်းနဲ့
တစ်၀ကြီးခံစားကြည့်ရှုလိုက်ပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Thaik San~Yunni~Alexတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Heart In The Mirror ( 2023 )
⭐-
🎬 #Suspense #Drama
🗓 2023 🎞 tv movie
🌎 #China
⏰ 58 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ Douyin မှာလူကြိုက်များနေတဲ့ဗီဒီယိုအပိုင်းတိုဇာတ်လမ်းတွဲလေးကိုအစအဆုံးတစ်ဆက်ထဲတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းလေးကတော့ အရာအားလုံးဟာအနာဂတ်ကိုမြင်နိုင်တဲ့မှော်မှန်တစ်ချပ်ကနေ စခဲ့တာပဲဖြစ်ပါတယ်။ တိန့်ဟောက်ဟာနှလုံးအစားထိုးကုသပြီးတာမကြာသေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
နှလုံးအစားထိုးခွဲစိတ်ပြီးနောက်ပိုင်း သူကမှန်ထဲမှာမိန်းကလေးတစ်ယောက်ကိုအမြဲမြင်နေပြီး ချစ်မိသွားပါတယ်။ အဲဒီကောင်မလေးကိုချစ်လွန်းလို့သူ့ရဲ့ဇနီးလောင်းကိုတောင်အဆက်ဖြတ်ခဲ့ပါတယ်ဒါပေမယ့် ဒီမိန်းကလေးကသူထင်သလိုဖြူစင်တဲ့မိန်းကလေးမဟုတ်ပဲသူ့ကိုရည်ရွယ်ချက်ရှိရှိချဉ်းကပ်နေတာကိုသိလိုက်ရတဲ့အခါသူ့ရဲ့ဇနီးလောင်းကသူ့ကိုထားသွားခဲ့ပါပြီ။
သူ့ကိုချဉ်းကပ်လာရတဲ့အကြောင်းအရင်းရဲ့နောက်ကွယ်မှာဘယ်လိုကြီးကျယ်တဲ့ပြဿနာတွေရှိနေမလဲ။အဲဒီပြဿနာတွေကိုဘယ်လို ဖြေရှင်းမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။...
Tales of the Jedi (2022- )
⭐IMDB: 8.2/10 (32 k Votes)
🎬 #Animation #SciFi #Fantasy #Short #Action #Adventure #Drama
🗓 2022- 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 15 မိနစ် 24 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Star Wars: Tales of the Jedi (2022)
Your browser does not support the video tag.ဒီ စီးရီးကတော့ Star Wars ဖန်တွေအတွက် ရွှေပါပဲ။ ဂျပန်ကာတွန်းစီးရီးတွေမှာလို ဆိုရင်တော့ filler အပိုင်းတွေလို့ ပြောရမယ်ထင်ပါတယ်။ အပိုင်းတစ်ပိုင်းချင်းဆီဟာ မူရင်း Prequel သုံးကားရဲ့ခေတ်ကို အခြေခံပြီးတော့ Count Dooku နဲ့ အာဆိုးကာတာနိုတို့ရဲ့အတွေ့အကြုံနဲ့ အမြင်တွေကို ပြသသွားတာပါ။ကွိုင်-ဂွန် ဂျင်းနဲ့ ဒိုကူတို့ရဲ့ စွန့်စားခန်းကနေ ပြည်ထောင်စုအပေါ် အမြင်စောင်းလာပုံ၊ ကွိုင်ဂွင်ဂျင်နဲ့ ဆစ်သ်တစ်ယောက်စတွေ့ပုံ Darth Maul သတ်တာခံလိုက်ရပြီးတော့ ဒိုကူရဲ့ အမြင်၊ အာဆိုးကာ နဲ့ ဆရာ အနာကင်စကိုင်းဝေါ်ကာတို့ရဲ့ အတွေ့အကြုံ၊ အော်ဒါ-၆၆ ကနေ အာဆိုးကာလွတ်လာရတဲ့အကြောင်းရင်း၊ အာဆိုးကာ အင်ပါယာတော်လှန်ရေးမှာ ပါလာပုံ၊ စတာတွေကို ဝေဝေဆာဆာလေး ဖော်ပြထားပါတယ်။ဒီစီးရီးကို လူကြိုက်များသွားလို့ နောက်ခေတ်တွေအတွက် Tales of Jedi Season 2 ကိုတောင် ဖန်တွေ မျှော်နေကြပါသေးတယ်။ စတားဝေါရ်စကြဝဠာကို လိုက်ကြည့်ချင်တယ်ဆိုရင် ဒီစီးရီးကလည်း သေချာပေါက်ကြည့်သင့်တဲ့အထဲမှာ အပါအဝင်ပါပဲ။...
Dust To Dust (2023)
⭐TMDB: 60.0% User Score
🎬 #Action #Crime #Drama
🗓 2023 🎞 movie
🌎 #China #HongKong #HongKong
⏰ 1 နာရီ 52 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တရားခံကိုဖမ်းနိုင်ဖို့ (၂၁)နှစ်ကြာခဲ့တဲ့ (၁၉၉၅)ခုနှစ်မှာဖြစ်ခဲ့တဲ့ဘဏ်ဓားပြမှုကိုအခြေခံပြီးရိုက်ထားတဲ့မှုခင်းဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါ။
(၁၉၉၅)ခုနှစ် ကွမ်းတုံရဲ့ ငွေစုဘဏ်လေးတစ်ခုမှာလူနှစ်ယောက်သေနတ်နဲ့ဝင်ပြီးဓားပြတိုက်တဲ့အမှုဖြစ်ခဲ့တယ်။သိပ်မကြာတဲ့အချိန်မှာပဲ ဘဏ်ရဲ့ငွေသယ်ယာဉ်ကိုဓားပြတိုက်မှုဖြစ်သွားပါတယ်။တစ်ခါမှာတော့ ဘဏ်ဝန်ထမ်း(၃)ယောက်သေခဲ့ပြီးငွေပမာဏဟာလဲအဲဒီအချိန်မှာ အများဆုံးအဖြစ်စံချိန်တင်သွားပါတယ်။
နယ်မြေ(၃)ခုကရဲတွေဟာပူးပေါင်းပြီးစုံစမ်းခဲ့လို့ တရားခံ(၅)ယောက်ကိုအမြန်ဖမ်းနိုင်ခဲ့ပေမယ့် ကျန်တဲ့နှစ်ယောက်ကတော့ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။(၂၁)နှစ်ကြာပြီးမှ တရားခံတစ်ယောက်ကို နယ်စပ်မြို့တစ်မြို့မှာပြန်တွေ့လိုက်ရတဲ့အခါ အမှုကပြန်ပြီးအသက်ဝင်လာပါတော့တယ်။ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ထားတာဖြစ်တဲ့အတွက်ဇာတ်လမ်းတစ်ခုလုံးကိုကစိတ်ဝင်စားဖို့ကောင်းပြီး ဒါရိုက်တာကလဲကောင်းကောင်းတင်ဆက်ပေးနိုင်တဲ့အတွက်မှုခင်းဇာတ်ကားကောင်းလေးတွေကြိုက်တဲ့သူတွေအတွက်လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ပါတယ်။...
Paper Lives (2021)
⭐IMDB: 6.6/10 (13 k Votes)
🎬 #Drama
🗓 2021 🎞 movie
🌎 #Turkey
⏰ 1 နာရီ 37 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တူရကီရုပ်ရှင်တွေထဲက Netflixမှာ လူကြည့်အများဆုံးနဲ့
နိုင်ငံတကာရုပ်ရှင်ဝေဖန်ရေးသမားတွေကအစ ချီးကျူးထားတဲ့
ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။
iMDbကိုယ်တိုင်ကိုက အော်စကာနဲ့ထိုက်တန်တဲ့ရုပ်ရှင်ကားလို့
ညွှန်းထားပြန်ပါတယ်။
လူတွေဟာ ကိုယ်မရခဲ့တဲ့အရာဆို သူများအတွက်ဖြည့်ပေးချင်ကြတာချည်းပါပဲ။
Mehmetဟာ အစ္စတန်ဘူးဆင်းရဲသားရပ်ကွက်မှာ ဘူးခွံပလုံးခွံတွေ
ကတ်ထူစက္ကူတွေကို အမှိုက်ပုံးထဲကလိုက်ကောက်ရင်း ပိုက်ဆံစုကာ
ကျောက်ကပ်အစားထိုးဖို့ အလှူရှင်ကိုစောင့်ဆိုင်းနေသူပေါ့။ တွယ်တာစရာ
သိပ်မရှိလှပေမဲ့ ဘဝတူဆင်းရဲသားတွေနဲ့ ညီအစ်ကိုလိုနေရင်း ပတ်ဝန်းကျင်ကို
ကူညီတတ်သူဖြစ်ပြီး အသက်ရှင်နေဖို့ သိပ်စိတ်ပါလှတယ်တော့မဟုတ်ပါဘူး။
တစ်နေ့တော့ ဆာလာအိတ်ထဲမှာ ၈နှစ်အရွယ်ကောင်လေးတစ်ယောက်ပါ
လာပါတယ်။ ကောင်လေးကို ဘယ်ကလာလဲ မင်းအိမ်ဘယ်မှာလဲမေးပေမဲ့
ခေါင်းတွင်တွင်ခါရင်း ကျွန်တော်ပိုက်ဆံရှာချင်တယ် အမေ့ကိုကယ်မယ်ပဲ
ပြောနေပါတယ်။ Mehmetလည်း ကောင်လေးကို ခဏခေါ်ထားပြီး နောက်မှ
သူ့အမေဆီပြန်ပို့မယ်ဆိုတဲ့အကြံနဲ့ ခဏတာလက်ခံထားပြီးနောက်မှာ
သူ့ဘဝဟာ ပြောင်းလဲသွားပါတော့တယ်။ Spoilerမမိစေချင်တာကြောင့်
ဒီအထိပဲပြောပြပါရစေ။
ငယ်ဘဝစိတ်ဒဏ်ရာတွေ၊ ဆေးသုံးစွဲမှုတွေ၊ အသက်အန္တရာယ်ကို
ခြိမ်းခြောက်နေတဲ့ စိတ်အခြေအနေတွေ၊ ဆင်းရဲနွမ်းပါးမှုတွေနဲ့ပုံဖော်လို့
သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တင်မက ရုပ်ရှင်ဓာတ်ပုံပိုင်းကပါ
ဒီဇာတ်ကားကို အပြည့်ဖြည့်ပေးထားပါတယ်။ ပြောစရာတစ်ခုရှိတာကတော့
သီချင်းတစ်ပုဒ်ကို စောစီးစွာအသုံးပြုထားခြင်းပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းကို
ဆုံးအောင်ကြည့်မယ်ဆိုရင် ဒီသီချင်းကို ဘာလို့သုံးခဲ့လဲဆိုတာကို နားလည်
ပေးနိုင်မယ်ထင်ပါရဲ့။ ရုပ်ရှင်အဆုံးဟာ လုံးဝကိုခမ်းနားပြီး အစပိုင်းမှာ
နားမလည်နိုင်ခဲ့တဲ့သရုပ်ဆောင်မှုတွေကို ဒါကဒီလိုပါလာဆိုပြီး စေ့စေ့တွေး
ရေးရေးပေါ်စေပါလိမ့်မယ်။
ဒီ ၁ နာရီနဲ့ ၃၇ မိနစ်ဟာ လုံးဝနောင်တမရစေမယ့်အချိန်လို့ အာမခံပါတယ်ခင်ဗျာ။...
Medical Examiner Dr. Qin (2019)
⭐TMDB: 60.0% User Score
🎬 #Crime
🗓 2019 🎞 movie
🌎 #China
⏰ 1h 23 min
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မှုခင်းရုပ်ရှင်တွေကို ကြိုက်တဲ့ပရိသတ်တွေကတော့ ဒီရုပ်ရှင်လေးကိုသဲထိတ်ရင်ဖိုနဲ့ သဘောကျမှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-
လုံဖန်းမြို့တွင် ဖြစ်ခဲ့တဲ့ လူသတ်မှုတွေဟာ အင်တာနက်ပေါ်ကမှုခင်းဝတ္ထုထဲကလူသတ်ပုံအတိုင်း တစ်ပုံစံတည်းဖြစ်နေပါတယ်။မှုခင်းဆရာဝန် ချင်မင်ဟာ ဝတ္ထုဟာ “စိတ်အဆိပ် ၅ ပါး” ဖြစ်တဲ့လောဘ၊ ဒေါသ၊ တုံးအ၊ မာန၊ သံသယ တို့ကို အခြေခံပြီးအမှုလုပ်နေတာဖြစ်ကြောင်း သတိထားမိသွားပါတယ်။
ဒါ့အပြင် ဝတ္ထုရဲ့ စာအရေးအသားပုံစံကလဲ ချင်မင်တို့အထက်တန်းကျောင်းတက်နေချိန်တုန်းက ကျောင်းမဂ္ဂဇင်းမှာ ထည့်သွင်းခဲ့တဲ့ဆောင်းပါးများရဲ့အရေးအသားနဲ့ အတော်ကိုတူနေပါတယ်။သဲလွန်စအားလုံးဟာ ချင်မင်ရဲ့ အထက်တန်းကျောင်းမှ သူငယ်ချင်းဖြစ်သူဖန်းချီကို ညွှန်ပြနေတဲ့အချိန်မှာ ချင်မင်ရဲ့အချစ်ဦးဟန်ယွဲ့မှာလည်း အန္တရာယ်ရှိနေသလို ဖြစ်နေပါတယ်။
ချင်မင်နဲ့ ဖန်းချီတို့နှစ်ယောက် တွေ့ဆုံပြီး အချင်းချင်းသံသယမကင်းဖြစ်နေတဲ့အကြောင်းကိုသိရသောအခါမှာတော့အဖြစ်အပျက်တွေက မရိုးရှင်းတော့မှန်း သတိထားမိသွားပါတယ်။တရားခံ အစစ်က ဘယ်သူဖြစ်မလဲ……ကွင်းဆက်လူသတ်သမားဟာ ဘာကြောင့် လူတွေကို လိုက်လံသတ်ဖြတ်နေရတာလဲ……ချင်မင်တို့ ရဲတပ်ဖွဲ့ကရော တရားခံကို အချိန်မီ ဖမ်းဆီးနိုင်ပါ့မလား……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
Come Fly with Me (2023)
⭐IMDB: 6.8/10 (368 Votes)
🎬 #Romance #TVMovie #Drama #Family
🗓 2023 🎞 tv movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating 6.8 ရရှိထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေး တစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကားလေးရဲ့နာမည်ကတော့ Come Fly With Me ဖြစ်ပြီး Rating
ကောင်းကောင်း ဇာတ်ညွှန်းကောင်းကောင်း ဒရာမာကားလေးတွေကို
ကြည့်ချင်တဲ့လူတွေအတွက်တော့ အံကိုက်ဖြစ်စေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကတော့ သမီးတစ်ယောက် အဖေမုဆိုးဖိုပေါလ်နဲ့
သမီးတစ်ယောက် အမေမုဆိုးမအမ်မာတို့ရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကို
အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ပေါလ်က သူ့မိန်းမဆုံးပါးသွားပြီး
ကတည်းက ကျန်ခဲ့တဲ့တစ်ဦးတည်းသောမိသားစုဝင်ဖြစ်တဲ့ သမီးလေးအဲလစ်ကို
သေသေချာချာ ပြုစုပျိုးထောင်လာပေးတဲ့ Single Dad တစ်ယောက်ဖြစ်ပြီး
စခန်းချတာတို့ တောင်တက်တာတို့လို အပြင်သွားပစ္စည်းတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို
ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။အမ်မာကလည်းလူစီ့ရဲ့အမေဖြစ်တဲ့
Single Mom တစ်ယောက်ဖြစ်ပြီး လေတပ်မှာတာဝန်ထမ်းဆောင်တဲ့
ဂျက်လေယာဉ်မောင်းတဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ပါတယ်။သူတို့နှစ်ယောက်စတွေ့
ဖြစ်ခဲ့ပုံက သမီးနှစ်ယောက်ဖြစ်တဲ့ လူစီနဲ့အဲလစ်တို့က အကြိုက်ချင်းတူကြပြီး
အချစ်ဆုံး သူငယ်ချင်းတွေဖြစ်သွားရာကနေ စပါတယ်။နှစ်ယောက်စလုံးကလည်း
အလုပ်ကိုယ်စီ ရှုပ်နေတဲ့လူတွေဆိုတော့ ကလေးတွေကို တစ်ယောက်တစ်လှည့်
ထိန်းပေးကြရင်းနဲ့ အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိဆိုသလို
သမီးတော်နှစ်ယောက်ရဲ့ မြှောက်ပင့်ပေးမှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်အပြန်
အလှန် စိတ်ဝင်စားခဲ့ကြပါတော့တယ်။ဒါပေမယ့်ကံကြမ္မာဆိုတာက အမြဲတမ်း
ချိုမြိန်မနေဘဲ ခါးသီးတဲ့အခိုက်အတန့်တွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့
ပေါလ်နဲ့ အမ်မာတို့ အဲ့ဒီအခက်အခဲတွေကို အတူတူကျော်လွှားပြီး ပျော်ရွှင်တဲ့
ဆက်ဆံရေးတစ်ခု မိသားစုတစ်ခုကိုပိုင်ဆိုင်နိုင်သွားမလား ဇာတ်ကားနာမည်အတိုင်း
အတူတူပျံသန်းနိုင်ပါ့မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။...
Tomb Keeper (2023)
⭐TMDB: 0.0% User Score
🎬 #Action #Horror
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 25 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးတော့ နာမည်အတိုင်း သင်္ချိုင်းစောင့်တွေရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ သဲထိတ်ရင်ဖိုဖွယ် ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် ။
ဇာတ်လမ်းမှာထူးခြားတာက ဒီကားထဲက သင်္ချိုင်းစောင့်နေတာရိုးရိုးမြေပြင်ပေါ်က သင်္ချိုင်းတွေကို စောင့်တာမဟုတ်ဘဲရေဘေးကြောင့်နဲ့နစ်မြစ်သွားရတဲ့ ရေထဲက သင်္ချိုင်းတွေကို စောင့်ကြပ်ကြတာပဲဖြစ်ပါတယ် ။
ရှေးဟောင်းသင်္ချိုင်းတွေနစ်မြုပ်နေတဲ့နေရာက မြစ်ဝါမြစ်ရဲ့ကြမ်းအောက်ခြေမှာဖြစ်ပြီး ထိုမြစ်ဝါမြစ်မှာ အလုပ်လုပ်ပြီးဘိုးဘေးအမွေတွေကို ဆက်ခံနေတဲ့ သင်္ဘောဂိုဏ်းတစ်ဂိုဏ်းကလည်းရှိနေပါတယ် ။အဲ့ဒီသင်္ဘောဂိုဏ်းမှာက ထောင်ရှား ( ရွှေကျင်တဲ့အဖွဲ့ ) ,မြစ်ထဲကအလောင်းဆယ်ယူတဲ့အဖွဲ့နဲ့ အလောင်းမြှပ်ပြီး သင်္ချိုင်းစောင့်အဖွဲ့ဆိုပြီးလေးဖွဲ့ရှိပါတယ် ။
မြစ်ဝါမြစ်ရဲ့လျို့ဝှက်ချက်တွေကဘယ်အရာတွေဖြစ်နိုင်မလဲဘယ်လိုမျိုးအန္တရာယ်တွေရှိနိုင်လဲ…သင်္ချိုင်းစောင့်အဖွဲ့ တွေကြားထဲကပတ်သတ်မှုတွေကရောဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုပါ
CGI တွေလည်းတကယ်ကောင်းပြီး တရုတ်ရိုးရာ ပြင်္ကဒိန်ကခုနှစ်လတွေနဲ့လုပ်ထားတဲ့ စက်ယန္တယားတွေ တခြားစိတ်ဝင်စားစရာ ရာဇဝင်တွေရော အစုံပါပါသေးတယ်။ဆိုတော့ ဇာတ်လမ်းကစလယ်ဆုံးဟာကွက်မရှိလို့ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ချင်ပါတယ်...
Boxing Champion Mother (2022)
⭐TMDB: 0.0% User Score
🎬 #Action #Comedy
🗓 2022 🎞 movie
🌎 #China
⏰ 1 နာရီ 40 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ မိသားစုအတွက် နဲ့ မဆုတ်မနစ်ကြိုးစားတဲ့မိခင်တစ်ယောက်ရဲ့စိတ်ဓာတ်ကိုဖော်ကျူးထားတဲ့ဇာတ်လမ်းလေးပါ…ရှောက်ရှောက်က နေ့တိုင်းပန်းပို့ရင်း အလုပ်ကြိုးစားနေပြီး မိသားစုကိုထောက်ပံ့နေရတဲ့ အမျိုးသမီးတစ်ယောက်ပါ….
အသက်ကြီးနေတဲ့ ယောက္ခမ အရက်သမားယောက်ျားနဲ့စကားပြောမှုမဖွံ့ဖြိုးတဲ့ကလေး ကိုကျွေးမွေးစောင့်ရှောက်နေရသူမိန်းကလေးတစ်ယောက်အနေနဲ့ အများကြီး ပင်ပန်းဆင်းရဲရပါတယ်…တစ်နေ့မှာ ဘဝရဲ့အချိုးအကွေ့တစ်ခုလို့ခေါ်လို့ရတဲ့အခွင့်အရေးတစ်ခုပေါ်ပေါက်လာခဲ့တယ်….
ရိုက်ကွင်းတစ်ခုကို ပန်းလိုက်ပို့ရင်း ပြသာနာတွေဖြစ်ခဲ့ပေမယ့်အရန် ဇာတ်ကောင်နေရာမှာ ရိုက်ကူးရေးလုပ်ဖို့ ဒါရိုက်တာရဲ့တောင်းဆိုခြင်းခံခဲ့ရတယ်…ဒါရိုက်တာရဲ့သဘောကျခြင်းခံရပြီး နောက်ဇာတ်လမ်းတစ်ခုဖြစ်တဲ့‘လက်ဝှေ့ ချန်ပီယံ မေမေ ‘ ဇာတ်လမ်း လူရွေးပွဲ ပြိုင်ဖို့အကြံပေးခံခဲ့ရတယ်…
အခက်အခဲ အမျိုးမျိုးကြုံတွေရတဲ့ သူ့အတွက် မျှော်လင့်ချက်တစ်ခုဖြစ်တဲ့ဒီဇာတ်လမ်းအတွက် ဝင်ပြိုင် ဆုံးဖြတ်ပြီးနောက် ဘာတွေဆက်ဖြစ်နိုင်မလဲ….ဘယ်လို အခက်အခဲတွေ ထပ်စောင့်နေဦးမှာလဲ….အဆင်ပြေလာဖို့ မျှော်လင့်ချက်လေးကရောပြည့်ဝလာနိုင်မှာလားဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...
Anyone Anywhere(2023)
⭐-
🎬 #Drama
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 3 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Anyone Anywhere(2023)
***********************
မရိုးနိုင်တဲ့ ကျောင်းတွင်းအကြမ်းဖက်ကားသစ်လေး ထွက်ရှိလာပါပြီ…
Penthouse ထဲက ဘယ်ရိုနာလို့ လူသိများတဲ့ မင်းသမီး Kim Hyeon Soo နဲ့အတူ Crash Course In Romance မှာ
ဂွန်းအူနဲ့ ဆူအာအဖြစ် အတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့ Lee Min Jae နဲ့ Kang Na Eon တို့က
main cast အနေနဲ့ ပါ၀င်ထားပါတယ်….
ဂန်မင်ဂျူ (Kang Na Eon)က ကျောင်းတွင်းအကြမ်းဖက်မှုခံနေရသူလေးပါ
တခြားအတန်းဖော်သူငယ်ချင်းတွေနဲ့ မျက်လုံးချင်းဆုံခဲ့ရင်တောင် ချက်ချင်းဆိုသလိုပဲ အကြည့်ရှောင်ပစ်လိုက်ကြပါတယ်
လျစ်လျူရှုမှု ပြက်ရယ်ပြုမှုတွေနဲ့ ကျင့်သားရနေပြီဖြစ်တဲ့ မင်ဂျူတစ်ယောက် သူ့မွေးနေ့ကိုရောက်ဖို့ ၄၅ မိနစ်အလိုမှာပဲ
အားလုံးမထင်မှတ်ထားတဲ့ကိစ္စဖြစ်သွားပါတယ်..
ဒီကိစ္စဖြစ်ပြီးချိန်မှာ အားလုံးဟာ ရှော့ရသွားကြပါတယ်..
ဒါနဲ့ပတ်သက်တဲ့ ကျောင်းသားတွေအားလုံး ဘယ်လိုတုန့်ပြန်ပြီး
ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့...
Plastic (2014)
⭐IMDB: 6.0/10 (8 k Votes)
🎬 #Action #Comedy #Crime #Drama
🗓 2014 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 42 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Plastic (2014)===========IMDb Rating – 6.0/10
ဒီဇာတ်လမ်းရဲ့အစက ဆမ်၊ ဖို့ဒီ၊ ရိတ်ဆီနဲ့ ရာဖာတို့ လက်စတစ်တွေနဲ့အကြွေးဝယ်ကတ်အတုတွေပွားပြီး လိမ်စားနေ သူငယ်ချင်းအဖွဲ့ပေါ့။တစ်နေ့ကျ ရိတ်ဆီနဲ့ ရာဖာတို့ လူချမ်းသာတစ်ယောက်ကို ဓားပြတိုက်ပြီးသူ့ကတ်တွေကို ယူလာခဲ့တယ်။ အဲဒီမှာပဲ ကပ်ဆိုးကြီးကျလာတော့တာပဲ။
သူတို့ဓားပြတိုက်သွားတဲ့ ဟယ်ရီရဲ့သူဌေး မာဆယ်က ဆမ်တို့ကောင်လေးလေးယောက်ကိုဖမ်းပြီး သူ့ကိုပိုက်ဆံတွေ မတရားအကြွေးဆပ်ခိုင်းတော့တာပါပဲ။ အကြွေးအပြင် အတိုးတွေပါ တစ်သက်လုံးဆပ်ရမယ်ပြောတော့အကုန်လုံးကြေအောင် နှစ်ပတ်အတွင်း ဒေါ်လာနှစ်သန်းဆပ်ဖို့ ဆမ်သဘောတူလိုက်ရတယ်။ အဲဒီမှာပဲ သူတို့အဖွဲ့ ဘယ်လိုတွေ ပလက်စတစ်တွေနဲ့ကတ်အတုလုပ် ငွေရှာရမလဲဆိုတာ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin, May Thet Khine Soe ဖြစ်ပါတယ်)...
Deep Fear (2023)
⭐IMDB: 4.0/10 (245 Votes)
🎬 #Action #Thriller #Horror
🗓 2023 🎞 movie
🌎 #UnitedKingdom #France #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Deep Fear (2023) ရုပ်ရှင်ကားဟာဆိုရင် အဓိကသရုပ်ဆောင်
Romania မင်းသမီးချောလေး Mãdãlina Ghenea နဲ့ English
သရုပ်ဆောင် ဖြစ်တဲ့ gossip girl ထဲက ကောင်မလေးတွေ ကြွေကြတဲ့
Ed Westwick တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်
ဒီဇာတ်ကားရဲ့ အမြည်းလေးကို ပြောပြရမယ်ဆိုရင် မင်းသမီးက
ငယ်ငယ်ကတည်းက ပင်လယ်မှာ သင်္ဘောမှောက်လို့ မိဘ ၂ ပါးလုံး
ဆုံးရှုံးခဲ့ရသူပါ။ ဒါပေမဲ့လည်း အတိတ်ဆိုးကို ရင်ဆိုင်ပြီး အရွယ်ရောက်လာတဲ့
အခါ ကာရေဘီယံပင်လယ်မှာ အထူးချွန်ဆုံး သင်္ဘောမောင်းနှင်သူဖြစ်လာခဲ့ပါတယ်။
တစ်နေ့ ခရီးသည်ကို ကြိုဖို့ ပင်လယ်ကိုတစ်ယောက်တည်းဖြတ်သန်းနေတုန်းမှာ
သင်္ဘောပျက်တစ်စီးက ဒုက္ခရောက်နေသူတွေကို ကူညီခဲ့ပါတယ်။ ကူညီလိုက်တဲ့
သူ့ကို အကယ်ခံလိုက်ရတဲ့သူတွေက ဘယ်လိုအခက်အခဲတွေ တွေ့စေမှာလဲ
သူကော ဘယ်လိုရုန်းထွက်မှာလဲ အဲ့ဒီအချိန်မှာပဲ ကမ်းပေါ်မှာ ရှိနေတဲ့
မင်းသမီးရဲ့ချစ်သူကကော ဘယ်လိုကူညီဖို့ကြိုးစားမလဲ စတာတွေကို
ရုပ်ရှင်တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်လို့ အချိန်ကုန်ပြီး
ရုပ်ရှင်ပြီးလို့ ပြီးသွားမှန်းတောင် သတိထားမိမှာ မဟုတ်ပါဘူး။ ပင်လယ်ကို
သဘောကျရင် ရင်ခုန်ရတဲ့ရုပ်ရှင်မျိူးတွေကို သဘောကျရင် မကြည့်မဖြစ်
ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်ခင်ဗျ။...
The Last Rifleman (2023)
⭐IMDB: 6.8/10 (117 Votes)
🎬 #Drama #Thriller
🗓 2023 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 36 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Last Rifileman ဇာတ်ကားကြီးရဲ့ အဓိကသရုပ်ဆောင်ကတော့
တစ်ခေတ်တစ်ခါက နာမည်ကြီး ဒိတ်ဒိတ်ကြဲ ဂျိန်းဘွန်းမင်းသားကြီး
Pierce Brosnan ပဲ ဖြစ်ပါတယ်။ ၂၀၂၃ အသစ်ထွက်တဲ့ ဇာတ်ကားဖြစ်လို့
ဘာဆုညာဆုတွေတော့ မရှိသေးပေမဲ့ ဆုတွေ ဆန်ကာတင်စာရင်းတွေအတွက်
ဖြစ်လာနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။
အာတီခရောဖို့ဒ်ဆိုတာ ဒုတိယကမ္ဘာစစ်က နာမည်ကြီး နော်မန်ဒီကမ်းခြေ
တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ စစ်ကြီးပြီး
အသက်တွေကြီးလာပြီး အသက် ၉၂ နှစ်အရွယ် လူအိုရုံမှာ နေထိုင်နေတုန်း
ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါမှာ အာတီတစ်ယောက် အတိတ်ရဲ့ ဖြစ်ရပ်တွေကြောင့်
ဘယ်လိုဆုံးဖြတ်ချက်တွေချပြီး ဘာတွေလုပ်မှာလဲ ဘယ်လိုလုပ်မှာလဲ။ အဲ့ချိန်မှာပဲ
တိုက်တိုက်ဆိုင်ဆိုင် နော်မန်ဒီကမ်းခြေတိုက်ပွဲ ဒီဒေး ၇၅ နှစ်ပတ်လည်နေ့
အထိမ်းအမှတ်အစီအစဥ်ကို ပြင်သစ်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။
အိုင်ယာလန်မှာ နေထိုင်နေတဲ့ အာတီတစ်ယောက် ကျန်းမာရေးမကောင်းတော့တဲ့
စစ်သားဟောင်းတစ်ယောက်က သူ့ဘော်ဒါတွေကို တွေ့ချင်စိတ်နဲ့ ပွဲကျင်းပရာ
ပြင်သစ်နိုင်ငံထိ ခရီးနှင်နိုင်ပါ့မလား ဘာအခက်အခဲတွေ ကြုံတွေ့ရမလဲ
ဘယ်လိုကျော်ဖြတ်မှာလဲ အဆုံးသတ်မှာကော သူလိုချင်တာ ဖြစ်မှာလား
စတာတွေကို တစ်ကားလုံး ဇာတ်ရှိန်မကျဘဲ ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကို သမိုင်းစာအုပ်တွေထဲကလို ပုံမှန်ရှုထောင့်ကမဟုတ်ဘဲ
ဘယ်လို မြင်တွေ့ရမလဲ စတာတွေကို ဒီဇာတ်ကားကောင်းထဲမှာ ကြည့်ရှုရမှာဖြစ်လို့
မဖြစ်မနေကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျ...
Honey, I Blew Up the Kid (1992)
⭐TMDB: 52.0% User Score
🎬 #Adventure #Comedy #Family #Romance #SciFi #ScienceFiction
🗓 1992 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Honey, I Blew Up the Kid (1992)=======================
ဒုတိယ ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း နည်းနည်းလေးတော့ fail နေမယ်။fail fail လေးပဲ ကောင်းပါတယ် ဆိုသလိုပါပဲ။ Honey I Shrunk the Kids ရဲ့အောင်မြင်မှုနဲ့ဝင်ငွေကိုတော့ မမီခဲ့ပေမဲ့ အခုကားလည်း ဆက်လက်အောင်မြင်ခဲ့ပါတယ်လေ။ ပြောရရင် မိသားစုကား သိပ္ပံစိတ်ကူးယဉ်ကားတွေ ရလေ့ရှိတဲ့အောင်မြင်မှုကိုတော့ တင်းပြည့်ကျပ်ပြည့် ရခဲ့တယ်ပေါ့ဗျာ။ ပထမကားကိုမမီရကောင်းလားလို့တော့ အပြစ်တင်မစောလိုက်ပါနဲ့။ သူက တစ်ခေတ်တစ်ကားဆိုသလို ထူးခြားဆန်းပြား မမျှော်လင့်ဘဲ ပေါက်သွားတာမလို့ ဘေးမဲ့ပေးလိုက်ကြပါ။
ဒီဇာတ်ကားမှာတော့ သိပ္ပံပညာရှင် စလင်စကီ ရဲ့ နည်းပညာကိုယူပြီး နိုင်ငံတော်အဆင့်အနေနဲ့ ထပ်မံမွန်းမံဖို့ လုပ်နေတာပေါ့လေ။ ဒီတစ်ခါကတော့ မချုံ့တော့ဘူးဗျ။ ကြီးအောင်လုပ်မှာ။ ဒီမှာလည်း သူက အပယ်ခံ သိပ္ပံပညာရှင်ပါပဲ။ဒီလိုနဲ့ စလင်စကီ သားအဖနှစ်ယောက် သားငယ်လေး အာဒမ် ကိုခေါ် ပြီး ဓာတ်ခွဲခန်းကို လာပြီးစမ်းသပ်စဉ်မှာ ထုံးစံအတိုင်း အလွဲလွဲအချော်ချော်တွေနဲ့ ကလေးငယ် အာဒမ် လေးကို ကြီးအောင်လုပ်မိသွားကြတယ်။
လျှပ်စစ်ဓာတ်တွေရတိုင်း အတိုင်းအဆမဲ့ ကြီးနေတာမလို့ ဂေါ်ဇီလာလောက်ကြီး ဖြစ်သွားပါလေရော။ ကလေးအသိဉာဏ်နဲ့ဆိုတော့ တွေ့ကရာ အကုန်ဆွဲလွှင့်ပစ်နေတော့ မြို့ဖျက်ဂေါ်ဇီလာကြီးလို့ပဲ ပြောပါတော့လေ။ ဒီတော့ စလင်စကီတို့မိသားစု သားငယ်လေးကို ဘယ်လိုပြန်ပြီး သေးအောင်လုပ်မလဲဆိုတာစိတ်ဝင်ဝစား ကြည့်ရပါဦးမယ်။ ဒီဇာတ်ကားကတော့ ပထမကားလိုမဟုတ်ဘဲဗီလိန်ပါလာတယ်ပေါ့လေ။ ဒီတော့ ဗီလိန်ကောင်ကို ကျော်လွန်ပြီး သားငယ်လေးအာဒမ်ကို အန္တရာယ်ကင်းကင်း ဘယ်လိုပြန်ချုံ့ကြမလဲဆိုတာ ကြည့်လိုက်ကြရအောင်လားဗျာ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Arr Khun Winchester ဖြစ်ပါတယ်)...
96 Minutes (2011)
⭐IMDB: 5.7/10 (3 k Votes)
🎬 #Drama #Thriller
🗓 2011 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
96 Minutes (2011)==============
ဥပဒေကျောင်းသူလေး ကာလေ၊ အချစ်ရေး ကံခေတဲ့ လီနာ၊ဂန်းစတားတစ်ယောက်ဖြစ်ချင်တဲ့ ဂျစ်ကန်ကန် ကယ်ဗင်၊ကယ်ဗင်နဲ့ပေါင်းပေမဲ့ ဂန်းစတားဘဝရောက်မသွားချင်တဲ့ဒရေး။ သူတို့လေးယောက်ရဲ့ ကံကြမ္မာက ၉၆ မိနစ်အတွင်းဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ်။
ကယ်ဗင်က ဂျစ်ကန်ကန်လူငယ်တစ်ယောက်ဖြစ်တဲ့အတွက်သူဖြစ်ချင်တဲ့ ဂန်းစတားအဖွဲ့ဝင်ဖြစ်ဖို့ ကားခိုးလိုက်တဲ့အချိန်မှာဘာတွေဆက်ဖြစ်မလဲ သူ့ရဲ့ဆုံးဖြတ်ချက်က လူလေးယောက်ရဲ့ဘဝအပေါ် ဘယ်လောက်သက်ရောက်မှုဖြစ်သွားမလဲ။ အဲဒါတွေကို မတူညီတဲ့ရှုထောင့်လေးခုကနေ ကြည့်ရှုရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing, June တို့ ဖြစ်ပါတယ်)...
96 Minutes (2011)
⭐IMDB: 5.7/10 (3 k Votes)
🎬 #Drama #Thriller
🗓 2011 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
96 Minutes (2011)==============
ဥပဒေကျောင်းသူလေး ကာလေ၊ အချစ်ရေး ကံခေတဲ့ လီနာ၊ဂန်းစတားတစ်ယောက်ဖြစ်ချင်တဲ့ ဂျစ်ကန်ကန် ကယ်ဗင်၊ကယ်ဗင်နဲ့ပေါင်းပေမဲ့ ဂန်းစတားဘဝရောက်မသွားချင်တဲ့ဒရေး။ သူတို့လေးယောက်ရဲ့ ကံကြမ္မာက ၉၆ မိနစ်အတွင်းဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ်။
ကယ်ဗင်က ဂျစ်ကန်ကန်လူငယ်တစ်ယောက်ဖြစ်တဲ့အတွက်သူဖြစ်ချင်တဲ့ ဂန်းစတားအဖွဲ့ဝင်ဖြစ်ဖို့ ကားခိုးလိုက်တဲ့အချိန်မှာဘာတွေဆက်ဖြစ်မလဲ သူ့ရဲ့ဆုံးဖြတ်ချက်က လူလေးယောက်ရဲ့ဘဝအပေါ် ဘယ်လောက်သက်ရောက်မှုဖြစ်သွားမလဲ။ အဲဒါတွေကို မတူညီတဲ့ရှုထောင့်လေးခုကနေ ကြည့်ရှုရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing, June တို့ ဖြစ်ပါတယ်)...
Big Mommas: Like Father, Like Son (2011)
⭐TMDB: 55.0% User Score
🎬 #Action #Comedy #Crime #Uncategorized
🗓 2011 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica #UnitedStatesofAmerica
⏰ 1 နာရီ 47 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Big Mommas: Like Father, Like Son (2011)===============================
Big Momma’s House သုံးကားရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ ကားဖြစ်ပါတယ်။ဒီကားမှာတော့ မိန်းမဝဝ ဝတ်စုံကြီးဝတ်ရတာ မယ်လ်ကွန်တစ်ယောက်တည်းမဟုတ်တော့ပါဘူး။ ဇာတ်ကားနာမည်အတိုင်း ဘမျိုးဘိုးတူအဖေတူသားထရန့်ပါ,ပါလာပါပြီ။ Big Momma’s House (1)ထဲက ပေါက်စနထရန့်လည်းဆယ်ကျော်သက် အရွယ်ရောက်လာပြီး သူ့ရဲ့ရက်ပါအိပ်မက်ကြောင့် မယ်လ်ကွန်နဲ့အတိုက်အခံတွေဖြစ်နေပါတယ်။ (အခုထရန့်က ရှေ့၂ကားမှာပါခဲ့တဲ့ ထရန့်ငယ်ဘဝသရုပ်ဆောင်မဟုတ်ပါဘူး၊ လူသစ်ဖြစ်ပါတယ်၊ ဤကားစကားချပ်)။
ချက်ကော့ဖ်ဆိုတဲ့လူဆိုး လူသတ်လိုက်တာကိုထရန့်မြင်သွားတာကတစ်ချက်၊ချက်ကော့ဖ်လိုက်ရှာနေတဲ့ယူအက်စ်ဘီကို မယ်လ်ကွန်လည်း လက်ဦးမှုယူဖို့လုပ်နေတာကတစ်ချက်နဲ့ သားအဖနှစ်ယောက် ယူအက်စ်ဘီဖွက်ထားတဲ့နေရာဖြစ်တဲ့ဂျော်ဂျီယာမိန်းကလေးအနုပညာကျောင်းမှာ ယူအက်စ်ဘီရှာရင်း၊ ထရန့်ကိုလည်းဖွက်ရင်း မိန်းမဝဝ ဝတ်စုံကြီးတွေဝတ်ပြီး ဟန်ဆောင်နေလိုက်ကြပါတယ်။ ဒီလိုနဲ့မိန်းကလေးကျောင်းမှာ အထီးနှစ်ကောင်…အဲလေ သားအဖနှစ်ယောက်ရောက်လာပြီး ဘယ်လိုတွေခွီရဦးမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
Mojave Diamonds (2023)
⭐IMDB: 3.0/10 (277 Votes)
🎬 #Action #Thriller #Crime
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mojave Diamonds (2023)===================
ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားဖြစ်တဲ့ Mojave Diamonds ပဲဖြစ်ပါတယ်။ ရွမ်မေဆန်ဆိုတဲ့MMA ဖိုက်တာဟာ ဒေါ်လာငါးဆယ်တန်တဲ့စိန်တွေပို့ဆောင်ပေးရင်း လမ်းမှာအလုခံလိုက်ရတာကြောင့် မိသားစုဝင်တွေပြန်ပေးဆွဲခံလိုက်ရပါတယ်။ ရွမ်နဲ့သူ့အစ်ကိုတွေဟာ မိသားစုဝင်တွေကိုပြန်ကယ်တင်ဖို့ဘာတွေဖြတ်ကျော်ရမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရူရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Nang Aye Myat Phoo ဖြစ်ပါတယ်)...
