ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Long Gone Heroes (2024) ⭐IMDB: 5.3/10 (275 Votes) 🎬 #Action #Drama #War #Crime #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Colombia #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အက်ရှင်ကားကောင်းကောင်းတွေကို မျှော်လင့်စောင့်စားနေတဲ့လူတွေအတွက် စိတ်ဝင်စားစရာကောင်းကောင်းနဲ့ Gun Fighting ခန်းတွေကိုရှယ်ကြည့်ရမဲ့ ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Long Gone Heroes ဖြစ်ပြီး လက်ရှိ IMDb Rating 5.7 အထိရရှိထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Five Nights At Freddy’s တို့ The Hunger Games တို့မှာပါဝင်သရုပ်ဆောင်ထားတဲ့ Josh Hutcherson နဲ့ Captain American တို့ The Purge တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အက်ရှင်မင်းသားကြီး Frank Grillo တို့အပြင်တခြားသောနာမည်ကြီး သရုပ်ဆောင်တွေပါ ပါဝင်ထားတာဖြစ်တဲ့အတွက်ရှယ်ကြည့်ကောင်းမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ဗင်နီဇွဲလားမှာရေနံတွေအများကြီးထွက်ရှိခဲ့တဲ့အတွက် ပြည်တွင်းကအာဏာရှိသူတွေနဲ့ အမေရိကန်ကအာဏာရှိသူတွေပူးပေါင်းပြီး ရေနံတွေကိုတရားမဝင်တင်ပို့တဲ့လုပ်ငန်းတွေလုပ်နေကြတဲ့အကြောင်း စတင် မိတ်ဆက်ထားပါတယ်။အထက်ကလူတွေကိုယ်ကျိုးအတွက်လုပ်နေကြပေမဲ့ အောက်ခြေကဗင်နီဇွဲလားပြည်သူတွေကတော့ ငွေကြေးဖောင်းပွမှုတွေ စီးပွားရေး ကျဆင်းမှုတွေကြောင့်ဒုက္ခများစွာကြုံတွေ့နေရပါတော့တယ်။ အဲ့ဒါကြောင့် ဒီမတရားမှုတွေကိုအဆုံးသတ်ဖို့ ဂျူလီယာဆိုတဲ့ သတင်းထောက်မလေး တစ်ယောက်က ဗင်နီဇွဲလားကိုသွားပြီးလိုအပ်တဲ့အချက်အလက်တွေကို စုံစမ်းပါတော့တယ်။အကုန်ပြည့်စုံပြီးဖွင့်ချလို့ရပြီဆိုမှ အမှန်တရားတွေ ပေါ်သွားမှာကိုကြောက်နေတဲ့လူတစ်စုက ဂျူလီယာ့ကိုဖမ်းခေါ်သွားပါတော့တယ်။ အဲ့ဒါကြောင့်ဂျူလီယာရဲ့အမေဖြစ်တဲ့ လွှတ်တော်အမတ်ကြီးက ဂျူလီယာ့ကို သွားကယ်ဖို့အဖွဲ့တစ်ခုစေလွှတ်ခဲ့ပြီး ဂျူလီယာ့ကိုကယ်ထုတ်တဲ့ခရီးစဉ် တစ်လျှောက်မှာ ကြုံတွေ့ရမဲ့အရာတွေများစွာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
...

Napoleon Dynamite (2004) ⭐TMDB: 68% User Score 🎬 #Comedy 🗓 2004 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB rating 7 နဲ့ Rotten Tomatoes 72% ရရှိထားတဲ့ ဒီဇာတ်ကားဟာ ခုချိန်ထိအောင် quote တွေအများကြီးနဲ့ နာမည်ကျော်တဲ့ comdey/indie flim တစ်ခုပါ။ ဇာတ်လမ်းက Idaho, Preston မြို့မှာနေတဲ့ ဆယ်ကျော်သက်အထက်တန်းကျောင်းသားအရွယ် နပိုလီယန်ဒိုင်းနမိုက်ဆိုတဲ့ ခပ်ကြောင်ကြောင်ကောင်လေးတစ်ယောက်ရဲ့ မိသားစုရေးရာ၊ အချစ်ကိစ္စ၊ လူငယ်ပြဿနာတွေကို သူ့နည်းသူ့ဟန်နဲ့ ဖြတ်ကျော်တဲ့အကြောင်းပေါ့ သူ့နေ့စဉ်ဘဝမှာ ပါဝင်တဲ့သူတွေက ကစ်ပ် ဆိုတဲ့ cage fighter ဖြစ်ချင်တဲ့ အိမ်မှာပဲ ၂၄/၇ နေပြီး စော်နဲ့ အွန်လိုင်းကနေ chatting ထိုင်နေတတ်တဲ့ ပိုးဟပ်ဖြူခန္ဓာကိုယ်နဲ့အစ်ကိုရယ် အတိတ်မှာ သူသာ ဒဏ်ရာမရခဲ့ရင် အခုချိန် ပြည်နယ်ချန်ပီယံဖြစ်နေလောက်ပြီဆိုပြီး ယူကြုံးမရဖြစ်နေလို့ အိမ်လိုက်ပတ်ပြီး ပစ္စည်းတွေ ဂျင်းထည့်ရောင်း ပိုက်ဆံစုပြီး အချိန်ခရီးသွားစက်ဝယ်ဖို့ပြင်နေတဲ့ ဦးလေးဖြစ်သူ အန်ကယ် ရီကို ရယ် ကျောင်းမှာ သိပ်ဝင်မဆံ့တဲ့ နပိုလီယန်ရဲ့တစ်ဦးတည်း‌သောသူငယ်ချင်း ကျောင်းပြောင်းလာတဲ့ စပိန်သား အင်္ဂလိပ်စကားမပီတပီ ပက်ဒရို ဆိုတဲ့ကောင်လေးရယ် ကောလိပ်တက်ဖို့ တိုလီမိုလီ လက်လုပ် accessory တွေနဲ့ အလှဓာတ်ပုံရိုက်ဆရာလုပ်ပြီးပိုက်ဆံစုနေတဲ့ ဒက်ဘ် ဆိုတဲ့ကောင်မလေးရယ် သူ‌တို့တွေနဲ့ နပိုလီယန်ရဲ့ အခက်အခဲအရှုပ်အထွေးတွေကို ဖြေရှင်းဖြတ်သန်းကြတာကို ကြည့်ရမှာပါ ဒီကားက ပထမဆုံးအကြိမ်ကြည့်ရင် နားမလည်ဘူး ထပ်ခါထပ်ခါ အေးအေးဆေးဆေး ပြန်ကြည့်မှ ဇာတ်ကားရဲ့သဘောကို နားလည်ရမယ့် ဇာတ်ကားမျိုးပါ။ CM ပရိသတ်ကြီးလည်း ဘယ်လိုခံစားရမလဲသိရအောင် ကြည့်ရှုခံစားကြည့်ကြပါဦး
...

Twilight of the Gods (2024) ⭐IMDB: 7.4/10 (1 k Votes) 🎬 #Animation #SciFi #Fantasy #Action #Adventure #Mystery 🗓 2024 🎞 tv series 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 30 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမဲ့ Animation ကားလေးကတော့ နတ်ဘုရားတွေရဲ့ နောက်ဗားရှင်းတစ်မျိုးပဲဖြစ်ပါတယ်…..ဒီထဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးလေးကတော့ ဘီလူတပိုင်း လူတပိုင်းဖြစ်တဲ့ ဆီဂရစ်ပါပဲ….. သူက လူမျိုးနွယ်စုတစ်စုရဲ့ ဘုရင်ဖြစ်သူနဲ့ မေတ္တာသက်ဝင်လို့ သူ့ရဲ့ဆွေမျိုးတွေရှိရာ ဘီလူးနယ်ကိုပြန်ပြီး လက်ထပ်ပွဲကျင်းပတဲ့အချိန် လိုကီပျောက်လို့ လိုက်ရှာနေတဲ့ သောရ်က ရောက်လာပါတော့တယ် အဲဒီမှာပဲ သောရ်က လိုကီ့ကို ဘီလူးတွေဖွက်ပေးထားတယ်ဆိုတဲ့ အထင်နဲ့ အတင်းထုတ်ခိုင်းရာကနေ ပဋိပက္ခဖြစ်လို့ ဘီလူမျိုးနွယ်စုတခုလုံးကို သောရ်က သတ်ပစ်လိုက်ပါတယ်….. ဒါပေမဲ့ ဆီဂရစ် နဲ့ သူ့ယောက်ျားတို့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်…..အဲဒီမှာပဲ ဆီဂရစ်နဲ့ လိုကီတို့တွေ့ကြပြီး သောရ်ကို ဆီဂရစ်က လက်စားချေချင်တဲ့စိတ် လိုကီက ရှင်းလင်းချင်တဲ့စိတ်တို့ကြောင့်ပူးပေါင်းမိကြပြီး ဘယ်လိုစွန့်စားခန်းတွေဖွင့်ပြီး သောရ်ကိုရှင်းကြမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုကြရမှာဖြစ်ပါတယ်….. ***** Animation ဆိုပေမဲ့ မိသားစုနဲ့အတူ ကလေးသူငယ်တွေနဲ့အတူ မကြည့်သင့်တဲ့အခန်းလေး အနည်းအကျဉ်းပါတာကိုတော့ သတိပြုစေချင်ပါတယ် ***** File size…(500 Mb)/(240 Mb)Quality….Webrip 1080p / 720pFormat… mp4Duration…. 00:30:00Genre… Action, Adventure, Animation, Fantasy, MysterySubtitle….Myanmar Subtitle (Hardsub)Encoded & Translated by ….Garfield Season 1 Episode 1 720p  –Telegram/Yoteshin/gdtot/Megaup/Usersdrive/Streamwish Episode 2 720p  –Telegram/Yoteshin/gdtot/Megaup/Usersdrive/Streamwish Episode 3 720p  –Telegram/Yoteshin/gdtot/Megaup/Usersdrive/Streamwish Episode 4 720p  –Telegram/Yoteshin/gdtot/Megaup/Usersdrive/Streamwish Episode 5 720p  –Telegram/Yoteshin/gdtot/Megaup/Usersdrive/Streamwish Episode 6 720p  –Telegram/Yoteshin/gdtot/Megaup/Usersdrive/Streamwish အပိုင်း ၈ ပိုင်းပါဝင်မှာဖြစ်ပြီး ကျန်အပိုင်းများကို အမြန်ဆုံးဆက်လက်တင်ဆက်ပေးသွားပါ့မယ်
...

Shekhar Home (2024) ⭐TMDB: 78% User Score 🎬 #Drama #Crime 🗓 2024 🎞 Series 🌎 #India ⏰ 47 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shekhar Home 2024 (အိန္ဒိယရှားလော့ခ်ဟုမ်း)IMDb – 8.2/10 ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ BBC Studios Productionsကနေထုတ်လုပ်ထားပြီး အပိုင်း၆ပိုင်းပါဝင်တဲ့ ရှားလော့ခ်ဟုမ်းဇာတ်လမ်းကိုမှီငြမ်းထားတဲ့ မှုခင်းဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ ဂျာယာဗာ့တ် စိုင်နီဆိုသူဟာ ဒီမန်ဂဲလ်အက်ရှ်ရမ်ကနေ လွန်ပူရ်ကို ပြောင်းရွှေ့လာခဲ့ပြီးတော့နေထိုင်ဖို့ အခန်းငှားရင်းနဲ့ မစ္စစ်အိတ်ချ်ခေါ် ဟင်နရီဆီကိုရောက်လာပါတော့တယ်။ငှားမယ့်အခန်းကတော့ တစ်ခန်းကို နှစ်ယောက်ခွဲနေရမှာဖြစ်ပြီး အခန်းကြည့်ဖို့ရောက်တဲ့အချိန်မှာပဲသူနဲ့အတူနေတဲ့ အခန်းဖော်က သူနေမယ့်အခန်းသော့ကို ယူသွားလို့ လွန်ပူရ်မြို့အနှံ့ပတ်ရှာရပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့အခန်းဖော်ဖြစ်သူ ရှေခါဟုမ်းနဲ့တွေ့တဲ့အခါမှာတော့ သူဟာ အရမ်းကို တော်တဲ့သူဖြစ်နေတာကိုမြင်တွေ့လိုက်ရပါတော့တယ်။ ရှေခါဟုမ်းဟာ ကလေးတွေကို စာသင်ပေးရုံတင်မဟုတ်ဘဲအမှုအခင်းတွေကို ကူညီဖြေရှင်းပေးသူလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အရမ်းကိုအေးချမ်းတဲ့လွန်ပူရ်မြို့လေးမှာ လူသတ်မှုတစ်ခုဖြစ်ပွားတဲ့အတွက် အကုန်ပွက်လောတွေရိုက်ပြီးတော့ရဲအရာရှိဖြစ်သူ လာဟာက ရှေခါဟုမ်းကို ကူညီဖြေရှင်းပေးဖို့အတွက် အကူအညီတောင်းရာကနေစစ်ဆရာဝန်တစ်ယောက်ဖြစ်သူ ဂျာယာဗာ့တ် စိုင်နီဟာလည်း ကန့်လန့်ကန့်လန့်နဲ့ ပါလာရင်းရှေခါဟုမ်းရဲ့ လက်ထောက်လိုဖြစ်လာခဲ့ပြီးနောက်ပိုင်း သူတို့နှစ်ယောက်ပေါင်းပြီးတော့ အမှုတွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲ ……..ဆိုတာကို ကြည့်ရှုရမယ့် မှုခင်းစုံထောက်စီးရီးလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Jatta Dolie Naa (2024) ⭐IMDB: 8.1/10 (16 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jatta Dolie Naa (2024)”ဓားသွားထက်က ပုံရိပ်”=====================================ဆစ်ခ်လူမျိုးတွေရဲ့ ရိုးရာသိုင်းပညာကိုအခြေခံဇာတ်လမ်းဆင်ထားတဲ့ပန်ချာပီစကားပြောရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆစ်ခ်တိုင်းပြည်ရဲ့ ခြောက်ယောက်မြောက်မင်းဆရာကြီးဖြစ်တဲ့ မီရီပီက ဂတ်ကာဆိုတဲ့လက်နက်တစ်မျိုးကို ပြည်သူတွေအတွက်ဖန်တီးပေးခဲ့ပါတယ်။ နှစ်ကာလ ကြာလာတဲ့အခါ အဲဒီလက်နက်နဲ့ တိုက်ခိုက်ရတဲ့သိုင်းပညာဟာဆစ်ခ်ရိုးရာသိုင်းပညာဖြစ်လာခဲ့ပါတယ်။ မျက်လုံးထဲမြင်အောင်ပြောရမယ်ဆိုရင်ဂျက်ကီချန်းရဲ့ The Myth ရုပ်ရှင်ထဲမှာ အိန္ဒိယရောက်တဲ့အချိန်ဥယျာဉ်ထဲမှာ ဂျက်ကီနဲ့ ဓားချင်းယှဉ်ခုတ်ခဲ့တဲ့ သိုင်းသမားရဲ့ ဒိုင်းကာနဲ့ဓားတွဲသုံးတဲ့သိုင်းပညာပေါ့။ အိန္ဒိယမှာ အဲဒီ ဆစ်ခ်ရိုးရာသိုင်းပညာကိုနိုင်ငံအဆင့်ပြိုင်ပွဲထိကျင်းပတတ်ပြီး ဒီရုပ်ရှင်ထဲမှာလည်းအဲဒီ ဆစ်ခ်ရိုးရာ ဓားသိုင်းသမားဟောင်းနှစ်ယောက်ရဲ့ ပြိုင်ဆိုင်ပုံတွေ၊လေလွင့်နေတဲ့လူငယ်လေးတစ်ယောက် အချစ်အတွက်နဲ့တစ်ခါမှမကိုင်ဖူးတဲ့ဓားကိုကိုင်ပြီး ဓားသိုင်းဝင်ပြိုင်ဖို့ကြိုးပမ်းပုံတွေကိုဇာတ်လမ်းဆန်းဆန်းနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Ngayon kaya (2022) ⭐IMDB: 6.1/10 (154 Votes) 🎬 #Drama #Romance 🗓 2022 🎞 movie 🌎 #Philippines ⏰ 1 နာရီ 40 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maybe Today (2023) IMDb Rating (6.1) အကယ်၍ ကျွန်တော်တို့သာ ခံစားချက်ကိုမဖုံးကွယ်ဘဲ ရိုးသားခဲ့ကြမယ်ဆိုရင်… အကယ်၍ ကျွန်တော်တို့သာ သူငယ်ချင်းဆိုတဲ့ဝေါဟာရကို ဆုပ်ကိုင်မထားခဲ့ဘူးဆိုရင်… အကယ်၍ ကျွန်တော်တို့သာ ကျွန်တော်တို့အရမ်းချစ်ရတဲ့သူကို ဖွင့်ပြောဖို့သတ္တိမျိုး ရှိခဲ့မယ်ဆိုရင်… ဒီဇာတ်လမ်းလေးက ကောလိပ်မှာကတည်းက ခြောက်နှစ်ကျော် ချစ်လာခဲ့တဲ့ ဆင်းရဲသား ကောင်လေးတစ်ဦးနဲ့ သူ့ရဲ့သူငယ်ချင်းဆိုတဲ့ သူဌေးသမီးလေးရဲ့ ရင်နာစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ မတူညီတဲ့ ဘဝအဆင့်အတန်းကြောင့် ကိုယ်ဝါသနာပါတဲ့ ဂီတအိပ်မက်ကိုစွန့်လွှတ်ပြီး ကနေဒါကိုအလုပ်လုပ်ဖို့ သွားခဲ့ရတဲ့ Harold နဲ့ ကျန်ရစ်ခဲ့ရတဲ့ သူငယ်ချင်းမလေး AM တို့ နောက်ငါးနှစ်ကျော်မှ သူများမင်္ဂလာဆောင်တစ်ခုမှာ ပြန်ဆုံတွေ့ရင်း အရင်ကခံစားချက်တွေ ပြန်ပေါ်ပေါက်လာတဲ့အခါမှာ… သူတို့ရဲ့ ခံစားချက်အစစ်အမှန်တွေကို ဖွင့်ပြောလာနိုင်မှာလား… ဒါမှမဟုတ် အရာအားလုံးက နောက်ကျသွားပြီလားဆိုတာကို ဒီဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်…။ (အညွှန်းနဲ့ဘာသာပြန်ကတော့Thwal Htoo Zinဖြစ်ပါတယ်)
...

The Ward (2010) ⭐IMDB: 5.5/10 (46 k Votes) 🎬 #Horror #Mystery #Thriller 🗓 2010 🎞 movie 🌎 #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Ward (2010) John Carpenter’s The Ward မင်းသမီး Amber Heard အဓိကပါဝင်ထားပြီး Sydney Sweeney နဲ့ အခြားမင်းသမီးတွေ အရံအဖြစ်ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Psychological Horror အမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းကတော့…. Kristen ဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ ယာအိမ်တစ်လုံးကို မီးရှို့ပစ်ခဲ့ပါတယ်…ဒီမီးရှို့မှုနဲ့ သူဟာ ဖမ်းဆီးခံခဲ့ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်…Kristen ဟာ ဆေးရုံမှာ နေထိုင်ချိန်အတွင်း Dr. Geral Stringer, Emily, Sarah, Zoey, Iris ဆိုတဲ့ မိန်းကလေးတွေနဲ့ ရင်းနှီးခဲ့ပါတယ်…ဆေးရုံတိုင်းလိုလို နာနာဘဝ မကောင်းဆိုးဝါးဆိုတာ ရှိစမြဲပါ…ဒီလိုပဲ Kristen တစ်ယောက်လဲ ရေချိုးရင်း သရဲမ တစ်ကောင်နဲ့ ပတ်ပင်းတိုးခဲ့ပါတယ်…Kristen သရဲမကို မြင်ပြီးနောက်မှာတော့ သူ့သူငယ်ချင်း Iris ဟာလဲ သရဲမကို တွေ့ခဲ့ပြီး အသက်နှုတ်ယူခံခဲ့ရပါတယ်…Iris ပျောက်ဆုံးသတင်းကို ကြားပြီးနောက်မှာတော့ မိန်းကလေးတွေဟာ Iris ကို ရှာဖွေခဲ့ကြပါတယ်…ကံဆိုးချင်တော့ Sarah, Emily တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ကြပါတယ်….Kristen ကတော့ ကံကောင်းထောက်မပြီး လွတ်မြောက်ခဲ့ပါတယ်…သူဟာ ကျန်ရှိနေတဲ့ သူငယ်ချင်း Zoey ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်…သို့ပေမဲ့ Zoey ဟာလဲ သရဲမ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်…Kristen တစ်ယောက်ကြံရာမရဖြစ်ပြီး သူ့အသိ Dr.Geral Stringer ဆီကို အပြေးအလွှားသွားခဲ့ပါတယ်…Dr. ဆီရောက်တဲ့အချိန်မှာတော့ သူ သရဲမ အကြောင်းကို သိခဲ့ပါတယ်…သရဲမ နာမည်က Alice ဖြစ်ပြီး Kristen သူ့အကြောင်းကို အလုံးစုံသိလိုက်ရချိန်မှာတော့….Kristen တစ်ယောက် Zoey ကိုကယ်ပြီး လွတ်မြောက်နိုင်မလား…သရဲမ Alice က ဘာလို့ လိုက်သတ်နေတာလဲ…စတဲ့အကြောင်းအရာတွေကို စိတ္တဇဆန်ဆန် ရိုက်ကူးထားပါတယ်…သဲထိတ်ရင်ဖိုဇာတ်လမ်း ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ Horror တစ်ကားပါပဲ။
...

Afraid (2024) ⭐IMDB: 5.1/10 (4 k Votes) 🎬 #Horror #Mystery #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယနေ့ခေတ်မှာ AI နည်းပညာတွေက အံ့မခန်း တိုးတက်လာတာ လူတိုင်းအသိပါပဲ။  ဒီလိုနည်းပညာတွေကို လူသားတွေအကျိုးအတွက် အသုံးပြုရာမှာ တွင်ကျယ်လာသလို တစ်ဖက်မှာလည်း ဒီနည်းပညာတွေအပေါ် လူသားတွေ မှီခိုလွန်းတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သတိပေးနေကြပါတယ်။ ဒီဇာတ်ကားမှာဆိုရင် အဆင့်မြင့် AI နည်းပညာတစ်ခုကြောင့် ဖြစ်လာတဲ့ အရာတွေကို စိတ်ကူးယဉ်ဖန်တီး ရိုက်ကူးတင်ဆက်ထားတာပါ။ အိုင်ယာ(AIA)လို့ အမည်ပေးထားတဲ့ ဒီအဆင့်မြင့် AI နည်းပညာဟာ Dataset တစ်ခုပေါ်မှာ သူ့ဘာသာ သင်ယူလေ့လာနိုင်တဲ့ အဆင့်ရှိပါတယ်။ ဒီနည်းပညာကို ဈေးကွက်ထဲ မဖြန့်ချိခင် အရောင်းမြှင့်တင်ရေး တစ်ဦးဖြစ်တဲ့ ကာတစ်စ်ဆိုတဲ့ အမျိုးသားနဲ့ သူ့ရဲ့ မိသားစုကို စမ်းသပ်အဆင့်အနေနဲ့ စပြီး တပ်ဆင်အသုံးပြုစေခဲ့ပါတယ်။ အိုင်ယာဟာ သူတို့မိသားစုရဲ့ နေ့စဉ်ဘဝတွေကို ပိုပြီး အဆင်ပြေချောမွေ့အောင် လူတစ်ယောက်နီးပါး ဆောင်ရွက်ပေးနိုင်တဲ့အတွက် မိဘတွေရော ကလေးတွေပါ ဒီနည်းပညာကို နှစ်ခြိုက်သဘောကျကြပါတယ်။ တစ်ဘက်မှာ ဒီမိသားစုရဲ့ သတင်းအချက်အလက်တွေအပေါ် သင်ယူလေ့လာမှု လုပ်ရင်း မိသားစုဝင်တွေရဲ့ နေ့စဉ်လူနေမှု ဘဝတွေမှာ စတင်ပြီး ချုပ်ကိုင် ခြယ်လှယ်မှုတွေ စပြီး လုပ်လာတဲ့ အခါမှာတော့
...

1992 (2022) ⭐IMDB: 5.9/10 (964 Votes) 🎬 #Action #Drama #Thriller #Crime 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ 2024 မှာထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ မာဆာ က လူမည်းဂိုဏ်းလောကအသိုင်းအဝိုင်းမှာ လူလေးစားခံရသူတစ်ယောက်ပါ။ သူ့မှာ အန်တွိုင်းလို့ခေါ်တဲ့ သားတစ်ယောက်ရှိပြီး သားအဖနှစ်ယောက်ဆက်ဆံရေးက အဆင်မပြေလှပါဘူး။ မာဆာ က ထောင်ထွက်တစ်ဦးဖြစ်ပြီး သတ္တုစက်ရုံတစ်ခုမှာ အလုပ်လုပ်ရင်း ဘဝကို အေးဆေးဖြတ်သန်းနေသူပါ။ တစ်ချိန်တည်းမှာပဲ ဓားပြအဖွဲ့တစ်ဖွဲ့က မာဆာ အလုပ်လုပ်နေတဲ့စက်ရုံက ဒေါ်လာသန်းနဲ့ချီတဲ့ ပလက်တီနမ်ချောင်းတွေကို ဝင်ပြီး ဓားပြတိုက်ဖို့အတွက် ကြံစည်နေတယ်။ အဲဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် အမေရိကန်နိုင်ငံမှာ လူမည်းဆိုင်ကယ်သမားကို ရဲတွေက ရိုက်နှက်မှုကြောင့် ဆန္ဒပြပွဲတွေအကြီးအကျယ် ဖြစ်ပြီး ဆူပူအုံကြွမှုတွေဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားမှာတော့ သားဇောနဲ့ မာဆာ၊ ဆူပူမှုကိုအခွင့်ကောင်းယူကြမဲ့ ဓားပြ အုပ်စုတို့ကို အက်ရှင်အခန်းတွေအပြည့်နဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။
...

The Master Returns: Ghost Prisoner (2024) ⭐TMDB: 85% User Score 🎬 #Action #Adventure #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 17 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ဗေဒင်ပညာကို ကျွမ်းကျင်တဲ့ ကျန်းကျိုယင်းဟာ တပည့်ဖြစ်တဲ့ကျောင်းချိုင်နဲ့ ကျင့်ပေါင်နဲ့အတူ စစ်ဟိုင်မြို့ကို ရောက်လာပါတယ်။အမှန်တော့ လီမိသားစုက မင်္ဂလာပွဲဖိတ်လို့ လာတာ ဖြစ်ပေမဲ့အဲဒီမင်္ဂလာပွဲက လူသေတွေအတွက် လုပ်ပေးတဲ့ တမလွန်မင်္ဂလာပွဲဆိုတာ မသိခဲ့ဘူး ဖြစ်ပါတယ်။ မထင်ထားဘဲ မင်္ဂလာပွဲညမှာ ထူးဆန်းအဖြစ်တွေ ဖြစ်ပြီး လီမိသားစုမှာရှိသမျှအစေခံအမျိုးသားတွေ အားလုံးသေပြီး အစေခံအမျိုးသမီးအားလုံးပျောက်သွားခဲ့ပါတယ်။ မှုခင်းက ထူးဆန်းပြီး သဲလွန်စရှာမရဖြစ်နေတဲ့အတွက် မြို့သူမြို့သားတွေကြားမှာ လီမိသားစုမှာသရဲခြောက်ကြောင်း ကောလာဟလက ညတွင်းချင်း ပျံ့သွားခဲ့ပါတယ်။ ဦးလေးယင်းကလည်း အစေခံအမျိုးသမီးတွေ ပျောက်ဆုံးမှုကိုစုံစမ်းရှာဖွေဖို့အတွက် ထမင်းဆိုင် ဆိုင်ရှင်နဲ့ သိကျွမ်းခဲ့ပြီးကင်းလှည့်အဖွဲ့ခေါင်းဆောင်နဲ့အတူ စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။ဦးလေးယင်းတို့အဖွဲ့ နောက်ကွယ်ကတရားခံအစစ်ကို ရှာတွေ့နိုင်ပါ့မလား……တရားခံကို လိုက်ရှာတဲ့အချိန်မှာရော ဘယ်လို အန္တရာယ်မျိုးတွေနဲ့ တွေ့ရမလဲ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...

His Three Daughters (2023) ⭐IMDB: 7.3/10 (3 k Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် cm ကနေတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အားလုံးရဲ့အချစ်တော် မမ Elizabeth Olsen ပါဝင်သရုပ်ဆောင်ထားတဲ့ His Three Daughters ဆိုတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ညီအစ်မသုံးယောက်နေရာမှာ အကြီးဆုံးအစ်မ ကေတီအဖြစ် မင်းသမီး Carrie Coon၊ အလတ်ညီမ ခရစ္စတီးနားအဖြစ် Elizabeth Olsen၊ အငယ်ဆုံးညီမ ရေချယ်အဖြစ် Natasha Lyonneတို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ကေတီ၊ ခရစ္စတီးနားနဲ့ ရေချယ်တို့ရဲ့ဖခင် ဗင်းဆင့်ဟာ ကင်ဆာရောဂါကြောင့် ဘဝတစ်ပါးကို ကူးပြောင်းခါနီး အခြေအနေကို‌ရောက်လို့နေပါတယ်။ အဲဒါကြောင့်ပဲ သူတို့ညီအစ်မသုံးယောက်ဟာ ဖခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်အတွက် ပြင်ဆင်ရင်း အနီးကပ်လာစောင့်ရှောက်ကြပုံကို ဇာတ်အိမ်တည်ရိုက်ကူး ထားတဲ့ Family/Drama ရုပ်ရှင်မျိုးဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့လူ မကြာခင်ထွက်သွားတော့မှာကို သိသိလျက်ကြီးနဲ့ ဘေးနားထိုင် ကြည့်နေရပြီး ပူဆွေးသောကရောက်နေရတာဟာ ဘယ်လောက်ဆိုးရွားလဲ ဆိုတာ ကြုံဖူးသူတွေဆို သိပါလိမ့်မယ်။ ဒီဇာတ်ကားထဲမှာလည်း တစ်ယောက်တစ်နေရာစီနေထိုင်ကြတဲ့ ညီအစ်မ သုံးယောက်ဟာ ဖခင်ရဲ့နောက်ဆုံးထွက်သက်ကို စောင့်ဆိုင်းရင်း စိတ်ဖိစီးမှုတွေ ပူပန်သောကရောက်မှုတွေ အကြား အချင်းချင်း ပဍိပက္ခဖြစ်ကြရပုံတွေ၊ စိတ်သဘောထားချင်းမတိုက်ဆိုင်ကြပုံတွေကို ပုံဖော်ရိုက်ကူးပြထားပါတယ်။ Family/Drama ဖြစ်တဲ့အလျှောက် ဇာတ်လမ်းအေးပြီး တစ်နေ့လူတိုင်းကြုံ လာရနိုင်မဲ့ အခြေအနေတစ်ခုကို အရှိတိုင်းရိုက်ပြထားတဲ့အတွက်ကြောင့် သဘာဝဆန်ဆန်နဲ့ ဇာတ်ကောင်တွေရဲ့ ဝမ်းနည်းမွန်းကြပ်နေတဲ့ခံစားချက်တွေကိုပါ ကူးစက်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း အပိုအလိုလုံးဝမရှိအောင်သရုပ်ဆောင်သွားနိုင်တဲ့ အတွက် ရုပ်ရှင်ဟာတကယ် လက်တွေ့ဆန်လွန်းလှပါတယ်။ အကျင့်စရိုက်တွေ၊ စိတ်နေစိတ်ထားတွေ လုံးဝမတူညီကြတဲ့ ညီအစ်မသုံးယောက်အနေနဲ့ သူတို့ဘဝရဲ့ ကြီးမားတဲ့ဆုံးရှုံးမှုကြီးကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
...

Chhatri (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 53 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chhatri (2024) နယ်မြို့လေးမှာ ပြဇာတ်လိုက်ကနေရတဲ့ ဒေ့ဗ်။နှစ် ဆယ်နဲ့ချီပြီး လုပ်နေခဲ့ပေမဲ့ ရတဲ့အခကြေးငွေကကျမဖြစ်စလောက်။ ဆန်ဖိုးဆီဖိုးလောက်ငရုံကလွဲရင် အိမ်ငှားခတောင် နေ့ရွှေ့ညရွှေ့ ရွှေ့နေရတဲ့ဘ၀။ချစ်ရတဲ့ ချစ်သူလေးကလည်း အတူတူနေဖို့အရေး တတွတ်တွတ်ပူဆာ။ တစ်ယောက်တည်းသမားဘ၀တောင် အဆင်မပြေတဲ့ဘ၀မှာ ဒေ့ဗ်တစ်ယောက် ချစ်သူကိုဆွဲမခေါ်ရက်။ဒီမှာပဲ ဘော်ဒါတစ်ယောက်အကူအညီနဲ့ မြို့တက်ပြီး သရုပ်ဆောင်လုပ်ဖို့ကြိုးစားချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Headhunters (2011) ⭐IMDB: 7.5/10 (108 k Votes) 🎬 #Action #Crime #Thriller 🗓 2011 🎞 movie 🌎 #Norway #Sweden #Denmark #Germany ⏰ 1 နာရီ 41 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hitman လိုမျိုး action thriller တွေ Bratt Pitt ရဲ့ Ocean movie တွေထဲကလို gambling သဘောတရားဆန်ဆန်လေးတွေကို ကြည့်ချင်တယ်ဆိုရငတော့ ဒီဇာတ်လမ်းလေးက အသင့်တော်ဆုံးပါပဲ။ Games of Throne ထဲက Jammie Lennister အနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသားကပါ ဒုတိယဇာ​တ်ဆောင် နေနဲ့ ပါနေတာမလို တက.် entertain ဖြစ်တဲ့ဇာတ်လမ်းမျိုးပါ ဒီဇာတ်လမ်းထဲမှာကတော့ရော်ဂျာလိုခေါ်တဲ့ တန်ဖိုးကြီးပန်းချီသူခိုးတစ်ယောက်အကြောင်းကို တွေ့ရမှာပါ။ကြေးစား သူခိုးဆိုတဲ့အလျောက် ငါးစာတွေကို လိုက်ရှာနေရသူပါ။ တစ်နေ့မှာရော်ဂျာရဲ့ အယောင်ပြလုပ်ငန်းဖြစ်တဲ့ အလုပ်အေဂျင်စီကို ကလာ့စ်လိုခေါ်တဲ့ထောက်လှမ်းရေးလုပ်သားဟောင်း တစ်ယောက်က ရောက်လာတဲ့အခါမှာတော့… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Hell or High Water (2016) ⭐IMDB: 7.6/10 (257 k Votes) 🎬 #Crime #Drama #Thriller #Western 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hell or High Water (2016) IMDb Rating (7.6) / Rotten Tomatoes (97%) Chris Pine , Jeff Bridges , Ben Foster တို့လို မင်းသားကြီးတွေပါဝင်ပြီးCrime Drama Thriller အမျိုးအစားကိုမှ Western  စတိုင်အပြည့်နဲ့ရုပ်ရှင်ကားကြီးပါ။ ဘဏ်မှာ အပေါင်ဆုံးတော့မဲ့ ဘိုးဘွားပိုင် မြေတွေကို မဆုံးရူံးဖို့ Tony နဲ့ Tanner တို့ညီအကိုနှစ်ယောက် ဘဏ်တွေကို ဓါးပြဝင်တိုက်ကြတယ်။သူတို့ ရွေးချယ်တာ မြို့ငယ်လေးက ဘဏ်တိုက်လေးတွေကိုပါ။မနက်စောစော ဘဏ်ဖွင့်ချိန်မှာ ဝင်လုမယ်။ပိုက်ဆံကိုလည်း ဒေါ်လာ 20 တန်တဲ့ တန်ဖိုးပိုကြီးတဲ့အရွက်ကြီးလည်းမယူသလိုသူတို့လုတဲ့ငွေ ပမာဏကလည်း ဒေါ်လာတစ်သောင်းအောက်ဆိုတော့FBI ကတာဝန်ယူရလောက်အောင်ကြီးမားတဲ့ အမူမဟုတ်တဲ့အခါ ပြည်နယ်ရဲတာဝန်ပေါ့။ဒီအမှုတွေကို မကြာခင် ရဲဘဝကနေအငြိမ်းစားယူတော့မဲ့ Marcus ရယ် သူတွဲဘက်အဖော် Alberto တို့ပူးပေါင်းဖော်ထုတ်ဖို့တာဝန်ဖြစ်လာပါတယ်။Marcus က ဘဏ်ဓါးပြတွေ ကို လိုက်လံရှာဖွေဖမ်းဆီးဖို့ထက်Tony တို့ညီအကို လာတိုက်မယ်လို့ တွက်ထားတဲ့ မြို့ငယ်လေးတစ်ခုရဲ့ ဘဏ်တစ်ခုနားကနေ စောင့်ဖမ်းဖို့ ဆုံးဖြတ်လိုက်တယ်။Marcus တို့ စောင့်နေတဲ့ နေရာကို Tony တို့ညီအကိုဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာမလား ဆိုတာကိုတော့ …….။ ပြသချိန် ၂ နာရီကြာမြင်ြ့ပီး အစမှအဆုံး ရုပ်ရှင်ကြည့်ပရိတ်သတ်ကို စဉ်ဆက်မပြတ် ဆွဲခေါ်သွားနိင်တဲ့ ဇတ်ကားကောင်းပါ။အထူးသဖြင့် ဇာတ်အိမ်တည်ထားတဲ့ အမေရိကန် Texas ပြည်နယ်ရဲ့ သဘာဝအလှတွေပြည်နယ်သားတွေ ရဲ့စိတ်နေစိတ်ထားအကျင့်စရိုက်တွေကို ပေါ်လွင်အောင် ရိုက်ကူးတင်ပြနိင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ (ရုပ်ရှင်အညွှန်းကို Myo Min Thwin’s FB မှကူးယူဖော်ပြပါသည်။)
...

Lag Gaye (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 # ⏰ 2 နာရီ 46 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lag Gaye (2024) အိန္ဒိယရုပ်ရှင်ချစ်သူတို့ အပျင်းတော်ပြေစေရာပန်ချာပီကျေးလက်ဟာသရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အသက်သုံးဆယ့်ခုနစ်နှစ်အရွယ် လူပျိုကြီး ပါပီတစ်ယောက် မိန်းမလိုချင်တာ ပြာတာရမ်းလို့နေပါတယ်။ပါပီရဲ့ အဖေနဲ့အမေဖြစ်သူက ကိစ္စတစ်ခုကလွဲရင် ဘယ်ကိစ္စမှာမှသဘောထားမတိုက်ဆိုင် အတူတူလုပ်ကြတာမျိုးမရှိပါဘူး။အဲဒါကတော့ ပါပီတစ်ယောက် အိမ်ထောင်ကျဖို့အရေးပါပဲ။ အောင်သွယ်တော်ကြီး လာလာစပ်တဲ့ သတို့သမီးလောင်းတွေကိုကျလည်းသွားခေါသလေး အသားမဲသလေးအရပ်ပုသလေးပြောလွှတ်တဲ့အတွက် အောင်သွယ်တော်ကြီးဒေါခီးပြီး ပါပီကို အဘိုးကြီးလို့သမုတ်ရာကစ ပါပီက အောင်သွယ်တော်ကြီးကို လိုက်ရိုက်ပါတော့တယ်။ ဒီမှာပဲ အငြိုးကြီးတဲ့ အောင်သွယ်တော်ကြီးက ပါပီကို သင်ခန်းစာပေးဖို့ငြိုးထားပါတယ်။ပါပီတစ်ယောက် စိတ်ပြန်ငြိမ်သွားတဲ့အချိန် အောင်သွယ်တော်ကြီးကို ပြန်ခေါ်ဖို့မိဘတွေကဖြောင့်ဖြတဲ့အခါမှာတော့ မောင်ပါပီတစ်ယောက် လက်ခံမိလိုက်ရာကစ ဒုက္ခအကြီးအကျယ်ရောက်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်)
...

The White Storm 2: Drug Lords (2019) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Crime #Drama #TheWhiteStormTrilogy #Action #Thriller 🗓 2019 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 40 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The White Storm ကားရဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ်စုစုပေါင်းသုံးကားထွက်ထားပြီး ဇာတ်ကားသုံးကားလုံးကိုဒီနေရာမှာရှာနိုင်ပါတယ် ဒီကားလေးဟာ 2019 julyလ 2023 ကမထွက်ထားတဲ့ဟောင်ကောင်အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဒီဇာတ်ကားထဲမှာမင်းသားကြီး Andy Laoနဲ့ Louis Kooတို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး Louis Kooကိုလဲပုံစံတစ်မျိုးနဲ့မြင်တွေ့ရမှာဖြစ်မှာပါ.. ဇာတ်လမ်းအကျဉ်းကတော့ဟောင်ကောင်မြို့မှာအကြီးဆုံးမူးယစ်ရာဇာဖြစ်လာတဲ့တိကျန့်ဟာဟောင်ကောင်မူးယစ်ဈေးကွက်ကိုအုပ်စိုးဖို့ ကြိုးစားနေသူပါ..တစ်ဖက်မှာလည်း ဟောင်ကောင်မူးယစ်နှိမ်နင်းရေးအဖွဲ့က ဒါရိုက်တာယွီစွင့်ထျန်းဟာမူးယစ်ရာဇာတွေအားလုံးကိုဖြိုခွဲဖို့ကြိုးစားလာတဲ့အခါဘယ်လိုတွေထိပ်တိုက်ရင်ဆိုင်ကြမလဲ…သူတို့ကြားမှာဘယ်လိုအငြိုးတရားတွေရှိနေတာလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
...

The White Storm 3: Heaven or Hell (2023) ⭐IMDB: 5.8/10 (563 Votes) 🎬 #Action #Crime #Drama #TheWhiteStormTrilogy #Adventure 🗓 2023 🎞 movie 🌎 #China #HongKong ⏰ 2 နာရီ 5 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The White Storm ရဲ့တတိယမြောက်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားသုံးကားလုံးကိုဒီနေရာမှာရှာနိုင်ပါတယ်ဒီကားမှာတော့ အရင်ဇာတ်ကားကမင်းသားကြီးဖြစ်တဲ့Louis Kooတစ်ယောက်ပဲပြန်ပါလာပြီးမင်းသားကြီး Aaron Kwok နဲ့ Sean Lau တို့ထပ်ပါဝင်လာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဟောင်ကောင်ရဲ့မူးယစ်ရာဇာကြီးခန်းစုချိုင်းဟာ ဟောင်ကောင်မှာမရှုမလှနှိမ်နင်းခံရတဲ့အတွက် အသက်ဘေးလွတ်မြောက်အောင်ပြေးရင်းရွှေတြိဂံဒေသ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေရပါတယ်။ နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် လက်နက်ကိုင်တပ်ကကြီးစိုးတဲ့ဘိန်းချက်တဲ့ရွာမှာပဲ လုပ်ကိုင်နေရင်း ရွှေတြိဂံဒေသကိုကြီးစိုးနိုင်ဖို့ ကြံစည်ပါတယ်။ထိုင်းကိုလွတ်မြောက်သွားတဲ့ မူးယစ်ရာဇာကြီးကိုဘယ်လိုပြန်ဖမ်းကြမလဲဆိုတာကိုတင်ဆက်ပြထားတာပဲဖြစ်ပါတယ်။ မင်းသားကြီးတွေရဲ့ အက်ရှင်တွေအိုက်တင်တွေကပြောစရာမရှိအောင်ပါပဲဆိုတဲ့အတွက်မူးယစ်ဂိုဏ်းသူလျိုကားတွေကိုကြိုက်နှစ်သက်တဲ့အက်ရှင်ပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
...

The White Storm (2013) ⭐IMDB: 6.6/10 (3 k Votes) 🎬 #Action #Drama #Fantasy #TheWhiteStormTrilogy #Thriller #Crime 🗓 2013 🎞 movie 🌎 #China #HongKong ⏰ 2 နာရီ 15 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Line Walker မင်းသားပါဝင်တဲ့Nick Cheung ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးဟာ imdb6.6ရထားတဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့Ching Wan Lao,Louis Kooနဲ့ Nick Chengတို့မင်းသားကြီးသုံးယောက်ပါဝင်တဲ့အတွက် သဘောတွေ့စေမှာပါ… ဇာတ်လမ်းအကျဉ်းလောကတော့ဟောင်ကောင်ရဲအရာရှိသုံးယောက်ဟာ မူးယစ်ရာဇာတွေကိုဖော်ထုတ်နိုင်ဖို့အတွက်သူတို့ထဲကတစ်ယောက်ကိုသူလျိူအဖြစ် မူးယစ်ဂိုဏ်းထဲဝင်စေပြီးစုံစမ်းရာကနေ အရှေ့တောင်အာရှ မူးယစ်ဂိုဏ်းတစ်ခုလုံးကိုအုပ်စိုးနေတဲ့ရှစ်မျက်နှာဘုရားလို့ နာမည်ပေးထားတဲ့ ခေါင်းဆောင်ကိုဘယ်လိုတွေ ရင်ဆိုင်ကြမလဲ…ဘယ်လိုအခက်အခဲတွေနဲ့အလှည့်အပြောင်းတွေကိုကြုံရမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ..ဒီကားရဲ့အဆက်ဖြစ်တဲ့ The White Storm 2 ကိုလည်း မကြာခင်မှာတင်ဆက်သွားမှာပဲဖြစ်ပါတယ်
...

Hit Man (2023) ⭐IMDB: 6.8/10 (89 k Votes) 🎬 #Action #Comedy #Crime #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.2Tomato 97% ဒီရုပ်ရှင်ကတော့ ဟာသအက်ရှင်အမျိုးအစားပါ၊ Netflix ရဲ့ ပေါကားတွေကြားထဲမှာ ရှားရှားပါးပါး စိတ်ဝင်စားစရာ ကားကောင်းလေးပါပဲ။ ဒါရိုက်တာက Before Trilogy ရဲ့ ဖန်တီးရှင် Richard Linklater ဆိုတော့ ဒိုင်ယာလော့ လန်းလန်းတွေ ပါတာပေါ့။ ဇာတ်လမ်းကတော့ နာမည်အတိုင်း ကြေးစားလူသတ်သမား တစ်ယောက်အကြောင်းလို့ ထင်မိရင် မှားမယ်။ မဟုတ်ပါဘူး။ ဒီဇာတ်လမ်းအရဆိုရင် ကြေးစား လူသတ်သမားဆိုတာ တကယ်မရှိပါဘူး။ ဘယ်ကောင်မှ သေဒဏ်ကျနိုင်တဲ့ကိစ္စကို ငွေလေးနှစ်ပဲတစ်ပြားနဲ့ မလုပ်ပါဘူးတဲ့။ ဒီတော့ လူတစ်ယောက်ကို သတ်ချင်လို့ လိုက်ငှားတဲ့သူတွေကို ရဲက စုံစမ်းမိပြီဆိုရင်သူတို့ရဲ့ လက်ရွေးစင် အသွင်ယူ ကြေးစားလူသတ်သမားကြီးကို ခေါ်လိုက်ပါတယ်။ သူက ကလိုင်းယန့်တွေကိုလေ့လာပြီး သူတို့ယုံမဲ့ပုံစံ စကားတွေနဲ့ အလုပ်အပ်တာကိုလက်ခံပြီးမှ ရဲတွေက သက်သေနဲ့ တစ်ခါတည်း ဖမ်းပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ယောကျာ်းကိုသတ်ဖို့ အလုပ်လာအပ်တဲ့ ကောင်မလေးတစ်ယောက်ကို မဖမ်းဘဲ ဆုံးမပြီး ပြန်လွှတ် လိုက်ပါတယ်။ အဲဒီကောင်မလေးနဲ့ ပြန်တွေ့ရကနေ နောက်ဆက်တွဲတွေ ရှုပ်ကုန်ပြီး တကယ့် လူသတ်သမားတွေ အဖြစ် ဘယ်လိုပြောင်းသွားလဲ ကြည့်ရမှာပါ။ အစအဆုံး ဘာဖြစ်မလဲ သိချင်စိတ်ဖြစ်စေတဲ့ရုပ်ရှင်မျိုးမို့ သေချာပေါက် ကြည့်လိုက်ကြပါဦး။
...

Rode College (2024) ⭐IMDB: 6.9/10 (337 Votes) 🎬 #Bollywood #Drama #Comedy #Action 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 46 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rode College (2024)”ရိုဒီကောလိပ်”============================ ပန်ချာပီစကားပြော အက်ရှင်ရုပ်ရှင်ကောင်းတစ်ခုကိုချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ရိုဒီကောလိပ်ဆိုတာကတော့ ပန်ဂျပ်ပြည်နယ်ရဲ့ အဝေးပြေးကားလမ်းမဘေးမှာရှိတဲ့သက်တမ်းရင့် ကောလိပ်ကြီးတစ်ခုပဲဖြစ်ပါတယ်။ အဲဒီကောလိပ်မှာ တက်ရောက်နေတဲ့ ကျောင်းသားတွေဟာအကောင်ကြီးကြီး နိင်ငံရေးသမားတွေရဲ့ ကာဗာရှိတဲ့ မိုက်ရိုင်းဆိုးသွမ်းကျောင်းသားတွေပါ။ ကောလိပ်နားက လမ်းမပေါ်က ဖြတ်သွားဖြတ်လာ ခရီးသွားကားတွေကိုကြုံရာအုတ်ခဲနဲ့ ဘလိုင်းကြီးပေါက်ပြီး အုတ်စုလိုက်ဝိုင်းရိုက် ဆဲဆိုတဲ့ထိ မိုက်ရိုင်း ဆိုးသွမ်းကြသူတွေပါ။ ဒီလို အကျင့်ပျက်ခြစားမှုတွေနဲ့ပြည့်နေတဲ့ ကျောင်းကြီးထဲကို ကျောင်းသားသစ်တစ်ယောက်ရောက်လာချိန်ကစပြီး ပြောင်းလဲမှုတွ တဖြည်းဖြည်းဖြစ်လာပုံကိုဒီရုပ်ရှင်ထဲမှာ တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...