无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Jism (2003) ⭐TMDB: 45% User Score 🎬 #Bollywood #Drama #Romance #Thriller 🗓 2003 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jism (2003) “ညှို့ယူဖမ်းစားတတ်သော”IMDb – 5.3/10 စူးရှတဲ့အကြည့်တွေနဲ့ မင်းသားကြီး ဂျွန်အဘရာဟမ်၊ Dhoom 2(2006)ထဲမှာပါခဲ့တဲ့ညှို့အားပြင်းပြင်းနဲ့မင်းသမီးချော ဘီပါရှာဘာဆူးတို့နှစ်ယောက် ပတ်ညှို့နေကြတဲ့ဒရာမာရုပ်ရှင်ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကဘီးရ်က လမ်းပျောက်နေတဲ့ ရှေ့နေတစ်ယောက်။ ဘာပြဿနာရယ်လို့ မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေတဲ့ဘဲ။တစ်ရက် ဘားတစ်ခုမှာ အချောလေးတွေ့လို့ တစ်ညတာပျော်ရွှင်မှုအတွက်ဝင်လုံးရင်း စွဲလန်းသွားခဲ့မိသူ။သူသွားပြီး ပတ်သက်စွဲလန်းမိတာက အသိုင်းကြီးအဝိုင်းကြီးက သူဌေးတစ်ယောက်ရဲ့ဇနီးသည်။ဘယ်လောက်ပဲစိတ်ထိန်းထိန်း စွဲလန်းသွားမိသူလေးဆီကိုပဲသွားချင်စိတ်က ထိန်းချုပ်မရ။အမျိုးသမီးလေးဆီမှာက သူမသိရသေးတဲ့ အရှုပ်ထုပ်တွေနဲ့။ ဒီမှာပဲ ပြဿနာရယ်မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေသူ မောင်ကဘီးရ်တစ်ယောက်ပြဿနာတောထဲကို တိုးဝင်သွားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Jism (2003) ⭐TMDB: 45% User Score 🎬 #Bollywood #Drama #Romance #Thriller 🗓 2003 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jism (2003) “ညှို့ယူဖမ်းစားတတ်သော”IMDb – 5.3/10 စူးရှတဲ့အကြည့်တွေနဲ့ မင်းသားကြီး ဂျွန်အဘရာဟမ်၊ Dhoom 2(2006)ထဲမှာပါခဲ့တဲ့ညှို့အားပြင်းပြင်းနဲ့မင်းသမီးချော ဘီပါရှာဘာဆူးတို့နှစ်ယောက် ပတ်ညှို့နေကြတဲ့ဒရာမာရုပ်ရှင်ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကဘီးရ်က လမ်းပျောက်နေတဲ့ ရှေ့နေတစ်ယောက်။ ဘာပြဿနာရယ်လို့ မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေတဲ့ဘဲ။တစ်ရက် ဘားတစ်ခုမှာ အချောလေးတွေ့လို့ တစ်ညတာပျော်ရွှင်မှုအတွက်ဝင်လုံးရင်း စွဲလန်းသွားခဲ့မိသူ။သူသွားပြီး ပတ်သက်စွဲလန်းမိတာက အသိုင်းကြီးအဝိုင်းကြီးက သူဌေးတစ်ယောက်ရဲ့ဇနီးသည်။ဘယ်လောက်ပဲစိတ်ထိန်းထိန်း စွဲလန်းသွားမိသူလေးဆီကိုပဲသွားချင်စိတ်က ထိန်းချုပ်မရ။အမျိုးသမီးလေးဆီမှာက သူမသိရသေးတဲ့ အရှုပ်ထုပ်တွေနဲ့။ ဒီမှာပဲ ပြဿနာရယ်မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေသူ မောင်ကဘီးရ်တစ်ယောက်ပြဿနာတောထဲကို တိုးဝင်သွားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
The Marked Heart (2022) ⭐IMDB: 6.6/10 (4 k Votes) 🎬 #Soap #Mystery #Drama #Thriller 🗓 2022 🎞 tv series 🌎 #Colombia #Argentina #Mexico #Spain ⏰ 42 မိနစ် 13 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဇာတ်လမ်းကောင်းကောင်းကြည့်ရှုချင်တဲ့ CM ပရိသတ်များအတွက် ၂၀၂၂ ခုနှစ်ထွက် Netflix က ကိုလံဘီယာ ဇာတ်လမ်းတွဲတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ *(18+ Warning…..တစ်ချို့အခန်းတွေမှာ အဖော်အချွတ်တွေ၊ လိင်ဆက်ဆံခန်းတွေ ပါဝင်လို့ မိသားစုနဲ့အတူ ကြည့်ရှု့ဖို့ မသင့်တော်ပါဘူး။)* ဆီမွန်နဲ့ ဗယ်လရီရာတို့ဟာ ပျော်ရွှင်တဲ့မိသားစု ဘဝကိုပိုင်ဆိုင်ထားတဲ့ သာမန်မိသားစုလေးတစ်ခုပါ။ တရက်မှာတော့ သူတို့မိသားစုလေးဆီ ကံကြမ္မာဂြိုဟ်ဆိုးတစ်ခု ဆိုက်ရောက်လာပါတော့တယ်။ မွေးနေ့ပွဲကျင်းပပြီး ပြန်လာကြတဲ့ သူတို့လင်မယားနှစ်ယောက် ကားမတော်တဆမှု ဖြစ်ပွားပြီး ဆီမွန် မေ့မျှောနေတုန်းမှာ လူသုံးယောက်ဟာ ဗယ်လရီရာ့ကို ပြန်ပေးဆွဲသွားပါတော့တယ်။ ကမီလာဟာ သြဇာကြီးမားတဲ့ လူချမ်းသာတစ်ယောက် ဇာခရိရာ့စ်နဲ့ ချစ်ကြိုက်နေပြီး မင်္ဂလာပွဲပြုလုပ်တဲ့နေ့မှာပဲ နှလုံးဖောက်ပြီး ဆေးရုံတင်လိုက်ရပါတယ်။ ကမီလာဟာ နှလုံးရောဂါကို ခံစားနေရတာ အတော်ကြာခဲ့ပြီး နှလုံးအစားထိုးဖို့ စာရင်းပေးထားပေမယ့်၃ နှစ်ကြာတဲ့အထိ သင့်တော်တဲ့ အလှူရှင် မတွေ့တာကြောင့် အစားမထိုးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ချစ်သူ ဇာခရိရာ့စ်ဟာ သြဇာနဲ့ ကြွယ်ဝမှုကို အသုံးချပြီး ဥပဒေပြင်ပမှ လုပ်ဖို့ကြံစည်ပါတော့တယ်။ လူမိုက်တွေကို ပိုက်ဆံပေးပြီး ဗယ်လရီရာ့ကို ပြန်ပေးဆွဲပြီး နှလုံးကိုထုတ်ကာ ကမီလာ့ထံ လွှဲပြောင်းပေးဖို့ လုပ်ပါတော့တယ်။ ဆီမွန်ဟာလည်း သူ့ချစ်ဇနီးကို အသည်းအသန်လိုက်ရှာနေခဲ့ပြီး အဆိုပါ လျှို့ဝှက်ချက်ကြီးကို သိရှိသွားမလား။ အဲဒီလိုကြံစည်မှုကြီးကနေ ဘယ်လိုအရှုပ်အထွေးတွေ ဆက်ဖြစ်လာမလဲဆိုတာ ခံစားကြည့်ရှု့လိုက်ပါဦး။ အညွှန်းကိုတော့ Leonard Lin က ရေးထားပေးထားပါတယ်…… ဘာသာပြန်ထားတာကတော့ Leonard, Richard, Jimx, JoJoVa, Yoon, Roman NoX တို့ပဲ ဖြစ်ကြပါတယ်။...
Ishq (1997) ⭐TMDB: 63% User Score 🎬 #Action #Bollywood #Comedy #Drama #Romance #Musical 🗓 1997 🎞 movie 🌎 #India ⏰ 2 နာရီ 41 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ishq 1997 ( ချိုမြိန်တဲ့သောက)IMDb – 6.8/10 Ishq ဇာတ်ကားဟာ1997 ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး IMDb – 6.8ရရှိထားကာအဲဒီနှစ်ရဲ့ တတိယ၀င်ငွေအများဆုံးရခဲ့ပါတယ်။ ပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း.နာမည်ကျော် ခန်း ၃ ခန်းထဲက Pk မင်းသားဖြစ်တဲ့ အမီရာခန်း ( Aamir Khan ) ၊ မင်းသားကြီး အဂျေး ( Ajay Devgn ) ၊မင်းသမီးကြီး Juhi Chawla နဲ့ Kajol တို့ရဲ့ ငယ်စဉ်ကာလ နုပျိုချောမောမှုတွေနဲ့အတူ Chemistry မိမိရိုက်ကူးတာပါ.. ဇာတ်ကားအကျဉ်းကတော့- ဆင်းရဲသားကို မစင်ပုံရွံသလို ရွံတတ်ကြတဲ့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး နှစ်ဦးဟာသူတို့ရဲ့သားနဲ့သမီးကို သဘောမတူတဲ့လူနဲ့ ယူသွားမှာကြောက်လို့ သူတို့မသိစေဘဲလက်ထပ်စာချုပ်ကြိုချုပ်ပေးထားဖို့လုပ်ရာက အသိုင်းအဝိုင်းထဲကမဟုတ်တဲ့လူနဲ့တွေ့ဆုံမိပြီးသဘောကျသွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ? ဘယ်လို ပြဿနာ ဘယ်လိုအရှုပ်အထွေးတွေဖြစ်လာဦးမလဲ?ချစ်သောသူချင်းပေါင်းရပါ့မလား? အလွဲလွဲအမှားမှားနဲ့ပဲ ချစ်ရသူနဲ့လက်ထပ်မယ့သူ မတူကွဲပြားသွားမလား?ဘာညာသာရကာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ)...
FryDay (2018) ⭐IMDB: 5.3/10 (907 Votes) 🎬 #Bollywood #Comedy #Drama 🗓 2018 🎞 movie 🌎 #India ⏰ 1 နာရီ 52 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 FryDay (2018)”ပျော်ရွှင်စရာ သောကြာနေ့လေး”==================================== နာမည်ကြီး ဘောလိဝုဒ် ဟာသ သရုပ်ဆောင်တွေဖြစ်ကြတဲ့မင်းသားကြီး ဂိုဗင်ဒါနဲ့ ဗာရွန်ရှာရ်မာတို့ရဲ့ ၂၀၁၈ က ထွက်ရှိခဲ့တဲ့တုတ်ထိုးအိုးပေါက် ဟာသဒရာမာရုပ်ရှင်လေးကိုပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ဖြစ်သူ ရာဂျစ်ဗ်ကတော့ အလုပ်မထွက်ရဖို့ကိုမနည်းရုန်းကန်နေရတဲ့ ရေသန့်စက်ကုမ္ပဏီက ခပ်ညံ့ညံ့ အရောင်းသမားတစ်ယောက်ပဲဖြစ်ပါတယ်။ တစ်လလုံးနေလို့ ရေသန့်စက်တစ်လုံးတောင် ရောင်းမထွက်တဲ့သူ့ကို သူ့ရဲ့ဘော့စ်ဖြစ်သူကလာမယ့်သောကြာနေ့ရောက်လို့မှ ရေသန့်စက်တစ်လုံး ရောင်းမထွက်ရင် မင်းအလုပ်ထွက်လို့ ရာဇသံပေးလိုက်ပါတယ်။ အဲဒီလို ဘော့စ်က အကြပ်ကိုင် စော်ပစ်သွားတာလည်း ခံရလို့ ကျဉ်းထဲကြပ်ထဲရောက်ပြီးတိုင်ပတ်နေတဲ့ ရာဂျစ်ဗ်ဟာ မိတ်ဆွေတစ်ယောက်ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ရေသန့်စက်ဝယ်မယ့်သူကိုရှာတွေ့ခဲ့ပေမဲ့ အဲဒီ ဝယ်သူရဲ့အိမ်ကိုရောက်တဲ့အချိန်မှာ ကိစ္စတစ်ခုနဲ့ ပက်ပင်းတိုးခဲ့ရပြီးရာဂျစ်ဗ်ရဲ့ဘဝ ပိုမိုရှုပ်ထွေးကာ ဘဝတဆစ်ချိုးပြောင်းလဲသွားရပုံကိုဟာသဖောက်ပြီးတင်ဆက်ထားတာကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Push (2009) ⭐TMDB: 61% User Score 🎬 #Action #Mystery #SciFi #Thriller #ScienceFiction #Adventure 🗓 2009 🎞 movie 🌎 #Canada #USA #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Push (2009) IMDb Rating (6.1) မင်းသားချော Chris Evans ၊ Djimon Hounsou ၊Clifford Curtis၊ မင်းသမီးချော Dakota Fanning ၊ Camilla Belle တို့လို သရုပ်ဆောင်တွေနဲ့Push ရုပ်ရှင်ကတော့ စူပါဟီးရိုးခေတ်ဦးကို အမှတ်ရစေမယ့် စူပါဟီးရိုးရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့… ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နာဇီစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့စွမ်းရည် မြင့်မားလာအောင် ဆေးဖော်စပ်ဖို့အတွက်မွေးရာပါ စွမ်းအားရှိသူ တွေကို ဖမ်းဆီးပြီး သုတသန လုပ်ခဲ့ပါတယ်။အဲ့ဒီ့သုတေသနကြောင့် စွမ်းအားရှိသူတွေ အများအပြားသေဆုံးခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူးစစ်ကြီးပြီးသွားတဲ့အခါမှာတော့အမေရိကန်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Division လို့ခေါ်တဲ့အဖွဲ့က ထိုသုတေသနကိုဆက်လက်ဆောင်ရွက်ခဲ့ပြီးKira လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်က မသေဘဲ စမ်းသပ်ချက်အောင်မြင်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြှောက်သွားတဲ့အခါမှာတော့...
Assassin's Creed (2016) ⭐IMDB: 5.6/10 (210 k Votes) 🎬 #Action #Adventure #SciFi #ScienceFiction 🗓 2016 🎞 movie 🌎 #France #HongKong #Malta #USA #UnitedStates #UnitedKingdom #Taiwan #Spain #Canada #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Assassin’s Creed (2016) ဒီရုပ်ရှင်ဟာ နာမည်ကျော်ဂိမ်းတစ်ခုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဂိမ်းမာတွေအများစုကတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းကတော့Knights of Templar( ခရူးဆိတ်စစ်ပွဲအတွင်း တိုက်ခိုက်ခဲ့သော ခရစ်တော်ကိုယုံကြည်သူ ဘုရားကျောင်းလက်အောက်မှ စစ်သည်များ) နဲ့Assasin’s Creed အဖွဲ့တို့ဟာ ရာစုနှစ်များစွာ စစ်ပွဲဖြစ်ပွားနေခဲ့ပါတယ်။အကြောင်းရင်ကတော့ Knights of Templar အဖွဲ့ဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့လူသားတွေအားလုံး စည်းကမ်းအုပ်ချုပ်မှုတစ်ခုအောက်မှာ တညီတညာတည်း နေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဧဒင်ရဲ့ ပန်းသီးကို ရှာဖွေနေတာပါပဲ။အဲဒီပန်းသီးထဲမှာ လူသားအားလုံးရဲ့ လွတ်လပ်ချင်စိတ် ပုန်ကုန်ချင်စိတ်တွေကို ပျောက်ဆုံးသွားအောင်မျိုးဗီဇDNA ပြုပြင်ပေးနိုင်မယ့် လျို့ဝှက်ချက်ပါတယ်လို့ ယုံကြည်ထားလို့ပါ။Assassins တွေကတော့ အဲဒီပန်းသီးကို KoT အဖွဲ့ထဲမရောက်အောင် တားဆီးနေတဲ့ နောက်ဆုံးခံတပ်ဆိုပါတော့။ ဒီဇာတ်လမ်းမှာတော့ ယနေ့ခေတ်အထိ လျို့ဝှက်စွာ ရှိနေသေးတဲ့ KoT အဖွဲ့ဟာလွန်ခဲ့တဲ့ နှစ် ၅၀၀ က သေဆုံးခဲ့တဲ့ Assassin’s Creed ဟောင်း အဂူလာရဲ့မျိုးဆက်ကို ရှာဖွေပြီးမျိုးဗီဇမှတ်ဉာဏ်ထည့်သွင်းတဲ့နည်းနဲ့ ဧဒင်ရဲ့ပန်းသီးကို ရှာဖို့ ကြိုးစားလာပါတယ်။ဒါပေမယ့် အဂူလာရဲ့ မျိုးဆက် ကယ်လမ် လင့်ချ်ဟာ DNA ပေါင်းစပ်ခြင်းကနေတဆင့် မှတ်ဉာဏ်တွေတင်မကဘဲမူလ Assassin’s Creed အဖွဲ့ဝင် ရဲ့ စွမ်းရည်တွေကိုပါ ပြန်ရလာတဲ့အခါ...
The Dirty Picture (2011) ⭐IMDB: 6.6/10 (11 k Votes) 🎬 #Bollywood #Comedy #Drama #Musical #Romance #Biography 🗓 2011 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Dirty Picture (2011)Genre- Biography, Comedy, Drama, Romance ဒီရုပ်ရှင်လေးကတော့ အပြင်မှာ တကယ်ရှိခဲ့တဲ့ အိန္ဒိယမင်းသမီးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီးဇာတ်လမ်းပုံဖော် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ၁၉၈၀ ကျော်ကာလ Tamil နဲ့ Telugu ရုပ်ရှင်ရုံတွေမှာပုရိသတွေကို ညို့ငင်အားကောင်းကောင်းနဲ့ ရမ္မက်သွေးဆူလွယ်အောင် ဖျော်ဖြေနိုင်စွမ်းရှိလို့ နာမည်ကြီးခဲ့တဲ့မင်းသမီး Silk Smitha ကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြင်မှာတော့ ၁၉၉၆ ခုနှစ်မှာ ၃၅ နှစ်အရွယ်နဲ့ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တာပါ ရဲတွေကတော့ အရက်သေစာသောက်စားထားလို့ ဖြစ်တယ်ဆိုပြီးပြောကြပေမဲ့ အလောင်းကနေရှာတွေ့ထားတဲ့ မှတ်စုကိုလည်း အဓိပ္ပာယ်မဖော်နိုင်သေးပဲ ယခုထက်ထိတိုင်ဆန်းကြယ်တဲ့ ပဟေဠိတစ်ပုဒ်အနေနဲ့ ကျန်ရှိနေပါတော့တယ်။ ဒီဇာတ်ကားလေးထဲမှာတော့ Reshma ဆိုတဲ့ ကောင်မလေးဟာ ငယ်စဉ်ကတည်းက မြို့ကြီးပြကြီးကိုသွားရောက်ချင်နေတဲ့ ကျေးတောသူလေးတစ်ယောက်ပေါ့။ မိခင်ဖြစ်သူက ယောက်ျားလေးဆန်ဆန်ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း ဆန့်ကျင်ဖက်လိင်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရသူတစ်ယောက်ပါ။ ရုပ်ရှင်သရုပ်ဆောင် ဝါသနာပါသူမို့ လူရွေးပွဲ ခဏခဏ သွားဖြေပေမဲ့လည်း နေရာမရပဲဒါရိုက်တာတစ်ယောက်ဆို ဆွဲဆောင်မှုမရှိလွန်းလို့ ပိုက်ဆံပေး မောင်းထုတ်ခံရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်း ဇွဲမလျှော့ပဲ ရိုက်ကွင်းတစ်ခုကိုသွားပြီး အတင်းတောင်းဆိုရာကနေ သူများမလုပ်ရဲတဲ့ဆွဲဆောင်မှုရှိရှိ ရာဂစိတ်ကြွလာအောင် ကပြရမယ့်အခန်းကိုသတ္တိရှိရှိ ကပြလိုက်တဲ့အခါ လက်ထောက်ဒါရိုက်တာက ကြွေသွားပါတယ်။ ဒါပေမဲ့လည်း မူရင်းဒါရိုက်တာဖြစ်သူက ဒီလိုမျိုး အညှီအဟောက်တွေကိုသဘောမကျတဲ့အတွက် အဲဒီအခန်းကို ဖြတ်ချပြီး ရုံတင်တဲ့အချိန် Reshma တစ်ယောက်ကလည်းသူ့ကားလေး ရုံတင်ပြီဆိုပြီး ဝမ်းသာအားရ ကြွားလုံးထုတ်ပြီး ကြည့်မယ့်အချိန်မှာဘာတွေဆက်ဖြစ်ကြမလဲ Reshma တစ်ယောက် Silk ဆိုပြီး ညို့ငင်အားကောင်းတဲ့မင်းသမီးတစ်လက်အဖြစ် ဘယ်လိုတွေ တက်လှမ်းလာမလဲ သူ့အခန်းကို ဖြတ်ချခဲ့တဲ့ဒါရိုက်တာနဲ့လည်း ဘယ်လိုတွေ ဇာတ်လမ်းဆက်မလဲဆိုတာကို တင်ဆက်ထားတဲ့ Hindi ကားလေးပဲ ဖြစ်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)...
Devi(L) (2016) ⭐TMDB: 58% User Score 🎬 #Bollywood #Comedy #Horror 🗓 2016 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tutak Tutak Tutiya (2016)“ရွာသူမတစ္ဆေ” ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက်မဆလာ comedy/horror ရုပ်ရှင်အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် မွန်ဘိုင်းကို နယ်ကနေတက်လာတဲ့ လူတွေအားလုံးမှာအိပ်မက်ကိုယ်စီရှိကြပေမယ့် ခရစ်ရှ်နားမှာတော့ခေတ်ဆန်တဲ့ မိန်းကလေးနဲ့ လက်ထပ်ရမယ်ဆိုတဲ့ အိပ်မက်တစ်ခုပဲ ရှိပါတယ် အင်္ဂလိပ်စာ ဂရမ်မာမှန်မှန် ပြောတတ်တဲ့ ခေတ်ဆန်တဲ့မိန်းကလေးတွေကိုမှ ရွေးလိုက်ပေမယ့် သူ့ကိုဘယ်သူမှပြန်မကြိုက်ကြတာမို့ လူပျိုဂုဏ်ကို ဆက်ထိန်းထားနေရင်းမှ မွေးရပ်မြေရွာက အဘွားဆုံးခါနီးလို့ ရွာပြန်ရပြီးလမ်းမှာ နွားကျောင်းနေတဲ့ ရွာသူမနဲ့ ကတောက်ကဆဖြစ်လိုက်ပါသေးတယ် ဖြစ်ချင်တော့ အဘွားမဆုံးခင် နွားကျောင်းသူမရဲ့ လက်ကိုမှဆွဲကိုင်သွားတဲ့အတွက် ခရစ်ရှ်နားမိဘတွေက အဲဒီကောင်မလေးနဲ့အတင်းအကျပ်ပေးစားလိုက်ရာမှာ horror ဇာတ်လမ်းတစ်ပုဒ်ဘယ်သို့ ဘယ်ပုံဖြစ်လာမှာလဲ ဆိုတာကတော့ … ဟုတ်သော်ရှိ မဟုတ်သော်ရှိ ခဏတာတော့ရယ်မောလို့ရမယ့် ဇာတ်ကားလေးကို အားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
From Italy with Amore (2022) ⭐IMDB: 5.8/10 (412 Votes) 🎬 #Comedy #Romance #TVMovie 🗓 2022 🎞 tv movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Romanceကားကြည့်ချင်သူတွေအတွက်လာပါပြီ။ IMDb 5.8/10ရထားပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် romance, comedyဇာတ်ကားလေးပါ။ ဇာတ်လမ်းအညွှန်းကတော့ အေရီရယ်ဟာ သူမရဲ့ဘဝကို သူစိတ်ကူးထားသလိုပြည့်စုံတဲ့သူတစ်ယောက်နဲ့ အတူတူကုန်ဆုံးချင်နေတာပါ။ တစ်ရက်မှာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားနေတုန်း သူမစိတ်ကူးထားတဲ့အတိုင်းအားလုံးတူပြီး ပြည့်စုံနေတဲ့သူတစ်ယောက်ကို မတော်တဆတွေ့လိုက်ရပါတယ်။ အဲဒီမှာ သူမလဲတစ်ခါတည်းကြွေသွားပြီး ဇာတ်လမ်းစဖို့ကြိုးစားတာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ စကားပြောနေတုန်းဟိုဖက်ကအလုပ်ကိစ္စကြောင့်ပြန်သွားပါတယ်။ အဲဒီနေ့ကစပြီး ဒီဆိုင်မှာပဲပြန်တွေ့မလားဆိုပြီး အေရီရယ်ကနေ့တိုင်းကိုသွားစောင့်နေပါတော့တယ်။ အဲဒီလိုနဲ့ နေ့တိုင်းသွားစောင့်ရာကနေ စားသောက်ဆိုင်ပိုင်ရှင်ဒန်နီရယ်နဲ့ တဖြည်းဖြည်းသံယောဇဉ်တွယ်သွားကာ ဘာတွေဖြစ်သွားမလဲ? သူမစောင့်နေတဲ့သူနဲ့ရောဘယ်တော့မှပြန်တွေ့မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။...
Vada Chennai (2018) ⭐IMDB: 8.4/10 (20 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓 2018 🎞 movie 🌎 #India ⏰ 2 နာရီ 42 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vada Chennai (2018) ချန်နိုင်းမြောက်ပိုင်းကဂယက်များ IMDb 8.4/10 Tamilမင်းသားကြီး Dhanushပါဝင်သရုပ်ဆောင်ထားတဲ့crime drama ကောင်းတွေကို မျှော်နေသူတွေအတွက် တစ်ချိန်ကမန်ဒရာလို့ခေါ်တဲ့ချန်နိုင်းမြို့ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကြီးစိုးနေတဲ့လူမိုက်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ ချန်နိုင်းမြောက်ပိုင်းမှာအုပ်စိုးနေတဲ့လူမိုက်ခေါင်းဆောင်ကြီးကိုဂုန ပါဇနီ ဆန်သီ ဗယ်လူ တို့သူငယ်ချင်းလေးယောက်က သတ်ပြီးသူ့နေရာကိုဝင်လုဖို့ကြိုးစားရင်း ပြစ်ဒဏ်ခံယူဖို့ကိုရှောင်လွှဲလို့မရတော့တဲ့အခါမှာတော့ သူငယ်ချင်းယောက်နှစ်ယောက်ဂုနနဲ့ ဗယ်ရူကို ထောင်ထဲဝင်ခိုင်းဖို့စည်းရုံးပြီး ဆန်သီကမြေပြင်အခြေအနေကိုထိန်းလို့ သိပ်မကြာခင်မှာထောင်ထဲကသူငယ်ချင်းနှစ်ယောက်ကိုအာမခံနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီးကတိပေးထားခဲ့ကြပေမဲ့ ကတိမတည်ကြတော့တဲ့အခါပြဿနာတွေပိုပြီးကြီးထွားလာပါတော့တယ် လူမိုက်ပီပီ ထောင်နှုတ်ခမ်းဝနားမှာ လမ်းလျှောက်နေရတဲ့ ဂုနနဲ့ဆန်သီတို့ရဲ့အတွင်းလူထိုးတဲ့နောက်ကျောဓားနက်နက်ရန်ငြိုးက ထောင်ထဲမှာပါ ဘယ်လိုဆက်ဖြစ်မလဲ။တစ်ဖက်မှာလဲ စားပွဲဇယ်တောက်ကျွမ်းတဲ့ကောင်လေး အန်ဘူးဟာ သူ့ရဲ့နုံချာတဲ့ပတ်ဝန်းကျင်ကနေနိုင်ငံအဆင့်ဝင်အောင်လေ့ကျင့်ပြီး တစ်ချိန်မှာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေရင်းအကြောင်းမလှစွာဘဲ ပါဇနီကိုသတ်မိတာကြောင့်နဲ့ ဒီဂိုဏ်းရာဇာနှစ်ယောက်ရဲ့ ရန်ငြိုးကြားထဲပါဝင်ပတ်သက်မိဖို့ ဖြစ်လာချိန်မှာတော့… ချမယ် ကြမ်းမယ် ရမ်းမယ်ဆိုတဲ့တမီလ်ကားလေးတွေ သဘောကျသူတွေတော့ အကြိုက်တွေ့မှာဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ LinnLunn ~ Bluuri ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်)...
Escort (2023) ⭐IMDB: 6.0/10 (167 Votes) 🎬 #Adult #Thriller #Crime #Drama 🗓 2023 🎞 movie 🌎 #Croatia #NorthMacedonia #Kosovo #Macedonia ⏰ 2 နာရီ 1 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ညတစ်ညမှာညငှက်လေးနဲ့ဟိုတယ်တစ်ခုမှာ မှားမိရာကနေကျွန်တော်တို့ဇာတ်လိုက်ကျော်မင်းသားကြီးဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာကြည့်ရှုခံစားရမှာပါ 2023 ကမှထွက်ထားတဲ့ Escort ဆိုတဲ့ရုပ်ရှင်မှာမင်းသားကြီး Zivko Anocic, Kresimir Mikic, Niksa Butijer နဲ့တခြားမင်းသားတွေအများအပြားပါဝင်တဲ့ Thrillerကားကောင်းလေးတစ်ကားဖြစ်ပါတယ် စဉ်းစားရမှာတွေ တွေးတောရမှာတွေ ကြောက်လန့်ရမှာတွေကိုမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်ကြီးတွေအတွက်တော့ လုံးဝကို လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...
Touch (2024) ⭐IMDB: 7.5/10 (2 k Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Iceland #UnitedKingdom ⏰ 2 နာရီ 1 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်ဆိုတာ ပျောက်ကွယ်သွားပေမယ့် ကိုယ့်ဖက်က ကြိုးစားမယ်ဆိုရင် တစ်နေ့မှာတော့ ပြန်လည်ဆုံတွေ့ခွင့်ရမှာပါ။ ရေစက်ပါလာရင် တွေ့ဆုံနိုင်ကြောင်းကို အိုက်စလန်က ကောင်လေးနဲ့ ဂျပန်က ကောင်မလေး အင်္ဂလန်မှာ ဆုံတွေ့ပြီး ဇာတ်အိမ်တည်ထားပါတယ်။ မမျှော်လင့်ထားတဲ့ အရာတွေကြောင့် သူတို့နှစ်ယောက် ကွဲသွားကြပါတယ်။ ခရစ္စတိုဖာက အိမ်ထောင်ကျခဲ့ပြီး အိမ်သူကွယ်လွန်သွားတဲ့နောက် သူ့မှတ်ဥာဏ်တွေ မပျောက်ကွယ်သွားခင် လွန်ခဲ့တဲ့ နှစ် ၅၀ကျော်က ကွဲကွာသွားရတယ့် ချစ်သူကို လိုက်ရှာပါတော့တယ်။ နိုင်ငံတွေ တစ်နိုင်ငံပြီး တစ်နိုင်ငံကို ကိုဗစ်ကာလမှာ ခက်ခက်ခဲခဲလိုက်ရှာတယ့် ခရစ္စတိုဖာ သူ့ အချစ်ဟောင်းကို ပြန်ရှာတွေ့မှာလား။ တခြားရော ဘာတွေတွေ့ကြုံရမှာလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ။ ဒီကားထဲက ခရစ္စတိုဖာရဲ့ ဇွဲကိုတော့ ချီးကျူးမိပါတယ်...
Yakshini (2024) ⭐IMDB: 4.8/10 (221 Votes) 🎬 #Mystery #SciFi #Fantasy #Comedy 🗓 2024 🎞 tv series 🌎 #India ⏰ 34 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yakshini (2024)======== အခု CM Bollywood ဖန်တွေအတွက် တင်ဆက်ပေးချင်တာကတော့သဘာဝလွန်ဖြစ်ရပ်ဆန်းကြယ်တွေနဲ့ မွမ်းမံစီချယ်ထားတဲ့ Yakshiniဆိုတဲ့hostarကထုတ်လွှင်ခဲ့တဲ့ အပိုင်း၆ပိုင်းနဲ့ mini serieလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း————— ယက္ခဘီလူးမျိုးနွယ်ဝင် တစ်ယောက်ဖြစ်တဲ့ မာယာက နတ်ဘုံရဲ့စည်းမျဉ်းတစ်ခုကိုဖောက်ဖျက်ခဲ့အတွက်လူပြည့်မှာနေဖို့အတွက် ကျိန်စာတိုက်ခံခဲ့ရပါတယ် သူ့ရဲ့ကျိန်စာကိုပြေဖို့အတွက်ဆိုရင် မာယာကလူပျိုယောက်င်္ကျားအယောက်၁၀၀နဲ့ နေပြီးရင် သတ်ရမှာပါ သူ့ရဲ့တိုင်းပြည်ဖို့ပြန်ရဖို့ဆိုရင် ဘာမဆိုလုပ်မယ့်မာယာတစ်ယောက်သူ့ရဲ့ နောက်ဆုံးသားကောင်ကိုလိုက်ရှာရင်း ရိုးသားကြင်နာတက်တဲ့ ခရစ်ရှ်နာဆိုတဲ့ကောင်လေးနဲ့အမှတ်မထင်တွေ့ခဲ့ရပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ မာယာကသူ့ရဲ့ခရစ်ရှ်နာကိုသတ်ပြီး သူ့ရဲ့ကျိန်စာကို ပယ်ဖျက်နိုင်မလားဆိုတာကိုတော့ ….. (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Kalayar ~ Thaik San တို့ပဲဖြစ်ပါတယ်)...
Trap (2024) ⭐IMDB: 6.1/10 (31 k Votes) 🎬 #Crime #Horror #Thriller #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါရိုက်တာ M. Night Shyamalan ရဲ့ နာမည်ကြီးနေတဲ့ ဟော်ရာကားသစ်ရပါပြီ။ The Sixth Sense တို့ Split, Glass တို့ကို ဖန်တီးတဲ့သူပီပီ လှည့်ကွက်တွေနဲ့ ကျောချမ်းစရာ ရုပ်ရှင်တွေကို ရိုက်တဲ့နေရာမှာတော့ သူ့အပိုင်ပါပဲ။ ဒီရုပ်ရှင်ကတော့ စိတ္တဇလူသတ်သမားကို ရှိုးပွဲတစ်ခုမှာ မျိုးစုံပိတ်ဖမ်းဖို့ ကြိုးစားကြတဲ့ကြားကနေ အလွတ်ရုန်းဖို့ ကြိုးစားတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း ကူပါဟာ သူ့ရဲ့သမီး ရိုင်လီကို သူအရမ်းကြိုက်တဲ့ အဆိုတော်လေဒီရေဗန်ရဲ့ ရှိုးပွဲကို လိုက်ပို့ပါတယ်။ အဲဒီရှိုးပွဲထဲမှာ မတော်တဆ သိလိုက်ရတာက အက်ဖ်ဘီအိုင်က ၇ နှစ်ကြာ လိုက်ရှာနေတဲ့ ကွင်းဆက်လူသတ်သမား နာမည်ဝှက် သားသတ်သမားဆိုတဲ့လူဟာ ဒီပွဲမှာရှိမယ်လို့ သတင်းရထားတာကြောင့် ရှိုးပွဲတစ်ခုလုံးကို ထောင်ချောက်အနေနဲ့ ပိတ်ဆို့ပြီး မမိမိအောင်ဖမ်းဖို့ အစီအစဉ်ချထားတယ်ဆိုတာပါပဲ။ အက်ဖ်ဘီအိုင်ဘက်ကလည်း လူသတ်သမားရဲ့ အမူအကျင့်ကိုလေ့လာထားသလောက်နဲ့ ကင်မရာမှတ်တမ်းတွေ အရ ဖြစ်နိုင်ချေရှိတဲ့ တရားခံပုံကြမ်းတွေ အသက်တွေပေါ်မူတည်ပြီး လူပေါင်းထောင်ချီကြားထဲမှာ လိုက်ရှာရမှာမို့ ပဟေဠိကြီးပါပဲ။ ရှိုးပွဲတလျှောက်မှာ သားသတ်သမားနဲ့ အက်ဖ်ဘီအိုင်တွေ ဘယ်လို စိန်ပြေးလိုက်တမ်းကစားကြမလဲဆိုတာကို လှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာပါ။...
Free Fall (2013) ⭐IMDB: 7.5/10 (23 k Votes) 🎬 #Drama #Romance 🗓 2013 🎞 movie 🌎 #Germany ⏰ 1 နာရီ 42 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မာ့ခ်ဟာ အတူနေချစ်သူနဲ့မကြာခင် ကလေးရတော့မှာဖြစ်တဲ့ လူငယ်ရဲအရာရှိတစ်ယောက်ပါ။အဓိကရုဏ်းနှိမ်နင်းရေး သင်တန်းမှာတက်ရောက်နေပြီး ဆောင့်ကြွားကြွားနိုင်တဲ့ သူ့အခန်းဖော်ကိုင်း နဲ့ လည်း ကတောက်ကဆအနည်းငယ်ရှိပါတယ်။တစ်နေ့တော့ လေ့ကျင့်ရေးကွင်းထဲမှာ ကိုင်းနဲ့သူ ထိပ်တိုက်ရုန်းရင်းဆန်ခတ်ဖြစ်ကြတဲ့အတွက် ရုံးခန်းအခေါ်ခံခဲ့ရပါတယ်။ဒါပေမယ့် မကြာခင်မှာ ကိုင်းက သူ့ရဲ့ရိုင်းပျမှုအတွက် တောင်းပန်ခဲ့ပြီးတဲ့နောက် တောအုပ်ထဲကို အတူတူအပြေးကျင့်ကြရင်း ရင်းနှီးမှုပိုလာရင်း ကိုင်းရဲ့တဇွတ်ထိုးအပြုအမူတွေ၊ သူငယ်ချင်းထက်ပိုချင်တဲ့ အရိပ်အယောင်တွေမှာ သာယာပြီး ရုန်းမရအောင်ဖြစ်လာတဲ့အခါ သူ့ရဲ့ဘ၀ဟာ နက်ရှိုင်းတဲ့ချောက်နက်ကြီးတစ်ခုထဲကို တရိပ်ရိပ်ထိုးဆင်းနေမိပြီဆိုတော့ မာ့ခ် အလန့်တကြားသိလိုက်ရပါတော့တယ်။ Free Fall ဟာမထင်မှတ်ပဲ ဒေသတွင်းမှာရော အပြည်ပြည်ဆိုင်ရာ ပရိသတ်ကြားမှာပါအောင်မြင်သွားခဲ့တဲ့ ဂျာမန် romance/drama ကားတစ်ကားပါ။မင်းသားနှစ်ယောက်ကြားက ဓာတုဗေဒ၊ လှပသွက်လက်တဲ့ တင်ဆက်ပုံ၊နောက်ခံတေးဂီတ အစစအရာရာပြည့်စုံတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဒီကားရဲ့အောင်မြင်မှုကြောင့် Free Fall 2 ကိုလျာထားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့်အခုချိန်ထိ ထွက်မလာနိုင်သေးပါဘူး။Berlin Film Festival မှာ ပွဲဦးထွက်ပြသခဲ့ပြီး အခုချိန်ထိ ကမ္ဘာ့ရုပ်ရှင်ပွဲတော်အရပ်ရပ်မှာ အကောင်းဆုံးဇာတ်ကားဆု၊ဒါရိုက်တာဆုအပါအဝင်တွေဆုတွေ အများကြီးရထားပါတယ်။(ဇာတ်ကားထဲမှာပါရှိတဲ့ ခွဲခြားဆက်ဆံတဲ့အသုံးအနှုန်းတွေဟာ ဇာတ်ကောင်စရိုက်အရထည့်သွင်းအသုံးပြုထားတာပါဖြစ်ပါတယ်။)( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.9GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
When I Met You In Tokyo (2023) ⭐TMDB: 0% User Score 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Philippines ⏰ 2 နာရီ 7 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 When I Met You In Tokyo (2023)==============================Romance/DramaIMDb rating – 4.7/10 ဒီဇာတ်လမ်းလေးကတော့ ဂျပန်လိုတခြားပြည်ပနိုင်ငံမှာ နှစ်ပေါင်းများစွာအလုပ်လုပ်ရင်း မိသားစုကိုထောက်ပံ့ရင်းအလုပ်လုပ်နေကြတဲ့သူနှစ်ယောက်ရဲ့ ရင်ခုန်ဖွယ်အချစ်ဇာတ်လမ်းလေးပါ။ အဲဒီအပြင်အချစ်ဆိုတာ ဘယ်အသက်အရွယ်ပဲရောက်ရောက်နုပျိုအသက်ဝင်နေဆဲဖြစ်တယ်ဆိုတာကိုဒီဇာတ်ကားမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းကတော့…လူ့ဘဝဆိုတာမွေးဖွားလာကတည်းက လက်တွဲဖော်ကိုယ်စီနဲ့မွေးဖွားလာကြတယ်။ ငါ့ရဲ့ဖူးစာရှင်ကတော့တော်တော်လေးနောက်ကျနေတယ်နဲ့တူပါတယ်လို့အတွေးဝင်နေတဲ့ အက်ဇွန်တစ်ယောက် မိန်းမကသစ္စာဖောက်သွားတဲ့စိတ်ဒဏ်ရာကြောင့်လောကကြီးကိုစိတ်နာနေတဲ့ဂျိုဝီနဲ့စတွေ့ကတည်းကဘုနဲ့ဘောက်ဖြစ်ပြီး ငြင်းရင်းခုန်ရင်းကနေအချင်းချင်းအပြန်အလှန်နားလည်ပေးနိုင်တဲ့ အချစ်အိမ်လေးတစ်ခုကိုတည်ဆောက်သွားကြမယ့်ပုံကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Borderlands (2024) ⭐IMDB: 4.3/10 (14 k Votes) 🎬 #Action #Adventure #Comedy #Thriller #ScienceFiction #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #Hungary #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂိမ်းလောကရဲ့လူကြိုက်အများဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ ဘော်ဒါလန်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ Knock Knock ရဲ့ ဒါရိုက်တာ Eli Roth ရိုက်ကူးထားပြီး၊ ကိတ်ဘလန့်ချက် နဲ့ ကယ်ဗင်ဟာ့တို့ ပါဝင်ထားပါတယ်။ စက်ရုပ်လေး ကလပ်ထရပ် နေရာမှာတော့ ဂျက်ဘလက်က အသံသရုပ်ဆောင်ပေးထားတာပါ။ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ဟာသ အမျိုးအစားမို့ အပန်းဖြေလို့ ကောင်းမှာပါ။ ဇာတ်လမ်းအကျဉ်း *************** ပန်ဒါရာဂြိုလ်ပေါ်က အီရီဒီရန်မျိုးနွယ်တွေဟာ ဂလက်ဆီတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့တဲ့ အသိဉာဏ်မြင့် နည်းပညာမြင့် မျိုးနွယ်စုတွေ ဖြစ်ပါတယ်။ သူတို့တွေ မျိုးတုံးပျောက်ကွယ်သွားပြီးတဲ့နောက်မှာ ပန်ဒိုရာဂြိုလ်ကြီးတစ်ခုလုံးမှာ အီရီဒီရန်နည်းပညာလက်ကျန်လေး တွေကို ရှာနေတဲ့မုဆိုးတွေ၊ ဓားပြတွေ၊ အဖွဲ့အစည်းကြီးတွေ ခြေရှုပ် နေကြပါပြီ။ အားလုံးရဲ့ အကြီးဆုံးရည်မှန်းချက်ကတော့ အီရီဒီရန်တွေရဲ့ လျှို့ဝှက်အလုံခန်းပါပဲ။ အဲဒီအလုံခန်းထဲမှာအဆင့်အမြင့်ဆုံး နည်းပညာ လျှို့ဝှက်ချက်တွေရှိနေပြီး ပိုင်ဆိုင်တဲ့သူဟာ တန်ဖိုးမဖြတ် နိုင်လောက်အောင် ချမ်းသာပြီး စွမ်းအားကြီးသွားမှာပါ။ အဲဒီ အလုံခန်းရှာတဲ့အရှုပ်တော်ပုံကြီးထဲကိုမှ စစ်သားဟောင်းတစ်ယောက် ၊ ကြေးစားမုဆိုးတစ်ယောက်၊ ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ခေါင်းဆောင်ရဲ့ သမီးတစ်ယောက်၊ စိတ္တဇဂိုဏ်းဝင်တစ်ယောက် ကြားညပ်ပြီး ပူးပေါင်းမိ ကြတဲ့ခါ အလုံခန်းခန်းကို မသမာသူတွေလက်ထဲမရောက်ဖို့ တိုက်ခိုက်ကြရ ပါတော့တယ်။...
Double Tuckerr (2024) ⭐IMDB: 8.2/10 (1 k Votes) 🎬 #Action #Animation #Bollywood #Comedy #Fantasy #Family 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 59 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Double Tuckerr (2024)”ကံဆိုးသူ အာရဗင်”================================== လူနဲ့ animation တွဲဖက်ရိုက်ကူးထားတဲ့ IMDb 8.4 ရတမီလ်စကားပြော စိတ်ကူးယဉ် ဟာသဒရာမာရုပ်ရှင်လေးကိုချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အာရဗင်ဟာ ငယ်စဉ်ကတည်းက မတော်တဆမှုတစ်ခုကြောင့်မိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရတဲ့ မိဘမဲ့လေးတစ်ယောက်ပါ။ အဲဒီမတော်တဆမှုကြောင့် အာရဗင်ဟာ မိဘမဲ့ဖြစ်သွားရုံတင်မကဘဲမျက်နှာတခြမ်း မီးလောင်ကာ အရုပ်ဆိုးကျည်းတန်သွားခဲ့တဲ့အတွက်အားလုံးကလည်း အာရဗင့်ကို ခွဲခြားဆက်ဆံကြပါသေးတယ်။ ဒါပေမဲ့ ဘယ်သူမှ မသိကြတာကတော့ အာရဗင့်မှာ သူ့ကို မွေးကတည်းကစောင့်ရှောက်ပေးနေတဲ့ ကိုယ်စောင့်နတ်နှစ်ပါး ရှိနေတယ်ဆိုတာပါပဲ။ ဒါပေမဲ့ အာရဗင့်ရဲ့ ကံဆိုးမှုတွေဟာ မရပ်တန့်သွားဘဲ အဲဒီထဲကကိုယ်စောင့်နတ်တစ်ပါးရဲ့ အမှားကြောင့် အနိစ္စရောက်သလို စိတ်နဲ့ ခန္ဓာကွဲသွားခဲ့ရပါတယ်။ အာရဗင်ဟာ အဲဒီနတ်နှစ်ပါးနဲ့အတူ အချိန်မနှောင်းခင် စိတ်နဲ့ခန္ဓာကိုပြန်ပေါင်းဖို့ကြိုးစားရင်း ထူးဆန်းတဲ့အဖြစ်တွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Purushothamudu (2024) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Uncategorized #Family #Action #Romance #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 28 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Purushothamudu (2024) စီအီးအိုလောင်းရဲ့ ချစ်ခရီးစဉ် IMDb-8.1/10 ရာချစ်ရမ်ဆိုတဲ့ အင်္ဂလန်ပြန်ပညာတတ်လူငယ်တစ်ယောက်ကမျိုးဆက်အဆက်ဆက် လက်ဆောင့်ပြောင်းတာဝန်ခံခဲ့ကြတဲ့စီအီးအိုနေရာကိုလွှဲပြောင်းရယူရတော့မယ် သူဋ္ဌေးကြီးများ ရပ်ဝန်းထုံးစံအတိုင်း ဦးလေးဖြစ်သူနဲ့ မိသားစုကဒီမိသားစုစီးပွားရေးကို ထိခိုက်နစ်နာအောင်လုပ်လို့ သူ့အဖေလက်ထက်မှာထိပ်တိုက်တွေ့ခဲ့ရပြီးသလို သူ့လက်ထက်မှာလည်းသူပြန်လာတည်းက ပြန်ပေါ်လာတဲ့ပြဿနာအရိပ်အယောင်တွေ ။ ဒီလို ရှုပ်ထွေးပွေလီတဲ့ စီးပွားရေးလောကကြီးထဲ မဝင်ခင် ကျေးလက်ခရီးစဉ်ထွက်လာရာကသိပ်ချော သိပ်ထက်မြတ်တဲ့ အမ်မူလူနဲ့ တွေ့ဆုံလာခဲ့ကြတယ်။ အမ်မူလူဆိုတာ ဘွဲ့ရပညာတတ်ပေမဲ့ ရွာပြန်လာပြီး ရွာမှာပဲကူညီအားပေးရင်း ကြိုးစားနေတဲ့သူလေးပေါ့…။ ဒီလိုလူနှစ်ယောက်ဆုံတွေ့မှုနဲ့ သူတို့ပတ်ဝန်းကျင်က ပြဿနာတွေအတွက်ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို အချစ် ၊ အက်ရှင် ၊ဟာသ ရသစုံတဲ့ဇာတ်ကားထဲမှာ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်...
